ဧဝံဂေလိမျှဝေခြင်းအတွက် မှန်ကန်သော စိတ်ဓာတ်

12.03.2023

ကျွေးချို တရုတ်နိုင်ငံ

တစ်ခါတုန်းက အစ်ကိုတစ်ယောက်က ကျွန်မကို ပြောပြတယ်။ သူ့ရဲ့ညီမ လီပင်က ငယ်ငယ်ကတည်းက ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့တယ်၊ သခင့်အတွက် စိတ်အားထက်သန်စွာနဲ့ နှစ်တွေအများကြီး အမှုတော်ဆောင်ခဲ့တယ်၊ သူ့ယုံကြည်ခြင်းမှာ စစ်မှန်မှုရှိတယ် တဲ့။ သူက ကျွန်မကို သူ့ညီမနဲ့ ဧဝံဂေလိ မျှဝေစေချင်တယ်။ ကျွန်မက အရမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ သဘောတူခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မက လီပင်နဲ့စကားပြောတော့ သူက ထရပ်ပြီး စိတ်လှုပ်ရှားရင်းနဲ့ပြောတယ်။ “ကျွန်မတို့ သင်းအုပ်ဆရာက ပြောတယ်။ အယောင်ဆောင်ခရစ်တော်တွေက လူတွေကို လှည့်စားဖို့အတွက် နောက်ဆုံးသောကာလမှာ ပေါ်လာမယ်၊ သခင်ပြန်ကြွလာတဲ့ ဘယ်သတင်းမဆို မှားတယ်။ အစ်မက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအတွက် တရားဟောနေတာပဲ။ ကျွန်မ နားမထောင်ဘူး။ တခြားအကြောင်းတွေ ပြောလို့ရတယ်။ ဒါပေမဲ့ ယုံကြည်ခြင်းကိစ္စကို ကျွန်မကို မပြောနဲ့” တဲ့။ သူက သင်းအုပ်ဆရာရဲ့ ကောလာဟလတွေ၊ မုသားတွေကြောင့် တော်တော်အမြင်လွဲနေတာကို ကျွန်မ တွေ့ရတော့ ကျွန်မ သူ့ကို ပြောပြဖို့ ကြိုးစားတာပေါ့။ “ညီမ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက ဘာကို ရည်ညွှန်းတာလဲ သိလား။ သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပရောဖက်ပြုထားတယ်။ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) အရှေ့အရပ်မှလျှပ်ပြက်ခြင်းက ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်ကို ရည်ညွှန်းတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားအားလုံးက အရှေ့အရပ်မှာ ပေါ်ထွန်းတဲ့ လျှပ်စီးကြီးတစ်ခုလိုဖြစ်တာကြောင့် အရှေ့အရပ်မှလျှပ်ပြက်ခြင်းဆိုတဲ့ နာမည်ဖြစ်တာပါ။ သမ္မာတရားအလင်းက အရှေ့ကနေ အနောက်ကို ထွန်းလင်းနေပြီ။ သခင့်ရဲ့ ပရောဖက်ပြုချက်က လုံးဝ ပြည့်စုံနေပြီ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သခင့်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်လားဆိုတာ စူးစမ်းကြည့်ရအောင်” ပေါ့။ သူက နားမထောင်ဘူး။ “ကျွန်မတို့ သင်းအုပ်ဆရာက ပြောတယ်။ တစ်ယောက်ယောက်က ကျွန်တော်တို့နဲ့ မတူတဲ့လမ်းကို တရားဟောရင် ဘယ်လောက်နားထောင်ကောင်းပါစေ နားထောင်လို့မရဘူး။ ကျွန်တော်တို့ရဲ့ မိဘတွေ၊ မွေးချင်းတွေပြောတာတောင် နားထောင်လို့မရဘူး။ ဘယ်သူစိမ်းကိုမှ လုံးဝ ဧည့်ခံလို့မရဘူး” တဲ့။ ဒါက သခင့်အလိုတော်မဟုတ်ဘူးလေ။ ကျမ်းစာကပြောတယ်။ “ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။” (ဟေဗြဲသြဝါဒစာ ၁၃:၁-၂) ကျွန်မက စိတ်ရှည်ရှည်နဲ့ ပြန်ပြောတယ်။ “ညီမ ကျမ်းစာကပြောတယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ဒီပရောဖက်ပြုချက်တွေက အစ်မတို့ကို သခင့်ကို ကြိုဆိုဖို့ပြောတယ်။ သခင့်အသံကို နားထောင်ရမယ်။ သခင်ပြန်ကြွလာပြီလို့ တစ်ယောက်ယောက်က သက်သေခံရင် သူ့ကို သွားတွေ့သင့်တယ်။ ဒါက သခင့်ကို ကြိုဆိုဖို့အတွက် အခွင့်အရေးရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ သခင်ပြန်ကြွလာပြီလို့ တစ်ယောက်ယောက်က သက်သေခံတာကို ကြားတဲ့အခါမှာ နားထောင်တာ၊ ရှာဖွေတာမလုပ်ရင် သခင့်ကို ကြိုဆိုဖို့ အခွင့်အရေးကို လွဲချော်ရလိမ့်မယ်” ပေါ့။ ဒါပေမဲ့ သူက နားထောင်ဖို့ ငြင်းဆန်ပြီး ပြန်ဖို့အတွက် အကြောင်းပြချက်ရှာတယ်။ လီပင်ရဲ့သဘောထားကြောင့် ကျွန်မ အကျပ်ရိုက်သွားတယ်။ သူက နားမထောင်ချင်ရင် ကျွန်မက သူနဲ့ ဘယ်လိုဧဝံဂေလိမျှဝေနိုင်မလဲ။ ဒါပေမဲ့ ဒါက မှန်ကန်တဲ့ စိတ်ဓာတ်မဟုတ်ဘူးဆိုတာ ကျွန်မ သိလိုက်တယ်။ ကျွန်မက သခင်ပြန်ကြွလာတာကိုတောင် သက်သေမခံရသေးဘူး။ ဒါဆို ဘယ်လိုလုပ် အလွယ်လေး လက်လျှော့နိုင်တာလဲ ပေါ့။ သူက စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ဖြစ်သရွေ့ သူနဲ့ ဧဝံဂေလိမျှဝေဖို့ အစွမ်းကုန်လုပ်ရမယ်။

