အလွန်အမင်းမြှောက်စားခြင်း၏ အကျိုးရလဒ်

10.04.2022

ဆွန်ယု နယ်သာလန်နိုင်ငံ

၂၀၁၉ခုနှစ်မှာ ကျွန်မက ဝမ်နဲ့အတူအလုပ်လုပ်ရင်း ခေါင်းဆောင်နေရာမှာ လေ့ကျင့်နေခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အပြန်အလှန် ဆက်ဆံရေးလမ်းကြောင်းတစ်လျှောက်မှာ သူက တရုတ်ပြည်မှာ ခေါင်းဆောင်နေရာကနေ နှစ်တော်တော်များများ ထမ်းဆောင်ခဲ့ပြီး မတူတဲ့ ပရောဂျက်တွေအများကြီးကို ကိုင်တွယ်ခဲ့တယ်ဆိုတာ ကျွန်မ သိရတယ်။ နိုင်ငံခြားကို လာပြီးတဲ့နောက်မှာ သူက ခေါင်းဆောင်နေရာကို ချက်ချင်း ရာထူးတိုးခံရပြီး အသင်းတော်တချို့အတွက် တာဝန်ရှိလာတယ်။ သူ့မှာ တော်တော်ကောင်းတဲ့ အစွမ်းအစရှိပြီး စည်းမျဉ်းတွေကို ကောင်းကောင်းနားလည်မှာပဲ၊ သမ္မာတရားကို နားလည်မှာပဲလို့ ကျွန်မ ခံစားမိတယ်။ မဟုတ်ရင် ဒီလိုအရေးကြီးတဲ့ တာဝန်တွေကို သူ ဘယ်လို ကိုင်တွယ်နိုင်မှာလဲပေါ့။ ကျွန်မ သူ့ကို နည်းနည်းမလေးစားဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပြောတယ်။ ငါက လုပ်ရိုးလုပ်စဉ်တွေကိုပဲ သင်ယူနေပြီး စည်းမျဉ်းတွေ တော်တော်များများနဲ့ မရင်းနှီးသေးဘူး။ အမှုကိစ္စတွေအပေါ် ကောင်းကောင်း ထိုးထွင်းသိမြင်တာမရှိဘူး။ ရှုပ်ထွေးတဲ့ပြဿနာတွေကြောင့် ခေါင်းရှုပ်သွားနိုင်ခြေများတယ်။ စည်းမျဉ်းတွေကိုသိတဲ့သူတစ်ယောက်နဲ့ လက်တွဲရတဲ့အတွက် သူ့ဆီကနေ ငါ သင်ယူဖို့ စည်းမျဉ်းတွေကို ငါ အမြန်ဆုံးနားလည်အောင်လုပ်ဖို့၊ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ဖို့ လိုတယ်ပေါ့။

အချိန်ကြာလာတော့ ဝမ်နဲ့အတူလုပ်တဲ့ စုဝေးပွဲတွေမှာ သူက တရုတ်ပြည်မကြီးမှာ ယူခဲ့ရတဲ့ တာဝန်တစ်ခုအကြောင်းကို သူပြောပြတာကို ကျွန်မကြားရတယ်။ အသင်းတော်တချို့က သိပ်အဆင်မပြေဘူး။ အဲဒါနဲ့ ဒီအသင်းတော်တွေအတွက် သူတာဝန်ပေးခံရတယ်။ အစတော့ အလုပ်က ခက်ခဲမယ်လို့ သူ ခံစားရတာကြောင့် မသွားချင်ဘူး။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး ဆုတောင်းပြီးတဲ့နောက်မှာ တာဝန်ကို သူလက်ခံခဲ့တယ်။ ဒီတာဝန်ကို ယူပြီးတဲ့နောက်မှာ တကယ့်အခက်အခဲတချို့ ရှိပေမဲ့ အချိန်ကာလတစ်ခုအထိ ကြိုးစားလုပ်ခဲ့လို့ အသင်းတော်အလုပ်မှာ တိုးတက်လာတယ်ဆိုပဲ။ သူက ဒီလိုပြောပြတာကို ကြားရတော့ သူက အစွမ်းအစကောင်းရှိတယ်၊ တကယ်ကို တာဝန်ယူပြီး ဘုရားအလိုတော်ကို အရေးထားတယ်။ ရပ်တန့်လုနီးပါးဖြစ်နေတဲ့ ပရောဂျက်တွေကို ပြန်ရှင်သန်လာအောင်လုပ်ပေးတယ်ပေါ့။ သူ့မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်၊ ဘုရားရဲ့ လမ်းပြမှုနဲ့ ကောင်းကြီးတွေရှိရမယ်ပေါ့။ သူ့ကို ပိုပြီးတော့တောင် မလေးစားဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မတို့ ဆက်ပြီး ပူးပေါင်းလုပ်ကိုင်ကြတဲ့အခါမှာ သူမိတ်သဟာယဖွဲ့တာကို ကျွန်မ သေသေချာချာ နားထောင်တယ်။ သူက သူ့မိသားစုကို ထားခဲ့တာတွေ၊ သူ့တာဝန်ကိုထမ်းဆောင်ဖို့ ကိုယ်ပိုင်ခံစားချက်တွေကို ဘေးဖယ်တာတွေ၊ သူ့မိသားစုက သူ့ကို ပိတ်ပင်ဖို့ကြိုးစားပုံတွေ၊ စာတန်ရဲ့လှည့်ကွက်တွေကို သူ ကျော်လွှားခဲ့ပြီး သက်သေရပ်တည်ခဲ့ပုံတွေ၊ အန္တိခရစ်တွေကို တစ်ဆင့်ချင်း ရိပ်စားမိခဲ့ပုံတွေ၊ အန္တိခရစ်တွေကို အသင်းတော်ကနေ သူ ထုတ်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ပေးခဲ့ပုံတွေကို သူက ပြောပြတယ်။ အလုပ်မှာ အခက်အခဲဖြစ်နေတဲ့ ခေါင်းဆောင်တွေကို စည်းမျဉ်းတွေ သိလာအောင် ကူညီပေးဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ပံ့ပိုးပေးခဲ့ပုံကိုလည်း သူက ပြောပြတယ်။ သူ့ရဲ့ ဇာတ်ကြောင်းတွေအားလုံးကို နားထောင်ပြီးတော့ ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပေမဲ့ သူက ကျွန်မတို့ သာမန်လူတွေထက်ပိုမြင့်တဲ့ အဆင့်မှာရှိနေတယ်၊ ကိစ္စတွေပေါ်မှာ ကျယ်ပြန့်တဲ့အမြင်ရှိတယ်၊ ကျွန်မတို့က သူ့ရဲ့ခြေဖျားတောင်မမှီဘူးလို့ ခံစားမိတယ်။ သူ့တာဝန်ကို သူဘယ်လိုဆောင်ရွက်တယ်ဆိုတာကို ကျွန်မ တဖြည်းဖြည်းချင်းနဲ့ ဂရုစိုက်ပြီးလေ့လာခဲ့တယ်။ စုဝေးပွဲတွေမှာ သူက လူသားအတွက် ဘုရားရဲ့ချစ်ခြင်းနဲ့ ဘုရားအလိုတော်ကို ထောက်ထားခြင်း၊ ဘုရားနှုတ်ကပတ်တော်၊ ကျွန်မတို့အထဲမှာ ဘုရားက အလုပ်လုပ်ပြီး ကျွန်မတို့ကို ကယ်တင်ပုံ၊ ကျေးဇူးတော်ကို ဘယ်လောက်ထိ ပေးသနားတယ်၊ ဘုရားရဲ့ချစ်ခြင်းကို ကျွန်မတို့ ဘယ်လိုပြန်ပေးဆပ်သင့်တယ်ဆိုတဲ့ မိတ်သဟာယကို စပြောတယ်။ ပြီးရင် သူက လက်တွေ့အလုပ်ကို ဘယ်လိုလုပ်ဆောင်ရမယ်၊ တရုတ်ပြည်မှာတုန်းက သူက တကယ့်အလုပ်ကို ပြီးမြောက်ဖို့၊ ရလဒ်တွေရဖို့ နေရာတိုင်းမှာ သူက ဘယ်လိုစိတ်နှစ်မြှုပ်ခဲ့ပုံကို မိတ်သဟာယဖွဲ့တယ်။ အဲဒါတွေအားလုံးပြီးတဲ့နောက်မှာ နယ်ပယ်တစ်ခုခုမှာ ပြဿနာတွေရှိနေတာကို သူ သတိထားမိရင် သူက အဲဒီခေါင်းဆောင်တွေကို လက်တွေ့အလုပ်ကို မလုပ်တဲ့အတွက် ကိုင်တွယ်ဖြေရှင်းပြီး စိစစ်လေ့လာတယ်။ သူတို့ဟာ လူ့သဘာဝနဲ့ အသိစိတ်ကင်းမဲ့တယ်၊ တာဝန်မသိတတ်သလို၊ ဘုရားအလိုတော်ကို မထောက်ထားလို့ ဘုရားရဲ့လမ်းပြမှုကို သူတို့မရဘဲ ရလဒ်တွေကို မရနိုင်တာဖြစ်တယ်ဆိုတာတွေကို ပြောတယ်။ နောက်တော့ တရုတ်ပြည်က သူ့အလုပ်အကြောင်းကို ပြောပြတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ရဖို့အတွက် ဘုရားသခင်ကို သူ ဘယ်လိုအမှီပြုခဲ့ပြီး ပြဿနာနဲ့ အခက်အခဲအားလုံးကို ဖြေရှင်းတယ်ဆိုတာပေါ့။ အဲဒီခေါင်းဆောင်တွေကို ပြန်သွားပြီး အမှုကိစ္စတွေကို ဖြေရှင်းဖို့အတွက် ဘုရားကို အားကိုးဖို့ သူက ပြောတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ စုဝေးပွဲတွေမှာသူက တကယ်အသေးစိတ်ကျတဲ့မေးခွန်းတွေကို သူတို့ကို စမေးလာတယ်။ တချို့နေရာတွေမှာ သူတို့ရဲ့ ဧဝံဂေလိအလုပ်မှာ အောင်မြင်မှုတွေ ပိုရလာတာကို တွေ့ရတယ်။ ဒီအလုပ်ပုံစံက ကျွန်မအတွက် လုံးဝအသစ်အဆန်းပဲ။ အဆင့်တစ်ခုချင်းစီက နောက်တစ်ခုနဲ့ ဆက်သွယ်နေပြီး တကယ်ကို နည်းစနစ်ကျတယ်။ သူပြောဆို၊ အလုပ်လုပ်ပုံက ပြတ်သားပြီး ယုံကြည်မှုရှိတယ်။ ညီအစ်ကိုမောင်နှမတွေတော်တော်များများက သူ့ကို အရမ်းလေးစားကြတယ်။ သူက ခေါင်းဆောင်အဖြစ် အကြာကြီးထမ်းဆောင်ခဲ့ပြီး အတွေ့အကြုံတွေအများကြီး စုမိလာလို့ ပြဿနာတွေကို ကိုင်တွယ်ပြီး ဖြေရှင်းတဲ့နေရာမှာ ကျွန်မထက်သာတယ်လို့ တွက်ဆမိတယ်။ သူလုပ်တဲ့ပုံစံက တော်တော်မြင့်တဲ့ပုံစံရှိတယ်။ ကျွန်မက ဘယ်အချိန်မှာ သူ့လိုဖြစ်လာနိုင်မလဲ တွေးမိတာပေါ့။ ကျွန်မက သူ့လိုမျိုးပဲ ကိစ္စတွေကို စပြီးလုပ်ရင် ကျွန်မလည်း ရလဒ်ကောင်းတွေ ရလာနိုင်တယ်၊ သူများတွေက ကျွန်မကို အထင်ကြီးလေးစားနိုင်တယ်လို့ တွက်မိတယ်။

အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေနဲ့အတူလုပ်တဲ့ စုဝေးပွဲတွေမှာ ဘုရားအလိုတော်ကို အရေးထားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းပိုဒ်တွေကို ကျွန်မစပြောတယ်။ ဘုရားက ကျွန်မတို့အထဲမှာ ဘယ်လိုအလုပ်လုပ်ပြီး ကျွန်မတို့ကိုကယ်တင်တယ်၊ ဘုရားရဲ့ချစ်ခြင်းကို ကျွန်မတို့ ဘယ်လိုပြန်ပေးဆပ်သင့်တယ်၊ ကိုယ့်တာဝန်တွေမှာ ဘယ်လိုစိတ်နှစ်မြှုပ်ပြီး လက်တွေ့အလုပ်ကိုလုပ်ရမယ်ဆိုတာ မိတ်သဟာယဖွဲ့တယ်။ ဧဝံဂေလိအဖွဲ့က ရလဒ်ကောင်းတွေ မရတဲ့အခါမှာ ဝမ်ရဲ့ စကားပြောပုံကို အတုခိုးပြီး သူတို့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ ရလဒ်တွေကို သူတို့မရတာဟာ သူတို့တာဝန်ကို ဝန်တာမယူတာကြောင့်ဖြစ်တယ်၊ အဲဒီလိုလူမျိုးက ဘာအသိစိတ်၊ လူ့သဘာဝမှမရှိဘူး၊ သူတို့တွေက အစေခံသူတွေပဲလို့ ပြောတယ်။ စုဝေးပွဲတိုင်းမှာ သူတို့ရဲ့ ဧဝံဂေလိအလုပ်ကရတဲ့ ရလဒ်တွေအကြောင်း အသေးစိတ်မေးခွန်းတွေကို မေးတယ်။ ကိစ္စတွေက အဆင်မပြေတဲ့အခါမှာ ကျွန်မက သူတို့ကို အထင်သေးတယ်။ မိတ်သဟာယတွေအများကြီးပြုပြီးတာတောင် ရလဒ်ကောင်းတွေ မရနိုင်ဘူး၊ ဒီတော့ သူတို့က အားမစိုက်နေဘူးလို့ တွေးတယ်။ ပြီးတော့ သူတို့တာဝန်မှာ လက်တွေ့အလုပ်ကို ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုစိတ်နှစ်မြှုပ်ပြီး မပေါ့ဆရဘူးဆိုတာ မိတ်သဟာယပြုတယ်။ ကျွန်မရဲ့ မိတ်သဟာယမှာ ကျွန်မ သူတို့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတောင် သူတို့ရဲ့ စွမ်းဆောင်မှုက မတိုးတက်သေးဘူး။ ကျွန်မ တော်တော် ခေါင်းရှုပ်သွားတယ်။ ဝမ်ရဲ့ ကိုယ်ပိုင် အလုပ်လုပ်တဲ့နည်းလမ်းကို ကျွန်မလိုက်လုပ်တာပဲ။ ဒါဆိုရင် ဘာလို့ ရလဒ်တွေကို မတွေ့ရတာလဲ ပေါ့။ နောက်ပိုင်းမှာ အစ်မတစ်ယောက်က ကျွန်မကို တစ်ခုပြောပြီးတဲ့နောက်မှ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ခဲ့တာပါ။ ကိုယ့်တာဝန်တွေအပေါ် ကျွန်မတို့ ဘယ်လိုခံစားရတယ်ဆိုတာနဲ့ ကျွန်မတို့မှာရှိတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပြောဆိုနေကြတာ။ အဲဒီမှာ သူက ကျွန်မကို ဖွင့်ပြောတယ်။ သူက ကျွန်မနဲ့အတူအလုပ်လုပ်ရာမှာ တော်တော်စိတ်ဖိစီးပြီး ကျဉ်းကျပ်သလိုခံစားရတယ်၊ စုဝေးပွဲတိုင်းမှာ ကျွန်မက အထက်ကနေပြီး သူ့ကိုဆူတယ်၊ ပြီးတဲ့အခါမှာ သူက စိတ်အားတင်းပြီး မသွားချင်သွားချင်နဲ့ လုပ်စရာရှိတာတွေ လုပ်ရတယ်တဲ့။ သူက ကောင်းကောင်းမလုပ်မိရင် ကိုင်တွယ်ဖြေရှင်းခံရမှာကြောက်တယ်၊ အရမ်းဖိအားဖြစ်ပြီးတော့ ကျွန်မနဲ့အတူ စုဝေးပွဲမှာ မနေချင်တော့ဘူး။ သူက ပြောသေးတယ်။ ကျွန်မက ကိုယ့်ဖောက်ပြန်ပျက်စီးမှုနဲ့ အမှားတွေကို သိပ် မမျှဝေဘဲ သူများတွေရဲ့ ပြဿနာအကြောင်းတွေကိုပဲပြောတယ်၊ ဒါကြောင့် လူတွေက ကျွန်မစိတ်နှလုံးကို မမြင်နိုင်ဘဲ ကျွန်မနဲ့ မရင်းနှီးသလိုခံစားကြရတယ်တဲ့။ သူက ကျွန်မကို ဒီလိုပြောရင်းနဲ့ ငိုနေတာ။ ဒီလိုကြားရတာ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မ သူ့အပေါ် တော်တော်ကို မတရားလုပ်မိသလို ခံစားရတယ်။ ကျွန်မတာဝန်ကို ဒီလိုပုံစံနဲ့လုပ်တာက သူများတွေကို အရမ်းကို ထိခိုက်စေမယ်ဆိုတာ မသိခဲ့ဘူး။ ကျွန်မက တာဝန်ကို ကောင်းကောင်းလုပ်ချင်ပြီး ကျွန်မတို့ အလုပ်ရလဒ်တွေကို တိုးတက်ချင်တာသက်သက်ပါ။ အဲဒီအစား ကျွန်မက တာဝန်ကို ကောင်းကောင်းမလုပ်ရုံမက ညီအစ်ကိုမောင်နှမတွေကို စိတ်ကျဉ်းကျပ်အောင် လုပ်နေခဲ့မိတယ်။ ကျွန်မက ဘယ်နေရာမှာ လွဲနေတာလဲပေါ့။ ကျွန်မ ဘုရားရှေ့ကို လာဆုတောင်းပြီး ရှာဖွေတယ်။ ကျွန်မပြဿနာကိုနားလည်အောင် လမ်းပြဖို့ တောင်းလျှောက်တယ်။

ကျွန်မ ဘုရားဝတ်ပြုနေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို တွေ့တယ်။ “အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်အတွက် သင့်လျော်သည့် သက်သေကိုခံခြင်းတွင် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို ဦးဆောင်ရမည်ဆိုလျှင်၊ အရေးကြီးဆုံးမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကာ သမ္မာတရားကို မိတ်သဟာယပြုရင်း အချိန်ကိုပို၍ကုန်ဆုံးစေရာတွင် လူတို့ကို လမ်းပြပေးရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် လူသားကို ကယ်တင်ရာတွင် ဘုရားသခင်၏ ဦးတည်ချက်များနှင့် ဘုရားအမှုတော်၏ ရည်ရွယ်ချက်အပေါ် ပိုမိုလေးနက်သော သိမြင်မှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် လူသားအတွက် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် သမ္မာတရားကို နားလည်ခွင့်ရပေမည်။...သင်သည် လူတို့အား ကိုင်တွယ်ဖြေရှင်းပြီး သြဝါပေးမှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး ယင်း၏ စစ်မှန်မှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် သမ္မာတရားသည် မစစ်မှန်လျှင်၊ အယူဝါဒစကားများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ကိုင်တွယ်ဖြေရှင်းပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ နာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်သို့ ဝင်ရောက်ခြင်းသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ သရုပ်မှန်က ပေါ်ထွက်လာလိမ့်မည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုသည် ဖော်ထုတ်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို မပေးနိုင်လျှင်၊ လူတို့ကို သြဝါဒပေးခြင်းကိုသာ စွမ်းဆောင်နိုင်ပြီး သင်လုပ်ဆောင်သမျှသည် ဒေါသထွက်ခြင်းသာဖြစ်လျှင်— ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာ ထုတ်ဖော်ပြနေခြင်းဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဘုရားသခင်ရွေးချယ်ထားသော သူတို့သည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သင့်ကြောင့် ၎င်းတို့သည် ပစ်ပစ်ခါခါ အငြင်းခံရမည်ဖြစ်ကား ရွံရှာခံရလိမ့်မည်ဖြစ်ပြီး သင့်အား ဖယ်ကြဉ်ကြလိမ့်မည်။...အချို့သောခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်း မရှိကြပေ။ ထိုအစား ၎င်းတို့က အခြားသူများကို ကျိုးကြောင်းမမြင်ဘဲလျက်နှင့် ကိုင်တွယ်ဖြေရှင်းကာ အခြားသူများက ၎င်းတို့ကို ကြောက်လန့်ပြီး နာခံလာရန်အတွက် မိမိတို့၏ သြဇာအာဏာကို ကြွားလုံးထုတ်ကြသည်- ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ လုပ်လေ့လုပ်ထရှိသော နည်းစနစ်များဖြစ်ကြသည်။ မိမိတို့၏ စိတ်သဘောထား မပြောင်းလဲရသေးသည့်သူများသည် ဘုရားသခင်ကို အစေခံပြီး သက်သေခံဖို့ အရည်အချင်း ပြည့်မီရန် မဆိုထားနှင့်၊ ခေါင်းဆောင်နှင့် အမှုတော်ဆောင်များဖြစ်ဖို့ မသင့်တော်ကြပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်”) ဘုရားသခင်ဖော်ပြတဲ့အရာတိုင်းက ကျွန်မနဲ့ လုံးဝကို ကိုက်ညီတယ်။ အတိအကျပဲ။ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲတွေမှာ သူတို့က ရလဒ်တွေမရတာကို ကျွန်မ သတိထားမိတဲ့အခါ သူတို့ရဲ့ တကယ့်အခက်အခဲတွေ၊ ဧဝံဂေလိ ဖြန့်ဝေတဲ့နေရာမှာ အဆင်မပြေတဲ့အကြောင်းအရင်းတွေကို နားလည်ဖို့ မကြိုးစားခဲ့ဘူး။ သူတို့ပြဿနာတွေကို ကူညီဖို့အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ ကျွန်မ အားစိုက်မထုတ်ခဲ့ဘူး။ သူတို့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာပဲလုပ်ခဲ့တယ်။ မောက်မောက်မာမာနဲ့ ဆူခဲ့တယ်။ တာဝန်မယူလို့၊ လူ့သဘာဝကင်းမဲ့လို့ဆိုပြီး သူတို့ကို ဝေဖန်ခဲ့တယ်။ နောက်တော့ ညီအစ်ကိုမောင်နှမတွေက စိတ်ကျဉ်းကျပ်ပြီး ကျွန်မကို ကြောက်လာတယ်။ ရှောင်လာကြတယ်။ ကျွန်မက သူတို့ကို ကူညီဖို့ သမ္မာတရားတွေကို မိတ်သဟာယပြုရမယ့်အစား မောက်မောက်မာမာနဲ့ ဆူခဲ့တယ်၊ စိတ်ဖိစီးစေခဲ့ပြီး ကျွန်မရာထူးကို အသုံးချပြီးဖိနှိပ်ခဲ့တယ်။ ဒီလိုဆက်ဖြစ်နေရင် ကျွန်မက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၊ အန္တိခရစ်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒါက ဘယ်လောက်အရေးကြီးတဲ့ပြဿနာဖြစ်သလဲဆိုတာ ကျွန်မမြင်တဲ့အခါမှာ ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ “ဘုရားသခင် သမီးဟာ အာဏာကို အလွဲသုံးစားလုပ်နေပြီး လူတွေကို ကျိုးကြောင်းမစဉ်းစားဘဲ ကိုင်တွယ်ဖြေရှင်းနေခဲ့ပါတယ်။ သမီးတာဝန်မှာ ကောင်းကောင်းမလုပ်ဘဲ ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေခဲ့ပါတယ်။ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်။ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို တွေ့တယ်။ အဲဒီကနေစပြီး စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှတွေကို သူတို့ရဲ့ အခက်အခဲတွေကို အရင်ဆုံးပြောခိုင်းတယ်။ ပြဿနာတွေကို ကျွန်မ မြင်တဲ့ပုံစံကိုပြောပြပြီး ဘုရားနှုတ်ကပတ်တော်ကိုအခြေခံပြီး မိတ်သဟာယကို မျှဝေတယ်။ ဒီပုံစံနဲ့ဆိုတော့ သူများတွေက စိတ်မကျဉ်းကျပ်တော့ဘဲ အကူအညီနည်းနည်းရကြတယ်။ ဒီပုံစံနဲ့ ခဏကြာတော့ ကျွန်မ တော်တော်ပိုပြီး စိတ်သက်သာရာရလာတယ်။

