မိမိတာဝန်တွင် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမှန်း ကျွန်မ အခု သိပါပြီ
၂၀၁၉ နိုဝင်ဘာလတုန်းကပါ။ ကျွန်မက အစ်မကျိုးနဲ့အတူ ခေါင်းဆောင်ပိုင်းတာဝန်တွေ လုပ်နေတာ။ အလုပ်ကို ပိုကောင်းအောင်၊ ပိုပြီး ထိထိရောက်ရောက်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အသင်းတော်မှာ တရားဟောဆရာအနေနဲ့ ကျွန်မ အမှုတော်ထမ်းဆောင်ပြီး အသင်းတော်တချို့ရဲ့ အလုပ်ကို တာဝန်ယူရတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ညတစ်ညမှာ အစ်မ လို့မင်က ယုဒဖြစ်သွားတဲ့ ကျန်းကို နှင်ထုတ်တဲ့အကြောင်း စာရွက်စာတမ်းတစ်ခု ကျွန်မဆီ လွှဲပေးပြီး ပြောတယ်။ “ကျန်းက အဖမ်းခံရပြီးတဲ့နောက် ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ အများကြီးရဲ့အကြောင်းကို ဖော်လိုက်ပြီ။ အစ်မအကြောင်းကိုလည်း ဖော်လိုက်ပြီ။ အစ်မ သတိထားမှဖြစ်မယ်” တဲ့။ ကျွန်မ နည်းနည်း စိတ်ပူသွားပြီး တွေးမိတယ်၊ “ကျန်းက ငါ့အကြောင်းကို ဖော်လိုက်ပြီ၊ ဒီတော့ ငါက စီစီပီ လိုက်ဖမ်းတဲ့ ပစ်မှတ်ဖြစ်သွားပြီပေါ့။ တစ်နေ့နေ့ ငါ အဖမ်းခံရနိုင်တယ်၊ ဒါကြောင့် ငါ တကယ် သတိထားမှဖြစ်မယ်” လို့ပေါ့။ ဧပြီလထဲက တစ်ရက်မှာ အလုပ်ဖော်တစ်ယောက်ဆီကနေ နောက်ထပ်စာတစ်စောင် ကျွန်မ ရခဲ့တယ်၊ စာထဲမှာ “ယုက အဖမ်းခံရပြီးနောက်မှာ ယုဒဖြစ်သွားပြီး အစ်မအကြောင်းကို ဖော်လိုက်ပြီ၊ ဒါပေမဲ့ အစ်မရဲ့ ဓာတ်ပုံကို သူ အတည်ပြုပေးလိုက်လားဆိုတာတော့ မသိဘူး။ အစ်မ သတိထားမှဖြစ်မယ်” လို့ ရေးထားတယ်။ ဒါကို ကြားတော့ ကျွန်မ ပိုပြီး စိတ်ပူလာတယ်။ ပြီးတော့ တွေးမိတယ်၊ “စီစီပီ ရဲတွေဆီမှာ ငါ့ဓာတ်ပုံရှိပြီး ငါ့ကို အတည်ပြုပေးဖို့ ယုဒတစ်ယောက်ယောက်ကိုတောင် ခိုင်းခဲ့ရင် ငါ တကယ့်ကို အန္တရာယ်ရှိတဲ့ အခြေအနေမှာပဲ။ အခုဆို နေရာတိုင်းမှာ ရုပ်ထွက်ကောင်းတဲ့ CCTV တွေ ရှိသလို၊ ဒရုန်းနဲ့ စောင့်ကြည့်တာတွေလည်း ရှိတယ်။ ငါ ဘယ်သွားသွား စောင့်ကြည့်ခံရမှာဖြစ်ပြီး တစ်ချိန်ချိန်ကျရင်တော့ အဖမ်းခံရမှာပဲ။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ရဲတွေမိသွားရင် သေတဲ့အထိ ညှဉ်းဆဲနှိပ်စက်ကြတာ။ ငါ အဖမ်းခံရပြီး ညှဉ်းဆဲတာကို မခံနိုင်လို့ ယုဒဖြစ်သွားရင်၊ ဒါမှမဟုတ် သေတဲ့အထိ အရိုက်ခံရရင် ငါ ယုံကြည်တာ အလကားဖြစ်သွားမှာ မဟုတ်လား” ပေါ့။ အဲဒီအကြောင်း တွေးလေလေ၊ ကျွန်မ ပိုကြောက်လေပဲ။ ခေါင်းဆောင်၊ ဒါမှမဟုတ် အမှုဆောင် ဖြစ်ရတာ အရမ်းအန္တရာယ်များတယ်လို့ ခံစားရတယ်။ အဲဒီအချိန်တုန်းက ကျွန်မ တာဝန်ယူထားတဲ့ အသင်းတော်တွေက ဧဝံဂေလိအလုပ်က ရလဒ်မထွက်ခဲ့ဘူး။ အလုပ်က ဘာလို့ ရလဒ်မထွက်တာလဲဆိုတာကို ကျွန်မ သွားပြီး ရှာဖွေဖော်ထုတ်ချင်ခဲ့ပေမဲ့၊ ကျွန်မက စီစီပီကလိုက်ဖမ်းတာ ခံနေရတာကို တွေးမိပြန်တယ်၊ ပြီးတော့ ကျွန်မ တာဝန်ယူထားတဲ့ အသင်းတော်တွေရဲ့ ပတ်ဝန်းကျင်အခြေအနေတွေက မကောင်းဘူးလေ။ အဲဒီကိုသွားတဲ့လမ်းမှာ စီစီပီ ရဲတွေသာ ကျွန်မကို တွေ့သွားရင် အချိန်မရွေး အဖမ်းခံရနိုင်တယ်။ အဲဒီအကြောင်း တွေးမိတော့ ကျွန်မ မသွားရဲတော့ဘူး။ အဲဒီအချိန်မှာ ညီအစ်ကို မောင်နှမ အတော်များများက ကြောက်ပြီး တွန့်ဆုတ်နေကြပြီးတော့ သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ စိတ်မပါ့တပါနဲ့ လုပ်နေကြတယ်။ အထူးသဖြင့် ဧဝံဂေလိအလုပ်က ဘာတိုးတက်မှုမှ မပြဘူး။ အလုပ်ကို နောက်ဆက်တွဲလုပ်ဖို့ ကျွန်မ ဆက်တိုက်စာတွေရေးနေပေမဲ့ သိပ်ပြီး တိုးတက်မှုမရှိဘူး။
