၂၂။ ပြဿနာများကို တိုင်ကြားရန် အဘယ်ကြောင့် ကျွန်ုပ် စိုးရွံ့ပါသနည်း

29.04.2024

၂၀၁၁ ခုနှစ်မှာ၊ ဧဝံဂေလိ သင်းထောက်အနေနဲ့ အစေခံနေတုန်း၊ ကျွန်မရဲ့ ခေါင်းဆောင် ကျန်းမင်းက မကြာခဏ အယူဝါဒတွေ ပြောပြီး ကြွားတာကို သတိထားမိခဲ့တယ်။ ဒါက ညီအစ်ကိုမောင်နှမတွေရော၊ သူ့အတွက်ပါ ထိခိုက်နစ်နာစေတာ ကျွန်မသိတယ်။ ဒါကြောင့် မြင်တဲ့အတိုင်း သူ့ကို ပြဿနာ ထောက်ပြခဲ့တယ်။ အံ့ဩစရာက၊ တစ်ပတ်အကြာမှာပဲ သူ ကျွန်မကို လူစားလဲလိုက်တယ်။ ပြီးတော့ ကျွန်မက အဆင့်အတန်းအတွက် သူနဲ့ ပြိုင်လို့ဖြစ်တာလို့ ညီအစ်ကို မောင်နှမတွေကို ပြောခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျန်းမင်းက အန္တိခရစ်အနေနဲ့ ဖော်ထုတ်ခံရပြီး ဆိုးယုတ်မှုမျိုးစုံလုပ်ပြီး နောင်တရဖို့ မကြိုးစားဘဲ လူတွေကို တိုက်ခိုက်၊ လက်စားချေတဲ့အတွက် အထုတ်ခံခဲ့ရတယ်။ အဲဒီနောက်မှာမှ ကျွန်မတာဝန်ကို ပြန်ထမ်းဆောင်ခွင့်ရခဲ့တယ်။ အဲဒါကို ဖြတ်သန်းပြီးတဲ့နောက်မှာ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ “ငါ့နှုတ်ကထွက်တာကို ငါ စောင့်စည်းရမယ်။ စကားလျှော့ပြော၊ အလုပ်ပိုလုပ်ပြီး၊ တခြားလူတွေရဲ့ ကိစ္စတွေမှာ မစွက်ဖက်ရဘူး။ အရင်လို ကိုယ့်စိတ်ထဲရှိသမျှကို လုံးဝ ပြောလို့မဖြစ်ဘူး။ ငါ့အနေနဲ့ အန္တိခရစ်နောက်တစ်ယောက်ကို ရင်ဆိုင်ရပြီး၊ သူ့ကို မတော်တဆ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိလို့ ဖိနှိပ်ခံရပြီး အစားထိုးခံလိုက်ရရင်၊ ငါ့တာဝန်ကို ထပ်ဖြည့်ဆည်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒါဆိုရင် ကယ်တင်ခြင်းရဖို့ ငါ ဘာအခွင့်အရေး ရှိမှာလဲ။” အဲဒီနောက်မှာ၊ တခြားလူတွေနဲ့ ဆက်ဆံရာမှာ ကျွန်မ အရမ်းသတိထားပြီး ချင့်ချိန်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ လျူရှောင်နဲ့ ကျွန်မ တွဲဖက်ရတယ်။ စုဝေးပွဲတွေအတွင်းမှာ လျူရှောင်က ပြဿနာအတော်များများကို ဖြေရှင်းနှင့်ပြီးသလိုမျိုး၊ အရမ်းကောင်းတဲ့ ဝိညာဉ်ရင့်ကျက်မှု ရှိနှင့်ပြီးသလိုမျိုး သူ့ဝင်ရောက်မှုရဲ့ အပြုသဘော သွင်ပြင်လက္ခဏာတွေကိုပဲ မိတ်သဟာယပြုတာ သတိထားမိတယ်။ သူ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုနဲ့ဆိုင်တဲ့ အသိကို လေ့လာဆွေးနွေးတာ၊ ပြသတာကို တစ်ခါမှ မကြာဖူးဘူး။ ကျွန်မ သူ့ကို မပြောဘဲ မနေနိုင်ခဲ့ဘူး။ “ကျွန်မတို့ အချင်းချင်း သိတာ အတော်ကြာပြီဆိုပေမဲ့ အစ်မရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိကို ဆွေးနွေးတာ ကျွန်မ တစ်ခါမှ မကြားဖူးဘူး”လို့ပေါ့။ အံ့ဩစရာက၊ လျူရှောင်ဟာ အရမ်းစိတ်ဆိုးလာပြီး မျက်နှာအမူအရာ တင်းလာတယ်။ သူက မျက်နှာထားတင်းတင်းနဲ့ ပြန်ဖြေတယ်။ “ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိပဲ ရှိလို့မရဘူး။ စိတ်သဘောထား ပြောင်းလဲမှုမရှိရင် ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိအားလုံးက အသုံးမဝင်ဘူး။ ဒီခေတ်မှာ ကိုယ့်ကိုယ်ကိုယ် အသိကို ဘယ်သူမပြောနိုင်ဘဲရှိလို့လဲ။ သူတို့ထဲက တစ်ယောက်ယောက်က ပြောင်းလဲသွားပြီလား”တဲ့။ ဒီအရာကနေ၊ သူ့ရဲ့ သိနားလည်မှုက ကျွန်မအတွက်တော့ မူမမှန်ဘူးလို့ ထင်ရတယ်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုအတွက် အဓိကအချက်က ကိုယ့်ကိုယ်ကိုယ် အသိပဲလေ။ ကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သိတဲ့အသိကင်းမဲ့ရင်၊ ရှင်ဘယ်လို ပြောင်းလဲမှာလဲ။ သူက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်မခံခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး သူ့ကိုယ်သူ မသုံးသပ်ခဲ့ဘူး။ ဘယ်လိုလုပ် သူက အဲဒီလို အဓိပ္ပာယ်မဲ့ မှတ်ချက်တွေ ပေးနိုင်ရတာလဲ။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး ကျွန်မရဲ့ သိနားလည်မှုကို သူ့ကို ပြောပြခဲ့ပေမဲ့ လက်မခံရုံမက၊ ပြန်ဝေဖန်တိုက်ခိုက်ခဲ့တယ်။ “ကိုယ့်ကိုယ်ကိုယ်သိတဲ့ အသိကို အစ်မဆွေးနွေးတာ မကြာခဏ ကြားရပေမဲ့ အစ်မပြောင်းလဲပြီးပြီလား။ အစ်မကိုယ်အစ်မသိရင်၊ ဘာလို့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်နေသေးတာလဲ”တဲ့။ သူ့မှာ မမှန်တဲ့ သိနားလည်မှုရှိပြီး သမ္မာတရားကို လက်မခံသလိုမျိုး ကျွန်မ ခံစားရတယ်။ အဲဒီနောက်မှာ၊ လျူရှောင်ရဲ့ ကျွန်မအပေါ် သဘောထားက ပြောင်းသွားတယ်။ ကျွန်မကို လျစ်လျူရှုပြီး၊ စကားမပြောသလောက်ဖြစ်သွားတယ်။ အဲဒါတွေအားလုံး ကျွန်မကို အတော် စိတ်ကျဉ်းကျပ်စေတယ်။ လျူရှောင်မှာ မမှန်တဲ့ သိနားလည်မှုရှိပြီး တခြားလူတွေရဲ့ အကြံတွေကို လက်မခံတာ မြင်ရတော့၊ သူက ကြီးကြပ်ရေးမှူးဖြစ်ဖို့ မသင့်တော်ဘူးလို့ ကျွန်မ တွေးခဲ့ပြီး၊ သူ့ကိစ္စကို ခေါင်းဆောင်ဆီ တိုင်ကြားဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “လျူရှောင်က ဝါရင့်ယုံကြည်သူတစ်ယောက်ဖြစ်ပြီး တစ်လျှောက်လုံး ဧဝံဂေလိ ဖြန့်နေခဲ့တာဖြစ်သလို၊ ငါတို့ ခေါင်းဆောင်ကလည်း သူ့ကို အရမ်းအထင်ကြီးတယ်။ ငါက ဒီတာဝန်မှာ စရုံပဲရှိသေးတယ်။ လျူရှောင်ရဲ့ ကိစ္စကို တိုင်ကြားလိုက်ရင်၊ ခေါင်းဆောင်က ငါ့ကို ဘာထင်မလဲ။ လျူရှောင်ကို ငါ မနာလိုဖြစ်ပြီး အပြစ်မရှိအပြစ်ရှာနေတယ်လို့ ပြောမလား။ မေ့လိုက်ပါ၊ ပြဿနာနည်းလေ ကောင်းလေပဲ။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာပိုကောင်းမယ်။ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ ကင်းမဲ့ပြီး မမှန်တဲ့ သိနားလည်မှုက သူ့ ပြဿနာပဲ။ ငါနဲ့ ဘာမှမဆိုင်ပါဘူး။ ရှေ့ဆက်ပြီးတော့ သူ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုအကြောင်း ငါ ဆွေးနွေးတာကိုပဲ ရှောင်လိုက်မယ်။ အဲဒီလိုနဲ့ ငါ့ရဲ့ အပြစ်တွေကို သူ ပြောပြီး ငါ့ကို ဒုက္ခရောက်အောင် မလုပ်နိုင်ဘူးလေ။”

