အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံသော ယုံကြည်ခြင်း၏ အကျိုးဆက်များ
၂၀၀၄ ခုနှစ်မှာ ကိုယ်တော့်အိမ်တော်ကို ရောက်ရှိဖို့ ဘုရားသခင်က ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စည်းဝေးရင်း၊ တစ်ခါတလေ သူတို့အတွေ့အကြုံတွေကို မိတ်သဟာယဖွဲ့တာတွေ ကြားရတတ်တယ်။ မကျန်းမာတဲ့အချိန်မှာ သူတို့ရဲ့တာဝန်တွေကို မပစ်ပယ်ခဲ့ဘူး။ နောက်တော့ မယုံနိုင်လောက်အောင် ပြန်ကျန်းမာသွားတယ်လို့ ပြောကြတယ်။ ညီအစ်ကိုမောင်နှမအချို့ ရေးတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကိုလည်း ဖတ်ခဲ့ရတယ်။ ညီအစ်မတစ်ယောက်ဆို ကင်ဆာဖြစ်နေပေမဲ့၊ သူ့တာဝန်တွေကို မလျှော့တမ်း ဆက်လုပ်ခဲ့တယ်။ နောက်တော့ ဘုရားသခင်က သူ့ကင်ဆာကို အမှတ်တမဲ့ ဖယ်ရှားပေးလိုက်တယ်တဲ့။ ဒီသက်သေခံချက်တွေကို ကြားသိရတော့ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားမိတယ်၊ “ညီအစ်ကိုမောင်နှမတွေက မကျန်းမာခြင်းဆိုတဲ့ စမ်းသပ်မှုတွေကို ကြုံရတဲ့အခါ၊ သူတို့က အဲဒါတွေကို တွေ့ကြုံဖို့ ယုံကြည်ခြင်းကို အားကိုးကြတယ်။ သူတို့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြတယ်။ သူတို့ရဲ့ရောဂါလည်း သက်သာသွားကြတယ်။ နောက်ဆိုရင် ငါလည်း သူတို့ဆီကနေ သင်ခန်းစာယူရမယ်။ ဘယ်လို ရောဂါ၊ ဘေးဒုက္ခမျိုးပဲ လာလာ၊ ငါ့တာဝန်တွေကို စောင့်ထိန်းရမယ်။ ငါ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ဒါမှ ငါလည်း ညီအစ်ကိုမောင်နှမတွေလို ဘုရားရဲ့ကောင်းချီးတွေထဲမှာ နေထိုင်ရလိမ့်မယ်” ပေါ့။
၂၀၁၁ ခုနှစ် နွေရာသီတုန်းကပါ။ တစ်ရက် နေ့လယ်ဘက်၊ ခုနစ်နှစ်အရွယ် ကျွန်မရဲ့သားလေးက ဧည့်ခန်းထဲမှာ စကိတ်စီးပြီး ကစားနေတယ်။ အဲဒီမှာ သူက တီဗီစင်ကို မတော်တဆ ဝင်တိုက်မိတာ၊ တီဗီက သူ့အပေါ် ပြုတ်ကျရော။ တစ်ကိုယ်လုံး သွေးတွေကို ရွှဲပြီး၊ နှာခေါင်းကပါ သွေးတွေ စီးကျတယ်။ ကျွန်မလည်း လန့်ဖျပ်ပြီး တော်တော် ရင်ထိတ်သွားတာပေါ့။ ကျွန်မက ဘုရားသခင်ကို ချက်ချင်း ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့သားလေး ဘာတွေပဲ ဖြစ်ပါစေ၊ သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ၊ ကျွန်မရဲ့စိတ်နှလုံးကို မညည်းညူမိအောင် ကာကွယ်စောင့်ရှောက်တော်မူပါ။” ကျွန်မရဲ့သားကို ဆေးရုံမှာ စစ်ဆေးပြီးတော့၊ ဆရာဝန်က သူ့ကို အိမ်မှာပဲ စောင့်ကြည့်ခိုင်းတယ်။ သူ့မှာ အဖျား မရှိသေးသရွေ့၊ အားလုံး ကောင်းသွားလိမ့်မယ်လို့ ပြောတယ်။ နောက်တော့ ကျွန်မရဲ့သားလည်း ပြန်ကောင်းသွားပါတယ်။ အဲဒီနောက်မှာ ကျွန်မက ဒီအဖြစ်အပျက်ကို စဉ်းစားကြည့်တယ်။ ဒီသေရေးရှင်ရေးကာလတစ်လျှောက်မှာ ကျွန်မက မညည်းညူခဲ့ဘူး။ ကျွန်မရဲ့သားလည်း မြန်မြန်ဆန်ဆန် သက်သာသွားတယ်။ ဒီအဖြစ်ကြောင့် ကျွန်မ ပိုပြီး လက်ခံယုံကြည်သွားတယ်။ ဘေးဒုက္ခတွေအတွင်းမှာ မညည်းညူဘူး၊ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုရင် ဘုရားရဲ့ကာကွယ်မှုနဲ့ ကောင်းချီးတွေကို မြင်ခွင့်ရလိမ့်မယ်ဆိုတာပဲ။ အဲဒီအချိန်ကစပြီး ကျွန်မက ပိုပြီး အားမာန်အပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့ပါတယ်။ အသင်းတော်က ကျွန်မကို ဘယ်လို တာဝန်တွေပဲ ပေးပေး၊ ဆင်းရဲဒုက္ခတွေ၊ ပေးဆပ်မှုတွေ ဘယ်လောက်ပဲ များများ၊ ကျွန်မက အရာအားလုံးကို နာခံခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ချစ်တဲ့သူ၊ အနာဂတ်မှာ ဘုရားသခင်က သေချာပေါက် ကောင်းချီးပေးလိမ့်မယ်လို့ ထင်ခဲ့မိတယ်။
၂၀၁၆ မေလမှာ ကျွန်မက ကိုယ့်တာဝန်တွေကို အိမ်နဲ့အဝေးမှာ လုပ်နေရတယ်။ တစ်ရက်ကျတော့ အိမ်ကနေ စာတစ်စောင် လာရော၊ ကျွန်မရဲ့သားလေးမှာ သွေးကင်ဆာ ဖြစ်နေတယ်၊ တော်တော် နေမကောင်းဖြစ်နေတယ်၊ ဆေးရုံ တင်ထားရတယ်လို့ ရေးထားတယ်။ စာကို ဖတ်ပြီးသွားတော့ ကျွန်မစိတ်ထဲမှာ ဘာမှ စဉ်းစားလို့မရတော့ဘူး။ ပြီးတော့ ဆုတောင်းဖို့ဆိုပြီး ကိုယ့်အခန်းထဲကို ပြန်လိုက်တယ်။ အိပ်ရာပေါ်မှာ ဒူးထောက်ပြီး ထိန်းမရသိမ်းမရ ငိုနေရင်းနဲ့၊ “ဘုရားသခင်၊ ကျွန်မရဲ့သားလေးက ဆယ့်နှစ်နှစ်ပဲ ရှိပါသေးတယ်။ သူ့ကို တကယ်ပဲ ခေါ်သွားတော့မှာလား” လို့ ပြောမိတယ်။ အဲဒါပြီးတော့ ကျွန်မ ဘာမှ ထပ်မပြောနိုင်တော့ဘူး။ ကျွန်မရဲ့သားလေးကို ပြုစုစောင့်ရှောက်ဖို့၊ သူ့ကို နှစ်သိမ့်အားပေးဖို့ ချက်ချင်းပဲ ပြန်ချင်မိတယ်။ ဒါပေမဲ့ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်နေတဲ့ အန္တိခရစ်တွေ ရှိနေတယ်ဆိုတာကို ကျွန်မ စဉ်းစားမိပြန်ရော။ အလုပ်တွေအမျိုးမျိုးကို တားဆီးနေကြတယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ဘဝတွေကို ထိခိုက်အောင် လုပ်နေကြတယ်လေ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျွန်မ ဘယ်လို ရွေးချယ်မလဲဆိုတာကို