ညနေခင်းတစ်ခုမှာ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ကျွန်မ ရတယ်။ စာထဲမှာ “အသင်းတော်တချို့က ဧဝံဂေလိအလုပ်ဟာ ဘာရလဒ်မှ မထွက်ဘူး ဖြစ်နေတယ်။ တရားဟောဆရာတစ်ယောက်အနေနဲ့ အခြေအနေကို ကိုယ်တိုင် နားလည်သဘောပေါက်ဖို့၊ ပြဿနာတွေကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းဖို့ အသင်းတော်တွေကို သွားသင့်တယ်” လို့ ပြောထားတယ်။ ဒါကို ဖတ်ပြီးတော့ စိတ်ထဲမှာ နည်းနည်း အတိုက်အခံဖြစ်ပြီး တွေးမိတယ်၊ “ငါ တာဝန်ယူထားတဲ့ အသင်းတော်တွေအားလုံးက ပတ်ဝန်းကျင်အခြေအနေ ဆိုးနေတာ။ အဲဒီကိုသွားပြီး အလုပ်ကို နောက်ဆက်တွဲလုပ်ဖို့ဆိုတာ ငါ့အတွက် နည်းနည်း အန္တရာယ်များလွန်းတယ်။ နောက်ပြီးတော့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ဖမ်းဖို့က စီစီပီရဲ့ အဓိက ပန်းတိုင်ပဲ။ ငါ အဖမ်းခံရရင် အသက်တောင် ဆုံးရှုံးနိုင်တယ်။ ဘယ်ကိုမှ မသွားတာ ပိုကောင်းမယ်။ ငါ ပုန်းနေပြီး အလုပ်ကို နောက်ဆက်တွဲလုပ်ဖို့ စာရေးတာလောက်ပဲ လုပ်သင့်တယ်။ အဲဒါဆို ပိုဘေးကင်းမှာပဲ” ပေါ့။ ဒီလိုတွေးမိတော့ စိတ်ထဲမှာ မသက်မသာ ဖြစ်ရတယ်။ ကျွန်မ တာဝန်ယူထားတဲ့ အသင်းတော်တွေက ဧဝံဂေလိအလုပ်ဟာ အခြေခံအားဖြင့် ရပ်တန့်နေခဲ့ပြီ၊ ပြီးတော့ ဒါကို ဖြေရှင်းဖို့ အဲဒီကို ကျွန်မ ချက်ချင်းသွားဖို့ လိုအပ်တယ်။ ဒါပေမဲ့ အဖမ်းခံရမှာ ကြောက်လို့ ကျွန်မ မသွားရဲဘူး။ ဘာလုပ်ရမှန်း မသိတော့ဘူး။ စိုးရိမ်ပူပန်မှုတွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့ရတယ်။ နောက်တစ်နေ့မှာ အထက်ခေါင်းဆောင်တွေဆီက နောက်ထပ်စာတစ်စောင် ကျွန်မ ရပြန်တယ်။ စာထဲမှာ “ညီမ တာဝန်ယူထားတဲ့ အသင်းတော်တွေက အလုပ်အမျိုးမျိုးမှာ တိုးတက်မှု နှေးကွေးနေတယ်။ ညီအစ်ကို မောင်နှမတွေက မဝံ့မရဲဖြစ်နေကြပြီး သူတို့တာဝန်တွေ ထမ်းဆောင်ရာမှာ အရမ်းကို မတက်မကြွဖြစ်နေကြတယ်။ ညီမ သွားကြည့်သင့်တယ်” လို့ ပြောထားတယ်။ ခေါင်းဆောင်တွေဆီက စာကို ဖတ်ပြီးတဲ့နောက်မှာ အသင်းတော်တွေဆီကို ကျွန်မ သွားပြီး ပြဿနာတွေကို တကယ်ဖြေရှင်းသင့်မှန်း သိလိုက်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ခေါက်တုန်းက ခေါင်းဆောင်တစ်ယောက် အဖမ်းခံရပြီး သုံးရက်အကြာမှာ ရဲတွေ ရိုက်သတ်တာ ခံလိုက်ရတာကို တွေးမိတော့ ကျွန်မ စိတ်ထဲမှာ ကြောက်ရွံ့လာတယ်။ အန္တရာယ်ကြီးကြီးမားမား မရှိတဲ့ သာမန်တာဝန်လောက်ပဲ ကျွန်မ ထမ်းဆောင်ချင်တော့တယ်။ ကျွန်မရဲ့ အခြေအနေ မမှန်ဘူးဆိုတာ သတိပြုမိလိုက်လို့ အဲဒါကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။
မနက်ပိုင်း ဝတ်ပြုတဲ့အချိန်မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိပြီး အဲဒါက ကျွန်မအတွက် အရမ်းအကူအညီ ဖြစ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များနှင့် သူ၏ အချုပ်အခြာအာဏာတို့ကို မရိပ်စားမိနိုင်သည့်အခါ၊ နားလည်၊ လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိနိုင်သည့်အခါ၊ မိမိတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲအမျိုးမျိုးကို လူတို့ ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် ဤအခက်အခဲများသည် ပုံမှန်လူတို့ ခံနိုင်သည့်အရာကို ကျော်လွန်သည့်အခါ၊ ၎င်းတို့သည် စိုးရိမ်မှုနှင့် ပူပန်သောကမျိုးစုံကို မသိစိတ်၏စေ့ဆော်မှုအရ ခံစားရပြီး စိတ်ဖိစီးမှုပင် ခံစားကြရသည်။ မနက်ဖြန်၊ သို့မဟုတ် ဖိန်းနွှဲခါက မည်ကဲ့သို့ဖြစ်မည်၊ သို့မဟုတ် အနည်းငယ်သော နှစ်ကာလအတွင်း အမှုအရာများ မည်သို့ဖြစ်မည်၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်က မည်သို့ဖြစ်မည်ဆိုသည်တို့ကို ၎င်းတို့ မသိကြသောကြောင့် အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို လူတို့ ခံစားရသည့် အခြေအနေမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်နိုင်သကဲ့သို့ မရိပ်စားမိနိုင်ခြင်း ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် မျက်စိများဖြင့် ထိုအရာကို မြင်လျှင်ပင် နားလည်ကြမည်မဟုတ်၊ သို့မဟုတ် ယုံကြည်ကြမည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြ။ ၎င်းတို့၏ အသက်တာများက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ၎င်းတို့ မယုံကြည်ကြ။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် မယုံကြည်မှုက ၎င်းတို့ စိတ်နှလုံးများတွင် ထွက်ပေါ်ပြီးနောက် အပြစ်တင်မှု ဖြစ်ပေါ်ကာ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) “သမ္မာတရားကို လူတို့ လိုက်စားပါက ဤအခက်အခဲများတွင် ၎င်းတို့ ပါဝင်ပတ်သက်မိလိမ့်မည် မဟုတ်သကဲ့သို့ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုထဲ ကျဆင်းကြမည်မဟုတ်။ ဆန့်ကျင်ဖက်အနေဖြင့် လူတို့သည် သမ္မာတရား မလိုက်စားပါက ဤအခက်အခဲများသည် ၎င်းတို့တွင် မပြောင်းမလဲပင် ပါရှိနေပြီး ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင် မလွတ်မြောက်နိုင်ရန်အလို့ငှာ ထိုအရာများက သင့်ကို နှောင်ဖွဲ့လိမ့်မည်ဖြစ်ပြီး ထိုအရာများကို သင် မဖြေရှင်းနိုင်ပါက နောက်ဆုံးတွင် ထိုအရာများက သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် ရစ်ပတ်ငြိတွယ်ထုံးဖွဲ့လာသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်လာလိမ့်မည်။ ထိုခံစားချက်များက သင်၏ ပုံမှန်ဘဝနှင့် သင်၏ တာဝန်များ ပုံမှန်ထမ်းဆောင်ခြင်းတို့ကို ထိခိုက်လိမ့်မည်ဖြစ်ပြီး သင့်ကို ဖိစီးကာ လွတ်မြောက်မှု ရှာမတွေ့နိုင် ဖြစ်စေလိမ့်မည်။ ဤသည်မှာ ထိုအရာများ သင့်အပေါ် ရှိမည့် ရလဒ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ကျွန်မ အဖမ်းခံရမှာ၊ ရိုက်သတ်ခံရမှာကို ကြောက်နေတာက တကယ်တော့ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို နားမလည်လို့ ဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ အရာအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်ဆိုတာကို ကျွန်မ မယုံကြည်ခဲ့ဘူး။ ကျွန်မက ယုဒတစ်ယောက်ရဲ့ ရောင်းစားတာ ခံထားရပြီး အခု စီစီပီ လိုက်ဖမ်းတဲ့ ပစ်မှတ်ဖြစ်နေတော့ တကယ်လို့ အဖမ်းခံရပြီး ညှဉ်းဆဲတာကို မခံနိုင်ဘဲ ယုဒဖြစ်သွားရင်၊ ဒါမှမဟုတ် သေတဲ့အထိ အရိုက်ခံရရင် ကယ်တင်ခံရမယ့် အခွင့်အရေး ဆုံးရှုံးသွားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် ပြဿနာတွေကို ဖြေရှင်းဖို့ အသင်းတော်တွေကို မသွားရဲခဲ့ဘူး။ ဘုရားသခင် စီစဉ်ညွှန်ကြားပေးထားတဲ့ ပတ်ဝန်းကျင်ကို ကျွန်မ ကျိုးနွံနာခံချင်စိတ် မရှိခဲ့ဘူး။ ခေါင်းဆောင်၊ အမှုဆောင် တာဝန်တွေ ထမ်းဆောင်ရတာ အရမ်းအန္တရာယ်များတယ်လို့တောင် ကျွန်မ ညည်းတွားခဲ့ပြီး အန္တရာယ်ကြီးကြီးမားမား ဘာမှမရှိတဲ့ သာမန်တာဝန်ကိုပဲ လုပ်ချင်ခဲ့တာ။ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု၊ ကျိုးနွံနာခံမှု ကျွန်မမှာ လုံးဝ မရှိခဲ့ပါဘူး။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်ပြီး ကိုယ့်အခြေအနေကို နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို စဉ်းစားခြင်းအပြင် အချို့သော အန္တိခရစ်များက မည်သည့်အရာကိုပါ စဉ်းစားကြသနည်း။ ၎င်းတို့က ‘ယခုအခါတွင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်သည် သဘောကျစရာ မကောင်းပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မျက်နှာများပြခြင်းကိုလည်းကောင်း၊ ဧဝံဂေလိတရားဟောခြင်းကိုလည်းကောင်း လျှော့ကြစို့။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အဖမ်းခံရမည့် အလားအလာနည်းပြီး အသင်းတော်၏ အလုပ် ဖျက်ဆီးခံရမည် မဟုတ်ပါ။ အဖမ်းခံရမည်ကို ကျွန်ုပ်တို့ ရှောင်ရှားလျှင် ယုဒအဖြစ် ပြောင်းသွားမည်မဟုတ်ဘဲ ထို့နောက်တွင် အနာဂတ်၌ ကျွန်ုပ်တို့ ဆက်လက်၍ တည်ရှိနေနိုင်မည် မဟုတ်လော’ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများကို