သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်ပြီ
နောက်ဆုံးသော ကာလ ဘုရားအမှုတော်ကို လက်ခံပြီးတဲ့နောက် တစ်လအကြာမှာ၊ ကျွန်မတို့ အသင်းတော် ခေါင်းဆောင် ကျန်းလင်းက ကျွန်မရဲ့ စိတ်ထက်သန်မှုကို မြင်တော့ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ တာဝန်ပေးခဲ့တယ်။ အဲဒီတုန်းက၊ အသင်းတော်မှာ တစ်လလေးပဲကြာပြီးတဲ့နောက် ခေါင်းဆောင်က ခေါင်းဆောင်မှု ရာထူးပေးလို့ ကျွန်မ အရမ်းဂုဏ်ယူမိခဲ့တယ်။ အဲဒီနောက်၊ တာဝန်ကို ဖြည့်ဆည်းရာမှာ ပိုလို့တောင် အလုပ်ကြိုးစားခဲ့တယ်။
ကျွန်မတို့ အသင်းတော်ရဲ့ အသင်းသားဦးရေ တိုးမြဲတိုးနေလို့၊ အသင်းတော်က နှစ်ခုကွဲသွားခဲ့ပြီး၊ အသင်းတော်နှစ်ပါးထဲက တစ်ပါးရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မအရွေးခံခဲ့ရတယ်။ ကျန်းလင်းက ဒီအသင်းတော်နှစ်ပါးကို ကြီးကြပ်တာ ဖြစ်ပါတယ်။ တစ်ခါမှာ၊ အစ်ကိုလျိုက စည်းဝေးပွဲမှာ ကျန်းလင်းကို မေးတယ်- “ဒီနေ့ ဘယ်ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တွေ ဖတ်ရမလဲ”လို့ပေါ့။ ကျန်းလင်းက ပြုံးလိုက်ပြီး ပြောတယ်- “ဒီနေ့ ဘုရားနှုတ်ကပတ်တော်တွေ ကျွန်တော်တို့ မဖတ်ဘူး- အဲဒီအစား ကျွန်တော်တို့ရဲ့ အတွေ့အကြုံအားလုံးအကြောင်း ဆွေးနွေးကြရအောင်”တဲ့။ အစ်ကိုလျိုက ပြန်ပြောတယ်- “စည်းဝေးပွဲတွေတွင်းမှာ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်တာက အသင်းတော် အသက်တာ စည်းမျဉ်းနဲ့ ဆန့်ကျင်တယ်လေ”တဲ့။ အစ်ကို လျိုပြောလို့တောင် မပြီးခင်မှာ၊ ကျန်းလင်းက သူ့ကို သဘောမကျတဲ့ အကြည့်နဲ့ကြည့်ပြီး ပြောတယ်- “ခင်ဗျားက ဝိညာဉ်ရင့်ကျက်မှု နည်းသလို၊ သမ္မာတရားကို နားမလည်ဘူး၊ ဒါကြောင့် ခင်ဗျားကို အကူအညီပေးဖို့ ကျွန်တော်ဒီမှာ ရှိနေတာ။ ဒါက ခင်ဗျားရဲ့ အသက်ဝင်ရောက်မှုအတွက် လည်းအကျိုးရှိမယ်လို့ ထင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အိမ်မှာ အမြဲ ဖတ်လို့ရတယ်။ ဒါပေမယ့်၊ အဖွဲ့တွေမှာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို ဆွေးနွေးပြီး တခြားသူတွေရဲ့ အတွေ့အကြုံကနေ သင်ယူသင့်တယ်။ ဒါက ကျွန်တော်တို့ရဲ့ အသက်ဝင်ရောက်မှုကို မြန်စေမှာပဲ။ ခင်ဗျားက ကျွန်တော်ပြောတာကို နားမထောင်သလို ဩဝါဒတောင် ပေးဖို့ ကြိုးစားတယ်၊ ခင်ဗျား လုပ်သမျှက နှောင့်ယှက်ဖို့ပဲ။ ထပ်လုပ်ကြည့်၊ ဒါ ခင်ဗျားရဲ့ နောက်ဆုံးစုဝေးပွဲဖြစ်သွားမယ်”တဲ့။ အစ်ကို လျိုက ခေါင်းငုံ့ပြီး ငြိမ်နေလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မကိုယ့်ဘာသာ တွေးမိတယ်- “စုဝေးပွဲတွေမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားအကြောင်း မိတ်သဟာယပြုသင့်တယ်။ ငါတို့ ပြောတာကို ဘုရား နှုတ်ကပတ်တော်တွေအပေါ် အမြဲ အခြေပြုသင့်တယ်။ ဒါက ကျွန်မတို့ အသင်းတော် အသက်တာ စည်းမျဉ်းတစ်ခုပဲလေ။ ဒီတော့ ကျန်းလင်းက ဘုရားနှုတ်ကပတ်တော်တွေကို စုဝေးပွဲအတွင်းမှာ မဖတ်ခြင်းအားဖြင့် စည်းမျဉ်းတွေကို ဆန့်ကျင်တာ မဟုတ်လား။ သူက ကျွန်မတို့ရဲ့ အသက်ဝင်ရောက်မှုအတွက် အဲဒါကို လုပ်နေတာလို့ ကြီးကြီးကျယ်ကျယ်တောင် ပြောလိုက်သေးတယ်။ ဒါက မျက်နှာပြောင်တိုက်တဲ့ အလိမ်အညာပဲ” လို့ပေါ့။ ဒီအရာနဲ့ပတ်သက်လို့ သုံးသပ်ရင်းနဲ့ ကျွန်မနည်းနည်း ဒေါသထွက်သွားတယ်၊ ဒါကြောင့် သူနဲ့ ကြိုးစားပြီး မိတ်သဟာယပြုကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့လန့်စရာ မှုန်ကုပ်ကုပ်မျက်နှာကို မြင်လိုက်ရတဲ့အခါ၊ ပါးစပ်ပိတ်ထားလိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မ ဒီအတိုင်း တွေးမိတယ်- “သူက ငါ့ကို အမြဲ အထင်ကြီးလေးစားတာ- သူ့ပြဿနာကို ငါထောက်ပြပြီး သူ စိတ်အနှောင့်အယှက်ဖြစ်သွားရင်၊ ငါကကျေးဇူးမသိတတ်သလို ကိုယ့်အတွက် ဘာကောင်းတယ်ဆိုတာ မသိဘူးလို့ သူပြောမှာ မဟုတ်လား” လို့ပေါ့။ ကျွန်မတွေးမိတာက၊ “ထားလိုက်ပါ၊ သူ စိတ်ဆိုးနေတုန်း ဘာမှမပြောတာ အကောင်းဆုံးပဲ။ အစ်ကို လျိုကို ဆက်ဆံသလို သူ ငါ့ကို ဆက်ဆံပြီး ငါ့ကို တကယ်ဆူချင်ဆူမှာ။ အသင်းတော် အသက်တာ နှောင့်ယှက်တဲ့အတွက် ငါ အမှတ်လျှော့ခံရရင်၊ ငါ့ရဲ့ ခေါင်းဆောင်ရာထူး ဆုံးရှုံးရုံမက၊ စုဝေးပွဲတွေကနေတောင် ပိတ်ပင်ခံရချင် ခံရမှာ”လို့ပေါ့။
