လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်
ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဘုရားသခင်ကို ကျွန်မ စယုံကြည်ပြီးတဲ့နောက်မှာ အသင်းတော်မှာ ခေါင်းဆောင်နဲ့ အမှုဆောင်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ စာပေပိုင်းဆိုင်ရာ တာဝန်ကို စတင်ထမ်းဆောင်ခဲ့တယ်။ ဒီတာဝန်နှစ်ခုစလုံးကို ကျွန်မ သိပ်သဘောကျတာပေါ့။ ဒါတွေက အစွမ်းအစရှိတဲ့လူတွေ ထမ်းဆောင်တဲ့ တာဝန်တွေလို့ ခံစားရပြီးတော့ ဘယ်အချိန်ပဲပြောပြော အထင်ကြီးစရာကောင်းပြီး လေးစားစရာကောင်းတဲ့အပြင် လူတွေကိုလည်း အားကျစေတယ်လေ။ အထူးသဖြင့် ၂၀၁၆ ခုနှစ်အကုန်ပိုင်းမှာ ဘုရားသခင်ရဲ့အိမ်တော်က စာမူကြမ်းစိစစ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ရာထူးတိုးမြှင့်ခံရတဲ့အခါ ကျွန်မမှာ အစွမ်းအစကောင်းတွေ၊ စာပေကျွမ်းကျင်မှုတွေ ရှိတဲ့အတွက် ဒီတာဝန်နဲ့ သင့်တော်တယ်လို့ ပိုပြီးတော့တောင် ခံစားခဲ့ရတယ်။ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှာတော့ တခြားသူတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိဘဲ တာဝန်မှာ အကျိုးသက်ရောက်မှုမရှိလို့ ကျွန်မ အဖြုတ်ချခံခဲ့ရပါတယ်။ အဲဒီအချိန်က သင့်တော်တဲ့ ဧည့်ခံမိသားစုမရှိတဲ့ စာပေအမှုဆောင်တချို့ ရှိနေတာနဲ့ ကြုံကြိုက်သွားတော့ ခေါင်းဆောင်တွေက ကျွန်မကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ရင်းနဲ့ သူတို့ကို ဧည့်ခံဖို့ စီစဉ်ပေးခဲ့တယ်။ ဧည့်ခံတာဝန်လုပ်ရမယ်လို့ ကြားလိုက်တာနဲ့ ကျွန်မစိတ်ထဲမှာ ဝမ်းနည်းသွားတယ်။ “ဧည့်ခံတာဝန်ဆိုတာက ကိုယ်ကာယလုပ်အားစိုက်ထုတ်ရုံသက်သက်ပဲ၊ အစွမ်းအစနိမ့်ပြီး ဘာအရည်အချင်းမှမရှိတဲ့လူတွေ ထမ်းဆောင်တဲ့ တာဝန်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက စာပေတာဝန်ကို နှစ်တော်တော်ကြာကြာ ထမ်းဆောင်ခဲ့တဲ့သူ၊ အစွမ်းအစနဲ့ အရည်အချင်းတွေလည်းရှိတဲ့သူပဲ။ ငါ့တာဝန်ကို ပြောင်းရင်တောင်မှ ဧည့်ခံတာဝန်ကိုတော့ ဘယ်လိုလုပ်ပြီး ငါ့ကို ထမ်းဆောင်ခိုင်းနိုင်မှာလဲ” ပေါ့။ ဒါပေမဲ့ ကျွန်မမထင်မှတ်ထားဘဲ ခေါင်းဆောင်တွေက ကျွန်မကို ဧည့်ခံတာဝန်ကိုပဲ အတိအကျ တာဝန်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာတော့ မလိုလားခဲ့ဘူး။ ဒါပေမဲ့ မကြာသေးခင်က စာပေတာဝန်ထမ်းဆောင်ရာမှာ ရလဒ်မထွက်လို့ အလုပ်ကို နှောင့်နှေးစေခဲ့ပြီးသားဆိုတဲ့အချက်ကို ကျွန်မ ပြန်သုံးသပ်မိတယ်။ ဘုရားသခင်ရဲ့အိမ်တော်က ကျွန်မကို တာဝန်ခံခိုင်းတာမျိုးမရှိဘဲ ဧည့်ခံတာဝန်ကို ဆက်ထမ်းဆောင်ခွင့်ပေးသေးတယ်၊ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်နေခဲ့ပြီးသားလေ။ ဒီထက်ပိုပြီး ဇီဇာကြောင်နေရင်လည်း ဆင်ခြင်တုံတရားမရှိရာကျမှာမို့လို့ လောလောဆယ်တော့ လက်ခံလိုက်ရတာပေါ့။ ပထမနှစ်ပတ်အတွက်၊ နေ့တိုင်း အချိန်မှန် ထမင်းဟင်းချက်၊ အခန်းတွေကို သန့်ရှင်းရေးလုပ်၊ ပြီးရင် ဝတ်ပြုဆုတောင်းတာတွေလုပ်ပြီး ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့တယ်။ ဒီလိုတာဝန်ထမ်းဆောင်ရတာလည်း တော်တော်လေးကောင်းတယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ညီအစ်မတွေက နေ့တိုင်း ကွန်ပျူတာရှေ့မှာထိုင်ပြီး တာဝန်ထမ်းဆောင်နေကြတာကို မြင်ရပြီး ကျွန်မကတော့ ဒယ်အိုးဒယ်ခွက်တွေနဲ့ပဲ အလုပ်ရှုပ်နေရတယ်၊ ပြီးတော့ ကိုယ့်ရဲ့နေ့ရက်တွေကို အေပရွန်၊ ကြမ်းတိုက်တံနဲ့ အမှိုက်ပုံးတွေနဲ့ပဲ အဖော်လုပ်ပြီး ကုန်ဆုံးနေရတော့ စိတ်ထဲမှာ ပိုပိုပြီးတော့ မတရားခံရတယ်လို့ ခံစားလာရတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဧည့်ခံတာဝန်ဆိုတာ ကိုယ်ကာယလုပ်အားစိုက်ထုတ်ရတာပဲ။ ထမင်းချက်တတ်တဲ့ ဘယ်ညီအစ်ကိုမောင်နှမမဆို လုပ်နိုင်တာပဲ၊ ဘာအစွမ်းအစ၊ ဘာအရည်အချင်းမှလည်း မလိုဘူး။ စာပေတာဝန်ကတော့ ဦးနှောက်သုံးရတဲ့အလုပ်၊ ဧည့်ခံတာဝန်ရဲ့ ကိုယ်ကာယလုပ်အားနဲ့ဆိုရင် အဆင့်အတန်းမှာ သိသိသာသာကို ကွာခြားတာပဲ” လို့ပေါ့။ ဒီလိုတွေးလေလေ ဧည့်ခံတာဝန်ထမ်းဆောင်ရမှာကို ပိုပြီးတော့ အတိုက်အခံလုပ်လေလေပါပဲ။
တစ်ခါတုန်းက အစ်မချန်က ကျွန်မကို အမှိုက်ကူပစ်ပေးဖို့ ပြောတော့ ကျွန်မ မျက်နှာကြီး ပူရှိန်းသွားပြီး အစေခံတစ်ယောက်လိုပဲ ခံစားလိုက်ရတယ်။ ဧည့်ခံတာဝန်ထမ်းဆောင်ရတာက နိမ့်ကျတယ်လို့ ပိုပြီးတော့တောင် ခံစားလိုက်ရတယ်။ တစ်ခါတလေ ညီအစ်မတွေက သူတို့နဲ့အတူ စုဝေးပွဲတက်ဖို့ ကျွန်မကိုခေါ်ပေမဲ့ ကိုယ်က ဧည့်ခံတာဝန်ထမ်းဆောင်နေရပြီး သူတို့ထက်နိမ့်ကျတယ်လို့ ခံစားရတဲ့အတွက် စုဝေးပွဲမှာ မိတ်သဟာယဖွဲ့တဲ့အခါ ကိုယ့်အခြေအနေကို ဖွင့်ဟပြီးမပြောရဲခဲ့ဘူး။ အရမ်းကို စိတ်ဆင်းရဲခဲ့ရပါတယ်။ ကျွန်မ စာပေပိုင်းတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ နှစ်တွေမှာ ညီအစ်ကို မောင်နှမတွေက ကျွန်မ သွားတဲ့နေရာတိုင်းမှာ ကျွန်မကို အထင်ကြီးပြီး အားကျခဲ့ပုံကို ပြန်သတိရမိတယ်။ အခုတော့ ဧည့်ခံတာဝန်လုပ်နေရပြီ၊ ဘယ်သူကမှ ကျွန်မကို အထင်မကြီးကြတော့ဘူး။ ဒီလိုတွေးလေလေ ဧည့်ခံတာဝန်ထမ်းဆောင်ရတာက အဓိပ္ပာယ်မရှိဘူးလို့ ပိုခံစားရလေလေပဲ။ နောက်ဆုံးမှာ ဒီလိုတောင် တွေးမိခဲ့တယ်၊ “ဒီမှာ ဧည့်ခံတာဝန်ထမ်းဆောင်နေရတာထက်စာရင် ကိုယ့်ရဲ့ဒေသခံအသင်းတော်ကို ပြန်သွားတာက ပိုကောင်းမယ်။ ဟိုမှာဆိုရင် စာပေတာဝန်ကို ငါ ဆက်ပြီး ထမ်းဆောင်နိုင်လောက်သေးတယ်၊ ညီအစ်ကိုမောင်နှမတွေကလည်း ငါ့ကို မော့ကြည့်ပြီး အားကျကြမှာပဲ” လို့ပေါ့။ တစ်ခါက ကြီးကြပ်ရေးမှူးက ကျွန်မအိမ်ကိုလာပြီး ကျွန်မကို နှုတ်ဆက်ကာ ညီအစ်မတွေရဲ့အခန်းထဲကို တန်းဝင်သွားတယ်။ သူ တံခါးပိတ်လိုက်တဲ့အချိန်မှာ ကျွန်မ ရုတ်တရက် ဖယ်ကြဉ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူတို့နဲ့ အဆင့်အတန်းမတူဘူးလို့ ခံစားလိုက်ရတယ်။ ညီအစ်မတွေက စာပေတာဝန်ကို ထမ်းဆောင်နေကြတာလေ။ သူတို့က ကျွန်မထက် ရာထူးအဆင့်အတန်းပိုမြင့်ပြီး တခြားသူတွေရဲ့ တန်ဖိုးထားမှုကိုလည်း ခံရတယ်။ ကျွန်မကတော့ သူတို့ထက်နိမ့်ကျပြီး မထင်မရှား ကိုယ်ကာယလုပ်အားစိုက်ရတဲ့ တာဝန်ကိုပဲ ထမ်းဆောင်နေရတာပေါ့။ ဒီလို သိသာတဲ့ကွာခြားမှုက ကျွန်မရဲ့နှလုံးသားကို ဆွဲဆုတ်လိုက်သလိုပါပဲ၊ အဲဒီနာကျင်မှုကို ပြောပြလို့မရအောင်ပါပဲ။ စုဝေးပွဲပြီးတော့ ကြီးကြပ်ရေးမှူးက မကြာသေးခင်က ကျွန်မအခြေအနေ ဘယ်လိုရှိလဲဆိုတာကို မမေးဘဲ အမြန်ထွက်သွားခဲ့တယ်။ သူ အလုပ်များမှန်း ကျွန်မသိလို့ မမေးတာက ပုံမှန်ပါပဲ၊ ဒါပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။ အရင်တုန်းက ကျွန်မ စာပေတာဝန်ထမ်းဆောင်ခဲ့တုန်းကဆိုရင် ကြီးကြပ်ရေးမှူးက ကျွန်မရဲ့အခြေအနေကို မကြာမကြာ မေးတယ်။ ကျွန်မတို့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးတယ်၊ တချို့ကိစ္စတွေမှာဆို ကျွန်မကို တိုင်ပင်တောင်တိုင်ပင်သေးတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မက ဧည့်ခံတစ်ယောက်သက်သက်ပဲ၊ ဘယ်သူကမှ ကျွန်မကို အာရုံမစိုက်တော့ဘူး။ ဘယ်လောက်ပဲလုပ်လုပ်၊ ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ငါ့ရဲ့ကျန်ရှိတဲ့နေ့ရက်တွေကို ဒီလိုပဲ ကုန်ဆုံးရတော့မှာလား။ ဒီလိုတွေးမိတော့ အရမ်းကို စိတ်ဆင်းရဲပြီး ဧည့်ခံတာဝန်နဲ့ စာပေတာဝန်ဟာ အဆင့်အတန်းမတူဘူးလို့ ပိုပြီးတော့တောင် ခံစားလာရတယ်။ ဧည့်ခံတာဝန်ထမ်းဆောင်ဖို့ကို ပိုပြီးတော့တောင် အတိုက်အခံလုပ်လာမိတယ်။ အဲဒီနောက်မှာတော့ ကျွန်မ ထမင်းဟင်းချက်တဲ့နေရာမှာ အရင်လို တက်တက်ကြွကြွ မရှိတော့ဘူး။ စိတ်ကြည်တဲ့အခါ အချိန်မှန်ချက်ပြီး စိတ်မကြည်တဲ့အခါကျတော့ အချိန်မှန်မချက်တော့ဘူး။ သန့်ရှင်းရေးလုပ်တဲ့နေရာမှာလည်း အရင်လိုမကြိုးစားတော့ဘဲ ဖြစ်သလိုပဲလုပ်လိုက်တယ်။ လုပ်သမျှအရာတိုင်းမှာ စိတ်မပါလက်မပါဖြစ်နေပြီး နေ့တစ်နေ့ကုန်သွားတဲ့အခါမှာ အရမ်းပင်ပန်းပြီး ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေသလို ခံစားရတယ်။ ကျွန်မ စိတ်မပါလက်မပါဖြစ်နေလို့ မီးဖိုချောင်က ရေဆင်းပိုက်က ပင်မရေဆိုးပိုက်လိုင်းကနေ ကျွတ်ထွက်နေတာကိုတောင် သတိမထားမိခဲ့ဘူး။ အဲဒါကြောင့် ရေဆိုးတွေက ကြမ်းပြင်ပေါ်ကို တိုက်ရိုက်စီးဆင်းပြီး အောက်ထပ်က အိမ်နီးချင်းအိမ်ထဲအထိ စိမ့်ဝင်သွားခဲ့တယ်။ သူတို့ ကျွန်မတို့တံခါးကို အကြိမ်ပေါင်းများစွာ လာခေါက်ခဲ့ကြတယ်။ နဂါးနီကြီးက ဘုရားသခင်ကို ယုံကြည်သူတွေကို နေရာအနှံ့မှာ ရှာဖွေနေပြီး သတင်းပေးသူတွေကို ဆုချနေတဲ့အတွက် လူတစ်ယောက်လာတိုင်း ညီအစ်မတွေက သူတို့ရဲ့ကွန်ပျူတာတွေကို အမြန်သိမ်းပြီး အလုပ်ကိုရပ်လိုက်ရတယ်၊ ဒါကြောင့် သူတို့ရဲ့တာဝန်တွေမှာ နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်တစ်လျှောက်လုံး ကျွန်မ နေ့တိုင်း ထိုင်းမှိုင်းနေပြီးတော့ ရင်ထဲမှာလည်း အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။
တစ်မနက် ကျွန်မထမင်းချက်နေတုန်း ခိုဖြူတစ်ကောင် ပျံလာပြီး မီးဖိုချောင်ပြတင်းပေါက်ဘောင်ပေါ်မှာ လာနားတယ်။ သူ့ရဲ့အမွေးအတောင်တွေက ဖြူစင်နေပြီး ခေါင်းကိုမော့ ရင်ကိုကော့ပြီး သူ့ရဲ့ သေးငယ်ဝိုင်းဝန်း တောက်ပတဲ့ မျက်လုံးမည်းမည်းလေးတွေနဲ့ ကျွန်မကို ကြည့်နေခဲ့တယ်။ ခဏကြာတော့ “ဖလပ်” ဆိုပြီး ပျံသွားတယ်။ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားတယ်။ ကျွန်မဟာ ငှက်တစ်ကောင်လောက်တောင် လွတ်လပ်ပျော်ရွှင်စွာ အသက်မရှင်နိုင်ပါလား။ မသိစိတ်ကနေ မျက်ရည်တွေက မျက်ဝန်းထဲမှာ ပြည့်လျှံတက်လာတယ်။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်ပါတယ်။ “ငါသည် ကောင်းကင်၌ ပျံသန်းလျက်ရှိသော ငှက်ငယ်များကို စောင့်ကြည့်ရာတွင် သာယာကြည်နူး၏။ သူတို့သည် ငါ့ရှေ့၌ ၎င်းတို့၏ သန္နိဋ္ဌာန် မချမှတ်ထားသော်လည်း၊ ငါ့ကို ‘ပေး’ရန် စကားများမရှိသော်လည်း၊ ၎င်းတို့ကို ငါပေးအပ်ထားသော ကမ္ဘာတွင် ပျော်ရွှင်မှုကို ၎င်းတို့ ရှာတွေ့ကြလေသည်။ သို့သော် လူသားသည် ဤအရာကို မတတ်စွမ်းနိုင်သကဲ့သို့၊ သူ၏မျက်နှာသည် ညှိုးမှိုင်ခြင်း အပြည့်ဖြစ်သည်။ ယင်းမှာ ငါသည်သူ့ကို မပေးနိုင်သော အကြွေးတင်သည်များ ဖြစ်နိုင်မည်လော။ အဘယ်ကြောင့် သူ၏ မျက်နှာသည် မျက်ရည် အစဉ်စီးဆင်းသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃၄)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့နှလုံးသားကို ထိမှန်သွားစေပြီး ကျွန်မကို ရှက်ရွံ့ပြီး မျက်နှာပူစေခဲ့တယ်။ ငှက်တစ်ကောင်ဟာ ဘုရားသခင်ပေးသနားတဲ့ ကမ္ဘာကြီးကို သူ့ရဲ့ပရဒိသုဘုံအဖြစ် မှတ်ယူပြီး စိုးရိမ်သောကကင်းမဲ့စွာ အသက်ရှင်တယ်၊ သူ့ရဲ့တိုတောင်းတဲ့ဘဝလေးမှာ ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်ကို ထင်ရှားစေနိုင်တယ်။ ကျွန်မလည်း ဖန်ဆင်းခံတစ်ယောက်ဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို မနာခံနိုင်ခဲ့ဘူး။ ကြီးကြပ်ရေးမှူးက ကျွန်မရဲ့ တကယ့်အခြေအနေနဲ့ အလုပ်ရဲ့လိုအပ်ချက်တွေအရ ကျွန်မကို ဧည့်ခံတာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ဒါက ကျွန်မအတွက်ရော အသင်းတော်ရဲ့အလုပ်အတွက်ပါ အကျိုးရှိပေမဲ့ ကျွန်မကတော့ တစ်လျှောက်လုံး အတိုက်အခံလုပ်နေခဲ့တယ်၊ ဧည့်ခံတဲ့တာဝန်ထမ်းဆောင်ရတာက ထင်ပေါ်ကျော်ကြားဖို့ ဒါမှမဟုတ် သတိပြုခံရဖို့ အခွင့်အလမ်းမရှိဘူး၊ တခြားသူတွေရဲ့ တန်ဖိုးထားမှုနဲ့ အထင်ကြီးတာကို မခံရနိုင်ဘူးလို့ ယုံကြည်နေခဲ့တယ်။ ဒါကြောင့် ကျွန်မက ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့ခဲ့တယ်၊ ပတ်ဝန်းကျင်ကို ကောင်းကောင်းမထိန်းသိမ်းနိုင်ဘဲ ညီအစ်မတွေရဲ့ တာဝန်တွေကို နှောင့်ယှက်ခဲ့မိတယ်။ ကျွန်မဟာ ဘုရားသခင်ကို တကယ်ပဲ သိပ်ကိုပုန်ကန်ခဲ့တာပါလား။ မျက်ရည်တွေနဲ့အတူ ကျွန်မ ဒူးထောက်ပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး ဒီအချိန်တစ်လျှောက်လုံး ကိုယ်တော့်ကို ပုန်ကန်နေခဲ့ပြီး ဧည့်ခံတာဝန်ထမ်းဆောင်ဖို့ကိုလည်း အရမ်းအတိုက်အခံလုပ်ခဲ့ပါတယ်။ ဒီတာဝန်ကိုထမ်းဆောင်ရတာက သူများထက်နိမ့်ကျစေတယ်လို့ အမြဲခံစားရပြီး စိတ်ထဲမှာ လုံးဝ မနာခံနိုင်ပါဘူး။ အို ဘုရားသခင်၊ သမီးရဲ့တာဝန်ကို ဒီလိုမျိုး သဘောမထားချင်တော့ပါဘူး၊ ဒါပေမဲ့ သမီးဘာသာသမီး မပြောင်းလဲနိုင်ပါဘူး။ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်နိုင်ပြီး ကိုယ်တော့်ရှေ့မှာ နာခံနိုင်ဖို့အတွက် သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။