အထင်အမြင်မှားစေရန် ထိုသို့သော ဆင်ခြေများကို အသုံးပြုသည့် အန္တိခရစ်များ ရှိသည် မဟုတ်လော။ အချို့သော အန္တိခရစ်များသည် သေခြင်းတရားကို အလွန် ကြောက်ရွံ့ကြပြီး ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုများကို အချိန်ဆွဲကြသည်။ ၎င်းတို့က ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုလည်း နှစ်သက်ကြပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍများကို ယူရန် လိုလားကြသည်။ ၎င်းတို့က ‘ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို တာဝန်ယူရန် မလွယ်ပါ။ ကျွန်ုပ် ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံရသည်ကို အဆင်းနီသော နဂါးကြီးက သိသွားလျှင် ကျွန်ုပ် လူသိများလာမည်ဖြစ်ပြီး အလိုရှိသော စာရင်းတွင် အထည့်ခံရမည်ဖြစ်ကာ ကျွန်ုပ် အမိခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ အသက်က အန္တရာယ်ရှိမည်ဖြစ်သည်’ဟူသည်ကို သိကြသော်လည်း ဤအဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားရန်အတွက် ဤအန္တရာယ်များကို လျစ်လျူရှုကြသည်။ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အစေခံကြသည့်အခါ ၎င်းတို့၏ ဇာတိပကတိ ပျော်ရွှင်ခြင်းအကြောင်းသာ မွေ့လျော်ခံစားကြပြီး တကယ့်အလုပ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ အမျိုးမျိုးသော အသင်းတော်များနှင့် စာအဆက်အသွယ် အနည်းအကျဉ်းတွင် ပါဝင်ပတ်သက်ခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ နေရာတစ်ခုခုတွင် ၎င်းတို့ ပုန်းကွယ်ပြီး မိမိဘာသာ သီးခြားခွဲနေလျက် မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိကြသကဲ့သို့ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ ခေါင်းဆောင် အဘယ်သူဖြစ်သည်ကို မသိကြပေ။ ယင်းမှာ ၎င်းတို့ ကြောက်ရွံ့သည့် အတိုင်းအတာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်သည်မှာ အမည်ခံသာဖြစ်သည်ဟု ဆိုခြင်းက မှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) ခေါင်းဆောင်များအဖြစ် မည်သည့် လက်တွေ့အလုပ်တွင်မျှ ၎င်းတို့ ပါဝင်ခြင်းမရှိကြ။ မိမိတို့ဘာသာ ပုန်းကွယ်ဖို့အကြောင်းသာ ၎င်းတို့ ဂရုစိုက်ကြသည်။ အခြားသူတို့က ‘ခေါင်းဆောင်ဖြစ်ခြင်းက အဘယ်သို့နည်း’ ဟု ၎င်းတို့ကို မေးလျှင် ၎င်းတို့က ‘ကျွန်ုပ်သည် အလွန့်အလွန် အလုပ်များပြီး ဘေးကင်းရေးအတွက် အိမ်ဆက်တိုက်ပြောင်းနေရသည်။ ဤပတ်ဝန်းကျင်သည် အလွန် စိတ်အနှောင့်အယှက်ဖြစ်လွန်းသောကြောင့် ကျွန်ုပ်၏ အလုပ်ကိုပင် ကျွန်ုပ် အာရုံမစိုက်နိုင်ပါ’ဟု ပြောလိမ့်မည်။ မျက်လုံးများစွာက ၎င်းတို့ကို စောင့်ကြည့်နေသည်ဟု ၎င်းတို့ အမြဲ ခံစားရပြီး ပုန်းကွယ်ရန် မည်သည့်နေရာ ဘေးကင်းလုံခြုံသည်ကို မသိကြချေ။ ရုပ်ဖျက်ခြင်း၊ မတူကွဲပြားသော နေရာများတွင် မိမိတို့ဘာသာ ပုန်းကွယ်ခြင်းနှင့် တစ်နေရာတွင် ရှိမနေခြင်းတို့မှလွဲ၍ နေ့စဉ် လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြချေ။ ထိုသို့သော ခေါင်းဆောင်များ တည်ရှိသလော။ (တည်ရှိပါသည်။) မည်သည့် စည်းမျဉ်းများကို ၎င်းတို့ လိုက်လျှောက်ကြသနည်း။ ဤလူများက ‘ဉာဏ်များသော ယုန်တစ်ကောင်တွင် မြေတွင်းသုံးခုရှိသည်။ ယုန်တစ်ကောင်အတွက် သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်၊ သူ့ဘာသာ ပုန်းကွယ်ရန် မြေတွင်းသုံးတွင်းကို ပြင်ဆင်ထား၏။ လူတစ်ဦးသည် အန္တရာယ်ကြုံပြီး ထွက်ပြေးလွတ်မြောက်ရမည်ဖြစ်သော်လည်း ပုန်းကွယ်ရမည့်နေရာ တစ်နေရာမျှ မရှိလျှင် ယင်းမှာ လက်ခံနိုင်ဖွယ်ရှိသလော။ ယုန်များမှ ကျွန်ုပ်တို့ သင်ယူရမည်။ ဘုရား ဖန်ဆင်းထားသည့် တိရစ္ဆာန်များတွင် ဤရှင်သန်ရေး စွမ်းရည်ရှိပြီး