မြေငလျင်လှုပ်ပြီးနောက်

10.04.2022

ဂျိန်း ဖိလစ်ပိုင်နိုင်ငံ

၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး ဖတ်ခဲ့ပြီး၊ ဖတ်တဲ့အခါတိုင်းမှာ၊ ကျွန်မကို ဘုရားက မျက်နှာချင်းဆိုင် စကားပြောနေသလို ခံစားခဲ့ရတယ်။ အရမ်းကို အားဖြစ်စရာဖြစ်ပြီး တကယ် နှစ်သက်မိတယ်။ ကျွန်မတစ်သက်လုံး မရှိခဲ့ဖူးတဲ့ ခံစားချက်တစ်ခုပဲ။ မိတ်သဟာယကနေ သင်ယူမိတာက၊ အသက်ရှင်တုန်းမှာ၊ ယုံကြည်ခြင်း ရှိသင့်တယ်၊ ဘုရားနှုတ်ကပတ်တော် ဖတ်ပြီး အဖန်ဆင်းခံတစ်ဦး တာဝန်ကို လုပ်ဆောင်သင့်တယ်ဆိုတာပဲ။ အဖေက ကျွန်မရဲ့ ယုံကြည်ခြင်းကို ဆန့်ကျင်ပြီး ကျွန်မကို အရမ်း စိတ်ဆိုးဒေါသထွက်ပေမဲ့၊ စုဝေးပွဲတွေကို ကျွန်မ ဆက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဘုရားနှုတ်ကပတ်တော်ကို ပိုနားလည်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်မှန်း သိလို့ပဲ။ ဘုရားနှုတ်ကပတ်တော်ကို မဖတ်နိုင်ခင်တုန်းက ဘဝက အရမ်းအနှစ်မဲ့ခဲ့တာ။ ကျွန်မကို အဲဒါကပဲ စိတ်ကျေနပ်စေပြီး ဘဝမှာ ဦးတည်ချက်ပေးခဲ့တာ။ ကျွန်မအတွက် စုဝေးပြီး ဘုရားနှုတ်ကပတ်တော် ဖတ်တာ ဘယ်လောက် သိပ်အရေးကြီးမှန်း သိခဲ့တယ်။

ဒါပေမဲ့ မကြာဘူး၊ စုံစမ်းခြင်းနဲ့ ကျွန်မ ရင်ဆိုင်ရတော့တာပဲ။ ကျွန်မအိမ်နီးချင်းက သူလုပ်တဲ့ စတိုးဆိုင်မှာ အရောင်းစာရေး အလုပ်ကို လုပ်ဖို့ပြောတယ်။ တစ်နေ့ကို ပီဆို ၅၀၀ ကျော် ကျွန်မ ရနိုင်တယ်တဲ့။ သူတို့ ကျွန်မကို အလုပ်ခန့်မှာ သူသေချာတယ်ပေါ့။ ကြည့်ရတာတော့ ကျွန်မအတွက် ဝင်ငွေကောင်းတဲ့ပုံပဲ။ အဲဒီငွေနဲ့ ကိုယ်လိုချင်တာတွေကို ဝယ်နိုင်တယ်လေ။ ပြီးတော့ မိဘတွေကိုလည်း ကူညီလို့ရသေးတယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို ယူလိုက်ရင်၊ စုဝေးပွဲတွေကို ပုံမှန် တက်နိုင်တော့မှာ မဟုတ်ဘူး။ ဒါတောင် အဲဒီငွေကို လိုချင်ပြီး အဲဒီအခွင့်အရေး လက်လွတ်ရမှာကို အင်တင်တင် ဖြစ်နေတုန်းပဲ။ နောက်ဆုံးတော စုံစမ်းခြင်းကို မခံနိုင်တော့ဘဲ အဲဒီအလုပ်လုပ်ဖို့ သဘောတူလိုက်တယ်။ တစ်လစာချုပ်ပဲ ကျွန်မ ချုပ်လိုက်တယ်။ အဲဒီနောက်မှာ စုဝေးပွဲတွေကို ပုံမှန် တက်နိုင်မှာဖြစ်ပြီး အဲဒီအတောအတွင်းမှာ စုဝေးပွဲတွေကို အတတ်နိုင်ဆုံး ဆက်တက်မယ်လို့တွေးရင်းနဲ့ပေါ့။ ဒါပေမဲ့ ကိုယ်မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ မျှော်လင့်ခဲ့သလို စုဝေးပွဲတွေကို တက်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ အလုပ်မှာ ဖုန်းကို သုံးလို့မရဘူးလေ။ ပြီးတော့ ည ၆ နာရီထိ အလုပ်မဆင်းလို့မရဘူး။ အချိန်အတော်ကြာ အလုပ်ဆင်းရတော့၊ အိမ်ရောက်တဲ့အခါ တကယ်ပင်ပန်းသွားပြီ။ အားအင်ကို မရှိတော့တာ။ အိမ်ကိုအချိန်မီ မရောက်ရင် တက်ဖို့ အရမ်းနောက်ကျသွားပြီ။ အချိန်ကြာလာတော့ ဘုရားနဲ့ ပိုဝေးသွားသလို ခံစားခဲ့ရပြီး၊ ဖော်ပြလို့မရတဲ့ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုကို ခံစားခဲ့ရတယ်။ ဘာလို့လဲ မသိပေမဲ့ တစ်ချိန်လုံး တကယ်ကို ဝမ်းနည်းနေတာ။ မျက်နှာမှာ ပြုံးမြဲပြုံးထားပေမဲ့ အတွင်းမှာ နာကျင်နေခဲ့တာ။ ကိုယ့်ဘဝထဲက ရှိသမျှအလင်း ပျောက်ကွယ်သွားသလို ခံစားခဲ့ရတယ်။ တစ်ခါတလေ အဲဒီလို မှောင်မိုက်မှုကို ခံစားရပြီး ကျွန်မ စငိုမိတယ်။ စုဝေးပွဲတွေ သွားခဲ့တာကို ကျွန်မ တကယ် လွမ်းတာ။ စျေးဝယ်သူ တစ်ယောက်မှ မရှိတဲ့အခါ၊ ကျွန်မရဲ့ မှတ်စုစာအုပ်ထဲမှာ မှတ်မိတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရေးပြီး၊ တတ်နိုင်တဲ့အခါအဲဒါတွေကို ဖတ်တယ်၊ တွေးဆတယ်။ ကျွန်မ ဘုရားရဲ့ ကူမမှုနဲ့ လမ်းပြမှုကို ခံစားလို့ရခဲ့တယ်။ ကျွန်မ စာချုပ်ထဲ ကျန်တဲ့ရက်တွေကို ရေတွက်ရင်းနဲ့ ပြက္ခဒိန်ကို အမြဲကြည့်နေမိတယ်။ အဲဒီအလုပ်ကို ပြီးသွားပြီး ပြန်စုဝေးတာ လုပ်ချင်မိတယ်။

