နောက်ထပ် မကြွားဝါတော့ပါ

28.02.2021

မော့ဝင် စပိန်နိုင်ငံ

၂၀၁၈ခုနှစ်တွင် ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိတရား ဟောဖို့ တာဝန်ယူထားရသည့်အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ထိုတာဝန်အတွက် တာဝန်ခံဖြစ်လာခဲ့သည်ကို ကျွန်တော် မှတ်မိပါသေးသည်။ ကျွန်တော်က ညီအစ်ကိုမောင်နှမများ၏ တာဝန်မှာ ပြဿနာများနှင့် အမှားများကို မြင်နိုင်ခဲ့ပြီး၊ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးနိုင်ခဲ့သည့်အတွက် လူတိုင်းက ကျွန်တော်နှင့်ဆိုပါက ပျော်ကြသည်၊ ပြီးလျှင် ကျွန်တော့်မှာလည်း အောင်မြင်ပြီးမြောက်နိုင်သည်ဆိုသည့် စိတ်ရှိခဲ့သည့်။ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်း စတင် ကျေနပ်လာပြီး၊ ကျွန်တော်က အခြားလူများထက် တော်သည်ဟု ခံစားလာရပါသည်။ ကျွန်တော် မကြွားဝါဘဲ မနေနိုင်ခဲ့ပါ။ ကျွန်တော်က “ငါက အကြံပေးနိုင်ပြီးတော့ လူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တော့၊ လူတိုင်းက ငါ့ကို အထင်ကြီးကြတာပဲ။ ငါသာ သူတို့ကို ပိုပြီးကူညီနိုင်မယ်ဆိုရင် ငါ့ကိုယ်ငါ သူတို့ထက် ပိုလုပ်နိုင်တဲ့ပုံဖြစ်အောင် လုပ်လို့ရတာပဲ။ ဒါမှ သူတို့ငါ့ကို ပိုပြီးအထင်ကြီးလာကြမှာ။” ဟု ထင်ခဲ့သည်။ စုဝေးပွဲလုပ်သည့် တစ်ရက်မှာတော့ အစ်ကိုလူက သူဧဝံဂေလိတရား ဟောနေစဉ်တွင် ဘာသာရေး လုပ်ဖော်ကိုင်ဖက် တစ်ယောက်နှင့် ဆုံခဲ့သည်ဟု ပြောလာပါသည်။ ထိုလူက တရားဟောဆရာလုပ်လာသည်မှာ နှစ် ၂၀ ကျော်ကြာခဲ့ပြီး၊ စစ်မှန်သည့် ယုံကြည်သူတစ်ယောက်ဖြစ်သော်လည်း၊ သူ့မှာ ခိုင်မာသည့် ဘာသာရေးဆိုင်ရာ အယူအဆများ ရှိနေသည်။ အစ်ကိုလူက သူ့ကို မိတ်သဟာယဖွဲ့ပေးခဲ့သော်လည်း၊ သူက ဧဝံဂေလိတရားကို လက်မခံခဲ့သည့်အတွက် အစ်ကိုလူလည်း ယခု မည်သည့်အရာကို လုပ်ရမှန်းမသိပါ။ ကျွန်တော်က “ဒီလူက စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ဖြစ်ပြီးတော့ မိတ်သဟာယဖွဲ့တာကို နားထောင်ချင်နေတာ။ ခင်ဗျားက သမ္မာတရားအပေါ် လုံလောက် ရှင်းလင်းအောင် မိတ်သဟာယမဖွဲ့နိုင်ခဲ့တော့ သူ့ကို မပြောင်းလဲနိုင်ခဲ့တာပဲ။ ငါလည်း အရင်က ဒါမျိုးကြုံခဲ့ဖူးတော့ ဒီတစ်ခုက ခင်ဗျားကို အဲဒီအကြောင်းအားလုံးပြောပြဖို့အတွက် ငါ့ရဲ့အခွင့်အရေးပဲ။” ဟု မိမိဘာသာ တွေးမိသည်။ ကျွန်တော်က “ကျွန်တော်ကတော့ ဒီကိစ္စမှာ အခက်အခဲ ရှိတယ်လို့ မမြင်ပါဘူး။ အစ်ကိုက အရေးကြီးတဲ့အချက်ကို အဓိကထားပြီး ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ရမှာ။ သူသာ နားထောင်လိုစိတ် ရှိပြီးတော့ သူ့ပြဿနာတွေကို အစ်ကိုက ဖြေရှင်း ပေးနိုင်မယ်ဆိုရင် သူလက်မခံဘဲ ဘယ်နေပါ့မလဲ။ လုပ်ဖော်ကိုင်ဖက် အစ်ကိုကျန်းမှာလည်း အရင်က အယူအဆတွေ အများကြီးရှိခဲ့တော့၊ ကျွန်တော်က သူ့ရဲ့အခိုင်မာဆုံး အယူအဆကို မိတ်သဟာယနဲ့ သက်သေပြခဲ့ပြီးတော့၊ နောက်တစ်ခုကို ဖြေရှင်းပေးခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူက ဧဝံဂေလိတရားကို လက်ခံခဲ့တာပါပဲလေ။ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတဲ့အခါ၊ မိတ်သဟာယကို ရှင်းရှင်းလင်းလင်း ဖွဲ့ပေးရမှာပါ။” ဟု သူတို့ကို ပြောခဲ့ပါသည်။ ထို့နောက် ကျွန်တော် ယခင်က တရားဟောခဲ့ဖူးသည့်လူများ၏ ပြဿနာများ အကြောင်းနှင့် ထိုအရာများကို ဖြေရှင်းဖို့ မိတ်သဟာယဖွဲ့ခဲ့သည့်ပုံ၊ သူတို့ ဧဝံဂေလိတရားကို လက်ခံခဲ့ပုံများကို အကုန်ပြောပြခဲ့ပါသည်။ သူတို့အားလုံး ကျွန်တော် မည်မျှ လုပ်နိုင်စွမ်းရှိသည်ကို မြင်ဖို့အလို့ငှာ၊ ကျွန်တော် ထိုအတွေ့အကြုံများကို အားလုံးပါအောင် သေချာပြောလျက်၊ အသေးစိတ် ပြန်ပြောပြခဲ့သည်။ နောက်တော့ လူတိုင်းက ကျွန်တော့်ကို ချီးမွမ်းကြပါသည်၊ ပြီးလျှင် အစ်မတစ်ယောက်က “ရှင်က တကယ်ကို ချက်ကောင်းကို ပြောခဲ့တာပဲ၊ ကျွန်မဘာလို့ မမြင်နိုင်ခဲ့ရတာလဲ။” ဟု ပြောလာပါသည်။ ကျွန်တော်က အားလုံးက ဘုရား၏ လမ်းညွှန်မှုများကြောင့်ပါဟု ပြောခဲ့သော်လည်း၊ စိတ်ထဲမှာတော့ ပီတိ ဖြစ်နေခဲ့ပါသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့ အလုပ်ကိစ္စ ဆွေးနွေးနေစဉ်၊ လူတိုင်းက ကျွန်တော့်ကို အသေးစိတ်တိုင်းကို ဆင်ခြင်တတ်ပြီး သုံးသပ်နိုင်သည်ဟုလည်းကောင်း၊ ပညာတတ်၍ ဉာဏ်ကြီးပြီး သူများထက် တော်ဟုလည်းကောင်း ထင်စေရန် မည်သည့်အရာကို ပြောရမည်ကို စဉ်းစားနေခဲ့မိသည်။ ကျွန်တော် ပြောရမည့် အလှည့်ရောက်ပါက၊ “ငါဒီလိုတွေးတာ၊” “ငါဒီလိုဖြေရှင်းခဲ့တာ” “ငါ၊ ငါ၊ ငါ၊” ဟု ထပ်ခါတလဲလဲ နှုတ်မှ ပြောလျက်၊ “ငါ” ဆိုသည့်စကားက အမြဲ ကျွန်တော်၏နှုတ်ဖျားတွင် ရှိနေခဲ့သည်။ ကျွန်တော့်၏ သီအိုရီ၊ စိတ်ကူးများနှင့် အားလုံးကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အားလုံးက ကျွန်တော့်အပေါ် မှီခို လာကြသောကြောင့်၊ သူတို့လည်း ပြဿနာများပေါ်လာပါက၊ အခြေခံသဘောတရားများရှာဖို့ မသိကြတော့ပါ။ အလုပ်အကြောင်း ဆွေးနွေးသည့်အခါ တစ်ခါတလေဆို သူတို့ဘာသာသူတို့ အချက်အလက်များ ထည့်မပြောမီ ကျွန်တော့်ကို အရင်ဆုံးပြောပေးဖို့ တောင်းဆိုခဲ့ကြသည်။ တစ်ခါတစ်ရံတွင် စိတ်ထဲမှာ “ငါသာ ဒီလို ဆက်လုပ်နေမယ်ဆိုရင်၊ နောက်ဆုံးမှာ လူတွေငါ့ကို အထင်ကြီး လေးစားလာကြမှာလား။” ဟု အတွေးတစ်ခုပေါ်လာသည်။ သို့ရာတွင် နောက်တော့ “ငါက ငါပြောတာနားထောင်ဖို့ ဘယ်သူ့ကိုမှ အတင်း ဖိအားပေးနေတာမှမဟုတ်တာ။ ငါ့အမြင်အတိုင်း ငါပြောတာပဲလေ။ ဘာပဲဖြစ်ဖြစ်၊ ကြိုပြီးလုပ်ဆောင်တယ်ဆိုတာက အပြုသဘောဆောင်ပြီး တာဝန်သိတဲ့ ချဉ်းကပ်မှုပဲ” ဟု တွေးမိသည်။ ယင်းကို ကျွန်တော် သိပ်အများကြီး မတွေးတော့ဘဲ ထိုအတိုင်းဆက်လုပ်ခဲ့ပါသည်။