ဒီသင်ခန်းစာကို ကျွန်မ ကောင်းကောင်းသင်ယူခဲ့ရပြီးပြီလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုဖတ်လိုက်မှ ကျွန်မက ဝမ်ရဲ့အလုပ်လုပ်ပုံတွေကို အတုခိုးရတဲ့အကြောင်းအရင်းနဲ့ ဘုရားအပေါ် ယုံကြည်ခြင်းမှာ လျှောက်နေတဲ့လမ်းကြောင်းကို ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အသင်းတော်တစ်ခုအတွင်းရှိ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဆင့်သည် မည်သို့ရှိပါစေ သင်တို့သည် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိဖို့အလို့ငှာ ၎င်းတို့ကို အစဉ်ကိုးကွယ်ပြီး၊ ၎င်းတို့ကို အစဉ်မျှော်ကြည့်ကာ၊ ၎င်းတို့ကို လေးစားကြည်ညိုပြီး၎င်းတို့အပေါ် မှီခိုပါက၊ ယင်းသည် အချည်းနှီးဖြစ်ပေသည်၊ အကြောင်းမှာ ဤတွန်းအားသည် ယင်းကိုယ်နှိုက်က မှားယွင်းနေသည်။ လူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်နောက်ကို လိုက်ရုံသာရှိသည်။ ခေါင်းဆောင်များအကြားတွင် ၎င်းတို့၏ရာထူးအဆင့်က မည်သို့ရှိပါစေ၊ ခေါင်းဆောင်များသည် သာမန်လူများ ဖြစ်ဆဲဖြစ်ပြီး သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက၊ သင့်ထက် ၎င်းတို့က သာလွန်ကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက ယင်းမှာ မှားယွင်းသည်- ယင်းမှာ သင်၏ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို ဖြစ်စေသနည်း။ ဤထင်ယောင်ထင်မှားဖြစ်မှု၊ ချွတ်ယွင်းနေသော ဤနားလည်သဘောပေါက်မှုသည် သင့်ကို လက်တွေ့အရှိတရားနှင့်မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရားများ ဖြစ်လာကြသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင၏၊ ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ပါဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏ကိုးကယ်ခြင်းခံရသူ၊ သင်၏အတုယူစံထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။ ဘုရားသခင်နှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း သင်ထွက်သွားစဉ်တွင်ပင် သင်သည် ဘုရားသခင်နောက်ကို လိုက်နေကြောင်း၊ ဘုရားသခင်၏အိမ်တော်တွင် ရှိနေကြောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိနေကြောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ သို့သော် အမှန်တကယ်တွင် မသိလိုက်ဘဲနှင့် သင်သည် စာတန်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးနှင့် သက်ဆိုင်သူတစ်ဦး၏ ဆွဲယူသွားခြင်းကို ခံရပြီး ဖြစ်ပြီး သင်သည် ယင်းကို သတိပင်ပြုမိမည် မဟုတ်ချေ။ ဤသည်မှာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းဖို့အလို့ငှာ သင်သည် အန္တိခရစ်များ၏ စိတ်သဘောထားအမျိုးမျိုးနှင့် ၎င်းတို့ဆောင်ရွက်စီမံသည့် နည်းလမ်းများအပြင် ၎င်းတို့လုပ်ဆောင်ချက်များ၊ ၎င်းတို့အသုံးပြုတတ်သည့် နည်းစနစ်များနှင့် လှည့်ကွက်များ၏ သဘာဝကိုလည်း တိကျမှန်ကန်စွာ နားလည်နိုင်ပြီး ပိုင်းခြားသိမြင်ရမည်ဖြစ်သည်။ မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့်လည်း သင်အစပြုရမည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း လူကို ကိုးကွယ်ခြင်းသည် မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ အချို့က ‘ကျွန်ုပ်ကိုးကွယ်သည့် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်၌ အကြောင်းပြချက်များ ရှိသည်- ကျွန်ုပ်ကိုးကွယ်သည့် သူများသည် ကျွန်ုပ်၏အယူအဆများနှင့် ကိုက်ညီသည်’ ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဘယ့်ကြောင့် လူကို မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါ သင့်ကို ကယ်တင်မည့်သူမှာ မည်သူနည်း။ သင့်ကို အမှန်တကယ်ချစ်ပြီး ကွယ်ကာသူမှာ မည်သူနည်း- သင်အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်နောက်ကို လိုက်ပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြုမူကာ ယင်းက သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီပါက သမ္မာတရားကို နာခံခြင်းသည် အဆင်မပြေသလော။ သင်သည် အဘယ့်ကြောင့် အလွန် ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင် အဘယ်ကြောင့်ရှာဖွေသနည်း- သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ ဤအရာက လူတစ်ယောက်၌ အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိကို ပြ၏။ လူအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ခွဲခြားသည့် သမ္မာတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်လျက်၊ ကိစ္စအမျိုးမျိုးနှင့် လူအမျိုးမျိုးတို့၌ ပေါ်လွတ်သည့် အရာအမျိုးမျိုးတို့အကြား ပိုင်းခြားသိမြင်မှု ရရှိအောင် ပြုလုပ်လျက်၊ ၎င်းတို့၏ အနှစ်သာရက အဘယ်အရာဖြစ်သည်နှင့် ထုတ်ဖော်သည့် စိတ်သဘောထားသည် အဘယ်အရာဖြစ်သည်တို့ကို သိလျက်၊ သင်သည် မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် စတင်သင့်သည်။ သင်သည် မည်သည့်လူစားမျိုးဖြစ်သည်၊ သင့်အနီးတစ်ဝိုက်ရှိ လူများသည် မည်သည့်လူစားမျိုးဖြစ်သည်နှင့် မည်သည့်လူစားမျိုးက သင့်ကို ဦးဆောင်နေသည်တို့ကိုလည်း သင်နားလည်ရမည်ဖြစ်သည်။ ၎င်းတို့ကို တိကျမှန်ကန်စွာ သဘောထားနိုင်ရမည်။...သင်သည် သမ္မာတရားကို မလိုက်စားဘဲ စိတ်ကူးတစ်မျိုးမျိုးအလယ် အစဉ် အသက်ရှင်နေပါက၊ ပြီးလျှင် အခြားလူများကို အစဉ် ကျိုးကြောင်းမမြင်ဘဲ မှီခိုကာ၊ ကြည်ညိုပြီး မြှောက်ပင့်ပါက၊ သင်သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို မလျှောက်ပါက၊ နောက်ဆုံး အကျိုးဆက်မှာ အဘယ်အရာ ဖြစ်လိမ့်နည်း။ လူတိုင်းသည် သင့်အား လှည့်စားနိုင်သည်။ သင်သည် မည်သူ့ကိုမျှ အရှိအတိုင်း မမြင်နိုင်ပေ— သင့်အား ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် ဝေခွဲမရဖြစ်စေသည့် ဗြောင်အကျဆုံးသော အန္တိခရစ်များကိုပင် မမြင်နိုင်ပေ။ သို့ရာတွင် သင်သည် နေ့စဉ် ၎င်းတို့ ကြိုးဆွဲတိုင်းကလျက်၊ ၎င်းတို့၏ အရည်အချင်းများအတွက် ၎င်းတို့အား လေးစားအားကျဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်ပြီး ဘုရားသခင်ကို နာခံသည့်လူတစ်ဦး ဖြစ်သလော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မက ယုံကြည်ခြင်းရှိပေမဲ့ ကျွန်မက လူတွေကို ကိုးကွယ်ပြီး လူတွေနောက်လိုက်တဲ့လမ်းကြောင်းပေါ်ရှိနေတာကို တွေ့လိုက်ရတယ်။ ဝမ်က ခေါင်းဆောင်ဖြစ်တာ နှစ်ချီနေပြီဆိုတာကို သူနဲ့ ဆက်ဆံရေးကနေတစ်ဆင့် ကျွန်မ သိခဲ့တယ်။ ဒါကြောင့် သူက သမ္မာတရားကို လိုက်စားခဲ့တယ်လို့ ထင်ပြီး သူ့ကို အရမ်းမြှောက်စားခဲ့တယ်။ သူက အသင်းတော်တချို့ရဲ့အလုပ်အတွက် တာဝန်ရှိတာ၊ ကိစ္စတွေ အဆင်မပြေတဲ့အခါမှာ ပြန်အဆင်ပြေအောင် လုပ်ပေးတာတွေကို သိပြီး သူ့ကို ပိုပြီးတော့တောင် လေးစားခဲ့တယ်။ သူက အဲဒီအလုပ်တွေအားလုံးပြီးအောင်လုပ်နိုင်ဖို့ သူ့မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့ ဘုရားရဲ့ ကောင်းကြီးတွေရှိတယ်၊ ဘုရားက သူ့ကို ချစ်မှာပဲ‌ပေါ့။ ပြီးတော့ သူက ဘုရားအလိုတော်ကို ဘယ်လိုထောက်ထားတယ်၊ ပြီးတော့ သူ့ရဲ့အလုပ်လုပ်ပုံနည်းလမ်းတွေနဲ့ ရလဒ်တွေကို ကြားရပြီး ဒီခေါင်းဆောင်တွေ၊ အမှုဆောင်တွေအားလုံးထဲမှာ ဝမ်က အကောင်းဆုံး အစွမ်းအစနဲ့ လုပ်နိုင်စွမ်းရှိတယ်၊ ပိုကြီးမြတ်တဲ့ ဝိညာဉ်ရင့်ကျက်မှုရှိတယ်ပေါ့။ ကျွန်မ ကိုယ်တိုင်သတိမထားမိလိုက်ဘဲ ကျွန်မစိတ်ထဲမှာ သူက ခမ်းနားတဲ့ပုံရိပ်တစ်ခုဖြစ်နေတယ်။ သူ့အပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ လုပ်လာတယ်။ ကျွန်မက အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်ရင် သူအလုပ်လုပ်တဲ့ပုံစံကနေ သင်ယူသင့်တယ်လို့ ထင်ခဲ့တယ်။ စုဝေးပွဲတွေမှာ ကျွန်မက တခြားလူတွေပြောတာကို တကယ်တမ်း နားမထောင်နေခဲ့ဘူး။ သူတို့မိတ်သဟာယက ကျွန်မနဲ့ဘာမှမပတ်သက်သလို ခံစားမိတယ်။ ဒါပေမဲ့ ဝမ်က စပြောတဲ့အချိန်မှာ သူ့အပေါ် လုံးဝ အာရုံစိုက်ထားတယ်။ တစ်ခါတလေမှာ သူပြောပြတဲ့ အဓိကအချက်တွေကို ကျွန်မ မှတ်သားတယ်။ အရေးကြီးတာတစ်ခုခုကျန်ခဲ့မှာစိုးပြီးတော့ပေါ့။ အဲဒီအချိန်အတွင်းမှာ ကျွန်မက ဆုတောင်းပြီး ရှာဖွေဖို့အတွက် ဘုရားရှေ့ကို လုံးဝ မလာခဲ့ဘူး။ ခေါင်းဆောင်တွေ အလုပ်လုပ်သင့်တဲ့ပုံစံအတွက် ဘုရားနှုတ်ကပတ်တော်တွေကနေ စည်းမျဉ်းတွေကို မရှာခဲ့ဘူး။ ကျွန်မက ဝမ်ရဲ့ စကားနဲ့ အလုပ်လုပ်ပုံတွေကို သမ္မာတရားတွေလိုမျိုး လက်တွေ့လုပ်ဆောင်နေတာသက်သက်ပဲ။ ကျွန်မက သူ့ရဲ့ လက်ဟန်ခြေဟန်တိုင်းကို၊ သူတရားဟောတဲ့၊ လုပ်ကိုင်တဲ့ပုံစံတွေကိုတောင် အတုခိုးနေခဲ့တာ။ ကျွန်မစိတ်နှလုံးထဲမှာ သူက သိပ်မြင့်လွန်းတဲ့နေရာကို ယူထားခဲ့တာ။ ကိစ္စတွေကို ကျွန်မလုပ်တဲ့ပုံစံနဲ့ တာဝန်ကို ကျွန်မထမ်းဆောင်ပုံတွေအပေါ်မှာ သူက သက်ရောက်မှုရှိနေတာ။ သူက ကျွန်မရဲ့ အရမ်းကြည်ညိုလေးစားရသူဖြစ်လာခဲ့တယ်။ နည်းလမ်းတကျပြောရင်တော့ ကျွန်မက ဘုရားကို ယုံကြည်ပြီး ဘုရားနောက်လိုက်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်မက ဝမ်နောက်လိုက်နေတာ။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်က နေရာမရှိတော့ဘူး။ ကျွန်မက လူတစ်ယောက်ကို အရမ်းမြှောက်စားပြီး သူ့နောက်လိုက်နေတာပါ။ ဒါက အခြေခံအားဖြင့် စာတန်နောက်လိုက်တာပဲ။ ဘုရားဆီကနေ ကိုယ့်ကိုယ်ကိုယ် ဝေးကွာစေပြီး ဘုရားကို သစ္စာဖောက်နေတာပဲ။ သခင်ယေရှုက တစ်ခါတုန်းက ပြောခဲ့တယ်။ “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။(မဿဲ ၄:၁၀) ဘုရားသခင်က သဝန်တိုတဲ့ ဘုရားဖြစ်တယ်။ သူ့ရဲ့ ယုံကြည်သူတွေကို ဘယ်ပုဂ္ဂိုလ်ထူးတွေကိုမှ ကိုးကွယ်ခွင့်ပေးမှာမဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် ငါ့ကို အစေခံရန် စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်ကို အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်၏။ သင်သည် သင်၏ စကားများကို ယဇ်ပလ္လင်ထက် ထားရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ငါ၏ ပကတိ မျက်စိရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သကဲ့သို့၊ သခင်နှစ်ဦးအား သင်အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား) ဘုရားသခင်ရဲ့ စိတ်သဘောထားက ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံဘူးဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ အမည်ခံသက်သက်ပဲ ယုံကြည်ခြင်းရှိပြီး စိတ်နှလုံးထဲမှာ ဘုရားမရှိသူတွေ၊ ဘုရားကို ယုံကြည်ပေမဲ့ လူနောက်လိုက်ပြီး ဘုရားကို သစ္စာဖောက်သူတွေကို ဘုရားက မနှစ်သက်ဘူး။ ဘုရားက သူတို့ကို စက်ဆုပ်ရွံရှာတယ်။ သူတို့ကို မုန်းတီးတယ်။ ကျွန်မက လူတစ်ယောက်နောက်ကို လိုက်နေပြီး လမ်းမှားပေါ်ရောက်နှင့်နေတာကို မြင်ရတော့ ကျွန်မ ကြောက်လန့်တကြား ဖြစ်သွားတယ်။ ကျွန်မမှာရှိတဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခုကို ပြတဲ့ ဘုရားရဲ့လမ်းပြမှုကိုလည်း ကျွန်မ ကျေးဇူးတင်ခဲ့တယ်။ ဝမ်ကို အရမ်းမြှောက်စားနေတာကို ကျွန်မ တကယ် ရပ်တန့်ချင်ခဲ့တယ်။

