ဝန်ထုပ်တစ်ခုကို ကျွန်ုပ် အဘယ်ကြောင့် မထမ်းရွက်ချင်သနည်း
၂၀၂၁ ခုနှစ် အောက်တိုဘာမှာ၊ ဗီဒီယို ကြီးကြပ်တဲ့အလုပ်ကို ကျွန်မလုပ်နေခဲ့တာ။ အစ်ကို လီယိုနဲ့ အစ်မ ကလယ်ရာတို့နဲ့ ကျွန်မ တွဲဖက်ရတယ်။ နှစ်ယောက်လုံးက ဒီတာဝန်ကို လုပ်တာ ကျွန်မထက် ပိုကြာသလို၊ ပိုအတွေ့အကြုံရှိကြပြီး၊ သူတို့က အလုပ်များကြီးကို နောက်ဆက်တွဲလုပ်ပြီး အာရုံစိုက်လုပ်ရာမှာ ဦးဆောင်ကြတယ်။ ကျွန်မက စရောက်ရုံပဲရှိသေးသလို၊ အလုပ်ရဲ့ သွင်ပြင်လက္ခဏာ တော်တော်များများကို နားမလည်ဘူး၊ ဒါကြောင့် အလိုလိုနဲ့ အခန်းကဏ္ဍ သေးသေးလေးကိုပဲ ကျွန်မ ယူခဲ့တယ်။ ကျွန်မအလုပ်နဲ့ ပတ်သက်လို့ ပြဿနာမရှိတာ အချိန် ကြာသရွေ့၊ ကိစ္စတွေ အဆင်ပြေမယ်၊ တခြားလူတွေက ကြားဝင်ပြီး အရာရာ ဖြေရှင်းပေးနိုင်မယ်လို့ ခံစားခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မ စိုးရိမ်တာ လျော့သွားပြီး၊ ဘယ်သူ့ကိုမှ တာဝန်ယူစရာ လိုမှာမဟုတ်ဘူးလေ။ တဖြည်းဖြည်းနဲ့ တာဝန်ထမ်းတာ နည်းသထက် နည်းလာခဲ့သလို၊ တခြားနှစ်ယောက်ရဲ့ အလုပ်ကို ကျွန်မ နားလည်ပြီး ပါဝင်လုပ်ပေးတာတွေ အရမ်းနည်းသွားတယ်။ အလုပ် ဆွေးနွေးတဲ့အခါတိုင်း ဘာထင်မြင်ချက်မှ မဖော်ပြခဲ့သလို၊ အားတဲ့အချိန်မှာ အေးဆေးနေပြီး လောကီ ဗီဒီယိုတွေကိုပဲ ကြည့်လိုက်တယ်။ တာဝန်ကို ဒီလိုလုပ်တာ အဆင်ပြေတယ်လို့ ကျွန်မ ခံစားရတယ်။
တစ်နေ့၊ နေ့လည်လောက်မှာ၊ ခေါင်းဆောင်တစ်ယောက် ရုတ်တရက် လာပြီး လီယိုနဲ့ ကလယ်ရာတို့က သူတို့တာဝန် လုပ်ဖို့ တခြားနေရာကို သွားမှာဖြစ်သလို၊ ကျွန်မအနေနဲ့ တာဝန်ပိုယူရမယ်၊ အားပိုထုတ်ပြီး ဗီဒီယိုအလုပ်ကို လွှဲယူရမယ်လို့ လာပြောတယ်။ ဒီရုတ်တရက် အပြောင်းအလဲက ကျွန်မကို ခဏ အရမ်းအံ့အားသင့်စေခဲ့တယ်။ ဒီတာဝန်မှာ ကျွန်မရှိတာ မကြာသေးသလို၊ နောက်ဆက်တွဲလုပ်စရာအလုပ် အများကြီးပဲလေ၊ ဒါဖိအားအရမ်းများတယ် မဟုတ်လား။ သူတို့တာဝန်ယူထားတဲ့ အလုပ်က တော်တော် ရှုပ်ထွေးပြီး အမြဲ အာရုံစိုက်ဖို့ လိုတယ်လေ။ ကျွမ်းကျင်မှုမရှိသူတွေကို ဦးဆောင်လမ်းပြဖို့ ကုန်ကျမ်းတွေကို ရှာပြီး ကိစ္စတွေကို သူတို့ မလုပ်နိုင်ရင် ကိုယ့်ဘာသာ လုပ်ဖို့ လိုမှာလေ။ လီယိုနဲ့ ကလယ်ရာတို့က တော်တော် ကျွမ်းကျင်ပြီး ပုံမှန်အားဖြင့် အလုပ်အရမ်း များကြတာ။ စရုံပဲရှိသေးတဲ့အတွက် ကျွန်မ အချိန်ပိုယူဖို့ လိုမှာ သေချာတယ်။ အနားယူတဲ့အချိန် တစ်ကြိမ်တစ်ခါများ ထပ်ပြီး ရှိပါဦးမလား။ ဒီတာဝန်ကို မထမ်းနိုင်ဘဲ အလုပ်ကို နှောင့်နှေးစေမိရင်၊ ကျွန်မ အပြစ်တစ်ခု ကျူးလွန်မိမှာ မဟုတ်လား။ ဒီတာဝန်အတွက် ပိုသင့်တော်တဲ့ သူတစ်ယောက်ကို ရှာလိုက်တာ ခေါင်းဆောင်အတွက် ပိုကောင်းမယ်လို့ တွေးခဲ့တယ်။ ကျွန်မ ဘာမှမပြောတာကို မြင်တော့၊ စိတ်ထဲမှာ ဘာရှိလဲလို့ ခေါင်းဆောင်က မေးတယ်။ ကျွန်မ အတိုက်အခံဖြစ်မိပြီး ဘာမှ မပြောချင်ခဲ့ဘူး။ အလုပ်ဆွေးနွေးတာ ပြီးသွားတော့ ကျွန်မ ထွက်သွားလိုက်တယ်။ ကိုယ့်ဘာသာ ထမ်းရမဲ့ ပြဿနာနဲ့ အခက်အခဲအားလုံးကို တွေးကြည့်တော့ ဖိအားနဲ့ အသက်ရှူကျပ်ပြီး၊ ရှေ့မှာရှိတဲ့ ရက်တွေက မခံနိုင်စရာပဲလို့ ခံစားမိတယ်။ ဘယ်လိုပဲကြည့်ပါစေ၊ ဒီတာဝန်ကို မထမ်းနိုင်ဘူးလို့ ခံစားနေတုန်းပဲ။ အဲဒီနောက် ခေါင်းဆောင်က ကျွန်မအခြေအနေအကြောင်း မေးတဲ့ စာပို့ပြီး ကျွန်မ အမြန်ဖြေလိုက်တယ်။ “ဒီအလုပ်ကို ယူဖို့ သင့်တော်တယ်လို့ ကျွန်မ မခံစားရဘူး။ ပိုသင့်တော်တဲ့သူတစ်ယောက်ကို ဆရာ ရှာနိုင်တယ်”လို့ ပေါ့။ အဲဒီနောက် ခေါင်းဆောင်က မေးတယ်။ “ဘယ်ပေါ် အခြေခံပြီး မသင့်တော်ဘူးလို့ ကိုယ့်ဘာသာ ဝေဖန်လိုက်တာလဲ”တဲ့။ ဒီမေးခွန်းကို ဘယ်လိုဖြေရမှန်း ကျွန်မ တကယ် မသိခဲ့ဘူး။ ကျွန်မ ကြိုးတောင် မကြိုးစားကြည့်ရသေးသလို၊ ဒီတာဝန်နဲ့ သင့်တော်လား မသိဘူးလေ။ ဒါပေမဲ့ အလုပ်ရဲ့ ဖိအားနဲ့ ရုပ်ပိုင်းဆိုင်ရာ အဲဒါက ပေးမဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို တွေးမိတော့ ကျွန်မ ငြင်းလိုက်ချင်ခဲ့တယ်။ ဒါက တာဝန်ကို ခေါင်းရှောင်ပြီး ဝတ္တရားကို ငြင်းနေတာ မဟုတ်လား။ အဲဒီအချိန်မှာ နေ့တိုင်း ကျွန်မရင်ဆိုင်ရတဲ့ အရာအားလုံးကို ဘုရား ခွင့်ပြုထားပြီး၊ ကျွန်မ ကျိုးနွံနာခံသင့်တာကို တွေးမိတယ်။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မတွဲဖက်တွေက ပြောင်းရွေ့ခံခဲ့ရပြီး၊ အလုပ်အားလုံးကို ကိုယ့်ဘာသာ တာဝန်ယူဖို့ ကျွန်မ ကျန်ခဲ့ပါတယ်။ ကျွန်မ အာခံပြီး ကျိူးနွံနာခံဖို့ မလိုလားပါဘူး။ ဒီအခြေအနေမျိုးက မမှန်တာ ကျွန်မ သိပေမဲ့ ကိုယ်တော့်အလိုတော်ကို ကျွန်မ မသိပါဘူး။ ကျွန်မ ကျိူးနွံနာခံနိုင်အောင် ဉာဏ်အလင်းပေးပြီး လမ်းပြပါ”လို့ပေါ့။
ကျွန်မ ဆုတောင်းပြီးတဲ့နောက်မှာ၊ ညီအစ်မတစ်ယောက်က ကျွန်မရဲ့ အခြေအနေကို တကယ် စကားပြောတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ ဘုရားသခင်က ပြောသည်- “ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်များကို သံသယမရှိခြင်းဖြစ်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြမှုတစ်ခုဖြစ်သည်။ အမှုအရာအားလုံးတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း ထို့အတူဖြစ်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း အရေးကြီးဆုံးသော ဖော်ပြမှုဖြစ်ပြီး အရေးပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြချက်ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့ပေမဲ့ ငါ့မှာ ရိုးသားတဲ့ နှလုံးသားရှိတယ်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ သင်သည် ကောင်းစွာမလုပ်ဆောင်လျှင် ဒုက္ခခံရမည်ကိုလည်းကောင်း၊ တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် ထိုတာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားတစ်ယောက်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြချက်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် ဆက်ကပ်အပ်နှံခြင်းရှိရမည်။ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသောနှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို စိတ်နှလုံးခွန်အား အကြွင်းမဲ့ဖြင့် ကောင်းစွာထမ်းဆောင်ခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် ဖော်ပြချက်များဖြစ်သည်။ သင်သိမြင်ပြီး နားလည်သည့်အရာကို မဆောင်ရွက်လျှင်၊ သင်၏ အကောင်းဆုံး အားထုတ်မှု၏ ၅၀၊ သို့မဟုတ် ၆၀ ရာခိုင်နှုန်းသာလုပ်ဆောင်လျှင် သင်သည် သင်၏ စိတ်နှလုံး၊ အားအင်အကြွင်းမဲ့ သုံးနေခြင်းမဟုတ်ပေ။ သင်သည် အချောင်ခိုရန် နည်းလမ်းများရှာနေသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်မချရသောလူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသလို လှည့်စားတတ်သည့်သူများကို အသုံးမပြုပေ။ ၎င်းတို့ကို ထုတ်ပယ်ရမည်။ ဘုရားသခင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာရှိသော အစေခံသူများသည်ပင် ရိုးသားရမည်။ အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်သော၊ အချောင်ခိုရန် နည်းလမ်းများကို အမြဲရှာနေသောသူများအားလုံးသည် လှည့်စားတတ်ကြသည်။ မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ထုတ်ပယ်ခြင်းခံရလိမ့်မည်။ လူအချို့က ‘ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် သမ္မာတရားကို ပြောပြီး မုသား မပြောခြင်းသာ ဖြစ်သည်။ ရိုးသားသူတစ်ဦး ဖြစ်ရန်မှာ လွယ်ကူပေသည်၊ တကယ်ပင်ဖြစ်သည်’ ဟု ထင်ကြသည်။ ဤခံယူချက်ကို သင်မည်သို့ထင်မြင်သနည်း။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် အတိုင်းအတာ အလွန်ပင် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထို့ကြောင့် ရိုးသားသည့်နှလုံးသားတစ်ခုသည် အလွန်တရာ အဖိုးတန်လေသည်။ ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ယင်းက ဤစိတ်နှလုံးသည် သင်၏ အပြုအမူကို ထိန်းချုပ်နိုင်ပြီး သင်၏အခြေအနေများကို ပြောင်းလဲနိုင်သည်ဟုဖြစ်သည်။ ယင်းက သင့်အား မှန်ကန်သော ရွေးချယ်မှုများပြုစေပြီး ဘုရားသခင်ကို နာခံနိုင်စေကာ သူ၏ ထောက်ခံမှုရစေသည်။ ဤစိတ်နှလုံးသည် အလွန် အဖိုးတန်သည်။ သင့်ထံတွင် ဤကဲ့သို့ ရိုးသားသော စိတ်နှလုံးမျိုးရှိပါက၊ သင်သည် ဤအခြေအနေမျိုးတွင် အသက်ရှင်သင့်သည်၊ ဤအပြုအမူမျိုးကို ထုတ်ဖော်ပြသင့်သည်၊ ပြီးလျှင် ဤအသုံးခံမှုမျိုး ရှိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို အရမ်း အရှက်ရစေခဲ့တယ်။ သူတို့တာဝန်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ ရိုးသားတဲ့ လူတွေက အလုပ်နဲ့ သူတို့ သင့်တော်ခြင်း ရှိမရှိ မစဉ်းစားကြသလို၊ သူတို့ရဲ့ အစွမ်းအစအကြောင်း စိုးရိမ်လို့ တာဝန်ကို ခေါင်းရှောင်ဖို့ မပြောနဲ့ တာဝန်ကို ယူလိုက်ရခြင်းမှာ ပါဝင်နိုင်တဲ့ စွန့်အားမှုကို ပူပန်မနေကြဘူး။ အဲဒါထက် လက်ခံပြီး အစွမ်းကုန် အားထုတ်ခြင်းအားဖြင့် အစပြုကြတယ်။ ဒါကသာ ရိုးသားတဲ့ သဘောထားပဲ။ အဲဒီအချိန်မှာ ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့ သဘောထားကို တွေးမိတယ်။ ကျွန်မတွဲဖက်နှစ်ယောက် ရွှေ့ပြောင်းခံရတာ ကြားတာနဲ့ ကျွန်မရဲ့ အလုပ်ပမာဏ တိုးတာကိ စိုးရိမ်ခဲ့တယ်၊ စိုးရိမ်မှုတွေ တိုးခဲ့ပြီး၊ ကျွန်မအပေါ် ဖိအားက တိုးလာခဲ့တယ်။ အလုပ်က ကောင်းကောင်း မလုပ်ထားရင်၊ အဲဒီအတွက် ကျွန်မတာဝန်ယူရမှာလေ။ ဒါကြောင့် ကိုယ့်တာဝန်ကို ခေါင်းရှောင်ဖို့ အရည်အချင်း မပြည့်မီဘူးဆိုတဲ့ ဆင်ခြေကို သုံးဖို့ ကြိုးစားခဲ့တယ်။ တကယ်ကို လှည့်ဖြားတတ်ခဲ့ပြီး အသိစိတ် မဲ့ခဲ့တာ။ ဆုတောင်းရာမှာ ဘုရားရဲ့ ဝန်ထုပ်တွေကို လေးဂရုပြုဖို့ အမြဲ ကျိန်ဆိုခဲ့ပုံကို ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ တကယ် ဖြစ်လာတော့၊ အဲဒီအစား ကိုယ့်ဇာတိပကတိကိုပဲ အလေးဂရုပြုခဲ့တယ်၊ ဘာသမ္မာတရားမှ လက်တွေ့မလုပ်ခဲ့သလို၊ ဘုရားကို လှည့်ဖြားဖို့ အနှစ်မဲ့စကားတွေကိုပဲ သုံးခဲ့တယ်။ ဘုရားအလိုတော်ကို တကယ် အလေးဂရုပြုခဲ့ရင်၊ အလုပ်နဲ့ မသင့်တော်သလို၊ သင့်တော်တဲ့ တခြား ဘယ်သူ့ကိုမှ မရှာတွေ့နိုင်ခဲ့တာ သိခဲ့ရင်၊ ဗီဒီယို အလုပ် ထိခိုက်တာကို တားဆီးဖို့ ကိုယ့်ကျွမ်းကျင်မှုတွေ သွေးတာကို အရှိန်မြှင့်ပြီး တခြားလူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သင့်တာလေ။ ဒါက အသိစိတ်နဲ့ လူ့သဘာဝရှိတဲ့ သူတစ်ယောက် လုပ်သင့်တဲ့အရာပဲ။ အလုပ်နဲ့ ကျွန်မ တကယ် မသင့်တော်ခဲ့သလို၊ ပြောင်းရွှေ့၊ ထုတ်ပယ်တာ ခံသွားခဲ့ရရင်၊ ဘုရားရဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံလိုက်သင့်တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်နည်းကပဲ မူမှန်တာပါ။ ဒီအတွေးနဲ့ ကျွန်မ နည်းနည်း ပိုတည်ငြိမ်သွားတယ်။
အဲဒီနောက် ကိုယ့်တာဝန်အပေါ် ထားခဲ့တဲ့ သဘောထားကို သိနားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “သမ္မာတရားကို မလိုက်စားသောသူအားလုံးသည် တာဝန်ခံယူမှုကင်းမဲ့သည့်စိတ်ထားဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ‘တစ်ယောက်ယောက်က ဦးဆောင်ရင် ငါက နောက်ကလိုက်မယ်။ ဘယ်ကိုပဲ ဦးဆောင်ပါစေ ငါသွားမယ်။ ငါ့ကို ခိုင်းသမျှ ဘာမဆိုလုပ်မယ်။ တာဝန်ခံယူဖို့၊ အရေးစိုက်ဖို့၊ ဒါမှမဟုတ် တစ်ခုခုကိုလုပ်ဖို့အတွက် ပိုပြီး ဒုက္ခခံဖို့၊ စိတ်နှလုံးအားအင်ရှိသမျှနဲ့လုပ်ဖို့တွေကိုတော့ လုပ်ချင်စိတ်မရှိဘူး’ ဤလူတို့သည် အဖိုးအခ ပေးဆပ်ချင်စိတ် မရှိပေ။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းဖို့သာ အလိုရှိကြသည်။ တာဝန်ယူဖို့ အလိုမရှိပေ။ ဤသည်မှာ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သည့်သဘောထား မဟုတ်ပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် စိတ်နှစ်မြှုပ်ရန် သင်ယူရမည်။ အသိတရားရှိသောသူတစ်ယောက်သည် စိတ်နှစ်မြှုပ်လုပ်ဆောင်နိုင်သည်။ လူတစ်ယောက်သည် လုံးဝ စိတ်နှစ်လုပ်ဆောင်ခြင်းမရှိလျှင် ထိုသူသည် အသိတရားမရှိဟု အဓိပ္ပာယ်ရသည်။ အသိတရားမရှိသူတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။ သမ္မာတရားကို ၎င်းတို့မရရှိနိုင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ဘုရားသခင်ကို မည်သို့ဆုတောင်းပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ အလိုတော်ကို မည်သို့စဉ်းစားရမည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်ခြင်းတွင် မည်သို့စိတ်နှစ်ရမည်ကိုလည်းကောင်း မသိကြသကဲ့သို့ သမ္မာတရားကို မည်သို့ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင် တောင်းဆိုချက်များနှင့် အလိုတော်ကို နားလည်ဖို့ မည်သို့ရှာဖွေရမည်ကိုလည်းကောင်း မသိကြပေ။ ဤသည်မှာ သမ္မာတရားကို မရှာဖွေနိုင်ခြင်းဟူသည့်အရာဖြစ်သည်။ မည်သည့်အရာဖြစ်ပျက်ပါစေ၊ မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရပါစေ ဘုရားသခင်ရှေ့တွင် မကြာခဏ ငြိမ်သက်ခြင်းရှိနိုင်သော၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်စဉ်းစားခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားအလိုတော်နှင့်အညီ ထိုတာဝန်ကို မည်သို့ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ ထိုတာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာထမ်းဆောင်ရန်အတွက် မည်သည့်သမ္မာတရားများကို ပိုင်ဆိုင်သင့်သည်ဆိုသည်ကိုလည်းကောင်း ဆင်ခြင်စဉ်းစားခြင်းတွင် စိတ်နှစ်မြှုပ်ထားနိုင်သော အခြေအနေများ သင်တို့၌ ရှိသလော။ ဤနည်းဖြင့် သမ္မာတရားကို သင်ရှာဖွေသည့် အကြိမ်များစွာရှိသလော။ (မရှိပါ။) သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်- ယင်းနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား ကာယပိုင်းဆိုင်ရာ အားထုတ်မှုများ အမြဲအသုံးပြုချင်နေပါက၊ သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ၊ သင်၏ တာဝန်ကို သင် မည်မျှကောင်းကောင်း လုပ်ဆောင်ပြီးဖြစ်သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက၊ သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက၊ သိနားလည်လိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ အလိုကို တဖြည်းဖြည်း သိနားလည်လာနိုင်လိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းတို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ သင် အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ အားထုတ်မှုကို အသုံးပြုရန်ဖြစ်သောအခါ၊ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရန် စိတ်မနှစ်သောအခါတွင် သင်၏ စိတ်နှလုံးမှ တကယ့်အခြေအနေများ၊ မတူညီသော ပတ်ဝန်းကျင်များတွင် သင့်၌ရှိသော ဖောက်ပြန်ပျက်စီးမှု၏ မရေမတွက်နိုင်သော တုံ့ပြန်မှုများနှင့် ဖွင့်ဟခြင်းများကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ ပြဿနာတစ်ခုရှိသောအခါ အကျိုးဆက်များက မည်သည့်အရာများဖြစ်သည်ကို သင် သတိမထားမိဘဲ ယင်းကို မဖြေရှင်းလျှင် သင်သည် များစွာ ဒုက္ခရောက်ပြီဖြစ်သည်။ ဤအတွက်ကြောင့် ရှုပ်ထွေးသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလုပ်မဖြစ်ခြင်းဖြစ်သည်။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်ရှေ့၌ သင် အသက်ရှင်ရမည်။ သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ သမ္မာတရားကို အစဉ်ရှာဖွေရမည်။ သမ္မာတရားကို ရှာဖွေစဉ်တွင် သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ပြီး သင်၏ အခြေအနေတွင် မည်သည့်ပြဿနာများရှိသည်ကို သိရမည်။ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်းရှာဖွေရမည်။ ဤနည်းအားဖြင့်သာ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အလုပ်ကို နှောင့်နှေးစေခြင်းအား တားဆီးနိုင်မည်။ အရေးကြီးဆုံးမှာ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းတင်မဟုတ်ဘဲ သင့်တွင် အသက်ဝင်ရောက်မှုရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းနိုင်ဖို့လည်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်သည်။ သင်၏ စိတ်နှလုံးတွင် မကြာခဏ ဆင်ခြင်တွေးတောသောအရာသည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းကိစ္စများမဟုတ်လျှင်၊ သမ္မာတရားနှင့် သက်ဆိုင်သည့် ကိစ္စများမဟုတ်ဘဲ ထိုအစား သင့်အတွေးများက ဇာတိပကတိအရေးကိစ္စများအပေါ်တွင်သာရှိလျက် သင်သည် ပြင်ပအရာများဖြင့် ငြိတွယ်နေလျှင် သမ္မာတရားကို သင်နားလည်နိုင်သလော။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး ဘုရားရှေ့တွင် အသက်ရှင်နိုင်သလော။ သေချာပေါက် အသက်မရှင်နိုင်ပေ။ ထိုသို့သောသူမျိုးသည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဒီသဘောထားမျိုးကို ဖော်ထုတ်ရာမှာ ဘုရားက ကျွန်မရဲ့ ပုံရိပ်ကို တကယ် ထင်စေခဲ့တာပဲ။ ဒီတာဝန်ကို စလုပ်တုန်းက၊ ဘာတာဝန်ဝတ္တရားမှ ကျွန်မ မယူခဲ့ဘူး။ ကျွန်မတွဲဖက်တွေက ကျွန်မထက် ပိုအတွေ့အကြုံရှိတာ မြင်လို့၊ နောက်ကွယ်ကိုပဲ ထွက်သွားလိုက်ပြီး၊ ကိုယ့်အလုပ်နဲ့ပတ်သက်လို့ ဘာမှမမှားတာ သေချာစေနိုင်သရွေ့ ကိစ္စတွေ အဆင်ပြေတယ်လို့ ခံစားခဲ့တယ်။ ဒီလို လုပ်ရင်၊ လေးစားစရာကောင်းပြီး ခြေကုန်လက်ပန်းကျမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ပြီး၊ သူတို့ တာဝန်ယူထားတဲ့ အလုပ်ကို လုံးဝ စိတ်မဝင်စားခဲ့သလို၊ အဲဒီမှာ ဖြစ်ပေါ်တဲ့ ပြဿနာတွေ အခက်အခဲတွေကို အလေးအနက် မထားခဲ့ဘူး။ ကျွန်မတို့အလုပ်က ဘာလို့ အရမ်း ထိရောက်မှုမရှိတာလဲလို့ ခေါင်းဆောင်က မေးတော့၊ ကျွန်မမှာ အဖြေမရှိခဲ့ဘူး။ အလုပ်မှာ ဖြစ်ပေါ်တဲ့ ပြဿနာတွေ၊ သွေဖည်မှုတွေကိုတောင် မသိခဲ့ဘူး။ အဲဒီနောက် နောက်ဆုံးမှာ သိလိုက်တယ်။ ကိုယ့်တာဝန်ကို အရမ်းညံ့အောင် လုပ်နေခဲ့တာကိုး။ ကိုယ့်အချိန်တွေကို လုံးဝ ပေါ့တန်၊ ကြောင်းကျိူးမမြင်သလို ရင်ဆိုင်ရတဲ့ ပြဿနာတွေကို အရေးမထားဘဲ ကုန်ဆုံးနေခဲ့တာပဲ။ တချို့ပြဿနာတွေကို သိခဲ့ရင်တောင်၊ ကိုယ့်ရာထူးကို