ဘယ်စိတ်သဘောထားက လူတစ်ယောက်ကို ပြန်ငြင်းခုံပြီး ဆင်ခြေတွေပေးချင်အောင် လုပ်သလဲ

06.06.2026

ကျားယွီ၊ တရုတ်ပြည်

၂၀၂၄ ခုနှစ်၊ ဧပြီလက တစ်နေ့မှာ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ကျွန်မ ရခဲ့တယ်။ ညီအစ်မတချို့က ကျွန်မနဲ့ပတ်သက်ပြီး ပြဿနာတချို့ တင်ပြထားတယ်လို့ အဲဒီစာထဲမှာ ပါလာတယ်။ ကျွန်မက သူတို့အတွက် စုဝေးပွဲတွေ မစီစဉ်ပေးဘူး၊ အလုပ်တွေကို နောက်ဆက်တွဲလိုက်လုပ်တာနဲ့ စာပြန်တာတွေမှာ နှေးပြီး အလုပ်ကို နှောင့်နှေးစေတယ်လို့ သူတို့က ပြောကြတယ်။ သူတို့တင်ပြထားတဲ့ ပြဿနာတွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ တော်တော်နဲ့ စိတ်မအေးနိုင်ဘဲ ဖြစ်သွားတယ်။ ပြီးတော့ ကျွန်မက ဆင်ခြေတွေပေးပြီး ပြန်ငြင်းဖို့၊ ကိုယ်မှန်ကြောင်းရှင်းချက်ထုတ်ဖို့ ဆက်တိုက် ကြိုးစားနေမိတာပေါ့။ “ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ တကယ်မှန်တဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ စုဝေးတဲ့နေရာက မလုံခြုံလို့ ဒီညီအစ်မတွေက စုဝေးပွဲကို ယာယီ ရပ်ထားတာလေ။ စုဝေးဖို့ အိမ်တစ်လုံး မြန်မြန်ရှာဖို့ သူတို့ကို ကျွန်မ ပြောပေမဲ့ သူတို့က ဘယ်တော့မှ စာမပြန်ဘူး။ တခြား ညီအစ်ကိုမောင်နှမ နည်းနည်းအတွက်ကျတော့ သူတို့ရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိလို့ သူတို့အတွက် စုဝေးပွဲတွေကို လောလောဆယ် ကျွန်မ မစီစဉ်ပေးသေးတာပါ။ သူတို့ မစုဝေးနိုင်တာက ကျွန်မအမှား မဟုတ်ဘူးလေ၊ ဒါကို ဘာလို့ လူတိုင်းက ကျွန်မအပေါ် အပြစ်ပုံချနေရတာလဲ။ သူတို့ စုဝေးပွဲ မရှိတဲ့ ဒီကာလအတွင်းမှာ သူတို့ရဲ့ အခြေအနေတွေကို မေးဖို့နဲ့ သူတို့နဲ့ မိတ်သဟာယပြုဖို့ ကျွန်မ စာတွေ ရေးနေခဲ့ပါတယ်။ သူတို့ကို ကျွန်မ လျစ်လျူရှုမထားပါဘူး။ အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်တာနဲ့ စာပြန်တာတွေမှာ ကျွန်မ နှေးတယ်လို့ သူတို့ပြောကြတယ်၊ ဒါပေမဲ့ ဒါက စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးမှုတွေကြောင့်လေ။ ညီအစ်ကိုမောင်နှမတွေက အရင်ကလို ခဏခဏ မတွေ့နိုင်ခဲ့ဘူး၊ ဒီတော့ သူတို့ အရင်ကလောက် စာတွေကို အမြန်ဘယ်ရတော့မလဲ။ ဒါကလည်း ကျွန်မ မတတ်နိုင်တဲ့ ကိစ္စပါ။ သူတို့အားလုံးက ကျွန်မဆီကနေ အများကြီး တောင်းဆိုလွန်းနေကြတာ။ ကျွန်မက နေ့တိုင်း အလုပ်အမျိုးမျိုးကို နောက်ဆက်တွဲလိုက်လုပ်တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ မေးခွန်းတွေကို ဖြေဖို့ စာတွေလည်း ရေးရသေးတယ်။ တစ်ခါတလေ ကျွန်မ အရမ်းအလုပ်ရှုပ်လွန်းလို့ မနက် ၂ နာရီလောက်ထိတောင် အလုပ်လုပ်ရတယ်။ ဒီလို ဒုက္ခခံပြီး အဖိုးအခပေးနေတာက တကယ့်အလုပ်ကို ကျွန်မ မလုပ်တာ ဘယ်လိုဖြစ်နိုင်မှာလဲ” ဆိုပြီးတော့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မ အဲဒါကို လက်ကိုမခံနိုင်ဘူး ဖြစ်နေတာ။ နောက်တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက ညီအစ်ကိုမောင်နှမတွေကို ကျွန်မနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်တွေ ရေးခိုင်းတယ်။ ခေါင်းဆောင်တွေက ကျွန်မကို တကယ့်အလုပ်ကို မလုပ်ဘူးလို့ ထင်ပြီး ကျွန်မကို ဖြုတ်ချတော့မယ်လို့ ကျွန်မ မှန်းဆမိလိုက်တယ်။ ကျွန်မ ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လို အသုံးခံခဲ့တယ်ဆိုတာတွေကို တွေးမိတဲ့အခါ ကျွန်မ စိတ်ထဲမှာ ပြန်ငြင်းတာမျိုး၊ ကိုယ်မှန်ကန်ကြောင်း ရှင်းချက်ထုတ်တာမျိုး မလုပ်ဘဲ မနေနိုင်ဘူး။ “အယောင်ဆောင် ခေါင်းဆောင်ကသာ တကယ့်အလုပ်ကို လုံးဝ မလုပ်တာ၊ ကျွန်မကတော့ အမြဲတမ်း အလုပ်လုပ်နေတယ်၊ အချိန်တွေအများကြီးပေးပြီး ဒီလောက်ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်နေတာ။ ရှင်တို့က ကျွန်မကို ဘာထပ်လုပ်စေချင်သေးတာလဲ” လို့ တွေးမိတယ်။ တွေးလေလေ၊ ကျွန်မ ပိုပြီး စိတ်မချမ်းမသာဖြစ်လေပဲ။ ကျွန်မရဲ့ အခြေအနေ တစ်ခုခု မှားနေပြီဆိုတာကို သတိပြုမိလိုက်တော့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီနေ့ကြုံရတဲ့ ဒီအခြေအနေကို သမီး ကျိုးနွံနာခံနိုင်တာမျိုး မရှိဘူး ဖြစ်နေပါတယ်။ ဘာသင်ခန်းစာ ယူသင့်တယ်ဆိုတာ သမီး မသိပါဘူး။ ပြီးတော့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကိုလည်း သမီး နားမလည်ပါဘူး။ ကျေးဇူးပြုပြီး သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ” ပေါ့။

အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ခေါင်းဆောင်တစ်ဦးက ဖြည့်ဆည်းနေခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ မည်သို့ အကဲဖြတ်သင့်သနည်း။ အခြေခံအကျဆုံး အဆင့်အနေဖြင့် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်နိုင်စွမ်းရှိမရှိ၊ ၎င်းတို့တွင် ဤအစွမ်းအစ ရှိမရှိဟူသည်တို့ကို ကြည့်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့အနေဖြင့် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝန်တာထားခြင်း ရှိမရှိဟူသည်ကို ကြည့်သင့်သည်။ ၎င်းတို့ ပြောသည့်အရာများက မည်မျှနားကြားကောင်းပြီး ၎င်းတို့က အယူဝါဒများကို နားလည်သည့်ပုံ မည်မျှပေါက်သည်ကို လျစ်လျူရှုပြီး အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်ချိန်တွင် ၎င်းတို့ မည်သို့ ပင်ကိုစွမ်းရည်ရှိပြီး ဆုကျေးဇူးရှိသည်ကို လျစ်လျူရှုလော့။ ဤအရာများက အရေးမကြီးပေ။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် အသင်းတော်အလုပ်၏ အခြေခံအကျဆုံးသော အချက်များကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် လူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အနှစ်သာရအရှိဆုံး အလုပ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤလက်တွေ့ကျသော အလုပ်၏ ဤအချက်များကို လုပ်နိုင်စွမ်း မရှိပါက ၎င်းတို့၏ အစွမ်းအစ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပင်ကိုစွမ်းရည်ရှိသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နေဆဲဖြစ်သည်။ လူအချို့က ‘၎င်းတို့ ယခုတွင် လက်တွေ့ကျသော အလုပ်တစ်ခုမျှ မလုပ်ကြသည်ကို မေ့ထားလော့။ ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး တတ်စွမ်းနိုင်သည်။ ၎င်းတို့သည် အချိန်ကာလတစ်ခုမျှ လေ့ကျင့်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်နိုင်ဖို့ သေချာသည်။ ထို့အပြင် ၎င်းတို့သည် မကောင်းသောအရာတစ်ခုမျှ မပြုလုပ်ခဲ့သကဲ့သို့ မကောင်းမှုကို မပြုလုပ်ခဲ့ သို့မဟုတ် အနှောင့်အယှက်ဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းဖြစ်စေ မဖြစ်ပေါ်စေခဲ့ပေ။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်ဟု ကိုယ်တော်မည်သို့ ဆိုနိုင်သနည်း’ ဟူ၍ ပြောကြသည်။ ဤအရာကို ငါတို့ အဘယ်သို့ ရှင်းပြနိုင်သနည်း။ သင် မည်မျှပင်ကိုစွမ်းရည်ရှိသည်၊ သင့်အနေဖြင့် မည်သည့်အစွမ်းအစနှင့် ပညာရေး အဆင့်ကိုပိုင်ဆိုင်သည်၊ ဆောင်ပုဒ်မည်မျှကို သင် ကြွေးကြော်နိုင်သည် သို့မဟုတ် စကားလုံးများနှင့် အယူဝါဒမည်မျှ သင် နားလည်သဘောပေါက်သည်ဟူသည်တို့မှာ အရေးမကြီးပေ။ သင် မည်မျှအလုပ်များသည်ဖြစ်စေ၊ တစ်နေ့တာတွင် သင် မည်မျှပင်ပန်းနွမ်းနယ်သည်ဖြစ်စေ၊ သင် ခရီးမည်မျှဝေးဝေး သွားပြီးသည်ဖြစ်စေ၊ အသင်းတော် မည်မျှ သင် လည်ပတ်သည်ဖြစ်စေ၊ အန္တရာယ်မည်မျှကို သင် စွန့်စားပြီး ဆင်းရဲဒုက္ခ မည်မျှ ခါးစည်းခံသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ အလုပ်အစီအစဉ်များကို အခြေခံ၍ သင်၏ အလုပ်ကို သင် လုပ်ဆောင်နေခြင်း ရှိမရှိ၊ ထိုအစီအစဉ်များကို သင် မှန်ကန်တိကျစွာ အကောင်အထည်ဖော်နေခြင်းရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုအတောအတွင်းတွင် သင်သည် သင်တာဝန်ရှိသည့် သတ်သတ်မှတ်မှတ် ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်နေခြင်း ရှိမရှိ၊ ပြီးလျှင် စစ်မှန်သော ပြဿနာမည်မျှကို သင် အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့ကြောင့် လူမည်မျှက သမ္မာတရား စည်းမျဉ်းများကို နားလည်လာပြီးဖြစ်သည်ဟူသည်နှင့် အသင်းတော်၏ အလုပ်က မည်မျှ ခရီးရောက်ပြီး တိုးတက်သည်ဟူသည်တို့ ဖြစ်သည်။ အရေးကြီးသည်မှာ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဖြစ်သည်။ သင် ပါဝင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ် မည်သည့်အရာဖြစ်စေ အရေးကြီးသည့်အရာမှာ သင်သည် ကြီးကြီးကျယ်ကျယ် ပြုမူပြီး အမိန့်များ ထုတ်ပြန်နေခြင်းထက် အလုပ်ကို တစိုက်မတ်မတ် နောက်ဆက်တွဲလိုက်လုပ်ကာ ညွှန်ကြားနေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ဤအရာအပြင် နောက်ထပ် အရေးကြီးသည့်အရာမှာ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၌ အသက်ဝင်ရောက်မှု ရှိမရှိ၊ ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် လက်တွေ့ကျသော ပြဿနာများကို သင် ကိုင်တွယ်ကာ ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤအရာများနှင့် အခြားအလားတူ အရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်များဖြစ်သည်။ ဤစံသတ်မှတ်ချက်များက လက်တွေ့ကျသည်ဟု သင်တို့ ပြောမည်လော။ ပြီးလျှင် လူတို့အတွက် မျှတသလော။ (မျှတပါသည်။) ယင်းတို့သည် လူတိုင်းအတွက် မျှတပေသည်။ သင်၏ ပညာရေး အဆင့်အတန်းက မည်သည့်အရာဖြစ်စေ၊ သင် ငယ်ရွယ်သည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ ဝါရင့်မှု သို့မဟုတ် ဘုရားနှုတ်ကပတ်တော် မည်မျှကို သင် ဖတ်ရှုပြီးသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့် အရာမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် အသင်းတော်အလုပ်ကို သင် မည်သို့ကောင်းစွာ လုပ်ဆောင်သည်၊ သင်၏ အလုပ်တွင် သင်က မည်သို့ထိရောက်ပြီး ခရီးရောက်သည်ဆိုသည်နှင့် အလုပ်၏ အချက်တစ်ခုစီက စနစ်ကျပြီး ထိရောက်သော ပုံစံဖြင့် တိုးတက်ကာ နှောင့်နှေးခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိဟူသည်ကို အကဲဖြတ်သည့်အခါ ဆန်းစစ်ရသည့် အဓိကအရာများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ခေါင်းဆောင်တစ်ယောက်က သူ့ရဲ့ တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းပြီးပြီလားဆိုတာကို တိုင်းတာဖို့က သူ ဘယ်လောက် ဒုက္ခခံစားရပုံပေါက်တယ်၊ ဒါမှမဟုတ် သူ ဘယ်လောက် စွန့်လွှတ်အနစ်နာခံထားတယ် ဆိုတာတွေအပေါ်မှာ မူတည်တာမဟုတ်ဘဲ သူက တကယ့်အလုပ် လုပ်သလား၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုပေးနိုင်သလား၊ ပြီးတော့ သူ့တာဝန်တွေကို စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်သလား၊ အသင်းတော်ရဲ့ အလုပ်အမျိုးမျိုးက ပုံမှန်၊ စနစ်တကျပုံစံနဲ့ တိုးတက်နိုင်တာမျိုး ရှိမရှိ ဆိုတာတွေအပေါ်မှာ မူတည်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ အသင်းတော်ရဲ့ အလုပ်အမျိုးမျိုးမှာ တကယ့်အလုပ် လုပ်ဆောင်ထားတာ မရှိရင်၊ ပြီးတော့ ရလဒ်တွေ မရှိရင်၊ လူတစ်ယောက်က ဘယ်လောက်ပဲ ဒုက္ခခံစားရပုံပေါက်ပါစေ၊ ဒါမှမဟုတ် အဖိုးအခ ဘယ်လောက်ပဲ ပေးဆပ်ထားပါစေ၊ သူက အယောင်ဆောင် ခေါင်းဆောင် ဖြစ်နေတုန်းပါပဲ။ အဲဒီနောက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ဘုရားသခင် သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ကျွန်မ မမီဘူးဆိုတာ၊ ပြီးတော့ ကျွန်မက အဖိုးအခ နည်းနည်းလောက် ပေးဆပ်ထားပုံပေါက်ပြီး အပေါ်ယံအလုပ်ကိုပဲ လုပ်ခဲ့တယ်ဆိုတာ၊ ဒါပေမဲ့ အလုပ်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ အဲဒါတွေကို ဖြေရှင်းဖို့ ဒုက္ခမခံချင်ဘူး၊ အဖိုးအခ မပေးချင်ဘူး ဆိုတာတွေကို ကျွန်မ တွေ့လိုက်ရတယ်။ ဥပမာ၊ ညီအစ်ကိုမောင်နှမတွေ ပုံမှန် အသင်းတော်အသက်တာ ရှိဖို့ သေချာအောင်လုပ်တာက အခြေခံအကျဆုံး အလုပ်ဖြစ်ပေမဲ့ ညီအစ်ကိုမောင်နှမတချို့မှာ စုဝေးဖို့ လုံခြုံတဲ့နေရာ မရှိခဲ့ဘူး။ စုဝေးဖို့ အိမ်တစ်လုံး သူတို့ဘာသာ ရှာကြဖို့ ကျွန်မ ပြောခဲ့ပေမဲ့ ဒီကိစ္စကို ကျွန်မ နောက်ဆက်တွဲလိုက်မလုပ်ခဲ့ဘူး။ တခြား ညီအစ်ကိုမောင်နှမတွေကျတော့ လုံခြုံရေး အန္တရာယ်ရှိပေမဲ့ အရာရာကို တိတိကျကျ ဘယ်လို စီစဉ်ပေးရမယ်ဆိုတာကို ကျွန်မ တကယ် ထည့်မစဉ်းစားခဲ့ဘူး။ ပြီးတော့ ဒီကိစ္စကို တွဲဖက်နဲ့လည်း မဆွေးနွေးခဲ့ဘူး၊ ဒါမှမဟုတ် သင့်တော်တဲ့ အစီအစဉ်တွေ လုပ်ဖို့ အထက်ခေါင်းဆောင်တွေဆီက လမ်းပြမှုလည်း မရှာခဲ့ဘူး။ ပတ်ဝန်းကျင် အခြေအနေ ကောင်းလာတဲ့အထိ စောင့်ပြီးမှ တစ်ခုခုလုပ်မယ်လို့ပဲ ကျွန်မ တွေးခဲ့တာ။ ကျွန်မက တကယ့်အလုပ်ကို တကယ်တမ်း မလုပ်နေခဲ့သလို ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ဝန်တာထားစိတ်လည်း မရှိခဲ့ဘူး။ အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်တာနဲ့ စာပြန်တာတွေမှာ ကျွန်မ နှေးတယ်လို့ ညီအစ်ကိုမောင်နှမတွေက ထောက်ပြကြတယ်။ စာပေးပို့တာမှာ ပြဿနာရှိတယ်ဆိုတာ ကျွန်မ သိပါတယ်။ အထွေထွေအမှုဆောင်တွေက စာပေးပို့တာ နှေးတဲ့အတွက် အလုပ်ကြန့်ကြာတာမျိုး သုံးလေးကြိမ် ရှိခဲ့ဖူးတယ်။ ဒါက ချက်ချင်း ဖြေရှင်းသင့်တဲ့ ပြဿနာတစ်ခုပါ။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းတာက အထွေထွေအမှုဆောင်တွေဆီသွားပြီး သူတို့ရဲ့ တကယ့်အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ပြုပြင်ပေးတာ၊ မိတ်သဟာယပြုပေးတာတွေ လုပ်ရမဲ့ သဘောဖြစ်မယ်ဆိုတာကို တွေးမိတဲ့အခါ ကျွန်မက အလုပ်ရှုပ်မခံချင်တော့ဘူး။ ဒါကြောင့် ပတ်ဝန်းကျင် အခြေအနေ ဆိုးတာကို အကြောင်းပြချက်အနေနဲ့ သုံးပြီး ပြဿနာကို မဖြေရှင်းဘဲ အချိန်ဆွဲနေခဲ့တာပါ။ အဖြစ်မှန်တွေ ထုတ်ဖော်ခံရတာနဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖွင့်ပြတာတွေကို ရင်ဆိုင်လိုက်ရတဲ့အခါ ကျွန်မမှာ ကိုယ်မှန်ကန်ကြောင်း ရှင်းချက်ထုတ်ဖို့ ဘာအခြေခံအကြောင်းပြချက်မှ၊ ဘာဆင်ခြေမှ မရှိတော့ပါဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မဟာ တကယ်ကို တာဝန်ဝတ္တရားတွေကို ကောင်းကောင်း မဖြည့်ဆည်းခဲ့ပါဘူး။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ တင်ပြထားတဲ့ ကျွန်မရဲ့ ပြဿနာတွေကလည်း မမှားပါဘူး။ ကျွန်မသာ ဖြုတ်ချခံရမယ်ဆိုရင် အကြွင်းမဲ့ လိုလားမှုနဲ့ လက်ခံမှာပါ။

အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သိသာထင်ရှားသော လုပ်ရပ်များကို လုပ်ဆောင်ကြသည်၊ အထက်လူကြီးများကို လှည့်ဖြားပြီး မိမိတို့ လက်အောက်ငယ်သားများထံမှ အကြောင်းအရာများကို ဖုံးကွယ်ထားကြသည် သို့မဟုတ် အလုပ်အစီအစဉ်များကို ဆန့်ကျင်ကြသည့်အပြင် ၎င်းတို့၏ လုပ်ရပ်များသည် အသင်းတော်အလုပ်ကို ကြီးစွာသော ပျက်စီးထိခိုက်မှုပင် ဖြစ်စေသည်။ သို့တိုင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဆင်ခြင်သုံးသပ်ပြီး သိရှိလာခြင်း သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့် မိမိတို့၏ ဒုစရိုက်အမှုနှင့်ဆိုင်သော အချက်ကို ဝန်ခံခြင်း မရှိရုံသာမက ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟုပင် ယုံကြည်ကြပြီး နေရာတကာတွင် မိမိတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့ကြောင်း၊ ဆင်းရဲဒုက္ခ မည်မျှ ခံခဲ့ရကြောင်း၊ မိမိတို့၏ အလုပ်အတွင်း မည်မျှ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း၊ အလုပ်လုပ်ရင်း ဧဝံဂေလိ တရားဟောခြင်းမှတစ်ဆင့် လူမည်မျှ ရရှိခဲ့ကြောင်း စသည်တို့ကို ကြွားဝါပြီး သက်သေခံလျက် နာမည်ကောင်းနှင့် ဆုလာဘ်များကို ရှာဖွေလိုကြသည်။ ၎င်းတို့သည် မိမိတို့ မကောင်းမှုမည်မျှ ပြုလုပ်ခဲ့ကြောင်း သို့မဟုတ် အသင်းတော်အလုပ်ကို ကြီးစွာသော ထိခိုက်နစ်နာမှု မည်မျှ သက်ရောက်စေခဲ့ကြောင်းကို လုံးဝ အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် နောင်တလည်း မရကြသည့်အပြင် လမ်းကြောင်းပြောင်းရန်မှာ သာ၍ပင် ဝေးသေးသည်။ ငါ့ကိုပြောလော့၊ ထိုသို့သောလူများသည် မျက်နှာပြောင်တိုက်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်က ၎င်းတို့ကို ‘သင်သည် အသင်းတော်အလုပ်ကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခဲ့သလော။ သင်၏အလုပ်သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ကိုက်ညီခဲ့သလော’ ဟု မေးပါက ၎င်းတို့သည် ထိုအကြောင်းအရာကို ရှောင်ကြဉ်ကြသည်။...ငါ့ကို ပြောလော့၊ ဤသို့သော လူစားမျိုးတွင် ရှက်စိတ်တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် ‘ရှက်စိတ်’ ဟူသော စကားလုံးများကို စာလုံးပေါင်းနိုင်ကြပါမည်လော။ ၎င်းတို့တွင် ရှက်စိတ် အမှန်တကယ် မရှိပါက ယင်းမှာ ပြဿနာရှိသည်။ ၎င်းတို့သည် မိမိတို့ မကောင်းမှုပြုခဲ့ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ သိသော်လည်း နှုတ်ဖြင့် ဝန်ခံရန် ခေါင်းမာစွာ ငြင်းပယ်ပါက ထိုသို့သောလူများသည် အလွန် စိတ်နှလုံးမာကျောကြသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ မကောင်းမှုပြုခဲ့ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲတွင် အသိအမှတ်ပြုပြီး နှုတ်ဖြင့်လည်း ဝန်ခံနိုင်ပါက ၎င်းတို့သည် အသိစိတ်ရှိသည်ဟု မှတ်ယူရဆဲဖြစ်သည်၊ ၎င်းတို့အတွင်း၌ ရှက်စိတ် ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် နှုတ်ဖြင့် ဝန်ခံရန် ငြင်းပယ်ရုံသာမက မိမိတို့၏ စိတ်နှလုံးထဲတွင်လည်း အာခံနေပါက၊ အဆက်မပြတ် ဆန့်ကျင်နေပြီး ဘုရားအိမ်တော်က ၎င်းတို့ကို တရားမမျှတစွာ ဆက်ဆံနေကြောင်းနှင့် ၎င်းတို့သည် ကံဆိုးခြင်း၏ သားကောင်များဖြစ်ကြောင်း နေရာတကာတွင် ပြောဆိုချက်များကို ဖြန့်ဝေနေပါက ၎င်းတို့၏ ပြဿနာမှာ ဆိုးရွားသည်။ မည်မျှဆိုးရွားသနည်း။ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား လုံးဝမရှိပေ။ အသိစိတ်တွင် တရားမျှတစိတ်နှင့် ကြင်နာမှု နှစ်မျိုးစလုံး ပါဝင်ရမည်။ တရားမျှတစိတ်၏ သွင်ပြင်လက္ခဏာတစ်ခုမှာ လူတို့သည် အရှက်တရား ရှိရမည်ဖြစ်သည်။ လူတို့သည် အရှက်ကို သိမှသာလျှင် ဖြောင့်မတ်နိုင်သည်၊ တရားမျှတစိတ် ရှိနိုင်သည်၊ အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးပြီး ယင်းတို့ကို စွဲကိုင်ထားနိုင်ကြသည်။ သို့သော် သင်၏ အသိစိတ်နှင့် သင်၏ တရားမျှတစိတ်တွင် အရှက်တရား ကင်းမဲ့နေပါက၊ သင်သည် အရှက်ကို မသိပါက၊ မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်ပြီးနောက်တွင်ပင် သင်သည် ယင်းနှင့်ပတ်သက်၍ ရှက်ရွံ့သည်ဟု မခံစားရပါက၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် သို့မဟုတ် မုန်းတီးရန် မသိပါက၊ နောင်တမရပါက၊ အခြားသူများက သင့်ကို မည်သို့ ဖော်ထုတ်သည်ကို ဂရုမစိုက်ပါက၊ သင်သည် မျက်နှာမပူသည့်အပြင် အရှက်မရှိပါက လူတစ်ဦးအနေဖြင့် သင်၏ အသိစိတ်တွင် ပြဿနာရှိပြီး သင်သည် အသိစိတ်မရှိဟုလည်း ဆိုနိုင်ပေသည်။ ထိုသို့ဖြစ်ပါက သင်၏ စိတ်နှလုံးသည် မကောင်းသလော သို့မဟုတ် ဆိုးယုတ်သလောဟု ပြောရန် ခက်ခဲသည်၊ သင်၏ စိတ်နှလုံးသည် ဆိုးယုတ်သော စိတ်နှလုံး၊ ဝံပုလွေ၏ နှလုံးသား ဖြစ်နိုင်သည်၊ အပြုသဘောဆောင်ခြင်း မဟုတ်ဘဲ အပျက်သဘောဆောင်သည်။ အသိစိတ်မရှိဘဲ၊ လူ့သဘာဝမရှိဘဲ နေသောလူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ သင်သည် မှားယွင်းသော အရာတစ်ခုခုကို လုပ်ဆောင်ပြီး အရှက် လုံးဝမရှိပါက၊ နောင်တရခြင်း သို့မဟုတ် အပြစ်ရှိသည်ဟူသော ခံစားချက် မခံစားရပါက၊ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိရုံသာမက ငြင်းခုံခြင်း၊ ဆန့်ကျင်ခြင်းနှင့် မိမိကိုယ်ကို ကာကွယ်ရန်နှင့် မှန်ကြောင်းရှင်းချက်ထုတ်ရန် ကြိုးစားခြင်း၊ မိမိကိုယ်ကို ကောင်းမွန်ပုံရသော အပေါ်ယံအကာဖြင့် ဖုံးအုပ်ခြင်းတို့ကိုလည်း ပြုလုပ်ပါက၊ စံချိန်မီသော လူ့သဘာဝဖြင့် တိုင်းတာပါက သင်၏ လူ့သဘာဝမှာ ပြဿနာရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းရှက်မိတယ်။ ဘုရားသခင် ဖော်ထုတ်ထားတဲ့ ဒီလို အရှက်မရှိတဲ့ လူစားမျိုး ကျွန်မ ဖြစ်မနေဘူးလား။ ညီအစ်ကိုမောင်နှမတွေက ကျွန်မ ပြဿနာတွေကို တင်ပြတဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချက်ချင်း ကာကွယ်ပြောဆိုဖို့ ကြိုးစားခဲ့တာလေ။ ကျွန်မ ဘယ်လောက် ပေးဆပ်ထားတယ်၊ ဒုက္ခဘယ်လောက် ခံစားခဲ့ရတယ်ဆိုတာတွေကို ပြောခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့ဆိုရင် စုဝေးပွဲ မတက်နိုင်ခဲ့တာ လနဲ့ချီနေပြီ။ ပြီးတော့ အသင်းတော်အလုပ်ကို အချိန်မီ နောက်ဆက်တွဲလိုက်မလုပ်နေခဲ့ဘူး။ ဒါတွေအားလုံးက ကျွန်မ တကယ့်ပြဿနာတွေကို အချိန်မီ ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေ ပုံမှန် အသင်းတော်အသက်တာ ရရှိဖို့တောင် ကျွန်မ သေချာ မစီစဉ်ပေးနိုင်ခဲ့ဘူး။ အခြေခံအကျဆုံးအရာတွေကိုတောင် ကျွန်မ မပြီးမြောက်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မက မတရားဆက်ဆံခံရတယ်လို့ ဆက်ပြောနေတဲ့အပြင် ကြိုးစားပြီး ကိုယ်မှန်ကြောင်း ရှင်းချက်ထုတ်ဖို့ အပြင်ပန်း အကြောင်းပြချက်တွေကို အသုံးပြုခဲ့တယ်။ ကျွန်မက အများကြီး ပေးဆပ်ပြီးပြီ၊ တကယ့်အလုပ် ဘာမှမလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်တွေထက် ကျွန်မက အများကြီး ပိုတော်တယ်လို့ တွေးနေခဲ့တာ။ ကျွန်မမှာ ဆင်ခြင်တုံတရားဆိုတာ တကယ်ကို လုံးဝ မရှိပါဘူး။ အလုပ်တချို့ လုပ်ပြီးပြီ၊ အဖိုးအခတချို့ ပေးဆပ်ပြီးပြီလို့ ထင်ရပေမဲ့ ကျွန်မက အပေါ်ယံအလုပ်ကိုပဲ လုပ်နေခဲ့တာပါ။ အသင်းတော်ထဲက တကယ့်ပြဿနာတွေကို ဖြေရှင်းဖို့ ဘာအားထုတ်မှုမှ ကျွန်မ မလုပ်ခဲ့ပါဘူး။ တကယ့်အလုပ် လုံးဝ မလုပ်ခဲ့ဘဲနဲ့ ကျွန်မက ဆင်ခြေတွေပေးပြီး ပြန်ငြင်းနေတုန်းပဲ။ ကျွန်မ တကယ် အရှက်မရှိပါဘူး။

ကျွန်မ သမ္မာတရားကို လက်မခံဘူးလို့ ခေါင်းဆောင်တွေ ပြောတုန်းကအကြောင်းကို ကျွန်မ ပြန်တွေးမိတယ်။ ဒီတစ်ကြိမ်မှာတော့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်တွေ ရေးခိုင်းထားပြီဆိုတော့ သူတို့ ကျွန်မကို ဖြုတ်ချကောင်းဖြုတ်ချတော့မယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။ ဘုရားသခင်က သမ္မာတရားကို လက်ခံနိုင်တဲ့သူတွေကို ကယ်တင်တာလေ။ ကျွန်မလို လူမျိုးအတွက်ကျတော့ ကယ်တင်ခံရဖို့ အရမ်းခက်ခဲပုံပေါက်နေတာပေါ့။ နောက်သုံးလေးရက်မှာ စိတ်ပျက်အားငယ်မှုထဲမှာပဲ ကျွန်မ နစ်မွန်းပြီး ဘာမှလုပ်ချင်စိတ်မရှိဘူး။ နောက်ပိုင်းမှာ ကျွန်မကို တော်တော်လေးတို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူသည် လူတို့အတွက် အကောင်းဆုံး ဖြစ်စေချင်သည်။ မည်သည့် အခြေအနေများကို သူ စီစဉ်ပါစေ၊ သို့မဟုတ် သင်လုပ်ဆောင်ဖို့ မည်သည့်အရာ သူ စေခိုင်းပါစေ၊ အကောင်းဆုံးရလဒ်ကို မြင်ရန် သူ အမြဲ ဆန္ဒရှိပေသည်။ တစ်စုံတစ်ရာကို သင် ဖြတ်သန်းရပြီး အဆင်မပြေမှုများနှင့် ကျရှုံးမှုကို သင် ကြုံရသည်ဆိုပါစို့။ သင်ကျရှုံးသောအခါ၊ သင်ဇာတ်သိမ်းသွားကာ စာတန်၏ဆွဲယူခြင်းခံရပြီးဖြစ်၍ သင်သည် လက်မြှောက်အရှုံးပေးကာ မည်သည့်အခါမျှ ပြန်လည်ရပ်တည်နိုင်မည် မဟုတ်ဟု တွေးထင်သည့်အခါ စိတ်ဓာတ်ကျပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို ဘုရားသခင်က မမြင်လိုပေ။ ဤရလဒ်ကို ဘုရားသခင် မြင်လိုစိတ်မရှိပေ။ မည်သည့်အရာကို မြင်ရန် ဘုရားသခင် ဆန္ဒရှိသနည်း။ ဤကိစ္စရပ်တွင် သင် ကျရှုံးပြီး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သင်သည် သမ္မာတရားကို ရှာဖွေပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ခြင်း၊ သင်၏ ကျရှုံးခြင်းအတွက် အကြောင်းရင်းကို ရှာတွေ့နိုင်ခြင်း၊ ဤကျရှုံးခြင်းက သင့်အားသင်ကြားပေးခဲ့သည့် သင်ခန်းစာကို သင်လက်ခံနိုင်ပြီး နောင်တွင် သတိရခြင်း၊ ထိုနည်းဖြင့် ဆောင်ရွက်ဖို့မှာ မှားယွင်းသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည်သာ မှန်ကန်သည်ဆိုသည်ကို သင် သဘောပေါက်ခြင်း၊ သင်က ‘ကျွန်ုပ်သည် ဆိုးသောသူတစ်ယောက်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထား ရှိပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုမှုရှိသည်၊ ကျွန်ုပ်သည် ဘုရားသခင် ပြောဆိုသည့် ဖြောင့်မတ်သော လူများဖြင့် အလှမ်းဝေးပြီး ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ကျွန်ုပ်၌ မရှိပါ’ ဟု သဘောပေါက်လေသည်။ ဤအချက်ကို သင်ရှင်းရှင်းလင်းလင်း မြင်ပြီးဖြစ်သည်။ ဤကိစ္စ၏ အမှန်တရားကို သင်သိမြင်လာပြီးဖြစ်သည်။ ဤအနှောင့်အယှက်၊ ဤကျရှုံးမှုမှတစ်ဆင့် သင်သည် အသိတရားအချို့ ရလာပြီး ရင့်ကျက်လာသည်။ ဤသည်မှာ ဘုရားသခင်က မြင်လိုသောအရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေါလု၏ သဘာဝ အနှစ်သာရကို ပိုင်းခြားသိမြင်နည်း) ဘုရားနှုတ်ကပတ်တော်တွေက နွေးထွေးတဲ့ ရေစီးကြောင်းတစ်ခုလို ကျွန်မ နှလုံးသားကို နှစ်သိမ့်ပေးတယ်။ ဘုရားသခင် ဘယ်လိုပဲ အလုပ်လုပ်ပါစေ၊ အမြဲတမ်း ကောင်းပါတယ်။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဘုရားသခင် ထုတ်ဖော်တဲ့အခါမှာတောင် သူတို့ ကိုယ့်ကိုယ်ကိုယ် သိမြင်ဖို့၊ နောင်တရပြီး ပြောင်းလဲဖို့၊ ပြီးတော့ နောက်ဆုံးမှာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပစ်ပြီး ဘုရားသခင်ရဲ့ ကယ်တင်တာကို ခံရဖို့ မျှော်လင့်ချက်နဲ့ လုပ်ဆောင်တာပါ။ ကျွန်မ ဒီလောက် အပျက်သဘောဆောင်နေတာကို ဘုရားသခင် မမြင်ချင်ပါဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီအခြေအနေတွေကို သူ စီစဉ်ပေးခဲ့တာပါ။ ဘုရားသခင်က ကျွန်မကို ကယ်တင်ချင်တာပါ၊ ဖယ်ရှားရှင်းလင်းပစ်ချင်တာ မဟုတ်ပါဘူး။ ဘုရားသခင်က ကျွန်မကို လက်မလျှော့သေးပါဘူး၊ ဒါကြောင့် ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် လက်လျှော့လို့မဖြစ်ဘူး။ ကျွန်မမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိပေမဲ့ သမ္မာတရား လိုက်စားတာကို ကျွန်မ လက်မလျှော့သရွေ့ ဘုရားသခင်ရဲ့ ကယ်တင်တာခံရဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။ ဒါကို တွေးမိလိုက်တော့ ကျွန်မ အပျက်သဘောဆောင်နေတာကို ရပ်လိုက်ပြီး သမ္မာတရားကို ရှာဖွေလို့ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းချင်လာတယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “အန္တိခရစ်များ၏ စိတ်နှလုံးတွင် ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ‘သေသည်အထိ ငြင်းပါ’ ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံသည်။ လူတို့က ၎င်းတို့ကို မည်သို့ ဖော်ထုတ်ပါစေ၊ ပိုင်းခြားစိစစ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤအပြုအမူများသည် အန္တိခရစ်များ၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း သဘာဝအနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်မဲ့ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသည် မဟုတ်လော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် သဘာဝအနှစ်သာရကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ နှောင့်ယှက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်မကောင်းမဖြစ်နိုင်ကြချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား အနည်းငယ်ကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် နတ်ဆိုးများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်မျှထိခိုက်သည်ဖြစ်စေ ယင်းကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ယင်းအားဖြင့် ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ ဝမ်းနည်းခြင်း မရှိကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ဤသည်မှာ သာမန်လူများ၌ မြင်ရသင့်သည့်အရာ လုံးဝ မဟုတ်ချေ။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြပြီး နတ်ဆိုးများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့ကြပေသည်။ ၎င်းတို့က မကောင်းသည့်အရာ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ အသင်းတော်၏ အလုပ်ကို ကြီးမားသည့် ဆုံးရှုံးမှုများ ၎င်းတို့က မည်မျှဖြစ်စေသည်ဖြစ်စေ ဤအရာကို ဝန်ခံရန် ၎င်းတို့က ပြင်းပြင်းထန်ထန် ငြင်းပယ်ကြသည်။ ထိုအရာကို ဝန်ခံခြင်းဟူသည်မှာ ၎င်းတို့က မှားယွင်းသော အရာတစ်စုံတစ်ခုကို လုပ်ခဲ့မိပြီဖြစ်သည်ဟု ဆိုလိုမည်ဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က ‘ငါသည် တစ်စုံတစ်ရာကို အမှားများလုပ်မိနိုင်သလော။ ငါသည် လုံးဝ အမှားတစ်ခုမျှ လုပ်မည်မဟုတ်ပါ။ ငါ၏ အမှားကို ငါ့အား ဝန်ခံခိုင်းလျှင် ယင်းမှာ ငါ၏ အကျင့်စရိုက်ကို စော်ကားခြင်း ဖြစ်မည် မဟုတ်လော။ ထိုအဖြစ်အပျက်တွင် ငါ ပါဝင်ပတ်သက်ခဲ့သော်လည်း ငါက ယင်းကို ဖြစ်အောင်လုပ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ငါသည် အဓိက တာဝန်ရှိသည့်လူ မဟုတ်ခဲ့ပါ။ သင် အလိုရှိသည့် မည်သူကိုမဆို သွားရှာပါ၊ သို့သော် ငါ့ကို သင် လာမရှာသင့်ပါ။ မည်သို့ဆိုစေ ဤအမှားကို ငါ ဝန်မခံနိုင်ပါ။ ဤတာဝန်ကို ငါ ခေါင်းမခံနိုင်ပါ’ဟု တွေးကြသည်။ ၎င်းတို့၏ အမှားကို ဝန်ခံလျှင် ရှုတ်ချခံရမည်၊ သေဒဏ်စီရင်ခံရမည် ဖြစ်ပြီး ငရဲသို့လည်းကောင်း၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့လည်းကောင်း အပို့ခံရမည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ ၎င်းတို့၏ စစ်မှန်သော နောင်တကို မျှော်လင့်၍ရနိုင်သလော။ အခြားသူများက သမ္မာတရားနှင့်ပတ်သက်၍ မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ အန္တိခရစ်များက အတိုက်အခံ လုပ်ကြဆဲဖြစ်သည်၊ ဆန့်ကျင်ကြဆဲဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ထိုအရာကို အာခံကြဆဲဖြစ်သည်။ ၎င်းတို့ ထုတ်ပယ်ခံရပြီးနောက်တွင်ပင် ၎င်းတို့၏ အမှားများကို ဝန်မခံကြသေးသကဲ့သို့ နောင်တနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခုတလေမျှ လုံးဝ မပြကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဘယ်လောက်ပဲ ထိခိုက်စေပါစေ၊ ပြုပြင်ခံရတဲ့အခါမှာ သူတို့အမှားတွေကို ဝန်မခံရုံတင်မကဘဲ အတိုက်အခံလုပ်ပြီး ရွံရှာကြတယ်၊ ပြီးတော့ အပြစ်ရှိတဲ့စိတ်၊ ဒါမှမဟုတ် အကြွေးတင်တဲ့စိတ် လုံးဝ မရှိဘဲ ဆက်တိုက် ပြန်ငြင်းကြတယ်၊ ကိုယ်မှန်ကြောင်း ရှင်းချက်ထုတ်ကြတယ်၊ တာဝန်လွှဲချဖို့တောင် ကြိုးစားကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားပါတယ်။ ဒီအချက်ကနေ အန္တိခရစ်တွေက သဘာဝအရ သမ္မာတရားကို တကယ် အင်မတန် မနှစ်မြို့တဲ့အပြင် မုန်းတီးကြတယ်ဆိုတာ ကျွန်မတို့ တွေ့နိုင်ပါတယ်။ ကျွန်မရဲ့ အပြုအမူကို ပြန်ကြည့်လိုက်တော့ အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ တစ်ပုံစံတည်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မက တကယ့်အလုပ်ကို လုပ်ဖို့ ပျက်ကွက်ခဲ့တာ အသိသာကြီးဆိုပေမဲ့ ညီအစ်မတွေက ဒီကိစ္စကို တင်ပြတဲ့အခါ ကျွန်မက အတိုက်အခံလုပ်ပြီး ပြန်ငြင်းခဲ့တယ်၊ နာခံမှု၊ ဒါမှမဟုတ် လက်ခံမှု နည်းနည်းလေးမှတောင် မပြခဲ့ဘူး။ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် တကယ့်အလုပ် မလုပ်တာကို ဆင်ခြေပေးဖို့ စီစီပီရဲ့ ဖမ်းဆီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုဆိုတဲ့ အပြင်ပန်း အကြောင်းပြချက်ကိုပဲ ဆက်တိုက် အလေးပေးပြောခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ရဲရဲတင်းတင်းယူမှတ်ပြီး ပြန်ငြင်းဖို့ ကြိုးစားနေတုန်းပဲ။ ကျွန်မမှာ ဘာအကြောင်းပြချက် ရှိလို့လဲ။ တကယ်တော့ ညီအစ်ကိုမောင်နှမတွေက အရင်ကတည်းက ဒီပြဿနာတွေကို ကျွန်မဆီ တင်ပြဖူးပေမဲ့ ကျွန်မက ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ဘူး၊ ဒါကြောင့် ညီအစ်မတွေက ဒီကိစ္စကို အထက်ခေါင်းဆောင်တွေဆီ တင်ပြလိုက်တာပါ။ ဒါပေမဲ့ ညီအစ်မတွေက ကျွန်မအပေါ် မျှော်လင့်ချက် ကြီးလွန်းတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မက လုံးဝ အကျိုးအကြောင်းမသင့်တဲ့သူ ဖြစ်မနေဘူးလား။ ကျွန်မက ကိုယ့်အကျိုးစီးပွားကိုပဲ အရမ်းအလေးထားပြီး အသင်းတော်အလုပ်၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအကြောင်း လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ဒီလောက်အရေးကြီးတဲ့ တာဝန်နဲ့ ကျွန်မ တကယ် မထိုက်တန်ပါဘူး။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မက လက်ခံဖို့ ငြင်းဆန်တာရယ်၊ သမ္မာတရားကို အင်မတန် မနှစ်မြို့တဲ့ သဘာဝနဲ့ အကျိုးဆက်တွေရယ်ကို ပိုနားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မည်သည့်အရာကို စဉ်းစားပါစေ၊ မည်သည့်အရာကို ပြောဆိုပါစေ၊ အမှုအရာများကို မည်သို့မြင်ပါစေ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်သဘောထားများက မှန်ကန်သည်၊ အခြားလူများပြောဆိုသည့်အရာက ၎င်းတို့ ပြောဆိုသည့်အရာကဲ့သို့ ကောင်းမွန်ခြင်းမရှိ သို့မဟုတ် မှန်ကန်ခြင်းမရှိဟု လူတို့က အစဉ် ထင်မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အစဉ် ဖက်တွယ်ထားကြပြီး မည်သူက စကားပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။ အခြားတစ်စုံတစ်ဦး ပြောသည့်အရာမှာ မှန်ကန်လျှင်ပင်၊ ပြီးလျှင် သမ္မာတရားနှင့် ညီလျှင်ပင် ၎င်းတို့က လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က နားထောင်နေသည့်ပုံစံရှိမည်ဖြစ်သော်လည်း ထိုအယူအဆကို အမှန်တကယ် ခံယူမည်မဟုတ်ပေ။ လုပ်ဆောင်ရမည့်အချိန်ရောက်လျှင် ၎င်းတို့ပြောသည့်အရာက မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ဟု အစဉ်ထင်မြင်လျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။...