ကြွားဝါခြင်းက ဖြစ်စေသည့် ထိခိုက်နစ်နာမှု
လွန်ခဲ့သည့် နှစ်အနည်းငယ်က၊ ကျွန်မနှင့် သက်တူရွယ်တူ ညီအစ်ကို မောင်နှမအချို့နှင့်အတူ ရေလောင်းခြင်း တာဝန်ကို ကျွန်မ ယူခဲ့သည်။ သူတို့ အလွန်စိတ်အားထက်သန်ကြပြီး တာဝန်သိတတ်ကြသည်။ အခြားသူများ၏ ချီးမွမ်းခြင်းကို သူတို့ မကြာခဏ ခံရကြပြီး၊ ယင်းက ကျွန်မကို သူတို့အား များစွာ လေးစားမိစေခဲ့သည်။ ကျွန်မသည် တစ်နေ့တွင် သူတို့ကဲ့သို့ ဖြစ်ပြီး သူတစ်ပါး၏ အထင်ကြီးခြင်းကို ခံရဖို့ မျှော်လင့်ခဲ့သည်။ နောက်ပိုင်းတွင်၊ အခြားအသင်းတော်တစ်ခုဆီသို့ ကျွန်မ ပြောင်းရွှေ့ခံခဲ့ရသည်။ ထိုနေရာက ခေါင်းဆောင်တစ်ယောက်သည် လက်တွေ့ကျသည့် အလုပ်မလုပ်ခြင်းအတွက် အယောင်ဆောင်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရပြီး လူစားထိုးခံခဲ့ရသည်နှင့် မကြာမီတွင် သူတို့၏နေရာ၌ အသင်းတော် ခေါင်းဆောင်အဖြစ် ကျွန်မ ရွေးချယ်ခံခဲ့ရသည်။ ကျွန်မကို သိသည် ညီအစ်ကိုမောင်နှမများက၊ “ဘုရားသခင်က နင့်ကို မြှင့်တင်ပေးနေတာပဲ၊ အဲဒါကို အကောင်းဆုံး တန်ဖိုးထားမြတ်နိုးပါ” ဟုဆိုရင်း ကျွန်မကို အားပေးခဲ့ကြသည်။ ဤတာဝန်က ကြီးမားသည် တာဝန်တစ်ခုဖြစ်မည်ကို ကျွန်မ သိခဲ့ပြီး ဤသည်မှာ ကျွန်မ မိမိကိုယ်ကိုယ် သက်သေပြဖို့ ကြီးမားသည် အခွင့်အရေးတစ်ခု ဖြစ်မည်ဟု ခံစားခဲ့ရသည်။ ကျွန်မက ကောင်းကောင်းလုပ်ပါက၊ ညီအစ်ကို မောင်နှမများ၏ အထင်ကြီးလေးစားမှုကို ခံရမည်ဖြစ်သည်။ ဤတာဝန်ကို မုချ အကောင်းဆုံး လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက်တစ်ခု ကျွတ်မ တိတ်တိတ်လေး ချခဲ့သည်။
ထို့နောက် အဖွဲ့စုဝေးပွဲတိုင်းတွင်၊ ယခင် ခေါင်းဆောင်က လက်တွေ့ကျသည့်အလုပ် မလုပ်ခဲ့ပုံကို ကျွန်မ ခွဲခြမ်းစိစစ်ခဲ့ပြီး မကြာခဏ အပျက်သဘောဆောင်စွာ ပြောဆိုကာ အယောက်တိုင်းက ထိုသူတို့နှင့် ပတ်သက်၍ တကယ်ကို စိတ်ဆိုးခဲ့ကြသည်။ ဤအရာကို မြင်ရသည့်အခါ၊ ညီအစ်ကို မောင်နှမများသည် ယခုတွင် အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်နိုင်ပြီး ကျွန်မကို လက်တွေ့ကျသည်အလုပ် လုပ်ရန် မျှော်လင့်နေကြသည်ကိုကျွန်မ မိမိကိုယ်ကိုယ် မကြာခဏ သတိပေးရသည်။ ကျွန်မ အလုပ်ကြိုးစားပြီး သူတို့၏ လက်ခံမှုကို ရဖို့ ကြိုးပမ်းရမည်ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့်၊ အသင်းတော်တွင် အခြေအနေကို ဖန်တီးအရယူဆုံးဖြစ်ရမည်ဖြစ်ပြီး၊ အခြားမည်သူမဆိုထက်ပိုပြီး ဆင်းရဲဒုက္ခခံဖို့ လိုလားနေရမည်ဖြစ်ကာ မည်သူမဆိုထက်လည်း စွန့်လွှတ်အနစ်နာခံမှုများ ပိုပြုလုပ်နိုင်ရမည်ဖြစ်သည်။ စမ်းသပ်မှုများ ရောက်လာချိန်တွင်၊ အခြားသူများထက် ပိုပြီးတော့ ယုံကြည်မှုခြင်း ရှိရမည်ဖြစ်ကာ သူတို့ ပြုခဲ့သကဲ့သို့ အပျက်သဘောဆောင်လာရမည် မဟုတ်ပါ။ အယောက်တိုင်းက ကျွန်မကို ချီးမွမ်းတေးတွေ စဉ်ဆက်မပြတ်ဆိုနေစေဖို့ အသင်းတော်ထဲက အခြားသူများထက် အခန်းကဏ္ဍတိုင်းတွင် ကျွန်တော် ပိုတော်ရမည် ဖြစ်သည်။ ထိုသို့သော အတွေးများဖြင့် လွှမ်းမိုးခံရလျက်၊ အဖွဲ့လိုက်အစည်းအဝေးအားလုံးဖြင့် ကျွန်မ မိမိကိုယ်ကိုယ် အလုပ်ရှုပ်နေစေခဲ့ပြီး၊ နေ့တိုင်း နောက်ကျမှ အိပ်ရာဝင်ခဲ့သည်။ တစ်ခါတစ်ရံတွင်၊ အခြားသူများနှင့် စကားစမြည်ပြောနေချိန်တွင်၊ ကျွန်မက အသင်းတော်အလုပ်နှင့် မည်မျှ အလုပ်ရှုပ်နေခဲ့ပြီး အိပ်ရာဝင်နောက်ကျခဲ့ပုံတို့ကို တမင်သက်သက် လွှတ်ခနဲ့ ပြောမိခဲ့သည်။ ဤအရာကို သူတို့ကြားသည့်အခါ ကျွန်မက အလွန် တာဝန်သိတတ်ပြီး ဆင်းရဲဒုက္ခခံရန် အလွန် လိုလားနေသည်ဟု ထင်ခဲ့ကြပြီး၊ မိမိကိုယ်ကိုယ် ဂရုစိုက်ရန် ကျွန်မကို အမြဲပြောနေခဲ့ကြသည်။ ကျွန်မကို သူတို့အိမ်များမှ အရသာရှိသည့် အစားအသောက် ကောင်းများဖြင့်လည်း လက်ဆောင်ပေးကြသည်။ သူတို့ထဲမှ တစ်ယောက်က မကောင်းသည့် အခြေအနေတွင် ရှိသည့် မည်သည့်အချိန်တွင်မဆို၊ ရာသီဥတုက မည်သို့ဖြစ်ပါစေ၊ သူတို့ကို ထောက်ပံ့ဖို့ ကျွန်မ အပြေးအလွှားသွားခဲ့သည်။ စုဝေးပွဲများတွင်၊ ကျွန်မက ညီအစ်ကို မောင်နှမများကို အချိန်ကြာမြင့်စွာ အပျက်သဘောဆောင်မှုကို ခံစားခဲ့ရသော်လည်း၊ ကျွန်မက သူတို့နှင့် မိတ်သဟာယဖွဲ့လိုက်သည့်အခါ တစ်ဖန် အပြုသဘောဆောင်သွားခဲ့သည့် ဟိုလူသည်လူအကြောင်း ပြောပြခဲ့သည်။ ထိုအခါ အယောက်တိုင်းက ကျွန်မသည် အသက်ငယ်သော်လည်း၊ ချစ်ခင်တတ်ပြီး စိတ်ရှည်သည်ဟု ထင်မြင်ခဲ့ကြသည်။ အသင်းတော်အလုပ်ကို ကိုင်တွယ်နိုင်ဖို့ရန်၊ အလားအလာရှိသည့် ပြောင်းလဲသူတစ်ဦး ပေါ်လာသည်နှင့် ဧဝံဂေလိ သင်းထောက်ကို သူတို့နှင့် သွားပြီး မိတ်သဟာယဖွဲ့ဖို့ ကျွန်မ အမြန်သွားပြောပြီး၊ တစ်ခါတစ်ရံတွင် ကျွန်မကိုယ်တိုင်ပင် သူတို့နှင့်အတူ သက်သေခံဝေမျှဖို့ သွားခဲ့သည်။ နောက်ပိုင်းတွင်၊ ဧဝံဂေလိအလုပ်သည် စတင် တိုးတက်ဖြစ်ထွန်းခဲ့ပြီး စုဝေးပွဲတွင် အခြားသူတို့အား ကျွန်မက၊ “တွေ့လား။ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်က အရင်က သိပ်မကောင်းဘူး၊ ဒါပေမဲ့ အခု ကျွန်မတို့မှာ လတိုင်း ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံတဲ့သူတွေ ရှိတယ်။ ကျွန်မတို့ ပိုပြီးတော့တောင် အားထုတ်ရမယ်”ဟု ပြောခဲ့သည်။ ထိုအခါ ညီအစ်ကို မောင်နှမများက ကျွန်မ ရောက်ကတည်းက ဧဝံဂေလိအလုပ်ကို ထိန်းသိမ်းထားပြီးပြီဟု ခံစားခဲ့ရပြီး သူတို့က ကျွန်မကို ပို၍ပင် အထင်ကြီးလေးစားကာ မြတ်နိုးကိုးကွယ်ကြလေသည်။ စုဝေးပွဲများတွင် ကျွန်မ၏ အတွေ့အကြုံများကို ကျွန်မ မိတ်သဟာယပြုသည့်အခါ၊ အပြုသဘောဆောင်သည့် ဝင်ရောက်မှုနှင့်ဆိုင်သည့် ဖြစ်ရပ်အချို့ကို ကျွန်မ အလွန်အမင်း အလေးထားခဲ့သည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုအကြောင်းကို အလွန်များစွာ ပြောခဲ့ပါက၊ ပြဿနာများ ပေါ်လာသည့်အခါ ကျွန်မက ထိခိုက်လွယ်ပြီး၊ ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်ဟု အခြားသူတို့က ထင်ကာ ကျွန်မကို နောက်ထပ် မလေးစားတော့မည်ကို ကျွန်မ စိုးရွံ့မိခဲ့သည်။ ထို့ကြောင့် ကျွန်မ မည်သို့ အပျက်သဘောဆောင်ခဲ့သည်၊ သို့မဟုတ် အားနည်းခဲ့သည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှုကို ကျွန်မ မည်သို့ ထုတ်ဖော်ပြခဲ့သည်ဆိုသည့် အကြောင်းကို အလွန်နည်းပါးစွာ ပြောလေ့ရှိခဲ့သည်။ ကျွန်မက သမ္မာတရားကို မည်သို့ရှာဖွေခဲ့သည်၊ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်ခဲ့ပြီး၊ ကျွန်မ၏ တာဝန်ကို ယုံကြည်ခြင်းဖြင့် မည်သို့ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ လမ်းပြမှုကို မည်သို့မြင်ခဲ့သည်ဆိုသည်တို့ကိုမူ၊ အသေးအစိတ်အချက်အလက်တိုင်းအာ ပြန်ပြောပြသည်ကို သေချာစေလျက်၊ ကျွန်မ အကုန်ပြောပြခဲ့သည်။ ကျွန်မက အချိန်ကြာမြင့်စွာ ဤသို့ မိတ်သဟာယပြုခဲ့သောကြောင့်၊ အခြားသူများက ကျွန်မကို သမ္မာတရားအား လိုက်စားရာတွင် တော်ပြီး၊ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို အမြဲရှာတွေ့နိုင်သည်ဟု ထင်ကြခဲ့ကြသည်။ သူတို့တွင် ပြဿနာများရှိခဲ့ချိန်တွင် မိတ်သဟာယပြုဖို့အတွက် ကျွန်မကို ရှာခဲ့ကြသည်။
