ကျွန်ုပ် တိုင်ကြားခံရပြီးသည့်နောက်

10.04.2022

ရှင်းရွေ တောင်ကိုရီးယားနိုင်ငံ

၂၀၁၆ ရက်တစ်ရက်မှာ ကျွန်မကို တိုင်ကြားစာတစ်စောင် ရုတ်တရက် ရလိုက်တယ်။ အရင်က ကျွန်မ ထုတ်ခဲ့တဲ့ ညီအစ်မနှစ်ယောက် ရေးထားတာပါ။ သူတို့အသင်းတော်မှာ ကျွန်မက ကိုယ့်တာဝန်တွေမှာ ထင်ရာမြင်ရာ လုပ်တယ်၊ အယောင်ဆောင် ခေါင်းဆောင်နှစ်ယောက် ရွေးခဲ့ပြီး၊ အဲဒီထဲကတစ်ယောက်ဖြစ်တဲ့ ကျန်းက မကောင်းမှုပြုတဲ့သူ ဖြစ်တယ်၊ သူ့ရဲ့ နှောင့်ယှက်မှုတွေက အသင်းတော် တစ်ခုလုံးရဲ့ အလုပ်ကို တုံ့ဆိုင်းရပ်တန့် သွားစေမတတ်ပဲတဲ့။ အဲဒီအချိန်က သူတို့ အကြံကို ကျွန်မ နားထောင်ပြီး၊ ညီအစ်ကို မောင်နှမတွေကြား ပိုမေးမြန်းစုံစမ်းခဲ့မယ်ဆိုရင်၊ အယောင်ဆောင် ခေါင်းဆောင်နှစ်ယောက်ကို ကျွန်မ ရွေးခဲ့မိမှာမဟုတ်သလို၊ အသင်းတော် အလုပ်ကို ဒီလောက်ကြီး ထိခိုက်မိစေမှာ မဟုတ်ဘူးလို့လည်း ပြောတယ်။ အဲဒီတုန်းက ကျွန်မ မှင်တက်သွားခဲ့တာ။ ကျွန်မတွေးမိတယ်၊ “ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါအမှားပဲဖြစ်ရမယ်”လို့ပေါ့။ ကျွန်မ တကယ်လန့်သွားခဲ့တာ။ ဒါပေမဲ့ ဒီအချက်ကို ကျွန်မ တကယ် လက်မခံနိုင်သေးဘူး။ စာရေးတဲ့ ညီအစ်မနှစ်ယောက်အပေါ် ကျွန်မ မကောင်းမြင်ခဲ့သလို၊ ကျွန်မအပေါ် လက်စားချေဖို့ တမင် ကြိုးစားနေကြတာလို့ တွေးခဲ့တယ်။ သူတို့က နဂိုက အသင်းတော် ခေါင်းဆောင်တွေဖြစ်ပေမဲ့၊ အစွမ်းအစညံ့ပြီး တကယ့် အလုပ်ကို မလုပ်ခဲ့ကြဘူး။ အယောင်ဆောင် ခေါင်းဆောင်တွေကို ကာကွယ်ပေးသလို၊ သူတို့ကို တိုင်ကြားတဲ့သူတွေကို ရှုတ်ချကြလို့၊ နောက်ဆုံးမှာ ကျွန်မ ထုတ်ပစ်လိုက်တာ။ ကျန်းကို ရွေးခဲ့တုန်းက သူတို့ရဲ့ ထင်မြင်ချက်တွေ ကျွန်မတောင်းခဲ့တာ သတိရသေးတယ်။ သူတို့အားလုံး ပြောတာက ကျန်းမှာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိပြီး၊ တခြားလူတွေနဲ့ မပူးပေါင်းနိုင်ဘူးတဲ့။ ကျန်းက မကောင်းမှုပြုသူဖြစ်တယ်လို့ သူတို့ လုံးဝ တိတိကျကျ မပြောခဲ့ဘူး။ ဒါပေမဲ့ အခု ကျန်းက ထုတ်ဖော်ပြခံခဲ့ရတော့၊ ကျွန်မကို သူတို့ တိုင်ကြတာလေ။ အင်း၊ လွန်ပြီးမှ သိကြလို့တဲ့။ အထုတ်ခံရတာ မပျော်လို့ ကျွန်မကို ပြန်တိုက်ခိုက်ချင်ကြတာပဲလို့ ကျွန်မ တွေးမိတယ်။ ဒါ့အပြင် အဲဒီတုန်းက စီစီပီရဲ့ အဖမ်းအဆီးတွေက အရမ်းပြင်းထန်တော့၊ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့သလို၊ သင့်တော်တဲ့ သူတွေလည်း မရှိခဲ့ဘူး။ ကျန်းက တခြားလူတွေထက် အတော်အသင့် အစွမ်းအစ ပိုကောင်းသလို ချင့်ချိန်နိုင်စွမ်းလည်း ပိုရှိတယ်၊ ဒီတော့ အဲဒီအခြေအနေမှာ တခြားဘယ်သူ့ကိုများ ကျွန်မ ရွေးရမှာလဲ။ တစ်ယောက်ယောက်ကို ခေါင်းဆောင်အနေနဲ့ ရွေးရတော့မယ်လေ။ ကျန်းအကြောင်း လူတချို့ကို ကျွန်မ မေးလည်းမေးခဲ့တာပဲ၊ သူက မကောင်းမှုပြုသူလို့ ဘယ်သူကမှ မပြောခဲ့ဘူး။ လူတိုင်း သူတို့တာဝန်တွေမှာ အမှားလုပ်တတ်ကြတာပဲ။ တစ်ချက်တည်းနဲ့တော့ လူတစ်ယောက်ရဲ့ အနှစ်သာရကို ဘယ်သူပိုင်းခြားနိုင်မှာလဲ။ မသင့်တော်တဲ့ ခေါင်းဆောင်တွေ အရွေးခံရတာက ပုံမှန်ပါပဲ။ သင့်တော်တဲ့ လူ အမြဲ ရွေးခံရမယ်လို့ ဘယ်သူ အာမခံနိုင်လို့လဲပေါ့။ ဒီနှစ်ယောက်က ပြဿနာရှာဖို့ ကြိုးစားရင်းနဲ့ ချစ်တီးခေါင်း သန်းရှာနေတာပဲလို့ ထင်ရတယ်။ အဲဒီတုန်းက ကိုယ်မှန်တဲ့အကြောင်း ရှင်းဖို့ ဆက်ကြိုးစားခဲ့တယ်။ တိုင်ကြားစာကို အရမ်း အတိုက်အခံလုပ်ခဲ့တယ်။ ဒါပေမဲ့ တိုင်ကြားစာက ဒီနှစ်ယောက်ဟာ အယောင်ဆောင် ခေါင်းဆောင်တွေဖြစ်ပြီး ကျန်းက မကောင်းမှုပြုသူဖြစ်ကြောင်း ထုတ်ဖော်ပြခံရပြီးပြီလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ပြီးတော့ ခေါင်းဆောင်တွေအနေနဲ့ သူတို့က အသင်းတော် အလုပ်နဲ့ ဘုရားရွေးချယ်ထားသူတွေရဲ့ အသက်ဝင်ရောက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်တဲ့။ အမှန်တရားတွေနဲ့ ရင်ဆိုင်လိုက်ရတော့၊ အကျိုးသင့် အကြောင်းသင့် ကျွန်မ မရှင်းပြနိုင်တော့ဘူး။ သူတို့ကို မရိပ်မိနိုင်ခဲ့ဘူး၊ မာနထောင်လွှားခဲ့ပြီး လူတွေကို မမြင်မကန်း သုံးခဲ့မိတယ်လို့ အင်တင်တင်နဲ့ ဝန်ခံလိုက်ရတယ်။ ဒါပေမဲ့ ကိုယ့်ပြဿနာတွေကို အစစ်အမှန် မသုံးသပ်၊ နားလည်ဖို့ မကြိုးစားခဲ့သလို၊ နောက်ဆုံးမှာ ပြဿနာအေးသွားတယ်။

နောက်ပိုင်းမှာ ဒီအကြောင်းကို ခေါင်းဆောင်က သိသွားတော့၊ မကောင်းမှုပြုသူကို ခေါင်းဆောင်အနေနဲ့ သုံးတဲ့အတွက်၊ သတိပေးချက်တွေကို နားမထောင်သလို၊ မာနထောင်လွှားတဲ့အတွက် ကျွန်မကို ဖော်ထုတ်ခဲ့တယ်။ အဲဒီအခါမှပဲ နောက်ဆုံးမှာ အဲဒါကို ကျွန်မ စပြီး သတိမူမိလာခဲ့တယ်။ ကျွန်မ တကယ်ပဲ အမှားလုပ်မိခဲ့တာလား။ တကယ် မာနထောင်လွှားလွန်းပြီး ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ခဲ့တာလားပေါ့။ ဒါပေမဲ့ အဲဒီအခြေအနေမှာတခြားရော ဘယ်လိုများ လုပ်လို့ရခဲ့လို့လဲပေါ့။ ကိုယ်မှားခဲ့တဲ့နေရာကို ကျွန်မ နားလည်ခဲ့ဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် သတိရသွားတယ်။ “အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရန် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ ရှိကြောင်းကိုသိရန် ၎င်းတို့ကို နက်နဲစွာတူးဖော်ရန်လည်းကောင်း၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို ကြည့်ရန် ပို၍ထိုက်တန်လေ ဖြစ်သည်။...ဤသည်မှာ သင်တို့ကိုယ်တိုင်၏ ကဏ္ဍများ၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခုခု အမှန်တကယ်ပါရှိသည် မပါရှိသည်ကို သိမြင်ဖို့အလို့ငှာ ကောင်းမြတ်သည်ဟု သင် ယုံကြည်သည့် ကဏ္ဍများကို သင် ဧကန်မုချ တူးဖော်ခြင်း၊ အာရုံစိုက်ခြင်း သို့မဟုတ် ခွဲခြမ်းလေ့လာခြင်း မပြုခဲ့သေးခြင်းကြောင့်ပင် ဖြစ်ပါသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နိုးထစေခဲ့ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ အချိန်ရှိတဲ့အခါ၊ ပြဿနာကို ချင့်ချိန်စဉ်းစားပြီး၊ အချိန်တစ်ခုကြာ သုံးသပ်ပြီးတဲ့နောက်မှာ၊ ကျွန်မ တကယ်ပဲ မာနထောင်လွှားလွန်းခဲ့မှန်း သဘောပေါက်လိုက်တယ်။ စာကို ရကတည်းက၊ ကျွန်မက ခုခံဖို့ အသင့်ရှိနေခဲ့တာ။ ဖိနှိပ်တာက ပြင်းထန်တယ်၊ ကျွန်မတို့အနေနဲ့ ပုံမှန် ရွေးကောက်ပွဲတွေ ကျင်းပလို့မရသလို၊ သင့်တော်တဲ့သူတွေလည်း မရှိခဲ့ဘူးလို့ ကျွန်မ ခံစားခဲ့ရတာ။ အဲဒီအခြေအနေမှာ ရှိနေတဲ့ အသင့်တော်ဆုံးသူဆိုလို့ ကျန်းပဲရှိတာ။ သူ့ကို မကောင်းမှုပြုသူလို့ သက်သေပြဖို့လည်း ဘာအချက်အလက်မှ မရှိခဲ့ဘူး။ အကောင်းဆုံး ရွေးချယ်ခဲ့ပြီလို့ ကျွန်မ ထင်ခဲ့တာ။ နောက်ပိုင်းမှာ မကောင်းမှုပြုသူအနေနဲ့ သူ ထုတ်ဖော်ပြခံရမယ်လို့ ဘယ်သူကမှ ကြိုပြောနိုင်ခဲ့တာ မဟုတ်ဘူးလေ။ ဘုရားအိမ်တော်အလုပ်ကို နှောင့်ယှက်ဖို့ မကောင်းမှုပြုသူကို တမင် မခန့်ခဲ့တာတော့ ကျွန်မ သေချာတယ်။ ဒီတော့ စာကို ပထမဆုံး တွေ့တော့၊ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ခံစားရသလို၊ ကိုယ့်ကိုယ်ကိုယ် သိအောင် မသုံးသပ်၊ မကြိုးစားခဲ့ဘူး၊ ပြီးတော့ အဲဒါကို ရေးတဲ့ ညီအစ်မနှစ်ယောက်ကို ခုခံပြီး သဘောမကျဖြစ်ခဲ့တယ်။ ကျွန်မကို လက်စားချေပြီး တမင် အပြစ်ရှာဖို့ ကြိုးစားတဲ့အတွက် သူတို့ကို ရှုတ်တောင်ရှုတ်ချခဲ့တယ်။ အဲဒီအကြောင်းကို အခုတွေးကြည့်တော့၊ ကျန်းကို ကျွန်မ ရွေးခဲ့တုန်းက၊ ကျန်းမှာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိတယ်လို့ ဒီညီအစ်မ နှစ်ယောက်က ထောက်ပြခဲ့တာလေ။ ကျွန်မ သိတယ်၊ မမှန်တဲ့ လူကို ခေါင်းဆောင်အနေနဲ့ ရွေးတာက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်စေမှာကို သူတို့ စိုးရိမ်နေခဲ့ကြတာပဲ။ ဒါပေမဲ့ ကျန်းရဲ့ အနှစ်သာရကို သူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ဒါကြောင့် သူ့ကို မကောင်းမှုပြုသူအနေနဲ့ မရှုတ်ချရဲခဲ့ကြတာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မက အရမ်းမာနထောင်လွှားခဲ့ပြီး သူတို့ကို အထင်သေးခဲ့တယ်။ သူတို့တုန်းက ခေါင်းဆောင်တွေအနေနဲ့ သူတို့ ရွေးခဲ့တဲ့ လူအများစုက မသင့်တော်ခဲ့သလို၊ လူတွေကို သူတို့ မသိမြင်နိုင်ကြဘူး၊ ဒီတော့ သူတို့အကြံကို စဉ်းစားတာ အသုံးမဝင်ဘူးလို့ ကျွန်မ ခံစားမိခဲ့တယ်။ အများကြီး ကြိုးစားအားထုတ်ပြီးနောက်မှာ၊ နောက်ဆုံးတော့ တစ်ယောက်ယောက်က အလုပ်ကို တာဝန်ယူမှာ သူတို့တွေ့တဲ့အခါ၊ ဇီဇာကြောင်ပြီး လက်မခံကြတာပဲလို့ပေါ့။ ဒါကြောင့် သူတို့ကို ကျွန်မ လုံးဝ နားမထောင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်၊ ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားကို ရှာလိုက်တာနဲ့၊ ခေါင်းဆောင်တွေကို ကျွန်မ ရွေးခဲ့တဲ့ပုံစံမှာ ပြဿနာတွေ တကယ်ရှိခဲ့မှန်း သဘောပေါက်ခဲ့တယ်။ ရွေးကောက်ပွဲ မရှိရင်တောင်၊ ကျန်းကို မရွေးခင်မှာ သမ္မာတရား နားလည်တဲ့သူတွေဆီကနေ သဘောတူညီချက် ကျွန်မ တောင်းခဲ့သင့်တယ်။ အဲဒီတုန်းက အဲဒါကို ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ဆွေးနွေးရုံဆွေးနွေးခဲ့ပြီး၊ ကျန်းနဲ့ပတ်သက်လို့ ဘယ်လိုခံစားရတယ်ဆိုတာကို တခြားလူနည်းနည်းကို မေးခဲ့တယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်မကို တိုင်ကြားစာရေးခဲ့တဲ့ ညီအစ်မ နှစ်ယောက်က ကျွန်မရဲ့ ရွေးချယ်မှုကို သဘောမတူခဲ့ကြပေမဲ့၊ ကျွန်မက ထပ်ပြီး မစစ်ဆေးခဲ့ဘူး။ ကျန်းက သင့်တော်တဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်စိတ်ကူးတွေ၊ ခံစားချက်အရ ယူဆချက်တွေကိုပဲ လွယ်လွယ် အားကိုးခဲ့တယ်။ ဒီကိစ္စမှာ၊ တစ်ဖက်မှာ၊ ကျန်းရဲ့ ပုံမှန်အပြုအမူနဲ့ပတ်သက်ပြီး ပိုလေ့လာဖို့ သိတဲ့သူတွေကို ကျွန်မ မမေးခဲ့သလို၊ အခြားတစ်ဖက်မှာလည်း၊ သမ္မာတရား နားလည်တဲ့သူ၊ အထက်ကလူတွေဆီကနေလည်း ကျွန်မ မရှာဖွေခဲ့ဘူး။ ပိုအရေးကြီးတာက၊ မတူကွဲပြားတဲ့ အကြံပြုချက်တွေ တင်ပြခံရတော့၊ တခြားလူတွေရဲ့ အယူအဆတွေကို ကျွန်မ ငြင်းပြီး လျစ်လျူရှုခဲ့သလို၊ ကိုယ့်ကိုယ်ပိုင် စိတ်ကူးအရ ကျန်းကို ခေါင်းဆောင်အနေနဲ့ ထင်ရာမြင်ရာ ခန့်အပ်ခဲ့တယ်။ တကယ်ကို လွန်လွန်ကဲကဲ ပြုမူနေခဲ့မိတာပဲ။ ဒါ့အပြင်၊ မကောင်းမှုပြုသူတွေနဲ့ လှည့်ဖြားတတ်သူတွေကို ခေါင်းဆောင်အနေနဲ့ ရွေးလို့မရတာကို ဘုရားအိမ်တော်က ထပ်တလဲလဲ အလေးပေးပြောထားပြီးသားပဲ။ ကျန်းမှာ ညံ့ဖျင်းတဲ့ လူ့သဘာဝ ရှိတယ်လို့ ညီအစ်မနှစ်ယောက် ပြောခဲ့တုန်းက၊ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားကို ကြောက်စိတ် တကယ်ရှိခဲ့ရင်၊ သူ့ကို သိတဲ့ လူတော်တော်များများ မေးမိခဲ့မှာ၊ ကျန်းရဲ့ လူ့သဘာဝနဲ့ဆိုင်တဲ့ အမှန်တရားတွေကို သိခဲ့မှာပဲ၊ သူ မကောင်းမှုပြုသူ ဟုတ်မဟုတ်ဆိုတာကို ပိုင်းဖြတ်ခဲ့မိမှာပဲ။ စစ်ဆေးပြီးတဲ့နောက် သေလည်းမသေချာသေးဘူး၊ တခြားသင့်တော်တဲ့သူ မရှိ၊ ကျန်းကလည်း တကယ်ကို အသင့်တော်ဆုံး ဖြစ်ပုံရခဲ့ရင်၊ သူ့ကို စောင့်ကြည့်ရင်းနဲ့ ကျွန်မ သုံးလို့ရတယ်လေ၊ အဲဒီနောက် သူက မကောင်းသလို၊ မှန်တဲ့ လမ်းကြောင်းမှာ မရှိဘူးလို့ သိလိုက်တာနဲ့ ထုတ်ပယ်လို့ရတယ်။ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို အနှောင့်အယှက် ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အဲဒါက ကျွန်မလုပ်ခဲ့သလို လူတစ်ယောက်ကို အလွယ် ရွေးလိုက်တာ၊ အဲဒါကို ကျေနပ်နေပြီး ဂရုမစိုက်တော့တာမျိုး ဖြစ်မှာ မဟုတ်ဘူး။ ကျွန်မ မှန်တယ်လို့ တွေးခဲ့တဲ့အရာက ကိုယ့်ကိုယ်ပိုင် ထင်မြင်ချက်၊ အယူအဆတွေနဲ့ စိတ်ကူးအပေါ် လုံးလုံး အခြေခံထားတာပါ။ ကျွန်မ တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး ကိုယ့်ထင်မြင်ချက်ကို ခေါင်းမာမာနဲ့ မရမက လုပ်ခဲ့ပြီး၊ ရလဒ်က မကောင်းမှုပြုသူကို တစ်နှစ်ကျော်ကြာ ခေါင်းဆောင်အနေနဲ့ အစေခံစေခဲ့မိတာပဲ။ အဲဒါက အသင်းတော်ရဲ့အလုပ်အားလုံးကို ရပ်တန့်လုနီးပါး ဖြစ်စေခဲ့တယ်။ ဒီအချိန်မှာ ခေါင်းဆောင်ကို ရွေးချယ်ရာမှာ ကျွန်မက အမှားသေးသေးလေး လုပ်ခဲ့မိတာမဟုတ်ဘဲ၊ ဆိုးယုတ်မှု၊ ဘုရားကို ဆိုးဆိုးရွားရွား အာခံခဲ့တဲ့ အရာတစ်ခု လုပ်ခဲ့မိမှန်း နောက်ဆုံးမှာ သဘောပေါက်သွားခဲ့တယ်။ ဘုရားရွေးချယ်ထားသူအတွက် ဘုရားနောက်လို့ဖို့ သမ္မာတရားလိုက်စားပြီး ကယ်တင်ခံရဖို့က သူတို့အနေနဲ့ ခေါင်းဆောင်ကောင်း ရှိရမှာပါ။ ဒါပေမဲ့ ကျွန်မက ခေါင်းဆောင် ရွေးတာကို လေးနက်နဲ့ကိစ္စအနေနဲ့ လုံးဝ သဘောမထားခဲ့ဘူး။ စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်စိတ်တစ်ခုမှ မရှိခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေအတွက်‌ ခေါင်းဆောင်ကောင်း ရွေးဖို့ ပျက်ကွက်ခဲ့ရုံမက၊ မကောင်းမှုပြုသူကို ရာထူးအပ်ပြီး ဘုရားရွေးချယ်ထားသူတွေကို ထိခိုက်စေခဲ့တယ်။ ကျွန်မက တာဝန်ယူနေခဲ့တာ၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေကို ဂရုစိုက်နေခဲ့တာ မဟုတ်ဘူး။ ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့ သဘောထားနဲ့တော့ ဘယ်လိုလုပ် ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်နိုင်မှာလဲ။ ခေါင်းဆောင်တစ်ယောက်ကို ရွေးရာမှာ၊ ကျွန်မက ကမူးရှူးထိုးနဲ့ မဆင်မခြင်လုပ်ခဲ့ပြီး အရေးမထားခဲ့ဘူး၊ ပြီးတော့ အရမ်းမာနထောင်လွှားပြီး ကိုယ်မှန်တယ်လို့ ယူဆတာဟာဆိုရင် တခြားလူတွေက ကျွန်မကို သတိပေးဖို့ ကြိုးစားတဲ့အခါ ကျွန်မ အလေးဂရုမပြုခဲ့ဘူး။ ကျွန်မက ဗိုလ်ကျပြီး ထင်ရာမြင်ရာလုပ်ခဲ့သလို၊ အကျိုးဆက်အနေနဲ့ အသင်းတော်ရဲ့အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုက ဆိုးဆိုးရွားရွား ထိခိုက်နစ်နာခဲ့တယ်။ ကျွန်မလုပ်ခဲ့တဲ့အရာအတွက် ကျွန်မ ထေမိစေနိုင်မယ့် နည်းလမ်းမရှိဘူး။ ညီအစ်ကို မောင်နှမတွေအတွက် ဆိုးယုတ်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးမိခဲ့သလို မကောင်းမှုအများကြီး လုပ်ခဲ့မိတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ညီအစ်မနှစ်ယောက်က ကျွန်မကို တိုင်ကြား၊ ဖော်ထုတ်ခဲ့တဲ့အခါ၊ အပြစ်ရှိတာ၊ ဒါမှမဟုတ် နောင်တ ဘာတစ်ခုမှ မခံစားခဲ့ဘဲ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် ခုခံပြောဆိုခဲ့တယ်။ ကျွန်မ အရမ်းခေါင်းမာခဲ့ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်။

အဲဒီနောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။ အကြံပြုချက်မယူနိုင်၊ သမ္မာတရားစည်းမျဉ်းတွေ မရှာနိုင်ရအောင် ဘာလို့များ အရမ်း မာနထောင်လွှားပြီး ဗိုလ်ကျခဲ့ရတာလဲ။ ဒါဘယ်လို စိတ်သဘောထားမျိုးလဲ။ ဒီကိစ္စကို ဘုရားက ဘယ်လိုမြင်ခဲ့တာလဲ။ တစ်နေ့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော် စာပိုဒ်ကို အမှတ်မထင် တွေ့လိုက်ရတယ်။ “လူအချို့သည်သင့်အနေဖြင့်၊ ‘မည်သူ့ကိုမျှ ကျွန်ုပ် နားထောင်မည် မဟုတ်ပါ။ ကျွန်ုပ် နားထောင်လျှင်ပင်၊ နားထောင်သည်ဟု ယူဆရန်အတွက်သာ ဖြစ်လိမ့်မည်- ကျွန်ုပ် ပြောင်းလဲမည် မဟုတ်ပါ။ အမှုအရာများကို ကျွန်ုပ် သဘောအတိုင်း ကျွန်ုပ် လုပ်ဆောင်မည်။ ကျွန်ုပ်သည် မှန်ကန်ပြီး လုံးဝ လျော်ကန်သည်ဟု ခံစားရပါသည်’ဟု ပြောရင်း၊ မိမိတို့ကိုယ်ကိုယ် မှန်ကန်သည်ဟု အမြဲမှတ်ယူကာ မိမိတို့၏သဘောအတိုင်း မရမကလုပ်ဆောင်ကြသည်။ သင်သည် မှန်ကန်ကြောင်း ဧကန်အမှန် ပြကောင်းပြနိုင်မည်ဖြစ်ပြီး သင်လုပ်ဆောင်သည့်အရာတွင် အမှား အကြီးစား ရှိနိုင်မည်မဟုတ်။ မည်သည့်အမှားများကိုမျှ သင် မပြုလုပ်ခဲ့ကောင်း မပြုလုပ်နိုင်သကဲ့သို့၊ ပြဿနာတစ်ခု၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုထောင့်ကို အခြားသူများထက် သာ၍ကောင်းစွာ နားလည်ကောင်း နားလည်နိုင်သည်၊ သို့သော် သင်သည် ဤနည်းဖြင့် ပြုမူကာ လက်တွေ့လုပ်ဆောင်နေသည်ကို အခြားသူများ တွေ့သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့က၊ ‘ဤလူ၏ စိတ်သဘောထားသည် မကောင်းပါ။ ၎င်းအပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ အခြားမည်သူမဆို ပြောဆိုမည့် မှန်သည့်အရာ၊ မှားသည့်အရာကို လက်ခံရန် ငြင်းကာ ဆန့်ကျင်ဘက်ပြောလျက် အလေးမထားပေ။ ထိုသို့သော လူသည် သမ္မာတရားကို လက်မခံပါ’ ဟု ပြောကြလိမ့်မည်။ သင်က သမ္မာတရားကို လက်ခံခြင်းမရှိဟု အခြားသူအားလုံးက ပြောပါက၊ ဘုရားသခင်က အဘယ်အရာကို တွေးထင်မည်နည်း။ သင်၏ ဤအပြုအမူကို ဘုရားသခင် မြင်နိုင်သလော၊ မမြင်နိုင်ဘူးလော။ ထိုအရာအားလုံးကို အလွန်ရှင်းလင်းစွာ ဘုရားသခင် မြင်နိုင်ပေသည်။ ဘုရားသခင်သည် လူသား၏ အတွင်းကျကျ စိတ်နှလုံးကို တွေ့မြင်သည်သာမက၊ အချိန်တိုင်းနှင့် နေရာအနှံ့တွင် သင် ပြောဆိုပြီး လုပ်ဆောင်သည့် အရာရာတိုင်းကိုလည်း စောင့်ကြည့်ပေသည်။ ပြီးလျှင် ဤအရာများကို သူ တွေ့ရှိသည့်အခါတွင်၊ သူ မည်သည့်အရာကို ပြောဆိုမည်နည်း။ သူက၊ ‘သင်သည် ခက်ထန်ပေသည်။ သင်မှန်သည့် ကိစ္စရပ်များတွင် ယုံကြည်သည့်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ပြီး၊ သင်မှားသည်ဟု အပြည့်အဝ ကောင်းစွာ သိသည့်ကိစ္စရပ်များတွင် ပြောင်းလဲရန် ငြင်းဆိုလေသည်။ တစ်ဦးတစ်ယောက်က အကြံပြုသည့် မည်သည့်အရာကိုမဆို၊ သင်သည် အနုနည်းဖြင့် တော်လှန်လေသည်။ အခြားသူများ၏ အကြံပေးချက်များထဲမှ တစ်ခုတစ်လေကိုမျှ သင် လက်ခံဖို့ ငြင်းသည်။ သင့်စိတ်နှလုံးတစ်ခုလုံးသည် ကွဲလွဲဆန့်ကျင်ခြင်း၊ ပိတ်ခြင်းနှင့် ငြင်းဆန်ခြင်း အပြည့်ဖြစ်သည်။ သင်သည် အမှန်တကယ် ဆက်ဆံရခက်သည်’ ဟု ဆိုပေသည်။ အခက်အခဲသည် အဘယ်နေရာ၌ တည်ရှိသနည်း။ သင်နှင့်ပတ်သက်၍ ခက်ခဲသည့်အရာမှာ သင်၏အပြုအမူသည် အမှုကိစ္စများကို မှားယွင်းသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း သို့မဟုတ် မှားယွင်းသော အပြုအမူ မဟုတ်ပေ၊ ထိုထက် ယင်းက စိတ်သဘောထားတစ်မျိုးမျိုးကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ယင်းက အဘယ်စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို စက်ဆုပ်ရွံရှာပြီး သမ္မာတရားကို ရန်လိုမှုဖြင့် ကြည့်ရှုသည်။ သမ္မာတရားကို ရန်လိုမှုဖြင့် ကြည့်ရှုဖို့ သင်ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က မြင်သည့်အတိုင်းဆိုလျှင် သင်သည် ဒုက္ခတွေ့လေပြီ။ လူများအဖို့ ဖြစ်နိုင်သည့်အဆိုးရွားဆုံးအရာမှာ ၎င်းတို့က ‘ဤလူ၏ စိတ်သဘောထားသည် မကောင်းချေ— ၎င်းသည် တစ်ယူသန်ပြီး မထီတရီပြုသည်။ ၎င်းနှင့် သင့်မြတ်ဖို့ ခက်ခဲသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ သမ္မာတရားကို မချစ်သကဲ့သို့၊ ယင်းကို မည်သည့်အခါမျှ လက်ခံလိမ့်မည် မဟုတ်ချေ’ ဟု ပြောကောင်းပြောနိုင်သည်။ ဖြစ်နိုင်သည့်အဆိုးဆုံးအရာမှာ လူတိုင်းက သင့်အား ဤအကဲဖြတ်မှုမျိုး ပေးလိမ့်မည် ဖြစ်သော်လည်း၊ ထိုသို့သော အကဲဖြတ်ခြင်းတစ်ခုသည် သင်၏ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်မည်လော။ လူတို့သည် သင့်ကို အကဲဖြတ်ခြင်းတစ်ခု ပေးခြင်းအားဖြင့် သင်၏ကံကြမ္မာကို ဆုံးဖြတ်၍ရနိုင်မည် မဟုတ်ပေ၊ သို့ရာတွင် သင်မမေ့သင့်သော အရာတစ်ခုရှိပြီး၊ ယင်းမှာ ဘုရားသခင်သည် လူသား၏စိတ်နှလုံးထဲသို့ မြင်ပြီး၊ တစ်ချိန်တည်းမှာပင် လူသားတစ်ဦး ပြောသမျှနှင့် လုပ်သမျှကိုလည်း သူစောင့်ကြည့်ပေသည်။ ဘုရားသခင်က သင်နှင့်ပတ်သက်၍ ဤစိစစ်သတ်မှတ်ချက်ကို ပြုလုပ်ပြီး သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စုံတစ်ခုရှိကာ၊ အတော်အတန် မနာခံကြောင်း ပြောရုံမျှပြောခြင်းထက်၊ သင်သည် သမ္မာတရားကို ရန်လိုမှုဖြင့် ကြည့်ရှုသည်ဟု ပြောလျှင်— ဤသည်မှာ ကြီးမားသော ကိစ္စဖြစ်မည်လော၊ သို့မဟုတ် သေးငယ်သော ကိစ္စဖြစ်မည်လော။ (ကြီးမားသော ကိစ္စဖြစ်ပါမည်။) ထိုအခြေအနေတွင် သင့်အတွက် ပြဿနာရှိလေသည်။ ဤပြဿနာသည် သင့်ကို လူများက မြင်သည့်ပုံစံ၊ သို့မဟုတ် ၎င်းတို့က သင့်ကို အကဲဖြတ်သည့်ပုံစံနှင့် မသက်ဆိုင်ဘဲ၊ သမ္မာတရားကို ရန်လိုမှုဖြင့် ကြည့်ရှုသည့် သင်၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင် မြင်သည့်ပုံစံနှင့် သက်ဆိုင်ပေသည်။ သို့ဆိုလျှင်၊ သင့်ကို ဘုရားသခင်က မည်သို့ မြင်မည်နည်း။ သူက၊ ‘၎င်းတို့က သမ္မာတရားကို ရန်လိုမှုဖြင့် ရှုမြင်သည်။ သမ္မာတရားကို မချစ်ပေ’ ဟု ပြောမည်လော။ ယင်းမှာ ဘုရားသခင်က သင့်အား မြင်မည့်ပုံစံ ဟုတ်သလော။ သမ္မာတရားသည် အဘယ်က လာသနည်း။ သမ္မာတရားသည် အဘယ်သူကို ကိုယ်စားပြုသနည်း။ (ယင်းက ဘုရားသခင်ကို ကိုယ်စားပြုပါသည်။) သို့ဆိုလျှင် သင်သည် ဤအရာကို နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားဖို့ ကြိုးစားခွင့်ရှိသည်၊ တစ်စုံတစ်ဦးက သမ္မာတရားကို ရန်လိုမှုဖြင့် ကြည့်ရှုလျှင်၊ ဤအရာက ဘုရားသခင်အတွက် အဘယ်သို့ ထင်ရမည်နည်း။ (၎င်းတို့သည် ဘုရားသခင်၏ရန်သူဖြစ်ပါသည်။) ဤသည်မှာ အရေးကြီးကိစ္စဖြစ်မည် မဟုတ်လော။ သမ္မာတရားအပေါ် ရန်လိုမှုဖြင့် ကြည့်ရှုသည့်သူတစ်ဦးသည် ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ရန်လိုမှုဖြင့် ကြည့်ရှုမည် ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်ကို ရန်လိုမှုဖြင့် ကြည့်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ဤပုဂ္ဂိုလ်သည် ဘုရားသခင်ကို ကျိန်ဆဲခဲ့သလော။ ၎င်းတို့သည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ပုန်ကန်ခဲ့သလော။ သူ့နောက်ကွယ်၌ ၎င်းတို့ တစ်စုံတစ်ရာ ပြောခဲ့သလော။ မဟုတ်ပေ၊ ၎င်းတို့ မပြောခဲ့ပေ။ သင်တို့ထဲမှ အချို့က၊ ‘အကြင်သူသည် ဤစိတ်သဘောထားမျိုး ထုတ်ဖော်ပြသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုမှုဖြင့် ကြည့်သည်ဟု အဓိပ္ပာယ်ရသလော။ ဤအရာက တစ်ဆိတ်ကိုတစ်အိတ်လုပ်ခြင်း မဟုတ်လော’ဟု ပြောနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ရန်လိုမှုဖြင့် ဧကန်အမှန် ကြည့်ခြင်း ဖြစ်သည်၊ ပြီးလျှင် ထိုသို့သော အခြေအနေများသည် ကြောက်မက်ဖွယ်ဖြစ်သော အကျိုးဆက်များ ဖြစ်ပေါ်စေသည်။ ဆိုလိုသည်မှာ လူတစ်ဦး၌ ဤစိတ်သဘောထားမျိုး ရှိသည့်အခါ၊ ၎င်းသည် ဤစိတ်သဘောထားမျိုးကို အချိန်မရွေး နေရာမရွေး ထုတ်ဖော်ပြနိုင်စွမ်းရှိပြီး၊ ၎င်းသည် ယင်းကို မှီခိုအားထားသည့် အခြေအနေတစ်ခု၌ ဆက်လက် အသက်ရှင်နေထိုင်ပါက၊ ၎င်းသည် ဘုရားသခင်ကို ဆန့်ကျင်လိမ့်မည်လော၊ သို့မဟုတ် မဆန့်ကျင်လိမ့်မည်လော။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်သည့်၊ ၎င်းတို့ပြုလုပ်သည့် ရွေးချယ်မှုများနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ကြုံရသည့်အခါ၊ သမ္မာတရားကို လက်မခံနိုင်ဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် မှီခိုအားထားသည့် အခြေအနေတစ်ခု၌ ဆက်လက် အသက်ရှင်နေထိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အလိုအလျောက် ဆန့်ကျင်ပြီး သစ္စာဖောက်မိလိမ့်မည်။ ယင်းမှာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးသည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ရန်လိုမှုဖြင့် ကြည့်သည့် စိတ်သဘောထားတစ်ခုသာ ဖြစ်သောကြောင့်ပင်တည်း။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်က ပြဿနာရဲ့ အနှစ်သာရနဲ့ သော့ချက်ကို ထောက်ပြခဲ့ပြီး၊ ကျွန်မရဲ့ အယူအဆတွေကို ပြန်ထိုးနှက်ခဲ့တယ်၊ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီအပိုင်းပေါ့။ “သင်၏အပြုအမူသည် အမှုကိစ္စများကို မှားယွင်းသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း သို့မဟုတ် မှားယွင်းသော အပြုအမူ မဟုတ်ပေ၊ ထိုထက် ယင်းက စိတ်သဘောထားတစ်မျိုးမျိုးကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ယင်းက အဘယ်စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို စက်ဆုပ်ရွံရှာပြီး သမ္မာတရားကို ရန်လိုမှုဖြင့် ကြည့်ရှုသည်။” ဒီအခန်းက ကျွန်မစိတ်နှလုံးကို ထိုးဖောက်ပြီး ကျွန်မကို တကယ်ပြင်းပြင်း ထိခဲ့တယ်။ ကျွန်မ ထုတ်ဖော်ပြခဲ့တဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ဘုရားအတွက် စက်ဆုပ်စရာ၊ မုန်းတီးစရာနဲ့ သမ္မာတရားကို လက်မခံနိုင်တာ ဖြစ်မယ်မှန်း မမျှော်လင့်ခဲ့ဘူး။ ဒါက မကောင်းမှုပြုသူနဲ့ အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ။ ကျွန်မကို ဘုရားက သမ္မာတရားကို စက်ဆုပ်၊ မုန်းတီးတဲ့ သူတစ်ယောက်အနေနဲ့ သတ်မှတ်လိုက်ရင်၊ ဒါက ကျွန်မကို ဆိုးယုတ်သူ၊ စာတန်တစ်ယောက်ဖြစ်စေပြီး၊ ကယ်တင်ခံရနိုင်မှာ မဟုတ်ဘူး။ အဲဒီအခိုက်မှာ နောက်ဆုံး ကျွန်မ ကြောက်သလို စဖြစ်လာတယ်။ ကျွန်မမှာ မာနထောင်လွှားပြီး ကိုယ်မှန်တယ်ထင်တဲ့ စိတ်သဘောထားရှိတာ၊ တခြားလူတွေရဲ့ အကြံကို လက်မခံချင်သလို၊ ဒါကြောင့် အပြစ်တွေအများကြီး လုပ်ခဲ့တာ သိပေမဲ့၊ သိမှတ်ရုံသိမှတ်ခဲ့တယ်။ တစ်ခါတလေ တွေးတောင်တွေးမိတယ်၊ မာနထောင်လွှားတာက ဖောက်ပြန်ပျက်စီးတဲ့ လူတွေမှာ ဖြစ်နေကျစရိုက်တစ်ခုဖြစ်ပြီး ပြောင်းလဲဖို့ မလွယ်ဘူးလို့ပေါ့၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်ပြီး၊ ဖြေရှင်းဖို့လိုတဲ့ ဆိုးရွားတဲ့ ပြဿနာတစ်ခုလို သဘောမထားခဲ့ဘူး။ ဒါကြောင့် ကိုယ့်တာဝန်မှာ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို မကြာခဏ ထုတ်ဖော်ပြခဲ့ပေမဲ့၊ အဲဒီအပေါ် ဘာမှမတွေးခဲ့ဘူး။ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ နောင်တရပြီး စိတ်မကောင်းရုံ ဖြစ်ခဲ့သလို၊ နောက်ပိုင်းမှာ အဲဒါကို မကြာခဏ အမှတ်တမဲ့ ထုတ်ဖော်ပြမိနေတုန်းပဲ။ ကျွန်မကို သိတဲ့သူတွေက မာနထောင်လွှားပြီး ကိုယ်မှန်တယ်ထင်တဲ့သူအနေနဲ့ သုံးသပ်ကြသလို၊ အလုပ်မှာ ကျွန်မခေါင်းဆောင်က ကျွန်မကို မာနထောင်လွှားပြီး ကိုယ်မှန်တယ်မထင်ဖို့၊ ပြီးတော့ တခြားလူတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်ဖို့ မကြာခဏ သတိပေးပြီး ညွှန်ကြားခဲ့တယ်။ ကျွန်မရဲ့ မာနထောင်လွှားမှုက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်မှာ သူ ကြောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့ အရာကတစ်ဆင့်၊ ကျွန်မက မာနထောင်လွှားပြီး သမ္မာတရားကို လက်မခံခဲ့မှန်း နောက်ဆုံးမှာ တွေ့ခဲ့ရတယ်၊ ဒါကြောင့် တခြားလူတွေရဲ့ အကြံက ဘယ်လောက် မှန်ကန်ပါစေ၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဘယ်လိုပဲ အကျိုးပြုပါစေ၊ ကိုယ့်စိတ်ကူးတွေကိုပဲ ခေါင်းမာမာ ဖက်တွယ်ခဲ့ပြီး၊ သမ္မာတရား စည်းမျဉ်းတွေအပေါ် တစ်ယောက်ယောက် မိတ်သဟာယပြုရင်၊ ကိုယ့်အယူအဆတွေနဲ့ ဆန့်ကျင်တာတွေ အကြံပြုရင်၊ သူတို့ကို သဘောမကျသလို အာခံခဲ့တယ်။ ကျွန်မကို ဖော်ထုတ်တဲ့ ဘယ်သူကိုမဆို သည်းခံဖို့ ကျွန်မ မနှစ်သက်သလို ငြင်းခဲ့တယ်။ ဒါက ကျွန်မမှာ သမ္မာတရားကို မုန်းပြီး စက်ဆုပ်တဲ့ အန္တိခရစ်ရဲ့ စိတ်သဘောထား ရှိခဲ့တာကို ပြတယ်။ ကျွန်မက မကောင်းပြုသူကို အသင်းတော်ကို ထိခိုက်ခွင့်ပေးမှာစိုးလို့ ညီအစ်မနှစ်ယောက်က ကျွန်မ ရွေးခဲ့တဲ့ လူအကြောင်း သတိပေးခဲ့ပေမဲ့ သူတို့ အကြံကို ကျွန်မ လုံးဝ နားမထောင်ခဲ့သလို၊ ကိုယ့်အမြင်တွေကို ခေါင်းမာမာနဲ့ မလျှော့တမ်းပြောခဲ့တာကို သတိရမိတယ်။ အခု အဲဒီညီအစ်မနှစ်ယောက်က ကျွန်မရာထူးကြောင့် စိတ်မကျဉ်းကျပ်တော့ဘဲ၊ ကျွန်မရဲ့ ပြဿနာတွေကို ဖော်ထုတ်ဖို့ တိုင်ကြားစာ ရေးခဲ့ကြသလို၊ အဲဒါကို သူတို့က အသင်းတော်ရဲ့ အလုပ် ကာကွယ်ဖို့ လုပ်ခဲ့ကြတာဖြစ်ပေမဲ့ ကျွန်မအတွက် သတိပေးချက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့၊ သိဖို့ မကြိုးစားခဲ့သလို၊ ကျွန်မစိတ်နှလုံးမှာ သူတို့ကို စက်ဆုပ်ခဲ့၊ ကြဉ်ခဲ့ပြီး ကျွန်မရဲ့ အပြစ်တွေကို ထောက်ပြတဲ့အတွက် သူတို့ကိုတောင် ဝေဖန်ပြီး ရှုတ်ချခဲ့တယ်။ ကျွန်မရဲ့ သဘောထားက သမ္မာတရားကို စက်ဆုပ်၊ မုန်းတီးတာကလွဲလို့ ဘာမှမဟုတ်ဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “မည်သည့်လူစားမျိုးသည် သမ္မာတရားကို စက်ဆုပ်သည့်သူများဖြစ်သည်ဟု သင်တို့ ထင်မြင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အာခံကာ ဆန့်ကျင်သူများ ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ခုခံချင်မှ ခုခံပေမည်၊ သို့ရာတွင် ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ပုန်ကန်ဖို့ ဖြစ်သည်၊ ယင်းသည် ဘုရားသခင်ကို ‘သင်ပြောသည့်အရာ ကျွန်ုပ် မကြားလိုပါ၊ ယင်းကို ကျွန်ုပ် လက်မခံပါ၊ ပြီးလျှင် သင်၏စကားများသည် သမ္မာတရားဖြစ်သည်ဟု ကျွန်ုပ် လက်မခံသောကြောင့်၊ ကျွန်ုပ်သည် ဘုရားသခင်ကို မယုံကြည်ပါ။ ကျွန်ုပ်ကို အမြတ်အစွန်းရှိစေပြီး အကျိုးရှိစေသော သူမည်သူကိုမဆို ကျွန်ုပ် ယုံကြည်သည်’ ဟု ပွင့်ပွင့်လင်းလင်း ပြောသည့် သဘောသက်ရောက်ပေသည်။ ဤသည်မှာ မယုံကြည်သူများ၏ သဘောထားဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားအပေါ် သင်၏သဘောထား ဖြစ်လျှင်၊ သင်သည် ဘုရားသခင်ကို အတိအလင်း ရန်လိုနေခြင်း မဟုတ်လော။ ပြီးလျှင် သင်သည် ဘုရားသခင်ကို အတိအလင်း ရန်လိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) ယင်းသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ခုခံသည့်သူများအားလုံးအပေါ် ဘုရားသခင် ဒေါသထွက်ရသည့် အကြောင်းအရင်း ဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်သည့် ဤကဲ့သို့လူများ၏ အနှစ်သာရသည် ဘုရားသခင်ကို ရန်လိုသည့် အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် ထိုကဲ့သို့သော အနှစ်သာရရှိသည့် လူတို့ကို လူများအဖြစ် မဆက်ဆံပေ။ သူသည် ၎င်းတို့အား အဘယ်အရာများအဖြစ် ဆက်ဆံသနည်း။ ရန်သူများနှင့် နတ်ဆိုးများအဖြစ် ဆက်ဆံပေသည်။ သူသည် ၎င်းတို့အား မည်သည့်အခါမျှ ကယ်တင်မည် မဟုတ်ချေ။ အဆုံး၌ ၎င်းတို့သည် ဘေးဒုက္ခထဲသို့ ထိုးကျပြီး ဖျက်ဆီးခံရကြလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်”) သမ္မာတရားအပေါ် ကျွန်မတို့ သဘောထားက သူ့အပေါ် ကျွန်မတို့ရဲ့ သဘောထားပဲ။ ဒါကြောင့် သမ္မာတရားကို မုန်းတီး၊ စက်ဆုပ်ခြင်းအားဖြင့် ဘုရားကို မုန်းတီး၊ ရန်လိုတာ ကျွန်မ ပြနေခဲ့တာပဲ။ သမ္မာတရား မုန်းတဲ့သူတွေဟာ မကောင်းမှုပြုသူတွေ၊ နတ်ဆိုးနဲ့ စာတန်တွေ၊ စစ်မှန်တဲ့ စာတန် ကိုယ်စားပြုသူတွေပဲ။ ကျွန်မညီအစ်မတွေရဲ့ အကြံက သန့်ရှင်းသော ဝိညာဉ်တော်ဆီက လာပေမဲ့၊ သမ္မာတရားနဲ့ ကိုက်ညီပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို အကျိုးပြုပေမဲ့၊ ကျွန်မက မာနထောင်လွှားခဲ့ရင်၊ အဲဒါကို လက်မခံ၊ သမ္မာတရားကို မရှာဖွေခဲ့ရင်၊ ကျွန်မက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကို ဆန့်ကျင်နေတာဖြစ်ပြီး၊ ဘုရားကို တိုက်ရိုက် ခုခံပြီး သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေတာပဲ။ ဒါကို ကျွန်မ နားလည်လိုက်တာနဲ့၊ ပိုလို့တောင် လန့်သွားတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မ ပြဿနာက ဆိုးရွားမှန်း သိလို့ပဲ။ အဲဒါ ကျွန်မ တွေးခဲ့သလို၊ မာနထောင်လွှားပြီး တခြားလူတွေရဲ့ အကြံကို လက်မခံတာလောက် မရိုးရှင်းဘူး။ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ ဘုရားသခင်အပေါ် ကျွန်မရဲ့ သဘောထားအပြင်၊ ဘုရားကို ကျွန်မရဲ့ အာခံမှုလည်း ပါဝင်တယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်ကလည်း ဒီကိစ္စနဲ့စပ်လျဉ်းပြီး ကျွန်မကို စိစစ်ခဲ့သလို၊ “မကောင်းမှုပြုသူကို ရွေးချယ်တဲ့အခါ၊ ဒီလူမှာ ဆိုးရွားတဲ့ ပြဿနာတွေ ရှိတယ်ဆိုတာကို တခြားလူတွေက နင့်ကို အသိပေးပေမဲ့၊ နင်က လက်မခံခဲ့သလို၊ ကိုယ့်အမြင်တွေကိုပဲ ယုံကြည်အားကိုးခဲ့တယ်။ နင့်အမြင်တွေမှာ ဘုရားနှုတ်ကပတ်တော် အခြေပြုချက်ရှိရင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးလို့ရပါတယ်။ ဒါပေမဲ့ မရှိရင်တော့၊ အဲဒါတွေက နင့်ရဲ့ ကိုယ်ပိုင် အဓိပ္ပာယ်မရှိတဲ့ အယူအဆတွေဆိုရင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာက နင့်ရဲ့ လူ့သဘာဝနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုပဲ။ နင်က စည်းမျဉ်းတွေအတိုင်း ပြုမူမနေခဲ့တာ၊ တည်ကြည်တဲ့ လူ့ဘာဝ မရှိတာပဲ။ နင်က ဆင်ခြင်တုံတရားမရှိသလို မလျော်မကန် ဖြစ်နေတာ”တဲ့။ ခေါင်းဆောင်ရဲ့ စိစစ်ချက်ကို ကြားပြီးတဲ့နောက်၊ အဲဒါက ကျွန်မ စိတ်နှလုံးကို ထိုးဖောက်သွားခဲ့တယ်။ ကျွန်မမှာ မာနထောင်လွှားတဲ့ စိတ်နှလုံး ရှိရုံမက၊ ကျွန်မရဲ့ လူ့သဘာဝမှာလည်း ပြဿနာရှိသလို၊ လူတွေကို မျှမျှတတ မဆက်ဆံခဲ့မှန်းလည်း သဘောပေါက်သွားတယ်။ တစ်ယောက်ယောက်ကို ကျွန်မ ရွေးချယ်ပြီး သူတို့ကို သုံးဖို့ စီစဉ်လိုက်တာနဲ့၊ သူတို့အပေါ် တခြားလူတွေရဲ့ ဝေဖန်ချက်ကို ကျွန်မ လက်မခံခဲ့ဘူး။ အကြံပေးတဲ့လူတွေက ကျွန်မ အထင်သေးတဲ့သူတွေနဲ့ အထုတ်ခံခဲ့ရတဲ့သူတွေ ဖြစ်လို့၊ သူတို့အကြံကို လျစ်လျူရှုထားပြီး အရေးမစိုက်ခဲ့ဘူး။ သူတို့တာဝန်တွေကို ကောင်းကောင်း မလုပ်တဲ့အတွက် အထုတ်ခံခဲ့ရသူတွေက အကြံကောင်း ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ တွက်မိခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ၊ အဲဒီ ညီအစ်မနှစ်ယောက်ကို ကျွန်မ လုံးဝ ငြင်းခဲ့တယ်။ လူတတ်ကြီးလို ပြုမူနေမိခဲ့တာ။ ကိုယ့်ခံစားချက်၊ စိတ်ကူးတွေကို အခြေခံပြီး လူတွေကို ကျွန်မ ဆက်ဆံပြီး ရွေးချယ်ခဲ့တယ်။ သမ္မာတရားရဲ့ စည်းမျဉ်းတွေအတိုင်း မျှမျှတတ မဆက်ဆံနိုင်ခဲ့ဘူး။ အဲဒါက ကျွန်မရဲ့ လူ့သဘာဝ၊ စရိုက်လက္ခဏာနဲ့ စိတ်သဘောထား အားလုံးမှာ ပြဿနာတွေ ရှိမှန်း ပြတယ်။ ကျွန်မ ခေါင်းဆောင်ဆက်လုပ်နေရင်၊ အယောင်ဆောင် ခေါင်းဆောင်၊ အန္တိခရစ်တစ်ယောက် ဖြစ်နေမှာ။ ပြီးတော့ အဲဒါက ဘုရားရွေးချယ်ထားသူတွေကို ထိခိုက်နစ်နာစေရုံပဲ ဖြစ်မှာ။ ကျွန်မ သုံးသပ်လေ၊ ကျွန်မရဲ့ ပြဿနာက ဆိုးရွားတယ်လို့ ပိုခံစားရလေပဲ။ ကျွန်မရဲ့ မာနထောင်လွှားမှုကြောင့်၊ အသင်းတော်အလုပ်နဲ့ အကြီးစား ပြဿနာတွေနဲ့ ပတ်သက်ပြီး ညီအစ်ကို မောင်နှမတွေရဲ့ အကြံကို နားမထောင်ခဲ့ဘူး၊ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို အရမ်းထိခိုက်စေခဲ့တယ်။ ကျွန်မရဲ့ ဘုရားကို ယုံကြည်မှု လမ်းကြောင်းမှာ၊ ဒါက အစွန်းအထင်းနဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်မ တကယ်ကို ဝမ်းနည်းပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်။

