တာဝန်တစ်ခုသည် သမ္မာတရားကို လိုအပ်သည်
၂၀၂၁ ခုနှစ် မေလမှာ၊ အသင်းတော် အတော်များများရဲ့ အလုပ်ကို တာဝန်ယူရတဲ့ ခေါင်းဆောင်တာဝန်ကို ယူခဲ့တယ်။ တကယ်ကို အဖိုးအခ ပေးပြီး ကိုယ့်တာဝန်ကို လုပ်မှဖြစ်မယ်၊ မဟုတ်ရင် ဘုရားက သဘောကျမှာ မဟုတ်ဘူးပေါ့။ ဒါကြောင့် ကျွန်မ အသင်းတော် အလုပ်နဲ့ ရှုပ်နေခဲ့တယ်။ ခေါင်းဆောင်တွေနဲ့ မိတ်သဟာယပြုရာမှာ အချိန်နဲ့ အားအင်အများကြီး သုံးရင်း၊ သူတို့ရဲ့ ဧဝံဂေလိ အလုပ်ကို ဘယ်လိုတိုးတက်အောင်လုပ်ပြီး လူသစ်တွေကို ရေလောင်းဖို့ ဆွေးနွေးရင်းပေါ့။ ပြီးတော့ အားတဲ့အချိန်မှာ ယုံကြည်သူသစ်တွေကို သွားကြည့်တယ်။ ဒီအရာအားလုံးကို အများကြီး အားစိုက်လုပ်ခဲ့တယ်။ နေ့တိုင်း ကျွန်မရဲ့ အချိန်ဇယား ပြည့်နေတာဟာဆိုရင် တစ်ခါတလေ စားချိန် မရှိခဲ့ဘူး၊ ဝတ်ပြုတာတွေကိုတောင် အချိန်မပေးနိုင်အောင်ကို ဆိုးသွားခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ ရလဒ်တွေရဖို့ ကိုယ့်တာဝန်မှာ အားထုတ်ပြီး အဖိုးအခ ပေးဖို့ပဲ လိုတယ်၊ အဲဒါဆိုရင် ဘုရားရဲ့ ထောက်ခံချက်နဲ့ ကောင်းချီးတွေ ငါရပြီး ကောင်းမွန်တဲ့ ခရီးပန်းတိုင် ရှိမှာပဲပေါ့။
ကျွန်မရဲ့တာဝန်အတွက်နဲ့ ဇာတိပကတိကို စွန့်ပြီး အဲဒါကို အစွမ်းကုန် လုပ်ခဲ့တယ်၊ နေ့လယ်စာစားချိန်တွေတောင် ယုံကြည်သူသစ်တွေဆီ သွားတာ၊ စုဝေးပွဲတွေအတွက် စီစဉ်တာနဲ့ ကုန်ဆုံးနေခဲ့တာ၊ ဘယ်လောက်ပင်ပန်းပါစေ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ နောက်တော့၊ အသင်းတော်တစ်ပါးက ဧဝံဂေလိအဖွဲ့ဖွဲ့တော့မှာ၊ ဒီတော့ သင့်တော်သူတွေကို ချက်ချင်းရှာပြီး လေ့ကျင့်ပေးရမယ့်လူကို တွက်ဆလိုက်တယ်။ လူသစ်တွေမှာ စိတ်ပြင်းပြမှုမရှိတာ မြင်ရတော့၊ သူတို့တာဝန်မှာ အဓိပ္ပာယ်ရှာတွေ့အောင်လို့ သူတို့နဲ့ မျှဝေဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အပြေးရှာလိုက်တယ်။ အချိန်တစ်ခုကြာ ကြိုးစားလုပ်ပြီးတဲ့နောက်၊ ဧဝံဂေလိအဖွဲ့ နောက်ဆုံးမှာ ဖွဲ့လိုက်ကြတယ်။ ဒါပေမဲ့ ကျွန်မ စိတ်မကျေနပ်ခဲ့ဘူး။ ကျွန်မက အဖိုးအခ ပိုပေးပြီး တကယ့်အလုပ်ပိုလုပ်ရမယ်၊ ညီအစ်ကိုမောင်နှမတွေ အသင်းသားသစ်တွေ ပိုရအောင် ဦးဆောင်ရမယ်ပေါ့။ ဒါမှ ကျွန်မ ပိုပံ့ပိုးနိုင်မယ်၊ ဘုရားက လက်ခံပြီး ကျွန်မှာ ပန်းတိုင်ကောင်း ရနိုင်မှာလေ။ ဒါပေမဲ့ တာဝန်မှာ ပြဿနာတွေနဲ့ ကြုံရတိုင်း၊ အပျက်သဘောဆောင်ပြီး အားနည်းခဲ့တယ်။ ဥပမာအနေနဲ့၊ အသင်းတော် ခေါင်းဆောင်တွေက သူတို့အလုပ်မှာ မရှင်းမလင်းဖြစ်တာ၊ လူသစ်တွေက သူတို့တာဝန်မှာ စိတ်မထက်သန်တာ မြင်ရတဲ့အခါ၊ ကိစ္စတွေကို သိပ်ကောင်းကောင်း မစီစဉ်ထားတဲ့အခါ၊ အဲဒီတာဝန်မှာ အရည်အချင်းမပြည့်မီသလို ကျွန်မ ခံစားရတယ်။ ဘာကိုမှ မဖြစ်မြောက်ခဲ့ရင်၊ ဘယ်လိုလုပ် ကောင်းမွန်တဲ့ ခရီးပန်းတိုင် ရှိမှာလဲပေါ့။ အဲဒီအတွေးက ကျွန်မကို အမြဲ တကယ်ဖိစီးနေခဲ့ပြီး၊ ပင်ပန်းရတယ်၊ စိတ်မချမ်းမသာနဲ့ တကယ်ပူပန်ခဲ့ရတယ်။ ကျွန်မက ကိုယ့်ပြဿနာကို မသိခဲ့သလို၊ အခြေအနေ မကောင်းမှပဲ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တာ။ အချိန်အများစု ကိုယ့်တာဝန်နဲ့ အလုပ်များနေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး တွေးဆတာက အချိန်ယူလွန်းတယ်၊ ကိုယ့်တာဝန်အတွက် အချိန်မလောက်ဘူးပေါ့၊ ဒါနဲ့ အဲဒါကို ရွှေ့ဆိုင်းလိုက်တယ်။ တစ်ခါတလေ ညနေထိ စောင့်တယ်၊ ဒါပေမဲ့ အဲဒီအခါမှာ တစ်နေ့တာ အလုပ်နဲ့ဖတ်ဖတ်မောပြီး အိပ်ချင်သွားတယ်။ ဒါကြောင့် မလုပ်ခဲ့ဘူး။ ကိုယ်အသက်ဝင်ရောက်မှုအပေါ် အလုပ်မလုပ်ခဲ့ဘဲ အပေါ်ယံ အားထုတ်တာတွေပဲ လုပ်ခဲ့ပြီး အဲဒီအခြေအနေနဲ့ ကိုယ့်တာဝန်ကို လုပ်နေတာက ကျွန်မကို ခြေကုန်လက်ပန်းကျစေခဲ့တယ်။ တစ်နေ့ တွေးမိတယ်၊ ကိုယ့်တာဝန်ကို အဲဒီလိုလုပ်တာက ဘုရားအလိုတော်နဲ့ ကိုက်ပါ့မလား၊ သူ ထောက်ခံပါ့မလားပေါ့။ တစ်ခုခု မမှန်သလို ခံစားရပြီး၊ ကိုယ့်သဘောထားနဲ့ပတ်သက်လို့ ပြဿနာတစ်ခုရှိမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မက အလုပ်ပဲရှုပ်နေပြီး ကိုယ့်အသက်ဝင်ရောက်မှုကို လျစ်လျူရှုနေခဲ့တာပဲ။ ဘုရားက ကျွန်မတာဝန်ကို ဘယ်လိုလုပ်စေချင်တယ် ဆိုတဲ့အကြောင်း ကျွန်မ တကယ် လုံးဝ မတွေးခဲ့တာ။ ဘုရားရှေ့ ကျွန်မလာပြီး ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကိုယ့်တာဝန်မှာ မအောင်မြင်မှာ၊ ပြီးတော့ ကိုယ်တော် ကျွန်မကို သဘောမကျမှာ၊ ကျွန်မရဲ့ အနာဂတ် ထိခိုက်မှာ ကျွန်မ စိုးခဲ့မိပါတယ်။ ဘုရားသခင်၊ လမ်းကြောင်းမှားပေါ် ကျွန်မရောက်နေရင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးတော်မူပါ၊ ကျွန်မမှားနေတဲ့နေရာကို ပြတော်မူပါ။ အို ဘုရားသခင်၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေချင်ပေမဲ့၊ ဘာလုပ်ရမှန်း ကျွန်မ မသိပါဘူး။ ကိုယ်တော်ရဲ့ လမ်းပြမှု ကျွန်မလိုပါတယ်”လို့ပေါ့။
