ကလေးရနိုင်၊ မရနိုင်ဆိုတာကို ကျွန်မ မစိုးရိမ်တော့ပါ

20.05.2026

ကျိဟွေး၊ တရုတ်ပြည်

အိမ်ထောင်ကျပြီးနောက်ပိုင်း ကျွန်မရဲ့ တာဝန်တွေမှာ တော်တော်လေး အလုပ်များတော့ ကျွန်မတွေးမိတယ်၊ ကိုယ်ဝန်ရပြီး ကလေးမွေးလိုက်ရင် တစ်နေ့လုံး ဒီကလေးနဲ့ပဲ အချိန်ကုန်ရမှာမို့ တာဝန်တွေထမ်းဆောင်ဖို့နဲ့ ဘုရားသခင်အတွက် အသုံးခံဖို့ အချိန်နဲ့ ခွန်အား ရှိတော့မှာမဟုတ်ဘူး ပေါ့။ ဒါကြောင့် လောလောဆယ် ကလေးယူတာကို ခဏဆိုင်းထားပြီး ကိုယ့်တာဝန်တွေကိုပဲ ဦးစားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သုံးလေးနှစ်ကြာတော့ မိဘတွေ နေမကောင်းဖြစ်လာပြီး သူတို့နှစ်ယောက်လုံး ဆုံးပါးသွားတဲ့အထိ သူတို့ကို ပြုစုစောင့်ရှောက်ရင်းနဲ့ပဲ အလုပ်များနေခဲ့တယ်။ သူတို့ ဆုံးသွားပြီးတဲ့နောက်မှာ အရင်က တစ်ခါမှမဖြစ်ဖူးတဲ့ စိုးရိမ်စိတ်တစ်ခု ရုတ်တရက် ဝင်လာတယ်။ မိဘတွေ နေမကောင်းဖြစ်ချိန်မှာ သူတို့ကို ပြုစုဖို့ ကျွန်မရှိခဲ့ပေမဲ့ ကျွန်မသာ ကလေးမရှိခဲ့ရင် အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နေမကောင်းဖြစ်တဲ့အခါ ဘယ်သူကများ ကျွန်မကို ပြုစုချင်စိတ်ရှိမလဲလို့ တွေးမိတယ်။ ဒါပေမဲ့ ဒီအတွေးက တစ်ခါတလေမှ ပေါ်လာတာဖြစ်ပြီး ကိုယ့်တာဝန်ကို တကယ် မထိခိုက်စေတဲ့အတွက် အဲဒါကို သိပ်အလေးမထားခဲ့ဘူး။

အချိန်တစ်ခုကြာတော့ ရုတ်တရက် ရာသီလာချိန်မှာ ဗိုက်အရမ်းအောင့်လာတယ်။ ဘယ်လောက်ဆိုးလဲဆိုရင် အန်တဲ့အထိပဲ။ ကျွန်မ ရာသီလာရင် ဗိုက်အောင့်တတ်တာ နှစ်တွေကြာနေပြီဖြစ်ပေမဲ့ ဒီလောက်အထိ တစ်ခါမှ မနာဖူးဘူး။ ဆေးရုံသွားပြီး စစ်ကြည့်တော့ သားအိမ်ကြွက်သားထူတဲ့ရောဂါနဲ့ သားအိမ်အလုံးတည်တဲ့ရောဂါ ရှိနေတယ်လို့ သိရတယ်၊ အလုံးက ငါးစင်တီမီတာတောင် ကြီးနေပြီလေ။ ဆရာဝန်က ဒီရောဂါက ကုဖို့ခက်တယ်၊ အချိန်ကြာလာတာနဲ့အမျှ ကိုက်ခဲတာက ပိုပိုဆိုးလာမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့တောင် စိတ်ကူးကြည့်လောက်တဲ့အထိ နာကျင်လာနိုင်တယ်၊ နောက်ဆုံးမှာ သားအိမ်ကို ထုတ်ပစ်ရလိမ့်မယ်လို့ ပြောတယ်။ ကျွန်မမှာ ကလေးမရှိသေးမှန်း ဆရာဝန်သိတော့ ကလေး မြန်မြန်ယူဖို့ တိုက်တွန်းခဲ့တယ်၊ ပြီးတော့ အဲဒီနောက် ကလေးမယူချင်တော့ဘူးဆိုရင် သားအိမ်ထုတ်ပစ်လို့ရတယ်လို့ ပြောတယ်။ အဲဒီတုန်းက သိပ်မတွေးမိဘဲ ဆရာဝန်က အရမ်းအလေးအနက်ထားလွန်းနေတယ်လို့ပဲ ထင်ခဲ့တာ။ အိမ်ပြန်ရောက်တော့ အွန်လိုင်းမှာ ဒီရောဂါအကြောင်း အချက်အလက်တွေ အများကြီး ရှာကြည့်တယ်၊ ပြီးတော့ ဘေဂျင်းက အထူးကုဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ဖို့ ပိုက်ဆံတချို့ အကုန်ခံခဲ့တယ်။ ဒါက ရှုပ်ထွေးတဲ့ ရောဂါတစ်ခုဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ တကယ်လည်း ကုသဖို့ ခက်ခဲတယ်ဆိုတာ သိလိုက်ရတယ်။ ရောဂါကို ထိန်းချုပ်ဖို့နဲ့ မြန်မြန်ဆန်ဆန် မဆိုးရွားလာအောင် ဟော်မုန်းဆေး ပုံမှန်သောက်ရမယ်၊ မဟုတ်ရင်တော့ သားအိမ်ကို ထုတ်ပစ်ရမယ်လေ။ နောက်သုံးလေးရက်မှာ ကျွန်မရဲ့ အခြေအနေက ပိုဆိုးသထက် ဆိုးလာတယ်။ ရှင်းပြလို့မရတဲ့ ကြောက်ရွံ့မှုနဲ့ ဝမ်းနည်းမှုကို ခံစားရပြီး ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီရောဂါက အချိန်ကြာလာတာနဲ့အမျှ သေချာပေါက် ပိုဆိုးလာပြီး ပိုနာကျင်လာမှာပဲ။ သားအိမ်ကိုသာ ထုတ်ပစ်လိုက်ရင် အသက်သုံးဆယ်ကျော်လေးပဲ ရှိသေးပေမဲ့ ကလေး လုံးဝ ရနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာ ငါ့တာဝန်တွေ ရှိနေသေးတယ်၊ နေ့တိုင်းလည်း အရမ်း အလုပ်များနေတာ။ ကလေးမွေးဖို့၊ ပျိုးထောင်ဖို့ အချိန်နဲ့ ခွန်အား ဘယ်လိုလုပ် ရှာနိုင်မှာလဲ။ နောက်ပြီး သခင်ယေရှုက ဒီလိုပြောထားတယ်လေ ‘ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၁၉) လူသားတွေကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အလုပ်က ပြီးဆုံးတော့မယ်၊ ကြီးမားတဲ့ ကပ်ဘေးတွေလည်း ရောက်လာပြီ။ ကလေးမွေးလိုက်လို့ သမ္မာတရားကို လိုက်စားဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို ဖျက်ဆီးမိရင် ဘာဖြစ်မလဲ။ ဒါပေမဲ့ အခု ကလေးမယူရင် သားအိမ်ထုတ်လိုက်တာနဲ့ ငါ ကလေးယူလို့ရတော့မှာ မဟုတ်ဘူး။ အဲဒီကျရင် အသက်ကြီးလာတဲ့အခါ ငါ့ကို ဘယ်သူ ကြည့်ရှုစောင့်ရှောက်ပေးမလဲ” ပေါ့။ စိတ်ဆင်းရဲမှု၊ ပူပန်မှုတွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့ရတယ်၊ ပိုပိုဆိုးလာတဲ့ ကျွန်မရောဂါနဲ့ သားအိမ်ထုတ်ရမှာကို စိုးရိမ်နေခဲ့ရတယ်။ အချိန်တိုင်း စိတ်ဓာတ်ကျနေပြီး တာဝန်တွေထမ်းဆောင်ဖို့လည်း စိတ်အားထက်သန်မှု မရှိတော့ဘူး။ ကျွန်မရဲ့ စိတ်နှလုံးဟာ အရမ်းကို ခံစားရခက်ပြီး စိတ်ဆင်းရဲနေခဲ့တယ်။ ကျွန်မရဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ဆီ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် ကျွန်မ ဘယ်လို လက်တွေ့လုပ်ဆောင်နိုင်မလဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ငါ့ကို ပြောလော့၊ တစ်စုံတစ်ဦးသည် နာမကျန်းဖြစ်ခြင်းတစ်ခုခုဖြင့် နာမကျန်းဖြစ်မည့်အချိန်၊ အသက်အရွယ်တစ်ခုခုတွင် ၎င်းတို့၏ ကျန်းမာရေးက မည်ကဲ့သို့ ဖြစ်မည်ဆိုသည်နှင့် အကြီးစား၊ သို့မဟုတ် ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်းတစ်ခုခုကို ၎င်းတို့ ကူးစက်ရရှိမည်လောဆိုသည်တို့သည် ကံစီမံပြီးသား ဖြစ်သည် မဟုတ်လော။ ဖြစ်ပေ၏၊ ပြီးလျှင် ယင်းမှာ သေချာပေသည်၊ သင့်ကို ငါ ပြောမည်။ ယခုတွင် ဘုရားသခင်က သင့်အတွက် အမှုအရာများကို ကြိုတင်စီမံပုံအား ငါတို့ ဆွေးနွေးမည်မဟုတ်။ လူတို့၏ သွင်ပြင်များ၊ မျက်နှာပေါက်များ၊ ခန္ဓာကိုယ်အချိုးအစားနှင့် ၎င်းတို့၏ မွေးရက်များကို အားလုံး ရှင်းလင်းစွာ သိရှိထားပေသည်။ ဘာသာတရားမရှိသည့် နတ်ကတော်များ၊ ဗေဒင်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များနှင့် လူတို့၏ လက္ခဏာများကို အတိတ်နိမိတ်ကောက်နိုင်သည့်သူများသည် လူတို့၏ လက္ခဏာများ၊ မျက်နှာများနှင့် မွေးရက်များမှ မည်သည့်အချိန်တွင် ၎င်းတို့ ကပ်ဘေးတစ်ခု ရှိမည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ကံအကြောင်းမလှခြင်းတစ်ခုခု ကြုံရမည်ဆိုသည်တို့ကို ပြောနိုင်ကြသည်။ ဤအရာအားလုံးကို သတ်မှတ်ထားနှင့်ပြီးဖြစ်သည်။...တစ်စုံတစ်ဦး၏ ကျန်းမာရေးသည် အသက်အရွယ်တစ်ခုခုတွင် မည်ကဲ့သို့ ဖြစ်လိမ့်မည်ဆိုသည်နှင့် အကြီးစား နာမကျန်းဖြစ်ခြင်းတစ်ခု ၎င်းတို့ ကူးစက်ရရှိမည် မရရှိမည်ဆိုသည်တို့ကို ဘုရားသခင်က အားလုံး စီစဉ်ထားပေသည်။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့ လက်ဖဝါးများ၊ မွေးရက်များနှင့် မျက်နှာများဖြင့် ဤအရာများကို ကြည့်ပေးရန် တစ်စုံတစ်ဦးကို သွားရှာကြပြီး ဤအရာများကို ၎င်းတို့ ယုံကြည်ကြလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများနှင့် သမ္မာတရားအပေါ် မိတ်သဟာယများကို မကြာခဏ နားထောင်သောကြောင့် ဤအရာကို သင်မယုံကြည်ပါက သင်သည် မယုံကြည်သူတစ်ဦးသာ ဖြစ်သည်။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် အမှန်တကယ် ယုံကြည်ပါက ဤအရာများကို သင် ယုံကြည်သင့်သည်။ ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်း၊ အကြီးစား နာမကျန်းဖြစ်ခြင်း၊ အသေးစား နာမကျန်းဖြစ်ခြင်းနှင့် ကျန်းမာရေးတို့ အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ကျရောက်ပေသည်။ ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်းတစ်ခု ဖြစ်ပေါ်ခြင်းနှင့် အသက်အရွယ်တစ်ခုခုတွင် တစ်စုံတစ်ဦး၏ ကျန်းမာရေး မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ မတော်တဆဖြစ်သည့်အရာများ မဟုတ်သကဲ့သို့ ဤအရာကို နားလည်ရန်မှာ အပြုသဘောဆောင်ပြီး တိကျမှန်ကန်သည့် သိနားလည်မှု ရှိရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတယ်ဆိုတာ ကျွန်မ နားလည်လာတယ်။ လူတစ်ယောက်ဟာ ဘဝတစ်သက်တာမှာ ဆင်းရဲဒုက္ခ ဘယ်လောက်ခံစားရမလဲ၊ ဘယ်လို ရောဂါဘယနဲ့ အခက်အခဲတွေကို ဖြတ်သန်းရမလဲ၊ ကောင်းချီးတွေ ဘယ်လောက် ခံစားရမလဲဆိုတာ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီး ဘယ်သူမှ ဒါကို ရှောင်လွှဲလို့မရပါဘူး။ ရောဂါ ပိုဆိုးလာမလား၊ နာကျင်မှုက မခံမရပ်နိုင်ဖြစ်လာပြီး သားအိမ်ထုတ်ပစ်ရမလား၊ အနာဂတ်မှာ ကလေးမရှိရင် ဘယ်လို ဆင်းရဲဒုက္ခမျိုးတွေ ရင်ဆိုင်ရမလဲဆိုတာတွေကို ကျွန်မ အမြဲ စိုးရိမ်နေခဲ့တာ။ တကယ်တော့ ဒီစိုးရိမ်ပူပန်မှုတွေ အားလုံးက မလိုအပ်ပါဘူး။ တကယ်လို့ သားအိမ်ကို ထုတ်ပစ်ရပြီး ကလေးမရနိုင်တော့ဘူးဆိုရင်လည်း ဒါဟာ ကျွန်မရဲ့ ကံကြမ္မာပါပဲ။ ဒါက စိုးရိမ်ပူပန်မှု၊ စိတ်ဆင်းရဲမှုတွေနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်မရဲ့ အခြေအနေ ဘယ်လိုရှိနေမလဲ၊ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပါ။ ကျွန်မအနေနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်။ နောက်ပြီး ကျွန်မရဲ့ရောဂါက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာမဟုတ်တော့ ဒီကိစ္စအတွက် စိတ်ဆင်းရဲပြီး ပူပန်နေရင်း အချိန်မကုန်သင့်ဘူး။ အရေးကြီးဆုံးက သမ္မာတရားကို လိုက်စားဖို့၊ ဒီအခြေအနေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့နဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံတတ်ဖို့ သင်ယူဖို့ပါပဲ။ ဒါကို တွေးမိတော့ ကျွန်မ စိတ်ဆင်းရဲတာ နည်းနည်း သက်သာသွားတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် တွေးမိတုန်းပဲ၊ “ငါသာ ကလေးယူနိုင်စွမ်း ဆုံးရှုံးသွားပြီး ကလေးမရှိတော့ရင် ဘယ်လိုလုပ်မလဲ။ အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နေမကောင်းဖြစ်တဲ့အခါ ဘာလုပ်ရမလဲ။ အခု ကလေးယူသင့်လား။ ဒါပေမဲ့ ကလေးယူတာက သမ္မာတရား လိုက်စားတာနဲ့ ကယ်တင်ခြင်းရဖို့ကို ထိခိုက်စေမလား” ပေါ့။

တစ်နေ့မှာတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်း၍ သင် လက်လွှတ်သင့်သည့် ဝန်ထုပ်များကို လက်လွှတ်သင့်သည်။ တစ်ကိုယ်ရေတစ်ကာယဖြစ်ရန် ရွေးချယ်ခြင်းသည် သင်၏ လွတ်လပ်ခွင့်ဖြစ်သည်၊ အိမ်ထောင်ပြုရန် ရွေးချယ်ခြင်းသည်လည်း သင်၏ လွတ်လပ်ခွင့်ဖြစ်ပြီး သားသမီးများစွာရှိရန် ရွေးချယ်ခြင်းသည် သင်၏ လွတ်လပ်ခွင့်ပင် ဖြစ်သည်။ သင်၏ ရွေးချယ်မှုက မည်သည့်အရာ ဖြစ်နိုင်သည်ဖြစ်စေ ထိုအရာမှာ သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ တစ်ဖက်တွင် အိမ်ထောင်ပြုရန် ရွေးချယ်ခြင်းအားဖြင့် သင့်မိဘများ၏ ကြင်နာမှုကို သင် ပြန်ဆပ်ရမည် သို့မဟုတ် သင်၏ သားသမီးဝတ်တာဝန်ကို သင် ဖြည့်ဆည်းရမည်ဟု မဆိုလိုပေ။ တစ်ကိုယ်ရေတစ်ကာယဖြစ်ရန် ရွေးချယ်ခြင်းက သင်သည် သင်၏ မိဘများကို အာခံနေသည်ဟုလည်း မဆိုလိုသည်မှာ အမှန်ဖြစ်၏။ အခြားတစ်ဖက်တွင် အိမ်ထောင်ပြုခြင်းထဲသို့ ဝင်ရောက်ရန် သို့မဟုတ် သားသမီးများစွာရှိရန် ရွေးချယ်ခြင်းသည် ဘုရားသခင်ကို