ကျောင်းတွင် ကျွန်ုပ်၏ ဧဝံဂေလိ ဝေမျှခြင်း အတွေ့အကြုံ

29.04.2024

ယန်လျန် မြန်မာနိုင်ငံ

ကျွန်တော်က မြန်မာမြောက်ပိုင်း သာမန်မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပြီး စာလေ့လာနေတုန်းမှာပဲ စုဝေးပွဲတွေကို တက်နေခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ ဘွဲ့ရပြီး ဝေးလံတဲ့၊ တောင်ထူထပ်တဲ့ ဒေသတစ်ခုမှာ စာသင်ဖို့ တာဝန်ပေးခံခဲ့ရတယ်။ ကျွန်တော် ကျောင်းဆရာဖြစ်ပေမဲ့ စစ်သားတစ်ယောက်လည်း ဟုတ်တယ်။ လုပ်သမျှမှာ အထက်လူကြီးတွေကို ကျွန်တော် နာခံရတယ်။ မဟုတ်ရင်၊ ရှေ့တန်းရဲ့ အန္တရာယ်အရှိဆုံးနဲ့ အဝေးလံဆုံးနေရာက တောတွေထဲ တာဝန်ချပေးခံရမှာ။ အထက်လူကြီးတွေရဲ့ စကားတွေကို စိတ်ထဲမှတ်ထားပြီး၊ ကြိုးကြိုးစားစား စာသင်ပေးရင်းနဲ့ အချိန်ကုန်ခဲ့တယ်။ ကျွန်တော့်ရဲ့ ကောင်းမွန်တဲ့ အပြုအမူကြောင့်၊ ကျောင်းခေါင်းဆောင်က ကျောင်းသားအသင်းကို ကြီးကြပ်ခိုင်းတယ်။ နေ့တိုင်း အလုပ်များပေမဲ့၊ စိတ်ထဲမှာ ဟာတာတာ ခံစားရတယ်။ ဒေသတွင်းမှာ အင်တာနက်ချိတ်ဆက်မှုလည်း တော်တော်ဆိုးတာ တွေ့ရလို့၊ တခြားလူတွေနဲ့ စုဝေးဖို့ နည်းလမ်းမရှိခဲ့ဘူး။ ကပ်ရောဂါအစမှာပဲ ရောက်ခဲ့ပြီး မြို့နဲ့ လမ်းတွေအကုန် ပိတ်ထားလို့ ပညာသင်နှစ်တစ်ခုလုံးမှာ တခြားလူတွေနဲ့ ဆက်သွယ်လို့ မရခဲ့ဘူး။ တခြားလူတွေနဲ့ အဆက်အသွယ်မရခဲ့ပေမဲ့၊ ကျွန်တော် ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တုန်းပဲ။ တစ်ခါ၊ ကျွန်တော့်ကို တကယ် လှုံ့ဆော်မှု ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ခိုင်မာသောအသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။...ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဋ္ဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) နှုတ်ကပတ်တော်ဖတ်ပြီးတော့ လူကို ကယ်ဖို့ သူ့ရဲ့အရေးစိုက်ဖို့လိုတဲ့အလိုတော်ကို နားလည်သွားတယ်။ ပိုများတဲ့ စစ်မှန်တဲ့ ယုံကြည်သူတွေက သူ့ရဲ့ ကယ်တင်ခြင်း ရရှိနိုင်ဖို့ သူ မျှော်လင့်တယ်။ ဒါက သူ့ရဲ့ အပူတပြင်း အဖြစ်ဆုံး ဆန္ဒပဲ။ ယုံကြည်သူတစ်ယောက်အနေနဲ့ ဘုရားရဲ့ ဧဝံဂေလိဖြန့်ဖို့ ကျွန်တော့်မှာ ဝတ္တရားရှိတယ်။ ဒါက အဖန်ဆင်းခံအနေနဲ့ ကျွန်တော့် တာဝန်ပဲ။ ကျွန်တော် ယုံကြည်ခြင်းရှိခဲ့တာ သုံးနှစ်နီးပါး ရှိပြီ။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး သမ္မာတရားတချို့ကို နားလည်ခဲ့တယ်။ အလုပ်နဲ့ အင်တာနက်မကောင်းလို့ ပုံမှန် မစုဝေးနိုင်ပေမဲ့၊ ဧဝံဂေလိ ဖြန့်လို့ရသေးတယ်လေ။ ဘုရားရဲ့ နောက်ဆုံးသော ကာလထဲက ကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားရှေ့ကို ပိုများတဲ့ လူတွေ ခေါ်သွားလို့ရတယ်။ ကပ်ဘေးတွေက တိုးလာနေသလို၊ ကပ်ရောဂါက လုံးဝ ပြင်းထန်လာပြီ။ ဒါပေမဲ့ လူအတော်များများက ဘုရားရဲ့အသံကို မကြားသေးဘူး၊ သူ့ရဲ့ ကယ်တင်ခြင်းကို မရသေးဘူး။ အဲဒါက ဘုရားကို သောက၊ ပူပန်မှုနဲ့ ပြည့်သွားစေတယ်။ ကျွန်တော် အသိစိတ်မဲ့နေလို့ မဖြစ်ဘူး။ ဧဝံဂေလိ ဝေမျှရမယ်။ ဘုရားကိုယုံကြည်တဲ့ လူ့သဘာဝရှိသူတွေကို သူ့ရှေ့ ခေါ်သွားပြီး၊ သူစိတ်ကျေနပ်အောင် ကျွန်တော့် တာဝန်ကို လုပ်ရမယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ သမ္မာတရား နားလည်မှုနှစ်ခုလုံးက နည်းပါးပြီး၊ ဘယ်လို ဟောရမယ်မသိခဲ့ဘူး။ ဆန္ဒရှိပေမဲ့ မစွမ်းနိုင်ခဲ့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကျွန်‌တော့် ဝိညာဉ်ရင့်ကျက်မှုက နည်းပါးပြီး ဘယ်လိုတရားဟောရမယ် မသိပါဘူး။ ကျေးဇူးပြုပြီး စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိသူတွေကို ကိုယ်တော့် ရှေ့ခေါ်ဖို့ လမ်းပြတော်မူပါ။ ဧဝံဂေလိ ဖြန့်တာ မလွယ်မှန်း သိပေမဲ့ ကိုယ်တော်ရဲ့ လမ်းပြမှုနဲ့၊ သူတို့ကို ကိုယ်တော့် ရှေ့ခေါ်လာနိုင်မှာ သေချာပါတယ်”ပေါ့။