တစ်နေ့ ဖေ့စ်ဘုတ်ပေါ်မှာ ညီအစ်ကို တစ်ယောက်ပို့တဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းနှစ်ပိုဒ်တွေ့တယ်။ “ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅))ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုကို ကျွန်မ ခံစားလို့ရသလို တကယ် လန့်သွားတယ်။ သူပြောတဲ့အရာ ပြီးပြည့်စုံနေတာ မြင်ရတယ်လေ။ မင်ဒါနာအိုမှာ ကပ်ဘေးတွေ ပိုများသထက် များနေခဲ့တာ။ မီးတောင်ပေါက်ကွဲတာတွေ၊ ဟာရီကိန်းတွေ၊ ငလျင်တွေနဲ့ ကပ်ရောဂါတွေလိုပေါ့။ ပြီးတော့ တစ်ကမ္ဘာလုံးအနှံ့လည်း အဲဒီအတိုင်းပဲ။ ဒါပေမဲ့ ကျွန်မက ငွေရှာဖို့နဲ့ ဘုရားဆီက ထွက်သွားဖို့ ဆုံးဖြတ်မိခဲ့တယ်။ ဘုရားက ကပ်ဘေးထဲမှာ ကျွန်မကို မကာကွယ်မှာ၊ ကျွန်မရဲ့ အသက်ဆုံးရှုံးမှာကို ကျွန်မ စိုးရွံ့မိသွားတယ်။ ဒါကြောင့် ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော့်ထက် ငွေကို ရွေးမိတဲ့အတွက် ကျွန်မကို ခွင့်လွှတ်ပါ။ ကိုယ်တော့်အလိုတော်ကို ဆန့်ကျင်မိမှန်း ကျွန်မ သိပါတယ်၊ ဒါပေမဲ့ နောင်တရချင်ပါတယ်”လို့ပေါ့။ နောင်တရဖို့ အရမ်းနောက်မကျသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ စုဝေးပွဲတွေကို ပြန်သွားဖို့ အခွင့်အရေး ရှိသေးတယ်။ မကြာခင် ကျွန်မစာချုပ် ကုန်သွားလို့ တာဝန်တစ်ခု ပြန်ယူနိုင်မှာကို ကျွန်မ မျှော်လင့်နေမိခဲ့တယ်။

၂၀၁၉၊ ဒီဇင်ဘာ ၁၅ မှာ တကယ်စိုးရိမ်ပူပန်ခဲ့တာ ကျွန်မ သတိရသေးတယ်။ ဘာလို့လဲ မသိပေမဲ့ ဒီစိတ်ထင့်တဲ့ ခံစားချက်ရှိနေခဲ့တာ။ အလုပ်ဆက်မလုပ်တော့ဘဲ အိမ်ပြန်ပြီး မောလ်ကနေ ထွက်သွားချင်မိခဲ့တယ်။ နောက်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူနဲ့ အိမ်သာသွားဖို့ ပြောတယ်။ မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် မောလ်ထဲကို ပြန်လျှောက်လာကြချိန်မှာပဲ မြေကြီးက ရုတ်တရက် စပြီး တိမ်းစောင်းသွားတယ်။ လူတွေ မောလ်ထဲကနေ ပြေးထွက်နေကြတာ မြင်ရတယ်။ တချို့က အကြောက်တရားနဲ့ အေးစက်နေကြတယ်။ နေရာတိုင်းက စင်တွေကနေ ပစ္စည်းတွေ ကျနေတယ်။ ကံကောင်းချင်တော့ ကျွန်မတို့က ထွက်ပေါက်နားလေးမှာ။ ဒီတော့ အဆောက်အဦးထဲကနေ အမြန်ထွက်လိုက်ကြတယ်။ အရမ်းလှုပ်နေတော့ ပခက်ထဲမှာ နေရသလိုပဲ၊ ပြီးတော့ ဘေးကင်းရာရောက်ဖို့ ခက်တယ်။ အဲဒါတွေအားလုံး ပြန်တွေးကြည့်တော့၊ မစခင်လေးမှာပဲ မောလ်အပြင်ထွက်ဖို့ အိမ်သာဆီ သွားသလို ဖြစ်ခဲ့တာပဲ။ ပြီးတော့ အဲဒီမှာ လူတွေအများကြီးရှိတော့ အပြင်မှာ နည်းနည်း စောင့်လိုက်ရသေးတယ်။ ကျွန်မ မောလ်ထဲပြန်ဝင်လိုက်တဲ့အချိန်မှာပဲ ငလျင်စခဲ့တာ။ အချိန်က ကွက်တိပဲ။ ဒီတော့ အန္တရာယ်ကနေ ကယ်တင်ခဲ့တာ ဘုရားရဲ့ ကွယ်ကာမှုပဲလေ။ ကျွန်မ အရမ်းတို့ထိခံခဲ့ရတယ်။ အသက်ရှင်ကျန်ခဲ့လို့မဟုတ်ဘဲ၊ ဘုရားရဲ့ မေတ္တာနဲ့ သူကျွန်မနဲ့အတူရှိမှန်း တွေ့ခဲ့ရလို့ပါ။ ငလျင်ကနေ သူ ကျွန်မကို ကယ်တင်ခဲ့တာလေ။ စိတ်နှလုံးကနေ ဘုရားကို ကျွန်မ အကြိမ်ကြိမ် အော်ခေါ်နေမိခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျေးဇူးတင်ပါတယ်၊ ကိုယ်တော် ကျွန်မကို ကယ်တင်ခဲ့တယ်”လို့ပေါ့။ အပြင်မှာ ရပ်နေတုန်း ကျွန်မစိတ်ထဲမှာ အတွေးတွေ အများကြီး ဝင်လာတယ်။ ငွေတချို့ ကျွန်မ ရှာနိုင်ခဲ့ပေမဲ့ စိတ်မချမ်းသာသလို စိတ်ဓာတ်ကျနေခဲ့မှန်း ကျွန်မ သိတယ်လေ။ ငွေက အရေးမကြီးဘူး။ အဲဒါက ငလျင်ထဲမှာ ဘာကောင်းကျိုးမှ မပေးဘူး။ ဘုရားရှေ့လာပြီး သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိတာကပဲ အရေးကြီးတာ။ အိမ်ပြန်ပြီး စုဝေးပွဲတက်ဖို့ ကျွန်မ တကယ်တောင့်တနေမိခဲ့တယ်။ ကျွန်မကို ဘုရားက ကပ်ဘေးကနေ အဝေးကို ဘယ်လိုလမ်းပြခဲ့တယ်၊ ပြီးတော့ သူ့မေတ္တာနဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို မျက်မြင်တွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ညီအစ်ကို မောင်နှမတွေဆီ ပြောပြချင်မိခဲ့တယ်။

အဲဒီနေ့ အိမ်အပြန်လမ်းမှာ၊ ကျွန်မ တွေးနေမိတယ်၊ သူ့ဆီကနေ ထွက်သွားပြီးတဲ့နောက်မှာတောင် ဘာလို့ ဘုရားက ကွယ်ကာဆဲ ဖြစ်တာလဲလို့ပေါ့။ အသင်းတော် အက်ပလီကေးရှင်းကို ဖွင့်လိုက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် တွေ့လိုက်ရတယ်။ “ဘုရားသခင်၏ ချစ်ခြင်းသည် လက်တွေ့ကျ၏- ဘုရားသခင်၏ ကျေးဇူးတော်မှတဆင့်၊ လူသားသည် ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရှောင်ရှားနေပြီး၊ တစ်ချိန်လုံး ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် လူတို့အား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်း သိလာစေသည်။ ဘုရားသခင် ထောက်ပံ့သော အရာ၊ လူသားအပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သူ၏လမ်းပြမှု အားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏ အနှစ်သာရကို ပို၍ပို၍ သိလာခွင့်ပေးပြီး လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည့်အရာအတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည် ဆိုသည်တို့ကို တိုး၍ တိုး၍ သိလာခွင့်ပေး၏။ ဘုရားသခင် ပြုသော ဤအရာများအားလုံးသည် သူ၏တစ်ခုသော မူလရည်ရွယ်ချက်မှ ခွဲထုတ်၍မရချေ။ သို့ဆိုလျှင် ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားအပေါ် သူ၏အမှုကို ဆောင်ရွက်ရန်၊ အဘယ်ကြောင့် ဤနည်းလမ်းတို့ကို အသုံးပြုသနည်း။ မည်သည့် ရလဒ်ကို သူရရှိချင် သနည်း။ တစ်နည်းအားဖြင့်၊ သူသည် လူ့အထဲတွင် မည်သည့်အရာကို မြင်ချင်သနည်း။ လူသားထံမှ မည်သည့်အရာကို သူရရှိချင်သနည်း။ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏ နှလုံးသား ပြန်လည်နိုးထနိုင်ဖို့ ဖြစ်သည်။ လူသားအပေါ် အမှုပြုရန် သူအသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ လူသားအနေဖြင့် မည်သည့်နေရာက မိမိတို့လာခဲ့သည်၊ မည်သူက မိမိတို့ကို လမ်းပြနေသည်၊ ထောက်ပံ့နေပြီး ပံ့ပိုးနေသည်၊ ပြီးလျှင် မည်သူက မိမိကို ယခုထိတိုင်အောင် ရှင်သန် ခွင့်ပြုထားသည် ဆိုသည်ကို သိနိုင်စေဖို့ဖြစ်သည်။ ထိုနည်းလမ်းများသည် လူအား မည်သူက ဖန်ဆင်းရှင် ဖြစ်သည်၊ မည်သူ့ကို သူတို့ကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းမျိုးကို လျှောက်သင့်သည်ဆိုသည်နှင့် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် လာသင့်သည်ဆိုသည်တို့ကို နားလည်နိုင်စေသည့် နည်းလမ်းများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန် နှင့် လူသားကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်က ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏ နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသား၏ နှလုံးသား ပြန်လည်အားပြည့် လာသည့်အခါ၊ လူသည် ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထား တစ်ခုဖြင့် အသက်ရှင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေဖို့သာ ဆန္ဒရှိလာသည်။ လူ၏နှလုံးသားသည် နိုးထလာသည့်အခါ၊ လူသည် စာတန်ထံမှ အပြည့်အဝ ရုန်းထွက်နိုင်လေသည်။ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း၊ သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေဖို့ ဘုရားသခင်၏ အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ဖန်တီးယူကာ ပူးပေါင်းဆောင်ရွက်နိုင်၏၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဒါကျွန်မအတွက် အရမ်းတို့ထိစရာ ဖြစ်ခဲ့တယ်။ ဘုရားမေတ္တာနဲ့ ကရုဏာကို မြင်ခဲ့ရတယ်။ ဇာတိကာမဂုဏ်တွေအတွက် စုဝေးပွဲတွေနဲ့ တာဝန်ကို လက်လျှော့ဖို့ ကျွန်မ ရွေးခဲ့တယ်၊ ဒီတော့ ဘုရားက ကျွန်မကို ကွယ်ကာမှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို ဘေးဖယ်ထားမဲ့အစား၊ အဲဒီငလျင်တစ်လျှောက်မှာ သူ ကျွန်မကို အံ့ဖွယ်ရာ ကွယ်ကာခဲ့တယ်။ ဘုရားက ကျွန်မကို နိုးထပြီး ငွေမမက်တော့အောင်၊ သူ့ရှေ့ ပြန်လာစေချင်တယ်၊ သမ္မာတရားလိုက်စားပြီး တာဝန်ကို လုပ်စေချင်တယ်။ ကျွန်မ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ ဘုရားဆီက အဲဒီအခွင့်အရေးကို ဖြုန်းတီးလို့ မဖြစ်ဘဲ၊ နောင်တရရမယ်၊ ဇာတိမွေ့လျော်မှုတွေကို လက်လွတ်ပြီး၊ အသင်းတော်ထဲမှာ အဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ပြန်သွားလုပ်ရမယ်။

