ရှေ့တန်းတွင် တရားဟောခဲ့သည့် ကျွန်ုပ်၏ နေ့ရက်များ
၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ၊ ကျွန်တော့် အဖွဲ့ဝင် စစ်သားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိကို ကျွန်တော့်ဆီ ဝေမျှခဲ့တယ်။ အဲဒီနောက် စုဝေးပွဲတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရာကတစ်ဆင့်၊ ဘုရားက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံလာပြီဆိုတာ သိလိုက်ရပြီး၊ ဘုရားရဲ့ လူ့ဇာတိခံတာတွေရဲ့ အရေးပါမှုအကြောင်းကိုလည်း သိခဲ့ရတယ်။ ဘုရားက လူသားမျိုးနွယ်ကြားမှာ ပေါ်ထွန်းပြီး အမှုပြုဖို့ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံမယ်လို့ ကျွန်တော် လုံးဝ စိတ်မကူးမိခဲ့ဘူး။ ဒါက အရမ်းလေးနက်တဲ့ နက်နဲမှုဖြစ်ပြီး၊ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ စစ်မှန်တဲ့ မေတ္တာနဲ့ အကြီးမားဆုံး ကယ်တင်ခြင်းလည်း ဟုတ်တယ်။ ကျွန်တော် အရမ်းတို့ထိခံခဲ့ရတယ်။ ဘုရားရဲ့ အသံကို ကြားပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုကို မြင်နိုင်မယ်လို့ လုံးဝ မထင်ခဲ့ဘူး။ ကျွန်တော် အရမ်း ကံကောင်းတယ်လို့ ခံစားရပြီး အဲဒါကြောင့် ကျွန်တော် စုဝေးပွဲတွေ ပိုတက်ချင်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုခြင်းအားဖြင့်၊ ဧဝံဂေလိ ဟောတာက လူတိုင်းရဲ့ တာဝန်ဖြစ်ပြီး၊ ကျွန်တော်တို့ကို ဘုရားတောင်းဆိုတဲ့အရာဖြစ်မှန်းကို တွေ့ခဲ့ရတယ်။ ဧဝံဂေလိ ဟောတာက ဘုရားကို သက်သေခံတာဖြစ်တယ်။ လူတွေကို ဘုရားရှေ့ခေါ်တာ၊ သမ္မာတရားနဲ့ ဘုရားရဲ့ ကယ်တင်ခြင်းကို ရခွင့်ပေးတာဖြစ်ပြီး ကိုယ့်ရဲ့ ကောင်းတဲ့ လုပ်ဆောင်ချက်စာရင်းကို တိုးစေတာလည်း ဖြစ်တယ်။ အဲဒါကို ကျွန်တော် မလုပ်ရင်၊ ဖန်ဆင်းခံအနေနဲ့ ကျွန်တော့်တာဝန်ကို လျစ်လျူရှုတာဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ သင့်တော်မှာ မဟုတ်ဘူး။ အဲဒီအရာအားလုံးကို နားလည်တာနဲ့၊ ဧဝံဂေလိ ဝေမျှဖို့ ကျွန်တော် တကယ် စိတ်ထက်သန်ခဲ့တယ်။ ဘုရားနဲ့လည်း ကျွန်တော် အလုပ်လုပ်ပြီး ပိုများတဲ့လူတွေဆီကိုတောင် နိုင်ငံတော်ဧဝံဂေလိ မျှဝေချင်ခဲ့ပါတယ်။ အဲဒီနေောက်မှာ၊ အချိန်ရတဲ့အခါတိုင်း ဧဝံဂေလိဖြန့်တာကို လေ့ကျင့်ခဲ့တယ်။ အဲဒီလိုနဲ့ အောက်တိုဘာလမှာ၊ ကြည်းတပ်ကို ကျွန်တော် အပြောင်းခံခဲ့ရတယ်၊ ဖြစ်ချင်တော့ အဲဒီမှာ ညွှန်လို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက်ရှိပြီး သူကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်လေ။ ကျွန်တော့် တပ်ဖွဲ့ဝင်စစ်သားတွေနဲ့ ဧဝံဂေလိဝေမျှဖို့ သူနဲ့ ကျွန်တော် အလုပ်အတူလုပ်ခဲ့တယ်။ တစ်ခါ၊ စစ်သား အယောက် ၂၀ လောက်ကို ကျွန်တော်တို့ တရားဒေသနာ လာနားထောင်ဖို့ ကျွန်တော် ဖိတ်ခဲ့ပြီး၊ ညီအစ်ကို ညွှန်နဲ့ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်အကြောင်းကို သူတို့ဆီ သက်သေခံခဲ့တယ်။ အယောက် ၂၀ သာသာ ဒီစစ်သားတွေအားလုံးကရှာဖွေပြီး စုံစမ်းစစ်ဆေးရာကနေ ဧဝံဂေလိကို လက်ခံသွားကြတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီး ဧဝံဂေလိ ဖြန့်ရာမှာ ပိုလို့ စိတ်ချယုံကြည်မှု ရှိခဲ့တယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် အတောအတွင်းမှာ ကျွန်တော် ရှေ့တန်းကို အပြောင်းခံခဲ့ရတယ်။ အရပ်သားပြည်သူတွေ ရိုက်နှက်ခံရပြီး ဒဏ်ရာရတဲ့ ဓာတ်ပုံတစ်ချို့ကို တွေ့ခဲ့ရသလို၊ ရန်သူ့စခန်းတွေကနေ အကယ်ခံခဲ့ရတဲ့သူတချို့ကလည်း ပြောပြကြတယ်။ အဖမ်းခံရပြီးတော့ ရန်သူစစ်သားတွေအတွက် သူတို့ ချက်ပြုတ်ပေးရသလို၊ အဲဒီစစ်သားတွေက သူတို့ကို ရန်လည်းဖြစ်ခိုင်းကြတယ်တဲ့။ ငြင်းတဲ့သူတွေကို သေနတ်နဲ့ပစ်ပြီး သတ်ကြတယ်။ စစ်ပွဲကြောင့် တစ်ချို့ အရပ်သားတွေရဲ့ အိမ်တွေလည်း မီးလောင်ပြာကျသွားပြီး၊ တောထဲမှာ ပုန်းရင်းနဲ့ သူတို့ နေထိုင်ခဲ့ရတယ်။ ပြီးတော့ အခြေချတဲ့နေရာတစ်ခုကို စစ်သားတွေ တိုက်ကြ ခိုက်ကြတဲ့အခါတိုင်း၊ ဒဏ်ရာရသူတွေကို ပြန်ခေါ်ပြီး ဆေးရုံတင်ရတာတွေရှိတယ်။ အဲဒါတွေအားလုံးကို မြင်တော့ သူတို့အတွက် ကျွန်တော် အရမ်း စာနာမိတယ်။ ကျွန်တော် တွေးနေမိတယ်၊ သူတို့ ဘုရားကို မယုံကြည်ကြတာဖြစ်နိုင်တယ်၊ ပြီးတော့၊ ယုံကြည်ခြင်းမရှိရင် လူတွေရဲ့ ကံကြမ္မာက ဘယ်သူ့လက်ထဲမှာရှိတယ်ဆိုတာ၊ ကွယ်ကာမှုရဖို့ ဘယ်သူ့ကို မှီခိုအားကိုးရမယ်ဆိုတာ သူတို့ မသိကြဘူး ပေါ့။ သူတို့ကို ကျွန်တော် ဧဝံဂေလိ ဖြန့်နိုင်ပြီး ဘုရားရှေ့ ခေါ်နိုင်ခဲ့မယ်ဆိုရင်၊ သမ္မာတရားကို နားလည်ဖို့အတွက် ဘုရားကို သူတို့ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နိုင်ကြမယ်၊ ဘုရားရဲ့ ကွယ်ကာမှုကို ရကြမှာပဲ။ ဒီအတွေးတွေကြောင့် ကျွန်တော့်စိတ်ထဲမှာ နည်းနည်းဝန်ပိသွားတယ်။ သူတို့ အခြေချတဲ့နေရာကို ကျွန်တော် ဧဝံဂေလိသွားဟောပြီး သူတို့ကို ဘုရားရှေ့ခေါ်ချင်ခဲ့တယ်။ ဒါပေမဲ့ ရှေ့တန်း မြေပြင်အခြေအနေကို ကျွန်တော် မရင်းနှီးသလို၊ ရန်သူ့စစ်သားတွေ ဘယ်မှာ ပုန်းနေကြမှန်း မသိဘူးလေ။ အဲဒီအခြေအနေတွေအောက်မှာ ဧဝံဂေလိဟောဖို့ ထွက်တာက၊ ရန်သူ့တပ်တွေနဲ့ ကြုံရင်၊ အဖမ်းခံရနိုင်ခြေ၊ အသတ်ခံရနိုင်ခြေရှိတယ်။ ကျွန်တော် တကယ် ကြောက်မိတယ်။ ကျွန်တော်လုပ်သင့်တာကို သိဖို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ အဲဒီလိုနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ ရှင်းရှင်းလင်းလင်း မြင်ကာ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ဖြည့်ဆည်းလော့။ မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ကျွန်တော် သဘောပေါက်လိုက်တယ်။ ကျွန်တော် အပြင်ထွက်၊ ဧဝံဂေလိ ဟောပြီး ရန်သူ့တပ်တွေရဲ့ အဖမ်းခံရမှာ၊ အသတ်ခံရမှာကို ကြောက်တာက ဘာလို့လဲဆိုရင် ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အရာခပ်သိမ်းအပေါ် သူ့ရဲ့ အုပ်စိုးခြင်းအပေါ် စစ်မှန်တဲ့ သိနားလည်မှု ကျွန်တော့်မှာ မရှိခဲ့လို့ဖြစ်ပြီး၊ ကျွန်တော် ယုံကြည်ခြင်းကင်းမဲ့ခဲ့လို့ပဲ။ နေ့တိုင်း ကျွန်တော် ရင်ဆိုင်ရတဲ့ အခြေအနေ အကြီးအသေးရှိသမျှအားလုံးကို ဘုရားက အုပ်စိုးပြီး စီစဉ်တယ်ဆိုတာကိုလည်း ကျွန်တော် သင်ယူခဲ့ရတယ်။ ရန်သူရဲ့ ဖမ်းတာကို ကျွန်တော် ခံရမယ်၊ မခံရဘူးဆိုတာကလည်း ဘုရားလက်ထဲမှာရှိတယ်။ အခြေအနေ ဘယ်လိုပဲ အန္တရာယ်များပါစေ၊ ဘုရားခွင့်မပြုရင်၊ သူတို့ ကျွန်တော့်ကို မိနိုင်မှာမဟုတ်ဘူး။ တစ်နေ့ ရန်သူက ကျွန်တော့်ကို တကယ် ဖမ်းခေါ်သွားရင်တောင်၊ ကျွန်တော် ရှင်မလား၊ သေမလားဆိုတာ လုံးဝ ဘုရားရဲ့ သဘောပါပဲ။ ဘုရား ပြင်ဆင်တဲ့ အခြေအနေကို ကျွန်တော် ကျိုးနွံနာခံသင့်တယ်။ ရှေ့တန်းကို အပြောင်းခံရတာကလည်း ဘုရားရဲ့ ကောင်းတဲ့အလိုတော်ပါရှိပါတယ်။ အဲဒီက အရပ်သားတွေဟာ သူတို့ကို ဧဝံဂေလိ ဝေမျှမဲ့သူ ဘယ်သူမှမရှိဘဲ အဲဒီလို အန္တရာယ်များတဲ့ အခြေအနေတစ်ခုမှာ အသက်ရှင်နေခဲ့ကြရတယ်။ ဘုရားရဲ့ အသံကို သူတို့ မကြားရသေးဘူး။ အဲဒီမှာ ဘုရားက ကယ်တင်လိုတဲ့ လူတွေ ရှိကောင်းရှိနိုင်တာပဲလေ။ ဘုရားရှေ့ကို သူတို့ ရောက်နိုင်အောင်၊ ဧဝံဂေလိ ဟောပြီး ဘုရားအတွက် သက်သေခံဖို့ ဘုရားအလိုတော်ကို ကျွန်တော် ထည့်တွက်သင့်တယ်။ ဒီအသိတရားရတဲ့အခါ၊ ကျွန်တော် သိပ် မကြောက်တော့ဘူး။ ဘုရားအပေါ် မှီခိုပြီး၊ အဲဒီပတ်ဝန်းကျင်မှာ ဧဝံဂေလိ သွားဟောဖို့ အသင့်ဖြစ်ခဲ့တယ်။
အဲဒီနောက် ဒေသခံလူတွေကို ကျွန်တော် ဧဝံဂေလိ စဟောခဲ့ပေမဲ့၊ အခက်အခဲသစ်တွေ ကြုံခဲ့ရတယ်။ အဲဒီကလူတွေက ဒိုင်ဘာသာစကား ပြောကြတယ်။ ကျွန်တော်က “ထမင်းစားပြီးပြီလား”ဆိုတာနဲ့ “ဘယ်သွားမှာလဲ”ဆိုတာတွေလို ရိုးရှင်းတဲ့ နေ့စဉ်သုံး စကားနည်းနည်းပဲ သိတယ်။ သူတို့ကို ကျွန်တော် ဧဝံဂေလိ ဝေမျှနိုင်စွမ်း မရှိခဲ့ဘူး။ တကယ်ကို စိတ်သောကရောက်ခဲ့တယ်။ ဟောချင်ပေမဲ့ ဘာသာစကားမသိသလို၊ အရမ်းခက်တယ်လို့ ခံစားရတယ်။ ဘုရားဆီ ကျွန်တော် ဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်တော် ဧဝံဂေလိ ဝေမျှချင်ပေမဲ့ ဘာသာစကားကို မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြပြီး လမ်းကြောင်းတစ်ခု ဖွင့်ပေးတော်မူပါ” ဆိုပြီးတော့။ တစ်ခါ အွန်လိုင်း စုဝေးပွဲတစ်ခုမှာ၊ ညီအစ်မတစ်ယောက်က ကျွန်တော့်အတွက် တကယ် အထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဝေမျှတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်သောသူတို့နှင့် သမ္မာတရား လိုက်စားသောသူအားလုံးကို မတူကွဲပြားသည့် ပတ်ဝန်းကျင်မျိုးစုံဖြင့် စုံလင်စေသည်။ သူသည် လူတို့အား အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊ သို့မဟုတ် စမ်းသပ်မှုများမှတစ်ဆင့် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံစေဖို့ ထောက်ကူပေးပြီး ထိုသို့ဖြင့် သမ္မာတရားအပေါ် သိနားလည်၍ သူ့အပေါ် စစ်မှန်သည့် အသိကို ရရှိကာ နောက်ဆုံးတွင် သမ္မာတရားကို ရရှိဖို့ ထောက်ကူပေးသည်။...သမ္မာတရား လိုက်စားခြင်းနှင့်ဆိုင်သည့် တောက်ပသော လမ်းကြောင်းကို မလျှောက်ကြသူများသည် စာတန်၏ တန်ခိုးအောက်၊ ရာသက်ပန် အပြစ်နှင့် မှောင်မိုက်ထဲတွင် မျှော်လင့်ချက်မရှိဘဲ ထာဝရ အသက်ရှင်ကြလိမ့်မည်။ ဤစကားလုံးများ၏ အဓိပ္ပာယ်ကို သင်တို့ နားလည်နိုင်ကြသလော။ (ကျွန်ုပ်၏ စိတ်နှလုံးနှင့် ဉာဏ်ရှိသမျှဖြင့် သမ္မာတရားကို ကျွန်ုပ် လိုက်စားကာ ကိုယ့်တာဝန်ကို ထမ်းဆောင်ရပါမည်။) တာဝန်တစ်ခုက သင့်အပေါ် ကျရောက်ပြီး ယင်းတာဝန်ကို သင့်ထံ အပ်နှံသောအခါ အခက်အခဲများ ရင်ဆိုင်ရခြင်းကို မည်သို့ရှောင်ရှားရမည်ကို မစဉ်းစားနှင့်။ တစ်စုံတစ်ခုက ကိုင်တွယ်ရန် ခက်ခဲလျှင် ယင်းအား ဘေးသို့ထားလိုက်ပြီး လျစ်လျူရှုခြင်း မပြုနှင့်။ ယင်းကို ထိပ်တိုက်ရင်ဆိုင်ရမည်။ ဘုရားသခင်သည် လူများနှင့်အတူ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၌ အခက်အခဲတစ်ခုတလေ ရှိလျှင် ၎င်းတို့သည် သူ့ထံ ဆုတောင်းပြီး ရှာဖွေဖို့သာ လိုအပ်သည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုလျှင် မည်သည့်အရာကမျှ မခက်ခဲသည်ကိုလည်းကောင်း သင် အချိန်ပြည့် သတိရရမည်။ သင့်တွင် ဤယုံကြည်ခြင်းရှိရမည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်ဖြစ်ကြောင်း သင် ယုံကြည်သည့်အတွက် တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါ သင် အဘယ်ကြောင့် ကြောက်ရွံ့ကာ မှီခိုအားကိုးစရာမရှိဟု ခံစားရဆဲဖြစ်သနည်း။ ဤအရာက သင်သည် ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်း မရှိသည်ကို သက်သေပြ၏။ ဘုရားသခင်ကို သင်၏ အထောက်အပံ့နှင့် သင်၏ ဘုရားအဖြစ် သင် မခံယူလျှင် သူသည် သင်၏ ဘုရားသခင် မဟုတ်။ လက်တွေ့ဘဝတွင် မည်သည့် အခြေအနေများကို သင် ကြုံရသည်ဖြစ်စေ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ သင် လာရမည်။ တစ်ရက်ကို ကိစ္စတစ်ခုတည်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို သင် နားလည်ပြီး တစ်စုံတစ်ရာကို ရရှိလျှင်ပင် အချိန် အချည်းနှီး ဖြစ်ခဲ့လိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) အဲဒီစာပိုဒ်ကို ဖတ်တော့၊ ဘုရားက ကျွန်တော်နဲ့အတူရှိတယ်ဆိုတာ ကျွန်တော့် စိတ်နှလုံးထဲမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်လာတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရာမှာ၊ ဘုရားဆီ အမှန်တကယ် ဆုတာင်းပြီး မှီခိုရုံပါပဲ။ ဒါဆိုရင် သူက ကျွန်တော့်ကို လမ်းပြမှာပဲ။ ဘုရားအတွက် ဘာမှ မဖြစ်နိုင်တာ မရှိဘူး။ ဒါကြောင့် ကျွန်တော် ယုံကြည်ခြင်း ရှိသင့်တယ်။ ဧဝံဂေလိဟောတာက ကျွန်တော့်တာဝန်ပဲ။ ဘာသာစကားမသိတာနဲ့ပဲ ကျွန်တော် နောက်ဆုတ်လို့မရဘူး။ အတတ်နိုင်ဆုံး လုပ်ရဦးမှာပဲ။ ဘုရားသခင် စိတ်ကျေနပ်အောင် ဧဝံဂေလိ ဖြန့်ဖို့ ကျွန်တော် ရွေးချယ်ခဲ့တဲ့အတွက်၊ ဘယ်လိုပဲ ခက်ပါစေ၊ သူ့အပေါ် မှီခိုပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းရမယ်။ ဒီအရာတွေကို အချိန်ယူစဉ်းစားပြီးတော့၊ အဲဒီအတွက် ကြိုးပမ်းဖို့ အသင့်ဖြစ်ခဲ့တယ်။ ကျွန်တော် အပြင်ထွက်မဟောခင်တိုင်း ကျွန်တော့်ကို လမ်းပြဖို့ ဘုရားဆီ ဆုတောင်းတယ်။ ရွာသားတွေနဲ့ ကျွန်တော် ဆက်သွယ်စကားပြောဖို့ စကြိုးစားကြည့်တယ်။ သူတို့အတွက် ဒိုင် ဧဝံဂေလိ သက်သေခံချက် အသံသွင်းထားတာတွေ ဖွင့်ပြတယ်။ အဲဒါတွေကို ဖွင့်နေတုန်း ကျွန်တော်လည်း သေချာနားထောင်တယ်။ အသံသွင်းထားတာတစ်ခု ပြီးသွားတဲ့အခါ၊ အဲဒီလူတွေနဲ့ မိတ်သဟာယပြုပြီး၊ ကိုယ်သင်ထားတဲ့ ဒိုင်စကားနဲ့ နည်းနည်း ဖြည့်ပြောလိုက်တယ်။ အဲဒီလို နှစ်ရက်၊ သုံးရက်ကြာ အလုပ်လုပ်ပြီးတဲ့နောက်မှာ၊ လူကိုးယောက်က ဧဝံဂေလိကို လက်ခံခဲ့တယ်။ ကျွန်တော် ဘုရားကို အရမ်းကျေးဇူးတင်မိသလို၊ ဧဝံဂေလိ ဖြန့်ဖို့ ယုံကြည်ချက်ပိုရှိသွားတယ်။
တစ်နေ့တော့ ရန်သူ့တပ်တွေက WeChat မှာ ဗီဒီယိုတစ်ခု တင်တယ်။ ကျွန်တော်တို့ စစ်သားတွေကို ဖမ်းပြီးတဲ့နောက်မှာ သူတို့ နှိပ်စက်ကြတာကို မြင်ရတယ်။ တချို့က သူတို့လက်တွေ အဖြတ်ခံရတယ်၊ တချို့က သူတို့ ခြေထောက်တွေ အဖြတ်ခံရပြီး၊ ဝက်တစ်ကောင်ကို သတ်သလို သူတို့ လည်တွေကို လှီးဖြတ်ကြတယ်။ သူတို့ရဲ့ နှလုံးတွေကိုတောင် ဓားတွေနဲ့ ဖြတ်ထုတ်ကြတယ်။ အဲဒါကိုတွေ့တော့ ကျွန်တော် တကယ် ကြောက်သွားတယ်။ ကျွန်တော် တွေးနေမိတယ်။ “ငါက အခြေချတဲ့နေရာကို ဧဝံဂေလိ ဝေမျှဖို့ ညနေတိုင်းသွားတယ်၊ ရန်သူတွေဖမ်းတာကိုများ ခံရမလား။ သူတို့ ငါ့ကို မိသွားရင်၊ အဲဒီတခြားစစ်သားတွေလို ငါ့ကို နှိပ်စက်ကြရင် ဒါမှမဟုတ် သေတဲ့ထိတောင် ညှဉ်းပန်းရင် ဘယ်လိုလုပ်မလဲ”ပေါ့။ ဒါကို တွေးမိတော့၊ ထပ်အပြင်ထွက်ပြီး ဟောဖို့ ကြောက်သွားတယ်။ အဲဒီတုန်းက အခြေအနေမှန်မှာ ကျွန်တော် မရှိခဲ့မှန်း သဘောပေါက်ခဲ့တယ်။ အဲဒါနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းပြီး ကျွန်တော့် စိတ်နှလုံးကို ပေးအပ်ပြီးတော့ ကျွန်တော့်ကို လမ်းပြဖို့အတွက် တောင်းလျှောက်ခဲ့တယ်။ နောက်တော့ ယုံကြည်စိတ်ချမှုနဲ့ ခွန်အားတချို့ ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားနဲ့၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ ‘ယုံကြည်ခြင်း’ ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) စမ်းသပ်မှုတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်တဲ့အခါ၊ ယုံကြည်ခြင်း ကင်းမဲ့ပြီး၊ တက်တက်ကြွကြွနဲ့ ပူးပေါင်းမလုပ်ရင်၊ ဘုရားက ကျွန်တော်တို့ဆီမှာ အမှုပြုဖို့ မဖြစ်နိုင်ဘူး၊ သူက စုံလင်စေတာကို ကျွန်တော်တို့ ခံရဖို့ မဖြစ်နိုင်ဘူးဆိုတာကို ကျွန်တော် သိခဲ့ရတယ်။ တစ်ခုခုကို ကျွန်တော်တို့ မမြင်နိုင်လေ၊ ဘုရားသခင်ကို ယုံကြည်ချက်ရှိဖို့ လိုလေဖြစ်ပြီး၊ ယုံကြည်ခြင်းဖြစ်စေဖို့ တစ်ခုတည်းသောနည်းလမ်းက စမ်းသပ်မှုတွေကို ကြုံဖို့ပဲ။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတုန်း ဧဝံဂေလိ ဝေမျှတာ၊ ရန်သူ့တပ်တွေရဲ့ အဖမ်းခံရမဲ့ အန္တရာယ်ကို ရင်ဆိုင်တာက ကျွန်တော့်အတွက် စမ်းသပ်မှု၊ စစ်ဆေးမှုတစ်ခုပဲ။ ကျွန်တော်က သမ္မာတရား ကင်းမဲ့နေခဲ့ပြီး၊ ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအပေါ် စစ်မှန်တဲ့ သိနားလည်မှု မရှိခဲ့ဘူး။ ဘုရားက အရာခပ်သိမ်းအပေါ် အုပ်စိုးတာကို ကျွန်တော် တကယ် မယုံခဲ့လို့၊ ယုံကြည်ခြင်း မရှိခဲ့ဘူး။ ဧဝံဂေလိ ဟောနေတုန်း အန္တရာယ်များတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရင်ဆိုင်ရတဲ့အခါ၊ အဖမ်းခံရပြီး သေအောင် ညှဉ်းဆဲခံရမှာကို ကျွန်တော် ကြောက်လာခဲ့တယ်။ ဒါကြောင့် အပြင်ထွက်ပြီး မဟောရဲခဲ့ဘူး။ ကျွန်တော့် စိတ်နှလုံးကို ဘုရားကို တကယ် မပေးနိုင်ခဲ့ဘူး။ တကယ်တော့၊ ဘုရားက ကျွန်တော့်ကို သမ္မာတရား ပိုပေးနိုင်အောင်လို့ ဒီအခြေအနေမျိုးကို သူ ပြင်ဆင်နေခဲ့တာပဲ။ အဲဒါမှ ကျွန်တော်က သမ္မာတရားကို ရှာပြီး လက်တွေ့လုပ်နိုင်မယ်။ ဘုရားရဲ့ အနန္တတန်ခိုးနဲ့ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ အုပ်စိုးမှုကို အသိအမှတ်ပြုနိုင်မယ်။ ကျွန်တော့်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းက သူ့လက်ထဲမှာ ရှိတယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုနိုင်မယ်။ အခု ကျွန်တော်က အဲဒီအန္တရာယ်များတဲ့ ပတ်ဝန်းကျင်မျိုးကို ရင်ဆိုင်ရတော့၊ အဲဒါကို ကျွန်တော် တကယ် တွေ့ကြုံပြီး ဖြတ်သန်းကျော်လွှားရမယ်။ အဲဒါက ဘုရားရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော် မြင်ပြီး စစ်မှန်တဲ့ ယုံကြည်ခြင်းဖြစ်ပေါ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဘုရားအလိုတော်ကို နားလည်လိုက်တာနဲ့ ကျွန်တော့် စိတ်နှလုံးက အများကြီး လင်းလက်သွားပြီး၊ အရမ်း မကြောက်တော့ဘူး။
နောက်ပိုင်းမှာ၊ ပိုလို့တောင် စိတ်အားတက်စရာဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် သူ၏နောက်လိုက်များ အယောက်စီတိုင်းအတွက် အစီအစဉ်တစ်ခုရှိသည်။ ၎င်းတို့ တစ်ဦးချင်းစီတွင် ဘုရားသခင်က လူသားအတွက် ပံ့ပိုးပေးသော၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရမည့် ပတ်ဝန်းကျင်တစ်ခုရှိသည်။ ၎င်းတို့တွင် လူသားအတွက် ပျော်မွေ့ခံစားဖို့ဖြစ်သည့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်ခံမှုတို့ရှိသည်။ ၎င်းတို့တွင် ဘုရားသခင်က လူသားအတွက် စီစဉ်ထားသည့် အထူးအခြေအနေများလည်းရှိပြီး ၎င်းတို့ ကြုံတွေ့ရမည့် ဒုက္ခများစွာရှိသည်။ ယင်းသည် လူက စိတ်ကူးထင်မြင်သည့် အဆင်ပြေချောမွေ့မှုနှင့် လုံးဝမတူပေ။ ဤအရာအပြင် သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်ကို အသိအမှတ်ပြုပါက၊ ဧဝံဂေလိတရား ဖြန့်ဝေဖို့နှင့် သင်၏တာဝန်ကို လျော်ကန်စွာ လုပ်ဆောင်ဖို့ သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းအတွက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန် သင့်ကိုယ်သင် ပြင်ဆင်ရမည်။ အဖိုးအခသည် ကိုယ်ခန္ဓာ အပယိကဖျားနာမှုတစ်ခုခု သို့မဟုတ် အခက်အခဲတစ်ခုခုကို ခံစားရခြင်း ဖြစ်နိုင်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုများ သို့မဟုတ် လောကီလူများ၏ အထင်လွဲမှုများအပြင်၊ ဧဝံဂေလိ ဖြန့်ဝေနေချိန်တွင် ကြုံရသည့် ဒုက္ခများ၊ သစ္စာဖောက်ခံရခြင်း၊ အရိုက်ခံရကာ အဆူခံရခြင်း၊ ရှုတ်ချခံရခြင်း- အပြင်းထန်ဆုံးသော လူအုပ်ဝိုင်းခံရခြင်းနှင့် သေစေနိုင်လောက်သော အန္တရာယ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီ သင်သေဆုံးမည်ဖြစ်ခြင်းနှင့်၊ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကိုတွေ့ဖို့ သင်အသက်ရှင်မည် မဟုတ်ခြင်းတို့က ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။...သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်- သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ကြရသောကြောင့်၊ စီရင်ခြင်းခံခဲ့ရသည်၊ ရိုက်နှက်ခြင်းခံခဲ့ရသည်၊ ဆူပူခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရသည်— ယင်းမှာ ၎င်းတို့ ညှဉ်းဆဲသတ်ဖြတ်ခံရသည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်သည် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်- ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်- ဤအမှန်တရားသည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အန္တိမ အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အန္တိမ အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တွင် ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအမှန်တရား တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့ဘဝ၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်- ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ ၎င်းက သူတို့၏ အသက်တာများကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို ကျင့်ဝတ်သိက္ခာအရ သင်တို့ မဖြစ်မနေ လုပ်ရမည့်အရာတစ်ခုအဖြစ် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ကျွန်တော် သဘောပေါက်လိုက်တယ်။ ဘုရားနောက်ကို ကျွန်တော်တို့အားလုံး လိုက်နိုင်တာက သူ့ရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်ကြောင့်ဖြစ်ပြီး၊ ကျွန်တော်တို့ တစ်ယောက်စီတိုင်းက တာဝန်ထမ်းဆောင်နိုင်တဲ့ အခြေအနေတွေကိုလည်း သူပြင်ဆင်ပေးတယ်ဆိုတာပဲ။ ဧဝံဂေလိကို ဟောတဲ့ ဖြစ်စဉ်မှာ၊ အခြေအနေနဲ့ အန္တရာယ်မျိုးစုံ ရင်ဆိုင်ရမှာ သေချာတယ်။ တချို့က အရှက်ခွဲခံရတယ်၊ တချို့က အရိုက်ခံရပြီး