အချိန်ခဏသည့်နောက်၊ အသင်းတော်အလုပ်၏ ကဏ္ဍအားလုံးသည် စတင် တိုးတက်ဖြစ်ထွန်းလာခဲ့သည်။ လူများ၏ ယုံကြည်ခြင်း တိုးလာခဲ့ပြီး၊ မိမိတို့၏တာဝန်ကို သာ၍ သာ၍ လုပ်ဆောင်ချင်ခဲ့ကြသည်။ ဤအောင်မြင်မှုကို မြင်ရသည့်အခါ၊ ကျွန်မက အသင်းတော်၏ ထောက်တိုင်ဖြစ်ခဲ့သကဲ့သို့ ပို၍ပင် ခံစားမိလာခဲ့သည်။ ကျွန်မ တည့်တည့်မတ်မတ်ရပ်ပြီး ကျွန်မ သွားခဲ့သည့်နေရာတိုင်းတွင် ပို၍ ရဲရင့်စွာ စကားပြောဆိုခဲ့သည်။ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် ကောင်းကောင်းလုပ်နေခဲ့ပြီး၊ ကျွန်မ၏ ရာထူးက အတော်ထိုက်တန်သည်ဟု ထင်ခဲ့သည်။ အခြားသူများနှင့် အလုပ်လုပ်သည့်အခါ ကျွန်မ အမြဲတမ်း ဦးဆောင်ခဲ့သည်။ သူတို့အနေဖြင့် ကျွန်မကို လေးစားပြီး ကျွန်မ ပြောသည့်အတိုင်း လုပ်ဆောင်ကြဖို့အလို့ငှာ ကျွန်မက သူတို့ထက်သာနေသကဲ့သို့ ပြစားခဲ့ကြသည်။ တစ်ကြိမ်တွင်၊ စုဝေးဖို့ အိမ်တစ်လုံးကို ကျွန်မတို့ ငှားခဲ့ရသည်။ သင်းထောက်တစ်ဦးနှင့် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အစ်ကိုတစ်ယောက်က ထိုအိမ်ကို သွားစစ်ဆေးခဲ့ကြသည်။ ကျွန်မက၊ “အဲဒီလို အရေးကြီးတဲ့ ကိစ္စတစ်ခုမှာ ငါက ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်တယ်။ ငါကိုယ်တိုင် ကြည့်ပြီးရင်တောင်မှ ငါမပါဘဲ နင်တို့ လက်ခံလိုက်လို့ မရဘူးလေ”ဟု တွေးမိခဲ့သည်။ အမှန်တွင်၊ ဤအစ်ကိုက ကျွန်မထက် အသက်ပိုကြီးပြီး အတွေ့အကြုံပိုရှိသကဲ့သို့၊ အိမ်က သင့်တော်သည်၊ မသင့်တော်သည်ကို သူက ကျွန်မထက်ပိုသိမည်ကို ကျွန်မ စိတ်နှလုံးထဲတွင် သိခဲ့ပါသည်။ သို့သော် ကျွန်မက “အိမ်တစ်အိမ်ကို ငှားတဲ့အခါမှာ တခြားဘာအသေးစိတ်အချက်အလက်တွေ၊ ပြဿနာတွေ ထည့်စဉ်းစားဖို့ လိုသလဲ”ဟု တွေးရင်း၊ ကျွန်မ မည်မျှတော်သည်ကို မည်သို့ပြနိုင်မည်ဆိုသည်နှင့်ပတ်သက်၍ ကျွန်မ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့သည်။ ထိုသို့ဖြင့် ကျွန်မ မေးခွန်းအချို့ ထုတ်ပြီး၊ သူတို့ကို ပိုစုံစမ်းခိုင်းခဲ့သည်။ နောက်ဆုံးတွင်၊ ထိုအိမ်နှင့်ပတ်သက်၍ ပြဿနာအချို့ တွေ့ခဲ့ရပြီး၊ ကျွန်မ၏ တွဲဖက်အမှုဆောင်များက တွေ့သွားချိန်တွင်၊ သူတို့က၊ “ငါတို့ အရမ်း ရှက်မိတယ်။ ငါတို့က နင့်ထက် ကြီးပေမဲ့ အကြောင်းကိစ္စတွေကို နင်လိုမျိုး ဂရုတစိုက် မစဉ်းစားခဲ့ဘူး”ဟု ပြောခဲ့ကြသည်။ ဤအရာကို ကြားရသည့်အခါ၊ ကျွန်မ မိမိကိုယ်ကိုယ် အလွန်ကျေနပ်မိခဲ့သည်။ ထိုအချိန်မှစ၍၊ အယောက်တိုင်းက အဖြေများကို ရှာဖွေကာ အကြောင်းအရာများကို ဆွေးနွေးဖို့ ကျွန်မဆီ လာခဲ့ကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ အရာရာနှင့်ပတ်သက်၍ ကျွန်မ၏ အယူအဆကို ပေးဖို့ရန် ကျွန်မကို စောင့်ဆိုင်းရင်း ကျွန်မနှင့် အလုပ်အတူလုပ်ကြသူများသည် အနည်းငယ် မတုန်မလှုပ်ဖြစ်လာခဲ့သည်။ သူတို့က ကျွန်မကို ပိုပိုပြီး အမှီပြုလာခဲ့ကြသည်။
တွဲဖက်အမှုဆောင်တွေကြားတွင် ကျွန်မ၏ ဂုဏ်သိက္ခာက ပိုတည်မြဲလာနေပြီး၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အသင်းတော်ကိစ္စအားလုံးတွင် ကျွန်မက ဆုံးဖြတ်ရမည်ဖြစ်သည်ကို တဖြည်းဖြည်း ကျွန်မ သိလာခဲ့သည်။ ညီအစ်ကို မောင်နှမများက အခက်အခဲတိုင်းနှင့်ပတ်သက်၍ သူတို့ကို မိတ်သဟာယပြုဖို့ ကျွန်မကို အားကိုးခဲ့ကြသည်။ ကျွန်မက အသင်းတော်အဖို့ မရှိမဖြစ်အဖြစ် မိမိကိုယ်ကိုယ် ခံစားရပြီး မိမိကိုယ်ကိုယ် မကြာခဏ အလွန် ကျေနပ်နေလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ကျွန်မက လေးစားခံရသူများထံ ကံမကောင်းခြင်းက ရောက်လာလိမ့်မည်ဟု တွေးပြီး စိတ်မသက်မသာဖြစ်ကာ မိမိကိုယ်ကိုယ်၊ “လူတိုင်း ငါ့ကို အရမ်းလေးစားကြတယ်။ ငါ လမ်းလွဲနေပြီလား”ဟု မေးမိခဲ့သည်။ သို့သော် ထို့နောက်တွင် ကျွန်မက၊ “ငါက ခေါင်းဆောင်တစ်ယောက်ပဲ။ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ ပြဿနာတွေနဲ့ ငါ့ဆီကို လာသင့်တယ်လေ။ ငါ ကူညီဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေ သူတို့မှာ ရှိကြတယ်။ သူတို့ ငါ့ကို အားကိုးကြတယ်ဆိုတာ ပုံမှန်ပါပဲ။ သူတို့ကို ကူညီပေးတဲ့သူနဲ့နေရတာကို မကြိုက်တဲ့သူ ဘယ်သူရှိလို့လဲ”ဟု စဉ်းစားခဲ့ပါသည်။ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှုနှင့် သတိပေးချက်များကို ကျွန်မ လျစ်လျူရှုခဲ့ပြီး ကျွန်မကိုယ်တိုင်၏ အခြေအနေ၊ ကျွန်မ ရောက်နေသည့် လမ်းကြောင်းကို မဆန်းစစ်ခဲ့ပါ။ ထိုအစား အရင်လမ်းမှားအတိုင်းသာ ကျွန်မ ဆက်လျှောက်နေခဲ့သည်။ ဘုရားသခင်က ကျွန်မကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်သည့်အခါမှသာ ကျွန်မ၏ ထုံထိုင်းသော နှလုံးသားက သတိပြုမိလာခဲ့ပါသည်။
တစ်မနက် ကျွန်မ နိုးလာချိန်တွင်၊ ကျွန်မရဲ့ ဘယ်ဘက်မျက်လုံးက တကယ် နာကျင်နေခဲ့သည်ကို သိလိုက်ရသည်။ မျက်ရည်များ စီးကျမြဲ စီးကျနေပြီး၊ မှန်တွင်ကြည့်သည့်အခါ ကျွန်မ မျက်နှာ၏ ဘယ်ဘက်ခြမ်းတစ်ခုလုံးက တောင့်တင်းနေတာကို တွေ့ရသည်။ မျက်လုံး ပိတ်လို့မရ၊ ပါးစပ်လည်း လှုပ်လို့မရခဲ့ပါ။ ဘာဖြစ်နေမှန်းလည်း ကျွန်မ လုံးဝ မသိခဲ့ပါ။ ထိုနေ့နေ့လယ် စုဝေးပွဲတွင် အစ်မတစ်ယောက်က ကျွန်မကို မြင်ပြီး လန့်သွားကာ ဤသည်မှာ မျက်နှာ လေဖြတ်သွားခြင်းဖြစ်ကာ ချက်ချင်း ကုသမှု ခံယူရမည်ဟု ဆိုခဲ့သည်။ နှောင့်နှေးပါက ကျွန်မ မျက်နှာက ပုံမှန်ပြန်ဖြစ်တော့မည်မဟုတ်ဟု သူပြောခဲ့သည်။ ဤအရာက တကယ့် ထိုးနှက်ချက်တစ်ခုကဲ့သို့ ဖြစ်လာပြီး ကျွန်မ စိတ်က လုံးဝ ဗလာဖြစ်သွားခဲ့သည်။ ကျွန်မက ငယ်ငယ်လေးဖြင့် အဘယ်သို့ ထိုသို့သော ရောဂါတစ်ခုကို ရရှိနိုင်ရသနည်း။ သူပြောသည့်အရာ မှန်နေခဲ့ပြီး ကျွန်မ မျက်နှာက စောင်းသွားခဲ့ပါက၊ ကျွန်မ၏ တာဝန်ကို ကျွန်မ မည်သို့ ထမ်းဆောင်မည်နည်း။ လူများကို မည်သို့ ရင်ဆိုင်ရမည်နည်း။ ကျွန်မ လုံးဝ ကြောင်သွားခဲ့ပြီးနောက် ကျွန်မ စိတ်နှလုံးတွင် စတင် အားနည်းလာခဲ့သည်။ အခြားသူများသည် ကျွန်မ၏ ရောဂါကို ဆွေးနွေးနေခဲ့ကြသော်လည်း၊ ကျွန်မခေါင်းထဲမှာတော့ လုံးဝ ရှုပ်ထွေးနေခဲ့သည်။ ကျွန်မတွင် မည်သည့် အားအင်မျှ မကျန်တော့ပါ။
ထိုနေ့ ကျွန်မ၏ အိမ်အပြန်လမ်းက ဝေဝါးနေခဲ့သည်။ ဘုရားသခင်ထံ ဆုတောင်းချင်ခဲ့သော်လည်း၊ မည်သည့်အရာ ပြောရမှန်း မသိခဲ့ပါ။ ကျွန်မ လုပ်နိုင်သမျှမှာ ကျွန်မ၏ စိတ်နှလုံးကို ငြိမ်သက်စေပြီး သူ၏အလိုတော်ကို ရှာဖွေဖို့ ကျွန်မကို လမ်းပြရန် ဘုရားသခင်ထံ တောင်းလျှောက်မြဲတောင်းလျှောက်နေခြင်း ဖြစ်သည်။ ရုတ်တရက် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ စဉ်းစားမိခဲ့သည်- “နာမကျန်းမှု၏ ဆင်းရဲဒုက္ခ သင့်အပေါ် ကျရောက်သည့်အခါ၊ သင် မည်သို့ တွေ့ကြုံခံစားသင့်သနည်း။ ဘုရားသခင်၏ရှေ့မှောက်သို့ သူ၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ရန် ရှာဖွေရင်းနှင့် မည်သည့် အပြစ်ကျူးလွန်မှုမျိုးကို သင်ပြုမိခဲ့သည် သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများကို သင် မဖြေရှင်းရသေးသည်ကို ဆန်းစစ်ရင်း ဆုတောင်းဖို့ လာရမည်။ သင် ရုပ်ပိုင်းအရ ဆင်းရဲဒုက္ခ မခံဘဲမနေနိုင်ပေ။ ဆင်းရဲဒုက္ခမှတဆင့် စိတ်ချုပ်တည်ခြင်းဖြင့်သာ လူတို့သည် အထိန်းအကွပ်မဲ့မှုကို ရပ်တန့်နိုင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲအသက်ရှင်နိုင်လိမ့်မည်။ လူတို့ စိတ်မချမ်းမှု ခံစားကြသည့်အခါ၊ သူတို့ အမှားတစ်ခုခု ပြုမိသည် သို့မဟုတ် ဘုရားသခင်ကို မည်သို့ပြစ်မှားမိပြီးဖြစ်နိုင်သည်ကို သုံးသပ်ဆင်ခြင်ရင်း အမြဲဆုတောင်းကြသည်။ ဤအရာက သူတို့အတွက် အကျိုးရှိလေသည်။ ကြီးမားသည့် နာကျင်မှုနှင့် စမ်းသပ်မှုများကို လူတို့ ဒုက္ခခံကြရသည့်အခါ၊ ယင်းသည် သေချာပေါက် တိုက်ဆိုင်ခြင်းဖြင့် ဖြစ်သည်မဟုတ်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “နာမကျန်းမှုက ထိုးနက်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို သင်ရှာဖွေရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်- “ကြီးမားသည့် နာကျင်မှုနှင့် စမ်းသပ်မှုများကို လူတို့ ဒုက္ခခံကြရသည့်အခါ၊ ယင်းသည် သေချာပေါက် တိုက်ဆိုင်ခြင်းဖြင့် ဖြစ်သည်မဟုတ်ပေ။” ဤရောဂါသည် မတော်တဆမဟုတ်သည်ကို ဘုရားနှုတ်ကပတ်တော်များက ကျွန်မကို နားလည်သဘောပေါက်စေခဲ့သည်။ ထိုအရာ၏ နောက်ကွယ်တွင် ဘုရားသခင်၏ ကောင်းမြတ်သော အလိုတော် ဧကန်မုချ ရှိခဲ့ပြီး၊ သူက ကျွန်မကို ဆုံးမပဲ့ပြင်နေခဲ့သည်။ ဘုရားသခင်ကို ကျွန်မ မည်သို့ ပုန်ကန်ပြစ်မှားခဲ့ပြီးဖြစ်သည်ကို သိရဖို့ ကျွန်မ အလေးအနက် ရှာဖွေရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။ ကျွန်မ ဘုရားသခင်ရှေ့သို့ ဆုတောင်းခြင်းဖြင့် လာခဲ့သည်- “အနန္တတန်ခိုးရှင်ဘုရားသခင် ကျွန်မ အခု နာမကျန်းဖြစ်နေပြီး ဒါဟာ ကိုယ်တော်က ကျွန်မကို ဆုံးမပဲ့ပြင်နေတယ်ဆိုတာ၊ ကျွန်မကို သတိပေးဖို့အတွက်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့အတွက် ဒီ ရောဂါကို အသုံးပြုနေတယ်ဆိုတာ ကျွန်မ စိတ်နှလုံးထဲကနေ သိပါတယ်။ ဒါပေမဲ့ ကျွန်မ အခု အရမ်း ထုံထိုင်းနေပါတယ်။ ကျွန်မရဲ့ ပြဿနာတွေကို အဖြေမရှာနိုင်သေးပါဘူး။ ဒီရောဂါကတစ်ဆင့် ကျွန်မရဲ့ သင်ခန်းစာကို သင်ယူနိုင်ဖို့အတွက် ကျွန်မကို ကျေးဇူးပြုပြီး အသိဉာဏ်ပွင့်စေတော်မူပါ။” ဆုတောင်းပြီးသည့်နောက်တွင်၊ ကျွန်မ ထိုအရာနှင့်ပတ်သက်၍ တွေးမြဲတွေးနေမိခဲ့သော်လည်း၊ ဘုရားသခင်ကို ကျွန်မ မည်သို့ ပုန်ကန်ပြစ်မှားမိခဲ့ပြီးဖြစ်သည်ကို မသိနိုင်ခဲ့ပါ။ ထို့ကြောင့် အလေးအနက် ဆုတောင်းခြင်းဖြင့် ဘုရားရှေ့သို့ ကျွန်မ တစ်ဖန် လာခဲ့ကာ ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့သည်။ ဤကဲ့သို့ ရက်အနည်းငယ်ကြာ ကျွန်မ ဆုတောင်းပြီး ရှာဖွေခဲ့သည်။ ကျွန်မ၏ ဆုတောင်းသံများကို ကြားခြင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ထို့နောက် များမကြာမီတွင် ကျွန်မ၏ ပြဿနာများကို မြင်နိုင်ဖို့ရန်အလို့ငှာ ဘုရားသခင်က အခြေအနေတစ်ခု စီစဉ်ခဲ့သည်။
တစ်ရက်တွင် ကျွန်မ အပ်စိုက်ကုထုံး ခံယူဖို့အတွက် အစ်မချောင်၏ အိမ်ကို သွားခဲ့သည်။ သူ၏မိသားစုဝင်အားလုံးက ကျွန်မ စိတ်ညစ်နေမည်စိုး၍ ကျွန်မ ဘယ်လိုအခြေအနေရှိသည်ကို မေးခဲ့ကြသည်။ အပ်စိုက်ကုထုံးခံယူနေစဉ်အတွင်းတွင်၊ သူတို့က ရောဂါကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်နှင့်ပတ်သက်သည့် အခြေခံသဘောတရားများကို ကျွန်မအား ဖတ်ပြခဲ့ကြသည်။ အစ်မ ချောင်က ကျွန်မကို မစိုးရိမ်ဖို့၊ ဘုရားသခင်ကို ပိုဆုတောင်းပြီး အမှီပြုဖို့၊ ယုံကြည်ခြင်းရှိဖို့နှင့် ကုသခြင်းဖြင့် ကျွန်မ အမြန်သက်သာလာမည်ဟု ပြောခဲ့သည်။ သို့သော် ကျွန်မ မျက်နှာက ချက်ချင်း မကုရင် အမြဲရွဲ့သွားမည်ဟု ယခင်က သူ ပြောခဲ့သောကြောင့် ကျွန်မ တကယ်ကို ကြောက်နေခဲ့သည်။ သို့သော် သူက ကျွန်မနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေခဲ့သည်ကို တွေ့ရသည့်အခါ၊ ကျွန်မက၊ “တကယ်တမ်း ငါ ဘယ်လို ခံစားနေရတယ်ဆိုတာကို သူများတွေ သိရင် ငါက ဝိညာဉ်ရင့်ကျက်မှုနည်းတယ်လို့ ထင်ကြမှာလား။ ဘယ်သူမဆို စမ်းသပ်မှုကြုံရရင် ဒါမှမဟုတ် ဖျားနာရင် ယုံကြည်ခြင်းနှင့်ဆက်စပ်တဲ့ သမ္မာတရားကို သူတို့ကို ငါ မိတ်သဟာယပြုပေးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပြင်းထန်သလို ခံစားရတယ်။ ဒါပေမဲ့ အခု ရုတ်တရက်ကြီး ငါ ဖျားနာတော့ ငါ့မှာ ယုံကြည်ခြင်းနည်းနေတာကို ငါ ပြနေပြီးတော့ စိုးရိမ် ကြောက်ရွံ့မှုတွေ ဖော်ပြနေတယ်။ ငါက အယူဝါဒတွေကိုပဲ ဟောနေတယ်လို့ လူတိုင်းက ထင်ကြမလား”ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်မ ပြုံးလိုက်ပြီး အစ်မချောင်ကို၊ “ကျွန်မအခုနာမကျန်းဖြစ်နေတော့ တကယ်တမ်းတော့ နည်းနည်း အားနည်းသလို ခံစားရပါတယ်။ ဒါပေမဲ့ အရာရာတိုင်းက ဘုရားလက်ထဲမှာပဲရှိတယ်လို့ ယုံကြည်ပါတယ်။ ဒီ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခက ဘာမှမဟုတ်ပါဘူး။ ကျွန်မ အနာကျင်ဆုံးအရာက ဘုရားအလိုတော်ကို ကျွန်မ မရှာနိုင်တာပဲ၊ ကျွန်မ ပြဿနာတွေကဘာလဲဆိုတာ အဖြေမရှာနိုင်တာပဲ။ အရမ်းထုံထိုင်းလို့ ကျွန်မ စိတ်မကောင်းဖြစ်မိတယ်”ဟု ပြောလိုက်သည်။ သူက ကျွန်မကို လေးစားစွာ ကြည့်ပြီး၊ “အခု နေမကောင်းဖြစ်နေတော့ နင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြီး နားလည်ဖို့ ကြိုးစားပါ။ ကုသမှုလည်းခံယူပါ။ နင်က အမြဲတမ်း အလုပ်ကြိုးစားနေတော့ နေမကောင်းဖြစ်လာနိုင်တာပဲ။ မိုးလင်းကနေ မိုးချုပ်အထိ နင့်တာဝန်ကို ထမ်းဆောင်တယ်။ ငါတို့အားလုံးက ဒါကို လေးစားကြပါတယ်။ အခုတောင်မှ နင်က တာဝန်ကို ထမ်းဆောင်ချင်သေးတယ်။ စိတ်လျှော့ထားလိုက်ပါ။ နင်နဲ့အတူလုပ်တဲ့အစ်မကို အလုပ်ကို တန်းတူမလုပ်လို့ ငါ အပြစ်တင်ခဲ့တယ်။ အသင်းတော်အလုပ်တွေကို ပိုပြီး အာရုံစိုက်ဖို့ သူ့ကို ငါ သတိပေးခဲ့တယ်”ဟု ပြောခဲ့သည်။ ဤအရာကို သူ ပြောသည့်အခါ၊ ကျွန်မ အနည်းငယ် စိတ်မသက်မသာဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူ သဘောပေါက်သွားအောင် ကျွန်မက၊ “အသင်းတော်အလုပ်ကို အာရုံစိုက်တာ ငါ တစ်ယောက်တည်းမဟုတ်ပါဘူး။ ငါ့ကို အရမ်းကြီး အထင်မကြီးပါနဲ့”ဟု ပြောလိုက်သည်။ ထိုနေ့ အိမ်အပြန်လမ်းတွင်၊ “ငါ့ကြောင့် အဲဒီအစ်မကို အဲဒီလိုမျိုး ဘာလို့ သူက ဝေဖန်ရတာလဲ။ သူ့အမြင်မှာ ငါက လူတိုင်းထက်ပိုပြီး တာဝန်သိတတ်နေတာလား။ ငါ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ချီးမွမ်းနေပြီး သူများတွေကို နှိမ်ချနေတာဖြစ်ရမယ်”ဟု ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ၏ အားနည်းချက်ကို အစ်မချောင် မသိအောင် မည်သို့ ကျွန်မ ဖုန်းကွယ်ခဲ့ပြီး အင်မတန် ခိုင်မာသည့်ယုံကြည်ခြင်းရှိသကဲ့သို့ ဟန်ဆောင်ခဲ့သည်ကို ကျွန်မ စဉ်းစားမိသည်- သူ့ကို ကျွန်မ လှည့်စားခဲ့ပြီ မဟုတ်ပါလား။ ကျွန်မ ဤအရာကို တွေးနေချိန်တွင် အစ်မကျန်းက ကျွန်မဆီသို့ လာနေသည်ကို မြင်လိုက်ရသည်။ သူက ကျွန်မအတွက် လုံးဝ စိတ်တွေပူနေပြီး၊ “နင် ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ရမယ်။ နင်က ဒီအခြေအနေကြောင့် အားလျော့နေရင် ငါတို့ ဘာလုပ်ရမှာလဲ”ဟု ပြောခဲ့သည်။ သူက အလွန်ပွင့်လင်းစွာ ပြောသည်ကို ကြားရသည့်အခါ၊ ကျွန်မ အလွန် စိုးရွံ့သွားမိခဲ့သည်။ ကျွန်မ ကိုယ့်လမ်းကိုယ် ဆက်သွားရင်း၊ သူပြောခဲ့သည့်အရာကို စဉ်းစားမြဲ စဉ်းစားနေမိခဲ့သည်။ စိတ်ထဲတွင် ကြောက်သလို စတင်ခံစားရပြီး၊ “ငါက အရေးမပါတဲ့ အသင်းတော်ခေါင်းဆောင်တစ်ယောက်သက်သက်ပါ။ အသင်းတော်က ငါမပါလည်း အဆင်ပြေနိုင်ပါတယ်။ ငါမပါဘဲနဲ့ သူတို့ ဘာလုပ်ရမလဲလို့ သူဘာကြောင့် မေးရတာလဲ။ သူ ဒီလိုပြောတာက ကျွန်မက သူတို့ စိတ်နှလုံးတွေထဲမှာ နေရာယူထားနေတာပဲဆိုတာ ပြပါတယ်။ စိတ်နှလုံးဆိုတာ ဘုရားသခင်ရဲ့ ဘုရားကျောင်းပါ။ ငါက အဲဒီနေရာမှာ ယူနေရင် ဘုရားသခင်ကို အာခံနေတာမဟုတ်ဘူးလား”ဟု တွေးမိခဲ့သည်။ ကျွန်မက လူများ၏ လက်ခံမှုနှင့် လေးစားမှုကို အမြဲတမ်းလိုချင်ခဲ့သော်လာ်း၊ အစ်မက ထိုသို့ ပြောသည်ကို ကြားရသည့်အခါ စိတ်မသက်မသာဖြစ်ပြီး ကြောက်ရွံ့ခဲ့သည်ကို ကျွန်မ တွေးမိခဲ့သည်။ “တခြား ညီအစ်ကို မောင်နှမတွေကရော ငါ လှည့်စားတာ ခံခဲ့ကြရပြီလား။ တခြားသူတွေက အစ်မကျန်းလိုမျိုး ခံစားရတယ်ဆိုရင်၊ ငါက လူတွေကို ငါ့ရှေ့ကို ခေါ်ဆောင်တယ်ဆိုတဲ့ သဘောမဟုတ်လား။ ငါက အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ်ရောက်နေတာပဲ”ဟု ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ တွေ့ခဲ့ဖူးသည့် အန္တိခရစ်တချို့ ယခင်က ထုတ်ပယ်ခံရသည့်အကြောင်းကို စဉ်းစားမိပြီး ကြောက်စိတ်က ကျောထဲကနေ စိမ့်တက်လာသလို ခံစားခဲ့ရသည်။ ဘေးဒုက္ခကြီးတစ်ခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။