ဘုရားသခင်က စောင့်ကြည့်နေတယ်၊ အသင်းတော်ရဲ့အလုပ်ကို ထိန်းသိမ်းမလား၊ ကျွန်မရဲ့သားကို စောင့်ရှောက်ဖို့ ကိုယ့်တာဝန်တွေကို ဘေးဖယ်မလားပေါ့။ စမ်းသပ်မှုအကြီးကြီးတွေကို ကြံ့ကြံ့ခံခဲ့တဲ့ ယောဘအကြောင်းကို ကျွန်မ တွေးမိတယ်။ တစ်ကိုယ်လုံး အနာတွေ ဖုံးနေပေမဲ့၊ ဘုရားသခင်ကို မကျေမနပ် မပြောခဲ့ဘူး။ သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ နောက်ဆုံး ဘုရားသခင်က သူ့ကို ပေါ်ထွန်းပြီး အနာတွေ ပျောက်ကင်းစေတဲ့အပြင် သူ့ကို အလျှံပယ် ကောင်းချီးပေးတယ်လေ။ ကျွန်မသားရဲ့ရောဂါက ဘုရားသခင်ရဲ့လက်ထဲမှာ ရှိနေတယ်ဆိုတာကို စဉ်းစားမိတော့၊ ကျွန်မလည်း ဘုရားသခင် ကျေနပ်စေဖို့၊ ကိုယ့်တာဝန်တွေကို ထိန်းသိမ်းဖို့ ရွေးချယ်ရမယ်။ စာတန်ရဲ့အကြံအစည်တွေကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး။ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုရင်၊ ဘုရားသခင်က ကျွန်မရဲ့သားကို သက်သာအောင် ကောင်းချီးပေးလိမ့်မယ်လို့ ယုံကြည်မိတယ်။ အထူးသဖြင့် အာဗြဟံက ဘုရားသခင်ကို ကျိုးနွံနာခံပြီး၊ သူ့ရဲ့တစ်ဦးတည်းသောသား ဣဇာက်ကို ယဇ်ပူဇော်ဖို့ ဆန္ဒရှိခဲ့တာတွေ၊ ဘုရားသခင်က သူ့သားကို မသိမ်းယူဘဲ၊ သူ့ကို ပိုပြီး ကောင်းချီးပေးခဲ့တာတွေကို စဉ်းစားကြည့်တော့၊ ဘုရားသခင်က ကျွန်မကိုလည်း ကျွန်မရဲ့ကလေးကတစ်ဆင့် စမ်းသပ်နေတယ်လို့ ခံစားမိတယ်။ ကျွန်မက သားကို ဘုရားသခင်ရဲ့လက်ထဲ အပ်နှံပြီး၊ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုရင်၊ ဘုရားသခင်က ကျွန်မရဲ့သားကို သက်သာအောင် ကောင်းချီးပေးလိမ့်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်မသားရဲ့ရောဂါအကြောင်း တဝဲလည်လည် တွေးမနေတော့ဘူး။ ကိုယ့်တာဝန်တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံလိုက်တယ်။
ကျွန်မ အိမ်ပြန်ရောက်တဲ့ အချိန်ကျမှ ကျွန်မရဲ့ယောက်ျားက ပြောပြတယ်၊ ကျွန်မတို့သားက သွေးကင်ဆာ ဖြစ်တာမဟုတ်ဘူး။ သွေးဖြူဥတွေ များလွန်းပြီး ကိုယ်ခံအား နည်းရုံသက်သက်ပဲတဲ့။ အချိန်မီ ကုသမှု မရှိရင်တော့ သွေးကင်ဆာ ဖြစ်သွားနိုင်တယ်ပေါ့။ ကျွန်မတို့လည်း နာမည်ကြီးဆေးရုံအချို့ကို သွားပြတယ်။ ဒါပေမဲ့ ပါရဂူပေါင်းစုံနဲ့ စမ်းသပ်မှုတွေ လုပ်ပြီးတာတောင်၊ သူတို့က ရောဂါကို အမည်မဖော်နိုင်ခဲ့ဘူး။ ကျွန်မတို့လည်း အိမ်ပြန်ပြီး ရိုးရာနည်းနဲ့ ကုကြည့်ဖို့ပဲ ရွေးချယ်စရာ ရှိတော့တယ်။ တရုတ်ရိုးရာဆေးတွေနဲ့ ယွမ်နှစ်ထောင်ကျော်ဖိုး အကုန်ခံကြည့်တယ်၊ ဒါပေမဲ့ ဘာမှ တိုးတက်မလာခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားကြည့်တယ်၊ “ဘုရားသခင်နဲ့အတူရှိရင် ခက်ခဲတဲ့ကိစ္စတွေဆိုတာ မရှိဘူး။ လူတွေက ဘုရားသခင်ကို အစစ်အမှန် အားကိုးပြီး၊ ကျိုးနွံနာခံနေသရွေ့၊ ဘုရားသခင်အနေနဲ့ သူတို့ကို ကုသပေးဖို့ လွယ်ကူတယ် မဟုတ်ဘူးလား” ပေါ့။ အဲဒီနောက်မှာ ကျွန်မက ကျွန်မရဲ့ကလေးကို မကြာမကြာ မိတ်သဟာယဖွဲ့ပေးတယ်၊ “ဒီရောဂါ ဖြစ်နေချိန်မှာ အမေတို့က ဘုရားသခင်ရဲ့စီစဉ်ညွှန်ကြားခြင်းတွေနဲ့ အစီအစဉ်တွေကို မညည်းညူရဘူး၊ ကျိုးနွံနာခံရမယ်။ အမေတို့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုရင်၊ ဘုရားသခင်က သားရဲ့ရောဂါကို သေချာပေါက် ပြန်ကောင်းစေလိမ့်မယ်” ပေါ့။ အဲဒီအချိန်အတွင်းမှာ ကျွန်မသားရဲ့ရောဂါကို ကုဖို့ ရိုးရာဆေးနည်းတွေကိုလည်း နေရာအနှံ့ စုံစမ်းကြည့်တယ်။ ဒါပေမဲ့ တစ်လ ကြာပြီးတဲ့နောက်မှာ ကျွန်မကလေးရဲ့အခြေအနေက တိုးတက်မလာတဲ့အပြင်၊ ပိုပြီး ဆိုးသွားတယ်။ ကျွန်မလည်း စပြီး အပျက်သဘောဆောင်လာတယ်၊ ဝိညာဉ်ပိုင်းမှာ အားနည်းလာတယ်။ “ငါ့ရဲ့ကလေး မကျန်းမမာ ဖြစ်ချိန်ကစပြီး ငါ့တာဝန်တွေကို ကြိုးကြိုးစားစား လုပ်နေခဲ့တာပါ။ ဘုရားသခင်က ငါ့သားရဲ့ကျန်းမာရေးကို ဘာလို့ မထိန်းသိမ်းပေးဘဲ နေတာလဲ။ ကလေးရဲ့အခြေအနေက ပိုပြီး ကုသပေးပါလျက်နဲ့ ဘာဖြစ်လို့ ပိုဆိုးလာနေတာလဲ။ ဆရာဝန်တွေ ပြောခဲ့သလို တကယ်ပဲ သွေးကင်ဆာ ဖြစ်လာမယ်ဆိုရင်၊ ငါ့သားမှာ မျှော်လင့်ချက်ဆိုတာ ရှိကော ရှိပါဦးမလား” ဆိုပြီး တွေးနေမိတယ်။ အဲဒီအကြောင်းကို ပိုပြီး စဉ်းစားလေ၊ ကျွန်မမှာ ပိုပြီး ထိတ်လန့်လေလေ ဖြစ်လာတယ်။
တစ်မနက်ကျတော့ ကျွန်မယောက်ျားက ကျွန်မကို မျက်ရည်စက်လက်နဲ့ ပြောလာရော၊ “ငါတို့လည်း ဒီကလေးရဲ့ရောဂါအတွက် နည်းလမ်းမှန်သမျှကို စမ်းကြည့်ပြီးပြီ။ ဒါပေမဲ့ သက်သာမလာတဲ့အပြင် ပိုပြီးတော့ ဆိုးလာတယ်။ ငါတို့ ဘာလုပ်သင့်သလဲ” တဲ့။ ကျွန်မယောက်ျား သောကရောက်နေတာ မြင်ရတော့၊ ကျွန်မလည်း ပြောမပြနိုင်အောင် ဝမ်းနည်းတာပေါ့။ ဒါနဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်မယ်ဆိုပြီး လှမ်းယူမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ သူ့ကို စမ်းသပ်မှုမည်မျှအား ကြုံတွေ့ခိုင်းစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ၎င်းတို့၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတို့ပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ မခံစားနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးသွားတော့၊ စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘာလဲဆိုတာကို နားလည်သဘောပေါက်မှု နည်းနည်း ရသွားတယ်။ ကျွန်မတို့အနေနဲ့ တစ်စုံတစ်ရာကို မမြင်နိုင်၊ မထိတွေ့နိုင်တဲ့ အချိန်မျိုးမှာတောင်၊ ဘုရားသခင်ကို ယုံကြည်တာ၊ ကိုယ်တော့်အတွက် ကျွန်မတို့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တာတွေပေါ့။ ဘုရားသခင်ကို ဘယ်အချိန်မဆို လုံးဝ မငြင်းပယ်ခဲ့တဲ့ ယောဘလိုမျိုးပေါ့။ ဒါက ဘုရားသခင် လိုလားတဲ့အရာပဲလေ။ ကျွန်မလည်း ကျွန်မယောက်ျားကို မိတ်သဟာယဖွဲ့ပေးတယ်၊ “အရာအားလုံး အဆင်ပြေနေချိန်မှာ ဘုရားသခင်ကို ယုံကြည်တာ၊ ကျွန်မတို့တာဝန်တွေကို ထမ်းဆောင်တာလောက်က၊ စစ်မှန်တဲ့ ယုံကြည်ခြင်းကို အမြဲ ဖော်ပြရာ မရောက်ပါဘူး။ စမ်းသပ်မှုတွေကို ရင်ဆိုင်ရတဲ့အချိန်၊ ရလဒ်တွေ ဘယ်လို ဖြစ်လာမယ်ဆိုတာ မမြင်နိုင်ကြတဲ့အချိန်မှာ ကျွန်မတို့က ဘုရားသခင်ကို မဆုတ်မနစ် ယုံကြည်နိုင်သေးတယ်၊ လိုက်လျှောက်နိုင်သေးတယ်။ ဒီယုံကြည်ခြင်းကသာ စစ်မှန်ပါတယ်။ ဘုရားသခင်ရဲ့စစ်ဆေးခြင်းနဲ့ စမ်းသပ်မှုတွေမှာ အလိုရှိတဲ့ရလဒ်လည်း ဖြစ်တယ်။ မဟုတ်ရင်တော့ ကျွန်မတို့က ဘုရားသခင်ကို ကျေးဇူးတော်နဲ့ အကျိုးခံစားမှုတွေအတွက်ပဲ ယုံကြည်မိနေကြလိမ့်မယ်။ စာတန်ကလည်း ကျွန်မတို့ကို စွပ်စွဲပြီး၊ ကျွန်မတို့ကို အသိအမှတ်ပြုဖို့ ငြင်းဆိုလိမ့်မယ်။ ကျွန်မတို့သားရဲ့အခြေအနေက တိုးတက်သည်ဖြစ်ဖြစ်၊ မတိုးတက်သည်ဖြစ်ဖြစ်၊ ကျွန်မတို့က ဘုရားသခင်နောက်ကို ဆက်ပြီး လိုက်လျှောက်တယ်၊ ကျိုးနွံနာခံတယ်ဆိုရင်၊ စာတန်ဟာ ရှုံးနိမ့်ပြီး အရှက်ရသွားမှာပဲ။ ဘုရားသခင်ကလည်း ကျွန်မတို့ဆီကနေ ဂုဏ်အသရေ ရရှိလိမ့်မယ်” ပေါ့လေ။ ကျွန်မယောက်ျားက ဒါကို နားထောင်ပြီးတော့၊ သူက လက်ခံပြီး ခေါင်းညိတ်တယ်။
အဲဒီနောက်မှာ ကျွန်မတို့သားရဲ့အခြေအနေက ဘယ်လို တိုးတက်မှုလက္ခဏာမှ မပြခဲ့ဘူး။ တစ်ရက်ကျတော့ ကျွန်မတို့သားက ပြတင်းပေါက်ဘောင်လေးကို မှီရင်း၊ တခြားကလေးတွေ ကျောပိုးအိတ်ကိုယ်စီနဲ့ ကျောင်းသွားကြတာကို ကြည့်နေတယ်။ သူက မျက်ရည်တွေလည်း ဝဲပြီး၊ အားကျနေတဲ့ ပုံစံမျိုး။ ပြီးတော့ ဆို့ဆို့နင့်နင့်နဲ့ ပြောရှာတယ်၊ “အမေ၊ တခြားကလေးတွေအားလုံးက ကျောင်းသွားနေကြပြီ။ သားကျတော့ နေမကောင်းလို့ မသွားနိုင်ဘူး။ အမေက ဘုရားသခင်ကို ကျိုးနွံနာခံဖို့ အမြဲတမ်း ပြောတယ်။ သားက နေကောင်းတဲ့အထိ ဘယ်လောက်ကြာအောင် ကျိုးနွံနာခံရမှာလဲ” တဲ့။ ကျွန်မသားရဲ့စကားတွေကို ကြားရတာ ကျွန်မရင်ထဲမှာ ဓားနဲ့ အထိုးခံလိုက်ရသလိုမျိုးပဲ။ ကျွန်မရဲ့ယုံကြည်ခြင်းက ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားကြည့်တယ်၊ “ငါ့ကလေး မကျန်းမာတဲ့အချိန်ကစပြီး၊ ငါက ဒုက္ခတွေ ရောက်ခဲ့ပြီးပြီ။ ဒါပေမဲ့ ငါ့တာဝန်တွေကို အမြဲ စောင့်ထိန်း လိုက်နာခဲ့တယ်။ ခိုင်းတဲ့အတိုင်း အစွမ်းကုန် ကြိုးစား လုပ်ဆောင်ပေးခဲ့ပြီးပြီ။ ဘုရားသခင်က ငါ့သားရဲ့ရောဂါကို ဘာလို့ ပျောက်ကင်းအောင် မကုသပေးသေးတာလဲ။ ငါ့စိတ်နှလုံးက အပြည့်အဝ မစစ်မှန်လို့လား။ ငါ့သားရဲ့ရောဂါက မပျောက်ဘူးဆိုရင်၊ ဖြတ်တောက်ကုသမှု လိုချင်လိုမယ်လို့ ဆရာဝန်က ပြောထားတယ်။ အဲဒီလိုဆို သူ ဘယ်လို ရှေ့ဆက်ပြီး နေထိုင်မလဲ” ပေါ့။ ဒီ ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေကို စဉ်းစားရင်းနဲ့၊ ကျွန်မရင်ထဲမှာ အသားကြိတ်စက်ထဲ ရောက်သွားသလိုမျိုး မချိမဆံ့ နာကျင်ခဲ့ရတယ်။ ဒီလောက် အတိုင်းအတာထိ နာကျင်လာရတော့ ကျွန်မလည်း ဘုရားသခင်ကို ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကျွန်မသားရဲ့ရောဂါက ဘာကြောင့် သက်သာမလာတော့တာလဲ။ ကျွန်မရဲ့ဝိညာဉ်ရင့်ကျက်မှုက နည်းလွန်းပါတယ်။ ဒီအဖြစ်ကို ကျွန်မ တကယ်ကို တောင့်မခံနိုင်တော့ပါဘူး။ ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်ကို နားလည်အောင် ကျွန်မကို အသိဉာဏ်ဖွင့်ပေးတော်မူပါ” ပေါ့။