နောက်ပိုင်းမှာ၊ စီစီပီက ယုံကြည်သူတွေအပေါ် ကြီးမားတဲ့ ပူးပေါင်းနှိမ်နင်းမှုတစ်ခု စတင်ခဲ့ပြီး၊ လျူရှောင်က ကြောက်ပြီး တွန့်ဆုတ်နေလို့ ဧဝံဂေလိ ဖြန့်တာကို ရပ်လိုက်တယ်။ ရက်နည်းနည်းအကြာမှာ၊ ကျွန်မတို့ ခေါင်းဆောင်က ဧဝံဂေလိအလုပ်မှာ တိုးတက်မှုနဲ့ပတ်သက်လို့ ကျွန်မတို့ကို စာရေးမေးပြီး၊ ဘေးကင်းသရွေ့ ဧဝံဂေလိကို အစွမ်းကုန် ဆက်ဖြန့်ဖို့ ကျွန်မတို့ကို တိုက်တွန်းတယ်။ လျူရှောင်က၊ “ခုချိန်မှာ အန္တရာယ်များတဲ့ အခြေအနေပဲ။ ဧဝံဂေလိ ဖြန့်နေတုန်း အဖမ်းခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။ ဒီအတွက် ကျွန်မတို့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်က စဉ်းစားစရာဖြစ်နေပြီ။ ဒုက္ခပေးတဲ့ ဆုံးဖြတ်ချက်တွေ သူ ချတာ ဒါ ပထမဆုံး အကြိမ်မဟုတ်ဘူး”တဲ့။ လျူရှောင်ရဲ့ ဝေဖန်မှုက ခေါင်းဆောင်အပေါ် ကျွန်မရဲ့ သဘောထားကိုလည်း လွှမ်းမိုးခဲ့တယ်။ ကျွန်မက၊ “ဧဝံဂေလိ ဖြန့်နေတုန်း တစ်ယောက်ယောက် အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူက တာဝန်ယူမှာလဲ။ ငါတို့ ခဏ ရပ်သင့်တယ်ထင်တယ်”လို့ တွေးမိတယ်။ အဲဒီလိုနဲ့ပဲ၊ ဧဝံဂေလိအလုပ်က တစ်လလုံးလုံး ရပ်သွားခဲ့တယ်။ ဧဝံဂေလိအလုပ်ရဲ့ အရေးပါမှုကို အလေးပေးထားပြီး ဧဝံဂေလိအလုပ်က ဘုရားရဲ့ စေခိုင်းချက်တာဝန်မို့လို့ လုံးဝ ရပ်လို့မဖြစ်ကြောင်း အသားပေးပြောထားတဲ့ နောက်ထပ် စာတစ်စောင်ကို ခေါင်းဆောင်က ကျွန်မတို့ဆီ ရေးတယ်။ ဒီလို ခက်ခဲတဲ့ အခြေအနေတွေမှာတောင် နီးစပ်တဲ့ ရင်းနှီးတဲ့လူတွေ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေဆီ ဧဝံဂေလိ ဖြန့်ဖို့ ဖြစ်နိုင်သေးတယ်လေ။ ဧဝံဂေလိအလုပ်ကို ရပ်ရတဲ့ အကြောင်းရင်းကိုလည်း ခေါင်းဆောင်က မေးတယ်။ စာကို ဖတ်လိုက်တဲ့အခါ၊ ကျွန်မတို့ရဲ့ လက်တွေ့လုပ်ဆောင်မှုမှာ လမ်းချော်ထွက်သွားပြီမှန်း ကျွန်မ နားလည်လိုက်တယ်။ ဒါပေမဲ့ လျူရှောင်ဆီ စာကို ပြတော့၊ သူက စိတ်မဝင်စားတဲ့ပုံဖြစ်ပြီး နည်းနည်းမှ မပူပန်ခဲ့သလို၊ ကျွန်မတို့ရဲ့ အမှားတွေကို ပြင်ဖို့ ရည်ရွယ်ချက်လည်း သူ့မှာမရှိဘူး။ လျူရှောင်ရဲ့ သဘောထားကို လေ့လာမိတော့၊ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “သူ ဧဝံဂေလိ မဖြန့်ရင်၊ ငါ ကိုယ်တိုင် သွားမယ်”လို့ပေါ့။ အဲဒါနဲ့ ကျွန်မသွားပြီး ကျွန်မတို့အမှားတွေကို ပြင်ဖို့နဲ့ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုခဲ့တယ်။ လျူရှောင်က တစ်နေ့လုံး သူ့အခန်းထဲမှာပဲ ရှိနေခဲ့ပြီး၊ ဧဝံဂေလိအလုပ်ကို တကယ် လုံးဝ မစစ်ဆေးခဲ့ဘူး။ တစ်ခါတလေ တီဗီကို နာရီနဲ့ချီတောင် မနားတမ်းကြည့်တယ်။ ဒါကို သူ့ဆီ ကျွန်မ တကယ်ထောက်ပြချင်ခဲ့ပေမဲ့၊ သူ့ကို ပြီးခဲ့တဲ့အခေါက်က ကျွန်မ အကြံပေးခဲ့ပြီး၊ သူက လက်မခံရုံမက၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြတာကို ကျွန်မအပေါ် နိုင်ကွက်လို သုံးပြီး နောက်ပိုင်းမှာ ကျွန်မကို လျစ်လျူရှုခဲ့ပုံကို တွေးမိတော့၊ ကျွန်မ ချီတုံချတုံဖြစ်လာတယ်။ “သူ့ ပြဿနာတွေကို ထပ်ပြီး ငါ ထောက်ပြရင်၊ သူ ဘယ်လို ပြန်ငြင်းမယ်ဆိုတာ ဘယ်သူသိမလဲ။ သူ့ကို ငါ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိလို့ ငါ့ကို အဖက်မလုပ်ရင် သူနဲ့ ရင်ဆိုင်ဆက်ဆံဖို့က တော်တော် စိတ်ဆင်းရဲရမှာပဲ။ မေ့လိုက်ပါ။ ကိုယ့်ပါးစပ်ကို ပိတ်ထားပြီး ကိုယ့်ကိစ္စတွေကိုပဲ လုပ်လိုက်တော့မယ်” လို့ပေါ့။ နောက်ပိုင်းမှာ၊ တခြားအသင်းတော်တွေက ညီအစ်ကို မောင်နှမတွေ ဧဝံဂေလိဖြန့်ဝေနေပုံနဲ့ သူတို့ ဘာရလဒ်တွေ ရတယ်ဆိုတာတွေကို ခေါင်းဆောင်က ကျွန်မတို့နဲ့အတူ မိတ်သဟာယပြုတယ်။ ကျွန်မ စိတ်ထဲအတော်လေး အပြစ်တင်ခံရသလိုခံစားရတယ်။ ဒါတွေက စမ်းသပ်နေတဲ့ ကာလတွေဆိုပေမဲ့ တခြားအသင်းတာ်တွေက ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိ ဖြန့်ရာမှာ မဆုတ်မနစ်လုံ့လထုတ်နေကြတုန်းပဲလေ။ အဲဒီအတောအတွင်းမှာ၊ ကျွန်မတို့ အသင်းတော်က ဧဝံဂေလိအလုပ်ကို လုံးဝ ရပ်ပြီး ရလဒ်တစ်ခုမှ မရခဲ့ဘူး။ ကျွန်မ ခေါင်းဆောင်ဆီ စာရေးပြီး၊ လျူရှောင်ရဲ့ အပြုအမူနဲ့ လတ်တလော ဧဝံဂေလိ အလုပ်ရဲ့ အခြေအနေကို တကယ်ပြောပြချင်ခဲ့ပေမဲ့၊ ရေးဖို့ ဖောင်တိန်ကောက်ကိုင်တဲ့အခါတိုင်း အဲဒီအန္တိခရစ်ရဲ့ ရှုတ်ချ၊ ဖိနှိပ်တာခံရတာ ဘယ်လောက်ဆိုးမှန်း တွေးမိခဲ့ပြီးတော့ ချီတုံချတုံဖြစ်မိရော။ “လျူရှောင်ရဲ့ ပြဿနာကို ငါ တိုင်ရင်၊ ခေါင်းဆောင်က ငါ့ကို ယုံပါ့မလား။ သူ မယုံဘဲ ငါ့ အခြေအနေကို စစ်ဆေးမေးမြန်းရင်၊ အဲဒါ ငါ့အတွက် ပိုပြီး ဒုက္ခဖြစ်ရုံပဲရှိမှာ မဟုတ်လား။ ဒါ့အပြင်၊ ငါက ခေါင်းဆောင်နဲ့ မရင်းနှီးဘူး။ သူက အန္တိခရစ်တစ်ယောက် ဖြစ်နေရင်၊ ပြဿနာတွေကို မျှမျှတတ မဖြေရှင်းနိုင်ဘဲ ငါ့ကို ဖိနှိပ်ရင် ဘယ်လိုလုပ်မလဲ။ ခုချိန် ငါ့တာဝန်မှာ တည်ငြိမ်အေးချမ်းခံစားရပုံက အဆင်ပြေတယ်။ ဒီပြဿနာကို တိုင်ပြီး ကိုယ့်ဒုက္ခကိုယ် မရှာချင်ပါဘူးလေ”လို့ပေါ့။ ဒါကို သဘောပေါက်တော့၊ ကျွန်မ ဆက်နုတ်ဆိတ်နေဖို့ ထပ်ရွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့အလုပ်မှာ မကောင်းတဲ့ရလဒ်တွေ ဆက်ရနေတာ မြင်ရတော့ ကျွန်မ တကယ်ကို သောကရောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ကျွန်မ စိတ်ဓာတ်ကျပြီး စိတ်ဒုက္ခရောက်ခဲ့တယ်။ အဲဒီအခြေအနေကို ဘယ်လိုတွေ့ကြုံရမှန်း မသိခဲ့ဘူး။ ဒါကြောင့် အဲဒီအခြေအနေကို ဘယ်လိုတွေ့ကြုံရမယ်ဆိုတာ နားလည်အောင် လမ်းပြပြီး ကူညီဖို့ ဘုရားဆီ အသနားခံဆုတောင်းခဲ့တယ်။

တစ်နေ့တော့၊ ကျွန်မရဲ့ ထုံထိုင်းတဲ့ စိတ်နှလုံးကို လှုံ့ဆော်ပေးတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို အမှတ်မထင်တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့သည် မည်သည့် တာဝန်ကို ထမ်းဆောင်နေပါစေ မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူသည့် လူအချို့လည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုလည်း ၎င်းတို့၏ အထက်လူကြီးများထံ ချက်ချင်း မတိုင်ကြားကြပေ။ လူများက အနှောင့်အယှက်ဖြစ်စေခြင်းနှင့် အစီအစဉ်ပျက်စေခြင်းများ ဖြစ်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ လျစ်လျူရှုကြသည်။ ကောက်ကျစ်သည့် လူများက မကောင်းမှုပြုနေသည်ကို ၎င်းတို့မြင်သည့်အခါတွင်၊ ထိုလူများကို ၎င်းတို့ တားဆီးဖို့ မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ကြသကဲ့သို့၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားတို့က အဘယ်အရာ ဖြစ်သည်ကိုလည်း မထည့်တွက်ကြချေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ ဤကဲ့သို့သော လူများသည် တကယ့်အလုပ် တစ်ခုမျှ မလုပ်ကြပေ။ ၎င်းတို့သည် သက်သောင့်သက်သာရှိခြင်းအတွက် လောဘကြီးသော ‘မှန်ပါ့သမားများ’ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဝင့်ဝါမှု၊ သိက္ခာ၊ ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားတို့အတွက်သာ ပြောဆို၊ ပြုမူကြပြီး၊ ၎င်းတို့အတွက် အကျိုးရှိသည့် အရာများအတွက် ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို ပေးအပ်မြှုပ်နှံရန်သာ အလိုရှိကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်)သင်သည် သင်၏ အသက်တာ၌ စွပ်စွဲသည့်အသိစိတ် မကြာခဏရှိပါက၊ သင်၏ စိတ်နှလုံးသည် အနားမရနိုင်ပါက၊ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပါက၊ ပြီးလျှင် ကိစ္စအမျိုးစုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သောကရောက်ခြင်းတို့၏ မကြာခဏ ဖိစီးခြင်းခံရပါက ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း၊ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာမရပ်တည်ကြောင်းကို ဖော်ပြရုံမျှသာတည်း။ သင်သည် စာတန်၏ စိတ်သဘောထား အလယ်တွင် အသက်ရှင်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြာခဏပျက်ကွက်နိုင်ခြေရှိပြီး သမ္မာတရားကို ကျောခိုင်းဖို့၊ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ဖို့ ဖြစ်နိုင်ခြေရှိလေသည်။ သင်သည် သင်၏ပုံရိပ်၊ သင်၏နာမည်နှင့် ဂုဏ်အဆင့်အတန်း၊ ပြီးလျှင် သင်၏အကျိုးစီးပွားများကိုသာ ထိန်းသိမ်းသည်။ သင့်အတွက်သာ အစဉ် အသက်ရှင်ခြင်းက သင့်အား အစဉ် ကြီးစွာသော နာကျင်မှုဖြစ်စေသည်။ သင်သည် အလွန်များစွာသော တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများ၊ အရှုပ်အယှက်များ၊ သံယောဇဉ်များ၊ ဒွိဟများနှင့် ဒုက္ခများစွာတို့ သင့်ထံတွင် ရှိသည်မှာ သင်၌ အနည်းဆုံးသော ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းတို့မရှိချေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခခံစားရခြင်း ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ကျွန်မ အတော်လိပ်ပြာမလုံဖြစ်သွားတယ်။ ခေါင်းဆောင်ဆီ လျူရှောင်ရဲ့ ပြဿနာကို မတိုင်ရဲခဲ့တဲ့ အကြောင်းရင်းက ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလို့ဖြစ်မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မတာဝန်ကို အေးအေးချမ်းချမ်း လုပ်ဖို့ပဲ ဆန္ဒရှိရင်းနဲ့၊ တခြားလူတွေကို စိတ်အနှောင့်အယှက်ပေးတာ၊ ကိုယ့်ဒုက္ခကိုယ် ရှာတာတွေ ရှောင်ရင်းနဲ့ ကိုယ်ကျိုးစီးပွားတွေကိုပဲ စဉ်းစားခဲ့တယ်။ လျူရှောင်မှာ မမှန်တဲ့ သိနားလည်မှုရှိပြီး သမ္မာတရားကို လက်မခံခဲ့မှန်း တွေ့တာနဲ့ သူ့ကို ခေါင်းဆောင်ဆီ တိုင်ချင်ခဲ့ပေမဲ့ ခေါင်းဆောင်က ကျွန်မကို အထင်လွဲပြီး ကျွန်မက လျူရှောင်ကို မနာလိုဖြစ်ပြီးတော့ သူ့ကို တိုက်ခိုက်ဖို့ သူ့အပြစ်တွေကို အမိအရ အသုံးချတယ်လို့ ထင်မှာ စိုးခဲ့တယ်။ အဲဒီလိုနဲ့၊ ကျွန်မ ဆက်နှုတ်ဆိတ်ခဲ့တယ်။ သူက ဧဝံဂေလိဖြန့်တာ ရပ်လိုက်တာ၊ တစ်နေ့လုံး အိမ်မှာ တီဗီကြည့်တာ၊ သူ့အလုပ်မှာ စိတ်မဝင်စားသလို၊ သူ့အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေကိုပဲ မွေ့လျော်နေတာမြင်တဲ့အခါ သူ့ကို ခေါင်းဆောင်ဆီ ချက်ချင်း တိုင်ခဲ့သင့်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်မရွေးခဲ့ပြီး၊ အသင်းတော်ရဲ့ အလုပ်အကျိုးစီးပွားတွေကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ဧဝံဂေလိအလုပ်မှာ ကျွန်မတို့ရဲ့ ရလဒ်တွေ ညံ့ပုံကိုမြင်တာတောင်၊ ကျွန်မ နှုတ်ဆိတ်နေခဲ့ပြီး၊ ဘယ်လိုပဲလိပ်ပြာမလုံဖြစ်ပါစေ၊ တကယ်ဖြစ်နေတဲ့ အရာကို ဒီအတိုင်း မတိုင်ဘဲနေခဲ့တယ်။ ကျွန်မ ဆက်ပြီး နှုတ်ပိတ်နေခဲ့တယ်။ ကျွန်မ တကယ် တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ပြီး လူ့သဘာဝမဲ့ခဲ့တယ်။ ဘုရားကို အကြွေးတင်သလို ခံစားရပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ အဲဒါက အလုပ်တိုးတက်မှုမှာ အတော်ကြာ နှောင့်နှေးမှု ဖြစ်စေခဲ့တာလေ။

ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကို အမှတ်မထင် တွေ့မိတယ်။ “မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအား အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် မိမိ၏တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင် မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ယင်းမှာ မိမိ၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် အသင်းတော် အလုပ်တို့ကို စဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု၊ သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ သဘောထားသည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ခုအဖြစ်သို့ ပိုင်းခြားလိုက်ပြီး ညှိနှိုင်းမှုအချို့ ပြုလုပ်သည့်အခါ အနည်းငယ် ပိုမို လွယ်ကူလာသည်ဟု သင်တို့ မခံစားရသလော။ ခဏတာ ဤအရာကို သင်လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ထိုမျှ ခက်ခဲသည့်အရာမဟုတ်ဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားသင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အလေးထားမှု ရှိသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးသင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင် ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး၊ သို့မဟုတ် ဆိုးညစ်သောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်သည်။ စက်ဆုပ်ဖွယ်‌ကောင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းတို့ထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့်ပုံဖြစ်ပြီး ထိုလူ အသက်ရှင်နေထိုင်သင့်သည် ပုံရိပ်တစ်ခုဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ညွှန်ပြခဲ့တယ်။ အသင်းတော်အလုပ်နဲ့ တစ်ကိုယ်ရေ အကျိုးစီးပွားတွေကြား ရွေးချယ်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အသင်းတော်အလုပ်ကို အမြဲ ဦးစားပေးသင့်တယ်။ အရေးအကြီးဆုံးကတော့ ပထမဆုံး အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ပဲ။ ဒါက ကျွန်မတို့ ဖြည့်ဆည်းရမဲ့ ခေါင်းရှောင်လို့မရတဲ့ တာဝန်တစ်ခုပဲ။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ပြီး ဂရုမစိုက်သလိုနဲ့ ငုတ်တုတ်ကြည့်နေတာကို ရပ်ရမယ်။ အလုပ်မှာရှိတဲ့ ကျွန်မတို့ ပြဿနာကို ခေါင်းဆောင်ဆီ ချက်ချင်း အကြောင်းကြားရမယ်။ လျူရှောင်ရဲ့ အပြုအမူနဲ့ပတ်သက်လို့ ပြဿနာတစ်ခု တကယ်ရှိရင်၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အဲဒါကို ချက်ချင်း ဖြေရှင်းပြီး အလုပ်မှာ နှောင့်နှေးမှုတစ်ခုခုကို ရှောင်နိုင်တယ်။ တချို့ကိစ္စတွေနဲ့ပတ်သက်လို့ မှားတဲ့ သိနားလည်မှုရှိခဲ့ရင်၊ ရှာဖွေခြင်းနဲ့ ကျွန်မရဲ့ ချို့တဲ့မှုတွေကို တိုးတက်အောင် လုပ်လို့ရတယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာက ဒါတွေထက် ပိုအရေးမကြီးပါဘူး။ ဒါကို သဘောပေါက်တော့၊ ကျွန်မ နည်းနည်း ပိုလွတ်မြောက်သွားပြီး၊ လျူရှောင်ရဲ့ အခြေအနေ အသေးစိတ်ကို ခေါင်းဆောင်ဆီ ပေးခဲ့တယ်။ ဒါပေမဲ့ နှစ်ပတ်လုံးလုံး ကြာပြီးတဲ့နောက်မှာ၊ ဘာတုံ့ပြန်မှုမှ လုပ်တာကို မမြင်ရသေးဘူး။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ခေါင်းဆောင်က ဒီပြဿနာတွေနဲ့ပတ်သက်လို့ ငါ့တိုင်ကြားချက်ကို အလေးအနက်ထားရဲ့လား။ ဒီပြဿနာတွေကို သူဘာလို့ လာမဖြေရှင်းပေးသေးတာလဲ။ လျူရှောင်ရဲ့ အပြုအမူနဲ့ပတ်သက်လို့ ဘာပြဿနာမှ မရှိသလို၊ ငါက မမှန်တဲ့ တိုင်ကြားချက်လုပ်တယ်လို့ သူ ထင်တာလား”လို့ပေါ့။ ကျွန်မ အရမ်း စိတ်ဖိစီးပြီး၊ တခြားခေါင်းဆောင်ဆီ ပြဿနာတွေကို တိုင်ကြားလိုက်ချင်ခဲ့ပေမဲ့၊ နောက်တော့ တွေးမိတယ်၊ “အင်းလေ၊ ပြဿနာကို ခေါင်းဆောင်တစ်ယောက်ဆီ တိုင်ကြားပြီးပြီဖြစ်လို့ ငါ့တာဝန် ပြီးပြီပဲ။ ငါ အာမချောင်သင့်ဘူး။ မဟုတ်လို့၊ ငါ ဂရုမစိုက်ရင်၊ တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှက်ပေးမိပြီး ဖိနှိပ်၊ အပြစ်ပေးခံရနိုင်တယ်”လို့ပေါ့။ ဒီကိစ္စကို ကျွန်မ နောက်ထပ် မစစ်ဆေးချင်တော့ဘူး။ ဒါပေမဲ့ အတော့်ကို လိပ်ပြာမလုံဖြစ်နေတုန်းပဲ။ ကိုယ့်ဘာသာတွေးမိတယ်။ “သမ္မာတရားကို ရှာဖွေပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ ဒီကိစ္စတွေကို ငါ တိုင်နေတာလေ၊ ဘယ်သူ့အတွက်မှ ခက်ခဲအောင် လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ဘုရားက အရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတာ မို့လို့ ဘာကို စိုးရိမ်ရမှာလဲ။ ငါ့ ပါးစပ်က အာစေးထည့်ထားသလိုမျိုး ဘာလို့ ပြဿနာတွေ တိုင်ဖို့ဆိုရင် ငါ အမြဲကို အရမ်းသတိထားပြီး မပြတ်မသားဖြစ်နေရတာလဲ”လို့ပေါ့။ ရှာဖွေ၊ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။ ကျွန်မရဲ့ ပြဿနာတွေကို နားလည်အောင်၊ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်အောင် လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် သိစေတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို အမှတ်မထင်တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်ကဲ့သို့သော ဤလူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် စိတ်သဘောထားကို အယူအဆများ၊ စိန်ခေါ်မှုများ၊ အတိုက်အခံများဖြင့် အစဉ် ဆက်ဆံကြသည်။ ၎င်းတို့က ‘ဘုရားသခင်က ဖြောင့်မတ်တယ်ဆိုတာ သဘောတရားတစ်ခုသာဖြစ်တယ်။ ဒီလောကမှာ ဖြောင့်မတ်ခြင်းဆိုတဲ့အရာတစ်ခု အမှန်တကယ် ရှိလို့လား။ ငါ့ဘဝရဲ့ နှစ်တွေအားလုံးမှာ ဒါကို တစ်ကြိမ်မှ မတွေ့၊ မမြင်ဖူးဘူး။ လောကကြီးက အရမ်းမှောင်မိုက်ပြီး ဆိုးယုတ်တယ်။ မကောင်းတဲ့လူတွေ၊ နတ်ဆိုးတွေက အတော်လေး အဆင်ပြေနေကြတယ်။ အားရကျေနပ်ပြီး အသက်ရှင်နေကြတယ်။ သူတို့နဲ့ ထိုက်တန်တာကို ရသွားတာ မမြင်ဖူးဘူး။ ဒါနဲ့ပတ်သက်လို့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းက ဘယ်မှာရှိသလဲဆိုတာ ငါ မမြင်နိုင်ဘူး။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းက ရှိတောင်ရှိရဲ့လားဆိုတာ ငါ တွေးမိတယ်။ ဘယ်သူ မြင်ဖူးလဲ။ ဘယ်သူကမှ မမြင်ဖူးဘူး။ ဘယ်သူမှ ဒါကို သက်သေမပြနိုင်ဘူး’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့ဘာသာ စဉ်းစားသောအရာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဆိုသည့် ယုံကြည်မှု၏ အခြေခံအုတ်မြစ်ပေါ်ရှိ ဘုရားသခင်၏ အမှုတော်အားလုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးတို့ကို လက်မခံကြဘဲ အစဉ်သဖြင့် သံသယရှိပြီး ဝေဖန်အပြစ်တင်နေကြသည်။ အစဉ်သဖြင့် အယူအဆများနှင့် ပြည့်ကြပြီး၊ ထိုအယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ဤသည်မှာ အစဉ်သဖြင့် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည့်ပုံစံဖြစ်သည်။...သာမန်အချိန်များတွင် လူတို့က ယင်းကို မမြင်နိုင်သော်လည်း၊ တစ်စုံတစ်ခုက အန္တိခရစ်အပေါ်သို့ ကျရောက်သောအခါ သူ၏ အကျည်းတန်မှုက ပေါ်လွင်လာသည်။ ဖြူကောင်တစ်ကောင်ကဲ့သို့ပင် သူ၏ ဆူးချွန်များအားလုံးကို ထောင်မတ်လျက် မည်သည့်တာဝန်ကိုမျှ မယူလိုဘဲ မိမိကိုယ်ကို အစွမ်းကုန်ကာကွယ်ကြသည်။ ဤသည်မှာ မည်သို့သော သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု မယုံကြည်ခြင်းတစ်ခု မဟုတ်သလော။ ဘုရားသခင်သည် အရာအားလုံးကို စိစစ်သည်၊ သို့မဟုတ် ဖြောင့်မတ်သည်ဟု ၎င်းတို့က မယုံကြည်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုလိုကြသည်။ ၎င်းတို့က ‘ငါ့ကိုယ်ငါ မကာကွယ်ရင် ဘယ်သူမှ ကာကွယ်ပေးမှာမဟုတ်ဘူး။ ဘုရားကလည်း ငါ့ကို မကာကွယ်နိုင်ဘူး။ ဘုရားက ဖြောင့်မတ်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ လူတွေက ဒုက္ခရောက်တဲ့အခါ သူတို့ကို ဘုရားက တကယ် မျှမျှတတ ဆက်ဆံလို့လား။ မဖြစ်နိုင်တာ။ ဘုရားက အဲဒီလိုမလုပ်ဘူး’ ဟူ၍ ယုံကြည်ကြသည်။ ဒုက္ခ၊ သို့မဟုတ် ဖိနှိပ်မှုနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့က အကူအညီမရဟု ခံစားရပြီး ‘ဒါဆို ဘုရားက ဘယ်မှာလဲ။ လူတွေက သူ့ကို မမြင်နိုင်ဘူး၊ မထိနိုင်ဘူး။ ဘယ်သူမှ ငါ့ကို မကူညီနိုင်ဘူး။ ဘယ်သူကမှ ငါ့ကို တရားမျှတမှု ပေးပြီး ဖြစ်အောင် လုပ်မပေးနိုင်ဘူး’ ဟူ၍ ထင်ကြသည်။ မိမိကိုယ်ကို ကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ မိမိတို့ ကိုယ်ပိုင်နည်းလမ်းများနှင့်ဖြစ်သည်၊ ထိုသို့မဟုတ်လျှင် ဘာလုပ်ရမှန်း မသိဖြစ်ကြမည်၊ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ခံရမည်၊ ဘုရားအိမ်တော်သည်လည်း ဤသို့ အလားတူပင်ဖြစ်သည်ဟု ထင်ကြသည်။...၎င်းတို့သည် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ် ၎င်းတို့၏ ကိုယ်ပိုင်လိုက်စားမှုကိုသာ ဂရုစိုက်ကြသည်။ အသင်းတော်အလုပ်ကို ထိန်းသိမ်းရန်အတွက် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ မည်သူမဆိုက မကောင်းသောအရာတစ်ခုလုပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်သည်ဖြစ်စေ ထိုသူတို့ကို ဖော်ထုတ်ခြင်း၊ တိုင်ကြားခြင်းမရှိဘဲ မမြင်သကဲ့သို့ ပြုမူကြသည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများနှင့် ၎င်းတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာအပေါ် ၎င်းတို့၏ ဆက်ဆံပုံကို ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ် သိမြင်မှုတစ်ခုခုရှိသလော။ ယုံကြည်ခြင်းတစ်ခုခုရှိသလော။ မည်သည့်အရာမျှ မရှိပေ။ ဤတွင် ‘မည်သည့်အရာမျှ’ ဆိုသည်မှာ ၎င်းတို့ သတိမထားမိဟု မဆိုလိုဘဲ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မေးခွန်းထုတ်ကြသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု လက်မခံသကဲ့သို့ အသိအမှတ်လည်းမပြုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၁)) “” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ အရာအားလုံးကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှန်း အန္တိခရစ်တွေ မယုံကြည်ပုံကို ဘုရားက ဖော်ထုတ်တယ်။ ဘဝရဲ့ ကဏ္ဍအားလုံးမှာ လောကကို ကိုင်တွယ်ဖြေရှင်းတဲ့ သူတို့ကိုယ်ပိုင် အတွေးအခေါ်တွေကို လိုက်နာတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကိုယ်ပိုင်နည်းစနစ်တွေကို သုံးပြီး အရမ်းကို ကောက်ကျစ်၊ ဉာဏ်များကြတယ်။ ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်တော့၊ အန္တိခရစ်နဲ့ ကျွန်မ ဘာမှ မကွာခြားမှန်း