ဝတ်ပြုနေတုန်း ကိုယ့်အတွက် အရမ်းအထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။ သင့်တာဝန်အပေါ်တွင် မည်သည့်သဘောထား ထားရှိသင့်သနည်း။ ပထမအနေဖြင့် သင့်ကို တာဝန်ပေးခဲ့သည်မှာ မည်သူဖြစ်ကြောင်း သေချာအောင်လေ့လာဖို့ ကြိုးစားလျက် ယင်းကို သင်မဆန်းစစ်ရပေ။ ယင်းအစား ထိုအရာကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အဖြစ်လည်းကောင်း၊ သင်၏ တာဝန်အဖြစ်လည်းကောင်း ဘုရားသခင်ထံမှ သင်ခံယူသင့်သည်၊ ပြီးလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်ပြီး ဘုရားသခင်ထံမှ သင်၏ တာဝန်ကို လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ပြီးလျှင် ထိုတာဝန်သည် သင့်ကို ထင်ပေါ်စေခြင်းရှိမရှိ၊ လူအများရှေ့တွင် လုပ်ဆောင်သလော၊ နောက်ကွယ်တွင် လုပ်ဆောင်ရသလောဆိုသည့် ထိုတာဝန်၏ သဘောသဘာဝကို အရေးမစိုက်နှင့်။ ဤအရာများကို ထည့်မစဉ်းစားနှင့်။ အခြားသဘောထားတစ်ခုလည်းရှိသည်။ ကျိုးနွံနာခံခြင်းနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်နေရင်း အချိန်အတော်ကြာ အမှောင်ကျနေခဲ့တဲ့ ကျွန်မရဲ့နှလုံးသားထဲကို အလင်းတန်း သေးသေးလေးတစ်ခုက ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာသလိုပဲ။ ဘုရားသခင်က လူတွေအနေနဲ့ သူတို့ရဲ့တာဝန်အပေါ်မှာ မှန်ကန်တဲ့အမြင်နဲ့ သဘောထားရှိဖို့၊ ဘယ်လိုတာဝန်ပဲထမ်းဆောင်ရပါစေ ဘုရားသခင်ဆီကနေ လက်ခံနိုင်ဖို့၊ ကိုယ့်ရဲ့နှစ်သက်မှုတွေအတိုင်း မလုပ်ဆောင်ဖို့၊ ပြီးတော့ လက်ခံ၊ ကျိုးနွံနာခံပြီး သစ္စာရှိဖို့ လိုအပ်တယ်။ ကိုယ့်ရဲ့နှစ်သက်မှုတွေအရ တာဝန်ကို သဘောထားတာ၊ လူအများရှေ့မှာ ထင်ပေါ်စေတဲ့အခါ လက်ခံပြီး မထင်ပေါ်စေတဲ့အခါ အတိုက်အခံလုပ်တာ၊ ဒါဟာ တာဝန်ကို ငြင်းပယ်ခြင်းဖြစ်တယ်၊ ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်တယ်။ ကျွန်မရဲ့တာဝန်အပေါ်ထားတဲ့ သဘောထားကို ပြန်သုံးသပ်ကြည့်တယ်။ ကျွန်မဟာ အမြဲတမ်း ကိုယ့်ရဲ့နှစ်သက်မှုတွေပေါ်မူတည်ပြီး ရွေးချယ်နေခဲ့ပြီး လုံးဝကို ကျိုးနွံနာခံမှုမရှိခဲ့ဘူး။ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်ဖြစ်ရတာ၊ စာပေတာဝန်ထမ်းဆောင်ရတာက တခြားသူတွေရဲ့ လေးစားတန်ဖိုးထားမှုကို ရစေပြီး ဂုဏ်သိက္ခာရှိစေတယ်လို့ ယုံကြည်တဲ့အတွက် ပျော်ရွှင်စွာ လက်ခံခဲ့တယ်။ အခုတော့ ဧည့်ခံတာဝန်ကို တာဝန်ပေးခံရတယ်။ ဒါက တခြားသူတွေကို အစေခံရတဲ့ ကိုယ်ကာယလုပ်အားစိုက်ထုတ်ရတဲ့ အလုပ်၊ နိမ့်ကျတဲ့အလုပ်လို့ ခံစားရပြီး ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ် ထင်ပေါ်မှာမဟုတ်ဘူး၊ သူများရဲ့ လေးစားတန်ဖိုးထားမှုကို ရမှာမဟုတ်ဘူးလို့ ခံစားရတဲ့အတွက် အဆင့်အတန်းနိမ့်ကျပြီး ရှက်စရာကောင်းတယ်လို့ ခံစားရပြီး ဘယ်လိုမှ မနာခံနိုင်ခဲ့ဘူး။ ညီအစ်မတစ်ယောက်က အမှိုက်ပစ်ကူဖို့ ပြောတဲ့အခါ သူက ကျွန်မကို ခိုင်းတယ်လို့ ထင်ခဲ့တယ်။ ညီအစ်မတွေနဲ့ စုဝေးတဲ့အခါမှာလည်း သူတို့ထက်နိမ့်ကျတယ်လို့ ခံစားရပြီး မပါဝင်ချင်ခဲ့ဘူး။ ဧည့်ခံတာဝန်ထမ်းဆောင်ရတာကိုတောင် နောင်တရခဲ့တယ်။ ကျွန်မဟာ ပြောပလောက်အောင် အဆင့်အတန်းမရှိတဲ့ သေးငယ်တဲ့ ဖန်ဆင်းခံတစ်ယောက်ပဲဆိုတာကို ကျွန်မ တွေးကြည့်ခဲ့တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို ဧည့်ခံတာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်၊ ဘုရားသခင်ဆီကနေ လက်ခံပြီး နာခံလိုက်တာကမှ ဆင်ခြင်တုံတရားရှိမှာလေ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့နှစ်သက်မှုတွေကို အခြေခံပြီး ရွေးချယ်ခဲ့တယ်၊ သူများတွေရဲ့ လေးစားမှုကိုရဖို့ စာပေတာဝန်ကိုပဲ ထမ်းဆောင်ချင်တဲ့စိတ်နဲ့ ပြည့်နေခဲ့ပြီး ဧည့်ခံတာဝန်ကိုတော့ အတိုက်အခံလုပ်ပြီး ဝတ်ကျေတမ်းကျေလုပ်ခဲ့တယ်။ ကျွန်မမှာ တကယ်ပဲ အသိစိတ် ဒါမှမဟုတ် ဆင်ခြင်တုံတရား တစ်ခုတလေမှ မရှိခဲ့ဘူး။ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာမုန်းတီးတာကို မခံရဘဲ ဘယ်နေပါ့မလဲ။ ဒီနေ့ ကျွန်မ အမှောင်ထဲကျပြီး မခံမရပ်နိုင်အောင် နာကျင်စွာနေနေရတယ်။ ဒါတွေအားလုံးဟာ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို သိပ်ဂရုစိုက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိခဲ့လို့ပါပဲ။ အဲဒီတော့မှ ခေါင်းဆောင်က ကျွန်မကို ဧည့်ခံတာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တာမှာ ဘုရားသခင်ရဲ့ အပင်ပန်းခံထားတဲ့ ရည်ရွယ်ချက်ရှိမှန်း ကျွန်မ နားလည်ခဲ့တယ်။ ဒါဟာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်ဖို့၊ အဆင့်အတန်းလိုချင်တဲ့စိတ်ကို ပြုပြင်ပေးဖို့၊ ကျွန်မကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး သိရှိစေကာ စစ်မှန်တဲ့ နောင်တနဲ့ ပြောင်းလဲမှုကို ရရှိစေဖို့ပါပဲ။ ဒီတာဝန်ဟာ တကယ်ပဲ ကျွန်မလိုအပ်တဲ့အရာဖြစ်ပြီး ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိတယ်။ ကျွန်မ ဘုရားသခင်ကို ဆက်ပြီးမပုန်ကန်နိုင်တော့ဘူး။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်စေဖို့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ပဲ ဆန္ဒရှိတော့တယ်။
အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ မကြာခဏ ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ “လူတို့၏ ဘဝတစ်ခုလုံးသည် ဘုရားသခင်၏ လက်များထဲတွင် ရှိနေသည်ဖြစ်ပြီး၊ အကယ်၍ ဘုရားသခင်၏ရှေ့တော်ရှိ ၎င်းတို့၏ သန္နိဌာန်အတွက်သာ မဟုတ်ခဲ့လျှင် အနှစ်သာရမဲ့သော ဤလူ့လောကကြီးထဲတွင် မည်သူသည် အချည်းနှီးသက်သက် နေထိုင်ရန် လိုလိုလားလား ရှိလိမ့်မည်နည်း။ အဘယ်ကြောင့် စိတ်ရှုပ်ခံနေမည်နည်း။ လောကထဲတွင် ဝင်လိုက်ထွက်လိုက် အပြေးအလွှားသွားနေရင်း ဘုရားသခင်အတွက် မည်သည့်အရာတစ်ခုကိုမှ ၎င်းတို့မလုပ်ဆောင်ပါက၊ ၎င်းတို့၏ဘဝတစ်ခုလုံးကို ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်မဟုတ်လော။ အကယ်၍ သင်၏လုပ်ဆောင်မှုများကို ဖော်ပြရန်ထိုက်သည်ဟု ဘုရားသခင်က မယူဆလျှင်ပင်၊ သင်၏သေခြင်း အခိုက်အတန့်တွင် အားရကျေနပ်ခြင်း အပြုံးတစ်ခုကို သင်မပေးပြီလော။ သင့်အနေဖြင့် အပြုသဘောဆောင်သည့် တိုးတက်မှုရအောင် အားထုတ်သင့်ပြီး အပျက်သဘောဆောင်သည့် ဆုတ်ယုတ်မှုရအောင် အားမထုတ်သင့်ပေ။ ဤသည်မှာ ပိုကောင်းသော လက်တွေ့လုပ်ဆောင်မှု မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၃၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်းနဲ့ ကျွန်မ အရမ်းကို ခွန်အားရသွားတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင် လူ့ဇာတိခံပြီး အမှုတော်ဆောင်ရွက်နေတဲ့အချိန်အတွင်းမှာ ကျွန်မ တာဝန်ထမ်းဆောင်နိုင်ခြင်းဟာ အဓိပ္ပာယ်အရှိဆုံးအရာပါပဲ။ ဘယ်လိုတာဝန်ပဲထမ်းဆောင်ရပါစေ၊ အဓိကကတော့ မှန်ကန်တဲ့ရည်ရွယ်ချက်ထားဖို့၊ ဘုရားသခင်ရှေ့မှာ ကိုယ့်နေရာမှန်မှာ ရပ်တည်ဖို့၊ ကိုယ့်ရဲ့နှစ်သက်မှုတွေနဲ့ တာဝန်တွေကို မရွေးချယ်ဖို့၊ ဘုရားသခင်ကို နာခံပြီး ကျေနပ်စေနိုင်ဖို့ပါပဲ၊ ဒါက အရေးကြီးဆုံးအရာပဲလေ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုပြီးဆင်ခြင်သုံးသပ်လေလေ၊ ပိုပြီးစိတ်ထိခိုက်ခံစားရလေလေ၊ ဘုရားသခင်ကို အကြွေးတင်တယ်လို့ ပိုခံစားရလေလေ၊ ပြီးတော့ ကိုယ့်ရဲ့ပုန်ကန်မှုကို ပိုပြီးတော့ ရွံမုန်းသွားလေလေပါပဲ။ ကျွန်မ ဧည့်ခံတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိလာခဲ့တယ်။ အဲဒီနောက်မှာ နေ့တိုင်း အချိန်မှန် ထမင်းဟင်းချက်တယ်၊ ပတ်ဝန်းကျင်ကို ကောင်းကောင်းထိန်းသိမ်းတယ်၊ အိမ်ကိုလည်း သန့်ရှင်းရေးလုပ်ပြီး ညီအစ်မတွေ အိမ်မှာနေရသလို ခံစားရအောင် လုပ်ပေးခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ရင်းနဲ့ ဘုရားသခင်နဲ့ ဆက်ဆံရေးက ပိုပြီးတော့ နီးကပ်လာတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ သဘာဝ အနှစ်သာရကို စစ်မှန်တဲ့သိနားလည်မှုမရှိတဲ့အတွက် အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ကျွန်မဟာ မမှန်တဲ့အခြေအနေတစ်ခုထဲမှာ ပြန်ရောက်သွားခဲ့ပြန်ရော။
တစ်နေ့မှာ ကျွန်မလိုပဲ ဧည့်ခံတာဝန်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ ညီအစ်မတစ်ယောက်က အင်တာနက်နည်းပညာနဲ့ဆိုင်တဲ့ တာဝန်ကို သွားထမ်းဆောင်နေပြီဆိုတာကို မထင်မှတ်ဘဲ သိလိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့စိတ်နှလုံးက ယောက်ယက်ခတ်သွားတယ်။ “တခြားသူတွေက ဧည့်ခံတာဝန်ကို ခဏထမ်းဆောင်ပြီးတာနဲ့ တခြားတာဝန်ကို ပြောင်းရွှေ့ခံရတယ်၊ ဘာဖြစ်လို့ ကြီးကြပ်ရေးမှူးက ငါ့တာဝန်ကို မပြောင်းပေးတာလဲ။ ငါ့ကို ဒေသခံအသင်းတော်ကိုပြန်ပြီး စာပေတာဝန်ကို ထမ်းဆောင်ခိုင်းရင်တောင် ဖြစ်တာပဲ၊ အနည်းဆုံးတော့ ဧည့်ခံတာဝန်ထမ်းဆောင်ရတာထက် ပိုပြီး လူရိုသေရှင်ရိုသေဖြစ်သေးတယ်။ အခုတော့ တစ်နေကုန် ဒီမှာ အလုပ်ရှုပ်နေရပြီး လုပ်ရတာကလည်း ကိုယ်ကာယနဲ့ အောက်ခြေသိမ်းအလုပ်တွေချည်းပဲ၊ ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် ဘယ်သူကမှ အထင်မကြီးဘူး။ ဒီအတိုင်းဆက်သွားရင် အလားအလာမရှိတော့ဘူး။ ငါ့တာဝန်ကို ပြောင်းပေးဖို့ ကြီးကြပ်ရေးမှူးကို ပြောကြည့်ရမလား” လို့ပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ဆင်ခြင်တုံတရားမရှိရာကျမယ်လို့လည်း ခံစားရပြန်တယ်။ ကျွန်မ အကြိမ်ကြိမ်အခါခါ စဉ်းစားနေပြီး ထမင်းချက်နေတုန်းမှာတောင် စိတ်မတည်မငြိမ်ဖြစ်ခဲ့တယ်။ တစ်ခါမှာ ကျွန်မ စိတ်လွတ်သွားပြီး ခေါက်ဆွဲတွေကို များသွားအောင် ချက်လိုက်မိတယ်၊ ညီအစ်မတွေ သုံးနပ်ကြာအောင် စားလိုက်ရတယ်။ ဒါကြောင့် ကျွန်မ လုံးဝကို မျက်နှာပျက်ရတယ်။ ထမင်းတောင် ကောင်းကောင်းမချက်နိုင်မှတော့ ငါ ဘာများလုပ်နိုင်ဦးမှာလဲ။ ကျွန်မရဲ့စိတ်ဟာ ပိုပြီးတော့ နာကျင်ပြီး အပျက်သဘောဆောင်လာခဲ့တယ်။ တစ်နေ့မှာ ကျွန်မ ဈေးဝယ်ဖို့ ဈေးကိုသွားရင်း အထွေထွေကိစ္စတာဝန်ကို ထမ်းဆောင်နေတဲ့ အစ်မရှောင်နဲ့ တွေ့ခဲ့တယ်။ သူက ပူပြင်းတဲ့နေရောင်အောက်မှာ စက်ဘီးစီးရင်း လူအုပ်ကြားထဲမှာ တိုးဝှေ့သွားလာနေပေမဲ့ သူ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့အမူအရာနဲ့ ရှိနေတာကိုတွေ့တော့ ကျွန်မ အရမ်းကို အားကျသွားတယ်။ းတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ တစ်နေကုန် မျက်နှာမကောင်းဖြစ်နေပြီး မပျော်နိုင်ဘူးဖြစ်နေတယ်။ ကျွန်မ မဆင်ခြင်ဘဲမနေနိုင်ခဲ့ဘူး။ “ငါတို့နှစ်ယောက်လုံး အသင်းတော်မှာ အထွေထွေကိစ္စတာဝန်တွေ ထမ်းဆောင်နေကြတာပဲ၊ သူက ဘယ်လိုလုပ်ပြီး ကျိုးနွံနာခံနိုင်ရတာလဲ။ သူက ဘယ်လိုလုပ်ပြီး အဲဒီလောက် ပျော်ရွှင်နေရတာလဲ။ ငါက ဘာဖြစ်လို့ ဘယ်တော့မှ အမှန်တကယ် မနာခံနိုင်ရတာလဲ” လို့ပေါ့။ အဲဒီအချိန်တစ်လျှောက်လုံး ဒီမေးခွန်းတွေကို ကျွန်မ ထပ်ခါတလဲလဲ ဆင်ခြင်သုံးသပ်ခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ သမ္မာတရားကို နားလည်ဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ဆီမှာ ဆုလည်းတောင်းခဲ့တယ်။
ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ပြီး ကိုယ့်အခြေအနေကို နည်းနည်း နားလည်မှုရသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့၏ လိုက်စားခြင်းတွင် ကိုယ်ရေးကိုယ်တာဖြစ်သည့် အလွန်များပြားသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် ရှေ့ရေးများ ရှိကြသည်။ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ လိုအင်ဆန္ဒနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုအမှုကို ယခု ဤနည်းအတိုင်း ဆောင်ရွက်ခြင်း ဖြစ်၏။ ဤမျှော်လင့်ချက်များ၊ အဆင့်အတန်းအတွက် ဤလိုအင်ဆန္ဒနှင့် ဤအယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထားများ၏ ပြယုဂ်များ ဖြစ်သည်။...နှစ်ပေါင်းများစွာ ရှင်သန်ရေးအတွက် လူတို့ အမှီပြုခဲ့ကြသော အတွေးအခေါ်များသည် ၎င်းတို့၏ စိတ်နှလုံးများကို တိုက်စားခဲ့သည်မှာ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသူ၊ သူရဲဘောကြောင်သူနှင့် ယုတ်ညံ့သိမ်ဖျင်းသူများ ဖြစ်လာကြသည့် အခြေအနေအထိပင် ဖြစ်၏။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး မောက်မာလာကြကာ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ မိမိကိုယ်ကို ကျော်လွှားရန် စိတ်ပိုင်းဖြတ်ချက် လုံးဝကင်းမဲ့သည့်အပြင် ဤအမှောင် စွမ်းအားများ၏ ဘောင်ခတ်ခြင်းများကို ဖယ်ရှားရန် သတ္တိအနည်းငယ်မျှပင် သာ၍ မရှိကြပေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) “အန္တိခရစ်တစ်ဦးအတွက်၊ အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာတို့သည် အရေးအကြီးဆုံးသော အကျိုးစီးပွား အမျိုးအစားများဖြစ်ပြီး၊ မိမိတို့၏ ကိုယ်ပိုင်အသက်နှင့် ညီမျှသည်ဟု ၎င်းတို့ သတ်မှတ်သော အရာများ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြုတ်ချခြင်းခံရသည့်အခါ၊ ‘ခေါင်းဆောင်’ ဟူသော ဘွဲ့ထူးကို ၎င်းတို့ ဆုံးရှုံးပြီး အဆင့်အတန်း မရှိတော့သည့်အခါ၊ ယင်းက ၎င်းတို့၏ အာဏာနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ခံခြင်းနှင့် အထင်ကြီးလေးစားခြင်းခံရခြင်းဟူသော အထူးအခွင့်အရေးကို နောက်ထပ် လက်ခံရရှိတော့မည်မဟုတ်ကြောင်းတို့ကို ဆိုလိုသည့်အတွက်၊ အဆင့်အတန်းနှင့် အာဏာကို အသက်ကဲ့သို့ ရှုမြင်သော အန္တိခရစ်တစ်ဦးအနေဖြင့်၊ ၎င်းတို့သည် ဤအရာအား လုံးဝ လက်မခံနိုင်သည်ကို တွေ့ရှိရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး ပြန်သုံးသပ်ကြည့်တော့ ဧည့်ခံတာဝန်ကို အမှန်တကယ် မနာခံနိုင်ခြင်းရဲ့ အကြောင်းရင်းရဲ့ အရင်းအမြစ်က “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”ဆိုတာနဲ့ ပြီးတော့ “အသိဉာဏ်ကို သုံးသူတို့သည် တစ်ပါးသူကို အုပ်စိုးရ၍ ကာယခွန်အားကို သုံးသူတို့သည် တစ်ပါးသူ၏ အုပ်စိုးခြင်းကို ခံရ၏” ဆိုတဲ့ စာတန်ရဲ့အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေလို့မှန်း ကျွန်မ မြင်ခဲ့ရတယ်။ ဒါတွေအားလုံးဟာ ကျွန်မက မျက်နှာပန်းနဲ့ အဆင့်အတန်းကို အမြဲလိုက်စားနေခဲ့လို့ ဖြစ်ရတာပါ။ ဒီစာတန်ရဲ့အဆိပ်အတောက်တွေရဲ့ လွှမ်းမိုးပုံသွင်းမှုကြောင့် ဘုရားသခင်ကို မယုံကြည်ခင်က ကျွန်မ ကိုယ့်အတွက်ချမှတ်ထားတဲ့ ဘဝရည်မှန်းချက်က တက္ကသိုလ်တစ်ခုကို တက်ရောက်ပြီး လူရိုသေရှင်ရိုသေဖြစ်တဲ့အလုပ်တစ်ခုကို ရှာဖို့၊ ဒါမှ အထင်ကြီးလေးစားခံရပြီး သူများရဲ့ ရိုသေတာကို ခံရဖို့ပါပဲ။ ဒီလိုအသက်ရှင်မှသာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားခဲ့ရပြီး တစ်ဘဝလုံး ကိုယ်ကာယလုပ်အားစိုက်ထုတ်ရမယ်၊ သူများရဲ့ခိုင်းစေတာနဲ့ အထင်သေးတာကို ခံရမယ်ဆိုရင် ဘဝက အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မ ကျောင်းကောင်းကောင်းကို မတက်ရောက်နိုင်ခဲ့ဘဲ အိမ်မှာပဲ လယ်ယာစိုက်ပျိုးရေးလုပ်ခဲ့ရတယ်။ ကိုယ်ကာယလုပ်အားစိုက်ထုတ်ဖို့ ဆန္ဒမရှိတဲ့အတွက် ကျောင်းတစ်ကျောင်းမှာ အစားထိုးဆရာမအလုပ်ကို ရှာခဲ့တယ်။ လစာမများပေမဲ့ အလုပ်က လူရိုသေရှင်ရိုသေဖြစ်တယ်လေ။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာလည်း ဒီစာတန်ရဲ့အဆိပ်အတောက်တွေနဲ့ ကျွန်မ ဆက်ပြီးအသက်ရှင်ခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်က တာဝန်တွေကို အဆင့်အတန်းတွေခွဲခြားပြီး ကျွန်မကို လူအများရှေ့မှာ ထင်ပေါ်စေတဲ့၊ လူတွေအထင်ကြီးတဲ့ တာဝန်တွေကိုပဲ လုပ်ရတာကို သဘောကျခဲ့တယ်။ ဧည့်ခံတာဝန်က ကိုယ်ကာယလုပ်အားစိုက်ထုတ်ရပြီး နိမ့်ကျတယ်လို့ ယုံကြည်တဲ့အတွက် အဲဒါကို ရှောင်ဖယ်ပြီး ငြင်းဆန်ချင်ခဲ့တယ်။ ကျွန်မဟာ ဒီစာတန်ရဲ့အဆိပ်အတောက်တွေရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတယ်။ ကျွန်မရဲ့ဘဝအမြင်နဲ့ တန်ဖိုးထားမှုတွေက ပုံပျက်သွားပြီး ကျွန်မရဲ့စိတ်က ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားဖို့ပဲ စွဲလန်းနေခဲ့တယ်။ ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းကို အရာအားလုံးထက် ပိုမြင့်တယ်လို့ သတ်မှတ်ပြီး အဲဒါကိုမရတဲ့အခါ ဘဝက အဓိပ္ပာယ်မရှိတော့ဘူး၊ အရမ်းနာကျင်ရတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ စာပေတာဝန်ထမ်းဆောင်နေတုန်းကဆိုရင် အမြဲတမ်း ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားနေလို့ ကျွန်မရဲ့အခြေအနေက အမြဲဆိုးရွားနေခဲ့တယ်၊ တခြားသူတွေနဲ့ သဟဇာတရှိရှိ မပူးပေါင်းနိုင်ခဲ့ဘူး၊ တာဝန်မှာလည်း အကျိုးသက်ရောက်မှုမရှိခဲ့ဘဲ နောက်ဆုံးမှာ အဖြုတ်ချခံခဲ့ရတယ်ဆိုတာကို ကျွန်မ တွေးကြည့်ခဲ့တယ်။ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဒီအပိုင်းကိုသာ မဖြေရှင်းခဲ့ဘူးဆိုရင် ဘယ်လိုတာဝန်ပဲထမ်းဆောင်ရပါစေ မကြာခင်မှာ ကျရှုံးပြီး လဲကျသွားမှာပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးမှုကို မသုံးသပ်၊ မဖြေရှင်းခဲ့တဲ့အပြင် ဧည့်ခံတာဝန်ကို ဘယ်လိုကောင်းကောင်းထမ်းဆောင်မလဲဆိုတာကိုလည်း မစဉ်းစားခဲ့ဘူး။ ကျွန်မရဲ့စိတ်က ကျော်ကြားမှုနဲ့ အဆင့်အတန်းလိုချင်တဲ့စိတ်ကို ဖြည့်ဆည်းဖို့ စာပေတာဝန်ကိုပဲ ထမ်းဆောင်ချင်နေခဲ့ပြီး ဧည့်ခံတာဝန်ကိုတော့ အတိုက်အခံလုပ်တယ်၊ ဝတ်ကျေတမ်းကျေလုပ်တယ်၊ သစ္စာစောင့်သိမှုလည်းမရှိခဲ့ဘူး။ ကျွန်မဟာ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခဲ့တယ်၊ တကယ်ကို