စက်တင်ဘာလကုန် ရောက်တော့ ကျွန်မတို့ခေါင်းဆောင်က ကျွန်မဆီကို စာတစ်စောင် ပို့ပြီး၊ တာဝန်တစ်ခုမှာ ပူးပေါင်းလုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံတယ်။ ကျွန်မလည်း ကျွန်မသားရဲ့ရောဂါအတွက် ပူပန်နေရလို့ ငြင်းလိုက်မိတယ်။ နောက်တော့မှ ကျွန်မ အသိတရားရတယ်၊ ဘုရားသခင်ကို ယုံကြည်လာတဲ့ နှစ်တွေအားလုံးမှာ ကျွန်မက ဘယ်လိုကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ တာဝန်တစ်ခုကို ဘယ်တော့မှ မငြင်းခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ကျွန်မသားရဲ့ရောဂါကြောင့် တာဝန်တစ်ခုကို ငြင်းလိုက်မိပြီ။ ဒီအသိတရားကြောင့် ကျွန်မ စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ ဒီကာလတစ်လျှောက်လုံး ဘုရားသခင်အပေါ် ကျွန်မရဲ့သဘောထားကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဝတ်ကျေတမ်းကျေပုံစံမျိုးနဲ့ပဲ ဆုတောင်းရင်း ဖတ်ရှုနေခဲ့တယ်ဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မက စိတ်နှလုံးထဲမှာ တက်ကြွမှု မရှိခဲ့ဘူး။ နေ့စဉ်နေ့တိုင်း ကျွန်မရဲ့သားကို ဆေးတိုက်ဖို့ကလွဲရင်၊ ကျွန်မရဲ့စိတ်နှလုံးမှာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေပဲ ပြည့်နေခဲ့တာ။ ကျွန်မသားရဲ့ရောဂါက ကောင်းမလာတော့ဘူး၊ သူ့ကို ဆုံးရှုံးရနိုင်တယ်ဆိုပြီး အမြဲ သောကရောက်ခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့တာဝန်တွေကို အာရုံမစိုက်ခဲ့ဘူး။ ဒါကို စဉ်းစားမိတဲ့အချိန်မှာ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်၊ ကျွန်မက ဘုရားသခင်ကို သစ္စာဖောက်နေခဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ကျမ်းပိုဒ်တစ်ခုကိုလည်း တွေးမိတယ်၊ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့ အပြစ်ဒဏ်ပေးခံရသင့်ပေသည်။ လူသားများသည် ၎င်းတို့အား ဘုရားသခင်အပ်နှံသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်များကိုမဆို ပြီးမြောက်အောင် လုပ်သင့်သည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဤသည်မှာ လူ၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဤတွင် သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ပြင်းထန်တဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ဒေါသကို ကျွန်မ ခံစားမိတယ်။ ဘုရားသခင်ရဲ့တာဝန်ပေးစေခိုင်းချက်ကို ပေါ့ပေါ့လေး သဘောထားတာက ဆိုးရွားတဲ့အရာတစ်ခု ဖြစ်နေတာကိုး။ တာဝန်ပေးစေခိုင်းချက်ကို ငြင်းပယ်တဲ့သူတွေအပေါ် ဘုရားရဲ့သဘောထားက စက်ဆုပ်ခြင်းနဲ့ ကျိန်ဆဲခြင်းဆိုတဲ့ သဘောထားပဲ။ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိတာ ကျွန်မ တုန်လှုပ်သွားတယ်။ ကျွန်မက ဘုရားသခင်ကို သမ္မာတရားစစ်မှန်မှု မရှိဘဲ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့မိတာပါ၊ ကိုယ့်အယူအဆတွေနဲ့ မကိုက်ညီတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မက ကိုယ့်တာဝန်တွေကို စွန့်ပစ်ပြီး ဘုရားကို သစ္စာဖောက်နိုင်တုန်းပဲ။ ဒါကို လက်ခံမိသွားတော့ ကျွန်မလည်း နောင်တရပြီး၊ ဘုရားသခင်ကို ဆုတောင်းတယ်။
ရှာဖွေရင်းနဲ့ပဲ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိတယ်။ “ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏။ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ကောင်းစွာ ဆောင်ရွက်ရမည်ဟူ၍ ဖြစ်သည်။ ဤအခြေအနေကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက်အလို့ငှာ သူ့အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အနည်းငယ်သော စကားများနှင့် အယူဝါဒများသာ ပါရှိသည်မှာ သေချာပေ၏။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ၎င်းတို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများဖြစ်ပြီး ၎င်းတို့သည် သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ဤသည်မှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင် လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်း ရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ ၎င်းတို့သည် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် မိသားစု နေထိုင်မှုစနစ်တို့ကို ကြီးပွားသော အဆင့်တစ်ခုသို့ မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဘာသာတရားမရှိသူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်။ ၎င်းတို့က တွေးကြသည်။ ‘ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငါ သစ္စာစောင့်သိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကြီးမြတ်သော ဆုလာဘ်များနှင့် ကြီးမြတ်သော သရဖူများကို ရရှိလိမ့်မည်။’ ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ၎င်းတို့ ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ ပညာ၊ ဂုဏ်အဆင့်အတန်းတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင် ကြီးမားသော သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင် သမ္မာတရားကို မလိုက်စားကြလျှင်၊ ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ဖို့ သေချာသည်။ ဤသည်မှာ မပြောင်းလဲသော အမှန်တရား၊ ယင်းသည် သဘာဝ ဥပဒေသတစ်ခုဖြစ်သည်။ သမ္မာတရားကို မလိုက်စားသည့်လူများ လျှောက်သည့်လမ်းကြောင်းသည် ပေတရု၏ လမ်းကြောင်းကို လုံးလုံး ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကတစ်ဆင့် ကျွန်မ မြင်သွားတယ်၊ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မရဲ့စွန့်လွှတ်တာတွေနဲ့ အသုံးခံတာတွေက ကိုယ့်တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့အတွက်၊ ဘုရားကို ကျေနပ်စေဖို့အတွက် မဟုတ်ခဲ့ဘူး။ တကယ်တမ်းတော့ ကောင်းချီးတွေ ရဖို့ဆိုတဲ့ ရည်ရွယ်ချက်ရဲ့ အမြဲတစေ လွှမ်းမိုးတာကို ခံရပြီး၊ ဘုရားသခင်နဲ့ အပေးအယူတွေ လုပ်ဖို့အတွက်ပါပဲ။ ကျွန်မ လိုက်လျှောက်ခဲ့တာက ကောင်းချီးတွေနောက် လိုက်ခြင်းဆိုတဲ့ ပေါလုရဲ့လမ်းကြောင်းပါပဲ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ချိန်ကစပြီး ကျွန်မ မြင်ခဲ့ရတာက၊ ညီအစ်ကိုမောင်နှမအချို့ဟာ ရောဂါဝေဒနာတွေ၊ စမ်းသပ်မှုတွေအတွင်းမှာ သူတို့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ကြတဲ့အခါ၊ သူတို့က ဘုရားရဲ့စောင့်ရှောက်မှု၊ ကာကွယ်မှုနဲ့ ကောင်းချီးတွေကို ရခဲ့ကြတယ်လေ။ ဒါကြောင့်၊ အသင်းတော်က ကျွန်မကို ပေးတဲ့ တာဝန်တွေဟာ ဘယ်လိုပဲ ခက်ခဲခက်ခဲ၊ ဘယ်လိုပဲ အန္တရာယ်များများ၊ ကျွန်မက ဘာသံသယမှ မရှိဘဲ၊ ခိုင်းတဲ့အတိုင်း လုပ်တော့တာပဲ။ ကျွန်မရဲ့စိတ်နှလုံးမှာ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့မိတယ်၊ ကျွန်မက ဘုရားအတွက် ဒုက္ခခံပြီး အဖိုးအခ ပေးနေသရွေ့၊ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မညည်းညူဘဲ၊ ကိုယ့်တာဝန်တွေကို မလျှော့တမ်း ထမ်းဆောင်နေသရွေ့၊ ကျွန်မအနေနဲ့ ဘုရားရဲ့ကောင်းချီးတွေကို သေချာပေါက် ရရှိလိမ့်မယ်ပေါ့။ ကျွန်မရဲ့သားမှာ ဆိုးဝါးတဲ့ ရောဂါတစ်ခု ရှိနေပြီလို့ သိရတဲ့အခါ၊ ကျွန်မက ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့နဲ့ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့အတွက်ပဲ ဆက်ပြီး ရွေးချယ်ခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့သားကို ကုများ ကုပေးနိုင်မလားလို့ပေါ့။ ဒါပေမဲ့ ကျွန်မသားရဲ့ရောဂါက အချိန်တော်တော် ကြာတဲ့အထိ မသက်သာတဲ့အခါ၊ ကျွန်မက ဘုရားသခင်အပေါ် မကျေနပ်ချက်တွေ စပြီး ထားခဲ့တယ်။ ဟိုအရင် ကျွန်မ စွန့်လွှတ်ခဲ့တာ၊ အသုံးခံခဲ့တာတွေကို ဘုရားနဲ့ အပေးအယူလုပ်စရာတစ်ခုအဖြစ် သုံးခဲ့တယ်။ ဘုရားကို စောဒကတက်ပြီး ကန့်ကွက်နေမိတယ်။ ကျွန်မရဲ့သားအပေါ် ကိုယ်တော့်ကာကွယ်မှု ကင်းမဲ့တာကို မကျေမနပ်ဖြစ်နေမိတယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့တောင် ငြင်းနေမိတာပါ။ ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်တဲ့၊ ဆိုးညစ်တဲ့၊ အကျိုးအမြတ်ရှာတဲ့ စာတန်ဆန်ဆန်သဘာဝ လုံးလုံး ဖော်ထုတ်ခံရတာကို ကျွန်မ မြင်သွားတယ်။ ကျွန်မက ဘုရားအတွက် စွန့်လွှတ်တာ၊ အသုံးခံတာတွေကို၊ သူ့ဆီက ကောင်းချီးတွေ တောင်းဆိုဖို့ နည်းလမ်းတစ်ခုအဖြစ် သုံးနေခဲ့တာပါ။ ကျွန်မက ပေါလုရဲ့လမ်းကြောင်းအတိုင်း လျှောက်နေခဲ့တယ်ဆိုတာ သဘောပေါက်သွားတယ်။ ပေါလုက ဆုလာဘ်တွေနဲ့ သရဖူတစ်ခုကို မျှော်မှန်းရင်း၊ ဘုရားအတွက် အသုံးခံပြီး အဖိုးအခ ပေးခဲ့တယ်။ ဘုရားကို အပေးအယူတွေ လုပ်နေခဲ့တယ်။ သူက ဘုရားသခင်ကို လိမ်ညာပြီး ခုခံနေခဲ့တာပဲ၊ နောက်ဆုံးမှာ ဘုရားရဲ့ပြစ်တင်ရှုတ်ချမှုနဲ့ အပြစ်ဒဏ်ပေးခြင်းကို ရသွားတယ်လေ။ ဘုရားသခင်အပေါ် ကျွန်မရဲ့နှစ်ပေါင်းများစွာ ယုံကြည်ခြင်းကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ သမ္မာတရားကို မလိုက်စားတာတွေ၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ သူ့ရည်ရွယ်ချက်တွေကို မရှာဖွေတာတွေကြောင့်၊ ကျွန်မက ဘုရားအတွက် အသုံးခံမှုနဲ့ ကိုယ့်တာဝန် ထမ်းဆောင်ခြင်းကို အပေးအယူလိုလို သဘောထားခဲ့မိတာပါ။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းမှန်း၊ ဘုရားရဲ့ကယ်တင်ခြင်းနဲ့ လုံးဝ မထိုက်တန်မှန်း မြင်သွားတယ်။