ကျွန်မ ဖတ်တဲ့ နောက်တစ်ပိုဒ်ရှိသေးတယ်။ “သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) ကျွန်မက လူတစ်ယောက်နောက်ကို ဘာကြောင့်လိုက်နေတယ်ဆိုတာကို နားလည်အောင် ဘုရားနှုတ်ကပတ်တော်က ကူညီပေးခဲ့ပါတယ်။ ကျွန်မက ဂုဏ်အဆင့်အတန်းနဲ့ အာဏာကို မြတ်နိုးခဲ့တယ်။ အဲဒါတွေက သဘာဝအရ ကျွန်မချစ်တဲ့အရာတွေဖြစ်ခဲ့ပါတယ်။ ဝမ်က တစ်လျှောက်လုံး ခေါင်းဆောင်နေရာမှာ ရှိနေခဲ့တာ၊ ပရောဂျက်တွေအများကြီးကို ကိုင်တွယ်ခဲ့တာတွေကို ကျွန်မ သိလိုက်တာနဲ့ သူ့ကို အထင်ကြီးလေးစားလာခဲ့တာ။ သူလုပ်ခဲ့တဲ့အလုပ်တွေနဲ့ သူအောင်မြင်ခဲ့တဲ့အရာတွေအကြောင်း ပြောတာကို ကြားရတဲ့အခါမှာ သူ့ကို အရမ်းမြှောက်စားလာခဲ့တယ်။ တစ်နေ့မှာ သူ့လိုဖြစ်ချင်လာခဲ့တယ်။ သူ စကားပြောတဲ့ပုံစံနဲ့ သူလုပ်တဲ့အလုပ်က ကျွန်မအပေါ်မှာ အရမ်းအထင်ကြီးတဲ့အမြင်ဖြစ်စေခဲ့တယ်။ အလုပ်မှာ သူ့ရဲ့ ဂုဏ်ရှိတဲ့ မိတ်သဟာယနဲ့ အာဏာရှိခြင်းကို ကျွန်မ လေးစားခဲ့တယ်။ ဒါက ခေါင်းဆောင်တစ်ယောက် ဖြစ်သင့်တဲ့ပုံစံပဲလို့ ကျွန်မ ခံစားမိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ခရစ်တော်ရဲ့ နှိမ့်ချမှုနဲ့ ပုန်းကွယ်မှု၊ ချစ်ခင်ဖွယ်ကောင်းမှုနဲ့ ကြီးမြတ်မှုကို နည်းနည်းလေးမှ မမြတ်နိုးခဲ့ဘူး။ အာဒံနဲ့ဧဝအတွက် အဝတ်အစားတွေလုပ်ပေးတဲ့ ဘုရားသခင်ကို ကျွန်မ တွေးမိတယ်။ သူက ဖန်ဆင်းရှင်ဖြစ်ပြီး သိပ်ကြီးမြတ်တဲ့ ဂုဏ်ရှိတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ အဲဒီလိုမပြသဘူး။ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံရတဲ့ မသိနားမလည်တဲ့လူတွေအတွက် အဝတ်အစားတွေကို သူကိုယ်တိုင်လုပ်ပေးတယ်။ သခင်ယေရှုက လူသားတွေကြားမှာ အလုပ်လုပ်ပြီး သွားလာနေတုန်းမှာ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို လုံးဝ မထုတ်ဖော်ခဲ့ဘဲ သူ့တပည့်တော်တွေရဲ့ခြေကိုတောင် ဆေးပေးခဲ့တယ်။ အခု ဘုရားသခင်ဟာ လူကို ကယ်တင်ဖို့ လူ့ဇာတိခံပြီး ကမ္ဘာမြေကိုကြွလာခဲ့ပြီး သာမန်ဇာတိပကတိကို ယူခြုံထားတယ်။ ဘယ်တော့မှ မကြွားဝါဘဲ သမ္မာတရားတွေကိုပဲ တိတ်တဆိတ်ဖော်ပြပြီး လူသားကို အာဟာရပေးအပ်တယ်။ ဘုရားသခင်ရဲ့ နှိမ့်ချခြင်းနဲ့ ပုန်းကွယ်ခြင်းက ကျွန်မတို့ချစ်ခြင်းနဲ့ အရမ်းထိုက်တန်ပါတယ်။ ဒါဟာ ဘုရားရဲ့သန့်ရှင်းခြင်း၊ ကြီးမြတ်ခြင်းနဲ့ ဂုဏ်သိက္ခာပါတာကို ကျွန်မ မမြင်ခဲ့ဘူး။ ဂုဏ်အဆင့်အတန်းရှိပြီး သူများထက်သာသလိုပြုမူတယ်လို့ ကျွန်မ မြင်တဲ့ဘယ်သူမဆိုကို အထင်ကြီးတယ်၊ မြတ်နိုးတယ်၊ သူ့နောက်ကိုတောင်လိုက်တယ်။ ကျွန်မက အရမ်း မမြင်မကန်းဖြစ်ပြီး မသိနားမလည်ခဲ့တာပဲ။ အဲဒါနဲ့ နောက်တော့ ဘုရားသခင်ရဲ့ တကယ့်နောက်လိုက်ဖြစ်ရမယ်၊ ကျွန်မတာဝန်ကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ထမ်းဆောင်မယ်၊ ပြီးတော့ သူများတွေ အနှစ်ချုပ်ပြောတဲ့အရာအပေါ် ပိုင်းခြားသိမြင်မှုရှိမယ်ဆိုပြီး ကျိန်ဆိုခဲ့တယ်။ သူတို့နည်းလမ်းက သမ္မာတရားစည်းမျဉ်းတွေနဲ့ ကိုက်ညီရင် ကျွန်မက လိုက်လုပ်နိုင်တယ်။ ဒါက သမ္မာတရားကို လိုက်နာလို့ပဲ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားနဲ့ ဆန့်ကျင်နေရင် တစ်ကိုယ်ရေထင်မြင်ချက်၊ တစ်ကိုယ်ရေအတွေ့အကြုံပဲဆိုရင် အောင်မြင်တဲ့အလုပ်တွေအားလုံးက သူများတွေရဲ့ လေးစားမှုကို ရခြင်း၊ လူတွေကို စည်းမျဉ်းတွေလိုက်နာအောင်လုပ်ပြီး ကျဉ်းကျပ်သလိုခံစားရအောင်လုပ်တာပဲဆိုရင် ကျွန်မက မမြင်မကန်းနဲ့ လက်ခံလို့မဖြစ်ဘူး။

