ခင်တွယ်မှုများက မူအရဖြစ်ရမည်
ရှန့်ရှန့် အမေရိကန်နိုင်ငံ ကလေးတစ်ယောက်အနေနဲ့ ကျွန်မ မိဘတွေနဲ့ ဆရာတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ သွန်သင်ပေးခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ဒေသခေါင်းဆောင်က ကျွန်မဆီ စာရေးပြီး ရေလောင်းအဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူခိုင်းခဲ့တယ်။ ကျွန်မ နည်းနည်း စိတ်ရှုပ်သွားပြီး တွေးလိုက်တယ်၊ “ရေလောင်းရေး အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းတော်တစ်ဒါဇင်လောက်ရဲ့ ရေလောင်းရေးအလုပ်အတွက် ငါ တာဝန်ယူရမှာ။ အဲဒါဆိုရင် အလုပ်အရမ်းများပြီး ပင်ပန်းမှာပဲ။ အခုဆို အသင်းတော်နှစ်ခုကိုပဲ ငါ တာဝန်ယူရတာ၊ ဒီတော့ သိပ်မပင်ပန်းဘူး။ ဒီအတိုင်းက အဆင်ပြေနေတာပဲ။ ဒါ့အပြင် ငါ့မှာ လည်ပင်း ကျီးပေါင်းတက်ရောဂါရှိတယ်။ အရင်က ဇက်ကျောရိုးဆစ် အကြောညပ်ပြီး အာရုံကြောတွေကို ဖိမိလို့ ခန္ဓာကိုယ်တစ်ခြမ်း ထုံကျင်ခဲ့တာ၊ ဦးနှောက်ကို သွေးထောက်ပံ့မှု မလုံလောက်တာ၊ ခဏခဏ ခေါင်းမူးတာ၊ အိပ်မပျော်တာနဲ့ နှလုံးအောင့်တာတွေ ဖြစ်ခဲ့တယ်။ အခု သက်သာလာပြီဆိုပေမဲ့ ဒီလောက်များတဲ့ အသင်းတော်တွေရဲ့ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူရမယ်ဆိုရင် ဘယ်လောက်တောင် စိတ်ပူရမလဲ။ အရင်တုန်းကဆို ခဏခဏ ညအိပ်ရာဝင်နောက်ကျလို့ ရောဂါတချို့ ရခဲ့တာ။ ရေလောင်းရေး အဖွဲ့ခေါင်းဆောင် တာဝန်က အလုပ်ပမာဏများတယ်။ အလုပ်တွေ အရမ်းလုပ်ရလို့ ငါ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ။ မဖြစ်ဘူး၊ ငါက ဉာဏ်များမှ ဖြစ်မယ်။ ငါ့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အရမ်း အလေးအနက်ထားလို့ မဖြစ်ဘူး” လို့ပေါ့။ ဒီလိုတွေးပြီးတော့ ခေါင်းဆောင်ကို ကျွန်မ ပြောလိုက်တယ်။ “ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းက ညံ့တော့ ဒီလောက်များတဲ့ အလုပ်ကို ကျွန်မ မနိုင်ပါဘူး။ ပိုပြီးသင့်တော်တဲ့ သူတစ်ယောက်ကို ရှာတာ ပိုကောင်းပါလိမ့်မယ်” လို့ပေါ့။ ရက်နည်းနည်းကြာတော့ ခေါင်းဆောင်က ကျွန်မနဲ့ မိတ်သဟာယပြုဖို့ စာထပ်ရေးလာတယ်။ “ကျွန်မတို့ရဲ့ ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေက မကောင်းဘူးဆိုတာကို အစ်မလည်း မြင်နိုင်တာပဲ။ ရေလောင်းသူ အတော်များများက လေ့ကျင့်ကာစပဲ ရှိသေးတာ။ သူတို့က အလုပ်နဲ့ မရင်းနှီးသေးလို့ ပျိုးထောင်ပေးဖို့ လိုသေးတယ်။ အစ်မက ဒီတာဝန်ကို ထမ်းဆောင်နေတာကြာပြီ၊ အတွေ့အကြုံတချို့လည်း ရှိတယ်လေ။ ဒီအချိန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး ဒီဝန်တာကို ထမ်းသင့်တယ်။ ကျွန်မတို့အပေါ် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက မမြင့်ပါဘူး။ ကျွန်မတို့ အစွမ်းကုန် ကြိုးစားသရွေ့ ကိုယ်တော်က ကျေနပ်တော်မူမှာပါ” တဲ့။ အစ်မရဲ့စာကို ဖတ်ပြီးနောက်မှာ ကျွန်မ အရမ်းကို အပြစ်ရှိသလို ခံစားခဲ့ရတယ်။ အသင်းတော်ထဲကို ဝင်လာတဲ့ လူသစ်တွေ အများကြီးရှိနေပြီး ရေလောင်းခြင်းအလုပ်ကို လုပ်ဖို့ လူတွေ တကယ် လိုအပ်နေခဲ့တာပါ။ ကိုယ့်ရဲ့ ဇာတိပကတိ အကျိုးစီးပွားကို စွန့်လွှတ်ပြီး ဒီတာဝန်ကို ကျွန်မ ယူခဲ့သင့်တယ်။
နောဧနဲ့ သူ့ကို ဘုရားသခင် ပေးခဲ့တဲ့ တာဝန်ပေးစေခိုင်းချက်အပေါ်ထားတဲ့ သူ့ရဲ့ သဘောထားအကြောင်း ဘုရားသခင် မိတ်သဟာယပြုထားတာကို ကျွန်မ တွေးမိတာနဲ့ အဲဒီကျမ်းပိုဒ်ကို ရှာပြီး ဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း၊ နောဧ ပထမဆုံး ရင်ဆိုင်ခဲ့ရသည့်အရာမှာ သူ၏ မိသားစု၏ နားလည်မှုမရှိခြင်း၊ သူတို့၏ နားပူနားဆာလုပ်ခြင်း၊ စောဒကတက်ခြင်းများနှင့် အသရေဖျက်ခြင်းများပင် ဖြစ်သည်။ ဒုတိယမှာ သူ၏ ဆွေမျိုးများ၊ သူ၏ မိတ်ဆွေများနှင့် အခြားလူအမျိုးမျိုးတို့၏ အသရေဖျက်ခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် အပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရခြင်း ဖြစ်သည်။ သို့သော် နောဧ၌ သဘောထားတစ်ခုတည်းသာ ရှိခဲ့ပြီး၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန်၊ ၎င်းတို့ကို အဆုံးတိုင်အောင် အကောင်အထည်ဖော်ရန်နှင့် ဤအရာမှ ဘယ်တော့မျှ မသွေဖည်ရန် ဖြစ်သည်။ နောဧ အဘယ်အရာကို ဆုံးဖြတ်ထားခဲ့သနည်း။ ‘ငါ အသက်ရှင်နေသရွေ့၊ ငါ လှုပ်ရှားနိုင်နေသေးသရွေ့၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ စွန့်လွှတ်မည်မဟုတ်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်္ဘောဆောက်လုပ်ခြင်းနှင့်ဆိုင်သည့် ကြီးမားသောစီမံကိန်းကို ဆောင်ရွက်နေစဉ် သူ၏ စိတ်ဓာတ်လှုံ့ဆော်မှု ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ အမိန့်များကို ရင်ဆိုင်ရပြီး ဘုရားသခင်၏ စကားများကို ကြားသိပြီးနောက်၌ ထားရှိသော သူ၏သဘောထားလည်း ဖြစ်သည်။ အမျိုးစုံသော ပြဿနာများ၊ ခက်ခဲသော အခြေအနေများနှင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း နောဧသည် နောက်မတွန့်ခဲ့ပေ။ သူ၏ ပို၍ခက်ခဲသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ မကြာခဏ မအောင်မမြင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြုံခဲ့ချိန်တွင်၊ နောဧသည် သူ၏စိတ်နှလုံးထဲတွင် စိတ်ညစ်ပြီး စိုးရိမ်ကြောင့်ကြသော်လည်း ဘုရားသခင်၏ စကားများကို စဉ်းစားမိသောအခါ၊ သူ့အား ဘုရားသခင် မိန့်မှာခဲ့သော စကားလုံးတိုင်းနှင့် သူ့အပေါ် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို သတိရသောအခါ သူသည် မကြာခဏ အလွန်အမင်း စိတ်ဓာတ်တက်ကြွခဲ့ရ၏။ ‘ငါသည် အရှုံးပေး၍မဖြစ်၊ ဘုရားသခင်က ငါလုပ်ဆောင်ရန် မိန့်မှာပြီး တာဝန်ပေးခဲ့သည့် အရာကို စွန့်ပစ်၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းကို ငါ လက်ခံခဲ့သည့်အတွက်၊ ဘုရားသခင်ပြောဆိုခဲ့သော စကားများနှင့် ဘုရားသခင်၏အသံကို ငါကြားခဲ့သည့်အတွက်၊ ပြီးလျှင် ဤအရာကို ဘုရားသခင်ထံမှ ငါလက်ခံခဲ့ရသည့်အတွက် ငါသည် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ယင်းက လူသားတစ်ဦး ကြိုးပမ်းရရှိသင့်သည့်အရာပင် ဖြစ်၏။’ ထို့ကြောင့် သူသည် မည်သည့်အခက်အခဲမျိုးများကို ရင်ဆိုင်ခဲ့သည်ဖြစ်စေ၊ သူသည် မည်သည့်လှောင်ပြောင်သရော်မှုမျိုးကို သို့မဟုတ် အသရေဖျက်ခြင်းမျိုးကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်က မည်မျှခြေကုန်လက်ပန်းကျလာခဲ့သည်ဖြစ်စေ၊ မည်မျှပင်ပန်းလာခဲ့သည်ဖြစ်စေ၊ သူသည် ဘုရားသခင် သူ့အား တာဝန်ပေးထားခဲ့သည့် အရာကို မကျောခိုင်းခဲ့သကဲ့သို့၊ ဘုရားသခင်က ပြောဆိုမိန့်မှာထားခဲ့သည့်အရာ၏ စကားတစ်ခွန်းစီတိုင်းကို စိတ်ထဲ၌ အမြဲတစေ မှတ်သားခဲ့ပေသည်။ သူ၏ပတ်ဝန်းကျင်က အဘယ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ၊ သူရင်ဆိုင်ခဲ့ရသော အခက်အခဲက အဘယ်မျှကြီးမားသည်ဖြစ်စေ၊ သူသည် ဤအရာတစ်ခုမျှ ထာဝစဉ် တည်တံ့မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ စကားများသာလျှင် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်က ပြုလုပ်ရန် မိန့်မှာခဲ့သောအရာသည်သာ သေချာပေါက် ပြီးမြောက်မည် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့သည်။ နောဧသည် သူ၏စိတ်ထဲတွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ရှိသင့်သော ကျိုးနွံနာခံမှုတို့ရှိခဲ့ပြီး ဘုရားသခင်က သူ့အား ဆောက်လုပ်ခိုင်းသော သင်္ဘောကို ဆက်၍ ဆောက်လုပ်ခဲ့ပေသည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ နောဧမှာ ပို၍အိုမင်းလာခဲ့သော်လည်း သူ၏ယုံကြည်ချက်ကမူ ဆုတ်ယုတ်မသွားခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြီးမြောက်ရန်အတွက် သူ၏ သဘောထားနှင့် စိတ်ပိုင်းဖြတ်ခြင်း၌လည်း ပြောင်းလဲမှုမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် မောပန်း၍ ခြေကုန်လက်ပန်းကျကာ ဖျားနာပြီး သူ၏စိတ်နှလုံးထဲတွင် အားနည်းသည့် အချိန်များရှိခဲ့သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြည့်စုံစေခြင်းနှင့် ဘုရားသခင်၏ စကားများကို ကျိုးနွံနာခံခြင်းတို့အပေါ်ထားရှိသော သူ၏ စိတ်ပိုင်းဖြတ်ခြင်းနှင့် ဇွဲလုံ့လမှာ လျော့မသွားခဲ့ပေ။ သင်္ဘောဆောက်လုပ်ခဲ့သည့် နှစ်များအတောအတွင်း၌၊ နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခဲ့ပြီး ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ရန် လိုအပ်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရား တစ်ခုကိုလည်း လက်တွေ့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂)) နောဧရဲ့ အတွေ့အကြုံက ကျွန်မကို တကယ်ပဲ တို့ထိခဲ့တယ်။ ဘုရားသခင်က နောဧကို သင်္ဘောဆောက်ဖို့ အမိန့်ပေးခဲ့တဲ့အခါမှာ နောဧရဲ့ စိတ်နှလုံးက ဖြူစင်တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့တယ်။ သူက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားထောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခဲ့တယ်။ သင်္ဘောဆောက်ရမယ့် ကြီးမားတဲ့ အလုပ်တာဝန်နဲ့ ရင်ဆိုင်ရတာတောင် သူက မငြင်းဆန်ခဲ့သလို ခေါင်းရှောင်ဖို့လည်း မကြိုးစားခဲ့ဘူး။ ပြီးတော့ သူက အသက်ကြီးလွန်းလို့ သင်္ဘောမဆောက်နိုင်ဘူးလို့လည်း ဘယ်တော့မှ မပြောခဲ့ဘူး။ အဲဒီအစား သူက ဆင်ခြင်တုံတရားရှိရှိနဲ့ သူ့လက်ထဲက အလုပ်ကို စွန့်လွှတ်ပြီး သင်္ဘောဆောက်ဖို့ ပစ္စည်းအမျိုးမျိုးကို စတင် ပြင်ဆင်ခဲ့တယ်။ နောဧက သင်္ဘောဆောက်နေတုန်းမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ဒါ့အပြင် သူက တစ်နေ့တခြား အသက်ပိုကြီးလာခဲ့တာလေ။ အလုပ်အများကြီးလုပ်တဲ့အခါမှာ သူ မောပန်းနွမ်းနယ်ခဲ့ပြီး၊ ရောဂါဝေဒနာတွေလည်း ခံစားခဲ့ရတယ်၊ ဒါပေမဲ့ သင်္ဘောဆောက်မယ့် သူ့ရဲ့ စိတ်ပိုင်းဖြတ်မှုက ဘယ်တော့မှ ယိမ်းယိုင်မသွားခဲ့ဘူး။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို အချိန်တိုင်း စိတ်ထဲစွဲမှတ်ထားပြီး သင်္ဘောကို အပြီးသတ်တည်ဆောက်ဖို့ ဘုရားသခင်ကို အားကိုးခဲ့တယ်။ သူနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တော့ ကျွန်မ တကယ်ကို အရှက်ရပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး ကျွန်မ ကြားခဲ့ရပြီးပြီ၊ အသင်းတော်ကလည်း ကျွန်မကို နှစ်တွေအများကြီး ပျိုးထောင်ပေးခဲ့တာပဲ။ ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေက မကောင်းဘူး၊ ပြီးတော့ ခေါင်းဆောင်က ကျွန်မကို အဲဒါအတွက် တာဝန်ယူခိုင်းခဲ့ပေမဲ့ ကျွန်မက လက်မခံချင်ခဲ့ဘူး။ အလုပ်ပမာဏများလို့ ဖြစ်လာမယ့် ဖိစီးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကို ကျွန်မရဲ့ ခန္ဓာကိုယ်က မခံနိုင်မှာ၊ နောက်ပြီး ကျွန်မရဲ့ ရောဂါတွေ ပိုဆိုးလာမှာကို ကျွန်မ စိုးရိမ်ခဲ့ပြီး၊ ငြင်းဖို့ ဆင်ခြေအမျိုးမျိုး ရှာခဲ့တယ်။ ကျွန်မမှာ ဆင်ခြင်တုံတရား နည်းနည်းလေးပဲရှိခဲ့ရင်တောင် သတ်မှတ်ချက်တွေ၊ အကြောင်းပြချက်တွေ မပေးဘဲ ဒီတာဝန်ကို ယူခဲ့မှာပါ။ ဒါပေမဲ့ ကျွန်မက တာဝန်ကို ဝန်ထုပ်တစ်ခုလို သဘောထားပြီး၊ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းသွားမှာစိုးလို့ စိတ်မပူချင်၊ စိတ်မနှစ်ချင်ခဲ့ဘူး။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို အလေးထားဖို့ကို အသာထားဦး၊ ကျွန်မမှာ ဘုရားသခင်ကို ကျိုးနွံနာခံတဲ့ စိတ်နှလုံး လုံးဝမရှိခဲ့ဘူး။ နောဧနဲ့ ယှဉ်လိုက်ရင် ကျွန်မက အများကြီး လိုအပ်ခဲ့တာပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ ကျိုးနွံနာခံဖို့ ဆန္ဒရှိလာတယ်၊ ဇာတိပကတိကို ပုန်ကန်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ဆန္ဒရှိလာတယ်။ အဲဒီနောက် ကျွန်မ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်ဆိုပြီး ခေါင်းဆောင်ဆီ စာပြန်လိုက်တယ်။
နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ “ငါက ကိုယ့်ဇာတိပကတိအတွက်ပဲ အမြဲ စဉ်းစားပြီး တာဝန်ကိုတောင် ငြင်းဆန်ခဲ့တာ၊ ဒါဆို ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ငါ့ကို ထိန်းချုပ်နေခဲ့တာလဲ” လို့ပေါ့။ အဲဒီအချိန်မှာပဲ ခေါင်းဆောင်က ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ “နှစ်ပေါင်းများစွာ ရှင်သန်ရေးအတွက် လူတို့ အမှီပြုခဲ့ကြသော အတွေးအခေါ်များသည် ၎င်းတို့၏ စိတ်နှလုံးများကို တိုက်စားခဲ့သည်မှာ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသူ၊ သူရဲဘောကြောင်သူနှင့် ယုတ်ညံ့သိမ်ဖျင်းသူများ ဖြစ်လာကြသည့် အခြေအနေအထိပင် ဖြစ်၏။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး မောက်မာလာကြကာ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ မိမိကိုယ်ကို ကျော်လွှားရန် စိတ်ပိုင်းဖြတ်ချက် လုံးဝကင်းမဲ့သည့်အပြင် ဤအမှောင် စွမ်းအားများ၏ ဘောင်ခတ်ခြင်းများကို ဖယ်ရှားရန် သတ္တိအနည်းငယ်မျှပင် သာ၍ မရှိကြပေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) လူတွေဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးတာနဲ့ သူတို့ထဲမှာ စာတန်ရဲ့ အဆိပ်အတောက် အမျိုးမျိုးနဲ့ ပြည့်နှက်သွားတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့ရဲ့ အပြုအမူနဲ့ နေထိုင်ပုံတွေမှာ စာတန်က သူတို့ထဲကို သွတ်သွင်းပေးထားတဲ့ အတွေးအခေါ်တွေကို အားကိုးကြတယ်၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဆက်ဆံပါ” ဆိုတာမျိုးတွေလိုပေါ့။ ကျွန်မက ဒီလို စာတန်ရဲ့ အသက်ရှင်ရပ်တည်ရေး စည်းမျဉ်းတွေအတိုင်း အသက်ရှင်ခဲ့လို့ ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လာတယ်၊ ကိုယ့်အပြောအဆိုနဲ့ အပြုအမူတွေမှာ ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်သွင်းစဉ်းစားခဲ့တယ်။ ရေလောင်းသူတွေကို ပျိုးထောင်ပေးဖို့ သင့်တော်တဲ့လူ မရှိတာ၊ လူသစ်တွေရဲ့ ပြဿနာတွေကို အချိန်မီ မဖြေရှင်းနိုင်တာတွေက ရေလောင်းခြင်းအလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မက လွယ်တဲ့အလုပ်တွေကိုပဲ ရွေးချယ်ပြီး ခက်တဲ့အလုပ်တွေကို ခေါင်းရှောင်ချင်ခဲ့တယ်၊ ဒီဝန်တာကို မထမ်းချင်ခဲ့ဘူး။ အမြဲတမ်း ပေါ့ပါးတဲ့ တာဝန်တွေကိုပဲ ရွေးချယ်ထမ်းဆောင်ချင်ခဲ့တယ်။ ကျွန်မက ရောဂါသည်တစ်ယောက်မို့လို့၊ ကျန်းမာရေး ဂရုစိုက်ရဖို့ အာရုံစိုက်ရမယ်၊ နောက်ထပ် အပင်ပန်းမခံနိုင်တော့ဘူးလို့ ခံစားခဲ့ရတာကိုး။ အရင်တုန်းက ညဘက် အိပ်ရာဝင် နောက်ကျလို့ ရောဂါတချို့ ရခဲ့တာကိုတောင် ကျွန်မ နောင်တရမိသေးတယ်။ အခုဆို ကျွန်မ ပိုပြီး ဉာဏ်များရမယ်၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အရမ်း အလေးအနက်ထားလို့ မဖြစ်ဘူး။ အရာရာတိုင်းမှာ ကိုယ့်ရဲ့ ဇာတိပကတိကိုပဲ ကျွန်မ ထည့်စဉ်းစားခဲ့တယ်၊ ပြီးတော့ တာဝန်ကို ခေါင်းရှောင်ဖို့ လှည့်ဖြားပြီး ဆင်ခြေတွေအများကြီး ပေးခဲ့တယ်၊ အသင်းတော်အလုပ်ကို နည်းနည်းလေးတောင် မထောက်ထားခဲ့ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကိုလည်း ထောက်ထားစာနာမှုမပြခဲ့ဘူး။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တယ်၊ လူ့သဘာဝ လုံးဝမရှိဘူး။ ဘုရားသခင်ကို အချိန်တိုင်း ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို အမြဲတမ်း ကောင်းကောင်းထမ်းဆောင်မယ်လို့ အရင်က ကျွန်မ ဆုတောင်းပြီး စိတ်ပိုင်းဖြတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ရောဂါနဲ့ နာကျင်မှု နည်းနည်းလေး ကျရောက်လာတဲ့အခါမှာ ဇာတိပကတိကို ထောက်ထားစာနာပြီး အလုပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ချက် ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ပြောခဲ့တဲ့ အရာအားလုံးက လိမ်ညာမှုတွေ၊ လှည့်ဖြားမှုတွေဖြစ်ပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုမရှိတာကို ပြနေခဲ့မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ အရင်တုန်းကဆိုရင် တာဝန်ထမ်းဆောင်ခြင်းရဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်လို့ လူသစ်တွေကိုတောင် ကျွန်မ မိတ်သဟာယ ပြုပေးခဲ့သေးတယ်။ “တာဝန်ထမ်းဆောင်တာက အရမ်း အရေးကြီးတယ်။ သမ္မာတရားကို ရရှိနိုင်ပြီး ကယ်တင်ခြင်းခံရနိုင်တယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ဒုက္ခခံရတာ တန်ပါတယ်” လို့ ပြောခဲ့တာပေါ့။ ဒါပေမဲ့ တာဝန် ကျရောက်လာတဲ့အခါမှာတော့ ဇာတိပကတိကို ထောက်ထားစာနာပြီး ဒုက္ခမခံချင်ခဲ့ဘူး။ လူသစ်တွေကို ကျွန်မ မိတ်သဟာယပြုပေးခဲ့တာတွေက စကားလုံးတွေနဲ့ အယူဝါဒတွေ သက်သက်ပဲ မဟုတ်လား။ ကျွန်မလို လက်တွေ့ကျမှု နည်းနည်းလေးမှ မရှိတဲ့လူက၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့နဲ့ ဘုရားသခင်ရဲ့ ကောင်းချီးကို ရချင်နေသေးတာက တကယ်ကို အရှက်မရှိတာပဲ။ ဒါကို နားလည်လိုက်တဲ့အခါ ဘုရားသခင်ကို အကြွေးတင်နေတယ်လို့ ခံစားရပြီး ကိုယ်တော့်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော်ရဲ့ စိတ်နှလုံးကို သမီး ထပ်ပြီး မနာကျင်စေချင်တော့ပါဘူး။ နောင်ဘာဖြစ်မယ်ဆိုတာ မစဉ်းစားဘဲ သမီးရဲ့ ရောဂါတွေကို ကိုယ်တော့်လက်ထဲ အပ်နှံလိုစိတ် ရှိပါတယ်။ သမီးရဲ့ စိတ်နှလုံးကို တာဝန်ထဲ နှစ်ပြီး အလုပ်ကို တာဝန်ယူချင်ပါတယ်” လို့ပေါ့။
အဲဒီနောက်မှာ ခေါင်းဆောင်က ကျွန်မကို ရေလောင်းသူတွေရဲ့ တာဝန်တွေမှာရှိတဲ့ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို အကျဉ်းချုပ်ရေးခိုင်းခဲ့တယ်၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ လူသစ်တွေရဲ့ ပြဿနာတွေကို စုစည်းပြီး အဲဒါတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာခိုင်းခဲ့တယ်။ ရုတ်တရက်ဆိုသလို ကျွန်မ ရှေ့မှာ လုပ်စရာတွေ အများကြီး ရောက်လာတယ်၊ ပြီးတော့ ဒါ့အပြင် ဧဝံဂေလိတရားဟောဖို့ သုံးတဲ့ ဒေသနာတွေကိုလည်း ကျွန်မ ရေးခဲ့ရသေးတယ်။ ဖိအားတွေ ပိုပိုများလာတယ်လို့ ခံစားရပြီး၊ ကျွန်မရဲ့ စိတ်နှလုံးက နေ့တိုင်း တင်းမာနေခဲ့တယ်။ အလုပ်တစ်ခု ပြီးတာနဲ့ နောက်တစ်ခု လုပ်စရာ ရှိလာပြန်ရော။ ကျွန်မ စပြီး စိတ်ပူလာတယ်၊ “ဒီအလုပ်တွေအားလုံးက အချိန်နဲ့ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှု လိုအပ်တယ်။ ဒါတွေအားလုံးကို ကောင်းကောင်းလုပ်လိုက်ရင် အနားယူဖို့ အချိန်အများကြီး ရှိမှာမဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် ငါ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား။ ငါ့ရောဂါတွေ ပိုဆိုးလာမလား” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မအခြေအနေ မမှန်ဘူးဆိုတာ သတိထားမိလိုက်တယ်။ ကျွန်မက ဇာတိပကတိကို အလေးထားပြီး တာဝန်ကို ထပ်ပြီး ခေါင်းရှောင်ချင်နေပြန်ပြီ။ ဒါ ဘုရားသခင်အပေါ် သစ္စာမစောင့်သိတာပဲ။ ဘုရားသခင်က ကျွန်မတို့အပေါ် တောင်းဆိုချက်တွေ မမြင့်မားဘူးဆိုတာကို ကျွန်မ တွေးမိတယ်။ လူတွေက ကိုယ်ခန္ဓာ စွမ်းနိုင်သလောက် အစွမ်းကုန်လုပ်သရွေ့ လုံလောက်ပါတယ်။ ဘုရားသခင်က လူတွေကို သူ့အတွက် ခြေကုန်လက်ပန်းကျအောင်၊ သေတဲ့အထိ အလုပ်လုပ်ခိုင်းတာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ဘုရားသခင်က သင့်အား သာမန်လူထက်ပို၍ အစွမ်းရှိသောလူသားဖြစ်ရန်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသော သူတစ်ယောက်ဖြစ်ရန် မတောင်းဆိုသကဲ့သို့ သင့်အား ကောင်းကင်တွင်ပျံရန် အတောင်များလည်း မပေးပေ။ သူသည် သင့်အား လက်နှစ်ဖက်နှင့် မြေပြင်ပေါ်တွင် တစ်ကြိမ်တွင် ခြေတစ်လှမ်းလှမ်းခွင့်ပေးသည့်၊ လိုအပ်လျှင် ပြေးခွင့်ပေးသည့် ခြေနှစ်ချောင်းကိုသာ ပေးခဲ့သည်။ သင့်အတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ကိုယ်တွင်းအင်္ဂါများသည် အစာကို ချေဖျက်ပြီး စုပ်ယူသည်။ ပြီးလျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံးအတွက် အာဟာရကို ထောက်ပံ့ပေးသည်။ ထို့ကြောင့် တစ်ရက်တွင် သုံးနပ်စားသည့် လုပ်ရိုးလုပ်စဉ်ကို စွဲစွဲမြဲမြဲ လုပ်ဆောင်ရမည်။ ဘုရားသခင်က သင့်အား လွတ်လပ်သောစိတ်၊ သာမန်လူ့သဘာဝ၏ အသိဉာဏ်၊ လူသားတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပေးခဲ့သည်။ သင်သည် ဤအရာများကို ကောင်းစွာ၊ မှန်ကန်စွာ အသုံးပြုလျှင်လည်းကောင်း၊ ရုပ်ခန္ဓာ၏ ရှင်သန်ရေး ဥပဒေသများကို လိုက်နာလျှင်လည်းကောင်း၊ သင်၏ ကျန်းမာရေးကို သင့်လျော်စွာ ကြည့်ရှုစောင့်ရှောက်လျှင်လည်းကောင်း၊ ဘုရားသခင်က သင့်အား တောင်းဆိုသည့်အရာကို တည်ကြည်ခိုင်မာစွာ လုပ်ဆောင်လျှင်လည်းကောင်း၊ ဘုရားသခင်က သင့်အား စွမ်းဆောင်ရရှိရန် တောင်းဆိုသည့်အရာကို စွမ်းဆောင်ရရှိလျှင်လည်းကောင်း ဤသည်မှာ လုံလောက်ပြီး