မြေငလျင်လှုပ်ပြီးနောက်
ဂျိန်း ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ အသင်းတော်က ရေလောင်းခြင်းအလုပ်ကို တာဝန်ယူဖို့ လီယန်နဲ့ ကျွန်မကို အတူအလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မတို့နှစ်ယောက်လုံးက ဒီတာဝန်ကို အခုမှစပြီးထမ်းဆောင်တာဖြစ်လို့ အလုပ်နဲ့ အကျွမ်းတဝင် မရှိသေးတဲ့အတွက် ခေါင်းဆောင်တွေက ချန်လုကို ကျွန်မတို့ကို ကူညီပေးခိုင်းခဲ့တယ်။ ချန်လုက ကျွန်မတို့ကို အလုပ်အကြောင်း မိတ်ဆက်ပေးခဲ့တယ်။ အသင်းတော်တိုင်းက ရေလောင်းသူတွေရဲ့ အခြေအနေကို ကျွန်မတို့ နားလည်ရမယ်၊ ရေလောင်းခြင်းအလုပ်ရဲ့ တိုးတက်မှုကို ခဏခဏ ပြန်စစ်ကြည့်ရမယ်၊ ရေလောင်းသူတွေနဲ့ လူသစ်တွေရဲ့ အခက်အခဲ၊ ပြဿနာတွေကို ဖြေရှင်းပေးရမယ်၊ အစွမ်းအစကောင်းတဲ့ လူသစ်တွေကို ရေလောင်းခြင်းနဲ့ ပျိုးထောင်ခြင်းအပေါ် အာရုံစိုက်ရမယ်၊ ပြီးတော့ စုဝေးပွဲပုံမှန်မတက်တဲ့ လူသစ်တွေကို ချက်ချင်းထောက်ပံ့ကူညီပေးရမယ်လို့ သူက ပြောပြတယ်။ ဒါတင်မကသေးဘူး၊ ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေ တိုးတက်လာအောင် ရူပါရုံနဲ့ပတ်သက်တဲ့ သမ္မာတရားတွေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားဖို့ လိုသေးတယ်တဲ့။ ဒါကိုကြားပြီးတဲ့နောက် ကျွန်မ စဉ်းစားမိတယ်။ “ကျွမ်းကျင်ပိုင်နိုင်ဖို့ အလုပ်တွေက ဒီလောက်များပြီး အသေးစိတ်လည်း လိုက်လုပ်ရဦးမယ်ဆိုတော့ အချိန်ကုန် လူပန်းဖြစ်မှာ သေချာတယ်” လို့ပေါ့။ ကျွန်မ စိတ်နှလုံးထဲမှာ ဖိအားဖြစ်သလို ခံစားရတယ်။ ဒါပေမဲ့ အသင်းတော်က ကျွန်မကို ဒီလောက်အရေးကြီးတဲ့ တာဝန်တစ်ခု ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တာကို ကျွန်မ တွေးမိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ချီးမြှောက်ခြင်းပဲလေ၊ ပြီးတော့ ကျွန်မ အရမ်းကျေးဇူးတင်မိတယ်။ ကိုယ်တော့်ကို စိတ်ပျက်အောင်လုပ်လို့ မဖြစ်ဘူး။ အလုပ်လုပ်ရာမှာ ဘုရားသခင်ကို ကျွန်မ အားကိုးရမယ်ပေါ့။
ကျွန်မက အလုပ်နဲ့ အကျွမ်းတဝင် မရှိသေးဘဲ အလုပ်နဲ့ပတ်သက်ပြီး အစစအရာရာ အသေးစိတ် နားလည်ဖို့ လိုအပ်တော့ တစ်ခါတလေ ညဉ့်နက်တဲ့အထိ မအိပ်ရပေမဲ့လည်း အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ဒီတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အချိန်တွေ၊ အားထုတ်မှုတွေ အများကြီးလိုတယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ်။ လူသစ်တွေမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိတဲ့အခါ ဒါတွေကို ချက်ချင်း ဖြေရှင်းပေးဖို့ လိုအပ်တယ်။ ပြီးတော့ ပုံမှန်မစုဝေးတဲ့ လူသစ်တွေကို ချက်ချင်း ထောက်ပံ့ပေးရဲ့လား၊ လူသစ်တွေရဲ့ အစွမ်းအစနဲ့ နားလည်နိုင်စွမ်းက ဘယ်လိုရှိလဲ၊ လူသစ်တွေကို ပျိုးထောင်ပေးတာက ဘယ်လိုဆက်သွားနေလဲ ဆိုတာမျိုး ကိစ္စတွေကို အသေးစိတ် လိုက်စစ်ဆေးပြီး နားလည်ဖို့ လိုအပ်တယ်။ ဒီအလုပ်တွေကို ကောင်းကောင်းပြီးမြောက်ဖို့အတွက် လီယန်နဲ့ ကျွန်မ ရက်ဆက်ဆိုသလို မိုးလင်းမိုးချုပ် အလုပ်လုပ်ခဲ့ကြတယ်။ ကျွန်မ ခေါင်းက မကြည်မလင်နဲ့ လေးလံနေသလို ခံစားရပြီး ခေါင်းနည်းနည်းကိုက်လာတော့ စိတ်နှလုံးထဲမှာ နည်းနည်း အတိုက်အခံလုပ်ချင်စိတ် ဖြစ်လာတယ်။ “ဒီတာဝန်ကို ထမ်းဆောင်ရတာက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းရုံတင်မကဘူး၊ လူပါ ပင်ပန်းနွမ်းနယ်စေတယ်။ ဒီတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ဆိုတာ တကယ်ကို မလွယ်တာပဲ။ အရင်တုန်းကဆို ငါက အသင်းတော်မှာ လူတွေကို ရေလောင်းပေးရုံပဲ၊ အလုပ်ကို ကြီးကြပ်ဖို့ တာဝန်မရှိခဲ့ဘူး။ ဒီလောက်ကြီးလည်း စိတ်ပူစရာမလိုဘဲ ကိုယ့်အတွက် အားလပ်ချိန်လည်း ရှိသေးတယ်။ အတော်လေးကို ပေါ့ပေါ့ပါးပါးပဲ။ ဒါပေမဲ့ အခုတော့ အသင်းတော်အများကြီးမှာ ရေလောင်းခြင်းအလုပ်အတွက် ငါ တာဝန်ရှိနေပြီ၊ အရင်ကထက် အများကြီး ပိုပြီးတော့ စိတ်ပူပန်ရသလို ပင်ပန်းရတယ်” လို့ပေါ့။ ဒီလိုတွေးလေလေ ဖိနှိပ်ခံရသလို ခံစားရလေလေပဲ။ ဒီတာဝန်ကို ဆက်မထမ်းဆောင်ချင်တော့ဘဲ ရေလောင်းသူပဲ ပြန်လုပ်ချင်စိတ် ပေါက်လာတယ်။ ကိုယ့်တာဝန်ကို ခေါင်းရှောင်ဖို့ စပြီး စဉ်းစားလာတာပေါ့။ စိတ်ထဲမှာ တွက်ကြည့်လိုက်တယ်၊ “ငါ့အစွမ်းအစက ညံ့လို့ ဒီအလုပ်ကို မလုပ်နိုင်ဘူးလို့ပဲ ပြောလိုက်မယ်။ ငါ ဒီတာဝန်ကို ထမ်းဆောင်တာမှ မကြာသေးတာ၊ တာဝန်ယူထားတဲ့ အလုပ်ကလည်း နည်းသေးတော့ တာဝန်ပြောင်းပြီးရင် အလုပ်လွှဲပေးရတာ ပိုလွယ်မှာပဲ။ အလုပ်အားလုံးကိုသာ ငါ တာဝန်ယူလိုက်ရင် တာဝန်ပြောင်းဖို့ အဆိုပြုရတာ ငါ့အတွက် ပိုခက်သွားလိမ့်မယ်” လို့ပေါ့။ ဒါကြောင့် ကျွန်မဟာ အရင်ကလို ကိုယ့်တာဝန်ကို လုံ့လဝီရိယနဲ့ မထမ်းဆောင်တော့ဘူး။ လူသစ်တွေကို ရေလောင်းတဲ့ တိုးတက်မှုကို