လူ့သဘာဝ ဒါမှမဟုတ် ဆင်ခြင်တုံတရား တစ်စက်မှမရှိခဲ့ဘူး။ ကျွန်မ မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ပြီး ဆယ်နှစ်ကျော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တာ၊ တာဝန်တစ်ခါပြောင်းရွှေ့လိုက်တာနဲ့ ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုအဆင့်အတန်းကို ဖော်ထုတ်လိုက်တယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ အဲဒီတော့မှ ကျွန်မ ပုံမှန်ပြောနေကြစကားတွေအားလုံးဟာ သမ္မာတရား လက်တွေ့ကျမှု တစ်စက်မှမရှိတဲ့ စကားလုံးတွေနဲ့ အယူဝါဒတွေပဲဖြစ်မှန်း မြင်ခဲ့ရတယ်။ ရုတ်တရက် ကျွန်မကိုယ်ကျွန်မ အရမ်းကို သနားစရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ အန္တိခရစ်တွေဟာ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ခေါင်းမာမာနဲ့ လိုက်စားကြတယ်၊ ပြုပြင်ခြင်းတွေ၊ ဖြုတ်ချခြင်းတွေနဲ့ တာဝန်ပြောင်းရွှေ့တာတွေ ဘယ်လောက်ပဲကြုံရပါစေ သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူး၊ အဲဒီအစား မကောင်းမှုများစွာကို လုပ်ဆောင်ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ကျွန်မလည်း သူတို့ရဲ့ခြေရာကို လိုက်နင်းနေတာ မဟုတ်ဘူးလား။ ကျွန်မ လျှောက်လှမ်းနေတဲ့လမ်းကြောင်းက အန္တိခရစ်ရဲ့လမ်းကြောင်းပဲ။ ကျွန်မသာ နောက်ကြောင်းမပြန်ဘူးဆိုရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။
ဝတ်ပြုခြင်းလုပ်နေတုန်း ကျွန်မ ဆက်ပြီးဆင်ခြင်သုံးသပ်ခဲ့တယ်၊ “ငါ ဧည့်ခံတာဝန်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိဘူး။ ငါ့စိတ်ထဲမှာ တခြားဘယ်လိုမှားယွင်းတဲ့အမြင်တွေ ရှိနေသေးလဲ” လို့ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “လူတိုင်းသည် သမ္မာတရား ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်း ခံရသူများသည် သူတစ်ပါးတို့ထက် များစွာ ပိုတော်ခြင်းမရှိပေ။ လူတိုင်းက ဘုရားသခင်၏ လုပ်ဆောင်မှုကို တစ်ချိန်တည်းနီးပါး တွေ့ကြုံခဲ့ကြသည်။ ရာထူးမတိုးခံရသော၊ သို့မဟုတ် ပျိုးထောင်ခြင်းမခံရသော သူတို့သည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားသင့်သည်။ မည်သူကမျှ သမ္မာတရားကို လိုက်စားရန် သူတစ်ပါးတို့၏ အခွင့်အရေးကို မပိတ်ပင်နိုင်ပေ။ အချို့လူတို့သည် သမ္မာတရားကို လိုက်စားရာတွင် ပို၍ စိတ်ထက်သန်ပြီး အစွမ်းအစအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏အိမ်တော်သည် လူတို့ကို ရာထူးတိုးပြီး အသုံးပြုခြင်းအတွက် အဘယ်ကြောင့် ထိုသို့သော စည်းမျဉ်းများရှိသနည်း။ လူတို့၏ အစွမ်းအစနှင့် ကိုယ်ကျင့်စရိုက်က ကွာခြားမှုများရှိသောကြောင့်၊ လူအသီးသီးက မတူညီသည့် လမ်းကြောင်းကို ရွေးချယ်ကြသောကြောင့် ဤအရာက ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုတွင် မတူညီသော ရလဒ်များကို ရရှိစေသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ကယ်တင်ခံရပြီး နိုင်ငံတော်၏ လူများဖြစ်လာကြကာ သမ္မာတရားကို လုံးဝ လက်မခံသူများ၊ မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိခြင်းမရှိသော သူများကမူ ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို သမ္မာတရား လိုက်စားခြင်းရှိမရှိနှင့် သူတို့၏တာဝန်ထမ်းဆောင်ခြင်းတွင်သစ္စာစောင့်သိခြင်းရှိမရှိအပေါ်တွင် အခြေခံပြီး ပျိုးထောင်ပေးကာ အသုံးပြုသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမျိုးမျိုးသောလူတို့၏ ရာထူးအဆင့်ဆင့်တွင် ကွဲပြားခြင်းရှိသလော။ လက်ရှိအချိန်တွင် အမျိုးမျိုးသောလူတို့၏၊ နေရာ၊ တန်ဖိုး၊ ဂုဏ် သို့မဟုတ် အဆင့်အတန်းနှင့်ပတ်သက်ပြီး အထက်အောက်စနစ်မရှိပေ။ အနည်းဆုံး လူတို့ကို ဘုရားသခင်က ကယ်တင်ပြီး လမ်းပြရန် အလုပ်လုပ်သောအခါတွင် အမျိုးမျိုးသောလူတို့၏ အဆင့်များ၊ နေရာများ၊ တန်ဖိုး၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းတွင် ကွဲပြားမှုမရှိပေ။ ကွဲပြားသောအရာများမှာ အလုပ်ခွဲဝေခြင်းနှင့် ထမ်းဆောင်ကြသော တာဝန်ကဏ္ဍများသာ ဖြစ်သည်။ ခြွင်းချက်အဖြစ် ဤအချိန်ကာလအတွင်းတွင် လူအချို့သည် အထူးအလုပ်အချို့ကို ထမ်းဆောင်ရန် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းခံရပြီး လူအချို့မှာ ၎င်းတို့၏ အစွမ်းအစ၊ သို့မဟုတ် မိသားစုပတ်ဝန်းကျင်နှင့်ပတ်သက်သော ပြဿနာများကဲ့သို့သော အကြောင်းပြချက်အမျိုးမျိုးကြောင့် ဤသို့သော အခွင့်အလမ်းများကို မရရှိသည်မှာ မှန်ပေသည်။ သို့သော် ထိုသို့သော အခွင့်အလမ်းများကို မရရှိသောသူများကို ဘုရားသခင်က မကယ်တင်သလော။ ဤသို့ မဟုတ်ပေ။ ၎င်းတို့၏ တန်ဖိုးနှင့် နေရာသည် အခြားလူများထက် ပို၍ နိမ့်ကျသလော။ မနိမ့်ကျပေ။ လူတိုင်းက သမ္မာတရားရှေ့တွင် ညီမျှသည်။ လူတိုင်းက သမ္မာတရားကို လိုက်စားပြီး ရရှိရန် အခွင့်အလမ်းရှိပြီး၊ ဘုရားသခင်က လူတိုင်းကို မျှတစွာနှင့် ကျိုးကြောင်းသင့်စွာ ဆက်ဆံသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတိုင်းဟာ ဘုရားသခင်ရှေ့မှာ တန်းတူဖြစ်တယ်၊ အားလုံးဟာ ဖန်ဆင်းခံတွေဖြစ်ပြီး လူတစ်ယောက်ထမ်းဆောင်တဲ့ တာဝန်အပေါ်မူတည်ပြီး အဆင့်အတန်းနဲ့ ရာထူးကွာခြားမှုမရှိဘူးဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ခေါင်းဆောင်ဖြစ်တာ ဒါမှမဟုတ် စာပေတာဝန်ထမ်းဆောင်တာက ကိုယ့်ရဲ့ရာထူးအဆင့်အတန်းက တခြားသူတွေထက်မြင့်တယ်လို့ မဆိုလိုသလို ဧည့်ခံတာဝန် ဒါမှမဟုတ် အထွေထွေကိစ္စတာဝန်ထမ်းဆောင်တာကလည်း ကိုယ့်ရဲ့ရာထူးအဆင့်အတန်းက နိမ့်ကျတယ်လို့ မဆိုလိုဘူး။ လူတစ်ယောက်ချင်းစီ ထမ်းဆောင်တဲ့တာဝန်ဟာ သူတို့ရဲ့အစွမ်းအစ၊ အရည်အချင်းတွေနဲ့ အသင်းတော်ရဲ့အလုပ်လိုအပ်ချက်တွေအရ စီစဉ်ပေးထားတာဖြစ်တယ်။ ထမ်းဆောင်တဲ့တာဝန်တွေက လုပ်ငန်းတာဝန်ခွဲဝေမှု မတူညီတာပဲရှိတယ်၊ အဆင့်အတန်းမြင့်တာနိမ့်တာ ကွာခြားမှုမရှိဘူး။ ဘယ်လိုတာဝန်ပဲထမ်းဆောင်ရပါစေ ဘုရားသခင်တန်ဖိုးထားတာက သူတို့ သမ္မာတရားကို လိုက်စားပြီး သမ္မာတရားကို ရရှိရဲ့လားဆိုတာပဲ၊ ဒါက အရေးအကြီးဆုံးပဲ။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်တဲ့အခါ ကျွန်မရဲ့အမြင်က တကယ်ကို အဓိပ္ပာယ်မရှိလွန်းတယ်လို့ မြင်ခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအဖြစ် အစေခံတဲ့သူတွေ၊ ဧဝံဂေလိတရားဟောပြောတဲ့သူတွေ၊ ဒါမှမဟုတ် စာပေတာဝန်ထမ်းဆောင်တဲ့သူတွေအားလုံးဟာ အစွမ်းအစနဲ့ အရည်အချင်းရှိတဲ့သူတွေ၊ အဆင့်အတန်းမြင့်ပြီး ဂုဏ်သရေရှိတဲ့သူတွေလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ တစ်ဖက်မှာတော့ ဧည့်ခံတာဝန် ဒါမှမဟုတ် အထွေထွေကိစ္စတာဝန်ထမ်းဆောင်တဲ့သူတွေက ကိုယ်ကာယလုပ်အားစိုက်ထုတ်ရုံသက်သက်ပဲ၊ အဆင့်အတန်းနိမ့်တယ်၊ အောက်တန်းစားတွေလို့ ယုံကြည်ခဲ့တယ်။ ဒီလိုအဓိပ္ပာယ်မရှိတဲ့အမြင်ရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်မက စာပေတာဝန်ကိုပဲ သဘောကျခဲ့ပြီး ဧည့်ခံတာဝန်ကို ထမ်းဆောင်ခိုင်းတဲ့အခါမှာတော့ စင်နောက်ကို အပို့ခံလိုက်ရသလိုပဲ ခံစားခဲ့ရတယ်။ ကျွန်မ ဝမ်းနည်းပြီး အားငယ်သွားသလို ကျိုးနွံနာခံဖို့ ခက်ခဲခဲ့တယ်။ ကျွန်မဟာ ကိစ္စရပ်တွေကို ဘုရားနှုတ်ကပတ်တော်တွေအရ မကြည့်မြင်ဘဲ အဲဒီအစား ဘုရားသခင်ရဲ့အိမ်တော်က တာဝန်တွေကို မယုံကြည်သူတွေရဲ့ ရှုထောင့်ကနေကြည့်ပြီး အဆင့်အတန်းတွေခွဲခြားကာ ဧည့်ခံတာဝန်ကို နှလုံးသားထဲကနေ မထီမဲ့မြင်ပြုခဲ့တယ်။ တကယ်ကို အဓိပ္ပာယ်မရှိလိုက်တာ။ ဒါက မယုံကြည်သူတစ်ယောက်ရဲ့ အမြင်ပဲ။ ဘယ်လိုတာဝန်ပဲထမ်းဆောင်ရပါစေ၊ ဘုရားသခင်က ကျွန်မတို့ တာဝန်ထမ်းဆောင်ရင်းနဲ့ သမ္မာတရားကို လိုက်စားနိုင်ဖို့၊ လူတွေနဲ့အရာတွေကို ကြည့်မြင်တာ၊ ကျင့်ကြံပြုမူတာနဲ့ လုပ်ဆောင်တာအားလုံးကို ဘုရားနှုတ်ကပတ်တော်တွေအရ၊ သမ္မာတရားကို စံအဖြစ်ထားပြီး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်။ ကျွန်မပတ်ဝန်းကျင်မှာ လဲကျသွားတဲ့ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေအကြောင်း ကျွန်မ တွေးကြည့်ခဲ့တယ်။ သူတို့ဟာ အသင်းတော်မှာ ခေါင်းဆောင်တွေဖြစ်ပေမဲ့ အဆင့်အတန်းကိုပဲ မမြင်မကန်း လိုက်စားပြီး သမ္မာတရားကို လိုက်စားဖို့ အာရုံမစိုက်ခဲ့တဲ့အတွက် အသင်းတော်ရဲ့အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့အရာများစွာကို လုပ်ဆောင်ခဲ့ကြတယ်။ သူတို့ဟာ အဆုံးတိုင်အောင် နောင်တမရဘဲ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခြင်းကို ခံခဲ့ရတယ်။ တစ်ဖက်မှာတော့ အထွေထွေကိစ္စတာဝန် ဒါမှမဟုတ် ဧည့်ခံတာဝန်ထမ်းဆောင်တဲ့ ညီအစ်ကိုမောင်နှမတချို့ဟာ အဆင့်အတန်းမမြင့်ပေမဲ့ အသင်းတော်ရဲ့စီစဉ်မှုတွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်တွေကို တိတ်တဆိတ် ထမ်းဆောင်နိုင်ခဲ့ကြတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ သူတို့ရဲ့ အသက်ဝင်ရောက်မှုမှာ တိုးတက်မှုအချို့ ရှိလာနိုင်ပြီး တချို့ဆိုရင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကိုတောင် ရေးနိုင်ခဲ့ကြတယ်။ လူတစ်ယောက် ဘယ်လိုတာဝန်ပဲထမ်းဆောင်ရပါစေ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို နာခံနိုင်သရွေ့ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကို ရရှိမှာဖြစ်မှန်း ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး တာဝန်ပြောင်းရွှေ့ခံရတဲ့အခါမှာတောင် ကိစ္စကို ဘုရားနှုတ်ကပတ်တော်တွေအရ မကြည့်မြင်နိုင်ဘဲ ကိုယ့်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အမြင်တွေနဲ့ပဲ တိုင်းတာခဲ့တယ်ဆိုတာကို ကျွန်မ တွေးကြည့်ခဲ့တယ်။ ဧည့်ခံတာဝန်ကို သစ္စာရှိစွာ ကောင်းကောင်းမထမ်းဆောင်နိုင်ခဲ့ဘဲ ဘုရားသခင်ကို လုံးဝနာခံမှုမပြခဲ့ဘူး။ ကျွန်မသာ နောက်ကြောင်းမပြန်ဘဲ ဆက်သွားနေရင် နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။ ကျွန်မ တာဝန်မှာ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ရမယ်၊ ဘုရားသခင်ကို ဆက်ပြီးမပုန်ကန်နိုင်တော့ဘူး။ အဲဒီနောက်မှာ ကျွန်မ မကြာခဏ ဆုတောင်းတယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ ဓမ္မတေးတွေနားထောင်ပြီး ဘုရားသခင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးက အများကြီးပိုပြီး ရင်းနှီးလာခဲ့တယ်။ ဘယ်အခက်အခဲပဲကြုံရပါစေ ညီအစ်မတွေဆီမှာ ကျွန်မ ဖွင့်ဟပြီး ရှာဖွေခဲ့တယ်။ သူတို့ကလည်း မိတ်သဟာယဖွဲ့ပြီး ကူညီပေးခဲ့ကြတယ်၊ ညီအစ်မတွေနဲ့ ကျွန်မရဲ့ဆက်ဆံရေးကလည်း ပိုပြီး ရင်းနှီးလာတယ်လို့ ခံစားရတယ်။ ကျွန်မကြုံတွေ့ရတဲ့အရာတွေမှာ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ လေ့ကျင့်တာကိုလည်း အာရုံစိုက်ခဲ့တယ်၊ အချိန်မှန် ထမင်းဟင်းချက်တယ်၊ အိမ်ကို သန့်ရှင်းသပ်ရပ်အောင်ထားတယ်၊ လုံခြုံရေးနဲ့ ကာကွယ်ရေးအလုပ်တွေကို ကောင်းကောင်းလုပ်ဆောင်ပြီး ညီအစ်မတွေ တာဝန်ထမ်းဆောင်ဖို့အတွက် တိတ်ဆိတ်၊ သက်သောင့်သက်သာနဲ့ လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကို ပေးစွမ်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ တစ်ခါတလေ ညီအစ်မတွေ သူတို့တာဝန်တွေပြီးသွားရင် ကျွန်မကို သန့်ရှင်းရေးလုပ်ကူကြတယ်၊ ကျွန်မ ထမင်းချက်တာ အလုပ်ရှုပ်နေတာကိုတွေ့ရင်လည်း တက်တက်ကြွကြွနဲ့ လာကူကြတယ်။ ကျွန်မ အမြင်ကိုပြောင်းလဲပြီး၊ စိတ်သဘောထားကို မှန်ကန်အောင်ပြင်တဲ့အခါ၊ နာခံလိုက်တဲ့အခါမှာတော့ နှလုံးသားထဲမှာ လွတ်မြောက်သွားတယ်လို့ ခံစားလိုက်ရတယ်။