အော်တာဟစ်တာခံရမယ်။ တချို့က စာတန်ရဲ့ အခွင့်အာဏာဆီ လွှဲအပ်ခံရပြီး လူမဆန်စွာ ဆက်ဆံခံရတယ်။ တချို့ဆိုရင် သူတို့အသက်တောင် ဆုံးရှုံးသွားရတယ်။ ဒါပေမဲ့ ဘယ်အခြေအနေပဲဖြစ်ပါစေ၊ ကျွန်တော်က ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ကိုယ့်တာဝန်ကို တစ်ချိန်လုံး ဖြည့်ဆည်းသင့်တယ်။ ဧဝံဂေလိ ဟောတာက ကျွန်တော့်ဘဝရဲ့ တာဝန်၊ ကျွန်တော့် ဝတ္တရားဖြစ်တယ်။ ဘယ်လိုပဲ ခါးသီး၊ ခက်ခဲပါစေ၊ ကိုယ့်အသက်ကို ပေးရမယ်ဆိုရင်တောင် ကျွန်တော့်တာဝန်ကို လုပ်ပြီး ကျွန်တော့် ဝတ္တရားကို ဖြည့်ဆည်းရမယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုနောက်လိုက်ခဲ့ကြတဲ့ တပည့်တော်တွေကို ကျွန်တော် တွေးမိတယ်။ သူတို့လည်း သခင့်ရဲ့ ဧဝံဂေလိကို ဖြန့်ဖို့ အန္တရာယ်အများကြီး ရင်ဆိုင်ခဲ့ရတယ်။ တချို့က အရိုက်ခံရပြီး အော်ဟစ်ခံရတယ်၊ တချို့က ထောင်ချခံရပြီး၊ တချို့က ကားစင်တင်သတ်ခံရတယ်၊ လုံးဝ အသက်ရှင်ရက်နဲ့ သေလုမျောပါး ညှဉ်းဆဲခံရတယ်။ ဒါပေမဲ့ သူတို့က မညည်းညူဘူး၊ သူတို့တာဝန်နဲ့ ဝတ္တရားကို မစွန့်ခဲ့ကြဘူး။ နောက်ဆုံးမှာ သေတဲ့အထိ နာခံသွားခဲ့ကြတယ်။ ဘုရားရဲ့ လုပ်ဆောင်ချက်နဲ့ ကြီးမြတ်တဲ့ တန်ခိုးကို သူတို့ရဲ့ တကယ့် အသက်တွေနဲ့ သက်သေခံခဲ့ကြပြီး၊ စာတန်နတ်ဆိုးကို အရှက်ရစေခဲ့ကြတယ်။ မကောင်းတာတစ်ခုခု လုပ်ခဲ့လို့ သူတို့ သေခဲ့ကြတာမဟုတ်ဘဲနဲ့ ဘုရားရဲ့ နာမနဲ့ သခင်ယေရှုက ဖန်ဆင်းရှင်ဖြစ်တဲ့အကြောင်း သက်သေခံဖို့ သေခဲ့ကြတာပဲ။ ဘုရားရဲ့ ဧဝံဂေလိကို ဟောပြီး သူ့အတွက် သက်သေခံဖို့ သူတို့ကိုယ်ပိုင် အသက်တွေနဲ့ ပေးဆပ်ခဲ့ကြတယ်။ အဲဒါ အဓိပ္ပာယ်အရှိဆုံးသောအရာပါပဲ။ သူတို့တာဝန်ကို သူတို့ ဖြည့်ဆည်းခဲ့ကြတယ်။ အဲဒီလို ဖန်ဆင်းခံမျိုးကို ဘုရားက သဘောကျတယ်။ သူတို့ရဲ့ ခန္ဓာသေသွားခဲ့ပေမဲ့၊ သူတို့ ဝိညာဉ်တွေက ဘုရားလက်ထဲမှာရှိပြီး ဘုရားရဲ့ အစီအစဉ်အောက်မှာ ရှိတယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တယ်။ သေခြင်းတရားနဲ့ ပတ်သက်တဲ့အခါ၊ ကျွန်တော် တွန့်ဆုတ်ပြီး ဧဝံဂေလိကို ထွက်မဝေမျှချင်ခဲ့ဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံမှုကို စဉ်းစားနေတုန်းပဲ။ ကျွန်တော် တကယ်ချစ်တာ ကိုယ့်အသက်ပါပဲ။ ကျွန်တော့် ကံကြမ္မာကို ကျွန်တော် ထိန်းချုပ်နိုင်မယ်၊ အပြင်ထွက်ပြီး တရားမဟောသရွေ့၊ အန္တရာယ် ဒါမှမဟုတ် သေခြင်းနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ နားလည်သွားပြီ။ ဧဝံဂေလိ ထွက်ပြီး မဝေမျှတာနဲ့ပဲ ကျွန်တော်က ဘေးကင်းမှာ မဟုတ်ဘူးဆိုတာပေါ့။ ကျွန်တော်က ရပ်စောင့်တာဝန်အပေးခံခဲ့ရတာလေ။ အဲဒီ တာဝန်ကိုက အန္တရာယ်များပြီး ကျွန်တော် ချောင်းမြောင်းတိုက်ခိုက်တာခံရနိုင်တယ်။ ပြီးတော့၊ ရေသွားယူတဲ့အခါ ဒါမှမဟုတ် ဒေသခံတွေဆီကနေ တစ်ခုခု သွားဝယ်တဲ့အခါဆိုရင်လည်း အရမ်းအန္တရာယ်များတယ်။ အချိန်မရွေး ရန်သူ့စစ်သားတွေရဲ့ တိုက်တာခံရနိုင်တယ်။ ကျွန်တော့်အသက်က ကျွန်တော့်ဘာသသာ ထိန်းချုပ်လို့ရတဲ့အရာတစ်ခု မဟုတ်ဘူး။ ရန်သူရဲ့ ဖမ်းတာခံရမလားဆိုတာက ဘုရားရဲ့ လက်ထဲမှာ လုံးလုံးလျားလျားရှိတယ်။ သူ အခွင့်မပေးရင်၊ ကျွန်တော် အပြင်ထွက်တရားဟောမယ်ဆိုရင်တောင် အဖမ်းခံရမှာမဟုတ်ဘူး။ တစ်ခုခုဖြစ်ဖို့ ဘုရားခွင့်ပြုတယ်ဆိုရင်၊ ကျွန်တော် တရားသွားမဟောရင်တောင် ရန်သူရဲ့ ချောင်းမြောင်းတိုက်တာ၊ ဖမ်းတာကို ခံရနိုင်သေးတယ်။ ကျွန်တော်က ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဧဝံဂေလိ ဆက်ဟောပြီး ကိုယ့်တာဝန်ကို ဆက်လုပ်သင့်တယ်။ ကျွန်တော်က ကိုယ့်တာဝန်ကို မလုပ်ဘဲ၊ ဧဝံဂေလိ မဝေမျှသလို၊ ဘုရားကို သက်သေမခံဖို့ ဆင်ခြေရှိသမျှ ရှာရင်၊ ခန္ဓာနဲ့ အသက်ရှင်နေဦးမှာဖြစ်ပေမဲ့၊ ဘုရားအတွက်တော့ အဖန်ဆင်းခံအနေနဲ့ ကျွန်တော်က ကိုယ့်လုပ်ငန်းဆောင်တာကို ဆုံးရှုံးတာဖြစ်ပြီး၊ ကျွန်တော့်ဘဝက အဓိပ္ပာယ်မဲ့သွားမှာ။ နောက်ဆုံးမှာ၊ ဘုရားက ကျွန်တော့်ကို ဖယ်ရှားမှာဖြစ်ပြီး ကျွန်တော် ကယ်တင်ခံရမှာ မဟုတ်ဘူး။ ရှေ့တန်း၊ အခြေချစခန်းတွေမှာ တရားသွားဟောတာက အန္တရာယ်များပေမဲ့၊ ဘုရားရဲ့ ဧဝံဂေလိကို ဖြန့်ဖို့၊ တိုးချဲ့ဖို့အတွက် ကျွန်တော်က ကိုယ့်အသက်ကို ဖက်တွယ်လို့မရဘဲ၊ သေမဲ့အလားအလာကို မှန်မှန်ကန်ကန် ရင်ဆိုင်သင့်တယ်။ လိုအပ်ရင်၊ ဆက်တရားဟောဖို့အတွက် ကိုယ့်အသက်နဲ့ ပေးဆပ်ပြီးတော့ အဲဒီလိုနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းရမယ်။ အဲဒါက သက်သေခံချက်ဖြစ်ပြီး ကျွန်တော့်တာဝန်ကို လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ကျွန်တော်က ဖန်ဆင်းခံတစ်ယောက်နဲ့ ဘုရားရဲ့ နောက်လိုက်တစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း နားလည်သွားတယ်။ ဘယ်အန္တရာယ်များတဲ့ အခြေအနေကို ကျွန်တော် ရင်ဆိုင်ရသည်ဖြစ်စေ၊ ဧဝံဂေလိ ဖြန့်ဝေတာက ကျွန်တော့်ဘဝရဲ့ တာဝန်နဲ့ ကျွန်တော် ဖြည့်ဆည်းရမဲ့ ဝတ္တရားတစ်ခုပဲ။ ဧဝံဂေလိ ဝေမျှတာကို ကျွန်တော် ဘယ်အချိန်မှာမဆို လုံးဝ မရပ်နိုင်ဘူး။ အဲဒီနောက်မှာ ကျွန်တော်နဲ့ အတူ တရားဟောဖို့ နစ်ကောလပ်စ်နဲ့ အာသာဆိုတဲ့ တခြားညီအစ်ကို နှစ်ယောက်ကို ရခဲ့တယ်။