လိုက်ကြည့်တဲ့နေရာမှာ နှေးနေပြီး ခေါင်းဆောင်တွေက ကျွန်မက အလုပ်မှာ တွင်တွင်ကျယ်ကျယ်မရှိဘူး၊ ဒီတာဝန်ကို မနိုင်နင်းဘူးလို့ ထင်လာအောင် တမင်တကာပဲ အချိန်ဆွဲပြီးတော့ အလုပ်တွေကို နှောင့်နှေးအောင်လုပ်ခဲ့တယ်။ အဲဒီလိုဆိုရင် ကျွန်မ နုတ်ထွက်စာတင်တဲ့အခါ သူတို့ သဘောတူမှာပဲလေ။ အဲဒီအချိန်တုန်းက ချန်လုက တခြားအသင်းတော်တချို့ရဲ့ အလုပ်ကိုလည်း လိုက်ကြည့်ပေးနေတော့ လီယန်နဲ့ ကျွန်မက ချန်လုကိုင်တွယ်နေတဲ့ တာဝန်တွေကို လွှဲပြောင်းယူနိုင်ဖို့ အခြေအနေကို အမြန်ဆုံး အကျွမ်းတဝင်ဖြစ်အောင် လုပ်ဖို့လိုခဲ့တယ်။ ဒီအသင်းတော်တွေရဲ့ အခြေအနေအကြောင်း ချန်လုက ကျွန်မတို့ကို ပြောပြတဲ့အခါ၊ ကျွန်မသာ အခြေအနေကို သဘောပေါက်သွားပြီး အလုပ်တာဝန်က ကျွန်မဆီ ရောက်လာရင် နုတ်ထွက်ဖို့ ပိုခက်သွားမှာကို စိုးရိမ်မိတယ်။ ဒါကြောင့် အလုပ်များတာကို အကြောင်းပြပြီး အလုပ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် မလုပ်ခဲ့ဘူး။ တစ်ခါတလေတော့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး စဉ်းစားမိတယ်၊ “ဒီအလုပ်တွေကို ငါ အမြန်ဆုံး တာဝန်ယူသင့်တာ။ ဒါပေမဲ့ ငါ ဒုက္ခမခံရအောင်၊ အပင်ပန်းမခံရအောင် အလုပ်ကို အမြန်လွှဲမယူခဲ့တာပဲ။ ဒါက အသင်းတော်အလုပ်ကို ကာကွယ်ရာမရောက်ဘူးလေ။ ဒါပေမဲ့ ဒီအလုပ်တွေနဲ့ ငါ အကျွမ်းတဝင်ဖြစ်သွားရင်လည်း ထွက်လို့မရတော့ဘဲ ငါ့ဇာတိပကတိက ဒုက္ခခံရတော့မှာ။ ဘာပဲဖြစ်ဖြစ်လေ၊ ငါမယူရင်လည်း လီယန်ယူမှာပဲ။ နောက်ပြီး ချန်လုကလည်း ဒါကို အချိန်ပိုင်းအနေနဲ့ လုပ်ပေးနေတုန်းပဲ၊ ဒီတော့ ဒီအလုပ်တွေက လုပ်မယ့်သူမရှိဘဲ ပစ်ထားခံရမှာမျိုး မဟုတ်ပါဘူး” လို့ပေါ့။ ဒီလိုတွေးလိုက်တော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ်လည်း ပျောက်သွားတယ်။ နောက်ပိုင်းမှာ လီယန်နဲ့ ချန်လု အလုပ်ကိစ္စတွေ ဆွေးနွေးတဲ့အခါ ကျွန်မ မပါဝင်ချင်တော့ဘူး။ ကျွန်မက အပြင်လူတစ်ယောက်လိုပဲ။ ရေလောင်းခြင်းအလုပ်မှာ ပြဿနာတွေ ပေါ်လာမှန်း ကျွန်မသိပေမဲ့လည်း အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေ စဉ်းစားဖို့ မကြိုးစားခဲ့ဘူး၊ စိတ်ထဲရှိတာက အမြန်ဆုံး ဘယ်လိုထွက်သွားရမလဲ ဆိုတာပဲ။ ကျွန်မက အဲဒီအသင်းတော်တွေရဲ့ အခြေအနေကို သဘောမပေါက်သေးတဲ့အတွက် အလုပ်အားလုံးက လီယန့်အပေါ်ကိုပဲ ပုံကျသွားတယ်။ သူတစ်ယောက်တည်း အရာရာကို မနိုင်မနင်းဖြစ်ပြီး ဖိအားတွေများလို့ တစ်နေ့လုံး သက်ပြင်းတွေချနေခဲ့တယ်။ လီယန့်ရဲ့ အခြေအနေမကောင်းတာကို မြင်တော့မှ ကျွန်မ အနေရခက်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “လီယန့်ရဲ့ အခြေအနေမကောင်းတာ ငါနဲ့ဆိုင်တယ်။ ငါသာ ဝန်တာကို ထမ်းနိုင်ပြီး တာဝန်ယူစိတ် နည်းနည်းလေးရှိခဲ့ရင် သူတစ်ယောက်တည်း ဒီလောက် အလုပ်များမှာ မဟုတ်ဘူး၊ အလုပ်ရဲ့ရလဒ်တွေလည်း ပိုကောင်းလာမှာပဲ။ အခု ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေက မကောင်းဘူး၊ ပုံမှန်စုဝေးပွဲမတက်တဲ့ လူသစ်တွေကလည်း ပိုပိုပြီး များလာနေတယ်။ အစွမ်းအစရှိတဲ့ လူသစ်တွေကလည်း အချိန်မီ ရေလောင်းပျိုးထောင်တာ မခံရတော့ သူတို့ရဲ့ အသက်ဝင်ရောက်မှုက ဆုံးရှုံးမှုတွေဖြစ်တယ်။ ဒါတွေအားလုံးဟာ ငါကျူးလွန်ခဲ့တဲ့ မကောင်းမှုပဲ” လို့ပေါ့။
အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီးဆင်ခြင်သုံးသပ်မိတယ်၊ ဘာဖြစ်လို့ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဒီလောက်တောင် အတိုက်အခံလုပ်နေခဲ့တာလဲပေါ့။ လူတွေက တာဝန်ထမ်းဆောင်တဲ့အခါ ပေါ့ပါးတဲ့အလုပ်ကိုပဲ အမြဲရွေးပြီး အခက်အခဲကြုံရင် နောက်ဆုတ်တတ်တယ်ဆိုတာ ဘုရားသခင် ဖော်ထုတ်ထားတဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားမိပြီး ရှာဖတ်ကြည့်လိုက်တယ်။ ဘုရားသခင်က ပြောသည် “တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ ပင်ပန်းခြင်း မရှိသောအလုပ်နှင့် အပြင်တွင် ရာသီဥတုဒဏ်ခံရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသော အလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်း ဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ် ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ်သဖြင့် ညည်းညူခြင်း ဖြစ်ပါသည်။) (အစားအစာနှင့် အဝတ်အစားအပြင် ဇာတိပကတိ၏ သာယာမှုများကို စိတ်ရောက်နေခြင်း ဖြစ်ပါသည်။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ အလုပ် လုပ်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဤအလုပ်တာဝန်ကို တာဝန်ယူထမ်းရွက်နိုင်ခြင်း မရှိကြောင်း ပြောဆိုလျက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့် ဖြစ်သည်။...