မကောင်းမှုပြုသူအား ထုတ်ပယ်ခြင်းမှ လေ့လာသင်ယူခြင်း
စုန်းယိ နယ်သာလန်နိုင်ငံဒီနှစ် မတ်လမှာ ခေါင်းဆောင်ပိုင်းတာဝန်တစ်ခုကို ကျွန်မ ယူခဲ့တယ်။ ကြီးကြပ်သူနဲ့ ကျွန်မ တွေ့တဲ့အခါမှာ တချို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၃ ခုနှစ်တုန်းက ရဲတွေက ဖုန်းကို စောင့်ကြည့်ထောက်လှမ်းပြီးတော့ ကျွန်မကို ဖမ်းခဲ့တယ်။ သူတို့က အထက်ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကိုပြပြီး ဘယ်သူဘယ်ဝါဆိုတာ ကျွန်မကို ပြောခိုင်းတယ်။ ကျွန်မက ဘာမှမပြောတော့ သူတို့က ကျွန်မကို ခြိမ်းခြောက်တယ်၊ ခြောက်လှန့်တယ်။ ကျွန်မကို တိုက်ပိတ်ပြီး ညှဉ်းဆဲမယ်လို့ ပြောတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့်ပဲ ကျွန်မ မကြောက်ခဲ့တာပါ။ အဲဒီနောက်မှာ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုးစားရင်းနဲ့ ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုတိုင်းကို ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်တာမျိုး မလုပ်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တယ်။
၂၀၁၄ ခုနှစ်၊ ဧပြီလမှာ ကျွန်မရဲ့ ပြစ်ဒဏ်ကိုကျခံဖို့ အမျိုးသမီးအကျဉ်းထောင်တစ်ခုကို ကျွန်မ အပို့ခံခဲ့ရတယ်။ အကျဉ်းထောင် တာဝန်ခံအရာရှိက ကျွန်မကို နောင်တဝန်ခံချက်တစ်ခုရေးခိုင်းပြီး ဘုရားသခင်ကို နောက်ထပ်မယုံကြည်တော့ပါဘူးလို့ ကျိန်ဆိုခိုင်းတယ်။ ဒါပေမဲ့ ကျွန်မက မရေးတဲ့အပြင် သူတို့ကို ဘုရားသခင်အကြောင်း သက်သေခံလိုက်သေးတယ်။ ကျွန်မရဲ့ သဘောထား ခိုင်မာတာကို တွေ့တော့ အကျဉ်းထောင် တာဝန်ခံအရာရှိက တခြားအကျဉ်းသားတွေကို ကျွန်မကို ညှဉ်းဆဲတယ်၊ ရိုက်တယ်၊ ဆဲဆိုကြိမ်းမောင်းကြတယ်။ ပြီးတော့ ကျွန်မကို အခန်းငယ်လေးတစ်ခုထဲမှာ တစ်နေ့ကို တစ်ဆယ့်နှစ်နာရီကြာအောင် မလှုပ်မယှက် မတ်တပ်ရပ်ခိုင်းတယ်။ မတ်တပ်ရပ်ရလို့ ကျွန်မရဲ့ ခြေထောက်တွေ၊ ခြေဖဝါးတွေ ထုံကျင်ပြီးတော့ ဖူးရောင်လာတယ်။ တစ်မိနစ်က တစ်နာရီလောက် ကြာသလိုပဲ။ ကျွန်မ ဒုက္ခခံနေရတာကို မြင်တော့ အကျဉ်းသားတွေက ကျွန်မကို လှောင်ပြောင်ပြီး ပြောကြတယ်၊ “နင့်ဘုရားကို လင်းယုန်ငှက်ဖြစ်အောင် ပြောင်းခိုင်းလိုက်လေ၊ အဲဒါဆို ဒီထဲကနေ ပျံထွက်သွားလို့ရပြီပေါ့”တဲ့။ စိတ်ထဲကနေ ကျွန်မ ဆုတောင်းခဲ့တယ်၊ ဒီလိုညှဉ်းပန်းမှုကို ကျွန်မ ကျော်လွှားနိုင်ဖို့နဲ့ ကိုယ်တော့်ကို သစ္စာမဖောက်မိအောင် လမ်းပြပေးပါလို့ တောင်းလျှောက်ခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့် ကျွန်မ ခံနိုင်ရည်ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ ထောင်မှူးတွေက ကျွန်မကို မေးခွန်းဆယ်ခု ဖြေခိုင်းတယ်။ အဲဒီမေးခွန်းတွေအားလုံးက ဘုရားသခင်ကို ငြင်းပယ်ပြီးတော့ အသရေဖျက်တဲ့ အကြောင်းအရာတွေချည်းပဲ။ ဒါကို ကျွန်မ တော်တော်ကို ဒေါသထွက်သွားတယ်။ “ဒီနတ်ဆိုးတွေက တကယ်ကို လိမ်ညာစကားတွေကို လုပ်ကြံပြောတတ်တာပဲ။ ငါ ဘုရားသခင်အတွက် သက်သေခံရမယ်၊ ကိုယ်တော့်နာမတော် အရှက်ရအောင်တော့ အဖြစ်မခံနိုင်ဘူး” လို့ပေါ့။ ဒါနဲ့ ကျွန်မက ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အဆိုတွေကို ချေပဖို့ ဘုရားနှုတ်ကပတ်တော်တွေကို သုံးပြီး မေးခွန်းတွေကို ဖြေလိုက်တယ်။ အကျိုးဆက်အနေနဲ့ ဒါက ထောင်မှူးတွေကို ဒေါသထွက်စေခဲ့ပြီး၊ သူတို့က ကျွန်မကို သုံးရက်ကြာအောင် နေ့လယ်စာ မစားခိုင်းဘဲထားတယ်။ တစ်ခါတလေ ကျွန်မ ဆာလွန်းလို့ မူးဝေလာပြီး ဘုရားသခင်ဆီကို စိတ်ထဲကနေ အော်ဟစ်တိုင်တည်တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းကို အားဖြည့်ပေးပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် စောင့်ရှောက်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီအခါ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားချင့်ချိန်နေတော့ သိပ်မဆာတော့သလို ခံစားရတယ်။
ကျွန်မ ထောင်ကလွတ်ဖို့ ခြောက်လအလိုမှာ အထက်လူကြီးတွေက အကျဉ်းထောင်ဌာနကို ဖိအားပေးလာတယ်။ ဒီခရိုင်တစ်ခုလုံးမှာ ကျွန်မတစ်ယောက်ပဲ ပြုပြင်ပြောင်းလဲတာ မခံရသေးတာ၊ အကျဉ်းထောင်ရဲ့ ဂုဏ်သတင်းကို မထိခိုက်တာကို ရှောင်ရှားဖို့ ဒီတစ်ခါတော့ ကျွန်မကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရမယ်လို့ ပြောတယ်။ အဲဒီနောက်မှာ သူတို့က ကျွန်မကို နောက်တစ်ကြိမ် ကိုယ်ထိလက်ရောက် ဒဏ်ခတ်ကြပြန်ရော။ အနုတ် ၂၀ ဒီဂရီ စင်တီဂရိတ်လောက်ရှိတဲ့ ရာသီဥတုမှာ၊ သူတို့က ကျွန်မကို ရေချိုးခန်းထဲမှာ မတ်တပ်ရပ်ခိုင်းပြီး ကျွန်မကိုရော၊ ကျွန်မနားထဲကိုပါ ရေအေးတွေ လောင်းချတယ်။ တစ်ကိုယ်လုံး ရွှဲစိုနေတာတောင်မှ သူတို့က ကျွန်မကို အဝတ်အစားလဲခွင့်မပေးဘူး။ နောက်ပိုင်းမှာ သူတို့က ကျွန်မကို အခန်းငယ်လေးတစ်ခုထဲ ခေါ်သွားပြီး၊ ကျွန်မကို ကတိခံဝန်ချက်သုံးမျိုး အတင်းအကျပ် လက်မှတ်ထိုးခိုင်းဖို့ လူသတ်သမားနှစ်ယောက်ကို ခိုင်းတယ်။ ကျွန်မ မထိုးဘူးဆိုရင် စောင့်ကြည့်ကင်မရာမရှိတဲ့ စင်္ကြံတစ်ခုကို ခေါ်သွားပြီး၊ ရိုက်သတ်မယ်၊ ပြီးရင်တော့ ၉၆ပါးရောဂါနဲ့ သေဆုံးသွားတယ်လို့ ပြောမယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်။ ကျွန်မစိတ်ထဲမှာ လွန်ဆွဲနေခဲ့တယ်။ “လက်မှတ်ထိုးလိုက်ရင် ဘုရားသခင်ကို သစ္စာဖောက်ရာကျမယ်၊ မထိုးဘူးဆိုရင်လည်း သူတို့က ကျွန်မကို ညှဉ်းဆဲဖို့ နည်းလမ်းအသစ်တွေ ရှာကြဦးမှာ။ သူတို့ကသာ ငါ့ကို