နာမကျန်းမှုနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုကို ကျွန်တော် ဘယ်လိုလွှတ်ချခဲ့သလဲ

18.03.2026

ဝူဖန်၊ တရုတ်ပြည်

၁၉၉၇ ခုနှစ်၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော်လက်ခံခဲ့တယ်။ သခင့်ကို နှစ်တွေအများကြီး ယုံကြည်ပြီးနောက်မှာ ကိုယ်တော့်ရဲ့ ပြန်ကြွလာခြင်းကို နောက်ဆုံးမှာ ကြိုဆိုခွင့်ရလို့ ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားခဲ့တယ်လေ။ အထူးသဖြင့် ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ ကျွန်တော်တို့ကို အပြစ်ကနေ ကယ်နုတ်ပြီး အလုံးစုံ သန့်စင်ဖို့နဲ့ ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြဖို့ ပြန်ကြွလာခဲ့တယ်၊ ပြီးတော့ ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ခွင့်ရဖို့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက တကယ်ဖြစ်လာတော့မယ်ဆိုတာကို သဘောပေါက်လိုက်တဲ့အခါမှာ ကျွန်တော်ဟာ မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ဖို့ စတင်ခဲ့တယ်။ အဲဒီကာလအတွင်းမှာ ကျွန်တော့်ကို နှစ်တွေအများကြီး ဒုက္ခပေးခဲ့တဲ့ အစာအိမ်ရောဂါနဲ့ ခါးနာရောဂါတွေက ကျွန်တော်တောင် သတိမထားလိုက်မိဘဲ လုံးဝပျောက်ကင်းသွားခဲ့ပြီး တာဝန်ထမ်းဆောင်ဖို့ ပိုပြီးတော့တောင် စိတ်အားထက်သန်လာခဲ့တယ်။ နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတုန်း ကျွန်တော့်ကို ရဲတွေဖမ်းခဲ့ရတယ်။ ရဲတွေက ကျွန်တော့်ကို သေလုနီးပါး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ အဲဒီမှာ ကျွန်တော် နှလုံးရောဂါ ဖြစ်ခဲ့ရပြီး အရမ်းထိတ်လန့်တုန်လှုပ်စရာတွေကို ရှောင်ရတယ်။ ရုတ်တရက် အသံကျယ်ကျယ်ကြားရင် ကျွန်တော့်နှလုံးက မခံနိုင်တော့ဘဲ ဒိန်းခနဲဖြစ်ပြီး ထိတ်လန့်သွားရော။ ကျွန်တော် ပြန်လွတ်လာပြီးတဲ့နောက်မှာ အခြေအနေ ဘယ်လောက်ပဲ အန္တရာယ်များများ ကိုယ့်တာဝန်ကို အမြဲတမ်း ဇွဲနပဲနဲ့ ထမ်းဆောင်ခဲ့တယ်။ ၂၀၁၇ ခုနှစ်၊ ဇွန်လလောက်ရောက်တော့ ကျွန်တော့်ကျန်းမာရေးက စပြီး ချို့ယွင်းလာခဲ့တယ်။ ပထမတော့ ရင်ဘတ်အောင့်ပြီး အသက်ရှူမဝဖြစ်တယ်၊ တစ်ကိုယ်လုံးလည်း နုံးချိနေတာပေါ့။ ရေချိုးလိုက်ရုံနဲ့ကို အရမ်းမောသွားလို့ ခဏလောက် လှဲနေပြီး အမောဖြေယူရတယ်။ နောက်စေ့ကလည်း ပူရှိန်းရှိန်းဖြစ်ပြီး ခေါင်းကလည်း မထူနိုင်တော့မယ့်အတိုင်း လေးလံနေတယ်။ ခြေသလုံးတွေကလည်း တော်တော်ကို ဖူးရောင်နေတာ၊ ဖိလိုက်ရင် ချိုင့်ခွက်ကြီးဖြစ်ကျန်ခဲ့တယ်၊ ညနေပိုင်းတွေမှာလည်း ကိုယ်ပူရှိန်နွေးနွေး ရှိခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ကျန်းမာရေးက ပိုပိုပြီး ဆိုးလာတယ်။ ကိုယ်တစ်ခြမ်းက ထုံနေပြီးတော့ ငြိမ်ငြိမ်လေးတောင် မထိုင်နိုင်ဘူး။ တစ်ခါတလေ ကျွန်တော့်မှာ အာရုံကြောဖိမိတာ၊ လည်ပင်းတောင့်တင်းတာ၊ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်တာနဲ့ မူးဝေတာတွေနဲ့ လည်ပင်းကြီးဝေဒနာက ရုတ်တရက်ထလာတတ်တယ်။ ရေသန့်ဘူးကိုတောင် မမနိုင်ဘူး၊ နှာချေလိုက်တာနဲ့တောင် တစ်ကိုယ်လုံး ချွေးစေးတွေပြန်နေပြီ။ ကျွန်တော် ဆေးရုံသွားပြီး စစ်ဆေးကြည့်တော့ ဆရာဝန်က ကျွန်တော့်ကို အလေးအနက် ပြောတယ်၊ “ခင်ဗျားရဲ့ သွေးပေါင်ချိန်က အပေါ်သွေး ၁၈၀၊ အောက်သွေး ၁၁၅ ရှိနေပြီ။ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၁၂၈ ခါ။ ဒါ တော်တော်ကို အန္တရာယ်များတယ်။ ခင်ဗျားသာ ချော်လဲသွားရင် နေရာမှာတင် ပွဲချင်းပြီး သေသွားနိုင်တယ်၊ မသေရင်တောင်မှ ဦးနှောက်သွေးကြောပေါက်ပြီး ကိုယ်တစ်ခြမ်း သေသွားတာမျိုး ဖြစ်နိုင်တယ်” တဲ့။ ဆရာဝန် ဒီလိုပြောတာကို ကြားတဲ့အခါ၊ ကျွန်တော့်အဖေကို ချက်ချင်း သတိရသွားတယ်။ သူဆိုရင်လည်း ကျွန်တော့်အသက်အရွယ်မှာ သွေးတိုးကြောင့် ရုတ်တရက် လေဖြတ်ပြီး သေဆုံးခဲ့တာလေ။ ကျွန်တော့်ယောက္ခမလည်း လေဖြတ်ပြီး ကိုယ်တစ်ခြမ်းသေသွားခဲ့တယ်။ သူ့ကိုယ်သူ မစောင့်ရှောက်နိုင်ခဲ့ဘဲ နှစ်အတော်ကြာ အိပ်ရာထဲလဲနေပြီးမှ ဆုံးပါးသွားခဲ့တယ်။ ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားသွားပြီး တွေးမိတယ်၊ “ငါ ဘယ်လိုဖြစ်ပြီး ဆိုးဆိုးရွားရွား နေမကောင်းဖြစ်ရတာလဲ။ ငါလည်း အသက်ငါးဆယ်ကျော်နေပြီ၊ ငါ့အဖေနဲ့ ယောက္ခမလိုပဲ ရုတ်တရက် လေဖြတ်ပြီး သေသွားမှာလား” လို့ပေါ့။ ဒါပေမဲ့ နောက်တစ်မျိုး ပြန်တွေးမိပြန်တယ်၊ “သူတို့က ဘုရားသခင်ကို မယုံကြည်တော့ ဘုရားရဲ့ ကာကွယ်စောင့်ရှောက်မှု မရှိဘူးလေ။ ငါကတော့ ယုံကြည်သူတစ်ယောက်ပဲ။ ဒီတော့ ငါ့တာဝန်ကို မပြီးမြောက်သေးရင် ဘုရားသခင်က ငါ့ကို သေခွင့်ပေးမှာမဟုတ်ဘူး။ ကိုယ်တော်က ငါ့ကို ကြည့်ရှုစောင့်ရှောက်မှာပဲ” လို့ပေါ့။ နောက်ပိုင်းမှာ ဆေးသောက်တာနဲ့ လေ့ကျင့်ခန်းလုပ်တာကနေတစ်ဆင့် ကျွန်တော့်ကျန်းမာရေးက တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ သွေးပေါင်ချိန်ကတော့ အခြေခံအားဖြင့် ထိန်းနိုင်သွားပေမဲ့ နှလုံးခုန်နှုန်းကတော့ နည်းနည်းမြန်နေတုန်းပဲ။

၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေအပေါ် အကြီးအကျယ် စုစည်းနှိမ်နင်းမှုတစ်ခု လုပ်ခဲ့တယ်၊ ကျွန်တော့်ဒေသမှာ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ တခြားညီအစ်ကိုမောင်နှမ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်။ အသင်းတော်ရဲ့ အလုပ်မှန်သမျှ ရပ်တန့်သွားခဲ့တယ်။ တစ်နေ့မှာတော့ အထက်ခေါင်းဆောင်ဖြစ်တဲ့ ညီအစ်မရှင်းယီက ကျွန်တော့်ဆီကို ရောက်လာပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို တရားဟောသူအနေနဲ့ ရွေးကောက်တင်မြှောက်တယ်လို့ ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ တွေးလိုက်တယ်၊ “ငါ့နှလုံးက အရမ်းထိတ်လန့်တုန်လှုပ်စရာတွေကို မခံနိုင်ဘူး၊ အခု သွေးတိုးလည်းဖြစ်နေပြီ။ ငါ့ကျန်းမာရေးက ပိုပိုပြီး ဆိုးလာနေတာ။ ဒီနှစ်တွေအတွင်းမှာ ငါက တာဝန်တစ်မျိုးပဲပါတဲ့ အလုပ်တစ်ခုတည်းကို လုပ်ခဲ့ရတော့ အလုပ်က တော်တော်လေး ပေါ့ပါးတယ်၊ ဒါကြောင့် ငါ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိခဲ့တာ။ တရားဟောဆရာတစ်ယောက်လုပ်ရတာက အလုပ်တာဝန် အရမ်းများတယ်။ ဒါ့အပြင် အသင်းတော်က အခုမှ အကြီးအကျယ်ဖမ်းဆီးမှုလှိုင်းဒဏ်ကို ခံထားရတော့ လုပ်စရာအလုပ်တွေက အများကြီးပဲ။ စိတ်ပူပန်ရမယ်၊ အဖိုးအခပေးဆပ်ရမယ်၊ ညဉ့်နက်အထိနေရတာတွေကလည်း ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ငါ့ရောဂါသာ ပိုဆိုးလာပြီး တစ်နေ့နေ့မှာ ငါ့အဖေလိုပဲ ရုတ်တရက် လေဖြတ်ပြီး သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆိုရင် ငါနှစ်တွေအများကြီး စွန့်လွှတ်အသုံးခံခဲ့တာတွေအားလုံး အလဟဿဖြစ်သွားမှာမဟုတ်ဘူးလား။ မသေရင်တောင်မှ ငါ့ယောက္ခမလိုပဲ နောက်ဆက်တွဲ ဝေဒနာတွေနဲ့ အိပ်ရာထဲလဲပြီး ကိုယ်တစ်ခြမ်းသေသွားလို့ တာဝန်မထမ်းဆောင်နိုင်တော့ရင် ကယ်တင်ခြင်းခံရပြီး နိုင်ငံတော်ထဲဝင်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား” ပေါ့။ ဒီအကျိုးဆက်တွေကို ကျွန်တော် တွေးမိပြီးတော့ တာဝန်ကို ခေါင်းရှောင်ဖို့ အကြောင်းပြချက်တွေရှာပြီး ပြောလိုက်တယ်၊ “ကျွန်တော်က သမ္မာတရားကို နားလည်မှုက တိမ်တော့ တကယ့်အလုပ်တွေ မလုပ်နိုင်ဘူး။ ပြီးတော့ သွေးတိုးနဲ့ နှလုံးရောဂါလည်းရှိတော့ ဒီတာဝန်နဲ့ မသင့်တော်ပါဘူး။ အစ်မ တခြားတစ်ယောက်ကိုပဲ ရှာပါဦး” လို့ပေါ့။ ကျွန်တော်က တာဝန်ကို အကြိမ်ကြိမ် ခေါင်းရှောင်ဖို့ ကြိုးစားနေတာကိုမြင်တော့ ရှင်းယီက စိတ်ရှည်ရှည်နဲ့ ကျွန်တော့်ကို မိတ်သဟာယပြုပေးခဲ့တယ်၊ ပြီးတော့ ချက်ချင်းဆိုသလို သင့်တော်တဲ့သူတစ်ယောက် ရှာမတွေ့နိုင်ဘူးလို့လည်း ပြောတယ်။ ဒီစကားကိုကြားတော့ ကျွန်တော့်ရဲ့ အသိစိတ်က မလုံမလဲဖြစ်လာတယ်။ ကျွန်တော် တွေးမိတယ်၊ ငါ့ကျန်းမာရေးက သိပ်မကောင်းပေမဲ့ တာဝန်မထမ်းဆောင်နိုင်လောက်တဲ့အထိတော့ မဆိုးသေးပါဘူး၊ ဆေးမှန်မှန်သောက်၊ အချိန်ဇယားကို ချိန်ညှိပြီး သင့်တော်သလို လေ့ကျင့်ခန်းလုပ်နေသရွေ့တော့ အလုပ်တချို့ကို လုပ်နိုင်သေးတာပဲ။ အခု ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အဖမ်းခံထားရပြီး အသင်းတော်အလုပ်ကိုလုပ်ဖို့ သင့်တော်တဲ့သူလည်း မရှိတဲ့ ဒီလိုအရေးကြီးတဲ့အချိန်မှာ ငါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို တစ်စက်မှ အလေးမထားခဲ့ဘူး။ ငါ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာပေါ့။ ဒါနဲ့ ကျွန်တော် ဒီတာဝန်ကို လက်ခံလိုက်တယ်။ အခြေအနေက အရမ်းဆိုးတော့ ကျွန်တော်တို့တွေ အသင်းတော်တွေဆီကို တိုက်ရိုက်သွားပြီး အလုပ်မလုပ်နိုင်ဘူး၊ အလုပ်အားလုံးနီးပါးကို စာရေးပြီးတော့ပဲ အကောင်အထည်ဖော်၊ နောက်ဆက်တွဲ လုပ်ဖို့လိုခဲ့တယ်။ ကံကောင်းတာက ကျွန်တော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ညီအစ်ကိုစူးမင်ရှိနေတာပဲ။ သူက လူငယ်တစ်ယောက်ဖြစ်ပြီး အရည်အသွေးလည်းကောင်းတော့ တာဝန်တော်တော်များများကို သူတစ်ယောက်တည်း တာဝန်ယူထားတယ်။ ကျွန်တော်ကတော့ အဓိကအားဖြင့် စာပေအလုပ်ကို တာဝန်ယူရတော့ ကျွန်တော့်အတွက်တော့ တော်တော်လေး စိတ်ဖိစီးမှု သက်သာတာပေါ့။ ပြီးတော့ ဆေးမှန်မှန်သောက်တဲ့အခါ ကျွန်တော့်ရဲ့ နှလုံးရောဂါနဲ့ သွေးတိုးကိုလည်း ထိန်းနိုင်ခဲ့ပြီး ဒီတာဝန်နဲ့ တဖြည်းဖြည်း အသားကျလာခဲ့တယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လရဲ့ တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက စူးမင်ကို တခြားနေရာကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ခိုင်းချင်တယ်လို့ စာပို့လာတယ်။ စာကိုဖတ်လိုက်ရတော့ ကျွန်တော့်ခေါင်းထဲမှာ ဝီခနဲ ဖြစ်သွားတယ်။ ကျွန်တော် တွေးလိုက်တယ်၊ “စူးမင်ကို ပြောင်းရွှေ့လိုက်ရင် ဒီလောက်များတဲ့အလုပ်တွေကို ငါတစ်ယောက်တည်း ဘယ်လိုလုပ်နိုင်မှာလဲ။ ငါက အသက်လည်းကြီးပြီ၊ အလုပ်လုပ်နိုင်စွမ်းကလည်း အကန့်အသတ်နဲ့။ စုမင်ကို တာဝန်ပြန်ချတာက ငါ့ကို အခက်တွေ့အောင် လုပ်နေတာပဲ မဟုတ်ဘူးလား” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ပြန်တွေးမိတယ်၊ “အထက်ခေါင်းဆောင်တွေက ဒီလိုစီစဉ်တာဟာ အသင်းတော်ရဲ့ အလုံးစုံအလုပ်အတွက် စဉ်းစားပြီးလုပ်တာပဲ ဖြစ်မှာပါ” လို့ပေါ့။ ဒါပေမဲ့လည်း စူးမင်ထွက်သွားရင် ကျွန်တော့်ရဲ့ အလုပ်ဝန် ပိုများလာမှာကိုပဲ စိုးရိမ်နေမိတယ်။ ငါ ဘယ်လောက်တောင် စိတ်ပူပန်ရပြီး အားအင် ဘယ်လောက်များ စိုက်ထုတ်ရမှာလဲ။ ငါ့မှာ သွေးတိုးနဲ့ နှလုံးရောဂါရှိတာ၊ ညဉ့်နက်ထိနေလို့ သွေးပေါင်ချိန်တက်ပြီး ဦးနှောက်သွေးကြောပေါက်လို့ လေဖြတ်ပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆိုရင် ဘုရားသခင်ကို ယုံကြည်တဲ့ ငါ့ရဲ့ခရီးက အဆုံးသတ်သွားမှာ မဟုတ်ဘူးလား။ မသေရင်တောင်မှ နောက်ဆက်တွဲ ဝေဒနာတွေနဲ့ ကိုယ်တစ်ခြမ်းသေသွားရင်လည်း တာဝန်ထမ်းဆောင်နိုင်ဦးမှာ မဟုတ်သေးဘူး။ အဲဒီအခါကျရင် ငါ ဖယ်ရှားရှင်းလင်းခံရမှာ မဟုတ်ဘူးလားပေါ့။ ကျွန်တော် အရမ်းကို စိုးရိမ်ပူပန်လွန်းလို့ စားမဝင် အိပ်မပျော်ဖြစ်ခဲ့ရတယ်။ စူးမင် ထွက်သွားပြီးနောက်ပိုင်း ရက်တွေမှာ လိုက်ကြည့်ပြီး အကောင်အထည်ဖော်ရမယ့် အလုပ်တွေက အများကြီးပဲ၊ လူကတော့ အမြဲတမ်း အတိုက်အခံဖြစ်နေတယ်။ ဒါ့အပြင် ရာသီဥတုကပူတော့ အသက်ရှူမဝသလို ခေါင်းနည်းနည်းမူးသလိုလည်း ခံစားရတယ်။ ခဏနားမလို့ လှဲလိုက်ရုံရှိသေးတယ်၊ ကျွန်တော့်ရဲ့ နှလုံးခုန်နှုန်းက မြန်လာပြီး ခေါင်းတွေ ချာချာလည်လာသလို ခံစားလိုက်ရတယ်။ ကျွန်တော် အိပ်ရာပေါ်ကနေ အမြန်ထပြီး မှီထိုင်လိုက်တယ်၊ ပျို့အန်ချင်လောက်အောင်ကို နေလို့မကောင်းဖြစ်နေတာ။ ကျွန်တော့်အဖေ ဆုံးပါးသွားတဲ့ပုံရိပ်က ခေါင်းထဲပေါ်လာတော့ ကိုယ့်ရောဂါ ပိုဆိုးလာမှာကို ပိုပြီးတော့တောင် စိုးရိမ်လာတယ်၊ ရုတ်တရက် လေဖြတ်ပြီး လဲကျ၊ သေဆုံးသွားမှာကို အရမ်းကြောက်နေခဲ့တယ်။ အဲဒီနောက်မှာတော့ နေလို့မကောင်းဖြစ်တဲ့အခါတိုင်း ကျွန်တော့်စိတ်ထဲမှာ ညှိုးငယ်ပြီး စိုးရိမ်ပူပန်နေတယ်၊ ကိုယ့်ရောဂါ ပိုဆိုးလာမှာကို အမြဲတမ်းပဲ တွေးပူနေမိတယ်။ အထူးသဖြင့် ကျွန်တော့်မှာ အမှုတွဲရှိနေတော့ ရဲတွေက ကျွန်တော့်ကိုဖမ်းဖို့ ကြိုးစားနေတုန်းပဲ၊ ရောဂါဖောက်လာရင် ဆရာဝန်ဆီလည်း သွားလို့မရဘူးလို့ တွေးမိတယ်။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲပေါ့။ တစ်ခါတလေကျတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေ မကောင်းတာတွေ၊ စာပေအလုပ်ရဲ့ ရလဒ်တွေ ကျဆင်းလာတာကို သိရတော့ သူတို့နဲ့ မိတ်သဟာယပြုဖို့ စာရေးချင်စိတ်တော့ ပေါက်လာတယ်၊ ဒါပေမဲ့ စာတစ်စောင်ရေးဖို့ဆိုရင် အချိန်ယူပြီး စဉ်းစားရမှာဆိုတော့ အိပ်ယာဝင် နောက်ကျမှာပဲလို့ ပြန်တွေးမိပြန်ရော။ ခဏခဏသာ ညဉ့်နက်တဲ့အထိနေရရင် မကြာခင်မှာ မောပန်းပြီး လဲကျသွားမှာပဲ။ ဒါကြောင့် ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့က ပိုအရေးကြီးတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်သာ မောပန်းပြီး လဲကျသွားရင် နောက်ဆိုရင် တာဝန်တစ်ခုတည်းပါတဲ့ အလုပ်တောင် ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါကျရင် ကျွန်တော် ဖယ်ရှားရှင်းလင်းခံရမှာ မဟုတ်ဘူးလား။ ဒါကြောင့် အလုပ်စာတွေ ပုံနေတာကို တွေ့လည်း ချက်ချင်းမလုပ်ဖြစ်ဘူး။ ခေါင်းဆောင်တွေက ကျွန်တော့်ရဲ့အခြေအနေ မကောင်းတာကို သိတော့ ကျွန်တော့်ဆီကို စာရေးခဲ့ကြတယ်။ သူတို့က ကျွန်တော့်ကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း ပို့ပေးခဲ့တယ်။ ကျွန်တော်လည်း ဒီကိစ္စကနေ သင်ခန်းစာယူနိုင်ဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်။

တစ်နေ့မှာတော့ ကျွန်တော့်ရဲ့အခြေအနေနဲ့ တော်တော်လေးကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ထို့နောက် ကျန်းမာရေး နုံချာသည့်သူများ၊ ကြံ့ခိုင်မှုအခြေအနေနည်းပြီး အားအင် ချို့တဲ့သည့် သူများ၊ အကြီးစား၊ သို့မဟုတ် အသေးစား နာမကျန်းဖြစ်ခြင်းဖြင့် မကြာခဏ နေမကောင်း ဖြစ်သည့်သူများ၊ နေ့စဉ်ဘဝတွင် လိုအပ်သည့် အခြေခံအမှုအရာများကိုပင် မလုပ်ဆောင်နိုင်သည့်သူများ၊ ပုံမှန်လူများကဲ့သို့ အသက်မရှင်နိုင်၊ သို့မဟုတ် ထူထူထောင်ထောင် မဖြစ်နိုင်သည့်သူများ ရှိသည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မကြာခဏ သက်သောင့်သက်သာမရှိ ခံစားရပြီး နေမကောင်း ဖြစ်ကြသည်။ အချို့မှာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းကြသည်၊ အချို့မှာ တကယ့် နာမကျန်းမှုများ ရှိကြပြီး ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နိုင်သည့် အလားအလာ ရှိသူများလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့တွင် ထိုသို့သော လက်တွေ့ကျသည့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိသောကြောင့် ထိုသို့သောလူများသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းပြီး စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်နေကြသနည်း။ မိမိတို့၏ တာဝန်ကို ဤသို့ ဆက်လက် ထမ်းဆောင်နေလျှင် ဤသို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ပြေးလွှားနေကာ ဤသို့ အမြဲ ပင်ပန်းနွမ်းနယ်နေလျှင် ၎င်းတို့၏ ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလိမ့်မည်လော။ ၎င်းတို့ အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်ရောက်သည့်အခါ မိမိတို့ အိပ်ရာများတွင် လှဲနေကြရမည်လောဟူသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ ဤစိုးရိမ်မှုများ ခိုင်လုံသလော။ ဤအရာကို ကိုင်တွယ်ဖြေရှင်းသည့် ခိုင်မာသော နည်းလမ်းတစ်ခုကို တစ်ဦးတလေက ပေးလိမ့်မည်လော။ ဤအတွက် အဘယ်သူသည် တာဝန်ယူလိမ့်မည်နည်း။ အဘယ်သူ တာဝန်ရှိလိမ့်မည်နည်း။ နုံချာသည့် ကျန်းမာရေးရှိသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ကြလေသည်။ နာမကျန်းမှုတစ်ခု ရှိသည့်လူများသည် ‘အို ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါစိတ်ပိုင်းဖြတ်ထားသော်လည်း ဤနာမကျန်းမှု ငါ ရလေပြီ။ အန္တရာယ်မှ ကွယ်ကာရန် ဘုရားသခင်ကို ငါတောင်းလျှောက်ပြီး ဘုရားသခင်၏ ကွယ်ကာမှုဖြင့် ငါစိုးရွံ့ရန် မလိုပါ။ သို့သော် ငါ၏ တာဝန်များကို ထမ်းဆောင်နေချိန် ငါ ခြေကုန်လက်ပန်း ကျသွားသည့်အခါ ငါ၏ ရောဂါ ပြန်ထလိမ့်မည်လား။ ငါ၏ ရောဂါ အမှန်တကယ် ထလာခဲ့လျှင် မည်သည့်အရာကို ငါ လုပ်ရမည်နည်း။ ခွဲစိတ်မှုခံရန် ဆေးရုံတက်ဖို့ ငါ လိုအပ်ပါက ထိုအတွက် ပေးရမည့် ငွေ ငါ့မှာမရှိပါ။ ထို့ကြောင့် ငါ၏ ကုသမှုအတွက် ပေးဖို့ ငွေမချေးလျှင် ငါ၏ ရောဂါ သာ၍ပင် ဆိုးသွားလိမ့်မည်လော။ တကယ်ကို ဆိုးလာလျှင် ငါသေလိမ့်မည်လော။ ထိုသို့သော သေခြင်းကို ပုံမှန်သေခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်မည်လော။ ငါ အမှန် သေဆုံးလျှင် ငါ ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်များကို ဘုရားသခင် အောက်မေ့လိမ့်မည်လော။ ကောင်းမှုများ လုပ်ဆောင်ပြီးဖြစ်သည်ဟု ငါ မှတ်ယူခံရလိမ့်မည်လော။ ငါသည် ကယ်တင်ခြင်းကို ရရှိမည်လော’ဟု မကြာခဏ စဉ်းစားကြသည်။ ၎င်းတို့ နေမကောင်းကြောင်း သိကြသူအချို့လည်း ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့တွင် တကယ် နာမကျန်းဖြစ်ခြင်း အချို့ သို့မဟုတ် အခြားတစ်ခု၊ ဥပမာအားဖြင့် အစာအိမ်ရောဂါများ၊ ခါးနှင့် ခြေထောက် နာကျင်ကိုက်ခဲမှု၊ အဆစ်ရောင်နာရောဂါ၊ ဒူလာရောဂါအပြင် အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည်တို့ ရှိကြသည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့က ‘ငါ၏ တာဝန်ကို ဆက်ထမ်းဆောင်လျှင် ငါ၏ နာမကျန်းဖြစ်ခြင်းအတွက် ကုသစရိတ်ကို ဘုရားအိမ်တော်က ပေးလိမ့်မည်လော။ ငါ၏ နာမကျန်းမှုက ပိုဆိုးသွားပြီး ငါ့တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်လျှင် ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းစေလိမ့်မည်လော။ အခြားလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကုသပျောက်ကင်းသွားကြပြီး ဖြစ်သောကြောင့် ငါလည်း ကုသပျောက်ကင်းမည်လော။ အခြားသူများကို ဘုရားသခင်က သနားကြင်နာမှု ပြသကဲ့သို့ပင် ငါ့ကိုလည်း သူကုသပျောက်ကင်းစေမည်လော။ ငါ၏ တာဝန်ကို ငါသစ္စာစောင့်သိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ကို အနာငြိမ်းစေသင့်သော်လည်း ဘုရားသခင် ငါ့ကို အနာငြိမ်းစေဖို့ ငါ ဆန္ဒရှိရုံသာဖြစ်ပြီး သူက အနာမငြိမ်းစေပါက မည်သည့်အရာကို ငါ လုပ်ရမည်နည်း’ဟု တွေးကြသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် ‘ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်’ ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဖော်ထုတ်ခဲ့တာဟာ ကျွန်တော့်ရဲ့အခြေအနေကို တစ်ပုံစံတည်းပါပဲ။ ကျွန်တော်ဟာ ကိုယ့်ရဲ့ နာမကျန်းမှုအတွက် စိုးရိမ်ပူပန်ပြီး စိတ်ဓာတ်ကျနေတဲ့ အခြေအနေမှာ ရှင်သန်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို တရားဟောဆရာအနေနဲ့ ရွေးကောက်တင်မြှောက်တဲ့အခါမှာ ကျွန်တော်က အလုပ်ကများပြီး စိတ်ပင်ပန်းမှာကို၊ အဲဒါက ကိုယ့်ကျန်းမာရေးကို ထိခိုက်မှာကို စိုးရိမ်ပြီး တာဝန်ကို အကြိမ်ကြိမ် ခေါင်းရှောင်ခဲ့တယ်။ နောက်ပိုင်းမှာ လက်ခံလိုက်ပေမဲ့လည်း အထက်ခေါင်းဆောင်တွေက စူးမင်ကို ပြောင်းရွှေ့လိုက်ပြီး အလုပ်ဝန်ပိုများလာတဲ့အခါမှာ ကျွန်တော့် စိတ်ထဲမှာ အတိုက်အခံဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်က အရမ်းပင်ပန်းတယ်လို့ ခဏခဏ စိုးရိမ်ပြီး၊ ရောဂါပိုဆိုးလာလို့ ရုတ်တရက် လေဖြတ်ပြီး သေသွားရင်၊ ဒါမှမဟုတ် နောက်ဆက်တွဲဝေဒနာတွေနဲ့ တာဝန်မထမ်းဆောင်နိုင်တော့ရင်၊ အကျိုးဆက်အနေနဲ့ ကယ်တင်ခြင်းမခံရရင် ဘယ်လိုလုပ်မလဲလို့ ခဏခဏ တွေးပူနေခဲ့တယ်။ ကျွန်တော့်အတွေးတွေက ကျွန်တော့်ရောဂါနဲ့ လုံးလုံးလျားလျား ပြည့်နေခဲ့တယ်။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်နေပေမဲ့၊ ကျွန်တော့်သဘောထားက အရင်ကလို အပြုသဘောမဆောင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေ မကောင်းတာနဲ့ စာပေအလုပ်ရဲ့ရလဒ်တွေ ကျဆင်းလာတာကို မြင်တဲ့အခါမှာလည်း ဒီကိစ္စကို လိုက်ကြည့်ဖို့ဖြစ်ဖြစ်၊ ဖြေရှင်းဖို့ဖြစ်ဖြစ် စာမရေးဘဲ ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေပုံစံနဲ့ပဲ ချဉ်းကပ်ခဲ့တယ်။ နေမကောင်းဖြစ်တဲ့အခါမှာလည်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဆုတောင်းပြီး မရှာဖွေဘဲ ကိုယ့်အနာဂတ်နဲ့ ပန်းတိုင်အတွက် အကျိုးအမြတ်၊ နဲ့ ဆုံးရှုံးမှုကိုပဲ အမြဲတမ်း တွေးပူနေခဲ့တယ်။ ကျွန်တော်ဟာ စိတ်ဆင်းရဲခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေထဲမှာ ရှင်သန်ခဲ့ပြီး ဘာလွတ်မြောက်မှုမှမရဘဲ ကိုယ့်တာဝန်ကိုလည်း ကောင်းကောင်းမထမ်းဆောင်ခဲ့ဘူး။ ကျွန်တော်ဟာ သမ္မာတရားကို လုံးဝလိုက်စားနေတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာကို သဘောပေါက်လိုက်တယ်။

ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်တော်ဖတ်ခဲ့ရတယ်။ “၎င်းတို့၏ ယုံကြည်ခြင်း၌ အန္တိခရစ်တို့သည် ကောင်းချီးခံစားလိုရုံသာဖြစ်ပြီး ဘေးဒုက္ခကို မခံစားလိုကြပေ။ ကောင်းချီးခံစားရသူ၊ အကျိုးကျေးဇူးရရှိသူ၊ ကျေးဇူးတော်ခံစားရသူနှင့် ဥစ္စာပစ္စည်းဆိုင်ရာ ဇိမ်ခံမှုများ၊ ကြီးမားသော အကျိုးကျေးဇူးများကို ပိုမိုရရှိသူတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ ဤသည်မှာ ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ အကယ်၍ ၎င်းတို့သည် ထိုသို့သော ဥစ္စာပစ္စည်းဆိုင်ရာ ကောင်းချီးများကို မရရှိပါက ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်မဟုတ်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ‘သင်သည် အကယ်၍ အမှန်တကယ် ဘုရားဖြစ်ပါက လူများကိုသာ ကောင်းချီးပေးနိုင်သည်၊ သင်သည် လူတို့၏ ဘေးဒုက္ခကို ရှောင်ရှားပေးသင့်ပြီး ၎င်းတို့ကို ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ခွင့် မပြုသင့်ပေ။ ထိုအခါမှသာ လူတို့ သင့်ကို ယုံကြည်ခြင်း၌ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိမည်ဖြစ်သည်။ သင့်နောက်သို့ လိုက်ပြီးနောက်တွင် လူတို့သည် ဘေးဒုက္ခနှင့် ဝန်းရံဖိစီးခြင်းကို ခံနေရဆဲဖြစ်ပါက၊ ၎င်းတို့ ဆင်းရဲဒုက္ခခံနေရသေးပါက သင့်ကို ယုံကြည်ခြင်း၌ အဘယ်အဓိပ္ပာယ် ရှိမည်နည်း’ ဟူ၍ဖြစ်သည်။ ၎င်းတို့သည် အမှုအရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိကြောင်း၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်းကို ဝန်မခံကြပေ။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ဝန်မခံကြသနည်း။ အကြောင်းမှာ အန္တိခရစ်တို့သည် ဘေးဒုက္ခခံစားရမည်ကို ကြောက်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အကျိုးခံစားလိုရုံ၊ အခွင့်အရေးယူလိုရုံ၊ ကောင်းချီးများကို ခံစားလိုရုံသာဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် စီစဉ်ညွှန်ကြားခြင်းကို လက်မခံလိုဘဲ ဘုရားသခင်ထံမှ အကျိုးကျေးဇူးများကိုသာ လက်ခံရယူလိုကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ရှုမြင်ပုံဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၆))ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်သာဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ခါးစီးခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ စာတန်ဆန်သော သဘာဝနှင့်ပတ်သက်သည့် အကောင်းဆုံးသော အထောက်အထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်က အန္တိခရစ်တွေဟာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ရဲ့ နိယာမအတိုင်း ရှင်သန်နေထိုင်ကြတယ်လို့ ဖော်ထုတ်ထားတယ်။ သူတို့က ဘုရားသခင်ကို ယုံကြည်ရင် ကောင်းချီးတွေနဲ့ အကျိုးကျေးဇူးတွေ ရသင့်တယ်လို့ ယုံကြည်ကြတယ်။ အကျိုးအမြတ်ရစရာရှိတဲ့အခါ ဒါမှမဟုတ် ကောင်းချီးတွေ ရနိုင်တဲ့အခါမှာ သူတို့က စွန့်လွှတ်အသုံးခံကြတယ်၊ ဒါပေမဲ့ ကောင်းချီးတွေ၊ အကျိုးအမြတ်တွေ မရနိုင်တော့ဘဲ အဲဒီအစား ကံဆိုးမိုးမှောင်ကျမှုကို ခံစားရတော့မယ်လို့ ထင်လိုက်တာနဲ့ သူတို့က အသုံးမခံချင်တော့ဘူး၊ ဘုရားသခင်ကို ယုံကြည်တာက အဓိပ္ပာယ်မရှိဘူးလို့တောင် ထင်လာကြတယ်။ ကျွန်တော့်အပြုအမူဟာ အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ အတူတူပဲဆိုတာကို ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော် သခင်ကို တွေ့ရှိခဲ့တဲ့အချိန်ကစပြီး၊ ကောင်းချီးမင်္ဂလာတွေရဖို့နဲ့ ကောင်းကင်ဘုံကို သွားဖို့ ကျွန်တော် လိုက်စားနေခဲ့တာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကောင်းချီးခံစားရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာတော့မယ်ဆိုတာကို မြင်လိုက်ရတော့ အရာအားလုံးကို စွန့်ပစ်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲဒီကာလအတွင်းမှာ ကျွန်တော် နှစ်တွေအများကြီး ခံစားခဲ့ရတဲ့ အစာအိမ်နဲ့ ခါးနာရောဂါတွေ ပျောက်ကင်းသွားပြီး တာဝန်ထမ်းဆောင်ဖို့ ကျွန်တော့်ရဲ့စိတ်အားထက်သန်မှုက နှစ်ဆတိုးလာခဲ့တယ်။ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပေမဲ့လည်း လွတ်မြောက်လာပြီးတဲ့နောက်မှာ ကိုယ့်တာဝန်ကို ဇွဲနပဲနဲ့ ဆက်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အသက်ကြီးလာတာနဲ့အမျှ သွေးတိုးနဲ့ နှလုံးရောဂါတွေ ဖြစ်လာတယ်၊ အဲဒီအခါကျတော့ ရုတ်တရက် လေဖြတ်ပြီး သေသွားမှာ၊ ဒါမှမဟုတ် ကိုယ်တစ်ခြမ်းသေပြီး တာဝန်မထမ်းဆောင်နိုင်တော့မှာ၊ အဲဒီလိုနဲ့ ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခွင့်ရမယ့် အခွင့်အရေးကို ဆုံးရှုံးသွားမှာကို စိုးရိမ်လာခဲ့တယ်။ ဒါကြောင့် ပိုပေါ့ပါးတဲ့ တာဝန်တစ်ခုကိုပဲ ယူချင်ခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်နဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ စူးမင် ပြောင်းရွှေ့ခံလိုက်ရတော့ ကျွန်တော့်ရဲ့အလုပ်ဝန်က ရုတ်တရက် များလာတယ်၊ အရမ်းစိတ်ပူပြီး ပင်ပန်းလွန်းသွားရင် ကိုယ့်ရောဂါအခြေအနေ ပိုဆိုးသွားမှာကို ကျွန်တော် စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေ မကောင်းတာကို သိတဲ့အခါမှာလည်း သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ အလျင်မလိုခဲ့ဘူး၊ အကောင်အထည်ဖော်ရမယ့် အလုပ်တွေကိုလည်း အကောင်အထည်ဖော်ဖို့ မလောခဲ့ဘူး။ အလုပ်နည်းနည်းပါးပါး လုပ်ရင်တောင်မှ ကိုယ့်ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ပြီး အတိုက်အခံလုပ်တဲ့ စိတ်ခံစားချက်တွေနဲ့ပဲ လုပ်ခဲ့တယ်။ တကယ်တော့၊ စုမင်က တခြားနေရာမှာ သူ့တာဝန်ကို ထမ်းဆောင်ဖို့ နေရာပြောင်းရွှေ့ခံရတာဟာ အသင်းတော်ရဲ့ အလုပ်အတွက် အကျိုးရှိခဲ့တယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ ဘယ်သူမဆို ကိုယ်ကျိုးကို ဘေးဖယ်ပြီး အသင်းတော်ရဲ့အကျိုးကို ရှေ့တန်းတင်မှာပဲ၊ အသင်းတော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို လက်ခံပြီး ကျိုးနွံနာခံမှာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်အကျိုးစီးပွားအတွက် စူးမင်ကို မထွက်သွားစေချင်ခဲ့ဘူး၊ သူ့ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်တဲ့ အထက်ခေါင်းဆောင်တွေအပေါ်မှာတောင် အတိုက်အခံစိတ်တွေ ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေတယ်လို့ ကျွန်တော် ထင်ခဲ့ပြီး၊ သူတို့ စိတ်ပြောင်းပြီး