ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကိုင်တွယ်ရန် နည်းလမ်း

28.08.2023

— ဝတ်ပြုခြင်းဆိုင်ရာ ဒိုင်ယာရီတစ်ပုဒ်

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ

၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ မိုးတိမ်ကင်းစင်

ဒီနေ့ တာဝန်အသစ်တစ်ခုကို ကျွန်မ စလုပ်ရတယ်။ စာသားနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်ရတယ်။ မျှော်လင့်မထားပေမဲ့ ဒီတာဝန်ကိုလုပ်ရတာ ကျွန်မ ပျော်ပါတယ်။ ဒါဟာ ဘုရားရဲ့ ကျေးဇူးတော်ဖြစ်တယ်၊ ကျွန်မကို လက်တွေ့လုပ်ဖို့ အခွင့်အရေးပေးနေတာဖြစ်တယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မ ကောင်းကောင်းလုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်မက ဒီအလုပ်နဲ့ မရင်းနှီးတာ ဒီလိုအလုပ်မျိုးမှာသူများတွေက တစ်ဇွတ်ထိုးလုပ်ပြီး စည်းမျဉ်းနဲ့မညီလို့ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရတာတွေကို တွေးမိတော့ ကျွန်မ စိတ်ပူလာပြီး “ငါလည်း ဒီတာဝန်မှာ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာကို ခံရမှာလား။ ဒါပေမဲ့ ပြုပြင်ခံရတာကနေ သင်ခန်းစာယူနိုင်ရင် ဒါ ကောင်းတဲ့အရာမဟုတ်ဘူးလား။ ဒါ သမ္မာတရားကို ရဖို့ အရမ်းကောင်းတဲ့ အခွင့်အရေးပဲ” ဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ နောက်ဆုံးတော့ ဒီတာဝန်ကို ကျွန်မ လက်ခံလိုက်တယ်။

၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့၊ တနင်္ဂနွေ၊ တိမ်ထူထပ်

အချိန်က အကုန်မြန်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် ကျွန်မက စာသားဆိုင်ရာအလုပ်ကို လတစ်ဝက်ကျော်အထိ လုပ်ပြီးနေပြီ။ ခေါင်းဆောင်က အလုပ်နဲ့ပတ်သက်ပြီး စည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့ပြီး လမ်းပြပေးတော့ ကျွန်မက ဒီအလုပ်နဲ့ နည်းနည်းပိုရင်းနှီးလာပြီး စည်းမျဉ်းတချို့ကို သိလာတယ်။ ဒီနေ့ ညီအစ်ကိုမောင်နှမတချို့က သူတို့တာဝန်ကို စည်းမျဉ်းနဲ့အညီမလုပ်ဘဲ တစ်ဇွတ်ထိုးလုပ်တာကြောင့် ကိုင်တွယ်ဖြေရှင်းခံရတာကို ကျွန်မ တွေ့ရတယ်။ ကျွန်မကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းခံရမှာကို ကြောက်ပြီး တော်တော်စိတ်လှုပ်ရှားတယ်။ ခေါင်းဆောင်က ပြုပြင်တယ်ဆိုတာက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပြဿနာရဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ထောက်ပြတာ၊ ဒါက ကျွန်မတို့ကို ကိုယ်ကိုယ်ကိုယ် သိပြီး သမ္မာတရားစည်းမျဉ်းထဲကို ဝင်ရောက်အောင် ကူညီပေးတယ်ဆိုတာတွေကို ကျွန်မ သိပေမဲ့ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာကို မခံချင်သေးဘူး။ အစ်ကိုဆောက ဒီနေ့ သူ့တာဝန်ကိုစည်းမျဉ်းနဲ့အညီမလုပ်လို့ ကိုင်တွယ်ဖြေရှင်းခံရတယ်။ ခေါင်းဆောင်က သူနဲ့အတူ ထပ်ခါထပ်ခါ မိတ်သဟာယဖွဲ့ပြီး ဒါကို ပြင်ပေးတယ်။ ဒါပေမဲ့ သူက ဒီအမှားကိုပဲ ဆက်လုပ်နေတယ်။ သူက ဝိညာဉ်ရေးရာမှာ ခံစားချက်နည်းပြီး စည်းမျဉ်းတွေကို နားမလည်ဘူးလို့ ခေါင်းဆောင်ကပြောတယ်။ ဒီစကားတွေက ကျွန်မကို ဦးတည်ပြောတာမဟုတ်ပေမဲ့ “ဝိညာဉ်ရေးရာ ခံစားချက်နည်းတယ်” ဆိုတဲ့ စကားကိုကြားတော့ နည်းနည်းထိသွားသလို ခံစားရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တယ်။ “ငါ စည်းမျဉ်းတွေနဲ့အညီ လုပ်ရမယ်။ ဘာအမှားမှ လုပ်လို့မဖြစ်ဘူး။ မဟုတ်ရင် ကိုင်တွယ်ဖြေရှင်းတာ ခံရမှာ။ ငါက ဝိညာဉ်ရေးရာ အားနည်းတယ်လို့ အမြင်ခံရရင် ဒုက္ခရောက်မှာပဲ။ ဒီလိုလူက ဘယ်လိုလုပ် ကယ်တင်ခံရနိုင်မှာလဲ။ ပျိုးထောင်ပေးဖို့တောင် ထိုက်တန်ရဲ့လား” ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ ပိုပြီးတော့ပဲ စိတ်ပူလာတယ်။ ဒီညနေမှာ ကျွန်မတာဝန်ကို ထမ်းဆောင်တော့ ကျွန်မ တစ်ချိန်လုံး စိတ်ဖိစီးနေတယ်။ အလုပ်ကို လွဲသွားမှာကြောက်ပြီး အရမ်းကို သတိထားပြီးလုပ်တယ်။ ဒါပေမဲ့ တခြားလူတွေ ကိုင်တွယ်ဖြေရှင်းခံရတာက ဘာလို့ ကျွန်မအပေါ် ဒီလောက်သက်ရောက်နေတယ်ဆိုတာ ကျွန်မ နားမလည်ဘူး။

၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၉ ရက်၊ သောကြာ၊ တိမ်ကင်းစင်

အခုရက်ပိုင်း ကျွန်မတာဝန်မှာ စိုးရိမ်တာတွေများနေပြီး အမြဲတမ်း သတိထားနေမိတယ်။ မှားသွားမှာကို တော်တော်ကြောက်နေတယ်။ တစ်ခါတလေ သူများတွေက ကျွန်မအမြင်ကို မေးတယ်။ ဒါပေမဲ့ ကျွန်မ သေချာတဲ့ အကြံတွေရှိရင်တောင် မှားပြောမိမှာစိုးနေတယ်။ ကျွန်မအမြင်ကို ထုတ်မပြောခင် တခြားလူတွေဆီသွားပြီး သူတို့လက်ခံတာတွေကို ရအောင်လုပ်ရတယ်။ ရိုးရိုးသားသားပြောရရင် ကိုယ့်တာဝန်ကို ဒီလိုလုပ်ရတာ အရမ်းပင်ပန်းတယ်။ ဘုရားနဲ့ ဝေးသွားသလို ခံစားရတယ်။ ဒီနေ့ ကျွန်မကို တကယ်တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏အိမ်တော်တွင် အလုပ်လုပ်သော အန္တိခရစ်အချို့သည် စေ့စပ်သေချာစွာ လုပ်ဆောင်ရန်၊ အမှားများပြုလုပ်ခြင်း၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ အထက်ကို စိတ်ဆိုးစေခြင်း၊ သို့မဟုတ် မကောင်းသည့်အရာတစ်ခုခုလုပ်ဆောင်နေခြင်းကို ၎င်းတို့၏ ခေါင်းဆောင်က ဖမ်းမိခြင်းတို့ကို ရှောင်ကြဉ်ရန် တိတ်တဆိတ် စိတ်ပိုင်းဖြတ်ထားကြသည်။ ပြီးလျှင် ၎င်းတို့သည် ကောင်းမှုများလုပ်ဆောင်သောအခါ ကြည့်ရှုသောသူများရှိနေစေရန် သေချာအောင် ပြုလုပ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် မည်မျှ စေ့စပ်သေချာပါစေ၊ မှားယွင်းသောစမှတ်မှ စတင်ပြီး လမ်းမှားကို လိုက်သောကြောင့်၊ ဂုဏ်နှင့် အဆင့်အတန်းအတွက် လုပ်ဆောင်ပြီး သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေသောကြောင့် ၎င်းတို့သည် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်ကြသည်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးကြသည်။ စာတန်၏ လက်ပါးစေအဖြစ် ပြုမူပြီး ပြစ်မှားမှုများကိုပင် မကြာခဏ ကျူးလွန်ကြသည်။ ဤသို့သောသူများက မကြာခဏ စည်းမျဉ်းများကို ချိုးဖောက်ပြီး ပြစ်မှားမှုများကို ကျူးလွန်သည်မှာ အလွန်ပင်အတွေ့ရများသည်။ ထို့ကြောင့် ၎င်းတို့အတွက် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ရှောင်ရန် ခက်ခဲသည်မှာ မှန်သည်။ ယခုတွင် အန္တိခရစ်များသည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသောအခါ၌ အဘယ်ကြောင့် အလွန်သတိရှိစွာ လုပ်ဆောင်ကြသနည်း။ သေချာသည်မှာ အကြောင်းပြချက်တစ်ခုက ‘ငါ ဂရုစိုက်ရမယ်။ တကယ်တမ်းကျတော့ “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးပဲ”။ ပြီးတော့ “ကောင်းတဲ့သူတွေက ငြိမ်းချမ်းတဲ့ ဘဝရှိတယ်။” မကောင်းတာလုပ်တာ၊ ပြဿနာတက်တာတွေကို ရှောင်ဖို့ အချိန်တိုင်း ဒီစည်းမျဉ်းတွေကို လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးရမယ်။ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ရည်ရွယ်ချက်တွေကို ချုပ်တည်းရမယ်။ ငါအမှားမလုပ်ဘဲ အဆုံးထိ ဇွဲရှိရှိနဲ့ လုပ်နိုင်ရင် ကောင်းချီးတွေရမယ်။ ကပ်ဘေးတွေကို ရှောင်နိုင်မယ်။ ဘုရားသခင်အပေါ် ငါ့ရဲ့ ယုံကြည်မှုမှာ အောင်မြင်လိမ့်မယ်’ ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် ဤနည်းအားဖြင့် မကြာခဏ မိမိတို့ကိုယ်ကို တိုက်တွန်းကြသည်။ လှုံ့ဆော်ပြီး အားပေးကြသည်။ ၎င်းတို့သည် အမှားလုပ်လျှင် ကောင်းချီးရဖို့ ၎င်းတို့၏ အခွင့်အရေးများက သိသိသာသာ လျော့နည်းလိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် နေရာယူနေသော တွက်ချက်မှုနှင့် ယုံကြည်မှုမဟုတ်သလော။ အန္တိခရစ်များ၏ ဤတွက်ချက်မှု၊ သို့မဟုတ် ယုံကြည်မှုသည် မှန်သည်၊ မှားသည်ကို ဘေးဖယ်ထားပြီး ဤယုံကြည်မှုကို အခြေခံကြည့်လျှင် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို ခံရသောအခါ မည်သည့်အရာကို အစိုးရိမ်ဆုံး ဖြစ်မည်နည်း။ (၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြစ်သည်။) ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် ဆက်စပ်သည်။ ဤသည်မှာ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့် သက်ဆိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဒီအပိုဒ်က ကျွန်မ အခြေအနေကို အတိအကျ ဖော်ပြတယ်။ သူများတွေ ကိုင်တွယ်ဖြေရှင်းခံရတာကို ကျွန်မ မြင်တော့ ဘုရားသခင်ဆီကလာတယ်လို့ လက်မခံဘူး။ ဒါမှမဟုတ် ဒီလူတွေက ဘာကြောင့် ကိုင်တွယ်ဖြေရှင်းခံရတယ်၊ ဘယ်လို လမ်းလွဲသွားတယ်၊ သူတို့ မအောင်မြင်တာတွေကနေ ကျွန်မ ဘယ်လို သင်ယူနိုင်တယ်၊ စည်းမျဉ်းနဲ့အညီလုပ်ဖို့ နောင်ကျရင် ဒီလိုမျိုး လွဲချော်တာတွေကို ဘယ်လိုရှောင်သင့်တယ်ဆိုတာတွေကို မရှာဘူး။ အဲဒီအစား ကျွန်မက ကိုင်တွယ်ဖြေရှင်းခံရတာနဲ့ ကျွန်မ ကံကြမ္မာကြားကို မမြင်နိုင်တဲ့၊ နီးကပ်တဲ့ ကွင်းဆက်တစ်ခုကို ဆွဲတယ်။ ပိုပြီး အလေးအနက် ကိုင်တွယ်ဖြေရှင်းခံရလေလေ၊ ကောင်းချီးခံရဖို့ မျှော်လင့်ချက်နည်းလေလေပဲလို့ ခံစားမိတယ်။ ကျွန်မက ပိုပြီး သတိထားကာကွယ်ပြီး သတိနဲ့နေလာတယ်။ အမှားတွေအများကြီးမလုပ်သရွေ့၊ ကိုင်တွယ်ဖြေရှင်းတာ မခံရသရွေ့ ကောင်းချီးခံရဖို့ မျှော်လင့်ချက်ရှိတယ်ဆိုပြီး တွေးတယ်။ ကိုင်တွယ်ဖြေရှင်းခံရတာကို ကျွန်မက နားမလည်တော့၊ ပြီးတော့ ကောင်းချီးတွေကို အရမ်းတန်ဖိုးထားတော့ ကျွန်မက ကိုယ့်ကံကြမ္မာနဲ့သက်ဆိုင်တာတွေဆို အရမ်းအထိမခံနိုင်ဖြစ်ပြီး ကိုယ်လုပ်သမျှမှာ အရမ်းသတိထားနေတယ်။ သတိမထားရင် ကိုင်တွယ်ဖြေရှင်းခံရပြီး ကောင်းတဲ့ရလဒ်ကို ဆုံးရှုံးရမှာကို ကြောက်နေတယ်။ ကျွန်မက အရမ်းဆိုးယုတ်ပြီး လှည့်စားတတ်တယ်ဆိုတာ မြင်နိုင်တယ်။ ခေါင်းဆောင်က စည်းမျဉ်းတွေကို ကျွန်မတို့နဲ့အတူ ခဏခဏ မိတ်သဟာယဖွဲ့ပြီး လက်တွဲခေါ်တယ်။ ဒါပေမဲ့ ကျွန်မတို့က သူ့စကားတွေကို အလေးအနက်မထားဘူး။ ကျွန်မတို့က တစ်ဇွတ်ထိုး၊ မမြင်မကန်းဆက်လုပ်ပြီး အလုပ်ကို နှောင့်ယှက်တယ်။ ကျွန်မတို့ကို ကိုင်တွယ်ဖြေရှင်းတာက လုံးဝ သာမန်အလုပ်ပဲမဟုတ်ဘူးလား။ စဉ်းစားချင့်ချိန်နိုင်တဲ့သူက ဒါနဲ့ပတ်သက်ပြီး သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်မှာပဲ။ ဘယ်နေရာမှာ စံမမီဖြစ်နေတယ်၊ ဝိညာဉ်ပိုင်းအားနည်းတယ်ဆိုတာ ဆင်ခြင်ကြည့်မှာပဲ။ ပြီးရင် သမ္မာတရားကို ရှာပြီး သူလမ်းလွဲနေတာတွေကို ချက်ချင်းပြုပြင်မှာပဲ။ ဒါက အပြုသဘောဆောင်တဲ့ ဝင်ရောက်မှုရှိပြီး သမ္မာတရားကိုရှာတဲ့သူပဲ။ ကျွန်မတို့ကို သမ္မာတရားကို ဝင်ရောက်ပြီး တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်အောင် ကူညီပေးဖို့ ကိုင်တွယ်ဖြေရှင်းခံရတာပါ။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို ရှာတာ၊ ဆင်ခြင်သုံးသပ်တာ မလုပ်ရုံတင်မကဘူး။ သတိထားကာကွယ်နေပြီး နားလည်မှုလည်း လွဲနေတယ်။ အဆိုးနဲ့အကောင်းကို မခွဲခြားနိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်ဖွင့်ပြမှုကြောင့် အခု ကျွန်မ အခြေအနေကို နည်းနည်းနားလည်သွားပြီ။

၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်၊ တနင်္လာ၊ မိုးသည်းထန်

ဒီနေ့ စုဝေးပွဲမှာ ဆောလ်က ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ အပျက်သဘောဆောင်လာတာ၊ စိတ်ကျဉ်းကျပ်ပြီး ချုပ်ချယ်ခံရသလို ခံစားလာရတာကို ခေါင်းဆောင်က သိသွားတယ်။ ကျွန်မတို့ စိတ်ကျဉ်းကျပ်သလားဆိုပြီး ခေါင်းဆောင်ကမေးတယ်။ ကျွန်မရဲ့ လက်ရှိအခြေအနေကို ပြန်စဉ်းစားကြည့်ပြီး နည်းနည်းစိတ်ကျဉ်းကျပ်တယ်လို့ ပြောလိုက်တယ်။ အဲဒီမှာ ခေါင်းဆောင်က ကျွန်မကို တော်တော်တို့ထိခဲ့တဲ့ မိတ်သဟာယနည်းနည်း ဖွဲ့ပေးတယ်။ သူကပြောတယ်။ “လူတချို့က ခဏခဏ ကိုင်တွယ်ဖြေရှင်းခံရတာတောင် ဘာလို့ သမ္မာတရားကို မရသေးတာလဲ၊ စိတ်ကျဉ်းကျပ်တယ်၊ ဖိနှိပ်ခံရတယ်၊ နာကျင်ရတယ်လို့ ပြောတာလဲ။ ဒါဟာ သမ္မာတရားကို နားလည်ဖို့၊ ရဖို့အတွက်ကို အာရုံမစိုက်လို့ပဲ။ သူတို့က ဘာမှ မရဘူးဆိုတဲ့ သဘောပေါ့။ သူတို့က ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ အတိုက်အခံဖြစ်ပြီး စိတ်ဆိုးတယ်။ တခြားလူတွေကို ဆန့်ကျင်တယ်။ ဒါ သမ္မာတရားကို လက်ခံတဲ့သူလား။ တကယ်တမ်းမှာ ဒီလူတွေက သမ္မာတရားစည်းမျဉ်းတွေကို ချိုးဖောက်လို့ ကိုင်တွယ်ဖြေရှင်းခံရတာ။ ဒါပေမဲ့ သူတို့က ဆင်ခြင်သုံးသပ်ကြည့်ဖို့ ငြင်းဆန်ပြီး ချောင်ခိုတာတောင် လုပ်တယ်။ ဒါ သူတို့က သမ္မာတရားကို လက်မခံဘူး၊ သမ္မာတရားကို ဆန့်ကျင်တယ်၊ ကွဲလွဲနေတယ်ဆိုတာကို ပြတာပေါ့။ သမ္မာတရားနဲ့ ကွဲလွဲနေတယ်ဆိုတာ အနှစ်သာရအရ ဘုရားနဲ့ ကွဲလွဲတာပဲ။ ဒါရဲ့ သဘောသဘာဝက အရမ်း အရေးကြီးတယ်” တဲ့။ သမ္မာတရားကို၊ ကိုင်တွယ်ဖြေရှင်းခံရတာကို ငြင်းဆန်တဲ့သဘာဝက ဘယ်လောက်ဆိုးတယ်၊ ဒီအခြေအနေက ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ ခေါင်းဆောင်ရဲ့ မိတ်သဟာယကြောင့် နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ အိမ်ပြန်ရောက်တော့ တော်တော်ကြာတဲ့အထိ နေလို့မရဖြစ်နေပြီး အိပ်ရာပေါ်လှဲပြီး တော်တော်နဲ့ အိပ်မပျော်ဘူး။ ဒီအခြေအနေက မတော်တဆဖြစ်တာမဟုတ်ဘူး၊ ဒီနောက်ကွယ်မှာဘုရားအလိုတော်ရှိနေတယ်လို့ ခံစားမိတယ်။ ကျွန်မ စပြီး တွေးမိတယ်။ သမ္မာတရားကို လက်မခံဘူးဆိုတာကို အတိအကျ ဘယ်လိုပြတာလဲ။ ဒီအခြေအနေမှာ ကျွန်မ ဘယ်လိုသင်ခန်းစာယူပြီး ဆင်ခြင်သုံးသပ်နိုင်သလဲ ပေါ့။

၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့၊ တိမ်ကင်းစင်

ဆောလ်က ဒီနေ့ အထုတ်ခံရတယ်။ တခြားလူတချို့လည်း သမ္မာတရားကို လက်မခံလို့၊ သူတို့တာဝန်တွေမှာ မတိုးတက်လို့ အထုတ်ခံရတယ်။ ဆောလ်က သူ့တာဝန်ကို တစ်ဇွတ်ထိုးလုပ်ပြီး စည်းမျဉ်းတွေကို ချိုးဖောက်တယ်၊ ခေါင်းဆောင်က အချိန်တိုင်းမှာ သူနဲ့ စည်းမျဉ်းတွေကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့တယ်ဆိုတာ အစ်မတစ်ယောက်ဆီကနေ ကျွန်မ သိရတယ်။ တစ်ခါတလေမှာ ခေါင်းဆောင်က သူ့ကို ပြုပြင်ပြီး သူ့ပြဿနာရဲ့ အနှစ်သာရကို ထောက်ပြတယ်။ ဒါပေမဲ့ ဆောလ်က သမ္မာတရားကို မရှာဘူး၊ မဆင်ခြင်ဘူး။ သူကပြုပြင်ခံရတာကို တုံ့ပြန်တဲ့အနေနဲ့ ချောင်ခိုတယ်။ အလုပ်အကြောင်းဆွေးနွေးတာတွေမှာ သူ့အမြင်ကို မျှဝေဖို့ ငြင်းဆန်တယ်။ တစ်ခါတော့ စုဝေးပွဲတစ်ခုမှာ သူကပြောတယ်။ “ကျွန်တော် ကောင်းကောင်းလုပ်တဲ့အချိန်မှာ ခေါင်းဆောင်က မမြင်ဘူး။ ဒါပေမဲ့ မလုပ်ရင် ကိုင်တွယ်ဖြေရှင်းခံရတယ်” တဲ့။ သူက ဒီလိုပြောတယ်ဆိုတာ ယုံဖို့ခက်တယ်။ ပြီးတော့ ဒီလိုပြောနိုင်တယ်ဆိုတဲ့ အချက်က သမ္မာတရားကို သူလုံးဝ လက်မခံဘူးဆိုတာ ပြတာပဲ။ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ကျွန်မ ဖတ်တယ်။ “အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါ သူလုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ သူ၏ စိတ်နှလုံးအတွင်းထဲတွင် အတိုက်အခံဖြစ်ပြီး ငြင်းပယ်ခြင်းဖြစ်သည်။ သူသည် တွန်းလှန်တိုက်ခိုက်၏။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အန္တိခရစ်များသည် ၎င်းတို့၏ တကယ့်သဘာဝနှင့် အနှစ်သာရအရ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသောကြောင့်၊ သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်ဖြစ်သည်။ အလိုအလျောက်ပင် အန္တိခရစ်၏ အနှစ်သာရနှင့် စိတ်သဘောထားက ၎င်းတို့ကိုယ်တိုင်၏ အမှားများကို ၎င်းတို့အသိအမှတ် မပြုအောင်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့အသိအမှတ် မပြုအောင် ပိတ်ပင်တားဆီးထားသည်။ ဤနှစ်ချက်ကို အခြေခံလျှင် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအပေါ် အန္တိခရစ်၏ သဘောထားသည် ယင်းကို အပြည့်အဝ၊ လုံးလုံး ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ယင်းကို ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ မုန်းတီးပြီး အတိုက်အခံပြုသည်။ အမှန်တကယ် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် နောင်တရခြင်းတို့ ရှိဖို့ မဆိုထားနှင့်၊ လက်ခံခြင်း၊ သို့မဟုတ် နာခံခြင်းအရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါ ယင်းကို မည်သူကလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အမှုကိစ္စအတွက် ၎င်းတို့ကို အပြစ်တင်သည့် ပမာဏက မည်မျှရှိသည်ဖြစ်စေ၊ အမှားက မည်မျှ ပေါ်လွင်သည်ဖြစ်စေ၊ ဆိုးယုတ်မှု မည်မျှကို ၎င်းတို့ကျူးလွန်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆိုးယုတ်မှုက အသင်းတော်အတွက် မည်သည့်အကျိုးဆက်များကို ဖန်တီးသည်ဖြစ်စေ အန္တိခရစ်သည် ဤအရာတစ်ခုတစ်လေကိုမျှ ထည့်မစဉ်းစားပေ။ အန္တိခရစ်တစ်ဦးအဖို့၊ သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနေသူသည် သူတစ်ဦးတည်းကိုသာ ပြောဆိုနေခြင်း၊ သို့မဟုတ် သူ့ကို အပြစ်ဒဏ်ပေးရန် အမှားများကို တမင်သက်သက်ရှာနေခြင်းဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့သည် အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရသည်၊ လူသားဆန်စွာ ဆက်ဆံခံရခြင်းမရှိသကဲ့သို့၊ သိမ်ငယ်အောင်ပြုလုပ်ခံရပြီး အထင်သေးခံရသည်ဟူ၍ပင် တွေးထင်နိုင်သည်။ အန္တိခရစ်များသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်တွင် ၎င်းတို့ အမှန်တကယ် မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်မှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ၎င်းတို့ ဖွင့်ပြခဲ့သည်ကိုလည်းကောင်း၊ ထိုအရေးကိစ္စတွင် စည်းမျဉ်းများကို ၎င်းတို့ ရှာဖွေခဲ့ခြင်းရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့တာဝန်ကို ဖြည့်ဆည်းခဲ့ခြင်းရှိမရှိကိုလည်းကောင်း မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားကြည့်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ခြင်း၊ ဤအရာတစ်ခုတလေနှင့်ပတ်သက်ပြီး ဆင်ခြင်ခြင်းမရှိသကဲ့သို့ ဤပြဿနာများကိုလည်း တွေးဆခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့်အညီ ချဉ်းကပ်သည်။ အန္တိခရစ်များသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အချိန်တိုင်းတွင် ဒေါသ၊ မကျေမနပ်ဖြစ်မှု၊ အားမရမှုများဖြင့် ပြည့်နေပြီး မည်သူ့ဆီက အကြံဉာဏ်ကိုမျှ နားထောင်မည်မဟုတ်ပေ။ ၎င်းတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းကို လက်ခံရန် ငြင်းဆန်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ သင်ယူလေ့လာပြီး စဉ်းစားဆင်ခြင်ရန်၊ ဝတ်ကျေတန်းကျေလုပ်ဆောင်ခြင်း၊ သို့မဟုတ် ဂရုမစိုက်ခြင်း၊ သို့မဟုတ် တာဝန်တွင် ဒေါသတကြီးရမ်းကားခြင်းကဲ့သို့သော စည်းမျဉ်းများကို ချိုးဖောက်သည့် ၎င်းတို့ လုပ်ရပ်များကို ကိုင်တွယ်ရန်အတွက် ဘုရားရှေ့မှောက်သို့ ပြန်လာရန် မတတ်နိုင်ကြသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းရန် ဤအခွင်အရေးကိုလည်း အသုံးမပြုကြပေ။ ထိုအစား မိမိတို့ကိုယ်ကိုယ် ခုခံရန်၊ မိမိတို့ကိုယ်ကိုယ် သက်သေထူရန် ဆင်ခြေများရှာကြပြီး သဘောထားကွဲလွဲမှုကို ဆွပေးကာ သူတစ်ပါးတို့ကို လှုံ့ဆော်သည့်အရာများကိုပင် ပြောကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂)ရုတ်တရက်ပေါ်ပေါက်လာသည့် ပတ်ဝန်းကျင်များ မည်သို့ပင်ရှိပါစေ— အထူးသဖြင့် အတိဒုက္ခကို ရင်ဆိုင်ရသည့်အခါနှင့် အထူးသဖြင့် ဘုရားသခင်က လူများကို ထုတ်ဖော်သည့်အခါ၊ သို့မဟုတ် ဖော်ထုတ်ပြသည့်အခါတွင်— ဘုရားသခင်၏ စကားများနှင့် လုပ်ရပ်များသည် မှန်သလော၊ မှားသလောကို ဆန်းစစ်ခြင်း၊ လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းတို့အစား လူတစ်ဦးအနေဖြင့် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များအပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်ဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာခြင်း ဖြစ်သည်။ သင်သည် လျော်ကန်သည့် နေရာတွင် နေနေပါက သင်လုပ်ဆောင်နေသင့်သည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သင်သိသင့်သည်။ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြပြီး သမ္မာတရားကို နားမလည်ကြချေ။ ဤသည်မှာ ကြီးမားလှသော ပြဿနာတစ်ခုကား မဟုတ်ပေ။ သို့ရာတွင် လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားကို နားမလည်သော်လည်း သမ္မာတရားကို မရှာဖွေသည့်အခါတွင်မူ ၎င်းတို့၌ တကယ့်ပြဿနာရှိလေပြီ။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး သမ္မာတရားကို နားမလည်သောကြောင့် သင်၏ စိတ်နေစိတ်ထားကဖြစ်စေ၊ လိုလားမှုကဖြစ်စေ၊ စိတ်ခံစားချက်များကဖြစ်စေ စေစားသည့်အတိုင်း သင်သည် ဘုရားသခင်ကို ထင်ရာမြင်ရာ အကဲဖြတ်ကာ သူ့ကို ချဉ်းကပ်ပြီး ဆက်ဆံနိုင်သေးသည်။ သို့သော်လည်း သင်သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပါက အမှုကိစ္စများသည် သိပ်ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိမည်မဟုတ်ရုံသာမက သူသည် မဖြောင့်မတ်ကြောင်း၊ သူလုပ်သမျှက မှန်ကန်လှသည်လည်း မဟုတ်ကြောင်း ပြောဆိုလျက် သူ့အပေါ် အထင်လွဲပြီး ညည်းညူနိုင်ကာ သူ့ကို ရှုတ်ချပြီး ဆန့်ကျင်၍ သင့်စိတ်နှလုံးထဲတွင် သူ့ကို