ရိုက်သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ အရင်တုန်းက အကျဉ်းသားတစ်ယောက် ဒီထဲမှာ သေသွားပြီး၊ သူ့အလောင်းကို ခွေးသေကောင်တစ်ကောင်လို ဆွဲထုတ်သွားကြတယ်လို့ အကျဉ်းသားတစ်ယောက် ပြောတာကို ကျွန်မ ကြားဖူးတယ်။ ဒီအကြောင်းကို စဉ်းလိုက်မိရုံနဲ့ကို ကျွန်မ ကြောက်စိတ်တွေနဲ့ ပြည့်သွားတယ်။ တကယ်လို့ ကျွန်မသာ အရိုက်ခံရပြီး သေသွားခဲ့ရင် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးတွေ ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မ တွေးမိတယ်၊ “ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်မထိုးတာက စည်းမျဉ်းစည်းကမ်းတွေကို တရားသေလိုက်နာနေတာများလား။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အပြင်ပန်းအပြုအမူတွေကိုပဲ ကြည့်တာမဟုတ်ဘဲ သူ့ရဲ့စိတ်နှလုံးကို ကြည့်တာလေ။ ငါက ဘုရားသခင်ကို တကယ်သစ္စာဖောက်ချင်တာမှ မဟုတ်တာ။ ဒါက အဆင်းနီတဲ့ နဂါးကြီးကို ကိုယ်တွယ်ဖြေရှင်းဖို့ ဉာဏ်ပညာသုံးနေတာပဲ” လို့ပေါ့။ ဒါနဲ့ ကျွန်မ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးလိုက်တယ်။ ဒါပေမဲ့ လက်မှတ်ထိုးလိုက်တဲ့အချိန်မှာပဲ ကျွန်မစိတ်နှလုံးက အမှောင်တွေနဲ့ ပြည့်သွားတယ်။ ဒါတောင်မှ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး နှစ်သိမ့်နေခဲ့တယ်၊ “ငါက ဘုရားသခင်ကို တကယ်သစ္စာဖောက်နေတာ မဟုတ်ပါဘူး၊ အဆင်းနီတဲ့ နဂါးကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ ဉာဏ်ပညာသုံးနေတာပဲ” လို့ပေါ့။ ကျွန်မ သူတို့ကိုတောင် ပြောလိုက်သေးတယ်၊ “ကျွန်မ ဒါကို တကယ်လက်မှတ်ထိုးနေတာ မဟုတ်ပါဘူး။ ရှင်တို့အလုပ်ကို ပူးပေါင်းဆောင်ရွက်ပေးရုံသက်သက်ပါ” လို့ပေါ့။
၂၀၁၆ ခုနှစ်၊ ဇွန်လမှာ ကျွန်မ ထောင်ကလွတ်လာတယ်။ နောက်ပိုင်းမှာ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးတဲ့သူတွေဟာ သားရဲရဲ့ တံဆိပ်ကို ရရှိခဲ့ပြီး ငရဲတံခါးကို ဖွင့်လိုက်တာပဲလို့ တရားဒေသနာတစ်ခုမှာ ကျွန်မ ကြားလိုက်ရတယ်။ ကျွန်မ ရုတ်တရက် ကြက်သေသေသွားပြီးတော့ ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်သွားသလိုပဲ။ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးတာက ဘယ်လောက်တောင် ဆိုးရွားပြင်းထန်တယ်၊ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတာပဲဆိုတာကို နောက်ဆုံးတော့ ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးနောက်မှာ ကျွန်မရဲ့ ယုံကြည်ခြင်းခရီးကို သစ္စာဖောက်မှုနဲ့ အဆုံးသတ်လိုက်ရလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မစိတ်ထဲက နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့မှုက စကားလုံးတွေနဲ့ ဖော်ပြလို့မရဘူး။ အရမ်းကို ပြင်းပြင်းထန်ထန် ခံစားရလို့ အဲဒါတွေအားလုံးကိ အဆုံးသတ်ဖို့ အဆောက်အအုံပေါ်ကနေ ခုန်ချပြီး သေလိုက်ဖို့တောင် ကျွန်မ တွေးမိခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိသည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားချင့်ချိန်နေရင်းနဲ့ ကျွန်မနှလုံးသားထဲကို ဓားနဲ့ထိုးလိုက်သလို နာကျင်ခံစားလိုက်ရတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားတာကို သည်းမခံဘူး၊ ဘုရားသခင်ကို သစ္စာဖောက်တဲ့ ဘယ်သူမဆို ကိုယ်တော်ရဲ့ သနားကရုဏာကို ဘယ်တော့မှ ထပ်ရတော့မှာ မဟုတ်ဘူး။ ကျွန်မက ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတော့၊ ကျွန်မရဲ့ ယုံကြည်ခြင်းလမ်းကြောင်းက အဆုံးသတ်သွားပြီ၊ ဘုရားသခင်က ကျွန်မလိုလူမျိုးကို ကယ်တင်တော့မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။ ကျွန်မ ကျူးလွန်ခဲ့တဲ့ ဒုစရိုက်အမှုကို စဉ်းစားမိတော့ ကျွန်မရဲ့စိတ်နှလုံးက မခံမရပ်နိုင်အောင် နာကျင်ပြီးတော့၊ ကိုယ့်ပြစ်မှားခြင်းကို ပြန်ပေးဆပ်ဖို့ ထောင်ထဲကို နောက်တစ်ခေါက် ပြန်ဝင်ချင်စိတ်တောင် ပေါက်မိတယ်။ အဲဒီအချိန်တုန်းက ကျွန်မက လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပါပဲ။ နေ့ရက်တိုင်းကိုတွေတွေဝေဝေနဲ့ပဲ ဖြတ်သန်းခဲ့ပြီး၊ ဘုရားသခင်ဆီ ဆုတောင်းဖို့တောင် မျက်နှာမပြရဲခဲ့ဘူး။
တစ်နေ့မှာ အရင်က ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ညီအစ်ကိုတစ်ယောက်ကို ဘုရားအိမ်တော်က ထုတ်လုပ်တဲ့ ရုပ်ရှင်တစ်ခုထဲမှာ တွေ့လိုက်တော့၊ ကျွန်မ ပိုပြီးတော့တောင် စိတ်ဆင်းရဲပြီး အပြစ်ရှိသလို ခံစားလိုက်ရတယ်။ ကျွန်မတို့နှစ်ယောက်လုံး ဘုရားသခင်ကို ယုံကြည်ကြပေမဲ့ သူကတော့ ကိုယ်တော့်အတွက် သက်သေခံဖို့ သူ့တာဝန်ကို ထမ်းဆောင်နေတယ်။ ကျွန်မကတော့ ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ်ပေးခံရတော့မဲ့သူ ဖြစ်နေတယ်။ အရင်တုန်းက သမ္မာတရားကို မလိုက်စားခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးမုန်းတီးမိတယ်၊ သေသင့်ပြီး အသက်ရှင်ဖို့တောင် မထိုက်တန်ဘူးလို့ ခံစားခဲ့ရတယ်။ ဖြစ်သလိုပဲ တစ်ရက်ချင်း ရှင်သန်သွားပြီး တစ်နေ့နေ့မှာ သေသွားခဲ့ရင်တောင် အဲဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်မှုပဲလို့ တွေးခဲ့တယ်။ ညဘက်မှာ ကျွန်မ အိပ်ယာပေါ်မှာ ဟိုဘက်ဒီဘက်လှိမ့်ရင်းနဲ့ အိပ်မပျော်နိုင်ခဲ့ဘူး၊ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေ စိတ်ထဲကို ရောက်လာတယ်။ “လူတို့သည် ငါ့ကို ပုန်ကန်ကြသောအခါ၊ ငါသည် ၎င်းတို့အား ၎င်းတို့၏ ပုန်ကန်မှုအတွင်းမှ ငါ့ကိုသိစေ၏။ လူသားမျိုးနွယ်၏ သဘာဝဟောင်းအရနှင့် ငါ၏ သနားကရုဏာအရ၊ လူသားများကို သေခြင်းသို့ ပို့ခြင်းထက်၊ ငါသည် ၎င်းတို့အား နောင်တရကာ အသစ်စခွင့်ပြု၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၄)) “သင်၏ ကံကြမ္မာသည် အမှန်တကယ် မပြောင်းလဲနိုင်ပါ ဆိုသည်မှာ ဖြစ်နိုင်ပါမည်လော။ ယင်းကဲ့သို့သော နောင်တရခြင်းများနှင့် သင်တို့ သေဆုံးလိုပါသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာ) ဘုရားသခင်က ကျွန်မကို စွန့်ပစ်မထားသေးဘူးဆိုတာရယ်၊ ကိုယ်တော့်ဆီကို ကျွန်မ နောင်တရလာဖို့ မျှော်လင့်ရင်းနဲ့ ကျွန်မကို ဆက်ပြီး ခေါ်ဖို့ သူ့ရဲ့နှုတ်ကပတ်တော်တွေကို သုံးနေတုန်းပဲဆိုတာရယ်ကို ကျွန်မ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတယ်။ ဘုရားသခင်ရဲ့ ကြင်နာတဲ့ နှုတ်ကပတ်တော်တွေက နွေးထွေးတဲ့ ရေစီးကြောင်းလေးတစ်ခုလို ခံစားလိုက်ရပြီး ကျွန်မစိတ်နှလုံးကို နွေးထွေးမှုတွေနဲ့ ပြည့်စေခဲ့တယ်။ ဘုရားသခင်က ကျွန်မကို အပျက်သဘောဆောင်ခြင်းနဲ့ နားလည်မှုလွဲမှားခြင်းတွေထဲမှာ မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လက်လျှော့အရှုံးပေးနေတာကို မမြင်ချင်ခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို ရှုံးနိမ့်မှုကနေ ပြန်ထပြီး ကျွန်မရဲ့ ကျဆုံးမှုရဲ့ အရင်းခံအကြောင်းရင်းကို ပြန်သုံးသပ်စေချင်ခဲ့တယ်။ နိနေဝေမြို့သားတွေရဲ့ နောင်တက ကိုယ်တော့်ရဲ့ သနားကရုဏာကို ရရှိခဲ့တယ်လို့ ဘုရားသခင်ပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ ဘုရားသခင်က ကျွန်မကိုလည်း နောင်တရပြီး အစအသစ်ပြန်လုပ်ကာ ယုံကြည်ခြင်းလမ်းကြောင်းကို ပြန်လျှောက်လှမ်းစေချင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းကို ကျွန်မ ခံစားလိုက်ရပြီး ကျွန်မစိတ်နှလုံးက ကိုယ်တော့်အပေါ် ကျေးဇူးတင်စိတ်တွေနဲ့ ပြည့်လျှံသွားတယ်။ ဒါနဲ့ ကျွန်မ ဒူးထောက်ပြီး ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီး ကိုယ်တော့်ကို သစ္စာဖောက်ပြီး ကိုယ်တော့်စိတ်နှလုံးကို နာကျင်စေခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တော်က သမီးကို ကယ်တင်ဖို့ လက်မလျှော့သေးဘဲ နောင်တရဖို့ အခွင့်အရေးကို ပေးနေတုန်းပါပဲ။ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ အို ဘုရားသခင်၊ သမီး နောင်တရလိုစိတ်ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိရှိနိုင်ဖို့ သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သိကျွမ်းမှုတချို့ ရလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဒုက္ခဆင်းရဲ၏ ပတ်ချာ ဝိုင်းခံရသော သူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်၊ သို့သော် အမှန်တကယ် သိမ်းပိုက်ခံရပြီးဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသူတို့သည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများ ကင်းမဲ့လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ သက်သေခံချက်များတွင် ကျရှုံးခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးတွင် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာမည့်သူများ ဖြစ်သည်။ ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများသည် ယနေ့တွင် ကပ်ပါးရပ်ပါးလုပ်နိုင်ကြသေးသော်လည်း၊ မည်သူမျှ နောက်ဆုံးသော ဒုက္ခဆင်းရဲကို မလွှတ်မြောက်နိုင်သကဲ့သို့၊ မည်သူကမျှ နောက်ဆုံးသော စမ်းသပ်ခြင်းကို မလွှတ်မြောက်နိုင်ပေ။ အောင်နိုင်သည့် သူများအတွက် ထိုသို့သော ဆင်းရဲဒုက္ခသည် ကြီးမားသည့် စစ်ဆေးခြင်း ဖြစ်သည်။ သို့သော်လည်း ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများအတွက်၊ ယင်းသည် လုံးဝ ဖယ်ရှားရှင်းလင်းခြင်း အလုပ် ဖြစ်သည်။ ၎င်းတို့မည်မျှ စစ်ကြောခံရစေကာမူ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကို သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားချင့်ချိန်ရင်းနဲ့ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့သူတစ်ယောက် ဖြစ်ခဲ့မှန်း ကျွန်မ သဘောပေါက်သွားတယ်။ လူသတ်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတော့၊ ကျွန်မသာ အသတ်ခံလိုက်ရရင် ကယ်တင်ခြင်းခံရတော့မှာ မဟုတ်ဘူးဆိုပြီး ကြောက်သွားတယ်၊ ဒါနဲ့ပဲ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်လိုက်တယ်။ ပုံမှန်ဆိုရင်တော့ တခြားဘယ်သူတွေ ဘုရားကို သစ္စာဖောက်ဖောက် ကျွန်မကတော့ သစ္စာဖောက်မှာမဟုတ်ဘူးလို့ ပါးစပ်ကပြောတတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်တဲ့သူတစ်ယောက်လို့တောင် ထင်ခဲ့တာ။ ဒါပေမဲ့ ကိုယ့်အသက်အန္တရာယ်နဲ့ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကိုယ့်အသက်တစ်ချောင်းအတွက်ပဲ ကယ်တင်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့တယ်။ ကျွန်မမှာ ဘယ်လိုလုပ် လူ့သဘာဝရှိတော့မှာလဲ။ ဘယ်လိုလုပ် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တယ်လို့ ပြောနိုင်မှာလဲ။ အဆင်းနီသော နဂါးကြီးရဲ့ ညှဉ်းဆဲမှုတွေကြားမှာ၊ ဘုရားသခင်အတွက် သက်သေခံဖို့ ဆင်းရဲဒုက္ခအားလုံးကို ခံနိုင်ရည်ရှိတဲ့သူတွေသာလျှင် လူ့သဘာဝရှိတဲ့သူတွေဖြစ်ပြီး၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တဲ့သူတွေ ဖြစ်ကြတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ကို ယုံကြည်သူတွေထဲက တစ်ယောက်ဖြစ်လာဖို့ ဘုရားသခင် ကျွန်မအပေါ် ကျေးဇူးပြုခဲ့ပုံကို ပြန်စဉ်းစားမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုတော့ လူသားတွေ စာတန်ကြောင့် ဘယ်လိုဖောက်ပြန်ပျက်စီးခဲ့ရသလဲဆိုတဲ့ သမ္မာတရားကိုရော၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကိုပါ ကျွန်မ နားလည်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် သမ္မာတရားတချို့ကို နားလည်ပြီး အမှုအရာအများကြီးကို ထိုးထွင်းသိမြင်ခဲ့တယ်၊ ထောင်ထဲမှာ အခက်ခဲဆုံးနဲ့ အနာကျင်ရဆုံးနေ့ရက်တွေကို ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့တာကလည်း ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ ဘုရားသခင်ဆီကနေ ကျွန်မ အများကြီးရရှိခဲ့ပေမဲ့၊ ကိုယ်တော်က ကျွန်မကို သက်သေခံစေချင်တဲ့အချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ကိုယ်တော့်ကို သစ္စာဖောက်ခဲ့တယ်။ ကျွန်မဟာ ဒီလောက်ကြီးမားတဲ့ သစ္စာဖောက်မှုကို ကျူးလွန်ခဲ့တာ၊ တကယ်ကို ကျိန်ခြင်းခံထိုက်တဲ့သူပါပဲ။ အဲဒီအချိန်မှာတော့ ကျွန်မရဲ့ နှစ်ပေါင်းများစွာ ယုံကြည်ခြင်းသက်တမ်းမှာ သမ္မာတရားနဲ့ အသက်ကို လုံးဝမရရှိခဲ့မှန်း နောက်ဆုံးတော့ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက အသက်မရှိတဲ့ ဖွဲနုသက်သက်ပဲ၊ ဒီတော့ ဘယ်လိုလုပ်ပြီး မလဲကျဘဲ နေနိုင်မှာလဲ။ ဒီအချက်တွေကို သဘောပေါက်သွားတော့ ကျွန်မမှာ တိုးတက်ဖို့ ကြိုးစားချင်တဲ့ ဆန္ဒဖြစ်လာပြီး အပျက်သဘောမဆန်တော့ဘူး၊ နောင်တရဖို့ ဘုရားသခင်ဆီကို ခဏခဏ ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ အဆုံးသတ်က ဘယ်လိုပဲဖြစ်ပါစေ၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားဖို့ ကြိုးစားလိုစိတ်ရှိခဲ့တယ်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မ စာပေဆိုင်ရာ တာဝန်တွေကို ယူခဲ့ရတယ်၊ ကျွန်မ အရမ်းကျေးဇူးတင်ပြီးတော့၊ အရင်က ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ပေးဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်ခဲ့တယ်။ တာဝန်ထမ်းဆောင်နေရင်းနဲ့ ကိုယ်ကျူးလွန်ခဲ့တဲ့ သစ္စာဖောက်မှုကို ပြန်စဉ်းစားမိတိုင်း၊ ကျွန်မရဲ့စိတ်နှလုံးက နာကျင်ရတယ်၊ ဒါက ကျွန်မစိတ်နှလုံးထဲမှာ စိုက်ဝင်နေတဲ့ ဆူးတစ်ချောင်းလိုပဲ၊ ကျွန်မကို အရမ်းနာကျင်ပြီး အပြစ်ရှိသလို ခံစားရစေတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်၊ “ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးတုန်းက ရဲတွေကို ကိုင်တွယ်ဖို့ ဉာဏ်ပညာသုံးနေတာလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ ဘုရားသခင်က ဒါကို ဘယ်လိုမြင်လဲ” လို့ပေါ့။ အဲဒီအခါ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၃) ကျွန်မက စာတန်ရှေ့မှာ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို ငြင်းပယ်၊ သစ္စာဖောက်ခဲ့တဲ့အတွက်၊ ဘုရားသခင်ကလည်း ကျွန်မကို သူ့ကိုယုံကြည်တဲ့သူတစ်ယောက်အဖြစ် အသိအမှတ်မပြုဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ “ဉာဏ်ပညာ” ဆိုတာက သမ္မာတရားရှေ့မှာ အရာမထင်ဘဲ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ လှည့်စားနေတာသက်သက်ပဲလေ။ ဉာဏ်ပညာဆိုတာ ဘုရားသခင်ဆီကလာတဲ့ အပြုသဘောဆောင်တဲ့အရာဖြစ်ပြီး၊ အဲဒါကို အသုံးပြုခြင်းဟာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် “ဉာဏ်ပညာ” ကို သုံးခဲ့တယ်၊ သူ့ရဲ့သဘာဝကိုက ဘုရားသခင်ကို သစ္စာဖောက်ခြင်းပဲ။ လူတွေရှေ့မှာ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံရတယ်၊ ဘုရားသခင်က လူတွေ သူ့ကိုသစ္စာဖောက်တာကို ရွံရှာတယ်။ ဘုရားသခင်အလိုရှိတာက လူတွေဟာ စာတန်ရှေ့မှာ ကိုယ်တော့်အတွက် သက်သေခံဖို့၊ ကိုယ်တော့်နာမတော်ကို အမြဲတမ်းစွဲကိုင်ထားပြီး ကိုယ်တော့်ကို ဘယ်တော့မှ မငြင်းပယ်ဖို့ပဲ။ ဒါပေမဲ့ ကျွန်မပြောတဲ့ “ဉာဏ်ပညာ” ဆိုတာကတော့ ကိုယ့်အသက်တစ်ချောင်းအတွက် ကြည့်ပြီး သိက္ခာမဲ့တဲ့ဘဝနဲ့ ရှင်သန်နေထိုင်ဖို့အတွက် အကြောင်းပြချက်တစ်ခုသက်သက်ပါပဲ။ ဒီအချက်တွေကို သဘောပေါက်သွားတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးမုန်းတီးမိတယ်၊ ပြီးတော့ စိတ်ထဲမှာ တိတ်တိတ်လေး သန္နိဋ္ဌာန်ချလိုက်တယ်၊ နောင်မှာ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရင် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ်၊ ကိုယ့်အသက်တစ်ချောင်းအတွက်ပဲ ကြည့်ပြီး ဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ပေါ့။
