ကိုယ့်တာဝန်ကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမယ်ဆိုတာကို ကျွန်တော် သိခဲ့ရပါတယ်

06.06.2026

လျူချန်၊ တရုတ်နိုင်ငံ

ကျွန်တော်က သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ ကြီးပြင်းလာတဲ့တစ်လျှောက် အမေကပဲ ချက်ပြုတ်တာ၊ သန့်ရှင်းရေးလုပ်တာတွေကို အမြဲမြင်ရပြီး အဖေကတော့ ထမင်းဟင်းချက်တာ၊ အိမ်မှုကိစ္စလုပ်တာမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အဘိုးဆိုရင်လည်း ဒီလိုပါပဲ။ တစ်ခါတလေ အဘွား အပြင်သွားတဲ့နေ့တွေဆိုရင် အဘိုးက ထမင်းချက်စားမယ့်အစား အငတ်ပဲခံလိုက်တယ်။ ထမင်းချက်တာဟာ မိန်းမအလုပ်လို့ သူက ခံယူထားတာလေ။ မိသားစုအတော်များများမှာ ယောက်ျားတွေက အပြင်ထွက်အလုပ်လုပ်ကြပြီး မိန်းမတွေကတော့ အိမ်မှုကိစ္စတွေကိုပဲ လုပ်ကိုင်ကြတာ ကျွန်တော်မြင်ခဲ့ရတယ်။ မိန်းမတွေက အိမ်မှာ ထမင်းဟင်းချက်ပြုတ်ကြပြီး ယောက်ျားတွေကတော့ အပြင်မှာ အလုပ်ရှုပ်နေကြတာပေါ့။ ကျွန်တော် အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း ကျွန်တော့်အမျိုးသမီးကပဲ အိမ်မှုကိစ္စတွေကို အလိုလို တာဝန်ယူလုပ်ကိုင်ပါတယ်။ တစ်ခါတလေ သူက ကျွန်တော့်ကို အိမ်မှုကိစ္စတချို့ ကူလုပ်ခိုင်းရင် ကျွန်တော်က အမြဲတမ်းပဲ လုပ်ဖို့ ဆန္ဒမရှိဘဲ တွန့်ဆုတ်နေခဲ့တယ်။ ချက်ပြုတ်တာနဲ့ အိမ်မှုကိစ္စလုပ်တာက မိန်းမတွေရဲ့အလုပ်လို့ပဲ ကျွန်တော် အမြဲ တွေးခဲ့တာကိုး။

၂၀၂၀ နွေရာသီမှာ၊ အဖွဲ့တစ်ဖွဲ့က ဧည့်ခံမဲ့သူ အရေးပေါ်လိုနေတယ်၊ အဲဒါ ကျွန်တော်သွားပြီး ဧည့်ခံရတဲ့တာဝန် ထမ်းဆောင်ချင်လားလို့ ခေါင်းဆောင်က မေးလာတယ်။ ကျွန်တော် ဘာမှမပြောပေမဲ့ စိတ်ထဲမှာတော့ တွေးမိတယ်။ “ဒီဧည့်ခံတာဝန်ကို ငါတစ်ခါမှ မလုပ်ဖူးဘူး၊ ပြီးတော့ ငါက ထမင်းဟင်းတောင် မချက်တတ်ဘူး” ပေါ့။ ဒါပေမဲ့ လူအရေးပေါ်လိုနေတာကို ထည့်တွက်ပြီး ကျွန်တော် လက်ခံလိုက်ပါတယ်။ ဧည့်ခံရတဲ့တာဝန် ထမ်းဆောင်နေတဲ့အချိန်အတွင်း နေ့တိုင်း မီးဖိုချောင်နားမှာပဲ အချိန်ကုန်ဆုံးရင်း၊ ဆေးကြောသန့်စင်တာတွေလုပ်ရင်း ကိုယ့်ဘာသာ တွေးမိတယ်။ “ဒါက ညီအစ်မတွေ လုပ်ရတဲ့ တာဝန်လေ။ ဘာလို့ ငါ့ကိုကျမှ လာလုပ်ခိုင်းနေရတာလဲ။ ပြီးတော့ ယောက်ျားရင့်မကြီးဖြစ်ပြီး ဈေးထဲ ခဏခဏသွား ဟင်းသီးဟင်းရွက်ဝယ်ရတာ၊ တစ်ခါတလေ ကုန်စိမ်းသည်တွေနဲ့ ဈေးဆစ်ရတာတွေက ရှက်စရာကြီး” လို့ပေါ့။ ဟင်းသီးဟင်းရွက်ဝယ်ဖို့ ဈေးသွားရတဲ့အခါတိုင်း တခြားလူတွေ ကျွန်တော့်ကို အထင်သေးမှာကြောက်လို့ ကျွန်တော် စိတ်ပူမိတယ်။ အဲဒါကြောင့် အမြဲတမ်း သုတ်သီးသုတ်ပြာနဲ့ပဲ အသွားအပြန်လုပ်ပြီး အကြာကြီး မနေချင်ခဲ့ဘူး။ တစ်ခါတလေ ညီအစ်ကိုတချို့က ဟင်းတွေက ငန်လွန်းတယ်၊ ပေါ့လွန်းတယ်လို့ မှတ်ချက်ပေးတဲ့အခါ ကျွန်တော် ရှက်လည်းရှက်၊ စိတ်ထဲကနေလည်း မကျေမနပ်နဲ့ ပြန်ပြောနေမိတယ်။ “အိမ်မှာတုန်းက အိမ်မှုကိစ္စနဲ့ ချက်ပြုတ်တာတွေကို ကျွန်တော့်မိန်းမပဲ လုပ်ခဲ့တာ၊ ကျွန်တော် လုပ်ခဲ့တာမှ မဟုတ်တာ။ ဒါ့အပြင် ကျွန်တော်က ယောက်ျားလေ။ ဒါတွေက မိန်းမတွေလုပ်တဲ့ အိမ်မှုကိစ္စတွေဆိုတော့ ကျွန်တော် မကျွမ်းကျင်တာ ပုံမှန်ပါပဲ။ ခင်ဗျားတို့က ဘာလို့ ကျွန်တော့်ဘက်ကနေ ဝင်မကြည့်ပေးကြတာလဲ” ပေါ့။ ဒီတာဝန် ဘယ်တော့များမှ ပြီးမလဲလို့ တွေးပြီး ကျွန်တော် ခါးသီးစိတ် မဝင်ဘဲ မနေနိုင်ခဲ့ဘူး။ ညီအစ်ကိုတွေ အလုပ်အကြောင်းပြောပြီး ရယ်မောနေကြတာကို ကျွန်တော် ခဏခဏ မြင်ရပေမဲ့ ကျွန်တော်ကတော့ မပျော်နိုင်ခဲ့ပါဘူး။ ကျွန်တော့်ကျောပေါ်မှာ အရမ်းလေးတဲ့ကျောက်တုံးကြီး ပိုးထားရသလို ခံစားရပြီး ဒီတာဝန်ကို မလုပ်ရတော့မယ့်နေ့ကိုပဲ မျှော်တလင့်လင့် ဖြစ်နေခဲ့တယ်။ အဲဒီရက်တွေတုန်းက ကျွန်တော်ချက်တဲ့ အစားအသောက်တွေအပေါ် သိပ်အားမစိုက်တော့ဘဲ မနက်တိုင်း ခေါက်ဆွဲပဲ ပြုတ်ကျွေးတော့တာ။ သူတို့ သိပ်မစားကြတာကို ကျွန်တော်မြင်ပေမဲ့ ဒီအစားအစာကို စားတတ်ရဲ့လားလို့ တစ်ခွန်းမှ မမေးခဲ့ဘူး။ အဲဒီတုန်းက ဂေါ်ဖီထုပ်တွေ ပေါနေတာနဲ့ အဲဒါတွေပဲ ပြုတ်လိုက်တယ်။ ညီအစ်ကိုတွေ နည်းနည်းပဲ စားကြတာတောင် ကျွန်တော် ဂရုမစိုက်ပါဘူး။ “ဂေါ်ဖီထုပ်က ဘယ်လိုပဲချက်ချက် အရသာ သိပ်ရှိမှာမှ မဟုတ်တာ” လို့ပဲ တွေးလိုက်တယ်။ နောက်ပိုင်းမှာ ညီအစ်ကိုတွေရဲ့ တာဝန်တွေ ပြောင်းသွားလို့ သူတို့ ပြောင်းထွက်သွားကြပေမဲ့ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ဧည့်ခံရတဲ့တာဝန် ဆက်လုပ်ခိုင်းတယ်။ ကျွန်တော် လုံးဝ နားမလည်နိုင်ခဲ့ဘူး။ “ယောက်ျားရင့်မကြီးဖြစ်တဲ့ ငါ့ကိုကျမှ ဧည့်ခံရတဲ့တာဝန်ကိုပဲ ဘာလို့ ဆက်ခိုင်းနေရတာလဲ။ ချက်ပြုတ်တာ၊ လျှော်ဖွပ်တာနဲ့ သန့်ရှင်းရေးလုပ်တာတွေက ပုံမှန်ဆို ညီအစ်မတွေ လုပ်လေ့ရှိတာလေ။ ‘ဒီညီအစ်ကိုက ဘာလို့ ဒီတာဝန်ကို လုပ်နေရတာလဲ’ လို့ တခြားလူတွေ တွေးကြမလား။ ငါဘယ်လိုလုပ် မျက်နှာပြရမလဲ” ပေါ့။ ဒီအကြောင်း တွေးမိလိုက်တာနဲ့ ကျွန်တော် သိမ်ငယ်စိတ် ဝင်မိတယ်။ အဲဒီကာလအတွင်းမှာ ကျွန်တော့်အခြေအနေ တော်တော်ဆိုးခဲ့ပြီး တကယ်ပဲ သိက္ခာကျတယ်လို့ ခံစားခဲ့ရတယ်။ ဧည့်ခံရတဲ့တာဝန်ကို လွှတ်ချလိုက်ရင်လည်း ကျွန်တော်က ဆင်ခြင်တုံတရားမဲ့ရာ ကျနေမယ်။ ဒါပေမဲ့ ဆက်လုပ်ရင်လည်း ကျွန်တော် ဘယ်လို ကိုင်တွယ်ပြီး ဆုံးခန်းတိုင်အောင်လုပ်ရမလဲ မသိဘူး ဖြစ်နေတာ။ အပြင်ပန်းမှာတော့ တာဝန်ထမ်းဆောင်နေပုံ ပေါက်ပေမဲ့ ရင်ထဲမှာတော့ မွန်းကျပ်နေပြီး ကျွန်တော်လုပ်သမျှ ဘယ်အရာမှာမှ တက်တက်ကြွကြွ မရှိသလို ဂရုစိုက်မှုလည်း မရှိခဲ့ပါဘူး။ သန့်ရှင်းရေးလုပ်ဖို့ လိုနေတာကို မြင်ပေမဲ့ ကျွန်တော် မလုပ်ခဲ့ဘူး။ အကြိမ်ကြိမ်ပါပဲ၊ တခြားလူတွေ သည်းမခံနိုင်တော့လို့ ဝင်ကူပြီး သန့်ရှင်းရေးလုပ်ပေးရတဲ့အထိ ဖြစ်ခဲ့တယ်။ ဒါ့အပြင် အသင်းတော်က ပို့ပေးတဲ့ အစားအစာတွေကိုလည်း အချိန်မီ အခြောက်မခံခဲ့မိဘူး။ ရလဒ်အနေနဲ့ အစားအသောက်တွေ ပုပ်သိုးကုန်ပြီး လွှင့်ပစ်လိုက်ရတယ်။ ခေါင်းဆောင်က ဒါကို သိသွားပြီးနောက် ကျွန်တော့်ကို ပြောတယ်။ “အစားအစာတွေ အကုန် မှိုတက်ကုန်ပြီ။ ခင်ဗျားသာ ဂရုစိုက်ခဲ့ရင် အဲဒါတွေကို အခြောက်ခံခဲ့မှာပဲ၊ အလွယ်တကူ ပျက်စီးတတ်တဲ့ အစားအစာတွေကိုလည်း အချိန်မီ စားဖြစ်အောင် သေချာလုပ်ခဲ့မှာပဲ။ အဲဒါဆို အလဟဿ ဖြစ်သွားခဲ့မှာ မဟုတ်ဘူး။ ဒီလိုပြဿနာမျိုး ဖြစ်လာပြီဆိုတော့ ခင်ဗျားရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားကို ဆင်ခြင်သုံးသပ်ဖို့ လိုနေပြီ” တဲ့။ ခေါင်းဆောင်ပြောတာကို ကြားတော့ ကျွန်တော် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။ ကျွန်တော့်ပေါ့ဆမှုကြောင့် အစားအသောက်တွေ ပုပ်သိုးကုန်တာ အမှန်ပါပဲ။ ဒါပေမဲ့ ပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြေပေးမိတယ်။ “အိမ်မှာတုန်းက အစားအသောက်တွေကို အခြောက်ခံတာ အမေနဲ့ မိန်းမပဲ လုပ်ခဲ့တာ၊ ငါက ဘယ်တုန်းကမှ ပါဝင်ပတ်သက်ခဲ့တာ မဟုတ်ဘူး။ ဒီအလုပ်တွေ လာလုပ်ခိုင်းတာက တော်တော် ရှက်စရာကောင်းတယ်” လို့ပေါ့။ ကျွန်တော် အရှက်ခွဲခံနေရတယ်လို့ အမြဲ ခံစားနေရပြီး ဒီအခြေအနေကို သည်းမခံချင်တော့ဘူး။ ဒါကြောင့် ခေါင်းဆောင်က ကျွန်တော့်ကို တခြားတာဝန်တွေ ထမ်းဆောင်ဖို့အတွက် စီစဉ်ပေးဖို့ပဲ မျှော်လင့်နေမိတယ်။ ကျွန်တော် အပျက်သဘောဆောင်လွန်းပြီး ဘုရားသခင်ဆီ ဆုတောင်းတဲ့အခါ ဘာပြောရမှန်းတောင် မသိတော့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာလည်း ဘာအလင်းမှ မရခဲ့ဘူး။ နေ့တိုင်း ပင်ပန်းနွမ်းနယ်ပြီး မွန်းကျပ်နေသလို ခံစားခဲ့ရတယ်။

စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က ကျွန်တော့်အခြေအနေ မကောင်းတာကို သတိထားမိပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့နဲ့ သင်ခန်းစာယူဖို့ သတိပေးခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “တာဝန်တစ်ခုဟူသည်မှာ အဘယ်နည်း။ လူကို ဘုရားသခင် ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်သည် လူက ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်၏။ သူက သင့်ကို ပေးအပ်သည့် မည်သည့်အရာမဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။...အကြင်သူသည် မိမိကိုယ်ပိုင် အခန်းကဏ္ဍနှင့် ရာထူးကို ရှာဖွေကာ အတိအကျ ဖော်ထုတ်ရမည်ဖြစ်သည်။ ယင်းမှာ အသိစိတ်ရှိသည့်လူတစ်ဦး လုပ်ဆောင်သည့်အရာ ဖြစ်၏။ ထို့နောက် ၎င်းတို့သည် ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ကာ သူ့ကို စိတ်ကျေနပ်စေရန် မိမိတို့တာဝန်ကို ခိုင်မာတည်ကြည်သည့် သဘောထားဖြင့် ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ အကြင်သူသည် မိမိတာဝန်ကို ထမ်းဆောင်နေစဉ် ဤသဘောထားမျိုးရှိလျှင် ၎င်းတို့၏ စိတ်နှလုံး တည်ငြိမ်ကာ အေးချမ်းလိမ့်မည်။ မိမိတို့တာဝန်တွင် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ၎င်းတို့၏ တာဝန်ကို တဖြည်းဖြည်း ထမ်းဆောင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်လိမ့်မည်၊ ဘုရားသခင်၏ အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံမှုကို ရရှိမည့် နည်းလမ်းဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံနိုင်ပြီး သင်၏ တာဝန်ကို မှန်ကန်သည့် စိတ်ဓာတ်၊ သူ့ကို ချစ်ခင်ပြီး စိတ်ကျေနပ်အောင် လုပ်သည့် စိတ်ဓာတ်ဖြင့် ထမ်းဆောင်နိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်ခြင်းနှင့် လမ်းပြခြင်းကို ခံရလိမ့်မည်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများနှင့်အညီ ပြုမူရန် လိုလားနေလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်လူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤနည်းဖြင့် သင်သည် လူသားပုံသဏ္ဌာန်ကို အပြည့်အဝ အသက်ရှင်လိမ့်မည်။ လူတို့၏ ဘဝများသည် မိမိတို့တာဝန်များကို ထမ်းဆောင်သည်နှင့်အမျှ တဖြည်းဖြည်း ကြီးထွား၏။ တာဝန်များကို မထမ်းဆောင်သူများသည် နှစ်ပေါင်းမည်မျှ ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်၏ ကောင်းချီး ကင်းမဲ့သောကြောင့် သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ကြပေ။ ဘုရားသခင်သည် သူ့အတွက် အမှန်တကယ် အသုံးခံပြီး မိမိတို့တာဝန်များကို အစွမ်းကုန် ထမ်းဆောင်ကြသူများကိုသာ ကောင်းချီးပေးသည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ သင်၏ ဝတ္တရားနှင့် တာဝန်အဖြစ် ယူဆလော့။ ထိုအရာကို လက်ခံပြီး ကောင်းစွာ လုပ်ဆောင်လော့။ မည်သို့ ကောင်းစွာ လုပ်ဆောင်သနည်း။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း အတိအကျ လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ဖြစ်သည်။ သင်သည် ဤစကားများကို ချင့်ချိန်စဉ်းစားကာ သင်၏ တာဝန်ကို သင့်စိတ်နှလုံးအကြွင်းမဲ့ဖြင့် မည်သို့ ထမ်းဆောင်နိုင်သည်ကို စဉ်းစားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကနေ လူတွေဟာ ဘယ်လို တာဝန်ပေးစေခိုင်းချက်မျိုးပဲ ပေးအပ်ခံရပါစေ၊ အဲဒါကို ကိုယ့်ရဲ့ တာဝန်နဲ့ ဝတ္တရားအနေနဲ့ သဘောထားပြုမူရမယ်၊ စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ရမယ်ဆိုတာကို ကျွန်တော် တွေ့လိုက်ရတယ်။ သူတို့ရဲ့ စိတ်ထားက တာဝန်တွေမှာ ဘုရားသခင်ကို ကျေနပ်စေဖို့ အာရုံစိုက်မှသာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရနိုင်မှာလေ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဧည့်ခံရတဲ့တာဝန်ဟာ ညီအစ်မတွေအတွက် ဖြစ်ပြီး ကျွန်တော်က ညီအစ်ကိုတစ်ယောက် ဖြစ်တဲ့အတွက် ဒီတာဝန်ကို မလုပ်သင့်ဘူးလို့ ထင်ခဲ့တာ။ ဧည့်ခံရတဲ့တာဝန် လုပ်ခိုင်းတာက ကျွန်တော့်ကို အထင်သေးပြီး နှိမ်တာလို့ ခံစားခဲ့ရတယ်။ အဲဒီလို မှားယွင်းတဲ့ အမြင်ကြောင့် ကျွန်တော့်တာဝန်အပေါ် လေးနက်မှု၊ ဒါမှမဟုတ် တာဝန်သိစိတ် ကင်းမဲ့ခဲ့တယ်။ ညီအစ်ကိုတွေကို ဧည့်ခံတဲ့အခါ အမြဲတမ်း ခေါက်ဆွဲပြုတ်တာ၊ ဂေါ်ဖီထုပ်ပြုတ်တာလောက်ပဲ လုပ်ခဲ့တယ်။ ညီအစ်ကိုတွေ မကြိုက်တာကို မြင်ပေမဲ့ သူတို့ ကောင်းကောင်းစားရပြီး ဗိုက်ဝအောင် ဟင်းချက်နည်း ပြောင်းဖို့ စိတ်ကူးမရှိခဲ့ဘူး။ သန့်ရှင်းရေးလည်း အချိန်မီ မလုပ်ဘူး။ အသင်းတော်က ပို့ပေးတဲ့ အစားအစာတွေကိုလည်း အချိန်မီ မကိုင်တွယ်လို့ ပုပ်သိုးကုန်တယ်။ ကျွန်တော်က ဘယ်နေရာမှာများ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းကုန် လုပ်ဆောင်ခဲ့လို့လဲ။ ကျွန်တော်က သိသိသာသာကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ လုပ်နေခဲ့တာပဲကိုး။ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အသင်းတော်က ပေးတဲ့ အခွင့်အရေးကို ကျွန်တော် တန်ဖိုးမထားခဲ့ဘူး။ ပြီးတော့ အမြဲ ညည်းညူတယ်။ အတိုက်အခံလုပ်တယ်။ ပြီးပြီးရော သဘောမျိုးပဲ လုပ်နေခဲ့တယ်။ ဒါက ဘုရားသခင်ကို တကယ် ဝမ်းနည်းစေပြီး စိတ်ပျက်စေတာပဲ။ ကျွန်တော်သာ မပြောင်းလဲရင် နောက်ဆုံးမှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခွင့် ဆုံးရှုံးသွားလိမ့်မယ်။ ဒါကို သတိပြုမိလိုက်တော့ အဲဒီအချိန်ကစပြီး ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး ဧည့်ခံရတဲ့တာဝန်ကို လေးလေးနက်နက် ထမ်းဆောင်ဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါကြောင့် ကျွန်တော် ချက်ပြုတ်နည်းကို စပြီး သင်ယူခဲ့တယ်၊ သန့်ရှင်းရေးလုပ်ရာမှာ ပိုတက်ကြွလာပြီး ဧည့်ခံရတဲ့တာဝန်နဲ့ ပတ်သက်သမျှ အရာအားလုံးကို အကောင်းဆုံး ကိုင်တွယ်ဖို့ ကြိုးစားခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ပြီးတဲ့အခါ ဧည့်ခံရတဲ့တာဝန်အပေါ် ကျွန်တော် အမြဲတမ်း အတိုက်အခံလုပ်နေရတဲ့ အဓိက အကြောင်းရင်းကို နားလည်သဘောပေါက်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ထမ်းဆောင်ရန် တာဝန်တစ်ခုပေးအပ်ခြင်းခံရပြီး နဂိုမူလက ကျိုးနွံနာခံနိုင်စွမ်းမရှိခဲ့လျှင် ယခု၌ မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံနိုင်သနည်း။ ဥပမာ သင်သည် ညီအစ်ကိုတစ်ယောက်ဖြစ်ပြီး နေ့စဉ် အခြားသော ညီအစ်ကိုမောင်နှမများအတွက် ထမင်းဟင်း ချက်ပြုတ်ပေးပြီး ပန်းကန်ဆေးပေးရန် ခိုင်းစေခြင်းခံရလျှင် သင် ကျိုးနွံနာခံမည်လော။ (ကျိုးနွံနာခံမည်ဟု ထင်ပါသည်။) သင်သည် အချိန်ခဏတာ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော် ဤတာဝန်ကို ရေရှည်ထမ်းဆောင်ရန် ခိုင်းစေခြင်းခံရလျှင် သင်ကျိုးနွံနာခံနိုင်မည်လော။ (ကျွန်ုပ်သည် ရံဖန်ရံခါ ကျိုးနွံနာခံနိုင်သော်လည်း အချိန်ကြာသည်နှင့်အမျှ ကျိုးနွံနာခံနိုင်မှု မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။) ဤသည်မှာ သင်သည် ကျိုးနွံနာခံခြင်းမရှိဟူသည့် သဘောဖြစ်သည်။ လူတို့အား ကျိုးနွံနာခံခြင်း မရှိစေသည်မှာ မည်သည့်အရာနည်း။ (ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့၏ စိတ်နှလုံးတွင် ရိုးရာအယူအဆများ ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့က ယောက်ျားများသည် အိမ်ပြင်ပတွင် အလုပ်လုပ်သင့်ပြီး မိန်းမများက အိမ်တွင်းအလုပ်ကို ကိုင်တွယ်သင့်သည်ဟုလည်းကောင်း၊ ချက်ပြုတ်ခြင်းသည် မိန်းမ၏ အလုပ်ဖြစ်ပြီး ယောက်ျားက ချက်ပြုတ်ခြင်းဖြင့် သိက္ခာကျသည်ဟု ထင်ကြသည်။ ဤအတွက်ကြောင့် ကျိုးနွံနာခံရန် မလွယ်ကူခြင်းဖြစ်သည်။) မှန်သည်။ အလုပ်ခွဲဝေခြင်းနှင့်ပတ်သက်လျှင် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုရှိသည်။ ယောက်ျားများက ‘ငါတို့ ယောက်ျားများသည် အပြင်တွင် ဝင်ငွေရှာသင့်သည်။ ချက်ပြုတ်ခြင်းနှင့် လျှော်ဖွပ်ခြင်းကဲ့သို့သောအရာများကို မိန်းမများက လုပ်ဆောင်သင့်သည်။ ငါတို့အားလုပ်ဆောင်ရန် မခိုင်းစေသင့်’ ဟု တွေးသည်။ သို့သော် ယခုတွင် ဤသည်တို့မှာ အထူးအခြေအနေများဖြစ်ပြီး သင့်အား ယင်းကိုလုပ်ဆောင်ရန် ခိုင်းစေခြင်းခံရသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သနည်း။ သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိမီတွင် မည်သည့်ပြဿနာများကို ကျော်လွှားရမည်နည်း။ ဤသည်မှာ ပြဿနာ၏ အခရာဖြစ်သည်။ သင်သည် သင်၏ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုကို ကျော်လွှားရမည်။ ယောက်ျားများက လုပ်ဆောင်ရမည့် အလုပ်မရှိသကဲ့သို့ မိန်းမများက လုပ်ဆောင်ရမည့် အလုပ်မရှိပေ။ အလုပ်ကို ဤသို့ မခွဲနှင့်။ လူတို့ထမ်းဆောင်သည့်တာဝန်ကို ၎င်းတို့၏လိင်အရ အဆုံးအဖြတ်မပေးသင့်ပေ။ သင်ကိုယ်တိုင်၏အိမ်နှင့် နေ့စဉ်အသက်တာတွင် အလုပ်ကို ဤသို့ ခွဲနိုင်သည်။ သို့သော် ယခုအခါတွင် ယင်းသည် သင့်တာဝန်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် သင်သည် ယင်းကို မည်သို့ အဓိပ္ပာယ်ကောက်သင့်သနည်း။ သင်သည် ဤတာဝန်ကို ဘုရားသခင်ဆီမှ ရယူပြီး လက်ခံသင့်သည်။ ပြီးလျှင် သင့်စိတ်အတွင်းတွင်ရှိသော မမှန်ကန်သည့် အမြင်များကို ပြောင်းလဲသင့်သည်။ သင်က ‘ကျွန်ုပ်သည် ယောက်ျားဖြစ်သည်မှာ မှန်သော်လည်း ကျွန်ုပ်သည် အသင်းသားတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ အမြင်တွင် ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ အသင်းတော်က ကျွန်ုပ်အား လုပ်ဆောင်ရန် တာဝန်ချပေးသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်ဆောင်မည်။ အမှုအရာများကို လိင်အရ ခွဲခြားခြင်းမရှိ’ ဟု ဆိုသင့်သည်။ ရှေးဦးစွာ သင်၏ မမှန်ကန်သော အမြင်များကို လက်လွှတ်သင့်သည်။ ထို့နောက် သင့်တာဝန်ကို လက်ခံသင့်သည်။ သင့်တာဝန်အား လက်ခံခြင်းသည် မှန်ကန်သော ကျိုးနွံနာခံခြင်း ဟုတ်သလော။ (မဟုတ်ပါ။) နောက်လာမည့် နေ့ရက်များတွင် တစ်စုံတစ်ယောက်က သင်၏အစားအစာသည် ငံလွန်းသည်၊ သို့မဟုတ် အနံ့အရသာနှင့် မပြည့်စုံကြောင်း ဆိုလျှင်ဖြစ်စေ၊ သင်က တစ်စုံတစ်ခုကို ကောင်းစွာမချက်ပြုတ်ခဲ့သဖြင့် ၎င်းတို့က မစားလိုဟု ဆိုလျှင်ဖြစ်စေ၊ သင့်အား တစ်စုံတစ်ခုကို အသစ်ချက်ပြုတ်ပေးရန် ပြောလျှင်ဖြစ်စေ သင်က လက်ခံနိုင်မည်လော။ ဤအခြေအနေတွင် သင်သည် ကသိကအောက်ဖြစ်လိမ့်မည်။ ပြီးလျှင် သင်က ‘ငါသည် မိမိကိုယ်ကို လေးစားသော ယောက်ျားတစ်ယောက်ဖြစ်သည်။ ဤညီအစ်ကိုမောင်နှမများအားလုံးအတွက် အစားအစာများ ချက်ပြုတ်ပေးရန် ငါသည် မိမိကိုယ်ကို နိမ့်ကျစေပြီးဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့က ဤပြဿနာများအားလုံးကို ထောက်ပြဆဲဖြစ်သည်။ ငါ့တွင် မည်သည့်ဂုဏ်သိက္ခာမျှ မကျန်တော့ပါ’ ဟု တွေးလိမ့်မည်။ ဤအခြေအနေတွင် သင်သည် ကျိုးနွံနာခံလိုခြင်း မရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အခက်အခဲတစ်ခုဖြစ်သည်။ သင် ကျိုးနွံနာခံနိုင်ခြင်း မရှိသည့် အချိန်တိုင်းတွင် ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက သူ့ဘာသာ ထုတ်ဖော်ပြီး ပြဿနာ ဖြစ်စေခြင်းအားဖြင့်လည်းကောင်း၊ သင့်အား သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်စေရန်နှင့် ဘုရားသခင်အပေါ် မကျိုးနွံမနာခံနိုင်စေရန် လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း ဖြစ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှု ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏)အမျိုးသားများတွင် ဤဖိုဝါဒ အတွေးများရှိကြပြီး ကလေးထိန်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့ အချို့သောအလုပ်များကို အထင်အမြင်သေးကြသည်။ အချို့တွင် ပြင်းထန်သော ဖိုဝါဒ လိုလားမှုများရှိကြပြီး ဤအိမ်မှုကိစ္စများကို အထင်အမြင်သေးကာ လုပ်ဆောင်ရန် ဆန္ဒမရှိကြပေ၊ သို့မဟုတ် လုပ်ဆောင်ပါကလည်း အခြားသူများက ၎င်းတို့အား အထင်အမြင်သေးမည်ကို စိုးရိမ်၍ စိတ်မပါလက်မပါဖြင့် လုပ်ကြသည်။ သူတို့သည် ‘ငါ ဤအိမ်မှုကိစ္စများကို အမြဲလုပ်နေလျှင် ငါသည် မိန်းမဆန်လာမည် မဟုတ်လော’ဟု တွေးကြသည်။ ဤသည်ကို မည်သည့်အတွေးနှင့် အမြင်က အုပ်စိုးထားသနည်း။ သူတို့၏ အတွေးတွင် ပြဿနာမရှိသလော။ (ဟုတ်ပါသည်။ ရှိပါသည်။) သူတို့၏ အတွေးသည် ပြဿနာရှိ၏။ အမျိုးသားများသည် ခါးစည်းများ ဝတ်ကာ ဟင်းချက်လေ့ရှိသည့် ဒေသအချို့ကို ကြည့်လော့။ အမျိုးသမီးသည် အလုပ်မှ အိမ်ပြန်ရောက်သောအခါ အမျိုးသားက ‘အနည်းငယ်စားကြည့်ပါ။ ဤသည်မှာ တကယ်ပင် အရသာရှိသည်။ ယနေ့ မင်းအကြိုက်ဆုံးအရာများသာ ငါချက်ထားသည်’ဟု ဆိုကာ စားစရာပြင်ဆင်ပေးသည်။ အမျိုးသမီးသည် ထိုက်သည့်အားလျော်စွာ အဆင်သင့်ပြင်ထားသော ဟင်းလျာကို စားသုံးပြီး အမျိုးသားသည် အိမ်ရှင်မကဲ့သို့ မည်သောအခါမျှ မခံစားရဘဲ ထိုက်သည့်အားလျော်စွာ ပြင်ဆင်ပေးသည်။ သူသည် အိမ်ပြင်ထွက်ပြီး သူ့ခါးစည်းကို ချွတ်လိုက်သည်နှင့် ယောက်ျားတစ်ယောက် ဖြစ်နေဆဲပင် မဟုတ်သလော။ ဖိုဝါဒ အထူးအားကောင်းသည့် ဒေသအချို့တွင် သူတို့ကို မိသားစု၏ ပုံစံသွင်းမှုနှင့် သြဇာလွှမ်းမိုးမှုတို့က ဆိုဖွယ်ရာမရှိအောင်ပင် ဖျက်ဆီးထားသည်။ ဤပုံစံသွင်းခြင်းသည် သူတို့ကို ကယ်တင်ခဲ့သလော သို့မဟုတ် ထိခိုက်နစ်နာစေခဲ့သလော။ (သူတို့ကို ထိခိုက်နစ်နာစေခဲ့ပါသည်။) ယင်းသည် သူတို့ကို ထိခိုက်နစ်နာစေခဲ့ပါသည်။...မိဘများ သွတ်သွင်းခဲ့သည့် အတွေးများနှင့် အမြင်များသည် ရှင်သန်မှုအတွက် အခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံးစည်းကမ်းများသာမက လူများနှင့်ပတ်သက်သည့် မှားယွင်းသော အမြင်အချို့ပါ ပါဝင်ပတ်သက်လေသည်။ အချုပ်အားဖြင့်ဆိုရသော် ဤအရာအားလုံးသည် လူတို့၏ အတွေးများကို မိသားစု၏ ပုံစံသွင်းခြင်းတွင် ပါဝင်သည်။ ယင်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဖြစ်တည်မှု လမ်းကြောင်းတစ်လျှောက်၌ လူတစ်ဦး၏ဘဝတွင် မည်မျှအကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ၊ ယင်းတို့သည် အခက်အခဲနှင့် အဆင်မပြေမှုများ မည်မျှပင် သယ်ဆောင်လာသည်ဖြစ်စေ ယင်းတို့တွင် ပင်ကိုအားဖြင့် မိဘများ၏ အတွေးအခေါ်ဆိုင်ရာ သွန်သင်ဆုံးမမှုနှင့် ပတ်သက်မှုအချို့ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ဧည့်ခံရတဲ့တာဝန် လုပ်ရတာကို မွန်းကျပ်သလို၊ နာကျင်သလို ခံစားရတာနဲ့ ကျိုးနွံနာခံမှုကင်းမဲ့နေတာတွေဟာ “ယောက်ျားတွေက အိမ်ပြင်ထွက် အလုပ်လုပ်ရမယ်၊ မိန်းမတွေက အိမ်မှုကိစ္စလုပ်ရမယ်” ဆိုတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်ကြောင့် အဓိကဖြစ်ရတာကို နားလည်သွားတယ်။ အိမ်မှာတုန်းက ကျွန်တော်တို့ လယ်ထဲဆင်းလုပ်ကြတယ်။ အမေနဲ့ မိန်းမက အပြင်မှာ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တာနဲ့ အဝတ်လျှော်၊ ထမင်းချက်၊ တိရစ္ဆာန် အစာကျွေးတာတွေ ဆက်လုပ်ရတယ်။ သူတို့ အလုပ်ရှုပ်လွန်းလို့ မနိုင်ဝန်ထမ်းနေရတာကို ကျွန်တော် မြင်ပေမဲ့ ဘယ်တုန်းကမှ ဝင်မကူခဲ့ဘူး။ အဝတ်လျှော်၊ ထမင်းချက်နဲ့ အိမ်မှုကိစ္စလုပ်တာတွေ အားလုံးဟာ မိန်းမအလုပ်တွေ ဖြစ်ပြီး ယောက်ျားတွေက မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာတာနဲ့ အပြင်အလုပ်တွေ လုပ်ဖို့ပဲ လိုတယ်လို့ ကျွန်တော် ထင်ခဲ့တာကိုး။ ယောက်ျားတွေက အိမ်မှုကိစ္စလုပ်ရင် အသုံးမကျတဲ့သူတွေလို့ အထင်ခံရမယ်၊ အနှိမ်ခံရမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒီအမြင်နဲ့ ရှင်သန်လာတော့ အိမ်မှုကိစ္စတွေကို ဝင်လုပ်ပေးတာ သိပ်မရှိဘဲ ကိုယ့်မိသားစုအပေါ် ဂရုစိုက်တာ၊ အရေးစိုက်တာ မရှိခဲ့ဘူး။ ဘုရားသခင်ကို တွေ့ပြီးတဲ့နောက် ကျွန်တော့်ကို ဧည့်ခံရတဲ့တာဝန် လုပ်ခိုင်းတဲ့အခါ သန့်ရှင်းရေးလုပ်တာ၊ ဟင်းသီးဟင်းရွက်ဝယ်တာ၊ ချက်ပြုတ်တာတွေက ညီအစ်မတွေအတွက် တာဝန်တွေဖြစ်ပြီး ညီအစ်ကိုတွေကို ဒီအလုပ်တွေ မလုပ်ခိုင်းသင့်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒီလို ဖိုဝါဒဆန်တဲ့ စိတ်ဓာတ်က လွှမ်းမိုးတာကို ခံရပြီး ကျွန်တော် အတိုက်အခံလုပ်မိပြီး ကိုယ့်တာဝန်မှာ အာရုံမစိုက်ခဲ့ဘူး။ ဈေးသွားပြီး ဟင်းသီးဟင်းရွက်ဝယ်တာ၊ ကုန်စိမ်းသည်တွေကို ဈေးဆစ်တာ၊ ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်တာဟာ လုံးဝ ပုံမှန်လုပ်ရိုးလုပ်စဉ် ကိစ္စပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ အမြဲတမ်း ရှက်စရာလို့ ခံစားနေရပြီး အထင်သေးခံရမှာ ကြောက်နေခဲ့တယ်။ ချက်ပြုတ်တဲ့အခါမှာလည်း ညီအစ်ကိုတွေ စားတတ်ပါ့မလားဆိုတာ လုံးဝ ထည့်မစဉ်းစားဘဲ ကျွန်တော် ချက်ချင်သလိုပဲ ချက်ခဲ့တယ်။ ဧည့်ခံရတဲ့တာဝန်အပေါ် အတိုက်အခံလုပ်နေတဲ့အတွက် လိုအပ်တဲ့အချိန်မှာတောင် သန့်ရှင်းရေး မလုပ်ခဲ့ဘူး။ ကျွန်တော်ဟာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား တကယ် ကင်းမဲ့ခဲ့တာပဲ။ ဒီလို ဖိုဝါဒဆန်တဲ့ စိတ်ဓာတ်က ကျွန်တော့်အတွေးတွေကို လုံးဝ လွဲမှားစေခဲ့တယ်။ တာဝန်တွေက ဘုရားသခင်ဆီက လာတယ်၊ အဆင့်အတန်း၊ ကျားမ၊ အသက်အရွယ် ခွဲခြားမှု မရှိဘူး၊ ပြီးတော့ ကျွန်တော်က ဘုရားသခင်ဆီက ခံယူသင့်တယ်၊ တန်ဖိုးထား မြတ်နိုးရမယ့် တာဝန်တစ်ခုအဖြစ် သဘောထားပြုမူပြီး ကိုယ့်တာဝန်ကို သစ္စာရှိရှိ ဆက်ကပ်ပြီး ဘုရားသခင်ကို ကျေနပ်စေသင့်တယ်ဆိုတာကို တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ “ယောက်ျားတွေက အိမ်ပြင်ထွက် အလုပ်လုပ်ရမယ်၊ မိန်းမတွေက အိမ်မှုကိစ္စလုပ်ရမယ်” ဆိုတဲ့ စိတ်ဓာတ်နဲ့ ရှင်သန်နေထိုင်ခဲ့တာကိုး။ ကိုယ့်ခံစားချက်ကိုပဲ ဦးစားပေးပြီး ကိုယ့်တာဝန်နဲ့ ဝတ္တရားက တကယ်တမ်းဘာလဲဆိုတာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ ကျွန်တော့်မှာ ကျိုးနွံနာခံမှု လုံးဝ မရှိခဲ့ဘူး။ ဒါဟာ ကျွန်တော်က ဘုရားသခင်ကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ ဒါကို သတိပြုမိတော့ ကျွန်တော် တော်တော် နောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက် ရောက်လာပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ သားက ‘ယောက်ျားတွေက အိမ်ပြင်ထွက် အလုပ်လုပ်ရမယ်၊ မိန်းမတွေက အိမ်မှုကိစ္စလုပ်ရမယ်’ ဆိုတဲ့ အတွေးအခေါ်ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရပါတယ်။ ဧည့်ခံရတဲ့တာဝန် ထမ်းဆောင်ရာမှာ ကျိုးနွံနာခံမှု လုံးဝ မရှိခဲ့ဘူး။ ပြီးတော့ ကိုယ်တော်ကို အမြဲတမ်း ဆန့်ကျင်နေခဲ့ပါတယ်။ သား တော်တော် ဆင်ခြင်တုံတရားမဲ့ခဲ့တာပါ။ ဘုရားသခင်၊ သား မှားပါတယ်၊ ကိုယ်တော့်ထံမှာ နောင်တရချင်ပါတယ်” ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်ပြီး လူတွေကို တိုင်းတာတဲ့ ဘုရားသခင်ရဲ့ စံနှုန်းကို ကျွန်တော် နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမျိုးသားများနှင့် အမျိုးသမီးများ နှစ်ဦးလုံးသည် ဘုရားသခင်၏ ဖန်ဆင်းရာများဖြစ်ကာ ဘုရားသခင်ထံမှ ဆင်းသက်လာသောကြောင့် လူသားမျိုးနွယ်၏ လိင်အမျိုးအစားများနှင့် စပ်လျဉ်း၍ ဘုရားသခင်တွင် ပြောစရာ တိတိပပ မည်သည့်အရာမျှ မရှိပေ။ လူသားမျိုးနွယ် ပြောဆိုသည့် စကားရပ်ကို သုံးရမည်ဆိုလျှင် ‘လက်ဖဝါးနှင့် လက်ဖမိုးနှစ်ခုလုံးသည် အသွေးအသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်’။ ဘုရားသခင်သည် အမျိုးသားများအပေါ်ဖြစ်စေ၊ အမျိုးသမီးများအပေါ်ဖြစ်စေ သီးသန့် ဘက်လိုက်မှု မရှိသကဲ့သို့ လိင်အမျိုးအစားတစ်ခုကိုဖြစ်စေ အခြားတစ်ခုကိုဖြစ်စေ ခြားနားသော တောင်းဆိုချက်များ မပြုပေ။ ၎င်းတို့ နှစ်ဦးလုံး အတူတူပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သင့်ကို တရားစီရင်ရန် ဘုရားသခင်သည် တူညီသည့် စံနှုန်းအနည်းငယ်ကို အသုံးပြု၏။ သင့်ထံတွင် မည်သည့်လူ့သဘာဝ အနှစ်သာရမျိုး ရှိသည်၊ မည်သည့်လမ်းကြောင်းကို သင်လျှောက်လှမ်းသည်၊ သမ္မာတရားအပေါ် သင်၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို သင်ချစ်ခြင်း ရှိမရှိ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိမရှိ၊ သူ့ကို သင်ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို သူကြည့်လိမ့်မည်။ အလုပ်တစ်ခုခု လုပ်ဆောင်ရန် သို့မဟုတ် တာဝန်တစ်ခုခု ဆောင်ရွက်ရန် တစ်စုံတစ်ဦးကို ရွေးချယ်ပြီး ပျိုးထောင်ပေးသည့်အခါ ထိုသူက အမျိုးသားတစ်ဦးလော၊ အမျိုးသမီးတစ်ဦးလောဆိုသည်ကို ဘုရားသခင် မကြည့်ပေ။ ၎င်းတို့တွင် အသိတရားနှင့် အသိစိတ်တို့ ရှိမရှိ၊ လက်ခံနိုင်ဖွယ် အစွမ်းအစရှိမရှိ၊ သမ္မာတရားကို ၎င်းတို့လက်ခံခြင်း ရှိမရှိဆိုသည်နှင့် မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းကြသည်ဆိုသည်တို့ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် လူတို့ကို အမျိုးသားဖြစ်သည်ဖြစ်စေ၊ အမျိုးသမီးဖြစ်သည်ဖြစ်စေ အထောက်အကူပြုပြီး အသုံးပြုလေသည်။ လူသားမျိုးနွယ်ကို ကယ်တင်ကာ စုံလင်အောင် ပြုပေးသည့်အခါ ဘုရားသခင်သည် ၎င်းတို့၏ လိင်အမျိုးအစားကို ရပ်တန့်စဉ်းစားခြင်း မရှိသည်ကိုကား ပြောနေရန်ပင် မလို။ သင်သည် အကျင့်သီလကောင်းခြင်း သို့မဟုတ် ကြင်နာတတ်ခြင်း သို့မဟုတ် နူးညံ့သိမ်မွေ့ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားရှိခြင်းတို့ ရှိမရှိ၊ ကောင်းမွန်စွာ ပြုမူခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် ထည့်မတွက်သကဲ့သို့ အမျိုးသားများအားလည်း ၎င်းတို့၏ ခွန်အားဗလနှင့် ယောက်ျားပီသခြင်းတို့အပေါ် အခြေခံ၍ မဆန်းစစ်ပေ။ ဤသည်တို့မှာ အမျိုးသားများနှင့် အမျိုးသမီးများကို ဘုရားသခင် ဆန်းစစ်သည့် စံနှုန်းများ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး လူတွေကို ကျားမအလိုက် ခွဲခြားဆက်ဆံတာမျိုး မရှိဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်ခဲ့ရတယ်။ ဘုရားသခင်က အာဒံနဲ့ ဧဝကို ဖန်ဆင်းတုန်းက သူတို့အပေါ် ကျားမ ခွဲခြားဆက်ဆံတာမျိုး မရှိခဲ့ဘူး။ သူတို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုက အတူတူပါပဲ၊ ဘက်လိုက်မှု မရှိပါဘူး။ နောက်ဆုံးသောကာလမှာ လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင် မိန့်မြွက်တဲ့ နှုတ်ကပတ်တော်တွေကလည်း နိုင်ငံ၊ လူမျိုး၊ ကျားမ မရွေး လူအားလုံးဆီ ဦးတည်ထားတာပါ။ ကျွန်တော့်အတွေ့အကြုံမှာ ဘုရားသခင်ရဲ့အိမ်တော်က လူတွေကို မြှင့်တင်ပေးတာ၊ အသုံးပြုတာတွေ လုပ်တဲ့အခါ ကျားမ ကွဲပြားမှုကို ထည့်မစဉ်းစားဘူးဆိုတာကိုလည်း မြင်ခဲ့ရတယ်။ အဲဒီအစား လူတစ်ယောက်က သမ္မာတရားကို ချစ်မချစ်၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိမရှိဆိုတာနဲ့ သူလျှောက်လှမ်းတဲ့ လမ်းကြောင်းကို ကြည့်ပြီးတော့မှ စဉ်းစားဆုံးဖြတ်တာပါ။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက ညီအစ်ကိုတွေ ဖြစ်ရမယ်၊ ဧည့်ခံရတဲ့တာဝန်ကို ညီအစ်မတွေပဲ ထမ်းဆောင်ရမယ်လို့ ပြောထားတဲ့ စည်းမျဉ်း မရှိပါဘူး။ ဥပမာ၊ ဧည့်ခံရတဲ့တာဝန် ထမ်းဆောင်နေတဲ့ ညီအစ်ကိုတစ်ယောက်ကို ကျွန်တော် သိခဲ့ဖူးတယ်။ သူ အားတဲ့အချိန်တိုင်း ဘုရားနှုတ်ကပတ်တော် ဖတ်ရှုဖို့ အာရုံစိုက်တယ်။ စုဝေးပွဲတွေမှာ သူ့ရဲ့အခြေအနေနဲ့ အခက်အခဲတွေအကြောင်း ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုတယ်။ အခက်အခဲတွေ ကြုံရတဲ့အခါ သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်တယ်။ ဒီညီအစ်ကိုက ကျားမ ကွဲပြားမှုနဲ့ ဘောင်ခတ်မခံရဘဲ သူ့တာဝန်ကို ထမ်းဆောင်ခဲ့တာပါ။ အဲဒီတော့မှ ဒီဖိုဝါဒ ဆိုတဲ့ ယုတ္တိမရှိတဲ့ အမြင်နဲ့ အသက်ရှင်နေထိုင်တာဟာ မှားယွင်းပြီး အစွန်းရောက်တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်နဲ့ လုံးဝ ဆန့်ကျင်နေတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ဒီသမ္မာတရားတွေကို နားလည်ပြီးတဲ့နောက် ဒီဖိုဝါဒ စိတ်ဓာတ်ကို နည်းနည်းပိုင်းခြားသိမြင်လာပြီး ရင်ထဲကနေ ငြင်းပယ်ဖို့ ဆန္ဒရှိလာတယ်။ ဧည့်ခံရတဲ့ ကိုယ့်တာဝန်ကိုလည်း အပြည့်အဝ လက်ခံနိုင်လာတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်ပြီး ဒီဧည့်ခံရတဲ့တာဝန်ကို ဘယ်လို ကောင်းကောင်း လုပ်ရမလဲဆိုတာ ပိုရှင်းလင်းလာတယ်။ ဘုရားသခင်က ပြောသည် “သင် မည်သည့် တာဝန် ထမ်းဆောင်နေပါစေ သင် နားလည်ရမည့် စည်းမျဉ်းများနှင့် သင် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားများမှာ အတူတူပင် ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ်၊ သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် စေခိုင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် သင်သည် အိမ်ရှင်တစ်ဦးအဖြစ် ဟင်းများကို ချက်ပြုနေသည်ဖြစ်စေ သို့မဟုတ် အပြင်ပန်းကိစ္စရပ်အချို့ကို တာဝန်ယူရန်၊ သို့မဟုတ် ကာယလုပ်အားအချို့ လုပ်ဆောင်ရန် သင်သည် စေခိုင်းခံရသည်ဖြစ်စေ ဤတာဝန်အမျိုးမျိုးကို ထမ်းဆောင်ရာတွင် လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများသည် အတူတူပင်ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုရမည် ဖြစ်သည်။ သို့ဆိုလျှင် ဤစည်းမျဉ်းများထဲတွင် မည်သည့်အရာသည် အကြီးမားဆုံးနှင့် အဓိက ဖြစ်သနည်း။ ယင်းမှာ မိမိ၏ စိတ်နှလုံး၊ အာရုံနှင့် အားထုတ်မှုတို့ကို မိမိ၏တာဝန် ကောင်းစွာ ထမ်းဆောင်ခြင်းတွင် ဆက်ကပ်ရန်နှင့် ထိုတာဝန်ကို သတ်မှတ်ထားသော စံနှုန်းအတိုင်း ထမ်းဆောင်ရန်ပင် ဖြစ်သည်။...ဥပမာအားဖြင့် သင်သည် မိမိ၏ ညီအစ်ကိုမောင်နှမများအတွက် အစားအစာ ချက်ပြုတ်ခြင်းကို ကြီးကြပ်ရလျှင် ယင်းမှာ သင်၏တာဝန် ဖြစ်သည်။ သင်သည် ဤအလုပ်ကို မည်သို့ သဘောထားသင့်သနည်း။ (ကျွန်ုပ်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပါသည်။) သင်သည် သမ္မာတရား စည်းမျဉ်းများကို မည်သို့ ရှာဖွေရသနည်း။ ဤအရာသည် စစ်မှန်မှုနှင့် သမ္မာတရားနှင့် ဆက်စပ်မှုရှိ၏။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်မည်၊ ဤတာဝန်ကို မည်သို့ ကောင်းအောင် ထမ်းဆောင်မည်၊ ပြီးလျှင် ဤတာဝန်သည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာများနှင့် သက်ဆိုင်သည်တို့ကို သင်က ဆင်ခြင်စဉ်းစားရမည်။ ပထမအဆင့်အနေဖြင့် ‘ကျွန်ုပ်သည် မိမိအတွက် ချက်ပြုတ်နေခြင်းမဟုတ်။ ဤအရာသည် ကျွန်ုပ် လုပ်ဆောင်နေသော ကျွန်ုပ်၏တာဝန် ဖြစ်သည်’ ဟု ဦးစွာ သင်တို့အားလုံး သိရမည်။ ဤနေရာတွင် အကျုံးဝင်သည့် သွင်ပြင်လက္ခဏာမှာ ရူပါရုံဖြစ်သည်။ ဒုတိယအဆင့်မှာ မည်သို့နည်း။ (ဟင်းလျာကို မည်သို့ ကောင်းအောင် ချက်ပြုတ်မည်ကို ကျွန်ုပ် စဉ်းစားရပါမည်။) ကောင်းမွန်စွာ ချက်ပြုတ်ခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ (ကျွန်ုပ်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရပါမည်။) မှန်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကသာ သမ္မာတရား၊ စံနှုန်းနှင့် စည်းမျဉ်း ဖြစ်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ချက်ပြုတ်ခြင်းသည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ သင်သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ပထမဦးဆုံး ထည့်သွင်း စဉ်းစားရမည်၊ ထို့နောက် ‘ဘုရားသခင်သည် ငါ့အား ဤတာဝန်ကို ထမ်းဆောင်ရန် ပေးအပ်ထားသည်။ ဘုရားသခင် သတ်မှတ်သော စံနှုန်းမှာ မည်သို့နည်း’ ဟူ၍ သုံးသပ် ဆင်ခြင်ရမည်။ ဤအခြေခံအုတ်မြစ်သည် သတ်မှတ်ချက်တစ်ခု ဖြစ်၏။ သို့ဖြစ်ရာ သင်သည် ဘုရားသခင်၏စံနှုန်းနှင့် ကိုက်ညီစေရန် မည်သို့ ချက်ပြုတ်သင့်သနည်း။ သင် ချက်ပြုတ်သော အစားအစာသည် ကျန်းမာရေးနှင့် ညီညွတ်၍ အရသာ ရှိကာ သန့်ရှင်းသင့်သည်၊ ပြီးလျှင် ခန္ဓာကိုယ်အား အန္တရာယ်မဖြစ်စေသင့်ပေ။ ဤသည်တို့မှာ ပါဝင်သည့် အသေးစိတ် အချက်အလက်များ ဖြစ်သည်။ သင်သည် ဤစည်းမျဉ်းနှင့်အညီ ချက်ပြုတ်နေသရွေ့ သင် ချက်ပြုတ်သော အစားအစာကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်လိမ့်မည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်သည် ဤတာဝန်၏ စည်းမျဉ်းများကို ရှာဖွေခဲ့ပြီး ဘုရားသခင် ဘောင်ခတ်ထားသော အတိုင်းအတာထက် မပိုလွန်ခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သင့်တော်သော ချက်ပြုတ်နည်း ဖြစ်၏။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကာ သင်သည် ကျေနပ်ဖွယ်ရာ လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဘယ်လိုတာဝန်ကိုပဲ လုပ်လုပ် သမ္မာတရား စည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်ဆောင်ရမယ်၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကောင်းကောင်းလုပ်ဆောင်ဖို့ ကိုယ့်စိတ်နှလုံးနဲ့ အားထုတ်မှုတွေကို ဆက်ကပ်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်ခဲ့ရတယ်။ ဥပမာ၊ ကျွန်တော့်ဧည့်ခံရတဲ့တာဝန်မှာ အစားအသောက်ကို ကောင်းကောင်း မပြင်ဆင်ရင်၊ တခြားသူတွေ မစားချင်အောင် ဖြစ်စေရင်၊ ဒါမှမဟုတ် သူတို့ကျန်းမာရေးကို ထိခိုက်စေရင် ကျွန်တော် ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်တာပဲ။ အစားအသောက်နဲ့ ပတ်သက်ရင် အခြောက်ခံသင့်တာကို အခြောက်ခံရမယ်၊ အလဟဿ မဖြစ်အောင် အမြန်စားသင့်တာကို ကျွေးရမယ်။ ဒါ့အပြင် ဘုရားသခင်ကို အပြင်းထန်ဆုံး အတိုက်အခံလုပ်တဲ့ တရုတ်ပြည်မှာ ကျွန်တော်တို့ရဲ့ ဧည့်ခံရတဲ့တာဝန်မှာ အမြဲတမ်း နိုးနိုးကြားကြားရှိရမယ်၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ညီအစ်ကို မောင်နှမတွေရဲ့ လုံခြုံရေးကို သေချာအောင် လုပ်ရမယ်။ ဒါကို နားလည်ပြီးတဲ့နောက် နောက်တစ်ခါ ဈေးသွားပြီး ဟင်းသီးဟင်းရွက် ဝယ်တဲ့အခါ အရည်အသွေးကောင်းပြီး ဈေးတန်တဲ့ ခြံထွက်ပစ္စည်းတွေကို ဘယ်လိုဝယ်ရမလဲဆိုတာ စဉ်းစားတယ်။ တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာ ဂရုမစိုက်တော့ဘူး။ အရသာရှိ၊ အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ပြင်ဆင်ဖို့ကို စည်းမျဉ်းတစ်ခုအနေနဲ့ လုပ်ခဲ့တယ်။ ကျွန်တော် မချက်တတ်တဲ့ ဟင်းတွေဆိုရင် ညီအစ်ကို မောင်နှမတွေကို မေးတယ်၊ ဒါမှမဟုတ် ဗီဒီယို သင်ခန်းစာတွေကနေ လေ့လာတယ်။ နည်းနည်းကြာလာတော့ အိမ်မှာ ချက်ပြုတ်တာရော သန့်ရှင်းရေးလုပ်တာပါ အခြေအနေ အများကြီး တိုးတက်လာတယ်။ နောက်ပိုင်းမှာ လျှပ်စစ်ပစ္စည်း ပြင်ဖို့ ညီအစ်ကိုတစ်ယောက်နဲ့ အတူတွဲလုပ်တဲ့အခါ ချက်ပြုတ်တာနဲ့ အိမ်မှုကိစ္စတွေကို ကျွန်တော်ကပဲ စပြီး လုပ်လိုက်တယ်။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေ အိမ်လာလည်ရင် “အိမ်က သန့်လိုက်တာ” တို့၊ “ဒီဟင်းက စားချင်စရာလေး” တို့ ပြောပြီး ကျွန်တော်တို့ကို မချီးမွမ်းဘဲ မနေနိုင်ကြဘူး။ ဒါတွေကို ကြားရတော့ ကျွန်တော် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

တာဝန်တွေဆိုတာ လူသားတွေကို ဘုရားသခင် ပေးအပ်တဲ့ တာဝန်ပေးစေခိုင်းချက် ဖြစ်ပြီး၊ ကျားမ မရွေး ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရား ဖြစ်တယ်ဆိုတာ နားလည်လာတယ်။ ပြီးတော့ အဲဒါတွေကို ခြွင်းချက်မရှိ လက်ခံပြီး အကောင်းဆုံး ဖြည့်ဆည်းသင့်တယ်ဆိုတာလည်း နားလည်လာတယ်။ ဘယ်တာဝန်ကို လုပ်နေတယ်ဆိုတာ အရေးမကြီးဘဲ အရေးကြီးတာက ကျွန်တော်တို့ရဲ့ တာဝန်တွေမှာ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ ဖြစ်တယ်ဆိုတာကိုလည်း နားလည်လာတယ်။ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဆောင်ဖို့ ကြိုးစားတာက အရေးအကြီးဆုံးပါပဲ။ ကျွန်တော့်ရဲ့ ဒီအပြောင်းအလဲတွေနဲ့ အကျိုးအမြတ်တွေ အားလုံးဟာ ဘုရားနှုတ်ကပတ်တော် လမ်းပြမှုရဲ့ ရလဒ်တွေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း

မော့ယန် တရုတ်နိုင်ငံပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...

ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကိုင်တွယ်ရန် နည်းလမ်း

— ဝတ်ပြုခြင်းဆိုင်ရာ ဒိုင်ယာရီတစ်ပုဒ်ရှီးဖန် တောင်ကိုရီးယားနိုင်ငံ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ မိုးတိမ်ကင်းစင်ဒီနေ့...

နောက်ထပ် မကြွားဝါတော့ပါ

မော့ဝင် စပိန်နိုင်ငံ၂၀၁၈ခုနှစ်တွင် ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိတရား ဟောဖို့ တာဝန်ယူထားရသည့်အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ထိုတာဝန်အတွက်...

အပြစ်ကိုဝန်ခံ၍ နုတ်ထွက်ပြီးနောက် ပြန်လည်သုံးသပ်ခြင်းများ

လီရွှယ်၊ တရုတ်နိုင်ငံ၂၀၂၁ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ ရွေးချယ်ခံခဲ့ရတယ်။ အရင်က တာဝန်တစ်မျိုးပဲရှိတဲ့ အလုပ်ကိုပဲ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။