ကောက်ကျစ်ခြင်းက ကျွန်မကို ထိခိုက်ခဲ့ပုံ

13.12.2022

ရှမ်းရီ ဂျပန်နိုင်ငံ

တစ်ခါတုန်းက ကျွန်မတို့အလုပ်ကို အနှစ်ချုပ်တော့ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်က အဲဒီလအစပိုင်းမှာ သိပ်အဆင်မပြေဘူးလို့ အသင်းတော်ခေါင်းဆောင်တစ်ယောက်ကပြောပြီးတော့ အဲဒီအတွက် အကြောင်းပြချက်ကို မျှဝေပေးဖို့ ကျွန်မကို ပြောတယ်။ ကျွန်မတို့ ဖြစ်ထွန်းမှုက အခုရက်ပိုင်းမှာ ကျဆင်းနေတာကို အဲဒီအချိန်ထိ ကျွန်မ သတိမထားမိဘူး။ အစည်းအဝေးပြီးတဲ့နောက်မှာ ကျွန်မ အမြန်စစ်ကြည့်ကြည့်တယ်။ ကျွန်မတို့ရဲ့ ဖြစ်ထွန်းမှုက အရင်လကတည်းက တစ်ဝက်ကျသွားတာကို တွေ့လိုက်ရတယ်။ ကျွန်မ စိတ်ပူသလိုဖြစ်သွားတယ်။ ဒီလိုဆက်ဖြစ်နေရင်၊ ဒီလိုမျိုး မကောင်းမကန်းဆက်လုပ်နေရင် ကျွန်မ အထုတ်ခံရမှာလား။ အဲဒါနဲ့ ကျွန်မတို့ရဲ့ ဖြစ်ထွန်းမှုနှုန်းပြန်တက်လာအောင် အကြောင်းပြချက်ကို ချက်ချင်းစရှာတယ်။ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ တစ်ယောက်ချင်း စကားပြောတယ်။ သူတို့တာဝန်က ပြဿနာ၊ အခက်အခဲတိုင်းကို မေးတယ်။ စုဝေးပွဲတွေမှာ သီးသန့် ဒီပြဿနာတွေကို မိတ်သဟာယဖွဲ့တယ်။ အဆင်ပြေနေတဲ့သူတွေကို သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေခိုင်းတယ်။ နောက်သုံးလေးရက်ကျတော့ ကျွန်မတို့လုပ်တာ နည်းနည်းပိုကောင်းလာတယ်။ နောက်ဆုံးတော့ ကျွန်မ စိတ်အေးနိုင်ပြီပေါ့။ ဒီလိုဆက်ဖြစ်နေရင် အရင်လထက် နည်းနည်းပိုကောင်းအောင်လုပ်နိုင်မယ်။ ကျွန်မက ဒီလိုဆက်လုပ်သွားရင်၊ ဘာမကောင်းမှုမှမလုပ်ဘူး၊ အနှောင့်အယှက်ဖြစ်တာမလုပ်ဘူးဆိုရင် အသင်းတော်မှာ နေနိုင်ပြီး အထုတ်ခံရမှာမဟုတ်ဘူးလို့ တွက်မိတယ်။ အဲဒီနောက်တော့ ကျွန်မ စိတ်ပူပင်တာ သက်သာသွားတယ်။ လကုန်ခါနီးကျတော့ ကျွန်မတို့အလုပ်ရဲ့ ရလဒ်တွေက အရင်လကနဲ့ အတူတူပဲဆိုတာ တွေ့ရတယ်။ အဲဒီလကို ကျွန်မတို့ ကောင်းကောင်းလုပ်ခဲ့ရင် နောက်လကျရင် ကျွန်မက တိုးတက်မှုရှိနေတယ်လို့ မြင်ရအောင်လို့ ပိုကောင်းအောင်လုပ်ရမယ်၊ ဒါဆိုရင် ကျွန်မက ပိုပြီးတော့တောင် အားစိုက်ရမယ့်သဘောပဲလို့ တွေးမိတယ်။ ဘာလို့ ကိုယ်ကိုယ့်ကိုယ် အရမ်းဖိအားပေးရမှာလဲ။ ဒီလမှာ ကျွန်မတို့လုပ်တာ အဆင်ပြေတော့ ကျွန်မ အထုတ်ခံရပြီး ပယ်ခံရမှာမဟုတ်ဘူး။ ဒီလိုစဉ်းစားတော့ ကျွန်မ လုံးဝ စိတ်အေးသွားပြီး ဝန်ပေါ့သွားသလို ခံစားမိတယ်။ ကျွန်မက ဖြစ်သလိုလုပ်ပြီး ကိုယ့်ဘာသာ အားရကျေနပ်လာတယ်။ ကျွန်မတို့အလုပ်ကို အနီးကပ် လိုက်စစ်တာမလုပ်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေက သူတို့အခက်အခဲတွေကို ပြောတဲ့အခါ ကျွန်မက ဒါတွေကို ဖြေရှင်းဖို့ မိတ်သဟာယမဖွဲ့ဘူး။ တစ်ခါတလေမှာ တချို့က သူတို့တာဝန်မှာ စည်းမျဉ်းတွေကို ချိုးဖောက်နေတာကို ကျွန်မ တွေ့တော့ ဘာမှမလုပ်ခဲ့ဘူး။ တချို့လူတွေက ဒီပြဿနာတွေရှိတာပဲ၊ အားလုံးရဲ့ ထိရောက်မှုကို မထိခိုက်သရွေ့ ဘာမှမဖြစ်ဘူးလို့ စဉ်းစားတာပေါ့။ တစ်ခါတလေမှာ လူတွေက သူတို့တာဝန်မှာ ပျင်းရိပြီး အရေးတကြီးလုပ်ဖို့ စိတ် လုံးဝမရှိဘူး။ ဒါက ကိုင်တွယ်သင့်တဲ့ပြဿနာဆိုတာ ကျွန်မ သဘောပေါက်တယ်။ ဒါပေမဲ့ ဒီလအတွက် ကျွန်မတို့ရလဒ်က အဆင်ပြေတယ်ဆိုတာ သိပြီး လျော့ရဲတာက သာမန်ပါပဲလို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မ မျက်ကွယ်ပြုလိုက်တာပေါ့။ အဲဒီအခြေအနေမှာ ကျွန်မ အသက်ရှင်တော့ တကယ့်ဝိညာဉ်မှောင်မိုက်မှုကို ကျွန်မ ခံစားမိတယ်။ ဘုရားနှုတ်ကပတ်တော်က ဉာဏ်အလင်းဖွင့်ပြတာ တစ်ခုမှမရနေဘူး။ အလုပ်မှာ ပြဿနာတွေကိုလည်း မတွေ့ဘူး။ ပြီးတော့ ကျွန်မတို့အလုပ်ကို အနှစ်ချုပ်နေတုန်းမှာ ကျွန်မက အိပ်ချင်ပြီး ငိုက်တောင်ငိုက်တယ်။ ကျွန်မတို့ဖြစ်ထွန်းမှုနှုန်းက ဆက်တိုက်ကျနေတာကို မြင်မှ ကျွန်မ စပြီးလန့်ဖြန့်လာတယ်။ အဲဒီမှာ ကျွန်မတို့ ဘယ်နေရာမှာမှားနေလဲဆိုတာ ရှာဖို့ ညီအစ်ကိုမောင်နှမတွေဆီ အမြန်သွားစစ်ဆေးတယ်။

တစ်ခါတော့ စုဝေးပွဲတစ်ခုလုပ်နေတုန်းမှာ အစ်မတစ်ယောက်ကပြောတယ်။ တချို့လူတွေက သူတို့တာဝန်မှာ ကောင်းကောင်းမလုပ်တဲ့အခါ အထုတ်ခံရမှာကို ကြောက်ကြတယ်။ ဒါကြောင့် ပိုပြီး အားစိုက်ကြတယ်တဲ့။ နောက်တော့ ရလဒ်နည်းနည်းရလာတာနဲ့ သက်သာဖို့အတွက်ကို လောဘကြီးလာပြီး သိပ်ပြီး တာဝန်မခံတော့ဘူး။ ဒါက ကောက်ကျစ်တာပဲ။ ဉာဏ်များတဲ့ လက္ခဏာပဲလို့ သူက ပြောတယ်။ ဒါက ကျွန်မအတွက် ခံစားချက်နည်းနည်း ဖြစ်ပေါ်လာစေတယ်။ ကျွန်မ မနေနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တယ်။ ကျွန်မတို့ ဖြစ်ထွန်းမှုက ကျလာတော့ တာဝန်ပြောင်းပြီးပေးခံရမှာ၊ အထုတ်ခံရမှာကိုကြောက်ပြီး ကျွန်မ အားတင်းလိုက်တယ်။ ပိုကောင်းတဲ့ ရလဒ်တွေကို ကျွန်မ ရချင်ခဲ့တယ်။ ကျွန်မက ပိုကောင်းတဲ့ ရလဒ်တွေ ရတဲ့အခါ၊ ဒါမှမဟုတ် ရလဒ်တွေက အတူတူပဲဖြစ်နေတဲ့အခါ ကျွန်မက သက်သာတာကို တပ်မက်ပြီး ကိုယ့်တာဝန်မှာ ဘာမှ အရေးတကြီးဖြစ်မနေတော့ဘူး။ ဒါက လတိုင်း ပုံမှန်ရလဒ်ရပြီးတော့ အထုတ်မခံရဖို့အတွက် လုံလောက်တယ်လို့ တွေးခဲ့တယ်။ ဒါက ကောက်ကျစ်ပြီး မယုံကြည်ရတာမဟုတ်ဘူးလား။ ဒါက အဲဒီလိုအခြေအနေမျိုးကို ကြုံရတိုင်း ကျွန်တော်ပြုမူတဲ့ပုံစံဆိုတာ သဘောပေါက်သွားတယ်။ ကျွန်တော်က အမြဲတမ်း အဲဒီလိုလုပ်ခဲ့တာ။ အဲဒီအချိန်မှာ ကျွန်တော် နည်းနည်းကြောက်သွားတယ်။

ကျွန်တော် ဘုရားဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ဖတ်တယ်။ “လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာမရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို ဖမ်းဆုပ်ရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန်ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာအခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက၊ သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က၊ ‘ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း’ ဟု ပြောသည်ဆိုပါစို့။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်ပြီဟု တွေးထင်သလော။ သို့သော်၊ တကယ့်အမှန်တွင်၊ သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ သူ သိပါသည်။ အမှန်တွင်၊ သင်နှင့် အတန်ကြာ အပြန်အလှန်ဆက်ဆံသည့် လူများက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်မှုကို သိရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က ဘွင်းဘွင်းရှင်းရှင်း ထိုသို့ ပြောကောင်းမပြောနိုင်သော်လည်း၊ သင့်နောက်ကွယ်တွင် သူတို့၏စိတ်နှလုံးထဲ၌ သင့်အပေါ် မိမိတို့၏ အကဲဖြတ်ချက်များ ရှိကြလိမ့်မည်ဖြစ်သည်။ အခြားသောသူများစွာက ၎င်းတို့ကို နားလည်လာကြသောကြောင့် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသူများစွာ ရှိပြီးဖြစ်သည်။ သူတို့၏ အနှစ်သာရကို လူတိုင်း ရိပ်စားမိသည်နှင့်၊ ထိုလူများကို အရှိအတိုင်း ၎င်းတို့ ထုတ်ဖော်ပြကြပြီး မောင်းထုတ်ကြသည်။ ထို့ကြောင့်၊ သမ္မာတရားကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ အစွမ်းကုန် လုပ်သင့်သည်။ လက်တွေ့ကျသည့်အရာများကို လုပ်ဆောင်ရာတွင် မိမိတို့ အသိစိတ်ကို အသုံးပြုသင့်သည်။ သင့်ထံတွင် အပြစ်အနာအဆာများ သိနိုင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ပြည့်စုံလုံလောက်နိုင်ပါက၊ ဤသည်မှာ သင် အထုယ်ပယ်ခံရသည့်အဆင့်ထိ တက်လာလိမ့်မည်မဟုတ်ပေ။ သင် အဆင်ပြေသည်၊ ထုတ်ပယ်မခံရဖို့ သေချာသည်ဟု အမြဲ သင် တွေးထင်နေပြီး၊ မိမိကိုယ်ကိုယ် မသုံးသပ်၊ သိရှိဖို့ မကြိုးစားသေးသကဲ့သို့၊ သင်၏ သင့်တော်သည့် အလုပ်တာဝန်များကို လျစ်လျူရှုပါက၊ အမြဲ အရေးမထားသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်ပါက၊ ဘုရားရွေးချယ်ထားသူများက သင်နှင့်ပတ်သက်၍ မိမိတို့၏ သည်းခံစိတ်ပျောက်ဆုံးသွားသည့်အခါ၊ သင့်ကို အဖြစ်အတိုင်း ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ ဖြစ်နိုင်ခြေအားလုံးမှာ သင်သည် ထုတ်ပယ်ခံရလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတိုင်းက သင့်ကို ရိပ်စားမိပြီးဖြစ်ကာ သင်၏ သိက္ခာနှင့် ဂုဏ်ကို သင်ဆုံးရှုံးပြီးဖြစ်သောကြောင့် ဖြစ်သည်။ မည်သူမျှ သင့်ကို မယုံကြည်ပါက၊ ဘုရားသခင်က သင့်ကို ယုံကြည်နိုငမည်လော။ လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင်က ကြည့်သည်။ ထိုသို့သောလူကို သူ လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) လူတွေက သူတို့တာဝန်မှာ ရှိသင့်တဲ့ သဘောထားက စိတ်နှစ်မြုပ်ပြီး အဖိုးအခပေးဆပ်ဖို့၊ အစွမ်းကုန်လုပ်ဆောင်ဖို့ဖြစ်တယ်လို့ ဘုရားနှုတ်ကပတ်တော်က ပြောပါတယ်။ သူတို့က နည်းနည်းပိုပြီးပေးဆပ်ပြီးတော့ ရလဒ်ကောင်းတွေရနိုင်ပေမဲ့ တွန့်ဆုတ်နေရင် တာဝန်မှာ နည်းနည်းလေးအောင်မြင်တာနဲ့ ရောင့်ရဲကျေနပ်နေရင် ဒါက ဘုရားကို တစ်ပတ်ရိုက်နေတာ၊ ကောက်ကျစ်နေတာပဲ။ ကျွန်တော့်တာဝန်မှာ ကျွန်တော့်အပြုအမူအနေနဲ့ကတော့ အထုတ်မခံရအောင် သေချာလုပ်ဖို့အတွက်ပဲ နည်းနည်းလေးအောင်မြင်ရုံနဲ့ ကျေနပ်နေတယ်ဆိုတာ ကျွန်တော်မြင်နိုင်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ကျွန်တော် နည်းလမ်းတွေ မရှာဘဲ အလုပ်ကို အနှစ်ချုပ်တဲ့အခါ ဝတ်ကျေတန်းကျေလုပ်တယ်။ လူတွေက သူတို့တာဝန်မှာ စည်းမျဉ်းတွေကို ဆန့်ကျင်နေတာ၊ ပျင်းရိနေတာကို ကျွန်တော်မြင်တော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုအားလုံးကို မထိခိုက်သရွေ့ ကိစ္စမရှိဘူးလို့ ထင်ခဲ့တယ်။ ဒါကို မျက်ကွယ်ပြုခဲ့တယ်။ စိတ်နှစ်လုပ်ပြီးတော့ နည်းနည်းပိုပြီး အဖိုးအခပေးဆပ်တာက ကျွန်တော်တို့ရလဒ်တွေကို တိုးတက်စေနိုင်တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က မပင်ပန်းချင်ဘူး။ စိတ်မဖိစီးချင်ဘူး။ ဒါနဲ့ လှည့်ကွက်တွေလုပ်တယ်။ ကျွန်တော့်တာဝန်မှာ ကျွန်တော်က သေးနုပ်တဲ့ ပါးနပ်မှုတွေရှိနေတယ်။ ကြံစည်တယ်။ ဘုရားကို လိမ်ညာတယ်။ ဒါ တော်တော် ကောက်ကျစ်တာပဲ။ လူတွေကို တစ်ခုခုတာဝန်ယူခိုင်းတဲ့အခါမှာ လူတိုင်းက ရိုးသားပြီး စိတ်ချရတဲ့သူကို ရှာချင်ကြတယ်။ သူတို့တွေက အားကိုးရပြီး လူတွေကို စိတ်အေးစေတယ်။ ဒါပေမဲ့ သေးနုပ်တဲ့ပါးနပ်မှုတွေရှိပြီး လှည့်ကွက်တွေသုံးတဲ့သူကို တစ်ခုခု အပ်နှံလိုက်ရင် တာဝန်က မပြီးရုံတင်မကဘဲ သူက ကောင်းကောင်းမလုပ်ရင် ပျက်စီးသွားနိုင်တယ်။ ဒီလိုလူမျိုးက အသိစိတ်၊ ဆင်ခြင်တုံတရားမရှိဘူး။ အခြေခံ အပြုအမူစံနှုန်းတွေမရှိဘူး။ သူတို့တွေက ယုံကြည်မှုနဲ့ ဒါမှမဟုတ် တစ်ခုခုကို အပ်နှံဖို့ လုံးဝ မထိုက်တန်ဘူး။ ကျွန်မက အဲဒီလိုမျိုးပဲဆိုတာ မြင်ခဲ့တယ်။ စေခိုင်းချက်တစ်ခုကို လက်ခံပေမဲ့ အားကုန်မလုပ်ဘူး။ ဘုရားသခင်ကို လှည့်ကွက်တွေသုံးပြီး မရိုးသားဘူး။ ကျွန်မက ကိုယ့်တာဝန်မှာ ရလဒ်တချို့ရနေတဲ့ပုံစံရှိတယ်။ တခြားလူတွေက ဘာပြဿနာကိုမှ သတိမထားမိဘူး။ ဒါပေမဲ့ ဘုရားက အားလုံးကိုမြင်တယ်။ ဆက်ပြီးတော့ အကြာကြီး ဖြစ်သလိုလုပ်နေရင် နောက်ဆုံးကျရင် ကျွန်မက ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမှာပဲ။ အဲဒါနဲ့ ဘုရားသခင်ဆီက နှုတ်ကပတ်တော်တချို့ကို စဉ်းစားမိသွားတယ်။ “သခင်ယေရှုသည် တစ်ချိန်က၊ ‘အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဟုဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် တာဝန်၊ သို့မဟုတ် အလုပ်ကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဆက်ကပ်အပ်နှံခြင်းပင် မရှိပါက၊ ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိုက်လိမ့်မည်ဟူ၍ ဖြစ်သည်။ ‘ဖယ်ရှားသည်’ ဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ လူသားအနေဖြင့်၊ ယင်းကို အဘယ်သို့ ခံစားရသနည်း။ ယင်းမှာ သင်၏အစွမ်းအစနှင့် ဆုကျေးဇူးများက သင့်အား ရရှိခွင့်ပြုနိုင်ပြီးဖြစ်မည့်အရာကို သင်မရနိုင်ဖြစ်ပြီး၊ သင် မည်သည့်အရာမျှ မခံစားရဘဲရှိကာ၊ မယုံကြည်သူကဲ့သို့ ဖြစ်သွားခြင်း ဖြစ်နိုင်သည်။ ယင်းမှာ ဘုရားသခင်က အရာရာကို ဖယ်ရှားသည်ဆိုသည့်အရာ ဖြစ်သည်။ သင်၏တာဝန်၌ သင်သည် ပေါ့လျော့ပြီး အဖိုးအခ မပေးဆပ်သကဲ့သို့ မရိုးသားပါက၊ ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိမ့်မည်၊ သင်၏တာဝန် ထမ်းဆောင်ခွင့်ကို သူ ပြန်သိမ်းယူမည် ဖြစ်သည်၊ သင့်အား ဤလုပ်ပိုင်ခွင့်ကို သူပေးမည် မဟုတ်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားသခင်က ဖြောင့်မတ်တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ မရိုးသားဘဲ ဖြစ်သလိုလုပ်တယ်။ ကျွန်မလုပ်သင့်တာ၊ လုပ်နိုင်တာကို မလုပ်ဘူး။ ဒါကြောင့် ဘုရားက အရင်က ကျွန်မမှာရှိခဲ့တာကို ဖယ်ရှားလိုက်တာ။ ကျွန်မမြင်နိုင်နေခဲ့တဲ့ ပြဿနာတွေကို ရှာမတွေ့နိုင်ဘူး။ ကျွန်မတာဝန်မှာ အမြဲတမ်း အိပ်ချင်နေတယ်။ ကျွန်မရဲ့ ဖြစ်ထွန်းမှုနှုန်းက ကျသွားတယ်။ ဒါက ဘုရားသခင်က သူ့ရဲ့ စိတ်သဘောထားကို ကျွန်မကို ဖွင့်ပြနေတာပါ။ ကျွန်မ ဘုရားသခင်ထံ နောင်တရဖို့ အသင့်ဖြစ်နေပြီး ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးသိအောင်လမ်းပြဖို့ ဆုတောင်းလိုက်တယ်။

နောက်တော့ စုဝေးပွဲတစ်ခုမှာ ကျွန်မအပေါ် တော်တော်သက်ရောက်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်က ရိုးသားသောသူတို့ကို ချစ်သည်။ သို့သော် လှည့်စားပြီး ဉာဏ်များသောသူတို့ကို မုန်းတီးသည်။ သင်သည် သစ္စာဖောက်သောသူအဖြစ် ပြုမူလုပ်ဆောင်ပြီး လှည့်စားမှုများပြုရန် ကြိုးစားလျှင် ဘုရားသခင်က သင့်ကို မမုန်းဘဲနေမည်လော။ ဘုရားအိမ်တော်က သင့်ကို သက်သက် လွတ်ပေးလိမ့်မည်လော။ အနှေးနှင့် အမြန် သင်သည် တာဝန်ခံရမည်ဖြစ်သည်။ ဘုရားသခင်က ရိုးသားသောသူတို့ကို နှစ်သက်ပြီး သစ္စာမရှိသောသူတို့ကို မနှစ်သက်ပေ။ ဤအရာကို လူတိုင်း ရှင်းလင်းစွာ နားလည်သင့်ပြီး ရှုပ်ထွေးပြီး