အဲဒီနောက် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်နဲ့ ကျောင်းသားတွေကို ဧဝံဂေလိဝေမျှဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော် အတော်လေး ဇဝေဇဝါဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကျောင်းဆရာနဲ့ စစ်သားတစ်ယောက်ဖြစ်လို့ စာသင်တာနဲ့ မဆက်နွှယ်တဲ့ ဘယ်အရာကိုမှ လုပ်လို့မရဘူး၊ ပြီးတော့ ကျွန်တော် အသိခံလိုက်ရရင်၊ ရှေ့တန်းကို အပို့ခံရမယ်၊ အဲဒီမှာ မကြာခဏ တိုက်ပွဲတွေနဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေ ရှိပြီး၊ ကျွန်တော် အချိန်မရွေး သေသွားနိုင်တယ်လို့ အထက်လူကြီးက ပြောလို့လေ။ ပြီးခဲ့တဲ့ ကျောင်းအုပ်လည်း ခရစ်ယာန်တစ်ယောက်ပဲ၊ သူ့တပည့်တွေကို တရားဟောလို့ တခြားကျောင်းကို အထက်လူကြီးတွေရဲ့ ပြောင်းရွှေ့တာ ခံခဲ့ရတယ်၊ သာမန် ကျောင်းဆရာအဖြစ်ကို ရာထူးချတာ ခံခဲ့ရပြီး၊ စည်းမျဉ်းတွေ ထပ်ချိုးဖောက်ရင်၊ ရှေ့တန်းကို အပို့ခံရမယ်ဆိုတာလည်း ကြားခဲ့ရတယ်။ ဒါတွေအားလုံးကို တွေးမိတော့ ကြောက်သလိုမျိုးဖြစ်သွားတယ်။ ကျွန်တော် တွေးမိတယ်။ “ကျောင်းအုပ်က ဖယ်ရှားခံရပြီးတဲ့ နောက်မှာ စာသင်လို့ရသေးပေမဲ့ ငါက သာမန် ကျောင်းဆရာတစ်ယောက်။ ငါ တရားဟောနေတာ သူတို့ သိသွားရင်၊ နောက်ထပ် ကျောင်းဆရာဖြစ်ခွင့်မရှိတော့ပဲ ရှေ့တန်းကို တန်းအပို့ခံရမှာပဲ။ အလုပ်ပြုတ်တာကို ကိုင်တွယ်လို့ရတယ်။ တကယ့်ပြဿနာက အဲဒီလို အန္တရာယ်များတဲ့ နေရာမှာ အချိန်မရွေး ငါသေသွားနိုင်တာပဲ”လို့ပေါ့။ ဒီအတွေးတွေက ကျောင်းမှာ တရားဟောဖို့ ကျွန်တော့်ကို အရမ်းကြောက်သွားစေခဲ့တယ်။ ဒါပေမဲ့ ဘုရားရဲ့အမှုတော် အဆုံးသတ်လာပုံနဲ့ ကပ်ဘေးတွေ တိုးလာနေပုံတွေကို တွေးမိတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ ကျောင်းသားတွေကို တရားမဟာသလို၊ သူတို့ကို ဘုရားရှေ့မခေါ်ရင်၊ တစ်နေ့မှာ ကပ်ဘေးထဲ ကျဆင်းမှာ၊ အပြစ်ပေးခံရပြီး ကယ်တင်ခံရမဲ့ သူတို့ရဲ့အခွင့်အရေး ဆုံးရှုံးမှာပဲ။ ဘုရားရဲ့ အရေးတကြီးအလိုတော်က နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဖို့နဲ့ ကယ်တင်လို့ရသူတွေကို ကယ်တင်ဖို့ပဲ၊ ဒါပေမဲ့ ကျွန်တော့်ကိုယ်ပိုင် အနာဂတ်နဲ့ ကံကြမ္မာကိုပဲ စိုးရိမ်နေခဲ့ပြီး၊ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ဖြန့်ဖို့ အရမ်းကြောက်ခဲ့တယ်။ ကျွန်တော် တကယ်ကို ဘုရားကို စိတ်ပျက်စေခဲ့တာပဲ။ အရမ်း ဒွိဟဖြစ်ရတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ကို ယုံကြည်ချက်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...အားလုံးကို သင် ခံရပ်ရမည်။ ငါ့အတွက် သင်သည် သင်ပိုင်ဆိုင်သမျှ အရာရာတိုင်းကို စွန့်လွှတ်ဖို့နှင့် ငါ့နောက်လိုက်ရန် သင်လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်ဖို့ အဆင်သင့် ရှိရမည် ဖြစ်ကာ၊ သင်၏ အရာအားလုံးကို အသုံးပြုဖို့ အဆင်သင့် ရှိရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်အားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀))ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏စိတ်နှလုံး၊ အစွမ်းရှိသမျှဖြင့် သင်လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်လျက် သင်၏တာဝန်ကို ထမ်းဆောင်သင့်သည်။ ကျန်သည့်အရာများဖြစ်သော ရှေ့ရေးနှင့် ကံကြမ္မာ၊ လူသားမျိုးနွယ်၏ အနာဂတ်ပန်းတိုင်တို့နှင့်သက်ဆိုင်သည့် အရာတို့သည် သင်ဆုံးဖြတ်နိုင်သည့်အရာများ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင်ရှိသည်။ ဤအရာအားလုံးကို ဖန်ဆင်းရှင်မှ စီစဉ်ချမှတ်ပေးပြီး၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံနှင့်မျှ လုံးဝမသက်ဆိုင်ပေ။...သင်သည် အချက်တစ်ခုကို သိမှတ်ရမည်- မည်သည့်ကတိမျိုးဖြစ်စေ၊ ကောင်းသည့်အရာ၊ သို့မဟုတ် သာမန်အရာဖြစ်စေ၊ ကျေနပ်ဖွယ်ဖြစ်စေ စိတ်မဝင်စားဖွယ်ရာဖြစ်စေ၊ အားလုံးကို ဘုရားသခင်က စီစဉ်ချမှတ်ပြီး အဆုံးအဖြတ်ပေးသည်။ ဖန်ဆင်းရှင်မှ ညွှန်ပြသည့် မှန်ကန်သော ဦးတည်ချက်နှင့် လမ်းကြောင်းနောက်သို့လိုက်ခြင်းနှင့် အားထုတ်လိုက်စားခြင်းကသာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သော တာဝန်ဝတ္တရားဖြစ်သည်။ အဆုံး၌ သင်ရရှိသည့်အရာ၊ သင်လက်ခံရရှိမည်ဟု ဘုရားသခင်ကတိပြုသည့် ဝေစုအတွက်မူ၊ အားလုံးက သင်၏အားထုတ်လိုက်စားမှု၊ သင် လျှောက်လှမ်းသည့် လမ်းကြောင်း၊ ဖန်ဆင်းရှင်မှ ချမှတ်ထားသည့်အရာအပေါ်တွင် အခြေခံသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၉)) မကြောက်ဖို့နဲ့ အရာရာတိုင်းက ဘုရားလက်ထဲမှာရှိမှန်း ဘုရားနှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ပြောပြနေခဲ့တယ်။ ကျောင်းဆရာဆက်လုပ်ရမလား၊ ရှေ့တန်း အပို့ခံရမလားဆိုတာ ဘယ်လူရဲ့ သဘောမှမဟုတ်ဘဲ၊ ဘုရားနဲ့ပဲဆိုင်တယ်။ ကျောင်းအုပ် ဒါမှမဟုတ် ခေါင်းဆောင်တွေရဲ့ သဘောမဟုတ်ဘူး။ ဘုရားကို ကျွန်တော် ယုံကြည်ချက်ရှိရမယ်။ နောက်မှာ ဘုရားရှိမှတော့၊ ဧဝံဂေလိဖြန်ဖို့ ဘယ်လောက် ခက်ခဲပါစေ ကြောက်စရာ ဘာမှမရှိဘူး။ ကျွန်တော် တရားဟောနေတာကို ကျောင်းက သိတာနဲ့ ရှေ့တန်းအပို့ခံရပြီး အရမ်းအန္တရာယ်ရှိသွားမှာကို ကျွန်တော်အမြဲ ကြောက်ခဲ့လို့ ဧဝံဂေလိ မဝေမျှရဲခဲ့တာပဲ။ ဘုရားကို ယုံကြည်ခြင်း လုံးဝ မရှိခဲ့တာ။ ဒီစကားတွေက ကျွန်တော့်ကို အထိဆုံးပဲ။ “သင်၏စိတ်နှလုံး၊ အစွမ်းရှိသမျှဖြင့် သင်လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်လျက် သင်၏တာဝန်ကို ထမ်းဆောင်သင့်သည်။ ကျန်သည့်အရာများဖြစ်သော ရှေ့ရေးနှင့် ကံကြမ္မာ၊ လူသားမျိုးနွယ်၏ အနာဂတ်ပန်းတိုင်တို့နှင့်သက်ဆိုင်သည့် အရာတို့သည် သင်ဆုံးဖြတ်နိုင်သည့်အရာများ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင်ရှိသည်။ ဤအရာအားလုံးကို ဖန်ဆင်းရှင်မှ စီစဉ်ချမှတ်ပေးပြီး၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံနှင့်မျှ လုံးဝမသက်ဆိုင်ပေ။” ကျွန်တော် အများကြီးပို လှုံ့ဆော်ခံခဲ့ရတယ်။ အဖန်ဆင်းခံအနေနဲ့၊ စိတ်နှလုံးအကြွင်းမဲ့ ကိုယ့်တာဝန်ကို လုပ်ပြီး ဖြည့်ဆည်းသင့်တယ်။ ကိုယ့်အလုပ်နဲ့ပတ်သက်လို့ ဘာပဲဖြစ်ပါစေ၊ ရှေ့တန်းကို အပို့ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ သေသွားနိုင်တဲ့ အန္တရာယ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဒီအရာအားလုံးကို ဖန်ဆင်းရှင်က ချမှတ်ပြီး စီစဉ်ခဲ့တာပါ။ တရားဟောနေတာ သိရင်၊ ခေါင်းဆောင်တွေက ရှေ့တန်းပို့မှာကို ကျွန်တော် အမြဲ စိုးရိမ်ခဲ့တာက ကျွန်တော့် ကံကြမ္မာကို ခေါင်းဆောင်တွေ ဆုံးဖြတ်နိုင်သလိုမျိုးနဲ့ ဘုရားရဲ့ အနန္တအချုပ်အခြာအာဏာကို နားမလည်ခဲ့လို့ပဲ။ အရမ်းမိုက်မဲခဲ့တာ။ အခု ကပ်ဘေးနဲ့ ကပ်ရောဂါနှစ်ခုလုံးက ပိုဆိုးလာနေသလို၊ တကယ် ဖြုန်းရမဲ့အချိန် မရှိဘူး။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံရလောက်အောင် ကျွန်တော် ကံကောင်းခဲ့ပေမဲ့ အနားမှာ ရှိသူတွေကို မဟောခဲ့ဘူး။ လူတွေကို အကြွေးတင်ပြီး ဘုရားကို ပုန်ကန်ခဲ့တာ။ ပြီးတော့ ကျွန်တော့် အသိစိတ်လည်း မအေးချမ်းဘူး။ ဒီအရာတွေကို သဘောပေါက်တော့၊ ယုံကြည်ခြင်း ရခဲ့တယ်။ ကိုယ့်ရဲ့ ပူပန်မှုတွေကို ဘေးဖယ်ပြီး ကိုယ့်တာဝန်ဖြစ်တဲ့ တရားဟောပြီး ဘုရားကိုသက်သေခံတာကို လုပ်ဖို့ လိုလားလာတယ်။