နောက်တော့ လီပင်နဲ့ ဧဝံဂေလိမျှဝေဖို့ သူ့အိမ်ကို ကျွန်မတို့ သွားကြတယ်။ ဒါပေမဲ့ သူက ကျွန်မတို့ကို မြင်တာနဲ့ တံခါးပိတ်လိုက်ပြီး ကျွန်မတို့ ဘာပြောပြော တံခါးဖွင့်ပေးဖို့ ငြင်းဆန်တယ်။ ကျွန်မတို့လုပ်နိုင်တာ ဘာမှမရှိတော့ ပြန်ခဲ့ကြတာပေါ့။ ကျွန်မတို့က သုံးလေးကြိမ်လောက်ထပ်သွားပေမဲ့ သူက တံခါးမဖွင့်ဘူး။ သူကပြောတယ်။ “ကျွန်မတို့ သင်းအုပ်ဆရာကပြောတယ်။ ရှင်တို့က သိုးတွေကို ခိုးယူချင်တာ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက ဘယ်သူကိုမဆို သေအောင်ရိုက်ပြီး မြစ်ထဲကို ပစ်ချသင့်တယ် ဒါမှမဟုတ် ရဲကိုပဲ တိုင်လိုက်သင့်တယ် တဲ့။ ဒီကထွက်သွားပါ။ ကျွန်မတို့ သင်းအုပ်ဆရာ မမြင်ပါစေနဲ့” တဲ့။ သူဒီလိုပြောတာကို ကျွန်မ ကြားရတော့ တော်တော်ကို အနေရခက်ပြီး လက်လျှော့လိုက်ချင်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက လက်လျှော့တာဟာ ဘုရားအလိုတော်နဲ့ ညီမညီကို ကျွန်မ မသေချာနေဘူး။ အဲဒါနဲ့ ကျွန်မ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ အဲဒီမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲပေါ်လာတယ်။ “ဧဝံဂေလိ ဖြန့်ဝေရာတွင် သင်၏တာဝန်ကို ဖြည့်ဆည်းပြီး သင် ဧဝံဂေလိဖြန့်ဝေသည့်သူတိုင်းကို စိတ်ပါလက်ပါ ကိုင်တွယ်ဖြေရှင်းရမည်။ ဘုရားသခင်သည် လူများကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ပြီး၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အလေးဂရုပြုမည်။ စစ်မှန်သော လမ်းခရီးကို ရှာဖွေပြီး ဆင်ခြင်စဉ်းစားနေသည့် မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် လျစ်လျူမရှုရပေ။...မှန်သောလမ်းကို ၎င်းတို့သုံးသပ်ဆင်ခြင်နိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်များ ပို၍ ဖတ်ပြကာ သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ပေးရန်၊ ဘုရားသခင်၏ အမှုတော်ကို သက်သေခံပြီး ၎င်းတို့၏ အယူအဆများနှင့် မေးခွန်းများကို ဖြေရှင်းပေးရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် ၎င်းတို့ကို ရရှိနိုင်ပြီး ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်လာနိုင်ရန်အတွက်ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိဖြန့်ဝေခြင်း စည်းမျဉ်းများနှင့် ညီသောအရာဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားကြည့်တော့ ကျွန်မ ရှက်သွားမိတယ်။ ဘုရားက လူတွေကို ဖြစ်နိုင်သမျှ အကြီးဆုံးအတိုင်းအတာအထိ ကယ်တင်တယ်။ ဘုရားက လူတစ်ယောက်ကို မျှော်လင့်ချက်အကြွင်းအကျန်ရှိနေသရွေ့ လက်လျှော့မှာမဟုတ်ဘူး။ ကျွန်မက ဧဝံဂေလိမျှဝေသူတစ်ယောက်အနေနဲ့ အစွမ်းကုန်လုပ်သင့်တယ်။ လူတစ်ယောက်က စည်းမျဉ်းတွေနဲ့ ညီနေသရွေ့ သူ့ကို စိတ်ရှည်ရှည်နဲ့၊ ချစ်ချစ်ခင်ခင်နဲ့ တရားဟောသင့်တယ်။ ကျွန်မတာဝန်တွေကို ဖြည့်ဆည်းသင့်တယ်။ ဒါ ကျွန်မတာဝန်ပဲလေ။ ဒါပေမဲ့ ကျွန်မက အခက်အခဲ နည်းနည်းလေးကြုံလိုက်တာနဲ့ နောက်ဆုတ်ပြီး လက်လျှော့ချင်တယ်။ ကျွန်မက ကိုယ့်တာဝန်အပေါ် လုံးဝ ဆက်ကပ်မထားပါဘူး။ ဒါကို သဘောပေါက်တော့ ကျွန်မ တကယ်ကို လိပ်ပြာမလုံဘူး။ ကျွန်မ ဆုတောင်းပြီး စိတ်ဆုံးဖြတ်လိုက်တယ်။ လီပင်က ကျွန်မကို ဘယ်လိုပဲ ဆက်ဆံပါစေ သူက လူ့သဘာဝကောင်းရှိပြီး တကယ့်ယုံကြည်သူတစ်ယောက်ဖြစ်တာကြောင့် ကျွန်မ လက်လျှော့မှာမဟုတ်ဘူး၊ ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်ကို သူ့ဆီမှာ သက်သေခံပြီး သူ့ကို ဘုရား‌ရှေ့ကို ခေါ်ဆောင်မယ် ပေါ့။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ စပြီး လေ့လာတုန်းက ညီအစ်ကိုမောင်နှမတွေက ကျွန်မအယူအဆတွေကို ဖြေရှင်းဖို့ စိတ်ရှည်ရှည်နဲ့ သမ္မာတရားကို မိတ်သဟာယမပြုရင် ကျွန်မက ဘာသာတရားထဲမှာပဲ နေနေဖို့ များတယ်။ ဧဝံဂေလိဖြန့်ဝေတာက ချစ်ခြင်းနဲ့ စိတ်ရှည်ခြင်း အရမ်းကို လိုအပ်တယ်။ တတ်နိုင်သမျှလုပ်ဖို့၊ ကျွန်မတို့ တာဝန်တွေကို ဖြည့်ဆည်းဖို့ လိုတယ်။ ဒါက ဘုရားအလိုတော်ပဲ။