အသင်းတော်၏ အလုပ်သည် မည်မျှပင် များပြားစေကာမူ သို့မဟုတ် ၎င်းတို့၏ တာဝန်များ မည်မျှပင် များပြားစေကာမူ ၎င်းတို့၏ နေ့စဉ်ဘဝ အမူအကျင့်နှင့် သာမန်အနေအထားသည် မည်သည့်အခါမျှ ပျက်ပြားသွားခြင်း မရှိပေ။ ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ ဘဝများ၏ အသေးအဖွဲကိစ္စတစ်ခုခုနှင့်ပတ်သက်လာသောအခါ ၎င်းတို့သည် လုံးဝ မပေါ့ဆကြဘဲ ဤအရာများကို ပြီးပြည့်စုံအောင် စီစဉ်ကြပြီး ဤကိစ္စနှင့်ပတ်သက်၍ အလွန် တင်းကျပ်၍ အလေးအနက်ထားကြသည်။ သို့ရာတွင် ဘုရားသခင်၏ အိမ်တော်အလုပ်နှင့်ပတ်သက်လာသောအခါ ကိစ္စသည် မည်မျှပင် ကြီးမားစေကာမူ၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးနှင့်ပင် သက်ဆိုင်နေစေကာမူ ၎င်းတို့သည် ယင်းကို ပေါ့ပေါ့ဆဆသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ပါဝင်သော ထိုအရာများကိုပင်၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ကိုပင် ဂရုမစိုက်ပေ။ ၎င်းတို့သည် လုံးဝ တာဝန်ယူခြင်းမရှိပေ။ ဤသည်မှာ ဇာတိပကတိ သက်သာမှုများကို မွေ့လျော်ခံစားခြင်း မဟုတ်လော။ ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ အခက်အခဲများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)) ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို ကျွန်မဖတ်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ ပြည့်သွားတယ်။ တာဝန်ထမ်းဆောင်တဲ့အခါ ပေါ့ပါးတဲ့အလုပ်ကိုပဲ အမြဲရွေးတယ်၊ အလုပ်က ပင်ပန်းလာတာနဲ့ တခြားသူတွေကို ပုံချချင်ပြီး ကိုယ်ကတော့ လွယ်တဲ့အလုပ်ပဲ လုပ်ချင်တယ်။ ကိုယ့်အစွမ်းအစက ညံ့တယ်လို့ပြောပြီး အကြောင်းပြချက်တွေတောင် ရှာသေးတယ်။ တကယ်တမ်းမှာ ကျွန်မက သက်သောင့်သက်သာဖြစ်မှုမှာ မွေ့လျော်ချင်ခဲ့တာပါ။ ဘုရားသခင်က ပြောတယ်။ ဒီလိုလူတွေဟာ ဘုရားသခင်အပေါ်မှာ ကျိုးနွံနာခံခြင်း၊ ကြောက်ရွံ့ခြင်း မရှိဘူး၊ ပြီးတော့ သက်သောင့်သက်သာဖြစ်မှုကို မွေ့လျော်ဖို့အတွက် ဘယ်အချိန်မဆို သူတို့တာဝန်ကို စွန့်လွှတ်နိုင်တယ်၊ သူတို့ဟာ တာဝန်ထမ်းဆောင်ဖို့ မထိုက်တန်ဘူး၊ ဖယ်ရှားရှင်းလင်းခံရသင့်တယ်တဲ့။ ကိုယ့်တာဝန်မှာ လုပ်ခဲ့သမျှကို ပြန်စဉ်းစားမိတယ်၊ ခေါင်းဆောင်တွေက ကျွန်မကို ကြီးကြပ်ရေးမှူးအနေနဲ့ စီစဉ်ပေးပြီးနောက်မှာ၊ ကျွန်မက အသင်းတော်အများကြီးအတွက် တာဝန်ယူရတယ်၊ အလုပ်ဝန်ပိတယ်၊ နေ့တိုင်း အလုပ်များတယ်၊ တစ်ခါတလေ ညဉ့်နက်တဲ့အထိ မအိပ်ရဘူး၊ ပြီးတော့ တာဝန်က စိတ်ရောလူပါ အရမ်းပင်ပန်းတယ်ဆိုတာ သိလိုက်ရတာနဲ့ နေ့တိုင်း ဒီလိုတာဝန်ထမ်းဆောင်ရတာ အရမ်းပင်ပန်းခက်ခဲတယ်၊ လူပန်းတယ်လို့ တွေးပြီး ကိုယ့်ဇာတိပကတိ သက်သာဖို့အတွက် နုတ်ထွက်ဖို့ စဉ်းစားခဲ့တယ်။ ဒီတာဝန်က အရမ်းအရေးကြီးမှန်း၊ အလုပ်ကို အမြန်ဆုံး တာဝန်ယူသင့်မှန်း ကျွန်မ ကောင်းကောင်းသိပေမဲ့ အလုပ်တွေ အများကြီး တာဝန်ယူလိုက်ရင် ထွက်သွားလို့မရတော့မှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် တမင်တကာ အချိန်ဆွဲပြီး ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မနုတ်ထွက်စာကို သဘောတူအောင် ကျွန်မအစွမ်းအစက ညံ့တယ်၊ ဒီအလုပ်နဲ့မနိုင်နင်းဘူးဆိုတာကို သူတို့ကို ပြဖို့ကြိုးစားတယ်။ ချန်လုက ကျွန်မတို့ကို အလုပ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် ကူညီပေးနေတဲ့အခါ၊ ကျွန်မ တမင်တကာပဲ အရမ်းအလုပ်များချင်ယောင်ဆောင်ပြီး မပါဝင်ခဲ့ဘူး။ ရလဒ်အနေနဲ့ အလုပ်အားလုံးက လီယန့်အပေါ်ကိုပဲ ပုံကျသွားပြီး သူ့မှာ ဖိအားတွေအရမ်းများပြီး မကောင်းတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ အလုပ်မှာ ပြဿနာတွေ တစ်ခုပြီးတစ်ခုများလာသလို၊ လူသစ်တွေကို ရေလောင်းပေးတဲ့ ရလဒ်တွေကလည်း မကောင်းခဲ့ဘူး။ အသင်းတော်အလုပ်ကို ထိခိုက်ခဲ့တာအားလုံးဟာ ကျွန်မက သက်သောင့်သက်သာဖြစ်မှုမှာ မွေ့လျော်ပြီး ခက်တဲ့အလုပ်တွေကို ရှောင်ဖယ်ရင်း လွယ်တဲ့အလုပ်တွေကိုပဲ ရွေးချယ်ခဲ့လို့ ဖြစ်ရတာပါ။ အရင်ကြီးကြပ်ရေးမှူးနှစ်ယောက်က ရေလောင်းခြင်းအလုပ်ကို နှောင့်နှေးစေခဲ့လို့ ဖြုတ်ချခံခဲ့ရပြီးသား၊ ပြီးတော့ ဒီလိုအရေးကြီးတဲ့ အဆင့်မှာ အသင်းတော်က ကျွန်မကို ဒီတာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တာဟာ ဘုရားသခင်က ကျွန်မကို ချီးမြှောက်တာပဲ။ ကျွန်မဟာ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပြီး အသင်းတော်အလုပ်ကို ကာကွယ်ခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မမှာ အသိတရား လုံးဝမရှိခဲ့ဘူး။ အလုပ်တွေများလာပြီး ဇာတိပကတိက သက်သာခွင့်မရတော့တာနဲ့ ချက်ချင်းပဲ အတိုက်အခံလုပ်ချင်စိတ်ဖြစ်လာပြီး၊ ပိုလွယ်ကူတဲ့ တာဝန်တစ်ခုအတွက် ကိုယ့်ရဲ့တာဝန်ပေးစေခိုင်းချက်ကို စွန့်ပစ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ အလုပ်တွေ နှောင့်နှေးနေတာကို မြင်ရဲ့သားနဲ့ ကျွန်မ မကာကွယ်ခဲ့ဘူး။ ကျွန်မဟာ လှည့်ဖြားတတ်တယ်၊ ဆိုးညစ်တယ်၊ ပြီးတော့ စက်ဆုပ်စရာကောင်းလိုက်တာ။ တကယ်တော့ အလုပ်ကို မလုပ်နိုင်တာမဟုတ်ဘူး။ ပြဿနာက ကျွန်မရဲ့သဘာဝက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်လုပ်နိုင်တဲ့အရာတွေကို မလုပ်ခဲ့တာပဲ။ ဘုရားသခင်အပေါ်မှာ သစ္စာစောင့်သိခြင်း တစ်စက်မှ မပြခဲ့ဘဲ၊ အရေးကြီးတဲ့အချိန်မှာ အသုံးမဝင်ခဲ့ဘူး။ ကျွန်မက တကယ်ကို ဘာမှ အသုံးမကျဘူး၊ တာဝန်တွေ ထမ်းဆောင်ဖို့ မထိုက်တန်ဘူး။ ဒါကို နားလည်သွားတဲ့အခါ၊ ကျွန်မရဲ့စိတ်နှလုံးဟာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်း၊ ပူပန်ခြင်းတွေနဲ့ ပြည့်နှက်သွားပြီး ဇာတိပကတိကို ပုန်ကန်ပြီး ကျိုးနွံနာခံဖို့၊ တာဝန်ကို မရွေးချယ်တော့ဖို့ ကျွန်မကို လမ်းပြပေးဖို့အတွက် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ကိုယ့်ပြဿနာအပေါ် နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ထိုသို့ဖြစ်လျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝအပေါ် ရှုမြင်ပုံမှာ အဘယ်နည်း။ ယင်းကို ဤသို့ ပြော၍ရနိုင်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူ၍ ဖြစ်သည်။ လူများအားလုံးသည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်၊ သာ၍ ရှင်းရှင်းလင်းလင်း ပြောရလျှင် ၎င်းတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့၏ ပါးစပ်များထဲ အစားအစာများ ထည့်ဖို့သာ အသက်ရှင်နေကြ၏။ ဤတည်ရှိမှုသည် တိရစ္ဆာန်များ၏ တည်ရှိမှုနှင့် မည်သို့ ကွာခြားပါသနည်း။ ဤသို့ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိဖို့မဆိုထားနှင့်၊ တန်ဖိုး မည်သို့မျှ မရှိချေ။ မိမိ၏ ဘဝအပေါ် ရှုမြင်ပုံသည် လောကတွင် သင်ရှင်သန်နေထိုင်ဖို့ရန် အမှီပြုသည့်အရာ၊ သင် မည်သည့်အရာအတွက် အသက်ရှင်သည် နှင့် သင် အသက်ရှင်သည့်ပုံတို့အကြောင်း ဖြစ်ပြီး ဤအရာများအားလုံးသည် လူသား သဘာဝ၏ အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်းမှတစ်ဆင့် လူများအားလုံးသည် ဘုရားသခင်ကို ခုခံနေကြကြောင်း သင် တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများသာ ဖြစ်ကြပြီး အမှန်တကယ် ကောင်းသောလူဟူ၍ မရှိပေ။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်း အားဖြင့်သာလျှင် သင်သည် လူ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်သာရတို့ကို အမှန်တကယ် သိရှိနိုင်ပြီး လူတို့ အမှန်တကယ် သက်ဆိုင်သည့်အရာ၊ လူတို့ အမှန်တကယ် ချို့တဲ့သည့်အရာ၊ ၎င်းတို့ ပြင်ဆင်ထားသင့်သည့်အရာနှင့် လူသားပုံသဏ္ဌာန်တစ်ခု၌ မည်သို့ အသက်ရှင်သင့်သည်တို့ကို နားလည်နိုင်ပေသည်။ လူတစ်ဦး၏ သဘာဝကို အမှန်တကယ် စိတ်ဖြာလေ့လာခြင်းသည် မလွယ်ကူသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း သို့မဟုတ် စစ်မှန်သော အတွေ့အကြုံများ ရှိခြင်း မရှိဘဲနှင့် လုပ်ဆောင်၍မရနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မနားလည်သွားတာက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင်အသုံးချပါ” နဲ့ “သေရည်ကို သာယာစွာသောက်ရင်း သီချင်းဆိုပျော်ပါးကြ၊ လူ့ဘဝမှာ အချိန်ဘယ်လောက်များ ရှိလို့လဲ။” ဆိုတဲ့ စာတန်ဆန်တဲ့ နည်းဥပဒေသတွေက ကျွန်မထဲမှာ အမြစ်တွယ်ပြီး ကျွန်မရဲ့သဘာဝဖြစ်လာခဲ့တယ်ဆိုတာပါပဲ။ ဒီအတွေးအခေါ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်မလုပ်သမျှအရာရာမှာ ကိုယ်ကျိုးစီးပွားကို ကျွန်မရဲ့ စည်းမျဉ်းအဖြစ် သတ်မှတ်ခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ ဇာတိပကတိက သက်သောင့်သက်သာ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား ဆိုတာကိုပဲ စဉ်းစားခဲ့တယ်။ ဇာတိပကတိက ဒုက္ခမခံရရင် အဲဒါ ကောင်းချီးပဲလို့ ကျွန်မယုံကြည်ခဲ့တယ်။ ကိုယ့်ဇာတိပကတိအတွက် အကျိုးရှိတဲ့အရာမှန်သမျှကို လုပ်ပြီး၊ အကျိုးမရှိတဲ့အရာဆို ဘာမှမလုပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ နစ်နာအောင်မလုပ်ခဲ့ဘူး။ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူရတဲ့အခါ ကျွန်မရဲ့ဇာတိပကတိက ဒုက္ခခံဖို့ လိုအပ်လာတော့၊ ပင်ပန်းနွမ်းနယ်တာနဲ့ စိတ်ပူပန်ရတာကို မကြိုက်ဘဲ ပိုပေါ့ပါးတဲ့ တာဝန်တစ်ခုကိုပဲ လုပ်ချင်ခဲ့တယ်။ ရေလောင်းခြင်းအလုပ်က ထိခိုက်နေပြီဆိုတာရယ်၊ အလုပ်နဲ့ အမြန်ဆုံး အကျွမ်းတဝင်ဖြစ်အောင်လုပ်ပြီး တာဝန်တွေကို ထမ်းသင့်တယ်ဆိုတာရယ်ကို ကျွန်မ ကောင်းကောင်းသိပေမဲ့၊ တာဝန်တွေလွှဲယူလိုက်ရင် နုတ်ထွက်ဖို့ခက်သွားမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ရေလောင်းခြင်းအလုပ် နှောင့်နှေးနေတာကို ဂရုမစိုက်တဲ့ အပြင်လူတစ်ယောက်လိုပဲ ရပ်ကြည့်နေခဲ့တယ်။ အသင်းတော်က ကျွန်မကို ဒီတာဝန်ကိုထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တာဟာ ဘုရားသခင်က ကျွန်မကို ချီးမြှောက်တာဖြစ်ပေမဲ့ ကျွန်မကတော့ အဲဒါကို ခေါင်းရှောင်ဖို့ပဲ အမြဲစဉ်းစားခဲ့တယ်။ ဒါကြောင့် ရေလောင်းခြင်းအလုပ်မှာ ရလဒ်တွေမကောင်းဘဲ လူသစ်တွေရဲ့ အသက်တာကြီးထွားမှုကို နှောင့်နှေးစေခဲ့တယ်။ ဒါဟာ မကောင်းမှုကိုပြုခြင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဖြစ်ပြီး ကိုယ်တော့်အတွက် စက်ဆုပ်ရွံရှာစရာပါပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်လိုက်ပြီး ဇာတိပကတိ သက်သောင့်သက်သာဖြစ်မှုတွေမှာ အမြဲတမ်း မွေ့လျော်ခံစားတာဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဦးတည်စေတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယနေ့ သင် မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး ယနေ့ သင် ကြံ့ကြံ့ခံနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင် ရုန်းထွက်လွတ်မြောက်ရာ၌ အခက်တွေ့မည့် စုံစမ်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို နောက်တစ်ကြိမ် လုံးဝ မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်) “လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အခြေအမြစ်က သူ၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ ယင်းက ဖြစ်စေလိုသည့်အတိုင်း လုံးလုံးလျားလျား ဖြစ်လာသည့်အခါတွင် သင်၏ဘဝကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်သည်။ ၎င်း၏ အတွင်းထဲတွင် အစဉ်သဖြင့် လွန်ကျူးသော လိုအင်ဆန္ဒများရှိသည်။ ၎င်းသည် ကိုယ့်အတွက်သာ အစဉ်သဖြင့် တွေးသည်။ အခက်အခဲမရှိမှုကို အစဉ်အလိုရှိပြီး သက်သာမှုတွင် မွေ့လျော်လိုသည်။ စိုးရိမ်ကြောင့်ကြမှုနှင့် အရေးတကြီးဖြစ်သည့်စိတ် ကင်းမဲ့ပြီး အချည်းနှီးနေထိုင်မှုတွင် အလေလိုက်နေသည်။ သင်က ၎င်းကို အတိုင်းအတာတစ်ခုအထိ ကျေနပ်စေလျှင် ၎င်းသည် အဆုံး၌ သင့်ကို ဝါးမျိုလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ၎င်းကို ဤအကြိမ်တွင် ကျေနပ်စေလျှင် နောက်တစ်ကြိမ်တွင် ၎င်းကို နောက်တစ်ဖန် ကျေနပ်စေရန် သင့်ကို တောင်းဆိုလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒများနှင့် တောင်းဆိုမှု အသစ်တို့ အစဉ်အမြဲ ရှိပြီး ၎င်းကို ပိုမို ချစ်မြတ်နိုးလာကာ ၎င်း၏ သာယာမှုများထဲ၌သာနေစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏ အလိုဖြည့်ဆည်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မည်သည့်အခါမျှ မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာ ဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏ ပုန်ကန်မှုကို သင်မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သည် ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ကြိုတင်သတ်မှတ်ပေးခဲ့၏။ သို့တိုင်အောင် လက်ရှိတွင် သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး အစစ်အမှန်ဖြင့် ကိုယ့်ဇာတိပကတိကိုယ် ပုန်ကန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင် ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အစဉ်သဖြင့် ဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မရှိဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမရှိဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မမြင်ခဲ့ရတာက ဇာတိပကတိကို အမြဲတန်ဖိုးထားပြီး ဇာတိပကတိရဲ့ သက်သာမှုတွေမှာ မွေ့လျော်နေမယ်ဆိုရင် စာတန်ရဲ့ ဝါးမျိုခြင်းကို တဖြည်းဖြည်း ခံရလိမ့်မယ်ဆိုတာပါပဲ။ အဆုံးမှာတော့ ဒီလိုလူတွေအားလုံးက ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မယ်။ ကျွန်မဟာ အန္တရာယ်ကြီးတစ်ခုထဲ ရောက်နေမှန်း သဘောပေါက်လိုက်တယ်။ ဒီတာဝန်ကို စထမ်းဆောင်ခါစအချိန်ကို ပြန်တွေးမိတယ်။ အဲဒီတုန်းက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားလိုစိတ် နည်းနည်းရှိသေးတယ်၊ အပျက်သဘောဆောင်ပြီး ဝတ်ကျေတမ်းကျေလုပ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် နည်းနည်းခံစားခဲ့ရသေးတယ်။ နောက်ပိုင်းမှာ ဇာတိပကတိထဲ ပိတ်မိနေတဲ့အခါ ဇာတိပကတိရဲ့ ဆင်းရဲဒုက္ခနဲ့ ပင်ပန်းနွမ်းနယ်မှုကို ဘယ်လိုရှောင်ရမလဲဆိုတာကိုပဲ တွေးပြီး တခြားတာဝန်တစ်ခုပြောင်းဖို့ အမြန်ဆုံးနုတ်ထွက်ချင်ခဲ့တယ်။ တမင်တကာပဲ အလုပ်ကို နှေးကွေးအောင်လုပ်ပြီး မနိုင်နင်းချင်ယောင်ဆောင်ခဲ့တယ်။ အလုပ်ကို ကောင်းကောင်းလုပ်လိုက်ရင် တာဝန်ကနေ နုတ်ထွက်လို့မရမှာကို စိုးရိမ်ပြီး နောက်ဆုံးမှာ ဒါကြောင့်ပဲ ရေလောင်းခြင်းအလုပ်မှာ ပြဿနာအမျိုးမျိုးဖြစ်လာပြီး လူသစ်တွေရဲ့ အသက်ဝင်ရောက်မှုဟာ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာခဲ့ရတယ်။ ကျွန်မရဲ့ ဇာတိပကတိကတော့ ကျေနပ်မှုရခဲ့ပေမဲ့၊ အသင်းတော်အလုပ်အတွက် လူအရေးတကြီးလိုအပ်နေတဲ့ အရေးကြီးတဲ့အချိန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးမထားခဲ့ဘဲ၊ ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်တွေကို မထမ်းဆောင်ခဲ့ဘူး။ အဲဒီအစား ထွက်ပြေးဖို့ပဲ စဉ်းစားပြီး ကိုယ့်နောက်မှာ ပြစ်မှားခြင်းတွေကို ချန်ရစ်ခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလိုသဘောထားခြင်းအားဖြင့် ကျွန်မဟာ ဘုရားသခင်ကို သစ္စာဖောက်ခဲ့တယ်။ ကျွန်မ ဘုရားနှတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေနဲ့ ပေါ့ပေါ့ဆဆ သဘောထားတာဟာ အသင်းတော်အလုပ်ကို ထိခိုက်စေတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဒါက ဘုရားသခင်ကို ပြင်းပြင်းထန်ထန် သစ္စာဖောက်တာဖြစ်ပြီး ဘုရားသခင် အမုန်းဆုံးအရာပဲ။ နောက်ဆုံးမှာတော့ ပြစ်တင်ရှုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ သေချာတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ကြောက်ရွံ့လာပြီး ဇာတိပကတိရဲ့ သက်သာမှုကို လိုက်စားခြင်းဟာ ကောင်းချီးမဟုတ်ဘဲ ဘေးဒုက္ခကို ယူဆောင်လာတယ်ဆိုတာရယ်၊ ဇာတိပကတိကို အလေးထားခြင်းဟာ ကိုယ့်အသက်ကို အမှန်တကယ် ဆုံးရှုံးစေနိုင်တယ်ဆိုတာရယ်ကို နောက်ဆုံးတော့ ရှင်းရှင်းလင်းလင်း မြင်သွားခဲ့တယ်။ ကျွန်မသာ နောင်တမရဘဲ ဇာတိပကတိရဲ့ သက်သာမှုတွေကို ဆက်လိုက်စားနေမယ်ဆိုရင် စာတန်လိုပဲ ဘုရားသခင်ရဲ့ ဖျက်ဆီးခြင်းကို ခံရလိမ့်မယ်။ ကျွန်မ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ဆက်အသက်မရှင်နိုင်တော့ဘူး၊ ဇာတိပကတိကို ပုန်ကန်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း လက်တွေ့လုပ်ဆောင်ရမယ်။
ဘုရားသခင်က သူ့ကို ပေးခဲ့တဲ့ တာဝန်ပေးစေခိုင်းချက်အပေါ် နောဧရဲ့ သဘောထားကို ကျွန်မစဉ်းစားမိတော့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ကြည့်လိုက်တယ်။ ဘုရားသခင်က ပြောသည် “သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် အခက်အခဲများနှင့် ပြည့်နှက်နေခဲ့သည်။ လောလောဆယ်တွင် နောဧသည် ပြင်းထန်သောလေ၊ ကျစ်ကျစ်တောက်ပူသည့်နေ၊ သဲကြီးမဲကြီးရွာသော မိုး၊ ပူလောင်လှသော အပူ၊ အေးစက်သော အအေးတို့နှင့် ပြောင်းလဲနေသော ရာသီဥတုလေးခုကို တစ်နှစ်ပြီးတစ်နှစ် မည်သို့ ကျော်ဖြတ်ခဲ့သည်ကို ဘေးဖယ်ထားကြပါစို့။ သင်္ဘောတည်ဆောက်ခြင်းသည် မည်မျှ ဧရာမ ဆောင်ရွက်ချက်ဖြစ်သည်၊ သူ၏ အမျိုးမျိုးသော ပစ္စည်းများ ပြင်ဆင်မှုနှင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း သူရင်ဆိုင်ခဲ့ရသော များပြားလှသော အခက်အခဲများအကြောင်းကို ဦးစွာ ပြောကြပါစို့။...အမျိုးစုံသော ပြဿနာများ၊ ခက်ခဲသော အခြေအနေများနှင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း နောဧသည် နောက်မတွန့်ခဲ့ပေ။ သူ၏ ပို၍ခက်ခဲသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ မကြာခဏ မအောင်မမြင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြုံခဲ့ချိန်တွင်၊ နောဧသည် သူ၏စိတ်နှလုံးထဲတွင် စိတ်ညစ်ပြီး စိုးရိမ်ကြောင့်ကြသော်လည်း ဘုရားသခင်၏ စကားများကို စဉ်းစားမိသောအခါ၊ သူ့အား ဘုရားသခင် မိန့်မှာခဲ့သော စကားလုံးတိုင်းနှင့် သူ့အပေါ် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို သတိရသောအခါ သူသည် မကြာခဏ အလွန်အမင်း စိတ်ဓာတ်တက်ကြွခဲ့ရ၏။ ‘ငါသည် အရှုံးပေး၍မဖြစ်၊ ဘုရားသခင်က ငါလုပ်ဆောင်ရန် မိန့်မှာပြီး တာဝန်ပေးခဲ့သည့် အရာကို စွန့်ပစ်၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းကို ငါ လက်ခံခဲ့သည့်အတွက်၊ ဘုရားသခင်ပြောဆိုခဲ့သော စကားများနှင့် ဘုရားသခင်၏အသံကို ငါကြားခဲ့သည့်အတွက်၊ ပြီးလျှင် ဤအရာကို ဘုရားသခင်ထံမှ ငါလက်ခံခဲ့ရသည့်အတွက် ငါသည် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ယင်းက လူသားတစ်ဦး ကြိုးပမ်းရရှိသင့်သည့်အရာပင် ဖြစ်၏။’ ထို့ကြောင့် သူသည် မည်သည့်အခက်အခဲမျိုးများကို ရင်ဆိုင်ခဲ့သည်ဖြစ်စေ၊ သူသည် မည်သည့်လှောင်ပြောင်သရော်မှုမျိုးကို သို့မဟုတ် အသရေဖျက်ခြင်းမျိုးကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်က မည်မျှခြေကုန်လက်ပန်းကျလာခဲ့သည်ဖြစ်စေ၊ မည်မျှပင်ပန်းလာခဲ့သည်ဖြစ်စေ၊ သူသည် ဘုရားသခင် သူ့အား တာဝန်ပေးထားခဲ့သည့် အရာကို မကျောခိုင်းခဲ့သကဲ့သို့၊ ဘုရားသခင်က ပြောဆိုမိန့်မှာထားခဲ့သည့်အရာ၏ စကားတစ်ခွန်းစီတိုင်းကို စိတ်ထဲ၌ အမြဲတစေ မှတ်သားခဲ့ပေသည်။ သူ၏ပတ်ဝန်းကျင်က