ကျွန်မ အိမ်ပြန်ရောက်ချိန်တွင်၊ ကျွန်မ၏ ဘုရားနှုတ်ကပတ်တော်များ ကျမ်းစာအုပ်ကို ယူပြီး ဤအရာကို ဖတ်ရှုခဲ့ရသည်- “မာနထောင်လွှားသည့် သဘာဝရှိသောလူများသည် ဘုရားသခင်ကို မနာခံခြင်း၊ ခုခံခြင်း၊ ဘုရားကို ဝေဖန်အကဲဖြတ်သည့် အပြုအမူများကို ကျူးလွန်ခြင်းနှင့် ဘုရားကို သစ္စာဖောက်ခြင်းတို့ကို စွမ်းဆောင်နိုင်ပြီး၊ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် ၎င်းတို့၏ကိုယ်ပိုင် နိုင်ငံတော်ကို တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်သည့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ နိုင်ငံတစ်နိုင်ငံတွင် လူနှစ်သောင်းသည် လက်ခံဖို့ရှိပြီး သင်က အလုပ်လုပ်ဖို့ ထိုနေရာသို့ သွားရန် စီစဉ်နေသည်၊ ပြီးလျှင် ငါက သင့်ကို တစ်လကြာ လျစ်လျူရှုထားပြီး၊ သင့်ဘာသာ ပြုမူဆောင်ရွက်ဖို့ သင့်အား ဩဇာအာဏာ လွှဲပြောင်း ပေးခဲ့သည်ဟု ဆိုကြပါစို့၊ ဆယ်ရက်မပြည့်မီ၊ သင်သည် လူတိုင်းက သင့်ကို သိအောင်လုပ်ပြီးဖြစ်လိမ့်မည်။ ပြီးလျှင် တစ်လအတွင်းမှာပင်၊ ၎င်းတို့အားလုံးက စကားလုံးတိုင်းတွင် သင့်ကို ချီးမွမ်းခြင်း သီချင်းဆိုလျက်၊ သင်သည် ထိုးထွင်းအမြင်ရှိစွာ တရားဟောကြားသည်ဟု ပြောပြီး သင်၏ပြောဆိုချက်များသည် ၎င်းတို့လိုအပ်သည့် အရာဖြစ်ပြီး သင်သည် ၎င်းတို့၏လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ကြောင်း မလျှော့တမ်း အခိုင်အမာ ဆိုကြလျက်၊ သင့်ရှေ့မှောက်တွင် ဒူးထောက်လိမ့်မည် ဖြစ်သည်- အားလုံးမှာ ‘ဘုရားသခင်’ ဟူသည့် စကားလုံးကို တစ်ခါမျှ ထုတ်ဖော်ဖွင့်ဟခြင်းမရှိဘဲ ဖြစ်သည်။ သင်သည် ဤအမှုကို မည်သို့ ပြုပြီး ဖြစ်မည်နည်း။ ဤလူများအတွက် ထိုသို့သော တုံ့ပြန်မှုတစ်ခုကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းက သင်လုပ်ဆောင်နေသည့် အလုပ်သည် ဘုရားသခင်ကို သက်သေခံခြင်း လုံးဝ မပါရှိသည်ကို သက်သေပြနေသည်။ ထို့ထက် သင့်ကိုယ်သင်သာ သက်သေခံပြီး၊ သင့်ကိုယ်သင်သာ ဝါကြွားခဲ့သည်။ သင်သည် ထိုသို့သော ရလဒ်တစ်ခုကို မည်သို့ စွမ်းဆောင်ရရှိနိုင်ရသနည်း။ လူအချို့က ‘ကျွန်ုပ် မိတ်သဟာယပြုသည်မှာ သမ္မာတရား ဖြစ်သည်။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မည်သည့်အခါမျှ သေချာပေါက် သက်သေမခံဖူးပါ။’ ဟု ပြောကြသည်။ သင်၏ထိုသဘောထား၊ ထိုဟန်ပန်သည် လူများကို ဘုရားသခင်၏နေရာမှ မိတ်သဟာယပြုဖို့ ကြိုးစားခြင်း ဖြစ်ပြီး၊ ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ယောက်၏ အနေအထားတွင် ရပ်တည်နေခြင်း မဟုတ်ပေ။ သင်ပြောသမျှသည် စကားကြီး စကားကျယ်နိုင်သည့် စကားများဖြစ်ပြီး အခြားသူများကို တောင်းဆိုမှုများ ပြုနေခြင်း ဖြစ်သည်။ ယင်းက သင်ကိုယ်တိုင်နှင့် လုံးဝမသက်ဆိုင်ပေ။ ထို့ကြောင့် သင်ရယူမည့် အကျိုးတရားမှာ လူများက သင့်ကို ကိုးကွယ်စေဖို့၊ အားကျစေဖို့နှင့် အဆုံး၌ ၎င်းတို့အားလုံးက သင့်ကို သိကျွမ်းပြီး သင့်ကိုချီးမွမ်းစေဖို့၊ သင့်ကို သက်သေခံဖို သင့်ကို ချီးမြှောက်ဖို့နှင့် သင့်ကို အလွန်ဆိုးရွားစွာ မြှောက်ပင့်ဖို့တို့ ဖြစ်သည်။ ထိုအရာ ဖြစ်ပျက်သည့်အခါ၊ သင်သည် ဆုံးခန်းတိုင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် ကျရှုံးပြီးဖြစ်လိမ့်မည်။ ဤသည်က သင်တို့အားလုံး ယခုရောက်နေသည့် လမ်းကြောင်း မဟုတ်လော။ သင်သည် လူထောင်ပေါင်းအနည်းငယ် သို့မဟုတ် သောင်းပေါင်းအနည်းငယ်ကို ဦးဆောင်ဖို့ တောင်းဆိုခြင်း ခံရပါက၊ သင်သည် ဘဝင်ခိုက်နေလိမ့်မည်။ ထို့နောက်တွင် သင်သည် မာနထောင်လွှားလာပြီး ဘုရားသခင်၏ အနေအထား၊ စကားပြောခြင်းနှင့် လက်ဟန်ခြေဟန်နှင့်ပြောဆိုခြင်းတို့ကိုပါ စတင် နေရာယူဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး၊ မည်သည့်အရာကို ဝတ်ရမည်၊ မည်သည့်အရာကို စားရမည် သို့မဟုတ် မည်သို့လမ်းလျှောက်ရမည်တို့ကို သင်သိမည် မဟုတ်ပေ။ သင့်လက်အောက်မှ အများစုကို သင်တွေ့ဆုံမည် မဟုတ်ဘဲ၊ သင်သည် ဖြည်းဖြည်းချင်း အကျင့်ပျက်ကာ၊ ကောင်းကင်တမန်မင်းကဲ့သို့ပင် ဒဏ်ခတ်ခြင်းခံရလိမ့်မည်။ သင်တို့အားလုံးသည် ဤသည်ကို လုပ်နိုင်စွမ်းရှိကြသည် မဟုတ်လော။ ထို့ကြောင့် သင်တို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်နေ့တွင် သင်တို့ထွက်သွားပြီး အလုပ်လုပ်ဖို့ အစီအစဉ်များ အမှန်တကယ် ပြုလုပ်ဖြစ်ပြီး၊ သင်တို့က ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိပါက၊ အမှုကို မည်သို့တိုးချဲ့နိုင်မည်နည်း။ ဤသည်မှာ ဒုက္ခပေးသည် မဟုတ်လော။ သို့ဆိုလျှင် မည်သူက သင်တို့ကို ထွက်သွား ခွင့်ပြုဝံ့မည်နည်း။ သင်သည် ထွက်သွားသည့်အခါ၊ ပြန်လာလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ပြောသမျှကို မည်သည့်အာရုံမျှ စိုက်မည် မဟုတ်ဘဲ၊ သင်သည် ဤလူများကို ကယ်တင်ခြင်း ဆောင်ကြဉ်းပေးကာ၊ ဘုရားသခင်၏ အမှုကို ပြုနေသည့်အလား၊ ပြီးလျှင် ဘုရားသခင်သည် ပေါ်ထွန်းခဲ့ပြီး ဖြစ်ကာ၊ ဤနေရာတွင် အလုပ်လုပ် နေသည့်အလား လူများကို ခံစားစေလျက်၊ ဆက်လက် ကြွားဝါနေပြီး သင့်ကိုယ်သင် သက်သေခံနေလိမ့်မည်— ပြီးလျှင် လူများက သင့်ကို ကိုးကွယ်သည်နှင့်အညီ၊ သင်သည် ပီတိရွှန်းပြီး၊ ၎င်းတို့က သင့်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံပါက၊ သင်သည် သဘောပင်တူ နေလိမ့်မည်။ သင်သည် ဤအဆင့်ကို ရောက်သည်နှင့် တစ်ပြိုင်နက်၊ သင်ပွဲသိမ်းသွားပြီဖြစ်သည်။ သင်သည် တစ်စစီပျက်စီး သွားလိမ့်မည်။ သင် သတိမထားမိဘဲ၊ ဤမာနထောင်လွှားသည့် သဘာဝမျိုးသည် အဆုံး၌ သင်၏ပျက်စီးခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သည့် လူတစ်ဦး၏ နမူနာတစ်ခု ဖြစ်သည်။ ဤနေရာအထိ ရောက်လာသည့်လူများသည် အသိစိတ် ပျောက်ဆုံးသွားပြီဖြစ်သည်။ ၎င်းတို့၏သိမြင်နားလည်ခြင်းက အလုပ်မလုပ်တော့ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်”) “လူအချို့က မိမိတို့ကိုယ်ကိုယ်အကြောင်း ထပ်တလဲလဲ သက်သေခံဖို့၊ မိမိတို့၏ သြဇာအာဏာ အရှိန်အဝါကို မြှင့်တင်ဖို့နှင့် လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် မိမိတို့၏ ရာထူးများကို အသုံးပြုကြစဉ်တွင်၊...၎င်းတို့သည် လူများကို သိမ်းသွင်းနိုင်ဖို့နှင့် ထိန်းချုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားရင်း၊ လူတို့ကို ၎င်းတို့အား ကိုးကွယ်စေရန် နည်းလမ်းအမျိုးမျိုးနှင့် ဆောင်ရွက်မှုအမျိုးမျိုးကို အသုံးပြုကြလေသည်။ အချို့သည် ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းတို့မှာ ဘုရားသခင် ဖြစ်သည်ဟု တွေးထင်စေရန် လူများကို တမင်တကာ လှည့်စားကြသည်။ ၎င်းတို့သည် ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရဖူးသည်- ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးပြီး မာနထောင်လွှားသော သူများဖြစ်သည်၊ ၎င်းတို့ကို မကိုးကွယ်ကြဖို့နှင့် သူတို့မည်မျှကောင်းစွာ လုပ်ဆောင်ကြသည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ ပြောမည်မဟုတ်။ အဘယ့်ကြောင့် ဤအရာများကို ၎င်းတို့ မပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို အလွန်အမင်း စိုးရွံ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို သိနားလည်ရန် မည်သည့်အခါမျှ မကြိုးစားကြသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်ဘဲ ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေ မခံကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) “ယိုယွင်းသောသူအပေါင်းသည် ၎င်းတို့ကိုယ်ကို ချီးမြောက်ပြီး ၎င်းတို့အကြောင်းကို သက်သေခံကြသည်။ ၎င်းတို့သည် မိမိတို့အကြောင်းကို လှည့်ပတ်ကြွားဝါတတ်ကြပြီး