ဒီဇင်ဘာနှောင်းပိုင်းမှာ စာချုပ်သက်တမ်း ကုန်သွားတော့၊ ကျွန်မရဲ့တာဝန်မှာ အချိန်နဲ့ အားအင် အကုန်နီးပါး ထည့်ခဲ့တယ်။ ပြဿနာတွေနဲ့ ကြုံရတဲ့အခါ အားနည်းချက်တချို့ ခံစားရပြီး တစ်ခါတလေ တကယ်မောတယ်။ ဒါပေမဲ့ နောက်တော့ ငလျင်တစ်လျှောက် ဘုရားက ကွယ်ကာခဲ့ပုံအကြောင်းကို အမြဲတွေးမိတယ်။ အခက်အခဲတွေ ဘယ်လောက်ပဲ ရင်ဆိုင်ရပါစေ၊ ဘုရားမေတ္တာကို ပြန်ပေးဆပ်ဖို့ အလုပ်ကြိုးစားပြီး ကိုယ့်တာဝန်ကိုလုပ်ရမယ်မှန်း ကျွန်မ သိခဲ့တယ်။ ကပ်ဘေးတွေရဲ့ အခက်အခဲကို လွတ်မြောက်ပြီး ကောင်းမွန်တဲ့ ခရီးပန်းတိုင်ရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်မှန်း တွေးမိတယ်။ နောက်တော့ တစ်နေ့မှာ၊ နာမကျန်းမှုမှတစ်ဆင့် ကောင်းချီးများအတွက် ကျွန်ုပ်၏ ရည်ရွယ်ချက် ထုတ်ဖော်ပြခံရသည်ဆိုတဲ့ သက်သေခံချက်တစ်ခု ကြည့်ခဲ့ရတယ်။ ယုံကြည်သူဖြစ်တာ ကြာပြီဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ ဗီဒီယိုတစ်ခုပါ၊ ဆိုးဆိုးရွားရွား နေမကောင်းဖြစ်တဲ့အထိ သူ့တာဝန်ကိုလုပ်ရင်းနဲ့ အများကြီး ပေးဆပ်ပြီး အလုပ်ကြိုးစားခဲ့တဲ့သူပေါ့။ သူ စိတ်မချမ်းမမြေ့ဖြစ်ပြီး ဘုရားကို အပြစ်တင်ခဲ့တယ်။ အများကြီး ပေးဆပ်ခဲ့တာကြောင့် အရမ်းကို နေမကောင်း မဖြစ်သင့်ဘူးလို့ သူ ခံစားခဲ့ပြီး၊ ဘာလို့ ဘုရားက သူ့ကို ကောင်းချီးပေးပြီး မကွယ်ကာခဲ့လဲဆိုတာ နားမလည်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ သူ သဘောပေါက်သွားတယ်၊ သမ္မာတရား လိုက်စားပြီး ဘုရားကို နာခံဖို့ သူ့တာဝန်ကို သူလုပ်နေခဲ့တာ မဟုတ်ဘဲ၊ ကောင်းချီးခံစားပြီး ဘုရားနိုင်ငံတော်ထဲ ရောက်ဖို့ ဖြစ်ခဲ့မှန်းပေါ့။ သူ့အတွေ့အကြုံက ကျွန်မတာဝန်မှာ ကျွန်မရဲ့ရည်ရွယ်ချက်တွေလည်း အစွန်းအထင်းရှိနိုင်တယ်ဆိုတာ ပြခဲ့တယ်။ ဘာလို့လဲဆိုတော့ ကပ်ဘေးကနေ ဘုရားက ကယ်တင်မယ်လို့ ကျွန်မ အမြဲ မျှော်လင့်နေမိလို့ပဲ။ သူ့လိုပဲ ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေမိမှာ စိုးတယ်။ အဲဒီညမှာ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ ငါ့တာဝန်က ဘုရားကို ကျေနပ်စေဖို့လား၊ ဒါမှမဟုတ် ဘုရားကျေးဇူးတော် ရဖို့လားလို့ပေါ့။ ငလျင်လှုပ်တဲ့အတောအတွင်း ရခဲ့တဲ့ ကွယ်ကာမှုနဲ့ ဖြစ်ပြီးတဲ့နောက် ခံစားရတဲ့ ကြောက်လန့်မှုအကြောင်းကို တွေးမိတယ်။ အနာဂတ်မှာ ကပ်ဘေးထဲ ကျရောက်သွားမှာကို ကျွန်မ စိုးရိမ်မိတယ်။ ဒါကြောင့် တာဝန်ပြန်သွားလုပ်ဖို့ ကျွန်မတောင့်တတာဟာ ကပ်ဘေးတွေကနေ ဘုရားကယ်တင်မယ်လို့ မျှော်လင့်နေမိတဲ့သဘောပါပဲ။ ဗီဒီယိုထဲက ညီအစ်ကိုလိုပဲ ကျွန်မမှာ အလားတူ ရည်ရွယ်ချက်နဲ့ အမြင်တွေ ရှိခဲ့တယ်။ ကျွန်မ နာမကျန်းမှုနဲ့ ငလျင်တစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ ကျွန်မရဲ့ စတေးမှုတွေက ဘုရားကို ကျိုးနွံနာခံပြီး စိတ်ကျေနပ်စေဖို့ မဟုတ်ခဲ့ဘဲ၊ ကျွန်မမှာ ကောင်းမွန်တဲ့ ခရီးပန်းတိုင်ရှိပြီး သူ့နိုင်ငံတော်ထဲ ရောက်အောင်လို့ ကပ်ဘေးကနေ ကျွန်မကို ကွယ်ကာစေဖို့သက်သက်ပါပဲ။ အဲဒီညမှာ ကျွန်မ တကယ်ဝမ်းနည်းသွားတယ်။ ဘုရားရဲ့ ကောင်းချီးတွေအတွက် အလဲအလှယ်အနေနဲ့ကိုယ့်တာဝန်ကို လုပ်နေမိမှန်းကို တကယ်လက်မခံနိုင်ခဲ့ဘူး။ အဲဒီအရာမှာ ကျွန်မ အရမ်းစစ်မှန်ချင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျွန်မရဲ့ ယုံကြည်ခြင်းက ကိုယ်ကျိုးအတွက် ဖြစ်ခဲ့တယ်။ ကျွန်မမှာ ကြောက်ရွံ့တဲ့ စိတ်နှလုံးမရှိခဲ့သလို၊ ဘုရားကို ကျွန်မတို့ရဲ့ ဖန်ဆင်းရှင်လို နာခံကိုးကွယ်ခဲ့တာ မဟုတ်ဘူး။