အံဩစရာပဲ။ လီပင်ရဲ့အိမ်ကို နောက်တစ်ခါသွားတော့ သူက တံခါးဖွင့်ပေးတယ်။ ဒါပေမဲ့ သူက အေးတိအေးစက်နေပြီး စကားမပြောဘူး။ သူတံခါးဖွင့်သရွေ့ မိတ်သဟာယဖွဲ့ဖို့ အခွင့်အရေးရှိတယ်၊ သူ နည်းနည်းလောက်နားထောင်ရင် တဖြည်းဖြည်းနဲ့နားလည်လာမယ်လို့ ကျွန်မ တွေးမိတယ်။ သူနဲ့ မိတ်သဟာယဖွဲ့ဖို့ ဒီအခွင့်အရေးကို ကျွန်မတို့ ယူခဲ့တယ်။ ကျွန်မပြောလိုက်တယ်။ “ညီမ၊ သခင့်ကို ကြိုဆိုတာက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ လမ်းမှန်ကို စူးစမ်းတဲ့အခါမှာ သခင့်နှုတ်ကပတ်တော်တွေနောက်မလိုက်ဘဲ လူသားတွေပြောတာကို မစဉ်းမစားနဲ့ နားထောင်ရင် ဘုရားကို ဆန့်ကျင်နိုင်ခြေများတယ်။ သခင်ယေရှုက ပေါ်ထွန်းပြီး အလုပ်လုပ်တဲ့အခါမှာ ဂျူးယုံကြည်သူတွေက သူတို့ဘာသာရေးခေါင်းဆောင်တွေကို ပြောတာ နားထောင်ပြီး သူတို့နဲ့အတူ သခင့်ကို ရှုတ်ချပြီး ငြင်းဆန်ကြတယ်။ နောက်ဆုံးကျတော့ ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရတယ်။ အခုခေတ် ဘာသာရေးခေါင်းဆောင်တွေနဲ့ သင်းအုပ်ဆရာတွေက ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ရှာဖွေစူးစမ်းတာ မလုပ်ကြဘူး။ သူတို့အသင်းတော်တွေကို ပိတ်ဆို့ထားဖို့တောင် တတ်နိုင်သလောက်လုပ်ကြပြီး ယုံကြည်သူတွေကို အမြင်မှားစေဖို့ အလိမ်အညာတွေ ဖြန့်ကြတယ်။ သခင်ကြွလာတဲ့ ဘယ်သတင်းမဆိုက မှားတယ်၊ ကိုယ့်ရဲ့ မွေးချင်းတွေကပြောရင်တောင် နားမထောင်သင့်ဘူး၊ ရဲကိုတိုင်သင့်တယ်လို့ ပြောတယ်။ ဒီလိုပြောတာ၊ ဒီလို ပြုမူတာက သခင့်ရဲ့ သွန်သင်မှုတွေနဲ့ ညီရဲ့လား။ ဒီလိုမျိုးပြောတဲ့သူတစ်ယောက်ကို ယုံကြည်သူဖြစ်တယ်လို့ သတ်မှတ်လို့ရသလား” ပေါ့။ ကျွန်မတို့ပြောသမျှက မှန်တာကို သူတွေ့တော့ သူ့သဘောထားက အများကြီး တိုးတက်လာပြီး ကျွန်မတို့နဲ့ စကားပြောချင်စိတ်ရှိလာတယ်။ သူ မရှင်းမလင်းဖြစ်နေတာကိုလည်း ကျွန်မတို့ကို ပြောပြတယ်။ “သခင်ယေရှုက ကျွန်မတို့ကို သတိပေးခဲ့တယ်။ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) နောက်ဆုံးသောကာလမှာ သခင်ကြွလာတဲ့အခါ လူတွေကို လမ်းလွဲစေတဲ့ အယောင်ဆောင်ခရစ်တော်တွေနဲ့ အယောင်ဆောင် ပရောဖက်တွေရှိလိမ့်မယ်။ သခင်ကြွလာခြင်းနဲ့ဆိုင်တဲ့ ဘယ်တရားဟောမှုမဆိုက အယောင်ဆောင်ခရစ်တော်က လူတွေကို လှည့်စားနေတာပဲလို့ ကျွန်မတို့ သင်းအုပ်ဆရာက ပြောတယ်။ ကျွန်မတို့က ကျမ်းစာကို ကောင်းကောင်းမသိဘူး။ ဒါကြောင့် ဂရုစိုက်ဖို့ ပြောတယ်။ မဟုတ်ရင် ကျွန်မတို့ ယုံကြည်ခဲ့တဲ့ နှစ်တွေက အလကားဖြစ်သွားမယ် တဲ့။ ကျွန်မက မှားနေတဲ့ဟာကို ယုံကြည်မိရင် ဖြစ်လာမယ့်ဟာတွေကို စိတ်ပူတယ်” တဲ့။ ကျွန်မက ချက်ချင်း ပြန်ပြောလိုက်တယ်။ “ညီမ၊ ညီမက အလှည့်စားခံရမှာကြောက်တာကို နားလည်ပါတယ်။ ဒါပေမဲ့ သခင့်အလိုတော်ကို နားလည်ရမယ်။ အယောင်ဆောင်ခရစ်တော်တွေအကြောင်းသိပြီး သူတို့လှည့်စားတာမခံရအောင်လို့ သခင်က ဒီလိုပြောခဲ့တာပါ။ မစဉ်းမစားနဲ့ သူတို့တွေကို သတိထားကာကွယ်နေပြီး သခင်ကြွလာတာကို ကြိုဆိုဖို့ ပျက်ကွက်ဖို့အတွက် မဟုတ်ပါဘူး။ အယောင်ဆောင်ခရစ်တော်တွေရဲ့ ဖော်ပြမှုတွေကိုလည်း သူက ရှင်းရှင်းလင်းလင်း ရှင်းပြတယ်။ သူတို့တွေက လူတွေကို လမ်းလွဲစေဖို့အတွက် နိမိတ်လက္ခဏာတွေပြတာကို အမှီပြုတယ်။ အယောင်ဆောင်ခရစ်တော်ရဲ့ လက္ခဏာတွေကို အစ်မတို့ကသိတယ်။ ဒီတော့ ဒါတွေကို သတိထားသရွေ့ လှည့်စားခံရမှာမဟုတ်ဘူး။ သခင့်နှုတ်ကပတ်တော်ကို အဆက်အစပ်မရှိ ယူသုံးပြီး သခင်ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ဘယ်သက်သေခံချက်မဆို မှားတယ်လို့ ယုံကြည်ရင်၊ ရှာဖွေစူးစမ်းတာ လုံးဝ မလုပ်ရင် သခင်ယေရှုကိုယ်တိုင် ပြန်ကြွလာတာကို ရှုတ်ချနေတာဖြစ်မှာမဟုတ်ဘူးလား။ ဒါဆို သခင့်ကို အစ်မတို့က ဘယ်လိုကြိုဆိုနိုင်မလဲ။ ဒီတော့ သခင်ယေရှုပြန်ကြွလာခြင်းဖြစ်သလားဆိုတာ သတ်မှတ်ချင်ရင် အဓိကက သခင့်အသံကို နားထောင်ပြီး စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်ခရစ်တော်တွေကို ပိုင်းခြားသိမြင်ဖို့ပဲ။ အမြဲတမ်း သတိထားကာကွယ်နေပြီး အကုန်လုံးကို ငြင်းဆန်နေတာက ပြဿနာကို ဖြေရှင်းပေးမှာမဟုတ်ဘူး” ပေါ့။ သခင့်ကို ကြိုဆိုဖို့ အဓိကအချက်က သခင့်အသံကို နားထောင်ဖို့ပဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)