နောက်တော့ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်မိတယ်။ “သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ ‘ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။’ ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား ကျိုးနွံနာခံမှုရှိပြီး သူ့အပေါ် အခြားတောင်းဆိုချက်များ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) “အခြေအနေအမျိုးမျိုးတွင် ဘုရားသခင်သည် လူအသီးသီးကို မတူညီသည့် စစ်ဆေးခြင်း နည်းလမ်းများ အသုံးပြုသော်လည်း၊ အာဗြဟံ၌ သူအလိုရှိခဲ့သည့်အရာကို ဘုရားသခင် မြင်ခဲ့သည်၊ အာဗြဟံ၏ နှလုံးသားသည် မှန်ကန်ပြီး သူ၏ကျိုးနွံနာခံမှုက အကြွင်းမဲ့ဖြစ်သည်ကို သူ တွေ့ခဲ့သည်။ ဘုရားသခင် လိုချင်ခဲ့သည်မှာ ဤ ‘အကြွင်းမဲ့’ သောအရာ အတိအကျ ဖြစ်ပေသည်။ လူများက၊ ‘ဤအရာကို ကျွန်ုပ်ပေးလှူပြီးပြီ၊ ထိုအရာကို ကျွန်ုပ်စွန့်လွှတ်ပြီးပြီ။ ဘုရားသခင် ကျွန်ုပ်ကို အဘယ်ကြောင့် စိတ်မကျေနပ်သနည်း။ စမ်းသပ်မှုများကို ကျွန်ုပ်အား အဘယ်ကြောင့် ခံမြဲခံစေရသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို စစ်ဆေးမြဲ စစ်ဆေးနေသေးသနည်း’ ဟု မကြာခဏ ပြောတတ်ကြသည်။ ဤအရာက အချက်တစ်ချက်ကို ပြသည်။ ဘုရားသခင်သည် သင့်နှလုံးသားကို မမြင်သေးသကဲ့သို့ သင့်နှလုံးသားကို မရယူသေးပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် အာဗြဟံက သူ၏သားကို သူ့လက်နှင့်သတ်ဖို့ ဓားကိုကိုင်မြှောက်ပြီး ဘုရားသခင်ကို ပူဇော်ဖို့လုပ်သောအချိန်ကကဲ့သို့၊ အင်မတန် ရိုးသားစစ်မှန်မှုကို သူမတွေ့သေးခြင်း ဖြစ်သည်။ သူသည် သင်၏အကြွင်းမဲ့ကျိုးနွံနာခံမှုကို မတွေ့သေးသကဲ့သို့၊ သင့်အားဖြင့် နှစ်သိမ့်ခြင်းမခံရသေးပေ။ သို့ဆိုလျှင် ဘုရားသခင် သင့်ကို စမ်းသပ်မြဲစမ်းသပ်နေသည်မှာ သဘာဝကျပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတာက၊ ဘုရားသခင်ဟာ သူ့အတွက် ကိုယ့်ကိုယ်ကိုယ် အစစ်အမှန် အသုံးခံသူတွေကို ကောင်းချီးပေးပါတယ်။ ဘုရားက ဘယ်လိုပဲ လုပ်ဆောင်သည်ဖြစ်ဖြစ်၊ အဲဒီလူတွေဟာ ဘုရားရဲ့စီစဉ်ညွှန်ကြားခြင်းတွေနဲ့ အစီအစဉ်တွေကို အကြွင်းမဲ့ ကျိုးနွံနာခံကြတယ်၊ သတ်မှတ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ မသမာမှုတွေ မရှိကြဘူး။ ဒါက စစ်မှန်တဲ့ သက်သေခံချက်တစ်ခုပဲ။ ကျွန်မလည်း ယောဘအကြောင်းကို မတွေးမိဘဲ မနေနိုင်ခဲ့ဘူး။ သူက ဘုရားသခင်အကြောင်းကို ကြားရုံပဲ ကြားခဲ့ရတယ်၊ ဒါပေမဲ့ သူ့ပိုင်ဆိုင်မှုတွေနဲ့ သားသမီးတွေအားလုံးကို ဆုံးရှုံးပြီး၊ တစ်ကိုယ်လုံး အနာတွေ ပေါက်တဲ့အပြင်၊ သူ့ဇနီးရဲ့လှောင်ပြောင်တာကိုတောင် ခံရတဲ့အချိန်မှာ၊ သူက ဘုရားကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းလမ်းကြောင်းကို စောင့်ထိန်းနေတုန်းပဲ။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” (ယောဘ ဝတ္ထု ၁:၂၁) ဆိုပြီး ပြောခဲ့တယ်။ ယောဘက ဘုရားနဲ့ အပေးအယူလုပ်ဖို့၊ ဘုရားဆီက တောင်းဆိုဖို့ မကြိုးစားခဲ့ဘူး။ သူက ဘုရားအပေါ် သန့်စင်တဲ့ စိတ်နှလုံးတစ်ခု ထားခဲ့တယ်။ အာဗြဟံအကြောင်းကိုလည်း ကျွန်မ တွေးမိသေးတယ်။ သူ့ရဲ့သား ဣဇာက်ကို ရတဲ့အချိန်မှာ သူက အသက်တစ်ရာရှိပြီ။ သူ့သားကို တအား ချစ်ခဲ့တယ်။ ဘုရားက ဣဇာက်ကို ယဇ်အဖြစ် ပူဇော်ခိုင်းတဲ့အခါ၊ သူက သူ့သားကို ချစ်ခင်တွယ်တာပေမဲ့၊ ဒီချစ်ခင်တွယ်တာမှုနဲ့ မနေထိုင်ခဲ့ဘူး။ သူက ဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာ လိုလိုလားလား ပူဇော်ဆက်ကပ်ခဲ့တယ်။ ဘုရားသခင်ကို သူတို့ရဲ့ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းက အပေးအယူတွေ၊ တောင်းဆိုချက်တွေ မပါဘဲ၊ ခြွင်းချက်မရှိ ပြည့်ဝခဲ့ကြတာပါ။ သူတို့ လုပ်ခဲ့တာတွေက ဘုရားသခင်ရဲ့လမ်းခရီးကို လိုက်လျှောက်ရုံသက်သက်ပဲ၊ ကောင်းချီးတွေအတွက် ဒါမှမဟုတ် တစ်ကိုယ်ရေ အကျိုးအမြတ်အတွက် မဟုတ်ဘူး။ သူတို့ရဲ့သက်သေခံချက်တွေက အမှန်တကယ် ချီးကျူး လေးစားစရာကောင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ အမြဲတမ်း တလွဲ အဓိပ္ပာယ်ကောက်ခဲ့မိတာပါ။ ရောဂါဝေဒနာ ဒါမှမဟုတ် ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ၊ မညည်းညူဘဲ ကိုယ့်တာဝန်တွေကို ထိန်းသိမ်းထားနိုင်သရွေ့၊ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့၊ ဘုရားသခင် ကျေနပ်စေဖို့အတွက် ဒီအပြုအမူကောင်းတွေက လုံလောက်တယ်၊ ဘုရားရဲ့ကောင်းချီးတွေကိုလည်း ရလိမ့်မယ်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ ကျွန်မရဲ့အသုံးခံခြင်းနောက်ကွယ်မှာ ရိုးသားမှု ဒါမှမဟုတ် ဘုရားကို ကျိုးနွံနာခံခြင်းဆိုတာ မရှိခဲ့ဘူး။ ကျွန်မ စွန့်လွှတ်ခဲ့တာတွေက လှည့်စားမှုတွေ၊ အပေးအယူတွေ၊ တောင်းဆိုမှုတွေနဲ့ပဲ တွန်းအားယူခဲ့တာပါ။ စစ်မှန်တဲ့ သက်သေခံချက် လုံးဝ မဟုတ်ခဲ့ဘူး။ ဒီအပြုအမူက ဘုရားသခင်အတွက်လည်း မုန်းတီးစက်ဆုပ်စရာ ကောင်းခဲ့တယ်။ သူ့ရဲ့ကောင်းချီးတွေနဲ့လည်း မထိုက်တန်ခဲ့ဘူး။ ဟိုတုန်းကတော့ ကျွန်မက ယောဘနဲ့ အာဗြဟံရဲ့ သက်သေခံချက်တွေကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘုရားရဲ့လမ်းခရီးကို သူတို့ လိုက်လျှောက်ခဲ့ပုံ၊ ဘုရားကို ကြောက်ရွံ့ရိုသေခဲ့ပုံ၊ မကောင်းမှုကို ရှောင်ခဲ့ပုံ၊ ဘုရားကို ဆက်ပြီး သစ္စာစောင့်သိခဲ့ပုံ၊ ကျိုးနွံနာခံခဲ့ပုံတွေကို အာရုံမစိုက်ခဲ့မိဘူး။ အဲဒီအစား