စုမင် ထွက်မသွားရဖို့ ကျွန်တော် အသည်းအသန် မျှော်လင့်ခဲ့တယ်။ ကျွန်တော်ဟာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်အတိုင်း ရှင်သန်နေခဲ့တယ်၊ ကျွန်တော့်ရဲ့ အပြုအမူအားလုံးက ကိုယ့်အတွက်ချည်းပဲဖြစ်ပြီး အသင်းတော်အလုပ်ကို လုံးဝကို ဂရုမစိုက်ခဲ့ဘူးဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်တော် တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ဒီအဖြစ်က ကျွန်တော့်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သွားပြီးသတိရစေခဲ့တယ်။ “ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ် ထာဝရ သုံးစားမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ အစဉ်သဖြင့် ဆက်ကပ်ထားကာ အစဉ်သဖြင့် အသုံးတော်ခံနေသောကြောင့် ဖြစ်၏၊ လူသားမှာမူ မိမိအတွက်သာလျှင် အစဉ်အမြဲ တောင်းခံပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ နာကျင်မှု ခံယူနေသည့်တိုင် လူသားကမူ တရားမျှတခြင်းအတွက် သို့မဟုတ် အလင်းအတွက်၊ မည်သည့်အရာကိုမျှ လုံးဝ မဖြည့်ဆည်းပေးပေ။ ပြီးလျှင် လူသားအနေဖြင့် တစ်ခဏတာမျှ အားစိုက်ထုတ်လျှင်ပင် ထိုးနှက်ချက် တစ်ခုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းမြတ်သောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ဖော်ပြသူဖြစ်၏။ ဘုရားသခင်သည် သူ၏တရားမျှတပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ တရားမျှတခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ ကိုယ့်ကိုယ်ကိုယ် ခပ်ခွာခွာနေရန် ပြုကောင်းပြုနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မ အရမ်းကို တို့ထိခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ အနှစ်သာရက တစ်ကိုယ်ကောင်းမဆန်ဘဲ၊ ဘုရားသခင် လုပ်ဆောင်သမျှ အရာရာတိုင်းဟာ လူသားမျိုးနွယ်အတွက်ပဲ ဖြစ်တယ်။ လူသားမျိုးနွယ် ကမ္ဘာပေါ်မှာ ရှင်သန်နိုင်ဖို့အတွက် ဘုရားသခင်က လူသားတွေ ရှင်သန်ဖို့လိုအပ်တဲ့ လေ၊ နေရောင်ခြည်၊ မိုးရေ၊ နေ၊ လ၊ ကြယ်တွေအပြင် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ စတာတွေကို ဖန်ဆင်းခဲ့တယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက်၊ ကိုယ်တော်ဟာ လူ့ဇာတိခံယူပြီး ကျွန်တော်တို့အတွက်၊ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ထမ်းဆောင်ရင်း၊ လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူသားတွေကို အလုံးစုံကယ်တင်ဖို့အတွက် နောက်တစ်ကြိမ် လူ့ဇာတိခံပြီး ကမ္ဘာမြေပေါ်ကို ကြွလာခဲ့တယ်၊ ကျွန်တော်တို့ရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် သမ္မာတရားအားလုံးကို ဖော်ပြခဲ့တယ်။ လူတွေက ဘုရားသခင်ကို မသိကြဘူး၊ ကိုယ်တော့်ကို ငြင်းပယ်ပြီး ပစ်ပယ်ကြပေမဲ့လည်း ဘုရားသခင်က လူတွေကို ကယ်တင်တဲ့အလုပ်ကို တိတ်တဆိတ် ဆက်လက်လုပ်ဆောင်နေတုန်းဖြစ်ပြီး လူတွေကို ထောက်ပံ့ဖို့အတွက် သမ္မာတရားကို ဖော်ပြနေတုန်းပါပဲ။ ဘုရားသခင်ရဲ့ အနှစ်သာရက တကယ်ကို လှပပြီး ကြင်နာတယ်၊ ဘုရားသခင်က အရမ်းကို တစ်ကိုယ်ကောင်းမဆန်ဘူးဆိုတာကို ကျွန်တော်တွေ့ခဲ့ရတယ်။ ကျွန်တော်ကတော့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ ပြီးတော့ “အကျိုးမရှိဘဲ ဘာမှမလုပ်” ဆိုတဲ့ စာတန်ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ အမြဲတမ်း ရှင်သန်နေခဲ့တယ်။ ကိုယ့်တာဝန်မှာ နည်းနည်းပါးပါး စွန့်လွှတ်အသုံးခံ၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့တာတွေ ရှိပေမဲ့လည်း အဲဒါတွေအားလုံးက ကောင်းချီးတွေနဲ့ ကျေးဇူးတော်တွေ ရဖို့အတွက်ချည်းပဲ။ ကျွန်တော့်ရဲ့ကျန်းမာရေး ဆုတ်ယုတ်လာပြီး နာမကျန်းမှုကို ခံစားရတဲ့အခါမှာ တာဝန်ထမ်းဆောင်တဲ့အခါ ရွေးချယ်တတ်လာတယ်၊ ပြီးတော့ နောက်တွန့်သွားတယ်။ အရာရာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ပဲ စဉ်းစားတယ်၊ ကိုယ့်အနာဂတ်နဲ့ ပန်းတိုင်အတွက် စိုးရိမ်ပူပန်ပြီး အစွမ်းကုန်မသုံးတော့ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေ မကောင်းတာနဲ့ အဲဒါက သူတို့တာဝန်တွေကို ထိခိုက်နေတာကို မြင်တဲ့အခါမှာလည်း ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းမရှာခဲ့ဘူး၊ အသင်းတော်ရဲ့အကျိုးစီးပွားကို လုံးဝကို ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်တော့်ရဲ့ သဘာဝက တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကို တွေ့လိုက်ရတယ်။ အရင်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော် တော်တော်ကောင်းတယ်လို့ ထင်ခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်တဲ့နှစ်တွေတစ်လျှောက် မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်၊ စီစီပီရဲ့ ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းတာကို ခံခဲ့ရပေမဲ့လည်း လွတ်လာပြီးတဲ့နောက်မှာ ဧဝံဂေလိတရားကို ဆက်ဟောပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော် နည်းနည်းပြောင်းလဲလာပြီ၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု နည်းနည်းရှိလာပြီလို့ ခံစားခဲ့ရတယ်။ ဒီရောဂါကြောင့်သာ မဟုတ်ရင်၊ ကျွန်တော့်ယုံကြည်ခြင်းထဲက မသန့်ရှင်းမှုတွေကို ကျွန်တော် ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ အခုတော့၊ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို တကယ် တွေ့ကြုံခံစားလိုက်ရတယ်။ “နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင် ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ယင်းအတွင်းတွင် သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များ မုချ ပါဝင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) တကယ်တော့ ကျွန်တော့်ရဲ့ နာမကျန်းမှုနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရည်ရွယ်ချက်ကောင်း ရှိနေခဲ့တာပဲ။ ဘုရားသခင်က ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲဖို့အတွက် နာမကျန်းမှုကို အသုံးပြုခဲ့တယ်၊ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေကို စွန့်လွှတ်စေပြီး ကျွန်တော့်ရဲ့ လွန်ကဲတဲ့ လိုအင်ဆန္ဒတွေကို စွန့်ပယ်စေခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ အပင်ပန်းခံပြီး စောင့်ရှောက်မှုပါပဲ။ ဒါကို နားလည်သွားတဲ့အခါမှာ ကျွန်တော် ရှက်ရွံ့ပြီး နောင်တရတယ်၊ ဒီလောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။