နောက်ပိုင်းမှာ ဒါနဲ့ပတ်သက်လို့ သမ္မာတရားတချို့ ရှာဖွေခဲ့ပြီး ဘုရားဆီက စာတစ်ပိုဒ်တွေ့ခဲ့တယ်။ “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည် ရှောလမုန်၏ သားအားလုံးကို သာလွန်သော်လည်း၊ လူသားများသည် ငါ့ကို အရေးမပါသည့် သမားတော်တစ်ပါး အဖြစ်နှင့် လူသား၏ လူမသိသူမသိ ဆရာတစ်ယောက်အဖြစ်မျှသာ ထင်မှတ်ကြသည်။ ၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအခြေအနေကို လုံးဝ ထုတ်ဖော်ပြလိုက်တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းက သူ့ကျေးဇူးတော်ထဲမှာ ပျော်မွေ့ဖို့၊ ကပ်ဘေးကနေ ကျွန်မကို ကယ်တင်စေဖို့ သက်သက်ပါပဲ။ ငလျင်လှုပ်ပြီးတဲ့နောက်မှာ၊ ငွေနဲ့ ကာမဂုဏ်အတွက် စိတ်ဆန္ဒတွေကို လက်လွတ်ပြီး ကိုယ့်တာဝန်ဆီ ပြန်လာခဲ့ပေမဲ့၊ ကျွန်မ ဘယ်လောက်ပဲ အလုပ်ကြိုးစားခဲ့ပါစေ၊ ကပ်ဘေးကနေ ကျွန်မကို ဘုရားက ကယ်တင်ပြီး ထိန်းသိမ်းခိုင်းဖို့ ကြိုးစားနေတာပဲ ဖြစ်တယ်။ တာဝန်လုပ်ဖို့ ကိုယ့်အခွင့်အရေးကို ဘုရားနိုင်ငံတော်ရဲ့ ကောင်းချီးတွေအတွက် အလဲအလှယ်အနေနဲ့ အသုံးပြုချင်ခဲ့တယ်။ ကိုယ်ကျိုးအတွက် တာဝန်တစ်ခုကို လုပ်နေခဲ့တာ— ဘုရားနဲ့ အရောင်းအဝယ်လုပ်နေခဲ့တာပဲ။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေနဲ့ မမှန်တဲ့ အမြင်တွေကို တွေ့တော့ အရမ်းရှက်ပြီး အပြစ်ရှိသလို ခံစားရတယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကျွန်မ အရမ်းဖောက်ပြန်ပျက်စီးပါတယ်။ ကျွန်မရဲ့ အားထုတ်မှုအားလုံးက အပေးအယူသဘော ဖြစ်ခဲ့တယ်။ ကိုယ်တော့်ကို ကျွန်မ လှည့်စားနေမိခဲ့တယ်။ ဘုရားသခင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် သိခွင့်ပေးလို့ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကောင်းချီးအတွက်ပဲ ကိုယ့်တာဝန်ကို ကျွန်မ နောက်ထပ်မလုပ်ချင်တော့ပါဘူး။ ကိုယ်တော့်ကိုပဲ ကျေနပ်စေချင်ပါတယ်”လို့ပေါ့။