အလွန်လည်း ရိုးရှင်းသည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရန်တောင်းဆိုခဲ့သလော။ သင့်ကိုယ်သင် ညှင်းပန်းရန် တောင်းဆိုခဲ့သလော။ (မတောင်းဆိုခဲ့ပါ။) ဘုရားသခင်က ဤသို့သောအရာများကို မတောင်းဆိုပေ။ လူတို့သည် မိမိတို့ကိုယ်ကို မညှဉ်းပန်းသင့်ဘဲ ပုံမှန်အသိစိတ်ရှိသင့်ပြီး ကိုယ်ခန္ဓာ၏ အမျိုးမျိုးသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်သည်။ ရေဆာသောအခါတွင် ရေသောက်လော့။ ဆာလောင်သောအခါတွင် သင်၏ အစာကို ဖြည့်စွက်လော့။ ပင်ပန်းသောအခါတွင် အနားယူလော့။ အချိန်ကြာမြင့်စွာ ထိုင်ပြီးနောက်တွင် လေ့ကျင့်ခန်းလုပ်လော့။ ဖျားနာသောအခါတွင် ဆရာဝန်ထံသွားလော့။ တစ်ရက် သုံးနပ်စားခြင်းကို စွဲမြဲလုပ်ဆောင်လော့။ ပြီးလျှင် ပုံမှန်လူ့သဘာဝ၏ ဘဝကို ထိန်းသိမ်းလော့။ သင်၏ ပုံမှန်တာဝန်များကိုလည်း ဆက်လက်၍ လုပ်ဆောင်သင့်သည်မှာ ပြောစရာမလိုပေ။ သင်၏ တာဝန်များတွင် သင်နားမလည်သော အထူးပြုပညာရပ်တစ်ခုခုပါဝင်လျှင် သင်သည် သွားရောက်လေ့လာပြီး လေ့ကျင့်သင့်သည်။ ဤသည်မှာ ပုံမှန်ဘဝဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၂)) ဘုရားသခင်က ကျွန်မတို့ကို ဘဝမှာသာမန်အသိတရားရှိဖို့နဲ့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကို မှန်မှန်ကန်ကန် သဘောထားဖို့ ပြောထားတယ်။ ဗိုက်ဆာရင် စားသင့်တယ်၊ ပင်ပန်းရင် နားသင့်တယ်။ တာဝန်ထမ်းဆောင်ရင်း အကြာကြီးထိုင်လို့ မသက်မသာဖြစ်ရင် ထပြီး လေ့ကျင့်ခန်းလုပ်သင့်တယ်။ နေမကောင်းရင် ဆရာဝန်နဲ့ ပြသင့်တယ်။ ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မတို့က မရေမရာ ဖြစ်လို့မရဘူး၊ ခန္ဓာကိုယ်ရဲ့ သဘာဝနိယာမတွေကို ချိုးဖောက်လို့ မရဘူး။ အရင်တုန်းကတော့ ကျွန်မမှာ ရောဂါတွေများရတဲ့အကြောင်းရင်းက ကိုယ့်မှာ အလုပ်ပမာဏများပြီး တာဝန်ထမ်းဆောင်ရင်း စိတ်ပူရတာတွေ များလို့ဖြစ်တာလို့ အမြဲ ယုံကြည်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဘုရားသခင်က လူတွေကို သေလုမျောပါး အလုပ်လုပ်စေချင်တာ မဟုတ်ဘူး။ အဲဒီအစား ကိုယ်တော်ဖြစ်စေချင်တာက လူတွေ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အလုပ်နဲ့ အနားယူချိန်ကို မျှတစေချင်တာပါ။ အရင်တုန်းက ကျွန်မ အလုပ်နဲ့ အနားယူချိန်ကို စဉ်းစဉ်းစားစား မစီစဉ်တတ်ခဲ့ဘူး။ အမြဲတမ်း အချိန်ဆွဲပြီး အလုပ်မှာ ထိရောက်မှုမရှိခဲ့ဘူး။ ပြီးတော့ အမြဲ ညအိပ်ရာဝင် နောက်ကျပြီး ခန္ဓာကိုယ်ရဲ့ သဘာဝနိယာမတွေကို ချိုးဖောက်မိလို့ နေမကောင်းဖြစ်တာ။ ဒါက ကိုယ့်မိုက်မဲမှုကြောင့် ဖြစ်တာ၊ တာဝန်ထမ်းဆောင်ရင်း ပင်ပန်းလို့ ဖြစ်တာ မဟုတ်ဘူး။ အခုတော့ အချိန်ကို စဉ်းစဉ်းစားစား ညှိလို့ရသွားပြီ။ နေ့ဘက်မှာတော့ အလုပ်ထိရောက်မှုကို တတ်နိုင်သလောက် တိုးတက်အောင် ကြိုးစားပြီး ညဘက်မှာ ညဉ့်နက်ထိ မနေခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်မရဲ့ အလုပ်တွေကို အရေးကြီးမှုအလိုက် စီစဉ်ပြီး တစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့တယ်။ တစ်လလောက်ကြာတော့ ဒီတာဝန်နဲ့ အသားကျသွားခဲ့တယ်။ တစ်ဖက်မှာ ရေလောင်းသူတွေကို ပျိုးထောင်ပေးတယ်၊ နောက်တစ်ဖက်မှာ လူသစ်တချို့ကို တကယ် ရေလောင်းပေးပြီး သူတို့ပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်။ ကျန်တဲ့အချိန်မှာ ဒေသနာတွေနဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ ရေးခဲ့တယ်။ တစ်ခါတလေ ကွန်ပျူတာရှေ့ အကြာကြီးထိုင်လို့ မသက်မသာဖြစ်ရင် လေ့ကျင့်ခန်းနည်းနည်း လုပ်လိုက်တယ်။ ဒီလို တာဝန်ထမ်းဆောင်တာ နည်းနည်း ပင်ပန်းပေမဲ့၊ ရောဂါ ပိုမဆိုးလာဘူး၊ ဒီတာဝန်ကိုလည်း နိုင်နိုင်နင်းနင်း ထမ်းဆောင်နိုင်ခဲ့တယ်။ နေ့ရက်တိုင်းက အရမ်း ပြည့်စုံပြီး စိတ်နှလုံးက ငြိမ်းချမ်းပြီး သက်သာရာရခဲ့တယ်။
ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း ဖတ်ခဲ့ပြီး၊ ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိအောင် ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို သဘောပေါက်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။ ပြောလော့။ လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံးတွင် သူ၏ နေ့စဉ်ပြုမူဆောင်ရွက်မှုများ၊ အတွေးများသည် ဖျားနာခြင်း၊ သေခြင်းတို့အား ရှောင်ကြဉ်ခြင်း၊ သူ၏ ကိုယ်ခန္ဓာကို ကျန်းမာစေပြီး ရောဂါဘယကင်းဝေးစေခြင်း၊ အသက်ရှည်ဖို့အတွက် ကြိုးပမ်းခြင်းတို့ကိုသာ အာရုံစိုက်လျှင် ဤသည်မှာ လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမဟုတ်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမှာ အဘယ်နည်း။ ယခုပင် တစ်ယောက်က ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းကို ပြောခဲ့သည်။ ယင်းသည် အသေးစိတ်အချက်တစ်ခုဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ ဆုတောင်းစဉ်တွင်၊ သို့မဟုတ် သန္နိဋ္ဌာန်ချစဉ်တွင် သင်တို့၌ ထားလေ့ရှိသော ရည်မှန်းချက်များကို ပြောလော့။ (ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံရန်ဖြစ်သည်။) (ဘုရားသခင်က ကျွန်ုပ်တို့အတွက် တာဝန်ချပေးသည့် ကဏ္ဍကို ကောင်းစွာ လုပ်ဆောင်ရန်၊ ကျွန်ုပ်တို့၏ စေခိုင်းချက်နှင့် တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။) အခြား မည်သည့်အရာရှိသေးသနည်း။ တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် သဘောတရားများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော အထူးတာဝန်၊ တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည် မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။...