မနာခံခြင်းမဟုတ်သကဲ့သို့ သူ့ကို အာခံခြင်းလည်း မဟုတ်ပေ။ ထိုအတွက် သင် ရှုတ်ချခံရလိမ့်မည် မဟုတ်။ တစ်ကိုယ်ရေတစ်ကာယဖြစ်ရန် ရွေးချယ်ခြင်းသည်လည်း ဘုရားသခင်က သင့်ကို နောက်ဆုံးတွင် ကယ်တင်ခြင်းပေးသည့် အကြောင်းရင်း ဖြစ်လိမ့်မည် မဟုတ်။ အတိုချုပ်ပြောရလျှင် သင် တစ်ကိုယ်ရေတစ်ကာယသမားဖြစ်သည်ဖြစ်စေ၊ အိမ်ထောင်ရှိသည်ဖြစ်စေ၊ သားသမီးများစွာရှိသည်ဖြစ်စေ၊ ဘုရားသခင်သည် ဤအချက်များပေါ်အခြေခံ၍ နောက်ဆုံးတွင် သင် ကယ်တင်ခြင်း ရရှိနိုင်ခြင်းရှိမရှိဟူသည်ကို ဆုံးဖြတ်လိမ့်မည် မဟုတ်။ ဘုရားသခင်သည် သင်၏ အိမ်ထောင်ရေးဆိုင်ရာ နောက်ခံ သို့မဟုတ် အိမ်ထောင်ရှိမရှိဟူသည်ကို မကြည့်ပေ။ သင့်အနေဖြင့် သမ္မာတရား လိုက်စားခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထား၊ သမ္မာတရား မည်မျှ သင် ရရှိပြီးဖြစ်ကာ နာခံပြီးဖြစ်သည်ဆိုသည်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင် ပြုမူဆောင်ရွက်ခြင်း ရှိမရှိဟူသည်တို့ကိုသာ သူ ကြည့်သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သင် ကယ်တင်ခံရမည်၊ မခံရမည်ကို ဆုံးဖြတ်ရန် ဘဝတွင်ရှိသော လမ်းကြောင်း၊ သင် အသက်ရှင်သည့် စည်းမျဉ်းများနှင့် သင် ရွေးချယ်ထားပြီးဖြစ်သည့် သင် ရှင်သန်ရာ စည်းမျဉ်းများကို ဆန်းစစ်ဖို့ သင်၏ အိမ်ထောင်ရှိမရှိဟူသည်ကိုလည်း ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။...အိမ်ထောင်ပြုပြီးနောက်တွင် သားသမီးမည်မျှ ယူသည်ဆိုသည်အတွက်မူ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်သော်လည်း သင်၏ လက်တွေ့ကျသော အခြေအနေများနှင့် လိုက်စားမှုများပေါ် အခြေခံ၍ မိမိဘာသာလည်း သင် ရွေးချယ်နိုင်ပေသည်။ ဘုရားသခင်သည် သင့်အပေါ် စည်းမျဉ်းများ ချမှတ်လိမ့်မည် မဟုတ်။ သင်သည် သန်းကြွယ် သူဌေးတစ်ဦး၊ သန်းပေါင်းများစွာကြွယ်ဝသူတစ်ဦး သို့မဟုတ် ဘီလျံနာ သူဌေးတစ်ဦးဖြစ်ပြီး သင်က ‘သားသမီး ရှစ်ယောက်၊ သို့မဟုတ် ဆယ်ယောက်ရှိခြင်းက ကျွန်ုပ်အတွက် ပြဿနာမဟုတ်ပါ။ ကလေးတစ်ပြုံတစ်မကို ပြုစုပျိုးထောင်ခြင်းက ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွက် ကျွန်ုပ်၏ စွမ်းအားကို ထိခိုက်မည်မဟုတ်ပါ’ဟု ပြောသည်ဆိုပါစို့။ သင့်အနေဖြင့် ကသီလင်တဖြစ်ခြင်းကို မကြောက်လျှင် ဆက်၍သာ ကလေးများကို ယူလော့။ ဘုရားသခင်က သင့်ကို ရှုတ်ချလိမ့်မည် မဟုတ်။ အိမ်ထောင်ပြုခြင်းအပေါ် သင်၏ သဘောထားများကြောင့် သင်၏ ကယ်တင်ခြင်းအပေါ် သူ၏ သဘောထားကို ဘုရားသခင် ပြောင်းလဲလိမ့်မည် မဟုတ်။ ယင်းမှာ ထိုသို့ဖြစ်ပေသည်။ ဤသည်မှာ ရှင်းသလော။ (ရှင်းပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) အိမ်ထောင်ပြုတာနဲ့ ကလေးယူတာဟာ လူတွေကို ဘုရားသခင် ပေးထားတဲ့ လွတ်လပ်ခွင့်တစ်ခုဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခြင်းအားဖြင့် ကျွန်မ ရုတ်တရက် နားလည်သွားတယ်။ လူတွေက အိမ်ထောင်ပြုလို့၊ ကလေးယူလို့ဆိုပြီး ဘုရားသခင်က သူတို့ကို ပြစ်တင်ရှုတ်ချတာ မလုပ်ပါဘူး။ လူတစ်ယောက် ကယ်တင်ခံရနိုင်မလားဆိုတာကို ဘုရားသခင်က အဓိကအားဖြင့် သူ့တာဝန်အပေါ်ထားတဲ့ သဘောထား၊ သမ္မာတရားကို လိုက်စားသလား၊ ပြီးတော့ သမ္မာတရားကို ကျိုးနွံနာခံသလားဆိုတာတွေ အပေါ်မှာပဲ အကဲဖြတ်တာပါ။ လူတစ်ယောက်က အိမ်ထောင်မပြု၊ ကလေးမယူရင်တောင်မှ သမ္မာတရားကို မလိုက်စားဘဲ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းဘူးဆိုရင် အဆုံးမှာ ကယ်တင်ခံရမှာ မဟုတ်ပါဘူး။ တကယ်တော့၊ လူတစ်ယောက်ရဲ့ အပေါ်ယံ စွန့်လွှတ်အနစ်နာခံမှုတွေ ဒါမှမဟုတ် လုပ်ရပ်တွေကို ဘုရားသခင်က မကြည့်ပါဘူး။ လူတွေအနေနဲ့ ကလေးယူဖို့ ဒါမှမဟုတ် တစ်ကိုယ်တည်းနေဖို့ ရွေးချယ်နိုင်ပါတယ်၊ ဒီကိစ္စမှာ သူတို့ ဘယ်လိုပဲ ရွေးချယ်ပါစေ ဘုရားသခင်က သူတို့ကို ပြစ်တင်ရှုတ်ချမှာ မဟုတ်ဘူး။ ဒါဟာ သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးပါ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးတွေဟာ ကိုယ့်ရဲ့ တကယ့်အခြေအနေပေါ်မှာ အခြေခံရပါမယ်။ အိမ်ထောင်ပြုတာနဲ့ ကလေးယူတာက ကိုယ့်ရဲ့ သမ္မာတရားလိုက်စားမှုနဲ့ တာဝန်ကို ထိခိုက်စေမယ်ဆိုရင်တော့ ဒါတွေကို ဘေးဖယ်ထားပြီး ကိုယ့်တာဝန်ကိုပဲ ဦးစားပေးသင့်တယ်။ အခုဟာက လူသားတွေကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အမှုမှာ အလွန်အရေးကြီးတဲ့ အချိန်ပါ၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားမှသာ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိမှာပါ။ အနာဂတ်မှာ ပြုစုစောင့်ရှောက်ခံရဖို့သက်သက်အတွက် ကလေးယူမယ်၊ ကလေးကို ပျိုးထောင်ဖို့ ကျွန်မရဲ့ ခွန်အားတွေ အကုန်သုံးပစ်မယ်ဆိုရင် ဒါဟာ ကျွန်မရဲ့ သမ္မာတရားလိုက်စားမှုနဲ့ တာဝန်နှစ်ခုစလုံးကို ထိခိုက်စေပါလိမ့်မယ်။ ကလေးယူတာဟာ ဘုရားသခင် ပေးထားတဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေး ဖြစ်ပေမဲ့ ဘယ်အရာက ပိုအရေးကြီးလဲဆိုတာကို ကျွန်မ ခွဲခြားသိမြင်ရမယ်၊ အခုချိန်မှာ သမ္မာတရားကို လိုက်စားပြီး ရယူဖို့က အရေးကြီးဆုံးပါပဲ။ ဒါကို တွေးမိတဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ လွတ်မြောက်သွားတဲ့ ခံစားချက် လွှမ်းမိုးသွားပြီး အိမ်ထောင်ပြုတာ၊ ကလေးယူတာနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားရမလဲဆိုတာကို သိသွားတယ်။