နည်းနည်းကြာတော့ နှုတ်ကပတ်တော်တချို့ကို ညီအစ်မတစ်ယောက်က ပို့ပေးခဲ့တယ်၊ အဲဒါက ကိုယ့်လိုက်စားမှုမှာ မှားခဲ့တဲ့နေရာကို နားလည်အောင် ကူညီခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းတွင် မည်သည့်လမ်းကြောင်းကို သင်တို့ ယခု လျှောက်လှမ်းနေသနည်း။ သင်သည် ပေတရုကဲ့သို့မပြုလုပ်လျှင်၊ အသက်ကိုမရှာဖွေလျှင်၊ မိမိကိုယ်ကို နားမလည်လျှင်၊ ဘုရားကို မသိမြင်လျှင် သင်သည် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းမရှိပေ။ ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- ‘ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။’ ဤအရာကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအနည်းငယ်သာ ဧကန်မုချ ပါရှိလေသည်။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ၏ အိမ်တော်တွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ သေချာပေါက် ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ဘုရားသခင်၏ ကောင်းချီးအခံစားရဆုံးသူများ- အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများ- အလယ်တွင် ၎င်းတို့ ရှိကြလိမ့်မည် ဖြစ်ပြီး ထိုအခါ သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ယင်းမှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”)ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) ဘုရားနှုတ်ကပတ်တော်တွေကနေ သင်ယူမိတာက ဘုရားအတွက် အဖိုးအခပေးဖို့ လူတော်တော်များများက အရာရာစွန့်နိုင်ပေမဲ့၊ သူတို့ စိတ်နှလုံးက ဘုရားကို စိတ်ကျေနပ်စေဖို့ မဟုတ်ဘဲ ကောင်းချီးတွေ ရဖို့ဖြစ်တယ်ဆိုတာပဲ။ သူတို့ ပေါလုလိုပဲ။ ပေါလုက ဧဝံဂေလိ ဖြန့်ဖို့ ဒုက္ခအများကြီးခံခဲ့ရပြီး ခရီးအများကြီးနှင်ခဲ့ပေမဲ့ အဲဒီအလုပ်နဲ့ အားထုတ်မှုကို ဘုရားကောင်းချီးတွေအတွက်ပဲ လဲလှယ်ချင်ခဲ့တယ်။ အလုပ်အများပြီးလုပ်ပြီးတဲ့နောက်မှာ သူက ပြေတယ်၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုလုပ်ခဲ့သမျှက အပေးအယူသဘော အရမ်းဆန်တယ်။ အားလုံးက ကောင်းချီးတွေ၊ ဆုလာဘ်တွေ၊ သရဖူတွေအတွက်ပါပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ ဘုရားနှုတ်ကပတ်တော်ရဲ့ စစ်မှန်မှုထဲ ဝင်ရောက်တာတွေကိုမဟုတ်ဘဲ၊ အလုပ်ကိုပဲ ဂရုစိုက်ခဲ့တယ်။ ဒါကြောင့် သူ့စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ဘူး။ အဲဒါကြောင့် ဧဝံဂေလိကို ဖြန့်ဝေပြီး လူအများကြီး ရခဲ့ပေမဲ့၊ ဘုရားက သူ့ရဲ့ လက်ခံမှုကို လုံး‌ဝ မပေးခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်တော့၊ ကျွန်မလည်း ပေါလုလိုပဲဆိုတာ တွေ့ရတယ်။ အလုပ်ထွက်ပြီး၊ ကိုယ့်တာဝန်မှာ အချိန်နဲ့ အားအင်အကုန် တော်တော်လေး ပေးခဲ့တယ်၊ အလုပ်များတဲ့အခါ တစ်နေ့ ထမင်းတစ်နပ်ဘဲ တစ်ခါတလေ စားခဲ့တယ်။ ဒါပေမဲ့ အဲဒါက သမ္မာတရား လိုက်စားဖို့၊ ဘုရားစိတ်ကျေနပ်စေဖို့ မဟုတ်ခဲ့ဘဲ၊ သူ့ကောင်းချီးတွေ ရဖို့ ဖြစ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းဖို့ ကြိုးစားနေခဲ့တာ မဟုတ်ဘဲ၊ ကျွန်မအနေနဲ့ နောက်ဆုံးမှာ ကောင်းမွန်တဲ့ ခရီးပန်းတိုင်ရှိပြီး သူ့နိုင်ငံတော်ထဲ ရောက်အောင်လို့ ကျွန်မ ဘယ်လောက် အလုပ်လုပ်နေတယ်ဆိုတာ ဘုရားကို မြင်စေချင်ခဲ့တာ၊ ကပ်ဘေးတွေကနေ ကျွန်မကို ကယ်တင်စေချင်ခဲ့တာ သက်သက်ပဲ။ စာတန်ကြောင့် ကျွန်မ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့ပုံ၊ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်လုပ်ခဲ့သမျှ ကိုယ့်အတွက်ဖြစ်ခဲ့ပုံကို မြင်ခဲ့ရတယ်။ ကျွန်မမှာ ဘုရားအတွက် ဆက်ကပ်မှု၊ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်ခဲ့တာ။ အဲဒါမြင်ရတော့ ကျွန်မအတွက် အရမ်းဝမ်းနည်းစရာ ဖြစ်ခဲ့တယ်။ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကျေးဇူးပြုပြီး၊ ကျွန်မတာဝန်မှာရှိတဲ့ မမှန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ရှုထောင့်အမြင်တွေကို ကူပြောင်းလဲပေးပါ။ ကိုယ့်ကိုယ်ကိုယ်အတွက် မဟုတ်ဘဲ၊ ကိုယ်တော် တောင်းဆိုတဲ့အတိုင်း ကျွန်မတာဝန်ကို လုပ်ချင်ပါတယ်”ပေါ့။