နှစ်လကြာပြီးတဲ့နောက်၊ တခြားအသင်းတော်မှာ တက်ရောက်တဲ့ ညီမကျန်းနဲ့ ဆုံရတယ်။ ကျန်းလင်းက သင်းထောက်နှစ်ယောက်ကို ထင်ရာမြင်ရာ ထုတ်ပစ်ပြီး အစားထိုးလိုက်သလို၊ ညီအစ်ကို မောင်နှမတွေကို ရေလောင်းပေးဖို့ ဆွေမျိုးတစ်ယောက်ကို တာဝန်ပေးခဲ့ပေမယ့် အဲဒီ ဆွေမျိုးက သမ္မာတရားကို အားမထုတ်သလို ဘုရားနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ အတွေ့အကြုံနဲ့ သိနားလည်မှု မရှိလို့၊ ဘယ်သူကမှ စုဝေးပွဲတွေကနေ ဘာတစ်ခုမှ မရကြဘူးလို့ စိတ်ပျက်လက်ပျက်နဲ့ ကျွန်မကို ပြောပြတယ်။ ညီမကျန်းက ပြောသေးတယ်၊ သူ အကြံပေးဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီဆွေမျိုးက လက်မခံခဲ့သလို၊ ညီမကျန်းက သူ့ကို ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့တောင် ပြောခဲ့တယ်။ ကျန်းလင်းက သိသွားတော့ ညီမကျန်းရဲ့ အဖွဲ့ထဲက ညီအစ်ကို မောင်နှမတွေက အသင်းတော် အသက်တာကို နှောင့်ယှက်နေပြီး သူတို့ရဲ့ လုပ်ရပ်တွေကို ဆင်ခြင်သင့်တယ်လို့ ပြောခဲ့တယ်ဆိုပြီးလည်း ညီမကျင်းက ကျွန်မကို ပြောပြခဲ့တယ်။ အဲဒီလိုနဲ့ သူက သူတို့ကို အသင်းတော်ကနေ အဆက်အသွယ်ဖြတ်ပြီး၊ စုခွင့်မပေးတော့သလို၊ ဘုရားရဲ့ နောက်ဆုံး တရားဒေသနာတွေကို သူတို့ကို မပေးတော့ဘူး။ ညီအစ်ကို မောင်နှမတွေက သူတို့လိုအပ်တဲ့ အထောက်အပံ့တွေ မရနိုင်တော့ဘူး။ ဒါက အသင်းတော် အခြေခံသဘောတရားတွေကို ချိုးဖောက်နေတာ မဟုတ်လား။ အဲဒီနောက် မျက်လုံးတွေမှာ မျက်ရည်အပြည့်နဲ့ ညီမကျန်းက ဒီကိစ္စကို ကူဖြေရှင်းပေးဖို့ ကျွန်မတစ်ခုခု လုပ်ပေးနိုင်မလားလို့ ကျွန်မကို မေးတယ်။ ညီမကျန်းကို အဲဒီလို တွေ့ရတာက ကျွန်မကို အံ့အားသင့်စေပြီး အရမ်း စိတ်မကောင်းဖြစ်စေတယ်။ အရင်နှစ်လကပဲ အသင်းတော် ခွဲပြီးတဲ့နောက်မှ ကိစ္စတွေက ဘယ်လိုဖြစ်ပြီး အရမ်းကို မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့ရတာလဲ။ ဘာလုပ်ရမလဲ ကျွန်မလည်း မသိဘူး။ ကြားဝင်ဖို့အတွက်တော့- သူ့အသင်းတော်ရဲ့ အလုပ်ကို ကျွန်မကြီးကြပ်တာလဲမဟုတ်သလို အသေးစိတ် အချက်တွေကို မသိဘူးလေ။ အခြေအနေကို ကျွန်မ မဖြေရှင်းရင်၊ ဝေဖန်ခံရနိုင်တယ်။ ကျန်းလင်းက သိသွားရင်၊ ကျွန်မကို သူ ဘာလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ ဒါကြောင့် ကျွန်မ တွေးမိတယ်၊ “အထက်ပိုင်းက ခေါင်းဆောင်တွေ ရောက်လာပြီး သူနဲ့ ဆွေးနွေးတာကိုပဲ စောင့်လိုက်ရင်ရော”လို့ပေါ့။ လူတိုင်းအတွက် စိတ်အနှောင့်အယှက် အနည်းဆုံးဖြစ်တဲ့ နည်းလမ်းကို သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ညီမကျန်းကို ပြောလိုက်တယ်၊ “အထက်ခေါင်းဆောင် ဒီကို လာလည်တဲ့အခါ၊ သူနဲ့ ဆွေးနွေးလိုက်ပါ့မယ်။ ခေါင်းဆောင်က သမ္မာတရားကို နားလည်ပြီး ပြဿနာတွေရဲ့ အဓိကအချက်ကို မြင်တယ်။ ကျွန်မထက် သူက ညီမကို ပိုကူညီနိုင်တယ်”လို့ပေါ့။ ဒါပေမယ့် ညီမကျန်းက၊ “ဒါက နောက်နေ့ကို စောင့်လို့မရဘူး။ ပြဿနာနဲ့ပတ်သက်လို့ အကြောင်းကြားဖို့ အထက်ခေါင်းဆောင်တွေဆီ စာတစ်စောင် အစ်မ ရေးပေးလို့ရတာပဲ”လို့ မြန်မြန် ပြန်ဖြေတယ်။ ညီမကျန်းရဲ့ အလေးအနက် တောင်းပန်မှုက ကျွန်မကို မပြတ်မသား ဖြစ်စေတယ်။ တစ်ဖက်မှာ၊ အထက်ခေါင်းဆောင်တွေဆီ ကျွန်မအကြောင်းမကြားရင်၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေ ထိခိုက်သွားမှာ။ ဒါပေမယ့် အကြောင်းကြားရင်၊ ကျန်းလင်းက ဝေဖန်တာကို လက်မခံတတ်သလို၊ သူ့ကို မေးခွန်းထုတ်တဲ့ ဘယ်သူမဆိုကို ဖိနှိပ်မှာ ကျွန်မ သိတယ်လေ။ ဒါကြောင့် အထက်ခေါင်းဆောင်တွေဆီ ကျွန်မ အကြောင်းကြားတာ သူသိသွားတာနဲ့တစ်ပြိုင်နက်၊ သူ့ဆီက အစ်ကို လျို ရခဲ့တာထက် အများကြီး ပိုပြင်းထန်တဲ့ ဆက်ဆံရေးကို ကျွန်မရမှာ။ ပိုလို့တောင် ဆိုးရွားတဲ့ အပြစ်အတွက် သူ ကျွန်မကို နှိမ်ချင်နှိမ်မှာ။ ကျွန်မ ချီတုံချတုံဖြစ်ပြီး မသေမချာ ဖြစ်နေပုံကို ညီမကျန်းက မြင်တော့၊ ညင်ညင်သာသာ ခေါင်းခါပြီး ကျွန်မဆီက ထွက်သွားတယ်။ ညီမကျန်းရဲ့ မျက်နှာပေါ်က စိတ်ပျက်၊ စိတ်ထိခိုက်ပြီး အကူအညီမဲ့နေတဲ့ အကြည့်က ကျွန်မရင်ကို ဓားတစ်ချောင်း ထိုးသွင်းခံလိုက်ရသလို ခံစားရတယ်။ အဲဒီခံစားချက်ကို စကားတွေနဲ့တောင် ကျွန်မ မပြောတတ်ဘူး။ အရမ်းစိတ်ဓာတ်ကျရင်းနဲ့ ကျွန်မ အိမ်ပြန်သွားခဲ့တယ်။ ညစာတောင် မစားနိုင်ခဲ့ဘူး။ အဲဒီည၊ အိပ်ရာထဲမှာ လူးလှိမ့်ရင်းနဲ့ မအိပ်နိုင်ခဲ့ဘူး။ ကျွန်မတွေးနိုင်သမျှက ညီမကျန်း မျက်နှာပေါ်က နာကျင်၊ စိတ်ပျက်တဲ့ အမူအရာပဲဖြစ်တယ်။ ဒါကြောင့် ဘုရားရှေ့ကို ကျွန်မ ဆုတောင်းခြင်းနဲ့ သွားတယ်။ အဲဒီနောက် “ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပါ။ ဘယ်လမ်းကြောင်းက ကိုယ်တော်ရဲ့ အလိုတော်နဲ့ ညီပါသလဲ”လို့ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော် စာပိုဒ်ကို တွေ့ခဲ့ရတယ်။ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ဤအရာကို သေချာစွာ စိစစ်ကြစို့။ ဤလူသည် လူ့သဘာဝ မရှိဟု လူတို့ပြောဆိုသည်အထိ ဤလူသည် မည်သည့် ပျောက်ဆုံးသော လူ့သဘာဝကို ပြသနေသနည်း။ ထိုသို့သော လူများသည် မည်သည့် ထူးခြားသော လက္ခဏာရပ်များ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် မည်သည့် သရုပ်သကန်များ အတိအကျကို ပြကြသနည်း။ ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ၎င်းတို့သည် အခြားသောသူတို့က နှောင့်ယှက်ခြင်းများနှင့် အတားအဆီးများ ဖြစ်စေလျက်ရှိကြသည်ကို တွေ့မြင်သော်လည်း၊ ထိုသူတို့ကို တားဆီးရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့ကိုယ်တိုင်၏ ဝတ္တရားများနှင့် တာဝန်များနှင့် ပတ်သက်၍လည်း မစဉ်းစားကြချေ။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ သိက္ခာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သရေတို့အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်းကာ အားအင်ကို အသုံးပြုကြသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ရုတ်တရက် အသိတရား ရသွားစေခဲ့တယ်။ ဘုရားအိမ်တော် ဒါမှမဟုတ် တခြား ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအပေါ် နည်းနည်းမှမတွေးဘဲ၊ တာဝန်မယူသလို ကိုယ့်ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကိုပဲ တွေးကြသူတွေဟာ လက်ရှောင်တတ်တဲ့ သဘောထားရှိတဲ့ သူတို့တွေက အသိစိတ်၊ ဆင်ခြင်တုံတရား မရှိသလို တကယ်ကို တစ်ကိုယ်ကောင်း ဆန်ပြီး အောက်တန်းကျတယ်။ ကျွန်မက အဲဒီလို လူပဲ မဟုတ်လား။ ကျန်းလင်းက ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခွင့်မပေးသလို၊ အကြံပေးတဲ့အတွက် အစ်ကိုလျိုကို သူ ကြိမ်းမောင်းခဲ့တဲ့အချိန်မှာ သူဟာ အသင်းတော် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး သမ္မာတရားကို ငြင်းပယ်နေတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ ကျွန်မရပ်တည်ပြီး သူ့ကို ဖော်ထုတ်သင့်ပေမယ့်၊ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ခဲ့ဘူး၊ ဒါကြောင့် မှန်တာကို ကိုယ့်ဘာသာတောင် မပြောနိုင်ခဲ့ဘူး။ ကျန်းလင်းက သူ့သဘောအတိုင်း လူတွေကို ထုတ်ပယ်ပြီး သူ့အမျိုးတွေကို အရေးကြီးတဲ့ တာဝန်ဖြည့်ဆည်းဖို့ ရွေးခဲ့တာ၊ သူ့ဆွေမျိုးကို အကြံပေးတဲ့သူ ဘယ်သူမဆိုကို ဖိနှိပ်ပြီး ဘုရားနှုတ်ကပတ်တော်တွေ မပို့တာ ကြားတော့၊ အဲဒါကို ကျွန်မ စစ်ဆေးပြီး အထက် ခေါင်းဆောင်တွေဆီ ပြောပြသင့်တယ်။ ဒါပေမယ့် ကျန်းလင်းကို ကြောက်လို့ ကိုယ့်တာဝန်ကို မလုပ်ခဲ့ဘူး။ အထက်ခေါင်းဆောင်က ကိုင်တွယ်မှာပဲလို့ မျှော်လင့်ရင်းနဲ့ တာဝန်ကို ရှောင်ရှားခဲ့တယ်။ ညီအစ်ကို မောင်နှမတွေ ဘောင်ခတ်ခံရတာ၊ သူတို့ရဲ့ အသင်းတော် အသက်တာ ဆုံးရှုံးတာ၊ ဘုရားရဲ့ အသစ်လွင်ဆုံး နှုတ်ကပတ်တော်တွေကို ဝင်ကြည့်လို့မရသလို ပူပင်သောကဒဏ်နဲ့ အသက်ရှင်ကြတာကို မြင်ခဲ့ပေမယ့်၊ သူတို့ရဲ့ အသက်ဝင်ရောက်မှု၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းတာတွေ နည်းနည်းမှ ကျွန်မ မတွေးခဲ့ဘဲ ကိုယ့်ရဲ့ အကျိုးစီးပွားနဲ့ အနာဂတ် အလားအလာတွေကိုပဲ စဉ်းစားမိခဲ့တယ်။ ကျွန်မ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ခဲ့တယ်၊ အသိတရားနဲ့ ဆင်ခြင်တုံတရား ဘယ်လို ကင်းမဲ့ခဲ့တယ် ဆိုတာကို သဘောပေါက်သွားတယ်။ ညီအစ်ကို မောင်နှမတွေကို တည့်တည့်ကြည့်ဖို့ အရမ်း ရှက်မိတယ်။
နောက်ပိုင်းမှာ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်”ထဲက ခြောက်ခုမြောက် အမိန့်ကို အမှတ်မထင် တွေ့ခဲ့တယ်။ “လူ ပြုသင့်သောအရာကို ပြုပြီး၊ သင်၏ဝတ္တရားများကို ဆောင်ရွက်ကာ သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး၊ သင်၏ တာဝန် စောင့်ထိန်းလော့။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ဘုရားသခင်၏ အမှုအဖို့ သင်၏ ဖြည့်ဆည်းမှုကို သင် ပြုသင့်ပေသည်။ သင် ဖြည့်ဆည်းမှု မပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့ မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အိမ်ထောင်စုတွင် အသက်ရှင်ဖို့ မသင့်တော်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒီစာပိုဒ်ကို ဖတ်ပြီးတဲ့နောက်၊ အရမ်း အပြစ်ရှိသလို ခံစားရတယ်။ ကျွန်မက ဘုရားရဲ့ အဖန်ဆင်းခံဖြစ်ပြီး သူ့နှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုကို အများကြီး ခံစားရပြီးပြီ။ ဘုရားနဲ့အတူ ကျွန်မ သေချာပေါက် ရပ်တည်သင့်တယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို စောင့်ရှောက်ပြီး၊ ညီအစ်ကို မောင်နှမတွေကို ကာကွယ်ပေးသင့်တယ်။ ဒါပေမယ့် ကျန်းလင်းနဲ့ သူ့ရဲ့ အာဏာ အလွဲသုံးစားလုပ်တာကို ကြောက်ခဲ့ပြီး၊ ကျွန်မရဲ့ ခေါင်းဆောင်ရာထူး ဆုံးရှုံးမှာ စိုးလို့ ကိုယ့်တာဝန်ကို ခေါင်းရှောင်ခဲ့တယ်။ ဘုရားကို မဟုတ်ဘဲ၊ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ စိုးရိမ်ခဲ့တယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ ကျွန်မကို ယုံကြည်သူလို့ မခေါ်ထိုက်ပုံကို ကျွန်မ မြင်ရတယ်။ ဒီအရာအားလုံးကို သဘောပေါက်သွားတော့၊ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်လို့ မရတော့သလို ကိုယ့်ကိုယ်ကိုယ်ကိုပဲ စဉ်းစားလို့ မရတော့မှန်း သိလိုက်တယ်။ ညီမကျန်းနဲ့ တခြားလူတွေ ဘုရားရဲ့ နောက်ဆုံး နှုတ်ကပတ်တော်တွေ မရလို့၊ သူတို့ရဲ့ ဝိညာဉ်ရေးရာ အထောက်အပံ့က ဖြတ်တောက်ခံခဲ့ရတယ်လေ။ ကျွန်မတာဝန်ယူပြီး သူတို့ကို ကူညီဖို့ လိုတယ်။ နောက်နေ့မှာ၊ ညီမကျန်း ပြောခဲ့သမျှက တကယ်မှန်တယ်ဆိုတာကို အတည်ပြုရအောင် ကျန်းလင်းရဲ့ အခြေအနေနဲ့ပတ်သက်လို့ လေ့လာဖို့ ညီမကျန်းရဲ့ စုဝေးပွဲလုပ်တဲ့ နေရာကို ကျွန်မသွားခဲ့တယ်။ အဲဒီနောက် အထက်ခေါင်းဆောင်ဆီ အဲဒါနဲ့ပတ်သက်ပြီး စာတစ်စောင် ရေးခဲ့တယ်။ ညီမကျန်းနဲ့ တခြားသူတွေဆီ ဘုရားရဲ့ အသစ်လွင်ဆုံး နှုတ်ကပတ်တော်တွေကိုလည်း ပို့ပြီး၊ ကျွန်မတို့ စုဝေးပွဲ အတူ လုပ်ခဲ့ကြတယ်။