တွေ့ခဲ့ရတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ဆိုင်တဲ့ ဘာအသိပညာမှ ကျွန်မမှာမရှိဘူး၊ ဘုရားအိမ်တော်မှာ သမ္မာတရားအုပ်စိုးမှန်း မယုံကြည်ခဲ့သလို၊ လောကရဲ့ကဏ္ဍအားလုံးကို ကိုင်တွယ်ဖြေရှင်းတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို လိုက်နာခဲ့တယ်။ ကလေးတစ်ယောက်အနေနဲ့ မိဘတွေက ကျွန်မကို မကြာခဏ သတိပေးခဲ့ကြတယ်၊ “မိုက်မဲသူရဲ့ နှုတ်က သူ့ရဲ့ပျက်စီးခြင်းဖြစ်တယ်၊ လောကမှာ သမီးရဲ့ လုပ်ရပ်တွေက စကားပြောပါစေ”တဲ့။ ကျွန်မ ကြီးပြင်းလာပြီး အလုပ်စလုပ်တဲ့နောက်မှာ၊ လူ့အဖွဲ့အစည်းမှာ အမှောင်၊ မကောင်းမှုနဲ့ မတရားမှုကို မြင်ခဲ့ပြီး၊ ပါးနပ်ပြီး ပိုင်နိုင်ဖို့နဲ့ မျက်နှာချိုသွေးပြီး မှန်မှန်ကန်ကန် စကားမပြောဖို့ သင်ယူမှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး၊ ဘဝကို အေးအေးချမ်းချမ်း နေလို့ရမယ်လို့ ယုံကြည်လာခဲ့တယ်။ “တိတ်တိတ်နေခြင်းသည်ရွှေ၊ စကားများပါက အမှားများတတ်သည်”၊ “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏။” ဆိုတာတွေလို လောကကို ကိုင်တွယ်ဖြေရှင်းတဲ့ စာတန်ရဲ့ အတွေးအခေါ်တွေက ကျွန်မ ပြုမူနေထိုင်တဲ့ စည်မျဉ်းတွေ ဖြစ်လာတယ်။ ဒီခံယူချက်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့ပြီး၊ စကားနည်းလာပြီး စကားပြောရမှာကို ဝန်လေးလာရုံမက အတော်လည်း တစ်ကိုယ်ကောင်းဆန်၊ ဂရုမစိုက်၊ ဉာဏ်များပြီး ကောက်ကျစ်ခဲ့တယ်။ အကြောင်းအရာတစ်ခုအပေါ် ထိုးထွင်းအမြင်ရှိခဲ့ရင်တောင် ကိုယ့်အမြင်ကို ချက်ချင်း မဖော်ပြခဲ့ဘူး။ ကျွန်မရဲ့ စိတ်အတွင်းထဲက အတွေးတွေကို မဝေမျှ၊ ရိုးရိုးသားသား စကားမပြောခဲ့သလို၊ မမှန်တဲ့အရာ ပြောမိမှာ၊ တစ်ယောက်ယောက်ကို စိတ်ဆိုးစေမိပြီး ကိုယ့်အတွက် ပြဿနာဖန်တီးမိမှာကို အမြဲစိုးရိမ်ခဲ့တယ်။ ယုံကြည်ချက်ရပြီးတဲ့နောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို သုံးနေတုန်းပဲ။ တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှက်ပေးပြီး ပြဿနာဖန်တီးတာကို ရှောင်ဖို့ အလုပ်ပိုလုပ်ပြီး စကားလျှော့ပြောရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ လျူရှောင်က ကြီးကြပ်ရေးမှူးအနေနဲ့ အလုပ်လုပ်ဖို့ မသင့်တော်တာကို မြင်တော့၊ ဒါကို ခေါင်းဆောင်ဆီ ချက်ချင်း သတင်းပို့သင့်မှန်း ကျွန်မ သိခဲ့ပေမဲ့၊ ကျွန်မရဲ့ခေါင်းဆောင်က ပြဿနာကို မျှမျှတတ မကိုင်တွယ်မှာ၊ ကျွန်မ ဖိနှိပ်ခံရပြီး၊ အပြစ်ပေးခံရမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆက်နှုတ်ဆိတ်ခဲ့တယ်။ ရိုးသားတာတစ်ခုမှ မပြောရဲဘဲနေခဲ့တယ်။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်၊ ဉာဏ်များ၊ ကောက်ကျစ်ပြီး တရားမျှတစိတ် နည်းနည်းမှတောင် ရှိမနေခဲ့ဘူး။ စက်ဆုပ်စရာဖြစ်ပြီး ယုတ်ညံ့တဲ့ ပုံစံနဲ့ အသက်ရှင်နေခဲ့တယ်။ တကယ်တော့၊ ခေါင်းဆောင်တစ်ယောက်ဆီ အကြံပေးတဲ့နောက်မှာ ကျွန်မ ဖိနှိပ်ခံရပြီးအစားထိုးခံခဲ့ရတဲ့ အဖြစ်ရှိခဲ့ပေမဲ့၊ အဲဒီခေါင်းဆောင်ကပဲ မကြာခင်မှာ အန္တိခရစ်အနေနဲ့ ဖော်ထုတ်ခံရပြီး၊ နှင်ထုတ်ခံခဲ့ရတာကို ကျွန်မ အတွေ့အကြုံကနေ မြင်ခဲ့ရတယ်။ အဲဒီနောက်မှာ၊ ကိုယ့်တာဝန်ကို ကျွန်မ ပြန်ထမ်းဆောင်ခဲ့ပြီး၊ အဲဒီအန္တိခရစ်ရဲ့ ခဏတာ ဖိနှိပ်တာခံခဲ့ရလို့ သမ္မာတရား လိုက်စားပြီး ကယ်တင်ခြင်းရရှိဖို့ ကျွန်မရဲ့ အခွင့်အရေးကို ကျွန်မ မဆုံးရှုံးခဲ့ဘူး။ ဘုရားအိမ်တော်က သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်း အုပ်စိုးပုံကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့ရတယ်။ ဘုရားအိမ်တော်က မျှမျှတတနဲ့ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကိစ္စအားလုံးကို ကိုင်တွယ်ပြီး လူတွေကို ဆက်ဆံတယ်။ ဘယ်သူမှ မတရားမခံရတာ သေချာအောင်လုပ်တယ်။ ဒါတောင် ကျွန်မက ပင်ကိုအားဖြင့် အရမ်းဆိုးယုတ်ပြီး ကောက်ကျစ်သလို၊ ဘုရားရဲ့ဖြောင့်မတ်ခြင်းကို မသိခဲ့ဘူး။ ဘုရားအိမ်တော်က လူ့အဖွဲ့အစည်းလိုဖြစ်ပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အစိုးရအာဏာပိုင်တွေလိုဖြစ်တယ်လို့ ယုံကြည်ခဲ့တယ်။ သူတို့ကို စိတ်အနှောင့်အယှက်ပေးမိရင်၊ အသင်းတော်မှာ ကျွန်မအတွက် နေရာရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒီအတွေးနဲ့ အမြင်တွေက အရမ်းဆိုးယုတ်တယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို အမှတ်မထင်တွေ့ခဲ့တယ်။ “သင့်ထဲ၌ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်များ မည်မျှရှိသနည်း။ သင်သည် ၎င်းတို့ကို စွန့်ပယ်ပြီးဖြစ်သလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား မလှည့်နိုင်လျှင် သင်သည် ဘုရားသခင်နှင့်မသက်ဆိုင်ပေ၊ သင်သည် စာတန်ထံမှ လာခဲ့ခြင်းဖြစ်သည်၊ အဆုံးသတ်တွင် သင်သည် စာတန်ထံသို့ ပြန်လိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏)ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့ ကျွန်မ သဘောပေါက်လိုက်တယ်။ ယုံကြည်သူတစ်ယောက် ကယ်တင်ခြင်းရမရဆိုတာကို သူဟာ သမ္မာတရားကို ပိုင်ဆိုင်ပြီး လက်တွေ့လုပ်ဆောင်တာမျိုး ရှိမရှိဆိုတာက ဆုံးဖြတ်ပေးတယ်လို့ပေါ့။ တစ်ယောက်ယောက်က သူတို့ယုံကြည်ချက်မှာ သမ္မာတရားနဲ့ အသက်မရှင်နိုင်ဘဲ၊ အဲဒီအစား လောကကို ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ဆိုင်တဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို လိုက်နာရင်၊ သူတို့က စာတန်နဲ့ဆိုင်တယ်၊ ဘုရားနဲ့ မဆိုင်ဘူး။ အပြင်ပန်းမှာ အရေးကြီးတဲ့ တာဝန်ကို သူတို့ ဖြည့်ဆည်းရင်တောင်၊ ဒါမှမဟုတ် ခေါင်းဆောင်က အကောင်းမြင်ရင်တောင်၊ သမ္မာတရားကို လက်တွေ့မလုပ်သလို၊ သမ္မာတရားကို မရခဲ့လို့ နောက်ဆုံးမှာ ဘုရားရဲ့ ဖယ်ရှားတာကို ခံရဦးမှာပဲဖြစ်တယ်။ လျူရှောင်က အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး တားဆီးနေတာကို ကျွန်မ အရှင်းကြီး မြင်ခဲ့ပေမဲ့ ခေါင်းဆောင်ဆီ မတိုင်ရဲခဲ့ဘူး၊ အန္တိခရစ်ရဲ့ ဖိနှိပ်တာခံရပြီး ကိုယ့်တာဝန် ဆုံးရှုံးသွားမှာကို ကြောက်နေခဲ့တယ်။ အဲဒါက ကယ်တင်ခြင်း ရရှိမဲ့ အခွင့်အရေးကို ဆုံးရှုံးတဲ့သဘော ဖြစ်မှာလေ။ ကျွန်မ စိတ်ကူးက ဘယ်လောက်မိုက်မဲပြီး အဓိပ္ပာယ်မဲ့လိုက်သလဲ။ ကျွန်မရဲ့ ကယ်တင်ခြင်း ရရှိနိုင်စွမ်းကို တခြားလူတွေက ဆုံးဖြတ်ပေးလို့မရဘူး။ အဲဒါကို သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိအပေါ် အခြေခံပြီး ဆုံးဖြတ်တာပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး အသင်းတော်အလုပ်ကို မထိန်းသိမ်းဘဲ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ ကျွန်မ ဆက်အသက်ရှင်ရင်၊ ကိုယ့်တာဝန်ကို လုပ်နေရင်တောင်၊ ကယ်တင်ခြင်း ရဦးမှာ မဟုတ်ဘူး။ ဒါကို သဘောပေါက်တော့၊ အတော် နောင်တရပြီး လိပ်ပြာမလုံဖြစ်ခဲ့တယ်။ ဒါကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ပြီး ရိုးသား၊ ဖြောင့်မတ်တဲ့ လူတစ်ယောက် ဖြစ်လာအောင် လမ်းပြဖို့ ဘုရားကို အသနားခံရင်းနဲ့ ဆုတောင်းခဲ့တယ်။

ရှာဖွေ၊ သုံးသပ်ရာကတစ်ဆင့်၊ ဘုရားရဲ့ အနန္တတန်ခိုး အချုပ်အခြာအာဏာကို နားလည်မှုမရှိတာကတစ်ကြောင်း၊ ဘုရားဆီက ရင်ဆိုင်ရတဲ့ အခြေအနေတွေကို လက်ခံရမယ့်အစား ကိုယ်က ဝင်စွက်တတ်လို့ ဖြစ်ရတာလို့ ထင်မိတာကတစ်ကြောင်းကြောင့် ပြဿနာကို တိုင်လိုက်ရင် ခေါင်းဆောင်ဖိနှိပ်မှာ ကြောက်ခဲ့ရတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒါတွေက မယုံကြည်သူတစ်ယောက်ရဲ့ အမြင်တွေ မဟုတ်လား။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ “အန္တိခရစ်များနှင့် ကောက်ကျစ်စဉ်းလဲသော လူတို့သည် အသင်းတော်အချို့ထဲတွင် ပေါ်ထွက်လာပြီး အနှောင့်အယှက်များကို ဖန်တီးကာ ထိုသို့ပြုခြင်းဖြင့် လူအချို့ကို လှည့်ဖြားကြသည်။ ဤသည်မှာ ‌ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလော၊ သို့မဟုတ် ယင်းမှာ ဘုရားသခင်က လူတို့ကို ကစားပြီး ထိုသူတို့ကို ဖော်ထုတ်နေခြင်းလော။ ဤသည်ကို သင် နားမလည်နိုင်သည် မဟုတ်လော။ ဘုရားသခင်သည် သူကယ်တင်လိုသော သူတို့ကို စုံလင်အောင်ပြုရန်နှင့် ကယ်တင်ရန်အတွက် အရာခပ်သိမ်းကို သူ၏အမှုတော်လုပ်ငန်းသို့ ခေါ်ဆောင်ခြင်းဖြစ်ပြီး သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့ နောက်ဆုံး ရရှိသောအရာမှာ သမ္မာတရားဖြစ်၏။ သို့ရာတွင် သမ္မာတရားကို မရှာဖွေသောသူအချို့သည် ညည်းတွားကာ ‘ဘုရားသခင် ဤပုံစံဖြင့် အမှုပြုသည်မှာ မမှန်ကန်ပေ။ ယင်းက ကျွန်ုပ်အား များစွာ ဒုက္ခရောက်စေသည်။ ကျွန်ုပ်သည် အန္တိခရစ်များနှင့် ပေါင်းမိလုနီးပါး ဖြစ်သည်။ အကယ်၍ ဤအရာကို ဘုရားသခင်က အမှန်ပင် ကြိုတင်စီမံလျှင် သူသည် လူတို့ကို အန္တိခရစ်များနှင့် ပေါင်းမိရန် မည်သို့များ အခွင့်ပေးနိုင်သနည်း’ ဟု ဆိုကြသည်။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ သင် အန္တိခရစ်များနောက်သို့ မလိုက်ခြင်းက သင်၌ ဘုရားသခင်၏ ကွယ်ကာမှုရှိကြောင်း သက်သေပြသည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့် ပေါင်းမိပါက ယင်းသည် ဘုရားသခင်အား သစ္စာဖောက်ခြင်းဖြစ်ပြီး ဘုရားသခင်က သင့်ကို အလိုမရှိတော့ပေ။ သို့ဆိုလျှင် ဤအန္တိခရစ်များနှင့် ကောက်ကျစ်စဉ်းလဲသော လူတို့က အသင်းတော်ထဲ၌ အနှောင့်အယှက်များ ဖြစ်ပွားစေသည်မှာ ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ အပြင်ပန်းအားဖြင့် ယင်းကို ဆိုးသောအရာအဖြစ် ထင်ရသော်လည်း ဤအန္တိခရစ်များနှင့် ကောက်ကျစ်စဉ်းလဲသော လူတို့ ဖော်ထုတ်ခံရသောအခါ သင်သည် ပိုင်းခြားသိမြင်မှု၌ တိုးတက်လာကာ ထိုသူတို့သည် ဖယ်ရှားခြင်းခံရပြီး သင်သည် ဝိညာဉ်ရင့်သန်မှု၌ တိုးတက်လာသည်။ အနာဂတ်တွင် ထိုကဲ့သို့သော လူတို့ကို ကြုံတွေ့ရသောအခါ ထိုသူတို့သည် ၎င်းတို့၏ သရုပ်မှန်ကို မပြသမီကပင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှု ရှိမည်ဖြစ်ပြီး ၎င်းတို့ကို ငြင်းပယ်လိမ့်မည်။ ဤအရာက သင့်အား သင်ခန်းစာများကို သင်ယူရန်နှင့် အကျိုးရရှိစေရန် အခွင့်ပေးလိမ့်မည်။ သင်သည် အန္တိခရစ်များအား မည်ကဲ့သို့ ပိုင်းခြားသိမြင်ရမည်ကို သိမည်ဖြစ်ပြီး စာတန်၏ လှည့်စားခြင်းကို ခံရတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ ငါ့ကိုပြောလော့၊ လူတို့အား နှောင့်ယှက်ပြီး လှည့်စားတတ်သည့် အန္တိခရစ်များရှိခြင်းသည် ကောင်းသောအရာတစ်ခု မဟုတ်သလော။ လူတို့သည် ဤအဆင့်အထိ တွေ့ကြုံရပြီးသောအခါမှသာ ဘုရားသခင်သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း မလုပ်ဆောင်ခဲ့ကြောင်း၊ ဘုရားသခင်သည် အနှောင့်အယှက်များကို သဲသဲမဲမဲ ဖန်တီးရန် အဆင်းနီသော နဂါးကြီးကို ခွင့်ပြုပြီး ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို လှည့်ဖြားရန် အန္တိခရစ်များကို ခွင့်ပြုကာ၊ ဤသို့ဖြင့် သူသည် သူရွေးကောက်ထားသော လူတို့ကို စုံလင်စေဖို့အလို့ငှာ စာတန်အား သူ၏ အမှုတော်လုပ်ငန်း၌ အသုံးပြုနိုင်ကြောင်း လူတို့ တွေ့မြင်နိုင်သည်။ ထိုအခါမှသာ လူတို့အနေဖြင့် ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များကို နားလည်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)) ဘုရားနှုတ်ကပတ်တော်တွေကနေ သဘောပေါက်လိုက်တယ်။ ကျွန်မတို့က သမ္မာတရားနဲ့ ချင့်ချိန်နိုင်စွမ်း ရပြီး စာတန်ရဲ့ လှည့်ဖြားမှုနဲ့ ထိန်းချုပ်မှုကနေ ချိုးဖျက်လွတ်မြောက်နိုင်အောင်လို့ ဘုရားက အသင်းတော်ထဲမှာ အန္တိခရစ်တွေကို ပေါ်ထွက်ခွင့်ပေးမှန်းကိုပေါ့။ အန္တိခရစ်ကို မကြုံရရင်၊ သူတို့ကို ကျွန်မတို့ ခွဲခြားသိမြင်ရကောင်းမှန်း သိမှာမဟုတ်သလို၊ အန္တိခရစ်တွေရဲ့ လှည့်ဖြားတာ ခံရနိုင်ခြေရှိဦးမှာပဲ။ အဲဒီအန္တိခရစ်ရဲ့ ဖိနှိပ်တာကို ခံရတာကတစ်ဆင့်၊ အန္တိခရစ်တွေအပေါ် ချင့်ချိန်နိုင်စွမ်းတချို့ကို ကျွန်မ ရခဲ့ပြီး၊ ကျွန်မရဲ့ ကိုယ်ပိုင် အန္တိခရစ် စိတ်သဘောထားကိုလည်း သုံးသပ်ပြီး သိခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ ကိုယ့်တာဝန်မှာ ကျွန်မက အဆင့်အတန်းကို အမြဲရှာပြီး၊ ဆန္ဒနဲ့ ရည်မှန်းချက်တွေ ပြည့်ခဲ့တယ်။ အန္တိခရစ် လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့တာပဲ။ ဒါပေမဲ့ အဲဒီလို လျှောက်နေတာကို လုံးဝ မသိခဲ့ဘူး။ အဲဒီအန္တိခရစ်ရဲ့ ဖိနှိပ်တာကို ခံရပြီး အစားထိုးခံရတဲ့နောက်မှပဲ၊ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်မိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းကတစ်ဆင့် သဘောပေါက်လိုက်တယ်။ အဆင့်အတန်းရှာဖွေတာက ပျက်ဆီးခြင်းလမ်းပဲ။ ကျွန်မတို့ ယုံကြည်ချက်မှာ၊ အဖန်ဆင်းခံတွေအနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ ကြိုးစားရမယ်လို့လည်း သိခဲ့ရတယ်။ ဒါက ကျွန်မတို့ အားထုတ်သင့်တဲ့အရာပဲ။ သမ္မာတရား လိုက်စားတာကို ကျွန်မစအာရုံစိုက်ပြီး၊ ကျွန်မကို ပေးတဲ့ဘယ်တာဝန်ကိုမဆို အကောင်းဆုံး လုပ်ဖို့ သတိရှိရှိနဲ့ အလုပ်လုပ်မယ်။ ဒီပြောင်းလဲမှု အနည်းငယ်လေးက၊ ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ကြီးမားတဲ့ ကွယ်ကာမှုပဲ။ အတိုင်းအတာတစ်ခုထိ ဆင်းရဲဒုက္ခခံရပေမဲ့၊ တစ်လျှောက်မှာ ကျွန်မ အတော်များများ သင်ယူခဲ့ရပြီး၊ ဒါက ကျွန်မဘဝအတွက် အကျိုးအရှိဆုံးပဲ။ သုံးသပ်လေ၊ ပိုရှင်းလာလေပဲ။ ကျွန်မလုပ်ဖို့လိုတာက ကိုယ့်တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းပြီး၊ အခြေအနေအပေါ် ကျွန်မရဲ့ သိနားလည်မှုကို ခေါင်းဆောင်တွေဆီ အကြောင်းကြားဖို့ဖြစ်မှန်း သိခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မကို ဘယ်လိုဆက်ဆံမယ်ဆိုတာနဲ့ ဘယ်အခြေအနေမျိုး ကြုံရမယ်ဆိုတာတွေအတွက်တော့၊ ဘုရားရဲ့ အခွင့်ပေးခြင်းနဲ့ပဲဆိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားလက်ထဲထားပြီး သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မကျိုးနွံနာခံသင့်တယ်။ ဒါကြောင့် ပြဿနာကို တခြားခေါင်းဆောင်ဆီ ကျွန်မ တိုင်ကြားခဲ့တယ်။

ကျွန်မစာကို ရပြီး တိုင်ကြားချက်ကို အတည်ပြုပြီးတဲ့နောက်မှာ၊ ခေါင်းဆောင်က လျူရှောင်ကို ချက်ချင်း လူစားလဲလိုက်တယ်။ ဒါတွေအားလုံးက ကျွန်မကို စိတ်ခံစားချက်နဲ့ လွှမ်းမိုးသွားစေခဲ့တယ်။ လျူရှောင်မှာ ပြဿနာတစ်ခုရှိမှန်း ကျွန်မ သတိထားမိတဲ့အချိန်ကနေ ခေါင်းဆောင်ဆီ တိုင်ကြားခဲ့တဲ့အချိန်ထိ၊ နှစ်လကျော်ကြာ ကျွန်မ နှောင့်နှေးခဲ့တယ်။ ကုန်ဆုံးသွားတဲ့ အဲဒီနှစ်လတာမှာ ဧဝံဂေလိအလုပ်က ထိခိုက်ပြီး နှောင့်နှေးခဲ့ပုံကို တွေးမိတဲ့အခါ၊ အရမ်းကို နောင်တရပြီး လိပ်ပြာမလုံခဲ့သလို၊ စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရပုံနဲ့ ကျွန်မ တစ်ကိုယ်ကောင်းဆန်၊ ကောက်ကျစ်ခဲ့ပုံတွေကြောင့် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ လောကကို ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ဆိုင်တဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာစေခဲ့ရုံမက၊ အသင်းတော်အလုပ်ကိုလည်း ထိခိုက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှပဲ၊ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိတချို့ ရခဲ့တယ်၊ အဆင့်အတန်း၊ ဩဇာအာဏာရဲ့ ဘောင်ခတ်တာမခံရတော့သလို လက်ရှိ ပြဿနာကို ရိုးရိုးသားသားတိုင်ကြားခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်မြတ်သော ပူးပေါင်းဆောင်ရွက်ခြင်းသို့ ကျွန်မ၏ ခက်ခဲသည့် လမ်းကြောင်း

ရှင်းချန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတယ်။ ပြီးတော့ အစ်မချန်းနဲ့အတူ...

သူများတွေကို သင်ပေးတဲ့အခါ ဘာကြောင့် ကျွန်မက ဆရာစားချန်တာလဲ

ဆုတုန်း အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးလုပ်တယ်။ ဒါ တကယ် အရေးကြီးတဲ့တာဝန်ဆိုတာ ကျွန်မသိတော့...

ခက်ခဲသောအချိန်များတွင် ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ယုံကြည်ခြင်းပေးခဲ့သည်

ကျန့်လန် တရုတ်နိုင်ငံ အဲဒီအချိန်မှာ အစ်မတချို့က ကျွန်မနဲ့အတူ “အလုပ်ကြမ်းဖြင့် ပြုပြင်မွမ်းမံခြင်း”နဲ့ စီရင်ချက်ချခံရတယ်။ ကျွန်မတို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။