ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်မ ရရှိခဲ့တဲ့အရာ

28.08.2023

ရှောင်မိ ဂျပန်နိုင်ငံ

၂၀၂၂ခုနှစ်၊ ဇွန်လမှာ ညီမက အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ညီမ တာဝန်ယူရမဲ့ အလုပ်တွေ၊ ရမဲ့ အတော်များတဲ့ အတွေ့အကြုံအမျိုးမျိုးတွေနဲ့ ညီမရဲ့ အသက်တာကြီးထွားဖို့အတွက် ဘယ်လို ကောင်းမယ်ဆိုတာတွေ တွေးပြီး တော်တော်ပျော်တယ်။ ဒီလို လက်တွေ့လုပ်ဖို့ အခွင့်အရေးအတွက်လည်း ဘုရားကို ကျေးဇူးတင်တယ်။ ဒါပေမဲ့ ညီမက ခေါင်းဆောင်ပိုင်းကို မလုပ်ဖူးဘူးဆိုတော့ စည်းမျဉ်းတော်တော်များများကို မသိဘူး။ ပြဿနာတွေ ပေါ်လာတဲ့အခါ၊ စည်းမျဉ်းတွေကို မရှာဘဲ ကိုယ်အကောင်းဆုံးလို့ထင်တဲ့ဟာကိုပဲ မျက်စိစုံမှိတ်ပြီး ရုန်းလုပ်လိုက်တယ်။ ရာထူးတွေအတွက် လူတွေရွေးတော့လည်း ညီမက ဒီလိုပဲ။ အချိန်နည်းနည်းကြာတော့ ညီမ ရွေးခဲ့တဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်က သူ့တာဝန်မှာ ဖြစ်ကတတ်ဆန်းလုပ်ပြီး အလုပ်က နှောင့်နှေးနေတယ်။ အထက်ခေါင်းဆောင်တစ်ယောက်က ညီမကို အပြစ်တင်တယ်။ “ဝန်ထမ်းတွေ ခန့်တာလိုမျိုး အရေးကြီးတဲ့ကိစ္စမှာ ဘာလို့ စည်းမျဉ်းတွေကို လျစ်လျူရှုပြီး တွဲဖက်အမှုဆောင်တွေနဲ့ မဆွေးနွေးဘဲ ကိုယ့်ဘာသာ ဆုံးဖြတ်ရတာလဲ။ တော်တော် မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် သေချာနေတာပဲ။” တဲ့။ သူက ဒီလိုပြောတာကို ညီမကြားရတော့ တော်တော်စိတ်ညစ်တယ်။ ညီမက မာနထောင်တယ်ဆိုတာ ဝန်ခံခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်စိတ်ပူနေတယ်။ အခု ညီမပြဿနာက ဖော်ထုတ်ခံရတော့ ခေါင်းဆောင်နဲ့ တခြားညီအစ်ကိုမောင်နှမတွေက ညီမကို အရှိအတိုင်း မြင်ကြမှာပဲ။ ဒီလိုပြဿနာမျိုး ထပ်ပေါ်လာရင် ခေါင်းဆောင်က ညီမကို ထုတ်မှာလား ပေါ့။ မကြာခင်မှာ၊ ကိုယ့်သဘောအတိုင်းလုပ်မိလို့ နောက်ထပ်ပရောဂျက်မှာ ညီမရဲ့အလုပ်တချို့ကို ပြန်လုပ်ရတော့ အံ့ဩမိတယ်။ အဲဒါနဲ့ အလုပ်က နှောင့်နှေးသွားတာပေါ့။ ပြီးတော့ ညီမက ထပ်ပြီး ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာ ခံရတယ်။ ညီမကို ပြောတယ်။ “ခေါင်းဆောင်အနေနဲ့ မင်းက ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကိုင်တွယ်နေတာမဟုတ်ဘူး။ အသင်းတော်တစ်ခုလုံးနဲ့ ဆိုင်တဲ့ အလုပ်ကို လုပ်နေတာ။ ခေါင်းဆောင်တွေက ကိစ္စအားလုံးမှာ သမ္မာတရားစည်းမျဉ်းတွေကို ရှာသင့်ပြီး တွဲဖက်အမှုဆောင်တွေနဲ့ ဆွေးနွေးတာတွေ လုပ်သင့်တယ်။ ဘာလို့ အမြဲတမ်း ကိုယ်လုပ်ချင်တာပဲ လုပ်နေတာလဲ။ မင်းက တော်တော် မာနထောင်လွှားလွန်းတယ်” တဲ့။ သူ ဒီလိုပြောတာကို ကြားရတော့ နှလုံးကို ဓားနဲ့ထိုးလိုက်သလိုပဲ။ မျက်ရည်တွေကိုလည်း မထိန်းနိုင်ဘူး။ သူပြောတာ မှန်ပါတယ်။ ခေါင်းဆောင်က ဒီပြဿနာကိုပဲ ထောက်ပြပြီးပြီ။ ဘာလို့ ဒီအမှားကိုပဲ လုပ်မိတာလဲ ပေါ့။ အမြဲတမ်း ကိုယ့်သဘောအတိုင်းပဲလုပ်ပြီး ပြဿနာတွေဖြစ်နေရင် အနှေးနဲ့အမြန် သေချာပေါက် အထုတ်ခံရမှာပဲ ပေါ့။ အဲဒီအချိန်အတွင်းမှာ ကျွန်မနားက လူတချို့ကို သတိထားမိတယ်။ သူတို့က သူတို့တာဝန်မှာ သမ္မာတရားစည်းမျဉ်းတွေကို မရှာဘဲ ကိုယ့်သဘာအတိုင်း နဲ့လုပ်ကြတယ်။ ဒါကြောင့် အလုပ်က အနှောင့်အယှက်ဖြစ်ပြီး သူတို့တွေ ဝေဖန်ခံရတယ်။ တချို့က အထုတ်ခံရတယ်။ ဒါကို မြင်ရတော့ ညီမ ပို့တောင် စိတ်ပူပြီး ကြောက်လာတယ်။ အဲဒီအချိန်ကစပြီး ညီမက တော်တော် သတိထားရမယ်၊ လုံးဝ အမှားလုပ်လို့မဖြစ်ဘူးလို့ ခံစားမိတယ်။ မဟုတ်ရင် အထုတ်ခံရတဲ့ နောက်တစ်ယောက်က ညီမ ဖြစ်သွားမှာပဲ ပေါ့။ ညီမက ကိုယ့်တာဝန်ကို တကယ် ဆုံးရှုံးရရင် ကောင်းတဲ့ ရလဒ်နဲ့ ပန်းတိုင်ရှိပါဦးမလားပေါ့။ အဲဒီနောက်တော့ ညီမက အလုပ်မှာ တကယ်ကို ရှိုးတိုးရှန့်တန့် ဖြစ်လာတယ်။ သာမန် အလုပ်ဆွေးနွေးတာတွေမှာတောင် ထင်မြင်ချက်ကို ပြောပြဖို့ လိုတဲ့အချိန်မှာ ညီမက ပါးစပ်ဟရမှာ တွန့်ဆုတ်နေတယ်။ မှားပြောမိပြီး ညီမရဲ့ ပြဿနာကို ထုတ်ဖော်ပြမိမှာ ကြောက်နေတယ်။ ညီမ သတိထားမိတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ အကြံတွေပေးတဲ့အခါမှာ ကိုယ့်ဘာသာ ကြိုမှန်းဆကြည့်ပြီး စဉ်းစားတယ်။ “ဒါက တကယ်ပြဿနာဟုတ်ရဲ့လား။ ငါ မှားသွားရင် ခေါင်းဆောင်က ငါ့ကို ကိုင်တွယ်ဖြေရှင်းမှာလား။ ထားလိုက်တော့။ ထုတ်မပြောတာ ကောင်းတယ်။ ဒီလိုဆို အနည်းဆုံးတော့ ငါ မှားမှာမဟုတ်ဘူး။ ဝေဖန်ခံရမှာမဟုတ်ဘူး” ပေါ့။ ဒီလိုတွေးပြီးတော့ ကိုယ်မသေချာတဲ့ဟာတွေကို ပစ်ထားလိုက်တယ်။ ဒါပေမဲ့ ဒီလိုလုပ်တော့ လိပ်ပြာမလုံသလို ခံစားမိတယ်။ ပြီးတော့ ညီမက ကိုယ့်အလုပ်အပေါ် တာဝန်မသိတတ်ဘူးဆိုတာကို အသိတရားရမိတယ်။ တွဲဖက်အမှုဆောင်တွေကို မေးပြီး သူတို့အမြင်တွေကို ကြည့်ပြီး ကိုင်တွယ်သင့်တယ်လို့ တွေးမိတယ်။ ဒါဆိုရင် ညီမက မာနထောင်လွှားပြီး ထင်ရာစိုင်းနေတယ်လို့ ပြောမှာမဟုတ်ဘူးပေါ့။ တစ်ခါတော့ အသင်းတော်က ဧဝံဂေလိအလုပ်အတွက် အဖွဲ့ခေါင်းဆောင်တစ်ယောက် ရွေးဖို့ လိုလာတယ်။ အစ်ကိုတစ်ယောက်က ဧဝံဂေလိမျှဝေတာနဲ့ပတ်သက်ပြီး ဆုကျေးဇူးရှိတယ်။ ဒါပေမဲ့ သူများတွေက သူ့မှာ လူ့သဘာဝကောင်းမရှိဘူး၊ တခြားလူတွေကို ဒေါသနဲ့ပြောဆိုပြီး လက်စားချေတတ်တယ်လို့ ပြောကြတယ်။ သူက သင့်တော်တဲ့သူလားဆိုတာ ညီမ မပြောတတ်တာနဲ့ တွဲဖက်အမှုဆောင်တွေနဲ့ ဆွေးနွေးလိုက်တယ်။ လူတိုင်းက စမ်းကြည့်ဖို့ပြောကြတယ်။ အဲဒီအချိန်တုန်းက ညီမ သိပ်ဘဝင်မကျဘူး။ အဲဒါကို ထပ်ဆွေးနွေးချင်ခဲ့ပေမဲ့၊ နောက်တော့ အဲဒီအစ်ကို သိပ်မသင့်တော်ဘူးလို့ ခံစားရတာ ညီမတစ်ယောက်တည်းဖြစ်မှန်း တွက်မိတယ်။ လက်ခံလို့မရတဲ့ အကြံပြုချက်တစ်ခု ညီမပေးမိပြီး ခေါင်းဆောင်က ညီမကို စည်းမျဉ်းတွေ နားမလည်ဘူး၊ မနာထောင်လွှားတယ်လို့ ပြောပြီး ကိုင်တွယ်ဖြေရှင်းရင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒါနဲ့ ညီမ စိတ်ပူတာတွေကို ထုတ်မပြောလိုက်ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် နှစ်သိမ့်လိုက်သေးတယ်။ လူတိုင်းရဲ့ အယူအဆ်ကို ငါ မေးပြီးပြီပဲ။ တစ်ခုခု ဖြစ်ရင် ငါတစ်ယောက်တည်း တာဝန်ခံရမှာမဟုတ်ဘူး ပေါ့။ သိပ်မကြာဘူး။ အထက်ခေါင်းဆောင်က ညီမတို့အလုပ်ကို စစ်ကြည့်ပြီး သူက လူ့သဘာဝကောင်းမရှိဘူးဆိုတာ တွေ့သွားတယ်။ သူက သူများတွေရဲ့ အကြံကို မယူဘူး။ သူတို့ကိုတောင် ဒေါသနဲ့ ပြောဆိုပြီး လက်စားချေတယ်။ ခေါင်းဆောင်ကပြောတယ်။ “သူ့ကို ချက်ချင်းမထုတ်ရင် အလုပ်ကို ထိခိုက်လိမ့်မယ်” တဲ့။ သူ ဒီလိုပြောတာကို ညီမကြားရတော့ တော်တော် စိတ်မချမ်းမသာဖြစ်တယ်။ ဘာလို့လဲဆိုတော့ အရင်က ဒီပြဿနာကို ညီမ သတိထားမိခဲ့ပေမဲ့၊ ညီမအမြင်က လွဲနေမှာ၊ ပြဿနာတစ်ခုခုရှိရင် ကိုင်တွယ်ဖြေရှင်းခံရမှာကို ကြောက်ပြီး ဘာမှ မပြောခဲ့ဘူးလေ။ ကံကောင်းလို့ ခေါင်းဆောင်က သတိထားမိပြီး သူ့ကို ထုတ်လိုက်တယ်။ မဟုတ်ရင် အလုပ်က သေချာပေါက် ထိခိုက်မှာပဲ။ ညီမ တော်တော်အပြစ်ရှိသလို ခံစားမိတယ်။ ပြဿနာရှိတယ်ဆိုတာ ညီမ ကောင်းကောင်း ခံစားမိတယ်။ ဒါဆို ဘာလို့ ထုတ်မပြောရဲခဲ့တာလဲ။ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ဘာလို့ ပျက်ကွက်ခဲ့တာလဲ။ ဘာလို့ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းခံရဖို့ကို အရမ်းကြောက်နေတာလဲ ပေါ့။ ညီမ ဘုရားကို ဆုတောင်းပြီး ညီမပြဿနာကို နားလည်အောင် လမ်းပြဖို့ တောင်းခံလိုက်တယ်။