နောက်ပိုင်းမှာ၊ ညီမကျန်းရဲ့ အဖွဲ့နဲ့ ကျွန်မ စုဝေးခဲ့တာ ကျန်းလင်းက သိသွားတော့၊ အရမ်း စိတ်ဆိုးသွားတယ်။ တစ်နေ့ ည ၆ နာရီလောက်မှာ၊ ကျွန်မအိမ်ကို သူက အစ်မကြီးတစ်ယောက်ကို လွှတ်ပြီး ကျွန်မက တခြားအသင်းသားတွေနဲ့ တိတ်တဆိတ် အဆက်အဆံလုပ်ခဲ့ပြီး၊ အရမ်းမာနထောင်လွှားသလို ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်နေလို့ ပြစ်မှု ရှစ်ခုအတွက် သတ်မှတ်ခံရတယ်လို့ ပြောခိုင်းတယ်။ သူက ကျွန်မ တာဝန်ထမ်းဆောင်တာကို ပိတ်ပင်လိုက်ပြီးကျွန်မကို တိုင်ကြားပြီး ဖော်ထုတ်ဖို့ အသင်းတော်နှစ်ခုလုံးက သင်းထောက်တွေ၊ ခေါင်းဆောင်တွေနဲ့ စည်းဝေးဖို့လည်းလုပ်တယ်။ အစ်မကြီး လက်ဆင့်ကမ်းပေးလိုက်တဲ့ စာက ကျွန်မကို တကယ် အံ့အားသင့်စေခဲ့တယ်- ကျွန်မ သူ့ကို တိုင်ကြားခဲ့တာ ကျန်းလင်းက သိခဲ့တာများလား။ ကျွန်မကို ဖော်ထုတ်ဖို့နဲ့ပဲ အသင်းတော် နှစ်ခုလုံးက ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ သူ တကယ် စည်းဝေးခဲ့တာလား။ ကျွန်မကို အသင်းတော်ကနေ နှင်ထုတ်ကြတော့မှာလားပေါ့။ တကယ်နှင်ထုတ်ရင်၊ ကျွန်မ ကယ်တင်ခံရမယ့် အခွင့်အရေး ရှိသေးရဲ့လား။ ဒီအတွေးက ကျွန်မကို စိတ်ပျက်သွားစေခဲ့ပြီး၊ အရမ်းအားနည်းစေသလို ဘာလုပ်သင့်တယ်ဆိုတာ မသိခဲ့ဘူး။ နောက်နေ့မှာ ညီမကျန်းရဲ့ စုဝေးပွဲအချိန် နောက်တစ်ခါကျလာခဲ့ပြီး၊ ကျွန်မစိတ်တွေ အရမ်းလှုပ်ရှားနေတယ်။ ကျန်းလင်းကကျွန်မ တာဝန်ထမ်းဆောင်တာကို လူသိရှင်ကြား ပိတ်ပင်နှင့်ခဲ့ပြီဆိုတော့၊ စုဝေးပွဲကို ကျွန်မ တကယ်တက်ရောက်ခဲ့ရရင်၊ ကျန်းလင်းသိသွားရင် သူ ကျွန်မကို ဘယ်ပြစ်မှုနဲ့ နှိမ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ လောလောဆယ် သည်အတိုင်းဆက်နေတာ ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် အိမ်မှာ နေပြီး အသင်းတော် အသက်တာကို ကျွန်မ ဆုံးရှုံးခဲ့တယ်။ ကျွန်မ စိတ်နှလုံးက အနှစ်မဲ့သလို ခံစားရပြီး စားလို့၊ အိပ်လို့ကို မရတော့ဘူး။ ရောက်တတ်ရာရာ ကြုံရာလုပ်ပြီး သောကရောက်သလို စိတ်ဆင်းရဲခဲ့ရတယ်။ နောက်ထပ် ဆက်ရက်လောက် ကြာပြီးတဲ့နောက်၊ အသင်းတော်က ဘုရားရဲ့ အသစ်လွင်ဆုံး မိတ်သဟာယကို ထုတ်လွှင့်ခဲ့တယ်။ ကျွန်မကိုယ့်ဘာသာ တွေးမိတယ်၊ ကျန်းလင်းက ညီမကျန်းရဲ့ စုဝေးပွဲနေရာက ညီအစ်ကို မောင်နှမတွေကို ဖိနှိပ်နေတယ်- သူတို့က စုဝေးလို့ မရသလို၊ အသစ်လွင်ဆုံး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လို့မရဘူး။ သူတို့ဆီ ဘုရားနှုတ်ကပတ်တော်တွေကို ငါ အမြန်ဆုံး ပို့သင့်တယ်လို့ပေါ့။ ဒါပေမယ့် ကျွန်မသွားခဲ့တာ ကျန်းလင်း သိသွားပြီး နောက်ထပ်ချိုးဖောက်မှုအတွက် ကျွန်မကို မှတ်ထားခဲ့ရင်၊ အသင်းတော်ကနေ ကျွန်မ နှင်ထုတ်ခံရပြီး ဘုရားအိမ်တော်နဲ့ အဆက်အသွယ် ပြတ်သွားမှာပဲလို့လည်း တွေးမိတယ်။ ကျွန်မ စိတ်ပိုင်းဖြတ်နိုင်မယ့်ပုံကို မပေါ်ဘူး။ ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာ၊ ညီမကျန်းဆီ ဘုရားနှုတ်ကပတ်တော်တွေကို မပို့တာ ပိုကောင်းမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ နောက်နှစ်ရက်အကြာမှာ၊ ဖုတ်ကောင်လို ကျွန်မ ဟိုဟိုသည်သည် သွားနေခဲ့ပြီး ဘာတစ်ခုကိုမှ လုပ်ချင်စိတ်မရှိဘူး။ ညီမကျန်းနဲ့ တခြားလူတွေအဖို့ ဘုရားရဲ့ နောက်ဆုံးနှုတ်ကပတ်တော်တွေ ငြင်းပယ်ခံရတာ တွေးမိတိုင်း၊ ကျွန်မလိုပဲ သူတိုလည်း တကယ် ဆင်းရဲဒုက္ခခံစားနေရမှာပဲလို့ တွေးမိတယ်။ ကျွန်မ အရမ်းကိုပဲ အပြစ်ရှိသလို ခံစားရတယ်။