မိမိ၏အရှိန်အဝါကို ဖြန့်ကြက်ကြသည့်အပြင် ဘုရားသခင်ကို စိတ်နှလုံးသွင်းခြင်း လုံးဝမရှိပေ။ ငါပြောပြနေသောအရာနှင့် ပတ်သက်ပြီး သင်တို့၌ အတွေ့အကြုံတစ်စုံတစ်ရာ ရှိသလော။ လူများစွာသည် ၎င်းတို့အကြောင်းကို အဆက်မပြတ် သက်သေခံနေကြသည်- ‘ငါသည် ဤပုံစံ ထိုပုံစံဖြင့် ဒုက္ခဆင်းရဲခံခဲ့သည်၊ ငါသည် ဤအလုပ် ထိုအလုပ်ကို လုပ်ဆောင်ခဲ့ပြီ၊ ဘုရားသခင်သည် ငါ့ကို ဤနည်းထိုနည်းဖြင့် ဆက်ဆံခဲ့သည်။ သူသည် ဤသို့ထိုသို့လုပ်ရန် ငါ့ကို စေခိုင်းခဲ့သည်၊ ကိုယ်တော်သည် အထူးသဖြင့် ငါ့ကို အထင်ကြီးသည်။ ယခုအခါ ငါသည် ဤကဲ့သို့ ထိုကဲ့သို့ ဖြစ်သည်။’ ၎င်းတို့သည် အသံနေအသံထားတစ်ခုခုဖြင့် တမင်သက်သက် စကားပြောကြပြီး ဟန်ပန်အမူရာတစ်မျိုးမျိုးကို ရွေးချယ်ကြသည်။ နောက်ဆုံးတွင် လူအချို့က ဤလူတို့သည် ဘုရားသခင်ဖြစ်ကြောင်း ယူဆခြင်းဖြင့်အဆုံးသတ်ကြသည်။ ၎င်းတို့သည် ယင်းအဆင့်သို့ ရောက်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို စွန့်ခွာခဲ့သည်မှာ ကြာမြင့်နေပြီး ဖြစ်လိမ့်မည်။ လောလောဆယ်အချိန်တွင် ၎င်းတို့သည် လျစ်လျူရှုခြင်းကို ခံရပြီး နှင်ထုတ်ခြင်းကို မခံရသော်လည်း ၎င်းတို့၏ကံကြမ္မာကို သတ်မှတ်ပြီးဖြစ်၍ ၎င်းတို့လုပ်နိုင်သောအရာတစ်ခုတည်းမှာ ၎င်းတို့၏ အပြစ်ဒဏ်ပေးခြင်းကို စောင့်ရန်သာဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) ဘုရားနှုတ်ကပတ်တော်များက ကျွန်မ နှလုံးသားကို ဓားတစ်စင်းကဲ့သို့ ထိုးဖောက်သွားခဲ့သည်။ ကျွန်မက ကျွန်မ၏ တာဝန်တွင် မိမိကိုယ်ကိုယ် အမြဲ ချီးမြှောက်နေခဲ့ပြီး ကြွားဝါနေခဲ့လျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြောထားသည့်အတိုင်းသာ ဖြစ်ခဲ့သည်။ ကျွန်မ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ကတည်းက ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ လူတိုင်းက လက်ခံပြီး လေးစားဖို့ရန် အခြားသူများထက်တော်ရမည်ဖြစ်ပြီး၊ ဝိညာဉ်ရင့်ကျက်မှု ပိုရှိရမည်ဟု ထင်ခဲ့သည်။ ကျွန်မ၏ အတွေ့အကြုံများကို မိတ်သဟာယပြုသည့်အခါ၊ ကျွန်မ ဟန်ဆောင်ခဲ့ပြီး ကျွန်မ ကိုယ်တိုင်၏ အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးမှု အကြောင်းကို မပြောသလောက် ဖြစ်ခဲ့သည်။ ကျွန်မက သူတို့လောက်သာ ဖောက်ပြန်ပျက်စီးခဲ့သည်ဟု သိသွားခဲ့ပါက အခြားသူများက ကျွန်မကို မလေးစားတော့မည်ကို စိုးရွံ့ခဲ့သည်။ နာမကျန်းဖြစ်ခဲ့ချိန်တွင်ပင် ကျွန်မက အပျက်သဘောဆောင်လာပြီး စတင်ညည်းညူကာ အလွန် ကြောက်လန့်ခဲ့သော်လည်း၊ ကျွန်မ၏ ပုံရိပ်ကို ထိန်းသိမ်းရန် အခြားသူများက ကျွန်မကို ပို၍ပင် မြတ်နိုးကိုးကွယ်ကြဖို့နှင့် ကျွန်မ မည်မျှ အပြုသဘောဆောင်ခဲ့ပြီး၊ အခြားသူများထက် မည်မျှ ယုံကြည်ခြင်း ပိုရှိသည်ကို တွေးထင်ကြဖို့လို့ငှာ ကျွန်မ၏ ခံစားချက်အစစ်အမှန်ကို ဖုန်းကွယ်ပြီး အပြုသဘောဆောင်သည့်အရာများကိုသာ ပြောခဲ့သည်။ မည်သို့ဖြစ်စေ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကျွန်မသည် နောက်ကျမှ အိပ်ပြီး ပို၍ ဒုက္ခခံသင့်သည်ထင်သည်။ သို့သော် ကျွန်မက အလွန် တာဝန်သိတတ်ပြီး အလုပ်ကြိုးစားသည်ဟု ညီအစ်ကို မောင်နှမများက တွေးထင်ကြဖို့အလို့ငှာ သူတို့ကို ကျွန်မ မည်မျှ အလုပ်များခဲ့ပြီး၊ မည်မျှအထိ နောက်ကျမှ အိပ်ကာ မည်မျှ အလုပ်ကြိုးစားခဲ့သည်ဆိုသည်တို့ကို အမြဲ တမင်တကာ ထုတ်ပြောခဲ့သည်။ ကျွန်မ၏တာဝန်တွင် မြင်ခဲ့ရသည့် အောင်မြင်မှုမှာ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း၊ ကျွန်မ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်ခဲ့ပါ၊ ကျွန်မ မပါဘဲ မည်သည့်အရာမျှ မပြီးနိုင်သည့်အလား လူတိုင်းက ကျွန်မကို အသင်းတော်၏ ထောက်တိုင်အဖြစ် ထင်မြင်ကြစေဖို့အလို့ငှာ ကျွန်မ မည်မျှ ဆင်းရဲဒုက္ခခံခဲ့ပြီးဖြစ်ကာ စွန့်လွှတ်အနစ်နာခံခဲ့ပြီးဖြစ်သည်ဆိုသည်တို့ကို ကြွားဝါခဲ့သည်။ အခြားသူများကို လှည့်စားလျက်၊ ဤကဲ့သို့ ကျွန်မ အမြဲ မိတ်သဟာယဖွဲ့ခဲ့သည်၊ ယင်းက ဤရောဂါဖြင့် ဆုံးမပဲ့ပြင်ခံရခြင်းအဖြစ်သို့ ကျွန်မကို ဆိုက်ရောက်စေခဲ့ခြင်း ဖြစ်သည်။ သို့သော် အခြားသူများက ကျွန်မ အလုပ်ကြိုးစားခဲ့ပုံကြောင့် နာမကျန်းဖြစ်ခဲ့ရလေပြီဟု ယုံကြည်ခဲ့ကြပြီး၊ ကျွန်မက အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ကို ထမ်းခဲ့ရသည့်အလား ကျွန်မနှင့် အတူလုပ်ခဲ့သည့် အစ်မကို မျှမျှတတမလုပ်ခြင်းအတွက် အပြစ်ပင်တင်ခဲ့ကြသည်။ ကျွန်မသည် အခြားသူများကို လှည့်စားရင်း၊ လှောင်ပိတ်ရင်းနှင့် သူတို့ကို ကျွန်မ ရှေ့သို့ ခေါ်ဆောင်ရင်း၊ မိမိကိုယ်ကိုယ် ချီးမြှောက်ခဲ့ပြီးဖြစ်ကာ ဤနည်းဖြင့် ကြွားဝါခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ကို ကျွန်မ ပွင့်ပွင့်လင်းလင်း ရန်လိုနေခဲ့ပြီး ဖြစ်သည်။ ဤအရာကို စဉ်းစားရင်း၊ ကျွန်မ မကြောက်ရွံ့ဘဲ မနေနိုင်ခဲ့ပါ။ အခြားသူများက ကျွန်မကို လေးစားကာ မြတ်နိုးကိုးကွယ်ကြစေဖို့အလို့ငှာ၊ ကျွန်မ မိမိကိုယ်ကိုယ် ကြွားဝါဖို့နှင့် သူများတွေကို လှည့်စားဖို့ နည်းပေါင်းစုံ အသုံးပြုခဲ့သည်၊ ယင်းက သူတို့စိတ်နှလုံးများ၌ ဘုရားသခင်အတွက် နေရာမရှိတော့သည်အထိ ကျွန်မအပေါ် အမှီပြုစေခဲ့သည်။ အရာရာ၌ ကျွန်မ၏ ထင်မြင်ချက်နှင့် ထောက်ခံမှုကို သူတို့ ရှာခဲ့ကြသည်- ကျွန်မသည် အသင်းတော်၌ ဘုရင်မတစ်ဦးကဲ့သို့ အုပ်စိုးနေမိပြီး ဖြစ်သည် မဟုတ်ပါလား။ အသင်းတော်သည် ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုရန် နေရာတစ်ခု ဖြစ်သင့်ပေသည်။ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် အခြားသူများကို ကျွန်မ ရှေ့သို့ ခေါ်ဆောင်ခြင်းအားဖြင့်၊ ကျွန်မသည် ဘုရားသခင်ကို အစားထိုးပြီး သူ့ကို ပြယုဂ်တစ်ခုအဖြစ်သို့ ပြောင်းရန် ကြိုးစားနေပြီ မဟုတ်ပါလား။ ကျွန်မသည် အန္တိခရစ်တစ်ဦးကဲ့သို့ပင် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်နေခဲ့မိပြီ ဖြစ်သည်- ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် ဆိုးဝါးသော အပြစ်ကို ကျွန်မ ကျူးလွန်မိခဲ့ပြီဖြစ်သည်။ ထို့နောက်တွင်ပင် ကျွန်မ ကြောက်လန့်သွားခဲ့သည်။ ဘုရားသခင်ကို ကျွန်မ ဒေါသထွက်စေခဲ့ပြီးဖြစ်သောကြောင့် ကျွန်မ နာမကျန်းဖြစ်ခဲ့ကာ သူသည် ယခု သူ့၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပြသနေပေသည်။ အလွန် ထုံထိုင်းပြီး ပုန်ကန်တတ်ခြင်းအတွက် ကျွန်မ မိမိကိုယ်ကိုယ် မုန်းတီးမိခဲ့ပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံပုံကို မြင်ခဲ့ရသည်။ ဆုတောင်းပြီး နောင်တရဖို့ ဘုရားသခင်ရှေ့မှောက် ကျွန်မ ပျပ်ဝပ်လိုက်သည်- “အနန္တတန်ခိုးရှင်ဘုရားသခင် လွန်ခဲ့တဲ့နှစ်မှာ ကျွန်မ ကိုယ်တော့်ကို အစေမခံဘဲ မကောင်းမှုတွေ လုပ်ခဲ့ပါတယ်။ လူတွေကို ကျွန်မရှေ့ကို ခေါ်ဆောင်ခဲ့တယ်။ ချုပ်ကိုင်ဖို့အတွက် ကိုယ်တော်နဲ့ ယှဉ်ပြိုင်ခဲ့တယ်။ စက်ဆုပ်စရာကောင်းစွာ၊ ရှက်စရာကောင်းစွာနဲ့ အန္တိခရစ်တစ်ယောက်လို ပြုမူခဲ့ပါတယ်။ အဖ ဘုရားသခင် ကျွန်မ တကယ်ကို မှားခဲ့ပါပြီ။” နောင်တဖြင့် မွှန်ထူလျက်၊ ဘုရားသခင်ကို ရင်ဆိုင်ဖို့ ကျွန်မ အလွန် ရှက်ရွံ့မိခဲ့သည်။
