ကျွန်မရဲ့ ညံ့ဖျင်းတဲ့အစွမ်းအစကို နောက်ထပ်စောဒက မတက်တော့ပါ

29.10.2024

မူလတန်းကျောင်းမှာတုန်းက၊ ကျွန်မရဲ့ အမှတ်တွေကညံ့တယ် ဒါပေမယ့် ကျွန်မက ငယ်သေးတော့ ရှက်လည်းမရှက်ခဲ့မိဘူး။ ဒါပေမယ့် အလယ်တန်းကျောင်းတက်တုန်းက၊ ဆရာမတွေနဲ့ အတန်းဖော်တွေက အမှတ်ကောင်းကောင်းနဲ့ ကျောင်းသားတွေကို လေးစားဂုဏ်ပြုပြီး အရမ်းကို ချီးမွမ်းကြတာကို သတိထားမိလာတော့ ကျွန်မ အားကျလာခဲ့တယ်။ လူတိုင်းရဲ့ ချီးမွမ်းတာကို ခံရဖို့ ကျွန်မရဲ့လေ့လာသင်ကြားမှုတွေကို ပိုကောင်းအောင် လုပ်ချင်ခဲ့ပေမယ့် ဘယ်လောက်ပဲ ခက်ခက်ခဲခဲကြိုးစားပါစေ၊ ကျွန်မရဲ့အဆင့်ကိုတက်အောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ အပြစ်တင်ပြီး ပြောမိတယ်၊ “ငါက ဘယ်လိုဖြစ်ပြီး အရမ်းတုံးရတာလဲ။ ရှက်ဖို့ကောင်းလိုက်တာ။” ဒီလိုနဲ့ ကျွန်မလက်လျှော့လိုက်တယ်။ ကျွန်မအလုပ်စပြီးရှာတဲ့အခါ၊ ပညာရေးနဲ့ ကျွမ်းကျင်မှု အားနည်းတဲ့အပြင် ထူးခြားပြီးတော်နေတာမျိုးမရှိတဲ့အတွက် ကျွန်မက လက်လုပ်လက်စား အလုပ်တွေပဲ ရခဲ့တယ်။ ထက်မြက်ပြီး ပညာတတ်တဲ့လူတွေက ကိုယ်ကာယလုပ်အားကိုသုံးဖို့မလိုဘဲ ပိုက်ဆံပိုရှာနိုင်တာကို မြင်ရတော့ ကိုယ့်ကိုယ်ကိုယ် ဉာဏ်မကောင်းတဲ့အတွက် အပြစ်တင်မိပြန်ပြီး တကယ်ကို စိတ်ဓာတ်ကျသွားတယ်။

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးတော့ အသင်းတော်ခေါင်းဆောင်တွေက ဥစ္စာပစ္စည်းတွေကို စွန့်လွှတ်၊ သူတို့ကိုယ်သူတို့အသုံးခံပြီး၊ ဒုက္ခခံတဲ့အပြင် အဖိုးအခကို ပေးပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယဖွဲ့ခြင်းကတစ်ဆင့် ဖြေရှင်းနိုင်ကြတာကို ကျွန်မတွေ့ခဲ့ရပါတယ်။ လူတိုင်းက သူတို့ကို အားကျ လေးစားကြပြီး ရလဒ်အနေနဲ့ ကျွန်မက သူတို့ကို အရမ်းအားကျလာတယ်။ ကျွန်မလည်း အသင်းတော် ခေါင်းဆောင်တစ်ယောက်ဖြစ်လာမဲ့နေ့ကို စောင့်မျှော်နေမိတယ်။ နောက်နှစ်နှစ်ခန့်အကြာမှာပဲ ကျွန်မကို အသင်းတော် ခေါင်းဆောင်အနေနဲ့ ရွေးချယ်လိမ့်မယ်လို့ ကျွန်မတစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျွန်မက လိုအပ်တဲ့အခါမှာ စိတ်အားထက်သန်စွာနဲ့ပဲ အမှုကိစ္စတွေကို စွန့်လွှတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်၊ ပြီးတော့ ဧည့်ခံတဲ့အိမ်တွေနဲ့ တာဝန်ထမ်းဆောင်ဖို့လူတွေကို ရှာဖို့ တက်တက်ကြွကြွ လုပ်တယ်။ အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းပြီး ခက်ခဲနေပါစေ ကျွန်မဘယ်တော့မှ စောဒကမတက်ခဲ့ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ပြသနာတွေ ကြုံလာတိုင်း တတ်နိုင်သလောက် ကူညီခဲ့တယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မရဲ့ဒုက္ခခံနိုင်တာနဲ့ ချစ်ခင်တတ်တဲ့ သဘောထားကို ချီးမွမ်းကြတယ်။ ဒါပေမယ့် အသင်းတော်ရဲ့အလုပ်ကတော့ ဘယ်လိုတိုးတက်မှု လက္ခဏာမှ မပြခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်ခဲ့ပြီး သူများတွေကို သံယောင်လိုက်တဲ့အပြင် တကယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မသုံးနိုင်ခဲ့လို့ပါ။ နောက်ဆုံးမှာ ကျွန်မက အလုပ်အတွက် အရည်အချင်းမပြည့်မီတော့ အလုပ်ထုတ်ခံခဲ့ရတယ်။ အဲဒါကြောင့် ကျွန်မက အရမ်းကို မချင့်မရဲဖြစ်ပြီး အပျက်သဘောဆောင်သွားခဲ့တယ်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မမှာအစွမ်းအစနည်းတာကို သိသွားခဲ့ရင် သူတို့ကကျွန်မကို အထင်အမြင်သေးကြပြီး ကျွန်မကို မြင်ရမဲ့ အခွင့်အရေးတောင် နည်းသွားပြီလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ကို အပြစ်မတင်ပဲ မနေနိုင်ခဲ့ဘူး။ တခြားလူတွေက ဒီလောက်ကောင်းတဲ့ အစွမ်းအစတွေရှိချိန်မှာ ကျွန်မရဲ့အစွမ်းအစက ဘာကြောင့် ဒီလောက်ညံ့နေရတာလဲလို့ပေါ့။ နောက်ပိုင်းမှာတော့ အသင်းခေါင်းဆောင်မှ ကျွန်မကို အထွေထွေရေးရာတာဝန်တစ်ရပ်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ကျွန်မမှာ အစွမ်းအစ ညံ့ဖျင်းလို့ အလုပ်ကြမ်းပဲ လုပ်ရတယ်လို့ တွေးမိလိုက်တိုင်း တခြားသူတွေဆီက ရိုသေလေးစားမှု မရတိုင်း၊ စိတ်ဓာတ်ကျလာပြီး