လူတို့က ၎င်းတို့ထံမှ သင်ယူသင့်သည်’ဟု ပြောကြသည်။ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ယူရသည့်အတွက် ဤအယူဝါဒကို ၎င်းတို့ သဘောပေါက်လာကြပြီး သမ္မာတရားကို ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟုပင် ယုံကြည်ကြလေသည်။ အမှန်တွင် ၎င်းတို့က အလွန့်အလွန် ကြောက်လန့်ကြသည်။ ၎င်းနေထိုင်သည့် နေရာက ဘေးကင်းလုံခြုံခြင်း မရှိသောကြောင့် ရဲများထံ တိုင်ကြားခြင်းခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရန် မကြာခဏ အပြင်ထွက်လွန်းပြီး အလွန်များသော လူတို့နှင့် ဆက်ဆံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ပစ်မှတ်ထားခြင်း ခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ ဤလူများက ဖမ်းဆီးခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပုံကိုဖြစ်စေ ၎င်းတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြောက်လန့်လာကြသည်။ ၎င်းတို့က ‘အို မဖြစ်ပါ၊ အဖမ်းခံရမည့် နောက်တစ်ယောက်မှာ ငါများ ဖြစ်လိမ့်မည်လော။ ဤအရာမှ ငါ သင်ယူရမည်။ ငါ အလွန် မတက်ကြွသင့်ပါ။ အသင်းတော် အလုပ်အချို့ကို လုပ်ဆောင်ခြင်းအား ငါ ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့မျက်နှာပြခြင်းကို ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့အလုပ်ကို ငါ ဖြစ်နိုင်သမျှ နည်းအောင်လုပ်မည်၊ အပြင်ထွက်ခြင်းကို ရှောင်မည်၊ မည်သူမဆိုနှင့် ဆက်ဆံခြင်းကို ရှောင်မည်ဖြစ်ပြီး ငါ ခေါင်းဆောင်ဖြစ်ကြောင်း မည်သူမျှမသိသည်ကို သေချာအောင်လုပ်မည်။ ယနေ့ခေတ်တွင် အခြားတစ်ဦးတစ်ယောက်ကို မည်သူက ဂရုစိုက်ဖို့ တတ်နိုင်မည်နည်း။ အသက်ရှင်နေဖို့သည်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နှင့်ပေပြီ’ဟု တွေးကြသည်။ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ယူကတည်းက အိတ်တစ်ခုကို သယ်ဆောင်ပြီး ပုန်းကွယ်ခြင်းမှလွဲ၍ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အဖမ်းခံရကာ ပြစ်ဒဏ်ချမှတ်ခံရမည်ကို အမြဲကြောက်သောစိတ်ဖြင့် ရင်တမမ အသက်ရှင်နေကြသည်။ တစ်စုံတစ်ဦးက ‘သင် အဖမ်းခံရလျှင် အသတ်ခံရလိမ့်မည်။ သင် ခေါင်းဆောင်တစ်ဦး မဟုတ်လျှင်၊ သာမန် ယုံကြည်သူတစ်ဦးသာဖြစ်လျှင် ဒဏ်ငွေအနည်းငယ်မျှ ပေးပြီးနောက်တွင် လွတ်ကောင်းလွတ်မည် ဖြစ်သော်လည်း သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် ပြောရခက်ပေသည်။ အလွန် အန္တရာယ်များသည်။ အဖမ်းခံရသည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အချို့သည် မည်သည့် သတင်းအချက်အလက်ကိုမဆို ပေးဖို့ ငြင်းဆန်ကြပြီး ရဲများက သေသည်အထိ ရိုက်နှက်ခြင်းကို ခံရကြသည်’ဟု ပြောသည်ကို ကြားကြသည်ဆိုပါစို့။ တစ်စုံတစ်ဦးက သေသည်ထိ ရိုက်နှက်ခံရသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကြောက်တရားက ပြင်းထန်လာပြီး အလုပ်လုပ်ရန် သာ၍ပင် ကြောက်ရွံ့လာကြသည်။ နေ့စဉ် ၎င်းတို့တွေးသမျှအကြောင်းမှာ အဖမ်းခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ မိမိတို့မျက်နှာများ ပြခြင်းအား မည်သို့ ရှောင်ရှားရမည်၊ စောင့်ကြည့်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ဦးနှောက်ခြောက်ခံ စဉ်းစားကြပြီး မိမိတို့၏ တာဝန်များကို လုံးဝ မေ့လျော့ကြသည်။ ဤသည်တို့မှာ သစ္စာစောင့်သိသော လူများ ဖြစ်ကြသလော။ ဤကဲ့သို့သော လူများသည် အလုပ်တစ်ခုတလေကို ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တရာယ်ကြုံရတဲ့အခါ အန္တိခရစ်တွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့လောက်ပဲ ဂရုစိုက်တယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က အန္တရာယ်ကနေလွတ်အောင် သူတို့ကိုယ်သူတို့ပဲ ကာကွယ်ပြီး အသင်းတော် အကျိုးစီးပွားကို လုံးဝ မစဉ်းစားကြဘူး။ သူတို့ရဲ့ သဘာဝက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်။ ကျွန်မရဲ့ အပြုအမူကလည်း အန္တိခရစ်လိုပဲ တစ်ကိုယ်ကောင်းဆန်နေမှန်း ကျွန်မ သတိပြုမိလိုက်တယ်။ ကျွန်မ တာဝန်ယူထားတဲ့ အသင်းတော်တွေက အလုပ်အမျိုးမျိုးဟာ တိုးတက်မှု နှေးကွေးနေတယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေက ကြောက်ရွံ့တွန့်ဆုတ်ပြီး အသက်ရှင်နေကြတယ်ဆိုတာကို ကျွန်မ ကောင်းကောင်းသိတယ်။ နောက်ဆက်တွဲလုပ်ဖို့အတွက် စာရေးနေတာသက်သက်က ဘာရလဒ်မှ မရနိုင်ပါဘူး။ အသင်းတော်တွေဆီကို ကျွန်မ ချက်ချင်းသွားပြီး ဒီပြဿနာတွေကို ဖြေရှင်းရမယ်။ ဒါပေမဲ့ အဖမ်းခံရမှာ ကြောက်လို့ ကျွန်မ မသွားရဲခဲ့ဘူး၊ ပြီးတော့ ခေါင်းဆောင်၊ အမှုဆောင် တာဝန်တွေက အရမ်းအန္တရာယ်များတယ်လို့တောင် ကျွန်မ ညည်းတွားခဲ့တယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ တစ်ခေါက်တုန်းက ခေါင်းဆောင်တစ်ယောက် အဖမ်းခံရပြီး သုံးရက်အကြာမှာ ရဲတွေ ရိုက်သတ်တာ ခံလိုက်ရတာကို တွေးမိတဲ့အခါ အဖမ်းခံရမှာကို ကျွန်မ ပိုပြီး ကြောက်လာတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အသင်းတော်တွေကို ကျွန်မ မသွားချင်ခဲ့ဘူး၊ ပြီးတော့ ဘာအန္တရာယ်မှမရှိတဲ့ တာဝန်ကိုပဲ ထမ်းဆောင်ချင်တာတောင် ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရေးကြီးတဲ့အချိန်မှာ အသင်းတော်အလုပ်ကို ကျွန်မ မကာကွယ်နိုင်ခဲ့ဘူး။ ကိုယ့်တာဝန်နဲ့ ဝတ္တရားတွေကိုလည်း လုံးဝ မစဉ်းစားဘဲ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု၊ ကျိုးနွံနာခံမှု လုံးဝ မရှိခဲ့ဘူး။ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင်က ကျွန်မကို မြှင့်တင်ပေးခဲ့တာ။ ကျွန်မက အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ခဲ့သင့်တယ်။ ဒါပေမဲ့ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်မ ပုန်းနေပြီး ကိုယ့်အသက်ကိုပဲ အရှက်မရှိ တွယ်ကပ်နေခဲ့တယ်။ အရေးကြီးတဲ့အချိန်မှာ ညီအစ်ကို မောင်နှမတွေ သေမလား၊ ရှင်မလားဆိုတာ ကျွန်မ ဂရုမစိုက်ခဲ့ဘူး၊ အသင်းတော် အကျိုးစီးပွားတွေကို အလေးမထားခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်မှာ လုံးဝ မဆက်ကပ်ခဲ့ဘူး။ ဒီအသင်းတော်တွေရဲ့ အလုပ်က ရပ်တန့်နေခဲ့ပြီး အလုပ်ကို နှောင့်နှေးစေတဲ့အတွက် ကျွန်မမှာ ပြစ်မှားမှုတွေ ရှိနှင့်နေပြီ။ ကျွန်မ ချက်ချင်း နောင်တမရရင်၊ ကျွန်မ ပုန်းနေလို့ အဖမ်းမခံရရင်တောင် ကိုယ့်တာဝန်နဲ့ ဝတ္တရားတွေကို ကျွန်မ ဖြည့်ဆည်းခဲ့တာ မဟုတ်ဘူး။ အဲဒါက ဘုရားသခင်ကို သစ္စာဖောက်တာပဲ ဖြစ်မှာ၊ ပြီးတော့ နောက်ဆုံးမှာ အန္တိခရစ်လိုပဲ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာ၊ အပြစ်ပေးတာကို ခံရမှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်စာပိုဒ်သုံးလေးပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ အဲဒါတွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးခဲ့တယ်။ ဘုရားသခင်က ပြောသည် “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။ သင်တို့စိတ်ရှိသရွှေ့ မြူးထူးခုန်ပေါက်ကြလော့။ အရာအားလုံးသည် သင်တို့၏ ခြေထောက်အောက်နှင့် ငါ၏ လက်ထဲတွင် ရှိ၏။ ပြီးမြောက်အောင်မြင်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ကို ငါ၏စကားတစ်ခွန်းဖြင့် မဆုံးဖြတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) “သင်သည် ဤအရာ၊ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ ငါ၏ အလိုတော်ကို အတားအဆီးမရှိ ဆောင်ရွက်နိုင်ဖို့အလို့ငှာ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့မှောက်၌ ဆက်လက်၍ တည်ငြိမ်နေသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...