တစ်နေ့မှာ အစ်မတစ်ယောက်က ပြောတယ်၊ ပြဿနာတွေ ရှိတဲ့အခါ သမ္မာတရားကို ဘယ်လိုရှာရမယ်မှန်း မသိသလို၊ သူ့တာဝန်ကို ဘယ်လိုကောင်းကောင်း လုပ်ရမယ်မှန်း မသေချာဘူး။ သူ့အခြေအနေကို သူ နားမလည်လို့၊ အဲဒီအပေါ် ပိုပြီး ဘယ်လိုသဘောပေါက်အောင် လုပ်ရမယ်ဆိုတာနဲ့၊ ဖောက်ပြန်ပျက်စီးခြင်းကို ပြမိတဲ့အခါ ဘာလုပ်ရမယ်ဆိုတာကို ပြောပြစေချင်တယ်တဲ့။ ကျွန်မ ပြောလိုက်တယ်၊ ကိုယ့်အခြေအနေကို နားလည်အောင်၊ ကိုယ့်ကိုယ်ပိုင်အတွေးကို သုံးသပ်ရမယ်၊ ပြီးတော့ ကိုယ့်အတွေးတွေ၊ ရှုထောင့်အမြင်တွေ၊ ရည်မှန်းချက်တွေနဲ့ အပြုအမူတွေက ဘုရားအလိုတော်နဲ့ ကိုက်ညီခြင်း ရှိမရှိ သုံးသပ်ရမယ်လို့ပေါ့။ အဲဒီနောက်မှာ သူက မေးတယ်၊ ကျွန်မကိုယ်ကျွန်မ သုံးသပ်ပြီး သိအောင် ကျွန်မရဲ့အတွေးအပေါ် ဘယ်လို သိနားလည်မှုရခဲ့လဲတဲ့။ ကျွန်မ အခက်တွေ့သွားတယ်။ သူ့မေးခွန်းက ကျွန်မမျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။ အဲဒါကို လက်တွေ့မလုပ်ဆောင်ခဲ့တော့ သူ့ကို ဘယ်လို ကျွန်မကူညီနိုင်မှာလဲ။ အလုပ်အများကြီး ပြီးသွားခဲ့ပေမဲ့၊ ကိုယ့်တာဝန်မှာ သမ္မာတရားကို ကျွန်မ ရှာမနေခဲ့ဘူးလေ။ ပြဿနာတွေအများကြီး ကြုံခဲ့ရပြီး ဖောက်ပြန်ပျက်စီးမှုတွေ အများကြီး ထုတ်ဖော်ပြခဲ့တာ။ ယုံကြည်သူသစ်တွေကို ထောက်ပံ့ပေးဖို့ ကြိုးစားနေတုန်းမှာ သည်းခံစိတ်နဲ့ မေတ္တာ မရှိတာ၊ ခေါင်းဆောင်တွေရဲ့အလုပ်ကို စစ်ဆေးချိန်မှာ သူတို့လုပ်ရည်ကိုင်ရည်ကို ဝေဖန်တာမျိုးတွေပေါ့။ ဘာမှ ကိုယ့်သဘောအတိုင်း တစ်ခါမှ မဖြစ်ခဲ့သလို ခံစားခဲ့ရပေမဲ့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်လို့ မသုံးသပ်၊ မလေ့လာခဲ့ဘူး။ ကိုယ့်တာဝန်ကိုပဲ ပြီးအောင်လုပ်ရမှာဖြစ်ပြီး ကိုယ်ပိုလုပ်ရင်၊ ဘုရားက သဘောကျမှာဖြစ်ပြီး အဲဒါဆို လုံလောက်တယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် အသက်ဝင်ရောက်မှုကို လုံးဝ ဘေးဖယ်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့လည်း အချိန်မယူခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တာက ကိုယ့်တာဝန်မှာ သုံးလို့ရတဲ့အချိန်ကို ဖြုန်းပစ်တာပဲလို့ ခံစားခဲ့ရတယ်။ အပေါ်ယံအားဖြင့် အမြဲ အလုပ်များခဲ့ပေမဲ့ ဘုရားအတွက် စိတ်ရင်းအတိုင်း အသုံးခံမနေခဲ့ဘူး။ အလုပ်လုပ်နေရုံ၊ အလုပ်တာဝန်တွေကို ပြီးရုံပဲပြီးနေခဲ့တာ။ မကောင်းတဲ့အခြေအနေမှာ ရှိချိန် ကိုယ့်ကိုယ်ကိုယ် မသုံးသပ်၊ သမ္မာတရားကို မရှာခဲ့ဘူး။ ကိုယ့်ရဲ့ အသက်ဝင်ရောက်မှုကို လျစ်လျူရှုနေခဲ့ပြီး ဘုရားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိခဲ့ဘူး။ တာဝန်ကို ကိုယ့်သဘောနဲ့ ကိုယ်လုပ်ချင်တဲ့ နည်းအတိုင်း လုပ်နေခဲ့တာ။ အဲဒီအချိန်မှာ ကိုယ့်အခြေအနေနဲ့ပတ်သက်လို့ ကျွန်မ စိုးရိမ်မိခဲ့တယ်။ ဘုရားက ကိုယ့်ကိုဘယ်လိုမြင်မလဲ၊ ကျွန်မရဲ့ လိုက်စားမှုကို သူ သဘောကျမလား တွေးမိတယ်။
ကျွန်မမှာရှိတဲ့ ပြဿနာကို မြင်ရတဲ့အခါ၊ အဲဒီအစ်မကို ကျွန်မ ပြောလိုက်တယ်၊ “ကျွန်မမှာလည်း အဲဒီပြဿနာ ရှိတယ်။ အလုပ်တာဝန်တွေနဲ့ ကိုယ့်ဘာသာ အလုပ်များပေမဲ့၊ ကိုယ့်အခြေအနေကို နားမလည်ခဲ့ဘူး။ အချိန်တော်တော်များများ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာမရှိတာကို တွေ့ရပေမဲ့ လျစ်လျူပဲရှုခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့သလို၊ အသက်ဝင်ရောက်မှု မရှိဘူး။” နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အတူ ဖတ်ခဲ့တယ်။ “အကယ်၍ သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်စေမည်ဆိုပါက၊ သတိရှိလျက် ပူးပေါင်းလုပ်ဆောင်ခြင်းအလုပ်ကို သင် လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ သင်တို့ အယောက်တိုင်းသည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဘေးဖယ် ထားသည့်အချိန်၊ သင်၏ ကိုးကွယ်ဆက်ကပ်ခြင်းများအတွက် အချိန်တစ်ခု ရှိရမည်- သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် အေးငြိမ်းစေပြီး မိမိကိုယ်ကိုယ် တည်ငြိမ် စေရမည်။ အယောက်တိုင်းသည် ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော ၎င်းတို့၏ အသိပညာနှင့် ၎င်းတို့၏ စိတ်ဝိညာဉ် တို့ထိခံရပုံတို့သည် နက်နဲသည်ဖြစ်စေ အပေါ်ယံမျှဖြစ်စေ ၎င်းတို့ကို ရေးမှတ်ထားလျက် တစ်ဦးချင်းစီ၏ ကိုးကွယ် ဆည်းကပ်မှုဆိုင်ရာ မှတ်စုများ ထားရမည်။ အယောက်တိုင်း ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် သတိရှိရှိ ငြိမ်သက်စေရမည်။ သင်သည် စစ်မှန်သော ဝိညာဉ်ရေးရာ အသက်တာအဖို့ တစ်နေ့ကို တစ်နာရီ သို့မဟုတ် နှစ်နာရီ ဆက်ကပ်နိုင်ပါက၊ ထိုနေ့ သင်၏ အသက်တာသည် ကြွယ်ဝလိမ့်မည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ရွှင်ပျကာ ကြည်လင်ပေလိမ့်မည်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို သင် နေ့စဉ် နေထိုင်ပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ပိုင်ဆိုင်သည့်အရာအဖြစ်သို့ သာ၍ ပြောင်းလဲနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်သည် သာ၍ အားကောင်းသထက် အားကောင်းလာလိမ့်မည်၊ သင်၏ အခြေအနေသည် စဉ်ဆက်မပြတ် တိုးတက်လိမ့်မည်၊ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကြောင်းကို သင်သည် သာ၍ လျှောက်လှမ်းနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး သင့်အပေါ်သို့ ကောင်းချီးမင်္ဂလာများကို ဘုရားသခင်က တိုး၍အပ်နှင်းလိမ့်မည် ဖြစ်သည်။ သင်၏ ဝိညာဉ်ရေးရာ အသက်တာ၏ ရည်ရွယ်ချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို သတိရှိရှိ ရရှိဖို့ ဖြစ်သည်။ ယင်းမှာ စည်းမျဉ်းများကို လိုက်နာဖို့ သို့မဟုတ် ဘာသာရေး ထုံးတမ်းဓလေ့များကို လုပ်ဆောင်ဖို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့် အမှန်တကယ် အတူပူးပေါင်းလုပ်ဆောင်ဖို့၊ သင်၏ကိုယ်ခန္ဓာကို ထိန်းသိမ်းကြပ်မတ်ဖို့ ဖြစ်သည်။ ဤသည်မှာ လူသား လုပ်ဆောင်သင့်သည့် အရာဖြစ်၏၊ ထို့ကြောင့် ဤအရာကို အစွမ်းကုန် အားထုတ်ကာ သင်တို့ လုပ်ဆောင်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏) ကျွန်မအနေနဲ့ ဘယ်လောက် အလုပ်များပါစေ၊ မှန်ကန်တဲ့ ဝိညာဉ်ရေးရာ အသက်တာနဲ့ ဘုရားနှုတ်ကပတ်တော်တွေအတွက် အချိန်လိုအပ်သလို၊ ကျွန်မရဲ့ စိတ်ကူးနဲ့ လုပ်ရပ်တွေက ဘုရားအလိုတော်နဲ့ ကိုက်ညီခြင်း ရှိမရှိဆိုတာကို သုံးသပ်ဖို့လိုမှန်း ဒါက မြင်စေခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တာ၊ တွေးဆတာတွေအပေါ် ကျွန်မ အာရုံမစိုက်ခဲ့ဘူး။ ကျွန်မရဲ့ ဝတ်ပြုတာတွေက အလုပ်အတွက် သုံးလို့ရနိုင်မဲ့အချိန်တွေကို ဖြုန်းနေတာလို့တောင် ခံစားခဲ့တယ်။ ကျွန်မရဲ့တာဝန်မှာ သမ္မာတရားကို ရှာမနေခဲ့ဘူး၊ ဒါမှမဟုတ် ဘုရားတောင်းဆိုတာကို ကျွန်မ လုပ်နေတာ ဟုတ်မဟုတ် ဆင်ခြင်မနေခဲ့ဘူး။ ပြဿနာတွေကို ကြုံရတော့ သမ္မာတရားကို မရှာခဲ့ဘဲ၊ ကိစ္စတွေကို ကျွန်မရဲ့ပါးနပ်မှု၊ အတွေ့အကြုံနဲ့ ပြီးသွားအောင် ကြိုးစားရင်းနဲ့ အလုပ်အပေါ်ပဲ အာရုံစိုက်ခဲ့တယ်။ တစ်ခါတလေ မကောင်းတဲ့ အခြေအနေမှာ ရှိနှင့်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို မခံစားနိုင်တဲ့အချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး အတင်းရုန်းခိုင်းနေမိတုန်းပဲ။ ကျွန်မ တကယ်အလုပ်များတဲ့ပုံပေါ်ပေမဲ့၊ ကျွန်မစိတ်နှလုံးက အနှစ်မဲ့ပြီး မှောင်မိုက်သလို၊ ဘာကိုမှ သင်ယူမနေခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ သူ့နှုတ်ကပတ်တော်တွေကို စားသောက်ဖို့၊ ဝတ်ပြုတာ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာတွေလုပ်ဖို့ ဘယ်လောက်အရေးကြီးမှန်း မြင်နိုင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်ရင်၊ ကိုယ့်ကိုယ်ပိုင် အတွေးနဲ့ အပြုအမူတွေကို အဲဒါတွေနဲ့ စိစစ်နိုင်မှာ မဟုတ်သလို၊ ကျွန်မတို့ ဘယ်လို ဖောက်ပြန်ပျက်စီးမှုမျိုး ပြတယ်ဆိုတာကို သိမှာ မဟုတ်ဘူး။ အဲဒါဆိုရင် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ လုံးဝ ပြောင်းလဲမှာ မဟုတ်သလို ဘုရားရဲ့ လက်ခံမှုကို လုံးဝရမှာ မဟုတ်ဘူး။ ဒီလိုမျိုးအားလုံးကို သဘောပေါက်လိုက်တာက ကျွန်မကို နိုးထစေခဲ့တယ်။ ရောက်နေခဲ့တဲ့ အခြေအနေတွေကို မြင်လိုက်ရတော့ ကျွန်မ လန့်သွားပြီး အဲဒီလို ဆက်မနေချင်တော့ဘဲ၊ ကိုယ့်တာဝန်ကို လုပ်နေတုန်း ကိုယ့်ရဲ့ ဝိညာဉ်ရေးရာ အသက်တာအပေါ် အာရုံစိုက်ချင်ခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ပြီး ဝင်ရောက်ချင်ခဲ့တယ်။