နောက်တော့ ဧဝံဂေလိတရားဟောသည့်အခါ အခက်အခဲများ အများကြီး ကြုံလာရပြီး‌၊ ညီအစ်ကိုမောင်နှမများကလည်း သိပ်ပြီး စိတ်ဝင်စားမှုမရှိတော့ပါ။ ကျွန်တော်လည်း ထိုကဲ့သို့ ခံစားခဲ့ရပါသည်။ ကျွန်တော့်ခံစားချက်ကို လူတိုင်းကို ရင်ဖွင့်ချင်သော်လည်း၊ ကျွန်တော်က တာဝန်ခံဖြစ်နေသောကြောင့်၊ ကျွန်တော်သာအလွယ်လေး အပျက်သဘောဆောင် သွားပါက၊ ကျွန်တော် ပျော့ညံ့သည့်ပုံ မပေါက်ပါလား။ ကျွန်တော့်၏ဝိညာဉ်ရင့်ကျက်မှုက အလွန် နုသေးသည်ကို သူတို့သိသွားပါက မည်သို့ ထင်ကြမည်နည်း။ သူတို့၏ ကျွန်တော့်အပေါ် အထင်ကြီးမှုများ ပျက်စီးသွားမည် မဟုတ်ပါလား။ ကျွန်တော်က “ငါသာ အပြုသဘောဆောင်သည့် ဝင်ရောက်မှု အကြောင်းပြောပြီး လူတိုင်းကို အပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ ဦးဆောင်ပြီဆိုရင်၊ အားလုံး စိတ်ဓာတ်တက်ကြွသွားမယ် မဟုတ်ဘူးလား။” ဟု တွေးမိခဲ့ပါသည်။ ထို့ကြောင့် မိတ်သဟာယတိုင်းမှာ၊ ကျွန်တော် ကြုံခဲ့ရသည့်ပြဿနာများကို မည်သို့များ အပြုသဘောနှင့် ရင်ဆိုင်ခဲ့ရသည်၊၊ အတိဒုက္ခများမှာ ဘုရားကို မည်သို့အားကိုးခဲ့သည်၊ ပြီးလျှင် စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ မည်သို့ရပ်တည်ခဲ့ရသည်ကိုသာ အာရုံစိုက်ခဲ့တော့သည်။ လူတိုင်းက ကျွန်တော့်မှာ ဝိညာဉ်ရင့်ကျက်မှုရှိပြီး ကိစ္စများကို ကိုင်တွယ်နိုင်သည်ဟု ထင်ခဲ့ကြသည်။ အားလုံးက အထင်ကြီး လေးစားခဲ့ကြသည်။ တစ်ခါတလေ အခြားသူများနှင့် အလုပ်အကြောင်း ဆွေးနွေးသည့်အခါ၊ ကျွန်တော် မည်မျှခံစားခဲ့ရသည်ကို သူတို့ သိစေဖို့အလို့ငှာ၊ ကျွန်တော် တာဝန်မှာ စားချိန်နားချိန်ပင် မလောက်အောင် အလုပ်အရမ်းရှုပ်ပြီး၊ ဖိအားများရနေသည်ကို ဖွင့်ပြောပြခဲ့သည်။ တွေ့ဆုံပွဲများတွင် ကျွန်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆင်ခြင်၊ မိမိကိုယ်ကိုယ် ပြန်လည်မဆန်းစစ်ခဲ့ဘဲ၊ လူတိုင်းက ကျွန်တော့်၏မိတ်သဟာယက လေးနက်ပြီး အနှစ်ပါသည်ဟု ထင်ရစေရန် မည်သို့လုပ်ရမည်ကိုသာ စဉ်းစားနေခဲ့မိသည်။ ကျွန်တော် မသိလိုက်ဘဲနှင့် ကျွန်တော်က မြင့်မြတ်သည့် ယုံကြည်မှုများကို ဟောပြောခဲ့ပြီး၊ အခြားသူများ လက်ခံလာသည်ကို မြင်ရကာ တကယ်ပျော်နေခဲ့သည်။ အချိန်ကြာ လာသည့်အခါ၊ လူအချို့က သူတို့တာဝန်မှာ ပြဿနာများ ပေါ်လာတိုင်း ကျွန်တော့်ကို စပြီးမေးလာခဲ့ကြသည်။ အနည်းငယ် တွေးပြီး သူတို့ဘာသာသူတို့ ဖြေရှင်း၍ရနိုင်သည့်အခါမျိုးတွင်ပင်၊ အရင်ဆုံး ကျွန်တော့်အမြင်ကို သိချင်ကြသေးသည်။ သူတို့စိတ်အခြေအနေနှင့် သူတို့၏အတွင်းစိတ်ထဲက အတွေးများကို ပြောပြခဲ့ပြီးတော့၊ ကျွန်တော်ကလည်း သူတို့ ကျွန်တော့်ကို ယုံကြည်သည်ကို သိလိုက်ရသည့်အခါ အရမ်း ကျေနပ်ခဲ့ပါသည်။ အချိန် ကြာလာသည်နှင့်အမျှ၊ ကျွန်တော်လည်း အရမ်း အလုပ်များ လာပုံပေါ်သော်လည်း၊ နှုတ်ကပတ်တော်များ ဖတ်သည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အလင်းကို မခံစားခဲ့ရတော့ပါ။ အခြားသူများနှင့် အလုပ်အကြောင်း ဆွေးနွေးသည့်အခါ၊ ကျွန်တော့် အကြံပြုချက်အားလုံးက တန်ဖိုးမရှိတော့ဘဲ၊ တာဝန်မှာ အသိသာဆုံး ပြဿနာကိုပင် မမြင်နိုင်ခဲ့တော့ပါ။ နောက်ဆုံးမှာတော့ ကျွန်တော်က ဆိုးဝါးသည့်အခြေအနေကို ရောက်နေသည်ကို သိလိုက်ရပါသည်။ ကျွန်တော့်မာနများလည်း အားလုံး ပျောက်သွားတော့သည်။ ကျွန်တော်ယခင်က လူအထင်ကြီးခံရသည်ဟု ထင်ခဲ့သော်လည်း၊ ကြွားဝါစရာမရှိတော့သည့်၊ ငတုံးတစ်ယောက်ကဲ့သို့ ရုတ်တရက်ကြီး ခံစားခဲ့ရပါသည်။ အမှောင်ထုများ အများကြီးနှင့် ဝိညာဉ်မှာလည်း နာကျင်မှုများခဲ့ပါသည်။