တစ်နေ့မှာ၊ အခြေချစခန်းတစ်ခုကို ကျွန်တော်တို့ သွားပြီး၊ လူဆယ်ယောက်က ကျွန်တော်တို့ ဟောတာကို လာနားထောင်ကြတယ်။ ကပ်ဘေးတွေကနေ ဘယ်လို ကွယ်ကာခံရမယ်ဆိုတာနဲ့ ပတ်သက်လို့ သူတို့ကို ကျွန်တော် မိတ်သဟာယပြုခဲ့တယ်။ “ကျွန်တော်တို့ အမြဲ စစ်ဖြစ်ပြီး၊ ရေတွေက သွေးစွန်းနေတဲ့ ဒီမှာလိုပဲ၊ ကပ်ဘေးတွေက အခုချိန်မှာ ပိုကြီးသထက် ကြီးမားလာနေပြီ။ ကပ်ရောဂါလည်း ရှိသေးတယ်...ဒီကပ်ဘေးအားလုံးကနေ၊ ဘယ်သူက ကျွန်တော်တို့ကို တကယ် ကယ်တင်နိုင်လဲ။ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားဖြစ်တဲ့ ကယ်တင်ရှင်ကပဲ ကျွန်တော်တို့ကို ကယ်တင်နိုင်တယ်” ပေါ့။ အဲဒီနောက် လူသားတွေ ဘာကြောင့် မွေးဖွားကြတယ်၊ အိုကြ၊ နာကြ၊ သေကြတယ်၊ ကပ်ဘေးတွေထဲမှာ ဘုရားရဲ့ ကွယ်ကာမှုကို ဘယ်လိုရရှိမယ်၊ စာတန်က လူတွေကို ဘယ်လို ဖောက်ပြန်ပျက်စီးစေတယ်ဆိုတာနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာတွေကို ပြောတဲ့ အသံသွင်းထားတဲ့ တရားဒေသနာတချို့ကို သူတို့အတွက် ဖွင့်ပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပိုဒ်တချို့လည်း ရှိတယ်။ “ဤအရာများသည် အမှန်တရားများ ဖြစ်သည်- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန် အားလုံးအပေါ် တရားစီရင်ပိုင်ခွင့် ရှိခဲ့သည်။ ဤအရာသည် ၎င်းကို ဘုရားသခင် ပေးခဲ့ပြီးဖြစ်သည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ ၎င်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ ပြီးသည့်နောက်၊ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ဆန့်ကျင်လျက် သာ၍ပင် ကြီးမားသော သစ္စာဖောက်မှုကို ပြုခဲ့သည်။ ၎င်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလိုပြီး ဘုရားသခင်၏ ဩဇာအာဏာထက် သာလွန်လိုခဲ့သောကြောင့်၊ ၎င်းက ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ဧဝကို အပြစ်သို့ သွေးဆောင်ခဲ့သည်မှာ ကောင်းကင်တမန်မင်း ဖြစ်ပြီး၊ ၎င်းသည် ၎င်း၏နိုင်ငံကို ကမ္ဘာမြေပေါ် တည်ထောင်လိုပြီး လူသားများအား ဘုရားသခင်ကို ကျောခိုင်းကာ၊ ယင်းအစား ကောင်းကင်တမန်မင်းကို နာခံစေလိုသောကြောင့် ၎င်းက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ များစွာသော အရာတို့က သူ့ကို နာခံနိုင်သည်ကို ကောင်းကင်တမန်မင်းက တွေ့မြင်ခဲ့သည်- ကမ္ဘာမြေပေါ်ရှိ လူတို့က နာခံနိုင်သကဲ့သို့၊ ကောင်းကင်တမန်များက နာခံနိုင်ပေသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည်- အာဒံနှင့် ဧဝတို့ဖြစ်သည့်- လူသား၏ စောင့်ရှောက်မှု အောက်တွင် ရှိသော်လည်း၊ အာဒံနှင့်ဧဝတို့က ကောင်းကင်တမန်မင်းကို နာခံခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာလွန်ရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ရာတွင် နောက်ပိုင်း၌ ဝိညာဉ်ဆိုး အမျိုးမျိုး ဖြစ်လာခဲ့ကြသည့် ကောင်းကင်တမန် အများအပြားကို ဦးဆောင်ခဲ့သည်။ ဤနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်သည် မဟုတ်လော။ ကောင်းကင် တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သောကြောင့်၊ လူသားများသည် ယနေ့ ၎င်းတို့ ဖြစ်သည့်အကျင့်စရိုက်အတိုင်းသာ ဖြစ်ကြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်) “ရှေးဦးစွာ လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းသည် အဘယ်က လာသည်ဆိုသည်နှင့် လူသားက အဘယ်ကြောင့် ဤအရာများကို ခံစားရသည်ဆိုသည်ကို နားလည်ရမည်။ ဤအရာတို့သည် လူသားကို ပထမဆုံး ဖန်ဆင်းသောအချိန်က မတည်ရှိခဲ့ဘူး မဟုတ်လော။ ဤဝေဒနာများသည် အဘယ်ကလာသနည်း။ ဤဝေဒနာများသည် လူသားက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင်၊ ကိုယ်ကျင့်တရား ပျက်လာပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသည်။ လူ့ဇာတိပကတိ၏ ဝေဒနာ၊ ဒုက္ခများ၊ အနှစ်မဲ့ခြင်းနှင့် လူ့ကမ္ဘာတွင်ရှိသော အသုံးမကျသောအရာများအားလုံးသည် စာတန်က လူသားကို ဖျက်ဆီးပြီးနောက်တွင် ပေါ်ပေါက်လာသည်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် စာတန်သည် လူသားအား စတင်ညှဉ်းပန်းသည်။ ထို့ကြောင့် လူသားသည် ပို၍ပင် ပြိုလဲသွားသည်။ သူ၏ နာမကျန်းဖြစ်ခြင်းသည် အစဉ်ပို၍ ဆိုးဝါးလာသည်။ သူ၏ ဝေဒနာသည် အစဉ်ပို၍ ကြီးမားလာသည်။ ပြီးလျှင် ကမ္ဘာလောကသည် အနှစ်မရှိသကဲ့သို့ စိတ်ဆင်းရဲဖွယ် ဖြစ်ကြောင်း၊ ဤကမ္ဘာတွင် ရှင်သန်ရန် မဖြစ်နိုင်ကြောင်း၊ ဤကမ္ဘာတွင် အသက်ရှင်ရသည်မှာ ပို၍ မျှော်လင့်ချက် မဲ့လာကြောင်းတို့ကို လူသားက ပို၍ ခံစားရသည်။ ထို့ကြောင့် ဤဝေဒနာအားလုံးကို စာတန်က လူသားအပေါ် သယ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စာတန်က လူသားကို ဖျက်ဆီးကာ လူသားတို့ ကိုယ်ကျင့်တရား ပျက်လာပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်) “ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅)) ဒီစကားတွေကို သူတို့ နားထောင်ပြီး ကောင်းတယ်လို့ တွေးကြတယ်။ လူတချို့က ပြောတယ်၊ “ငါတို့ အဲဒီလိုစကားတွေကို အရင်က မကြားဖူးဘူး။ အရမ်းကောင်းတာပဲ၊ အရမ်းတို့ထိစရာဖြစ်တယ်”တဲ့။ တချို့က ပြောကြတယ်။ “ငါတို့ကို ဒီဧဝံဂေလိတရား လာဝေမျှပေးပြီး ဘုရားအသံတော် ကြားခွင့်ပေးတဲ့ အတွက် အရမ်းကျေးဇူးတင်တယ်”တဲ့။ ပြီးတော့ တခြားလူတွေကလည်း၊ “ခင်ဗျားတို့ နောက်တစ်ခေါက် ထပ်လာဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြတယ်။ အဲဒီလူဆယ်ယောက်က အဲဒီနေ့မှာ ဧဝံဂေလိကို နားထောင်ပြီးတော့ လက်ခံခဲ့ကြတယ်။ အဲဒီညနေမှာ ကျွန်တော်တို့ ပြန်လာမယ်လို့ သူတို့ကို ကျွန်တော် ပြောပြီး၊ သူတို့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကိုလည်း ခေါ်လာခဲ့ဖို့ တိုက်တွန်းခဲ့တယ်။ အဲဒီညနေမှာ နောက်ထပ် လူတစ်ဒါဇင်ကျော် သူတို့ ခေါ်လာကြတယ်။ အသံသွင်းထားတဲ့ တရားဒေသနာတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကြားပြီးတော့ အဲဒီလူတွေအားလုံးက ဧဝံဂေလိကို လက်ခံခဲ့ကြပြီး၊ ညနေပိုင်းတွေမှာ အချိန်ရတဲ့အခါ လာနားထောင်ကြမယ်လို့ ကတိပေးကြတယ်။ ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ အဲဒီအချိန်ကစပြီး၊ အချိန်ရတိုင်း နေ့ခင်းအချိန်အတောအတွင်းမှာ ကျွန်တော်တို့ ဆက်တရားဟောခဲ့ကြပြီး၊ ညဘက်မှာ သူတို့ကို ရေလောင်းပေးခဲ့ကြတယ်။ ရေလောင်းပြီးတော့ ကိုယ့်တာဝန်ကျရာနေရာတွေဆီ တိတ်တိတ်လေးပြန်သွားကြတယ်။ အဲဒီလို တစ်လနီးပါကြာသွားပြီးတဲ့နောက်မှာ၊ သူတို့အားလုံးက သူတို့ရဲ့ စုဝေးပွဲတွေမှာ အရမ်းတည်ငြိမ်သွားကြပြီး တကယ် ပါဝင်ကြတယ်။ တခြားလူတွေကိုလည်း တရားဒေသနာတွေ နားထောင်ဖို့ ခေါ်လာကြတယ်။ ဧဝံဂေလိတရားကို လက်ခံတဲ့လူတွေ ပိုပိုများလာတယ်။ ဒီရလဒ်ကို မြင်တော့၊ ကျွန်တော် တကယ် ဝမ်းသာပြီး တကယ်စိတ်လှုပ်ရှားခဲ့ရတယ်။ ရှေ့တန်းမှာ ဧဝံဂေလိ ကျွန်တော် ဟောပြီး အဲဒီအရပ်သားတွေကို ဘုရားဆီ ခေါ်ဆောင်နိုင်စွမ်းက ဘုရားရဲ့လမ်းပြမှုကြောင့်သက်သက်ဖြစ်ပြီး၊ ကျွန်တော် တကယ်ကို စိတ်အေးချမ်းသွားတယ်။
တစ်ညနေမှာ၊ ယုံကြည်သူသစ်တွေကို ရေလောင်းပေးဖို့ အခြေချစခန်းဆီ ကျွန်တော် သွားတယ်။ ပြန်လာတဲ့လမ်းမှာ၊ ညကြည့်ကိရိယာတွေနဲ့ ကင်းလှည့်နေတဲ့ တပ်ခွဲဗိုလ်တစ်ယောက်နဲ့ ဆုံတယ်။ သူက ကျွန်တော့်ကို ရှာတွေ့သွားပြီး၊ သူတို့ကို အလစ်ချောင်းတိုက်ဖို့လာတဲ့ ရန်သူတစ်ယောက်အထင်နဲ့ ကျွန်တော့်ကို ဖမ်းဖို့ စစ်သားတချို့ကို စုလိုက်တယ်။ သူတို့ သေနတ်နဲ့ပစ်တော့မဲ့အချိန်မှာပဲ၊ ကျွန်တော် အမြန် အော်ခေါ်လိုက်တယ်။ ညီအစ်ကို ရှော်န်က ကျွန်တော့်ကို မှတ်မိသွားတယ်၊ မဟုတ်ရင် သူတို့က ပစ်တော့မှာ။ နောက်တစ်နေ့မှာ ညီအစ်ကို ရှော်န်က ကျွန်တော့်ကို ပြောတယ်။ “မင်း မနေ့ညက အပစ်ခံရတော့မလို့။ မင်းအသံကို ငါ မှတ်မိတာ ကံကောင်းတယ်”တဲ့။ အဲဒါကိုကြားတော့ ကျွန်တော် တကယ် တို့ထိခံရပြီး၊ ကျွန်တော် ဆုတောင်းပြီး ဘုရားသခင်ရဲ့ ကွယ်ကာမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကို ကျွန်တော် တွေးမိတယ်။ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားက အရာရာကို အုပ်စိုးပြီး ထိန်းချုပ်တာကို ကျွန်တော် မြင်ခဲ့ရတယ်။ လူတွေရဲ့ စိတ်နှလုံးနဲ့ စိတ်ဝိညာဉ်တွေက သူ့လက်ထဲမှာရှိတယ်။ အသက်ရှင်တဲ့အရာဖြစ်စေ၊ သေတဲ့အရာဖြစ်စေ၊ အားလုံးက ဘုရားရဲ့ အကြံအစည်တွေအတိုင်း ရွေ့လျား၊ ပြောင်းလဲကြတာပဲ။ ကျွန်တော်တို့ ရှင်မလား၊ သေမလားဆိုတာကိုလည်း ဘုရားက အုပ်စိုးပြီး စီစဉ်တယ်။ ကျွန်တော့်အဖွဲ့ဝင် စစ်သားတွေက ပြီးခဲ့တဲ့ညမှာ ကျွန်တော့်ကို ပစ်မလား၊ မပစ်ဘူးလားဆိုတာလည်း ဘုရားလက်ထဲမှာရှိတယ်။ ညီအစ်ကို ရှော်န်ကို ကြုံရတာလည်း ဘုရားရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်။ သူက ကျွန်တော့်အသံကို မှတ်မိသွားတယ်။ အဲဒါကြောင့်ပဲ ကျွန်တော့်ကို မပစ်ကြတာ။ ဒီအရာအားလုံးကို ဘုရားက စီမံခဲ့တာပါ။ ဘုရားကို ကျွန်တော် တကယ် ကျေးဇူးတင်ပြီး အရမ်းတို့ထိခံခဲ့ရတယ်။ ကျွန်တော့်အပေါ် ဘုရားမေတ္တာနဲ့ ကွယ်ကာမှုကို နားလည်ခဲ့ရပြီး၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ဘယ်လောက်အံဩစရာဖြစ်တယ်ဆိုတာကိုလည်း မြင်ခဲ့ရတယ်။ အဲဒီနောက်မှာ၊ အဲဒီညီအစ်ကို နှစ်ယောက်နဲ့ ကျွန်တော်က ဧဝံဂေလိဟောဖို့ အခြေချစခန်းကို ဆက်သွားခဲ့ကြတယ်။ လူငါးဆယ်ခုနှစ်ယောက်နဲ့ ကျွန်တော်တို့ ဧဝံဂေလိ ဝေမျှပြီးပြီ။ အားလုံးက အသင်းတော်မှာ ပါဝင်ကြတယ်။ ဘုရားရဲ့ လမ်းပြမှုအတွက် ကျွန်တော် တကယ် ကျေးဇူးတင်တယ်။