လူတို့အပေါ် မြင့်မားသောစံနှုန်းများကို မထားရှိကြစို့နှင့်။ လူတစ်ယောက်က သူ၏ ဘဝတစ်လျှောက်တွင် သူလုပ်ဆောင်သင့်သည့်၊ သို့မဟုတ် လုပ်ဆောင်ရန် လိုလားသည့် အလုပ်တစ်ခုနှင့် ရင်ဆိုင်ရသည့် အခြေအနေတစ်ခုကို စဉ်းစားကြည့်ကြစို့။ သူ၏ နေရာကို ရှာတွေ့ပြီးနောက်တွင် သူသည် သူ၏နေရာတွင် ခိုင်မာစွာရပ်တည်သည်၊ သူ၏ နေရာကို စွဲကိုင်ထားသည်၊ အပန်းတကြီးလုပ်ရသော အားထုတ်မှုနှင့် သူ၏ အင်အားအားလုံးတို့ကို အသုံးပြုကာ သူ လုပ်ဆောင်သင့်ပြီး ပြီးမြောက်သင့်သည့်အရာကို အောင်မြင်ပြီး ပြီးမြောက်လေသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ရှင်းလင်းပြောဆိုရန်အတွက် ဘုရားရှေ့၌ ရပ်သောအခါ အတော်အတန်ပင် ကျေနပ်မှုရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိပေ။ ၎င်းတို့သည် စိတ်သက်သာရာရကာ တစ်စုံတစ်ခုကို ရရှိပြီးဖြစ်သည်ဟုလည်းကောင်း၊ တန်ဖိုးရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သည်ဟုလည်းကောင်း ခံစားကြရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးဆရင်း လူတစ်ယောက်ရဲ့ ဘဝ တန်ဖိုးနဲ့ အဓိပ္ပာယ်ဆိုတာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်တဲ့အမှုတော်မှာ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့၊ ကိုယ်တတ်နိုင်သလောက် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို သက်သေခံဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိအောင် ဘုရားရှေ့မှောက်ကို လူများများ ခေါ်လာဖို့ပဲဆိုတာ နားလည်လိုက်တယ်။ ဒါက ဘုရားသခင်ကို အကျေနပ်စေဆုံးအရာပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက တစ်ခါတလေ ဇာတိပကတိ နည်းနည်း ဒုက္ခခံရနိုင်ပေမဲ့ ဒီဖြစ်စဉ်အတွင်းမှာ သမ္မာတရားကို လိုက်စားတာကနေ၊ သမ္မာတရား စည်းမျဉ်းတွေ အများကြီးကို နားလည်နိုင်တယ်၊ အမှုအရာအများကြီးကို ထိုးထွင်း သိမြင်နိုင်တယ်။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့တဲ့ချက်တွေကိုလည်း နားလည်နိုင်တယ်၊ တဖြည်းဖြည်းနဲ့ ပြောင်းလဲမှုကို ရရှိပြီး နောက်ဆုံးမှာ ကယ်တင်ခြင်းခံရနိုင်တယ်။ ဒါက ဘယ်လောက်တောင် ကောင်းမြတ်တဲ့အရာလဲ။ ကျွန်မက ဘာသာတရား မရှိသူတစ်ယောက်လို ကိုယ့်ရဲ့ ကျန်းမာရေးကို နည်းလမ်းအမျိုးမျိုးနဲ့ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုပဲ တွေးနေခဲ့ရင်၊ ခန္ဓာကိုယ်က ကျန်းမာပြီး အားအင်ပြည့်ဖြိုးနေရင်တောင်မှ၊ အဆုံးကျရင်၊ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ခဲ့ရင် အဲဒါတွေအားလုံးက အချည်းနှီးပဲ။ ကျွန်မအသက်တာက ပြောပလောက်တဲ့ တန်ဖိုး လုံးဝရှိမှာ မဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ တွေးမိလိုက်တယ်။ “လူတို့၏ ဘဝတစ်ခုလုံးသည် ဘုရားသခင်၏ လက်များထဲတွင် ရှိနေသည်ဖြစ်ပြီး၊ အကယ်၍ ဘုရားသခင်၏ရှေ့တော်ရှိ ၎င်းတို့၏ သန္နိဌာန်အတွက်သာ မဟုတ်ခဲ့လျှင် အနှစ်သာရမဲ့သော ဤလူ့လောကကြီးထဲတွင် မည်သူသည် အချည်းနှီးသက်သက် နေထိုင်ရန် လိုလိုလားလား ရှိလိမ့်မည်နည်း။ အဘယ်ကြောင့် စိတ်ရှုပ်ခံနေမည်နည်း။ လောကထဲတွင် ဝင်လိုက်ထွက်လိုက် အပြေးအလွှားသွားနေရင်း ဘုရားသခင်အတွက် မည်သည့်အရာတစ်ခုကိုမှ ၎င်းတို့မလုပ်ဆောင်ပါက၊ ၎င်းတို့၏ဘဝတစ်ခုလုံးကို ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်မဟုတ်လော။ အကယ်၍ သင်၏လုပ်ဆောင်မှုများကို ဖော်ပြရန်ထိုက်သည်ဟု ဘုရားသခင်က မယူဆလျှင်ပင်၊ သင်၏သေခြင်း အခိုက်အတန့်တွင် အားရကျေနပ်ခြင်း အပြုံးတစ်ခုကို သင်မပေးပြီလော။ သင့်အနေဖြင့် အပြုသဘောဆောင်သည့် တိုးတက်မှုရအောင် အားထုတ်သင့်ပြီး အပျက်သဘောဆောင်သည့် ဆုတ်ယုတ်မှုရအောင် အားမထုတ်သင့်ပေ။ ဤသည်မှာ ပိုကောင်းသော လက်တွေ့လုပ်ဆောင်မှု မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၃၉)) ဟုတ်ပါတယ်။ လူတွေက အသက်ရှင်နေတုန်း ဘုရားသခင်အတွက် တစ်ခုခု လုပ်ရမယ်။ အလဟဿ အသက်ရှင်လို့ မဖြစ်ဘူး။ စားလိုက်သောက်လိုက် ပျော်ပါးလိုက်နဲ့ ဇာတိပကတိထဲ အသက်ရှင်ရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ ဂရုစိုက်စိုက် အားလုံးက အချည်းနှီးပါပဲ။ ကိုယ်က ဖန်ဆင်းရှင်ကို မသိဘူး၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကိုလည်း ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူး။ ဒီလိုအသက်ရှင်တာက ဘာအဓိပ္ပာယ်မှ မရှိဘူး။ အခု ကပ်ဘေးတွေက ပိုဆိုးရွားလာနေပြီး ဘုရားသခင်ရဲ့ အမှုတော်က အဆုံးသတ်ခါနီးနေပြီ။ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး အများကြီး မကျန်တော့ဘူး၊ ဒါကြောင့် အခု တာဝန်ထမ်းဆောင်ခွင့်ရတာကို ကျွန်မ တန်ဖိုးထားသင့်တယ်။ ကျွန်မ နားလည်တဲ့ သမ္မာတရား စည်းမျဉ်းတွေကို ရေလောင်းသူတွေနဲ့ မျှဝေသင့်တယ်၊ ဒါမှ သူတို့ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းတွေကို သဘောပေါက်နိုင်မယ်၊ လူသစ်တွေကို ပိုပြီး ထိထိရောက်ရောက် ရေလောင်းပေးနိုင်မယ်။ နောင်တကင်းကင်းနဲ့ ကျွန်မ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားရမယ်။ နောင်တစ်ချိန်မှာ ကျွန်မရောဂါ အခြေအနေ တကယ်ပဲ ပိုဆိုးလာရင်တောင်မှ၊ ကျွန်မ ကျိုးနွံနာခံဖို့ သင်ယူရမယ်၊ ရောဂါကို ဘုရားသခင်လက်ထဲ ထားရှိပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်လိုက်တော့ ရောဂါအပေါ် ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေ ပြေပျောက်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် အမှန်တကယ် ယုံကြည်ပါက ဤအရာများကို သင် ယုံကြည်သင့်သည်။ ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်း၊ အကြီးစား နာမကျန်းဖြစ်ခြင်း၊ အသေးစား နာမကျန်းဖြစ်ခြင်းနှင့် ကျန်းမာရေးတို့ အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ကျရောက်ပေသည်။ ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်းတစ်ခု ဖြစ်ပေါ်ခြင်းနှင့် အသက်အရွယ်တစ်ခုခုတွင် တစ်စုံတစ်ဦး၏ ကျန်းမာရေး မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ မတော်တဆဖြစ်သည့်အရာများ မဟုတ်သကဲ့သို့ ဤအရာကို နားလည်ရန်မှာ အပြုသဘောဆောင်ပြီး တိကျမှန်ကန်သည့် သိနားလည်မှု ရှိရန် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီပါသလော။ (ကိုက်ညီပါသည်။) သမ္မာတရားနှင့် ကိုက်ညီသည်၊ သမ္မာတရားဖြစ်သည်၊ ဤအရာကို သင် လက်ခံသင့်ပြီး ဤကိစ္စရပ်အပေါ် သင်၏ သဘောထားနှင့် အမြင်များ ပြောင်းလဲသင့်ပေသည်။ ပြီးလျှင် ဤအရာများ ပြောင်းလဲသွားသည်နှင့် မည်သည့်အရာ ပြေလည်သွားပါသနည်း။ သင်၏ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု ခံစားချက်များ ပြေလည်သွားသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် နာမကျန်းဖြစ်ခြင်းနှင့်ပတ်သက်သည့် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော သင်၏ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် သဘောတရားအရ ပြေလည်သွားပေသည်။ သင်၏ သိနားလည်မှုသည် သင်၏ အတွေးများနှင့် အမြင်များကို ပြောင်းလဲစေပြီးဖြစ်သောကြောင့် သင်၏ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို ဖြေရှင်းပေးသည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦး နာမကျန်းဖြစ်မည် မဖြစ်မည်၊ မည်သည့် ဆိုးရွားသော နာမကျန်းဖြစ်ခြင်းကို သူ ရရှိမည်ဆိုသည်နှင့် ဘဝ၏ အဆင့်တစ်ခုစီတွင် ၎င်း၏ ကျန်းမာရေးက မည်ကဲ့သို့ ဖြစ်မည်ဆိုသည်တို့ကို လူ၏ အလိုဆန္ဒအားဖြင့် ပြောင်းလဲ၍မရနိုင်ဘဲ ထိုထက် အားလုံးကို ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။...နာမကျန်းဖြစ်ခြင်းအကြောင်းကို ငါတို့ ပြောဆိုဆွေးနွေးနေခြင်း ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တစ်သက်တာအတွင်း လူအများစု တွေ့ကြုံရမည့် တစ်စုံတစ်ရာဖြစ်သည်။ ထို့ကြောင့် မည်သည့် အချိန်၊ သို့မဟုတ် မည်သည့် အသက်အရွယ်တွင် လူတို့၏ ခန္ဓာကိုယ်များကို ဖိစီးမည့် နာမကျန်းဖြစ်ခြင်း အမျိုးအစားနှင့် ၎င်းတို့၏ ကျန်းမာရေးက မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ ဘုရားသခင် စီစဉ်ထားသည့် အရာအားလုံးဖြစ်ပြီး လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဤအရာများကို ဆုံးဖြတ်၍မရနိုင်ပေ။ လူတစ်ဦး မွေးဖွားလာသည့်အချိန်ကဲ့သို့ပင်ဖြစ်သည်၊ ၎င်းသည် မိမိကိုယ်တိုင်အတွက် မဆုံးဖြတ်နိုင်ပေ။ ထို့ကြောင့် သင့်ကိုယ်သင်အတွက် ဆုံးဖြတ်၍မရနိုင်သည့် အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ခြင်းသည် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) လူတို့သည် မိမိတို့ဘာသာ ဖြေရှင်းနိုင်သည့် အရာများကို ဖြေရှင်းခြင်းအား အစပြုသင့်ပြီး မိမိတို့ဘာသာ မလုပ်ဆောင်နိုင်သည့် အရာများအတွက်မူ ဘုရားသခင်ကို စောင့်ဆိုင်းသင့်၏။ လူတို့သည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ကျိုးနွံနာခံပြီး ၎င်းတို့ကို ကွယ်ကာရန် တောင်းလျှောက်သင့်သည်။ ဤသည်မှာ လူတို့ရှိသင့်သည့် တွေးခေါ်မှု အလေ့အထဖြစ်သည်။ နာမကျန်းဖြစ်ခြင်းက အမှန်တကယ် ထိုးနှက်ပြီး သေခြင်းက အမှန်တကယ် နီးကပ်လာသည့်အခါတွင် လူတို့သည် ကျိုးနွံနာခံသင့်ပြီး ဘုရားသခင်ကို စောဒကမတက်သင့်၊ သို့မဟုတ် မပုန်ကန်သင့်၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့်အရာများ၊ သို့မဟုတ် သူ့ကို တိုက်ခိုက်သည့်အရာများအား မပြောဆိုသင့်ပေ။ ထိုအစား လူတို့သည် အဖန်ဆင်းခံများအဖြစ် ရပ်တည်ပြီး ဘုရားသခင်ထံမှ လာသည့်အရာအားလုံးကို တွေ့ကြုံကာ အသိအမှတ်ပြုသင့်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်အတွက် ရွေးချယ်ရန် မကြိုးစားသင့်ပေ။ ဤသည်မှာ သင်၏ ဘဝကို တန်ဖိုးတက်စေသည့် အထူးအတွေ့အကြုံတစ်ခု ဖြစ်သင့်ပြီး ထိုအရာမှာ သေချာပေါက် မကောင်းသည့် အရာတစ်ခု မဟုတ်၊ မှန်သလော။ ထို့ကြောင့် နာမကျန်းဖြစ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် ပထမဦးစွာ နာမကျန်းဖြစ်ရခြင်း ဇာစ်မြစ်နှင့် ပတ်သက်၍ ၎င်းတို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြေရှင်းသင့်ပြီး ထို့နောက်တွင် ဤအရာနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြလိမ့်မည် မဟုတ်တော့ပေ။ ထို့အပြင် လူတို့သည် သိသည့်အရာ၊ သို့မဟုတ် မသိသည့်အရာများကို ထိန်းချုပ်ပိုင်ခွင့်မရှိကြသကဲ့သို့ ဤအရာများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြသည်နှင့်အမျှ ထိုအရာများကို ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းလည်း မရှိကြချေ။ လူတို့ ရှိသင့်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ စောင့်ဆိုင်းပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် သိနားလည်ခြင်းမှ အားလုံးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားရန် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်က လူတစ်ယောက်ရဲ့ ဘဝအဆင့်တိုင်းမှာရှိတဲ့ ကျန်းမာရေး၊ သူတို့ ဘယ်လိုရောဂါတွေရမလဲ၊ အဲဒီရောဂါတွေက ဆိုးရွားလာမလားဆိုတာတွေကို အချုပ်အခြာအာဏာရှိပြီး အမိန့်နဲ့ပြဋ္ဌာန်းထားတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒီထဲက ဘယ်တစ်ခုကမှ လူတွေ ထိန်းချုပ်နိုင်တဲ့အရာတွေ မဟုတ်ဘူး၊ စိုးရိမ်ပူပန်နေတာကလည်း အလကားပါပဲ။ ရောဂါ ဖြစ်လာတဲ့အခါ၊ ဒါတွေကို မှန်မှန်ကန်ကန် သဘောထားတတ်ဖို့ သင်ယူင့်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်။ အရင်တုန်းကတော့ ရောဂါအတွက် ခဏခဏ စိတ်သောကရောက်ခဲ့ရပြီး၊ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေထဲမှာ အသက်ရှင်ခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့လို့ပဲ။ ကျွန်မ လုပ်သင့်တာက ဘုရားသခင်ရဲ့ တောင်းဆိုချက်အတိုင်း ပုံမှန် နေထိုင်ပြီး ပုံမှန် တာဝန်ထမ်းဆောင်ဖို့ပါပဲ။ ရောဂါအခြေအနေ ပိုဆိုးလာမလား ဆိုတာကတော့ ဘုရားသခင်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ သံသယတွေက မလိုအပ်ဘဲ မိုက်မဲမှုနဲ့ အသိဉာဏ်ကင်းမဲ့မှုရဲ့ ဖော်ပြချက်တစ်ခုပါပဲ။ တစ်နေ့နေ့မှာ ကျွန်မရဲ့ အခြေအနေက တကယ်ပဲ ပိုဆိုးလာရင်တောင်မှ ဒါက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ဖြစ်မှာပါ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်ကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ယောဘအပေါ် စမ်းသပ်မှုတွေ ကျရောက်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ အနာစိမ်းတွေ ပေါက်တဲ့အခါမှာ ဒါကို ဘုရားသခင်ဆီကနေ သူ လက်ခံနိုင်ခဲ့တယ်၊ ဘုရားသခင်ကို မညည်းညူခဲ့ဘူးဆိုတာ ကျွန်မ တွေးမိတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ သူ ရင်ဆိုင်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တယ်။ ဒါကို တွေးမိတော့ ကျွန်မ တော်တော် အရှက်ရသွားပြီး၊ ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိလာတယ်။ ရောဂါကို ဘုရားသခင်လက်ထဲ အပ်နှံပြီး၊ စိတ်နှလုံးကို တာဝန်ထဲ နှစ်မြှုပ်ထားဖို့ ဆန္ဒရှိလာတယ်။ လိုအပ်ရင် ဆေးကုသမှုခံယူတယ်၊ အားတဲ့အချိန်မှာ လေ့ကျင့်ခန်း လုပ်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တဲ့အခါ ကျွန်မစိတ်နှလုံးက ပိုပြီး ပေါ့ပါးလွတ်မြောက်လာတယ်၊ ရောဂါကြောင့် အများကြီး မခံစားရတော့ဘူး။
ကိုယ့်တာဝန်မှာ ဒီလိုပြန်ခန့်အပ်ခံရခြင်းကနေ ကျွန်မ သင်ခန်းစာတွေ အများကြီး သင်ယူခဲ့ရတယ်၊ ဖန်ဆင်းခံတစ်ဦးအနေနဲ့ အချိန်တိုင်းမှာ ကိုယ့်တာဝန်ကို စောင့်ထိန်းရမယ်ဆိုတာ သဘောပေါက်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ လူ့ဘဝရဲ့ တန်ဖိုးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လိုက်နာပြီး ကိုယ့်တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ဖို့ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ဒီလို အသက်ရှင်မှသာ စိတ်ကောင်းရှိနိုင်မယ်၊ ဖြောင့်မတ်ပြီး နောင်တကင်းနိုင်မှာ ဖြစ်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှန့်ရှန့် အမေရိကန်နိုင်ငံ ကလေးတစ်ယောက်အနေနဲ့ ကျွန်မ မိဘတွေနဲ့ ဆရာတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ သွန်သင်ပေးခဲ့တယ်။...
ယိုရှင်း တောင်ကိုရီးယားနိုင်ငံ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတဲ့အချိန်တုန်းက ကျွန်မတို့အဖွဲ့လုပ်တာ သိပ်မကောင်းဘူး။...
ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ချန်ရွီနဲ့ တခြားအစ်မသုံးလေးယောက်နဲ့အတူ အိမ်တစ်အိမ်မှာနေတယ်။ အစပိုင်းမှာ ချန်ရွီက...
လျန်ရှင်း တရုတ်နိုင်ငံ ၂၀၂၀နှောင်းပိုင်းမှာ အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတဲ့ တာဝန်ယူခဲ့တယ်။ အစတော့ သူတို့ သိပ်များများစားစား မရှိလို့၊...