မိုက်မဲသောအရာများလုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက နားလည်ပေး၍ရသည်။ သို့သော် သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းဆန်ခြင်းသည် ပြောင်းလဲရန်အတွက် ခေါင်းမာသော ငြင်းဆန်မှုဖြစ်သည်။ ရိုးသားသောသူတို့သည် တာဝန်ခံယူနိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများကို ထည့်မစဉ်းစားဘဲ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ကာကွယ်ပေးသည်။ ၎င်းတို့တွင် တစ်ချက်ကြည့်ရုံမျှဖြင့် အောက်ခြေကိုမြင်နိုင်သော ကြည်လင်သည့် ရေဇလုံတစ်ခုကဲ့သို့ ကြင်နာပြီး ရိုးသားသော နှလုံးသားများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များတွင်လည်း ပွင့်လင်းမြင်သာမှုရှိသည်။ လှည့်စားသောသူသည် အစဉ်သဖြင့် လှည့်ကွက်များပြုလုပ်သည်။ အစဉ်သဖြင့် အမှုအရာများကို ဖုံးဖိဖာထေးသည်။ ဖုံးကွယ်သည်။ မည်သူမျှ ၎င်းတို့ကို မရိပ်စားမိရန်အတွက် မိမိတို့ကိုယ်ကို တင်းကျပ်စွာ ဖုံးကွယ်ထားသည်။ သင်၏ အတွင်းပိုင်း အတွေးများကို လူတို့က မရိပ်စားမိနိုင်ပေ။ သို့သော် ဘုရားသခင်က သင်၏စိတ်နှလုံးထဲရှိ အနက်ရှိုင်းဆုံးအရာကို မြင်နိုင်သည်။ သင်က မရိုးသားသောသူဖြစ်သည်ကိုလည်းကောင်း၊ ဉာဏ်များသည်ကိုလည်းကောင်း၊ သမ္မာတရားကို လုံးဝ လက်မခံသည်ကိုလည်းကောင်း၊ သင်သည် ဘုရားသခင်အား အစဉ်သဖြင့် လှည့်စားဖို့ ကြိုးစားနေသည်ကိုလည်းကောင်း၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံသို့ လွှဲပြောင်းမပေးသည်ကိုလည်းကောင်း ဘုရားသခင်က မြင်လျှင် ဘုရားသခင်သည် သင့်ကို ချစ်မည်မဟုတ်ပေ။ သူသည် သင့်ကို မုန်းတီးပြီး စွန့်ပစ်လိမ့်မည်။ မယုံကြည်သူများကြားတွင် ကြီးပွားနေသောသူများအားလုံး၊ အပြောကောင်းသော၊ ဖြတ်ထိုးဉာဏ်ကောင်းသောသူများ၊ ဤလူများသည် မည်သည့်လူအမျိုးအစားဖြစ်သနည်း။ သင်တို့အတွက် ရှင်းလင်းသလော။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်နည်း။ ၎င်းတို့အားလုံးသည် သာမန်ထက်လွန်ကဲစွာ လိမ္မာပါးနပ်သည်၊ ၎င်းတို့အားလုံးသည် အလွန့်အလွန် ကောက်ကျစ်ပြီး မယုံကြည်ရပေ၊ ၎င်းတို့သည် အမှန်တကယ် စာတန်နတ်ဆိုးဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသို့သောသူတစ်ယောက်ကို ဘုရားသခင်က ကယ်တင်နိုင်သလော။ ဘုရားသခင်က နတ်ဆိုးများထက် မုန်းတီးသူ မရှိပေ၊ ကောက်ကျစ်ပြီး ခိုးကြောင်ခိုးဝှက်ပြုသူများကို အမုန်းတီးဆုံးဖြစ်သည်။ ဘုရားသခင်က ဤသို့သောသူများကို လုံးဝ ကယ်တင်မည်မဟုတ်ပေ။ ထို့ကြောင့် မည်သည့်အရာကို သင်တို့လုပ်ဆောင်သည်ဖြစ်စေ ဤသို့သောသူမျိုး မဖြစ်စေနှင့်။...ကောက်ကျစ်ပြီး ခိုးကြောင်ခိုးဝှက်ပြုသောသူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းပယ်ပြီး ဘေးဖယ်ထားကာ အရေးမစိုက်ပေ။ သူသည် ၎င်းတို့ကို တိရစ္ဆာန်များဖြင့် အမျိုးအစားတူအဖြစ် သတ်မှတ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤသို့သောလူများသည် လူသားအရေခွံကို ဝတ်ဆင်ထားခြင်းမျှသာဖြစ်သည်။ အနှစ်သာရတွင် ၎င်းတို့သည် စာတန်နတ်ဆိုးနှင့် အမျိုးအစားတူဖြစ်သည်။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို မည်သည့်အခါမျှ ကယ်တင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ယနေ့ ဤလူများ၏ အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မှောင်မိုက်ခြင်းရှိသည်။ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ၎င်းတို့တွင် တစ်ခုခုဖြစ်ပျက်သောအခါ မည်သည့်အခါမျှ ဉာဏ်အလင်းပွင့်ခြင်း၊ အလင်းပေးခံရခြင်း မရှိပေ။ ကပ်ဘေးနှင့် ဆင်းရဲဒုက္ခများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် ဘုရားသခင်ကို ဆုတောင်းသော်လည်း ဘုရားသခင်ကား မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် မှီခိုခြင်းမရှိ။ ကောင်းချီးပေးခံရဖို့ရန်အတွက် ၎င်းတို့သည် ကောင်းစွာ အရည်အချင်းထုတ်ပြရန် ကြိုးစားကြသည်။ သို့သော် ၎င်းတို့သည် ဆင်ခြင်တုံတရား၊ သို့မဟုတ် အသိစိတ်မရှိသောကြောင့် မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ ၎င်းတို့သည် ဆန္ဒရှိလျှင်ပင် ကောင်းအောင် မနေနိုင်ကြ၊ မကောင်းသောအရာများ ပြုလုပ်ခြင်းကို ရပ်လိုလျှင်ပင် စိတ်မထိန်းနိုင်ကြချေ။ ဤအရာများကို ၎င်းတို့က လုပ်ရမှဖြစ်သည်။ ၎င်းတို့သည် အဝေးသို့ စေလွှတ်ခံရကာ ထုတ်ပယ်ခံရပြီးနောက်တွင် မိမိတို့ကိုယ်ကို သိနိုင်စွမ်း ရှိကြသလော။ ၎င်းတို့သည် ဤအရာနှင့် ထိုက်တန်သည်ကို သိသော်လည်း ၎င်းတို့၏ နှုတ်ကမူ ဝန်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် တာဝန်အချို့ကို လုပ်ဆောင်နိုင်သည့် ပုံစံရှိသော်လည်း လှည့်ကွက်များပြုလုပ်ရန် ကြိုးစားဆဲဖြစ်ပြီး အကျိုးဖြစ်ထွန်းမှု မရှိလုနီးပါးဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့ မည်သို့ပြောမည်နည်း။ ဤလူတို့သည် အမှန်တကယ် နောင်တရနိုင်သလော။ လုံးဝ နောင်တမရနိုင်ပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရား၊ သို့မဟုတ် အသိစိတ်ကို မပိုင်ဆိုင်ကြသောကြောင့် သမ္မာတရားကို မချစ်ကြ။ ဘုရားသခင်သည် ဤသို့သော ခိုးကြောင်ခိုးဝှက်ပြုပြီး ဆိုးယုတ်သည့်သူများကို မကယ်တင်ပေ။ ဤသို့သောလူများအတွက် ဘုရားကို ယုံကြည်ရာတွင် မည်သည့်မျှော်လင့်ချက်ရှိသနည်း။ ၎င်းတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိရန် ရေစက်ပါပြီးသားဖြစ်သည်။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတစ်လျှောက်တွင် သမ္မာတရားကို မလိုက်စားလျှင် ယုံကြည်သူဖြစ်နေသည်မှာ နှစ်ပေါင်းမည်မျှ ကြာနေသည်ဖြစ်စေ အရေးမပါပေ။ အဆုံးတွင် မည်သည့်အရာကိုမျှ ၎င်းတို့ရရှိမည် မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားသခင်က “လှည့်စားပြီး ဉာဏ်များသောသူတို့ကို”၊ “သာမန်ထက်လွန်ကဲစွာ လိမ္မာပါးနပ်သည်”၊ “တိရစ္ဆာန်များဖြင့် အမျိုးအစားတူအဖြစ် သတ်မှတ်သည်”၊ “ဘုရားသခင်က ၎င်းတို့ကို မည်သည့်အခါမျှ ကယ်တင်မည်မဟုတ်ပေ”၊ တို့ “၎င်းတို့သည် မည်သည့်အရာမျှ မရကိန်းရှိသည်”၊ ဆိုတာတွေကို ပြောတာကို မြင်ပြီး ကျွန်မ တော်တော် စိတ်ထိခိုက်မိတယ်။ ဘုရားသခင်က ကျွန်မတာဝန်အပေါ် ကျွန်မရဲ့ ဖြစ်သလိုလုပ်တဲ့၊ ကောက်ကျစ်တဲ့နည်းလမ်းကို အဓိပ္ပာယ်သတ်မှတ်တဲ့ပုံစံလိုမျိုး ခံစားရတယ်။ ကျွန်မက အရမ်းမပွင့်လင်းသင့်ဘူး၊ တွက်ချက်ပြီးတော့ နည်းလမ်းတွေရှိနေရမယ်လို့ အမြဲတမ်း ထင်ခဲ့တယ်။ ကျွန်မက ကိုယ်က အသုံးချရမယ်၊ အသုံးချတာမခံရဘူး ဘာကိုမှမလုပ်ခင် အကျိုးအမြတ်ရမရကို ချိန်ဆရမယ် အသေးဆုံးအားစိုက်မှုအတွက် အကြီးဆုံးရလဒ်ကိုရဖို့ မျှော်လင့်ရမယ်ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ အသက်ရှင်ခဲ့တယ်။ ဒါက လူတစ်ယောက်ကို ပါးနပ်စေတဲ့အရာပဲ။ ကျွန်မက ယုံကြည်မှုရပြီးတဲ့နောက်မှာ ဒီ အသက်ရှင်သန်ရေး အတွေးအခေါ်အတိုင်း ဆက်ပြီး လုပ်နေခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ အရမ်းတဲ့တိုးလုပ်လို့မရဘူး၊ အားကုန်မသုံးရဘူး အဲဒါတွေက မိုက်မဲတယ်လို့ ထင်ခဲ့တယ်။ နောက်ဆုံးကျတော့ ကျွန်မက ကောင်းချီးမရရင် ကျွန်မအတွက် အကြီးအကျယ်ဆုံးရှုံးမှုဖြစ်မှာပဲ။ ကျွန်မက အသားတင်ဆုံးရှုံးမှုကို မခံနိုင်ဘူး။ ကျွန်မက နည်းနည်းပဲ အသုံးခံပေမဲ့ ကောင်းချီးတွေအများကြီးရချင်တယ်။ ဒါက ပါးနပ်တယ်လို့ ထင်တယ်။ ဒါကြောင့် ကျွန်မက ကိုယ့်တာဝန်မှာ ရပ်လိုက် ပြန်စလိုက်ပုံစံနဲ့ အမြဲတမ်း အားထုတ်တယ်။ အခြေအနေကို အကဲခတ်ပြီး တွက်ချက်တယ်။ ဖြစ်ထွန်းမှုက မြင့်နေတဲ့အခါ ကျွန်မက သုံးလေးရက် အနားယူတယ်။ အလုပ်မှာ ပြဿနာတွေရှိတာကို မြင်တဲ့အခါမှာတောင် ကျွန်မတို့ ထိရောက်မှုကို မထိခိုက်ဘူး၊ ကျွန်မက အထုတ်ခံရပြီး အပယ်မခံရဘူးဆိုရင် ကျွန်မက လုံးဝ အရေးတကြီးဖြစ်မနေဘဲ ပေါ့ပေါ့ပါးပါးဘဲ ဖြတ်သန်းလိုက်တယ်။ ကျွန်မတို့လုပ်တာ မကောင်းနေရင် ကျွန်မက အကျိုးဆက်တွေကို ခံတယ်။ အလုပ်ကြိုးစားတယ်။ အကြောင်းပြချက်တွေရှာတယ်။ ပြဿနာတွေကို ဖြေရှင်းတယ်။ ရလဒ်တချို့ရလာတာနဲ့ ကျွန်မ စိတ်ပူတာက လျော့သွားပြီး ကျွန်မက သက်သာတာတွေကို မွေ့လျော်လာပြီး ပိုပြီးတော့ အနားယူလာတယ်။ ကျွန်မက တော်တော်ကောက်ကျစ်တာပဲ။ ဒါက ဘယ်လိုလုပ် တာဝန်ထမ်းဆောင်တာ၊ ဘုရားကို ဆက်ကပ်အပ်နှံတာဖြစ်မှာလဲ။ ကျွန်မက သွက်လက်တယ်လို့ ထင်ပြီး ဘုရားကို လှည့်ကွက်တွေသုံးတယ်။ ဒါပေမဲ့ ဘုရားက အရာအားလုံးကို မြင်တယ်။ ကိုယ့်တာဝန်မှာ အမြဲတမ်း ကောက်ကျစ်တဲ့သူတွေကို ဘုရားက လုံးဝ ကယ်တင်မှာမဟုတ်ဘူး။ ဘုရားသခင်က ရိုးသားသူတွေကို နှစ်သက်တယ်။ ရိုးသားသူတွေက ဘုရားထံမှာ သူတို့စိတ်နှလုံးကို ဖွင့်ဟတယ်။ သူတို့တွေက သူတို့တာဝန်မှာ စိတ်ပါလက်ပါရှိတယ်။ သူတို့တာဝန်တွေကို ဖြည့်ဆည်းပြီး သူတို့မှာရှိသမျှကို ပေးဆပ်တယ်။ ကိုယ့်ကိုယ်ကိုယ်အတွက် ထွက်ပေါက်မရှာဘူး၊ ကောင်းချီးခံစားရမလား မစဉ်းစားဘူး။ ဘုရားသခင်က ဒီလိုလူမျိုးကို ကောင်းချီးပေးလိမ့်မယ်။ ဧဝံဂေလိအလုပ်ကို ဦးဆောင်သူအနေနဲ့ ကျွန်မရဲ့ ကောက်ကျစ်မှု၊ ဖြစ်လိုလုပ်မှု၊ တိုးတက်မှုရှိဖို့ကို ဂရုမစိုက်မှုတွေကြောင့် တခြားလူတွေက သူတို့ရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေတွေ အချိန်မီ မပြေလည်ဘဲ သူတို့အလုပ် ဖြစ်ထွန်းမှုက လျော့သွားတယ်။ ဒါက ညီအစ်ကိုမောင်နှမတွေကို ထိခိုက်ရုံမကဘဲ ဧဝံဂေလိအလုပ်ကိုလည်း နှောင့်နှေးသွားစေတယ်။ ဒါကို စဉ်းစားကြည့်တော့ ကျွန်မ အရမ်းနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ကျွန်မ နောင်တရရင်းနဲ့ ဘုရားကို ဆုတောင်းပြီး အခုကနေစပြီးတော့ ကျွန်မတာဝန်မှာ အစွမ်းကုန်လုပ်မယ်၊ ကောက်ကျစ်ပြီး ဖြစ်သလိုလုပ်တာကို ရပ်မယ်လို့ ဘုရားရှေ့မှာ ကျိန်ဆိုခဲ့တယ်။