နောက်တော့ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီမ ဖတ်တယ်။ “လူအချို့တို့သည် ပြုမူဆောင်ရွက်ကြသောအခါ ၎င်းတို့ကိုယ်တိုင်၏ ဆန္ဒနောက် လိုက်ကြ၏။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ကြပြီး ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးသည့်နောက်တွင် ၎င်းတို့သည် ၎င်းတို့ မာနထောင်လွှားကြကြောင်းနှင့် ၎င်းတို့၌ သမ္မာတရားမရှိသောကြောင့်သာလျှင် ၎င်းတို့အမှားလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းသာ ဝန်ခံကြ၏။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများထဲ၌ ‘အခြားမည်သူမျှ အရဲစွန့်ခေါင်းမထောင်ကြ၊ ငါသာ ဤသို့ပြု၏၊ ထိုသို့ဖြင့် အဆုံး၌ တစ်စုံတစ်ခု မှားယွင်းသည့်အခါ ငါ့အပေါ်သာ တာဝန်အားလုံးပုံချကြသည်။ ဤသည်မှာ ငါ မိုက်မဲရာမကျသလော။ နောက်တစ်ကြိမ်၌ ငါသည် ထိုကဲ့သို့ အရဲစွန့်ခေါင်းခံသည့် ဤကိစ္စမျိုး ငါမလုပ်တော့။ ထောင်ထွက်နေသော သံသည် အထုခံရ၏’ ဟုပင် ညည်းညူနေကြဆဲဖြစ်သည်။ ဤသဘောထားကို မည်သို့သဘောရသနည်း။ ဤသည်မှာ နောင်တရသော သဘောထားလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် ဉာဏ်များလာပြီး လိမ်လည်လှည့်ဖြားလာကြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ‘ထိုကိစ္စက ပျက်ကိန်းမဆိုက်သွားသည်မှာ ငါကံကောင်း၏။ တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်သွားပြီ ဆိုပါတော့။ ငါ့အနေဖြင့် အနာဂတ်တွင် ပို၍သတိထားမှ ရပေတော့မည်။’ ၎င်းတို့သည် အမှုအရာကို ဂရုစိုက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ သေးသိမ်မှုနှင့် စဉ်းလဲသော အကြံအစည်များကို အသုံးပြုကြပြီး သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့သည် ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် နောင်တမရကြသေးသောကြောင့် ဖြစ်၏။ နောင်တရသောအခါ ပထမဆုံးအပြီးလုပ်ရမည့်အရာမှာ သင်ပြုခဲ့ပြီးသော အမှားကို သတိပြုမိရန်၊ သင်၏ အမှားရှိသောနေရာ၊ ပြဿနာ၏ အနှစ်သာရနှင့် သင်ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတို့ကို တွေ့ရန် ဖြစ်သည်။ ဤအရာများကို စဉ်းစားသုံးသပ်ပြီးသမ္မာတရားကို လက်ခံကာ ထို့နောက်တွင် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်သာလျှင် နောင်တရသည့် သဘောထားဖြစ်၏။ အကယ်၍ အခြားတစ်ဖက်၌ သင်သည် ကောက်ကျစ်သော နည်းလမ်းများကို အကုန်အစင် စဉ်းစားပါက သင်သည် ယခင်ကထက် ပို၍ စိတ်မချရဖြစ်လာကာ သင်၏နည်းနိဿယများသည်လည်း ပို၍ပါးနပ်လာကာ ပို၍ကွယ်ဝှက်လာသည့်အပြင် အမှုကိစ္စများကို ဖြေရှင်းရန် နည်းလမ်းများသည်လည်း သင်၌ပိုများလာသည်ဆိုပါက ပြဿနာသည် လိမ်လည်လှည့်ဖြားခြင်းသက်သက်ကဲ့သို့ သိပ်မရိုးရှင်းတော့ပေ။ သင်သည် လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်ပြီး သင်၌ သင်ထုတ်ပြော၍မရနိုင်သောလျှို့ဝှက်ချက်များ ရှိနေ၏။ ဤသည်မှာ ဆိုးယုတ်၏။ သင်သည် နောင်တမရသေးရုံသာမက ပို၍ စိတ်မချရဘဲ ပို၍ လှည့်စားတတ်လာသည်။ ဘုရားသခင်သည် သင့်ကို အလွန်အကျွံ ခေါင်းမာပြီး ဆိုးယုတ်သည်ဟု မြင်၏၊ မိမိမှားထားကြောင်းကို အပြင်ပန်းတွင် ဝန်ခံပြီး ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်းကို လက်ခံသော်လည်း၊ နောင်တရသည့် သဘောထား စိုးစဉ်းမျှပင် မရှိသောသူအဖြစ် မြင်၏။ ငါတို့သည် အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ် ဖြစ်ပျက်နေစဉ်တွင် သို့မဟုတ် ယင်းဖြစ်ရပ်ဖြစ်ပြီးနောက်တွင်၊ သင်သည် သမ္မာတရားကို လုံးဝ မရှာဖွေသောကြောင့်၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင် သိရန် မကြိုးစားသောကြောင့်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်၏ သဘောထားသည် ပြဿနာကို ဖြေရှင်းရန် စာတန်၏ အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထား ဖြစ်သည်။ အမှန်တွင်၊ သင်သည် ဆင်ဝှေ့ရန်ရှောင်လုပ်ပြီး၊ အခြားသူများက ယင်း၏ အရိပ်အယောင်မမြင်ရန် မည်သည့်အရာမျှ လွတ်ထွက်ခွင့်မပေးဘဲ သပ်သပ်ရပ်ရပ် အပြီးသတ်နေခြင်း ဖြစ်သည်။ အဆုံးတွင် သင်သည် သင့်ကိုယ်သင် အတော်အတန် ချက်ချာပါးနပ်သည်ဟု ခံစားရ၏။ ဘုရားသခင်မြင်သည့်အရာမှာ ဤအရာများဖြစ်ပြီး၊ သင့်အနေဖြင့် မိမိအပေါ်သို့ ကျရောက်လာသည့် အမှုအရာရှေ့၌ ဧကန်အမှန် သုံးသပ်ဆင်ခြင်ကာ မိမိအပြစ်ကို ဝန်ချ၍ နောင်တရပြီးသည့်နောက် သမ္မာတရားကို လိုက်ရှာကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေပုံ မဟုတ်ချေ။ သင်၏သဘောထားသည် သမ္မာတရားကို ရှာဖွေသည့်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သဘောထား မဟုတ်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို နာခံသည့် သဘောထားလည်း မဟုတ်ဘဲ သင်၏ပြဿနာကို ဖြေရှင်းရန် စာတန်၏ နည်းနိဿယများနှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထားဖြစ်သည်။ သင်သည် အခြားသူများ သင့်အပေါ် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးပြီး ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို သင်ခုခံသည်၊ ထို့ပြင် သင့်အတွက် ဘုရားသခင်စီစဉ်ညွှန်ကြားပေးထားသည့် အခြေအနေများကို သင်သည် ခုခံကာကွယ်ပြီး ထိပ်တိုက်ရင်ဆိုင်သည်။ ဤသည်မှာ သင်၏စိတ်နှလုံးသည် ယခင်ကထက် ပို၍ဖုံးပိတ်ထားပြီး၊ ဘုရားသခင်ထံမှ ကင်းကွာကြောင်း ဆိုလိုပေသည်။ ထိုသို့ဖြင့်၊ ထိုအရာမှ ကောင်းသည့် ရလဒ်တစ်ခုတလေ ရှိလာနိုင်သလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မွေ့လျော်ခံစားရင်း အလင်းထဲတွင် အသက်ရှင်နိုင်သေးသလော။ အသက်မရှင်နိုင်ပေ။ သမ္မာတရားကို သင် ရှောင်ရှားပြီး၊ ဘုရားသခင်ကို ရှောင်ရှားပါက၊ သေချာပေါက် အမှောင်ထဲကျကာ၊ မြည်တမ်းပြီး အံသွားခဲကြိတ်ရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အလုပ်ကို နှောင့်ယှက်တဲ့သူတွေထဲမှာ သူတို့က ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းခံရရင် သမ္မာတရားကို ချစ်ပြီး လက်ခံတဲ့သူတွေက အဲဒီကနေ သမ္မာတရားကို ရှာနိုင်တယ်၊ ဘယ်နေရာမှာ မှားသွားတယ်၊ ဘယ် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူတို့ ပြတယ်၊ အဲဒါတွေကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ ကိုယ့်ကိုယ့်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သင်ယူနိုင်တယ်လို့ ဘုရားက ဖွင့်ပြတယ်။ အဲဒီနောက်မှာ သူတို့တာဝန်ကို စည်းမျဉ်းတွေနဲ့အညီ သူတို့လုပ်နိုင်တယ်။ ဒါက ကိုင်တွယ်ဖြေရှင်းတာကို အမှန်တကယ် လက်ခံပြီး တကယ်နောင်တရတာကို ပြတာပဲ။ ဒါပေမဲ့ သမ္မာတရားကို လက်မခံတဲ့သူတွေ ကိုင်တွယ်ဖြေရှင်းခံရရင် သူတို့ မှားတယ်လို့ နှုတ်နဲ့ အသိအမှတ်ပြုကောင်းပြုနိုင်ပေမဲ့ သမ္မာတရားကို မရှာကြဘူး။ ကိုယ့်ကိုယ်ကိုယ် သိအောင် ဆင်ခြင်သုံးသပ်တာ မလုပ်ကြဘူး။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ လူလည်ကျပြီး ဉာဏ်များတဲ့နည်းတွေ သုံးတယ်။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်အောင် သူတို့ပြဿနာတွေကို တခြားလူတွေကို မြင်ခွင့်မပေးဘူး။ ဒီလိုလူမျိုးက ကလိမ်ကျရုံတင်မကဘူး။ ဆိုးလည်း ဆိုးယုတ်တယ်။ ဘုရားနှုတ်ကပတ်တော်မှာ ဖွင့်ပြတာတွေနဲ့ ညီမ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်တယ်။ ညီမက ခေါင်းဆောင်ဖြစ်လာခါစတုန်းက စည်းမျဉ်းတော်တော်များများမသိသလို စူးစမ်းမကြည့်ခဲ့ဘူး။ ကိုယ့်သဘောအတိုင်းပဲ လုပ်ခဲ့တယ်။ ဒါကြောင့် အလုပ်က အနှောင့်အယှက်ဖြစ်တယ်။ ခေါင်းဆောင်က ညီမကို ကူညီပေးဖို့ ညီမရဲ့ ပြဿနာကို ထောက်ပြတယ်။ ဒါပေမဲ့ ညီမက အမှားတွေလုပ်မိတာကို ဝန်ခံပေမဲ့ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မကြည့်ဘူး။ စည်းမျဉ်းတွေကို နားလည်အောင် အားမထုတ်ဘူး။ မှန်းဆ၊ သတိထားပြီးတော့ပဲနေလိုက်တယ်။ ခေါင်းဆောင်က ညီမအကြောင်းကို သိသွားပြီဆိုတော့ နောက်ထပ်အမှားလုပ်ရင် အထုတ်ခံရနိုင်တယ်၊ ဒါဆိုရင် ရလဒ်ကောင်းမှာမဟုတ်ဘူးလို့ စဉ်းစားတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အကြိမ်တိုင်းမှာ ဟန်ဆောင်တယ်။ ကိုယ့်ရဲ့ပြဿနာတွေ၊ အားနည်းချက်တွေကို မပြဘူး။ ညီမ ပြောသမျှ၊ လုပ်သမျှမှာ တော်တော်သတိထားတယ်။ ပြဿနာတစ်ခုကို ထုတ်မပြောခင်၊ ထင်မြင်ချက်တစ်ခုကို ပြောမပြခင်မှာ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်ဆတယ်။ ညီမ မှားသွားရင် အကျိုးဆက်တွေက ဘာတွေဖြစ်မယ်ဆိုတာနဲ့ အဲဒီအတွက် ကိုင်တွယ်ဖြေရှင်းခံရနိုင်သလားဆိုတာ စဉ်းစားတယ်။ အားလုံး အဆင်ပြေမယ်လို့ ညီမ အာမခံနိုင်မယ့်ဟာကိုပဲ ပြောတယ်။ ဒါပေမဲ့ ညီမ မသေချာတဲ့ ဘယ်ဟာကိုမဆို တစ်လုံးမှ မပြောဘူး။ ပြဿနာကို လျစ်လျူရှုလိုက်ရင် အလုပ်ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ လုံးဝ မစဉ်းစားခဲ့ဘူး။ ပြီးတော့ တာဝန်ယူရတာကို ရှောင်ဖို့ တစ်ယောက်ယောက်ကို ရွေးဖို့ လိုရင် တွဲဖက်အမှုဆောင်တွေရဲ့ အမြင်ကို မေးတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက ဟန်ပြသက်သက်ပဲ။ သူတို့အကြံတွေကို ညီမ ဘဝင်မကျပေမဲ့ ဆက်ပြီး မစူးစမ်းတော့ဘူး။ ဒီလိုနဲ့ မသင့်တော်တဲ့သူက အရွေးခံရသွားတယ်။ ဒါက ညီအစ်ကိုမောင်နှမတွေကိုရော၊ အလုပ်ကိုပါ ထိခိုက်ပါတယ်။ ညီမက ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာ ခံရတဲ့အချိန်မှာ လုံးဝ နောင်တမရခဲ့ဘူးဆိုတာကို တွေ့ရတယ်။ ပိုပြီးတော့ပဲ မယုံကြည်ရဖြစ်လာပြီး မရိုးမသားဖြစ်လာတယ်။ အမှားလုပ်မိပြီး အဖော်ခံရတာကို ဘယ်လိုရှောင်ရမယ်ဆိုတာ ဆက်တိုက်စဉ်းစားတယ်။ ဘုရားနဲ့ ခေါင်းဆောင်တွေကို အမြဲတမ်း သတိထားကာကွယ်နေခဲ့တယ်။ ညီမတာဝန်ကို ဒီလိုပုံစံနဲ့လုပ်တာက ဘုရားအတွက် စက်ဆုပ်ရွံရှာစရာဖြစ်ခဲ့ပါတယ်။ ဒီလိုပုံစံနဲ့ဆိုရင် ညီမက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနဲ့ လမ်းပြမှုကို လုံးဝ ရမှာမဟုတ်ဘူး။ နောင်တမရရင် နောက်ဆုံးမှာ ဘုရားရဲ့ ပစ်ပယ်တာ၊ ဖယ်ရှားတာကို ညီမခံရမှာပဲဆိုတာ သိခဲ့တယ်။

တစ်ခါတော့ ညီမ ဘုရားဝတ်ပြုနေတုန်းမှာ အန္တိခရစ်တွေက ကိုင်တွယ်ဖြေရှင်းခံရတာကို ဘယ်လို သဘောထားတယ်ဆိုတဲ့အကြောင်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ညီမ ကိုယ်တိုင်ရဲ့ ပြဿနာကို နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏အိမ်တော်တွင် အလုပ်လုပ်သော အန္တိခရစ်အချို့သည် စေ့စပ်သေချာစွာ လုပ်ဆောင်ရန်၊ အမှားများပြုလုပ်ခြင်း၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ အထက်ကို စိတ်ဆိုးစေခြင်း၊ သို့မဟုတ် မကောင်းသည့်အရာတစ်ခုခုလုပ်ဆောင်နေခြင်းကို ၎င်းတို့၏ ခေါင်းဆောင်က ဖမ်းမိခြင်းတို့ကို ရှောင်ကြဉ်ရန် တိတ်တဆိတ် စိတ်ပိုင်းဖြတ်ထားကြသည်။ ပြီးလျှင် ၎င်းတို့သည် ကောင်းမှုများလုပ်ဆောင်သောအခါ ကြည့်ရှုသောသူများရှိနေစေရန် သေချာအောင် ပြုလုပ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် မည်မျှ စေ့စပ်သေချာပါစေ၊ မှားယွင်းသောစမှတ်မှ စတင်ပြီး လမ်းမှားကို လိုက်သောကြောင့်၊ ဂုဏ်နှင့် အဆင့်အတန်းအတွက် လုပ်ဆောင်ပြီး သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေသောကြောင့် ၎င်းတို့သည် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်ကြသည်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးကြသည်။ စာတန်၏ လက်ပါးစေအဖြစ် ပြုမူပြီး ပြစ်မှားမှုများကိုပင် မကြာခဏ ကျူးလွန်ကြသည်။ ဤသို့သောသူများက မကြာခဏ စည်းမျဉ်းများကို ချိုးဖောက်ပြီး ပြစ်မှားမှုများကို ကျူးလွန်သည်မှာ အလွန်ပင်အတွေ့ရများသည်။ ထို့ကြောင့် ၎င်းတို့အတွက် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ရှောင်ရန် ခက်ခဲသည်မှာ မှန်သည်။ ယခုတွင် အန္တိခရစ်များသည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသောအခါ၌ အဘယ်ကြောင့် အလွန်သတိရှိစွာ လုပ်ဆောင်ကြသနည်း။ သေချာသည်မှာ အကြောင်းပြချက်တစ်ခုက ‘ငါ ဂရုစိုက်ရမယ်။ တကယ်တမ်းကျတော့ “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးပဲ”။ ပြီးတော့ “ကောင်းတဲ့သူတွေက ငြိမ်းချမ်းတဲ့ ဘဝရှိတယ်။” မကောင်းတာလုပ်တာ၊ ပြဿနာတက်တာတွေကို ရှောင်ဖို့ အချိန်တိုင်း ဒီစည်းမျဉ်းတွေကို လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးရမယ်။ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ရည်ရွယ်ချက်တွေကို ချုပ်တည်းရမယ်။ ငါအမှားမလုပ်ဘဲ အဆုံးထိ ဇွဲရှိရှိနဲ့ လုပ်နိုင်ရင် ကောင်းချီးတွေရမယ်။ ကပ်ဘေးတွေကို ရှောင်နိုင်မယ်။ ဘုရားသခင်အပေါ် ငါ့ရဲ့ ယုံကြည်မှုမှာ အောင်မြင်လိမ့်မယ်’ ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် ဤနည်းအားဖြင့် မကြာခဏ မိမိတို့ကိုယ်ကို တိုက်တွန်းကြသည်။ လှုံ့ဆော်ပြီး အားပေးကြသည်။ ၎င်းတို့သည် အမှားလုပ်လျှင် ကောင်းချီးရဖို့ ၎င်းတို့၏ အခွင့်အရေးများက သိသိသာသာ လျော့နည်းလိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် နေရာယူနေသော တွက်ချက်မှုနှင့် ယုံကြည်မှုမဟုတ်သလော။ အန္တိခရစ်များ၏ ဤတွက်ချက်မှု၊ သို့မဟုတ် ယုံကြည်မှုသည် မှန်သည်၊ မှားသည်ကို ဘေးဖယ်ထားပြီး ဤယုံကြည်မှုကို အခြေခံကြည့်လျှင် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို ခံရသောအခါ မည်သည့်အရာကို အစိုးရိမ်ဆုံး ဖြစ်မည်နည်း။ (၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြစ်သည်။) ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် ဆက်စပ်သည်။ ဤသည်မှာ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့် သက်ဆိုင်သည်။ ၎င်းတို့က စဉ်းစားကြသည်။ ‘ဘုရားက ငါ့ကို ဖယ်ရှားမှာမို့လို့ ငါက ဒီလို ကိုင်တွယ်ဖြေရှင်းခံရတာလား။ ဘုရားက ငါ့ကို အလိုမရှိလို့လား။ ဘုရားအိမ်တော်က ငါ့ကို ဒီတာဝန်ထမ်းဆောင်တာကို ပိတ်ပင်မှာလား။ ငါက ယုံကြည်ထိုက်တဲ့ ပုံစံမရှိဘူးလား။ ငါ့ထက် ပိုတော်တဲ့သူတစ်ယောက်နဲ့ ငါ့ကို အစားထိုးတာ ခံရမှာလား။ ငါ ဖယ်ရှားခံရရင် ကောင်းချီးခံရနိုင်သေးလား။ ကောင်းကင်နိုင်ငံတော်ကို ဝင်လို့ရသေးလား။ ငါ့ရဲ့ စွမ်းဆောင်မှုက သိပ်ပြီး ကျေနပ်စရာမရှိတဲ့ ပုံစံပဲ။ ဒီတော့ နောက်ကျရင် ငါ ပိုဂရုစိုက်ရမယ်။ နာခံပြီး လိမ္မာဖို့၊ ဘာပြဿနာမှမရှာဖို့ သင်ယူရမယ်။ စိတ်ရှည်ဖို့ သင်ယူရမယ်။ ပြီးတော့ သိုသိုသိပ်သိပ်နေပြီး ရှင်သန်ရမယ်။ နေ့တိုင်း ငါ အလုပ်လုပ်တဲ့အခါမှာ ငါက ကြိုးတန်းပေါ် လမ်းလျှောက်နေသလို စိတ်ကူးရမယ်။ သတိလွတ်လို့ မဖြစ်ဘူး။ ငါဒီတစ်ကြိမ်မှာ ပေါ့ဆပြီး လူသိသွားသလို ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရပေမဲ့ ဒီပြဿနာက သိပ်မဆိုးတဲ့ ပုံစံပဲ။ ငါ့မှာ အခွင့်အရေးရှိသေးတဲ့ ပုံစံရှိတယ်။ ကပ်ဘေးတွေကနေ ငါ လွတ်မြောက်ပြီး ကောင်းချီးခံစားရနိုင်သေးတယ်။ ဒီတော့ ဒါကို ငါ နှိမ့်နှိမ့်ချချနဲ့ လက်ခံသင့်တယ်။ ငါက ဖယ်ရှားခံရဖို့၊ နှင်ထုတ်ခံရဖို့ မပြောနဲ့၊ လူစားထိုးတာတောင် ခံရမှာမျိုး မဟုတ်ဘူးလေ။ ဒီတော့ ဒီလိုပုံစံနဲ့ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်တာခံရတာကို ငါလက်ခံနိုင်ပါတယ်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို လက်ခံသည့် သဘောထားဖြစ်သလော။ ဤသည်မှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိခြင်းဖြစ်သလော။ ဤသည်မှာ အမှန်တကယ် နောင်တရလိုပြီး မိမိ၏ ပြုမူကျင့်ကြံပုံကို ကောင်းစွာ ပြောင်းလဲလိုခြင်း ဖြစ်သလော။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် အမှန်တကယ် စိတ်ဆုံးဖြတ်ခြင်းဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့က ဤသို့ လုပ်ဆောင်သနည်း။ ကပ်ဘေးများကို ၎င်းတို့ ရှောင်ရှားနိုင်ပြီး ကောင်းချီးခံရနိုင်သည်ဆိုသည့် မျှော်လင့်ချက် တစ်စွန်းတစ်စကြောင့် ဖြစ်သည်။ ထိုမျှော်လင့်ချက်တစ်စွန်းတစ်စ ရှိနေသေးသရွေ့ ၎င်းတို့က မိမိတို့အကြောင်းကို လူသိအောင် မပြနိုင်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို ထုတ်ဖော်မပြနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မည်သည့်အရာရှိသည်ကို အခြားလူများအား ပြောမပြနိုင်ပေ။ စိတ်အတွင်းတွင် ၎င်းတို့ ထားရှိသော မကျေနပ်ချက်ကို အခြားလူများအား သိခွင့်မပေးနိုင်ပေ။ ၎င်းတို့သည် လျှိုပြီးနေရမည်။ ၎င်းတို့သည် သတိကြီးစွာဖြင့် နေရမည်ဖြစ်ပြီး ၎င်းတို့၏ တကယ့် အရှိအတိုင်းကို အခြားလူများအား မြင်ခွင့်ပေး၍မရပေ။ ထို့ကြောင့် ၎င်းတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း ခံရပြီးနောက်တွင် လုံးဝ မပြောင်းလဲပေ။ ယခင်က ၎င်းတို့ လုပ်ဆောင်သည့်အတိုင်း ဆက်၍ လုပ်ဆောင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့လုပ်ရပ်များနောက်ကွယ်ရှိ အခြေခံသဘောတရားမှာ အဘယ်နည်း။ အရာရာ၌ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်သာဖြစ်သည်။ ၎င်းတို့သည် မည်သည့်အမှားများကို ပြုလုပ်သည်ဖြစ်စေ အခြားလူများကို သိခွင့်မပေးပေ။ ၎င်းတို့သည် အမှားများ၊ သို့မဟုတ် အားနည်းချက်များ မရှိသည့် ပြည့်စုံသောသူများဖြစ်သည်၊ မည်သည့်အခါမျှ အမှားမလုပ်ဟု ၎င်းတို့အနီးတွင် ရှိသောသူများကို ထင်စေရန် လုပ်ဆောင်သည်။ ဤသည်မှာ ၎င်းတို့က ဟန်ဆောင်သည့်ပုံစံဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ဆက်လက် ဟန်ဆောင်ပြီးနောက်တွင် ၎င်းတို့သည် ကပ်ဘေးများမှ လွတ်မြောက်ဖို့၊ ကောင်းချီးခံရဖို့၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့ အနည်းနှင့်အများ သေချာသည်ဟု ယုံကြည်မှုရှိကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) အန္တိခရစ်တွေက စည်းမျဉ်းတွေချိုးဖောက်လို့၊ မကောင်းမှုလုပ်လို့ ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်မှာ သူတို့ အစိုးရိမ်ဆုံးက ဖယ်ရှားခံရပြီးတော့ ဘာကောင်းချီးမှ မရတော့မှာကိုဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ ညီမ တွေ့ခဲ့တယ်။ ဒါကြောင့် အဲဒီနောက်မှာ သူတို့လုပ်တဲ့ဟာတွေမှာ အရမ်းသတိထားလာကြတယ်။ ဘုရားနဲ့လူကို သတိထားကာကွယ်လာတယ်။ သူတို့က အမှားတစ်ခုခု