သူတို့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတဲ့နောက် သူတို့ ရရှိတဲ့ ကောင်းချီးတွေကိုပဲ ကျွန်မက အာရုံစိုက်ခဲ့တယ်။ ဒါက ကျွန်မကို ကျွန်မရဲ့အကျိုးအမြတ်ရှာတဲ့ စာတန်ဆန်ဆန် သဘာဝက လှုံ့ဆော်ခဲ့တာတွေကြောင့်ပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကတစ်ဆင့်၊ စစ်မှန်တဲ့ သက်သေခံချက်တစ်ခုဟာ ဘယ်လိုမျိုးလဲဆိုတဲ့ အသိကို ကျွန်မ နည်းနည်း ရခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ သေချာစဉ်းစားကြည့်တယ်၊ ဘုရားသခင်ကို ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မ အမြဲ တွေးခဲ့တာက၊ ကျွန်မက ဘုရားအတွက် အသုံးခံပြီး စွန့်လွှတ်တယ်ဆိုရင်၊ ဘုရားက ကျွန်မကို ကောင်းချီးပေးသင့်တယ်။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ဆိုလိုတဲ့အရာပဲလေ။ ဒါကြောင့် ကျွန်မသားရဲ့ရောဂါက ကောင်းမလာဘဲ၊ ပိုပြီးတော့တောင် ဆိုးသွားတဲ့အခါ၊ ကျွန်မရဲ့စိတ်နှလုံးမှာ မကျေနပ်ချက်တွေနဲ့ အထင်လွဲမှုတွေ ပြည့်သွားတယ်။ ကိုယ့်တာဝန်ကိုတောင် ငြင်းခဲ့မိတယ်။ ဒီအခြေအနေကို ဘယ်လို မှန်မှန်ကန်ကန် ဖြေရှင်းမလဲဆိုတာကို ကျွန်မ ရှာဖွေခဲ့တယ်။ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကို တွေ့လိုက်ရတယ်။ “ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ အယူအဆအရ သင်နားလည်ရမည်။...ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။ ပေတရုသည် အချို့သော အမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဉာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားရဲ့ဖော်ထုတ်မှုကို ဆင်ခြင်သုံးသပ်ကြည့်တော့မှ၊ ကျွန်မမှာ ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကို စစ်မှန်တဲ့ နားလည်သဘောပေါက်မှု မရှိခဲ့ဘူးဆိုတာ နားလည်သွားတယ်။ ကျွန်မတို့က ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုရင်၊ ဘုရားက ကျွန်မတို့ကို ကောင်းချီးပေးသင့်တယ်လို့ ကျွန်မ တွေးခဲ့ဖူးတယ်။ ကျွန်မတို့ရဲ့အခက်အခဲတွေနဲ့ ဝေဒနာတွေအားလုံးကို ဖယ်ရှားပေးပြီး ကျွန်မတို့ကို ကောင်းချီးတွေထဲမှာ နေထိုင်ခွင့်ပေးသင့်တယ်ပေါ့။ ဒါက ကျွန်မအတွက်တော့ မျှတတယ်၊ ကျိုးကြောင်းသင့်တယ်လို့ ထင်ရတယ်လေ။ ဒါက ဘုရားရဲ့ဖြောင့်မတ်ခြင်းပဲလို့ တွေးခဲ့မိတာ။ ဒါပေမဲ့ ဒီနားလည်သဘောပေါက်မှုမျိုးက ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူး။ ဘုရားသခင်က ဖန်ဆင်းရှင်ပါ။ လူသားတွေက ဖန်ဆင်းခံတွေပါ။ ဘုရားသခင်က ကျွန်မတို့ကို ဘယ်လိုပဲ ဆက်ဆံပါစေ သူ့ကိစ္စပါပဲ။ ကျွန်မတို့က ဘုရားသခင်ကို မလျော်ကန်တဲ့ တောင်းဆိုချက်တွေ မပြုလုပ်သင့်ဘူး။ ယောဘက သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ချိန်တုန်းကလိုပေါ့။ ဘုရားက ယောဘကို ကောင်းချီးပေးတာဟာ သူ့ရဲ့ဖြောင့်မတ်ခြင်းပဲ။ ယောဘကို ကောင်းချီးမပေးခဲ့ဘူးဆိုရင်တောင်၊ ဘုရားက ဖြောင့်မတ်နေဦးမှာပဲ။ ဘုရားသခင်ရဲ့စိတ်သဘောထား အနှစ်သာရက ဖြောင့်မတ်ခြင်းပဲ။ ဒါပေမဲ့ ကျွန်မက ဒါကို မြင်ဖို့ ပျက်ကွက်ခဲ့တယ်။ ဖြောင့်မတ်ခြင်းဆိုတာ သာတူညီမျှရေးဝါဒ၊ တရားမျှတမှုနဲ့ ကျိုးကြောင်းသင့်မှုသဘောပဲလို့ ကျွန်မက ယုံကြည်ခဲ့တာ။ ကျွန်မက ဘုရားသခင်အတွက် ပေးဆပ်တယ်ဆိုရင်၊ ကျွန်မကို ကောင်းချီးတွေနဲ့ ဆုလာဘ်ပေးသင့်တယ်လို့ ထင်ခဲ့မိတယ်။ ဒီစိတ်နေစိတ်ထားက အပေးအယူတွေ အပြည့်နဲ့ပါပဲ။ ကျွန်မရဲ့သား မကျန်းမာတဲ့အချိန်မှာ ကျွန်မက ကိုယ့်တာဝန်တွေကို ကြိုးစား ထမ်းဆောင်နေပေမဲ့၊ အဲဒါရဲ့နောက်ကွယ်မှာ ကိုယ်ရေးကိုယ်တာ ကြံရွယ်ချက်တစ်ခု ရှိနေခဲ့တာလေ။ ဘုရားသခင်ဆီက ကျေးဇူးတော်ကို တောင်းဆိုဖို့၊ ကျွန်မသားရဲ့ရောဂါကို ဘုရားသခင်ကို ဖယ်ရှားခိုင်းဖို့ပေါ့။ ဒါက တကယ်တော့ အပေးအယူတစ်ခုပါပဲ။ သက်သေခံချက်တစ်ခု မဟုတ်ဘူး။ ကျွန်မကလေးရဲ့ရောဂါကြောင့်သာ မဟုတ်ခဲ့ရင်၊ ဘုရားနဲ့ အပေးအယူလုပ်တဲ့ ကျွန်မရဲ့ဆိုးညစ်တဲ့ ရည်ရွယ်ချက်တွေက ဖော်ထုတ်ခံခဲ့ရမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ဉာဏ်ပညာ အလုပ်လုပ်နေပုံကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မမှာ အသိတရားနဲ့ အသိစိတ် ကင်းမဲ့တာကိုလည်း သဘောပေါက်သွားတယ်။ ဒါနဲ့ ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချတယ်။ ကျွန်မကလေးရဲ့ရောဂါ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မက ဘုရားရဲ့စီစဉ်ညွှန်ကြားခြင်းတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံမယ်။ ဖန်ဆင်းခံတစ်ယောက်အဖြစ် ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းမယ်ပေါ့။