ကြိမ်းပင် ကြိမ်းပြီး ငြင်းပယ်ခြင်းပင် ပြုနိုင်သည်။ ထိုသို့သော အရာများကို သင်ဖြစ်ပေါ်စေနိုင်သေးသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ (အန္တရာယ်ရှိပါသည်။) ယင်းမှာ အလွန် အန္တရာယ်ရှိပေသည်။ သမ္မာတရားကို မရှာဖွေခြင်းသည် လူတစ်ယောက်ကို သူ၏ အသက်ကို ဆုံးရှုံးရစေနိုင်သည်။ ပြီးလျှင် ဤအရာက အချိန်မရွေးနှင့် နေရာမရွေး ဖြစ်ပေါ်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၃))မကြာခဏ မထုံတက်သေးဖြစ်သည့် လူတိုင်းအတွက်မှာမူ ဤသည်မှာ သမ္မာတရားကို လက်ခံဖို့ မတတ်စွမ်းနိုင်ခြင်းအားဖြင့် ဖြစ်ရသည်။ သင်သည် သမ္မာတရားကို လက်မခံလျှင် မထုံတက်‌သေးဖြစ်ခြင်းသည် သင့်အား မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ခြောက်လှန့်လိမ့်မည်ဖြစ်ပြီး သင်သည် အစဉ်သဖြင့် မထုံတက်‌သေးဖြစ်ခြင်း အခြေအနေတွင် ရှင်သန်ပြီး ဘုရားသခင်အပေါ် အပြစ်တင်သော၊ မနာခံသော၊ မကျေမနပ်ဖြစ်သော သဘောထားဖြစ်ပေါ်စေလိမ့်မည်။ သင်သည် ဘုရားသခင်အား စတင်၍ အတိုက်အခံပြုသည့်၊ ပုန်ကန်သည့်၊ အော်ဟစ်သည့်အခြေအနေအထိ ရောက်လာသောအချိန်တွင် သင်သည် မခံနိုင်တော့သည့် အခြေအနေသို့ ရောက်ပြီးဖြစ်လိမ်မည်။ လူတို့သည် သင့်အား စတင်၍ စစ်ဆေးပြီး တံဆိပ်ခတ်သောအခါ သင်သည် အခြေအနေ၏ မနှစ်မြို့ဖွယ် လက်တွေ့အရှိတရားကို အလွန်နောက်ကျမှ နားလည်သဘောပေါက်မည်ဖြစ်ပြီး သင်၏ ရင်ကို ထုလျက် မြေပေါ်သို့ လဲကျလိမ့်မည်။ ထို့နောက်တွင် သင်လုပ်ဆောင်နိုင်သမျှမှာ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို စောင့်ဆိုင်းရန်သာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) လူတစ်ယောက်က သမ္မာတရားကို လက်ခံသလားဆိုတာကို အရှင်းလင်းဆုံး ညွှန်ပြတာက ကိုင်တွယ်ဖြေရှင်းခံရတာကို သူတို့ ဘယ်လို ကိုင်တွယ်သလဲဆိုတာပဲဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကြောင့် နောက်ဆုံးမှာ ကျွန်မ နားလည်သွားတယ်။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ သမ္မာတရားကို လိုက်စားပြီး လက်ခံတဲ့သူတွေက ဆင်ခြင်သုံးသပ်နိုင်တယ်။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခံရပါစေ ဘုရားကို အမြဲတမ်း ဆုတောင်းနိုင်ကြတယ်။ သူတို့က အတိအကျ ဘယ်နေရာမှာ မှားသွားတယ်၊ ဘာကြောင့် ဖြစ်တယ် ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြတယ်ဆိုတာ စဉ်းစားနိုင်ကြတယ်။ ပြီးတော့ သမ္မာတရားကို ရှာဖွေပြီး အဲဒီကနေ သင်ယူနိုင်ကြတယ်။ အပျက်သဘောဆောင်တာ၊ အားနည်းတာ နည်းနည်းရှိနိုင်ပေမဲ့ ဒါက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ နက်ရှိုင်းမှုနဲ့ သူတို့ပြစ်မှားမှုတွေရဲ့ ပြင်းထန်မှုကို မြင်တာကြောင့်ပဲ။ သူတို့က စပြီး အပြစ်ရှိသလို ခံစားရပြီး နောင်တရကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ စိတ်နှလုံးထဲကနေ သူတို့ကိုယ်သူတို့ မုန်းတီးကြတယ်။ ဒါပေမဲ့ ဒီ အပျက်သဘောက ပြီးသွားမှာ။ သူတို့က ဒီကျရှုံးမှုတွေကနေ သမ္မာတရားကို ရှာဖွေနိုင်ပြီး သူတို့ကိုယ်သူတို့ ဆက်ပြီး ဆင်ခြင်နိုင်တယ်။ သူတို့ပြဿနာကို တကယ်သိပြီး သူတို့လုပ်ရပ်တွေရဲ့ သဘာဝကို ရှင်းရှင်းလင်းလင်း မြင်တဲ့အခါ ကိုင်တွယ်ဖြေရှင်းခံရတဲ့အထဲမှာ ဘုရားရဲ့ ချစ်ခြင်းနဲ့ ကွယ်ကာခြင်းကို မြင်ကြပြီး ဘုရားကို ကျေးဇူးတင်ကြတယ်။ ဒီအချိန်မှာ လူတစ်ယောက်ရဲ့ အခြေအနေက မှန်ကန်ပြီး အပြုသဘောဆောင်တယ်။ ဒါပေမဲ့ သမ္မာတရားကို လက်မခံတဲ့သူက ကိုင်တွယ်ဖြေရှင်းခံရတာကို ဒီလို မခံယူဘူး။ တချို့က ပေါ်ပေါ်ထင်ထင် မကျေမနပ်ပြောတာတွေ မလုပ်ပေမဲ့ သူတို့ကိုယ်သူတို့ လုံးဝ မဆင်ခြင်ဘူး၊ ဘုရားနှုတ်ကပတ်တော်နဲ့ ကိုယ့်ကိုယ်ကိုယ် သိအောင်မလုပ်ဘူး။ သူတို့စိတ်ထဲကနေပဲ ငြင်းခုံတယ်။ အတိုက်အခံဖြစ်တယ်။ ဆင်ခြေတွေပေးတယ်။ ဒီအကြောင်းကို စဉ်းစားလေလေ၊ ပိုစိတ်ထိခိုက်ပြီး နာကျင်လေလေဖြစ်တဲ့ သဘောပေါ့။ မတရားခံရတယ်လို့တောင် ခံစားရတဲ့အထိပဲ။ အဲဒါနဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်က အလိုလို ဖြစ်လာတယ်။ ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေမှာ လက်တွေ့အရှိတရားနဲ့ တခြားလူတွေကို သူတို့ မကျေနပ်တာတွေ ပါနေတယ်။ သမ္မာတရားကို လက်ခံတဲ့သူတွေက ကိုင်တွယ်ဖြေရှင်းခံရတာဟာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို တကယ်သိစေတယ်၊ နောင်တရပြီး ပြောင်းလဲစေတယ်၊ ဒါက သူတို့ယုံကြည်ခြင်းမှာ အချိုးအကွေ့တစ်ခုပဲလို့ မြင်ကြတယ်။ ဒါပေမဲ့ သမ္မာတရားကို လက်မခံသူတွေက ဖော်ထုတ်ခံရပြီး စွန့်ပစ်ခံရမယ်။ အရမ်း အပျက်သဘောဆောင်လာတဲ့သူတွေအကုန်လုံးက သမ္မာတရားကို လက်မခံကြဘူး။ သူတို့သဘာဝကိုက သမ္မာတရားကို စိတ်ကုန်တယ်။ သူတို့ယုံကြည်ခဲ့တဲ့နှစ်တွေက ဘယ်လောက်ပဲရှိရှိ မတိုးတက်နိုင်ကြဘူး။ ဆောလ်က ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ လက်တွေ့လုပ်ဖို့ စည်းမျဉ်းတွေကို ရှာဖို့မပြောနဲ့။ တစ်ဇွတ်ထိုးအလုပ်လုပ်ခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို ဆင်ခြင်ကြည့်တာ၊ သိမြင်တာတောင် မလုပ်ဘူး။ အဲဒီအစား သူက စိတ်ကျဉ်းကျပ်တယ်။ အပျက်သဘောဆောင်ပြီး မတက်ကြွဘူး။ အစတော့ ကျွန်မ ထင်တာက ကိုင်တွယ်ဖြေရှင်းခံရပြီးရင် စိတ်ဓာတ်ကျတာက သာမန်ပဲ။ နှစ်ရက်လောက် ဆင်ခြင်သုံးသပ်ကြည့်ပြီးရင် သူ အဆင်ပြေသွားမှာပါ ပေါ့။ ဒါပေမဲ့ သူက အရင်ကလည်း ဒီလိုမျိုးပဲလို့ တခြားညီအစ်ကိုမောင်နှမတချို့ကပြောတယ်။ အပြင်ပန်းမှာ စိတ်ထက်သန်ပြီး တက်ကြွတယ်။ ဒါပေမဲ့ အလုပ်မှာ ပြဿနာတွေ ပေါ်လာပြီး သူက ကိုင်တွယ်ဖြေရှင်းခံရတာနဲ့ တစ်ပြိုင်နက် အပျက်သဘောဆောင်ပြီး မတက်ကြွတော့ဘူး။ ပြီးတော့ ပြဿနာတွေကို ဆွေးနွေးတာတွေမှာ ဝင်မပါတော့ဘူး။ သူက အလုပ်ကို အကြံတွေပေးလေလေ၊ ပြဿနာတွေ ပေါ်လာလေလေပဲ အကြံနဲ့ ထင်မြင်ချက်တွေကို သူက နည်းနည်းပဲပေးတော့ ပြဿနာနည်းနည်းပဲ ပေါ်မယ်ဆိုပြီး ပြောတယ်။ သူ နောက်ဆုံး ပြုပြင်ခံရပြီးတော့ သူ့တာဝန်မှာ စိတ်ကျဉ်းကျပ်ပြီး ချုပ်ချယ်ခံရသလို ခံစားရတယ်။ ပြီးတော့ စိတ်ဓာတ်ကျပြီးတော့လည်း နာကျင်နေရတယ်။ သူ့ရဲ့ ဒီအပျက်သဘောဆောင်တဲ့ သဘောထားက အခြေခံအားဖြင့် သမ္မာတရားကို ငြင်းဆန်ခြင်း၊ ဘုရားကို အပြစ်တင်ပြီး အာခံခြင်းပဲ။ သူက အန္တိခရစ်စိတ်သဘောထားတစ်ခုကို ဖွင့်ပြနေတာ။ ဒီအပျက်သဘောဆောင်ခြင်းရဲ့ နောက်ကွယ်မှာ ဘုရားကို အာခံတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခု ပုန်းကွယ်နေတယ်ဆိုတာ နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ ဆောလ်က လမ်းမှားကို လိုက်နေတာဟာ ကျွန်မကို လှုပ်နှိုးလိုက်သလို မဖြစ်ဘူးလား။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာတရားကို မရှာဖွေခြင်းသည် လူတစ်ယောက်ကို သူ၏ အသက်ကို ဆုံးရှုံးရစေနိုင်သည်။ ပြီးလျှင် ဤအရာက အချိန်မရွေးနှင့် နေရာမရွေး ဖြစ်ပေါ်နိုင်သည်။” အရင်က ကျွန်မက ဒါနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့အကြုံသိပ်မရှိဘူး။ ဒါပေမဲ့ အခုရက်ပိုင်းမှာ ကျွန်မ ကြုံခဲ့ရတာတွေကို ကြည့်ရင် ဒီစကားတွေကို ကျွန်မ စိတ်ထဲကနေ သဘောတူမိတယ်။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ သမ္မာတရားကို မရှာတာ၊ လက်မခံတာက အရမ်းအန္တရာယ်ရှိတယ်။ အခုရက်ပိုင်းမှာ အထုတ်ခံရတဲ့ ညီအစ်ကိုမောင်နှမတွေက တကယ်တမ်း ပါရမီရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆိုးရွားတဲ့ အားနည်းချက်က သမ္မာတရားကို စိတ်ကုန်ပြီး မရှာဖွေတာပဲ။ ဒါကြောင့် သူတို့တာဝန်တွေမှာ ရလဒ်တွေ လုံးဝမရဘဲ နောက်ဆုံးမှာ အထုတ်ခံရတယ်။ ကျွန်မ စဉ်းစားကြည့်လေလေ၊ သမ္မာတရားကို ရှာဖွေခြင်းရဲ့ အရေးကြီးပုံကို မြင်လေလေပဲ။

၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၊ ကြာသပတေး၊ မိုးဖွဲ

အဲဒီနေ့ညက ခေါင်းဆောင်ရဲ့ မိတ်သဟာယက ကျွန်မခေါင်းထဲမှာ နှစ်ရက်လောက် ဆက်တိုက်တွေးမိနေတယ်။ ကျွန်မ အတွေးတွေက ဒီဘုရားနှုတ်ကပတ်တော်တွေဆီပဲ ပြန်ပြန်ရောက်နေတယ်။ “သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) အရင်တုန်းက ကျွန်မက “သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး” “သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦးဖြစ်သည်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့ ဘာသာရေးအယူအဆတွေကို ဖက်တွယ်တဲ့ ဘာသာရေးလောကထဲကလူတွေကို စိတ်ထဲမှာ ပေါ်လာတယ်။ သူတို့က ကျေးဇူးတော်ကတစ်ဆင့်ပဲ ကယ်တင်ခံချင်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလတရားစီရင်ခြင်းအမှုကို လက်ခံဖို့ ငြင်းဆန်ကြတယ်။ သူတို့တွေက ဘုရားရဲ့ ပလ္လင်ဖြူကြီးကနေ ထွက်ပြေးတဲ့ ရုပ်သေးရုပ်နဲ့ သစ္စာဖောက်တွေပဲ။ ဒါပေမဲ့ ကျွန်မ တွေးမိတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံတာက ဘုရားရဲ့ တရားစီရင်ခြင်းကို လက်ခံတာလို့လည်း အဓိပ္ပာယ်ရသလား။ ဒါက ဘုရားသခင် မြင်တဲ့ပုံစံလား။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို အမှန်တကယ် လက်ခံခြင်းဆိုတာ တကယ်တမ်း ဘာကိုဆိုလိုတာလဲ။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံတာက ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို တကယ်လက်ခံတယ်လို့ မဆိုလိုဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံဖို့အတွက် အနည်းဆုံးအနေနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်ရမယ်။ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံနိုင်ရင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ မဖြစ်နိုင်ဘူး။ ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ဘယ်လို မှန်မှန်ကန်ကန် ကိုင်တွယ်ရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပတ်သက်လာလျှင် အနည်းဆုံးအနေဖြင့် လူတို့ သိသင့်သောအရာမှာ အဘယ်အရာနည်း။ မိမိတာဝန်ကို လုံလောက်စွာ ထမ်းဆောင်ရန်အတွက် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို တွေ့ကြုံရမည်။ ယင်းသည် မရှိမဖြစ်ဖြစ်သည်။ ယင်းသည် နေ့စဉ်လူတို့ ရင်ဆိုင်ရမည့်အရာ တစ်ခုဖြစ်ပြီး ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းကို ရယူခြင်းတွင် မကြာခဏ ကြုံတွေ့ရမည့်အရာတစ်ခုဖြစ်သည်။ မည်သူကမျှ ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ကင်းကွာ၍ မရပေ။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် ၎င်းတို့၏အနာဂတ်နှင့် ကံကြမ္မာတို့ ပါဝင်သည့် အရာတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် လူတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကား အဘယ်အတွက်နည်း။ လူတို့ကို ရှုတ်ချရန်အတွက်လော။ (မဟုတ်ပါ။ ယင်းမှာ လူများကို သမ္မာတရားကို နားလည်ပြီး ၎င်းတို့၏တာဝန်ကို စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်ရန် ကူညီခြင်းဖြစ်သည်။) မှန်ပေ၏။ ထိုအရာသည် ယင်းနှင့်ပတ်သက်သည့် အမှန်ကန်ဆုံး နားလည်မှုဖြစ်သည်။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် ဆုံးမပဲ့ပြင်ခြင်းတစ်မျိုးဖြစ်သည်၊ ရိုက်နှက်ဆုံးမခြင်းတစ်မျိုးဖြစ်သည်၊ လူများကို ကူညီခြင်း ပုံစံတစ်ခုလည်း ဖြစ်သည်။ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့က သင်၏မမှန်ကန်သော လိုက်စားမှုကို အချိန်မီ ပြောင်းလဲစေသည်။ ယင်းက သင် လက်ရှိ ရှိနေသောပြဿနာများကိုချက်ချင်းသတိပြုမိစေပြီး သင်ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မီ သတိပြုမိစေသည်။ မည်သို့ပင်ဖြစ်စေ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့က သင်၏တာဝန်များကို စည်းမျဉ်းများနှင့်အညီ ဖြည့်ဆည်းဖို့ ခွင့်ပြုသည်၊ ယင်းက သင့်ကို အမှားများလုပ်ခြင်းနှင့် လမ်းလွဲခြင်းတို့မှ အချိန်မီ ကယ်တင်ပေးသည်။ ပြီးလျှင် ဘေးဒုက္ခများ ဖြစ်စေခြင်းမှ သင့်ကို တားဆီးပေးသည်။ ဤသည်မှာ လူတို့အတွက် အကြီးဆုံးအကူအညီ၊ အကြီးဆုံး ကုစားမှုမဟုတ်သလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ခံရခြင်းအား မှန်ကန်စွာ ခံယူသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ကိုင်တွယ်ဖြေရှင်းခံရခြင်းအပေါ် ကျွန်မတို့ ထားသင့်တဲ့ မှန်ကန်တဲ့ သဘောထားနဲ့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်က တော်တော်ရှင်းတယ်။ တကယ်တမ်းမှာ ကိုင်တွယ်ဖြေရှင်းခံရတာက ကံကြမ္မာနဲ့ လုံးဝ မဆိုင်ဘူး။ သုံးတဲ့ စကားက ကြမ်းသည်၊ စိတ်ထိခိုက်စေသည်ဖြစ်စေ၊ ရှုတ်ချတဲ့သဘောတောင်ရှိသည်ဖြစ်စေ ဒါတွေအားလုံးက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု၊ တစ်ဇွတ်ထိုးလုပ်မှု