နောက်ပိုင်းမှာလည်း စိတ်ထဲမှာ ဆင်ခြင်မိတယ်၊ “ငါ ဘာလို့ ရှုံးနိမ့်ခဲ့ရတာလဲ။ ညီအစ်ကိုမောင်နှမတချို့က ဘာလို့ ဆိုးရွားတဲ့ ညှဉ်းဆဲမှုကို ခံနိုင်ရည်ရှိပြီး သေတဲ့အထိတောင် ဘုရားသခင်ကို သစ္စာမဖောက်ဘဲ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ကြတာလဲ၊ ငါကတော့ ဘာလို့ ဘုရားကို သစ္စာဖောက်ခဲ့ရတာလဲ။ ငါ့ရဲ့ရှုံးနိမ့်မှုရဲ့ အရင်းခံက ဘာလဲ” လို့ပေါ့။ ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မက ကိုယ့်အသက်ကို အရမ်းတန်ဖိုးထားလွန်းတယ်ဆိုတာ သဘောပေါက်သွားတယ်။ သေမှာကြောက်လို့ ဘုရားသခင်ကို သစ္စာဖောက်ပြီး ကျွန်မရဲ့သက်သေခံချက်ကို ဆုံးရှုံးခဲ့ရတာပဲ။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရပြီး သေခြင်းကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံရသောကြောင့် ပြစ်တင်ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းနှင့် အသေသတ်ခြင်းတို့ကို ခံခဲ့ရသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး ဖြစ်ချင်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ကာ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤအရာနှင့်ပတ်သက်၍ ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ချိဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက ယင်းကို မလွဲမသွေ တာဝန်ရှိသည့်အရာတစ်ခုအဖြစ် သင် လက်ခံသင့်ကြောင်းကို သင်နားလည်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်နှလုံးကို တို့ထိခဲ့တယ်။ သခင်ယေရှုနောက်ကို လိုက်ခဲ့တဲ့ တပည့်တော်တွေဟာ သခင့်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ချိခဲ့လို့ နည်းလမ်းအမျိုးမျိုးနဲ့ မာတုရအဖြစ် အသေခံခဲ့ကြရတယ်၊ သူတို့ရဲ့သေခြင်းက ဒီဆိုးယုတ်တဲ့မျိုးဆက်ကို တရားစီရင်ခြင်းတစ်ခုဖြစ်ခဲ့ပြီး သူတို့ဟာ ကိုယ့်အသက်ကို အရင်းပြုပြီး ဘုရားသခင်အတွက် သက်သေခံခဲ့ကြတယ်။ ဒါဟာ စာတန်အတွက် အကြီးမားဆုံးသော အရှက်ရစေခြင်းပဲ။ သူတို့ဟာ သူတို့ရဲ့တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းခဲ့ကြတယ်၊ စစ်မှန်တဲ့ ဖန်ဆင်းခံတွေဖြစ်ခဲ့ကြပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ကြရတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေ သေဆုံးသွားပေမဲ့ သူတို့ရဲ့စိတ်ဝိညာဉ်တွေကတော့ ဘုရားသခင်ဆီကို ပြန်သွားခဲ့တယ်။ ကိုယ့်အသက်တစ်ချောင်းအတွက်ပဲကြည့်ပြီး သေမှာကိုကြောက်တဲ့သူတွေကတော့ အသက်ရှင်နေရင်တောင်မှ အသက်မရှိတဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေလိုပါပဲ၊ သေပြီးတဲ့နောက်မှာလည်း ထာဝရအပြစ်ဒဏ်ပေးခြင်းကို ဆက်ပြီးခံကြရဦးမှာပဲ။ သခင်ယေရှုပြောခဲ့သလိုပဲ။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) သေခြင်းတရားရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပုံကို ကျွန်မ ပြန်တွေးကြည့်တိုင်း၊ အပြစ်ရှိတယ်လို့ ခံစားရပြီး နှလုံးသားက နာကျင်ရတယ်၊ ကျွန်မရဲ့ စိတ်ဝိညာဉ်က အရမ်းကို ညှဉ်းပန်းခံခဲ့ရတယ်။ ဒီနာကျင်မှုက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခထက် အများကြီး ပိုဆိုးတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာရှိပြီး၊ အဆင်းနီသော နဂါးကြီးက ကျွန်မရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဆုံးဖြတ်ပေးလို့မရဘူးဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ တစ်နေ့နေ့မှာ ကျွန်မသာ အဆင်းနီသော နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရင်တောင် အဲဒါက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ဖြစ်မှာဖြစ်ပြီး ကိုယ်တော် ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်လိမ့်မယ်။ ကျွန်မဟာ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းနဲ့ စီမံခန့်ခွဲမှုတွေကို ကျိုးနွံနာခံသင့်တယ်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သေရခြင်းက အဓိပ္ပာယ်ရှိတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလရဲ့ ညတစ်ညမှာ၊ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ကျွန်မ လက်ခံရရှိခဲ့တယ်၊ အရင်က ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးခဲ့တဲ့သူတွေကို စုံစမ်းစစ်ဆေးတော့မယ်လို့ ပြောတယ်။ စာကိုမြင်တော့ ကျွန်မ မှင်တက်သွားပြီး၊ ကိုယ် ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးခဲ့တာကို ပြန်စဉ်းစားမိတယ်။ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်မှာ ဒီလိုပြောထားတာကို တွေ့ပြီးတဲ့နောက်မှာပေါ့။ “‘ကတိခံဝန်ချက်သုံးမျိုး’ ကို လက်မှတ်ထိုးသူတို့သည် ဗုံးကို ဖောက်ခွဲပြီး မိမိတို့ကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့သူများ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ကျွန်မ တကယ်ကို ဇာတ်သိမ်းပြီ၊ ကျွန်မရဲ့ ယုံကြည်ခြင်းအသက်တာက ဒီမှာပဲ ပြီးဆုံးသွားပြီလို့ ခံစားလိုက်ရတယ်။ ကျွန်မ မျှော်လင့်ချက်မဲ့သွားတယ်။ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်တော့ ကျွန်မဟာ ငရဲနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရကိန်းရှိသူဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ ဘုရားအိမ်တော်က ကျွန်မကို ဘယ်လိုပဲကိုင်တွယ်ပါစေ ဒါက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားခဲ့ရတယ်၊ သေရင်တောင် ကိုယ့်အပြစ်နဲ့ကိုယ် ခံရတာပဲလို့ပေါ့။ အဲဒီညက အလုပ်ထဲက ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မမှာ စိတ်အင်အားမရှိခဲ့ဘူး။ ဘာခွန်အားမှ မရှိတော့ဘူး၊ တစ်ညလုံး စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ နောက်ရက်တွေမှာတော့ စားမဝင် အိပ်မပျော်နဲ့၊ ကိုယ့်ပြစ်မှားခြင်းကို စဉ်းစားမိတိုင်းမှာ ကောင်းမွန်တဲ့ အဆုံးသတ် ဒါမှမဟုတ် ပန်းတိုင်မရှိတော့ဘူးလို့ ခံစားရတယ်။ ကျွန်မမှာ တော်တော်ကို အထီးကျန်ဝမ်းနည်းနေမိပြီး ဘာကိုမှ လုပ်ဖို့ စိတ်မရှိတော့ဘူး။ အသင်းတော်က ကျွန်မကို ရှင်းလင်းပစ်လိုက်ပြီဆိုတဲ့ အကြောင်းကြားစာကိုပဲ စောင့်နေခဲ့တယ်။ ကျွန်မရဲ့ နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေကြားမှာ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ ဉာဏ်ပွင့်စေပြီး လမ်းပြပေးပါလို့ တောင်းလျှောက်ခဲ့တယ်။