ဘုရားနှုတ်ကပတ်တော်တချို့ ကျွန်မတို့ ဖတ်ခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလိုပါက၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟရင်းနှင့် သူ့ထံ လုံးဝ လှည့်ရင်း၊ စာတန်၏ အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ရမည်။ ယခု သင် လုပ်ဆောင်နေသော အရာများကို ဘုရားသခင် ချီးမွမ်းမည်လော။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ လှည့်ပြီးပြီလော။ သင် လုပ်ဆောင်ပြီးခဲ့သော အရာများသည် သင့်ကို ဘုရားသခင် တောင်းဆိုသော အရာများဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြသလော။ အချိန်တိုင်း သင့်ကိုယ်သင် ဆန်းစစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်လော့။ သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ချခင်းထားလော့၊ သူ့ကို ရိုးသားစစ်မှန်မှုဖြင့် ချစ်လော့၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် သစ္စာရှိစွာ အသုံးခံလော့။ ဤအရာကို လုပ်ဆောင်သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ဧကန်မုချ ရရှိကြလိမ့်မည်။” “လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း လူတို့ အသက်မရှင်ပါက၊ စာတန်၏ ချည်နှောင်မှုများ၌ ၎င်းတို့ အသက်ရှင်ကြပေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက် မရှိကြပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင် တောင်းဆိုသော အခြေအနေ၌ အသက်ရှင်ပါက၊ သင်သည် သူနှင့် သက်ဆိုင်သောသူတစ်ဦး ဖြစ်ပြီး သူ၏ အမှုကို သင့်အပေါ် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်မနေဘဲ၊ ယင်းအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပါက၊ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းအတွင်းတွင် အသေအချာ အသက်ရှင်နေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးခြင်းအားဖြင့်သာ သူ၏သတ်မှတ်ချက်များကို သင် ဖြည့်ဆည်း နိုင်ပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်၏ဖြစ်တည်မှုနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်စေရင်း၊ ဘုရားသခင် ပြောသည့်အတိုင်း သင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေအရ ကိုယ့်ကိုယ်ကိုယ် ကျွန်မ သုံးသပ်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ စိတ်အားထက်သန်ခဲ့ပေမဲ့၊ အရာရာတိုင်းကို ကိုယ့်စိတ်ကူးတွေအတိုင်း လုပ်နေမိခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက လမ်းလွဲခဲ့တယ်၊ သမ္မာတရားကို မရှာဘဲ၊ ကိုယ့်အလုပ်အပေါ်ကိုပဲ အာရုံစိုက်ခဲ့တယ်။ အဲဒါ ဘုရားအလိုတော် မဟုတ်ဘူးလေ။ ကျွန်မ တွေးလေ့ရှိတာက ကျွန်မကိုယ့်တာဝန်မှာ အစွမ်းကုန်လုပ်ပြီး အဖိုးအခ ပိုပေးသရွေ့၊ ဘုရားက သဘောကျမယ်လို့ပေါ့၊ ဒါပေမဲ့ အဲဒီလို မဟုတ်ခဲ့ဘူး။ ဘုရားက အပေါ်ယံ ပံ့ပိုးမှုတွေကိုပဲ ကြည့်မနေခဲ့ဘဲ၊ သူ့နှုတ်ကပတ်တော်တွေကို ကျွန်မတို့ နာခံနိုင်ဖို့၊ ကိုယ့်တာဝန်မှာ သမ္မာတရားကို လိုက်စားနိုင်ဖို့၊ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်နိုင်ပြီး စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့တွေကို လွတ်မြောက်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ ကျွန်မတို့ စိတ်နှလုံးတွေကို ကြည့်တယ်။ ဒါပေမဲ့ ကျွန်မက ကိစ္စတွေကို ပြီးပဲပြီးချင်ခဲ့တယ်။ သမ္မာတရားကို မရှာခဲ့သလို၊ ကျွန်မပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို မတွေးခဲ့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မက မှားတဲ့လမ်းကြောင်းပေါ် ရှိခဲ့ပြီး အဲဒီလမ်းကြောင်းအတိုင်း ဆက်သွားတာက အန္တရာယ်များမယ်မှန်း တွေ့လိုက်ရတာပဲ— ဘုရားက ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူး။
နောက်ပိုင်းမှာ ပေါလုကို ဖော်ထုတ်နေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေးမိတယ်၊ အဲဒါက ကျွန်မရဲ့ကိုယ်ပိုင် လိုက်စားမှုထဲက ပြဿနာတွေကို နားလည်သွားစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- ‘ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။’ ဤအရာကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအနည်းငယ်သာ ဧကန်မုချ ပါရှိလေသည်။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ၏ အိမ်တော်တွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ သေချာပေါက် ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ဘုရားသခင်၏ ကောင်းချီးအခံစားရဆုံးသူများ- အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများ- အလယ်တွင် ၎င်းတို့ ရှိကြလိမ့်မည် ဖြစ်ပြီး ထိုအခါ သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ယင်းမှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင်သာ လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်းရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ အိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အချို့သော အဆင့်များကို မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မယုံကြည်သူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်- ၎င်းတို့က တွေးကြသည်။ ‘ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ သူ၏ ရှေ့မှောက်တွင် ငါ သစ္စာရှိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ငါသည် အခမ်းနားဆုံးသော သရဖူနှင့် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာများကို သေချာပေါက် ရရှိလိမ့်မည်။’ ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ အဆင့်အတန်း၊ ပညာတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်၊ သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင် သမ္မာတရားကို မလိုက်စားကြလျှင်၊ ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ဖို့ သေချာသည်။ ဤသည်မှာ မပြောင်းလဲသော အမှန်တရား၊ ယင်းသည် သဘာဝ ဥပဒေသတစ်ခုဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) တာဝန်မှာ ကိုယ့်ရည်မှန်းချက်က ဘုရားကို စိတ်ကျေနပ်စေဖို့လို့ ကျွန်မ တွေးလေ့ရှိခဲ့ပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ တကယ်မှားမှန်း တွေ့လိုက်ရတယ်။ ကိုယ့်တာဝန်နဲ့ပတ်သက်လို့ ကျွန်မ စိတ်အားထက်သန်ပုံပေါ်ခဲ့ပေမဲ့၊ သမ္မာတရားရဖို့၊ ဘုရားကို စိတ်ကျေနပ်စေဖို့ ကြိုးစားနေခဲ့တာ မဟုတ်ဘူး။ ဘုရားရဲ့ ကောင်းချီးပေးတာ လိုချင်ခဲ့ပြီး ကောင်းမွန်တဲ့ပန်းတိုင် ရှိချင်ခဲ့တာပဲ။ ကိုယ့်အလုပ်ကိုလုပ်ပြီး အဖိုးအခပေးသရွေ့၊ အလုပ်ကြိုးစားပြီး ဆင်းရဲဒုက္ခ ပိုခံသရွေ့၊ ဘုရားက သဘောကျမယ်၊ ပြီးတော့ ကျွန်မမှာ ကောင်းမွန်တဲ့ပန်းတိုင် ရှိမယ်လို့ တွေးခဲ့မိတယ်။ ဘုရားကောင်းချီးတွေအတွက်၊ ကိုယ့်အစာစားချိန်ကို ရွှေ့ဆိုင်းပြီး လျှော့အိပ်နိုင်ခဲ့သလို၊ အချိန်ကုန်သက်သာအောင် ဝတ်ပြုတာတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာကိုတောင် လျှော့နိုင်ခဲ့တယ်။ အနာဂတ်မှာ လှပတဲ့ ခရီးပန်းတိုင် ရဖို့ ကိုယ့်အလုပ်အားထုတ်မှုနဲ့ အလဲအလှယ် လုပ်ချင်ခဲ့တယ်၊ သူဌေးအတွက် အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတစ်ယောက်လိုပေါ့။ အလုပ်ရှင်ဆီကနေ လစာရအောင် အလုပ်လုပ်နေခဲ့သလိုမျိုးပေါ့။ ဘုရားကို လှည့်စားရင်းနဲ့ ဘုရားနဲ့ပတ်သက်ပြီး ကိုယ့်တာဝန်မှာ အပေးအယူဆန်နေခဲ့တယ်။ ဘုရားက ကျွန်မတို့တာဝန်မှာ အပေးအယူမဆန်ဘဲ၊ မတောင်းဆိုဘဲ၊ စိတ်ပါလက်ပါ ဖြစ်စေချင်ပေမဲ့၊ ကျွန်မက ဘုရားနဲ့ အရောင်းအဝယ်လုပ်ဖို့ ကောင်းကင်ဘုံဆီသွားတဲ့ လက်မှတ်အတွက် ကိုယ့်အားထုတ်မှုကို လဲလှယ်ဖို့ ကြိုးစားနေခဲ့တယ်။ အဲဒါ ပေါလုရဲ့ လိုက်စားမှုလည်း ဟုတ်ခဲ့တယ်။ ပေါလုက သရဖူအပ်နှင်းတာ၊ ဆုပေးတာတွေ ခံချင်နေပြီး အလုပ်အပေါ်ပဲ အာရုံစိုက်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုးစားပြောင်းလဲဖို့ မပြောနဲ့၊ သမ္မာတရား မလိုက်စားခဲ့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို လုံးဝ အလေးအနက် မထားခဲ့ဘူး။ ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းပေါ် ရှိခဲ့တယ်။ ကျွန်မလည်း အတူတူပဲ— အလုပ်အများကြီး အားထုတ်ခဲ့တယ်၊ ပိုကောင်းတဲ့ ခရီးပန်းတိုင်ရနိုင်အောင် ဘုရားဆီက ပိုများတဲ့ ကောင်းချီးတွေကိုလည်း မျှော်လင့်နေမိခဲ့တယ်။ သမ္မာတရား မလိုက်စားခဲ့မှန်း၊ ဘုရားကို တကယ်မချစ်ခဲ့မှန်း ကျွန်မတွေ့ရတယ်။ ဒီတော့ ဘုရားရဲ့ လက်ခံမှုကို ကျွန်မ ဘယ်လိုရနိုင်မှာလဲ။ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်ဘဲနဲ့၊ ကိုယ့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ဘူး၊ ဘုရားရဲ့လမ်းကြောင်းကို ကျောခိုင်းမိခဲ့တယ်။ နောက်ပိုင်းမှာ၊ လမ်းကြောင်းမှား လျှောက်မိတဲ့ ခေါင်းဆောင်တွေရဲ့ အကျိုးဆက်တွေကို တွေးမိပြီး၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည့်လူများ၏ ကဏ္ဍ အရေးပါလာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းတို့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ ကြီးမားသော အတိုင်းအတာတစ်ခုတွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် လိုအပ်သည်။ သေးငယ်သော အတိုင်းအတာတစ်ခုတွင် ၎င်းတို့ကို အသင်းတော်၏အလုပ်အတွက် လိုအပ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လိုအပ်သည်။...