တစ်ရက် ကျွန်တော် အစ်ကိုနှစ်ယောက်နှင့် စကားပြောစဉ်၊ အစ်ကိုဆူးက၊ “အခုဆို ကျွန်တော် ခင်ဗျားကိုသိတာလည်း ကြာပြီ၊ ပြီးတော့ ခင်ဗျားကအမြဲတမ်း ကိုယ့်ဂုဏ်ကိုယ်မြှင့်ပြီး ကြွားဝါ တတ်တယ်နော်။ မိတ်သဟာယမှာ ခင်ဗျားရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အမှားတွေကို သိပ်မပြောပေမဲ့၊ များသောအားဖြင့် ကျွန်တော်က ခင်ဗျားကို တော်တယ်လို့ထင်ပြီး လေးစားလာအောင်လို့၊ ခင်ဗျားရဲ့ ကောင်းကြောင်းတွေပဲ ပြောခဲ့တယ်။ ကျွန်တော့်အလုပ်မှာ ပြဿနာ ရှိလာပြီဆိုရင်လည်း၊ သမ္မာတရားရဲ့အခြေခံသဘောတရားတွေအပေါ် မိတ်သဟာယမပြုဘဲ၊ ခင်ဗျားလုပ်ခဲ့တာတွေနဲ့ ခင်ဗျား ပြဿနာ ဖြေရှင်းခဲ့ပုံတွေပဲပြောတော့၊ ခင်ဗျားက အံ့ဩစရာကောင်းပြီး ကျွန်တော်တို့ အားလုံးထက် တော်တယ်လို့ ထင်ခဲ့တာ။” ဟု ပြောလာခဲ့သည်။ ကျွန်တော် အစ်ကိုဆူးပြောသည့် စကားကို လုံးဝ လက်မခံချင်ခဲ့ပါ၊ အထူးသဖြင့် ကျွန်တော်ကအမြဲ မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါသည်ဟု ပြောသည့်အခါတွင် ဖြစ်သည်။ ထိုစကားများက ကျွန်တော့်ခေါင်းထဲမှာ ပဲ့တင်ထပ်နေခဲ့ပါသည်။ ကျွန်တော် ပြန်မငြင်းခဲ့သော်လည်း၊ သူပြောခဲ့သည့်စကားကို အရမ်း လက်မခံချင်ခဲ့ပါ။ “ကျွန်တော့်ကို မြတ်နိုးကိုးကွယ်ဖို့ ကျွန်တော် မတောင်းဆိုခဲ့ဖူးပါဘူး၊ ကျွန်တော်က ခင်ဗျားပြောသလို တကယ်ဆိုးတာလား” ဟု ကျွန်တော် တွေးမိခဲ့ပါသည်။ ကျွန်တော် လက်မခံနိုင်သောကြောင့် အခြားအစ်ကို၏ အထင်ကို မေးကြည့်ခဲ့ပါသည်။ အံ့ဩစရာကောင်းအောင်ပင် သူက “ခင်ဗျား တစ်ခါမှ ခင်ဗျားရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အမှားတွေ အကြောင်း မပြောခဲ့ဖူးဘူး။ ကျွန်တော်ခင်ဗျားကို နားမလည်နိုင်တော့ဘူးဗျာ။” ဟုပြောခဲ့ပါသည်။ ဤစကားကြောင့် ကျွန်တော် ခံစားရသည်မှာ ပို၍ ဆိုးရွာလာစေခဲ့သည်။ “ငါ့ကိုနားမလည်နိုင်တော့ဘူးလို့ သူ ဘယ်လိုပြောနိုင်ရတာလဲ။ ငါကအရမ်းကို နားလည်ရခက်တဲ့လူပဲလား။” ကျွန်တော် သိက္ခာအချို့ကို ပြန်ဆယ်ဖို့ တစ်ခုခုပြောချင်ခဲ့သော်လည်း၊ သူတို့နှစ်ယောက် ကျွန်တော့်ကို ထိုကဲ့သို့ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်း နေသည်ကို မြင်ရသည့်အခါ၊ အကြောင်းရင်းတစ်ခုရှိမည်ကို သိခဲ့ရပါသည်။ သူတို့ပြောနေသည့် အရာကသာ အမှန်ဆိုပါက၊ ကျွန်တော့်မှာ တကယ်ကို ပြဿနာရှိနေပြီ ဖြစ်သည်။