မထိခိုက်တာ မြင်တာနဲ့၊ အဲဒီအတိုင်း ထားလိုက်တယ်။ အဲဒါက အလုပ်ရဲ့ တိုးတက်မှုကို ထိခိုက်ခဲ့တယ်။ ဒီသဘောထားမျိုးက မယုံကြည်သူတွေ သူတို့အလုပ်တွေကို သဘောထားပုံနဲ့ အတူတူပဲ။ တာဝန်မှာ ကျွန်မက ဘုရားအလိုတော်ကို ဘယ်လိုနည်းနဲ့ အလေးဂရုပြုခဲ့တာလဲ။ အလုပ်မှာ ပြဿနာတွေ ပေါ်လာတော့၊ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ သွေဖည်မှုတွေကို မစိစစ်ခဲ့သလို၊ ကိုယ့်ကျွမ်းကျင်မှုကို ဘယ်လိုတိုးပွားစေရမယ် မစဉ်းစားခဲ့ဘူး။ ကျွန်မတွဲဖက်က အဲဒါတွေကို တာဝန်ယူနိုင်သရွေ့၊ ခဏတော့ ကျွန်မ သက်သောင့်သက်သာ နေလို့ရတယ်လို့ အမြဲ တွေးခဲ့တယ်။ အချိန်ရတဲ့အခါတိုင်း၊ ကိုယ့်ဇာတိကို အလိုလိုက်တယ်၊ လောကီ ဗီဒီယိုတွေကို ကြည့်တယ်။ ပိုပိုပြီး အကျင့်ပျက်လာသလို ဘုရားနဲ့ ပိုဝေးသွားခဲ့တယ်။ ကိုယ့်တာဝန်မှာ ကျွန်မ လုံးဝ မရှိခဲ့တာ မြင်ရတယ်။ အလုပ်တစ်ခုလိုပဲ ဆက်ဆံနေခဲ့တာပဲ။ ဒီလိုနဲ့ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်း ထမ်းဆောင်နိုင်မှာလဲ။ ဒီအချိန် နောက်ဆုံး နားလည်လိုက်တယ်။ လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေး ပေးဖို့၊ ပူပန်တတ်အောင် သင်ယူဖို့၊ တာဝန်ကို တက်တက်ကြွကြွ ထမ်းဖို့၊ အခက်အခဲတွေမှာ ဘုရားအပေါ် မှီခိုဖို့နဲ့ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာဖို့ ဘုရားရဲ့ အစီအစဉ်တွေက ကျွန်မရဲ့ အရန်အစီအစဉ် ကုန်သွားအောင် လုပ်ခဲ့တာကိုပေါ့။ ပိုအရေးကြီးတာက၊ တာဝန်အပေါ် ကျွန်မရဲ့ အချောင်ခိုပြီး တာဝန်မဲ့တဲ့ သဘောထားက ဘုရားရဲ့ စက်ဆုပ်မှုကို ဖြစ်စေခဲ့မှန်း ဒါက သတိပြုမိခွင့် ပေးခဲ့တယ်။ အလုပ်ရဲ့ ဖိအားက ကျွန်မတာဝန်မှာ အခု လုံ့လရှိအောင် ဖိအားပေးသလို၊ နောင်တရပြီး၊ ကိုယ့်တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်အောင် အလုပ်လုပ်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့ နောက်မှာ၊ ဒီအခြေအနေတွေကို ကျွန်မ ကျိုးနွံနာခံချင်ခဲ့တယ်။ နောက်ရက်အနည်းငယ်မှာ၊ ကိုယ့်တာဝန်မှာ သတိရှိရှိနဲ့ ကျွန်မ ပိုများတဲ့ ဒုက္ခခံခဲ့တယ်၊ ဗီဒီယိုအလုပ်မှာ ပြဿနာတွေကို ပိုရှာတွေ့အောင် ကြိုးစားပြီး၊ အဲဒါတွေကို သတိထားမိတာနဲ့ ဖြေရှင်းဖို့ ရှာဖွေခဲ့တယ်။ လေ့လာတဲ့ အစီအစဉ်ကို လုပ်ပြီး အလုပ်ကို အမြန်ဆုံး လက်လွှဲယူဖို့ ကြိုးပမ်းခဲ့တယ်။ ကျွန်မရဲ့ အခြေအနေကို ညှိလိုက်တာနဲ့၊ ကိုယ့်အလုပ်အတွက် အချိန်ပိုရှိခဲ့ပြီး၊ ကိုယ့်အချိန်တွေကို ပိုပြီး စိတ်အေးလက်အေး ကုန်ဆုံးခဲ့တယ်။
နောက်တော့ ကျွန်မ တခြား ညီအစ်မတစ်ယောက်နဲ့ တွဲဖက်ရတယ်။ အစကတော့ ပိုတာဝန်ယူဖို့ အလေးဂရုပြုနေတုန်းပဲ ဖြစ်ပေမဲ့၊ နည်းနည်း ကြာပြီးတဲ့နောက်မှာ၊ သူ တော်တော် ကျွမ်းကျင်ပြီး ကျွန်မထက် သူ့မှာ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု ပိုရှိတာ တွေ့ရလို့၊ သူ့ကို အလုပ်တချို့ ကျွန်မ လက်လွှဲလိုက်ပြီးတော့၊ နောက်ထပ် ဘာကိုမှ ဝင်မပတ်သက်ခဲ့ဘူး။ တစ်ခါတလေ၊ ကိုယ့်နာမည်ဂုဏ်သတင်းကို ထိန်းသိမ်းဖို့၊ ဆွေးနွေးတာတွေမှာ ပါပေမဲ့ အကြံပြုချက်တွေ ပေးတာကို ရှောင်ခဲ့တယ်။ တွေးနေမိတာက၊ “ကိစ္စတွေကို ရှင်ကိုင်တွယ်နိုင်တာ တွေ့ရတော့၊ ကျွန်မ စိုးရိမ်စရာမလိုသလို၊ ခဏ အေးဆေး နေလို့ရတယ်”လို့ပေါ့။ ခေါင်းဆောင်က အလုပ်ကို ပိုအလေးထားဖို့ သတိပေးခဲ့ပြီး၊ သူ ဒီလိုပြောပြီး ရက်အနည်းနည်း ကျွန်မ လုပ်ခဲ့ပေမဲ့ မကြာခင်မှာ၊ အရင်အတိုင်း ပြန်ဖြစ်သွားတယ်။ တစ်ခါတလေ ချက်ချင်း ကိုင်တွယ်ရမဲ့ ခဲရာခဲစစ် ပြဿနာတွေ ထွက်ပေါ်ခဲ့ပေမဲ့၊ အဲဒါက ကျွန်မညီအစ်မ အဓိက လိုက်လုပ်တဲ့ အလုပ်ဖြစ်တာကို မြင်တာနဲ့ ကျွန်မ အနှောင့်အယှက် မပေးချင်ခဲ့ဘူး။ စာကို မဖတ်ရသေးဘူးလို့ အမှတ်ပေးပြီး မမြင်ချင်ယောင်ဆောင်တယ်။ နောက်ကျရင် ကျွန်မ ညီအစ်မက ကိုင်တွယ်နိုင်မှာပါလို့ တွေးရင်းနဲ့ပေါ့။ ဒါက တာဝန်မဲ့တာပဲလို့ ခံစားရပေမဲ့၊ အလုပ်တိုးတက်မှုက ပုံမှန်ဖြစ်နေတဲ့အတွက်၊ သိပ်မတွေးခဲ့ဘူး။ တစ်လနှစ်လကြာတော့၊ ဗီဒီယိုအလုပ်နဲ့ သီခြား အစိတ်အပိုင်းတွေအတွက် ကျွန်မတို့ တာဝန်ရှိလာတယ်။ ဒီတစ်ခါ၊ ကျွန်မက အကူမရှိဘဲ အခက်အခဲနဲ့ ပြဿနာတွေ အများကြီး ရင်ဆိုင်ရမှာ သေချာတယ်။ ဒါပေမဲ့ တာဝန်မှာ ကိုယ့်ရဲ့ တာဝန်ယူမှု ကင်းမဲ့မှုနဲ့ ဒါကျွန်မအတွက် ဘယ်လိုကောင်းနိုင်မလဲဆိုတာကို တွေးမိတဲ့အခါ၊ ကျိုးနွံနာခံခြင်းနဲ့ အစပြုသင့်တယ်လို့ ကိုယ့်ဘာသာ ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်မ တကယ် စပြီးတဲ့နောက်မှာ၊ ကျွန်မမှာ ရုတ်တရက် ပိုလိုက်လုပ်စရာ အတော်များမှန်း တွေ့ရသလို၊ နေ့တိုင်း ကိုင်တွယ်စရာ ကိစ္စတွေက မဆုံးနိုင်အောင်ဖြစ်မှန်း ခံစားရတယ်။ အဲဒါအပြင်၊ ကျွန်မရဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေက မကောင်းသလို၊ ပိုပိုများတဲ့ ပြဿနာတွေက သူ့ဘာသာ ဆက်ပေါ်လာနေတယ်။ ကျွန်မတို့လုပ်တဲ့ ဗီဒီယိုတိုင်းက အကြံပြုချက်တွေ ရရှိပြီး၊ တစ်ခုစီတိုင်းကို တုံ့ပြန်ဖို့ ကျွန်မ တွေးရတယ်။ တဖြည်းဖြည်းနဲ့၊ ကျွန်မမှာရှိတဲ့ စိတ်ထက်သန်မှု နည်းနည်းက ကုန်သွားပြီး၊ ကိုယ့်ကိုယ်ကိုယ် မကြာခဏ တွေးမိတယ်၊ “ကျွန်မ အရမ်းကြိုးစားနေပေမဲ့၊ ပြဿနာတွေ အများကြီး ရှိတုန်းပဲ၊ ပိုသင့်တော်တဲ့လူတစ်ယောက်ကို ခေါင်းဆောင်က ရှာရင် ပိုကောင်းမယ်ထင်တယ်”လို့ပေါ့။ နောက်မကြာခင်မှာ၊ ကျွန်မတို့ရဲ့ ဗီဒီယိုတွေကို ပြန်လုပ်ဖို့ တစ်သီတစ်တန်း ပြန်ပို့ခံရပြီး၊ ကျွန်မပိုလို့တောင် စိတ်ပျက်သွားတယ်။ ကျွန်မ ရင်ဆိုင်ရတဲ့ ဒီခဲရာခဲဆစ် ပြဿနာတွေကို ကျွန်မ မဖြေရှင်းချင်တော့သလို၊ ကိုယ့်တာဝန်မှာ တခြားလူတွေနဲ့ တွဲဖက်ရတဲ့ နေ့တွေ၊ သူတို့နောက်မှာ ကျွန်မ ဒီအတိုင်း အပူပင်မဲ့ ပုန်းကွယ်လို့ရပြီး ဖိအား အများကြီး ခံယူစရာမလိုခဲ့တဲ့ နေ့တွေကို ပိုလို့ ကျွန်မ တမ်းတမိခဲ့တယ်။ ကျွန်မ ခြေတွေ လေးဖင့်နေချိန်မှာ ကိုယ့်တာဝန်ကိုလုပ်ဖို့ စိတ်ပြင်းပြမှု မခံစားခဲ့ရဘူး။ အဲဒီနောက် ဒီအခြေအနေနဲ့ ကိုယ့်တာဝန်ကို ဆက်လုပ်လို့ မရမှန်း သိလိုက်တယ်။ ဒါကြောင့် ဘုရားဆီ ဆုတောင်းတယ်။ ရှာဖွေခြင်းကတစ်ဆင့်၊ နောဧကို ရုတ်တရက် တွေးမိတယ်။ သင်္ဘောကို ဆောက်နေတုန်း အခက်အခဲနဲ့ ကျရှုံးမှု အများကြီး သူ ကြုံခဲ့ရပေမဲ့၊ လုံးဝ လက်မလျှော့ခဲ့သလို၊ အနှစ် ၁၂၀ ကြာ ဆက်လုပ်ခဲ့တယ်၊ နောက်ဆုံးမှာ သင်္ဘောကို အပြီးသတ်ခဲ့ပြီး၊ ဘုရားရဲ့ စေခိုင်းချက်ကို ပြီးစီးခဲ့တယ်။ ဒါပေမဲ့ အခက်အခဲ အနည်းငယ်ကို ရင်ဆိုင်ရာမှာ၊ ကိုယ့်ဝန်ထုပ်ကို ပုံပေးပြီး၊ တောင်တွေဆီ ဦးတည်မှာပဲ။ ကျွန်မ သူရဲဘောကြောင်နေတာပဲ မဟုတ်လား။ ဒီအတွေးနဲ့၊ ကျွန်မ အတော်အတန် ဣန္ဒြေဆည်လိုက်ပြီး၊ ကျွန်မရဲ့ အလုပ်ပြဿနာတွေကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်ခဲ့တယ်။
ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတယ်။ “ဤပျင်းရိသော အယောင်ဆောင်ခေါင်းဆောင်များသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းကို ပျော်မွေ့ရမည့် ရာထူးအမျိုးအစားတစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ယောက်မှ ထမ်းဆောင်သင့်သောတာဝန်နှင့် လုပ်ဆောင်သင့်သော အလုပ်ကို ဝန်ထုပ်ဝန်ပိုးအဖြစ်၊ ဒုက္ခတစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်၏ အလုပ်အပေါ် အာခံမှုဖြင့် အပြည့်ရှိနေကြသည်။ အလုပ်ကို စောင့်ကြည့်ရန်၊ သို့မဟုတ် ယင်း၌ရှိသော ပြဿနာများကို ရှာဖွေရန်၊ ပြီးလျှင် ထိုပြဿနာများကို ကြီးကြပ်စစ်ဆေးပြီး ဖြေရှင်းရန် ၎င်းတို့ကို ခိုင်းစေလော့။ ၎င်းတို့သည် အလွန်ပင် တွန့်ဆုတ်ကြသည်။ ဤသည်မှာ ခေါင်းဆောင်များ၊ အမှုဆောင်များလုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အလုပ်ဖြစ်သည်။ သင်သည် မလုပ်ဆောင်လျှင်၊ လုပ်ဆောင်လိုစိတ်မရှိလျှင် အဘယ်ကြောင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ချင်နေသေးသနည်း။ သင်သည် သင်၏ တာဝန်ကို ဘုရားအလိုတော်ကို အလေးထားရန်၊ သို့မဟုတ် အရာရှိဖြစ်ခြင်း၏ အဆောင်အယောင်များကို မွေ့လျော်ရန် ထမ်းဆောင်သလော။ တရားဝင်ရာထူးအချို့ကို သင်ပိုင်ဆိုင်လိုလျှင် ခေါင်းဆောင်ဖြစ်ခြင်းသည် အရှက်မဲ့ခြင်းမဟုတ်သလော။ မည်သူကမျှ ဤလူတို့ထက် ပို၍နိမ့်ကျသော ပင်ကိုလက္ခဏာမရှိပေ။ ဤလူတို့သည် မိမိကိုယ်ကို လေးစားမှုမရှိပေ။ ၎င်းတို့သည် အရှက်ကင်းမဲ့ကြသည်။ သင်သည် ဇာတိပကတိ သက်သာမှုကို ခံစားလိုလျှင် လောကီသို့ အလျင်အမြန်ပြန်သွားပြီး ယင်းအတွက် ကြိုးပမ်းလော့။ သင် တတ်နိုင်သလောက် ယင်းကို ဖမ်းယူလော့၊ လုယူလော့။ မည်သူကမျှ ကြားဝင်စွက်ဖက်မည်မဟုတ်ပေ။ ဘုရားသခင်၏ အိမ်တော်သည် ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်ကို ကိုးကွယ်ရန်အတွက် နေရာတစ်ခုဖြစ်သည်။ လူတို့အတွက် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရဖို့ နေရာတစ်ခုဖြစ်သည်။ ယင်းသည် လူတို့ကို အလိုလိုက်ထားဖို့နေရာဖြစ်ရန် မဆိုထားနှင့်၊ မည်သူမဆို ဇာတိပကတိ သက်သာခြင်းတွင် ပျော်ရွှင်ရန် နေရာတစ်ခု သာ၍ပင် မဟုတ်ပေ။...လူအချို့သည် မည်သည့်အလုပ်ကိုလုပ်ဆောင်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ၎င်းတို့သည် အောင်မြင်ရန် မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့အတွက် ခဲယဉ်းလွန်း၏။ ၎င်းတို့သည် လူတို့ထမ်းဆောင်သင့်သည့် မည်သည့်တာဝန်ဝတ္တရားများကိုမဆို ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အမှိုက်မဟုတ်သလော။ ၎င်းတို့သည် လူများဟု ခေါ်ရန် ထိုက်တန်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအများ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများနှင့်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုကို ခံစားရသောသူများမှလွဲ၍ မိမိတို့တာဝန်ကို မထမ်းဆောင်သင့်သော၊ မိမိတို့ ဝတ္တရားများကို မဖြည့်ဆည်းသင့်သော အသက်ရှင်သည့်သူ တစ်ယောက်ယောက်ရှိသလော။ သို့သော် ဤလူစားမျိုးသည် သစ္စာမဲ့ခြင်းကို အစဉ်ဖုံးကွယ်ပြီး မရိုးမသား အစဉ်ပြုမူကာ မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းလိုပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သင့်လျော်သောလူများကဲ့သို့ ပြုမူဆောင်ရွက်လိုခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ကို အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ ၎င်းတို့အား လူသားဖြစ်ဖို့ အခွင့်အရေး သူပေးခဲ့သော်လည်း၊ ၎င်းတို့က ဤအရာကို မိမိတို့၏တာဝန် ထမ်းဆောင်ရာ၌ အသုံးမပြုနိုင်ကြချေ။ ၎င်းတို့သည် ဘာမျှမလုပ်ကြ၊ သို့သော်လည်း အရာအားလုံးကို မွေ့လျော်ခံစားလိုကြ၏။ ဤသို့သောသူသည် လူသားအဖြစ် ခေါ်ဆိုရန် သင့်တော်သလော။ ၎င်းတို့ကို မည်သည့်အလုပ်ပဲ ပေးပေး၊ အလုပ်က အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ပြုလုပ်သည်။ အစဉ် ပျင်းရိပြီး မယုံရပေ။ ပြဿနာများ ဖြစ်ပေါ်သောအခါ ၎င်းတို့အတွက် တာဝန်ကို အခြားလူများအပေါ်သို့ တွန်းပို့ရန် ကြိုးစားသည်။ ၎င်းတို့သည် မိမိတို့၏ ကပ်ပါးကောင် ဘဝများကို ဆက်အသက်ရှင်ဖို့ လိုလားရင်း၊ မည်သည့်တာဝန်ကိုမျှ မယူကြပေ။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များဖြစ်သည် မဟုတ်လော။ လူမှုအဖွဲ့အစည်းတွင် မည်သူက ရှင်သန်ရေးအတွက် မိမိတို့ကိုယ်ကို မမှီခိုရသနည်း။ လူတစ်ဦးသည် အရွယ်ရောက်လာသည့်အခါ မိမိကိုယ်ကို ထောက်ပံ့ရမည်။ ၎င်းတို့၏ မိဘများသည် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ ၎င်းတို့၏ မိဘများက ၎င်းတို့အား ထောက်ပံ့ဖို့ လိုလားလျှင်ပင်၊ ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ ဘဝင်မကျဖြစ်မည်ဖြစ်ကာ၊ ‘ကျွန်ုပ်၏မိဘများသည် သားသမီးများကို ပြုစုပျိုးထောင်ပေးသည့်၎င်းတို့၏အလုပ် ပြီးစီးပြီဖြစ်သည်။ ကျွန်ုပ်သည် အရွယ်ရောက်သူတစ်ဦး ဖြစ်ပြီး ကျန်းမာသန်စွမ်းသည်။ ကျွန်ုပ်သည် အမှီအခိုကင်းစွာ နေထိုင်နိုင်သင့်သည်’ ဟု သတိပြုမိနိုင်သင့်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ဦး