နောက်ပိုင်းမှာတွေးမိတယ်။ “ရှေ့တန်းအပို့ခံရတာက ငါ့တာဝန်ကို မလုပ်ရဲတဲ့အထိ ဘာလို့ ငါ့ကို ကြောက်လန့်စေတာလဲ။ ဘာက ငါ့ကို အတိအကျ ဘောင်ခတ်နေတာလဲ”ပေါ့။ နောက်ပိုင်းမှာ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ တွေ့တယ်။ “ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ အလိုကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က နှစ်သက်လက်ခံဖို့မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီး သဘောပေါက်သွားတယ်။ တရားဟောဖို့ ကျွန်တော် အရမ်းကြောက်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ့်ကံကြမ္မာအပေါ် ပူပန်မှုကြောင့်ပါပဲ။ ခေါင်းဆောင်တွေက ကျွန်တော် တရားဟောတာကို သိသွားတာနဲ့ ရှေ့တန်းပို့မှာကို ကြောက်ခဲ့ပြီး၊ အဲဒီလိုဖြစ်ခဲ့ရင်၊ ကျွန်တော် စုဝေးနိုင်မှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်နိုင်မှာ မဟုတ်ရုံမက၊ တောကို သေနတ်နဲ့ ကင်းလှည့်ရင်းလည်း အချိန်ကုန်ရမှာလေ။ အဲဒါက တိုက်ပွဲနဲ့ အကြမ်းဖက်မှုတွေ ဖိစီးတဲ့ ဒေသတစ်ခုဖြစ်ပြီး၊ အဲဒီမှာသာ ကျွန်တော် ချွတ်ချော်သွားရင်၊ သေဖို့များသလို၊ ကယ်တင်ခံရမဲ့ ကိုယ့်ရဲ့အခွင့်အရေး ထာဝရ ဆုံးရှုံးသွားမှာလေ။ ဘုရားကို ကျွန်တော် ယုံကြည်ခဲ့တာက ကောင်းချီးတွေရဖို့ဖြစ်တယ်၊ သမ္မာတရား လိုက်စားဖို့၊ အဖန်ဆင်းခံရဲ့ တာဝန်ကို လုပ်ဖို့ မဟုတ်ခဲ့မှန်း တွေ့ရတယ်။ ကျွန်တော့် ယုံကြည်ချက်နဲ့ တာဝန်က ကိုယ်ကျိုးစီးပွားတွေအတွက် ဖြစ်ခဲ့တယ်။ ကျွန်တော့် ကောင်းချီးတွေ ပေးမဲ့အရာတွေကို လုပ်ချင်ခဲ့ပြီး မပေးမဲ့အရာတွေကို မလုပ်ချင်ခဲ့ဘူး။ သူဌေးနဲ့ အလုပ်သမားကြားက ဆက်ဆံရေးလိုပဲ၊ အကျိုးမျှော်ပြီး အပေးအယူဆန်တယ်။ ဘုရားအတွက် ချစ်ခြင်းမေတ္တာ၊ ပူပန်မှု မရှိဘူး။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်။ ကျွန်တော် ဘုရားကို ယုံကြည်ခဲ့ပေမဲ့ ဆင်းရဲဒုက္ခ တစ်စက်မှ၊ အခက်အခဲနည်းနည်းမှ သည်းမခံခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို သက်သောင့်သက်သာဖတ်ပြီး၊ သူ့ကို သီချင်း၊ အကနဲ့ ချီးမွမ်းတာက တော်တော် လုံလောက်ပြီလို့ တွက်ဆခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဒီယုံကြည်ခြင်းက ဘုရားနှုတ်ကပတ်တော်ကို ဘယ်တော့မှ တကယ် တွေ့ကြုံ၊ နားလည်စေမှာ မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သတိပြု၊ ကယ်တင်ခြင်းကို ရရှိစေမှာ မဟုတ်ဘူး။ ယုံကြည်ခြင်းမှာ၊ သူ့အလိုတော်ကို အလေးဂရုပြုဖို့၊ သူ့ကို ချစ်ပြီး သူ့အတွက် သက်သေခံဖို့ ဘုရားတောင်းဆိုတယ်။ ဘာပဲရင်ဆိုင်ရပါစေ၊ သမ္မာတရားကို အမြဲရှာရမယ်၊ ဘုရားကို ကျိုးနွံနာခံရမယ်၊ ဘုရားကိုကြောက်ပြီး မကောင်းမှုရှောင်ရမယ်၊ အဲဒီအခါမှပဲ ကယ်တင်ခြင်းကို ကျွန်တော်တို့ ရနိုင်တယ်။ ကျွန်တော် ကောင်းချီးလိုက်စားတာက ဘုရားအလိုတော်နဲ့ မညီသလို၊ သူ့သတ်မှတ်ချက်တွေနဲ့ ဝေးတယ်။ ယုံကြည်သူအနေနဲ့၊ ဘုရားကို ချစ်ပြီး နာခံဖို့ ကျွန်တော် ကြိုးစားသင့်တယ်၊ သူ့ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို သက်သေခံဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်သင့်တယ်။ ဒါကသာ အကျိုးရှိပြီး အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ကျွန်တော့် အနာဂတ်ကို ဆက်တွေးတော့မှာ မဟုတ်ဘူးလို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ ကျွန်တော် ဘုရားရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းအမှုတော်ကို ဖြန့်ပြီး သက်သေခံရမယ်။

ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေကို ဟောတာနဲ့ စတယ်။ ဒါပေမဲ့ သူတို့က ဘုရားကိုယုံကြည်တာ တကယ် အတိုက်အခံလုပ်ကြတာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော့် ကျောင်းသားတွေကို သွားတရားဟောခဲ့တယ်။ နေ့တိုင်း အတန်ပြီးသွားတဲ့အခါ သူတို့ကို ဘုရားနှုတ်ကပတ်တော် ဖတ်ပြတယ်။ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”၊ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” ဆိုတာတွေပေါ့။ ပြီးတော့ ဘုရားရဲ့ အမှုတော် အဆင့်သုံးဆင့်လို အကြောင်းအရာတွေကို ကျွန်တော် ပြောတယ်။ သူတို့က တကယ်ကို နားထောင်ဖို့ ထက်သန်ကြတယ်။ ဘုရားရဲ့ လမ်းပြမှုကြောင့်၊ တစ်လအတွင်း၊ ကျောင်းမှာ လူ ၅၀ ကျော် ပြောင်းလဲခဲ့တယ်။ ဒီအချိန်မှာ ကျွန်တော့် ယုံကြည်ချက် ပိုအားကောင်းလာတယ်။ ဒီကျောင်းသားတွေက စုဝေးဖို့ စိတ်ထက်သန်ပြီး ကောင်းကောင်း နားလည်ကြတာ တွေ့ရတယ်။ ဒါကြောင့် ပိုတောင် ကြီးမားတဲ့ ခံယူချက်နဲ့ တရားဟောပြီး ဘုရားအတွက် သက်သေခံခဲ့တယ်။ ကျွန်တော် သိပ်သောကမရောက်တော့ဘူး၊ မကြောက်တော့ဘူး။ ဘာလို့လဲဆိုတော့ ဘုရားက ကျွန်တော်နဲ့အတူ ရှိပြီး၊ သူဒီလိုပြောတဲ့အခါ ဘာကို ဆိုလိုမှန်း တကယ် နားလည်ခဲ့လို့ပဲ။ “အရာရာသည် ဘုရားသခင်၏ လက်၌ရှိပြီး လူသားများသည် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရုံမျှ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ကို သင် ယုံကြည်ခြင်း ရှိရမည်။ သင်၏ စိတ်နှလုံး စစ်မှန်ရိုးသားပါက၊ ဘုရားသခင်သည် မြင်လိမ့်မည်ဖြစ်ပြီး အခက်အခဲများကို မခက်ခဲစေတော့ဘဲလျက်၊ သင့်အတွက် လမ်းကြောင်းများအားလုံး ဖွင့်ပေးလိမ့်မည်။ ဤသည်မှာ သင် ရှိရမည့် ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ အစွမ်းအစအားလုံးကို သင် အသုံးပြုပြီး အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်သရွေ့ သင်တို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်တို့သည် မည်သည့်အရာနှင့် ပတ်သက်၍မျှ စိုးရိမ်ဖို့ မလိုအပ်ပေ။ ဘုရားသခင်သည် အမှုအရာများကို သင့်အတွက် ခက်ခဲစေလိမ့်မည် မဟုတ် သို့မဟုတ် သင် မတတ်စွမ်းနိုင်သည့်အရာကို သင့်အား အတင်းအကျပ် လုပ်ဆောင်စေလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) သူနဲ့ စိတ်ရင်းအတိုင်း ပူးပေါင်းလုပ်သရွေ့၊ သူက ကျွန်တော်တို့အတွက် လမ်းဖွင့်ပေးမယ်လို့ ဘုရားက ပြောနေတာ။ ကျွန်တော် သိပ်အများကြီး စိုးရိမ်ဖို့ မလိုဘူး။ အကောင်းဆုံး လုပ်ရုံပဲ၊ အစွမ်းရှိသမျှ ပေးဆပ်ပြီး၊ အလုပ်လုပ်ရင်းနဲ့ ဘုရားကို မှီခိုရုံပဲလေ။ ဘုရားတောင်းဆိုတာ အားလုံးက ကျွန်တော် လက်လှမ်းမီတဲ့ အတွင်းမှာရှိပြီး၊ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုကို လွန်မသွားဘူး။