ပြဿနာကို နည်းနည်းပိုပြီး နားလည်ပြီးတဲ့နောက်မှာ သူများတွေကို ကျွန်မ ဆူခဲ့ပြီး စိတ်ကျဉ်းကျပ်အောင် လုပ်ခဲ့ပုံတွေကို တွေးမိတယ်။ ဒါက ဝမ်လုပ်တဲ့ပုံစံပဲ။ တချို့ ညီအစ်ကိုမောင်နှမတွေလည်း သူ့ကြောင့် စိတ်ကျဉ်းကျပ်ရနိုင်တယ်။ ဝမ်က စုဝေးပွဲတွေမှာ လူတွေကို အမြဲတမ်းပဲ ပြစ်တင်ဝေဖန်နေပြီး ကသိကအောက်ဖြစ်ရတယ်လို့ တခြားလူတချို့က သုံးသပ်ကြတယ်။ အဲဒါနဲ့ သူက လူတွေကိုဆူဖို့ သူ့ရာထူးကို သုံးနေပြီး ဒါက သူများတွေအတွက် စိတ်ကျဉ်းကျပ်ရတယ်လို့ ကျွန်မ သူ့ကို အသိပေးလိုက်တယ်။ ဒါပေမဲ့ သူပြန်ပြောတာက “ကျွန်တော်က ကျွန်တော့်ရာထူးကို အသုံးပြုနေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက ရလဒ်တွေကို ရစေပါတယ်။ ကျွန်တော်က သူတို့ကို စိစစ်ပြီး ကိုင်တွယ်ဖြေရှင်းတာမလုပ်ရင် သူတို့စွမ်းဆောင်မှုကို ထိခိုက်မှာ” တဲ့။ ကျွန်မက ဒီလိုကြားရတော့ တော်တော်အံ့အားသင့်သွားတယ်။ သူ့နည်းလမ်းက ပြဿနာရှိနေတာကို သူသိတယ်။ ဒါပေမဲ့ နည်းလမ်းမှားနဲ့ပဲ ဆက်လုပ်နေတယ်။ သူက သမ္မာတရားကို လက်မခံဘူး။ လက်တွေ့မလုပ်ဆောင်ဘူး။ သူက အလုပ်မှာ ရလဒ်တွေပိုကောင်းအောင် လူတွေကို ဒေါသတကြီးဝေဖန်ပြောဆိုဖို့ သူ့ရာထူးကို သုံးတာ။ ဒီတော့ သူ့ရည်ရွယ်ချက်တွေက မှားနေတယ်။ သူက နာမည်နဲ့ ဂုဏ်အတွက် လုပ်နေတာ။ ဒီတော့ ဘုရားအလိုတော်ကို အရေးထားဖို့ဖြစ်တဲ့ သူ့ရဲ့ မိတ်သဟာယအားလုံးက အနှစ်မရှိဘဲ အယူဝါဒတွေကို ပြောဆိုနေတာသက်သက်ပဲ မဟုတ်ဘူးလား။ ဒီလိုစဉ်းစားမိပြီး ဝမ်က တကယ်တမ်းမှာ ဘယ်လိုလူမျိုးလဲဆိုတာကို သံသယတွေဖြစ်လာပြီး သူ့တာဝန်ကို သူဘယ်လိုလုပ်သလဲဆိုတဲ့အပေါ်မှာ ပိုပြီး အာရုံစိုက်ကြည့်ခဲ့တယ်။ သူတကယ်လုပ်ခဲ့တဲ့အရာအပေါ် အခြေခံပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာကို ကျွန်မ အဖြေရှာကြည့်ချင်ခဲ့တယ်။

နောက်ပိုင်းမှာ အဖွဲ့ခေါင်းဆောင်တချို့အတွက် စုဝေးပွဲတွေကို သူလုပ်တာကိုကြည့်ရင်းနဲ့ သူက သူတို့ကို ဝတ်ကျေတန်းကျေပဲလုပ်လို့၊ သေချာတာဝန်မယူလို့ ဆူနေတာကို ကျွန်မ သတိထားမိတယ်။ သူက “ခင်ဗျားတို့တွေက လူ့သဘာဝ၊ ဒါမှမဟုတ် တာဝန်ခံယူမှုတစ်ခုခုရှိကြရဲ့လား။ တကယ့်အလုပ်ကို ဘယ်လောက်လုပ်ပြီးပြီလဲ” ဆိုတာပဲ ပြောနေတယ်။ သူက လူတွေကို ဖော်ထုတ်ပြီး ဝေဖန်တာပဲလုပ်နေတာ။ သူတို့အလုပ်မှာ လက်တွေ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို လုံးဝ မပြောဘူး။ ကျွန်မတို့အလုပ်တွေကို အနှစ်ချုပ်တဲ့အချိန်တိုင်းမှာ သူက အဖွဲ့ခေါင်းဆောင်တွေ၊ ပိုအတွေ့အကြုံရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို မျှဝေခိုင်းတယ်။ သူကျတော့ တစ်ခါမှ ဖြေရှင်းချက်တွေ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေအတွက် မကူညီဘူး။ သူ့တာဝန်မှာ ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းနဲ့ တစ်ကိုယ်ရေအမှားတစ်ခုခုကိုလည်း လုံးဝ မပြောဘူး။ သူက အမြဲတမ်းပဲ လူတွေကို မောက်မောက်မာမာနဲ့ ဆူပဲဆူနေတယ်။ ပြီးတော့ အဲဒီနောက်မှာ သူက ဘယ်အလုပ်ကိုမှတောင် ဆက်မလုပ်ဘဲ အမိန့်တွေပဲ ထုတ်နေတယ်ဆိုတာ ကျွန်မ သတိထားမိတယ်။ သူက သူဦးဆောင်ရတဲ့ပရောဂျက်တွေကို တခြားလူတွေရဲ့ ပခုံးပေါ်တင်ပေးပြီး သူ့ကို ပြန်ပြီး အစီရင်ခံခိုင်းတယ်။ ပိုအရေးကြီးတဲ့၊ ပိုပြီး တာဝန်ယူဖို့လိုတဲ့အလုပ်တွေမှာဆိုရင် သူက ဘုရားအိမ်တော်ရဲ့အလုပ်ကို ထည့်မစဉ်းစားဘဲ သူကိုယ်တိုင်ရဲ့ အကျိုးစီးပွားကိုပဲ အမြဲတမ်း ကာကွယ်နေတယ်။ ဒီအပြုအမူတွေအားလုံးနဲ့ ပတ်သက်ပြီး ကျွန်မ တွဲဖက်တွေနဲ့ ကျွန်မနဲ့ ဆွေးနွေးကြပြီး သူက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ အားလုံးကို အထက်ပိုင်း ခေါင်းဆောင်တစ်ယောက်ကို ပြောပြလိုက်တယ်။ သူက “ခင်ဗျားတိုတွေက ဒီလိုဖြစ်တယ်၊ ဟိုလိုဖြစ်တယ်” လို့ အမြဲတမ်း ပြောနေတာကို ခေါင်းဆောင်က ကြားတော့ ဝမ်က သူက ဖောက်ပြန်ပျက်စီးတဲ့လူသားတွေနဲ့ မတူတဲ့ အမျိုးအစားမှာရှိနေသလိုမျိုး ပြုမူနေတယ်လို့ ပြောတယ်။ သူက ဘုရားရဲ့ စုံလင်ခြင်းခံရတဲ့သူလို၊ ဘုရားက အသုံးပြုတဲ့သူလိုမျိုးပေါ့။ သူက ဘယ်သူ့ကိုမှ ဦးမညွှတ်ချင်ဘူး။ ဒါပေမဲ့ ဘုရားသခင်နဲ့ တန်းတူညီတူဖြစ်ချင်တယ်။ ဒါက စာတန်ရဲ့၊ အန္တိခရစ်ရဲ့ အနှစ်သာရရှိတာပဲ။ ခေါင်းဆောင်က စာတန်၊ အန္တိခရစ်လို့ပြောတာကို ကျွန်မ ကြားရတော့ ကျွန်မ အရမ်း အံ့အားသင့်သွားတယ်။ ကျွန်မသိခဲ့တာက သူက ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘူး၊ လူတွေကို ဒေါသနဲ့ဝေဖန်ပြောဆိုရတာကို နှစ်သက်တယ်၊ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ သူက အန္တိခရစ်တစ်ယောက်ဖြစ်တယ်လို့ မမြင်ခဲ့ဘူး။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်တချို့ကို ကျွန်မ ဖတ်တယ်။ “၎င်းတို့ စကားပြောသည့်ပုံစံ မည်သို့ပင်ဖြစ်စေကာမူ၊ အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ၎င်းတို့အား ကိုးကွယ်စေဖို့၊ ထိုသူများ၏စိတ်နှလုံးများထဲ၌ နေရာတစ်ခုခုကို ရရှိဖို့နှင့် ထိုနေရာတွင် ဘုရားသခင်၏နေရာကိုပင် အစားထိုးယူဖို့တို့အတွက် အစဉ် ဖြစ်လေသည်— ဤအရာများသည် အန္တိခရစ်တို့ မိမိတို့ကိုယ်ကို သက်သေခံသည့်အခါ ၎င်းတို့ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင်များ အားလုံးဖြစ်သည်။ ၎င်းတို့ပြောသမျှ၊ ဟောကြားသမျှနှင့် မိတ်သဟာယပြုသမျှတို့၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းသည် လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ကြည်ညိုလေးစားစေဖို့အတွက် ဖြစ်သည်။ ထိုသို့သော အပြုအမူသည် အခြားသူများ၏ စိတ်နှလုံးများ၌ နေရာတစ်ခုယူဖို့အလို့ငှာ၊ မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခြင်း ဖြစ်လေသည်။ ဤလူများ စကားပြောသည့် ပုံစံသည် လုံးလုံးလျားလျား တူညီခြင်း မရှိသော်ငြားလည်း၊ အနည်းနှင့်အများ တူညီကြသည်။ ယင်း၌ မိမိတို့ကိုယ်ကိုယ် သက်သေခံခြင်းနှင့် လူများအား ၎င်းတို့ကို ကြည်ညိုလေးစားစေခြင်း အကျိုးသက်ရောက်မှုရှိသည်။ ထိုသို့သော အပြုအမူများသည် အလုပ်လုပ်သည့် လူအားလုံး၌ အနည်းနှင့်အများဆိုသလို ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ရပ်တန့်နိုင်ခြင်း မရှိသည့်၊ သို့မဟုတ် ၎င်းတို့ ချုပ်တည်းဖို့ ခက်ခဲလာသည့် အတိုင်းအတာတစ်ခုအထိ ရောက်ပြီး ၎င်းတို့က ဘုရားသခင် သို့မဟုတ် ကိုးကွယ်ထိုက်သည့် အခြားသူတစ်ဦး ဖြစ်သည့်အလား လူများအား ၎င်းတို့ကို ဆက်ဆံစေဖို့ဖြစ်သည့် အထူးသဖြင့် ခိုင်မာပြီး သိသာထင်ရှားသည့် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခုရှိပါက၊ ပြီးလျှင် ထို့နောက်တွင် ၎င်းတို့က လူများကို ထိန်းချုပ်ခြင်းနှင့် ချုပ်ချယ်ကန့်သတ်ခြင်းနှင့် သူတို့အား ကျိုးနွံနာခံစေခြင်း အဆင့်နှင့် ပန်းတိုင်ကို စွမ်းဆောင်ရရှိနိုင်ပါက၊ ဤအရာအားလုံး၏ သဘာဝသည် မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏သဘာဝ အစိတ်အပိုင်း အားလုံးဖြစ်သည်။ လူများသည် မိမိတို့ကိုယ်ကို ချီးမြှောက်ဖို့နှင့် သက်သေခံဖို့ အဘယ်နည်းလမ်းများကို ထုံးစံအတိုင်း အသုံးပြုကြသနည်း။ (၎င်းတို့က အရင်းအနှီး အကြောင်း ပြောကြပါသည်။) အရင်းအနှီးအကြောင်း ပြောခြင်း၌ အဘယ်အရာ ပါဝင်သနည်း။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည်မှာ မည်မျှကြာပြီဖြစ်ကြောင်း၊ မည်မျှ ဒုက္ခခံပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှ အဖိုးအခကို ပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှ ဝေးဝေးလံလံ ခရီးနှင်ပြီးဖြစ်ကြောင်း၊ ဧဝံဂေလိဖြန့်ဝေခြင်းမှတစ်ဆင့် လူဦးရေမည်မျှကို ၎င်းတို့ ရရှိပြီးဖြစ်ကြောင်းနှင့် ၎င်းတို့သည် မည်မျှ အရှက်ရခြင်းကို ကြံ့ကြံ့ခံပြီးဖြစ်ကြောင်းတို့ကို ပြောကြသည်။ လူအချို့က ၎င်းတို့သည် အသင်းတော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မည်သည့်အခါမျှ သစ္စာဖောက်ခြင်း မရှိဘဲ၊ မိမိတို့၏သက်သေခံခြင်းတွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်းဖြင့် ထောင်ထဲ၌ အကြိမ်ပေါင်းမည်မျှ နေပြီးဖြစ်ကြောင်း စသည်တို့ကိုလည်း မကြာခဏ ပြောကြသည်။ ဤအရာအားလုံးသည် အကြင်သူသည် အရင်းအနှီးမည်မျှ ပိုင်ဆိုင်သည့်အကြောင်း ပြောသည့် နမူနာများအားလုံးဖြစ်သည်။ ခေါင်းဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းယောင်ဆောင်မှုတွင်၊ ၎င်းတို့က မိမိတို့၏ရာထူးဂုဏ်သိန်ကို ခိုင်မြဲအောင်လုပ်ရင်း၊ လူများ၏စိတ်နှလုံးများထဲတွင် အကောင်းမြင်မှုများ ဖြစ်စေလျက်၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ ထင်မြင်ချက်များ သို့မဟုတ် အမြင်ရှုထောင့်များနှင့် ကွဲပြားခြားနားသည့် မည်သူ့ကိုမဆ အထူးသဖြင့် သမ္မာတရားလိုက်စားသည့်သူများကို တိုက်ခိုက်ခြင်းနှင့် ကြဉ်ထားခြင်တို့ပင် လုပ်ဆောင်လျက် လူများကို စည်းရုံးသိမ်းသွင်းဖို့ နည်းစနစ်မျိုးစုံနှင့် လှည့်ကွက်မျိုးစုံကို အသုံးပြုကြသည်။ မိုက်မဲကာ၊ မသိနားမလည်ဘဲ မိမိတို့၏ယုံကြည်မှု၌ နားဝေတိမ်တောင် ဖြစ်သည့်သူများအပြင်၊ ဘုရားသခင်ကို အချိန်တစ်ခဏမျှသာ ယုံကြည်သည့်သူများအတွက်မူ၊ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသူများအတွက်မူ ၎င်းတို့သည် အဘယ်နည်းစနစ်များကို အသုံးပြုသနည်း။ ၎င်းတို့က မိမိတို့၏ရာထူးဂုဏ်သိန်ကို ခိုင်မြဲစေခြင်းဖြစ်သည့် မိမိတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ ဤနည်းဗျူဟာများကို အသုံးပြုလျက်၊ ထိုသူများကို လှည့်စားသည်၊ ဆွဲဆောင်သိမ်းသွင်းပြီး ၎င်းတို့ကို ခြိမ်းပင်ခြိမ်းခြောက်သည်။ ဤသည်တို့အားလုံးမှာ အန္တိခရစ်များ၏ နည်းဗျူဟာများပင် ဖြစ်လေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”)ခေါင်းဆောင်များစွာတို့သည် လူတို့အား သြဝါဒပေးခြင်းကိုသာ စွမ်းဆောင်နိုင်ကြသည်ကိုလည်းကောင်း၊ အမြင့်မှနေ၍ လူတို့ကို တရားဟောခြင်းသာ တတ်နိုင်ကြသည်ကိုလည်းကောင်း၊ လူတို့အား တန်းတူဆက်သွယ်ပြောဆိုခြင်းမပြုလုပ်နိုင်သည်ကိုလည်းကောင်း ကျွန်ုပ်တွေ့ရှိရသည်။ ၎င်းတို့သည် လူတို့နှင့် ပုံမှန် မဆက်ဆံနိုင်ပေ။ အချို့လူတို့သည် စကားပြောသောအခါ အစဉ်သဖြင့် မိန့်ခွန်းပြောနေသကဲ့သို့၊ သို့မဟုတ် အစီရင်ခံချက်တစ်ခု ပြုလုပ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့စကားများသည် အခြားလူတို့၏ အခြေအနေကိုသာ အစဉ် ဦးတည်ပြီး၊ ၎င်းတို့ကိုယ်တိုင်၏ အကြောင်းကို မည်သည့်အခါမျှ ဖွင့်ပြောခြင်းမရှိ၊ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ စိစစ်လေ့လာခြင်းမရှိဘဲ သူတစ်ပါးသိစေရန် အခြားလူများ၏ ပြဿနာများကိုသာ စိစစ်လေ့လာသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဤသို့သော တရားဒေသနာများကို အဘယ်ကြောင့် ဟောကြားတတ်သနည်း။ ဤကဲ့သို့သောအရာများကို အဘယ်ကြောင့် ပြောဆိုတတ်သနည်း။ ဤသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသိမြင်မှုမရှိကြောင်း၊ အသိစိတ် အလွန်ကင်းမဲ့ကြောင်း၊ အလွန်အမင်း မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြောင်း သက်သေဖြစ်သည်။ အခြားလူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သတိပြုမိသည့် ၎င်းတို့ အရည်အချင်းက ၎င်းတို့သည် အခြားလူတို့အထက်တွင်ရှိကြောင်း၊ လူတို့နှင့် အမှုအရာတို့တွင် ပိုင်းခြားသိမြင်ရာတွင် အခြားလူတို့ထက် တော်ကြောင်း၊ ၎င်းတို့သည် အခြားလူတို့ထက် ပို၍ ဖောက်ပြန်ပျက်စီးခြင်းနည်းပါးကြောင်းကို သက်သေပြသည်ဟု ၎င်းတို့က ထင်ကြသည်။ သူတစ်ပါးတို့အား စိစစ်လေ့လာပြီး သြဝါဒပေးနိုင်သော်လည်း မိမိတို့ကိုယ်ကို ဖွင့်ချပြရန် မစွမ်းဆောင်နိုင်ခြင်း၊ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မထုတ်ဖော်ပြခြင်း၊ သို့မဟုတ် စိစစ်လေ့လာမှုမရှိခြင်း၊ ၎င်းတို့၏ သရုပ်မှန်ကို မပြသခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အရင်းခံ အကြောင်းရင်းများနှင့်ပတ်သက်ပြီး လုံးဝ မပြောဆိုခြင်း၊ အခြားလူများကိုသာ မှားယွင်းသည့်အရာကိုလုပ်သည့်အတွက် သြဝါဒပေးခြင်း၊ ဤသည်မှာ မိမိကိုယ်ကို ကြီးကျယ်စေခြင်းနှင့် မိမိကိုယ်ကိုမြှောက်စားခြင်းဖြစ်သည်။...၎င်းတို့က လူများကို ဦးဆောင်သည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ မမေးမြန်းကြပေ၊ သို့ရာတွင် ၎င်းတို့ပြောသည့်အရာကို ထိုလူများက နားထောင်ကြပြီး ၎င်းတို့၏ နည်းလမ်းများအတိုင်း လိုက်ကြသည်— ဤသည်မှာ လူများအား ၎င်းတို့ကို ဘုရားသခင်အဖြစ် ဆက်ဆံဖို့နှင့် ဘုရားသခင်အဖြစ် နာခံဖို့ တောင်းဆိုခြင်း မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို ပိုင်ဆိုင်သလော။ ၎င်းတို့သည် သမ္မာတရား ကင်းမဲ့ကြပြီး စာတန်၏စိတ်သဘောထားဖြင့် ပြည့်နေသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးဆန်သည်— သို့ဆိုလျှင် လူများက ၎င်းတို့ကို နာခံဖို့ ၎င်းတို့ အဘယ်ကြောင့် တောင်းဆိုသနည်း။ ဤကဲ့သို့ လူတစ်ယောက်သည် မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ခြင်း မရှိသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မချီးမြှောက်သလော။ ထိုကဲ့သို့သော လူတစ်ဦးချင်းသည် ဘုရားသခင် ရှေ့မှောက်သို့ လူများကို ဆောင်ကြဉ်းနိုင်သလော။ ၎င်းတို့သည် လူများအား ဘုရားသခင်ကို ကိုးကွယ်စေနိုင်သလော။ လူများကို ၎င်းတို့ နာခံစေလိုသည့် သူများမှာ ၎င်းတို့အားသာဖြစ်ပြီး၊ ၎င်းတို့ ဤကဲ့သို့ အလုပ်လုပ်သည့်အခါတွင်၊ အမှန်တရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဆီသို့ လူများကို ဦး‌ဆောင်သလော။ ၎င်းတို့သည် ဘုရားသခင် အပ်နှင်းသည့် အလုပ်ကို အမှန်တကယ် လုပ်ဆောင်နေသလော။ မဟုတ်ပေ၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် နိုင်ငံတော်ကို တည်ထောင်ဖို့ ကြိုးစားနေခြင်းဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင် ဖြစ်လိုသည်၊ လူများကို ၎င်းတို့အား ဘုရားသခင်ကဲ့သို့ ဆက်ဆံစေလိုကြပြီး ဘုရားသခင်ကဲ့သို့ မိမိတို့ကို နာခံကြစေလိုသည်။ ၎င်းတို့သည် အန္တိခရစ်များ မဟုတ်သလော။ အန္တိခရစ်တို့ အမှုကိစ္စများကို လုပ်ဆောင်သည့်နည်းလမ်းမှာ ၎င်းတို့ ဘုရားသခင့်အိမ်တော်၏အလုပ်ကို မည်မျှ နှောင့်နှေးစေပါ‌စေ၊ ဘုရားသခင် ရွေးချယ်ထားသူများကို မည်မျှ ထိခိုက်ပါစေ၊ လူများက ၎င်းတို့ကို နာခံပြီး နားထောင်ရမည်ဟု အစဉ် ဖြစ်နေခဲ့သည်။ ဤသည်မှာ မကောင်းဆိုးဝါးများ၏ သဘာဝဖြစ်သည် မဟုတ်‌လော။ ဤသည်မှာ စာတန်၏စိတ်သဘောထား ဖြစ်သည်မဟုတ်လော။ ဤကဲ့သို့လူများသည် လူ့အရေခွံဖြင့် အသက်ရှင်နေသော မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့သည် လူ့မျက်နှာများ ရှိကောင်းရှိနိုင်သော်လည်း၊ ၎င်းတို့အတွင်း၌ ရှိသမျှသည် မကောင်းဆိုးဝါးဆန်သည်။ ၎င်းတို့ ပြောသမျှနှင့် လုပ်ဆောင်သမျှတို့သည် မကောင်းဆိုးဝါးဆန်သည်။ ၎င်းတို့လုပ်ဆောင်သမျှ မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီပေ၊ ယင်းတို့ထဲမှ တစ်ခုမျှသည် အသိစိတ်ရှိသည့် လူများ လုပ်ဆောင်သည့်အရာ မဟုတ်ပေ— သို့ဖြစ်၍ ဤသည်တို့မှာ နတ်ဆိုးများ၊ စာတန်နှင့် အန္တိခရစ်တို့၏ လုပ်ဆောင်များဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သင်သည် ဤအရာကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်သင့်ပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအကြောင်း စကားပြောခြင်း”) ဘုရားနှုတ်ကပတ်တော်က ဝမ့်အပြုအမူရဲ့ အနှစ်သာရကို သိမြင်မှုတချို့ကို ကျွန်မကို ပေးခဲ့ပါတယ်။ သူက စုဝေးပွဲတွေမှာ သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှု၊ အားနည်းချက်နဲ့ အမှားတွေအကြောင်းကို သိပ်မပြောဘူး။ ပြီးတော့ အလုပ်မှာရှိတဲ့ သူ့ရဲ့ ပြဿနာတွေ၊ အမှားတွေကို သိပ်မစိစစ်ဘူး။ သူယူရတဲ့ တာဝန်တွေ၊ လက်တွေ့အလုပ်တွေကို သူဘယ်လောက်ပြီးခဲ့တယ်၊ အသင်းတော်ဘယ်နှစ်ခုလောက် သူပံ့ပိုးပေးခဲ့ပြီး ခေါင်းဆောင်တွေ ဘယ်နှစ်ယောက်လောက်ကို လေ့ကျင့်ပေးခဲ့တယ်၊ အန္တိခရစ်ဘယ်နှစ်ယောက်ကို သူ တွေ့ရှိခဲ့တယ်၊ သူလုပ်ခဲ့တဲ့ အနစ်နာခံမှုတွေအားလုံးနဲ့ သူ ဘယ်လောက်ဒုက္ခခံ၊ အဖိုးအခပေးဆပ်ခဲ့တယ်၊ ဒုက္ခတွေ ဘယ်လောက်ထိ ကျော်လွှားခဲ့တယ်၊ သူ ဘယ်လောက်ဒုက္ခခံရပါစေ ဘုရားအလိုတော်ကို သူဘယ်လိုဖြည့်ဆည်းခဲ့တယ်ဆိုတာတွေကိုပဲ အမြဲပြောတယ်။ သူက ညီအစ်ကိုမောင်နှမတွေကြားထဲမှာ သိက္ခာရှိဖို့အတွက်၊ သူများတွေက သူ့ကို အထင်ကြီးလေးစားအောင် လုပ်ဖို့အတွက်သက်သက်နဲ့ သူ့ကိုယ်သူ ဒီလိုမျိုး မြှင့်တင်ပြီး သက်သေခံနေတာပါ။ ပြီးတော့ အဲဒီအတွေ့အကြုံတွေအကြောင်း သူပြောတဲ့အခါမှာ အားလုံးကို ဘုရားနှုတ်ကပတ်တော်နဲ့ ဆက်စပ်လိုက်တယ်။ သူက ဘုရားနှုတ်ကပတ်တော်နဲ့ သူ့ရဲ့ တကယ့်အတွေ့အကြုံတွေအပေါ် နားလည်မှုကို မိတ်သဟာယဖွဲ့နေတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ အားလုံးက ကြွားဝါနေတာဖြစ်ပြီး သူ့အရည်အချင်းတွေကို ကြွားလုံးထုတ်နေတာသက်သက်ပဲ။ သူ့မိတ်သဟာယက ဘုရားအပေါ်၊ ဘုရားနှုတ်ကပတ်တော်အပေါ် လူတွေ နားလည်အောင် လုပ်မပေးဘဲ လူတွေက သူ့အတွေ့အကြုံကိုပဲ သတိရပြီး သူ့ကို လေးစားလာကြတယ်။ သူက လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာယူပြီး သူတို့ကို လမ်းလွဲအောင်ဦးဆောင်ဖို့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ယောင်ဆောင်ပြီး ကြွားဝါနေတာပါ။ သူက သူများတွေရဲ့ အားနည်းချက်တွေကို စိစစ်ဖို့အတွက်လည်း သူ့ရာထူးကို အမြဲတမ်း အလွဲသုံးစားလုပ်နေပြီး ညီအစ်ကိုမောင်နှမတွေကို လူ့သဘာဝ၊ အသိစိတ်နဲ့ တာဝန်ယူမှုကင်းမဲ့လို့ဆိုပြီး ဆူတယ်။ “ခင်ဗျားတို့တွေက...” ဆိုပြီး သူက အမြဲတမ်းပြောတယ်။ သူက တခြားလူတိုင်းနဲ့ အဆင့်တူညီတယ်၊ ဖန်ဆင်းခံဖြစ်တယ်၊ စာတန်ရဲ့ ဖျက်ဆီးခြင်းကိုခံရတဲ့ နောက်ထပ်လူသားတစ်ယောက်လို့ မထင်ဘူးဆိုတာ ရှင်းပါတယ်။ သူက ကျွန်မတို့တွေမှာရှိတဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အမှားမျိုးတွေအားလုံးရှိပေမဲ့ သူက ထူးခြားတဲ့သူလိုမျိုး ပြုမူတယ်။ တခြားလူတွေက ဖောက်ပြန်ပျက်စီးပြီး စာတန်နဲ့သက်ဆိုင်ပေမဲ့၊ သူကတော့ ကျွန်မတို့တွေနဲ့မတူသလိုမျိုး၊ သူက ဖောက်ပြန်ပျက်စီးခြင်းနဲ့ အညစ်အကြေးကနေ လွတ်မြောက်ခဲ့သလိုမျိုးပေါ့။ ညီအစ်ကိုမောင်နှမတွေက ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်ရင် သူက သမ္မာတရားကို မိတ်သဟာယမပြုဘဲ ဒေါသတကြီးနဲ့ ဝေဖန်ပြစ်တင်တယ်။ လူတွေကို လက်တွေ့အလုပ်မလုပ်ရင် ထုတ်မယ်လို့ အမြဲတမ်း ခြိမ်းခြောက်တယ်။ ဒါကြောင့် လူတွေက သူ့ကို ကြောက်ပြီး လူတိုင်းက သူ့ကို တော်တော်နာခံပြီး သူ့လက်ထဲမှာ ထိန်းချုပ်ခံရတယ်။ သူက သူ့ဂုဏ်ကို အလွဲသုံးစားလုပ်ရုံတင်မကဘဲ လူတွေ သူ့ကို နှစ်သက်အောင်၊ အထင်ကြီးလေးစားပြီး သူပြောတာနားထောင်အောင်လုပ်ဖို့အတွက် နည်းဗျူဟာမျိုးစုံကို အသုံးပြုတယ်။ သူက အန္တိခရစ်ရဲ့လမ်းကြောင်းပေါ်မှာရှိပြီး အန္တိခရစ်ရဲ့ သဘာဝနဲ့ အနှစ်သာရရှိသူတစ်ယောက်ပါ။