အဲဒီနောက်တော့ စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်ခရစ်တော်တွေကို ဘယ်လိုခွဲခြားသိရမယ်ဆိုတာနဲ့ ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ဖတ်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမအသီးသီးတွင် ထိုခေတ်၏ ဂုဏ်အင်္ဂါကို သရုပ်ဖော်ချက် ပါဝင်လေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း)လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မက မိတ်သဟာယပြုတယ်။ “ဘုရားနှုတ်ကပတ်တော်တွေက တော်တော်ရှင်းပါတယ်။ စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်ခရစ်တော်တွေကို ခွဲခြားတာကို ဘုရားရဲ့အမှုတော်၊ နှုတ်ကပတ်တော်တွေနဲ့ သူဖော်ပြတဲ့ စိတ်သဘောထားကနေ လုပ်ရမယ်။ ဒါဟာ ခရစ်တော်ရဲ့ အနှစ်သာရက လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ဖြစ်လို့ပဲ။ သူက လူများမျိုးနွယ်ကို သမ္မာတရားပေးအပ်ပြီး ဘုရားရဲ့ စိတ်သဘောထားကို ဖော်ထုတ်ပြတယ်။ ရွေးနုတ်ခြင်းနဲ့ ကယ်တင်ခြင်းအမှုကို ပြုတယ်။ သခင်ယေရှုက အလုပ်လုပ်တဲ့အခါမှာ လူသားမျိုးနွယ်ကို နောင်တလမ်းကို ပေးတယ်။ သူက ကျွန်မတို့ကို ဝန်ချပြီး နောင်တရဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်သလို သူတစ်ပါးကိုချစ်ဖို့၊ သည်းခံစိတ်ရှည်ဖို့ သွန်သင်တယ်။ နိမိတ်လက္ခဏာတွေအများကြီးကိုလည်း ပြတယ်။ ဖျားနာသူတွေကို ကုသတယ်။ နတ်ဆိုးတွေ နှင်ထုတ်တယ်။ သေသူကို ရှင်စေတယ်။ ခြေကျိုးသူကို လမ်းပြန်လျှောက်စေတယ်။ လူသားကို အဆုံးမရှိတဲ့ ကျေးဇူးတော်တွေ ပေးအပ်တယ်။ ဘုရားရဲ့ ကြင်နာခြင်း၊ ချစ်ခြင်းနဲ့ ဘုရားရဲ့ တန်ခိုးနဲ့ ဩဇာအာဏာကိုပါ မြည်းစမ်းခွင့်ပေးတယ်။ အဆုံးမှာတော့ သခင်ယေရှုက ကားတိုင်မှာ သံနဲ့ရိုက်ခံရပြီး ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေတယ်။ သခင့်နှုတ်ကပတ်တော်နဲ့ အမှုတော်ကနေ၊ သူဖော်ပြတဲ့ စိတ်သဘောထားကနေ သူဟာ ဘုရားအနှစ်သာရရှိတယ်၊ လူ့ဇာတိခံဘုရားဖြစ်တယ်ဆိုတာ မြင်နိုင်တယ်။ အခုတော့ သူဟာ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီ။ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ပြုတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကြွယ်ဝပြီး ပေါများတယ်။ နက်နဲမှုတွေ၊ သမ္မာတရားတွေအများကြီးကို ဖွင့်ပြတယ်။ အပြစ်ရဲ့ ချည်နှောင်မှုတွေကနေ ဘယ်လို လွတ်မြောက်နိုင်တယ်၊ စိတ်သဘောထားပြောင်းလဲခြင်းကို ဘယ်လိုလိုက်စားပြီး အပြည့်အဝကယ်တင်ခြင်းခံရမယ်ဆိုတာနဲ့ လူသားရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်လိုမျိုးတွေပေါ့။ ကယ်တင်ခံရပြီး ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရဖို့လမ်းကြောင်းကို ကျွန်မတို့ကို ညွှန်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က စာတန်ကြောင့်ဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ သမ္မာတရားကိုလည်း တရားစီရင်ပြီးဖော်ထုတ်တယ်။ မာနထောင်လွှားခြင်း၊ ကောက်ကျစ်ခြင်း၊ ဆိုးယုတ်ခြင်းလိုမျိုး ဘုရားကို ဆန့်ကျင်တဲ့ လူသားရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ချပြတယ်။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ပြသတယ်။ သူ့နှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ဖို့ လမ်းကြောင်းတွေကို ပြပေးတယ်။ ဘယ်လိုရိုးသားသူဖြစ်ရမယ်၊ ကိုယ့်တာဝန်အပေါ် ဘယ်လို ဆက်ကပ်အပ်နှံရမယ်၊ ဘုရားကို ဘယ်လိုနာခံရမယ်ဆိုတာမျိုးတွေပေါ့။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်း၊ ဘုရားရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ခြင်းအားဖြင့် သူရွေးချယ်ထားတဲ့လူတွေရဲ့ စိတ်သဘောထားတွေက ပြောင်းလဲတယ်။ သူတို့မှာ အတွေ့အကြုံတွေ၊ သက်သေခံချက်တွေ အများကြီးရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တယ်၊ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တယ်ဆိုတာကို သူ့ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကနေ မြင်နိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ပြန်ကြွလာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အယောင်ဆောင်ခရစ်တော်တွေက အနှစ်သာရမှာ ဝိညာဉ်ဆိုးတွေဖြစ်တယ်။ သမ္မာတရားကို မပိုင်ဆိုင်ဘူး။ လူတွေကို ကယ်တင်တာ၊ သန့်စင်တာကို မလုပ်နိုင်ဘူး။ သူတို့လုပ်နိုင်သမျှက နိမိတ်လက္ခဏာတွေပြပြီး လူတွေကို လမ်းလွဲစေဖို့ပဲ။ အယောင်ဆောင်ခရစ်တော်တွေက ခရစ်တော်ရဲ့ အနှစ်သာရကို မပိုင်ဆိုင်ဘူး၊ သူ့အလုပ်ကို မလုပ်နိုင်ဘူးဆိုတာ မြင်နိုင်ပါတယ်။ သူတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ဘုရားလို့ခေါ်တယ်။ ဒါပေမဲ့ သူတို့ဟာ အယောင်ဆောင်ဖြစ်ပြီး လူတွေကို ယာယီပဲ အရူးလုပ်နိုင်တယ်” ပေါ့။