ကျောင်းသားတွေက ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ပိုပိုလက်ခံလာတာနဲ့အမျှ၊ စာတန်ရဲ့ အင်အားစုတွေက စနှောင့်ယှက်လာကြတယ်။ ကျောင်းမှာရှိတဲ့ ကျောင်းသားတွေက ဗုဒ္ဓဘာသာကို ယုံကြည်ကြတဲ့ လူနည်းစု တိုင်းရင်းသားတွေလေ၊ ဒီတော့ သူတို့ အမြဲ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ကြတာ။ ကျောင်းသား အနည်းငယ်က ပြောတယ်၊ သူတို့မိဘတွေက ယုံကြည်တာကို ပိတ်ပင်ကြတယ်တဲ့။ ကျောင်းသူတစ်ယောက်ကဆိုရင်၊ မိဘတွေက ဘုရားကို သူထပ်ယုံကြည်တာ တွေ့ရင်၊ သူ့ကို မောင်းထုတ်ပြီး သူတို့သမီးအနေနဲ့ စွန့်လွှတ်မယ်လို့တောင် သတိပေးတယ်တဲ့။ ကျောင်းသား တော်တော်များများက ဘာလုပ်ရမှန်း မသိကြဘူး။ အဲဒီအချိန်မှာ၊ သူတို့ မိသားစုရဲ့ ဖိနှိပ်မှုကြောင့် သူတို့တွေ စိတ်ဓာတ်ကျပြီး အားနည်းလာမှာ၊ ရှေ့တောင်မဆက်နိုင်ဘဲ ယုံကြည်ခြင်း စွန့်သွားကြမှာကို ကျွန်တော် စိုးရိမ်မိခဲ့တယ်။ ကျွန်တော် အရမ်းသောကရောက်ပြီး ဘာလုပ်ရမှန်း မသိခဲ့ဘူး။ ဘုရားရဲ့အမှုတော် မကြာခင် အဆုံးသတ်တော့မှာလေ။ သူတို့တွေ ယုံကြည်ခြင်း စွန့်ရင်၊ ဘုရားရဲ့ ကယ်တင်ခြင်း ဆုံးရှုံးသွားမှာ။ ဒါကို ဘုရားရှေ့မှာ ကျွန်တော် ဘယ်လို ပြောပြရမလဲ။ ကျွန်တော်ကို လမ်းပြဖို့ ဘုရားဆီ ဆုတောင်း၊ တောင်းလျှောက်ရင်းနဲ့ အချိန်ကုန်ခဲ့တယ်။ နောက်ပိုင်းမှာ ဒါကို ဘုရားနှုတ်ကပတ်တော်ထဲ ဖတ်ရတယ်။ “ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး လက်ခံသည့်အခါ၊ စာတန်ကလည်း ထိုလူကို လှည့်စားပြီး ထိခိုက်စေဖို့ ကြိုးစားရင်း၊ အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။...ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားနှုတ်ကပတ်တော်ကို သေချာစဉ်းစားပြီး နားလည်သွားတယ်။ လူကိုကယ်တင်ဖို့ ဘုရား အမှုပြုနေတုန်းမှာ၊ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်စေရင်း၊ ဘုရားအမှုတော်မှာ နှောင့်ယှက်၊ ဖျက်ဆီးရင်းနဲ့ နောက်ယောင်ခံလိုက်နေတယ်။ ဒါကို စာတန်ရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရနဲ့ သတ်မှတ်ထားတာ။ လူတွေကို ကယ်တင်ဖို့ ကျွန်တော်တို့က တရားဟောပြီး ဘုရားအတွက် သက်သေခံကြပေမဲ့၊ စာတန်က ဒါကို သည်းမခံနိုင်ဘူး။ စာတန်က ဘုရားဆီကနေ ကျွန်တော်တို့ကို လွင့်ပါးသွားစေပြီး သူ့ကို သစ္စာဖောက်စေရင်းနဲ့ ဘုရားရဲ့ အမှုတော်ကို ဖြိုချဖို့ ရည်ရွယ်ချက်နဲ့ ဟန့်တား၊ နှောင့်ယှက်ဖို့ ဆက်ကြိုးစားနေတယ်။ အဲဒါဆိုရင် ဘုရားရဲ့ ကယ်တင်ခြင်းကို ကျွန်တော်တို့ ဆုံးရှုံးပြီး၊ ငရဲကို စာတန်နဲ့ အဖော်ပြုသွားရမှာလေ။ စာတန်ရဲ့ လှည့်ကွက်တွေကို ရိပ်မိပြီး သူ့ရဲ့ ထောင်ချောက်တွေကို ရှောင်ရမယ်။ ဒီအရာကို သဘောပေါက်တော့၊ ညီအစ်ကို မောင်နှမတွေကို သမ္မာတရား နားလည်စေပြီး၊ စာတန်ရဲ့ လှည့်ကွက်တွေ ရိပ်မိအောင်လုပ်ဖို့ သူတို့နဲ့ ကျွန်တော် ဘုရားနှုတ်ကပတ်တော် ဖတ်ခဲ့တယ်။ သူတို့နဲ့ မိတ်သဟာပြုခဲ့တယ်။ “ဘုရားကို ယုံကြည်တာနဲ့ အတားအဆီး အများကြီး ဘာလို့ ကြုံရလဲ သိကြလား။ ဘာလို့လဲဆိုတော့ စာတန်ရဲ့ ပိုင်နက်အောက်မှာ ကျွန်တော်တို့ အမြဲ အသက်ရှင်ခဲ့ပေမဲ့၊ အခု ဘုရားကို ယုံကြည်၊ သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံပြီး သူ့နှုတ်ကပတ်တော်ကို နားထောင်ကြလို့ပဲ။ စာတန်ကို မကိုးကွယ်တော့လို့ပဲ။ ကျွန်တော်တို့က ဘုရားရဲ့ ကယ်တင်ခြင်း ခံရမှာကို စာတန်က မလိုချင်ဘူး။ ဒါကြောင့် နှောင့်ယှက်ဖို့ ကျွန်တော်တို့ အနီးအနားရှိသူတွေကို သူ သုံးတာ။ စစ်မှန်တဲ့ ဘုရားကို ကျွန်တော်တို့ ယုံကြည်နေတာကို တားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ သူ့ရဲ့ ပိုင်နက်ထဲ ပြန်ခေါ်ဖို့၊ ကျွန်တော်တို့ကို ဖောက်ပြန်ပျက်စီးစေဖို့၊ ထိခိုက်စေဖို့နဲ့ ဘုရားကယ်တင်တာခံရဖို့ ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးသွားအောင်ပေါ့။ ဒီတော့ စာတန်ရဲ့လှည့်ကွက်တွေကို ခံလို့ မဖြစ်ဘူး”လို့ပေါ့။ နောက်ပိုင်းမှာ “စစ်မှန်သည့် ဘုရားနှင့် အတုအယောင် ဘုရားများကြား ခြားနားချက်”၊ “ဗုဒ္ဓဘာသာ အဘယ်က ဖြစ်လာသည်”ဆိုတာနဲ့ “စစ်မှန်သော ဘုရားတစ်ဆူတည်းသာ ရှိသည်”ဆိုတာတွေနဲ့ဆိုင်တဲ့ သမ္မာတရားတွေကို သူတို့နဲ့ မိတ်သဟာယပြုခဲ့တယ်။ ကျွန်တော့် မိတ်သဟာယပြီးသွားတော့၊ ညီအစ်ကိုတစ်ယောက်က ပြောတယ်။ “ဘုရားကို ယုံကြည်ပြီး သူ့အမှုတော်ကို လက်ခံလိုက်တာနဲ့ ကျွန်တော်တို့က စာတန်ကို မကိုးကွယ်တော့လို့ ကျွန်တော်တို့ ဟန့်တား၊ နှောင့်ယှက်ခံရသလို စာတန်က ကျွန်တော်တို့ ဘုရားကို ယုံကြည်တာ၊ မှန်တဲ့လမ်းကြောင်း လျှောက်ရာကနေ တတ်နိုင်သမျှ တားဆီးဖို့ လုပ်နေတယ်ဆိုတာကို ကျွန်တော် အခု နားလည်သွားပြီ။ ကျွန်တော်တို့ ချင့်ချိနိုင်စွမ်း ရှိဖို့လိုပြီး စာတန်ရဲ့ လှည့်ကွက်တွေကို ခံလို့မဖြစ်ဘူး”တဲ့။ ညီအစ်မတစ်ယောက်က ပြောတယ်။ “စစ်မှန်တဲ့ ဘုရားက ဘာလဲဆိုတာနဲ့ အယောင်ဆောင်တဲ့ ဘုရားတွေက ဘာလဲဆိုတာ ကျွန်မ အခု နားလည်ပြီ။ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားကပဲ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းအပြင်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းနိုင်စွမ်းရှိတယ်။ အရာရာကို သူ ဖန်ဆင်းခဲ့ရုံမက၊ အုပ်စိုးတယ်။ ကျွန်မတို့ရဲ့ နေ့စဉ် အစာကိုလည်း အလျှံပယ် သူ ပေးတယ်။ အယောင်ဆောင်ဘုရားက ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းမပြောနဲ့၊ ပိုးကောင် တစ်ကောင်ကိုတောင်မှ မဖန်ဆင်းနိုင်ဘူး။ ဒါကြောင့် သူတို့ကို မယုံကြည်သင့်ဘူး”တဲ့။ ညီအစ်ကို မောင်နှမတွေ ဒီလိုပြောတာကို ကြားရတာ ကျွန်တော် တကယ် တို့ထိခံခဲ့ရတယ်။ စာတန်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ဝိညာဉ်ရေးရာ တိုက်ပွဲမှာ၊ ဘုရားနှုတ်ကပတ်တော်ကနေ သမ္မာတရားကို သူတို့ နားလည်ပြီး စာတန်ရဲ့ လှည့်ကွက်တွေကို ရိပ်မိကြပြီ။ သူတို့တစ်ယောက်မှ အမှားမလုပ်ခဲ့ကြဘူး။ အဲဒီအစား ဘုရားနောက်လိုက်ဖို့ ပိုလို့တောင် စိတ်ပိုင်းဖြတ်ခဲ့ကြတယ်။ ဒါတွေအားလုံးက ဘုရားနှုတ်ကပတ်တော်ကြောင့် ရခဲ့တာပါ။ ကျွန်တော့် ယုံကြည်ခြင်းလည်း အများကြီး ပိုအားကောင်းသွားတယ်။