နည်းနည်းကြာပြီးတဲ့နောက်၊ ကျွန်မအတွက် အရမ်းတို့ထိစရာဖြစ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ရတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်၊ “ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။ သင်တို့ ဖော်ပြနေပြီး အသက်ရှင်နေထိုင်နေသောအရာသည် မည်သည့်အရာ ဖြစ်သည်မှာ သင်တို့အဖို့ မရှင်းလင်းသလော။ သင်တို့သည် သင်တို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သေးသော်လည်း၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကို ရရှိရန် သင်တို့ ကြိုးစားကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျသကဲ့သို့၊ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ထားသည် မဟုတ်ဘဲ၊ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံသော သူများအတွက် ဖြစ်သည်။ သင်တို့ကဲ့သို့သော သာမညောင်ညလူများ၊ ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းငှာ လုံးဝ မထိုက်တန်ပေ။ အခက်အခဲနှင့် မဆုံးနိုင်သော အပြစ်ပေးခြင်းသာ သင်တို့၏ နေ့ရက်များကို အဖော်ပြုလိမ့်မည်။ အကယ်၍ သင်တို့သည် ငါ့ကို သစ္စာမရှိနိုင်ပါက၊ သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခု ဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက၊ သင်တို့၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်း ခံရသော ရလဒ်တစ်ခု ဖြစ်လိမ့်မည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် နှစ်သက်ဖွယ် နိုင်ငံတော် အသက်တာအားလုံးသည် သင်တို့နှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်။ ဤသည်မှာ သင်တို့ ကြုံထိုက်သော အဆုံးသတ်ဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။ မသိနားမလည်သကဲ့သို့ မာနထောင်လွှားသူများသည် အစွမ်းကုန် မကြိုးစားကြသကဲ့သို့ ၎င်းတို့၏တာဝန်ကို မဆောင်ရွက်ကြသည်သာမက၊ ၎င်းတို့ တောင်းသောအရာသည် ၎င်းတို့နှင့် ထိုက်တန်သည့်အလား၊ ၎င်းတို့၏ လက်များကို ဆန့်တန်းကာ ကျေးဇူးတော်ကိုလည်း တောင်းခံကြလေသည်။ ပြီးလျှင် ၎င်းတို့ တောင်းသောအရာကို မရရှိပါက၊ ၎င်းတို့သည် ယခင်ထက် သာ၍ပင် သစ္စာလျော့လာကြလေသည်။ ထိုသို့သောလူများကို ယုတ္တိတန်သောသူများဟု အဘယ်သို့ ယူဆနိုင်မည်နည်း။ သင်တို့သည် စီမံခန့်ခွဲခြင်း အမှုအတွင်းတွင် သင်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်ကို လုံးဝ ဖြည့်ဆည်းနိုင်စွမ်းမရှိဘဲ၊ ညံ့ဖျင်းသော အရည်အချင်းရှိကြပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ကြလေသည်။ သင်တို့၏တန်ဖိုးသည် ထိုးစိုက်ကျနှင့်ပြီး ဖြစ်သည်။ သင်တို့ကို ထိုသို့သော ကျေးဇူးတော် ပြသခြင်းအတွက် ငါ့ကို သင်တို့၏ ပြန်မပေးဆပ်နိုင်ခြင်းသည် လွန်ကဲသော ပုန်ကန်ခြင်း လုပ်ရပ်တစ်ခု ဖြစ်နှင့်ကာ၊ သင်တို့ကို ရှုတ်ချရန်နှင့် သင်တို့၏သူရဲဘောနည်းခြင်း၊ ညံ့ဖျင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းတို့ကို ဖော်ပြရန် လုံလောက်ပေသည်။ သင်တို့၏လက်များကို ဆန့်တန်းရန် မည်သည့်အရာက သင်တို့ကို အခွင့်ရှိစေသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) အဲဒါကို ဖတ်တော့မှ ကျွန်မ ဘယ်လောက် လောဘကြီးခဲ့မှန်း သဘောပေါက်သွားခဲ့တယ်။ ကိုယ့်တာဝန်မှာ အချိန်အများကြီး မြှုပ်နှံခဲ့ပေမဲ့ အဲဒီအတောအတွင်းမှာ ဘုရားဆီက ကောင်းချီးတွေကို နှိုက်ယူပြီး သူနဲ့ အပေးအယူ လုပ်နေမိခဲ့တာပဲ။ တာဝန်ကို တကယ်လုပ်နေခဲ့တာ မဟုတ်သလို၊ အဖန်ဆင်းခဲတစ်ယောက် တကယ်မဟုတ်ခဲ့ဘူး။ ကျွန်မှာ ဘုရားရဲ့ ကျေးဇူးတော်ကို တောင်းဆိုပိုင်ခွင့်၊ သူ့နိုင်ငံတော်ထဲ ဝင်နိုင်အောင် ကပ်ဘေးကနေ ကျွန်မကို ကယ်တင်ဖို့ တောင်းဆိုပိုင်ခွင့် တစ်ခုတစ်လေ ဘယ်လိုလုပ်ပြီး ရှိခဲ့တာလဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြချက်မရှိဘဲ၊ ကျွန်မ ဘယ်လို ပုန်ကန်ပြီး ဖောက်ပြန်ပျက်စီးမှန်း၊ ကောင်းချီးအတွက် ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေကို ဘုရား ဘယ်လောက်မုန်းမှန်း သိဦးမှာ မဟုတ်ဘူး။ ဘုရားအလိုတော်ကို မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ကျွန်မ စဉ်းစားခဲ့တယ်။ ကျွန်မလိုလူက ဘုရားရဲ့ ကောင်းချီးမင်္ဂလာ၊ ကယ်တင်ခြင်းနဲ့ မထိုက်တန်ပါဘူး။ ဘုရားက ဖြောင့်မတ်၊ သန့်ရှင်းတယ်။ ပြီးတော့ သူ့ကို ဆက်ကပ်တဲ့လူတွေ၊ ဖြူစင်တဲ့ စိတ်နှလုံးနဲ့ တာဝန်လုပ်နိုင်တဲ့သူတွေကို သူ နှစ်သက်တယ်။ ဒါပေမဲ့ ကျွန်မမှာ ဖြူစင်၊ စစ်မှန်တဲ့ စိတ်နှလုံး မရှိခဲ့ဘူး။ လုံးဝ မရှိခဲ့တာ။ ကိုယ့်ရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေနဲ့ လွန်ကဲတဲ့ စိတ်ဆန္ဒတွေအပေါ် ကျွန်မ အရမ်းရှက်မိခဲ့တယ်။ ဘုရားကျေးဇူးတော်နဲ့ ကျွန်မမထိုက်တန်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကျွန်မရဲ့ မမှန်တဲ့ ရည်ရွယ်ချက်တွေကို ပြောင်းလဲချင်ခဲ့တယ်၊ ဘုရားစိတ်ကျေနပ်စေဖို့ တာဝန်ကို အစွမ်းကုန် လုပ်နိုင်အောင်ပေါ့။