အဲဒီနောက်မှာတော့ သေခြင်းတရားကို ဘယ်လိုမှန်မှန်ကန်ကန် ချဉ်းကပ်ရမလဲဆိုတာကို ရှာဖွေပြီး စဉ်းစားဆင်ခြင်ခဲ့တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့ရတယ်။ “လူတိုင်း ဤဘဝတွင် သေခြင်းကို ရင်ဆိုင်ရမည်၊ ဆိုလိုသည်မှာ သေခြင်းသည် မိမိတို့၏ ခရီးအဆုံး၌ လူတိုင်း ရင်ဆိုင်ရမည့်အရာ ဖြစ်သည်။ သို့ရာတွင် သေခြင်းနှင့်ဆိုင်သည့် မတူကွဲပြားသော အင်္ဂါရပ်များစွာ ရှိ၏။ ဤအရာများထဲမှ တစ်ခုမှာ ဘုရားသခင် ကြိုတင်စီမံထားသည့် အချိန်တွင် သင်သည် သင်၏ တာဝန်ကို ပြီးစီးပြီးဖြစ်ကာ ဘုရားသခင်သည် သင်၏ ဇာတိခန္ဓာ အသက်ကို နိဂုံးချုပ်လိုက်ပြီး သင်၏ ဇာတိခန္ဓာအသက်က အဆုံးသတ်တစ်ခုသို့ ရောက်လာလင့်ကစား ဤသည်မှာ သင်၏ အသက် အဆုံးသတ်သွားခြင်းဖြစ်သည်ဟု မဆိုလိုပေ။ လူတစ်ဦးသည် ဇာတိခန္ဓာမရှိသည့်အခါ ၎င်းတို့၏ အသက်အဆုံးတိုင်သွားပေသည်။ ထိုသို့ဖြစ်သလော။ (မဟုတ်ပါ။) သေပြီးနောက်တွင် သင်၏ အသက် တည်ရှိသည့် ပုံသဏ္ဌာန်သည် သင် အသက်ရှင်နေခဲ့စဉ် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို သင် သဘောထားခဲ့ပုံအပေါ် မူတည်ပေသည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သေပြီးနောက် သင် တည်ရှိသည့် ပုံသဏ္ဌာန်၊ သို့မဟုတ် သင် တည်ရှိမည်၊ မတည်ရှိမည်ဆိုသည်မှာ သင်အသက်ရှင်နေစဉ် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားအပေါ် မူတည်လိမ့်မည်။ သင် အသက်ရှင်နေစဉ် သေခြင်းနှင့် နာမကျန်းမှုမျိုးစုံကို သင် ရင်ဆိုင်ရသည့်အခါ သမ္မာတရားအပေါ် သင်၏ သဘောထားမှာ ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း သဘောထားတစ်ခု ဖြစ်ပါက သင်၏ ဇာတိခန္ဓာအသက် အဆုံးတိုင်သွားမည့် အချိန်ရောက်လာသည့်အခါ သေဆုံးပြီးနောက် မည်သည့် နည်းလမ်းဖြင့် သင် တည်ရှိလိမ့်မည်နည်း။ သင်သည် အခြား တစ်နည်းနည်းဖြင့် မုချ တည်ရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသက်သည် မုချ ဆက်ရှိလိမ့်မည် မဟုတ်။ အပြန်အလှန်အားဖြင့် သင် အသက်ရှင်နေစဉ် ဇာတိခန္ဓာတွင် အသိရှိနေချိန် သမ္မာတရားနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတစ်ခုဖြစ်ကာ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်းရှိပါက သင်၏ ဇာတိခန္ဓာ အသက် အဆုံးသတ်တစ်ခုသို့ ရောက်လာလျှင်ပင် သင်၏ အသက်သည် အခြားသောလောကတွင် မတူကွဲပြားသည့် ပုံသဏ္ဌာန်တစ်ခုဖြင့် ဆက်လက် တည်ရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သေခြင်းနှင့်ဆိုင်သည့် ရှင်းပြချက်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄))လူတို့သည် မိမိတို့ဘာသာ ကိုင်တွယ်ဖြေရှင်းနေရသည်ဟု တွေ့ရှိရသည့် မည်သည့် ကိစ္စရပ်ကိုမဆို တက်ကြွသည့်၊ အပြုသဘောဆောင်သည့် သဘောထားတစ်ခုဖြင့် ၎င်းတို့ အမြဲ ချဉ်းကပ်သင့်ပြီး ဤသည်မှာ သေခြင်း ကိစ္စရပ်နှင့် ပတ်သက်လာသည့်အခါ သာ၍ပင် မှန်ကန်ပေသည်။ တက်ကြွသော၊ အပြုသဘောဆောင်သော သဘောထားတစ်ခု ရှိခြင်းသည် သေခြင်းကို ကြိတ်မှိတ်လက်ခံခြင်း၊ သို့မဟုတ် သေခြင်းကို စောင့်ဆိုင်းခြင်း၊ သို့မဟုတ် သေခြင်းကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ လိုက်စားအားထုတ်ခြင်းကို မဆိုလိုပေ။ ထိုအရာသည် သေခြင်းကို လိုက်စားအားထုတ်ခြင်း၊ သေခြင်းကို ကြိတ်မှိတ်လက်ခံခြင်း၊ သို့မဟုတ် သေခြင်းကို စောင့်ဆိုင်းခြင်းဟု မဆိုလိုပါက မည်သည့်အရာကို ဆိုလိုသနည်း။ (ကျိုးနွံနာခံခြင်း ဖြစ်ပါသည်။) ကျိုးနွံနာခံခြင်းသည် သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်အပေါ် သဘောထားတစ်မျိုးဖြစ်ပြီး သေခြင်းကို လက်လွှတ်ခြင်းနှင့် ထိုသေခြင်းအကြောင်း မစဉ်းစားခြင်းသည် ကိုင်တွယ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တာက လူတစ်ယောက်ရဲ့ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို ဘုရားသခင်က အချုပ်အခြာအာဏာနဲ့ စိုးမိုးအုပ်ချုပ်ပြီး ကြိုတင်ပြဋ္ဌာန်းထားတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ကိုယ်တိုင် ဒါတွေကို ရွေးချယ်လို့မရဘူး။ သေရမယ့်အချိန် မဟုတ်သေးရင်၊ သေချင်ရင်တောင်မှ သေလို့မရဘူး။ သေရမယ့်အချိန် ရောက်ရင်တော့၊ ဘယ်လောက်ပဲ နေချင်နေချင်၊ တစ်ရက်ပိုပြီး အသက်မရှင်နိုင်ဘူး။ ဖန်ဆင်းခံတွေအနေနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ဆင်ခြင်တုံတရားရှိရှိနဲ့ လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ ကျွန်တော့်ဇနီးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သတိရမိတယ်။ အလုပ်ကနေ အိမ်ပြန်လာရင်းနဲ့၊ တစ်ယောက်ယောက် ကားမတော်တဆမှုဖြစ်တာကို သူတွေ့တော့ ဘာဖြစ်တာလဲလို့ သွားကြည့်တယ်။ အဆုံးမှာတော့ သူက လျှပ်စစ်စက်ဘီးတစ်စီးနဲ့ တိုက်မိပြီး ခေါင်းက မြေကြီးနဲ့ဆောင့်မိလို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ ဒါ့အပြင် ကျွန်တော်သိတဲ့ ဆရာဝန်မတစ်ယောက်က ပုံမှန်ဆိုရင် သူ့ကျန်းမာရေးကို အထူးဂရုစိုက်ပြီး နေ့တိုင်း လေ့ကျင့်ခန်းလုပ်တယ်။ သူက ကျန်းမာရေးအရမ်းကောင်းတယ်၊ ဒါပေမဲ့ တစ်နေ့မှာ သူ လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်တဲ့အခါမှာ ကားတစ်စီးက မတော်တဆ ဝင်တိုက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ ဒီအဖြစ်အပျက်တွေကနေတစ်ဆင့် လူတစ်ယောက် ဘယ်အချိန်မွေးဖွားပြီး ဘယ်အချိန်သေဆုံးမလဲဆိုတာကို ဘုရားသခင်က စီစဉ်ပြီး အုပ်စိုးတယ်၊ သူတို့ရဲ့အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်ဆိုတာကို ကျွန်တော်တွေ့မြင်ခဲ့ရတယ်။ ကျွန်တော်က ဒီအရာတွေကို ထိုးထွင်းမမြင်နိုင်ခဲ့ဘဲ ကိုယ့်ရဲ့နှလုံးရောဂါနဲ့ သွေးတိုးရောဂါကို အမြဲတမ်းစိုးရိမ်နေခဲ့တယ်၊ ပင်ပန်းလွန်းရင် ရောဂါပိုဆိုးလာပြီး သေဆုံးသွားမှာကိုတောင် စိုးရိမ်ခဲ့တယ်။ ကျွန်တော်ဟာ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ ကိုယ့်အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ဘုရားသခင်ရဲ့လက်ထဲမှာရှိပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်ဆိုတာကို မယုံကြည်ခဲ့ဘူး။ ဘုရားသခင်အပေါ်မှာ ကျွန်တော်မှာ ဘယ်လို စစ်မှန်တဲ့ယုံကြည်ခြင်းမျိုး ရှိခဲ့လို့လဲ။ အခုတော့ ကျွန်တော်နားလည်သွားပြီ၊ ဘုရားသခင်က ကျွန်တော့်ရဲ့သက်တမ်းကုန်ပြီလို့ ကြိုတင်ပြဌာန်းထားရင် ကျွန်တော် ကျန်းမာပြီး ရောဂါကင်းစင်နေရင်တောင်မှ သေရမှာပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့သက်တမ်း မကုန်သေးဘူးဆိုရင်တော့ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာလိုမျိုး ဆိုးရွားတဲ့ရောဂါတွေရှိနေရင်တောင်မှ သေမှာမဟုတ်ဘူး။ တစ်နေ့မှာ ကျွန်တော့်ရဲ့ သာသနာပြီးဆုံးပြီး ဘုရားသခင်က ကျွန်တော့်အတွက် ကြိုတင်ပြဌာန်းထားတဲ့နေ့ ရောက်လာတဲ့အခါမှာ ကျွန်တော် အပြုသဘောဆောင်တဲ့စိတ်နဲ့ ရင်ဆိုင်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ ဒါဟာ ကျွန်တော့်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ အခုချိန်မှာတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့က ကျွန်တော့်ရဲ့ တာဝန်ပဲ။ ဒီအချက်တွေကို နားလည်သွားတဲ့အခါမှာ ကျွန်တော့်ရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက နည်းနည်း ပြောင်းလဲသွားခဲ့တယ်၊ အသင်းတော်ရဲ့ အလုပ်တာဝန်အမျိုးမျိုးမှာ ကျွန်တော် အမှန်တကယ် ပါဝင်လုပ်ဆောင်ခဲ့တယ်။ ကိစ္စတွေကြုံလာတဲ့အခါမှာလည်း ဖြေရှင်းနည်းတွေကို လူတိုင်းနဲ့အတူ ပူးပေါင်းပြီး ဆွေးနွေးခဲ့တယ်။