တစ်ခါ ကျောင်းအုပ်က ကျွန်တော့်ကိုပယ်ပယ်နယ်နယ် ဝေဖန်အပြစ်တင်တာ။ သူက ပြောတယ်။ “ယောန ငါ ပြောတာ နားထောင်။ မင်းကို ဒီမှာ ငါခေါ်တာ ဒါသုံးကြိမ်ရှိပြီ။ မင်း သိပြီးသားကိစ္စကို ငါ့ကို ပြောရအောင် မလုပ်နဲ့။ မင်းက တော်တော် ကျော်ကြားတဲ့သူ ဖြစ်လာနေပြီ။ တခြားရွာကလူတွေအားလုံးတောင် ကျောင်းမှာ မင်းတရားဟောနေတာကို သိတယ်။ ငါတို့က ကျောင်းသားတွေဆီ အသိပညာ ပေးတဲ့ ကျောင်းဆရာတွေ ဖြစ်ရမှာ။ ဒီတော့ ဘာလို့ မင်းက ဘုရားအပေါ် ယုံကြည်ခြင်းကို ပေးနေတာလဲ။ ဒီကရွာသားတွေအားလုံးက ဗုဒ္ဓဘာသာတွေ။ သူတို့ရဲ့ဓလေ့ကို ငါတို့ ပိုလိုက်နာပြီး သူတို့ကိုယ်ပိုင် ယုံကြည်ခြင်းကို သင်ပေးရမယ်။ ဒီလိုမင်း တရားဟောတာက ငါတို့ကျောင်းကို သက်ရောက်မှု ကြီးမားတယ်။ ငါတို့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးဖို့ မင်းကြိုးစားနေတာလား။ ကျောင်းသားတွေနဲ့ သူတို့ မိသားစုတွေရဲ့ အထင်အမြင်သေးတာကို မင်းခံချင်တာလား။ မင်းလုပ်နေတာက ပညာရှင်မပီသသလို၊ ကျင့်ဝတ်နဲ့ မညီဘူး။ ကျောင်းဆရာ မဖြစ်ထိုက်ဘူး။ မင်းအသိတရားမရရင် ပညာသင်နှစ်ကုန်တဲ့အခါ ပြောင်းရမယ်” တဲ့။ ကျွန်တော် အရမ်း မကျေမချမ်းဖြစ်ပြီး၊ ဒီစကားတွေက နတ်ဆိုး စာတန်ဆီက လာမှန်း သိခဲ့တယ်။ သူက လူတွေကို နတ်ဆိုးနောက်ကိုပဲ လိုက်စေချင်ပြီး၊ ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ဘုရားရှေ့ကို လာခွင့်မပေးချင်ခဲ့ဘူး။ ဘုရားကို ယုံကြည်ခြင်းက အဖြောင့်မတ်ဆုံး အရာဖြစ်ပေမဲ့၊ သူ့အမြင်မှာ ဆိုးယုတ်တယ်။ ဒီနတ်ဆိုးတွေက အမှန်တရားတွေကို တလွဲတင်ပြပြီး အမှန်နဲ့အမှား မခွဲနိုင်တာကို မြင်ရတယ်။ အဆောင်ပြန်ရောက်တော့၊ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိတယ်။ နောက်ထပ် ဘာဖြစ်မလဲ မသိသလို၊ မသိစိတ်ရဲ့စေ့ဆော်မှုအရ ကိုယ့်အနာဂတ်အကြောင်း တွေးမိပြန်တယ်။ ကျွန်တော် တကယ် ပြောင်းရွှေ့ခံခဲ့ရရင် ဘာဖြစ်မလဲ။ ရှေ့တန်းကို အပို့ခံရမှာလား။ ရှေ့တန်းက ဆိုးရွားတဲ့ အခြေအနေကို ကျွန်တော် ဘယ်လိုရင်ဆိုင်သင့်လဲ။ ဘုရားကို ဘယ်လို ယုံကြည်လို့ရမလဲ။ ကယ်တင်ခံရဦးမှာလား။ ဒီအတွေးတွေနဲ့ ကျွန်မ မျက်လုံးက မျက်ရည်တွေ ပြည့်သွားတယ်။ တစ်ညလုံး မအိပ်ချင်ခဲ့ဘူး။ ဘုရားဆီ အကြိမ်ကြိမ် ဆုတောင်းရင်းနဲ့ စားပွဲမှာပဲ တစ်ညလုံး ထိုင်နေမိတယ်။ “ဘုရားသခင်၊ ဒီအခြေအနေမှာ ဘာလို့ ကျွန်တော် မကြောက်ဘဲ မနေနိုင်တာလဲ။” ဘုရားနှုတ်ကပတ်တော်မှာ ဖော်ပြထားတဲ့ လူတွေကို စာတန် ဖောက်ပြန်ပျက်စီးစေတဲ့ နည်းတွေကို တွေးမိတယ်။ ဘုရားသခင်က ပြောသည်- “ပထမသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်သည် သင်၏နှလုံးသားကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်လိမ့်မည်ဖြစ်သည်။ ‘အကျပ်ကိုင်ခြင်း’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်မနာခံပါက ခံစားရမည့် အကျိုးဆက်များကို သင့်အား တွေးတောစေလျက် သင့်အား သူ့ကိုနာခံစေဖို့ ခြိမ်းခြောက်မှု နှင့် အတင်းအဓမ္မ နည်းလမ်းများအား အသုံးပြုခြင်းကို ဆိုလိုသည်။ သင်သည် ကြောက်ရွံ့ပြီး မဖီဆန်ရဲသောကြောင့် ထိုအခါ သင်သည် သူ့ကို ကျိုးနွံနာခံလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ကို သေချာတွေးကြည့်ရင်း၊ စာတန်ရဲ့ အကျည်းတန်တဲ့ မျက်နှာကို ပိုလို့ နားလည်သွားတယ်။ ကျွန်တော် သေနိုင်တဲ့ အန္တရာယ် အမြဲရှိနေမဲ့ ရှေ့တန်းကို အပို့ခံရမှာ ကျွန်တော် ကြောက်မှန်း စာတန်သိတယ်။ သေမှာကြောက်တဲ့စိတ်က ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ အပြစ်အနာအဆာနဲ့ အကြီးမားဆုံး အားနည်းချက်ပဲ။ စာတန်က ကျွန်တော့်ကို နှောင့်ယှက်ဖို့ ကျောင်းအုပ်ကို သုံးပြီး ခြိမ်းခြောက်ဖို့ ပြောင်းရွှေ့ခံရမဲ့ အလားအလာကို သုံးနေခဲ့တာပဲ။ ကိုယ့်တာဝန်ကို စွန့်ပြီး ဘုရားကို သက်သေမခံတော့ခြင်းအားဖြင့် စာတန်ကို အလျှော့ပေးပြီး အပေးအယူလုပ်စေဖို့ပေါ့။ ကျောင်းအုပ်က ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်တဲ့အရာကို လုပ်နေပုံ ရနိုင်ပေမဲ့၊ တကယ်တော့ သူ့နာမည်ဂုဏ်သတင်းကို အဖတ်ဆယ်ရအောင်လို့ ကျွန်တော် တရားဟောတာကို တားဖို့ အကျပ်ကိုင်နေခဲ့တာပဲ။ သူက ဘုရားရဲ့ ကယ်တင်ခြင်း ဧဝံဂေလိတရားကို ဟောခွင့်မပေးပေမဲ့၊ စာတန်ရဲ့ နည်းလမ်းကို ဟောပြီး စာတန်နဲ့ အပေးအယူလုပ်စေချင်ခဲ့တာပဲ။ ကျောင်းအုပ်ရဲ့ အစစ်အမှန် ဆိုးယုတ်တဲ့ သဘောသဘာဝကို မြင်ခဲ့တယ်။ ကျွန်တော် ချင့်ချိန်နိုင်စွမ်းတချို့ ရခဲ့ပြီး အဲဒါတွေက စာတန်ရဲ့ လှည့်ကွက်တွေဖြစ်မှန်း သိခဲ့တယ်။ တရားဟောနေချိန်မှာ ကျွန်တော် ဘာလို့ အရမ်းစိတ်ကျဉ်းကျပ်ခဲ့လဲ သိခဲ့တယ်။ ဘာလို့လဲဆိုတော့ သေမှာကို အရမ်းကြောက်ခဲ့လို့ပဲ။ နယ်စပ်ကို ကာကွယ်ဖို့ ရှေ့တန်းကို အပို့ခံလိုက်ရတာနဲ့ အချိန်မရွေး အသတ်ခံရနိုင်တာကို ကြောက်ခဲ့တာ။ ပြီးတော့ သေပြီးတဲ့နောက်မှာ၊ ဘုရားကို ယုံကြည်ဖို့၊ ကယ်တင်ခံရဖို့ နည်းလမ်း ရှိမှာ မဟုတ်တော့တာကို ပိုလို့တောင် ကြောက်ခဲ့တယ်။ ဒါကြောင့် နောက်တွန့်ပြီး စိတ်ဓာတ်ကျလာခဲ့တာပဲ။