နောက်ပိုင်းမှာ၊ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် တွေခဲ့တယ်။ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။...သင်သည် အမှန်တကယ်ထင်သည့်အရာကို မည်သည့်အခါမျှ မပြောပေ။ အားလုံးကို သင်၏ ဦးနှောက်က၊ သင်၏ စိတ်ထဲတွင် ကြိုတင် တည်းဖြတ်ပြင်ဆင်ထားသည်။ သင်ပြောသမျှအရာတိုင်းသည် မုသားဖြစ်သည်။ အမှန်တရားများနှင့် ဆန့်ကျင်သည်။ အားလုံးက သင်၏ ကိုယ်ပိုင် အတုအယောင်ကာကွယ်မှုတွင်ရှိပြီး သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက်ဖြစ်သည်။ လူအချို့သည် အယုံသွင်းခံရပြီး ဤသည်မှာ သင့်အတွက် လုံလောက်သည်။ သင်၏ စကားများနှင့် လုပ်ရပ်များသည် သင်၏ ရည်ရွယ်ချက်များကို ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ရှိသည့်အရာဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်သဘောထားများဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ်တွင် သင်သည် ဩဇာမရှိပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်မပြောဆိုနိုင်ပေ၊ သို့မဟုတ် သင်အမှန်တကယ်ထင်သည့်အရာကို မပြောနိုင်ပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်အလိုရှိလျှင်ပင် သင်၏ တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ သင်ပြောသမျှ၊ လုပ်သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ အရာတိုင်းသည် မုသားဖြစ်သည်။ သင်သည် ပေါ့ပေါ့တန်တန်နိုင်ပြီး ဝတ်ကျေတမ်းကျေလုပ်သည်။ သိသာထင်ရှားစွာပင်၊ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိနိုင်သည်။ သို့သော် ဤသည်မှာ သင့်အပေါ်တွင် မမူတည်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ ရုပ်သေးရုပ်တစ်ရုပ်ကလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် စာတန်၏ တန်ဆာပလာတစ်ခုဖြစ်လာသည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက သင့်ကိုပြောဆိုသည့်အရာမှန်သမျှကို သင်လုပ်ဆောင်ပြောဆိုသည်။...သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပေ။ သင်၏ စိတ်ပိုင်းဖြတ်ချက်များကို တိုးမြှင့်ရင်း၊ စိတ်ဆုံးဖြတ်ချက်များကို ပြုလုပ်ရင်းနှင့် ကျမ်းသစ္စာများ ကျိန်ဆိုရင်း၊ ဆုတောင်းမြဲ ဆုတောင်းနေသည်။ ထို့ကြောင့် ဤအရာများအားလုံးမှ မည်သည့်အရာ ဖြစ်လာပြီနည်း။ သင်သည် မှန်ပါ့သမားဖြစ်နေဆဲ ဖြစ်သည်- သင်သည် မည်သူ့ကိုမျှ ရန်မစပေ၊ မည်သူ့ကိုမျှ မစော်ကားပေ။ ကိစ္စတစ်ခုက သင်နှင့် မသက်ဆိုင်လျှင်၊ သင်သည် ဝေးဝေးနေပြီး စဉ်းစားလိမ့်မည်။ ‘ငါနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြောမည်မဟုတ်သည့်အပြင်၊ ဤအရာသည် ခြွင်းချက်မရှိ ဖြစ်သည်။ တစ်ခုတစ်လေက ငါ၏ အကျိုးစီးပွားများ၊ ငါ၏မာန၊ သို့မဟုတ် ငါ၏ မိမိကိုယ်ကို လေးစားမှုကို ထိခိုက်စေပါက၊ ယင်းတို့ထဲမှ တစ်ခုမျှကို ငါသည် အရေးထားမည် မဟုတ်ပေ၊ ထိုအရာအားလုံးကို သတိရှိရှိ ချဉ်းကပ်မည်ဖြစ်သည်။ ငါ မဆင်မခြင် ပြုရမည်မဟုတ်။ ထောင်ထွက်သည့် သံချောင်းက ဦးစွာပထမ ထိုးနှက်ခံရတတ်၏၊ ငါသည် ဤမျှမိုက်မဲခြင်း မရှိ။’ သင်သည် ဆိုးသွမ်းမှု၊ ကလိမ်ကကျစ်ကျခြင်း၊ တင်းမာခြင်းနှင့် သမ္မာတရားကို စက်ဆုပ်ခြင်းနှင့်ဆိုင်သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေ၏။ ၎င်းတို့သည် သင့်ကို ဖျက်ဆီးနေပြီး မျောက်ဘုရင် ဝတ်ဆင်ခဲ့သည့် ရွှေကွင်းထက်ပင် သင့်အတွက် ခံရပ်ရန် သာ၍ ခက်ခဲစေပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ဒုက္ခကြီးလှပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်ခဲ့တယ်။ ကျန်းလင်းက ပြစ်မှုတစ်ချို့အတွက် ကျွန်မကို အမှတ်လျှော့ပြီး တာဝန်ကနေ ပိတ်ပင်လိုက်ချိန်မှာ၊ ပိုပြီးတောင် ဖိနှိပ်ခံရမှာ၊ အသင်းတော်ကနေ နှင်ထုတ်ခံရမှာ စိုးခဲ့တယ်။ ပြီးတော့ ကိုယ့်ရဲ့ အနာဂတ် အလားအလာတွေကို ကာကွယ်ချင်လို့ ညီမကျန်းနဲ့ တခြားသူတွေဆီ ဘုရားရဲ့ အသစ်လွင်ဆုံး နှုတ်ကပတ်တော်တွေကို မပို့ပေးခဲ့ဘူး၊ ကျန်းလင်းရဲ့ ဆိုးယုတ်တဲ့ အပြုအမူကို ဖော်ထုတ်ဖို့ ပိုလို့တောင် ကြောက်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေ ထိခိုက်ခံရမလားဆိုတာကို ဂရုမစိုက်ခဲ့ဘူး၊ ဘုရားရဲ့ စေခိုင်းချက်ကို ကျွန်မ ဘေးသာဖယ်ထားခဲ့လိုက်တယ်။ ဘုရားကို သစ္စာစောင့်သိမှု ကျွန်မလုံးဝ မရှိခဲ့မှန်း၊ ဘုရားကို သစ္စာဖောက်ခဲ့မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ အဲဒီအရေးကြီးတဲ့အချိန်မှာ၊ ကျွန်မအတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုခဲ့ပေမယ့်၊ ကျွန်မရဲ့ ကောက်ကျစ်၊ ဆိုးယုတ်မှုနဲ့ဆိုင်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ လှည့်စားမှုအောက်မှာ ကျွန်မ လုံးလုံးလျားလျား ရှိခဲ့ပြီး၊ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ ညီအစ်ကို မောင်နှမတွေက အသက်အထောက်အပံ့ မရတာကြောင့် အားနည်းမှုနဲ့ အသက်ရှင်ခဲ့ရတယ်။ ညီအစ်ကို မောင်နှမတွေကို ကျွန်မ ထိခိုက်နေစေခဲ့တာ မဟုတ်လား။ ကျွန်မ အရမ်းသူရဲဘောကြောင်သလို၊ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်မှန်း သဘောပေါက်လိုက်ချိန်မှာ၊ နည်းနည်း အပြစ်ရှိသလို ခံစားရပြီး နောင်တရခဲ့တယ်။