ရှိသင့်သည့် အနိမ့်ဆုံး အသိစိတ်ဖြစ်သည် မဟုတ်လော။ တစ်စုံတစ်ဦးသည် အမှန်တကယ် အသိစိတ်ရှိပါက ၎င်း၏ မိဘများထံမှ ဆက်လက်၍ အလကားလက်ဖြန့်တောင်းနိုင်မည် မဟုတ်ချေ။ အခြားသူများ လှောင်ပြောင်ကြမည်၊ မိမိအရှက်ခွဲခံရမည်ကို စိုးရွံ့ပေလိမ့်မည်။ သို့ဖြစ်၍ ပျင်းရိသော လူလေလူလွင့်တစ်ဦးသည် အသိစိတ်ရှိသလော။ (မရှိပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကားရယူလိုကြသည်။ မည်သည့်အခါမျှ တာဝန်မခံလိုပေ။ ၎င်းတို့သည် အခမဲ့နေ့လယ်စာကို ရှာဖွေကြသည်။ ၎င်းတို့သည် တစ်ရက်လျှင် ဟင်းကောင်းသုံးပွဲ လိုချင်ကြသည်။ မည်သည့်အလုပ်မျှမလုပ်ဘဲ တစ်ယောက်ယောက်က ၎င်းတို့ကို ကျွေးမွေးပြုစုဖို့၊ အစားအစာကို အရသာရှိဖို့ လိုချင်ကြသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်ထား မဟုတ်သလော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ ၎င်းတို့တွင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှု ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့အားလုံးသည် ကပ်ပါးရပ်ပါး လုပ်ကြသည်၊ အသုံးမကျဘဲ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသည့် လူ့တိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှသည် ဘုရားအိမ်တော်၌ ဆက်လက်တည်ရှိဖို့ မသင့်တော်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို မဖြစ်မနေ သုံးသပ်ခိုင်းတယ်။ အလုပ်မှာရှိတဲ့ ပြဿနာတွေကို စောင့်ကြည့် နားလည်ပြီး ဖြေရှင်းလို့ သမ္မာတရား ရှာတာက ခေါင်းဆောင်နဲ့ အမှုဆောင်ရဲ့ အလုပ်ပဲလေ။ ဒါပေမဲ့ အယောင်ဆောင် ခေါင်းဆောင်က ဒါကို ဝန်ထုပ်လို မြင်တယ်။ ဒါက သူတို့ဟာ တာဝန်ထမ်းဆောင်ဖို့ မဟုတ်ဘဲ၊ အရာရှိလောကရဲ့ အဆောင်ယောင်တွေကို မွေ့လျော်ဖို့ ဒီမှာ ရှိကြတာကို ပြတာပဲ။ ကျွန်မရဲ့ အပြုအမူကလည်း ဒီလိုပဲ ဖြစ်မှန်း တွေ့ခဲ့ရတယ်။ ကျွန်မအနေနဲ့ တာဝန်ယူပြီး ထွက်ပေါ်လာတဲ့ ပြဿနာနဲ့ အခက်အခဲတွေကို ဖြေရှင်းခဲ့သင့်တာ။ ဒီတာဝန်ကို သမ္မာတရား ရှာပြီး ကိုယ့်အားနည်းချက်တွေ ဖာထေးဖို့ အခွင့်အရေးအနေနဲ့ ယူခဲ့သင့်တာ။ အဲဒါက ပိုမြန်မြန် ကျွန်မကို တိုးတက်ခွင့်ပေးခဲ့မှာပဲ။ ဒါပေမဲ့ အခက်အခဲများလွန်းလို့ ကိုယ့်တာဝန်ကို ကျွန်မ ငြင်းချင်ခဲ့တယ်။ ကြီးကြပ်ရေးမှူးအနေနဲ့၊ တကယ့် အလုပ်ကို မလုပ်ခဲ့ဘူး၊ တကယ့် ပြဿနာတစ်ခုမှ မဖြေရှင်းခဲ့ဘူး။ ဒါက အဆင့်အတန်းရဲ့ အကျိုးတွေကို ကျွန်မ မက်မောတာ မဟုတ်လား။ ကိုယ့်အပြုအမူကို ပြန်ကြည့်လိုက်တော့၊ တွဲဖက်တွေရှိချိန်မှာ ကျွန်မ အလုပ်လုပ်နေပုံ ပေါ်နိုင်ပေမဲ့၊ အလုပ်က တကယ်တော့ လူတော်တော်များများကြားမှာ ခွဲခြားထားပြီး အားလုံးအတွက် အဲဒီလောက် ကျွန်မ တာဝန်မရှိခဲ့ဘူး။ ကျွန်မတာဝန်က လွယ်ခဲ့တယ်။ ဒါကြောင့် တကယ်တော့ ကျွန်မက အချိန်ကောင်း ရှိနေခဲ့တာပဲ။ ကျွန်မရဲ့တွဲဖက်နှစ်ယောက် ပြောင်းရွေ့ခံရတော့၊ အလုပ်ဖိအားတွေ တကယ် ပုံသွားတယ်၊ ကျွန်မက တာဝန်ကို ထမ်းဖို့ ဆင်းရဲဒုက္ခခံဖို့ လိုသွားခဲ့ပြီး၊ အဲဒါကြောင့် အာခံလာခဲ့တာဟာ ဘုရားကို သစ္စာဖောက်ပြီး ကိုယ့်တာဝန်ကို ငြင်းလိုက်ချင်တဲ့အထိတောင်ပါပဲ။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းအားဖြင့်၊ အခြေအနေကို ပြင်ဆင်တာတွေ လုပ်ခဲ့ပေမဲ့၊ ကျွန်မထက် ပိုအတွေ့အကြုံရှိတဲ့ ညီအစ်မနဲ့ တွဲဖက်ရတော့၊ ထပ်ပြီး တာဝန်ကို လျော့ယူခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စေဖို့ မလိုလားဘဲ၊ တာဝန်ကို စိမ်ပြေနပြေ ထမ်းဆောင်ရင်း အချိန်တွေ ကုန်ခဲ့တယ်။ ဒီတစ်ခါ ဗီဒီယိုအလုပ်အတွက် အဓိက တာဝန်ပေးခံရပြီး အခက်အခဲတွေ ပိုသွားတော့၊ ပြန်ထွက်ပြေးချင်ခဲ့တယ်။ တာဝန်အပေါ် ကျွန်မရဲ့ သဘောထားက အရမ်းစိတ်မချရသလို၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲ၊ တာဝန်ရဲ့ အရိပ်အယောင်ကို စမြင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးဖို့ အသင့် ဖြစ်နေခဲ့တာ ကျွန်မ မြင်ရတယ်။ လွယ်ကူပြီး စိတ်ဖီစီးမှုမရှိတဲ့ အလုပ်ကိုပဲ အမြဲ ပြောင်းလိုက်ချင်ခဲ့ပေမဲ့၊ အမှန်တော့ အလုပ်အားလုံးမှာ အခက်အခဲတချို့ ရှိကြသလို၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းရင်၊ ကျွန်မ ဘာတာဝန်ကိုမှ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မက သဘာဝအားဖြင့် သမ္မာတရားကို ငြီးငွေ့ပြီး အပြုသဘောဆောင်တဲ့ အရာတွေကို မချစ်တာ မြင်ရတယ်။ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ မဟုတ်ဘဲ ကောင်းချီးတွေ မွေ့လျော်ခံစားဖို့ ရှိခဲ့တာပဲ။ နောက်ဆုံးမှာ၊ ဒီလိုယုံကြည်ခြင်းမျိုးကနေ ဘာမှ ဖြစ်မလာဘူး။ အထူးသဖြင့် ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ခဲ့တယ်။ “၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကားရယူလိုကြသည်။ မည်သည့်အခါမျှ တာဝန်မခံလိုပေ။ ၎င်းတို့သည် အခမဲ့နေ့လယ်စာကို ရှာဖွေကြသည်။ ၎င်းတို့သည် တစ်ရက်လျှင် ဟင်းကောင်းသုံးပွဲ လိုချင်ကြသည်။ မည်သည့်အလုပ်မျှမလုပ်ဘဲ တစ်ယောက်ယောက်က ၎င်းတို့ကို ကျွေးမွေးပြုစုဖို့၊ အစားအစာကို အရသာရှိဖို့ လိုချင်ကြသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်ထား မဟုတ်သလော။” ကျွန်မက ဘုရားထုတ်ဖော်ပြတဲ့ ကပ်ပါးကောင် အတိအကျ ဖြစ်ခဲ့တာပဲ။ လုံးဝ မျိုးစေ့မကြဲဘဲ ရိတ်သိမ်းချင်ခဲ့ပြီး တခြားလူရဲ့ လုပ်အား အသီးအပွင့်တွေကို မွေ့လျော်ချင်ခဲ့တယ်။ အဲဒီတော့ ကျွန်မက အမှိုက်ပဲ မဟုတ်လား။ တွေးလေ၊ ကိုယ့်ကိုယ်ကိုယ် အော်ဂလီဆန်လေပဲ။ အရင်တုန်းက၊ ကျွန်မ အမုန်းဆုံး လူတွေဟာ သူတို့မိဘတွေဆီ လတ်လျားလတ်လျားနေသေးတဲ့ ကပ်ပါးရပ်ပါးတွေပေါ့။ အိမ်ကမထွက်တဲ့ အပြည့်အဝ အရွက်ရောက်ပြီးသူ၊ သူတို့မိဘတွေကို အသုံးချပြီး၊ ဘာတာဝန်မှ မယူတဲ့သူတွေပေါ့။ သူတို့က အသုံးမကျသူတွေပဲ။ ဒါပေမဲ့ ကျွန်မရဲ့ လက်ရှိအပြုအမူက သူတို့နဲ့ ဘယ်လိုများ ကွာခြားတာ တစ်ခုခု