နောက်တစ်နေ့မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့လိုက်ရပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်မှုတချို့ ရလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအများစုသည် ပြစ်မှားခြင်းအချို့ရှိကြပြီး နာမည်အချို့ပျက်ကြလေသည်။ ဥပမာ လူအချို့သည် ဘုရားသခင်ကို အာခံပြီး ပြစ်မှားစော်ကားသောအရာများကို ပြောဆိုကြပြီးဖြစ်သည်။ လူအချို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို ငြင်းဆန်ခဲ့ကြပြီး ၎င်းတို့တာဝန်ကို မထမ်းဆောင်ကြဘဲ ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရပြီးဖြစ်သည်။ လူအချို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ လူအချို့သည် အဖမ်းခံရသည့်အခါတွင် ‘စာသုံးစောင်’ကို လက်မှတ်ထိုးခြင်းအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ခိုးယူခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခဲ့ကြသည်။ အချို့မှာ အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်ခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိခိုက်နစ်နာစေကြသည်။ အချို့မှာ အုပ်စုများဖွဲ့ပြီး အခြားလူများကို ကြမ်းတမ်းစွာ ကိုင်တွယ်ကြကာ အသင်းတော်ကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့ကြသည်။ အချို့မှာ အယူအဆများနှင့် သေခြင်းကို ဖြန့်ကြပြီး ညီအစ်ကိုမောင်နှမများကို နစ်နာစေခဲ့ကြသည်။ အချို့မှာ မကောင်းသောမေထုန်နှင့် လူတကာနှင့် မေထုန်မှီဝဲကြကာ ဆိုးဝါးသော ဩဇာလွှမ်းမိုးမှုတစ်ခု ဖြစ်နေခဲ့သည်။ လူတိုင်းက ပြစ်မှားမှုများနှင့် စွန်းထင်းမှုများရှိသည်ဟု ဆိုရန် လုံလောက်သည်။ သို့တိုင်အောင် လူအချို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး နောင်တရနိုင်သည်။ အခြားလူများက သမ္မာတရားကို လက်မခံနိုင်ဘဲ နောင်တရမည့်အစား သေသာသေလိုက်ကြမည်ဖြစ်သည်။ ထို့ကြောင့် လူတို့ကို ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူတို့နှင့်အညီ ဆက်ဆံသင့်သည်။ နောင်တရနိုင်သောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်ကို နောင်တမရနိုင်သူများအတွက်မူ ရှင်းလင်းပစ်ပြီး နှင်ထုတ်သင့်သည့်သူများကို ရှင်းလင်းပစ်သင့်ပြီး နှင်ထုတ်လိမ့်မည်။ အချို့သောလူတို့သည် ဆိုးယုတ်သည်။ အချို့က မသိနားမလည်ကြပေ။ အချို့ကမူ မိုက်မဲကြပြီး အချို့မှာ လူ့တိရစ္ဆာန်များ ဖြစ်သည်။ လူတိုင်း ကွဲပြားခြားနားကြသည်။ ဆိုးယုတ်သော လူအချို့သည် နတ်ဆိုးဝင်ပူးခြင်းခံရစဉ် အခြားသောလူများမှာမူ စာတန်နှင့် နတ်ဆိုးများ၏ လက်ပါးစေများဖြစ်သည်။ အချို့သည် သဘာဝအားဖြင့် အထူးတလည် ဒုက္ခပေးမည့် လက္ခဏာရှိစဉ် အချို့မှာမူ အထူးသဖြင့် လှည့်စားတတ်ကြသည်။ အချို့သည် ငွေနှင့်ပတ်သက်လာလျှင် အထူးသဖြင့် လောဘကြီးကြပြီး အခြားသောလူများမှာမူ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံရခြင်းကို ခုံမင်နှစ်သက်ကြသည်။ လူတိုင်း၏ အပြုအမူသည် ကွဲပြားခြားနားသောကြောင့် လူများအားလုံးကို ၎င်းတို့၏ သဘာဝများဖြင့်လည်းကောင်း၊ ၎င်းတို့၏ တစ်သမတ်တည်းသော အပြုအမူများဖြင့်လည်းကောင်း ပြည့်စုံကျယ်ပြန့်စွာ ရှုမြင်သင့်သည်။...လူအသီးသီးကို ဘုရားသခင်၏ ကိုင်တွယ်ခြင်းသည် ထိုအချိန်က ထိုလူ၏ အခြေအနေများနှင့် နောက်ခံအခြေအနေတို့နှင့်ပတ်သက်သော တကယ့်အခြေအနေများတွင် အခြေခံထားသည့်အပြင် ထိုသူ၏ လုပ်ရပ်များနှင့် အပြုအမူ၊ ပြီးလျှင် ၎င်း၏ သဘာဝ အနှစ်သာရတို့တွင်လည်း အခြေခံထားသည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားသဖြင့် ဆက်ဆံလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား၏ ဘက်တစ်ဖက် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားချင့်ချိန်ရင်းနဲ့ ကျွန်မ အရမ်းကို စိတ်ထိခိုက်ခံစားရတယ်။ ဘုရားအိမ်တော်က လူတွေကို စည်းမျဉ်းတွေအတိုင်း ကိုင်တွယ်တယ်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားမှာ ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသရှိသလို မေတ္တာကျေးဇူးတော်နဲ့ သနားကရုဏာလည်း ရှိတယ်။ ကျွန်မက ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ပြစ်မှုစော်ကားမှုကို ကျူးလွန်ခဲ့တယ်၊ ဒါက ဒီဘဝရော နောင်ဘဝမှာပါ ခွင့်လွှတ်လို့မရတဲ့အရာပဲ။ ဘုရားသခင်ကို သစ္စာဖောက်ပြီးတဲ့နောက်မှာ ကျွန်မရဲ့စိတ်နှလုံးက မှောင်မိုက်သွားပြီး နာကျင်မှုရဲ့ ညှဉ်းပန်းခြင်းထဲမှာ နစ်မွန်းတဲ့အပြင် လမ်းလျှောက်နေတဲ့ အလောင်းကောင်လို အသက်ရှင်ခဲ့ရတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်မှုပဲ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို စွန့်ပစ်မထားခဲ့ပါဘူး၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မကို ဉာဏ်ပွင့်စေပြီး လမ်းပြခဲ့တယ်၊ အပျက်သဘောနဲ့ နားလည်မှုလွဲမှားခြင်းတွေထဲကနေ လွတ်မြောက်စေခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားထဲမှာ ကိုယ်တော့်ရဲ့ သနားကရုဏာနဲ့ ကယ်တင်ခြင်းလည်း ရှိတယ်ဆိုတာကို ကျွန်မ ခံစားခဲ့ရတယ်။ ဘုရားသခင်က