ဘုရားသခင်က သင်၏ ဤအပြုအမူကို မြင်သောအခါ မည်သည့်အရာကို ပြောမည်နည်း။ ဘုရားသခင်က ‘သင်သည် စိတ်နှလုံးမာကျောသည်။ သင်က မှားယွင်းသည်ကို မသိသောအခါတွင် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားနိုင်သည်မှာ နားလည်နိုင်ဖွယ်ရှိသော်လည်း သင်သည် မှားယွင်းသည်ကို ရှင်းလင်းစွာသိပြီး သင်၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ သေသည်အထိ နောင်တမရလျှင် သင်သည် ခေါင်းမာသောလူမိုက်တစ်ဦးသာဖြစ်ပြီး သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သူက အကြံပေးသည်ဖြစ်စေ သင်က ထိုအကြံအပေါ် အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော သဘောထားကို အစဉ်ခံယူလျှင်၊ သမ္မာတရားအနည်းငယ်မျှကိုပင် လက်မခံလျှင်၊ သင်၏ စိတ်နှလုံးက လုံးဝပင် အတိုက်အခံဖြစ်ပြီး ပိတ်ထားကာ ငြင်းပယ်နေလျှင် သင်သည် အလွန်ပင် မိုက်မဲလှပြီး အဓိပ္ပာယ်မရှိသောသူတစ်ဦးဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်’ ဟု ဆိုလိမ့်မည်။ သင်သည် အဘယ်သို့ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသနည်း။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်မှာ အဘယ်ကြောင့်ဆိုသော် သင် ပြသသည့်အရာသည် မှားယွင်းသောနည်းလမ်း၊ သို့မဟုတ် မှားယွင်းသော အပြုအမူမဟုတ်ဘဲ သင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သနည်း။ သမ္မာတရားကို သင် အလွန်အမင်းမနှစ်မြို့သည့် စိတ်သဘောထား၊ သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားဖြစ်သည်။ သင်သည် သမ္မာတရားကို မုန်းတီးသူအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အမြင်တွင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သူသည် သင့်ကို ပစ်ပယ်ကာ လျစ်လျူရှုလိမ့်မည်။ လူတို့၏ အမြင်တွင် ၎င်းတို့ အလွန်ဆုံး ပြောမည့်အရာမှာ ‘ဤလူ၏ စိတ်သဘောထားသည် ဆိုးသည်။ အလွန်အမင်း ခေါင်းမာသည်။ စိတ်နှလုံးခိုင်မာသည်။ မာနထောင်လွှားသည်။ ဤလူသည် ပေါင်းသင်းရန် ခက်ခဲပြီး သမ္မာတရားကို မချစ်ပါ။ သမ္မာတရားကို လုံးဝ လက်မခံသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါ’ ဟူ၍ ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် လူတိုင်းက သင့်အား ဤအကဲဖြတ်ချက်ကို ပေးလိမ့်မည်။ သို့သော် ဤအကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သလော။ လူတို့က သင့်အားပေးသည့် အကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို မဆုံးဖြတ်နိုင်ပေ။ သို့သော် သင်မမေ့ရမည့် အရာတစ်ခုရှိသည်။ ဘုရားသခင်က လူတို့၏ စိတ်နှလုံးကို စိစစ်ပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင်က လူတို့၏ စကားတိုင်း၊ လုပ်ရပ်တိုင်းကို လေ့လာကြည့်ရှုသည်။ ဘုရားသခင်က သင့်အား ဤသို့ သတ်မှတ်ပြီး သမ္မာတရားကို သင် မုန်းသည်ဟု ပြောလျှင်၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ရှိသည်၊ သို့မဟုတ် အနည်းငယ် နာခံခြင်းမရှိဟုသာ မပြောလျှင် ဤသည်မှာ အလွန်ဆိုးသော ပြဿနာမဟုတ်လော။ (ဆိုးသည်။) ဤသည်မှာ ပြဿနာရှိသည်ဆိုသည့် သဘောဖြစ်သည်။ ဤပြဿနာသည် လူတို့က သင့်အပေါ် မြင်သည့်ပုံစံ၊ သို့မဟုတ် သင့်အား မည်သို့ အကဲဖြတ်သည်ဆိုသည့်အပေါ်တွင် မူတည်ခြင်းမရှိဘဲ ဘုရားသခင်က သမ္မာတရားကို မုန်းတီးသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ရှုမြင်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က အဘယ်သို့ မြင်သနည်း။ သင်သည် သမ္မာတရားအား မုန်းတီးပြီး မချစ်ဟု ဘုရားသခင်က သတ်မှတ်ရုံမျှသတ်မှတ်ပြီး ဤမျှသာ ဖြစ်သလော။ ထိုမျှ ရိုးရှင်းသလော။ သမ္မာတရားက မည်သည့်နေရာမှ လာသနည်း။ သမ္မာတရားက မည်သူကို ကိုယ်စားပြုသနည်း။ (ဘုရားသခင်ကို ကိုယ်စားပြုသည်။) ဤအရာကို ချင့်ချိန်စဉ်းစားလော့။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သူသည် ထိုသူအား မည်သို့ရှုမြင်မည်နည်း။ (သူ၏ ရန်သူအဖြစ် ရှုမြင်မည်။) ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုမဟုတ်လော။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) သူတစ်ပါးရဲ့ အကြံဉာဏ်နဲ့ လမ်းပြမှုကို ဘယ်တော့မှ လက်မခံတာက တကယ်တော့ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တယ်။ သမ္မာတရားက ဘုရားသခင်ဆီက လာတာလေ၊ ဒါကြောင့် သမ္မာတရားကို လက်မခံတဲ့ အနှစ်သာရက သမ္မာတရားကို အင်မတန် မနှစ်မြို့ပြီး မုန်းတီးတာပါပဲ။ အသင်းတော်ကနေ နှင်ထုတ်ခံလိုက်ရတဲ့ အန္တိခရစ်တချို့အကြောင်း ကျွန်မ တွေးမိတယ်။ သူတို့က အသင်းတော်အလုပ်ကို ဘယ်လောက်ပဲ ထိခိုက်ပျက်စီးစေပါစေ၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေက သမ္မာတရားကို ဘယ်လိုပဲ မိတ်သဟာယပြုပေးပါစေ၊ သူတို့ကို ပြုပြင်ပေးပါစေ၊ သူတို့အမှားတွေကို လုံးဝ ဝန်မခံကြဘူး။ သူတို့ကို အကြံဉာဏ်ပေးတဲ့ ညီအစ်ကိုမောင်နှမတွေကိုတောင် နာကြည်းကြတယ်။ သူတို့က သမ္မာတရားကို လက်မခံကြတဲ့အတွက် သူတို့တာဝန်တွေ ထမ်းဆောင်ရာမှာ အမြဲတမ်း အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေ ဖန်တီးကြတယ်။ နောက်ဆုံးမှာတော့ သူတို့က ဒုစရိုက်အမှုတွေ အများကြီး ကျူးလွန်ပြီး အသင်းတော်ကနေ နှင်ထုတ်ခံလိုက်ရတယ်။ ပြီးတော့ ကျွန်မ ကိုယ့်အကြောင်း ပြန်တွေးမိတယ်။ ကျွန်မရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေ တင်ပြထားတာတွေက အမှန်တရားတွေပါ။ ပြီးတော့ သူတို့တင်ပြရတဲ့ ရည်ရွယ်ချက်က ဒီပြဿနာတွေကို မြန်မြန်ဖြေရှင်းရာမှာ ကျွန်မကို ကူညီဖို့ပါ။ ဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေ ပုံမှန် အသင်းတော်အသက်တာ ရရှိနိုင်ပြီး အသင်းတော်အလုပ် ချောချောမွေ့မွေ့ တိုးတက်နိုင်ဖို့အတွက်ပေါ့။ ဒါတွေအားလုံးက အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒါပေမဲ့ ကျွန်မက ဒါကို လက်မခံရုံတင်မကဘူး၊ ခေါင်းမာမာနဲ့ ပြန်ငြင်းဖို့၊ ဆင်ခြေပေးဖို့ ကြိုးစားခဲ့တယ်။ အပေါ်ယံကြည့်ရင် ညီအစ်ကိုမောင်နှမတွေရဲ့ အကြံဉာဏ်ကို ကျွန်မ လက်မခံနိုင်တာဖြစ်ပေမဲ့ တကယ်တမ်းကျတော့ အပြုသဘောဆောင်တဲ့အရာတွေနဲ့ သမ္မာတရားကို ကျွန်မ လက်မခံနိုင်တာပါ။ ဒီသဘာဝက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ သဘာဝပဲ။ သမ္မာတရားအပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားက တော်တော်လေးကို မလေးမခန့်ပြုရာရောက်ပြီး ဒါကို ကျွန်မ မပြောင်းလဲရင် ဘုရားသခင်ကို ဘယ်အချိန်မှာ ထပ်ပြီး အတိုက်အခံလုပ်မိမလဲဆိုတာ မသိနိုင်ဘူး၊ ပြစ်မှားခြင်းတွေ ပိုပိုပြီး ကျူးလွန်မိပြီး အဆုံးမှာ အန္တိခရစ်တစ်ယောက်လို ဖယ်ရှားရှင်းလင်းခံရမယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မ ကြောက်သွားတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီး ကြာခဲ့ပြီ၊ ဘုရားနှုတ်ကပတ်တော်တွေ အများကြီး စားသောက်ခဲ့ပြီးပြီ၊ ဒါပေမဲ့ ကျွန်မက စာတန်ဆန်တဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်နေပြီး သူတပါးရဲ့ အကြံဉာဏ်ကို လက်ခံဖို့ ငြင်းဆန်နေခဲ့တာ။ ကျွန်မ တာဝန်ထမ်းဆောင်ရာမှာ ဒီလိုသဘောထားမျိုးနဲ့ဆိုရင် ဘုရားသခင်က ကျွန်မကို စက်ဆုပ်ရွံရှာမှာပါ။ ဒီလိုပုံစံနဲ့ ဘုရားသခင်ကို ဆက်ယုံကြည်ဖို့ ကျွန်မ တစ်ဘဝလုံး အချိန်ကုန်ခံရင်တောင် သမ္မာတရားကို ဘယ်တော့မှ ရရှိမှာမဟုတ်တဲ့အပြင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေလည်း ဘယ်တော့မှ သန့်စင်သွားမှာ မဟုတ်ပါဘူး။ ထုတ်ဖော်ခံရတာက ဖယ်ရှားရှင်းလင်းခံရတာ မဟုတ်ဘဲ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာ ကျွန်မ စိတ်နှလုံးထဲကနေ နက်နက်ရှိုင်းရှိုင်း ခံစားလာရတယ်။ အသင်းတော်က ကျွန်မကို ဖြုတ်ချလိုက်တာမဟုတ်ဘဲ နောက်ထပ် အခွင့်အရေးတစ်ခု ပေးခဲ့တာမို့ ကျွန်မ မြန်မြန် နောင်တရရပါမယ်။