ကျွန်မ ဘာလို့အမြဲ အရမ်း မာနထောင်လွှားခဲ့တာလဲလို့ စတွေးမိလာတယ်။ ဘာလို့ မကောင်းမှုကို အမှတ်တမဲ့ လုပ်ပြီး ဘုရားကို ကျွန်မ အာခံခဲ့တာလဲ။ အကြောင်းရင်းဇာစ်မြစ်က ဘာများလဲ။ ဘုရားနှုတ်ကပတ်တော်က အဖြေပေးခဲ့တယ်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်သည် အခြားလူများထက်ရော၊ ဘုရားသခင်ထက်ပါ သာလွန်သည်ဟု သင့်ကိုယ်သင် တွေးစေပေမည်၊ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) မှန်တယ်။ ကျွန်မက အရမ်း မာနထောင်လွှားပြီး အရမ်းကို လွန်လွန်ကဲကဲ မလျော်ကန်ခဲ့တာပဲ။ ကိုယ့်အမြင်တွေနဲ့ ထင်မြင်ချက်တွေက သမ္မာတရားဖြစ်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် အမြဲ သိပ်ကို ယုံကြည်စိတ်ချခဲ့ပြီး၊ တခြားလူတွေကို မတူတဲ့ အကြံတွေပေးဖို့ အသာထား၊ ကျွန်မကို မေးခွန်းထုတ်ခွင့် မပေးခဲ့ဘူး။ ဥပမာအနေနဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်တဲ့ ကိစ္စမှာ၊ ဆိုးယုတ်၊ လှည့်ဖြားတတ်တဲ့ လူတွေကို ခေါင်းဆောငရွေးလို့မရဘူးလို့ ဘုရားအိမ်တော်က ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ။ ဒါကို တားမြစ်ထားပြီး အရမ်းလေးနက်တဲ့ ပြဿနာတစ်ခုပဲ။ ကျွန်မကို ကျန်းရဲ့ ညံ့ဖျင်းတဲ့ လူ့သဘာဝကို ညီအစ်မနှစ်ယောက်က သတိပေးခဲ့ချိန်မှာ၊ အဲဒါကို လူအနည်းငယ်ကိုပဲ စစ်ဆေးခိုင်းခဲ့မိပြီး၊ ကျွန်မရဲ့ ဘက်လိုက်တဲ့ ထင်မြင်ချက်တွေကြောင့် သူတို့အကြံကို မမြင်မကန်း ငြင်းခဲ့တယ်။ သမ္မာတရားကို နားလည်တဲ့သူတွေနဲ့ ကျွန်မ မရှာဖွေခဲ့သလို၊ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိသူနဲ့ မကောင်းမှုပြုသူရဲ့အနှစ်သာရတို့အကြား ခြားနားချက်ကို မလေ့လာခဲ့ဘူး၊ ကျန်းက သူများနဲ့ မပူးပေါင်းနိုင်ရတဲ့ အကြောင်းရင်း အတိအကျရယ်၊ အဲဒါက စိတ်သဘောထားဆိုင်ရာ ပြဿနာ၊ ရက်စက်တဲ့ လူသဘာဝနဲ့ဆိုင်တဲ့ ကိစ္စလားဆိုတာရယ်ကို သိဖို့ မကြိုးစားခဲ့ဘူး။ အဲဒါက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ကိစ္စပဲဖြစ်ပြီး သမ္မာတရားကို သူလက်ခံနိုင်ရင်၊ သူ ပြောင်းလဲမှာဖြစ်ပြီး၊ ဆိုးယုတ်သူလို သတ်မှတ်လို့မရဘူးလေ။ သူက ရက်စက်ပြီး သမ္မာတရားကို မုန်းတဲ့ သူတစ်ယောက်ဆိုရင်၊ မကောင်းမှုပြုသူတစ်ယောက်ပဲ။ သူလုပ်ခဲ့တဲ့ မကောင်းတဲ့ အရာတွေအတွက် ဘယ်လောက်ပဲ ကိုင်တွယ်ဖြေရှင်းခံရပါစေ၊ သူ လက်ခံမှာ မဟုတ်သလို၊ စိတ်ရင်းအတိုင်း တစ်ခါမှ နောင်တရမှာ မဟုတ်ဘူး။ အဲဒီအချိန်တုန်းက သမ္မာတရားကို ကျွန်မ ရှာခဲ့ပြီး၊ ကျန်းရဲ့ လုပ်နေကျ အပြုအမူကို မကောင်းမှုပြုသူတွေရဲ့ အနှစ်သာရနဲ့ သုံးသပ်ကြည့်ခဲ့မယ်ဆိုရင်၊ သူ့အပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ရှိခဲ့မှာ၊ သူ့ကို သုံးဖို့ မရမက လုပ်ခဲ့မိမှာ မဟုတ်သလို၊ အသင်းတော် အလုပ်ကို အဲဒီလို ထိခိုက်စေတာကို ရှောင်ရှားနိုင်ခဲ့မှာပဲ။ ရရှိတဲ့ အကျိုးဆက်တွေက ကျွန်မအရမ်း မာနထောင်လွှားခဲ့ပြီး သမ္မာတရားရဲ့ စည်းမျဉ်းတွေကို မရှာဖွေခဲ့တာ သက်သက်ကြောင့်ပဲ။ ဘုရားကို ကြောက်ရွံ့စိတ်နဲ့ နာခံစိတ် နည်းနည်းလေးတောင် ကျွန်မ ရှိခဲ့မယ်ဆိုရင်၊ အဲဒီလို ကြီးမားတဲ့ အမှား၊ အဲဒီလို ဆိုးယုတ်မှုကို လုပ်ခဲ့မိမှာ မဟုတ်ဘူး။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေက ဆင်းရဲဒုက္ခခံစရာ၊ သူတို့ အသက်တာ ထိခိုက်တာကို မြင်စရာလိုမှာ မဟုတ်ဘူး၊ ပြီးတော့ အဲဒီလို ပြင်မရတဲ့ ပြစ်မှားမှုတစ်ခုကို ကျွန်မ လုပ်ခဲ့မိမှာ မဟုတ်ဘူး။ ကျွန်မ အရမ်း ခက်ထန်ပြီး ခေါင်းမာခဲ့တယ်လို့ ခံစားရတယ်။ ကျွန်မ စိတ်နှလုံးကနေ၊ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ပြီး ကျိန်ဆဲမိတယ်။ အမှန်တကယ် ကျွန်မ နောင်တရချင်တယ်လို့ ပြောဖို့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် သမ္မာတရား၏အခြေခံသဘောတရားများကို ချိုးဖောက်ပြီး ဘုရားသခင်ကို သဘောမကျဖြစ်စေသည့် အရာတစ်ခုခုကို ပြုလုပ်မိပြီးသည့်အချိန်တွင်၊ သင့်ကိုယ်သင် မည်သို့ဆင်ခြင်သုံးသပ်ကာ သိဖို့ကြိုးစားသင့်သနည်း။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင် ဆုတောင်းခဲ့ပါသလော။ ‘ဤကိစ္စရပ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ပါက၊ ယင်းကို သူ မည်သို့ ရှုမြင်မည်နည်း။ ယင်းနှင့်ပတ်သက်၍ သူ သိခဲ့ပါက၊ သူ ပျော်ရွှင်မည်လော သို့မဟုတ် ဒေါသထွက်မည်လော။ ယင်းကို သူ စက်ဆုပ်ရွံရှာမည်လော။’ ဟု သင် တွေးဆဖူးပါသလော။ ယင်းကို သင် အဖြေမရှာခဲ့ပေ၊ ဟုတ်ပါသလော။ အခြားသူများက သင့်ကို အသိပေးခဲ့လျှင်ပင်၊ ကိစ္စရပ်သည် အရေးမကြီး၊ ပြီးလျှင် ယင်းသည် မည်သည့် အခြေခံသဘောတရားများနှင့်မျှ မဆန့်ကျင်သကဲ့သို့ အပြစ်မဟုတ်ဟု သင် တွေးထင်ဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ကြီးမားသည့် အမျက်ဒေါသထွက်စေဖို့ သူ့ကို ဆွပေးခဲ့သည်မှာ သင့်ကို သူ စက်ဆုပ်ရွံရှာသည့်အဆင့်အထိပင် ဖြစ်ပေသည်။ သင်သည် ဆောင်ရွက်ခြင်း မရှိမီ ရှာဖွေကာ ဆန်းစစ်ခဲ့ပြီးဖြစ်ကာ ကိစ္စရပ်ကို ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင် ရှင်းလင်းစွာ နားလည်ပြီးဖြစ်မည် မဟုတ်လော။ လူတို့၏အခြေအနေသည် မကောင်းခြင်း၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိသည့်အချိန်များ ရှိနိုင်သော်ငြားလည်း၊ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ခြင်းငှာ စီစဉ်နေကြသည့် အရာရာတိုင်းကို ဆုတောင်းခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်သို့ တည်ကြည်စွာ ယူဆောင်ပြီးသည့်နောက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအရ သမ္မာတရားကို ရှာဖွေပါက၊ မည်သည့် ကြီးမားသော အမှားများကိုမျှ ၎င်းတို့ ပြုလုပ်မိလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင်၊ အမှားများ ပြုလုပ်မိခြင်းကို ရှောင်ရှားဖို့ လူတို့အတွက် ခက်ခဲ၏၊ သို့သော် အမှုအရာများကို သင် လုပ်ဆောင်ချိန်တွင် ယင်းတို့ကို သမ္မာတရားနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိရှိသော်လည်း၊ သမ္မာတရားနှင့်အညီ ယင်းတို့ကို ဆောင်ရွက်ခြင်းမရှိပါက၊ ပြဿနာမှာ သင်သည် သမ္မာတရားကို မချစ်ခြင်း ဖြစ်ပေသည်။ သမ္မာတရားကို ချစ်ခြင်းမရှိဘဲ၊ လူတစ်ဦး၏ စိတ်သဘောထားသည် ပြောင်းလဲလိမ့်မည်မဟုတ်။ သင်သည် ဘုရားသခင်၏ အလိုကို တိကျမှန်ကန်စွာ သဘောမပေါက်နိုင်သကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိပါက၊ အခြားသူများနှင့် သင် မိတ်သဟာယပြုပြီး သမ္မာတရားကို ရှာဖွေသင့်ပေသည်။ ပြီးလျှင် အခြားသူများလည်း ရုန်းကန်နေရပါက၊ သင်တို့သည် ဘုရားသခင်၏ အချိန်ကို စောင့်မျှော်ရင်း၊ ထွက်ပေါက်ဖွင့်ပေးဖို့ သူ့ကို စောင့်ဆိုင်းရင်း၊ အတူတကွ ဆုတောင်းပြီး ဘုရားသခင်ထံ ရှာဖွေသင့်သည်။ သင်သည် သင့်အား ထွက်ပေါက်ကောင်းပေးနိုင်သည့် ဖြေရှင်းချက်တစ်ခုကို တွက်မိကောင်း တွက်မိနိုင်ပြီး ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ ပေါက်ဖွားလာခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နောက်ဆုံးတွင် သင်သည် ယင်းကို ဤနည်းဖြင့် ဆောင်ရွက်ရာတွင် အမှားအနည်းငယ် ပြုလုပ်မိပြီဟု သိရပါက၊ ယင်းကို အလျင်အမြန် အမှန်ပြင်သင့်ပြီး၊ ထို့နောက် ဘုရားသခင်သည် ဤအမှားကို အပြစ်တစ်ခုအဖြစ် မှတ်ယူမည် မဟုတ်ပေ။ သင်သည် ဤကိစ္စရပ်ကို လက်တွေ့လုပ်ဆောင်နေချိန်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခဲ့ပြီး၊ ယင်းကို သမ္မာတရားနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နေခဲ့ကာ အခြေခံသဘောတရားများကို တကယ်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ဘဲ၊ သင်၏ လုပ်ဆောင်ချက်များက အမှားအချို့ကို အကျိုးဆက်ဖြစ်ပေါ်စေခဲ့ပါက၊ ဤသည်မှာ အပြစ်ဒဏ်လျော့ပေါ့ သက်သာစေသော အခြေအနေတစ်ခု ဖြစ်ခဲ့ပေသည်။ သို့သော်၊ ယနေ့ခေတ်တွင် လူများစွာတို့သည် အလုပ်လုပ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ကို အားကိုးရုံမျှအားကိုးကြပြီး ဟိုဒင်း ဒီဒင်းကို လုပ်ဆောင်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်ဉာဏ်များအပေါ် မှီခိုကြကာ ဤမေးခွန်းများကို သုံးသပ်ဆင်ခြင်ခြင်း တစ်ခုတစ်လေ ပေးခဲလှပေသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီပါသလော။ ယင်းကို ဤနည်းဖြင့် ငါ လုပ်ဆောင်ပါက ဘုရားသခင် ပျော်ရွှင်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ ငါ့ကို ဘုရားသခင် ယုံကြည်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်နေမည်လော။ ဤကိစ္စရပ်ကို ဘုရားသခင် ကြားသိပါက၊ သူက ‘ဤအရာကို သင် မှန်ကန်စွာနှင့် အလိုက်အထိုက်အားဖြင့် လုပ်ဆောင်လေပြီ။ ထိန်းထားလော့။’ ဟု ပြောနိုင်မည်လော။ သင် လုပ်ဆောင်သမျှကို သေချာစွာ သင် ဆန်းစစ်နိုင်သလော။ သင်သည် ထိုသို့လုပ်ဆောင်ခြင်းကို ဘုရားသခင် ချစ်မြတ်နိုးခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင် ရွံရှာစက်ဆုပ်ခြင်း ရှိမရှိ၊ ပြီးလျှင် ဤအရာကို သင် လုပ်ဆောင်သည့်အခါ၊ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ယင်းကို အဘယ်အရာ တွေးမည်၊ မည်သို့အကဲဖြတ်မည်တို့ကို တွေးဆလျက် သင်လုပ်ဆောင်သည့် အရာအားလုံးအပေါ် ဆင်ခြင်သုံးသပ်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏သတ်မှတ်ချက်များကို အခြေခံအဖြစ် အသုံးပြုနိုင်ခြေရှိသလော။ ဤအရာကို နားလည်ဖို့ရန် သင် မပြတ်ကြိုးစားရမည်။ ဤကိစ္စသည် သင်၏ကိုယ်ပိုင် ကြံရွယ်ချက်များ ပါဝင်ပတ်သက်သည်ကို သင်ကောင်းစွာ သိလျှင်၊ ယင်းကို လုပ်ဆောင်ခြင်း၌ သင်၏ရည်မှန်းချက်က အဘယ်အရာဖြစ်သည်၊ အကျိုးဆက်များသည် အဘယ်အရာဖြစ်လိမ့်မည်၊ ယင်းသည် သင့်ကို ဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ စိတ်ကျေနပ်စေခြင်း ရှိမရှိ။ ဤအရာကို လုပ်ဆောင်ခြင်းသည် သင့်အတွက်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသူများအတွက် အကျိုးရှိမရှိ ဆိုသည့်တို့အပေါ် သင် ဆင်ခြင်သုံးသပ်ရမည်။...ထိုသို့သော အရာများကို ချင့်ချိန်စဉ်းစားခြင်း၊ သင့်ကိုယ်သင် ဤမေးခွန်းများ မေးခြင်းနှင့် ရှာဖွေခြင်းတို့၌ အချိန်ပိုကုန်ဆုံးသည့်အခါ၊ သင်၏ အမှားများသည် သေးငယ်သထက် သေးငယ်လာလိမ့်မည် ဖြစ်သည်။ ဤပုံစံဖြင့် ဤအရာကို လုပ်ဆောင်ခြင်းက သင်သည် အမှုအရာများကို ဘုရားသခင် တောင်းဆိုသည့် ဦးတည်ချက်နှင့်အညီ၊ ပြီးလျှင် သမ္မာတရား၏ အခြေခံသဘောတရားနှင့်အညီ လုပ်ဆောင်နေသောကြောင့် သင်သည် သမ္မာတရားကို ရိုးသားစစ်မှန်စွာ ရှာဖွေသော လူတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော သူတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေပေးခဲ့တယ်။ အနာဂတ်မှာ၊ ကျွန်မ ဘာပဲလုပ်လုပ်၊ ဘုရားကို ကြောက်တဲ့ စိတ်နှလုံး ရှိရမှာဖြစ်ပြီး၊ ကိစ္စတွေကို လုပ်ဖို့ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ရှာဖွေရမယ်။ အထူးသဖြင့် ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ အကျိုးစီးပွားတွေ ပါဝင်တဲ့ ကိစ္စတွေမှာ၊ ကိုယ့်အမြင်တွေပေါ် အခြေခံပြီး မမြင်မကန်း ပြုမူလို့ မရဘူး။ မဟုတ်ရင်၊ ဘုရားအိမ်တော်ကို ကျွန်မ ဆိုးဆိုးရွားရွား ထိခိုက်စေတာ၊ အဲဒါရဲ့ အလုပ်ကို နှောင့်ယှက်မိတာနဲ့တစ်ပြိုင်နက်၊ မကောင်းမှု လုပ်မိပြီး ဘုရားကို ဆန့်ကျင် အပြစ်ပြုမိမှာပဲ။ ဒါ့အပြင်၊ ကိုယ့်တာဝန်တွေကို ဆောင်ရွက်ဖို့ တစ်ကိုယ်တည်း ဆုံးဖြတ်လို့မရသလို၊ ကိုယ့်သဘောအတိုင်း ကိစ္စတွေကို လုပ်လို့မရ၊ ဗိုလ်ကျနေလို့ မရဘူး။ ကိုယ့်အလုပ်ဖော်တွေနဲ့ ကိစ္စတွေကို ဆွေးနွေးရမယ်၊ သမ္မာတရားကို နားလည်တဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ပိုရှာဖွေပြီး၊ ကိုယ့်ထင်မြင်ချက်တွေနဲ့ မတူတာတွေကို နားထောင်ပေးရမယ်။ လူတစ်ယောက်မှာ အဆင့်အတန်း၊ အထူး ဆုကျေးဇူး၊ ပါရမီတွေ ရှိရှိ မရှိရှိ နှိမ့်နှိမ့်ချချ နားထောင်သင့်တယ်။ ကျွန်မ နားမလည်တဲ့ ကိစ္စတွေမှာ၊ ကိုယ့်ခေါင်းဆောင်တွေနဲ့ ချက်ချင်း ရှာဖွေသင့်တယ်၊ ပါဝင်တဲ့ စည်းမျဉ်းတွေကို လေ့လာပြီး၊ အရေးယူမဆောင်ရွက်ခင် သမ္မာတရားနဲ့အညီ၊ ဘုရားကို ပုန်ကန်ပြစ်မှားတာ မရှိဘဲ ပြုမူဖို့ သင်ယူသင့်တယ်။ ဒါက ကျွန်မရဲ့ မာနထောင်လွှားမှု ပြဿနာကို ဖြေရှင်းဖို့နဲ့၊ မကောင်းမှုလုပ်ပြီး ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာ မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်း ဖြစ်တယ်။ ပိုအရေးကြီးတာက၊ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ဖို့ သင်ယူရမယ်။ တစ်ခုခုကို မှန်တယ်လို့ စဉ်းစားလေ၊ အဲဒါက သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုက်ညီခြင်း ရှိမရှိ ကျွန်မ ပိုရှာဖွေရမယ်။ အရင်တုန်းက၊ ကိုယ့်ကိုယ်ကိုယ် ကျွန်မ မသိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ မရှိခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် အရမ်းသေချာလွန်းခဲ့တယ်။ ဒီနာကျင်စရာ သင်ခန်းစာရပြီးတဲ့နောက်မှပဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သေချာတဲ့အချိန်မှာ၊ ကျွန်မ မှားသွားနိုင်တယ်လို့ မထင်တဲ့အချိန်နဲ့ ကျွန်မ မှန်တယ်လို့ တွေးထင်ဖို့အတွက် ခိုင်မာတဲ့ အခြေပြုချက် ရှိတဲ့အချိန်မှာတောင်၊ ကျွန်မက မှားရုံသာမက၊ ဆိုးဆိုးရွားရွား၊ မတော်မတရားနဲ့ မုန်းချင်စရာကောင်းအောင် မှားပြီး၊ အကျိုးဆက်တွေက ဆိုးဝါးမှန်းကို ကျွန်မ တွေ့ခဲ့ရတယ်။ အရင်တုန်းက၊ ကျွန်မရဲ့ မာနထောင်လွှားမှုကြောင့် ပြစ်မှားမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်။ အဲဒီတုန်းက ကိုယ်မှန်တယ်လို့ တကယ်ထင်ခဲ့ပြီး၊ တစ်ခါတလေ ဘုရားနှုတ်ကပတ်တော်ကိုတောင် အခြေပြုချက်အနေနဲ့ သုံးခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်၊ ဒါမှမဟုတ် စည်းမျဉ်းတွေကို ကျွန်မ နားမလည်သလို၊ ဘုရားနှုတ်ကပတ်တော်ကို လက်လွတ်စပယ် အသုံးပြုမိခဲ့လို့ ကျွန်မ မှားမှန်းကို အမှန်တရားတွေက ထုတ်ဖော်ပြခဲ့တယ်။ ဒါကို ကျွန်မ သဘောပေါက်လိုက်တာနဲ့၊ သမ္မာတရား စစ်မှန်မှုတွေ ကင်းမဲ့မှန်း၊ လူတွေ၊ ကိစ္စရပ်တွေကို ရှင်းရှင်း မမြင်နိုင်ခဲ့သလို၊ ကျွန်မရဲ့ အမြင်တချို့က အဓိပ္ပာယ်မရှိဘဲ ရယ်ဖွယ်ရာဖြစ်မှန်း စိတ်နှလုံးကနေ ကျွန်မ ဝန်ခံခဲ့တယ်။ အဲဒါအပြင်၊ ကျွန်မမှာ နိမ့်ကျတဲ့ အစွမ်းအစရှိပြီး ကိစ္စတွေကို သေချာမတွေး၊ သမ္မာတရားကို နားမလည်ခဲ့ဘူး။ အယူဝါဒတချို့ကိုပဲ သိပြီး စည်းမျဉ်းတချို့ကိုပဲ လိုက်လျှောက်ခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ၊ ကျွန်မ လုံးဝ ကျိုးနွံနာခံသွားခဲ့တယ်။ ကျွန်မ လုံးဝ တန်ဖိုးမဲ့တယ်၊ ညံ့ဖျင်းပြီး သနားစရာဖြစ်တယ်လို့ ခံစားရပြီး၊ ကိုယ့်ကိုယ်ပိုင် အမြင်တွေနဲ့ပတ်သက်လို့ မလျှော့တမ်း မပြောချင်တော့ဘူး။