လူတွေရဲ့ အဆုံးသတ်ကို သူတို့ရဲ့လုပ်ဆောင်ချက်တွေရဲ့ နောက်ခံအခြေအနေ၊ သူတို့ရဲ့ သဘာဝ အနှစ်သာရ၊ တစ်သမတ်တည်းရှိတဲ့ အပြုအမူ၊ ပြီးတော့ သူတို့မှာ အမှန်တကယ် နောင်တရခြင်း ရှိမရှိအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်တယ်။ ကျွန်မ အဖမ်းခံရပြီး ညှဉ်းဆဲခံခဲ့ရတုန်းက၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရလို့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းသွားတဲ့အချိန်မှာ ဘုရားသခင်ကို သစ္စာဖောက်ခဲ့တာကို ပြန်စဉ်းစားမိတယ်၊ အဲဒီနောက်မှာတော့ ကျွန်မ နောင်တနဲ့ အပြစ်ရှိတဲ့စိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ အသင်းတော်က ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့နဲ့ နောင်တရှိတာကို မြင်ပြီး၊ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မဟာ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အဆက်မပြတ် အစွမ်းကုန်လုပ်ခဲ့တယ်။ ဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးခဲ့တဲ့သူတွေထဲက၊ ရှင်းလင်းပစ်တာခံခဲ့ရတဲ့သူတွေကတော့ သူတို့ရဲ့တာဝန်တွေမှာ တစ်သမတ်တည်း ညံ့ဖျင်းစွာလုပ်ဆောင်ခဲ့ကြပြီး ဘုရားသခင်ကို သစ္စာဖောက်ပြီးတဲ့နောက်မှာလည်း အမှန်တကယ် နောင်တမရခဲ့ကြဘူး၊ သူတို့ရဲ့တာဝန်တွေကိုလည်း ကောင်းကောင်းမွန်မွန် မထမ်းဆောင်ခဲ့ကြဘူး။ ဒီလိုလူမျိုးတွေဟာ ဘုရားသခင်က ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတဲ့သူတွေပဲ။ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးတဲ့သူတွေဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး သေလောက်တဲ့အပြစ်ကို ကျူးလွန်ကြတယ်လို့ ဘုရားသခင်က ပြောခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က လူတွေကို သူတို့ရဲ့ သဘာဝ အနှစ်သာရနဲ့ နောင်တရခြင်းအပေါ်မှာ အခြေခံပြီး ဆက်ဆံတယ်။ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်တွေကိုသုံးပြီး ကျွန်မကို တရားစီရင်ပြီး ပြစ်တင်ဆုံးမခဲ့တယ်၊ ဒါက ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးခြင်းရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို နားလည်စေခဲ့တယ်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ ပုန်ကန်ပြစ်မှားတာကို သည်းမခံဘူးဆိုတာကို သိရှိစေခဲ့တယ်၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးကို မွေးမြူစေခဲ့ပြီး အမှန်တကယ် နောင်တရစေခဲ့တယ်။ ဒါက ဘုရားသခင်ပြောခဲ့တဲ့ ဒီစကားတွေကို ကျွန်မ အပြည့်အဝ တွေ့ကြုံခံစားစေခဲ့တယ်။ “ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့သည် မနည်းပါးပေ၊ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂))
အဲဒီနောက်မှာ ကျွန်မရဲ့ အခြေအနေနဲ့ အတိအကျ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကို ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှု မရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကို ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်တို့နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားသခင်က ကျွန်မရဲ့ အခြေအနေမှန်ကို ဖော်ထုတ်ခဲ့တယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်မက ကောင်းချီးမင်္ဂလာတွေကို လိုက်စားတာကို ရပ်လိုက်ပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ကောင်းချီးမင်္ဂလာရဖို့ လိုအင်ဆန္ဒက ကျွန်မနှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ဝှက်ထားခဲ့တာ၊ အချက်အလက်တွေနဲ့ ထုတ်ဖော်မခံရရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ပြောင်းလဲသွားပြီလို့ ထင်နေဦးမှာပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်ရဲ့ သနားကရုဏာကြောင့် အသင်းတော်မှာ ကျွန်မ တာဝန်တွေ ထမ်းဆောင်နေခဲ့ရတယ်၊ ဒါကြောင့် ဘုရားသခင်က ကျွန်မကို ခွင့်လွှတ်လိုက်ပြီထင်တယ်ဆိုတဲ့ မမှန်ကန်တဲ့ မျှော်လင့်ချက်ကို ဆက်ပြီး စွဲကိုင်ထားခဲ့တယ်။ ကျွန်မရဲ့တာဝန်တွေမှာ ဒုက္ခခံပြီး အဖိုးအခပေးခဲ့တယ်၊ တာဝန်ကို ဇွဲရှိရှိထမ်းဆောင်နိုင်ဖို့ နာမကျန်းဖြစ်တာကိုတောင် ခံနိုင်ရည်ရှိခဲ့တယ်၊ ဒါကြောင့် ကျွန်မက ဘုရားသခင်အပေါ် သစ္စာရှိပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးတဲ့သူတွေရဲ့ အဆုံးသတ်က ငရဲလို့ မြင်လိုက်ရတဲ့အခါမှာတော့၊ ကျွန်မ ကြက်သေသေသွားတယ်၊ ကောင်းချီးမင်္ဂလာရဖို့ ကျွန်မရဲ့မျှော်လင့်ချက်တွေ လုံးဝပျက်စီးသွားတာကို မြင်တော့၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ လိုအင်ဆန္ဒ ပျောက်သွားပြီး အသင်းတော်အလုပ်ကိုတောင် လှည့်မကြည့်ချင်တော့ဘူး။ အချက်အလက်တွေနဲ့ ရင်ဆိုင်ရတော့မှပဲ ကျွန်မက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတုန်းပဲဆိုတာကိုရော၊ ကျွန်မရဲ့တာဝန်မှာ ဒုက္ခခံခဲ့တာတွေအားလုံးက ကောင်းချီးမင်္ဂလာတွေအတွက်ပဲဖြစ်တယ်ဆိုတာကိုပါ ကျွန်မ မြင်ခဲ့ရတယ်။ ကောင်းချီးမင်္ဂလာရလိုတဲ့ ကျွန်မရဲ့ရည်ရွယ်ချက်က ဘယ်လောက်တောင် အမြစ်တွယ်နေသလဲဆိုတာကို ကျွန်မ တွေ့လိုက်ရတယ်။ ကိုယ်တော်ရဲ့ ထုတ်ဖော်မှုအတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ခဲ့တယ်၊ ဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် သိစေခဲ့ပြီး သမ္မာတရားကို