ကျွန်တော် မိမိကိုယ်ကို ချီးမြှောက်ပြီး သက်သေခံနေသည့် လူများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြန် ရှာဖွေခဲ့သည်။ ဤအပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရပါသည်၊ “မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကိုယ် ဝါကြွားခြင်း၊ လူတွေ အထင်ကြီးအောင် ကြိုးစားခြင်း- ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် မိမိတို့ကိုယ်ကိုယ် ပုံမှန်အားဖြင့် မည်သို့ ချီးမြှောက်ပြီး သက်သေခံသနည်း။ ၎င်းတို့သည် ဤရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ တစ်နည်းမှာ ၎င်းတို့ မည်မျှဒုက္ခခံစားပြီးဖြစ်သည်၊ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီး ဖြစ်သည်နှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်မျှ အသုံးခံပြီး ဖြစ်သည်တို့ကို သက်သေခံဖို့ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဤအရာများကို သူတို့ကိုယ်သူတို့ ချီးမြှောက်ရန်အတွက် အသုံးပြုကြသည်။ လူတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ပိုမိုမြင့်မားသော၊ ခိုင်မြဲသော၊ လုံခြုံသောနေရာတို့ကို ရရှိစေသောအရာအဖြစ် ၎င်းတို့က အသုံးပြုကြသည်။ ဤသို့ဖြင့် သာ၍များသော လူတို့သည် ၎င်းတို့အား တန်ဖိုးထားကြရန်၊ အားကျရန်၊ လေးစားကြရန်၊ အမွန်အမြတ်ထားရန်၊ ကိုးကွယ်ရန်နှင့် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် ဖြစ်သည်။ ယင်းမှာ အဆုံးစွန် အကျိုးဖြစ်သည်။ ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့လုပ်ဆောင်သည့် အရာများသည်၊ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း အားလုံးသည် အကျိုးအကြောင်း ဆီလျော်သလော။ ယင်းတို့က အကျိုးအကြောင်း မဆီလျော်ပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားသည်။ ဤလူများ၌ အရှက်မရှိပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီးဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံနှင့် အထူးကျွမ်းကျင်မှုများ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များနှင့် လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများကိုပင် ၎င်းတို့က ကြွားလုံးထုတ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကိုယ် မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ၊ ၎င်းတို့၏ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကိုယ် စိတ်ရင်းကိုဖုံးကွယ်ပြီး အခြေအနေမှန်ကို ဖုံးကွယ်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် ဘုရားသခင်၏အိမ်တော် အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ၊ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှ မြင့်မားသည်၊ ၎င်းတို့သည် မည်မျှ ထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။ သင့်ကိုယ်သင် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းသည် သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ရှိသော အတိုင်းအတာထဲ၌ ရှိသလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ၊ မည်သည့် စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်းသည် အဓိက သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ ဇာတ်ကြောင်းများသည် လုံးလုံး ကောင်းမွန်ပြည့်စုံသည်။ ၎င်းတို့၏စကားများသည် ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်ပြီး ၎င်းတို့ ကြွားဝါနေသည် ဆိုသည့်အချက်ကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ပြီးဖြစ်သော်လည်း၊ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်သည် လျှို့ဝှက်သော နည်းလမ်းအားဖြင့် စွမ်းဆောင်ရရှိခြင်း မဟုတ်သလော။ ထိုသို့သောနည်းလမ်းများ၏ အဓိကအချက်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတစ်လေ ရှိသလော။ ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းတို့ အသုံးပြုသည့် ဤနည်းလမ်းများသည် လှည့်စားတတ်သော စိတ်သဘောထား တစ်ခုအားဖြင့် လမ်းညွှန်ခြင်းခံရသည်ကို တွေ့မြင်နိုင်သည်။ ဤသို့ဆိုလျှင် ယင်းက ကောက်ကျစ်စဉ်းလဲသည်ဟု ငါအဘယ့်ကြောင့် ပြောသနည်း။ ဤသည်က ကောက်ကျစ်စဉ်းလဲခြင်းနှင့် မည်သည့် ဆက်သွယ်မှု ရှိသနည်း။ သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုနိုင်သလော။ (မပြောဆိုနိုင်ပါ။) ၎င်းတို့၏စိတ်နှလုံးများ၏ နက်ရှိုင်းရာတွင် လိုအင်ဆန္ဒတစ်ခု အစဉ်ရှိပြီး ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သည့်အရာသည် ထိုလိုအင်ဆန္ဒကို ထောက်ကူနေသောကြောင့်၊ ၎င်းတို့ပြောသည့် အရာနှင့် လုပ်ဆောင်သည့်အရာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာတွင် ရည်မှန်းချက်များနှင့် ကြံရွယ်ချက်များကို အလွန် လျှို့ဝှက်ထားသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဤရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ မှားယွင်းသော လမ်းညွှန်ချက်များ သို့မဟုတ် ကလိမ်ကကျစ်နည်းဗျူဟာများကို အသုံးပြုလိမ့်မည်။ ထိုသို့သော သိုဝှက်ခြင်းသည် သဘာဝအားဖြင့် လှည့်ဖြားတတ်သည် မဟုတ်လော။ ပြီးလျှင် ထိုသို့သော လှည့်ဖြားတတ်ခြင်းကို ကောက်ကျစ်စဉ်းလဲခြင်းဟု မခေါ်နိုင်သလော။ ယင်းကို အမှန်ပင် ကောက်ကျစ်စဉ်းလဲခြင်းဟု ခေါ်နိုင်ပြီး၊ ယင်းက လှည့်စားတတ်ခြင်းထက် သာ၍ ပြင်းထန်ပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂)”) ကျွန်တော်တာဝန်မှာ မည်သို့ပြုမူနေခဲ့သည်ကို ပြန်စဉ်းစားမိခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများမှာ ပြဿနာများ ရှိလာပါက၊ ကျွန်တော်က လူတိုင်း ကျွန်တော့်ကို သူတို့ထက် ပိုလုပ်နိုင်သည်ဟုထင်စေရန်နှင့် ကျွန်တော့်အလုပ်မှာ ကျွမ်းကျင်မှုကို ဂုဏ်ဖော်ပြဖို့အတွက်၊ ပြဿနာများကို ကျွန်တော် မည်သို့ ဖြေရှင်းခဲ့သည်ကို ပြောပြလျက်၊ သူတို့ကို မိတ်သဟာယဖွဲ့ ကူညီနေသကဲ့သို့ ဟန်ဆောင်ခဲ့သည်။ အလုပ်ကိစ္စ ဆွေးနွေးသည့်အခါတွင်လည်း၊ သူတို့ ကျွန်တော့်ကို အထင်ကြီးလေးစားကြစေရန်၊ ကျွန်တော့် နှုတ်က ပထမဆုံး ထွက်လာသည့်စကားက မိမိကိုယ်ကိုယ်ဖော်ပြီး “ငါ” ဆိုသည့်စကားနှင့်၊ ကျွန်တော်အားလုံးသိနေသကဲ့သို့ လူများ ထင်အောင်လုပ်ခဲ့ပါသည်။ ကျွန်တော့်၏ အပျက်သဘောဆောင်မှုများနှင့် ဖောက်ပြန်ပျက်စီးမှုများကို လူများမသိအောင် ဖုံးကွယ်ခဲ့ပါသည်။ ကျွန်တော့်၏ ကိုယ်ပိုင်အခက်အခဲများကို မည်သည့်အခါမျှ မဆွေးနွေးခဲ့ဘဲ၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသည့် သဘောထားကို ပိုပြီးတော့ ထုတ်မပြောခဲ့ပါဘူး။ ထိုအစား ကျွန်တော့်အမှားများကို ဖုံးကွယ်ဖို့နှင့် လူများက ကျွန်တော့်မှာ ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု ထင်ကြပြီး အားကိုးလာစေရန်၊ အပြုသဘောဆောင်သည့်ဝင်ရောက်မှုများကိုသာ ပြောပြခဲ့ပါသည်။ ကျွန်တော်က မည်မျှ တာဝန်ကို စိတ်ပါဝင်စားသည်ကို သူတို့သိစေရန်၊ အမြဲတမ်း တာဝန်မှာ မည်သို့ ခံစားခဲ့ရသည်၊ မည်သို့ ခက်ခဲခဲ့သည်တို့ကိုသာ အမြဲတမ်းပြောခဲ့ပါသည်။ ပြီးလျှင် တွေ့ဆုံပွဲများမှာလည်း၊ ကျွန်တော့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်းကောင်း၊ မိမိကိုယ်ကိုယ်လည်းကောင်း နားလည်မှုမရှိသည်မှာ ရှင်းရှင်းလင်းလင်း ဖြစ်နေခဲ့သော်လည်း၊ အခြားသူများက ကျွန်တော့်ကိုပိုပြီး အထင်ကြီးလာကြစေဖို့အလို့ငှာ၊ ကျွန်တော် ဆက်တိုက် စကားပြောနေခဲ့ပြီး ကျွန်တော့်ဘာသာသိသည့် စိတ်ကူးယဉ် အကြောင်းများသာ ဝေ့လည်ကြောင်ပတ်ပြောခဲ့ပါသည်၊ သူတို့၏ လေးစားအထင်ကြီးမှုကို ဆက်ပြီး ခံစားနိုင်ဖို့အတွက်၊ သူများ၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ခွဲခွာသွားစေမည့်၊ တကယ်တမ်း မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါနေသည့်၊ မှန်သည်ထင်ရသည့် အရာများကိုသာ ဆက်ပြီး ပြောနေ လုပ်နေခဲ့ပါသည်။ ကျွန်တော်၏ အပြုအမူများက ဘုရားသခင်၏နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ထားသည့် ဆိုးယုတ်သည့် စိတ်သဘောထားအားဖြင့် ဖြစ်လာဲခြင်းသာ မဟုတ်ပါလား။ ကျွန်တော် မည်သည့်အရာကိုလုပ်လုပ်၊ မည်မျှပင်မိမိကိုယ်ကိုယ် အသုံးခံပုံပေါ်နေခဲ့ပါစေ၊ ကျွန်တော်၏ပန်းတိုင်က မည်သည့်အခါကမျှ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ မဟုတ်ခဲ့ပါ။ ကျွန်တော့်၏ အနေအထားခိုင်မာဖို့နှင့် အခြားသူများ အထင်ကြီး လေးစားလာစေဖို့၊ တတ်နိုင်သမျှ အားလုံးလုပ်ခဲ့ပါသည်။ ကျွန်တော်က အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်နေခဲ့ခြင်း ဖြစ်ပါသည်။ နောက်ဆုံးတွင် ကျွန်တော်၏အန္တရာယ်ကို နားလည်ခဲ့သောကြောင့်၊ နောင်တရလိုစိတ်နှင့် ဘုရားသခင်ထံတွင် အမြန်ဆုံး ဆုတောင်းခဲ့ပါသည်။

ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်များက ရုတ်တရက်ကြီး ခေါင်းထဲဝင်လာခဲ့ပါသည်။ “တစ်စုံတစ်ယောက်သည် သာမန် လူ့သဘာဝကို အသက်ရှင်နေထိုင်ဖို့ ဖြစ်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်သို့ဖွင့်ဟပြီး မိမိတို့ကိုယ်ကိုယ် မည်သို့ချခင်းသင့်သနည်း။ ဤသည်ကို မိမိကိုယ်ကိုယ် ဖွင့်ဟခြင်း၊ အခြားသူများကို မိမိ၏စိတ်နှလုံးအတွင်းထဲမှ တကယ့် ခံစားချက်များကို ရှင်းရှင်းလင်းလင်း ပြသခြင်းအားဖြင့်၊ သမ္မာတရားကို ရိုးရှင်းစွာ၊ စင်ကြယ်စွာ လက်တွေ့လုပ်ဆောင်နိုင်ခြင်းအားဖြင့် လုပ်ဆောင်ရသည်။ တစ်စုံတစ်ဦးက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပါက၊ ၎င်းတို့သည် ပြဿနာ၏ အနှစ်သာရကို သိနိုင်ရမည် ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် စိတ်နှလုံးအတွင်းထဲမှ မုန်းတီး ရွံရှာနိုင်ရမည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ချခင်းသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏အပြုအမူများကို မှန်ကန်ကြောင်းပြဖို့ ကြိုးပမ်းအားထုတ်ခြင်း မရှိမည်သာမက၊ ၎င်းတို့ကိုလည်း ခုခံကာကွယ်ဖို့ ကြိုးစားမည် မဟုတ်ပေ။...ပထမဦးစွာ လူတို့သည် ၎င်းတို့၏ပြဿနာများကို အခြေခံအဆင့်တစ်ခု၌ နားလည်ရမည်ဖြစ်သည်၊ မိမိတို့ကိုယ်ကိုယ် စိစစ်ပြီး မိမိတို့ကိုယ်ကိုယ် ချခင်းရမည်။ ၎င်းတို့သည် ရိုးသားသော စိတ်နှလုံးတစ်ခုနှင့် စိတ်ရင်းအတိုင်း ဖြစ်သော သဘောထား တစ်ခုရှိရမည် ဖြစ်ပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ရှိသော ပြဿနာနှင့်ပတ်သက်ပြီး ၎င်းတို့နားလည်သည့်အရာကို ပြောရမည်။ ဒုတိယအနေဖြင့် လူတို့သည် ၎င်းတို့၏စိတ်သဘောထားက အထူးသဖြင့် ပြင်းထန်ပါက၊ ၎င်းတို့သည် အားလုံးကို ‘ကျွန်ုပ်သည် ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို တစ်ဖန် ထုတ်ဖော်ကာ၊ ပြင်းထန်လာပါက၊ သင်တို့အားလုံးသည်- ကျွန်ုပ်ကို ကိုင်တွယ်ဖြေရှင်းပြီး ယင်းကို ကျွန်ုပ်အား ထောက်ပြပါ။ ကျွန်ုပ်အား လျှော့လျှော့ပေါ့ပေါ့ ဝေဖန်အပြစ်မတင်လေနှင့်။ ထိုအချိန်တွင် ကျွန်ုပ်ခံနိုင်မည် မဟုတ်သော်လည်း၊ ယင်းကို စိတ်ထဲမထားနှင့်။ ကျွန်ုပ်ကို စောင့်ကြည့်ဖို့ အတူတကွ အလုပ်လုပ်ကြလော့။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြန်ကြွလာပါက၊ ပြင်းထန်လာပါက၊ လူတိုင်းသည် ကျွန်ုပ်ကို ဖော်ထုတ်ပြီး ကိုယ်တွယ်ဖြေရှင်းကြလော့။ လူတိုင်းသည် ကျွန်ုပ်ကို စောင့်ကြည့်ကာ၊ ကူညီပြီး ကျွန်ုပ် လမ်းလွဲခြင်းမှ ထိန်းသိမ်းကြမည်ဟု ကျွန်ုပ် ရိုးသားစွာ မျှော်လင့်ပေသည်။’ ဟု ပြောရမည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သဘောထားရှိသော သူတစ်ဦး ဖြစ်ပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်၏ ဦးတည်ရာကို ပြပေးခဲ့ပါသည်။ ကျွန်တော့်၏ ပြဿနာများကို မည်မျှပင် နားလည်သွားပါစေ၊ ကျွန်တော် ဤကဲ့သို့ ဆက်သွား၍ မရတော့သည်ကို သိခဲ့ရပါသည်။ သူတို့လည်း ကျွန်တော်မိမိကိုယ်ကိုယ် ချီးမြှောက်သည်၊ ကြွားဝါပြီး အန္တိခရစ်၏လမ်းကြောင်းကို လျှောက်နေခဲ့သည်ကို သိသွားစေဖို့အလို့ငှာ၊ ကျွန်တော့်အပြုအမူများ နောက်က ရည်ရွယ်ချက်ကို လူတိုင်း သိအောင်ပြဖို့၊ မိမိကိုယ်ကိုယ် ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားဖို့လိုပါသည်၊ ဤသည်က အရေးအကြီးဆုံး ဖြစ်လေသည်။