သူက ပြောတယ်။ “အစ်မဖတ်ခဲ့တာက အရမ်းကောင်းပါတယ်။ တော်တော်ဆွဲဆောင်တယ်။ အစ်မတို့တရားဟောတာကြားလိုက်တာနဲ့ ကျွန်မတို့က အယုံသွင်းခံရမယ်လို့ သင်းအုပ်ဆရာက ပြောတာ မဆန်းဘူး။ အစ်မဆီက ကျွန်မကြားခဲ့တာကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်မ နည်းနည်းစဉ်းစားဖို့လိုသေးတယ်” တဲ့။ ကျွန်မက ပြန်ပြောတယ်။ “ညီမ၊ ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်မှာ သခင်ပြန်ကြွလာတာကို အစ်မတို့ တောင့်တနေခဲ့ကြတာမဟုတ်လား။ ဒါကို သတိထားပြီး ချဉ်းကပ်ဖို့ အစ်မမျှော်လင့်ပါတယ်။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် ညီမရဲ့ အခွင့်အရေးနဲ့ လွဲချော်သွားရင် တစ်သက်လုံး နောင်တရနေလိမ့်မယ်” ပေါ့။ အဲဒီနောက်တော့ ကျွန်မတို့ ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပါစေ သူက မတုံ့ပြန်ဘူး။ ဘာစကားမှ မပြောဘူး။ ကျွန်မ အားလျော့လာပြီး စိတ်မရှည်တော့ဘူး။ ကျွန်မ စဉ်းစားတယ်။ ကျွန်မတို့က မိတ်သဟာယတွေ အများကြီးဖွဲ့ပြီးတဲ့နောက်မှာ သူက လက်မခံဘူးဆိုတော့ ကျွန်မတို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူး ပေါ့။ ဒါပေမဲ့ ဒီအတွေးကြောင့် ကျွန်မ အနေရခက်သွားတယ်။ ဘုရားပြောခဲ့တာတစ်ခုကို ကျွန်မ သတိရသွားတယ်။ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ခိုင်မာသောအသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားသခင်က ဘယ်လောက် ဝမ်းနည်းပြီး စိတ်သောကရောက်နေတယ်ဆိုတာ မှောင်မိုက်ထဲမှာရှိနေတဲ့၊ သခင်ပြန်ကြွလာတာကို နာနာကျင်ကျင်နဲ့ တောင့်တနေတဲ့ ဂိုဏ်းဂဏပေါင်းစုံက စစ်မှန်တဲ့ ယုံကြည်သူတွေအားလုံးကို မကြာခင်မှာ သူ့အသံကိုကြားပြီး သူ့အိမ်တော်ဆီကို ပြန်လာဖို့ သူ မျှော်လင့်နေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ကို ပြောပြတယ်။ ဒါပေမဲ့ သူ့ရဲ့သင်းအုပ်ဆရာကြောင့် အမြင်မှားပြီး ဘာသာရေးအယူအဆတွေ ချည်နှောင်ခံရတဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိတဲ့သူတစ်ယောက်က ကျွန်မရှေ့တည့်တည့်မှာ ရှိတဲ့အချိန်မှာ ကျွန်မက သူ့ကို သမ္မာတရားကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့ပြီး လမ်းမပြနိုင်ခဲ့ဘူး။ ကျွန်မက သူ့ကို ပေါ့ပေါ့တန်တန်နဲ့ ဘောင်ခတ်နေပြီး လက်လျှော့နေတာပဲ။ ကျွန်မရဲ့ ချစ်ခြင်းနဲ့ တာဝန်သိစိတ်က ဘယ်မှာလဲ။ သခင်ပြန်ကြွလာတာကို ကျွန်မ နေ့တိုင်းတောင့်တခဲ့တာကို တွေးမိတယ်။ ကျွန်မက အယောင်ဆောင်ခရစ်တော်က လှည့်စားတာခံရမှာကြောက်နေခဲ့တာ။ ဒီတော့ သခင်ပြန်ကြွလာပြီလို့ တစ်ယောက်ယောက်က သက်သေခံတာကို ကြားတဲ့အခါ မစူးစမ်းရဲဘူး။ ခက်ခဲကြမ်းတမ်းတဲ့ လမ်းပါပဲ။ ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လီပင်ထက်အရင် ကျွန်မ လက်ခံရတာက ကံကောင်းပါတယ်။ ဒါကြောင့် သူ့ကို ဧဝံဂေလိမျှဝေဖို့က ကျွန်မတာဝန်၊ ကျွန်မရဲ့ ဝတ္တရားဖြစ်တယ်။ ပြီးတော့လည်း ကျွန်မက ဒီအမှုတော်အဆင့်ကို မျက်စိတစ်မှိတ်အတွင်း လက်ခံခဲ့တာမဟုတ်ဘူး။ အစမှာ ကျွန်မလည်း အယူအဆတွေ အများကြီးရှိခဲ့တယ်။ ဘုရားရှေ့ကိုလာဖို့အတွက် ကျွန်မ သေချာကံမကောင်းခင်မှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို စိတ်ရှည်ရှည်နဲ့ ထပ်ခါထပ်ခါ မိတ်သဟာယပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့နေရာကနေ နေပြီး သူ့ရဲ့ရှုထောင့်ကနေ မစဉ်းစားဘူး။ ကျွန်မက ချစ်ခြင်း၊ စိတ်ရှည်ခြင်း ကင်းမဲ့နေတယ်။ ကိုယ့်တာဝန်ကို မဖြည့်ဆည်းဘူး။ မျှော်လင့်ချက်တစ်စရှိနေသရွေ့၊ သူက ရှာဖွေစူးစမ်းဖို့ နည်းနည်းစိတ်ပါနေသရွေ့ သူနဲ့ ဆက်ပြီး မိတ်သဟာယဖွဲ့ဖို့ နည်းလမ်းတစ်ခုခုကို ကျွန်မ စဉ်းစားရမယ်။ ဒါကသာ ကျွန်မတာဝန်ကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုတွေးမိတော့ ကျွန်မ သူ့အပေါ် ကိုယ်ချင်းစာနာမိတယ်။ သခင့်ကို ကြိုဆိုတာက ကျွန်မတို့ရဲ့ နောက်ဆုံးရလဒ်နဲ့သက်ဆိုင်တဲ့ အရေးကြီးကိစ္စတစ်ခုပဲ။ သူက သတိထားပြီး ချဉ်းကပ်တာဟာ လုံးဝ ပုံမှန်ပါပဲ။ ကျွန်မက သူ့ဆီ နည်းနည်းလောက်ပဲ ပိုသွားပြီးတော့ သူက အယူအဆတွေအများကြီးရှိတာကို မြင်ပြီး သူ့ကို ဘောင်ခတ်ပြီး လက်လျှော့လိုက်ချင်တယ်။ ကျွန်မက အရမ်းမာနထောင်လွှားပြီး ကျိုးကြောင်းမသင့်ခဲ့ဘူး။ ဒီလိုတွေးမိတော့ ကျွန်မ စိတ်ညစ်ပြီး တကယ်ကို လိပ်ပြာမလုံဘူး။ ကျွန်မ ဆုတောင်းပြီးတော့ ဘုရားကို ကျိန်ဆိုခဲ့တယ်။ သူ့ကို ဘုရားရှေ့ခေါ်ဆောင်ဖို့အတွက် သူနဲ့ ဧဝံဂေလိ ဆက်မျှဝေနေပြီး အကောင်းဆုံးကြိုးစားမယ်ဆိုပြီးတော့။