ထိုအချိန်တွင် ကျွန်မက- “ဒီလို မှားယွင်းတဲ့လမ်းပေါ်ကို ငါ ဘယ်လို ရောက်လာရတာလဲ။ ဘယ်လိုဟာမျိုးကြောင့် ဒီလို ဖြစ်ရတာလဲ”ဟု စတင် စဉ်းစားမိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရပါသည်- “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) “လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ ၎င်းတို့၏သဘာဝသည် စတင်ပြောင်းလဲခဲ့ပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် ဆင်ခြင်တုံတရား အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ပေ။ ထို့ထက် ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ရန် ဆန္ဒရှိကြပြီး၊ သာ၍မြင့်မားကာ သာဤကြီးမြတ်သော အရာတစ်ခုကို တမ်းတကြသည်။ နောက်ပြီးလျှင် ဤပို၍မြင့်မားသော ဤအရာက အဘယ်နည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့ ဤကဲ့သို့ဖြစ်လာပြီးသည့် အကြောင်းရင်း၏ အရင်းအမြစ်တွင် အဘယ်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။...မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်အပေါ် ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ မိမိဘာသာ ကြီးကျယ်နေကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့သောအရာများကို လုပ်ကိုင်နိုင်သည့်အခါ ၎င်းတို့၏ မာနထောင်လွှားမှု၏အနှစ်သာရမှာ ကောင်းကင်တမန်မင်း၏ မာနထောင်လွှားမှုပင် ဖြစ်၏။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိဘာသာ ကြီးကျယ်နေမှုသည် အဆင့်တစ်ရပ်သို့ ရောက်ပြီးနောက် ယင်းအရာက ထိုသူတို့ ကောင်းကင်တမန်မင်းဖြစ်ကြောင်းနှင့် ဘုရားသခင်အား ဘေးဖယ်ထားမည်ဖြစ်ကြောင်းကို သတ်မှတ်လေ၏။ သင်၌ ဤသို့ မာနထောင်လွှားသော စိတ်သဘောထားရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ ပြဿနာ၏ အနှစ်သာရကို သာ၍ ရှင်းလင်းသည့် သိနားလည်မှု ပေးခဲ့ပြီး၊ ကျွန်မ၏ တာဝန်တွင် ကျွန်မက မိမိကိုယ်ကိုယ် အမြဲ ချီးမြှောက်ပြီး ကြွားဝါခဲ့မိသည့် အကြောင်းရင်းကို မြင်ခဲ့ရသည်။ ယင်းမှာ ကျွန်မ၏ မာနထောင်လွှားသည့်၊ စိတ်ကြီးဝင်သော သဘာဝကြောင့် ဖြစ်ခဲ့သည်။ ကျွန်မ ရောက်ခဲ့သည့် လမ်းကြောင်းမှာ အစကတည်းက မှားနေခဲ့သည်။ ကျွန်မ၏ တာဝန်တွင် မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါခြင်းသည် ကျွန်မကို ပေါလုကဲ့သို့သာ ဖြစ်စေခဲ့သည်။ ပေါလုသည် သူ၏ အလုပ်ကို လုပ်နေစဉ်တွင် မိမိကိုယ်ကိုယ် အမြဲ ချီးမြှောက်ကာ သက်သေခံခဲ့ကာ သူ၏စာထဲတွင် သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ဟု တစ်ကြိမ်တစ်ခါမျှ သက်သေမခံခဲ့ပါ။ သူ မည်မျှ ဆင်းရဲဒုက္ခခံခဲ့ပြီး စွန့်လွှတ်အနစ်နာခံခဲ့သည်ဆိုသည်တို့ကိုသာ သက်သေခဲ့သည်။ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဟူ၍ပင် ပြောခဲ့သည်။ သူသည် သရဖူနှင့် ဆုလာဘ်များ ထိုက်တန်သည်ဟု အခြားသူများကို သူ ယုံကြည်စေခဲ့သည်။ ကျွန်မ၏ သဘာဝသည် ပေါလုကဲ့သို့သာ ဖြစ်ခဲ့သည်ကို ကျွန်မ မြင်ခဲ့ရပါသည်။ အထင်ကြီးလေးစားခံရပြီး မြတ်နိုးကိုးကွယ်ခံရခြင်း၊ လူများ ကျွန်မနားမှာ စုဝေးနေကြခြင်းနှင့် ကျွန်မ သွားခဲ့သည့်နေရာတိုင်းတွင် ကျွန်မကို လူများက ချီးမွမ်းကြသည်ကို ကြားရခြင်းတို့ကို ကျွန်မ ပျော်မွေ့ခဲ့သည်။ လူများ၏ စိတ်နှလုံးများထဲတွင် နေရာတစ်ခုရဖို့ ကျွန်မ လုပ်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောခဲ့သည့်အတိုင်းပင်၊ ကျွန်မ၏ သဘာဝက “မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့” ဖြင့် ပြည့်နေခဲ့သည်ကို မြင်ခဲ့ရသည်။ ကျွန်မသည် အလွန် မာနထောင်လွှားခဲ့သည်မှာ အသိစိတ်အားလုံး ကျော်လွန်သည့်အထိ ဖြစ်ခဲ့သည်။ ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်မ၏နေရာကို ယူပြီး ဘုရားသခင်ကို ကျွန်မ မကိုးကွယ်နိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို ဘုရားအဖြစ် မဆက်ဆံခဲ့ဘဲ ထိုအစား မိမိကိုယ်ကိုယ် ဂုဏ်ယူခဲ့သည်။ ကြည်ညိုခံရကာ မြတ်နိုးကိုးကွယ်ခံရဖို့ ကျွန်မ၏တာဝန်တွင် ကျွန်မ မိမိကိုယ်ကိုယ် ပြင်ဆင်လုပ်ဆောင်ခဲ့သည်၊ ယင်းက ညီအစ်ကို မောင်နှမများကို လှည့်စားခြင်းသို့ ကျွန်မကို ဆိုက်ရောက်စေခဲ့သည်။ ပြဿနာများ ပေါ်လာချိန်တွင်၊ သူတို့သည် ကျွန်မအပေါ် အမှီပြုခဲ့ကြပြီး၊ အလုပ်ဆုံးဖြတ်ချက်များအားလုံးကို ချစေခဲ့သည်။ လူများကို ကျွန်မ၏ ရှေ့သို့ ကျွန်မ ခေါ်ဆောင်ခဲ့ပြီး ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ ထိုသို့သော အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဆွကာ ကျွန်မကို မမုန်းတီးစေဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ကျွန်မရဲ့ နာမကျန်းဖြစ်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ မကောင်းမှု ပြုခြင်းနှင့် ဘုရားသခင်ကို အာခံခြင်းအတွက် ထိုအရာနှင့် ကျွန်မ ထိုက်တန်ပါသည်။ ကျွန်မကို ဆုံးမပဲ့ပြင်ခြင်းအတွက်၊ ကျွန်မ၏ မကောင်းမှုလုပ်ခြင်း လမ်းကြောင်းများကို ရပ်တန့်စေခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။
ဤအရာကို နားလည်သဘောပေါက်လျက်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်- “မနက်ဖြန်ကစပြီး ကျွန်မ ရည်ရွယ်ချက်ရှိရှိနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိကပတိကို စွန့်လွှတ်ပါမယ်။ ကျွန်မရဲ့ အကျည်းတန်မှုကို သူများတွေ မြင်ဖို့အတွက်၊ ကျွန်မရဲ့ အရှိအတိုင်းကို မြင်ဖို့၊ ကျွန်မကို မြတ်နိုးကိုးကွယ်တာ မလုပ်တော့ဖို့အတွက် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပါမယ်။” နောက်နေ့မနက် ကိုးကွယ်ဝတ်ပြုချိန်တွင် ရိုးသားကာ ပွင့်လင်းခြင်းအကြောင်းနှင့် ဘုရားသခင်ကို မည်သို့ ချီးမြှောက်ကာ သက်သေခံရမည့်အကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ကျွန်မ ဖတ်ခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်- “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူများနှင့် သူ့ကို နာခံရန် အနည်းဆုံးလိုလားသူများ ဖြစ်နေကျဖြစ်သော်လည်း ယခုတွင် သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်- ဤသည်ကို မည်သည့်အခါမျှ မမေ့လေနှင့်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ သင် သာ၍ တွေးဆပြီး စဉ်းစားသင့်သည်။ ၎င်းတို့ကို လူတို့ ရှင်းလင်းစွာ နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သို့ သက်သေခံရမည်ကို ၎င်းတို့ သိကြလိမ့်မည်၊ သို့မဟုတ်ပါက၊ ၎င်းတို့သည် ရှက်ဖွယ်ဖြစ်ပြီး အသိတရားမရှိသော လုပ်ဆောင်ချက်များကို ကျူးလွန်ဖွယ်ရှိလိမ့်မည် ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) “‘အတွေ့အကြုံများ မျှဝေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း’ ဆိုသည်မှာ သင်၏ စိတ်နှလုံးထဲမှ အတွေးအားလုံး၊ သင်၏အခြေအနေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏အတွေ့အကြုံများနှင့် သိခြင်းသာမက သင်၏ အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အကြောင်းကို ပြောဆိုခြင်း ဖြစ်သည်။ ထို့နောက်တွင် အခြားသူများက ဤအရာများကို ဝေဖန်ပိုင်းခြားပြီး အပြုသဘောဆောင်သော အရာများကို လက်ခံပြီး မည်သည့်အရာသည် အပျက်သဘောဆောင်ကြောင်းကို အသိအမှတ်ပြုကြသည်။ ဤအရာသည်သာလျှင် မျှဝေခြင်းဖြစ်ပြီး ဤအရာသည်သာလျှင် စစ်မှန်စွာ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားသခင်ကို အမှန်တကယ် ချီးမြှောက်ပြီး သက်သေခံဖို့၊ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုအကြောင်းကို ကျွန်မတို့ ပိုပြောရမည်၊ ကျွန်မတို့၏ စစ်မှန်သော အခြေအနေနှင့် အတွေးများကို ဖွင့်ချပြရမည်၊ ကျွန်မတို့၏ အရင်းခံ ရည်ရွယ်ချက်များ၊ ကျွန်မတို့ လုပ်ဆောင်ပြီးသည့်အရာနှင့် ရလဒ်ဖြစ်ခဲ့သည့်အရာတို့အကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကျွန်မတို့ တွေ့ကြုံကာ မိမိတို့ကိုယ်ကိုယ် သိရှိလာပုံအကြောင်းတို့ကို ပြောပြရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည်ခဲ့ပါသည်။ အယောက်တိုင်းက ကျွန်မတို့ကို အရှိအတိုင်း မြင်နိုင်ဖို့အလို့ငှာ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးမှုကိုလည်း ဖော်ထုတ်ကာ ခွဲခြမ်းစိစစ်သင့်ပြီး၊ အယောက်တိုင်းက လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းကို သိမြင်နိုင်ဖို့အလို့ငှာ ဘုရားသခင်က ကျွန်မတို့ကို မည်သို့ ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်ပြီးဖြစ်ကာ ကျွန်မတို့ကို လမ်းပြဖို့ အခြေအနေများ မည်သို့ စီစဉ်ခဲ့သည်ဆိုသည့်အကြောင်းကို ပြောပြသင့်သည်။ ကျွန်မတို့၏ စိတ်နှလုံးမှ စစ်မှန်စွာ ကျွန်မတို့ ပြောဆိုသင့်ပြီး ဝင့်ကြွား သို့မဟုတ် ကြွားဝါရမည်မဟုတ်ပါ။ ယခု လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကျွန်မ ရှိသည့်အတွက်၊ ခုတစ်လေ အန္တိခရစ်လမ်းကြောင်းကို ကျွန်မ လျှောက်နေပြီးဖြစ်သည့် နည်းလမ်းအားလုံးအကြောင်းကို မိတ်သဟာယတွင် အခြားသူများထံ ကျွန်မ ဖွင့်ပြောခဲ့ပါသည်။ ဤလမ်းကြောင်းကို ကျွန်မ လျှောက်ပြီး လူတို့ကို လှည့်စားခဲ့ပုံ၏ ကြောက်စရာ အကျိုးဆက်များကို ကျွန်မ ခွဲခြမ်းစိတ်ဖြာခဲ့ပြီး၊ ဤအရာနှင့်ပတ်သက်၍ ကျွန်မ မိတ်သဟာယပြုလေလေ၊ မိမိကိုယ်ကိုယ် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လေလေ ဖြစ်သည်။ နောက်ပိုင်းတွင်၊ အခြားသူတို့က ဤအရာတစ်ခုတစ်လေကိုမျှ သူတို့ နားလည်ခဲ့သေးသကဲ့သို့၊ ကျွန်မ၏ ပါးနပ်သည့် အပြောအဆိုနှင့် ကောင်းမွန်သော လုပ်ရပ်များအားဖြင့် လှည့်စားခံခဲ့ရပြီးဖြစ်သည်ကို ပြောခဲ့ကြသည်။ အစ်မတစ်ယောက်က၊ “နင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာမှာ တော်တယ်လို့ ငါ ထင်ခဲ့ဖူးတယ်။ နင်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး အမြဲတမ်း အပြုသဘောဆောင်ပြီး နေနိုင်နေသလိုမျိုးပေါ့။ အခုတော့ နင်ကလည်း တော်တော် ဖောက်ပြန်ပျက်စီးနေတယ်ဆိုတာ၊ အပျက်သဘောဆောင်ပြီး အားနည်းတယ်ဆိုတာ၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အားလုံးက အတူတူပဲဆိုတာကို ငါ သိရတယ်။ ဘယ်သူ့ကိုမှ ငါတို့ မြတ်နိုးကိုးကွယ်မနေသင့်ဘူး၊ ဘယ်သူကိုမှ ဖျာလိုလိပ် ထိပ်ပေါ်တင်လို့ မဖြစ်ဘူး”ဟု ပြောခဲ့သည်။ နောက်ထပ် အစ်မတစ်ယောက်က၊ “နင်က တကယ်ကို ထက်မြက်တယ်လို့ ထင်ခဲ့ဖူးပြီးတော့ နင့်အနားမှာဆိုရင် ငါ ဘယ်တော့မှ မပွင့်လင်းချင်ခဲ့ဘူး။ နင်နဲ့ ယှဉ်လိုက်ရင် ငါက အရမ်းကို ဖောက်ပြန်ပျက်စီးနေတယ်လို့ ထင်လေ့ရှိဖူးတယ်။ အခု နင်က ငါတို့ကို ဒီနေ့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့တော့ ငါတို့အားလုံးက အတူတူပဲဆိုတာကို သိရတယ်”ဟု ပြောခဲ့သည်။ အစ်မတွေက ဤသို့ပြောသည်ကို ကြားရခြင်းက၊ ကျွန်မကို အလွန် အရှက်ရစေကာ နောင်တရစေခဲ့သည်။ ကျွန်မက သူတို့ကို “ငါ့ကို နောက်ထပ် အထင်မကြီးပါနဲ့တော့။ ငါက အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ်ကို လျှောက်နေပြီး နင်တို့အားလုံးကို လှည့်စားခဲ့တာပါ” ဟု ပြောလိုက်သည်။ ထို့နောက်တွင် ကျွန်မအနေဖြင့် မိမိကိုယ်ကိုယ် သိရှိစေဖို့ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွဲဖက်အမှုဆောင်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ကြပြီး၊ ကျွန်မ ရုတ်တရက် သူတို့အားလုံးနှင့် များစွာ ပိုနီးကပ်လာသကဲ့သို့ ခံစားခဲ့ရသည်။ ထို့နေ့ အိမ်ရောက်သည့်အခါ ကျွန်မ များစွာပို၍ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။ ထိုညနေတွင် ကျွန်မ၏ ရောဂါကို မေ့လုနီးပါးဖြစ်သွားခဲ့ပြီး၊ ကလေးတစ်ဦးကဲ့သို့ အိပ်ပျော်သွားခဲ့သည်။ နောက်နေ့ ကျွန်မ နိုးလာချိန်တွင် ကျွန်မ မျက်နှာက ပုံမှန်ပြန်ဖြစ်နေသည်ကို တွေ့ရတော့ ကျွန်မ ပျော်သွားခဲ့သည်။ တစ်ညထဲတွင်ပင် သက်သာသွားခဲ့သည်။
ထို့နောက် စုဝေးပွဲတစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်- “သာမန်အားဖြင့်၊ မိမိတို့၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ မှန်ကန်မှုမရှိသည့် သူများအပြင်၊ အခြားသူများ မြင်သည်ကို နှစ်သက်သောသူများ အမှုအရာများကို လုပ်ဆောင်ရန် စိတ်အားထက်သန်သော သူများ၊ အနှောင့်အယှက်များကို ဖြစ်စေတတ်သူများ၊ ဘာသာရေး အယူဝါဒကို လေကြောရှည်ရာတွင် တော်သောသူများ၊ စာတန်၏ လက်ပါးစေများ စသည်တို့ကဲ့သို့သောသူများနှင့် ပတ်သက်လာသည့်အခါတွင်- ဤလူများ ထရပ်သည့်အခါ၊ ထိုသူတို့သည် အသင်းတော်အတွက် အခက်အခဲများ ဖြစ်လာကြပြီး၊ ဤအရာက ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကို အချည်းနှီး ဖြစ်သွားစေသည်။ ထိုသို့သော လူများ ဟန်ဆောင်ခြင်းကို သင် ကြုံရချိန်တွင် ချက်ချင်း တားမြစ်လော့။ အဖန်ဖန် သတိပေးခံရသော်လည်း၊ ၎င်းတို့ မပြောင်းလဲပါက၊ ၎င်းတို့ ဆုံးရှုံးခြင်း ခံစားရလိမ့်မည်။ အကယ်၍ မိမိတို့၏ နည်းလမ်းများ အတိုင်း ခေါင်းမာမာနှင့် မရမကလုပ်ဆောင်သူများသည် မိမိတို့ကိုယ်ကိုယ် ကာကွယ်ဖို့ကြိုးပမ်းပြီး မိမိတို့၏အပြစ်များကို ဖုံးကွယ်ရန် ကြိုးစားပါက၊ အသင်းတော်က ၎င်းတို့ကို ချက်ချင်း ဖြတ်တောက်ပစ်သင့်ပြီး၊ ၎င်းတို့ လှုပ်ရှားဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိစေသင့်ပေ။ အနည်းငယ်ကို ကယ်တင်ရန် ကြိုးစားခြင်းဖြင့် များစွာ မဆုံးရှုံးစေနှင့်။ အခြေအနေတစ်ရပ်လုံးကို ကြည့်နေလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇)) လွန်ခဲ့သည့် နှစ်တစ်လျှောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ အသိသာဆုံး အကျင့်စရိုက်ကို ထုတ်ဖော်ပြခဲ့သည်။ ကျွန်မ ခေါင်းဆောင်တစ်ဦးဖြစ်လာကတည်းက ကျွန်မလုပ်ခဲ့သည့် အရာရာတိုင်းတွင် ဦးဆောင်ရသည်ကို အမြဲပျော်မွေ့ခဲ့သည်။ အယောက်တိုင်းထက် တော်နေသကဲ့သို့ ကျွန်မ ကြွားဝါခဲ့သည်။ ကျွန်မ၏ အလုပ်ဖော်များနှင့် အလုပ်ကိစ္စ ဆွေးနွေးနေချိန်တွင်၊ သူတို့တွင် ကိုယ်ပိုင်စိတ်ကူးများ ရှိသော်လည်း၊ ကျွန်မက အမြဲ ဦးဆောင်ကာ ကျွန်မ၏ “ပိုသာသည့်” ထင်မြင်ချက်များကို စကားကြောရှည်ခဲ့သည်။ ကျွန်မသည် အခြေအနေဖန်တီးလုပ်ယူကာ အပြုသဘောဆောင်သည့်ပုံ ရခဲ့သော်လည်း၊ လက်တွေ့အရှိတရားတွင် ကျွန်မ လုပ်ဆောင်သည့် အရာတိုင်း၌ ကြွားဝါချင်ခဲ့ပြီး လူတို့အား ကျွန်မကို လေးစားစေချင်ခဲ့သည်။ ဤအရာကို စဉ်းစားရင်းဖြင့်၊ ကျွန်မ၏ မာနထောင်လွှားသော သဘာဝက ကျွန်မကို အရှက်မဲ့စွာ ပြုမူစေခဲ့ပြီးဖြစ်သည်ကို ကျွန်မ သဘောပေါက်ခဲ့ပါသည်။ အခြားသူများက ကျွန်မ၏ ထင်မြင်ချက်များကို လေးစားပြီး အကြောင်းကိစ္စများကို ကျွန်မနှင့်အတူ ဆွေးနွေးခဲ့ကြသည်။ သူတို့သည် သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နေခဲ့ကြသည်- အာဏာရှင်မဆန်ခဲ့ကြ သို့မဟုတ် မာနမထောင်လွှားခဲ့ကြပါ။ သို့သော် ကျွန်မက သူတို့ထက်တော်သည်ဟု ဤအရာကို အဓိပ္ပာယ်ကောက်ခဲ့ပြီး၊ အမြဲတမ်း အထက်စီးဆန်ချင်ခဲ့ကာ ကျွန်မ မည်မျှပိုတော်သည်ကို ပြချင်ခဲ့သည်။ အားလုံးက အလွန် ရီချင်စရာ ကောင်းခဲ့သည်။ ကျွန်မသည် မိမိကိုယ်ကိုယ် သတိပြုမိခြင်း လုံးဝ မရှိဘဲ ဘုရင် ဧကရာဇ်တစ်ဦး၏ အဝတ်အစားအသစ်များကို ဝတ်ထားသည့် ဘုရင် ဧကရာဇ်တစ်ဦးကဲ့သို့ ခံစားခဲ့မိသည်။ ကျွန်မ မည်မျှ ရှက်ဖွယ်ကောင်းစွာ ပြုမူနေခဲ့သည်ကို မသိခဲ့ဘဲ ရသည့် အခွင့်အရေးတိုင်းတွင် ကြွားသာကြွားဝါနေခဲ့သည်။ ကျွန်မ၏ အပြုအမူအကြောင်းကို စဉ်းစားရင်း၊ ကျွန်မ အရှက်ရမိပြီး ကသိကအောက် ဖြစ်ခဲ့ရသည်။ ကျွန်မသည် မိမိကိုယ်ကိုယ် အမှန်တကယ် မသိခဲ့တာကြောင့် အရမ်းတော်သည်ဟု ထင်ခဲ့မိပေသည်။ ကျွန်မ ရောက်နေခဲ့သည့် လမ်းကြောင်းကို စဉ်းစားမိရင်း ကြောက်လာခဲ့သည်၊ အထူးသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကြွားဝါခြင်းကို ကြိုက်နှစ်သက်သည့် မှားယွင်းသော ရည်ရွယ်ချက်ရှိသည့် လူများကို ကျွန်မတို့ တွေ့သည့်အခါ သူတို့ကို “ချက်ချင်း တားမြစ်သင့်သည်”၊ ပြီးလျှင် သူတို့ မိမိတို့ကိုယ်ကိုယ် မဆင်ခြင်ဘဲ ဆင်ခြေများပေးနေပါက၊ “အသင်းတော်က ၎င်းတို့ကို ချက်ချင်း ဖြတ်တောက်ပစ်သင့်ပြီး၊” ဆိုသည့်အရာကို ဖတ်မိတဲ့အခါတွင် ဖြစ်သည်။ ဤအရာက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တို့ကို ပြသခဲ့ပါသည်။ ကျွန်မသည် ရသမျှ အခွင့်အရေးတိုင်း၌ ကြွားဝါနေခဲ့ပြီး ညီအစ်ကို မောင်နှမများကို လှည့်စားမိခြင်းနှင့် ကျွန်မကို ပို၍ပင် မြတ်နိုးကိုးကွယ်လာစေခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဤအရာက သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာမရှိစေဖို့ ဖြစ်ခဲ့သည်။ ကျွန်မနှင့် အတူ အလုပ်လုပ်သည့်သူများကို အမည်ခံ ပြယုဂ်များအဖြစ်သို့ ကျွန်မ တိတ်တဆိတ်ပြောင်းခဲ့ပြီး သူတို့သည် တာဝန်သိတတ်စွာ မပြုမူကြတော့ပါ။ အသင်းတော်ထဲတွင် အထိန်းအကွပ်မရှိ ပြေးလွှားလှုပ်ရှားလျက်၊ မိမိကိုယ်ကိုယ် ထွက်ပေါ်လာနေသည့် ကြယ်အဖြစ် ထင်မြင်သည့်တစ်ချိန်လုံးတွင်၊ လုံးဝ သတိမပြုမိဘဲ ထိခိုက်နစ်နာမှုကိုသာ ကျွန်မ ဖြစ်စေမိခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က ကျွန်မကို ပြင်းထန်စွာ တရားမစီရင်ခဲ့ပါက၊ မိမိကိုယ်ကိုယ်နှင့်ပတ်သက်၍ သို့မဟုတ် ကျွန်မ ရှိနေခဲ့သည့် မှားယွင်းသော လမ်းကြောင်းနှင့်ပတ်သက်၍ သို့မဟုတ် ပြန်လမ်းမရှိသည့် လမ်းကြောင်းပေါ် ကျွန်မ ရောက်နေခဲ့သည်ကို လုံးဝ သိရှိပြီးဖြစ်မည်မဟုတ်ပါ။ ဒါကို နားလည်လာရင်း၊ အမှုအရာများအပေါ် ကျွန်မ၏ အမြင် စပြီး ပြောင်းလဲလာခဲ့သည်။ ကျွန်မအနေဖြင့် အခြားသူများ၏ အထင်ကြီးလေးစားမှုကို ခံရသည့် တတ်စွမ်းသော လူတစ်ဦး ဖြစ်ခဲ့ပါက၊ အနည်းငယ်မျှ ကြွားဝါခြင်းသည် ကြီးမားသည့် ပြဿနာမဟုတ်ပါ၊ မွန်မြတ်ပင် မွန်မြတ်သည်ဟု ထင်လေ့ရှိခဲ့သည်။ ယခုတွင် လူများအား ကျွန်မကို အထင်ကြီးလေးစားစေဖို့ ထိုသို့သော စက်ဆုပ်ဖွယ်နည်လမ်းဖြင့် ကြွားဝါခြင်းသည် ရှက်ဖွယ်ဖြစ်ခဲ့သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ မိမိကိုယ်ကိုယ် နားမလည်ရန်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို မရှာဖွေရန်နှင့် ကျွန်မ၏ မာနထောင်လွှားသော စိတ်သဘောထားနောက်ကိုလိုက်ကာ ရသမျှ အခွင့်အရေးတိုင်းတွင် ကြွားဝါရန်မှာ မည်မျှ ဂုဏ်သိက္ခာမဲ့ခဲ့သည်ကို ကျွန်မ ခံစားခဲ့ရသည်။ လူသားသဘာဝရှိသော သူများသည် မိမိတို့၏ မာနထောင်လွှားမှုကို စွန့်ပစ်နိုင်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့နိုင်သည်၊ မိမိတို့ကိုယ်ကိုယ် ကောင်းမွန်စွာ ပြုမူနေထိုင်နိုင်သည်၊ မိမိတို့၏ တာဝန်ကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပြီး စကားနှင့် လုပ်ရပ်ဖြင့်ပါ ဘုရားသခင်ကို သက်သေခံနိုင်ပါကြသည်။ ဤကဲ့သို့သော လူများသည် စဉ်းစားတတ်ပြီး ဂုဏ်သိက္ခာရှိသည့် ဘဝများကို အသက်ရှင်နေထိုင်ကြပေသည်။
ထို့နောက်တွင်၊ ကျွန်မ သတိမထားမိဘဲ ကြွားဝါမိသည့်အခါတိုင်းတွင် ရွံရှာမိပြီး တွန်းလှန်ချင်သလို ခံစားခဲ့ရသည်။ ထိုအခါ ကျွန်မ မည်သူနှင့် နေပါစေ စစ်မှန်ရမည်ဖြစ်ပြီး မကြွားဝါရဟု သတိရှိရှိ မိမိကိုယ်ကိုယ် သတိပေးခဲ့ပါသည်။ အထူးသဖြင့် ကျွန်မ၏ မိတ်သဟာယများတွင် ပိုလက်တွေ့ကျပြီး မကြွားဝါမိဖို့ နေရမည်ဖြစ်သည်။ ကျွန်မ၏ အတွေ့အကြုံများကို မိတ်သဟာယမပြုမီတွင်၊ သူ့ကို ပို၍ သက်သေခံဖို့အလို့ငှာ ကျွန်မ၏ စိတ်နှလုံးကို စောင့်ကြည့်ဖို့နှင့် ကျွန်မ၏ ရည်ရွယ်ချက်များကို မှန်ကန်စေဖို့ တောင်းလျှောက်ရင်း၊ ဘုရားသခင်ထံ သတိရှိရှိ ကျွန်မ ဆုတောင်းခဲ့သည်။ မိတ်သဟာယပြုပြီးနောက်တွင်၊ ကျွန်မ ပြောခဲ့ပြီးသည့် အရာများတွင် နည်းလမ်းတစ်ခုခုဖြင့် ကျွန်မ ကြွားဝါခဲ့ခြင်း ရှိမရှိ မိမိကိုယ်ကိုယ် မေးခဲ့သည်။ တစ်ခါတစ်ရံတွင် ကျွန်မ ပြောခဲ့ပြီးသည့်အရာတွင် အနည်းငယ် ကြွားဝါခဲ့မိသည်ကို ကျွန်မ တွေ့ရသည်။ ထို့ကြောင့် ထိုအဖွဲ့နှင့်ပင် ကျွန်မ တွေ့ဆုံသည့် နောက်တစ်ချိန်တွင်၊ သူတို့အားလုံးက ကျွန်မ၏ စကားများကို ပိုင်းခြားသိမြင်ပြီး ကျိုးကြောင်းမမြင်ဘဲ ကျွန်မကို မကိုးကွယ်ကြဖို့ရန် မိမိကိုယ်ကိုယ် ဖွင့်ချကာ ကျွန်မ၏ ယခင် အပြုအမူများကို စိစစ်သုံးသပ်ခဲ့သည်။ ဤကဲ့သို့ မိတ်သဟာယပြုပြီးနောက်တွင်၊ ညီအစ်ကို မောင်နှမများက ကျွန်မ၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို မြင်နိုင်ခဲ့ကြကာ ကျွန်မကို နောက်ထပ် အထင်ကြီးလေးစားခြင်း မရှိကြတော့ပါ။
ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်စဉ်းစားကြည့်သည့်အခါ၊ ဘုရားသခင်သည် ကျွန်မ၏ တာဝန်ကို လုပ်ဆောင်ဖို့ အခွင့်အရေးပေးခဲ့သော်လည်း၊ ကျွန်မ၏ ကိုယ်ပိုင် ကိစ္စကို လုပ်ဆောင်ဖို့ အန္တိခရစ်၏ လမ်းကြောင်းကို ကျွန်မ လျှောက်ခဲ့ကာ ဘုရားသခင်၏ ရန်သူဖြစ်လာခဲ့သည်။ ဘုရားသခင်ကို ကျွန်မ များစွာ ကျေးဇူးကြွေး တင်မိပါသည်။ ဘုရားသခင်က ထိုနာမကျန်းဖြစ်ခြင်းဖြင့် ကျွန်မကို ဆုံးမပဲ့ပြင်ခြင်း မရှိခဲ့ပါက၊ သူ၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းမရှိဘဲနှင့်၊ ကျွန်မ မိမိကိုယ်ကိုယ် လုံးဝ သိရှိဦးမည်မဟုတ်ပါ။ “ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ” ဟူသည့် ဓမ္မတေးသီချင်းကို ကျွန်မ အမြဲဆိုလေ့ရှိသော်လည်း၊ ထိုသီချင်းနှင့်ပတ်သက်၍ တကယ့်အတွေ့အကြုံ သို့မဟုတ် သိနားလည်မှု လုံးဝ မရှိခဲ့ဖူးပါ။ ယခုတွင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းတို့သည် သူ့၏ အကြီးမြတ်ဆုံး ချစ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်သည်ကို ကျွန်မ အမှန်တကယ် ခံစားလာခဲ့ရသည်။ ဘုရားသခင်၏ ချစ်ခြင်းကို ကျွန်မ တွေးဆခဲ့သည်နှင့်အမျှ အလွန် တို့ထိခံခဲ့ရပြီး၊ သမ္မာတရားကို မလိုက်စားမိခဲ့သည်ကို နောင်တရမိခဲ့သည်။ ရိုးသားတဲ့သူတစ်ဦးဖြစ်ဖို့ ကြိုးစားရမည်ဟု မိမိကိုယ်ကိုယ် ကျွန်မ ပြောခဲ့ပါသည်။ စုဝေးပွဲများတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေမည့် နည်းလမ်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မည်သို့ သက်သေခံရမည်ဆိုသည့်အပေါ် ကျွန်မ အာရုံစိုက်ခဲ့သည်။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရှိချိန်တွင်၊ သမ္မာတရားနှင့် ကိုက်ညီသည့် သူတို့၏ ထင်မြင်ချက်များကို လေးစားပြီး အတည်ပြုဖို့ရန် ကျွန်မ ပိုအားထုတ်မှုပြုလုပ်ခဲ့ပြီး၊ ယခင်က ကျွန်မ လုပ်ခဲ့သကဲ့သို့ သူတို့ကို ပိတ်ဆို့ခြင်းနှင့် ကြွားဝါခြင်းတို့ကို ရပ်တန့်ခဲ့သည်။ ကျွန်မ၏ အလုပ်ဖော်များနှင့် ကျွန်မသည် မည်သူမျှ နောက်ထပ် ဦးဆောင်နေခြင်း မရှိတော့ဘဲ၊ တန်းတူညီမျှမှုရှိခဲ့သည်။ ပြဿနာများ ပေါ်လာသည့်အခါ၊ အယောက်တိုင်းက အခြေခံသဘောတရားများကို ရှာဖွေခဲ့ကြပြီး၊ လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်စေပြီး သူ့ကို စတင်ကြောက်ရွံလာစေသည့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်မ အလွန်ကျေးဇူးတင်မိခဲ့ပါသည်။ ဘုရားသခင်ကို အစေခံနေစဉ်တွင် ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်မ၏ နေရာကို ယူဖို့နှင့် ကျွန်မ၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ဖို့ ကျွန်မ ကြိုးစားခဲ့ပါသည်။ ကျွန်မကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။