နောက်တွေ့ဆုံပွဲမှာတော့၊ ကျွန်တော် ထိုနေရာက ညီအစ်ကိုမောင်နှမများရှေ့မှာ လုံးဝ သန့်စင်သွားခဲ့ပြီး၊ သူတို့၏ အကူအညီနှင့် အကြံကို တောင်းခံခဲ့ပါသည်။ လုံးဝ ပွင့်လင်းခဲ့ပြီးသည့်နောက်တွင် ကျွန်တော်အများကြီး ပို၍ စိတ်သက်သာရာရခဲ့ပါသည်။ အခြားသူများက ရက်ပိုင်းလောက် ကျွန်တော့်ကို မက်ဆေ့ချ်များပို့ပြီး “ခင်ဗျား အမြဲတမ်း တာဝန်မှာ ကြွားဝါနေခဲ့တာ။ ကျွန်တော်လည်း တာဝန်မှာ ခင်ဗျားကို အားကိုးလာရုံကလွဲပြီး အခြေခံသဘောတရားတွေကို မရှာချင်ခဲ့တော့ဘူး။ ခင်ဗျား အားလုံးသိပြီးတော့ ခင်ဗျားကိုမေးတာ ပိုလွယ်တယ်လို့ ထင်ခဲ့တု” ဟု ပြောလျက်၊ ကျွန်တော့်၏ ပြဿနာများကို ထောက်ပြကြပါသည်။ သူတို့ထဲက အချို့က၊ “ကျွန်တော်က နောက်ပိုင်း ခင်ဗျားကို အလုပ်ပိုလုပ်နိုင်ပြီးတော့ တာဝန်မှာ တာဝန်သိတယ်လို့ ထင်နေရင်း၊ ခင်ဗျားကို ပိုလေးစားဖို့ကလွဲပြီး ဘုရားသခင်အကြောင်း ဘာမှမသိခဲ့ရဘူး။ ကျွန်တော်ခင်ဗျားကို တကယ် အားကိုးခဲ့တာပါ။” ဟုပြောခဲ့ပါသည်။ ဤစကားများ အားလုံးကိုကြားလိုက်ရသည့်အခါ၊ ကျွန်တော့်အတွက် တကယ် စိတ်ပျက်စရာဖြစ်ခဲ့ပါသည်။ ကျွန်တော် ဤလများအတွင်း တာဝန်လုပ်ဆောင်သည့်အခါ၊ ထိုကဲ့သို့ အရာများဖြစ်လာသည်ဟု မယုံနိုင်ခဲ့ပါ။ ဘုရားက ကျွန်တော့်ကို သေချာပေါက် မုန်းနေလောက်ပြီဟုထင်ပြီး အရမ်းစိတ်ဖိစီးပြီး မပျော်ရွှင်ခဲ့ပါ။ ကျွန်တော် အပျက်သဘောဆောင်ခြင်းထဲကို တကယ် နစ်မြုပ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်ကို ဆက်တိုက် ဆုတောင်းရင်းနှင့်၊ အခြားသူများ၏ အကူအညီ အထောက်အပံ့နှင့် နောက်ဆုံးမှာ ဘုရားက ကျွန်တော့်ကို သန့်စင်ပြောင်းလဲဖို့ကလွဲပြီး၊ ကျွန်တော့်ကို သုတ်သင်ဖယ်ရှင်းဖို့ လုပ်နေခြင်းမဟုတ်သည်ကို သိခဲ့ရပါသည်။ ဤကဲ့သို့သာ မဖြစ်ခဲ့ပါက၊ ကျွန်တော်က မှားယွင်းသည့်လမ်းကြောင်းပေါ် ရောက်နေမှန်း သိခဲ့ရမည်မဟုတ်ပါ။ ဤသည်က ကျွန်တော့်အတွက် ဘုရားသခင်၏ ကြီးမြတ်သည့် ကယ်တင်ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော် ဘုရားသခင်၏အလိုတော်ကို နားလည်သွားသည်နှင့်တစ်ပြိုင်နက် ကျွန်တော့်ကိုယ်ကျွန်တော် သုံးသပ်ပြီး တကယ်နောင်တရဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်အချို့ကို ကျွန်တော် ဖတ်ခဲ့ပါသည်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”)ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြမှုများက အခြားသူများစိတ်ထဲမှာ မြင့်မားသည့်ဂုဏ်ကို ရှာဖွေဖို့ဖြစ်လာသည်မှာ ကျွန်တော်၏ မာနထောင်လွှားသည့် သဘာဝကြောင့်ဖြစ်ပြီး ဘုရားသခင်ကို ခုခံနေမိပြီဖြစ်သည်ကို ပြသခဲ့ပါသည်။ ဤကဲ့သို့ မာနထောင်လွှားသည့်သဘာဝ၏ ထိန်းချုပ်မှုနှင့် ကျွန်တော်၏တာဝန်မှာ ရလဒ်များတွေ့သည့်အခါ ကျွန်တော့်ကိုယ်ကျွန်တော် ကျေနပ်လာပြီး၊ မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး တတ်နိုင်သမျှ ကြွားဝါစေမိခဲ့ပါသည်။ ကျွန်တော့်၏ ဘုရားပေးသည့် လက်ဆောင်နှင့် စွမ်းရည်များကို ပြသဖို့အတွက်၊ သူများထက်သာဖို့သာ ပြောဆိုလုပ်ကိုင်ခဲ့ပါသည်။ အရှက်မဲ့စွာတာဝန်မှာ မည်မျှ ဒုက္ခခံစားခဲ့ရသည်၊ မည်မျှ ပင်ပန်းပြီး၊ ပြဿနာများ မည်သို့ ဖြေရှင်းခဲ့ရသည်ကို ဂုဏ်ဖော်ခဲ့ပြီး၊ အားလုံးက အခြားသူများ ကျွန်တော့်ကို သူတို့ထက်သာပြီး ကျွန်တော်က သာမန်ထက်ထူးခြားသည့်လူဟု ထင်အောင် လုပ်ခဲ့ခြင်းများသာ ဖြစ်ပါသည်။ လူများ ကျွန်တော့်ကို အားကိုး လေးစားလာစေရန်ကို ကျွန်တော် လိုအပ်ကို လိုအပ်ခဲ့သည်။ ဤသည်မှာ အန္တိခရစ် တစ်ယောက်၏ စိတ်သဘောထားသာ ဖြစ်သည် မဟုတ်ပါလား။ ပေါလု ဆိုသည်မှာလည်း တစ်ထေရာတည်းဖြစ်သည်။ သူ၏ အသိပညာနှင့် ဆုကျေးဇူးများကို တရားဟောခြင်း နှင့် အလုပ်ဖြင့်သာ တောက်လျှောက် ပြသခဲ့ပြီး၊ အခြားသူများသူ့ကို လေးစားစေရန် ကြွားဝါခဲ့ခြင်းသာ ဖြစ်သည်။ အမြဲတမ်း အသင်းတော်များထံသို့ စာရေးပြီး၊ လူများ၏ နှလုံးသားကို ရယူဖို့အတွက် သူမည်မျှ အလုပ်လုပ်ခဲ့သည်၊ သခင့်အတွက် မည်မျှ ဒုက္ခခံစားခဲ့ရသည်တို့ကို ကြွားဝါခဲ့ပါသည်။ သူက အလုပ်လုပ်ပြီးကြိုးစားခဲ့သည်မှာ၊ တာဝန် ကောင်းစွာ ထမ်းဆောင်ဖို့နှင့် ခရစ်တော် လူ့ဇာတိခံယူခြင်းကို သက်သေခံဖို့ မဟုတ်ဘဲ၊ သူ့၏ ကိုယ်ပိုင်ရည်မှန်းချက်နှင့် ဆန္ဒများ မည်သို့ပြည့်ဖို့အတွက်သာ ဖြစ်ပါသည်။ သူမည်မျှ အလုပ်လုပ်ရပါစေ၊ ဒုက္ခခံရပါစေ သို့မဟုတ် လူများက မည်မျှသူ့ကို အထင်ကြီးကြပါစေ၊ သူသည် သမ္မာတရားကို မလိုက်စားဘဲ ခေါင်းပိုထောင်လာခဲ့သည့်အတွက်၊ နောက်ဆုံးတွင် မျက်နှာပြောင်တိုက်၍ သူ့ကိုယ်သူ ခရစ်တော်ပါဟု သက်သေခံခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို တကယ့်ကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်ပြီး ဘုရားသခင်ကလည်း ထိုအတွက် သူ့ကို အပြစ်ဒဏ် ပေးခဲ့ပါသည်။ ကျွန်တော့်မှာလည်း ပေါလုကဲ့သို့ သဘာဝ ရှိခဲ့ပါသည်။ ကျွန်တော်က အရမ်း မာနထောင်လွှားပြီး စိတ်ကြီးဝင်သည်၊ ဂုဏ်ဒြပ်များကိုချစ်ပြီး၊ လူတိုင်းက အထင်ကြီးကြစေဖို့အလို့ငှာ အမြဲတမ်း မိမိကိုယ်ကိုယ် ချီးမြှောက်ကာ ကြွားဝါခဲ့သည်မှာ သူတို့၏နှလုံးသားမှာ ဘုရားအတွက် နေရာမရှိတော့ဘဲ၊ ပြဿနာများပေါ်လာသည့်အခါ ဘုရားသခင်ကို အားမကိုး၊ သမ္မာတရားကို မရှာဖွေကြတော့ပါ။ တာဝန်ကို ဤနည်းဖြင့် လုပ်ဆောင်ခြင်းက ဘုရားသခင်ကို ခုခံရာရောက်ပြီး ညီအစ်ကိုမောင်နှမများကို ထိခိုက်စေပါသည်။ ကျွန်တော်၏ မောက်မာသည့်သဘာဝအားဖြင့် ရှင်သန်ခြင်းမှ ထိုကဲ့သို့ ဆိုးယုတ်သည့် ဘုရားသခင်ကိုခုခံခြင်း ဖြစ်လာမည်ဟု တစ်ခါမှ မတွေးခဲ့မိပါ။ ကျွန်တော်သာ နောင်တမရသေးပါက၊ ဘုရားသခင်ကို အနှေးနှင့်အမြန် အမျက်ထွက်စေမည်ဖြစ်ပြီး အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ညီအစ်ကိုမောင်နှမများ၏ အထောက်အပံ့ မရှိပါက၊ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်မိမည် မဟုတ်ပါ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ကြီးမြတ်သည့်ကယ်တင်ခြင်းကသာ ကျွန်တော့်ကို ထိုသို့ ဖော်ထုတ်ခံရစေခြင်း ဖြစ်ပါသည်။