နောက်ထပ် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ အမှတ်မထင် တွေ့ခဲ့ရတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) “ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” ဆိုတဲ့ အထဲကနေလည်း ဒီစာပိုဒ်ကို တွေ့ခဲ့တယ်။ “သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ပိုလို့တောင် အပြစ်ရှိသလို ခံစားရတယ်။ ညီမကျန်းက ကျွန်မကို အားကိုးလို့ သူတို့ပြဿနာတွေနဲ့ ကျွန်မဆီ လာခဲ့တာ။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ စောင့်ရှောက်သင့်တယ်၊ ဒါပေမယ့် အသိစိတ်ကို လွန်ဆန်ပြီး သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ခဲ့သလို၊ စာတန်ဘက်မှာ ရပ်ပြီး သူ့ရဲ့ အစောင့်အရှောက် ဖြစ်လာခဲ့တယ်။ အခု ညီအစ်ကို မောင်နှမတွေက အမှောင်နဲ့ ဆင်းရဲဒုက္ခထဲမှာ အသက်ရှင်နေကြပြီး လိုအပ်တဲ့ အသက်အထောက်အပံ့ မရနိုင်ကြဘူး။ ဘုရားက ဝမ်းနည်းပြီး ပူပန်နေတယ်- ကျွန်မ ရပ်တည်ချက်ရယူနိုင်မယ်၊ သူ့ရဲ့ ရည်ရွယ်ချက်တွေကို ထည့်စဉ်းစားပြီး သူရွေးချယ်ထားတဲ့ သူတွေကို ကာကွယ်နိုင်မယ်လို့ သူမျှော်လင့်တာလေ။ ကျန်းလင်းက ကျွန်မကို အသင်းတော် ခေါင်းဆောင်အဖြစ် ကျွန်မတာဝန်ကို ထမ်းဆောင်ရာကနေ ပိတ်ပင်ခဲ့ပေမယ့် ကျွန်မက ဘုရားအိမ်တော်သား ဖြစ်နေဆဲပဲလေ။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ ဘုရားရွေးချယ်ထားသူတွေကို ကာကွယ်ဖို့ တာဝန် ကျွန်မမှာ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ တာဝန်တွေကို လျစ်လျူရှုလို့ မဖြစ်တော့ဘူး။ ဘုရားရှေ့မှာ ဆုတောင်းခြင်းနဲ့ ကျွန်မ လာခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်။ ခေါင်းဆောင် ရာထူးတွေနဲ့ ကိုယ်တော် ကျွန်မကို ချီးမြှောက်ခဲ့ပေမယ့်၊ ကျွန်မတစ်ကိုယ်ကောင်းဆန်ခဲ့ပြီး စက်ဆုပ်စရာဖြစ်ခဲ့သလို ကိုယ့်ကိုယ်ကိုယ်ပဲ စဉ်းစားခဲ့မိပါတယ်၊ ဒါကြောင့် ကိုယ်တော် ကျွန်မကို ပေးခဲ့တဲ့ စေခိုင်းချက်နဲ့ မတန်ပါဘူး။ ကျွန်မရဲ့ ဘုရားသခင်၊ ကျွန်မရဲ့ အနာဂတ် အလားအလာတွေကို ကျွန်မ မစဉ်းစားတော့သလို၊ တကယ်နောင်တရဖို့၊ ပြန်ထရပ်ပြီး ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့ လိုလားနေပါတယ်။ ကိုယ်တော် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ပါတယ်” ဆိုပြီးဆုတောင်းလိုက်ပါတယ်။ ဆုတောင်းပြီးတဲ့နောက် စိတ်ငြိမ်သွားသလို ခံစားရတယ်။ ဒါကြောင့် ညီမကျန်းရဲ့ အဖွဲ့ကို ဘုရားရဲ့ အသစ်လွင်ဆုံး တရားဒေသနာတွေ ပေးလိုက်ပြီး၊ သူနဲ့ အဲဒီ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးလိုက်တယ်။ နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တွေက ကျွန်မတိုင်စာကို ရခဲ့ကြပြီး၊ ကျန်းလင်းရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို အတည်ပြုပြီးတဲ့နောက်၊ သူနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို သူတို့ ရာထူးတွေကနေ ထုတ်လိုက်တယ်။
ခေါင်းဆောင်တွေက အသင်းတော် နှစ်ပါးမှာရှိတဲ့ အလုပ်ကို ခဏ ကြီးကြပ်ဖို့ ကျွန်မကို တာဝန်ပေးခဲ့တယ်။ ကျန်းလင်းက နောင်တမရသေးသလို၊ သူ့ဂုဏ်အဆင့်အတန်း ဆုံးရှုံးတဲ့အတွက် ကျွန်မကို အပြစ်တင်တယ်။ သူက ကျွန်မ ယုံကြည်သူဖြစ်တာ မကြာသေးဘူး၊ ဘာကိုမှ ကျွန်မ နားမလည်သလို၊ သူတို့ထက် ကျွန်မက စာအသိ နည်းနည်း ပိုပြီး ရှိရုံရှိပေမယ့်၊ စုဝေးပွဲတွေအတွင်းမှာ ဘာပြဿနာကိုမှ ကျွန်မ မဖြေရှင်းနိုင်ဘူးဆိုပြီး အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို သူ လှည့်ဖြားခဲ့တယ်။ အဲဒီနောက် သူက၊ ယုံကြည်သူတွေကို စီစီပီက လတ်တလော ဖမ်းနေသလို၊ နိုင်ငံအနှံ့မှာ လုံခြုံရေး ကင်မရာတွေ ရှိတဲ့အတွက်၊ စုဝေးပွဲတွေ တက်ခြင်းအားဖြင့် ကျွန်မက သူတို့ကို အန္တရာယ်ထဲတောင် ပို့ချင်ပို့နေမှာလို့လည်း ပြောတယ်။ အဲဒီအတောအတွင်းမှာ၊ သူတို့ထဲက တချို့ကို သူ တကယ် သိမ်းသွင်းနိုင်ခဲ့ပြီး၊ သူတို့က ကျွန်မအပေါ် မမှန်ကန်တဲ့ စွပ်စွဲချက်တချို့ အတူဖန်တီးခဲ့ကြတယ်။ အရင်က၊ ကျွန်မမှာ ပြစ်မှု ရှစ်ခုရှိထားတယ်လေ။ ကျန်းလင်းက အဲဒီအရေအတွက်ကို ဆယ့်သုံးခုထိ တိုးလိုက်တယ်။ အထက်ခေါင်းဆောင်တွေဆီကိုတောင် သူတို့ရဲ့ စွပ်စွဲချက်အားလုံးကို အပ်ခဲ့ကြတယ်။ ဒီတော့ အခြေအနေကို စုံစမ်းစစ်ဆေးဖို့ ခေါင်းဆောင်တွေက ညီအစ်မတချို့ကို တာဝန်ပေးခဲ့တယ်။ ဒီအကြောင်းကို ကျွန်မကြားတော့၊ စိတ်ဓာတ်ထိုးကျသွားတယ်။ ကျွန်မရင်ဘတ်ပေါ် ပေါင်တစ်ထောင်အလေး ဖိထားနေသလို ခံစားရပြီး၊ အသက်ရှူဖို့ အနိုင်နိုင်ဖြစ်ခဲ့တယ်။ ကျန်းလင်းက ကျွန်မကို မမှန်မကန် စွပ်စွဲဖို့ တခြားလူတချို့နဲ့ အဖွဲ့ဖွဲ့ထားတယ်။ ခေါင်းဆောင်တွေက သူတို့ဖက်က ပြောပြချက်ကို ယုံပြီး တကယ် ကျွန်မကို နှင်ထုတ်ခဲ့ရင်၊ ယုံကြည်သူအနေနဲ့ ကျွန်မ ဘဝက လုံးဝ ပြီးသွားတော့မှာလား။ ဒီအကြောင်း တွေးမိတော့၊ ကျွန်မမျက်လုံးတွေက မျက်ရည်တွေ စစီးလာတယ်။ ကျန်းလင်းလိုပဲ ညီအစ်ကို မောင်နှမတွေ အများကြီးက ဘုရားရဲ့ အမှုသစ်ကို