သင်သည် အားလုံးကို ခါးစည်းခံရမည်။ ငါ့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်နှင့် သင့်ခွန်အား ရှိသမျှဖြင့် ငါ့နောက် လိုက်ရန် သင်သည် အဆင်သင့်ဖြစ်နေရမည် ဖြစ်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏ ကျောထောက်နောက်ခံဖြင့် အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဟုတ်တာပေါ့။ ဘုရားသခင်ရဲ့ အထောက်အပံ့နဲ့ဆိုရင် ကျွန်မ ဘာကြောက်စရာ ရှိလဲ။ အဆင်းနီသော နဂါးကြီးက ဘယ်လောက်ပဲ သောင်းကျန်းပြီး ရက်စက်ကြမ်းကြုတ်နိုင်ပါစေ၊ သူက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအတွင်းမှာပဲ ရှိပါတယ်။ သူက ဘုရားလက်ထဲက ဝန်ဆောင်မှုပေးတဲ့အရာ တစ်ခုပါပဲ။ ဘုရားသခင် ခွင့်မပြုရင် ကျွန်မက ရဲတွေရဲ့ မျက်စိအောက်မှာ ရှိနေရင်တောင် သူတို့ ကျွန်မကို ဖမ်းနိုင်မှာ မမဟုတ်ပါဘူး။ ဘုရားနောက်လိုက်ခဲ့တဲ့ နှစ်တွေကို ပြန်တွေးကြည့်ရင်၊ အန္တရာယ်ကြုံပြီး အဖမ်းခံရလုနီးပါးဖြစ်ခဲ့တဲ့ အကြိမ်တွေ အများကြီး ရှိခဲ့တယ်။ အကြိမ်တိုင်း အန္တရာယ်ကနေ ကျွန်မ လွတ်မြောက်ခဲ့တာက ဘုရားသခင်ရဲ့ အံ့သြဖွယ် ကာကွယ်မှုကြောင့်ပါပဲ။ ဥပမာ၊ ၂၀၂၀ ခုနှစ်၊ ညနေခင်းတစ်ခုမှာ လူနှစ်ယောက်က ကျွန်မတို့ ငှားနေတဲ့အိမ်ကို လာစစ်ဆေးတယ်။ ကျွန်မရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိလို့ သူတို့ကို မှတ်ပုံတင် မပြနိုင်တော့ သူတို့က ကျွန်မတို့ကို တိုင်တော့မယ် လုပ်တယ်။ အဲဒီထဲက အမျိုးသားတစ်ယောက်က ကျွန်မကို ဒေါသတကြီးနဲ့ ပြောတယ်၊ “မင်း စောင့်နေ၊ ရဲသွားခေါ်ပြီး မင်းကို အခုချက်ချင်း လာဖမ်းခိုင်းမယ်” တဲ့။ အဲဒီလိုပြောပြီး သူ ထွက်သွားတယ်။ ကျွန်မနဲ့ ညီအစ်မတွေက အခွင့်အရေးရတုန်း အမြန်ထွက်ပြေးခဲ့ကြတယ်။ နောက်တစ်နေ့မနက်မှာ ရဲအယောက်တစ်ဆယ် အဲဒီအိမ်ကို ရောက်လာတယ်။ သူတို့က ကျွန်မတို့ကို မဖမ်းနိုင်တော့ ဘာသာတရားမရှိတဲ့ အိမ်ရှင်ကိုပဲ ဖမ်းသွားကြတယ်။ ကျွန်မ အဖမ်းခံရခြင်း ရှိမရှိဆိုတာ ဘုရားသခင်ကပဲ ဆုံးဖြတ်တယ်ဆိုတာ ကျွန်မ မြင်လိုက်တယ်။ ဘုရားသခင် ပြောသလိုပါပဲ၊ “ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားသခင်က ကျွန်မကို အဖမ်းခံခိုင်းတယ်ဆိုရင် ဒါဟာ သူ့ရဲ့ ရည်ရွယ်ချက်ကောင်း ပါရှိမှာဖြစ်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သင့်တယ်။
ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီးတဲ့နောက် သေခြင်းနဲ့ပတ်သက်ပြီး ပိုရှင်းလင်းတဲ့ အမြင်ကို ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံရသောကြောင့် ပြစ်တင်ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းနှင့် အသေသတ်ခြင်းတို့ကို ခံခဲ့ရသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) သေခြင်းရဲ့ အဓိပ္ပာယ်ကို ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းရှင်းလင်းလင်း ပြောပြထားတယ်။ သခင်ယေရှုရဲ့ တပည့်တော်တွေဟာ သခင့်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေတဲ့အတွက် အသတ်ခံခဲ့ကြရတယ်။ တချို့က ဓားနဲ့ အသတ်ခံရတယ်၊ တချို့က ကြိုးဆွဲချခံရတယ်၊ တချို့က ကားစင်တင်သတ်ခံရတယ်။ သူတို့က ဘုရားသခင်အတွက် လှပပြီး အားကြီးတဲ့ သက်သေခံချက်ပေးဖို့၊ စာတန်ကို အရှက်ရစေဖို့ သူတို့ရဲ့ အသက်တွေကို အသုံးပြုခဲ့ကြတယ်။ သူတို့ရဲ့ သေခြင်းတွေက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ခံရတယ်။ သူတို့ရဲ့ ဇာတိပကတိ သေသွားပေမဲ့ ဒါဟာ စစ်မှန်တဲ့ သေခြင်း မဟုတ်ဘူး။ သူတို့ရဲ့ ဝိညာဉ်တွေက ဘုရားသခင်ဆီ ပြန်ရောက်သွားကြပြီ။ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်မှာလည်း