နောက်တော့ ကျွန်မ ဘုရားဝတ်ပြုနေတုန်းမှာ တာဝန်ထမ်းဆောင်ခြင်းရဲ့ အဓိပ္ပာယ်ကို ကျွန်မနားလည်အောင်ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသည် မည်သည့်တာဝန်ကို ဆောင်ရွက်သည်ဖြစ်စေ၊ ပို၍လျော်ကန်သောအရာ ရှိသလော။ ယင်းသည် လူတို့အကြားတွင် အတင့်တယ်ဆုံးနှင့် အဖြောင့်မတ်ဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းရှင်၏ လက်ခံမှုကိုရရှိရန် ဖန်ဆင်းခံတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤအရာကို ကောင်းကင်က ပြဌာန်းထားပြီး မြေကြီးက အသိအမှတ်ပြုသည်။ ယင်းသည် ဘုရားသခင်၏ အမိန့်ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လူ့လောကတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက်ပို၍ ဖြောင့်မတ်သည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူတို့အကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဖန်ဆင်းခံတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို နာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် ပြင်ပလောက၏ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို နာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူတို့အကြားတွင် ဝမ်းမြောက်ဖွယ်အကောင်းဆုံးအရာဖြစ်ပြီး၊ ယင်းသည် လူတို့အကြားတွင် ချီးကျူးဂုဏ်ပြုသင့်သောအရာပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူတို့အတွက် မင်္ဂလာရှိကာ အသရေပွင့်သောအရာဖြစ်ပြီး၊ ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သောသူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ ဝမ်းမြောက်ဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။...ထိုသို့သော လှပပြီး ကြီးမြတ်သော အရာကို အန္တိခရစ်မျိုးများက အရောင်းအဝယ် တစ်ခုအဖြစ်သို့ မလိမ့်တစ်ပတ်လုပ်ကြသည်၊ ယင်းတွင် ၎င်းတို့က ဖန်ဆင်းရှင်၏လက်တော်မှ သရဖူနှင့် ဆုလာဘ်များကို တောင်းခံကြလေသည်။ ထိုသို့သော အရောင်းအဝယ် လုပ်ခြင်းတစ်ခုသည် အလွန်လှပပြီး ဖြောင့်မတ်သည့် အရာတစ်ခုကို အကျည်းတန်ဆုံးနှင့် အဆိုးယုတ်ဆုံး အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုသည့် အရာမဟုတ်လော။ ဤအရာကို အကဲဖြတ်သည့်အခါ၊ အန္တိခရစ်များသည် ဆိုးယုတ်သလော။ ၎င်းတို့သည် တကယ့်ကို အတော်အတန် ဆိုးယုတ်ပေသည်။ ဤသည်မှာ ၎င်းတို့ ဆိုးယုတ်မှု၏ သွင်ပြင်လက္ခဏာတစ်ခုနှင့်သက်ဆိုင်သည့် သရုပ်သကန်တစ်ခုမျှသာ ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၇)) ဘုရားသခင်ရဲ့ ဖွင့်ပြတဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တာက ကျွန်မအပေါ် တော်တော်သက်ရောက်မှုရှိတယ်။ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ တိတ်တဆိတ်နဲ့ အစွမ်းကုန်လုပ်ဆောင်တယ်။ ကျွန်မတို့လိုအပ်တဲ့အရာနဲ့ ကျွန်မတို့ကို ပြုစုပျိုးထောင်ပေးပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးတယ်။ ဒီလိုနဲ့ ဒီဖြစ်စဉ်တစ်လျှောက်မှာ သမ္မာတရားကို ကျွန်မတို့ ရှာနိုင်ပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းနိုင်ဖို့ ဘုရားကို နာခံပြီး ဆက်ကပ်အပ်နှံဖို့၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ရဖို့အတွက်ပေါ့။ ဘုရားအိမ်တော်မှာ တာဝန်ထမ်းဆောင်ခြင်းက ကျွန်မတို့ရဲ့ တာဝန်ခံယူမှု၊ ကျွန်မတို့တာဝန်ဖြစ်တယ်။ ဒါဟာ ဘုရားက ကျွန်မတို့ကို သမ္မာတရားကိုရပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးပေးနေတာပဲ။ ဒါက လူတစ်ယောက် တာဝန်ယူနိုင်တဲ့ အကောင်းဆုံး၊ အဖြောင့်မတ်ဆုံးတာဝန်တစ်ခုပဲ။ ဒါပေမဲ့ အန္တိခရစ်တွေက ဒီလို လှပပြီး ဖြောင့်မတ်တဲ့အရာမျိုးကိုယူပြီး အပေးအယူသဘောမျိုးဖြစ်အောင် ပြောင်းပစ်လိုက်တယ်။ သူတို့ရဲ့ ယုံကြည်ခြင်းနဲ့ တာဝန်မှာ ကောင်းချီးရဖို့ မျှော်လင့်ချက်ကို စွဲကိုင်ကြတယ်။ သူတို့ဟာ တကယ့်ယုံကြည်ခြင်းမရှိနိုင်ဘူး၊ ဒုက္ခခံပြီး အဖိုးအခမပေးဆပ်နိုင်ဘူး။ သူတို့တွေက