မလုပ်သရွေ့၊ သူများတွေ သိအောင် သူတို့အားနည်းချက်တွေကို မဖော်ထုတ်သရွေ့၊ သူတို့ရာထူးကို ထိန်းထားနိုင်ပြီး သူတို့ ကောင်းချီးရဖို့ သေချာမယ်လို့ ထင်ကြတယ်။ အန္တိခရစ်တွေက တော်တော်ကို တစ်ကိုယ်ကောင်းဆန်၊ ယုတ်မာ၊ ကလိမ်ကျပြီး ဆိုးယုတ်မှန်း ညီမ တွေ့ခဲ့တယ်။ သူတို့က ကောင်းချီးရဖို့အတွက်ပဲ ဘုရားကို ယုံကြည်တယ်။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ သူတို့စဉ်းစားသမျှက သူတို့ရဲ့ အနာဂတ်နဲ့ အကျိုးစီးပွားပဲ။ သူတို့က အချိန်တစ်ခုကြာ ကောင်းကောင်းပြုမူလာပေမဲ့ ဒါက ဟန်ပြသက်သက်ပဲ။ အဲဒါက ကပ်ဘေးတွေကို ရှောင်ဖို့အတွက် အသင်းတော်ထဲမှာ ပုန်းနေနိုင်အောင်ပဲ။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အပေါ် ညီမရဲ့ သဘောထားက အန္တိခရစ်တွေ လုပ်တဲ့ ပုံစံမျိုးပဲ၊ ဝေဖန်တာကို ကောင်းချီးရတာနဲ့ ဆက်စပ်တယ်လို့ ညီမ မြင်ခဲ့တယ်။ ညီမ အပြစ်ဖော်ဆုံးမခံရတဲ့အချိန်မှာ ခေါင်းဆောင်က ညီမကို ထုတ်မှာလားဆိုတာကို မှန်းကြည့်နေတယ်။ ကောင်းတဲ့ အနာဂတ်နဲ့ ခရီးပန်းတိုင်ရှိမလားဆိုတာ စိတ်ပူတယ်။ အဲဒီနောက်မှာ ညီမက ကိုယ့်တာဝန်မှာ ကြိုးပေါ် လမ်းလျှောက်နေရသလို ဖြစ်တယ်။ ညီမပြောတဲ့ အကြံတိုင်း၊ ပြဿနာတိုင်းကို ထပ်ခါထပ်ခါ ပြန်စဉ်းစားတယ်။ အမှားလုပ်မိပြီး ညီမရဲ့ အားနည်းချက်တွေကို ထုတ်ပြမိမှာကို တော်တော်ကြောက်တယ်။ အဲဒါဆိုရင် ခေါင်းဆောင်က ညီမအကြောင်းကိုသိပြီး ထုတ်ပစ်မှာပဲ ပေါ့။ ညီမက အရင်က ကိုင်တွယ်ဖြေရှင်းခံရတာကို တကယ်လက်မခံခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်ပြီး ကိုယ့်အမှားတွေကို မမြင်ခဲ့ဘူး။ ညီမက ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ဖို့အတွက် မစဉ်းမစားနဲ့ ဘုရားကိုပဲ သတိထားကာကွယ်နေပြီး ပိုပြီးတော့တောင် လှည့်စားတဲ့ နည်းတွေကို သုံးခဲ့တယ်။ ညီမက ကိုယ့်သရုပ်မှန်ကို ဖုံးကွယ်ထားပြီး အမှားထပ်မလုပ်သရွေ့၊ ဝေဖန်တာ မခံရသရွေ့ အထုတ်ခံရမှာမဟုတ်ဘူး၊ အဲဒါဆိုရင် အသင်းတော်မှာ နေလို့ရပြီး နောက်ဆုံးမှာ ကောင်းတဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်ကို ရမယ်လို့ ထင်ခဲ့တယ်။ ညီမက ဘုရားကို အမြဲတမ်း သတိထားနေတယ်။ ကိုယ့်ရဲ့ အကျိုးအမြတ်တွေ၊ ဆုံးရှုံးမှုတွေကို ဦးနှောက်ခြောက်ခံပြီး တွက်ချက်တယ်။ ပြဿနာတွေကို မြင်ပေမဲ့ ရှာဖွေတာ၊ တင်ပြတာ တစ်ခုမှ မလုပ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ ဂရုစိုက်ပြီး အသင်းတော်အလုပ်ကို နည်းနည်းလေးမှ ထည့်မစဉ်းစားခဲ့ဘူး။ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်ခဲ့တာပါ။ အဲဒီလို့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်နေရင် ခေါင်းဆောင်ကို အချိန်တစ်ခုကြာ လှည့်စားနိုင်ပြီး ချက်ချင်း အထုတ်မခံရနိုင်ပေမဲ့ လုံးဝ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ရင်၊ နောင်တမရရင်၊ မပြောင်းလဲရင် အနှေးနဲ့ အမြန် ဘုရားက ဖော်ထုတ်ပြီး ဖယ်ရှားတာကို ခံရမှာပဲ။ ဒါကို သဘောပေါက်သွားတော့၊ ညီမ ဆုတောင်းတယ်။ နောင်တရဖို့နဲ့ ညီမပြဿနာကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖို့ အသင့်ဖြစ်နေခဲ့တယ်။

ညီမ ရှာဖွေရင်းနဲ့ ကိုင်တွယ်ဖြေရှင်းခံရတာကို ဘယ်လို မှန်မှန်ကန်ကန် ကိုင်တွယ်ရမယ်ဆိုတဲ့အကြောင်း ဘုရားနှုတ်ကပတ်တော်တချို့ကို ညီမ ဖတ်တယ်။ “အမှန်မှာ ဘုရားအိမ်တော်က လူတို့အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းသည် ဤလူတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်သောအခါတွင် တစ်ဇွတ်ထိုး လုပ်ဆောင်ကြသောကြောင့်၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးသောကြောင့်၊ ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိသောကြောင့်သာဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ခံရခြင်းဖြစ်သည်။ လူတို့သည် ဤသို့သော အခြေအနေမျိုးတွင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းခံရသောအခါ ၎င်းတို့သည် ဖယ်ရှားခြင်းခံရသလော။ (မခံရပါ။) လုံးဝ မခံရပေ။ လူတို့သည် ဤအရာများကို အပြုသဘောဆောင်စွာ နားလည်သင့်သည်။ ဤအခြေအနေတွင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း ခံရခြင်းသည် ဘုရားသခင်၊ သို့မဟုတ် အခြားလူများထံမှ လာသည်ဖြစ်စေ၊ ခေါင်းဆောင်များ၊ အမှုဆောင်များထံမှ လာသည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများထံမှ လာသည်ဖြစ်စေ မလိုမုန်းထားခြင်းမဟုတ်ဘဲ အသင်းတော်အလုပ်တွက် အကျိုးဖြစ်စေသည်။ လူတစ်ယောက်သည် တစ်ဇွတ်ထိုးလုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်သောအခါ ထိုသူကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းသည် ဖြောင့်မတ်ပြီး အပြုသဘောဆောင်သောလုပ်ရပ်ဖြစ်သည်။ ဤသည်မှာ ဖြောင့်မတ်သောသူများနှင့် သမ္မာတရားကို ချစ်သောသူများ လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈))ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပတ်သက်လာလျှင် အနည်းဆုံးအနေဖြင့် လူတို့ သိသင့်သောအရာမှာ အဘယ်အရာနည်း။ မိမိတာဝန်ကို လုံလောက်စွာ ထမ်းဆောင်ရန်အတွက် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို တွေ့ကြုံရမည်။ ယင်းသည် မရှိမဖြစ်ဖြစ်သည်။ ယင်းသည် နေ့စဉ်လူတို့ ရင်ဆိုင်ရမည့်အရာ တစ်ခုဖြစ်ပြီး ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းကို ရယူခြင်းတွင် မကြာခဏ ကြုံတွေ့ရမည့်အရာတစ်ခုဖြစ်သည်။ မည်သူကမျှ ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ကင်းကွာ၍ မရပေ။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် ၎င်းတို့၏အနာဂတ်နှင့် ကံကြမ္မာတို့ ပါဝင်သည့် အရာတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် လူတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကား အဘယ်အတွက်နည်း။ လူတို့ကို ရှုတ်ချရန်အတွက်လော။ (မဟုတ်ပါ။ ယင်းမှာ လူများကို သမ္မာတရားကို နားလည်ပြီး ၎င်းတို့၏တာဝန်ကို စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်ရန် ကူညီခြင်းဖြစ်သည်။) မှန်ပေ၏။ ထိုအရာသည် ယင်းနှင့်ပတ်သက်သည့် အမှန်ကန်ဆုံး နားလည်မှုဖြစ်သည်။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် ဆုံးမပဲ့ပြင်ခြင်းတစ်မျိုးဖြစ်သည်၊ ရိုက်နှက်ဆုံးမခြင်းတစ်မျိုးဖြစ်သည်၊ လူများကို ကူညီခြင်း ပုံစံတစ်ခုလည်း ဖြစ်သည်။ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့က သင်၏မမှန်ကန်သော လိုက်စားမှုကို အချိန်မီ ပြောင်းလဲစေသည်။ ယင်းက သင် လက်ရှိ ရှိနေသောပြဿနာများကိုချက်ချင်းသတိပြုမိစေပြီး သင်ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မီ သတိပြုမိစေသည်။ မည်သို့ပင်ဖြစ်စေ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့က သင်၏တာဝန်များကို စည်းမျဉ်းများနှင့်အညီ ဖြည့်ဆည်းဖို့ ခွင့်ပြုသည်၊ ယင်းက သင့်ကို အမှားများလုပ်ခြင်းနှင့် လမ်းလွဲခြင်းတို့မှ အချိန်မီ ကယ်တင်ပေးသည်။ ပြီးလျှင် ဘေးဒုက္ခများ ဖြစ်စေခြင်းမှ သင့်ကို တားဆီးပေးသည်။ ဤသည်မှာ လူတို့အတွက် အကြီးဆုံးအကူအညီ၊ အကြီးဆုံး ကုစားမှုမဟုတ်သလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ခံရခြင်းအား မှန်ကန်စွာ ခံယူသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဒါက လူတွေကို သန့်စင်ပြီး စုံလင်စေတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ညီမ သိသွားတယ်။ ညီမတို့ရဲ့ အသက်တာကြီးထွားမှုဖြစ်စဉ်မှာ ရင်ဆိုင်ပြီး ကြုံတွေ့ရမဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းက တစ်ခါတလေမှာ တော်တော် ပြင်းထန်ပြီး စိတ်ထိခိုက်နိုင်တယ်။ ဒါပေမဲ့ အဲဒါက ညီမတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဦးတည်ပြောတာပါ။ ညီမတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ မနာခံခြင်းကို တိုက်ရိုက်ဖော်ထုတ်ပြီး စိစစ်တာပဲ။ ညီမတို့အပေါ်ကို မလိုမုန်းထားတာ လုံးဝ တစ်ခုမှ မရှိဘူး။ ညီမတို့ကို ရှုတ်ချပြီး ဖယ်ရှားဖို့မဟုတ်ဘူး။ ညီမတို့ရဲ့ အနာဂတ်နဲ့ ကံကြမ္မာနဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ ညီမက ကိုင်တွယ်ဖြေရှင်းခံရတာက ရှုတ်ချခံရတာပဲ၊ အထုတ်ခံရပြီး ဖယ်ရှားခံရမှာပဲလို့ တလွဲယုံကြည်ခဲ့တယ်။ ဘုရားကို အဲဒီလို နားလည်မှုလွဲတာက သူ့ရဲ့ ဖြောင့်မတ်ခြင်းကို ငြင်းပယ်ပြီး သူ့ကို စော်ကားနေတာပဲ။ ခေါင်းဆောင်က ညီမကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာက ညီမရဲ့ မာနထောင်လွှားမှုနဲ့ ထင်ရာစိုင်းတာ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်တာတွေအတွက် အဓိကဖြစ်ပါတယ်။ အဲဒါက တော်တော်ကို ဒေါသထွက်စရာကောင်းပါတယ်။ ခေါင်းဆောင်က အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် ညီမကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြောင်းလဲစေချင်တယ်။ လေသံမာမာနဲ့ပြောတာက ဖြစ်လေ့ရှိတတ်ပါတယ်။ ပြီးတော့ သူက ညီမကို ထုတ်နေတာမဟုတ်ဘူး။ အဲဒီ အပြစ်မြင်တဲ့စကားတွေက ညီမပြဿနာတွေနဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အဓိကအချက်ကို တည့်တည့်ထိပြီး ပြဿနာရဲ့ ဆိုးရွားမှုကို မြင်စေတယ်။ ညီမ စိတ်နှလုံးက အရမ်းထုံထိုင်းပြီး မာကျောတယ်။ အဲဒီလိုသာမဟုတ်ရင် ကြင်နာတဲ့ အကြံပေးစကားတွေကို လုံးဝ လျစ်လျူရှုပြီး ဒီအမှားကိုပဲ ဆက်လုပ်မိနေမှာပဲ။ ဒါဆိုရင် ညီမတာဝန်မှာ လုံးဝ တိုးတက်မှုရှိမှာမဟုတ်ဘူး။ မကောင်းမှုဆက်လုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေမိမှာပဲ။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်တိုင်းမှာ ညီမရဲ့ လမ်းလွဲနေတာတွေ၊ အမှားတွေကို အဲဒါက ချက်ချင်း ပြင်ပေးတယ်။ ညီမရဲ့ ဆိုးယုတ်မှုကို တားဆီးပေးတယ်။ ဒါက ညီမအတွက် တကယ်ကို အထောက်အကူအဖြစ်ဆုံးအရာပဲ။ သမ္မာတရားမှာ ညီမ အကျိုးအမြတ်အများဆုံးရတဲ့အချိန်ကို သေချာစဉ်းစားကြည့်တော့ ညီမ ခလုတ်တိုက်လဲကျပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်တွေကနေ ရတာပဲ။ ကိုင်တွယ်ဖြေရှင်းခံရတာက ညီမတို့ကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် ဘုရားရဲ့ အကောင်းဆုံး၊ အထိရောက်ဆုံးနည်းလမ်းပဲလို့ ညီမ တကယ် ခံစားမိတယ်။ အဲဒါကို တွေ့ကြုံနိုင်တာက ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးဖြစ်ပြီး ညီမအတွက် ဘုရားရဲ့ အထူးမျက်နှာသာဖြစ်ပါတယ်။ ဒါပေမဲ့ ညီမက သမ္မာတရားကို မရှာဘူး။ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ဘုရားကို နားလည်မှုလွဲပြီးတော့ပဲ ဆက်နေနေတယ်။ ညီမရဲ့ အနာဂတ်နဲ့ ကံကြမ္မာကို စိတ်ပူနေတယ်။ တော်တော် ကျိုးကြောင်းမသင့်ဖြစ်ခဲ့သလို ဘာက ကိုယ့်အတွက်ကောင်းလဲဆိုတာ မသိခဲ့ဘူး။

တစ်ခါ စုဝေးပွဲတစ်ခုမှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ညီမ ဖတ်တယ်။ ညီမအပေါ် တော်တော်သက်ရောက်မှုရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တစ်စုံတစ်ယောက်သည် မိမိတာဝန်ကို ထမ်းဆောင်သောအခါတွင် အစဉ်သဖြင့် မိမိ၏ အကျိုးစီးပွားနှင့် မျှော်လင့်ချက်များအတွက် စီစဉ်နေလျှင်၊ အသင်းတော်အလုပ်အတွက်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားအတွက် မစဉ်းစားလျှင် ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပေ။ ဤသည်မှာ အခွင့်အရေး ယူခြင်းဖြစ်သည်။ မိမိ၏ အကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းနှင့် မိမိကောင်းချီးများရရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနောက်ကွယ်ရှိ သဘောသဘာဝက ပြောင်းလဲသွားသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူ လုပ်ခြင်းသာ ဖြစ်သလို မိမိ၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်အတွက် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအား အသုံးပြုလိုခြင်းသာဖြစ်သည်။ ဤသို့လုပ်ဆောင်သည့်ပုံစံသည် ဘုရားအိမ်တော်၏ အလုပ်အား အလွယ်တကူပင် အနှောင့်အယှက်ဖြစ်စေသည်။ ယင်းသည် အသင်းတော်အလုပ်အား အသေးစား ဆုံးရှုံးမှုများသာ ဖြစ်စေလျှင် ထိုသူသည် ရှင်းလင်းပစ်ခြင်းမခံရဘဲ ဆုံးရှုံးမှုများကို ပြန်လည် အဖတ်ဆယ်ရန်အတွက် အခွင့်အလမ်းရှိဆဲဖြစ်ပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ရန် အခွင့်အလမ်းပေးခြင်း ခံရနိုင်သေးသည်။ သို့သော် ယင်းက အသင်းတော်အလုပ်အပေါ် ကြီးစွာသော ဆုံးရှုံးမှုဖြစ်စေပြီး ဘုရားသခင်ကိုရော လူများကိုပါ ကြီးစွာသော အမျက်ဒေါသထွက်စေလျှင် သူသည် မိမိတာဝန်များကို ဆက်၍ ထမ်းဆောင်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ဘဲ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမည်ဖြစ်သည်။ အချို့သောလူတို့မှာ ဤပုံစံဖြင့် အထုတ်ခံရပြီး ဖယ်ရှားခြင်းခံရသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဖယ်ရှားခံရသနည်း။ အကြောင်းရင်းဇစ်မြစ်ကို သင်ရှာတွေ့ပြီးသလော။ အကြောင်းရင်းဇစ်မြစ်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို အစဉ် စဉ်းစားကြခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ လွှမ်းမိုးမှုကို အလွန်အမင်းခံထားရခြင်း၊ ဇာတိပကတိကို မစွန့်လွှတ်နိုင်ခြင်းနှင့် ဘုရားသခင်အပေါ် လုံးဝ နာခံသော သဘောထားမရှိခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မဆင်မခြင် ပြုမူတတ်ကြသည်။ ၎င်းတို့သည် သမ္မာတရား အနည်းငယ်ကို ရရှိဖို့ထက် အကျိုးအမြတ်၊ ကျေးဇူးတော်နှင့် ကောင်းချီးများကို ရရှိရန်အတွက်သာ ဘုရားသခင်အား ယုံကြည်ကြသဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် အရေးနိမ့်ရလေ၏။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ၎င်းတို့သည် ဖော်ထုတ်ခြင်းခံရပြီး ဖယ်ရှားခြင်းခံရသည်မှာ တရားမမျှတဟု သင်ထင်သလော။ ဤသည်မှာ တရားမမျှတခြင်း စိုးစဉ်းမျှ မရှိပေ။ ဤသည်မှာ ၎င်းတို့၏ သဘာဝအားဖြင့်သာ ဆုံးဖြတ်ခံရခြင်းဖြစ်သည်။ သမ္မာတရားကို မချစ်သော၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသော မည်သူမဆိုသည် အဆုံးတွင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဘုရားသခင်က ပြောတယ်။ ကိုယ့်တာဝန်မှာ ကိုယ်ကျိုးစီးပွားနဲ့ အနာဂတ်အတွက် အမြဲစဉ်းစားပြီး စီစဉ်နေရင် ကိုယ်လုပ်တဲ့အရာရဲ့ သဘောသဘာဝက ပြောင်းသွားပြီး တာဝန်ထမ်းဆောင်တာ မဟုတ်တော့ဘူး။ သေချာပေါက် မကောင်းမှုလုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်မိမယ်၊ ပြီးရင် အထုတ်ခံရပြီး ဖယ်ရှားခံရမှာပဲ။ ညီမက ခေါင်းဆောင်တစ်ခါမှ မဖြစ်ဖူးတော့ စည်းမျဉ်းတွေကို မသိခဲ့ဘူး။ ကိုယ်ကြိုက်တာမှန်သမျှ အများဆုံးလုပ်တယ်။ ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ့ နောင်တမရခဲ့ဘူး။ ကိုယ့်ကံကြမ္မာကိုပဲ ထည့်စဉ်းစားနေပြီး ပြောင်းရွှေ့ခံရမှာကို ကြောက်ခဲ့တယ်။ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပေမဲ့၊ အမှားမလုပ်မိအောင်လို့ ထောက်ပြဖို့ထက် အလုပ်ကိုပဲ နှောင့်နှေးစေချင်ခဲ့တယ်။ ဒါက တာဝန်ထမ်းဆောင်တာ မဟုတ်ပါဘူး။ အသင်းတော်အလုပ်ကို ထိခိုက်ပြီး မကောင်းမှုလုပ်နေတာပဲ။ ညီမ မြင်ခဲ့တဲ့ အထုတ်ခံရပြီး ဖယ်ရှားခံရတဲ့သူတချို့က သူတို့တာဝန်မှာ သူတို့အကျိုးစီးပွားကို အမြဲတမ်း ကာကွယ်နေခဲ့ကြတာ။ ပြဿနာတွေ ပေါ်လာပြီး သူတို့က ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ သမ္မာတရားစည်းမျဉ်းတွေကို သိပ်အားမစိုက်ဘဲ သူတို့ကိုယ်သူတို့ပဲ ဟန်ဆောင်ခဲ့ကြတယ်။ ဘုရားနဲ့ ခေါင်းဆောင်တွေကို သတိထားကာကွယ်လာကြတယ်။ အထုတ်ခံရပြီး ဖယ်ရှားခံရမှာကို အမြဲ စိုးရိမ်ကြပြီး ဒီဆိုးယုတ်တဲ့ သံသရာထဲမှာပဲ နေနေကြတယ်။ သူတို့ရဲ့ ဘုရားနဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်သလို၊ သူတို့တာဝန်မှာလည်း လုံးဝ ရလဒ်တွေမရကြဘူး။ တချို့ဆိုရင် မကောင်းမှုတောင်လုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တယ်။ နောက်ဆုံးတော့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရတယ်။ လူတစ်ယောက်ရဲ့ သူ့ယုံကြည်မှုနဲ့ တာဝန်မှာရှိတဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ စမှတ်၊ သူ့ရဲ့တာဝန်၊ ဘယ်လမ်းကို သူရွေးတယ်ဆိုတာတွေက အရမ်းအရေးပါမှန်းကို သူတို့ရဲ့ကျရှုံးမှုတွေကနေ ညီမ မြင်နိုင်ခဲ့တယ်။ ဒါတွေက သူတို့ရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်ကို တိုက်ရိုက်သက်ရောက်တယ်။ ညီမရဲ့ အခြေအနေ၊ အပြုအမူနဲ့ ညီမလျှောက်နေတဲ့ လမ်းကြောင်းက အဲဒီလူတွေနဲ့ အတူတူပဲ။ အမှားလုပ်မိမှာ၊ အပြစ်ဖော်ဆုံးမခံရမှာကို အမြဲတမ်းကြောက်နေရင်းနဲ့ တွန့်ဆုတ်ပြီး ဘုရားကို သတိထားကာကွယ်ခဲ့တယ်။ ကိုယ့်အကျိုးစီးပွားနဲ့ အနာဂတ်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားတယ်။ ဒါပေမဲ့ ခေါင်းဆောင် ပြောပြတဲ့ ညီမရဲ့ ပြဿနာတိုင်းကို ဖြေရှင်းဖို့အတွက် သမ္မာတရားစည်းမျဉ်းတွေကို ရှာတာ သိပ်မရှိခဲ့ဘူး။ ဒီလို အကြာကြီးဆက်ဖြစ်နေရင် ကိုယ့်တာဝန်မှာ တိုးတက်မှုရှိအောင်လုပ်ဖို့ ပျက်ကွက်ရုံမကဘူး။ အလုပ်ကိုပါ ထိခိုက်ပြီး ညီမက ပြစ်မှားမှုတစ်ခုကို ချန်ထားခဲ့မိမှာပဲ။ ဒါရဲ့ သဘာဝနဲ့ အကျိုးဆက်တွေက ဆိုးတယ်။ ဘုရားက ညီမကို ဖော်ထုတ်ပြီး ဖယ်ရှားတာမျိုး ဖြစ်မှာမဟုတ်ဘဲ ညီမက ကိုယ့်အနာဂတ်ကို ဖျက်ဆီးတာမျိုးပဲ ဖြစ်မှာပဲ။ အဲဒီလိုနဲ့ ညီမ သဘောပေါက်သွားတယ်။ အဲဒီအချိန်မှာ ညီမလုပ်ဖို့ အလိုအပ်ဆုံးက အထုတ်ခံရပြီး ဖယ်ရှားခံရမလားဆိုတာကို စိုးရိမ်ဖို့မဟုတ်ဘဲ ခေါင်းဆောင်ထောက်ပြတဲ့ ပြဿနာတွေကို တကယ် ဆင်ခြင်သုံးသပ်ကြည့်ဖို့၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေပြီး စဉ်းစားရာမှာ အားစိုက်ဖို့၊ စည်းမျဉ်းတွေကို ကြိုးစားလိုက်လျှောက်ဖို့ပဲ။ ညီမက အစွမ်းကုန်လုပ်ပြီး အဆင်မပြေသေးဘဲနဲ့ အထုတ်ခံရတယ်ဆိုရင် ဘုရားရဲ့ အစီအစဉ်တွေကို နာခံသင့်တယ်။

နောက်တော့ လက်တွေ့လုပ်ပြီး ဝင်ရောက်ဖို့ ဘုရားနှုတ်ကပတ်တော်တချို့ကို ညီမ ထပ်တွေ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏- ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားထုတ်မှုကို အသုံးပြုသောသူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ- ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။ ငါသည် မြှောက်ပင့်ခံရဖို့၊ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခံရဖို့ သို့မဟုတ် စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရဖို့ မနှစ်သက်သည်ကို ယခင်က ငါ ပြောပြီး ဖြစ်သည်။ ငါသည် ရိုးသားသောလူတို့ကို ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်တို့ကို ရင်ဆိုင်ကြစေလိုသည်။ ထို့ထက်ပင်ပို၍၊ လူတို့သည် ငါ၏ စိတ်နှလုံးအတွက် အဆုံးစွန် ဂရုစိုက်မှုနှင့် အရေးထားမှုတို့ကို ပြသနိုင်သည့်အခါ၊ ပြီးလျှင် ငါ့အတွက် အရာရာကိုပင် စွန့်လွှတ်နိုင်စွမ်းရှိကြသည့်အခါတွင် ငါနှစ်သက်သည်။ ဤနည်းဖြင့်သာ ငါ၏ စိတ်နှလုံး နှစ်သိမ့်ခံရနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍)လူတို့သည် ဘုရားသခင်အပေါ်၊ မိမိတို့တာဝန်အပေါ် ရိုးသားသော စိတ်နှလုံးတစ်ခုရှိရမည်။ ရိုးသားသော စိတ်နှလုံးရှိလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူများဖြစ်လိမ့်မည်။ ရိုးသားသော စိတ်နှလုံးရှိသောသူတို့သည် ဘုရားသခင်အပေါ်တွင် မည်သို့သော သဘောထားမျိုးရှိသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို နာခံသော စိတ်နှလုံးရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများ၊ သို့မဟုတ် ကံဆိုးခြင်းများကို စုံစမ်းမေးမြန်းခြင်း မပြုလုပ်ပေ။ အခြေအနေများနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောပေ။ ၎င်းတို့သည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဝကွက်အပ်နှံထားကြသည်။ ဤသူတို့သည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) သူတို့တာဝန်မှာ သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်နဲ့ ခရီးပန်းတိုင်ကို အမြဲတမ်းစဉ်းစားတဲ့သူတွေ၊ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ စဉ်းစားသူတွေက ဘုရားအပေါ်မှာ စစ်မှန်မှုမရှိဘဲ သူ့ကို အသုံးချပြီး လိမ်ညာနေတာပဲလို့ ဘုရားက ပြောတယ်။ သူတို့က ဘုရားကို ရွံရှာစေတယ်။ ဘုရားက သူတို့ကို မုန်းတီးတယ်။ ဘုရားက ကောင်းချီးတွေ၊ ကျိန်ခြင်းအမင်္ဂလာမှုတွေကို ဂရုမစိုက်တဲ့သူ၊ သတ်မှတ်ချက်တွေမရှိသလို၊ ကိုယ့်တာဝန်မှာ စစ်မှန်တဲ့ ရိုးသားတဲ့သူတွေကို နှစ်သက်တယ်။ အဲဒီလိုလူမျိုးကပဲ ဘုရားရဲ့ လက်ခံမှုကို ရတယ်။ ဘုရားအလိုတော်ကို နားလည်တာနဲ့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းကို ညီမတွေ့သွားတယ်။ ညီမတာဝန်မှာ ရိုးသားသူတစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားဖို့ကို အာရုံစိုက်ရမယ်။ ဘုရားဆီ ကိုယ့်စိတ်နှလုံးကို ဖွင့်ဟရမယ်။ တစ်ကိုယ်ရေ အကျိုးအမြတ်၊ ဆုံးရှုံးမှုတွေကို လက်လွတ်ရမယ်။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ ညီမအပေါ် ခေါင်းဆောင်ရဲ့ သဘောထားက ဘယ်လိုပဲရှိပါစေ၊ ညီမ အထုတ်ခံရသည်၊ မခံရသည်ဖြစ်စေ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ စည်းမျဉ်းတွေကို ရှာသင့်တယ်။ ဒါက အဓိကပဲ။ အဲဒီတုန်းက အဓိကအနေနဲ့ မာနထောင်လွှားတဲ့အတွက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေပြီး လုပ်ချင်သလို လုပ်နေတဲ့အတွက် ခေါင်းဆောင်က ညီမကို ကိုင်တွယ်ဖြေရှင်းနေခဲ့တာပဲ။ အဲဒီပြဿနာကို မကိုင်တွယ်ဘူးဆိုရင် ညီမက အဲဒီလိုဆက်လုပ်နေဖို့ များမှာပဲ။ အဲဒါနဲ့ ပေါ်လာတဲ့ ပြဿနာတစ်ခုစီတိုင်းကို ညီမ အနှစ်ချုပ်ပြီး တစ်ခုချင်းစီကို စည်းမျဉ်းတွေနဲ့ ယှဉ်ကြည့်တယ်။ တစ်ခုခုကို ညီမ မရှင်းဘူးဆိုရင် သူများတွေဆီသွားပြီး မိတ်သဟာယဖွဲ့တယ်။ အဲဒီနောက်တော့ ညီမ မသေချာတဲ့ဟာ တစ်ခုခုကို ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အမြန် မယုံကြည်တော့သလို၊ ကိုယ်စိတ်ကူးပေါက်သလို မလုပ်တော့ဘူး။ ဘုရားကို ဆုတောင်းပြီး စည်းမျဉ်းတွေကို တိတ်တဆိတ် ရှာဖွေတယ်။ တွဲဖက်အမှုဆောင်တွေနဲ့လည်း သဘောတူညီချက်ရတဲ့အထိ ဆွေးနွေးတယ်။ ဒီလိုမျိုး အချိန်ခဏလောက် လုပ်ပြီးသွားတော့ အမှားတွေ ပေါ်လာတာ နည်းသွားတယ်။ ကိုယ်တကယ် မဖြေရှင်းနိုင်တဲ့ အခက်အခဲကို ကြုံရတဲ့အခါ၊ အထက်ခေါင်းဆောင်တွေဆီကနေ ညီမ အကူအညီရှာတယ်။ တစ်ခါ ညီမ မေးကြည့်နေတုန်းမှာ အထက်ခေါင်းဆောင်က မိတ်သဟာယဖွဲ့ပြီးသွားတော့ ညီမက နည်းနည်း မသေမချာဖြစ်နေတုန်းပဲ။ ညီမမှာ မေးခွန်းနည်းနည်းရှိသေးတယ်လို့ ခံစားမိပြီး ထုတ်ပြောချင်တယ်။ ဒါပေမဲ့ မေးခွန်းကောင်းတွေ မဟုတ်မှာလည်း စိုးမိတယ်။ ညီမက အရည်အချင်းမရှိဘူး၊ အသိအမြင်မရှိဘူးလို့ ခေါင်းဆောင် ပြောကောင်းပြောနိုင်တယ် ပေါ့။ ညီမ တွန့်ဆုတ်နေတုန်းမှာပဲ ကိုယ့်အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေအတွက် ထပ်ပြီး စိတ်ပူနေမိမှန်း သတိထားမိလိုက်တယ်။ ဘုရားကို စပြီး ထပ်ခါထပ်ခါ ဆုတောင်းတယ်။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ ပြဿနာကို ညီမ တိတိကျကျမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ညီမရဲ့ ရည်ရွယ်ချက်တွေကို ပြင်ပြီး ဒီသမ္မာတရားရှုထောင့်နဲ့ပတ်သက်လို့ ရှင်းလင်းသွားအောင် လုပ်ချင်စိတ်ရှိနေခဲ့တယ်။ နောက်ဆုံးတော့ ညီမ သတ္တိမွေးပြီး မေးလိုက်တယ်။ ခေါင်းဆောင်က ညီမပြောတာ နားထောင်ပြီးတော့ ဒါတွေက တကယ် ပြဿနာတွေပဲလို့ ပြောတယ်။ သူက မိတ်သဟာယလည်း ဖွဲ့ပေးတယ်။ “မရှင်းတာ တစ်ခုခု၊ သေချာမပြောရသေးတာ တစ်ခုခုရှိသေးရင် ချက်ချင်း ထုတ်ပြောဖို့လိုတယ်။ အဲဒါက အသင်းတော်အလုပ်အတွက် အထောက်အကူဖြစ်မယ်” တဲ့။ ခေါင်းဆောင်က ဒီလိုပြောတာကို ကြားရတော့ ညီမ ဘုရားကို တော်တော်ကျေးဇူးတင်တယ်။ ပြီးတော့ တစ်ကိုယ်ရေ အကျိုးစီးပွားတွေကို လက်လွတ်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကနေ လာတဲ့ စိတ်ထဲက အေးချမ်းမှုကို ခံစားမိတယ်။

ဒီအတွေ့အကြုံတွေကတစ်ဆင့်၊ ကိုင်တွယ်ဖြေရှင်းခံရတာက တကယ်ကို ညီမတို့အတွက် ကောင်းတယ်ဆိုတာ သိခဲ့ရတယ်။ ကိုင်တွယ်ဖြေရှင်းခံရတာက ခဏတော့ ခံရခက်နိုင်တယ်။ ဒါပေမဲ့ အဲဒါကို အခု ညီမ ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး၊ နာခံနိုင်တယ်။ သမ္မာတရားစည်းမျဉ်းတွေကို ရှာနိုင်တယ်။ ညီမရဲ့ ပြဿနာကို ဖြေရှင်းနိုင်တယ်။ ဒါကြောင့် ညီမ တော်တော်ပိုပြီးတော့ စိတ်အေးရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အလိမ်အညာစကားလုံးများ၏နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသနည်း

ဟယ်ဇေမြို့၊ ရှန်ဒုန်းနယ်မှ ရှောင်ကျင်း ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မတို့ကို ရိုးသားပြီး အမှန်အတိုင်း တိတိကျကျ ပြောဖို့ မိန့်တော်မူသည်ကို...

ဧဝံဂေလိကို ကောင်းစွာ ဟောပြောရာတွင် တာဝန်ယူမှုသည် အဓိကကျ၏

မာရီ အိုင်ဗရီကို့စ်နိုင်ငံ အစ်မက ကိုယ့်တာဝန်တွေကို အလေးအနက် မထားဘဲ၊ တော်တော်ကို ပေါ့လျော့ခဲ့ဖူးတယ်။ များသောအားဖြင့် ပေါ့ပေါ့တန်တန်ပဲ...

သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ် ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။