၎င်းတို့၏ တာဝန်နှင့် အခြားလူများ၏ တာဝန်တို့ အကြား ကွာခြားချက်မှာ ၎င်းတို့၏တာဝန်များနှင့် သက်ဆိုင်သည့် သီးသန့် ထူးခြားသောလက္ခဏာ တစ်ခု၏ အရေးကိစ္စ ဖြစ်သည်။ ယင်းမှာ မည်သည့် သီးသန့် ထူးခြားသောလက္ခဏာ ဖြစ်သနည်း။ အခြေခံအားဖြင့် အသားပေးထားသည့်အရာသည် ခေါင်းဆောင်မှု၏ အလုပ်တာဝန်ဖြစ်သည်။ ဥပမာအနေဖြင့် အသင်းတော်က လူမည်မျှရှိပါစေ၊ ခေါင်းဆောင်သည် ဦးသျှောင် ဖြစ်သည်။ သို့ဆိုလျှင် ဤခေါင်းဆောင်သည် အသင်းသားများအကြား မည်သည့်အခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်သနည်း။ (၎င်းတို့ ဦးဆောင်ပါသည်။) ၎င်းတို့သည် အသင်းတော်ရှိ ရွေးချယ်ခံထားရသောသူများအားလုံးကို ဦးဆောင်ပါသည်။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်တစ်ခုလုံးအပေါ် အဘယ်သက်ရောက်မှု ရှိသနည်း။ ဤခေါင်းဆောင်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိလျှင်၊ ဤအရာသည် အသင်းတော်ရှိ ရွေးချယ်ခံထားရသောသူများ အားလုံးအပေါ် ကြီးမားသော သက်ရောက်မှု ရှိပေမည်။ ၎င်းတို့အားလုံးသည် မှားယွင်းသော လမ်းကြောင်းလျှောက်ရာတွင် ခေါင်းဆောင် နောက်သို့ လိုက်ကြပေလိမ့်မည်။ ယင်းမှာ ပေါလုသည် ၎င်းတည်ထောင်ခဲ့သော အသင်းတော်များအားလုံးနှင့် ၎င်းဧဝံဂေလိဖြန့်ဝေခဲ့ပြီး ပြောင်းလဲစေခဲ့သော လူများအားလုံးကို ဦးဆောင်ခဲ့သည့်ပုံစံကဲ့သို့ ဖြစ်ပေသည်။ ပေါလု လမ်းလွဲသွားသည့်အချိန်တွင်၊ သူဦးဆောင်ခဲ့သည့် အသင်းတော်များနှင့် လူများသည်လည်း လမ်းလွဲသွားကြပေသည်။ ခေါင်းဆောင်များ လမ်းလွဲကြသည့်အခါ၊ ၎င်းတို့တစ်ဦးတည်းအပေါ်သာ သက်ရောက်မှုရှိသည် မဟုတ်ပေ။ ၎င်းတို့၏ ခေါင်းဆောင်မှု နယ်ပယ်အတွင်းရှိ ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း သက်ရောက်မှုရှိနိုင်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဘုရားနှုတ်ကပတ်တော်က ထောက်ပြခဲ့တယ်၊ ခေါင်းဆောင်အနေနဲ့ ကျွန်မ လျှောက်ခဲ့တဲ့ လမ်းကြောင်းက တကယ်အရေးကြီးတယ်လို့ပေါ့။ သမ္မာတရားအပေါ် ကျွန်မသဘောထား၊ လျှောက်ခဲ့တဲ့ လမ်းကြောင်းနဲ့ ကိုယ့်တာဝန်လုပ်ခဲ့ပုံတွေက တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိတယ်။ လမ်းကြောင်းမှားကို ကျွန်မလျှောက်မိခဲ့ရင်၊ တခြားလူတွေကိုလည်း ကျွန်မနဲ့အတူ လမ်းပြမိမှာ။ ခေါင်းဆောင်အနေနဲ့၊ ညီအစ်ကို မောင်နှမတွေရဲ့ သမ္မာတရား လိုက်စားမှုမှာ လမ်းပြဖို့အတွက် ကျွန်မမှာ တာဝန်ရှိတယ်၊ သမ္မာတရားကို လိုက်စားမဲ့အစား အလုပ်ကိုပဲ အာရုံစိုက်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားနဲ့ ကင်းကွာစေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရှုတာ၊ သမ္မာတရား ရှာဖွေတာတွေကို ဘေးဖယ်ထားခဲ့တယ်။ ကိုယ့်ကိုယ်ပိုင် အသက်ဝင်ရောက်မှုအပေါ် အာရုံမစိုက်ခဲ့တော့၊ ညီအစ်ကို မောင်နှမတွေကို သမ္မာတရား လိုက်စားဖို့ ကျွန်မဘယ်လိုဦးဆောင်နိုင်မှာလဲ။ ပေါလုလို လမ်းကြောင်းတစ်ခုတည်းပေါ်ပဲ သူတို့ကို ကျွန်မ လမ်းပြနေခဲ့တာဖြစ်ပြီး၊ သမ္မာတရားကို သူတို့ မလိုက်စားလို့ ကျွန်မ နောက်ဆုံးမှာ ဖယ်ရှင်းခံခဲ့ရရင်၊ ကျွန်မဘက်က ဆိုးယုတ်တာဖြစ်မှာပဲ။ သူတို့ရဲ့ ကယ်တင်ခြင်း အခွင့်အရေးကို ဖျက်ဆီးမိတာ ဖြစ်မှာပဲ။ အဲဒီလိုအလုပ်မျိုးက ကောင်းတာလုပ်တာမဟုတ်ဘဲ မကောင်းတာ လုပ်တာ၊ ဘုရားကို ဆန့်ကျင်ပြီး လုပ်နေတာ ဖြစ်မှာပဲ။ သူများကို အပေါ်ယံလုပ်ဖို့ ဦးဆောင်ပြီး ကိုယ်ကျတော့ ဘုရားနဲ့သမ္မာတရားဆီက ကင်းကွာတာဟာ အန္တရာယ်ကြီးတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခဲ့ပြီး၊ လိုက်စားမှု လမ်းကြောင်းမှန်နဲ့ ခေါင်းဆောင်တာဝန်ကို ပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်တာ၊ သမ္မာတရား ရှာဖွေတာနဲ့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းတာတွေအပေါ် ကျွန်မ အာရုံစိုက်ရမယ်မှန်း သိခဲ့တယ်။ အဲဒါဆိုရင် လမ်းကြောင်းမှားကို လျှောက်မိမှာ မဟုတ်ဘူး။
နောက်ပိုင်းမှာ နောက်ထပ်စာနှစ်ပိုဒ် ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပေါလုနှင့် ပေတရုတို့၏ ခရီးပန်းတိုင်များကို ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ထမ်းဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်အရ တိုင်းတာခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးမှု အတိုင်းအတာအရ မဟုတ်ပေ။ ၎င်းတို့၏ ခရီးပန်းတိုင်များသည် အစကတည်းမှ ၎င်းတို့ ကြိုးစားခဲ့ကြသည့် အရာအတိုင်း သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များအတိုင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ကြိုးစားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းအား ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်း ဖြစ်သည်။ မိမိ၏ ဟောင်းသော စိတ်သဘောထား၌ ပြောင်းလဲမှုများကို ရှာဖွေခြင်းနှင့် ဘုရားသခင်အတွက် ဖြူစင်သော ချစ်ခြင်းအား ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော အောင်မြင်မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ နဂိုမူလတာဝန်နှင့် နဂိုမူလ အသွင်အပြင်ကို ပြန်ရရှိခြင်း လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်ရရှိခြင်း လမ်းကြောင်း ဖြစ်ပြီး၊ အစအဦးမှ အဆုံးထိတိုင် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်စားခြင်းသည် ကိုယ်ရေးကိုယ်တာ လွန်ကဲသော တောင်းဆိုမှုများနှင့် ယုတ္တိမတန်သော တောင့်တခြင်းများဖြင့် စွန်းထင်းပါက၊ စွမ်းဆောင်ရရှိသည့် အကျိုးတရားသည် လူ၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်ရရှိခြင်း အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤအရာက ဤကဲ့သို့သော လိုက်စားခြင်းမျိုးကို ဘုရားသခင်က လက်မခံသည်ကို သက်သေပြပေသည်။ ဘုရားသခင်က လက်မခံသည့် လိုက်စားခြင်းတစ်ခုသည် မည်သည့် အရေးပါမှု ရှိပါသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားက ကျွန်မတို့ရဲ့ ရလဒ်ကို ကျွန်မတို့ရဲ့ ပံ့ပိုးမှု၊ အလုပ်၊ ဆင်းရဲဒုက္ခခံရမှု အတိုင်းအတာအပေါ် အခြေခံပြီး မဆုံးဖြတ်မှန်း ဒါက ကျွန်မကို နားလည်သွားစေခဲ့တယ်။ ကျွန်မတို့ အလုပ်လုပ်တဲ့ပမာဏအပေါ် အခြေခံပြီး ကျွန်မတို့ကို သူ ကောင်းချီးပေးတယ်၊ ကျွန်မတို့ရဲ့ အလုပ်ကြိုးပမ်းမှုက ကောင်းမွန်တဲ့ ခရီးပန်းတိုင် ဆောင်ကြဉ်းပေးတယ်လို့ သူ လုံးဝ မပြောခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ အလုပ်ကြိုးစားသရွေ့၊ ကိုယ့်တာဝန်လုပ်ပြီး ပံ့ပိုးတာတွေ ပိုလုပ်သရွေ့၊ ဘုရားရဲ့ လက်ခံမှုကိုရပြီး၊ ကောင်းမွန်တဲ့ ခရီးပန်းတိုင် ရှိမယ်လို့ ကျွန်မ ထင်လေ့ရှိခဲ့တယ်။ ဒီတော့ အသင်းတော်အလုပ်နဲ့ သူတစ်ပါးရဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ ကျွန်မ တကယ် စိတ်အားထက်သန်ခဲ့ပြီး၊ ကိုယ့်တာဝန်အတွက် ဆင်းရဲဒုက္ခခံဖို့ လုံးဝ လိုလားနေခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တော့ ကျွန်မမှာ မမှန်တဲ့ ရှုထောင့်အမြင်ရှိမှန်း၊ ကျွန်မတို့ရဲ့ ရလဒ်ကို ဘုရားက သမ္မာတရားကို ကျွန်မတို့ လိုက်စားပြီး ပြောင်းလဲခြင်း ရှိမရှိဆိုတဲ့အပေါ် အခြေခံပြီး ဆုံးဖြတ်မှန်း ကျွန်မ တွေ့လိုက်ရတယ်။ ပေါလုလိုပဲပေါ့— သူက အားထုတ်မှုအများကြီး သုံးခဲ့တယ်၊ အလုပ်အများကြီးလုပ်၊ ဆင်းရဲဒုက္ခအများကြီးခံပြီး၊ အသင်းတော် အတော်များများ တည်ထောင်ခဲ့တယ်။ သူက ပံ့ပိုးတာတွေ အများကြီးလုပ်ခဲ့တယ်လို့ လူတွေ ထင်ကြပေမဲ့၊ သူ့ရဲ့ အရင်းခံအကြောင်းက ဆုချီးမြှင့်ခံရဖို့၊ သရဖူဆောင်းဖို့ဖြစ်ခဲ့တယ်၊ ဒါကြောင့် သူသုံးခဲ့တဲ့ အားထုတ်မှုအားလုံးက ဘုရားလက်ခံမှု မရခဲ့ဘူး။ သူ့စိတ်သဘောထားကို လုံးဝ မပြောင်းလဲခဲ့လို့ ဘုရားရဲ့ ဖယ်ရှင်းတာ ခံခဲ့ရတယ်။ ဒါပေမဲ့ ပေတရုက အလုပ်အများကြီး မလုပ်ခဲ့ပေမဲ့၊ သမ္မာတရား ရှာဖွေတာ၊ ဘုရားနှုတ်ကပတ်တော်တွေအရ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာတွေကို အာရုံစိုက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို သူလက်တွေ့လုပ်ခဲ့ပြီး၊ နောက်ဆုံးမှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ရသွားခဲ့တယ်။ သူ့ရဲ့လိုက်စားမှုက ဘုရားအလိုတော်နဲ့ ကိုက်ညီခဲ့တယ်။ လူတွေရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့အတွက် ဘုရားရဲ့ စံနှုန်းတွေကို ကျွန်မ လုံးဝ နားလည်လေ့မရှိခဲ့ဘဲ၊ ယုံကြည်ခြင်းမှာ ကိုယ့်ကိုယ်ပိုင်အယူအဆတွေ ရှိခဲ့တယ်။ အလုပ်ကြိုးစားတာက ဘုရားနိုင်ငံတော်ထဲ ရောက်စေမယ်လို့ တွေးခဲ့ပြီး၊ လှပတဲ့ ခရီးပန်းတိုင်အတွက် ကိုယ့်ရဲ့ မဖြစ်စလောက် အားထုတ်မှုကို အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိခဲ့တယ်။ အဲဒီလိုက်စားမှုက ဘုရားနဲ့ ဘာမှ မပတ်သက်ဘူး။ ဘုရားကို စိတ်ကျေနပ်စေဖို့ စိတ်သက်သက်နဲ့ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့သလို၊ ကျွန်မရဲ့ ယုံကြည်ခြင်းက အဲဒီလို လိုက်စားမှုမျိုးနဲ့ အဓိပ္ပာယ်မဲ့လာခဲ့တယ်။ ကျွန်မ ဘယ်လိုပဲ အလုပ်များပုံပေါ်ပါစေ၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ ပြောင်းလဲမနေခဲ့ဘူး။ မာနထောင်လွှားမှု၊ လောဘ၊ ပလွှားမှု၊ မနာလိုမှုနဲ့ ကောက်ကျစ်မှုအပြည့် ဖြစ်နေတုန်းပဲ။ ကျွန်မလို ဆိုးယုတ်တဲ့ စိတ်သဘောထား အရမ်းများတဲ့ လူတစ်ယောက်က ကောင်းမွန်တဲ့ ခရီးပန်းတိုင် ရှိနိုင်မှာလဲ။ ကျွန်မရဲ့တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာ၊ ဘုရားအလိုတော်ကို ရှာတာတွေအပေါ် အာရုံမစိုက်ခဲ့ဘူး။ ဘုရားတောင်းဆိုတာကို ကျွန်မ လုပ်မနေခဲ့ဘူး၊ ဒီတော့ ကျွန်မရဲ့အလုပ်က ဘယ်လိုလုပ် ဘုရားအလိုတော်နဲ့ ကိုက်နိုင်မှာလဲ။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက လိုက်စားဖို့ ကျွန်မရဲ့ မှားယွင်းတဲ့ ချဉ်းကပ်မှုအပေါ် သိနားလည်မှုတချို့ ပေးခဲ့တယ်။ အဲဒါမရှိဘဲနဲ့ ကျွန်မအနေနဲ့ လှည့်ဖြားမှု၊ အပေးအယူလုပ်တတ်တဲ့ စိတ်နေစိတ်ထားအပြည့်နဲ့ မမြင်မကန်း ကြိုးစားအလုပ်လုပ်နေမိမှာဖြစ်ပြီး၊ အဲဒီလိုက်စားမှုက ဘုရားကို အာခံစေမှာဖြစ်သလို အပြစ်ပေးခံရတာနဲ့ပဲ အဆုံးသတ်သွားစေမှာပဲ။ သမ္မာတရား လိုက်စားမှု အရေးကြီးတာကို မြင်ပြီးတဲ့နောက်မှာ၊ ကျွန်မအနေနဲ့ အလုပ်ကြိုးပမ်းတာကိုပဲ လုပ်တဲ့ အခြေအနေမှာ အသက်မရှင်ချင်တော့ဘဲ၊ ကျွန်မရဲ့ မမှန်တဲ့ လိုက်စားမှုကို စပြီးပြောင်းလဲခဲ့တယ်။
အဲဒီနောက်မှာ၊ ကျွန်မ ဘယ်လိုပဲ အလုပ်များပါစေ၊ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ အချိန်ယူပြီး၊ ကျွန်မတာဝန်ကတစ်ဆင့် ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံဖို့ ကြိုးစားခဲ့တယ်။ ပြဿနာတွေကို ကြုံရတဲ့အခါ၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာဖွေခဲ့ပြီး၊ သူများပြဿနာတွေအတွက် ကူညီဖို့ သမ္မာတရားအပေါ် မိတ်သဟာယပြုခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ရင်းနဲ့၊ ကျွန်မရဲ့တာဝန်မှာ မရှင်းမလင်းဖြစ်တာ လျော့သွားပြီး၊ ဦးတည်ချက် ပိုရှိသွားတယ်။ ပြီးတော့ အရင်က အလုပ်များတဲ့အခါ၊ ကျွန်မ မြန်မြန် အလုပ်လုပ်မနေဘူး၊ ကောင်းကောင်း မလုပ်ရင် ကျွန်မရဲ့ ခရီးပန်းတိုင်ကို ထိခိုက်မယ်လို့ ကျွန်မ ပူပန်ခဲ့ပေမဲ့၊ အခု အလုပ်အများကြီး ရှိတဲ့အခါ ကျွန်မ သိပ်မပူပန်တော့ဘူး။ ပထမဆုံးအနေနဲ့ ဘုရားတောင်းဆိုတာ မြင်ရဖို့ သမ္မာတရား စည်းမျဉ်းတွေ ကျွန်မရှာပြီး၊ ဘုရားနဲ့ အဲဒီလို ပူးပေါင်းလုပ်လိုက်တော့၊ သူ့ရဲ့ လမ်းပြမှုကို ကျွန်မ မြင်နိုင်သလို၊ ပိုကောင်းသထက် ကောင်းတဲ့ ရလဒ်တွေကို ရနေခဲ့တယ်။ တစ်ချိန်မှာ၊ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်မှာ မလှုပ်မယှက် ဖြစ်နေတာမျိုး ကျွန်မ သတိထားမိပြီး၊ တကယ်စိတ်ပျက်၊ ဒေါသထွက်မိတယ်။ သူတို့နဲ့ မိတ်သဟာယပြုဖို့ ကျွန်မ အချိန်အများကြီး ကုန်ခဲ့ပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူးလေ။ သူတို့ထဲက တချို့က တကယ်ကို မထုံတက်သေး ဖြစ်နေကြတုန်းပဲဖြစ်ပြီး၊ အဲဒါက ကျွန်မတို့ရဲ့ တိုးတက်မှုကို ကြန့်ကြာနေစေခဲ့တယ်။ ဒါကြောင့် ကျွန်မ ဒေါသထွက်ရတဲ့အကြောင်းအရင်းနဲ့ ဘာက ကျွန်မကို တကယ်လှုံ့ဆော်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဘုရားရှေ့ကို လာဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ ရလဒ်ကောင်းတွေ မရတာက ကျွန်မကို မကောင်းမြင်ခံရမှာဖြစ်ပြီး ကျွန်မရာထူးကို ဆုံးရှုံးသွားစေနိုင်တယ်လို့ တွေးလို့ ကျွန်မအဲဒီလို ခံစားနေခဲ့ရမှန်း တွေ့လိုက်ရတယ်။ အဲဒါ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်မှန်း အဲဒီအချိန်မှာ သဘောပေါက်လိုက်တယ်။ သမ္မာတရားအတွက် ဇာတိပကတိကို စွန့်ရမယ်။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ဘာမှမဟုတ်ဘူး။ တခြားလူတွေ ကျွန်မကို ဘာပဲတွေးပါစေ၊ ကျွန်မအနေနဲ့ ခေါင်းဆောင်အခန်းကဏ္ဍ ရှိရှိ၊ မရှိရှိ ကိုယ့်တာဝန်ကို လုပ်ဖို့ လိုတယ်။ အရေးကြီးတာ အဲဒါပဲ။ ဒါကြောင့် သူတို့ မထုံတက်သေး ဖြစ်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကို သွားလေ့လာပြီး၊ သူတို့တာဝန်အပေါ် ဘာသဘောထားရှိတယ် ဆိုတာကို သွားကြည့်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို အတူဖတ်ခဲ့ကြပြီး၊ မိတ်သဟာယကတစ်ဆင့်၊ လူတိုင်းရဲ့ အခြေအနေက တဖြည်းဖြည်း ပိုကောင်းသွားသလို၊ သူတို့ ပိုပြီး စွမ်းဆောင်ရရှိလာခဲ့ကြတယ်။ ဒီအတွေ့အကြုံက ကျွန်မကို ပြခဲ့တယ်၊ သမ္မာတရားကို လိုက်စားတာဟာ စစ်မှန်တဲ့ ယုံကြည်မှု၊ ဘုရားနောက်လိုက်ခြင်းနဲ့ဆိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်တာကိုပေါ့။ ကိစ္စပြီးတာနဲ့ပဲ ကျွန်မ ရောင့်ရဲနေလို့ မရဘဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့၊ သူ့အမှုတော်ကို တွေ့ကြုံပြီး စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားဖို့ လိုပါတယ်။ ဘုရားကျေးဇူးတော်ပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။