နောက်တော့ ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်မိပြန်တယ်။ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ရှင်းလင်းတဲ့ အဖြေတစ်ခု ပေးလိုက်တာပါ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တယ်ဆိုတာ ကောင်းကင်ဘုံက လာတဲ့ ဘဝပေးတာဝန်တစ်ခုပဲ။ ကောင်းချီးတွေ၊ ကံဆိုးခြင်းတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။ အဲဒါက ကျွန်မတို့ လုပ်သင့်တဲ့အရာပဲ။ ဟိုတုန်းကဆို ကျွန်မက အယူအဆတွေ၊ စိတ်ကူးတွေနဲ့ နေထိုင်ခဲ့တယ်၊ ကိုယ့်တာဝန်တွေကို ကြိုးစားလုပ်ဆောင်နိုင်ရင်၊ ကျွန်မက ဘုရားရဲ့ကောင်းချီးတွေနဲ့ ထိုက်တန်တယ်၊ ဘုရားကလည်း ကျွန်မရဲ့မိသားစုကို ဘေးကင်းအောင် စောင့်ရှောက်သင့်တယ်လို့ ယုံကြည်နေခဲ့တာပါ။ အခုတော့ ဒါက မှားယွင်းတဲ့ အမြင်တစ်ခုဆိုတာ ကျွန်မ နားလည်သွားပြီ။ ကျွန်မကလေးရဲ့ရောဂါ ကောင်းလာလာ၊ မကောင်းလာလာ ကျွန်မက ဘုရားသခင်ကို အပေးအယူ မလုပ်ခဲ့သင့်ဘူး။ အဲဒီအချိန်ကစပြီး ကျွန်မက ဘုရားရဲ့စီစဉ်ညွှန်ကြားခြင်းတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ကိုယ့်တာဝန်တွေနဲ့ ဝတ္တရားတွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ ဆန္ဒရှိခဲ့ပါတယ်။ သုံးရက်အကြာမှာ ကျွန်မက အထက်ခေါင်းဆောင်ပိုင်းဆီကနေ စာတစ်စောင် ရခဲ့တယ်၊ ကျွန်မ လုပ်ဆောင်ရမယ့် အရေးတကြီးအလုပ် ရှိတယ်လို့ ရေးထားတယ်။ ကျွန်မလည်း ကိုယ့်ကလေးကို ထားခဲ့ရမှာ ဝန်လေးပေမဲ့၊ ချစ်ခင်တွယ်တာမှုတွေအပေါ်မှာပဲ အခြေပြုပြီး မနေထိုင်သင့်ဘူးဆိုတာကို နားလည်သွားမိတယ်။ ကျွန်မမှာ ဖြည့်ဆည်းရမယ့် ကျွန်မရဲ့ကိုယ်ပိုင် အထူးတာဝန် ရှိတယ်၊ ကျွန်မကလေးရဲ့ရောဂါကလည်း ဘုရားသခင်ရဲ့လက်ထဲမှာ ရှိတယ်။ ကျွန်မလည်း ကိုယ့်ကလေးကို ဘုရားဆီ အပ်နှံဖို့၊ သူ့ရဲ့စီစဉ်ညွှန်ကြားခြင်းတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိတယ်။ အဲဒီနောက် ကျွန်မလည်း ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ သွားခဲ့တယ်။
သုံးလကြာပြီးတဲ့နောက်မှာ ကျွန်မရဲ့သားကို ကြည့်ဖို့ အိမ်ကို ပြန်လာတယ်ပေါ့။ ကျွန်မယောက်ျားက ကလေးကို ကျေးလက်ဆရာဝန်တစ်ယောက်ဆီ သွားပြထားမှန်း ကျွန်မ သိလိုက်ရတယ်။ ကလေးရဲ့ခြေထောက်တွေမှာ ရောင်ရမ်းနေတာတွေက လျော့ကျသွားပြီ။ ကလေးက တစ်နေ့တခြား တဖြည်းဖြည်း သက်သာနေတယ်။ အဲဒီနှစ်အကုန်မှာ ဆရာဝန်က ပြောတယ်၊ “ဒီကလေးက ပြန်ကောင်းလာတာတော်တော်မြန်တယ်။ သူ့ရောဂါက ပျောက်သွားပါပြီ” တဲ့။ ဒီရလဒ်ကို ကြားရတဲ့အချိန်မှာ ကျွန်မ တော်တော်ကြီး စိတ်လှုပ်ရှားသွားတာ။ အဲဒါကို စကားလုံးနဲ့တောင် ဖော်မပြနိုင်ပါဘူး။
ဒီအတွေ့အကြုံနောက်ပိုင်းမှာ ကျွန်မလည်း ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားအကြောင်းကို အသိနည်းနည်း ရခဲ့တယ်။ သမ္မာတရားကို ရရှိဖို့ လိုက်စားတာတွေ၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းတာတွေဟာ ဘုရားကို ယုံကြည်ခြင်းရဲ့ အရေးကြီးဆုံးအပိုင်းတွေပဲ ဆိုတာကိုလည်း နားလည်သွားတယ်။ ကျွန်မတို့က ဘုရားကို ရုပ်ပိုင်းဆိုင်ရာ အကျိုးခံစားမှုတွေ၊ မိသားစုငြိမ်းချမ်းမှု၊ ရောဂါဝေဒနာနဲ့ ဘေးဒုက္ခကနေ လွတ်မြောက်မှု၊ ဒါမှမဟုတ် ကောင်းမွန်တဲ့ အဆုံးသတ်တွေနဲ့ ပန်းတိုင်တွေအတွက် မတောင်းလျှောက်သင့်ပါဘူး။ ဒါတွေက မလျော်ကန်တဲ့ တောင်းဆိုချက်တွေပါ။ ကျွန်မတို့ရဲ့ယုံကြည်ခြင်းမှာ အယူအဆတွေနဲ့ စိတ်ကူးတွေကို အားကိုးနေရင်၊ ကျွန်မတို့က သမ္မာတရားစစ်မှန်မှုထဲကို လုံးဝ မဝင်ရောက်နိုင်ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်းအပြင် စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းကို တွေ့ကြုံရခြင်းအားဖြင့်သာ၊ ကျွန်မတို့က သမ္မာတရားကို ရရှိနိုင်ကြတယ်၊ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားနိုင်တယ်၊ ဘုရားမျက်မှောက်တော်ရဲ့အလင်းထဲမှာ နေထိုင်နိုင်ကြပါတယ်။ ကျွန်မက ကျွန်မသားရဲ့ရောဂါကတစ်ဆင့် စစ်ဆေးခြင်းနဲ့ ဒုက္ခနည်းနည်းကို ကြံ့ကြံ့ခံခဲ့ရပေမဲ့၊ အဲဒီကနေ ကျွန်မဆီမှာ အချိန်အကြာကြီး ရှိနေခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ အညစ်အကြေးတွေ၊ ဘုရားကို ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး ကျွန်မ စွဲကိုင်ထားတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို ဖော်ထုတ်ခဲ့တာပါ။ ဒီအတွေ့အကြုံက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် သိအောင်၊ သမ္မာတရားကို ရှာဖွေတတ်အောင် ကူညီခဲ့တယ်။ ဘယ်လို သက်သေခံချက်မျိုးကို ဘုရားက သဘောကျတယ်ဆိုတာလည်း နားလည်စေခဲ့တယ်။ ကျွန်မရဲ့မှားယွင်းတဲ့ အမြင်တွေကို ချက်ချင်း ပြင်အောင် အထောက်အကူပေးခဲ့တယ်။ မှန်ကန်တဲ့ လမ်းကြောင်းကိုလည်း လျှောက်စေခဲ့ပါတယ်။ ဒါက ကျွန်မအပေါ် ဘုရားသခင်ရဲ့ကူညီမှုပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။