စုဝေးပွဲတစ်ခုမှာ ကျွန်မကို တကယ်ကူညီခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ဖတ်ခဲ့ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက် တွေ့နိုင်ခဲ့တာက ကျွန်မအဖန်ဆင်းခံတစ်ယောက် ဖြစ်တဲ့အတွက်၊ ကိုယ့်တာဝန်ကို လုပ်သင့်တယ်— အဲဒါ ကျွန်မရဲ့ တာဝန်ဝတ္တရားပဲ။ ဘုရားဆီကနေ နစ်နာကြေး၊ ဒါမှမဟုတ် ကောင်းချီးတွေ မတောင်းဆိုသင့်သလို၊ ကယ်တင်ခံရမလား၊ အပြစ်ပေးခံရမလား ဆိုတာကို စဉ်းစားမနေသင့်ဘူး။ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်း လုပ်ရမယ်ဆိုတာပဲ စဉ်းစားဖို့လိုတယ်။ ကျွန်မ တွေးလေ့ရှိတာက တာဝန်ကို လုပ်သရွေ့ ဘုရားက အပြစ်ပေးမှာ မဟုတ်သလို၊ ကပ်ဘေးထဲလည်း ကျမှာမဟုတ်ဘူး ဆိုတာပဲ။ သူ့နောက်မလိုက်တဲ့သူ၊ တာဝန်တစ်ခု မလုပ်တဲ့သူတွေကိုပဲ သူ အပြစ်ပေးမယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့် ကျွန်မရဲ့တာဝန်ကို ဘုရားရဲ့ကွယ်ကာမှုအတွက် ညှိနှိုင်းတဲ့ တိုကင်တစ်ခုအနေနဲ့ သုံးဖို့ ကြိုးစားခဲ့တာပါ။ နောက်တော့ သဘောပေါက်သွားတယ်၊ တာဝန်ဆိုတာ အဖန်းဆင်းခံတစ်ယောက် လုပ်သင့်တဲ့ မရှိမဖြစ် အနိမ့်ဆုံးအရာဖြစ်မှန်းကိုပေါ့။ ကောင်းချီးခံစားရတာ၊ ကျိန်ဆဲခံရတာနဲ့ ဘာမှ မပတ်သက်ဘူး။ နောက်ဆုံးမှာ ကယ်တင်ခံရခြင်းရှိမရှိ၊ အပြစ်ပေးခံရခြင်းရှိမရှိ ဆိုတာကတော့ ဘုရားက သမ္မာတရားကို ကျွန်မ ရပြီးခြင်း ရှိမရှိ၊ ပြောင်းလဲပြီးခြင်း ရှိမရှိဆိုတာကို ကြည့်တယ်။ အဲဒါ ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲ။ ကပ်ဘေးတွေထဲမှာ၊ ကျွန်မ နာကျင်ရရင်တောင်၊ သေရရင်တောင်၊ ဘုရားရဲ့ အုပ်စိုးမှုကို ကျိုးနွံနာဆဲ ဖြစ်သင့်ပြီး လုံးဝ အပြစ်မတင်သင့်ဘူး။ ပြီးတော့ ကပ်ဘေးတွေကနေ ရှင်ကျန်အောင် ကြိုးစားဖို့ တာဝန်တစ်ခု လုပ်တာကို လုံးဝ အသုံးမပြုသင့်ဘူး။ အဲဒါ အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်နေတာ မဟုတ်ဘူး။ သူ ကျွန်မကို ဖန်ဆင်းခဲ့လို့ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်ပြီး အပြန်အလှန် ဘာအတွက်မှမဟုတ်ဘဲ တာဝန်တစ်ခုကို လုပ်သင့်တယ်။ အဲဒီ‌နောက် ကျွန်မတာဝန်မှာ၊ ကိုယ့်ကိုယ်ကိုယ် အမြဲ ဆန်းစစ်ပြီး သတိပေးနေမိတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ပန်းတိုင်တွေအတွက် လုပ်လို့မဖြစ်ဘဲ၊ ဘုရားကို စိတ်ကျေနပ်၊ ဝမ်မြောက်စေသင့်တယ်လို့ပေါ့။

ဘုရားကျေးဇူးတော်ပဲ။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ မမှန်တဲ့ လိုက်စားမှုတွေကို ထုတ်ဖော်ပြဖို့၊ ကောင်းချီးတွေ လိုက်စားဖို့ဖြစ်တဲ့ ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေကို မြင်စေပြီး၊ ယုံကြည်ခြင်းမှာ ကျွန်မရဲ့ မမှန်တဲ့ လိုက်စားမှုတွေမှာ အပြောင်းအလဲတချို့ လုပ်ဖို့ ဒီအခြေအနေတွေကို ဘုရားသုံးခဲ့တာပဲ။ အခု ဘုရားဆီက ကျေးဇူးတော် ပိုရဖို့၊ ကပ်ဘေးကို လွတ်မြောက်ဖို့ တာဝန်တစ်ခု ကျွန်မ လုပ်နေတာ မဟုတ်ဘဲ၊ သမ္မာတရားကို တကယ်လိုက်စားပြီး ဘုရားမေတ္တာကို ပြန်ပေးဆပ်ဖို့ပဲ ကိုယ့်တာဝန်ကို ကျွန်မ လုပ်ချင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပေါ့ပေါ့ဆဆ လုပ်ဆောင်မှု နောက်ကွယ်တွင် အမှန်တကယ် ရှိနေသည့်အရာ

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ အရင်တစ်ခါတုန်းက ဗီဒီယိုတွေကို စစ်တဲ့ အစ်မက ပြောတယ်။ အခုနောက်ပို်ငး ကျွန်မလုပ်တဲ့ ဗီဒီယိုတွေရဲ့...

အသွင်အပြင်အားဖြင့် အကဲဖြတ်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့သည်

ယိဖန်၊ ဟေနန်စီရင်စု ယခင်က၊ ကျွန်မသည် နှစ်လိုဖွယ်ကောင်းကာ၊ သုတကြွယ်ပြီး စကားပြောကောင်းသော လူတို့ကို အထူးသဖြင့် အထင်ကြီးလေးစားမှု ထားရင်း၊...

အခြားသူတို့၏ လေးစားမှုကို လိုက်စားခြင်းမှ ကျွန်ုပ်ရရှိသည့်အရာ

ရှန့်ရှီး တရုတ်နိုင်ငံ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ကျွန်မတာဝန်ကို လုပ်ဖို့ အသင်းတော်ကို သွားခဲ့တယ်။ အသင်းတော် ခေါင်းဆောင် အစ်မလျန်က...

ကျွန်ုပ်၏ ကောက်ကျစ်မှုနှင့် လိမ်လည်လည့်ဖြားမှုကို ဖြေရှင်းပုံ

လီရှန် ဖိလစ်ပိုင်နိုင်ငံ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ရိုးသားသည့် သူတစ်ယောက်အဖြစ် အမြဲတမ်း မြင်သည်။ အပြောအဆို၊ အလုပ်အကိုင်တွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။