နှစ်ရက်ကြာတော့ ကျွန်မ အစ်မချန်းအန်ကျင်းနဲ့အတူ လီပင့်အိမ်ကို ပြန်သွားတယ်။ သူက ကျွန်မတို့ကို မြင်တာနဲ့ နွေးနွေးထွေးထွေးနှုတ်ဆက်ပြီး ပြောတယ်။ “အစ်မတို့ စားပြီးပြီလား။ မစားရသေးရင် ကျွန်မ တစ်ခုခုသွားလုပ်လိုက်မယ်။ ဒီနေ့ တော်တော်အေးတယ်။ ကိုယ့်အိမ်လိုသဘောထားနေနော်” တဲ့။ သူ့သဘောထားက ဒီလောက် အမြန်ပြောင်းသွားတာလား။ အန်ကျင်းနဲ့ ကျွန်မလည်း အံ့ဩသွားတာပေါ့။ သူက ကျွန်မတို့ကို လက်ခံမခံနဲ့ပတ်သက်ပြီး ကျွန်မ စိတ်ပူနေတာ။ သူ့သဘောထားက ပြောင်းပြန်ဖြစ်သွားတော့ မျှော်လင့်မထားဘူးလေ။ ကျွန်မတို့ ထိုင်လိုက်ကြပြီးတော့ လီပင်က သူ့စိတ်ထဲရှိတာကို ကျွန်မတို့ကိုပြောပြတယ်။ “အရင်သုံးလေးရက်မှာ ကျွန်မ စဉ်းစားနေတာ။ အစ်မတို့က ကျွန်မနဲ့ ဧဝံဂေလိမျှဝေဖို့ ခဏခဏလာတယ်။ အစ်မတို့ယုံကြည်ခြင်းက လမ်းမှန်မဟုတ်ဘူးဆိုရင်၊ သန့်ရှင်းသောဝိညာဉ်တော်ဆီကလာတာမဟုတ်ရင် ဒီလိုချစ်ခြင်းနဲ့ စိတ်ရှည်ခြင်းမျိုး ဘယ်လိုရှိနိုင်မှာလဲ။ ကျွန်မ ဒီလိုလည်း တွေးမိတယ်။ အစ်မတို့လာတဲ့အချိန်တိုင်းမှာ ကျွန်မက အစ်မတို့ကို နားမထောင်ဘူး။ ဧည့်ဝတ်မကျေဘူး။ ဒါပေမဲ့ အယောင်ဆောင်ခရစ်တော်က လှည့်စားတာခံရမှာကြောက်ပြီး သင်းအုပ်ဆရာပြောတာပဲ နားထောင်ခဲ့တယ်။ ကျွန်မက ဘုရားအသံကို နားမထောင်နေဘူး။ သခင်ပြန်ကြွလာပြီဆိုတဲ့ အစ်မတို့သက်သေခံချက်ကို ကျွန်မက မစူးစမ်းဘဲ အစ်မတို့ကို မြင်ရင် ပုန်းပဲ ပုန်းနေခဲ့တယ်။ ဒီလိုနည်းနဲ့ သခင့်ကို ကျွန်မ ဘယ်လိုကြိုဆိုနိုင်တော့မှာလဲ။ ကျွန်မက အရမ်းမိုက်မဲပြီး မသိနားမလည်ခဲ့တာပါ” တဲ့။ သူက ဒီလိုပြောတာကို ကြားတော့ ကျွန်မ တကယ်ကို စိတ်ထဲမှာ ခံစားရပြီး စိတ်နှလုံးထဲမှာ ဘုရားကို ထပ်ခါထပ်ခါ ကျေးဇူးတင်မိတယ်။ ဘုရားပြောတာတစ်ခုကို ကျွန်မ တွေးမိတယ်။ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) အဲဒီနေ့မှာ ကျွန်မတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်မခံဘဲနဲ့ အပြစ်ကနေ ရွေးနုတ်ခြင်းပဲ ခံရရင် ဘုရားရဲ့နိုင်ငံတော်ကို မဝင်နိုင်တဲ့အကြောင်းကိုလည်း ပြောကြတယ်။ ကျွန်မက ပြောတယ်။ “သခင့်ကို ယုံကြည်တာ၊ ဝန်ချပြီး နောင်တရတာက သခင်က ကျွန်မတို့ကို ရွေးနုတ်တယ်၊ အပြစ်ရှိတယ်လို့ မမြင်ဘူးလို့ပဲ အဓိပ္ပာယ်ရတယ်။ ဒါပေမဲ့ ဒါက အပြစ်ကနေ လွတ်မြောက်တယ်လို့ အဓိပ္ပာယ်မရဘူး။ ကျွန်မတို့က အပြစ်ပြုပြီး ဝန်ချတဲ့ သံသရာထဲမှာပဲ နေနေကြတုန်းပဲ။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းရင် ကျွန်မတို့က အပြစ်ဆက်လုပ်နေပြီး ဘုရားကို အာခံနေမှာပဲ။ ဘုရားနိုင်ငံတော်ကို မဝင်ရောက်နိုင်ဘူး။ ကျမ်းစာကပြောတယ်။ ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲသြဝါဒစာ ၁၂:၁၄)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆)ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဘုရားသခင်က သန့်ရှင်းတယ်။ ညစ်ပေတဲ့လူသားတွေကို သန့်ရှင်းတဲ့မြေကို စွန်းထင်းခွင့်ပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့က တစ်ချိန်လုံး အပြစ်လုပ်နေတာကို ကိုယ့်ဘာသာ မရပ်နိုင်ဘူး။ ကျွန်မတို့က ဖောက်ပြန်ပျက်စီးခြင်းနဲ့ပြည့်နေပြီး အပြစ်ရဲ့ ချည်နှောင်ခြင်းခံရတဲ့အခါ ဘုရားနိုင်ငံတော်ကို ဘယ်လိုဝင်နိုင်မှာလဲ။ ဘုရားကသာ ကျွန်မတို့ကို ကယ်တင်နိုင်တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က ပေါ်ထွန်းပြီး အလုပ်လုပ်တယ်။ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့အတွက် သမ္မာတရားတွေဖော်ပြပြီး တရားစီရင်ခြင်းအမှုကိုပြုတယ်။ လူတွေကို အပြစ်ရဲ့ အချုပ်အနှောင်တွေကနေ အပြည့်အဝလွတ်မြောက်စေပြီး ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေးတယ်။ ဒါကြောင့် အဆုံးမှာ ကျွန်မတို့က ဘုရားရဲ့ သန့်ရှင်းတဲ့နယ်မြေကို ဝင်ရောက်နိုင်တယ်” ပေါ့။ လီပင်က ခံစားချက်နဲ့ ပြောတယ်။ “ဒါဆို ကျွန်မတို့က သန့်စင်ခြင်းခံချင်ရင် ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို ကြုံတွေ့ရမယ်။ မဟုတ်ရင် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက လုံးဝ ပြောင်းလဲမှာမဟုတ်ဘူးပေါ့” တဲ့။ ဒါကို သူနားလည်နိုင်သွားတော့ ကျွန်မ အရမ်းပျော်တာပေါ့။