ကျွန်မ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို စရှာဖွေခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလို့ အဲဒါကို ဖတ်ဖို့ ရှာလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားသခင်နောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်လိုလျှင် အမှုအရာများက သင့်သဘောအတိုင်းမဖြစ်သောအခါ ရှေးဦးစွာ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းကို သင် ရှောင်ကြဉ်ရမည်။ ရှေးဦးစွာ စိတ်တည်ငြိမ်အောင်ပြုပြီး ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိလော့။ သင်၏ စိတ်နှလုံးတွင် ဘုရားထံ ဆုတောင်းပြီး ဘုရားထံမှ ရှာဖွေလော့။ ခေါင်းမာခြင်းမရှိနှင့်။ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ဤသို့သော စိတ်နေစိတ်ထားဖြင့်သာ သင်သည် ပြဿနာများအတွက် ပိုမိုကောင်းမွန်သော ဖြေရှင်းချက်ကို ရရှိစေနိုင်သည်။ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ရာတွင် ဇွဲလုံ့လရှိလျှင်၊ သင့်အပေါ် မည်သည့်အမှုအရာ ကျရောက်ပါစေ ဘုရားသခင်ထံဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေနိုင်လျှင်၊ ယင်းကို နာခံသည့်စိတ်ထားနှင့် ရင်ဆိုင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ချက်များ မည်မျှရှိသည်မှာ အရေးမပါပေ၊ သို့မဟုတ် ယခင်က သင်သည် မည်သည့် ပြစ်မှားမှုများ ကျူးလွန်ခဲ့သည်မှာလည်း အရေးမပါပေ။ သမ္မာတရားကို သင်ရှာဖွေသမျှကာလပတ်လုံး ယင်းတို့ကို ဖြေရှင်းနိုင်လိမ့်မည်။ ဘယ်လိုစမ်းသပ်မှုတွေ ကြုံလာပါစေ ခိုင်မာစွာ ရပ်တည်နိုင်သည်။ သင့်တွင် မှန်ကန်သော စိတ်ထားရှိသရွေ့၊ သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် လုံးဝ တတ်နိုင်စွမ်းရှိသည်။ သင်သည် ရံဖန်ရံခါ အနည်းငယ် ပုန်ကန်ပြီး အာခံနိုင်သော်လည်း၊ တစ်ခါတစ်ရံတွင် ခုခံသော အကြောင်းပြချက်များ ပြသပြီး မနာခံနိုင်သော်လည်း ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏ ပုန်ကန်သော အခြေအနေကို ပြောင်းလဲပစ်နိုင်လျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်သည်။ ဤသို့ပြုလုပ်ပြီးနောက်တွင် သင့်၌ ထိုသို့သော ပုန်ကန်မှုနှင့် အာခံမှုက အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို ဆင်ခြင်စဉ်းစားလော့။ အကြောင်းရင်းကို ရှာပြီး ယင်းကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိုလက္ခဏာသွင်ပြင်သည် သန့်စင်ခြင်းခံရနိုင်သည်။ ဤသို့ အတန်အသင့် မှောက်မှားခြင်းများနှင့် အတန်အသင့် လဲကျခြင်းများမှ သက်သာပြီးနောက်တွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်းချင်း ပယ်ရှင်းသွားလိမ့်မည်။ ထို့နောက် သမ္မာတရားသည် သင့်အတွင်း၌ အုပ်စိုးပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ သင်၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် နောက်ထပ်အတားအဆီး ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံလာနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းစေပါတယ်။ အဓိကသော့ချက်က ကိစ္စတွေကို ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို လက်ခံတဲ့ စိတ်နှလုံး ရှိဖို့ပါပဲ။ အဲဒီအချိန်မှာ ကျွန်မတို့ ဘယ်လောက်ပဲ အကြောင်းပြချက်ခိုင်လုံတယ်လို့ ထင်ရပါစေ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အကြောင်းပြချက်တွေ မပေးသင့်ပါဘူး။ အဲဒီအစား ဘုရားသခင်ရှေ့မှောက်မှာ စိတ်နှလုံးကို ငြိမ်သက်စေသင့်တယ်။ ဆုတောင်းပြီး ကိုယ်တော်ဆီကနေ ရှာဖွေသင့်ပါတယ်။ အဲဒီအခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ကျွန်မတို့ ရရှိနိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ရဲ့ ပြဿနာတွေကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းဖို့ ဆက်စပ်တဲ့ သမ္မာတရားတွေကို ရှာဖွေသင့်ပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်သဘောပေါက်လာတဲ့အခါ ကျွန်မတို့ရဲ့ စိတ်နှလုံးက သမ္မာတရားကို လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်တယ်။ ဘုရားသခင် ပေးထားတဲ့ လမ်းကြောင်းအတိုင်း ကျွန်မ လက်တွေ့လုပ်ဆောင်သင့်ပါတယ်။

ဇွန်လထဲက တစ်ရက်မှာ ဧဝံဂေလိအလုပ်အတွက် တာဝန်ရှိတဲ့ ညီအစ်မ လင်းဝေက စာရေးလာတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်အကြောင်း သူ ကျွန်မကို မေးခဲ့ပေမဲ့ ကျွန်မက ဘာပြန်ကြားချက်မှ မပေးခဲ့ဘူးလို့ ဆိုပါတယ်။ လင်းဝေ ထောက်ပြတဲ့ ပြဿနာတွေကို မြင်လိုက်ရတော့ ကျွန်မ စိတ်ထဲမှာ အတိုက်အခံ နည်းနည်း ဖြစ်သွားတယ်။ စာကို ဖတ်လို့တောင် မပြီးသေးခင်မှာပဲ ကျွန်မ စိတ်ထဲမှာ မနေနိုင်ဘဲ ပြန်ငြင်းမိတာပေါ့။ “ကျွန်မက ဧဝံဂေလိအလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝံဂေလိတရားဟောဆရာတွေက သူတို့ရဲ့ တုံ့ပြန်ချက်မှာ အသေးစိတ် မပြောခဲ့ကြဘူး၊ ဒါကြောင့် ရှင့်ကို ကျွန်မ ဘာပြန်ကြားချက်မှ မပေးနိုင်ခဲ့တာပေါ့။ ရှင် ပြောပုံအရဆို ကျွန်မက အလုပ်ကို နောက်ဆက်တွဲလိုက်မလုပ်ခဲ့သလို ဖြစ်နေပြီ” လို့ တွေးမိတယ်။ စာရဲ့အဆုံးမှာ လင်းဝေက ကျွန်မတာဝန်တွေကို ကောင်းကောင်းလုပ်နိုင်အောင် ကိုယ့်တာဝန်တွေမှာရှိတဲ့ လမ်းလွဲတာတွေကို အနှစ်ချုပ်နိုင်ဖို့နဲ့ သင်ခန်းစာယူတာကို အာရုံစိုက်နိုင်ဖို့အတွက် သူ့ကိုယ်ပိုင် အတွေ့အကြုံတွေကို ဝေမျှပြီး လမ်းပြပေးခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ အခုလေးတင် ထုတ်ဖော်လိုက်တဲ့ စိတ်သဘောထားက ပြန်ငြင်းတာ၊ ဆင်ခြေပေးတာနဲ့ သမ္မာတရားကို လက်မခံတာတွေ ဖြစ်နေတုန်းပဲဆိုတာ သတိပြုမိလိုက်တယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီနေ့ ညီအစ်မက သမီးရဲ့ ပြဿနာတွေကို ထောက်ပြတဲ့အခါ သမီးက ပြန်ငြင်းဖို့နဲ့ ကိုယ်မှန်ကြောင်း ရှင်းချက်ထုတ်ဖို့ ကြိုးစားချင်နေတုန်းပါပဲ။ လက်ခံတဲ့ အဆင့်တစ်ခုကနေ စတင်ဖို့နဲ့ ဒီကိစ္စကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “ကိစ္စများ ကြုံလာရသည့်အခါ အကြင်သူသည် သမ္မာတရားကို လက်ခံသည့် သဘောထား ဦးစွာရှိရမည်။ ဤကဲ့သို့ သဘောထားမျိုး မရှိခြင်းသည် ရတနာကို လက်ခံရန် တန်ဆာမရှိခြင်းကဲ့သို့ပင် ဖြစ်သောကြောင့် သင့်ကို သမ္မာတရား ရရှိဖို့ မဖြစ်နိုင်အောင် ဖြစ်သွားစေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဒီအခြေအနေကို ရင်ဆိုင်ရာမှာ အရင်ဆုံး ကျိုးနွံနာခံမှသာ သင်ခန်းစာ ယူနိုင်မယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ထို့ကြောင့် မည်သည့်အရာသည် ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သနည်း။ ပထမဦးစွာ သင်သည် အပြုသဘောဆောင်သော သဘောထားတစ်ခု ရှိရမည်။ သင် ပြုပြင်ခံရသည့်အခါ ဦးစွာပထမတွင် အမှန်နှင့် အမှားကို မစိစစ်နှင့်။ ထိုအရာကို ကျိုးနွံနာခံတတ်သော စိတ်နှလုံးဖြင့်သာ လက်ခံလော့။ ဥပမာအနေဖြင့် သင် တစ်စုံတစ်ရာကို တလွဲလုပ်မိခဲ့သည်ဟု တစ်စုံတစ်ဦးက ပြောကောင်းပြောမည်။ သင်၏ စိတ်နှလုံးတွင် နားမလည်သကဲ့သို့ မည်သည့်အရာ သင် တလွဲလုပ်မိခဲ့သည်ကို မသိသော်လည်း ထိုအရာကို သင် လက်ခံ၏။ လက်ခံခြင်းသည် အဓိကအားဖြင့် အပြုသဘောဆောင်သော သဘောထားတစ်ခု ဖြစ်သည်။ ထို့အပြင် အနည်းငယ် သာ၍ အပျက်သဘောဆောင်သည့်၊ နှုတ်ဆိတ်မှုကို ထိန်းသိမ်းရန်နှင့် မည်သည့် အတိုက်အခံမျှ မလုပ်သည့် သဘောထားတစ်ခု ရှိ၏။ ဤအရာက မည်သည့် အပြုအမူများကို ဖြစ်ပေါ်စေသနည်း။ သင်သည် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိ၊ မိမိကိုယ်ကို ခုခံပြောဆိုခြင်း သို့မဟုတ် မိမိအတွက် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများ မပေးပေ။ သင်သည် မိမိအတွက် ဆင်ခြေများ အမြဲ ပေးပြီး အကြောင်းပြချက်များ ပေးကာ တာဝန်ကို အခြားလူများအပေါ် ထိုးပေးပါက၊ ယင်းမှာ အတိုက်အခံလုပ်ခြင်း မဟုတ်သလော။ ယင်းသည် ပုန်ကန်တတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်သည် မငြင်းပယ်သင့်၊ အတိုက်အခံ မလုပ်သင့်၊ သို့မဟုတ် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိသင့်ပေ။ သင်၏ ကျိုးကြောင်းပြပြောဆိုခြင်းက ခိုင်လုံလျှင်ပင် ယင်းမှာ သမ္မာတရား ဖြစ်သလော။ ထိုအရာမှာ လူ၏ ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများ ဖြစ်သည်၊ သမ္မာတရား မဟုတ်ပေ။ ယခုတွင် ငါသည် အမှုအရာများ အဘယ်ကြောင့် ဖြစ်ပျက်သည်၊ သို့မဟုတ် ယင်းက မည်သို့ ဖြစ်ပေါ်လာသည်ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများနှင့်ပတ်သက်၍ ငါ မေးနေခြင်း မဟုတ်။ ထိုအစား သင့်လုပ်ရပ်များ၏ သဘာဝသည် သမ္မာတရားနှင့် မကိုက်ညီဟု ငါ ပြောနေခြင်း ဖြစ်သည်။ ဤအဆင့်နှင့်ပတ်သက်၍ သင်သည် အသိပညာရှိပါက အမှန်တကယ် လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး အတိုက်အခံလုပ်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ချပြထားပါတယ်။ အခြေအနေတစ်ခုကို ရင်ဆိုင်ရတဲ့အခါ အမှားအမှန် ခွဲခြားစိတ်ဖြာတာနဲ့ ကျွန်မ မစတင်သင့်ပါဘူး။ ကျွန်မ ဘယ်နေရာမှာ မှားသွားလဲဆိုတာ မမြင်နိုင်သေးပေမဲ့ ညီအစ်မ ထောက်ပြတဲ့ ပြဿနာတွေကို အရင်ဆုံး လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သင့်ပါတယ်။ အပြင်ပန်း အကြောင်းပြချက်တွေကို စကားထဲထည့်ပြောဖို့ ကျွန်မ မကြိုးစားသင့်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မ မှန်ကြောင်းရှင်းချက်ထုတ်တာတွေက မှန်နေရင်တောင် အဲဒါတွေက သမ္မာတရား မဟုတ်လို့ပါပဲ။ ကျိုးနွံနာခံတဲ့ စိတ်သဘောထား ရှိလာတာနဲ့ ကျွန်မ စိတ်နှလုံးက တည်ငြိမ်သွားတယ်။ အဲဒီနောက် ပြဿနာက တကယ်တမ်း ဘယ်နေရာမှာ ရှိလဲဆိုတာ သိရအောင် ဧဝံဂေလိတရားဟောဆရာတွေနဲ့ ဒီရက်ပိုင်း အပြန်အလှန် စာပို့ထားတာတွေကို ကျွန်မ စပြီး ပြန်ကြည့်တယ်။ လူတချို့နဲ့ဆိုရင် အသေးစိတ်အချက်အလက်တွေကို တစ်ကြိမ်ပဲ ကျွန်မ မေးခဲ့ပြီး သူတို့ စာမပြန်ရင် ကျွန်မ ထပ်ပြီး နောက်ဆက်တွဲလိုက်မလုပ်တော့တာကို တွေ့လိုက်ရတယ်။ တချို့က စာပြန်ပေမဲ့ အသေးစိတ် မပါဘူး။ တကယ်တော့ ဒီကိစ္စတွေနဲ့ပတ်သက်ရင် ကျွန်မက စာထပ်ရေးပြီး တိကျတဲ့ အသေးစိတ်အချက်အလက်တွေကို မေးသင့်တာ၊ ပြီးတော့ လင်းဝေကို အမြန်ဆုံး ပြန်ကြားချက် ပေးသင့်တာပါ။ ဒါပေမဲ့ ကျွန်မက အလုပ်ကို နောက်ဆက်တွဲလိုက်မလုပ်ခဲ့တဲ့အပြင် အခြေအနေ ဘယ်လိုရှိတယ်ဆိုတာလည်း မသိခဲ့တာကြောင့် ကျွန်မ ပြန်ကြားချက်မပေးနိုင်ခဲ့ဘူး။ အဓိပ္ပာယ်ကတော့ လမ်းလွဲခြင်းတွေကို ပြုပြင်ဖို့၊ ဒါမှမဟုတ် ပြဿနာတွေကို အချိန်မီ ဖြေရှင်းဖို့ လင်းဝေက ကျွန်မတို့ကို မကူညီနိုင်ခဲ့ဘူးပေါ့။ ဧဝံဂေလိအလုပ် တိုးတက်မှု နှေးကွေးတာက တကယ်ပဲ ကျွန်မရဲ့ တာဝန်ပါပဲ။ ကျွန်မရဲ့ ပြဿနာတွေကို သတိပြုမိစေတာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါ။ ပြီးတော့ လင်းဝေရဲ့ လမ်းပြမှုနဲ့ အကူအညီကို ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ တကယ် လက်ခံနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဧဝံဂေလိဟောပြောသူတွေနဲ့ ကျွန်မ မိတ်သဟာယပြုခဲ့ပြီး ဧဝံဂေလိအလုပ်နဲ့ပတ်သက်တဲ့ တိကျတဲ့ ပြန်ကြားချက် ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါဆိုရင် လမ်းလွဲခြင်းတွေကို ချက်ချင်း ပြုပြင်နိုင်ပြီး တာဝန်တွေမှာ ရလဒ်ကောင်းတွေ ရဖို့ သေချာစေနိုင်တာပေါ့။ ဧဝံဂေလိအလုပ်မှာ ပြဿနာတွေ၊ အခက်အခဲတွေ ပေါ်လာတဲ့အခါ လင်းဝေကို ကျွန်မ ချက်ချင်း ပြန်ကြားချက် ပေးပြီး သူနဲ့အတူ ဖြေရှင်းနည်းတွေကို ရှာဖွေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အလုပ်ကို ပုံမှန် နောက်ဆက်တွဲလိုက်လုပ်တာနဲ့ ကောင်းကောင်း အကောင်အထည်ဖော်ဖြစ်တာကို သေချာစေဖို့အတွက် ကျွန်မ အသိတရားရှိရှိ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မဆီက ဒီပြောင်းလဲမှုက ဘုရားနှုတ်ကပတ်တော်တွေကြောင့် ဖြစ်လာတာပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင်ခေါင်းဆောင်ကို ကာကွယ်ပေးခြင်း၏ အကျိုးဆက်

လီရန် တရုတ်နိုင်ငံ ၂၀၂၀၊ အောက်တိုဘာလကုန်ခါနီးမှာပေါ့။ ကျွန်မက လက်တွေ့အလုပ်မလုပ်တဲ့အတွက် ခေါင်းဆောင်ရာထူးကနေ အထုတ်ခံရတယ်။ ကျွန်မရဲ့...

ပြဿနာတစ်ခုကို တိုင်ကြားခြင်းအပေါ် စိုးရိမ်ပူပန်ခြင်း

၂၀၂၁ စက်တင်ဘာမှာ ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိမျှဝေတယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ် ကြီးကြပ်ရေးမှူးက သူ့တာဝန်မှာ ဘာမှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။