ဒါဖြစ်ပြီးတဲ့နောက်မှာ၊ ဒီသေမှာကြောက်တဲ့စိတ်ကို အောင်မြင်ကျော်လွှားရအောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဒီစိတ်အခြေအနေကို ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ ကျွန်တော် ယူသွားတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့တယ်။ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များ ကြားတွင်၊ မသေမချင်း ကျောက်တုံးဖြင့် ထုသတ် ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများရှိကြသည်- သေခြင်းတရား မျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းအရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ကမ္ဘာသူ ကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ကြရသောကြောင့်၊ စီရင်ခြင်းခံခဲ့ရသည်၊ ရိုက်နှက်ခြင်းခံခဲ့ရသည်၊ ဆူပူခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရသည်— ယင်းမှာ ၎င်းတို့ ညှဉ်းဆဲသတ်ဖြတ်ခံရသည့် ပုံစံဖြစ်သည်။...၎င်းတို့၏သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်- ၎င်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်ဖြစ်ကြောင်းနှင့် သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အားကြေညာဖို့ နောက်ဆုံး အခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူဆောင်ကြဉ်းပေးလာသည့် ရွေးနုတ်ခြင်း အမှုတော်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်- ဤအမှန်တရားသည် ထာဝရ မပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အန္တိမ အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အန္တိမ အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ့်အတွက် အတွင်းကျသည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့်လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးအတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက်အနေဖြင့်လည်းကောင်း၊ သက်သေခံချက်အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှု- အသက်- ကို ပူဇော်ဆက်ကပ် နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအမှန်တရား တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့၏ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်- ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ ၎င်းက သူတို့၏အသက်တာများကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မပယ်ဖျက်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် ဧဝံဂေလိတရား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုဖို့အား ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို သမစိတ္တဖြစ်သောဝတ္တရားတစ်ခု အနေဖြင့် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း၊ ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက၊ ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက၊ သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ၊ ၎င်းတို့သည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် ၎င်း၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်- ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် သဘောထားတို့ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းတွင် နားလည်သင့်သည့် နောက်ဆုံးသမ္မာတရားဖြစ်သည်— လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို ဆောင်ရွက်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ တစ်စုံတစ်ဦးသည် မိမိ၏အသက်တာကို အဖိုးအခ ပေးဆပ်ရမည်။ သင်၌ ဤပြင်းပြသောဆန္ဒရှိပါက၊ သင်သည် ဤနည်းလမ်းဖြင့် သက်သေခံနိုင်ပါက၊ ယင်းမှာ အံ့ဩချီးကျူးလောက်စရာဖြစ်သည်။ ဤပြင်းပြသော ဆန္ဒမျိုး သင်မပိုင်ဆိုင်သေးပါက၊ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ရှေ့မှောက်ရှိ ဝတ္တရားနှင့် တာဝန်ကို လျော်ကန်စွာ ဖြည့်ဆည်းသင့်ကာ၊ ကျန်သည့် အရာများကို ဘုရားသခင်ကို ပေးသင့်သည်။ သို့ဆိုလျှင် လများနှင့်နှစ်များ ကုန်ဆုံးပြီး၊ သင်၏ အတွေ့အကြုံနှင့် အရွယ်ရောက်ခြင်းတို့ တိုးပွားလာကာ၊ သမ္မာတရားနှင့်သက်ဆိုင်သည့် သင်၏နားလည်မှုက နက်ရှိုင်းလာသည်နှင့်အညီ၊ ဘုရားသခင်၏ဧဝံဂေလိတရားနှင့်သက်ဆိုင်သည့် အမှုအဖို့ သင့်ဘဝနောက်ဆုံးအချိန်တိုင်အောင် သင်၏ဘဝကို ပေးဖို့၊ သင်၌ ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခုရှိသည်ကို သင်သတိပြုမိကောင်း ပြုမိလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကနေ မြင်ခဲ့ရတာက ကျေးဇူးတော်ခေတ်မှာ၊ သခင်ယေရှုရဲ့ တပည့်တော်တွေက ဘုရားရဲ့ ဧဝံဂေလိ ဟောတဲ့အတွက် ရှုတ်ချ၊ နှိပ်စက်ခံခဲ့ရပေမဲ့၊ ဘာဖြစ်စဉ်၊ နည်းလမ်းတွေနဲ့ သူတို့ သေခဲ့ရပါစေ၊ ဒါတွေက သူတို့ရဲ့ နောက်ဆုံး ရလဒ်ကို ကိုယ်စားမပြုခဲ့ဘူးဆိုတာပဲ။ လူတစ်ယောက်ရဲ့ ခန္ဓာ ရှင်ခြင်း၊ သေခြင်းက သူတို့ရဲ့ ရလဒ် ကောင်းမယ်၊ မကောင်းဘူးဆိုတာကို မညွှန်ပြဘူး။ သခင်ယေရှု တပည်တော်တွေရဲ့ ဆိုးဆိုးရွားရွား နှိပ်စက်ခံရတာက မကောင်းတဲ့ အရာတစ်ခုလို ထင်ပုံရပေမဲ့၊ တကယ်တော့၊ သူတို့က ဘုရားရဲ့ စေခိုင်းချက် ဖြည့်ဆည်းဖို့ မာတုရဖြစ်ခဲ့ကြတာဖြစ်ပြီး၊ ဒါကို ဘုရားက ဂုဏ်ပြုတယ်။ စာတန်ရဲ့ ဆိုးယုတ်တဲ့ အင်အားစုတွေနဲ့ ရင်ဆိုင်ရတော့၊ သူတို့ရဲ့ ဘဝတွေ၊ ဘေးကင်လုံခြုံမှုကို အလေးမထားဘဲ ဘုရားရဲ့ အမှုတော်ကို သက်သေခံခဲ့ကြတယ်။ ဒါက သူတို့ရဲ့ သက်သေခံချက်ကို ပိုအားကောင်းစေတယ်၊ စာတန်ကို ရှုံးနိမ့်စေတယ်။ အသက်က လူမှာရှိတဲ့ တန်ဖိုးအရှိဆုံအရာဖြစ်ပေမဲ့၊ သူတို့ရဲ့ ဒီတန်ဖိုးအရှိဆုံး အသက်ကို ဘုရားကို သက်သေခံဖို့ သူတို့ ပူဇော်ခဲ့ကြပြီး၊ ဘုရားအမှုတော်ကို လောကကို သိခွင့်ပေးခဲ့ကြတယ်။ ဒါက အကြီးမားဆုံး သက်သေခံချက်ပဲ။ ဘုရားနှုတ်ကပတ်တော်ကို သေချာတွေးတဲ့အခါ၊ မျက်နှာပျက်ပြီး ရှက်မိတယ်။ ကျွန်တော် ထပ်တရား‌ဟောရင် ပြောင်းရွှေ့ခံရမယ်လို့ ကျောင်းအုပ် သတိပေးချိန်မှာ၊ ကျွန်တော် အရမ်းကြောက်ခဲ့တယ်။ ရှေ့တန်းကို အပို့ခံမှာ၊ ပြီးတော့ သေတာနဲ့၊ ကျွန်တော့်အတွက် ပြီးသွားမှာဖြစ်ပြီး ကယ်တင်ခံရနိုင်မှာ မဟုတ်တာကို ကြောက်ခဲ့တာ။ ကိုယ့်အသက်ကို အရမ်းမြတ်နိုးတန်ဖိုးထားပြီး၊ သတ္တိ ဒါမှမဟုတ် သက်သေခံချက် မရှိခဲ့ဘူး။ တမန်တော်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်က တကယ် အဆင့်မမီဘူး။ ကျွန်တော့် အသက်က ဘယ်ကလာပြီး ဘုရားက ဘယ်လိုပေးခဲ့တယ်ဆိုတာ တွေးမိတယ်။ ဘယ်အချိန်သေမယ်ဆိုတာကို ဘုရားက ဆုံးဖြတ်ပြီး၊ ဘယ်သူမှ တစ်မိနစ်တောင် ပိုအသက်မရှင်ဘူး။ လူတစ်ယောက်ကို ဘုရားက ကွယ်ကာပြီး သေခွင့်မပေးရင်၊ အန္တရာယ်အရှိဆုံး နေရာမှာရှိရင်တောင်၊ သေမှာ မဟုတ်ဘူး။ လူသားတွေက သူတို့ရဲ့ နောက်ဆုံးရလဒ် မပြောနဲ့ သေမဲ့၊ သူတို့ ရှင်မဲ့အချိန်ကို ထိန်းချုပ်တာ မဟုတ်ဘူး။ ဒါက ဘုရားလက်ထဲမှာ ပိုလို့တောင် ခိုင်ခိုင်မာမာ ရှိတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ကျွန်တော်တို့ တရားဟောပြီး ဘုရားကို သက်သေခံတဲ့အခါ၊ ဖိနှိပ်မှုနဲ့ အခက်အခဲ အများကြီး ရင်ဆိုင်ရတယ်။ သခင်ယေရှုရဲ့ တပည့်တော်တွေလိုပေါ့။ တချို့က တရားဟောပြီး ဘုရားအတွက် သက်သေခံလို့ သေတဲ့အထိတောင် နှိပ်စက်ခံခဲ့ရနိုင်ပေမဲ့၊ သူတို့ ဝိညာဉ်တွေက ဘုရားလက်ထဲမှာ ရှိတယ်။ သူတို့ ခန္ဓာကိုယ်တွေက သေနိုင်ပေမဲ့၊ ဒါက သူတို့မှာ နောက်ဆုံးရလဒ်မရှိတဲ့ သဘောမဟုတ်ဘူး။ အားလုံးက ဘုရားလက်ထဲမှာရှိပြီး ဘုရားက စီစဉ်ထားတာပါ။ အသက်ကို မက်မောပြီး သေခြင်းကို ကြောက်လို့ ကိုယ့်တာဝန်ကို မလုပ်၊ ဧဝံဂေလိတရားကို မဟောရင်၊ ကျွန်တော် ရှေ့တန်းအပို့မခံရရင်တောင်၊ သေနိုင်တဲ့ အန္တရာယ်မရှိရင်တောင်၊ ဘုရားအမြင်မှာ ကျွန်တော်က လမ်းလျှောက်နေတဲ့ အလောင်းကောင်၊ နောက်ဆုံးမှာ ဖယ်ရှားခံရမဲ့ သေလူဖြစ်ခဲ့မှာပဲ။ ဘုရားနောက်လိုက်ပြီး ဧဝံဂေလိဟောဖို့ ကျွန်တော် အားလုံး၊ ကိုယ့်အသက်ကိုတောင် စွန့်စားသင့်တယ်။ ကျွန်တော် တကယ် ရှေ့တန်းအပို့ခံရရင်၊ ဘုရားရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်။ ဘုရားရှေ့ ပိုများတဲ့ လူတွေကို ခေါ်သွားဖို့ ရှေ့တန်းမှာရှိတဲ့ စစ်သားတွေကိုလည်း ကျွန်တော် တရားဟောလို့ရတာပဲ။ တရားဟောပြီး ဘုရားအတွက် သက်သေခံလို့ တစ်နေ့မှာ သေတဲ့အထိ နှိပ်စက်ခံခဲ့ရရင်တောင်၊ ဒါကို ဘုရားအခွင့်ပေးခဲ့တာ ဖြစ်မှာဖြစ်ပြီး၊ ကျွန်တော် ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ တွေးရင်းနဲ့ ဆက်တရားဟောပြီး ဘုရားအတွက် သက်သေခံဖို့နဲ့ ဘယ်သူမှရဲ့ ဘောင်ခတ်တာ မခံရတော့ဖို့ ကျွန်တော် ဘုရားရှေ့မှာ စိတ်ဆုံးဖြတ်ခဲ့တယ်။

ဒါပြီးတော့ နေ့တိုင်း ဘုရားဆီ ဆုတောင်းပြီး ဆက်တရားဟောခဲ့သလို၊ တခြားလူတွေနဲ့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုခဲ့တယ်။ သူတို့ သင်ခန်းစာတွေကို ဆန်းစစ်ရာမှာလည်း ဦးဆောင်ခဲ့ပြီး၊ အားလပ်ရက်တွေမှာ သူတို့အတွက် စုဝေးတဲ့အချိန်တွေ စီစဉ်ပေးခဲ့သလို၊ အရင်ထက် သူတို့ အများကြီး ပိုတက်ကြွလာခဲ့တယ်။ စာမေးပွဲတွေ ပြီးတဲ့နောက်မှာ၊ ဒီညီအစ်ကို မောင်နှမတွေက ဘာသာရပ်တိုင်းမှာ ပျမ်းမျှ ၇၆ ကနေ ၉၈ မှတ်နဲ့ တော်တော်လေး အမှတ်ကောင်း ရကြတာကို တွေ့ရတယ်။ သူတို့ထဲက ဘယ်သူမှ မကျဘူး။ ကျွန်တော် အံ့ဩသွားတယ်။ ကျောင်းအုပ်က ကျွန်တော့်အတန်းရဲ့ ရမှတ်ကောင်းတွေကို မြင်ပြီး ပြောတယ်။ “မင်းအတန်းက ကျောင်းမှာ အမြင့်ဆုံး အမှတ်တွေ ရကြတယ်။ ဒီတော့ မင်းကို နောက်ပညာသင်နှစ်အတွက် သူတို့ရဲ့ အတန်းပိုင်ဆရာ လုပ်ခွင့်ပေးဖို့ ငါတို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပညာသင်နှစ်မှာ အကောင်းဆုံး ဖြစ်ပါစေ”တဲ့။ ဒါကို ကြားတော့ ကျွန်တော် မျှော်လင့်ခဲ့တာထက် လုံးဝ ကျော်လွန်နေတာနဲ့အမျှ အရမ်း ပီတိဖြစ်မိတယ်။ ဒါက ကျမ်းစာထဲက သုတ္တံကျမ်းတစ်ပိုဒ်ကို သတိရမိစေတယ်။ “ရှင်ဘုရင်၏ နှလုံးသားသည် မြစ်ရေကဲ့သို့ ယေဟောဝါ၏ လက်တော်တွင် ရှိ၏။ ယင်းကို သူ အလိုရှိသည့်နေရာတိုင်းသို့ လှည့်တော်မူသည်။” (သုတ္တံကျမ်း ၂၁:၁) အရာရာက ဘုရားလက်ထဲမှာ ရှိပြီး ဘုရားက ကျွန်တော်တို့ ကံကြမ္မာအားလုံးကို ထိန်းချုပ်တယ်။ ဘုရားကို ကျွန်တော် ယုံကြည်ပြီး သူနဲ့ စစ်မှန်ရိုးသားစွာ ပူးပေါင်းလုပ်သရွေ့၊ ကျွန်တော့်အတွက် လမ်းကြောင်းတစ်ခု သူ ဖွင့်ပေးမှာပဲ။ စုဝေးပွဲတွေမှာ ညီအစ်ကို မောင်နှမတွေကို ဦးဆောင်ရင်းနဲ့ ကျောင်းဝင်းမှာ ကျွန်တော် တရားဟောနေတုန်းပဲဖြစ်သလို၊ လူအတော်များများက ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ဒီတရားဟောတဲ့ရက်တွေကို ပြန်ကြည့်တဲ့အခါ၊ အများကြီး အကျိုးရခဲ့သလို၊ ဒါက ဘုရားရဲ့ လမ်းပြမှုသက်သက် ဖြစ်မှန်း သိခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားနှုတ်ကပတ်တော်သည် သူတစ်ပါးကို ရှုမြင်ဖို့အတွက် ကျွန်ုပ်တို့၏ တစ်ခုတည်းသော မှန်ဘီလူးဖြစ်သည်

စွိန့်ကျယ် အမေရိကန်နိုင်ငံ ရှီလာနဲ့ ကျွန်မက ရင်းနှီးသလို သူ့ကို ကျွန်မ ကောင်းကောင်း သိတယ်။ ကျွန်မတို့ တွေ့တဲ့အခါတိုင်းမှာ၊ သူ့ရဲ့...

ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံ ကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ကျွန်ုပ်၏ ကံကြမ္မာနှင့်ပတ်သက်၍ နောက်တစ်ဖန် လုံးဝ ညည်းညူမည်မဟုတ်ပါ

ကြီးပြင်းလာတော့ ကျွန်မရဲ့ မိသားစုက အတော်ဆင်းရဲခဲ့တယ်။ အခြေခံလိုအပ်တွေအတွက် ဘယ်တော့မှ မသေချာခဲ့ဘူး။ ကျွန်မတို့ကို ကျွေးမွေးဖို့ အမေက...

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ခုခံပြောဆိုမှုနှင့် အထင်လွဲမှုများကို ဖယ်ရှားခဲ့သည်

လီကျင့် တရုတ်နိုင်ငံ ကျွန်မ အသင်းတော် ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ၊ ကျွန်မက ကိုယ့်တာဝန်မှာ အတော်အတန် ထိရောက်ခဲ့ပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။