ညီအစ်ကို မောင်နှမ အများကြီးဟာ စာတန်ကို အောင်မြင်တဲ့ သက်သေခံချက် ပေးခဲ့ကြတယ်။ သူတို့ အဖမ်းခံရပြီးတဲ့နောက် ရဲတွေက ဘယ်လိုပဲ ညှဉ်းဆဲနှိပ်စက်ပါစေ၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒလုပ်မယ့်အစား သူတို့ အသေခံကြမှာပဲ။ ဒါပေမဲ့ ကျွန်မကတော့ အဖမ်းမခံရခင်ကတည်းက ရိုက်သတ်ခံရမှာကို ကြောက်ပြီး လိပ်လို ခေါင်းဝှက်ပြီးတော့ ကိုယ့်တာဝန်ကို မထမ်းဆောင်ရဲခဲ့ဘူး။ အဲဒီမှာ ဘာသက်သေခံချက် ရှိလို့လဲ။ တွေးလေလေ၊ ကျွန်မ ပိုနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေပဲ။ မျက်နှာတောင် မဖော်ရဲလောက်အောင် ရှက်မိတယ်၊ ပြီးတော့ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလွန်းလို့၊ လူ့သဘာဝ ကင်းမဲ့လွန်းလို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းဖို့အတွက် သမီး ကိုယ့်အသက်ဘေးကင်းဖို့လောက်ပဲ ကြိုးစားခဲ့မိပါတယ်။ သမီးက သနားစရာကောင်းတဲ့ ဘဝနဲ့ အသက်ရှင်နေပြီး ကိုယ်တော့်အပေါ် သစ္စာစောင့်သိမှု၊ ကျိုးနွံနာခံမှု လုံးဝ မပြခဲ့ပါဘူး။ သမီး အဖမ်းခံရမယ်၊ မခံရဘူးဆိုတာ ကိုယ်တော်ပဲ အဆုံးအဖြတ်ပေးတာပါ။ သမီးကိုယ်သမီး ကိုယ်တော့်လက်ထဲ လုံးဝ ပုံအပ်ထားချင်ပါပြီ၊ သေခြင်းကို ကြောက်တဲ့စိတ်ရဲ့ ဘောင်ခတ်တာကို မခံချင်တော့ပါဘူး။ ပြဿနာတွေကို တကယ်ဖြေရှင်းဖို့နဲ့ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့ အသင်းတော်တွေကို သမီး သွားချင်စိတ်ရှိပါတယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ စိတ်ထဲ အများကြီး သက်သာရာရပြီး ပေါ့ပါးသွားတယ်။
နောက်ပိုင်းမှာ အသင်းတော်တစ်ခုကို ကျွန်မ သွားတယ်။ ကျွန်မ မေးမြန်းစုံစမ်းကြည့်တော့ အသင်းတော် ခေါင်းဆောင်တွေက ညီအစ်ကို မောင်နှမတွေ ဧဝံဂေလိ ဟောပြောရင် အဖမ်းခံရမှာ၊ ပြီးတော့ သူတို့ တာဝန်ယူရမှာကို ကြောက်နေကြပြီး၊ ဒါကြောင့် အလုပ်အခြေအနေကို လိုက်ကြည့်ရာမှာ သူတို့ အရမ်းကို စိတ်မပါ့တပါနဲ့ လုပ်နေကြတယ်ဆိုတာကို တွေ့လိုက်ရတယ်။ ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ အတူတူ စားသောက်ပြီး မိတ်သဟာယပြုကြတယ်။ တာဝန်ယူရမှာ ကြောက်တာ၊ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်တာတွေက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားရဲ့ ချုပ်ကိုင်မှုကနေ အရင်းခံမှန်း အသင်းတော် ခေါင်းဆောင်တွေ နားလည်သွားကြပြီး သူတို့ အခြေအနေကို ပြောင်းလဲချင်ကြတယ်။ အဲဒီနောက်မှာ ဧဝံဂေလိအလုပ်က ပြဿနာတွေကို မိတ်သဟာယပြုပြီး ဖြေရှင်းဖို့အတွက် အဖွဲ့ခေါင်းဆောင်တွေ၊ သင်းထောက်တွေ၊ ဧဝံဂေလိအမှုဆောင်တွေနဲ့ သူတို့ စပြီး တွေ့ဆုံကြတယ်။ ကျွန်မတို့ အတူတူ ပူးပေါင်းဆောင်ရွက်ကြပြီး အသင်းတော်ရဲ့ အလုပ်က တဖြည်းဖြည်း တိုးတက်တဲ့ အရိပ်လက္ခဏာတွေ ပြလာတယ်။ ကျွန်မကို ထုတ်ဖော်ပြသပြီး ကယ်တင်ခဲ့တဲ့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မရဲ့ စိတ်နှလုံးထဲကနေ ကျေးဇူးတင်မိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၂၀၁၉ နိုဝင်ဘာလတုန်းကပါ။ ကျွန်မက အစ်မကျိုးနဲ့အတူ ခေါင်းဆောင်ပိုင်းတာဝန်တွေ လုပ်နေတာ။ အလုပ်ကို ပိုကောင်းအောင်၊ ပိုပြီး ထိထိရောက်ရောက်...
ဘုရားသခင်ကို ကျွန်မ ယုံကြည်သက်ဝင်ပြီး တစ်နှစ်ကျော်ကြာတော့ အသင်းတော်မှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယီပင်းက...
ကျန်းလင် ဂျပန်နိုင်ငံ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက...
ဆိုက်လီ၊ တရုတ်ပြည်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ဒေသခေါင်းဆောင်က ကျွန်မဆီ စာရေးပြီး ရေလောင်းအဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူခိုင်းခဲ့တယ်။ ကျွန်မ...