တစ်နေ့မှာ အသစ်ရွေးချယ်ခံရတဲ့ စာပေပိုင်းဆိုင်ရာ ကြီးကြပ်ရေးမှူးက ကျွန်မအိမ်ကို ရောက်လာတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစ်မချန်ဖြစ်နေတာကို ကျွန်မ တွေ့လိုက်ရတယ်။ အံ့ဩသွားတာအပြင် ကျွန်မရဲ့စိတ်ထဲမှာ နောက်တစ်ခါ ယောက်ယက်ခတ်လာပြန်တယ်။ “အစ်မချန်လည်း မနှစ်က အဖြုတ်ချခံခဲ့ရတာပဲ၊ အချိန်အတိုင်းအတာတစ်ခုထိ ပြန်သုံးသပ်ပြီးတဲ့နောက်မှာ စာပေတာဝန်ကို ပြန်ထမ်းဆောင်နေရပြီ၊ ဒီတစ်ခါမှာ ကြီးကြပ်ရေးမှူးအဖြစ်တောင် ရွေးချယ်ခံလိုက်ရသေးတယ်။ ဒါပေမဲ့ ငါ့ကို ကြည့်ပါဦး။ ငါ့တာဝန်ပြောင်းရွှေ့ခံရပြီးတဲ့နောက်မှာ ဒီအချိန်တစ်လျှောက်လုံး ဒီမှာ ဧည့်ခံတာဝန်ပဲ လုပ်နေရတယ်။ ငါ ကျဆင်းနေတုန်းမှာ သူများတွေက တိုးတက်နေကြတယ်။ တကယ်ကို နှိုင်းယှဉ်လို့မရပါဘူး” လို့ပေါ့။ ဒီလိုတွေးလိုက်တဲ့အခါ ဧည့်ခံတာဝန်ထမ်းဆောင်ရတာက မျက်နှာပူစရာကောင်းတယ်လို့ နောက်တစ်ခါ ခံစားလိုက်ရပြန်တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့အခြေအနေက မမှန်ကန်တော့ဘူးဆိုတာကို သဘောပေါက်လိုက်လို့ ဘုရားသခင်ဆီကို အမြန်ဆုတောင်းပြီး ကျွန်မရဲ့စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ကျယ်ကျယ်ပြန့်ပြန့် ပြောရမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့် သက်ဆိုင်သော အမှုတွင် ပါဝင်နေခြင်း ဖြစ်သည်။ သာ၍ တိတိကျကျပြောရလျှင်၊ သင်သည် မတူကွဲပြားသော အချိန်များနှင့် မတူကွဲပြားသော လူစုတို့အလယ် လိုအပ်သည့် ဘုရားသခင်၏ အလုပ်အမျိုးအစား အမျိုးမျိုးကို ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ သင်၏တာဝန်သည် မည်သည့်အရာဖြစ်နေပါစေ ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် လုပ်ငန်းတာဝန်ဖြစ်၏။ တစ်ခါတစ်ရံ အရေးကြီးသော အရာဝတ္ထုတစ်ခုကို စောင့်ရှောက်ဖို့၊ သို့မဟုတ် ကာကွယ်ပေးဖို့ သင်သည် တောင်းဆိုခံရကောင်း ခံရနိုင်သည်။ ဤသည်မှာ ယှဉ်ကြည့်လျှင် သင်၏ တာဝန်တစ်ခုအဖြစ်သာ ဆိုနိုင်သည့် အသေးအဖွဲကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် တာဝန်တစ်ခု ဖြစ်သည်။ သင်သည် ယင်းကို သူ့ထံမှ လက်ခံခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ လက်ထဲမှ သင်လက်ခံခဲ့ပြီး ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...သို့ဖြစ်စေကာမူ ယင်းသည် ဘုရားသခင်၏ အလုပ်၊ ဧဝံဂေလိအား ဖြန့်ဖြူးခြင်းအလုပ်၏ လိုအပ်ချက်နှင့် ပတ်သက်နေသရွေ့ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ တာဝန်တစ်ခုအဖြစ် လက်ခံသင့်သည်။ ပို၍ပင် ကျယ်ပြန့်သော စကားလုံးဖြင့် ဖော်ပြရလျှင် တာဝန်ဟူသည် လူတစ်ဦး၏ အထူးတာဝန်၊ ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်ပင် ဖြစ်သည်။ ပို၍အတိအကျဆိုရလျှင် ယင်းမှာ သင်၏တာဝန်၊ သင်၏ဝတ္တရားဖြစ်၏။ ယင်းသည် သင်၏အထူးတာဝန်၊ သင့်အား ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက် ဖြစ်သည့်အပြင် သင်၏ တာဝန်နှင့်ဝတ္တရားတို့ဖြစ်သည်ကို ထောက်ဆလျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် သင်၏တစ်ကိုယ်ရေ အရေးကိစ္စများနှင့် သက်ဆိုင်မှုမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်ရတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ချီးမြှောက်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ဖို့ မြေကြီးပေါ်ကို ကြွလာခဲ့တယ်။ ဒါဟာ ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး လူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တဲ့ တာဝန်များစွာရှိတယ်၊ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေဖြစ်ခြင်း၊ ဧဝံဂေလိတရားဟောပြောခြင်း၊ ဧည့်ခံခြင်း စသည်ဖြင့်။ တာဝန်တိုင်းက အရေးကြီးတယ်။ ကြီးတဲ့တာဝန်၊ သေးတဲ့တာဝန်မရှိဘူး၊ မြင့်တဲ့တာဝန်၊ နိမ့်တဲ့တာဝန်မရှိဘူး၊ မြင့်မြတ်တဲ့တာဝန်၊ ယုတ်ညံ့တဲ့တာဝန်ဆိုတာလည်း မရှိဘူး။ ဦးနှောက်သုံးရတဲ့အလုပ်ပဲလုပ်လုပ်၊ ကိုယ်ကာယလုပ်အားစိုက်ထုတ်ရတဲ့အလုပ်ပဲလုပ်လုပ် အားလုံးဟာ ဘုရားသခင်ရှေ့မှာ ကိုယ့်ရဲ့တာဝန်ကို ဖြည့်ဆည်းနေခြင်းပါပဲ။ ဧည့်ခံတာဝန်ထမ်းဆောင်ခြင်းအားဖြင့် ကျွန်မ မထင်ပေါ်ခဲ့ပေမဲ့ လူတိုင်းကို စိတ်ချလက်ချနဲ့ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်စေနိုင်ခြင်းဟာလည်း ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားကို ဖြည့်ဆည်းနေခြင်းပါပဲ။ ကျွန်မရဲ့နှလုံးသားထဲကနေ ဧည့်ခံတာဝန်ကို အတိုက်အခံမလုပ်တော့ဘူး၊ ဧည့်ခံတာဝန်ထမ်းဆောင်ရတာက ကိုယ်ကာယလုပ်အားစိုက်ထုတ်ရုံသက်သက်ဖြစ်ပြီး နိမ့်ကျတယ်လို့လည်း မခံစားရတော့ဘူး။ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်နေရင်းနဲ့ ကိုယ့်အခြေအနေကို ပြန်သုံးသပ်ဖို့နဲ့ သမ္မာတရားကို ရှာဖွေဖို့အတွက်လည်း ကျွန်မရဲ့စိတ်ကို ပိုပြီးအသုံးပြုနိုင်ခဲ့တယ်။ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်ရတာက စိတ်နှလုံးထဲမှာ အရမ်းကို စိတ်အေးလက်အေးဖြစ်တယ်။
အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ကျွန်မ စာပေတာဝန်ကို ပြန်လည်ထမ်းဆောင်ခွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ ဧည့်ခံတာဝန်ထမ်းဆောင်ခဲ့တဲ့ အဲဒီနေ့ရက်တွေဟာ ကျွန်မရဲ့နှလုံးသားထဲမှာ တန်ဖိုးရှိတဲ့ အမှတ်တရတစ်ခု ဖြစ်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်သာ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ လိုက်စားမှုနောက်ကွယ်က အမြင်တွေကို ပိုင်းခြားသိမြင်နိုင်ခဲ့ပြီး တာဝန်တွေမှာ အမြင့်အနိမ့်၊ မြင့်မြတ်ခြင်း၊ ယုတ်ညံ့ခြင်းမရှိဘူးဆိုတာကို နားလည်ခဲ့ရတာပါ။ ဘယ်လိုတာဝန်ပဲကြုံရပါစေ လက်ခံပြီး နာခံသင့်တယ်။ သမ္မာတရားကို လိုက်စားပြီး ကိုယ့်ရဲ့ စိတ်ရောကိုယ်ပါ မြှုပ်နှံမှုကို ပေးဆက်နိုင်ခြင်း၊ ဒါဟာ ဘုရားသခင်တန်ဖိုးထားတဲ့အရာပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...
ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...
ဂျိန်း ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ...
ကျွန်တော်၏ မိတ်ဆွေများ၊ မိသားစုနှင့် အိမ်နီးချင်များနှင့် အပြန်အလှန် ဆက်ဆံရေးများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရာ၌...