နောက်တော့ ဘာသာရေးသင်းအုပ်ဆရာတွေ၊ ဖာရိရှဲတွေကို ဘယ်လိုပိုင်းခြားသိမြင်ရမယ်ဆိုတာကို မိတ်သဟာယဖွဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မတို့ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများက လမ်းညွှန်ခံရခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး မှန်သည့် လမ်းခရီးကို လက်ခံကြသည့်အခါ အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်သေးပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ခိုင်မာသည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ကျွန်မက မိတ်သဟာယဖွဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားကို ဆန့်ကျင်တဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ သဘာဝနဲ့ အနှစ်သာရကို ပြတ်ပြတ်သားသား ဖွင့်ပြတယ်။ အရင်တုန်းက ဘုန်းကြီးတွေအကြောင်းကို ကျွန်မတို့ ဘာမှမသိကြဘူး။ သူတို့က ကျမ်းစာကို ကောင်းကောင်းသိတယ်၊ ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားကို နားလည်တယ်လို့ ထင်ကြတယ်။ ဒါကြောင့် သူတို့ကိုပဲ မစဉ်းမစားနဲ့ နားထောင်ကြတယ်။ သူတို့စီစဉ်တဲ့ဟာမှန်သမျှအတိုင်း လိုက်လုပ်တယ်။ သင်းအုပ်ဆရာတွေရဲ့ စကားက သခင့်စကားတွေထက်ပိုအရေးကြီးတယ်၊ သခင့်ကို ကြိုဆိုတာလိုမျိုး အရေးကြီးတဲ့ကိစ္စမှာ သူတို့ထောက်ခံဖို့လိုတယ်လို့ မြင်ကြတယ်။ မဟုတ်ရင် ကျွန်မတို့က သခင့်အသံကို ကြားရင်တောင်မှ ရှာဖွေတာ၊ လက်ခံတာမလုပ်ရဲဘူး။ ကျွန်မတို့က သူတို့ကို အရမ်းအထင်ကြီးခဲ့တယ်။ ကျွန်မတို့က ယုံကြည်သူတွေ၊ နောက်လိုက်တွေ မဟုတ်ခဲ့ကြဘူး။ ဘာသာရေးလောကက ခေါင်းဆောင်တွေက သခင်ယေရှုပြန်ကြွလာတဲ့အကြောင်း သက်သေခံချက်ကို ကြားတဲ့အခါ ဒါကို စူးစမ်းဖို့ ယုံကြည်သူတွေကို လမ်းမပြပေးဘဲ မုသားမျိုးစုံနဲ့ သူတို့ကို အမြင်မှားစေတယ်၊ လမ်းမှန်ကို စူးစမ်းတာကို တားဆီးတယ်ဆိုတာ အခု အချက်အလက်တွေက ကျွန်မတို့ကို ပြနေတယ်။ သူတို့မှာ ပန်းတိုင်တစ်ခုပဲရှိတယ်။ ယုံကြည်သူတွေ ဘုရားရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံတာကို ပိတ်ပင်ဖို့၊ ယုံကြည်သူတွေကို သူတို့လက်ထဲမှာ မြဲမြဲထိန်းချုပ်ထားဖို့ သူတို့နဲ့အတူ ငရဲကို ဆွဲခေါ်ဖို့ပဲ။ သူတို့ရဲ့ တကယ့်အနှစ်သာရက ဘုရားကို ဆန့်ကျင်တယ်ဆိုတာ လူတွေရဲ့ ဝိညာဉ်တွေကို ဝါးမြိုတဲ့မကောင်းဆိုးဝါးတွေပဲဆိုတာ သူတို့ရဲ့ ဒီအပြုအမူတွေကနေ ကျွန်မတို့ မြင်နိုင်တယ်။ သခင်ယေရှု ပြောခဲ့သလိုပဲ။ ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)” လီပင် ပြန်ပြောတာက “ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူ့ဇာတိခံတာ၊ ပေါ်ထွန်းပြီး အလုပ်လုပ်တာ၊ သမ္မာတရားကို ဖော်ပြတာ ဒီဘာသာရေးခေါင်းဆောင်တွေရဲ့ သူတော်ကောင်းယောင်ဆောင်မှုတွေကို ဖော်ထုတ်တာတွေမရှိရင် သူတို့ရဲ့ သရုပ်မှန်တွေ၊ သူတော်ကောင်းဟန်ဆောင်တာတွေ၊ ရန်လိုတာတွေကို လုံးဝ တွေ့ရမှာမဟုတ်ဘူး။ သူတို့အယုံသွင်းတာကို ဆက်ပြီး ခံနေရမှာပဲ။ ဘယ်လောက် မိုက်မဲလိုက်သလဲ” တဲ့။ သူ့သင်းအုပ်ဆရာအကြောင်းသိသွားတာက တကယ်ကို ဘုရားသခင်ကြောင့်ပဲ။ အဲဒီနောက်တော့ လီပင်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးဖတ်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်သုံးဆင့်၊ ဘုရားသခင်က ဘာကြောင့် နောက်ဆုံးသောကာလမှာ အလုပ်လုပ်ဖို့ လူ့ဇာတိခံယူခဲ့တယ်၊ သန့်စင်ခံရဖို့ ဘုရားရဲ့ တရားစီရင်ခြင်းကို ဘယ်လိုကြုံတွေ့ရမယ်ဆိုတာနဲ့ တခြားသမ္မာတရားကဏ္ဍတွေကို အတူတူ မိတ်သဟာယဖွဲ့ကြတယ်။

သူက အချိန်နည်းနည်းလောက် ရှာဖွေစူးစမ်းပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုပြန်ကြွလာခြင်းဖြစ်တယ်ဆိုတာ သေချာသွားတယ်။ ဒါပေမဲ့ ကျွန်မတို့ မျှော်လင့်မထားတာက ဘုရားအမှုတော်ကို သူသေချာသွားပြီးတဲ့နောက်မှာပဲ သူ့သင်းအုပ်ဆရာက သိသွားတယ်။