လိုက်စားဖို့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်မှုကိုလည်း လှုံ့ဆော်ပေးခဲ့တယ်။ အဲဒီနောက်မှာ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ဆီ အပ်နှံဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ ဘုရားသခင်က ကျွန်မကို ဘယ်လိုပဲဆက်ဆံပါစေ ကျွန်မလုပ်ရမှာက ကျိုးနွံနာခံပြီးတော့၊ ကျွန်မထမ်းဆောင်သင့်တဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ပဲဆိုတာကို ကျွန်မ သိခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ကြည့်ရင် သမီးဟာ ဖယ်ရှားခံရသင့်တာ ကြာပါပြီ။ ဒီနှစ်တွေအတွင်းမှာ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေးခြင်းနဲ့ ထောက်ပံ့ပေးခြင်းကို အခမဲ့ အများကြီး ခံစားခဲ့ရပြီး တော်တော်များများကိုလည်း ရရှိခဲ့ပါတယ်။ အခု ကိုယ်တော်က သမီးကို နှင်ထုတ်ရင်တောင် ကိုယ်တော့်ကို ကျေးဇူးတင်နေဦးမှာပါ။ ဘုရားသခင်။ သမီး ကိုယ်တော့်နောက်ကို ထာဝရလိုက်ချင်ပါတယ်၊ ကောင်းချီးမင်္ဂလာတွေကိုလည်း လိုအင်ဆန္ဒ မရှိတော့ပါဘူး” လို့ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ငါသည် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ ရရှိဖို့ရန် မတောင်းဆို။ ငါ တောင်းဆိုသမျှမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ငါ လျှောက်သင့်သည့် လမ်းကြောင့်ကို ငါ လျှောက်နိုင်ဖို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်နေရင်းနဲ့ ကျွန်မရဲ့မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျလာတယ်။ ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်အပေါ် ကျေးဇူးတင်စိတ်တွေနဲ့ ပြည့်လျှံသွားပြီး ကျွန်မရဲ့စိတ်ဝိညာဉ်က အရင်ကနဲ့မတူဘဲ လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။
တစ်နေ့မှာ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ကျွန်မ လက်ခံရရှိခဲ့တယ်။ ကျွန်မ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးခဲ့တဲ့ နောက်ခံအခြေအနေနဲ့၊ ယုံကြည်ခြင်းထဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်သမတ်တည်းရှိတဲ့ အပြုအမူတွေကို ထည့်သွင်းစဉ်းစားပြီး၊ သူတို့က ကျွန်မကို နောင်တရဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်၊ ပြီးတော့ စိတ်အေးချမ်းသာစွာနဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ပြောခဲ့တယ်။ စာကို လက်ခံရရှိလိုက်တဲ့အခိုက်အတန့်မှာပဲ ကျွန်မ အရမ်းကို စိတ်ထိခိုက်ခံစားလိုက်ရတယ်။ လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ တရားစီရင်ခြင်းနဲ့ ကယ်တင်ခြင်းဖြစ်ပြီး၊ ဒါတွေအားလုံးက ကျွန်မကို သမ္မာတရားကို လိုက်စားတဲ့ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်စေဖို့ပဲဆိုတာကို ကျွန်မ ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ ဘုရားသခင်အပေါ် ကျွန်မရဲ့ နားလည်မှုလွဲမှားခြင်းတွေအားလုံး ပြေပျောက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ လှည့်ဖြားတတ်မှုနဲ့ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို နားမလည်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်၊ ပြီးတော့ ကိုယ်တော်က ကျွန်မအပေါ်မှာ ကိုယ်တော့်ရဲ့ နှလုံးသွေးနဲ့ရင်းပြီး ဘယ်လောက်တောင် ကြီးမားတဲ့ အဖိုးအခပေးခဲ့သလဲဆိုတာကို ပိုပြီးတော့တောင် သဘောပေါက်လာခဲ့တယ်။ အဲဒီအခါ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သူ၏ရှုတ်ချ၊ ပြစ်တင်၊ တရားစီရင်၊ ဆုံးမခြင်းများသည်သင့်ကိုယ်သင်သိနိုင်ဖို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်၏) ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အရင်က အကြိမ်တော်တော်များများ ဖတ်ခဲ့ဖူးပေမဲ့ တကယ်ကို နားမလည်ခဲ့ဘူး။ အခု ဒီအတွေ့အကြုံပြီးတဲ့နောက်မှာတော့ ဘုရားသခင်လုပ်ဆောင်တဲ့အရာတွေမှာ လူတွေအပေါ် မုန်းတီးမှုတစ်စက်မှ မပါဘူးဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင် ဘယ်လိုပဲအမှုပြုပါစေ၊ ပြစ်တင်ရှုတ်ချခြင်း ဒါမှမဟုတ် ကျိန်ဆဲခြင်းတွေ ပါဝင်ရင်တောင်မှ၊ ဒါဟာ လူတွေကို သန့်စင်စေဖို့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ ချုပ်တည်းမှုနဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်စေဖို့၊ ပြီးတော့ လူတွေကို စာတန်ရဲ့ အာဏာအောက်ကနေ ကယ်တင်ဖို့ပဲ ဖြစ်တယ်။ လူတွေအပေါ်မှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ခြင်းဟာ သူတို့အတွက် အကြီးမားဆုံးသော ကယ်တင်ခြင်းပါပဲ။ ကျွန်မဟာ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို ပြည့်မီအောင် ကြိုးစားလိုစိတ်ရှိပါတယ်။ ကျွန်မရဲ့ အဆုံးသတ်က ဘယ်လိုပဲဖြစ်ပါစေ၊ ဖန်ဆင်းရှင်အတွက် အလုပ်လုပ်ပေးနိုင်ရုံသက်သက်ပဲဆိုရင်တောင် စိတ်လိုလက်ရနဲ့ ကျေနပ်မိပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
စုန်းယိ နယ်သာလန်နိုင်ငံဒီနှစ် မတ်လမှာ ခေါင်းဆောင်ပိုင်းတာဝန်တစ်ခုကို ကျွန်မ ယူခဲ့တယ်။ ကြီးကြပ်သူနဲ့ ကျွန်မ တွေ့တဲ့အခါမှာ တချို့...
ထင်ထင် တရုတ်နိုင်ငံ ကျွန်မငယ်ငယ်ကတည်းက ခေါင်းကိုက်လေ့ရှိတယ်။ တစ်ခါတလေ အရမ်းနာတာ အိပ်ရာပေါ်မှာပဲ လူးလှိမ့်နေရတယ်။...
ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...
ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...