လက်မခံခင် အသင်းတော်တစ်ခုတည်းမှာ ရှိခဲ့ကြတာဖြစ်ပြီး၊ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့အမှုတော်ကို ကျန်းလင်းက သူတို့ဆီ ဖြန့်ဝေခဲ့ပြီးပြီလို့ ကျွန်မ တွေးမိတယ်။ ညီအစ်ကို မောင်နှမတချို့က သူ့အပေါ် ထိုးထွင်းသိမြင်မှု တစ်ခုမှ မရှိသလို၊ လေးစားပြီး အထင်တောင် ကြီးကြတယ်။ ဒီလူတွေက တကယ်ပဲ သမ္မာတရားကို ပြောနိုင်ကြမှာလား။ ပြဿနာကို ညီအစ်မတွေက စစ်ဆေးကြည့်ရင်၊ တကယ် ဖြစ်နေတာကို သူတို့ မြင်မလား။ ကျွန်မစိတ်က ဖရိုဖရဲဖြစ်နေခဲ့လို့၊ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် ဒီဘုရားနှုတ်ကပတ်တော် စာပိုဒ်ကို တွေ့ခဲ့တယ်။ “ငါသည် ဖြောင့်မတ်သည်၊ ငါသည် ယုံကြည်စိတ်ချရပြီး၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စစ်ဆေးသော ဘုရားသခင် ဖြစ်၏။ မည်သူ စစ်မှန်ပြီး မည်သူ မှားယွင်းသည်ကို ငါသည် မဆိုင်းမတွ ထုတ်ဖော်မည်။ အထိတ်တလန့် မဖြစ်လေနှင့်။ အရာအားလုံးသည် ငါ၏အချိန်အတိုင်း အလုပ်လုပ်၏။ မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ လိုချင်ပြီး မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ မလိုချင်သည်ကို ငါသည် သင်တို့အား တစ်ယောက်ပြီး တစ်ယောက် ပြောပြမည်။ သင်တို့အနေဖြင့် ငါ၏ မျက်မှောက်သို့ လာကြသည့်အခါ စားဖို့၊ သောက်ဖို့နှင့် ငါ့ထံ တိုးဝင်ချဉ်းကပ်ဖို့သာ ဂရုစိုက်လော့၊ ပြီးလျှင် ငါ၏အလုပ်ကို ငါကိုယ်တိုင်လုပ်မည်။ မြန်ဆန်သော ရလဒ်များအတွက် အလွန် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ ငါ၏အလုပ်သည် အားလုံး ချက်ချင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ထိုအထဲ၌ ငါ၏ခြေလှမ်းများနှင့် ငါ၏ဉာဏ်ပညာတို့ ရှိပြီး ယင်းမှာ ငါ၏ဉာဏ်ပညာကို ထုတ်ဖော်ပြနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဆိုးသောသူကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူကို ဆုလာဘ်ချီးမြှင့်ခြင်း ဖြစ်သည့် ငါ၏လက်များဖြင့် မည်သည့်အရာ လုပ်ဆောင်ထားသည်ကို သင်တို့အား ငါမြင်ခွင့်ပေးမည်။ ငါသည် မည်သူကိုမျှ ဘက်မလိုက်သည်မှာ အသေချာဆုံး ဖြစ်သည်။ ငါ့ကို ရိုးသားစစ်မှန်စွာ ချစ်သော အသင်၊ ငါသည် သင့်ကို ရိုးသားစစ်မှန်စွာ ချစ်မည်ဖြစ်ပြီး၊ ငါ့အား ရိုးသားစစ်မှန်စွာ မချစ်သော သူတို့အတွက်မူ ငါသည် စစ်မှန်သော ဘုရားသခင်၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို ဆန်းစစ်သော ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့ ထာဝရတစ်လျှောက် အမှတ်ရနိုင်ဖို့အလို့ငှာ ငါ၏ အမျက်ဒေါသသည် ၎င်းတို့နှင့်အတူ အမြဲရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၄)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ တန်ခိုးနဲ့ ဩဇာအာဏာက ကျွန်မ စိတ်နှလုံးကို မြန်မြန် ငြိမ်သက်သွားစေခဲ့တယ်။ ဘုရားက ဖြောင့်မတ်ပြီး ကိုးစားထိုက်တယ်။ ဘုရားအိမ်တော်ကို ခရစ်တော်၊ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက အုပ်စိုးတယ်။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မ မသိခဲ့သလို အရာရာကို သူ ဆန်းစစ်မှန်း မယုံခဲ့လို့၊ ကျန်းလင်းကို ညီအစ်မတွေက ယုံမှာ၊ ကျွန်မရဲ့ အခြေအနေကို စစ်ဆေးတဲ့အခါ၊ ကျွန်မကို နှင်ထုတ်ဖို့ သူတို့ ဆုံးဖြတ်မှာပဲလို့ စိုးရိမ်မိခဲ့တယ်။ ကျွန်မက ဘုရားအိမ်တော်ကို အဆင်းနီတဲ့ နဂါးကြီးရဲ့ နိုင်ငံနဲ့ တန်းတူထားနေတာပဲ မဟုတ်လား။ စီစီပီက နိုင်လိုမင်းထက်ပြုမူတဲ့ ပုံစံနဲ့ အုပ်ချုပ်တယ်။ သမ္မာတရားကို သူတို့ ပြောင်းပြီး ထုံးတမ်းစဉ်လာနောက် မလိုက်သူ ဘယ်သူကိုမဆို ဖိနှိပ်ဖို့ အမှန်တရားတွေကို လှည့်ပတ်တယ်။ မမှန်တဲ့ စွဲချက်တွေကို ဉာဏ်ဆင်ပြီး အဲဒါတွေနဲ့ လူတွေရဲ့ ဘဝတွေကို ဖျက်ဆီးကြမှာ။ သာမန်လူတွေက ကြီးနိုင်ငယ်ညှဉ်း ခံရရုံသာရှိတယ်။ တရားမျှတမှုအတွက် သူတို့မှာ အားကိုးအားထား မရှိဘူး။ ဒါပေမယ့် ဘုရားအိမ်တော်ကို သမ္မာတရားက အုပ်စိုးတယ်။ အန္တိခရစ်တွေ အာဏာရလာရင်၊ တစ်ချိန်ချိန်မှာတော့ သူတို့ ဖော်ထုတ်ခံရမှာပဲ။ ဒါကဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားပဲ။ ပြီးတော့ ဘုရားအိမ်တော်က လူတွေကို သမ္မာတရား အခြေခံသဘောတရားတွေအပေါ် အခြေခံပြီး နှင်ထုတ်တယ်- လူတွေဟာ သူတို့ပြစ်မှုတွေရဲ့ အချက်အလက်တွေပေါ် အခြေခံပြီး တရားစီရင်ခံရတယ်။ ပြစ်မှုအနည်းငယ်အတွက် တစ်ယောက်ယောက်က အမှတ်လျှော့လိုက်တာကြောင့်ပဲ ဘယ်သူမှ နှင်ထုတ်မခံရဘူး။ ကျွန်မ လုပ်တယ်လို့ သူတို့ပြောတဲ့ ပြစ်မှု တစ်ခုမှ ကျွန်မ မလုပ်ခဲ့ဘူး။ သူတို့က သမ္မာတရားကို ပြောင်းပြီး အချက်အလက်တွေကို လုပ်ကြံဖန်တီးခဲ့တယ်။ နောက်ဆုံးမှာ အမှန်တရားက ပေါ်လာမှာပါပဲ။ ဒီအရာအားလုံးကို ဘုရားဆန်းစစ်နေမှန်း ကျွန်မ သိတယ်။ ဒီအကြောင်းတွေးမိတော့၊ ကျွန်မ သိပ်ဝမ်းမနည်းတော့သလို၊ ဘုရားသခင်ဆီမှာ ယုံကြည်ခြင်း အသစ်ပြန်ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘုရားဆီ ကျွန်မ ဆုတောင်းတယ်၊ “ဘုရားသခင်။ ကျွန်မ နှင်ထုတ်ခံရသည်ဖြစ်စေ၊ နှင်ထုတ်မခံရသည်ဖြစ်စေ၊ ကိုယ်တော်ရဲ့ အလိုတော်ကို ကျိုးနွံနာခံပြီး ကိုယ်တော်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ကျွန်မ လိုလားလျက်ရှိပါတယ်”လို့ ပေါ့။ သုံးလေးရက်ကြာပြီးတဲ့နောက်၊ ပြဿနာရဲ့ အမှန်တရားကို ခေါင်းဆောင်တွေက နားလည်လာခဲ့ကြပြီး၊ ကျန်းလင်း လုပ်ခဲ့တဲ့ စွပ်စွဲချက်တွေက အချက်အလက်တွေကို လိုရာဆွဲပြောတာ၊ အားလုံးက ဖန်တီးထားတာ ဖြစ်မှန်း သိခဲ့ကြတယ်။ ကျန်းလင်းက ထင်ရာမြင်ရာ ပုံစံနဲ့ အမြဲ ပြုမူတတ်ပြီး သူ့အမျိုးတွေကို မျက်နှာသာပေး၊ ပြုစုပျိုးထောင်ပေးနေတဲ့ တစ်ချိန်တည်းမှာပဲ သူ့သဘောအတိုင်း လူတွေကို အဆက်အသွယ်ဖြတ်ပြီး တာဝန်ကနေ ဖယ်ရှားခဲ့မှန်း သိသွားကြတယ်။ အကြံဉာဏ်ပေးတဲ့ ဘယ်ညီအစ်ကို မောင်နှမကိုမဆို သူက ဖိနှိပ်ပြီး ဖယ်ကြဉ်ခဲ့သလို၊ ထုတ်ပယ်ခံရတဲ့နောက်မှာတောင် နောင်တမရခဲ့ဘူး။ ဘုရားရွေးချယ်ထားတဲ့ လူတွေကို ထိန်းချုပ်ပြီး သူ့ကိုယ်ပိုင် နိုင်ငံစတင်ဖို့ဆိုတဲ့ အချည်းနှီး ကြိုးပမ်းမှုနဲ့ လူတွေကို လှည့်ဖြားပြီး ထောင်ဖမ်းမြဲဖမ်းနေခဲ့တယ်- အမှန်တော့ သူက ဆိုးယုတ်တဲ့ ဒုက္ခပေးတတ်တဲ့ အန္တိခရစ်တစ်ယောက်ပဲ။ သူ့ကို အသင်းတော်ကနေ နှင်ထုတ်ဖို့ ခေါင်းဆောင်တွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်နေခဲ့တယ်။ ဒါကို ကျွန်မ ကြားတော့၊ တကယ် တို့ထိခံခဲ့ရတယ်။ ဘုရားက တကယ် ဖြောင့်မတ်မှန်း ကျွန်မ မြင်ခဲ့ရတယ်။ ပြီးတော့ အန္တိခရစ်တွေ ဘယ်လိုပဲ ဆိုးဝါးပါစေ၊ သူတို့ရဲ့ လွှမ်းမိုးမှုက အမြဲ ရေရှည်ခံမှာ မဟုတ်သလို၊ အဲဒါကြောင့် နောက်ဆုံးမှာ ဘုရားအိမ်တော်ထဲ သူတို့ နေရာရှိမှာမဟုတ်ဘူး၊ ပြီးတော့ နောက်ဆုံးမှာ ဖော်ထုတ်ခံရပြီး ဘုရားရွေးချယ်ထားသူတွေရဲ့ စွန့်ပစ်တာကို ထာဝရခံရမှာဖြစ်တယ်။ အသင်းတော်က လောကီဆန်တဲ့ လောကလိုပါပဲလို့ တွေးရင်းနဲ့ ဘုရားကို ကျွန်မ မသိခဲ့သလို၊ သူ့ကို အထင်လွဲပြီး အပြစ်တင်ခဲ့မိလို့ ကျွန်မ အရမ်း အရှက်ရပြီး အပြစ်ရှိသလိုလည်း ခံစားရတယ်။ ဘုရားကို ကျွန်မ ပြစ်မှားစော်ကားနေမိခဲ့တာပါ။ ဒါပေမယ့် ဘုရားက ကျွန်မရဲ့ အပြစ် တစ်ခုတစ်လေပေါ် အခြေခံပြီး မဆက်ဆံံခဲ့ဘူး။ ဒီပတ်ဝန်းကျင်ကို တွေ့ကြုံဖို့ ကျွန်မကို ဆက်လမ်းပြခဲ့တယ်။ ဘုရားကို ကျွန်မ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိတယ်။ နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေအားလုံးက ကျန်းလင်းအပေါ် ထိုးထွင်းသိမြင်မှု ရခဲ့ကြပြီး၊ အသင်းတော်ကနေ သူ့ကိုနှင်ထုတ်ဖို့ သဘောတူခဲ့ကြတယ်။ အန္တိခရစ်တစ်ယောက် နှင်ထုတ်ခံရတဲ့အခါ အမြဲ အားရစရာကောင်းတယ်။ ညီအစ်ကို မောင်နှမတွေက အန္တိခရစ်ရဲ့ လှည့်ဖြား၊ ထိန်းချုပ်တာ မခံရတော့သလို၊ သူတို့တာဝန်တွေကို လွတ်လွတ်လပ်လပ် ဖြည့်ဆည်းပြီး သမ္မာတရားအပေါ် မိတ်သဟာယပြုနိုင်ခဲ့ကြတယ်။ ပုံမှန် အသင်းတော် အသက်တာကို အသက်ရှင်နိုင်ခဲ့ကြတယ်။
အန္တိခရစ်ရဲ့ ဖိနှိပ်မှုနဲ့ မမှန်ကန်တဲ့ စွပ်စွဲမှုတွေကို တွေ့ကြုံရတဲ့နောက်၊ အန္တိခရစ်တွေအပေါ် ထိုးထွင်းသိမြင်မှု ကျွန်မရခဲ့တယ်၊ လူတွေကို သူတို့ ဘယ်လို လှည့်ဖြား၊ ဖျက်ဆီးနိုင်မှန်းကို ရှင်းရှင်းလင်းလင်း မြင်ပြီး၊ သူတို့ရဲ့ သမ္မာတရားကို မုန်းတဲ့ သဘာဝနဲ့ အနှစ်သာရကို တွေ့ခဲ့ရတယ်။ ဘုရားရဲ့ ဖြောင့်မတ်ခြင်း၊ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာကိုလည်း မျက်မြင်တွေ့ကြုံခဲ့ရတယ်။ သမ္မာတရားကို နားလည်ပြီး ထိုးထွင်းသိမြင်မှုရဖို့ ဘုရားက စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေကို အသုံးပြုတာပါ။ ဒါဟာ ကျွန်မတို့အနေနဲ့ စာတန်ရဲ့ အမှောင်စွမ်းအားကို ထိုးဖောက်လွတ်မြောက်နိုင်ဖို့ပါ။ အန္တိခရစ်နဲ့ ဆိုးယုတ်တဲ့ လူအားလုံးကို လုံးလုံးလျားလျား စွန့်ပစ်ပြီး သူ့ရှေ့ တကယ် ပြန်လာပြီး ကျိုးနွံနာခံနိုင်ဖို့အတွက်ပါ။ ဘုရားရဲ့ ထုတ်ဖော်ပြခြင်းကတစ်ဆင့်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအကြောင်းနည်းနည်းနဲ့ ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ပုံကိုလည်း သိခဲ့ရတယ်။ ဇာတိပကတိကို သစ္စာပျက်ပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ရာကနေ လာတဲ့ ငြိမ်သက်ခြင်းနဲ့ လွတ်လပ်မှုကို ကျွန်မ တွေ့ကြုံခဲ့ရတယ်။ ဒီအတွေ့အကြုံကတစ်ဆင့်၊ အဆင်ပြေတဲ့အချိန်နဲ့ အဆင်မပြေတဲ့အချိန်တွေမှာ ဘုရားရဲ့ ခွင့်ပြုချက် အမြဲရှိတယ်ဆိုတာကိုလည်း သင်ယူခဲ့ရတယ်။ ဒါက ကျွန်မတို့ကို ဘုရား စုံလင်စေပြီး ကယ်တင်တဲ့ပုံ ဖြစ်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။