တစ်ညနေမှာ ထိုင်ပြီးတော့ သိပ်ကြာခင်မှာပဲ တံခါးကို အရေးတကြီးခေါက်တာ ကြားလိုက်ရတယ်။ လီပင်က တံခါးအောက်ကြားကနေ ခြေထောက်တွေအများကြီးတွေ့ပြီးတော့ လန့်သွားပြီး ပြောတယ်။ “မဖြစ်ဘူး။ သူတို့က အစ်မတို့ကို ဖမ်းမိရင် သေအာင်လုပ်မယ်၊ ရဲလက်ထဲထည့်မယ်လို့ ပြောတယ်။ အစ်မတို့နဲ့ တွေ့ခွင့်ပေးလို့မဖြစ်ဘူး” တဲ့။ သူက ကျွန်မတို့ကို ချက်ချင်းဖွက်ထားလိုက်တယ်။ အဲဒီနောက် ချက်ချင်းပဲ လူ ၇ ယောက်၊ ၈ယောက်လောက် အတင်းဝင်လာတယ်။ ဒေါသတွေထွက်နေကြပြီး အားလုံးက တစ်ပြိုင်တည်းပြောတယ်။ “ဟိုလူတွေကရော မင်းအိမ်ကို လူနှစ်ယောက်လာတာတွေ့တယ်။ မပြန်ကြသေးဘူး။ ဒီမှာ ရှိကိုရှိရမယ်။ တွေ့တာနဲ့ သူတို့လက်တွေ၊ ခြေတွေကို ချိုးပစ်မယ်” တဲ့။ ကျွန်မက အပေါက်သေးသေးလေးကနေ သူတို့မျက်လုံးက ကြမ်းတမ်းတဲ့ အကြည့်တွေကို မြင်ရတယ်။ ဝံပုလွေတွေလိုပဲ။ သူတို့က နေရာတိုင်းကို လိုက်ကြည့်တယ်။ အိမ်ဝင်းထဲ၊ ကုတင်အောက်၊ ဝက်ခြံ၊ နေရာတကာပဲ။ ကျွန်မတို့ ပုန်းနေတဲ့နေရာရောက်တော့ သူတို့က နေရာတိုင်းကို ဓာတ်မီးတွေ ထိုးတယ်။ သူတို့က ကျွန်မရှေ့တည့်တည့်လောက် ရောက်နေတဲ့အချိန်မှာ ကျွန်မနှလုံးက ကြောက်ပြီး တဒုန်းဒုန်းခုန်နေတယ်။ ကျွန်မတို့ကို တွေ့သွားရင် သေအောင်မရိုက်ဘူးဆိုရင် မသန်စွမ်းဖြစ်အောင် လုပ်မှာပဲ။ ကျွန်မ ဘုရားကို အမြန်ဆုတောင်းလိုက်တယ်။ အချိန်ခဏလောက်တောင် ဘုရားနဲ့ မဝေးကွာရဲဘူး။ ဘုရားသခင်က ကျွန်မရဲ့ ကျောက်ဖြစ်တယ်၊ အဲဒီနေ့မှာ သူတို့က ကျွန်မကို ဘာပဲလုပ်လုပ် ဘုရားလက်ထဲမှာရှိတယ်ဆိုတာ ကျွန်မ သိတယ်။ ဘုရားက ခွင့်မပြုရင် ကျွန်မကို သူတို့ ဘာမှလုပ်လို့မရဘူး။ ဒီလိုတွေးပြီးတော့ ကျွန်မ အရမ်းမကြောက်တော့ဘူး။ သူတို့က နေရာတော်တော်များများ လိုက်ရှာပေမဲ့ ကျွန်မတို့ကို လုံးဝ မတွေ့ဘူး။ ဒါ ဘုရားရဲ့ကွယ်ကာမှုပဲ။ နောက်တော့ တစ်ယောက်က အရမ်းစိတ်ဆိုးပြီး ပြောတယ်။ “ဒါ တော်တော်ထူးဆန်းတယ်။ မင်းအိမ်ကို လူနှစ်ယောက်သေချာပေါက်လာပြီးတော့ လုံးဝ မပြန်သေးဘူး။ ဘာလို့ ရှာလို့မတွေ့တာလဲ” တဲ့။ လီပင်က သူတို့ကို စိတ်ဆိုးရင်းနဲ့ အပြစ်တင်တယ်။ “ရှင်တို့က ယုံကြည်သူတွေနဲ့ လုံးဝ မတူဘူးဆိုတာ ရှင်တို့ပြုမူတဲ့ပုံစံကနေ ကျွန်မ မြင်ရတယ်။ သူတို့က ဧဝံဂေလိမျှဝေဖို့လာတာ။ ဒါပေမဲ့ သူတို့က ဝံပုလွေရဲ့ သားရဲတွင်းကို ဝင်ပြီး ကျိန်ဆဲတာတွေ၊ အရိုက်ခံရတာတွေကို ရင်ဆိုင်နေရသလိုမျိုးပဲ။ သခင်ယေရှုက ကိုယ့်ကိုယ်ကိုယ် ချစ်သလို သူတစ်ပါးကိုချစ်ဖို့ သွန်သင်တယ်။ ရှင်တို့ အပြုအမူကို ကြည့်ရင် ရှင်တို့က မယုံကြည်သူတစ်ယောက်လောက်တောင် မကောင်းဘူး။ အခု ရှင်တို့ကို ကျွန်မ အရှိအတိုင်း တကယ် မြင်ရပြီ။ ရှင်တို့က ခရစ်ယာန်တွေတောင် ဟုတ်ရဲ့လား။ ရှင်တို့က ဖာရိရှဲတွေပဲ” တဲ့။ သူက ဒီလိုပြောပြီးတော့ သူတို့က စိတ်ဆိုးပြီး ပြန်သွားကြတယ်။ အန်းကျင်းနဲ့ ကျွန်မက သူဒီလိုပြောတာကြားတော့ စိတ်လှုပ်ရှားနေတာ။ နောက်ဆုံးတော့ ဒီဘာသာရေးခေါင်းဆောင်တွေအကြောင်းကို သူသိသွားပြီ။ သူတို့က လှည့်စားတာ၊ နှောင့်ယှက်တာကို မခံရတော့ဘူး။ သူတို့ပြန်သွားတော့ လီပင်က ခံစားချက်နဲ့ ပြောတယ်။ “ဒီနေ့ သူတို့က နှောင့်ယှက်ပြီးတဲ့နောက်မှာ သူတို့ရဲ့ သရုပ်မှန်ကို ကျွန်မ မြင်သွားပြီ။ သူတို့တွေက အန္တိခရစ်တွေ၊ ဘုရားရဲ့ ရန်သူတွေပဲ။ ကျွန်မကို သူတို့ ဘယ်လိုနှောင့်ယှက်ပါစေ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို ကျွန်မ လိုက်မယ်” တဲ့။ သူဒီလိုပြောတာကို ကျွန်မ ကြားရတော့ အရမ်းစိတ်ခံစားရပြီး ဘုရားကို ထပ်ခါထပ်ခါ ကျေးဇူးတင်မိတယ်။

ဒီအတွေ့အကြုံကြောင့် ဘာသာရေးခေါင်းဆောင်တွေရဲ့ ဘုရားကို အာခံတဲ့ မကောင်းဆိုးဝါးမျက်နှာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ သူတို့က ဘုရားအမှုတော်ကို လုံးဝ ရှာဖွေစူးစမ်းမှာမဟုတ်ဘူး။ တစ်ယောက်ယောက်က သခင်ပြန်ကြွလာတာကို သက်သေခံတာကို သူတို့ကြားတဲ့အခါ အရမ်းစိတ်ဆိုးကြတယ်။ သူ့ကို သေအောင်လုပ်ကြလိမ့်မယ်။ သူတို့တွေက ယုံကြည်သူတွေ မဟုတ်ဘူး။ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးတဲ့ အန္တိခရစ်တွေ၊ ဖာရိရှဲတွေပဲ။ ဘုရားရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေကိုလည်း ကျွန်မ မြင်ရပြီး ကျွန်မ ယုံကြည်မှုကို ခိုင်မာစေတယ်။ ဧဝံဂေလိဖြန့်ဝေတာမှာ ဘာအခက်အခဲတွေပဲ ကျွန်မ ရင်ဆိုင်ရပါစေ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတစ်ယောက်ရှိသရွေ့ ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်ကို သက်သေခံဖို့ ချစ်ခြင်းနဲ့ စိတ်ရှည်ခြင်းကို အသုံးချသင့်တယ်။ ဒါဆိုရင် ဘုရားရဲ့အသံကို သူတို့ကြားနိုင်ပြီး ဘုရားရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံနိုင်တယ်။ ဒါက ကျွန်မတာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားမှုကသာလျှင် လူသားဆန်မှုကို ယူဆောင်ပေးပါတယ်

ကျားကျား တရုတ်နိုင်ငံကျွန်မအမျိုးသားနဲ့ ကျွန်မက ရုံးသုံးပရိဘောဂလုပ်ငန်း လုပ်ကြတာပါ။ စီးပွားရေးကိုလည်း တကယ့်ကိုရိုးရိုးသားသားနဲ့...

ကျရှုံးမှုများ၊ အနှောင့်အယှက်များမှတစ်ဆင့် ကြီးထွားတိုးတက်ခြင်း

ကျိန်းရှင်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။