နောက်ပိုင်းမှာ၊ ကျွန်မနဲ့မတူတဲ့ အကြံတွေကို တခြားလူတွေ ပေးတဲ့အခါ၊ ကိုယ့်နည်းလမ်းနဲ့ပတ်သက်လို့ ကျွန်မ မလျှော့တမ်း ပြောချင်တဲ့အခါတိုင်း၊ ဒီနာကျင်စရာ သင်ခန်းစာကို ပြန်တွေးတယ်။ သေချာပေါက် မှန်တယ်လို့ ကျွန်မယုံကြည်ခဲ့တဲ့ အမြင်တွေ ဘယ်လောက်က သမ္မာတရားရဲ့ ဘယ်စံနှုန်းနဲ့တိုင်းတိုင်း မှားခဲ့ပြီး၊ ဘုရားရဲ့ ရှုတ်ချတာခံခဲ့ရလဲဆိုတာကို သတိရတယ်။ ကိုယ့်အမြင်တွေအပေါ် မလျှော့တမ်း မပြောရဲတော့လို့၊ တခြားလူတွေရဲ့ အမြင်တွေနဲ့ အကြံပေးတာကို ရှာတယ်။ တစ်ခါတလေ ကိစ္စတွေကို ဆွေးနွေးနေတုန်းမှာ၊ တခြားလူတွေရဲ့ အမြင်တွေကို ကျွန်မ အမှုမဲ့အမှတ်မဲ့ ငြင်းချင်ပေမဲ့၊ ဒါကို လုပ်နေမိမှန်း ကျွန်မ သဘောပေါက်တဲ့အခါ၊ လူတွေအများစု တွေးထင်တာကို ကျွန်မ အမြန်မေးလိုက်တယ်၊ ဘာလို့လဲဆိုတော့ မှန်ကန်တဲ့ အကြံကို မလိုက်လျှောက်မိမှာ၊ အဲဒီလိုနဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်စေမိမှာ ကြောက်လို့လေ။ မှန်တဲ့အရာ လုပ်ခဲ့တယ်လို့ ထင်တဲ့ ကိစ္စတွေမှာ၊ ကိုယ့်ဘာသာ မဆုံးဖြတ်ရဲတော့သလို၊ ကိစ္စရပ်မှာ ကိုယ့်တွဲဖက်တွေဆီကနေ အကြံ သတိရှိရှိ တောင်းနိုင်တယ်၊ ကိုယ့်ခေါင်းဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရှာဖွေနိုင်တယ်။ ဒီလိုလုပ်တာက ကျွန်မကို ပိုစိတ်အေးလက်အေး ခံစားစေသလို၊ ထင်ရာမြင်ရာ ဆောင်ရွက်လို့ ဘုရားအိမ်တော် အလုပ် ထိခိုက်တာကိုလည်း ရှောင်ရှားစေတယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားတစ်ခု တစ်ခါတလေ ကျွန်မ ပြနေတုန်း ဆိုပေမဲ့၊ အတော်အတန် တိုးတက်သွားပြီလို့ ထင်တယ်။

ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြချက်၊ ညီအစ်ကို မောင်နှမတွေ တိုင်ကြား၊ ဖော်ထုတ်တာ၊ ဘုရားရဲ့ ထပ်တလဲလဲ ဖော်ထုတ်၊ ကိုင်တွယ်ဖြေရှင်းတာ မရှိဘဲနဲ့၊ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ဖို့မပြောနဲ့၊ ကိုယ့်ကိုယ်ကိုယ် သိမှာ မဟုတ်ဘူး။ ဒီနေ့မှာ၊ ကျွန်မ စွမ်းဆောင်ရရှိခဲ့တဲ့ အပြောင်းအလဲလေးနည်းနည်းရယ်၊ ကျွန်မမှာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား တချို့ရှိတဲ့ အချက်ရယ်က၊ ဘုရားအမှုတော်ရဲ့ ရလဒ်စစ်စစ်ပါပဲ။ ဒါဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းက ရရှိတဲ့ အကျိုးတရားလည်း ဖြစ်ပါတယ်။ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူမုန်းမခံချင်သူ ဖြစ်ရခြင်း၏ အမှန်တရားကို ကျွန်တော်သိမြင်ခဲ့ပါပြီ။

ကျွန်တော်၏ မိတ်ဆွေများ၊ မိသားစုနှင့် အိမ်နီးချင်များနှင့် အပြန်အလှန် ဆက်ဆံရေးများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရာ၌...

မကျန်းမာမှုနှင့် ဆင်းရဲဒုက္ခတို့က ကျွန်မ၏ သရုပ်မှန်ကို ပြခဲ့သည်

ထင်ထင် တရုတ်နိုင်ငံ ကျွန်မငယ်ငယ်ကတည်းက ခေါင်းကိုက်လေ့ရှိတယ်။ တစ်ခါတလေ အရမ်းနာတာ အိပ်ရာပေါ်မှာပဲ လူးလှိမ့်နေရတယ်။...

သမ္မာတရားကိုနားလည်ခြင်းဖြင့်သာ မိမိကိုယ်ကို စစ်မှန်စွာ သိမြင်ခြင်း

ဝန်ဝန်၊ ချန်းချူ မြို့၊ ဂျီလင်းစီရင်စု ကျွန်တော့်အမြင်တွင်တော့ ဖောက်ပြန်ပျက်ဆီးမှု တစ်စုံတစ်ရာ မမြင်ရသည့် အပြင်ပန်း...

ကျွန်မတာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ခဲ့တဲ့ အကြောင်းရင်း

ချန်ကျင့် ကိုးရီးယားနိုင်ငံ ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။