ကျွန်မ လိုလိုလားလား ကျိုးနွံနာခံလိုက်တဲ့အခါ တစ်နေ့မှာ ဆွေမျိုးတစ်ယောက်က ရုတ်တရက် ဆက်သွယ်လာတယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုလေ့ကျင့်ခန်းလုပ်ပေးတဲ့ အခမဲ့နေရာ ရှိတယ်လို့ ပြောပြီး သွားချင်လားလို့ မေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ ကျွန်မ တာဝန်လည်း သိပ်မများတာနဲ့ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ လနည်းနည်း ကြာတဲ့အခါ ကျွန်မရဲ့ အခြေအနေက မမျှော်လင့်ဘဲ တိုးတက်လာတယ်။ ဆေးရုံသွားပြီး စစ်ကြည့်တော့ အလုံးက သုံးစင်တီမီတာအထိ သေးသွားတယ်လို့ အဖြေထွက်လာတယ်။ ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ ကျွန်မရဲ့ အခြေအနေ ဒီလို သက်သာလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ကျွန်မ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းသွားလုပ်နေတုန်းမှာ အဲဒီကလူအများစုက အသက်ကြီးတဲ့ အဘိုးအဘွားတွေဖြစ်နေတာကို တွေ့ရတယ်၊ ဒါနဲ့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ သားသမီးတွေ ရှိလားလို့ ကျွန်မ မေးကြည့်လိုက်တယ်။ တချို့ကဆိုရင် သူတို့ရဲ့ သားသမီးတွေက သူတို့ကို မပြုစုပေးတဲ့အပြင် သူတို့ရဲ့ ပင်စင်လစာကိုပါ သားသမီးတွေကို ပြန်ထောက်ပံ့ဖို့ သုံးနေရတယ်လို့ ပြောကြတယ်။ အသက် ခုနစ်ဆယ်နီးပါးရှိတဲ့ တချို့တွေဆိုရင် မြေးတွေကို ကျောင်းကြိုကျောင်းပို့လုပ်ရင်း ပြုစုစောင့်ရှောက်နေရတုန်းပဲလေ။ သူတို့က သားသမီးတွေက သူတို့ကို တွန့်တိုမှာစိုးလို့ နေမကောင်းဖြစ်မှာကို အရမ်းကြောက်ကြတယ်၊ ဒါကြောင့် သူတို့က ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလုပ်ဖို့ ခဏခဏ လာကြတာကိုး။ သားသမီးရှိတာနဲ့ ပြုစုစောင့်ရှောက်ခံရမယ်လို့ မဆိုလိုဘူးဆိုတာကို ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်၊ တကယ်တော့ လူတစ်ယောက် အသက်ကြီးလာတဲ့အခါ ကိုယ့်ရဲ့ သားသမီးတွေနဲ့ မြေးတွေကိုတောင် ပြန်ပြီး ပြုစုစောင့်ရှောက်ရနိုင်တာပဲ။ ကျွန်မစိတ်ထဲမှာ အရမ်းကို ခံစားလိုက်ရတယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့ရတယ်။ “သားသမီးများအား ပျိုးထောင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသည်မှာ သင်၏ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ ဘုရားသခင်က သင့်အားပေးထားသည့် တာဝန်နှင့် ဝတ္တရားဖြစ်သည်။ တစ်ချက်မှာ သားသမီးများအား ပျိုးထောင်ခြင်းသည် လူသားဗီဇစိတ်နှင့် သက်ဆိုင်ပြီး အခြားတစ်ချက်မှာမူ လူသားတာဝန်ထဲတွင် ပါဝင်လေသည်။ သင်သည် ဗီဇစိတ်နှင့် တာဝန်ကြောင့် သားသမီးများမွေးရန် ရွေးချယ်ခြင်းဖြစ်သည်။ အိုမင်းသည့်အရွယ်အတွက် ပြင်ဆင်ဖို့ရန်နှင့် အိုမင်းသောအခါတွင် စောင့်ရှောက်ခံရဖို့ရန် မဟုတ်ပေ။ ဤအမြင်သည် မမှန်ကန်သလော။ (မှန်ကန်ပါသည်။) သားသမီးမရှိသောလူတို့သည် အိုမင်းခြင်းကို ရှောင်နိုင်သလော။ အိုမင်းခြင်းသည် ဆင်းရဲဒုက္ခရောက်မည်ဟု သေချာပေါက်ပင် အဓိပ္ပာယ်ရသလော။ ဤသို့ အဓိပ္ပာယ်မျိုး ရချင်မှ ရပေမည်။ မှန်သလော။ သားသမီးမရှိသောလူတို့သည် အိုမင်းသည်အထိ နေနိုင်ဆဲဖြစ်သည်။ ပြီးလျှင် အချို့မှာ ကျန်းမာခြင်း၊ ၎င်းတို့၏ နောက်ပိုင်းနှစ်များတွင် ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းစွာဖြင့် ကွယ်လွန်ခြင်းတို့ပင် ရှိသည်။ သားသမီးရှိသောလူတို့သည် ၎င်းတို့၏ နောက်ပိုင်းနှစ်များတွင် သေချာပေါက် ပျော်ရွှင်စွာနှင့် ကျန်းမာစွာ ပျော်မွေ့နိုင်သလော။ (ပျော်မွေ့နိုင်ခြင်းမျိုး ရှိချင်မှ ရှိပါမည်။) ထို့ကြောင့် အိုမင်းသည့်အရွယ်သို့ရောက်သော မိဘများ၏ ကျန်းမာရေး၊ ပျော်ရွှင်မှုနှင့် အသက်ရှင်သန်မှုအခြေအနေအပြင် ၎င်းတို့၏ ရုပ်ဝတ္ထုဘဝ အရည်အသွေးတို့သည် အမှန်တကယ်တွင် ၎င်းတို့၏သားသမီးများက ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်ခြင်းနှင့် မသက်ဆိုင်သလောက်ပင် ဖြစ်သဖြင့် ထိုနှစ်ခုကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုမရှိပေ။ အိုမင်းသည့်အရွယ်တွင် သင်၏ အသက်ရှင်သန်မှုအခြေအနေ၊ ဘဝအရည်အသွေးနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့သည် ဘုရားသခင်က သင့်အတွက် စီမံထားသည့်အရာနှင့် သင့်အတွက် စီစဉ်သည့် အသက်ရှင်နေထိုင်ရာပတ်ဝန်းကျင်တို့နှင့် သက်ဆိုင်သည်။ ပြီးလျှင် ယင်းတို့သည် သင့်သားသမီးများက သားသမီးဝတ် ကျေပွန်ခြင်း၊ မကျေပွန်ခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု မရှိပေ။ သင့်သားသမီးများသည် သင်၏ နောက်ပိုင်းနှစ်များရှိ အသက်ရှင်နေထိုင်မှု အခြေအနေအတွက် တာဝန်ခံရန် ဝတ္တရား မရှိပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။)...