စည်းမျဉ်းတွေနဲ့အညီ ဝမ်ကို ကျွန်မတို့ ထုတ်ပစ်ခဲ့တယ်။ အဲဒီနောက်မှာ တချို့လူတွေက သူအထုတ်ခံရလို့ အရမ်းစိတ်ဓာတ်ကျပြီး သူတို့တာဝန်ကို မလုပ်ချင်ကြတော့ဘူး။ သူက တော်တော်အစွမ်းအစကောင်းတာတောင် အထုတ်ခံရတယ်၊ သူနဲ့ ဘယ်တော့မှ ယှဉ်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် သူတို့က လက်တွေ့အလုပ်ကို သေချာပေါက် မလုပ်နိုင်ဘူး၊ သူတို့လည်း တစ်နေ့နေ့မှာ အထုတ်ခံရဖို့သေချာတယ်ဆိုပြီး ခံစားမိကြတယ်။ ဝမ်က လှည့်စားတာခံရတဲ့၊ ပိုင်းခြားသိမြင်မှုမရှိတဲ့လူတွေ အများကြီးရှိရမယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ သူနဲ့အတူလုပ်ခဲ့တဲ့ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအားလုံးဆီကို ကျွန်မ တွဲဖက်တွေနဲ့ ကျွန်မ သွားပြီး သူ့ကို ထုတ်ရတဲ့ အကြောင်းပြချက်တွေနဲ့ သူ့အပြုအမူရဲ့သဘာဝကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မိတ်သဟာယပြုခဲ့တယ်။ တချို့တွေက သူ့ကို သူတို့ အရမ်းအထင်ကြီးလေးစားခဲ့ကြပြီး သိပ်ကောင်းတဲ့အစွမ်းအစရှိတယ်၊ သူက ဆုကျေးဇူးရှိတယ်၊ စကားပြောကောင်းတယ်၊ ကျွမ်းကျင်မှုရှိတယ်လို့ ခံစားရတာတွေကို ပြောပြတယ်။ သူတို့က သူပြောတာကို အကောင်းဆုံးစံတစ်ခုအဖြစ်အသုံးပြုပြီး သူ့စကားတွေကို သမ္မာတရားအဖြစ် မှတ်ယူကြတယ်။ သူတို့က သူ့လှည့်စားတာခံခဲ့ရတာကို အခုမှပဲ သဘောပေါက်ကြတယ်။ တချို့ကပြောတယ်။ သူတို့က ဝမ်ကို ကြောက်နေရတာတဲ့။ သူတို့အလုပ်ကို သူစစ်ဆေးတဲ့အခါတိုင်းမှာ သူတို့က ဝေဖန်ခံရမှာကိုကြောက်ပြီး အရမ်းစိတ်လှုပ်ရှားကြတယ်၊ ပြီးသွားတော့ စိတ်ဖိစီးကြတယ် တဲ့။ သူတို့က အစွမ်းအစမဲ့နေပြီး ဘာကိုမှ မှန်အောင်မလုပ်နိုင်ဖြစ်ပြီးတော့ ခေါင်းဆောင်နေရာကို မကိုင်တွယ်နိုင်ဘဲ နုတ်ထွက်လိုက်သင့်သလို ခံစားမိကြတယ်။ နောက်တော့ ဘုရားသခင်ကို ထပ်ခါထပ်ခါဆုတောင်းပြီးတဲ့နောက်ကျမှ စိတ်ခိုင်မာလာပြီး သူတို့စေခိုင်းချက်ကို ကိုင်စွဲထားကြတယ်။ လူတိုင်းရဲ့ မိတ်သဟာယကနေ ဝမ်ရဲ့ အပြုအမူက လူတိုင်းအပေါ် သက်ရောက်နေပုံကို ကျွန်မ မြင်ခဲ့တယ်။ သူ့ကို ထုတ်ပယ်လိုက်တာက သေချာပေါက် ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲ။ သူက ခေါင်းဆောင်အဖြစ် ဆက်ရှိနေရင် သူများတွေကို ထိခိုက်စေမှာပဲ။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ တရုတ်ပြည်မကြီးကနေ စာတစ်စောင်လာတယ်။ အဲဒီမှာ ဝမ်က တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်နဲ့သက်ဆိုင်တဲ့ အစီရင်ခံစာတစ်ခုပါတယ်။ သူခန့်ခဲ့တဲ့ ခေါင်းဆောင်တချို့က အလုပ်နဲ့ မသင့်တော်ဘူး။ တချို့တွေက အန္တိခရစ်တွေအဖြစ် အထုတ်ခံခဲ့ရတယ်။ တချို့တွေက အဖမ်းခံရပြီးနောက်မှာ မနှိပ်စက်ရဘဲနဲ့တောင် ယုဒတွေဖြစ်လာကြပြီး အသင်းတော်အကြောင်း ထုတ်ပြောကြတယ်။ မသင့်တော်တဲ့သူတွေကို ခန့်တာဟာ ဘုရားအိမ်တော်ရဲ့အလုပ်ကို တကယ်ကို ထိခိုက်စေတယ်။ သူတို့ကပြောသေးတယ်။ သူက ခက်ခဲတဲ့ပြဿနာတိုင်းကို ဖြေရှင်းနိုင်တယ်လို့ လူတိုင်းက ထင်အောင်၊ မိတ်သဟာယနည်းနည်းလောက်ပြောလိုက်တာနဲ့ အံဝင်ခွင်ကျ ကွက်တိဖြစ်ပြီး ပြဿနာကိုဖြေရှင်းနိုင်တယ်၊ သူက ဘယ်ကိုပဲ မိတ်သဟာယဖွဲ့ဖို့သွားပါစေ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်နဲ့ပတ်သက်ပြီး ပိုပြီးစိတ်ကျေနပ်မှုရှိလိမ့်မယ်လို့ ထင်အောင် ဝမ်က လူတွေကို အမြင်မှားစေဖို့အတွက် သူ့အစွမ်းအစနဲ့ ဆုကျေးဇူးတွေကို အမြဲတမ်းကြွားဝါနေတယ်တဲ့။ သူ့မှာ သမ္မာတရားရဲ့ စစ်မှန်မှုရှိသလိုမျိုး လူတိုင်းက ခံစားရပြီး သူ့တွဲဖက်တွေအားလုံးက သူ့ကို တော်တော်လေးစားကြတယ်။ သူ့ကို တစ်ခါမှ မတွေ့ဖူးတဲ့သူတွေတောင် သူ့နာမည်ထွက်လာတဲ့အခါ သူ့ကို ချီးမွမ်းကြပြီး သူ့ကို စံအဖြစ် အသုံးပြုကြတယ်။ သူတို့က သူ့လိုလိုက်လုပ်ရင် အလုပ်မှာ ပိုကောင်းတဲ့ရလဒ်တွေရလာနိုင်တယ်လို့ ထင်ကြတယ်။ ဝမ်အကြောင်း အစီရင်ခံစာတွေကို တွေ့ပြီးတဲ့နောက်မှာ ကျွန်မ သူ့ကို ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်း မြင်နိုင်လာတယ်။ သူပြုမူတဲ့ပုံစံက သူတို့ကိုယ်သူတို့ သက်သေခံပြီး ချီးမြှောက်နေတဲ့ အန္တိခရစ်တွေအကြောင်း ဘုရားသခင်ဖော်ပြချက်နဲ့ လုံးဝ အတူတူပဲ။ တရုတ်ပြည်နဲ့ နိုင်ငံခြားမှာ ဝမ်က သူ့ရဲ့အသက်စိတ်သဘောထားမှာ နည်းနည်းလေးမှ မပြောင်းလဲခဲ့ဘူး။ သူက အန္တိခရစ်တစ်ယောက်ပဲ။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းအတွက်လည်း ကျွန်မ ကျေးဇူးတင်မိတယ်။ ဘုရားရဲ့ စစ်ဆေးခြင်းကို ဘယ်သူကမှ မလွတ်မြောက်နိုင်ဘူး။ ဒါကြောင့် အနှေးနဲ့ အမြန် သူက သမ္မာတရားကို မလိုက်စားတဲ့သူ၊ လမ်းမှန်ပေါ်မှာမရှိတဲ့သူ ဘယ်သူကိုမဆို ဖယ်ရှင်းပစ်မှာပဲ။