လုပ်ရပ်တွေမှာ စည်းမျဉ်းမရှိမှုတွေကို သိမြင်ပြီး ကျွန်မတို့အလုပ်မှာရှိတဲ့ လမ်းလွဲတာတွေကို မြင်အောင် ကူညီပေးဖို့ပဲ။ သမ္မာတရားကို ရှာပြီး တာဝန်တွေကို စည်းမျဉ်းနဲ့အညီလုပ်ဖို့အတွက် ကူညီပေးဖို့ပဲ။ လူတစ်ယောက်က ခဏခဏ၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခံရတာက ကောင်းတဲ့ ကံကြမ္မာမရှိဘူးဆိုတဲ့ သဘောမဟုတ်ဘူး။ ကိုင်တွယ်ဖြေရှင်းခြင်းမခံရတာက ကောင်းတဲ့ကံကြမ္မာရှိတယ်ဆိုတဲ့ သဘောလည်းမဟုတ်ဘူး။ တချို့က ခဏခဏ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရနိုင်ပေမဲ့ တစ်ခါတလေမှာ ပြင်းထန်ပြီး စိတ်ထိခိုက်စေနိုင်ပေမဲ့ ဒါမှမဟုတ် ဖော်ထုတ်တဲ့၊ ရှုတ်ချတဲ့ပုံစံရှိနိုင်ပေမဲ့ ဒီလူတွေက နောက်ကျရင် သမ္မာတရားကို ရှာဖွေနိုင်ကြပြီး ဆင်ခြင်သုံးသပ်နိုင်တယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား၊ အားနည်းချက်တွေနဲ့ လမ်းလွဲတာတွေကို နည်းနည်း နားလည်လာကြတယ်။ ပြောင်းလဲပြီး အသက်တာမှာ ကြီးထွားလာနိုင်ကြတယ်။ နောက်ဆုံးမှာ အရေးကြီးတဲ့အလုပ်ကို သူတို့ ထမ်းရွက်နိုင်တုန်းပဲ။ ကျွန်မ ယုံကြည်သူဖြစ်လာကတည်းက ကိုင်တွယ်ဖြေရှင်းခံရတဲ့အပေါ် ကျွန်မရဲ့ သဘောထားကို စပြီး ပြန်တွေးကြည့်တယ်။ ကျွန်မ ဘုရားသခင်ကို ကိုးနှစ်ကြာ ယုံကြည်ခဲ့ပြီးပြီ။ ဒီနှစ်တွေအားလုံးမှာ ကျွန်မက ကိုင်တွယ်ဖြေရှင်းခံရတာ၊ ဒါမှမဟုတ် အနှောင့်အယှက်အကြီးစားတွေ၊ ကျရှုံးမှုတွေ သိပ်မရှိဘူး။ ကျွန်မက ကိုင်တွယ်ဖြေရှင်းခံရတာနဲ့ပတ်သက်ပြီး အမြဲတမ်း မတူတဲ့အမြင်ရှိခဲ့တယ်။ ကိုင်တွယ်ဖြေရှင်းခံရတာက မကောင်းတဲ့အရာဖြစ်တယ်၊ ဖော်ထုတ်ခံရတာ၊ ရှုတ်ချခံရတာနဲ့ အတူတူပဲလို့ ခံစားမိတယ်။ သူများတွေ ကိုင်တွယ်ဖြေရှင်းခံရတာကို ကျွန်မ မြင်ရင် ကြောက်ပြီး ကုပ်သွားတယ်။ ဂရုမစိုက်ရင် ကျွန်မလည်း ဒီလိုဖြစ်မှာပဲဆိုပြီး ကြောက်တာပေါ့။ ကိုင်တွယ်ဖြေရှင်းခံရတာကို ရှုတ်ချတာ၊ ဖော်ထုတ်တာလို့ မှားပြီးမြင်နေပြီးတော့ ဒါကို ငြင်းဆန်ပြီး အတိုက်အခံဖြစ်နေတာ။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ သက်သောင့်သက်သာဖြစ်တဲ့နေရာမှာပဲ နေချင်နေတာပေါ့။ ကျွန်မရဲ့ အားထုတ်လိုက်စားမှုက ဘာသာရေးမှာ ဗိုက်ဝချင်တာသက်သက်ပဲဖြစ်တဲ့သူတွေနဲ့ ဘာကွာဦးမှာလဲ။ ဘုရားနှုတ်ကပတ်တော်အများကြီးကို ကျွန်မ ဖတ်ပြီးပြီ။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်က လူကို တရားစီရင်ခြင်း၊ သန့်စင်ခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ သန့်စင်ပြီး စုံလင်စေဖို့ ရည်ရွယ်တယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကိုင်တွယ်ဖြေရှင်းခံရတာ၊ စစ်ဆေးခံရတာနဲ့ပတ်သက်ပြီး တကယ် အသိအမြင်မရှိဘူး။ လက်ခံချင်စိတ်မရှိဘူး။ ဒီတော့ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာ ဘယ်နှစ်နှစ်ရှိရှိ ဘာတိုးတက်မှုမှ ရှိမှာမဟုတ်ဘူး။ သမ္မာတရားကို ရမှာမဟုတ်ဘူး။ ကျွန်မရဲ့အသက်စိတ်သဘောထားမှာ ပြောင်းလဲခြင်းကို ရမှာမဟုတ်ဘူး။ နောက်ဆုံးမှာ အပြစ်ဒဏ်ပေးခံရမှာပဲ။ ကျွန်မ တွေးကြည့်လေလေ၊ ကျွန်မအခြေအနေက ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ သဘောပေါက်လေလေပဲ။ သက်သာတာကို တပ်မက်ပြီး ကျေးဇူးတော်နောက်လိုက်တဲ့ ကျွန်မလို လူတွေအတွက် ကိုင်တွယ်ဖြေရှင်းတာ မခံရရင်တောင် ကောင်းတဲ့ရလဒ်ရမယ်ဆိုတဲ့သဘောမဟုတ်ဘူး။ ကျွန်မက သမ္မာတရားကို လုံးဝ မရှာရင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မပြောင်းလဲရင် နောက်ဆုံးမှာ ကယ်တင်ခံရမှာမဟုတ်ဘူး။ ကိုင်တွယ်ဖြေရှင်းခံရတာက လူတစ်ယောက်ရဲ့ ရလဒ်ကို ဖွင့်ပြတာမဟုတ်ဘူး။ ဒါပေမဲ့ သမ္မာတရားအပေါ် သူတို့ထားတဲ့သဘောထားက သူတို့ဘယ်သူဆိုတာကို ဖွင့်ပြတယ်။ ကိုင်တွယ်ဖြေရှင်းခံရတာက မကောင်းတဲ့အရာဖြစ်တယ်၊ ဘုရားသခင်ရဲ့ မကျေနပ်မှု၊ ရှုတ်ချမှုဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်မ အမြဲတမ်းထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်မှားတယ်ဆိုတာ အခု ကျွန်မ သိပြီ။ မျက်ရည်တွေကျရင်းနဲ့ ဘုရားကို ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ သမီးရဲ့ မသိနားမလည်မှုနဲ့ မိုက်မဲမှုကို နောက်ဆုံးမှာ သမီး မြင်ပါပြီ။ သမီး ယုံကြည်လာတဲ့ နှစ်တွေမှာ သမ္မာတရားကို လုံးဝ မရှာခဲ့ဘဲ သမီးရဲ့ သဘာဝက သမ္မာတရားကို စိတ်ကုန်နေပါတယ်။ ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းကို အမြဲတမ်း ရှောင်ခဲ့ပါတယ်။ ဘုရားသခင်၊ သမီး နောင်တရချင်ပါတယ်။ ကိုင်တွယ်ဖြေရှင်းခံရတာကနေ သင်ခန်းစာတွေယူဖို့ သမီး ဆန္ဒရှိပါတယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ကျွန်မ တော်တော်ပိုပြီး စိတ်သက်သာသွားတယ်။ မျှော်လင့်၊ တောင့်တတဲ့စိတ်လည်း ဖြစ်လာတယ်။ နောင်ကျရင် ပြုပြင်ခံရတာ၊ ကိုင်တွယ်ဖြေရှင်းခံရတာကို တွေ့ကြုံနိုင်ဖို့ ကျွန်မ မျှော်လင့်မိတယ်။ ဒါဆို အသက်တာမှာ တိုးတက်နိုင်တာပေါ့။

၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၅ ရက်၊ ဗုဒ္ဓဟူး၊ တိမ်ထူထပ်

ဒီနေ့ မေ့လို့မရနိုင်တဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ပရောဂျက်တစ်ခုမှာ အလုပ်လုပ်နေတုန်းမှာ ကျွန်မက တာဝန်ကို တစ်ဇွတ်ထိုးလုပ်ပြီး စည်းမျဉ်းတွေကို မရှာတော့ အလုပ်ကို ပြန်လုပ်ရတယ်။ တိုးတက်မှုက နှောင့်နှေးသွားတာပေါ့။ ခေါင်းဆောင်က ဒီပြဿနာရဲ့ သဘာဝကို ထောက်ပြပြီး ကျွန်မကို မာနကြီးပြီး အစွမ်းအစနည်းတဲ့အတွက် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒါက ကျွန်မက ဝိညာဉ်ရေးရာ ခံစားတတ်မှုမရှိတာကို ပြတယ်လို့ သူက ပြောတယ်။ ကျွန်မစိတ်ထဲမှာ သူ့စကားတွေကိုပဲ ဆက်တိုက်တွေးနေမိတယ်။ ကျွန်မ တော်တော်စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စပြီး ဘောင်ခတ်လာတယ်။ “ခေါင်းဆောင်က ငါ့အကြောင်းကို လုံးဝ သိသွားပြီ။ ငါက ဒီတာဝန်နဲ့ မသင့်တော်ဘူးလို့ သူက ထင်တယ်။ အခုဆို ငါ အချိန်မရွေး အထုတ်ခံရတော့မှာပဲ” ဆိုပြီး စဉ်းစားမိတယ်။ ပိုပိုပြီး စိတ်ဓာတ်ကျလာတာပေါ့။ ကျွန်မ အခြေအနေက မှားနေတယ်ဆိုတာကို သဘောပေါက်ပြီး ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီး ဒီနေ့ ကိုင်တွယ်ဖြေရှင်းခံရပါတယ်။ ဒီကနေ ဘာကို သင်ယူသင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆင်ခြင်သုံးသပ်ရမယ်ဆိုတာ သမီး မသိပါဘူး။ ကိုယ့်ကိုယ်ကိုယ်သိပြီး ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ဖယ်ရှားဖို့အတွက် သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်မှာ သမ္မာတရားကို ရှာဖွေဖို့က အဓိကအချက်ပဲဆိုတာ ကျွန်မ သတိရတယ်။ အပျက်သဘောဆောင်နေတော့ ဘာက ပြေလည်သွားမှာလဲ။ ကျွန်မ ပြဿနာတွေက အတိအကျဘာဖြစ်တယ်၊ ဘယ်လိုမျိုး ဝိညာဉ်ရေးရာ ခံစားမှုမရှိဖြစ်နေတယ်ဆိုတာကို ဆင်ခြင်သုံးသပ်သင့်တယ်။ စိတ်ငြိမ်ငြိမ်နဲ့ နည်းနည်းတွေးကြည့်တော့ ကျွန်မက ဒီတစ်ခါမှာ အဓိကအနေနဲ့ စည်းမျဉ်းတွေကို မတွေးတောဘဲ၊ မရှာဖွေဘဲနဲ့ တာဝန်ကို တစ်ဇွတ်ထိုးလုပ်လို့ ကိုင်တွယ်ဖြေရှင်းခံရတာပဲ။ ခေါင်းဆောင်က ဒါနဲ့ ဆက်စပ်တဲ့ စည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ ကျွန်မက စည်းကမ်းတွေကိုပဲ ဆုပ်ကိုင်ထားတယ်။ ကျွန်မက ဒီစည်းမျဉ်းတွေကို သုံးလေးကြိမ်ကြားပြီးတော့ ကျွမ်းကျင်နေပြီ၊ ဆက်ကြည့်စရာမလိုတော့ဘူးလို့တောင် ခံစားမိခဲ့တယ်။ ကျွန်မက မစဉ်းမစားနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံခဲ့တယ်။ စည်းမျဉ်းတွေကို ဘေးဖယ်ထားတယ်။ ကျွန်မ ထင်မြင်ချက်တွေကို မှန်တယ်လို့မြင်ပြီး သူများတွေဆီက အမြင်တွေကို မယူခဲ့ဘူး။ အရမ်းကို တစ်ဇွတ်ထိုးလုပ်ပြီး စည်းမျဉ်းတွေနဲ့အညီ မလုပ်ခဲ့ဘူး။ စည်းကမ်းတွေနောက်ပဲ မစဉ်းမစားလိုက်ခဲ့တယ်။ ဒါက ဝိညာဉ်ရေးခံစားချက်မရှိတဲ့ အပြုအမူမဟုတ်ဘူးလား။ ကျွန်မက ဒီလို ကိုင်တွယ်ဖြေရှင်းတာ မခံရရင် ထုံထိုင်းနေမှာပဲ။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ခဲ့တယ်လို့ ထင်ပြီး ဘယ်လိုဆိုးယုတ်မှုကို ကျွန်မ ကျူးလွန်နိုင်တယ်ဆိုတာ တကယ်သိမှာမဟုတ်ဘူး။ ကိုင်တွယ်ဖြေရှင်းခံရတာက ကျွန်မအတွက် သတိပေးချက်တစ်ခုဖြစ်ပြီး ကျွန်မအတွက် ကာကွယ်ပေးတာပဲ။ အခု ဒါကို မြင်တော့ ကျွန်မ အပျက်သဘောမဆောင်တော့ဘူး။ စည်းမျဉ်းတွေရှာဖို့ကို အာရုံစိုက်နိုင်တယ်။ ဒီလိုအမှားမျိုးတွေကို နောက်တစ်ခါမလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနိုင်တယ်။

၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၈ ရက်၊ စနေ၊ တိမ်ကင်းစင်

ဒီနေ့ ကျွန်မတို့က ခေါင်းဆောင်နဲ့အတူ စုဝေးပွဲမှာရှိနေကြတယ်။ သူက တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့နဲ့ စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့တယ်။ နောက်တော့ အခုရက်ပိုင်းမှာ ကျွန်မတို့ ဘာအကျိုးအမြတ်တစ်ခုခုရခဲ့လဲဆိုတာ မေးတယ်။ သူက ကျွန်မတို့ကို သမ္မာတရားကို လိုက်စားဖို့ အခြေအနေက ဘယ်လိုပဲရှိပါစေ သင်ခန်းစာယူဖို့က အရေးကြီးဆုံးပဲဆိုပြီး အားပေးတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်လည်း ဖတ်ပြတယ်။ “ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်းတစ်လျှောက်တွင် သင်မည်မျှ ကျရှုံးပြီးဖြစ်ပါစေ၊ လဲကျပြီးဖြစ်ပါစေ၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ သို့မဟုတ် ဖော်ထုတ်ခြင်းကို ခံရပြီးဖြစ်ပါစေ၊ ယင်းတို့မှာ မကောင်းသောအရာများ မဟုတ်ပေ။ သင်သည် မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများအားဖြင့် ဖြစ်စေ ဤအရာအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ ဤအရာကို သင် သတိရရမည်။ သင်သည် မည်မျှ ဒုက္ခခံရပါစေ သင်သည် အမှန်တကယ် အကျိုးအမြတ်ရရှိနေခြင်းဖြစ်သည်။ အတွေ့အကြုံရှိသော မည်သူမဆို ဤအရာကို မှန်ကန်ကြောင်း ထောက်ခံနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ သို့မဟုတ် ဖော်ထုတ်ခံရခြင်းတို့သည် အစဉ်အမြဲ ကောင်းသောအရာတစ်ခုဖြစ်သည်။ ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပြီး မိမိကိုယ်ကိုယ် သိရှိရန် သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသောအရာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်လျှင် ဤသည်မှာ ကောင်းသည်။ အသက်ဝင်ရောက်မှု၏ အကြီးစားပြဿနာတစ်ခုကို ဤအရာက ဖြေရှင်းပြီးဖြစ်ကာ စိတ်သဘောထား ပြောင်းလဲမှုများအတွက် အလွန်ပင် အကျိုးဖြစ်စေသည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တော်တော် တို့ထိပြီး မျက်ရည်တွေကို မထိန်းနိုင်ဘူး။ ကိုင်တွယ်ဖြေရှင်းခံရတာက စိတ်မကောင်းစရာဖြစ်ပြီး နာကျင်ရပေမဲ့ တစ်ခါတလေမှာ ကျွန်မက အပျက်သဘောဆောင်ပြီး ပြိုလဲတော့မလို ခံစားပေမဲ့ ဒီအတွေ့အကြုံက ဘုရားရဲ့ ချစ်ခြင်းကို ကျွန်မ မြင်အောင် တကယ်လုပ်ပေးခဲ့တယ်။ ဆင်ခြင်သုံးသပ်ပြီး ကျွန်မရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိဖို့၊ ကျွန်မပြဿနာတွေက ဘယ်မှာရှိတယ်ဆိုတာသိဖို့အတွက် ဘုရားရှေ့ကို မဖြစ်မနေလာစေတာက ဒီလိုအခြေအနေမျိုးပဲ။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းနားလည်လာတော့ စိတ်ထဲမှာငြိမ်းအေးပြီး စိတ်သက်သာတဲ့ ခံစားမှုကိုရတယ်။ ကျွန်မသာ ကိုင်တွယ်ဖြေရှင်းတာမခံရရင် ကျွန်မတာဝန်မှာ ဘယ်လိုအနှောင့်အယှက်တွေကို ကျွန်မ လုပ်မလဲဆိုတာ ဘယ်လိုပြဿနာတွေ၊ သတိမထားမိတာတွေ ပေါ်ထွက်လာမလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မတာဝန်မှာ စည်းမျဉ်းတွေကို ရှာဖို့အတွက် ပိုပြီး အာရုံစိုက်လာတာက ဒီလို ကိုင်တွယ်ဖြေရှင်းခံရတာကြောင့်ပဲ။ ကိုင်တွယ်ဖြေရှင်းခံရတာက တာဝန်ထမ်းဆောင်တဲ့နေရာမှာ ခွဲထားလို့မရနိုင်ဘူးဆိုတာ ကျွန်မ ကိုယ်တိုင် မြင်တွေ့ခဲ့တယ်။ ဒီအတွေ့အကြုံက ပြုပြင်ခံရခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခံရခြင်းအပေါ် ကျွန်မရဲ့ သဘောထားကို ပြောင်းလဲပေးခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးတွင် ကျွန်မ တာဝန်ကို မည်သို့ဖြည့်ဆည်းရမည်ကို ကျွန်မ သိပြီ

ရှင်းချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း...

အယောင်ဆောင်ခရစ်တော်များကို သတိထားခြင်းမှ ရရှိခဲ့သည့် သင်ခန်းစာများ

ကျစ်ကျန်း တရုတ်နိုင်ငံ ကျွန်တော်က အိမ်တွင်းအသင်းတော်တစ်ခုမှာ တွဲဖက်အမှုဆောင်ပါ။ ၂၀၀၀ခုနှစ် နေ့တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက...

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း ဇာတ်လမ်းတစ်ပုဒ်

လျိုယန် တောင်ကိုရီးယားနိုင်ငံ ၂၀၁၀ ခုနှစ်မှာ၊ ကျွန်မက အသင်းတော်မှာ စာတည်းဖြတ်တဲ့ တာဝန်ကို လုပ်နေခဲ့တယ်။ အသင်းတော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။