သင်သည် သင်တတ်နိုင်သမျှ သင်၏ကိုယ်ပိုင်ဘဝနှင့် ရှင်သန်ရေးအတွက်တာဝန်ယူပြီး ဝန်ထုပ်ဝန်ပိုး ထမ်းရွက်သင့်သည်။ ပြီးလျှင် အခြားလူများအပေါ်၊ အထူးသဖြင့် သင့်သားသမီးများအပေါ် လွှဲပြောင်းမပေးသင့်ပေ။ သင်သည် အဖော်မရှိဘဲ၊ သို့မဟုတ် သင့်သားသမီးများ၏ အကူအညီမပါဘဲ ဘဝကို တက်ကြွစွာနှင့် မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ ပြီးလျှင် သင်သည် သင့်သားသမီးများနှင့် ဝေးလျှင်ပင် ဘဝက သင့်ထံသို့ ယူဆောင်လာသည့် မည်သည့်အရာကိုမဆို သင့်ဘာသာ ရင်ဆိုင်နိုင်ဆဲ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉))မိဘနှင့် သားသမီးမည်မျှသည် အတူတကွနေထိုင်ရန် ကံပါလာသနည်း။ ပြီးလျှင် မိဘများသည် သားသမီးများထံမှ မည်မျှရရှိနိုင်သနည်း။ ဘာသာတရားမရှိသူများက ဤအရာကို ‘ထောက်ပံ့မှုကို ရရှိခြင်း’၊ သို့မဟုတ် ‘ထောက်ပံ့မှုကို မရရှိခြင်း’ ဟု ခေါ်သည်။ ဤသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို ငါတို့ မသိပေ။ အဆုံးတွင် ရိုးရှင်းစွာဆိုရလျှင် သားသမီးများအပေါ် အားကိုးနိုင်ခြင်းရှိမရှိကို ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး စီမံထားခြင်းဖြစ်သည်။ အရာရာတိုင်းက သင်ဆန္ဒရှိသကဲ့သို့ အတိအကျ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ လူတိုင်းက အမှုအရာများကို အဆင်ပြေစေလိုပြီး သားသမီးများထံမှ အကျိုးအမြတ်များ ရရှိလိုသည်မှာ မှန်သည်။ သို့သော် သင်သည် ယင်းအတွက် ကံပါလာခြင်းရှိမရှိ၊ သင်၏ ကံကြမ္မာတွင် ရေးသားထားခြင်းရှိမရှိကို သင်အဘယ်ကြောင့် လုံးဝ မစဉ်းစားသနည်း။ သင်နှင့် သင့်သားသမီးများ ကြားရှိ သံယောဇဉ်သည် မည်မျှကြာရှည်မည်၊ ဘဝတွင် သင်လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုက သင့်သားသမီးများနှင့် ဆက်စပ်မှုရှိမည်၊ မရှိမည်၊ ဘုရားသခင်က သင့်ဘဝ၏ အရေးပါသောဖြစ်ရပ်များတွင် သင့်သားသမီးများအား ပါဝင်စေရန် စီစဉ်ထားခြင်းရှိမရှိ၊ အကြီးစား ဘဝဖြစ်ရပ်တစ်ခုကို သင်တွေ့ကြုံသောအခါ၌ ပါဝင်ပတ်သက်သောသူများထဲတွင် သင့်သားသမီးများလည်း ပါဝင်မည်၊ မပါဝင်မည်ဆိုသည့် အရာအားလုံးတို့သည် ဘုရားသခင်၏ စီမံမှုအပေါ်တွင် မူတည်သည်။ ဘုရားသခင်က စီမံထားခြင်းမရှိလျှင် သင့်သားသမီးများအား အရွယ်ရောက်သည်အထိ ပျိုးထောင်ပြီးနောက်တွင် သင်က ၎င်းတို့ကို အိမ်မှနှင်မထုတ်လျှင်ပင် အချိန်ကျလာသောအခါ ၎င်းတို့ဘာသာ ထွက်ခွာလိမ့်မည်။ ဤသည်မှာ လူတို့ သဘောပေါက်နားလည်ရန် လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ သင်က ဤအမှုကိစ္စကို သဘောပေါက်နားလည်နိုင်ခြင်း မရှိလျှင် သင်သည် အစဉ်သဖြင့် ကိုယ်ပိုင်ဆန္ဒများ၊ တောင်းဆိုချက်များကို စွဲကိုင်ထားလိမ့်မည်။ ပြီးလျှင် သင်၏ ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုအတွက် စည်းကမ်းအမျိုးမျိုးကို ချမှတ်ပြီး သဘောတရားအမျိုးမျိုးကို လက်ခံလိမ့်မည်။ အဆုံးတွင် မည်သို့ ဖြစ်မည်နည်း။ သင်သေသောအခါ၌ သိရလိမ့်မည်။ သင်သည် သင်၏ဘဝ သက်တမ်းတစ်လျှောက်တွင် မိုက်မဲသောအရာများစွာကို လုပ်ဆောင်ခဲ့ပြီး အမှန်တရားများနှင့်ဖြစ်စေ၊ ဘုရားသခင်၏ စီမံမှုနှင့်ဖြစ်စေ မကိုက်ညီသည့် လက်တွေ့မကျသောအရာများစွာကို တွေးတောခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) သားသမီးယူတာဟာ လူသားရဲ့ ပင်ကိုယ်ဗီဇဖြစ်သလို တာဝန်တစ်ခုလည်းဖြစ်တယ်ဆိုတာ၊ ပြီးတော့ လူတစ်ယောက်က အသက်ကြီးလာချိန်မှာ သူ့ကို ပြုစုစောင့်ရှောက်ဖို့ သားသမီးတွေအပေါ် မမှီခိုသင့်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်လာတယ်၊ လူတစ်ယောက်ရဲ့ နှောင်းပိုင်းဘဝတွေ ဘယ်လိုဖြစ်မလဲ၊ ဆင်းရဲဒုက္ခ ပိုများမလား၊ ဒါမှမဟုတ် ပိုပြီး ကျန်းမာပျော်ရွှင်မလားဆိုတာက သားသမီးရှိမရှိဆိုတဲ့အပေါ်မှာ မူတည်တာမဟုတ်ဘဲ ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်အပေါ်မှာပဲ မူတည်တယ်။ လူတွေက ကိုယ့်စွမ်းနိုင်သလောက် ကိုယ့်ရဲ့ အိုမင်းချိန်အတွက် တာဝန်ယူရမယ်၊ ဘဝရဲ့ အခက်အခဲတွေကို ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် ရင်ဆိုင်ရမယ်၊ ပြီးတော့ ဒီကိစ္စတွေအတွက် သားသမီးတွေအပေါ် မမှီခိုသင့်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မရောဂါပိုဆိုးလာပြီး သားအိမ်ထုတ်လိုက်ရရင် ကလေးရနိုင်တော့မှာမဟုတ်ဘူးဆိုပြီး စိုးရိမ်ခဲ့မိတာကို သတိပြုမိတယ်။ အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နေမကောင်းဖြစ်တဲ့အခါ ကျွန်မကို ဘယ်သူ ကြည့်ရှုစောင့်ရှောက်ပေးမလဲလို့လည်း စိုးရိမ်ခဲ့တယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှု၊ စိတ်ဆင်းရဲမှုတွေနဲ့ပဲ အသက်ရှင်နေခဲ့တာလေ။ ကျွန်မ ဖက်တွယ်ထားခဲ့တာက “အိုဇာတာလုံဖို့ သားသမီးမွေးပါ” ဆိုတဲ့ ရိုးရာအယူအဆဖြစ်ပြီး၊ ကျွန်မ ကလေးယူရတဲ့ ရည်ရွယ်ချက်က အသက်ကြီးလာတဲ့အခါ တည်ငြိမ်မှုရှိဖို့နဲ့ တစ်ယောက်ယောက်က ပြုစုစောင့်ရှောက်ပေးဖို့အတွက်ပဲလေ။ ကျွန်မ အာရုံစိုက်ခဲ့တာ အားလုံးက ကိုယ်ကျိုးအတွက်ချည်းပဲ၊ သူတို့ဆီကနေ တောင်းဆိုဖို့ကိုပဲ ရည်ရွယ်ခဲ့တာ။ ဒါက လုံးဝကို တစ်ကိုယ်ကောင်းဆန်တဲ့ အမြင်ပါပဲ။ ဒါ့အပြင် လူတိုင်းရဲ့ အိုမင်းချိန်ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးသားဖြစ်ပြီး ကလေးရှိမရှိဆိုတာနဲ့ ဘာမှမဆိုင်ပါဘူး။ တချို့ အသက်ကြီးသူတွေက ကျန်းမာရေးကောင်းပြီး ပင်စင်လစာရပေမဲ့ သူတို့ရဲ့ သားသမီးတွေက အကြွေးနွံနစ်နေတော့ သူတို့က သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်မှု မလိုအပ်တဲ့အပြင် သားသမီးတွေကိုတောင် ပြန်ထောက်ပံ့ပေးနေကြရတယ်။ တချို့လူတွေကျတော့ အသက်ကြီးပြီး နေမကောင်းဖြစ်တဲ့အခါ သားသမီးတွေက လူ့သဘာဝကင်းမဲ့လို့ မပြုစုချင်ကြဘူး၊ သူတို့ နေမကောင်းဖြစ်ချိန်မှာ အခြားဆွေမျိုးတွေကပဲ ပြုစုစောင့်ရှောက်ပေးကြရတယ်။ ကလေးရှိတာက လုံခြုံမှုကို အာမမခံနိုင်ဘူးဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ကိုယ့်ရဲ့ အိုမင်းချိန်ကို ဘယ်လိုဖြတ်သန်းရမလဲ၊ သားသမီးတွေရဲ့ အဖော်ပြုပေးမှု၊ ပြုစုစောင့်ရှောက်မှု ရမရဆိုတာတွေ အားလုံးက ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်အပေါ်မှာပဲ မူတည်တာပါ။ ခင်ပွန်းက တခြားနေရာမှာ အလုပ်လုပ်ပြီး ကျွန်မက တာဝန်ထမ်းဆောင်နေခဲ့တာကို ပြန်တွေးကြည့်တဲ့အခါ ကျွန်မကို ပြုစုဖို့ ဘယ်သူမှ ဘေးမှာမရှိခဲ့ပေမဲ့ နေမကောင်းဖြစ်ချိန်နဲ့ အခက်အခဲကြုံရချိန်မှာ ဘုရားသခင်ကို အားကိုးတတ်အောင် ကျွန်မ သင်ယူနိုင်ခဲ့တယ်။ ဒီအခက်အခဲတွေကို ဖြတ်ကျော်နိုင်အောင် လမ်းပြပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ ကျွန်မရဲ့ ကျန်းမာရေးလည်း အများကြီး တိုးတက်လာတယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ သနားကရုဏာပါပဲ။ အနာဂတ်မှာ ကျွန်မမှာ ကလေးမရှိရင်တောင်မှ ဘုရားသခင်ကို အားကိုးရင်း ကောင်းကောင်း အသက်ရှင်သွားနိုင်တာပဲလေ။ ဒါပေမဲ့ အနာဂတ်မှာ ပြုစုပေးမဲ့ ကလေးမရှိရင် ဘာလုပ်ရမလဲလို့ အရင်က အမြဲ စိုးရိမ်နေခဲ့မိတယ်၊ အဲဒါကြောင့် စိတ်ဆင်းရဲမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေခဲ့ရပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့တောင် စိတ်အားထက်သန်မှု မရှိဖြစ်ခဲ့ရတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာနေတာ မဟုတ်ဘူးလား၊ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မယုံကြည်တာ မဟုတ်ဘူးလား။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပေမဲ့ သူ့ကို အားမကိုးခဲ့သလို သူ့ရဲ့ အချုပ်အခြာအာဏာကိုလည်း နားမလည်ခဲ့ဘူး။ ကျွန်မက စာတန်ရဲ့ ရိုးရာယဉ်ကျေးမှုအတိုင်း အသက်ရှင်နေခဲ့တာပါ။ ကျွန်မရဲ့ အမြင်တွေက မယုံကြည်သူတွေရဲ့ အမြင်တွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဒါတွေကို နားလည်သွားတော့ ကျွန်မ စိတ်သက်သာရာရသွားတယ်။ အနာဂတ်အတွက် မစိုးရိမ်သင့်တော့ဘဲ ဘုရားသခင်ရဲ့ လက်ထဲကို ကိုယ့်ကိုယ်ကိုယ် အပ်နှံသင့်တယ်လေ။ ကျွန်မရဲ့ နှောင်းပိုင်းနှစ်တွေက ဘယ်လိုပဲဖြစ်နေပါစေ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပါမယ်။ ဘုရားသခင်ကို ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာနဲ့ ကယ်တင်ခြင်းကို လိုက်စားတာဟာ အရေးအကြီးဆုံးဖြစ်ပြီး လက်တွေ့အကျဆုံးအရာလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သင်သည် အလုပ်ကောင်းရှာရန်၊ သို့မဟုတ် လက်တွဲဖော်ရှာရန် စဉ်းစားလျက် သင်၏ အကောင်းဆုံး နှစ်ကာလများကို ကုန်ဆုံးစေလျှင်၊ ဘုရားသခင်ကို ယုံကြည်စဉ်တွင် ဇာတိပကတိ ဘဝကို နှစ်သက်ခံစားဖို့၊ နှစ်မျိုးလုံးကို တစ်ချိန်တည်း လုပ်ဆောင်ဖို့ မျှော်လင့်လျှင် နှစ်အနည်းငယ်ကြာပြီးနောက် လက်တွဲဖော်ကို ရှာတွေ့နိုင်သည်။ အိမ်ထောင်ကျနိုင်သည်။ သားသမီးများ ရရှိနိုင်သည်။ အိုးအိမ်ထူထောင်ပြီး အသက်မွေးအလုပ်တစ်ခုကို တည်ဆောက်ကောင်း တည်ဆောက်နိုင်သည်။ သို့သော် ထိုနှစ်များတစ်လျှောက်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာကိုမျှ သင် ရရှိမည်မဟုတ်ပေ။ မည်သည့်သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ပေ။ သင်၏ စိတ်နှလုံးသည် အနှစ်မဲ့နေလိမ့်မည်။ သင်၏ အကောင်းဆုံးသော နှစ်ကာလများကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်လိမ့်မည်။ အသက်လေးဆယ်အရွယ်တွင် ပြန်ပြောင်းတွေးတောကြည့်သည့်အခါ သင်၌ မိသားစုရှိလိမ့်မည်။ သားသမီးများရှိလိမ့်မည်။ တစ်ဦးတည်း ဖြစ်နေမည်မဟုတ်။ သို့သော် သင်၏ မိသားစုကိုကား ထောက်ပံ့ပေးနေရမည်။ ဤသည်မှာ သင် မချိုးဖြတ်နိုင်သည့် သံကြိုးဖြစ်သည်။ တာဝန်ကို ထမ်းဆောင်လိုလျှင် သင့်မိသားစု၏ သံကြိုးများဖြင့် ချည်နှောင်ခံထားရလျက် ထမ်းဆောင်ရမည်။ သင်၏ စိတ်နှလုံးက မည်မျှကြီးပါစေ နှစ်ခုလုံးကို အာရုံမစိုက်နိုင်ပေ။ သင်သည် စိတ်နှလုံးအပြည့်အဝဖြင့် ဘုရားနောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ မိသားစုနှင့် လောကီအရာများကို စွန့်လွှတ်သောသူ များစွာရှိသည်။ သို့သော် နှစ်အနည်းငယ်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းနောက်ကိုသာ လိုက်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မရရှိခဲ့ပေ။ ၎င်းတို့တွင် အတွေ့အကြုံကို အခြေခံသည့် စစ်မှန်သော သက်သေခံချက်တစ်ခုမျှပင် မရှိပေ။ ဤသည်မှာ ၎င်းတို့၏ အချိန်ကို ဖြုန်းခြင်းနှင့် အလားတူပင်ဖြစ်သည်။ ယခုအခါတွင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ သမ္မာတရား၏ သေးငယ်သော အစိတ်အပိုင်းကိုပင် နားမလည်ပေ။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ မည်သို့ တွေ့ကြုံခံစားရမည်ကို ၎င်းတို့ မသိ။ ထို့ကြောင့် ၎င်းတို့သည် စတင်၍ ညည်းညူကြသည်။ ပြီးလျှင် နောင်တကြီးစွာ ရကြသည်။ ၎င်းတို့သည် အစပိုင်းကို ပြန်စဉ်းစားသောအခါ၊ အသင်းတော်အသက်တာကို အတူတကွ အသက်ရှင်နေကြသော၊ တာဝန်များထမ်းဆောင်နေကြသော၊ အတူတကွ ဓမ္မသီချင်းများ သီဆိုပြီး ဘုရားသခင်ကို ချီးမွမ်းနေကြသော လူငယ်များအားလုံးကို ပြန်စဉ်းစားကြသောအခါ ထိုနေ့ရက်များက မည်မျှကောင်းမွန်သည်၊ ထိုအချိန်သို့ ၎င်းတို့ မည်မျှပင် ပြန်လည်ရောက်ရှိလိုသည်ဆိုသည်တို့ကို စဉ်းစားကြသည်။ ကံမကောင်းစွာဖြင့် ဤကမ္ဘာလောကတွင် နောင်တအတွက် ဖြေဆေးမရှိပေ။ ဆန္ဒရှိလျှင်ပင် မည်သူကမျှ အချိန်ကို နောက်ပြန်မလှည့်နိုင်ပေ။ အစသို့ ပြန်သွားပြီး ဘဝကို နောက်တစ်ဖန် ပြန်ရှင်သန်ဖို့ မဖြစ်နိုင်ပေ။ ဤအတွက်ကြောင့် အခွင့်အလမ်းတစ်ခု ကျော်လွန်သွားသည်နှင့် နောက်တစ်ဖန် ပြန်မလာတော့ခြင်း ဖြစ်သည်။ လူတစ်ယောက်၏ ဘဝသည် ဆယ်စုနှစ် အနည်းငယ်သာ ရှည်သည်။ သမ္မာတရားအား လိုက်စားရန် ဤအသင့်မြတ်ဆုံးအချိန်ကို လွဲချော်ခဲ့လျှင် သင်၏ နောင်တများသည် အသုံးဝင်မည် မဟုတ်ပေ။...ယခုအချိန်တွင် သင်တို့သည် ဤကြီးမြတ်သော အချိန်အခိုက်အတန့်အတွက် အချိန်မီကလေးပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေသည်။ ဤသည်မှာ လူတို့အနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်ခြင်းကို ခံရရန်အတွက် တစ်ခုတည်းသော အခွင့်အလမ်းဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ချဲ့ထွင်သည့် အဓိကကျသော ဤအချိန်အခိုက်အတန့်တွင် တာဝန်များကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ပင် သင်တို့ကို ဘုရားသခင်၏ ထူးခြားသော ချီးမြှောက်မှုဖြစ်သည်။ သင်သည် မည်သည့်နယ်ပယ်ကို လေ့လာခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် အသိပညာနယ်ပယ်ကို သင်ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် သင့်တွင် မည်သည့်ဆုကျေးဇူး၊ ကျွမ်းကျင်မှုရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် သူ၏ အိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ဤကျွမ်းကျင်မှုကို အသုံးပြုရန် သင့်အား အခွင့်ပေးခြင်းအားဖြင့် သင့်ကို ကျေးဇူးတော်ပြသနေခြင်းဖြစ်သည်။ ဤသည်မှာ ရခဲသော အခွင့်အလမ်းတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အဓိပ္ပာယ်ရှိပါသည်) နောက်ဆုံးသောကာလမှာ လူသားတွေကို ဘုရားသခင် ကယ်တင်ခြင်းက နောက်ဆုံး အခွင့်အရေးပါပဲ။ ဒုတိယ၊ တတိယ အခွင့်အရေးဆိုတာ ရှိမှာမဟုတ်ဘူး။ အထူးသဖြင့် အခုအချိန်က လူတွေကို ကယ်တင်ဖို့နဲ့ စုံလင်အောင် ပြုလုပ်ပေးဖို့ ဘုရားသခင်က သမ္မာတရားကို ဖော်ပြတဲ့ အရေးကြီးတဲ့ အချိန်အခါပါပဲ။ ဘဝရဲ့ ဒီလိုကောင်းမွန်တဲ့ အသက်အရွယ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံနိုင်ခဲ့တာ၊ ဘာဝန်ထုပ်ဝန်ပိုး၊ အနှောင်အဖွဲ့မှမရှိဘဲ ကိုယ့်တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်နိုင်ခဲ့တာ၊ ပြီးတော့ ကိုယ့်တာဝန်တွေမှာ သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲမှုကိုပါ လိုက်စားနိုင်ခဲ့တာဟာ တကယ်ကို ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ကျွန်မရဲ့ အကောင်းဆုံးအချိန်တွေနဲ့ ခွန်အားတွေကို ဧဝံဂေလိတရားဟောပြောဖို့၊ သမ္မာတရားနဲ့ ကယ်တင်ခြင်းကို လိုက်စားဖို့အတွက် အပြည့်အဝ ပေးဆပ်သင့်တယ်။ ကျွန်မမှာသာ ကလေးရှိခဲ့ရင်၊ မိဘတွေကလည်း ဆုံးပါးသွားပြီဖြစ်ပြီး၊ ယောက္ခမတွေနဲ့ ခင်ပွန်းကလည်း ဘုရားသခင်ကို မယုံကြည်တဲ့အတွက် ကလေးကို ပြုစုဖို့ ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ဘဲ ကိုယ်တိုင်ပဲ ပြုစုစောင့်ရှောက်ရမှာလေ။ ကျွန်မရဲ့ အတွေးတွေ အားလုံးက ကလေးအပေါ်မှာပဲ လွှမ်းမိုးသွားမှာဖြစ်ပြီး၊ ဒါက ကျွန်မအပေါ် ဝန်ထုပ်ဝန်ပိုးတွေနဲ့ အနှောင်အဖွဲ့တွေ ပိုများလာစေလိမ့်မယ်။ သမ္မာတရားကို လိုက်စားဖို့၊ ကိုယ့်တာဝန်တွေ ထမ်းဆောင်ဖို့ အချိန်နဲ့ ခွန်အား သိပ်ရှိတော့မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အကောင်းဆုံး အချိန်တွေနဲ့ ခွန်အားတွေကို ကလေးယူဖို့အတွက် အကုန်သုံးလိုက်မယ်ဆိုရင် ဘုရားသခင်က ကျွန်မကို စုံလင်အောင်ပြုလုပ်ပေးဖို့ ဒီအကောင်းဆုံး အခွင့်အရေးကို လက်လွတ်သွားလိမ့်မယ်။ အဆုံးမှာ သမ္မာတရားကို ရရှိမှာမဟုတ်သလို ကိုယ့်တာဝန်တွေကိုလည်း ဖြည့်ဆည်းနိုင်မှာမဟုတ်ဘူး၊ ကယ်တင်ခံရဖို့ အခွင့်အရေးကို ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်တာဖြစ်ပြီး၊ အဲဒီအချိန်ကျမှ နောင်တရရင် သိပ်နောက်ကျသွားလိမ့်မယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပြီး ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အရမ်းကို ခံစားလိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘာသာတရားမရှိသူများသည် လူတစ်ဦးအနေဖြင့် မိမိ၏ဘဝတွင် လုပ်ဆောင်နိုင်သည့် အဓိပ္ပာယ်အရှိဆုံးအရာကို နားမလည်သော်လည်း ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သင်တို့နားလည်သည် မဟုတ်လော။ (နားလည်ပါသည်။) ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး မိမိ၏ အထူးတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းတို့သည် အရေးကြီးဆုံး အရာများဖြစ်သည်။ သင်တို့ ယခုထမ်းဆောင်နေသော တာဝန်များသည် အဖိုးတန်သည်။ သင်သည် လောလောလတ်လတ်တွင် ရလဒ်များကို မမြင်နိုင်သည့်အပြင် လောလောလတ်လတ်တွင် ကြီးမားသောအကျိုးများကို လက်ခံရခြင်း ရှိကောင်းရှိနိုင်မည် မဟုတ်သော်လည်း ၎င်းတို့ အသီးသီးသည့်အချိန်သည် ကြာမည်မဟုတ်ပေ။ ရေရှည်တွင် ဤလုပ်ငန်းကို ကောင်းမွန်စွာ ပြီးမြောက်လျှင် ယင်းက လူသားမျိုးနွယ်အတွက် ဖြည့်ဆည်းမှုများကို ငွေဖြင့် တိုင်းတာရန် ဖြစ်နိုင်မည်မဟုတ်ချေ။ ထိုကဲ့သို့ စစ်မှန်သော သက်သေခံချက်များသည် အခြားအရာများထက် ပို၍အဖိုးထိုက်ပြီး တန်ဖိုးရှိကာ ၎င်းတို့သည် ထာဝရတည်မြဲမည်ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို လိုက်လျှောက်သူတိုင်း၏ ကောင်းမှုများဖြစ်ပြီး ယင်းတို့သည် အမှတ်ရထိုက်သည့်အရာ ဖြစ်သည်။ လူ့ဘဝတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဖန်ဆင်းခံသတ္တဝါအဖြစ် ၎င်းတို့၏တာဝန်ကို ကျေပွန်ခြင်းမှလွဲ၍ အရာရာသည် အချည်းနှီးဖြစ်ပြီး အမှတ်ရရန် မထိုက်တန်ပါ။ သင်သည် ကမ္ဘာကို အတုန်လှုပ်နိုင်ဆုံးသော စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်ခဲ့လျှင်ပင်၊ အာကာသထဲသွား၍ လကမ္ဘာဆီရောက်ဖူးပြီး ပြန်လာခဲ့လျှင်ပင် သင်သည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူး၊ သို့မဟုတ် အထောက်အကူ အနည်းငယ် ဖြစ်လာစေသော သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများကို ပြုလုပ်ခဲ့လျှင်ပင် ယင်းသည် အချည်းနှီးဖြစ်ပြီး ယင်းတို့အားလုံးသည် ကွယ်ပျောက်သွားမည်ဖြစ်သည်။ မကွယ်ပျောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်အား သက်သေခံချက်များ၊ ဖန်ဆင်းရှင်အတွက် သက်သေရပ်တည်သော သက်သေခံချက်များ၊ အလုပ်များနှင့် လူတို့၏ ကောင်းမှုများသာလျှင် မကွယ်ပျောက်သွားဘဲ ရှိမည်ဖြစ်သည်။ ဤအရာများသည် ထာဝရ တည်မြဲနေမည်ဖြစ်ပြီး ယင်းတို့သည် အလွန်တန်ဖိုးရှိသည်။ ထို့ကြောင့် သင်တို့၏ ကန့်သတ်ချုပ်ချယ်မှုအားလုံးကို ပယ်ရှား၍ ဤကြီးမြတ်သော အားထုတ်မှုကို လုပ်ဆောင်လော့။ ထို့ပြင် မိမိကိုယ်ကို မည်သည့်လူ၊ အဖြစ်အပျက်နှင့် အမှုအရာတစ်ခုမျှ၏ ချုပ်နှောင်ခြင်းကို မခံနှင့်။ ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံလျက် တာဝန်များကို ထမ်းဆောင်ရာ၌ သင်၏ခွန်အားနှင့် ကြီးမားသည့်အဖိုးအခအားလုံးကို ပုံအောလော့။ ဤသည်မှာ အများအားဖြင့် ဘုရားသခင်ကောင်းချီးပေးသော အရာဖြစ်ပြီး ယင်းအတွက် မည်သည့်ဆင်းရဲဒုက္ခအတိုင်းအတာကိုမဆို ခံစားထိုက်ပေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖန်ဆင်းခံတစ်ဦး၏တာဝန်အား ကောင်းမွန်စွာထမ်းဆောင်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏) ဘုရားနှုတ်ကပတ်တော်တွေကနေ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်တာ၊ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေဖို့အတွက် ကိုယ့်ခွန်အားကို ပေးဆက်တာနဲ့ လူတွေကို ဘုရားသခင်ရှေ့မှောက် ပိုခေါ်ဆောင်လာတာတွေဟာ ဂုဏ်သိက္ခာအရှိဆုံး အရာတွေဖြစ်ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ အကိုက်ညီဆုံးအရာတွေဖြစ်တယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ထမ်းဆောင်တာ၊ လူတွေအပေါ် ဘုရားသခင်ရဲ့ အမှုတော် ရလဒ်တွေကို သက်သေခံဖို့အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကို ပိုရွေးချယ်ပေးနိုင်တာ၊ ပြီးတော့ လူပိုများများ ဘုရားသခင်ကို သိကျွမ်းလာပြီး သူ့ရှေ့မှောက်ကို ပြန်လာနိုင်ဖို့ လုပ်ပေးတာဟာ ဘုရားသခင်အတွက် သက်သေခံချက်ဖြစ်တယ်၊ ဘုရားသခင် အသိအမှတ်ပြုတဲ့အရာလည်း ဖြစ်တယ်၊ ဒါကြောင့် ဒီအထဲမှာ ဘယ်လိုဆင်းရဲဒုက္ခမျိုးပဲ ခံစားရပါစေ တန်ပါတယ်။ လူသားတွေကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အလုပ်ဟာ ပြီးဆုံးတော့မယ်၊ ကြီးမားတဲ့ ကပ်ဘေးတွေကလည်း စတင်နေပြီလေ။ မနက်ဖြန် ဘာဖြစ်လာမလဲ၊ ဘေးအန္တရာယ် ဘယ်အချိန် ကျရောက်လာမလဲဆိုတာကိုတောင် ကျွန်မ မသိခဲ့ဘဲနဲ့ အနာဂတ်အတွက် ကြိုစီစဉ်နေပြီး ကျွန်မအသက်ကြီးလာတဲ့အခါ ကျွန်မကိုပြုစုစောင့်ရှောက်ဖို့အတွက် ကလေးယူဖို့ကို စဉ်းစားနေခဲ့တာ။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျွန်မရဲ့ စိတ်ဆင်းရဲမှုနဲ့ စိုးရိမ်ပူပန်မှုအားလုံးက မလိုအပ်ပါဘူး။ အခုဆို ကျွန်မက ဘာဝန်ထုပ်ဝန်ပိုး၊ အနှောင်အဖွဲ့မှမရှိဘဲ ကိုယ့်တာဝန်တွေကို အပြည့်အဝ ဆက်ကပ်ထမ်းဆောင်နိုင်နေပြီ။ တာဝန်တွေကို ထမ်းဆောင်နေရင်း သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲမှုကိုပါ လိုက်စားနိုင်သေးတယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ သမ္မာတရားနဲ့ ကယ်တင်ခြင်းကို လိုက်စားဖို့ လက်ရှိ အခွင့်အရေးကို ကျွန်မ ချစ်မြတ်နိုးသင့်တယ်၊ ပြီးတော့ ကိုယ့်ခွန်အားနဲ့ အချိန်အားလုံးကို ကိုယ့်တာဝန်တွေနဲ့ ဘုရားသခင်အတွက် သက်သေခံတဲ့နေရာမှာ အပြည့်အဝ ပေးဆပ်သင့်တယ်။ သမ္မာတရားတချို့ကို နားလည်နိုင်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရမယ်ဆိုရင် ကျွန်မဘဝမှာ အသက်ရှင်ရတာ အလဟဿဖြစ်မှာ မဟုတ်ပါဘူး။ ဒါတွေကို နားလည်သွားတော့ စိတ်နှလုံးထဲက စိတ်ဆင်းရဲမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်မ လက်လွှတ်လိုက်နိုင်တယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် အသက်ရှင်ဖို့ ပိုကောင်းတဲ့ ယုံကြည်ခြင်းကို ရရှိခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မနှစ်မြို့စရာ အမှန်တရားများကို မှတ်ယူသင့်ပုံ

၂၀၁၇ ခုနှစ်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ စုဝေးပွဲတက်တာ၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆွေးနွေးတာတွေ စလုပ်တော့၊ ကျွန်မ...

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်းမှ သင်ယူခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တကယ့်အလုပ်ကို မလုပ်တဲ့အတွက် ကျွန်မတို့ အသင်းတော်က ခေါင်းဆောင်နှစ်ယောက် အထုတ်ခံခဲ့ရတယ်။ သူတို့ရဲ့ အပြုအမူကို...

ဧဝံဂေလိ ဝေမျှရင်း အခက်အခဲများကို ရင်ဆိုင်ရန်နည်းလမ်း

ကယ်လ်ဗင် ပီရူးနိုင်ငံ ပီရူးက မြို့ငယ်လေးမှာ ကျွန်တော် နေတယ်။ တစ်မိသားစုလုံးနဲ့ အဲဒီက တခြားရွာသား အများစုက ကက်သလစ်ဘာသင်တွေ ဖြစ်တယ်။ ဒါပေမဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။