နည်းနည်းကြာတော့ အဲဒီနေရာမှာ ဧဝံဂေလိ ဟောတာက တော်တော် ပြီးပြည့်စုံသလောက် ဖြစ်သွားပြီး၊ ဒါနဲ့ပတ်သက်လို့ နောက်ထပ် ဘယ်သွားရမလဲ ကျွန်တော် တွေးတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့ တပ်ဖွဲ့က ရွာနှစ်ရွာရှိတဲ့ နောက်ထပ် အခြေချစခန်းတစ်ခုဆီကို ပြောင်းရွေ့ရဖို့ ဖြစ်သွားတယ်။ နေရာသစ်မှာ ဧဝံဂေလိ ဆက်ဟောနိုင်မှာဖြစ်လို့ ကျွန်တော် တကယ် ဝမ်းသာသွားတယ်။ အဲဒီအခြေချစခန်းက အရမ်းလည်း အန္တရာယ်များတယ်။ ရန်သူ့တပ်တွေက အချိန်မရွေး တိုက်နိုင်တယ်။ ကျွန်တော်တို့ ရောက်တာနဲ့ပဲ မြေမြှုပ်မှိုင်းတွေကို ရှာတွေ့ကြတယ်။ ကျွန်တော် နည်းနည်း ကြောက်သွားတယ်။ ရန်သူ့တပ်တွေက အရပ်သားတွေလို ဟန်ဆောင်ပြီး မထင်မှတ်ဘဲ ပေါ်လာမှာကို ကြောက်တာ။ ကျွန်တော်တို့က လူသိပ်မများရင် ဒါမှမဟုတ် လက်နက်မပါဘဲ တစ်ယောက်ထဲ အပြင်ထွက်ပြီး၊ သူတို့နဲ့ ဆုံရရင်၊ ကျွန်တော်တို့ကို သတ်ဖို့၊ ဒါမှမဟုတ် ဖမ်းဖို့ သူတို့က အခွင့်အရေးကို အမိအရသုံးကြမှာပဲ။ ဒါပေမဲ့ အရင်နေရာက ကြုံရတဲ့ ကျွန်တော့်အတွေ့အကြုံနောက်ပိုင်းမှာ၊ ဘုရားရဲ့ အံ့ဖွယ်လုပ်ဆောင်ချက်တွေကို မြင်ပြီး၊ ဧဝံဂေလိ ဟောတာက ကျွန်တော့်တာဝန်ဖြစ်မှန်း သိခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် အလိုက်သင့် လုပ်ဖို့ လိုတယ်။ အဲဒီအတွေးနဲ့ ကျွန်တော် အရမ်းစိတ်မကျဉ်းကျပ်တော့သလို၊ အချိန်ရတဲ့အခါတိုင်း ဧဝံဂေလိကို ကျွန်တော် ဆက်ပြီး ထွက်ဝေမျှခဲ့တယ်။ အခြေချစခန်းကို သွားတဲ့အခါ၊ အမှုမဲ့အမှတ်မဲ့ မနေရဲဘဲ သေနတ်တွေ ယူသွားကြတယ်။ ရွာလက်ထောက်ခေါင်းဆောင်ကို သူ့ရဲ့ ဇနီး၊ မခင်နဲ့အတူ ကျွန်တော် ဧဝံဂေလိ စဝေမျှတယ်။ သူတို့အတွက် အသံသွင်းထားတဲ့ တရားဒေသနာတွေ ဖွင့်ပေးတယ်။ အဲဒီအသံသွင်းထားတာတွေက အစအဦးမှာ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပုံ၊ လူသားမျိုးနွယ်က စအကျင့်ပျက်လာကြပုံအပြင်၊ နောက်ဆုံးသောကာလရဲ့ ကပ်ဘေးတွေနဲ့ စစ်ပွဲတွေအပြင်၊ ဒါတွေက သခင်ရဲ့ ကြွလာခြင်း နိမိတ်တွေ ဖြစ်ပုံဆိုတာတွေအကြောင်းကို ပြောပြတယ်။ သခင်ယေရှုက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံ ပြန်ကြွလာနှင့်ပြီးပြီ။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ဖြစ်တယ်။ ဆိုးယုတ်မှုကို ကျွန်တော်တို့ ရှောင်ရှားပြီး ကပ်ဘေးတွေကို လွတ်မြောက်နိုင်ဖို့အတွက် သူက သမ္မာတရားကို ဖော်ပြနေတယ်၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်။ ကျွန်တော်တို့အနေနနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရှေ့ကို လာမှပဲ ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံထဲ ဝင်နိုင်တယ်ပေါ့။ သူတို့က ဒီသက်သေခံချက်ကို နားထောင်ပြီး အရမ်းကောင်းတယ်လို့ အားလုံးက ပြောကြတယ်။ ရွာလက်ထောက်ခေါင်းဆောင်က ပြောတယ်။ “နောက်ပိုင်း ထပ်ဖတ်လို့ရအောင် ခင်ဗျားအခုလေးတင် ပြောတဲ့ဟာကိုချရေးဖို့ မှတ်စုစာအုပ်ယူလိုက်ဦးမယ်”တဲ့။ ကျွန်တော် ပြောလိုက်တယ်။ “အဲဒါမစိုးရိမ်ပါနဲ့၊ မနက်ဖြန် ကျွန်တော်တို့ ပြန်လာမှာပါ။ တခြားလူတွေကိုလည်း နားထောင်ဖို့ ခင်ဗျား ဖိတ်ခေါ်ပေးလို့ရမလား” ပေါ့။ သူ ပြန်ပြောတယ်။ “ခင်ဗျား ပြောတာ အရမ်းကောင်းပြီး မှန်တယ်။ ကျွန်တော်က ရွာလက်ထောက်ခေါင်းဆောင်ဖြစ်လို့ ရွာသားတွေကိုလည်း အဲဒါကို နားထောင်ဖို့ ကျွန်တော် ခေါ်သင့်တယ်”တဲ့။ နောက်နေ့မှာ၊ ကျွန်တော်တို့ တရားဒေသနာကို နားထောင်ဖို့ တခြားလူတချို့ကိုလည်း သူ ခေါ်လာတယ်။ နောက်ဆုံးမှာ၊ အဲဒီရွာနှစ်ရွာကနေ လူ ၉၄ ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ဧဝံဂေလိ ဝေမျှပြီး ကျွန်တော့်တာဝန်ကို ဖြည့်ဆည်းနိုင်အောင် အဲဒီနေရာကို သွားဖို့ ကျွန်တော့်ကို စီစဉ်ပေးတဲ့အတွက် ဘုရားကို တကယ် ကျေးဇူးတင်မိတယ်။ ဒါ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းပဲ။ ဘုရားကို အရမ်းကျေးဇူးတင်တယ်လို့ ခံစားခဲ့ရတယ်။
အဲဒါတွေအားလုံးကို ဖြတ်သန်းရတာက လူတွေရဲ့ ကံကြမ္မာတွေအပေါ် ဘုရားအုပ်စိုးတယ်ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အသက်နဲ့ သေခြင်းတွေက သူ့လက်ထဲမှာရှိတယ်ဆိုတဲ့ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံကို ပေးခဲ့တယ်။ ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအပေါ် ပိုပြီးလက်တွေ့ကျတဲ့ သိနားလည်မှုကိုလည်း ကျွန်တော့်ကို ပေးခဲ့တယ်။ အရင်က၊ ရှေ့တန်းမှာ ကျွန်တော် မရောက်သေးတဲ့အချိန်တုန်းက၊ စစ်သားဖြစ်ရတာ အန္တရာယ်များတယ်လို့ သိခဲ့ပြီး၊ ကျွန်တော်ဆုတောင်းပြီး ကိုယ့်အသက်နဲ့ သေခြင်းကို ဘုရားလက်ထဲအပ်ထားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီကို တကယ်ရောက်မသွားခင်ထိ၊ ဘုရားအပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်း နည်းပါးပုံကို မမြင်ခဲ့ဘူး။ အဲဒီနောက် အန္တရာယ်များတဲ့ အခြေအနေကို ကြုံရလို့ ကျွန်တော် ကြောက်ပြီး၊ ယုံကြည်ခြင်း ကင်းမဲ့တဲ့အချိန်တိုင်းမှာ၊ ကျွန်တော့်ကို အားပေးပြီး လမ်းပြခဲ့တာ၊ ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်တွေဖြစ်ပါတယ်။ အဲဒါက ကျွန်တော် နောက်ဆုတ်ပြီး ကိုယ့်တာဝန်ကို မစွန့်ပစ်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းဖြစ်ပါတယ်။ အဲဒီလိုအတွေ့အကြုံမျိုးကို ရှိခွင့်ပေးတဲ့အတွက် ဘုရားကို ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ဘယ်နေရာမှာပဲ ကျွန်တော် အဆုံးသတ်သည်ဖြစ်စေ၊ အဲဒီနေရာက ဘယ်လိုပဲ အန္တရာယ်များပါစေ၊ ဘုရားရဲ့ ဧဝံဂေလိ ဖြန့်တာက ကျွန်တော့်ဘဝရဲ့ တာဝန်ပါ။ ကျွန်တော် ဘုရားကိုယုံကြည်ခြင်း ရှိရမယ်၊ ကိုယ့်စိတ်နှလုံးကို သူ့ဆီ လွှဲအပ်ရမယ်။ ပြီးတော့ ဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို လုပ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။