အဘယ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ၊ သူရင်ဆိုင်ခဲ့ရသော အခက်အခဲက အဘယ်မျှကြီးမားသည်ဖြစ်စေ၊ သူသည် ဤအရာတစ်ခုမျှ ထာဝစဉ် တည်တံ့မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ စကားများသာလျှင် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်က ပြုလုပ်ရန် မိန့်မှာခဲ့သောအရာသည်သာ သေချာပေါက် ပြီးမြောက်မည် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့သည်။ နောဧသည် သူ၏စိတ်ထဲတွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ရှိသင့်သော ကျိုးနွံနာခံမှုတို့ရှိခဲ့ပြီး ဘုရားသခင်က သူ့အား ဆောက်လုပ်ခိုင်းသော သင်္ဘောကို ဆက်၍ ဆောက်လုပ်ခဲ့ပေသည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ နောဧမှာ ပို၍အိုမင်းလာခဲ့သော်လည်း သူ၏ယုံကြည်ချက်ကမူ ဆုတ်ယုတ်မသွားခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြီးမြောက်ရန်အတွက် သူ၏ သဘောထားနှင့် စိတ်ပိုင်းဖြတ်ခြင်း၌လည်း ပြောင်းလဲမှုမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် မောပန်း၍ ခြေကုန်လက်ပန်းကျကာ ဖျားနာပြီး သူ၏စိတ်နှလုံးထဲတွင် အားနည်းသည့် အချိန်များရှိခဲ့သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြည့်စုံစေခြင်းနှင့် ဘုရားသခင်၏ စကားများကို ကျိုးနွံနာခံခြင်းတို့အပေါ်ထားရှိသော သူ၏ စိတ်ပိုင်းဖြတ်ခြင်းနှင့် ဇွဲလုံ့လမှာ လျော့မသွားခဲ့ပေ။ သင်္ဘောဆောက်လုပ်ခဲ့သည့် နှစ်များအတောအတွင်း၌၊ နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခဲ့ပြီး ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ရန် လိုအပ်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရား တစ်ခုကိုလည်း လက်တွေ့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂)) ဒီကျမ်းပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို ရှက်မိသွားတယ်။ ဘုရားသခင်က နောဧကို သင်္ဘောဆောက်ခိုင်းတဲ့အခါ ဘယ်လောက်ခက်ခဲမယ်ဆိုတာကို နောဧသိခဲ့တယ်၊ သင်္ဘောဆောက်ဖို့အတွက် အပင်ပန်းခံရမှာတွေ၊ အဖိုးအခကြီးကြီးမားမား ပေးဆပ်ရမှာတွေကိုလည်း သူသိခဲ့တယ်။ ဒါပေမဲ့ အခက်အခဲတွေ ဘယ်လောက်ကြီးမားပါစေ၊ နောဧဟာ ကိုယ်ပိုင်ရွေးချယ်မှုမရှိဘဲ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့တယ်။ သူက ကိုယ့်အကျိုးစီးပွားကို မစဉ်းစားဘဲ ရိုးရိုးရှင်းရှင်းပဲ ဘုရားသခင်ကို ကျိုးနွံနာခံတယ်။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း သင်္ဘောဆောက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်ကြာ ဇွဲရှိရှိလုပ်ဆောင်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သင်္ဘောကို ဆောက်လုပ်ပြီးစီးခဲ့တယ်။ နောဧဟာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို အလျှော့အတင်းမရှိဘဲ လက်ခံခဲ့တယ်၊ သစ္စာစောင့်သိပြီး ကျိုးနွံနာခံခဲ့တယ်။ သူ့ရဲ့ လူ့သဘာဝက သိပ်ကို ကောင်းမွန်ခဲ့တာပဲ။ နောဧနဲ့ ယှဉ်လိုက်ရင် ကျွန်မကတော့ လူ့သဘာဝ အရမ်းကို ကင်းမဲ့နေခဲ့တယ်။ အခု ဒီအခက်အခဲလေးကိုတောင် မခံနိုင်ဘဲ ပိုလွယ်တဲ့ တာဝန်တစ်ခုကို ပြောင်းချင်နေရင် ကျွန်မဟာ လူလို့တောင် ခေါ်ဖို့ မထိုက်တန်ဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်းဟူသည့် ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် သင့်ထံတွင် ဝန်ထုပ်ပိုရှိလေ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့် စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့) ဘုရားသခင်ဟာ ကျွန်မကို သမ္မာတရားရရှိပြီး စုံလင်အောင် ပြုခြင်းခံရဖို့အတွက် တာဝန်ထမ်းဆောင်ဖို့ လေ့ကျင့်ဖို့အတွက် အခွင့်အလမ်းကို ကျေးဇူးတော်အနေနဲ့ ချပေးခဲ့တယ်။ ကျွန်မ ဒါကို တန်ဖိုးထားရမယ်။ ရေလောင်းခြင်းအလုပ်ကို ကြီးကြပ်ရတာက အလုပ်များပြီး ပင်ပန်းပေမဲ့ သမ္မာတရားကို ရရှိဖို့နဲ့ ဘုရားသခင်ရဲ့ စုံလင်အောင်ပြုခြင်းကို ခံရဖို့ အခွင့်အရေးတွေလည်း အများကြီးပဲ။ အရင်က ကျွန်မ ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေက ပိုပြီး သက်သောင့်သက်သာရှိခဲ့ပေမဲ့၊ ကျွန်မအပေါ် ကျရောက်တဲ့ ပြဿနာတွေက နည်းတော့ သမ္မာတရားကို ရှာဖွေဖို့ အခွင့်အရေးတွေလည်း နည်းပြီး ကျွန်မရဲ့ အသက်တာကြီးထွားမှုကလည်း နှေးကွေးခဲ့တယ်။ အခုမှ ဘုရားသခင်က လူတွေကို သူတို့ရဲ့ဇာတိပကတိကို ပုန်ကန်ပြီး ဝန်တာပိုထမ်းစေချင်တဲ့အကြောင်းရင်းကို ကျွန်မ နောက်ဆုံးမှာ တွေ့ကြုံခံစားခဲ့ရတယ်။ ဒီအထဲမှာ ဘုရားသခင်ရဲ့ မေတ္တာတွေ အများကြီးပါဝင်နေတယ်။ ကျွန်မရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲလိုက်တဲ့အခါ၊ ကိုယ့်တာဝန်က နည်းနည်းပိုများလာပေမဲ့လည်း