ယုံကြည်သူတွေအနေနဲ့ ကျွန်မတို့ဟာ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး အရာရာတိုင်းနဲ့ လူတိုင်းကို ကြည့်ရမယ်၊ လူတစ်ယောက်က ဘယ်လိုလူမျိုးလဲဆိုတာ၊ သူ့ရဲ့လမ်းကြောင်းက ဘာလဲဆိုတာကို သူ့အပြုအမူ၊ သူပြသတဲ့အရာတို့အရ သိဖို့ သင်ယူရမယ်ဆိုတာ ဒီအတွေ့အကြုံက ပြခဲ့ပါတယ်။ ကျွန်မတို့အနားမှာရှိတဲ့ သမ္မာတရားကိုလိုက်စားတဲ့သူတွေနဲ့ နီးစပ်အောင် ကျွန်မတို့လုပ်သင့်ပြီး သူတို့ဆီကနေ သင်ယူသင့်တယ်၊ အကျိုးအမြတ်ရယူသင့်တယ်။ ခဏတာ ဖောက်ပြန်ခြင်းနဲ့ အားနည်းခြင်းကို ပြနေတဲ့သူတွေကို ကျွန်မတို့ မှန်မှန်ကန်ကန် ချဉ်းကပ်သင့်ပြီး သူတို့ကို ကူညီပံ့ပိုးသင့်တယ်။ ချစ်ခြင်းနဲ့အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးသင့်တယ်။ ဒါပေမဲ့ သမ္မာတရားကို ဘယ်တော့မှ လက်တွေ့မလုပ်ဆောင်တဲ့ အဲဒီမယုံကြည်သူတွေကို ကျွန်မတို့ ငြင်းပယ်ပြီး ပစ်ပယ်သင့်တယ်။ တစ်ယောက်ယောက်က မှားယွင်းတဲ့ဘက်ကို ဦးတည်နေပြီး မကောင်းမှုလုပ်တော့မယ်လို့ မြင်ရင် အယောင်ဆောင်ခေါင်းဆောင်၊ အန္တိခရစ်၊ မကောင်းမှုပြုသူဖြစ်တဲ့သူကိုမြင်ရင် ကျွန်မတို့က တားဆီးဖို့လိုပြီး သူ့ကို တိုင်ကြားရမယ်။ သူတို့ရဲ့ ကျရှုံးမှုကနေလည်း ကျွန်မတို့ သင်ယူဖို့လိုတယ်။ သူတို့လိုမျိုး ကျွန်မတို့ ပြုမူတဲ့ပုံစံတွေကိုလည်း စဉ်းစားရမယ်။ သူတို့ကျရှုံးမှုတွေကို ကျွန်မတို့အတွက် သတိပေးချက်တွေအဖြစ် သုံးရမယ်။ ဒီလိုနည်းနဲ့ ကျွန်မတို့ဟာ အသက်တာမှာ ပိုပြီးမြန်မြန်ဆန်ဆန် ကြီးထွားနိုင်တယ်။ ကျွန်မတို့က သူများတွေကို ကြည့်ဖို့ ကိုယ့်ယုံကြည်ခြင်းမှာ သမ္မာတရားကို မရှာဖွေဘဲ၊ ဘုရားနှုတ်ကပတ်တော်ကို အသုံးမပြုဘဲ လူတွေရဲ့ အစွမ်းအစနဲ့ ဆုကျေးဇူးတွေကိုပဲ ကြည့်နေရင် ကျွန်မတို့ဟာ တခြားလူတွေကို အရမ်းမြှောက်စားပြီး သူတို့နောက်လိုက်နိုင်ခြေများတယ်။ ဒါဆိုရင် အဆုံးမှာ ဘုရားကိုဆန့်ကျင်တဲ့လမ်းကြောင်းပေါ် ရောက်ပြီး ဖယ်ရှင်းခံရမှာပဲ။ ဒါဟာ ကျွန်မတို့ ယုံကြည်ခြင်းမှာ သမ္မာတရားကို လိုက်စားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သက်သေခံချက် ရေးသားခြင်းမှ ရရှိခဲ့သည့်အရာ

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ ခုတစ်လော ညီအစ်ကို မောင်နှမ အတော်များများက သူတို့ အတွေ့အကြုံတွေအကြောင်း သက်သေခံချက်တွေ ရေးတာ သတိထားမိတယ်။...

တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိမြင်လာခြင်း

ဆွန်ယု နယ်သာလန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။