နောက်ပိုင်းမှာ အသင်းတော်ထဲက ညီအစ်ကိုမောင်နှမတော်တော်များများ ယုဒတွေရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတဲ့အချိန်တစ်ခု ရှိခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို သိမ်းဆည်းထားတဲ့ အိမ်တော်တော်များများမှာ ဘေးအန္တရာယ်ရှိလာပြီး ဒီစာအုပ်တွေကို အမြန်ဆုံး ဘေးကင်းတဲ့နေရာကို ပြောင်းရွှေ့ဖို့ လိုအပ်လာခဲ့တယ်။ ဒါက မတူညီတဲ့ အရာအများကြီးနဲ့ ပတ်သက်နေတာကြောင့် ညီအစ်ကိုမောင်နှမတွေကို စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့၊ သူတို့ သတိထားသင့်တဲ့အချက်တွေကို သတိပေးဖို့ စာတွေ ပိုရေးခဲ့ရတယ်။ အဲဒီရက်ပိုင်းတွေမှာ ညတိုင်းလိုလို ညဉ့်နက်တဲ့အထိ နေခဲ့ရတယ်။ ဒါ့အပြင် ဒီကိစ္စက အရေးပေါ်ဖြစ်ပြီး စဉ်းစားရမယ့်အချက်တွေလည်း အများကြီးရှိတယ်။ ကျွန်တော် စိုးရိမ်စိတ်ဝင်လာတဲ့အခါ ညဉ့်နက်တဲ့အထိနေတာနဲ့ပေါင်းပြီး ခေါင်းတွေထိုးကိုက်တယ်၊ တစ်ခါတလေ အသက်ရှူလို့တောင်မဝတော့ဘူး၊ ဒါနဲ့ ဒီအတိုင်းဆက်သွားရင် ကိုယ့်ကျန်းမာရေးတစ်ခုခုဖြစ်တော့မယ်လို့ ပြန်ပြီးစိုးရိမ်လာခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်ခဲ့ရတယ်။ “သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ပြီးစီးအောင်လုပ်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်၊ တာဝန်ဆိုတာ လူတွေ ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတဲ့ သာသနာတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းခြင်းက တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးအရာပဲ၊ ဒါကိုမလုပ်ဘဲနဲ့တော့ အသက်ရှင်ဖို့တောင် မထိုက်တန်ဘူး။ ဒါကြောင့် ကျွန်တော် ဆုတောင်းရင်းနဲ့ စာတွေရေးခဲ့တယ်။ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်ကိုကလည်း စာတွေကို စစ်ဆေးဖြည့်စွက်ဖို့ ကူညီပေးပြီး ကျွန်မတို့ အရာအားလုံးကို တတ်နိုင်သလောက် စေ့စေ့စပ်စပ် စီစဉ်ခဲ့ကြတယ်။ ကာလတစ်ခုကြာ ပင်ပင်ပန်းပန်းလုပ်ပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်စာအုပ်တွေအားလုံးကို ဘေးကင်းကင်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့တယ်။ ကျွန်တော်တို့အားလုံး စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ကြပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့ ကျွန်တော့်မှာ ယုံကြည်ခြင်း ပိုရှိလာခဲ့တယ်။