ဒုက္ခခံနေရတယ်လို့ မခံစားရတော့ဘဲ၊ စိတ်နှလုံးအကြွင်းမဲ့နဲ့ ဒီတာဝန်ကို ကျိုးနွံနာခံပြီး လက်ခံလိုစိတ်ရှိခဲ့တယ်။ ကျွန်မ တက်တက်ကြွကြွနဲ့ အလုပ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် စလုပ်တယ်၊ ဘယ်လိုလုပ်ရမှန်း မသိတဲ့ဟာမှန်သမျှကို ချန်လုဆီမှာ ကိုယ်တိုင်ပဲ အရင်သွားမေးခဲ့တယ်။ ကျွန်မ နောက်ထပ် အချိန်မဆွဲရဲတော့ဘူး။ ကျွန်မသာ အသင်းတော်တွေမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သဘောမပေါက်သေးခင်မှာ ချန်လုက တခြားတာဝန်တွေသွားထမ်းဆောင်ရင် အလုပ်တွေနှောင့်နှေးသွားမှာကိုစိုးရိမ်ပြီး နောက်ပိုင်းမှာ လီယန်နဲ့ ကျွန်မ ပူးပေါင်းပြီး အလုပ်ကို အချိန်မီ နောက်ဆက်တွဲလိုက်လုပ်ခဲ့တော့ ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေက အရင်ကထက် ပိုကောင်းလာတယ်။ လူသစ်တွေက စုဝေးပွဲတွေကို တက်တက်ကြွကြွတက်ကြပြီး တာဝန်ထမ်းဆောင်ဖို့နဲ့ ဧဝံဂေလိတရားကို ဟောပြောဖို့လည်း ဆန္ဒရှိလာကြတယ်။
အချိန်တစ်ခုကြာတော့ ကျွန်မတို့ အလုပ်နဲ့ အကျွမ်းတဝင်ဖြစ်လာပြီး ခေါင်းဆောင်တွေက ကျွန်မနဲ့ လီယန်ကို အလုပ်ခွဲလုပ်ဖို့ ပြောတယ်၊ တစ်ယောက်က အသင်းတော်နည်းနည်းစီကို တာဝန်ယူရမှာပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် အလုပ်ကို ပိုပြီးအသေးစိတ်ကျကျ လိုက်ကြည့်နိုင်မှာပေါ့။ အလုပ်ခွဲပြီးတဲ့နောက်မှာ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်တွေက ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်မကောင်းဘူးဆိုတာ သတိထားမိတယ်။ ပုံမှန်မစုဝေးတဲ့ လူသစ်တွေကများပြီး ရေလောင်းသူတွေလည်း နည်းတယ်။ လီယန်တာဝန်ယူရတဲ့ အသင်းတော်တွေကတော့ အခြေအနေပိုကောင်းပြီး ရေလောင်းသူတွေလည်းများတော့ သူ့တာဝန်က နည်းနည်းပိုလွယ်တယ်။ ကျွန်မတို့အလုပ်ကိုခွဲပြီးတဲ့နောက်မှာ အသင်းတော်တွေရဲ့ အခြေအနေကို မြင်တော့ ဒီအသင်းတော်တွေကို တာဝန်မယူချင်ခဲ့ဘူး၊ အဲဒါတွေကို တာဝန်ယူလိုက်တာနဲ့ အရင်ကထက် ပိုအလုပ်များပြီး ပိုပင်ပန်းမှာပဲလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ လီယန်က သူ့အသင်းတော်တွေနဲ့ ပိုအကျွမ်းတဝင်ရှိတာရယ်၊ ဒီလိုအလုပ်ခွဲတာက အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ဖို့ ပိုလွယ်ကူစေတယ်ဆိုတာရယ်ကို စဉ်းစားမိတော့ ကျွန်မ ကျိုးနွံနာခံလိုက်တယ်။ နောက်ပိုင်းမှာ ဧဝံဂေလိတရားကို ကြားပြီး ဝင်လာတဲ့လူသစ်တွေ ပိုပိုများလာတော့ အရေးပေါ် ရေလောင်းပေးဖို့ လိုအပ်လာတယ်၊ ဒါပေမဲ့ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်တွေမှာ ရေလောင်းသူတွေက နည်းနေခဲ့တယ်။ ကျွန်မ ပုံမှန်ထက် အချိန်နဲ့အားအင်တွေ အများကြီးပိုသုံးပြီး အလုပ်လုပ်ခဲ့ရတယ်၊ လီယန်က သိပ်အလုပ်မများတာကို မြင်တော့ သူနဲ့ အလုပ်ခွဲလိုက်မိတာကို နောင်တရသွားတယ်။ ဒီအချိန်မှာ ကိုယ့်ဇာတိပကတိကိုပဲ ထပ်ပြီးအလေးထားစိတ် ပြချင်နေမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ ဇာတိပကတိကို တန်ဖိုးထားပြီး အသင်းတော်ရဲ့ အလုပ်ကို အဟန့်အတားဖြစ်စေခဲ့လို့ ကျွန်မနောက်မှာ ပြစ်မှားခြင်းတစ်ခု ချန်ခဲ့ပြီးသားဆိုတာ တွေးမိတယ်။ အတိတ်ကလိုမျိုး ဘုရားသခင်ရဲ့ စိတ်နှလုံးကို ထပ်ပြီး မနာကျင်စေနိုင်တော့ဘူး။ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ၊ ကျွန်မ ဇွဲရှိရှိနဲ့ ဆက်လုပ်ရမယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေ မှန်ကန်သွားတဲ့အခါ အလုပ်လုပ်ဖို့ ယုံကြည်ခြင်းရှိလာတယ်။ အဲဒီနောက်မှာ ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေက နည်းနည်းတိုးတက်လာပြီး အလုပ်လည်း မနှောင့်နှေးတော့ဘူး။ ဇာတိပကတိကို အလေးမထားဘဲ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ ရည်ရွယ်ချက်မှန်ကန်ပြီး လုံ့လဝီရိယနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့ ကောင်းချီးမင်္ဂလာတွေ ရှိပြီး စိတ်နှလုံးထဲမှာလည်း သက်သာရာရပြီး အေးချမ်းတယ်ဆိုတာကို ကျွန်မ တကယ်ပဲ တွေ့ကြုံခံစားခဲ့ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဂျိန်း ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ...
လီချမ်း တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ သြဂုတ်လနောက်ပိုင်းမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရပြီး ရှင်းယန်နဲ့ တွဲလုပ်ရတယ်။...
ကျင့်ခေါက် အမေရိကန်နိုင်ငံ၂၀၂၀ ခုနှစ် နွေရာသီမှာ အစ်မဝမ်နဲ့ ကျွန်မက အဆင့်မီ ဗီဒီယိုတွေကို ဆေးရောင်ခွဲဖို့ အတူလုပ်ကြတယ်။ ကျွန်မက...
လီကျစ် တရုတ်နိုင်ငံ ဒီနှစ် ဧပြီလ တစ်ညနေမှာ ခေါင်းဆောင်က ကျွန်မကို ရုတ်တရက်ပြောတယ်။ ယုံကြည်လာတာ နှစ်ငါးဆယ်ကျော်ရှိတဲ့ အသက်ကြီးတဲ့...