စာအုပ်ကြီးအတိုင်းလုပ်တဲ့ မယုံကြည်သူတွေ၊ အခွင့်အရေးသမားတွေပဲ။ ကျွန်မတာဝန်မှာ ပြုမူခဲ့တဲ့ပုံစံကိုကြည့်ရင် ကျွန်မက သူတို့လိုပဲမဟုတ်ဘူးလား။ ကျွန်မက ကိုယ့်တာဝန်မှ ဘုရားအလိုတော်ကို မစဉ်းစားဘဲ တစ်ခုခုကို အမြဲတမ်း ပြန်ဆွဲထားတယ်။ နည်းနည်းလေးပေးဆပ်ပြီး အများကြီးပြန်ရချင်တယ်။ ဘုရားသခင်ကို လှည့်ကွက်တွေသုံးပြီး တွက်ချက်တယ်။ ကျွန်မက ကိုယ့်တာဝန်ကို အပေးအယူဆိုင်ရာတစ်ခုခုအဖြစ် ပြောင်းလဲနေတာမဟုတ်ဘူးလား။ ကျွန်မက ယုံကြည်သူမဟုတ်ပါဘူး။ ကျွန်မက ကိုယ့်တာဝန်မှာ အောင်မြင်မှုရှိသရွေ့ အသင်းတော်မှာ နေနိုင်ပြီး အထုတ်မခံရသရွေ့ ကယ်တင်ခြင်းခံရနိုင်တယ်လို့ အမြဲတမ်း ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါတွေက ဘုရားနှုတ်ကပတ်တော်နဲ့မညီတဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးတွေပဲဆိုတာ နောက်ဆုံးမှာ မြင်သွားခဲ့တယ်။ ကိုယ့်တာဝန်မှာ နည်းနည်းအောင်မြင်တာ မကောင်းမှုမလုပ်တာ၊ အထုတ်မခံရတာ၊ အပယ်မခံရတာက ကယ်တင်ခြင်းခံရတဲ့သဘောပဲလို့ ဘုရားက လုံးဝ မပြောခဲ့ဘူး။ သမ္မာတရားကို လူတွေ လိုက်စားခြင်းရှိမရှိ၊ သူတို့တာဝန်မှာ သမ္မာတရားထဲကို ဝင်ရောက်ခြင်းရှိမရှိ၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းသလားဆိုတာတွေကို အခြေခံပြီး လူတွေကို ကယ်တင်ခြင်ခံရနိုင်ခြင်းရှိမရှိကို ဘုရားက ဆုံးဖြတ်ပါတယ်။ တခြားဖြတ်လမ်းမရှိပါဘူး။ ဘုရားသခင်က လူတွေကို စစ်မှန်စေချင်တယ်။ လူတွေက သူတို့တာဝန်မှာ အမြဲတမ်း ကောက်ကျစ်ပြီး ဖြစ်သလိုလုပ်ရင် သူတို့တွေက တချို့အရာတွေကို အောင်မြင်ရင်တောင် ဘုရားသခင်က ဒီလိုစိတ်သဘောထားမျိုးကို မုန်းတယ်။ နောက်ဆုံးမှာ ဘုရားသခင်က ဖော်ထုတ်ပြီး ထုတ်ပယ်တာကို ခံရမယ်။ သခင်ယေရှုပြောခဲ့တာတစ်ခုကို ကျွန်မ စဉ်းစားမိတယ်။ “ထိုသို့အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။” (ဗျာဒိတ်ကျမ်း ၃:၁၆) ကျွန်မက ကိုယ့်တာဝန်မှာတိုးတက်မှုကို မစဉ်းစားဘဲ ပုံသေ လုပ်နေကျအတိုင်းပဲ သွားတယ်။ ဒါက ပူလည်းမပူ၊ အေးလည်းမအေးဘဲ နွေးရုံပဲဆိုတဲ့ သဘောထားမဟုတ်ဘူးလား။ ဘုရားသခင်က ကျွန်မကို သူ့ပါးစပ်ကနေ ထွေးထုတ်မှာမဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတာကိုသိရတာ ကျွန်မအတွက် ကြောက်စရာပဲ။ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီး နောင်တရချင်ပါတယ်။ အခုကစပြီး သမီးအလုပ်မှာ အားကုန်အသုံးပြုပါမယ်။ သမီး ဖြစ်သလိုလုပ်နေရင် သမီးကို ပဲ့ပြင်ဆုံးမတော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်သည် ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် တာဝန် ထမ်းဆောင်ပြီး ဘုရားကိုနာခံပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် ‘ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း’ ကို သင်၏လက်တွေ့အရှိတရား ဖြစ်စေရမည်။ သင်ခိုကပ်ချင်ပြီး ဟန်ပြသာ လုပ်ချင်သည့်အချိန်တိုင်း၊ စိတ်မချရသည့်နည်းလမ်းနှင့် ပြုမူချင်ပြီး အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင်အာရုံပျံ့လွင့်သည့်အချိန် သို့မဟုတ် သင့်ကိုယ်သင် ပျော်လိုက်ချင်သည့်အချိန်တိုင်းတွင် ထိုအရာကို ခြေသိမ်းခေါင်းပိုက် သင်စဉ်းစားဆင်ခြင်သင့်၏- ‘ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါသစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါ့ကို ဘုရားသခင် အပ်နှင်းထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါပျက်ကွက်နေခြင်းလော။’ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုကာ သစ္စာမရှိသကဲ့သို့၊ သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့သည်ကို သိလာနိုင်လျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က ‘ဤတွင် တစ်ခုခုမှားနေသည်ကို ထိုအခိုက်အတန့်တွင် ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့ဆိုသည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်’ ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြောင်းလဲရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် အပိုအလုပ်တစ်ခုကဲ့သို့ ယင်းကို ဂရုမစိုက်။ ယင်းကို စိတ်နှစ်မြုပ်လုပ်ကိုင်ခြင်းမရှိ။ သင်သည် ဤသို့ ထပ်မံ၍ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမစေရမည်။ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ရှိရမည်။ ထိုမှသာ အမှန်တကယ် နောင်တရနိုင်သည်။ မိမိ၏ အသိစိတ်ကရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် မိမိသဘောထားက ပြောင်းလဲမှသာ မိမိကိုယ်ကို ပြောင်းလဲပေသည်။ နောင်တရသောအခါတွင် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် မိမိ၏ စိတ်နှလုံး၊ အစွမ်းရှိသမျှ အကြွင်းမဲ့လုပ်ဆောင်ခြင်းရှိမရှိကိုလည်း မကြာခဏ သုံးသပ်ရမည်။ ထို့နောက် အတိုင်းအတာအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုပြီး မိမိတို့ကိုယ်တိုင်အပေါ် အသုံးချရင်း မိမိတာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်ပြဿနာများရှိသေးသည်ကို သိရှိရလိမ့်မည်။ ပြဿနာများကို ဤနည်းဖြင့်၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အစဉ် ဖြေရှင်းခြင်းအားဖြင့် မိမိသည် လက်တွေ့အရှိတရားကို ခံယူရန်အတွက် မိမိ၏ စိတ်နှလုံး၊ အစွမ်းရှိသမျှနှင့် မိမိတာဝန် ထမ်းဆောင်ခြင်းကို မလုပ်ဆောင်သလော။ မိမိ၏တာဝန်ကို ထိုသို့ထမ်းဆောင်သောသူသည် စိတ်နှလုံး၊ အစွမ်းရှိသမျှနှင့် ထမ်းဆောင်လာကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို တစ်စိမ့်စိမ့် စဉ်းစားဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ရှင်းလင်းတဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုပေးတယ်။ ကျွန်မတာဝန်မှာ ကျွန်မရဲ့ စိတ်နှလုံးကို အသုံးပြုပြီး ရိုးသားဖို့၊ အဖိုးအခပေးဆပ်ချင်စိတ်ရှိဖို့၊ အာရုံစိုက်ပြီး တာဝန်ယူတတ်ဖို့ အားကုန်အသုံးပြုဖို့ လိုတယ်။ ဒါမှ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်နိုင်ပြီး ဘုရားကို ကျေနပ်စေနိုင်မယ်။ ပြီးတော့လည်း ကျွန်မက ဖြစ်သလိုလုပ်ပြီး ပျင်းရိတဲ့အခါမှာ ဆုတောင်းသင့်တယ်။ ဇာတိပကတိကို စွန့်လွှတ်သင့်တယ်။ ဘုရားရဲ့ ပဲ့ပြင်ဆုံးမမှုနဲ့ ရိုက်နှက်ဆုံးမမှုကို တောင်းဆိုသင့်တယ်။ ဒီလိုဆိုရင် ဇာတိပကတိနောက်ကို လိုက်နိုင်ခြေရှိမှာမဟုတ်တော့ဘူး။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်နောက်ကို ကျွန်မ လိုက်ခဲ့တယ်။ ကျွန်မတာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်ပြီး ပိုပြီး ဖြစ်ထွန်းအောင်လုပ်ရမယ်ဆိုတာကို စဉ်းစားတယ်။ အဖွဲ့မှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးက အားသာချက်တွေ၊ အားနည်းချက်တွေရှိတာကို ကျွန်မသိတယ်။ သူတို့အားသာချက်တွေကို ရှင်သန်ခွင့်ပေးဖို့၊ သူတို့အားနည်းနေတဲ့ နယ်ပယ်တွေမှာ တကယ်ကူညီပေးဖို့ လူတိုင်းရဲ့အလုပ်ကို ဘယ်လိုစီစဉ်ရမယ်ဆိုတာ ကျွန်မ စဉ်းစားတယ်။ ပြီးတော့လည်း အရင်တုန်းက ကျွန်မက ကြီးကြပ်ရေးမှူးလို ခံစားမိတယ်။ အလုပ်ကို ကျွန်မ ကောင်းကောင်းကိုင်တွယ်နိုင်သရွေ့ သူများတွေက သူတို့တာဝန်မှာ ကောင်းကောင်းလုပ်သရွေ့ ကျွန်မလုပ်တာ ကောင်းနေတယ်ဆိုတဲ့ သဘောပဲ။ ဒီတော့ ကျွန်မက အားလပ်ချိန်နည်းနည်းလောက် ခံစားနိုင်တယ်ပေါ့။ အခု ကျွန်မတာဝန်ကို ကျွန်မအရည်အချင်းနဲ့ အကောင်းဆုံးလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်အတွက် ပန်းတိုင်သတ်မှတ်ထားတယ်။ ကျွန်မရဲ့ အလုပ်အချိန်ဇယားက နေ့တိုင်း အရမ်းကို ပြည့်နေပြီး အရင်ကထက် ပိုအလုပ်ရှုပ်တယ်။ တစ်ခါတလေမှာ ကျွန်မ တော်တော်ပင်ပန်းတယ်။ ဒါပေမဲ့ ကျွန်မ တကယ်ကို စိတ်အေးပြီး ငြိမ်းချမ်းပါတယ်။ ကျွန်မ အံ့သြသွားရတာက နောက်တစ်လမှာ ကျွန်မတို့ ဖြစ်ထွန်းမှုနှုန်းက သိသိသာသာ တက်သွားတယ်။ ကျွန်မ အရမ်းပျော်သွားတာပေါ့။ ဘုရားသခင်က ကျွန်မတို့ကို စစ်မှန်စေချင်တယ်ဆိုတာ ကျွန်မ မြင်နိုင်ခဲ့တယ်။ ကျွန်မရဲ့ အမြင်ရှုထောင့်ကို ပြောင်းလဲပြီး ဘုရားနဲ့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်တဲ့အခါ ဘုရားကောင်းချီးတွေကို ကျွန်မ မြင်နိုင်တယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဝိညာဉ်ရေးရာ တိုက်ပွဲ

ယန်ကျိ အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည်...

ကျွန်မ ရိုးသားစွာ ပြုမူနေထိုင်နိုင်ခြင်းမရှိသည့် အကြောင်းရင်း

ရှောင်ဖန် တရုတ်နိုင်ငံ လူသစ်တွေကို ရေလောင်းတဲ့ အလုပ်ကို ကျွန်မ ပထမဆုံး စကြီးကြပ်တော့ ကျွန်မရဲ့ တွဲဖက် အစ်မကျန်းက စုဝေးပွဲတွေမှာ အယူဝါဒကို...

ထောင်ထဲမှာ နှစ်ကာလများစွာ

အန်းနင် တရုတ်နိုင်ငံ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ရက်တစ်ရက်မှာ၊ ကျွန်မ ယုံကြည်သူတစ်ယောက်ဖြစ်တာ တစ်နှစ်လောက်ရှိပြီဖြစ်သလို၊ ညီမငယ်တစ်ယောက်နဲ့...

ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့ကို ရှုမြင်ခြင်းသည်သာ မှန်ကန်တိကျသည်

ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။