ယင်းကိုတွေးမိလိုက်သည့်အခါ၊ ကျွန်တော်တာဝန်မှာ အောင်မြင်မှုများ ရရှိခဲ့ပြီး ပြဿနာများ တွေ့ခဲ့သည့်အခါ၊ ယင်းတို့အားလုံးက ဘုရားသခင်၏ အလင်းပြမှုနှင့် လမ်းညွှန်မှုများမှ လာခြင်း ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုသာ မရှိပါက၊ ကျွန်တော်က မည်သည့်အရာမျှ နားမလည်သည့် အရူး တစ်ယောက်သာ ဖြစ်ပါသည်။ ကျွန်တော့်မှာ သမ္မာတရား၏ စစ်မှန်မှု လုံးဝ မရှိခဲ့သော်လည်း၊ အရမ်း မာနထောင်လွှား၊ မောက်မာခဲ့ပြီး အရှက်မဲ့စွာ ဘုရားသခင်၏နေရာကို ရယူဖို့ ကြိုးစားခဲ့ပါသည်။ ကျွန်တော် အရမ်းကို အသိတရားမဲ့ခဲ့ခြင်း ဖြစ်ပါသည်။ သမ္မာတရားကို မိတ်သဟာယ မဖွဲ့ခဲ့သကဲ့သို့၊ တာဝန်မှာ ဘုရားသခင်ကို သက်သေမခံဘဲ ကြွားဝါပြီး လူများ လမ်းလွဲအောင်လုပ်သည်- ဆိုးယုတ်လိုက်သည့်အလုပ်သာ ဖြစ်ပါသည်။ ထို့နောက် ကျွန်တော် မိမိကိုယ်ကို စပြီး မုန်းခဲ့ပါသည်။ ထိုအတိုင်း ဆက်မနေချင်ခဲ့သည့်အတွက်၊ ဘုရားသခင်ထံမှာ “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော် အရမ်းမှားခဲ့ပါတယ်။ ကျွန်တော်ဘယ်လောက်တောင် မောက်မာပြီး အသိမဲ့ခဲ့သလဲဆိုတာ သိရပါပြီ။ နောင်တရဖို့အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် သမ္မာတရားကို အခုကစပြီး ရိုးသားစွာနဲ့ လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်တဲ့လမ်းကြောင်းကို လျှောက်ပါ့မယ်။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ။” ဟု ဆုတောင်းခဲ့ပါသည်။

ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရပါသည်။ “မိမိကိုယ်ကိုယ် မချီးမြှောက်ဖို့နှင့် သက်သေ မခံဖို့အလို့ငှာ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုကဲ့သို့ အလားတူ အရေးကိစ္စနှင့်စပ်လျဉ်း၍၊ သင်၏ စစ်မှန်သောကိုယ်ကို ဖွင့်ပြောပြပြီး ချခင်းပြခြင်းနှင့်ဆန့်ကျင်၍၊ သင့်ကိုယ်သင် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း၊ ပြီးလျှင် အခြားသူများ၌ ကြည်ညိုကိုင်းရှိုင်းမှုကို စေ့ဆော်ပေးခြင်း ရည်မှန်းချက်ကို ရရှိဖို့- ဤသည်တို့သည် အနှစ်သာရ၌ ကွဲပြားခြားနားသည်။ ဤသည်တို့သည် အသေးစိတ်အချက်များ မဟုတ်ပါသလား။ ဥပမာအားဖြင့် သင်၏ ကြံရွယ်ချက်များနှင့် အတွေးအခေါ်များ၊ ပြောပုံဆိုပုံများ၊ အသိပညာကိုပြသည့် ဖော်ပြ ပြောဆိုချက်များကို ဖွင့်ပြောပြပြီး ချခင်းပြခြင်း မဟုတ်လော။ အခြားသူများ၏ မြှောက်ပင့်ချီးမွမ်းခြင်းကို ဖြစ်စေသည့် မည်သည့် ဖော်ပြချက်မျိုးက မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း ဖြစ်သနည်း။ စမ်းသပ်မှုများကြားတွင် သင်မည်သို့ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကာ သက်သေခံပြီးဖြစ်သည်ကို ပြန်ပြောခြင်းသည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံခြင်း ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးသည် သင့်ကိုယ်သင် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း မဟုတ်ပေ။ မိမိကိုယ်ကိုယ် ဖော်ထုတ်ခြင်း၌ ကြံရွယ်ချက်ပါရှိသည်။ တစ်စုံတစ်ဦး၏ ကြံရွယ်ချက်သည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းထက် လူတိုင်းကို သူတို့၏ဖောက်ပြန်ပျက်စီးခြင်းကို ပြဖို့ဖြစ်လျှင်၊ ၎င်းတို့၏ စကားများသည် အလွန် လေးနက်မှုရှိပြီး စစ်မှန်လိမ့်မည်။ပြီး အမှန်တရားအရ ဖြစ်သည်။ ၎င်းတို့၏ကြံရွယ်ချက်သည် လူများက ၎င်းတို့ကို ကြည်ညိုကိုင်းရှိုင်းဖို့ ဖြစ်ပါက၊ သူတစ်ပါးကို လှည့်စားပြီး ၎င်းတို့၏ တကယ့် စိတ်ရင်းကို သူတို့ထံမှ ကွယ်ဝှက်ဖို့၊ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့ကို အခြားသူများကို ထုတ်ဖော်ပြခြင်းမှ ရပ်တန့်ဖို့ဖြစ်ပါက၊ ၎င်းတို့ ပြောပုံဆိုပုံသည် လှည့်စားတတ်ပြီး လမ်းလွဲစေလိမ့်မည် ဖြစ်သည်။ ဤနေရာတွင် ခိုင်လုံသော ကွဲပြားခြားနားချက်တစ်ခု မရှိသလော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်း တစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂)”) “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော် ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ကျွန်တော်က မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါတတ်သည့် ပြဿနာများ ဖြေရှင်းဖို့ အတွေ့အကြုံများမှတစ်ဆင့်၊ မိမိကိုယ်ကိုယ် သိဖို့နှင့် သုံးသပ်ဖို့ အာရုံစိုက်ရမည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ကျွန်တော့်ကို ပြသခဲ့ပါသည်။ မိတ်သဟာယဖွဲ့ပြီး ကျွန်တော်ဖော်ပြခဲ့သည့် ဖောက်ပြန်ပျက်စီးမှုများ အကြောင်း တတ်နိုင်သမျှ များများ ပြောသည့်အခါ ကျွန်တော်၏ ကြံရွယ်ချက်များနှင့် မသန့်စင်မှုများကို စိတ်ဖြာလေ့လာဆွေးနွေးရသည်၊ ပြီးလျှင် နှုတ်ကပတ်တော်များ၏ တရားစီရင်မှုကို မည်သို့ တွေ့ကြုံခဲ့ရသည်၊ မိမိကိုယ်ကိုယ် မည်သို့စစ်မှန်စွာ နားလည်သွားသည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ချစ်ခြင်းမေတ္တာကို မည်သို့ နားလည်သွားသည်တို့ကို ပြောပြီး၊ ဘုရားသခင်ကို ချီးမြှောက်ဖို့နှင့် သက်သေခံဖို့ ကျွန်တော့်၏ တကယ့်အတွေ့အကြုံများကို အသုံးချရသည်။ ဤသည်မှာ တကယ့်ကို ကျွန်တော်၏တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ နောက်ထပ် တွေ့ဆုံပွဲတွင်၊ ကျွန်တော် မည်သို့ အကွက်ချခဲ့ခြင်းနှင့် ဂုဏ်ဒြပ်အတွက် ကြွားဝါခဲ့ခြင်း၊ ပြီးလျှင် ဘုရားက ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းဖို့ အခြေအနေကို စီစဉ်ခဲ့ပုံများနှင့် ကျွန်တော့်၏ အကျည်းတန်မှုကို မြင်အောင်လုပ်ခဲ့ပုံများကို တမင်တကာ ဖွင့်ပြောခဲ့ပါသည်။ ထို့နောက် အစ်ကိုတစ်ယောက်က “ခင်ဗျားရဲ့ အတွေ့အကြုံက ကျွန်တော်တို့မှာ ဖောက်ပြန်ပျက်စီးတဲ့ သဘောထားရှိပေမယ့်လည်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းမှုကို လက်ခံဖို့လိုပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးတော့ ဇာတိပကတိကို စွန့်လွှတ်ပြီးရင် ပြောင်းလဲသွားမယ်ဆိုတာ ပြသခဲ့ပါတယ်။ ပြီးတော့ ဘုရားလုပ်သမျှတိုင်းက လူသားတွေကို ကယ်တင်ဖို့ဆိုတာလည်း ကျွန်တော် သိလာရပါတယ်။” ဟု ပြောလာပါသည်။ ကျွန်တော် ဤစကားကိုကြားရသည့်အခါ၊ ဘုရားသခင်ကို ကျေးဇူးတင်စိတ်များ ပြည့်ခဲ့ပါသည်။ ကျွန်တော့်ကိုယ်ကျွန်တော် ဤကဲ့သို့ နားလည်သွားခြင်းက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကြောင့်သာ ဖြစ်သည်။

ထိုနောက်ပိုင်းမှစပြီး ကျွန်တော်၏တာဝန်မှာ ဤထဲသို့ သတိရှိစွာ စတင်ဝင်ရောက်ခဲ့ပါသည်။ အခြားသူများတာဝန်မှာ အမှားများ တွေ့ပါက၊ ကျွန်တော်၏ကြံရွယ်ချက်များကို ဖြောင့်မတ်ပြီး ဓမ္မဓိဌာန်ကျကျ ဖော်ပြကာ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ယခင်ကကဲ့သို့ ကျွန်တော် မကြွားဝါတော့ပါ။ ပြီးလျှင် ညီအစ်ကိုမောင်နှမများနှင့် မျှဝေဖို့၊ သမ္မာတရား၏ အခြေခံအချက် အချို့ကိုလည်း တွေ့ရှိခဲ့ပါသည်။ တွေ့ဆုံပွဲများမှာ၊ အခြားသူများ ကျွန်တော့်၏ပကတိအကြောင်း သိစေဖို့အလို့ငှာ၊ ကျွန်တော့်အပြုအမူများ၏ ကြံရွယ်ချက်များနှင့် ဖောက်ပြန်မှုများ၊ ကျွန်တော် ဖော်ပြခဲ့သည့် ဖောက်ပြန်ပျက်စီးမှုများ အကြောင်းကို ပြောပြခဲ့ပါသည်။ ဤနည်း၌ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ ကျွန်တော့်နှလုံးသားမှာ ငြိမ်းချမ်းမှု အသိကို ခံစားခဲ့ရပြီး၊ ဘုရားသခင်နှင့် ဆက်ဆံရေးကလည်း ပုံမှန် ပြန်ဖြစ်သွားခဲ့ပါသည်။ အချိန်အချို့ကြာပြီးသည့်နောက်တွင်၊ အခြားသူများကလည်း ကျွန်တော့်ကို နည်းမှန်လမ်းမှန်နှင့် ဆက်ဆံလာသည်ကို ခံစားခဲ့ရပြီး၊ သူတို့အရင်ကကဲ့သို့ ကျွန်တော့်ကို အားမကိုးကြတော့ပါ။ ကျွန်တော် သမ္မာတရား အခြေခံအချက်များနှင့် ဆန့်ကျင်ပြီး ပြောဆိုလုပ်ကိုင်နေပါက၊ သူတို့က ကျွန်တော် မှန်ကန်အောင် ပြန်လုပ်နိုင်ဖို့ ထောက်ပြပေးခဲ့ကြပါသည်။ အခြားသူများနှင့် ဤနည်းအားဖြင့် ဆက်ဆံရသည်မှာ တကယ့်ကို လွတ်လပ်ပါသည်။ ကျွန်တော့်ကို ပြောင်းလဲဖို့နှင့် သန့်စင်ဖို့ ဤကဲ့သို့အခြေအနေကို စီစဉ်ပေးသည့် ဘုရားကိုလည်း အမှန်တကယ် ကျေးဇူးတင်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မတာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ခဲ့တဲ့ အကြောင်းရင်း

ချန်ကျင့် ကိုးရီးယားနိုင်ငံ ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။...

အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ နိုးထမှု

၂၀၁၉ မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မရဲ့တာဝန်ကို စတင်ခဲ့ပါတယ်။ ဒါက ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းဆိုတာ ကျွန်မ သိတယ်။ ကျွန်မတာဝန်ကို...

လမ်းမှန်သို့ ပြန်ရောက်ခြင်း

ချန်ကွမ်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏...

မုသားများ နောက်တွင်

ချန်ရှီ တရုတ်နိုင်ငံ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောသည်မှာ၊ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။