ကိုယ့်တာဝန်မှာ မတက်ကြွတော့ဘူး။ နောက်ပိုင်းမှာတော့ ခေါင်းဆောင်က ကျွန်မကို အသင်းတော်ရဲ့ပိုင်ဆိုင်မှုတွေကို စောင့်ရှောက်ဖို့ တာဝန်ပေးတယ်။ လုံခြုံရေးအတွက် စိုးရိမ်လို့ ကျွန်မအနေနဲ့ တခြားညီအစ်ကိုတစ်ယောက်နဲ့ပဲ ဆက်သွယ်နိုင်ခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ တွေးမိတယ်၊ “ငါ့ရဲ့ အစွမ်းအစနည်းလို့ ဒီလူမသိသူမသိအလုပ်တွေကိုပဲ လုပ်လို့ရတယ်။” ဒါကိုတွေးမိနေပြီး ကျွန်မတာဝန်အတွက် စိတ်အားထက်သန်မှုတွေ ဆုံးရှုံးသွားတယ်။ ဖြစ်ပေါ်လာတဲ့ သွေဖည်မှုတွေပဲဖြစ်ဖြစ်၊ ပြဿနာတွေကိုပဲဖြစ်ဖြစ် ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖို့မပြောနဲ့၊ အဲ့ဒါတွေကို မစိစစ်နိုင်ခဲ့ဘူး။

နောက်ပိုင်းမှာတော့ ကျွန်မကို အတော်အတန် နိုးကြားစေခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင် ကယ်တင်သည့်သူ အများစုမှာ လောကတွင် သို့မဟုတ် လူ့အဖွဲ့အစည်းတွင် မြင့်မားသော ရာထူးများကို ကိုင်ထားသူများ မဟုတ်ပေ။ ၎င်းတို့၏ အစွမ်းအစနှင့် အရည်အချင်းများက သာမန်ဖြစ်သောကြောင့် သို့မဟုတ် ညံ့ပင်ညံ့ဖျင်းသောကြောင့် ဘဝသည် မျှော်လင့်အားရဖွယ်မရှိသကဲ့သို့ မမျှတဟု မကြာခဏ ခံစားလျက် လောကတွင် ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အောင်မြင်မှု ရှာတွေ့ရန် ရုန်းကန်ကြရသည်။ ဤအရာက ယုံကြည်ခြင်း လိုအပ်ချက်တစ်ခုသို့ ဦးတည်စေပြီး နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်သို့လာကာ ဘုရားအိမ်တော်ထဲသို့ ဝင်ရောက်ကြသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို ၎င်းတို့အား ရွေးချယ်ရာတွင်ပေးသည့် အခြေခံ အနေအထားတစ်ခု ဖြစ်သည်။ ဤလိုအပ်ချက်ဖြင့်သာ လူတစ်ဦးသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိနိုင်သည်။ ကဏ္ဍအားလုံးတွင် သင်၏ အနေအထားများသည် ကောင်းမွန်ပြီး လောကတွင် ကြိုးပမ်းခြင်းအတွက် သင့်တော်ကာ သင်သည် အမြဲ အောင်မြင်ကျော်ကြားလိုလျက်ရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိမည့် အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။ သင့်ထံတွင် သာမန် သို့မဟုတ် ညံ့ဖျင်းသည့် အစွမ်းအစပင် ရှိကောင်းရှိနိုင်သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် အခွင့်အရေး ရှိရာတွင် ဘာသာတရားမရှိသူများထက် သင်သည် သာ၍ များစွာ ကောင်းချီးခံစားရဆဲ ဖြစ်သည်။ ထို့ကြောင့် ညံ့ဖျင်းသည့် အစွမ်းအစရှိခြင်းသည် သင်၏ အားနည်းချက် မဟုတ်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်းအတွက် အတားအဆီးတစ်ခုလည်း မဟုတ်ပေ။ နောက်ဆုံး စိစစ်မှုတွင် ဤအစွမ်းအစကို သင့်အား ပေးခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် သင့်ကို ပေးသလောက် သင်၌ ရှိပေသည်။ ဘုရားသခင်က သင့်ကို ကောင်းသည့် အစွမ်းအစပေးလျှင် သင်သည် ကောင်းသည့် အစွမ်းအစ ရှိလိမ့်မည်။ ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစပေးလျှင် သင်၏ အစွမ်းအစက သာမန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ညံ့ဖျင်းသည့် အစွမ်းအစပေးလျှင် သင်၏ အစွမ်းအစ ညံ့ဖျင်းသည်။ ဤအရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ထံမှ ထိုအရာကို သင် လက်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ရမည်။ ကျိုးနွံနာခံခြင်းအတွက် အခြေခံအကြောင်းရင်းကို မည်သည့် သမ္မာတရားက ပုံဖော်သနည်း။ ထိုအရာမှာ ဘုရားသခင်၏ ထိုသို့သော အစီအစဉ်များတွင် ဘုရားသခင်၏ ကောင်းမွန်သည့် အလိုတော် ပါရှိခြင်း ဖြစ်သည်။ ဘုရားသခင်တွင် အပင်ပန်းခံသော ရည်ရွယ်ချက်များရှိပြီး လူတို့က မညည်းညူရ သို့မဟုတ် ဘုရားသခင်၏ စိတ်နှလုံးကို အထင်မလွဲရပေ။ ဘုရားသခင်သည် သင်၏ ကောင်းမွန်သော အစွမ်းအစကြောင့် သင့်ကို အထင်ကြီးလေးစားလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ ညံ့ဖျင်းသော အစွမ်းအစအတွက် သင့်ကို စက်ဆုပ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် စက်ဆုပ်သောအရာမှာ အဘယ်နည်း။ ဘုရားသခင် စက်ဆုပ်သောအရာမှာ လူတို့က သမ္မာတရားကို မချစ်ခြင်း သို့မဟုတ် လက်မခံခြင်း၊ သမ္မာတရားကို လူတို့ နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်း၊ လူတို့က ၎င်းတို့ လုပ်နိုင်စွမ်းရှိသည့်အရာကို မလုပ်ဆောင်ခြင်း၊ လူတို့သည် ၎င်းတို့၏ တာဝန်များတွင် အစွမ်းကုန် မပေးဆပ်နိုင်သည့်တိုင် လွန်ကဲသော လိုအင်ဆန္ဒများ အမြဲ ရှိကြခြင်း၊ အဆင့်အတန်းကို အမြဲ လိုချင်ကြခြင်း၊ ရာထူးအတွက် ယှဉ်ပြိုင်ခြင်းနှင့် သူ့ထံမှ အမှုအရာများ အမြဲ လိုချင်ကြခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စက်ဆုပ်ဖွယ်ရာနှင့် မုန်းစရာကောင်းသောအရာအဖြစ် မြင်သည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်ရင်းနဲ့ ကျွန်မကို နက်ရှိုင်းစွာ တို့ထိခံလိုက်ရတယ်။ ကျွန်မမှာ ညံဖျင်းတဲ့အစွမ်းအစရှိဖို့ ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခဲ့ပြီး ဒီနောက်ကွယ်မှာ ကိုယ်တော်ရဲ့ကောင်းမွန်တဲ့စေတနာ ရှိတာကို ကျွန်မသဘောပေါက်သွားတယ်။ ကျွန်မမှာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းတို့အတွက် ပြင်းပြတဲ့ဆန္ဒရှိပြီး၊ ငယ်ငယ်ကတည်းက ကိုယ့်ကို အသိအမှတ်ပြု ခံရအောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မမှာ အစွမ်းအစကောင်းပြီး အရည်အချင်းကောင်းရှိရင်၊ ကမ္ဘာပေါ်မှာ မြင့်မားတဲ့ အဆင့်အတန်းကို ရယူထားနိုင်ရင်၊ လေးစားပြီး အားကျခံခဲ့ရရင် ကျွန်မက ဘုရားသခင်ရှေ့မှောက်ကို ဘယ်တော့မှ ရောက်လာမှာမဟုတ်သလို၊ စာတန်ရဲ့ဖျက်ဆီးမှုအောက်မှာ နေထိုင်ပြီး အပြစ်နဲ့ဆိုင်တဲ့ သာယာမှုကို နှစ်သက်ခံစားနေမိမှာပဲ။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့အစွမ်းအစက ဘုရားသခင်ရဲ့ အကာအကွယ်ကို ရရှိအောင် ကူညီပေးခဲ့သလို ကျွန်မကို ဘုရားရှေ့ခေါ်ဆောင်ခဲ့မှန်း သိလိုက်ရတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပါပဲ။ ဘာကြောင့်လဲဆိုရင် ကျွန်မမှာ အစွမ်းအစ ညံ့ဖျင်းတဲ့အတွက် အသင်းတော်က ကျွန်မကို အထွေထွေကိစ္စရပ်တွေမှာလုပ်ဖို့ တာဝန်ပေးခဲ့ပြီး ဒီတာဝန်က ကျွန်မအတွက် တော်တော် သင့်တော်တယ်။ ကျွန်မနေနဲ့ နည်းနည်းလောက်အားထည့်လိုက်ရင်ပဲ ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပေမယ့် အဲ့ဒီအစား တာဝန်က ကျွန်မကို အသိအမှတ်ပြုခံရအောင်၊ အမြင်ခံရအောင် ခွင့်မပြုတဲ့အတွက် စောဒကတက်ခဲ့မိတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေဖြစ်ပြီး ဟန်ဆောင်လုပ်ပြတယ်။ ကျွန်မရဲ့တာဝန်မှာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မြောက်မလာတာတွေကို ကြည့်ရင်း ကျွန်မက တော်တော်ကိုမာနထောင်လွှားပြီး ယုတ္တိမတန်တာကို သဘောပေါက်လိုက်ရတယ်။

အဲဒီနောက် ဘုရားသခင် နှုတ်ကပတ်တော်ရဲ့ နောက်တစ်ပိုဒ်ကို ကျွန်မတွေ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ညံ့ဖျင်းသော အစွမ်းအစရှိသည့်လူများသည် သတ်သတ်မှတ်မှတ်ဖြစ်သည့်၊ စစ်မှန်သော အလုပ်အတွက် သက်ဝင်ယုံကြည်မှုများနှင့် စည်းမျဉ်းများအား မည်သို့ ကျင့်သုံးရမည်ကို မသိခြင်းအားဖြင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်း ကင်းမဲ့ခြင်းကို ပြသကြသည်။ ၎င်းတို့သည် စကားများကိုသာ သံယောင်လိုက်ပြောနိုင်ကြသည်၊ အယူဝါဒများကိုသာ သင်ယူနိုင်ကြပြီး စည်းမျဉ်းစည်းကမ်းများကိုသာ အလွတ်ကျက်မှတ်နိုင်ကြသည်။ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို အလွတ်ကျက်မှတ်ခြင်းမျှသည် အချည်းနှီးဖြစ်ပြီး မိမိတွင် ဖန်တီးနိုင်စွမ်းရှိသည်ကို မညွှန်ပြပေ။ တစ်စုံတစ်ဦးတွင် ဖန်တီးနိုင်စွမ်း ရှိမရှိဟူသည်မှာ သူသည် သက်ဝင်ယုံကြည်မှုများ၊ စည်းမျဉ်းများနှင့် စည်းကမ်းများအား လက်တွေ့ဘဝတွင် အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဆိုသည့်အရာအားဖြင့် သိသာထင်ရှားသည်။ ဤသက်ဝင်ယုံကြည်မှုများ၊ စည်းမျဉ်းများနှင့် ဆက်စပ်သည့် အလုပ်ကို ထိုသူက ကောင်းစွာ လုပ်သည်။ ဤသို့ဖြင့် ဤသက်ဝင်ယုံကြည်မှုများနှင့် စည်းမျဉ်းများသည် စကားများနှင့် အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပုံသေနည်းမျှအဖြစ်သာ ရှိနေမည် မဟုတ်ဘဲ လူတို့အား ယင်းတို့ကို အသုံးပြုခွင့်ပေးကာ ယင်းတို့မှ အကျိုးကျေးဇူးများနှင့် အကူအညီကို ရရှိခွင့်ပေးလျက်၊ ဘဝတွင် လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းတစ်ခု သို့မဟုတ် အသက်ရှင်ခြင်းအတွက် လမ်းညွှန်ချက်တစ်ခု၊ ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်တစ်ခု ဖြစ်လာစေလျက် လူတို့၏ဘဝများတွင် အကောင်အထည်ဖော်ကာ လူတို့အတွက် အသုံးပြုခြင်းခံရမည်ဖြစ်သည်။ လူတစ်ဦးတွင် ဤဖန်တီးနိုင်စွမ်း ကင်းမဲ့ပြီး စကားများနှင့် အယူဝါဒများကိုသာ မည်သို့ လေရှည်ကာ ဆောင်ပုဒ်များကို ဟစ်ကြွေးရမည်ကိုသာ သိပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ရန် အချိန်ကျလာသောအခါ ဤစည်းမျဉ်းများနှင့် သက်ဝင်ယုံကြည်မှုများကို အသုံးမပြုနိုင်လျှင် ထိုသို့သော ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်သောလူတစ်ဦးနောက်လိုက်သူများသည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာတွင် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ရရှိကြလိမ့်မည် မဟုတ်ပေ။ ထိုသို့သော ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်သော ပုဂ္ဂိုလ်များသည် အလုပ်လုပ်နိုင်စွမ်းမရှိသည့် ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူများဖြစ်ပြီး တိုင်ကြားခံရသင့်ကာ ခွဲခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ထုတ်ပယ်ခံရသင့်ပေသည်။...ထို့ကြောင့် ဖန်တီးနိုင်စွမ်းသည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင် သို့မဟုတ် ကြီးကြပ်သော လူတစ်ဦးအတွက် အရေးပါသော စွမ်းရည်တစ်ခု ဖြစ်သည်။ သင်သည် အလုပ်လုပ်ရန် အခြေခံကျသော အစွမ်းအစနှင့် စွမ်းရည်ကင်းမဲ့လျှင် သင်သည် လုံးဝ သတိထားရမည်ဖြစ်ကာ အမြဲ ထင်ပေါ်လိုလျက်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်သည့်လူတစ်ဦး အမြဲ ဖြစ်လိုလျက် စိတ်ထက်သန်မှုဖြင့်သာ ရှေ့မဆက်ရပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ကယ်တင်ခြင်းမရစေရန် သင့်ကိုယ်သင် ဟန့်တားသည်သာမက အခြားသူများကိုလည်း ဟန့်တားပေသည်။ သင့်ကိုယ်သင်သာ ဟန့်တားလျှင် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သော်လည်း ညီအစ်ကို မောင်နှမများကို သင် ဟန့်တားလျှင် လူများစွာကို သင် ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ သင်ကိုယ်တိုင်၏ ဘဝကို သင် အရေးမစိုက်ဘဲ ရှိကောင်းရှိမည်ဖြစ်သော်လည်း အခြားသူများက ၎င်းတို့၏ ဘဝများကို အရေးစိုက်ကြ၏။ ထို့အပြင် သင်၏ နေ့စဉ်ဘဝ သို့မဟုတ် ငွေကြေးအောင်မြင်မှုကို ဟန့်တားခြင်းက တစ်ကြောင်းဖြစ်သော်လည်း အသင်းတော်၏ အလုပ်ကို ဟန့်တားခြင်းက အသေးအမွှားကိစ္စ မဟုတ်ပေ။ ထိုသို့သော တာဝန်တစ်ခုကို သင် ခံယူနိုင်သလော။ သင်သည် အသိတရားရှိသည့် တစ်စုံတစ်ဦး အမှန်တကယ်ဖြစ်ကာ ဤတာဝန်က အရေးပါကြောင်း၊ အသင်းတော် အလုပ်ကို ဟန့်တားခြင်းသည် သင် တာဝန်ယူနိုင်သည့်အရာတစ်ခု မဟုတ်ကြောင်းကို ခံစားရလျှင် ခေါင်းဆောင်မှုအတွက် ကြွားဝါကာ ပြိုင်ဆိုင်ရန် မည်သည့်နည်းလမ်းကိုမျှ လုံးဝ သင် အားမကိုးရပေ။ သင်သည် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့လျှင် ထင်ပေါ်ရန် အမြဲ မကြိုးပမ်းနှင့်။ ဩဇာအာဏာကို သင်၏ မက်မောတောင့်တမှုက အသင်းတော်အလုပ်အား ဟန့်တားသည်ကိုဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းနှင့် ကောင်းမွန်သည့် ခရီးပန်းတိုင်ရရှိခြင်းတို့အား ဟန့်တားသည်ကိုဖြစ်စေ ခွင့်မပေးနှင့်။ ဤသည်မှာ အပြစ်တစ်ခု ဖြစ်သည်။ သင်သည် မိမိကိုယ်ကို သိသာအသိတစ်ခုခု ရှိသင့်သည်။ သင် လုပ်နိုင်စွမ်းရှိသည့်အရာကို လုပ်ဆောင်လော့၊ ပြီးလျှင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အမြဲ ဆန္ဒမပြင်းပြနှင့်။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအပြင် သင် ထမ်းဆောင်နိုင်သည့် တာဝန်များစွာ ရှိသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် သင်၏ သီးသန့် လုပ်ပိုင်ခွင့် မဟုတ်သကဲ့သို့ သင်၏ လိုက်စားမှုလည်း မဖြစ်သင့်ပေ။ သင့်ထံတွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုရှိကာ ဝန်တာထမ်းလိုစိတ်တစ်ခုလည်း ရှိလျှင် အခြားသူများက သင့်ကို ရွေးကောက်သည်ကို အခွင့်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုက အသင်းတော်အလုပ်နှင့် ပါဝင်သည့်လူတိုင်းကို အကျိုးပြုသည်။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစကင်းမဲ့လျှင် အခြားသူများ၏ အနာဂတ်အတွက် သင် အလေးထားကာ တာဝန်အချို့ ယူသင့်သည်။ ခေါင်းဆောင်တစ်ဦးဖြစ်ရန် အမြဲ မပြိုင်ဆိုင်နှင့်၊ ပြီးလျှင် အခြားသူများကို မဟန့်တားနှင့်။ ညံ့ဖျင်းသည့် အစွမ်းအစရှိသော်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်လိုကာ အသင်းတော်အလုပ်ကို ကြီးကြပ်လိုခြင်းသည် အသိစိတ်ကင်းမဲ့ခြင်းကို ပြသည်။ သင်သည် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုကင်းမဲ့လျှင် သင်၏ ကိုယ်ပိုင် တာဝန်များကိုသာ ကောင်းစွာ ထမ်းဆောင်လော့။ သင်၏ တာဝန်များကို အမှန်တကယ် ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် သင့်တွင် အသိစိတ်အချို့ရှိသည်ကို ပြသည်။ သင်၏ စွမ်းရည်အတိုင်း အလုပ်လုပ်လော့။ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မထားရှိနှင့်။ သင်ကိုယ်တိုင်ကိုရော၊ အသင်းတော်ကိုပါ ထိခိုက်စေသည်နှင့်အမျှ အသင်းတော်၏ အလုပ်ကို လျစ်လျူရှုနေစဉ် သင်၏ ကိုယ်ရေးကိုယ်တာ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်သာ မကြိုးစားနှင့်။ ဤသည်မှာ ဖန်တီးနိုင်စွမ်းအရ ညံ့ဖျင်းသည့် အစွမ်းအစ၏ သရုပ်သကန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားသခင် ဖော်ထုတ်ပြခဲ့တဲ့အရာက ကျွန်မရဲ့ကိုယ်ပိုင်အမူအကျင့် အတိအကျဖြစ်နေပါတယ်။ ကျွန်မမှာ အစွမ်းအစညံ့ဖျင်းပြီး တီထွင်ဖန်တီးနိုင်စွမ်း အားနည်းတယ်၊ ပြီးတော့ ကျွန်မက အယူဝါဒဆိုင်ရာ အသိပညာတချို့ကိုပဲ နားလည်နိုင်ပြီး ကျွန်မတာဝန်ရဲ့ သတ်မှတ်ထားတဲ့ တချို့စည်းမျဉ်းတွေကိုပဲ လိုက်နာနိုင်ခဲ့တယ်။ ဒါပေမယ့် တကယ့်ပြဿနာတွေကိုတော့ မဖြေရှင်းနိုင်ခဲ့ဘူး၊ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစေခံဖို့ မသင့်တော်ပါဘူး။ ခေါင်းဆောင်အနေနဲ့ အရွေးခံရပြီးတဲ့နောက်မှာ၊ ကျွန်မက စိတ်အားထက်သန်စွာ အစေခံခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး၊ စိတ်ဓာတ်တက်ကြွခဲ့လို့ အထွေထွေအလုပ်တချို့ကို လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မမှာ အစွမ်းအစ ညံ့ဖျင်းတာကြောင့် စည်းမျဉ်းတွေကိုသာ လိုက်နာနိုင်ပြီး အရာရာကို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ခဲ့တယ်။ အလုပ်ထဲက တကယ့်ပြဿနာတွေကို နားမလည်နိုင်ဘူး၊ မဖြေရှင်းနိုင်ခဲ့ဘဲ ကျွန်မက တကယ့်အလုပ်မလုပ်နိုင်တဲ့အတွက် နောက်ဆုံးမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။ တစ်စုံတစ်ယောက်က ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်ခြင်းရှိ၊ မရှိ ဆုံးဖြတ်ဖို့ ကျွန်မတို့လိုက်နာနိုင်တဲ့ စည်းမျဉ်းတွေရှိပါတယ်။ အနည်းဆုံးတော့ သူတို့ဟာ လူသားဆန်သင့်တယ်၊ ပုံမှန်အစွမ်းအစရှိသင့်ပြီး တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်ရပါမယ်။ ကျွန်မမှာတော့ ခေါင်းဆောင်တစ်ယောက်ရဲ့ အစွမ်းအစမရှိဘဲ ဒီရာထူးကို ဆက်ထမ်းဆောင်ခဲ့မယ်ဆိုရင်၊ အသင်းတော်ရဲ့အလုပ်တွေကို ဟန့်တားပြီး ညီအစ်မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေပါလိမ့်မယ်။ ဒါဟာ ပြစ်မှားမှုကြီးတစ်ခု ဖြစ်မှာပဲ။ ကျွန်မမှာ အစွမ်းအစညံ့ဖျင်းပြီး အသင်းတော်ရဲ့အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိတာထောက်တော့ ခေါင်းဆောင်အနေနဲ့ကျွန်မကို ထုတ်ပယ်တာက မှန်ပါတယ်။ ဒါက ကျွန်မကို အကာအကွယ်ပေးရုံသာမက အသင်းတော်ရဲ့အလုပ်အတွက်ပါ တာဝန်သိတဲ့အလုပ်ပါ။ ဒါပေမယ့် ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သိမြင်တာ မရှိဘူး။ ကျွန်မမှာ အစွမ်းအစညံဖျင်းပေမယ့် အဆင့်အတန်းနဲ့ဂုဏ်သတင်းအတွက် ပြင်းပြတဲ့ဆန္ဒရှိပြီး ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်တစ်ယောက်အဖြစ် အမြဲ အသိအမှတ်ပြုခံချင်ခဲ့တယ်။ ကျွန်မ ယုတ္တိမတန်လိုက်တာ။ ဘုရားသခင်ကို ကျွန်မ ဒီလိုပြောရင်း ဆုတောင်းလိုက်တယ်။ “ချစ်လှစွာသော ဘုရားသခင်၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဆိုးယုတ်တဲ့လမ်းကို လျှောက်နေတဲ့ ကျွန်မကို ကိုယ်တော်ရဲ့ ထုတ်ပယ်ခြင်းကတစ်ဆင့် အချိန်မီ တားဆီးပေးလိုက်တယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်းကတစ်ဆင့် ကျွန်မရဲ့ အခြေအနေကို နားလည်ဖို့လည်း ကူညီပေးခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့အစွမ်းအစ ညံ့ဖျင်းလို့ ထုတ်ပယ်ခံရတာကို အပြည့်အဝလက်ခံပါတယ်။ အို ဘုရားသခင်၊ ကျွန်မ နောင်တရချင်ပြီး ကျွန်မရဲ့ညံဖျင်းတဲ့အစွမ်းအစကို နောက်ထပ် အပြစ်မတင်တော့ပါဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပြီး ကျွန်မရဲ့ အစွမ်းအစနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သဘောထားရှိချင်ပါတယ်” လို့ပေါ့။

ကျွန်ရဲ့ညံ့ဖျင်းတဲ့အစွမ်းအစနဲ့ ပတ်သက်ပြီး ကျွန်မဘာကြောင့် အမြဲတမ်း မကျေမနပ်ဖြစ်နေရတာလဲဆိုတာကို ဆက်လက်ဆင်ခြင်ပြီး ရှာဖွေခဲ့တယ်။ နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီးတဲ့အခါမှာတော့ ကျွန်မရဲ့အခြေအနေမှာ ပြဿနာရှိနေတယ်ဆိုတာ သိလာရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေ ဘာတွေပဲလုပ်နေပါစေ သူတို့က သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲတမ်း အရင်ဆုံး စဉ်းစားတာကို ဘုရားသခင်က ဖော်ထုတ်ပြခဲ့တယ်၊ အရာရာတိုင်းမှာ သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတို့ကိုဖြည့်ဆည်းဖို့ပဲ ကြိုးစားအားထုတ်ကြတယ်။ ကျွန်မမှာ ညံဖျင်တဲ့အစွမ်းအစရှိနေခဲ့ပေမယ့် ကျွန်မထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ပုံစံအတိုင်းပါပဲ။ ကျွန်မရဲ့ တာဝန်မှာ လူတွေရဲ့ လေးစားမှုကို ရဖို့ ကျွန်မ ကြိုးစားခဲ့ပြီး အမြဲတမ်း အမြင်ခံချင်ခဲ့တယ်။ ထုတ်ပယ်ခံရတာနဲ့ ကြုံလာရတဲ့အခါ ကျွန်မရဲ့ချို့ယွင်းချက်တွေကို ပြန်မဆင်ခြင်မိဘဲ အဲဒီအစား ကျွန်မက မတော်တရော်တွေ ပြုမူခဲ့တယ်၊ ကိုယ့်ကို ညံ့ဖျင်းတဲ့ အစွမ်းအစပေးတဲ့အတွက် ဘုရားသခင်ကို မကျေမနပ်ပြောပြီး အပျက်သဘောဆောင်တဲ့အပြင် ခိုကပ်လာခဲ့တယ်။ နှစ်နဲ့ချီ ယုံကြည်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းထောက်ပံ့ခြင်းကို အတော်လေး မွေ့လျော်ခံစားခဲ့ပြီးတာတောင်မှ ကျွန်မရဲ့ အသက်စိတ်သဘောထားက လုံးဝပြောင်းလဲမသွားပဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကိုယ့်ဘဝနဲ့ထပ်တူ မြတ်နိုးခဲ့တယ်။ ဒါက တကယ့်ကို အန္တရာယ်များပါတယ်။ ကျွန်မရဲ့ အရင်အလုပ်ဖော် ရန်ဂျင်းအကြောင်းကို တွေးလိုက်မိတယ်။ သူမမှာ အစွမ်းအစတချို့ရှိပြီး အလုပ်လုပ်နိုင်စွမ်းလည်းရှိတယ်၊ ဒါပေမယ့် သူက မာနထောင်လွှားပြီး ထင်တိုင်းကြဲတဲ့အပြင် အဆင့်အတန်းကို စွဲလမ်းခဲ့တယ်။ သူက လူအများရဲ့ လေးစားမှုကို ရနိုင်တဲ့အခါတိုင်းမှာ သူ့ရဲ့တာဝန်မှာ ကြွားဝါခဲ့တယ်။ ပြီးတော့ အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေးပြီး အဖျက်အမှောင့် ဖြစ်စေတဲ့အရာတွေကို လုပ်ခဲ့တယ်။ ကျွန်မတို့ရဲ့ခေါင်းဆောင်က သူ့ကို အကြိမ်အတော်များများ ဖော်ထုတ်ပြီး ပြုပြင်ခဲ့ပေမဲ့ သူနောင်တမရခဲ့ဘူး။ နောက်ဆုံးမှာ သူက အန္တိခရစ်အနေနဲ့ ထုတ်ဖော်ခံရပြီး နှင်ထုတ်ခံခဲ့ရတယ်။ ကျွန်မကအဆင့်အတန်း၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို အမြဲလိုက်စားခဲ့ပြီး ကျွန်မသာအစွမ်းအစကောင်းခဲ့ရင် အဆင့်အတန်းနဲ့လူတွေရဲ့ လေးစားမှုကိုရတာနဲ့တစ်ပြိုင်နက် ကျွန်မက သေချာပေါက်ကို ရန်ဂျင်းလိုမျိုး လမ်းကြောင်းကိုပဲ သွားမှာပါ။ ဘုရားသခင်ကို ကျွန်မဒီလိုပြောရင်း တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကျွန်မဟာ စာတန်ရဲ့ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးစေတာကို ခံထားရပြီးပါပြီ။ ပြီးတော့ အဆင့်အတန်း၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တို့ကို အရမ်းစွဲလမ်းနေပါတယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ဖော်ထုတ်ခြင်းတို့ကြောင့် မဟုတ်ရင် ကျွန်မ ထုတ်ဖော်တဲ့ အန္တိခရစ် စိတ်သဘောထားကို လုံးလုံး သိနားလည်ခဲ့မှာ မဟုတ်ပါဘူး။ ကျွန်မအရမ်းကို ထုံထိုင်းပြီး ဉာဏ်နည်းလွန်းခဲ့တယ်။ အိုဘုရားသခင်၊ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေကနေ ဉာဏ်အလင်းပေးပြီး လမ်းပြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မနောင်တရဖို့၊ သမ္မာတရားလိုက်စားဖို့နဲ့ ကိုယ့်အစွမ်းအစကို ထောက်လို့ အတတ်နိုင်ဆုံး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အဆင့်သင့်ဖြစ်နေပါပြီ။”

ဝတ်ပြုဆုတောင်းနေတုန်းမှာ အထောက်အကူဖြစ်စေတဲ့ နောက်ထပ်စာပိုဒ်တချို့ကို ကျွန်မတွေ့ခဲ့တယ်။ ဒါက ကျွန်မရဲ့အစွမ်းအစကို ဘယ်လိုစဉ်းစားရမလဲဆိုတာ နားလည်စေဖို့ကူညီခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏ အစွမ်းအစအရ သင်သည် အချိန်ကုန်၍ ပင်ပန်းခက်ခဲသော အလုပ်အချို့၊ ထင်သာမြင်သာမရှိသည့်၊ အထင်သေးခံရပြီး လူတို့၏ အောက်မေ့ခြင်းမခံရသည့် အလုပ်များကိုသာ ထမ်းဆောင်နိုင်သည်။ ဤသည်မှာ သင်၏ အခြေအနေဖြစ်လျှင် ထိုအရာကို ဘုရားသခင်ထံမှ သင် လက်ခံသင့်ပြီး မကျေမချမ်းဖြစ်သော စိတ်နှလုံးတစ်ခု မထားရှိသင့်သကဲ့သို့ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများပေါ် အခြေခံ၍ သင်၏ တာဝန်များကို မုချ မရွေးချယ်သင့်ပေ။ ဘုရားအိမ်တော်က သင့်အတွက် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့။ ပြီးလျှင် ထိုအရာသည် သင်၏ အစွမ်းအစရှိသည့်အရာ ဖြစ်သရွေ့ ကောင်းစွာ သင် လုပ်ဆောင်သင့်ပေသည်။...အခြားအလုပ်ကို သင် မလုပ်နိုင်သော်လည်း အသင်းတော်အလုပ်တွင် သင်သည် အဓိကကျပြီး အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍတွင် မပါဝင်နိုင်သကဲ့သို့ များစွာသော ပံ့ပိုးမှုများမရှိသော်လည်း သတိထားမခံရသော အလုပ်တစ်ခုခုတွင် သင်သည် အပြည့်အဝ အားထုတ်ကာ သစ္စာစောင့်သိမှု အသုံးပြုနိုင်ပြီး ဘုရားသခင်ကိုသာ စိတ်ကျေနပ်စေဖို့ ကြိုးစားလျှင် ယင်းမှာ လုံလောက်ပေသည်။ ဤသည်မှာ သင့်ကို ဘုရားသခင်၏ ချီးမြှောက်ခြင်းအား သင် တာဝန်မပျက်ကွက်ခြင်း ဖြစ်သည်။ အလုပ်တာဝန်များက ညစ်ပတ်ခြင်း သို့မဟုတ် ပင်ပန်းစရာဖြစ်ခြင်း ရှိမရှိ၊ ယင်းတို့ကို သင် လုပ်ဆောင်ခြင်းအား အခြားသူများ မြင်ခြင်းရှိမရှိ သို့မဟုတ် ယင်းတို့ကို လုပ်ဆောင်ခြင်းအတွက် အခြားသူများက သင့်အား ချီးမွမ်းခြင်း သို့မဟုတ် အထင်သေးခြင်း ရှိမရှိဟူသည်တို့ကို အခြေခံ၍ အလုပ်တာဝန်များကို မရွေးချယ်နှင့်။ ဤအရာများနှင့်ပတ်သက်၍ မစဉ်းစားနှင့်။ ယင်းကို ဘုရားသခင်ထံမှသာ လက်ခံလော့၊ ကျိုးနွံနာခံပြီး သင် ထမ်းဆောင်သင့်သည့်တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်လော့။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇))မတူကွဲပြားသော အစွမ်းအစများရှိသည့် လူတို့၏ သရုပ်သကန်အမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်းနှင့် ဤတိကျသော ဥပမာများကို ပေးခြင်းသည် သင့်အနေဖြင့် သင်၏ ကိုယ်ပိုင် နေရာကို မှန်ကန်စွာ ပိုင်းခြားသိမြင်နိုင်ရန်၊ သင်၏ ကိုယ်ပိုင် အစွမ်းအစနှင့် အမျိုးမျိုးသော အခြေအနေများကို နှိုင်းနှိုင်းချိန်ချိန် ချဉ်းကပ်ကာ သင့်အပေါ် ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းအပြင် ပြုပြင်ခြင်းနှင့် သင့်အတွက် စီစဉ်ထားသည့် အလုပ်ကို အကျိုးသင့် အကြောင်းသင့် ချဉ်းကပ်နိုင်ရန်အလို့ငှာ သင့်ကိုယ်သင် ထိုအရာများနှင့် ဆက်စပ်နှီးနွှယ်စေရန် ကူညီဖို့ ရည်ရွယ်ပေသည်။ အတိုက်အခံလုပ်ခြင်းနှင့် စက်ဆုပ်မှုကို ပြသခြင်းထက် ကျေးဇူးတင်ရှိခြင်းဖြင့် သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ ကျိုးနွံနာခံခွင့်ပေးရန် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အစွမ်းအစကို အကျိုးသင့်အကြောင်းသင့် ချဉ်းကပ်နိုင်ပြီးနောက် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင် အလိုရှိသည့် ဖန်ဆင်ခံများအဖြစ် ပြုမူဆောင်ရွက်လျက် ၎င်းတို့၏ မူလ အစွမ်းအစကို အခြေခံ၍ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို မှန်ကန်စွာ လုပ်ဆောင်ရင်း၊ မိမိတို့၏ သစ္စာစောင့်သိမှုနှင့် အားထုတ်မှုတို့ကို အပြည့်အဝ ရည်စူးမြှုပ်နှံထားရင်း မိမိတို့၏ ကိုယ်ပိုင် နေရာကို မှန်ကန်စွာ ပိုင်းခြားသိမြင်သည့်အခါ ဘုရားသခင်၏ စိတ်ကျေနပ်မှုကို ၎င်းတို့ စွမ်းဆောင်ရရှိကြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားသခင် နှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ပေးပါတယ်။ ကျွန်မရဲ့အစွမ်းအစ ညံဖျင်းတာတောင်မှ ဘုရားသခင်က ကျွန်မကို မသိမ်ငယ်စေခဲ့ပါဘူး။ အသင်းတော်ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ တာဝန်သိစိတ်နဲ့ အသေးစိတ်ကအစ အလေးထားတာ လိုအပ်ပါတယ်။ ကျွန်မအနေနဲ့ ပိုင်ဆိုင်မှုတွေကို ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းရပါမယ်။ တကယ်လို့ ကျွန်မက အသိတရားရှိရှိ အလုပ်လုပ်ခဲ့ရင် ဒီအရာတွေကို ကျွန်မ လုပ်နိုင်ပြီး တာဝန်က ကျွန်မအတွက် သင့်တော်ပါတယ်။ ကျွန်မက ကိုယ့်နေရာကိုယ် သိပြီး ကိုယ့်တာဝန်ကို သစ္စာစောင့်သိစွာနဲ့ အကောင်းဆုံး ထမ်းဆောင်သင့်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး။ မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်။ အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို အများကြီး အားပေးခဲ့ပြီး စိတ်ထဲမှာ ဒီတာဝန်ကို ကျွန်မ မြတ်နိုးချင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျွန်မက ပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်တဲ့တာဝန်ကို ထမ်းဆောင်နေစဉ်မှာ ကျွန်မရဲ့ အမှားတွေနဲ့ ချို့ယွင်းချက်တွေကို အဆက်မပြတ် ပြန်လည်သုံးသပ်ထားခဲ့ပြီး စည်းမျဉ်းတွေကို ချိုးဖောက်တဲ့နေရာတွေ ဖော်ထုတ်တဲ့အပြင် ကိုယ့်ပြဿနာတွေကို ဖော်ထုတ်ပြီးနောက်မှာ အမြန် မှန်အောင် ပြုပြင်ခဲ့တယ်။ ကျွန်မရဲ့ ပြဿနာတွေကို ကိုယ်တိုင် မဖော်ထုတ်နိုင်တဲ့အခါ၊ ဘုရားဆီ ဆုတောင်းပြီး ဒါတွေကို ကျွန်မအတွက် ထုတ်ဖော်ပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့ပါတယ်။ ကျွန်မရဲ့အလုပ်ကို အကျိုးပြုဖို့ လိုအပ်တဲ့အရာမှန်သမျှကို အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီလို ကျွန်မနားလည်မှုနဲ့ ပြောင်းလဲမှုတွေကို ရတာဟာ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်ပါပဲ။ ဘုရားကျေးဇူးတော်ပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နာမကျန်းဖြစ်သည့် အချိန်များမှတစ်ဆင့် ဆင်ခြင်သုံးသပ်မှုများ

ရှီကျိ အမေရိကန်နိုင်ငံ ကျွန်မက ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာ လေ့ရှိတယ်။ ကျွန်မကို လမစေ့ခင်မွေးပြီး၊ အမေ့ဗိုက်ထဲက ထွက်လာကတည်းက...

အခက်အခဲတစ်လျှောက် ကျွန်မရဲ့တာဝန်အပေါ် သစ္စာစောင့်သိခြင်း

၂၀၁၆ မှာ ကျွန်မရဲ့ အသင်းတော် တာဝန်ကို ရေလောင်းတဲ့ သင်းထောက်အနေနဲ့ လုပ်ရတယ်။ အဲဒီတုန်းက၊ အန္တိခရစ်တစ်ယောက်ရဲ့ ဖိနှိပ်တာခံရတဲ့ အသင်းတော်...

ကြမ်းတမ်းသောလမ်း ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို တိုင်ကြားခြင်း

လီမင် အမေရိကန်နိုင်ငံ ၂၀၁၉ ဇူလှိုင်လမှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ကြတယ်။ ကျွန်မနဲ့အတူ တွဲလုပ်မယ့်သူက...

အဘယ်ကြောင့် စည်းမျဉ်းများကို ကျွန်ုပ် မလိုက်နာနိုင်ရသနည်း

ဘိုင်ကျင့် ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ စလုပ်တယ်။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့ လီလီယန်နဲ့ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။