ရှိလို့လဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မက တာဝန်မှာ စက်ဆုပ်စရာဖြစ်ပြီး မရိုးသားခဲ့တာ နောက်ဆုံး မြင်ပါပြီ။ ကျွန်မကိုယ်ပိုင် ဇာတိကိုပဲ တွေးခဲ့ပြီး ကပ်ပါးကောင် ဖြစ်ချင်ခဲ့တယ်။ ဒီအကျင့်ပျက် အတွေးတွေနဲ့ တကယ်ကို လန့်မိပါတယ်။ အရေးပေါ် ပူးပေါင်းလုပ်ဖို့လိုတဲ့ အလုပ်တွေ အသင်းတော်မှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ တိုးတက်အောင်လုပ်ဖို့၊ ဝန်ထုပ်ထမ်းဖို့ ကျွန်မ မကြိုးစားခဲ့ဘူး။ ကျွန်မ အမှိုက်ပါ။ ဘုရားသခင်၊ ကျွန်မရဲ့ ဒီအခြေအနေ မှားမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မဇာတိရဲ့ ဘောင်ခတ်မှုတွေကို မအောင်မြင်နိုင်ပါဘူး။ ကျွန်မရဲ့ ပြဿနာတွေကို နားလည်အောင် ကျွန်ကို ဉာဏ်အလင်းပေးပါ။ ကျွန်မ ပြောင်းလဲဖို့ နောင်တရချင်ပါတယ်” လို့ပေါ့။ ပြီးတော့ ဆက်ပြီး တွေးမိတယ်။ ကျွန်မအလုပ်မှာ ဖိအားနဲ့ အခက်အခဲတွေ ပုံလာတဲ့အခါတိုင်း ဘာလို့ အမြဲ ထွက်ပြေးပြီး ကိုယ့်တာဝန်ကို ငြင်းချင်ခဲ့ရတာလဲ။ ဒါရဲ့ ဖြစ်ကြောင်းရင်းမြစ်က အတိအကျ ဘာလဲ။ ရှာဖွေရာမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့ရတယ်။ “ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ ပုံမှန်ထက်ပိုခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားရဲ့ ပြင်းထန်တဲ့ နှုတ်ကပတ်တော်ကနေ ခံစားရတာက၊ သက်သာမှုကို မက်မောတဲ့ လူတွေကို ဘုရားက အဆုံးစွန် စက်ဆုပ်ပြီး ရွံ့မုန်းတယ်၊ သူ့အတွက်တော့ သူတို့က တိရစ္ဆာန်တွေ ဖြစ်တယ်ဆိုတာပဲ။ တိုးတက်မှု ဖန်တီးဖို့ အလုပ်မလုပ်ချင်ဘဲ၊ အချောင်ခိုတာ နှစ်သက်တဲ့ ပျင်းရိတဲ့ လူလေလူလွင့်တွေဖြစ်ပြီး၊ နောက်ဆုံးမှာ၊ ဘာတာဝန်မှ ကောင်းကောင်း မထမ်းသလို၊ သမ္မာတရား မရကြဘူး။ အမှိုက်တွေပေါ့။ ဒါ ကျွန်မဖြစ်ခဲ့တဲ့ ပုံပဲ။ ကျွန်မတာဝန်ကို ချောချောမွေ့မွေ့ ဖြစ်စေချင်ခဲ့ပေမဲ့၊ ကျွန်မမှာ တာဝန်ရှိပြီး ထုတ်ပယ်မခံရသရွေ့၊ ကိစ္စတွေ အဆင်ပြေတယ်လို့ပေါ့။ ဒါပေမဲ့ ဆင်းရဲဒုက္ခခံဖို့၊ အဖိုးအခပေးဖို့ လိုအပ်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာနဲ့၊ ကျွန်မ နောက်တွန့်ခဲ့တယ်။ ရိုးရှင်းလွယ်ကူတဲ့ အလုပ်တွေကိုပဲ ရွေးချင်ခဲ့ပြီး၊ “အသက်ရှင်တုန်း ဘဝကို ပျော်မွေ့ပါ”ဆိုတာနဲ့ “ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဆက်ဆံပါ”ဆိုတဲ့ ဆိုးယုတ်တဲ့ ဘဝစည်းမျဉ်းတွေကို ထိန်းသိမ်းချင်ခဲ့တယ်။ ဒီအမြင်တွေကြောင့်၊ သက်သာမှုကို ကျွန်မ အမြဲ မက်မောခဲ့ပြီး၊ ကျွန်မတာဝန်ယူတဲ့ အလုပ် ပုံလာတဲ့အခါတိုင်း ကျွန်မရဲ့ အားလပ်ချိန်လျော့မှာကို စိုးရိမ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့တယ်။ နောက်ထပ် ကျွမ်းကျင်မှုတွေ သင်ယူဖို့ လိုချိန်မှာ၊ အဲဒီအတွက် အဖိုးအခမပေးခဲ့ဘူး၊ ဆိုလိုတာက ခဏကြာတော့၊ ကိုယ့်ကျွမ်းကျင်မှုနဲ့ ပတ်သက်လို့ တိုးတက်မှုသိပ် မလုပ်ခဲ့သလို၊ အလုပ်ကို မကိုင်တွယ်နိုင်ခဲ့ဘူးပေါ့။ တစ်ခါတလေ ကိုယ့်တာဝန်တွေကိုတောင် လျစ်လျူရှုပြီး ကျွမ်းကျင်မှုတွေ သင်ယူဟန်ဆောင်ပြီး လောကီ ဗီဒီယိုတွေကို ကြည့်ခဲ့တယ်။ စိတ်ဝိညာဉ်မှာ အရင်ထက် ပိုထုံပြီး မှောင်မိုက်လာခဲ့တယ်။ ကြီးကြပ်ရေးမှူးအနေနဲ့၊ အလုပ်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ၊ တက်တက်ကြွကြွ လိုက်ကြည့်ပြီး ဖြေရှင်းသင့်ခဲ့ပေမဲ့၊ ပြဿနာတွေက နည်းနည်း ခက်တာမြင်တာနဲ့ လျစ်လျူရှုဖို့ပဲ လှည့်ကွက်တချို့ သုံးခဲ့တယ်။ အလုပ်ရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ပိုဆိုးရွားတာက ကိုယ့်နေရာကို ယူပြီး ကျွန်မပေါ်က ဖိအားကို သက်သာစေဖို့ လူတစ်ယောက်ကို အမြဲရှာလိုတဲ့ ကျွန်မရဲ့ ဆန္ဒပဲ။ ဗီဒီယိုတွေ ဖန်တီးတာက ဧဝံဂေလိအလုပ်အတွက် အရေးကြီးတာ သိပေမဲ့၊ ကိုယ့်ဇာတိကို ဖြည့်ဆည်းပြီး အရေးကြီးတဲ့ အချိန်တိုင်းမှာ ထွက်ပြေးခဲ့တယ်၊ ဘာတာဝန်မှ မယူခဲ့ဘူး။ မိဘတွေက အရွယ်ရောက်တဲ့အထိ ပျိုးထောင်ခဲ့ပေမဲ့ သူတို့ မိသားစုအတွက် စတေးဖို့ အချိန်ရောက်လာတော့၊ ဆင်းရဲဒုက္ခကို ကြောက်ပြီး တာဝန်ယူဖို့ မလိုလားတဲ့ ကလေးတွေကို တွေးမိတယ်။ ဒီလိုလူမျိုးက အသိစိတ် မရှိသလို၊ ကျေးဇူးမသိတဲ့ အကောင်ယုတ်ပဲ။ ကျွန်မရဲ့ အပြုအမူ ဒီလိုပဲ ဖြစ်ခဲ့ပုံကို တွေးမိတယ်။ ဘုရားက ဒီအချိန်ထိ ကျွန်မကို လမ်းပြခဲ့ပြီး၊ အဲဒီလို အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ပေးခဲ့ပေမဲ့၊ ဆင်းရဲဒုက္ခကို အမြဲ ကြောက်ပြီး ကိုယ့်ဇာတိကိုပဲ အလေးပေးခဲ့တယ်။ ကျွန်မ ဘာအသိစိတ်မှ မရှိခဲ့ဘူး။ ကိုယ့်တာဝန်အတွက် ဆင်းရဲဒုက္ခရဲ့ အဓိပ္ပာယ်ကို မမြင်နိုင်ခဲ့ဘူး၊ ခန္ဓာသက်သာမှုကိုပဲ အမြဲ မက်မောခဲ့ပြီး၊ ဘာတာဝန်ကိုမှ ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့ဘူး။ နောက်တော့ ကျွန်မ သိလိုက်တယ်။ စာတန်က “အသက်ရှင်တုန်း ဘဝကို ပျော်မွေ့ပါ”ဆိုတာနဲ့ “ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဆက်ဆံပါ”ဆိုတဲ့ ဒီအတွေးအခေါ်တွေနဲ့ လူတွေကို ပြည့်စေခဲ့တယ်၊ အရင်ထက် ပိုအကျင့်ပျက်လာစေတယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်လာစေခဲ့တယ်။ သက်သာမှုကို ဆက်မက်မောရင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေမှာပဲ မဟုတ်လား။ ကျွန်မတာဝန်ရဲ့ အခက်အခဲတွေအကြောင်း အမြဲ ညည်းညူပြီး ကျွန်မရဲ့ ခန္ဓာ သက်သာမှုနဲ့ ခွဲဖို့ မနှစ်မြို့ခဲ့ဘူး။ ကျွန်မက သမ္မာတရားကို ရရှိဖို့ အခွင့်အရေး ဆုံးရှုံးရုံမက၊ ကိုယ့်တာဝန်မှာ အမှားဖြစ်စေပြီး၊ ပြစ်မှားမှုတွေကလွဲလို့ ဘာမှ နောက်ချန်မထားခဲ့ဘူး။ နောက်ဆုံးမှာ၊ ဘုရားရဲ့ ငြင်းပယ်၊ ထုတ်ပယ်တာ ခံရဖို့ သေချာသွားခဲ့တယ်။
လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း စရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “အသင်းတော်က သင့်အား လုပ်ဆောင်ရန် အလုပ်တစ်ခုပေးသည် ဆိုပါစို့။ သင်က ‘အလုပ်က ထင်ပေါ်ဖို့ အခွင့်အရေးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ငါ့ကို ပေးထားပြီးပြီဖြစ်တဲ့အတွက် ငါ ကောင်းကောင်းလုပ်မယ်။ ဒီတာဝန်ကို ငါယူမယ်။ ဧည့်ကြိုအတွက် ငါ့ကို တာဝန်ပေးရင် အဲဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့ ငါအစွမ်းကုန်လုပ်မယ်။ ညီအစ်ကိုမောင်နှမတွေကို ကောင်းကောင်းစောင့်ရှောက်ပြီး လူတိုင်း ဘေးကင်းလုံခြုံရေးကို အစွမ်းကုန် ထိန်းသိမ်းမယ်။ ငါ့ကို ဧဝံဂေလိဖြန့်ဝေဖို့တာဝန်ချပေးရင် ငါ့ကိုယ်ငါ သမ္မာတရားနဲ့ ပြင်ဆင်ပြီး ဧဝံဂေလိကို အမြတ်တနိုး မျှဝေပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်မယ်။ နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူဖို့ ငါ့ကို တာဝန်ပေးရင် လုံ့လရှိရှိနဲ့ လေ့လာပြီး ကြိုးစားလုပ်မယ်။ တစ်နှစ်၊ နှစ်နှစ်အတွင်း ဖြစ်နိုင်သမျှ အမြန်ဆုံး သင်ယူမယ်။ ဒါဆိုရင် နိုင်ငံခြားသားတွေကို ဘုရားသခင်အကြောင်း ငါသက်သေခံနိုင်မယ်။ သက်သေခံချက်ဆောင်းပါးတွေရေးဖို့ ငါ့ကို တောင်းဆိုရင် အဲဒီလိုဖို့အတွက် တာဝန်သိသိနဲ့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပြီး ကိစ္စတွေကို သမ္မာတရားရဲ့ စည်းမျဉ်းတွေနဲ့အညီ ရှုမြင်မယ်။ ဘာသာစကားအကြောင်း သင်ယူမယ်။ လှပတဲ့ စကားပြေတွေနဲ့ ဆောင်းပါးတွေကို ငါ မရေးကောင်းမရေးနိုင်ပေမဲ့၊ အနည်းဆုံးတော့ ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ သက်သေခံချက်ကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောဆိုနိုင်မှာပဲ။ သမ္မာတရားအကြောင်းကို နားလည်နိုင်အောင် မိတ်သဟာယဖွဲ့နိုင်မယ်။ ဘုရားသခင်အကြောင်း စစ်မှန်တဲ့ သက်သေကို ခံနိုင်မယ်။ ဒီလိုနဲ့ လူတွေက ငါ့ဆောင်းပါးတွေကို ဖတ်တဲ့အခါမှာ တည်ဆောက်စရာဖြစ်ပြီး၊ အကျိုးဖြစ်ကြမယ်။ အသင်းတော်က ငါ့ကို ဘာအလုပ်မျိုးပဲ ချပေးပါစေ ငါ့ရဲ့ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ခံယူမယ်။ ငါနားမလည်တာ တစ်ခုခုရှိရင်၊ ပြဿနာတစ်ခုဖြစ်လာရင် ဘုရားသခင်ဆီကို ဆုတောင်းမယ်၊ သမ္မာတရားကို ရှာမယ်။ သမ္မာတရား စည်းမျဉ်းတွေကို နားလည်အောင် ကြိုးစားမယ်။ ကောင်းကောင်းလုပ်မယ်။ ငါ့တာဝန်က ဘာပဲဖြစ်ပါစေ ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့ အရာရာကို အသုံးပြုမယ်။ ငါစွမ်းဆောင်နိုင်တဲ့ ဘယ်အရာမဆိုအတွက် ငါခံယူရမယ့်တာဝန်တွေအားလုံးကို တာဝန်ယူဖို့ အကောင်းဆုံးလုပ်မယ်။ အနည်းဆုံးအနေနဲ့ ငါ့ရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်မှာမဟုတ်ဘူး။ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေမလုပ်ဘူး။ ဉာဏ်များပြီး တာဝန်ကို မပျက်ကွက်ဘူး။ သူများတွေ အလုပ်ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေကို ခံစားမှာမဟုတ်ဘူး။ ငါလုပ်တဲ့ ဘယ်အရာကမှ အသိစိတ်ရဲ့ စံနှုန်းတွေထက် နိမ့်ကျမှာမဟုတ်ဘူး’ ဟူ၍ ပြောသည်ဆိုပါစို့။ ဤသည်မှာ လူသားအပြုအမူ၏ အနည်းဆုံးစံနှုန်းဖြစ်သည်။ ဤသို့သောပုံစံဖြင့် တာဝန်ထမ်းဆောင်သောသူသည် တာဝန်သိသော၊ ကျိုးကြောင်းသင့်သောသူအဖြစ် အရည်အချင်းပြည့်မီနိုင်သည်။ သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အသိစိတ်ရှင်းလင်းရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ကို ထိုက်တန်စွာရရှိပြီး ညာစားနေခြင်းမဟုတ်ဟု ခံစားရမည်။ ဤသည်မှာ တာဝန်သိစိတ်ဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ သေချာလုပ်သင့်တယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သင်တို့တွင် ထိုသို့သော သဘောထားတစ်ခုရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေက တကယ် လှုံ့ဆော်ခဲ့တယ်။ အသင်းတော်က ဒီအလုပ်ကို ကြီးကြပ်စေခဲ့တဲ့အတွက်၊ အရွယ်ရောက်သူတစ်ယောက် တာဝန်ယူနိုင်စွမ်းရှိတဲ့ တာဝန်အားလုံးကို ယူခဲ့ရတယ်။ ကျွန်မရဲ့ အစွမ်းအစ ဘယ်လောက်ပဲ မြင့်ပါစေ၊ အလုပ်မှာ ဘယ်လိုပဲ စွမ်းဆောင်နိုင်ပါစေ၊ ကိုယ့်တာဝန်မှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရပါစေ၊ နောက်တွန့်လို့ မဖြစ်ဘူး။ ကျွန်မ ဆက်လုပ်ပြီး ဒီအလုပ်ကို အစွမ်းကုန် တာဝန်ယူရမယ်။ နောက်ပိုင်းမှာ၊ ဗီဒီယိုတစ်ခုကို ကျွန်မတို့ ပြီးသွားပြီး တခြားလူတွေရဲ့ အကြံတွေကို ယူတဲ့အခါတိုင်း၊ ကျွန်မ မသိလိုက်တဲ့၊ ဘယ်လိုကိုင်တွယ်ရမယ်မှန်း မသိတဲ့ ပြဿနာဖြစ်ပါစေ၊ ဖြေရှင်းဖို့ လမ်းကြောင်းကို တက်တက်ကြွကြွ အမြဲရှာတယ်၊ တိုင်ပင်လို့ရတဲ့ အတွေ့အကြုံရှိတဲ့ လူတွေကို ရှာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဒီကျွမ်းကျင်မှုတွေနဲ့ ကျွန်မ ပိုအကျွမ်းဝင်လာခဲ့ပြီး စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ပိုရှင်းလာခဲ့တယ်။ အရင်က၊ ခက်တဲ့ ပြဿနာရှိတဲ့အခါတိုင်း၊ ကိုင်တွယ်ဖို့ ကျွန်မရဲ့ တွဲဖက်တစ်ယောက်ကို ညာချနေကျပဲ၊ ချက်ဂရုထဲမှာ စာတွေကို ချက်ချင်း မပြန်ဘဲ အချိန်ဆွဲခဲ့တယ်။ အခု၊ တာဝန်ကို ကျွန်မ တက်တက်ကြွကြွ ယူပြီး ကိုယ့်တာဝန်မှာ ဝန်ထုပ်ပိုထမ်းနိုင်တယ်။ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်တဲ့ ဖြစ်စဉ်မှာ အခက်အခဲတွေ ရှိပေမဲ့၊ ဘုရားပေါ် အာရုံစိုက် မှီခိုလိုက်ပြီး လူတိုင်းနဲ့ ဆွေးနွေးခြင်းကတစ်ဆင့်၊ လျှောက်သင့်တဲ့ လမ်းကြောင်းက အရင်ထက် ပိုရှင်းလာတယ်။ ကျွန်မ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့မှန်း၊ တာဝန်ကို ထမ်းဖို့ မလိုလားဘဲ ကိုယ့်တာဝန်မှာ စိတ်မချရဖြစ်ပြီး ပျင်းရိခဲ့မှန်း ဒီအတွေ့အကြုံနောက်မှာမှ သိခဲ့ရတယ်။ အလုပ်အပေါ် ကျွန်မရဲ့ သဘောထားကို ပြင်လိုက်ပြီး၊ ဘုရားရဲ့ ဝန်ထုပ်ကို အလေးဂရုပြုဖို့ လိုလားပြီး ပူးပေါင်းဆောင်ရွက်ရာမှာ အစွမ်းကုန်အားထုတ်လိုက်တဲ့အခါ၊ ဘုရားရဲ့ ဦးဆောင်မှုနဲ့ လမ်းပြမှုကို မြင်ခဲ့ရတယ်၊ အတွင်းထဲက ယုံကြည်ခြင်းကို ရခဲ့ပြီး၊ ကိုယ့်တာဝန်ကို အာရုံစိုက်တဲ့ ဆင်ခြင်တုံတရားရှိပြီး အသိစိတ်ရှိတဲ့ လူဖြစ်တာ လက်တွေ့လုပ်ဖို့ လိုလားလာခဲ့တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။