ဒီရောဂါနဲ့ ဖော်ထုတ်ခံရပြီးနောက်မှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့မှားယွင်းတဲ့အမြင်တွေအပေါ် နားလည်မှုတချို့ ရရှိခဲ့တယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နည်းနည်းပိုနားလည်လာခဲ့တယ်၊ နာမကျန်းမှုနဲ့ သေခြင်းတရားရဲ့ ဘောင်ခတ်တာကို မခံရတော့ဘဲ ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခဲ့ပြီ။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကမ္ဘာ့ကပ်ရောဂါကာလအတွင်း၌ တစ်မူထူးခြားသော အတွေ့အကြုံတစ်ခု

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းမှာ၊ ကျွန်မတာဝန်ထမ်းဆောင်နေတဲ့နေရာက ကမ္ဘာ့ကပ်ရောဂါအခြေအနေက ပိုပိုပြီး ဆိုးရွားလာခဲ့တယ်။...

သာလွန်ဖို့ ကျွန်ုပ်၏ ကြိုးစားရုန်းကန်ခြင်းမှ လွတ်မြောက်ပြီ

ရှင်းလျန် ဂျာမနီနိုင်ငံ ရေလောင်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ စအစေခံချိန်မှာ၊ အဲဒီတာဝန်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ...

အမှုကိစ္စများဖြစ်ပျက်သည့်အခါတွင် ကျွန်ုပ်သည် ဘေးတွင် ရပ်ကြည့်မနေတော့ပါ

ကျွန်တော်က တာဝန်ထမ်းဆောင်ရင်းနဲ့ အရမ်းအလုပ်ရှုပ်နေပြီး အချိန်တော်တော်ကြာတဲ့အထိ ပြုပြင်တာ၊ ဆုံးမပဲ့ပြင်တာတွေကို လုံးဝ မကြုံခဲ့ရဘူး။...

လူမုန်းမခံချင်သူ ဖြစ်ရခြင်း၏ အမှန်တရားကို ကျွန်တော်သိမြင်ခဲ့ပါပြီ။

ကျွန်တော်၏ မိတ်ဆွေများ၊ မိသားစုနှင့် အိမ်နီးချင်များနှင့် အပြန်အလှန် ဆက်ဆံရေးများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရာ၌...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။