ကံကောင်းခြင်းကို ကျွန်မ မလိုက်စားတော့ပါ
ချန်ရှောင်း၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဧပြီလကုန်မှာ၊ အသင်းတော်တစ်ခုက ခေါင်းဆောင်ဟာ လက်တွေ့ကျတဲ့ အလုပ်မလုပ်လို့ ဖြုတ်ချခံလိုက်ရတယ်ဆိုပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
တရုတ်ပြည်မှာ ရှေးခေတ်ကတည်းက “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိခဲ့ပါတယ်။ အမျိုးသမီးတော်တော်များများဟာ သူတို့ရဲ့ ဆွဲဆောင်မှုကိုပြသဖို့နဲ့ သူတို့ကို သဘောကျတဲ့ အမျိုးသားတွေကို စိတ်ကျေနပ်စေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အလှဆင်ခြယ်သပြီး ဝတ်စားဖို့ ကြိုးစားကြတာပေါ့။ ကျွန်မလည်း အတူတူပေါ့။ ကျွန်မ အသက်တစ်ဆယ့်ခုနစ်နှစ်မှာ ပြည်နယ်မြို့တော်က အသက်မွေးဝမ်းကျောင်းသင်ကျောင်းတစ်ကျောင်းကို တက်ခွင့်ရခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မဟာ ကျေးလက် ဇာတိမြို့ကို စွန့်ခွာပြီး မြို့ကြီးမှာ ကျောင်းလာတက်ခဲ့တယ်။ အရာအားလုံးက သိပ်ကို အသစ်အဆန်းဖြစ်ပြီး အံ့ဩဖို့ကောင်းခဲ့ပါတယ်။ ကျောင်းတက်နေတုန်းမှာပဲ ကျွန်မရဲ့ချစ်သူနဲ့ တွေ့ဆုံခဲ့ပြီး ကျွန်မတို့ ခဏခဏ စကားပြောကြ၊ တွေ့ဆုံကြတာပေါ့။ သူ ကျွန်မအပေါ် အကောင်းမြင်နေအောင် တွေ့တဲ့အခါတိုင်း ကျွန်မရဲ့ ရုပ်ရည်သွင်ပြင်ကို အမြဲတမ်း ဂရုတစိုက် ပြင်ဆင်ခဲ့တယ်။ သူကလည်း ကျွန်မကို သူ့မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ခဏခဏ ခေါ်သွားတတ်တယ်။ သူတို့အားလုံးက ကျွန်မကို တကယ်သဘောကျကြပြီး ကျွန်မရဲ့အလှနဲ့ စန်းတို့ကို ခဏခဏ ချီးကျူးကြတယ်။ သူတို့ ကျွန်မကို ချီးကျူးလိုက်တိုင်း ကျွန်မချစ်သူက အရမ်းကို ပျော်သွားတတ်တယ်။ ကျွန်မကို အပြင်ခေါ်သွားတဲ့အခါ သူ ဂုဏ်ယူရတယ်လို့ သူကပြောတယ်၊ ဒါကြောင့် သူသွားလေရာတိုင်းကို ကျွန်မကို အမြဲတမ်း ခေါ်သွားချင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မတို့နှစ်ယောက်က ခွဲလို့မရလောက်အောင်ပါပဲ။ နောက်ပိုင်းမှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။ အစပိုင်းမှာတော့ သူက ကျွန်မအပေါ် အရမ်းကို ဂရုစိုက်ခဲ့ပါတယ်။ ကျွန်မ ကိုယ်ဝန်ရှိတုန်းက ကိုယ်ဝန်ဆောင်လက္ခဏာတွေ အရမ်းဆိုးတာကို မှတ်မိသေးတယ်၊ ဘာမှလည်း စားမရ၊ သောက်မရခဲ့ဘူး။ သူ အပြင်မှာ အလုပ်သွားလုပ်နေရင်တောင် ကျွန်မကို အမြဲတမ်း သတိတရရှိနေပြီး အချိန်ရတာနဲ့ အိမ်ကိုပြန်လာပြီး ကျွန်မကို ဂရုစိုက်ပေးခဲ့တယ်။ ကျွန်မ အရမ်းကို စိတ်ချမ်းသာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးမွေးပြီးတဲ့နောက်မှာတော့ ကျွန်မဘဝက တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။ ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်က ပြောင်းလဲသွားပြီး အရင်ကလို မသွယ်လျတော့ဘူး၊ မလှပတော့ဘူးပေါ့။ နေ့တိုင်း ကလေးကို ပြုစုစောင့်ရှောက်ရင်းနဲ့ ခြေကုန်လက်ပန်းကျတဲ့အထိ အလုပ်ရှုပ်နေခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ အချိန်လည်းမရှိ၊ စိတ်လည်းမပါခဲ့ဘူး။ မိန်းကလေးငယ်တစ်ယောက်ကနေ နွမ်းနယ်နေတဲ့ အိမ်ထောင်ရှင်မကြီးတစ်ယောက်အဖြစ် ကျွန်မ ပြောင်းလဲသွားတာကို မြင်တော့ ကျွန်မအပေါ်ထားတဲ့ ခင်ပွန်းရဲ့သဘောထားက အရင်ကနဲ့မတူတော့ဘူး။ သူက ကျွန်မကို အပြင်မခေါ်တော့ဘူး၊ အဲဒီအစား နေ့တိုင်းနီးပါး အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းနေပြီး ကျွန်မနဲ့အတူ အိမ်မှာရှိတဲ့အချိန်က ရှားပါးလာတယ်။ ကျွန်မက သူနဲ့ ကလေးကို အပြင်ခေါ်သွားပြီး အပန်းဖြေစေချင်တဲ့အခါတိုင်း သူက လုံးဝ စိတ်မပါဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်လိုက်ရင်တော့ နှစ်ခါမစဉ်းစားဘဲ ချက်ချင်းပဲ ထွက်သွားတော့တာပဲ။ သူက ခွေးမွေးရတာကို သဘောကျတယ်၊ တစ်ခါက ကျွန်မ တံခါးကို သေချာမပိတ်မိလိုက်တော့ သတိမထားမိတဲ့အချိန်မှာ ခွေးက အပြင်ကိုထွက်ပြေးသွားပြီး ပြန်မလာတော့ဘူး။ အဲဒီကိစ္စအတွက် သူက ကျွန်မကို စိတ်ဆိုးပြီး အိမ်ကို နှစ်ရက်ပြန်မလာခဲ့ဘူး။ ဒီလိုကိစ္စတွေက ခဏခဏပါပဲ။ သူ ကျွန်မကို လုံးဝဂရုမစိုက်တော့ဘူးလို့ ခံစားခဲ့ရပြီး ကျွန်မမှာ အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။ အစပိုင်းမှာတော့ ကျွန်မအပေါ်ထားတဲ့ ခင်ပွန်းရဲ့သဘောထားက ဘာကြောင့် ဒီလောက်ကြီး ပြောင်းလဲသွားရသလဲဆိုတာကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ တစ်နေ့မှာ ကျွန်မရဲ့အစ်မတစ်ဝမ်းကွဲ ကျွန်မအိမ်ကို ရောက်လာပြီး သူက ကျွန်မကို ဒီလိုလှောင်ပြောင်တဲ့အထိတောင် ပြောခဲ့တယ်၊ “ခုတစ်လော နင့်ကိုယ်နင် မှန်ရော ကြည့်ရဲ့လား။ နင်က စုတ်တီးစုတ်ပြတ်ဖြစ်နေတာ၊ ဘယ်ယောကျ်ားက နင့်ကို လိုချင်မှာလဲ။ နင့်ယောက်ျား ဘာလို့ အိမ်မကပ်ချင်လဲဆိုတာ သိလား။ နင့်လိုရုပ်မျိုးကို တွေ့ဖို့ အိမ်ပြန်လာရမယ်ဆိုရင် ငါတောင် ပြန်လာချင်မှာမဟုတ်ဘူး” တဲ့။ သူ့စကားတွေက ကျွန်မကို တကယ်ပဲ နာကျင်စေခဲ့တယ်။ ကျွန်မခင်ပွန်းက ကျွန်မကို ဒီလိုဆက်ဆံနေရတဲ့အကြောင်းရင်းက ကျွန်မ အရင်ကလို မလှတော့လို့၊ သူက ကျွန်မကို ငြီးငွေ့သွားလို့ပဲကိုး။ သူ့အတွက်တော့ ကျွန်မက မစားချင်ပေမဲ့ မလွှင့်ပစ်ရက်တဲ့အရာတစ်ခုလို ဖြစ်နေခဲ့တာပေါ့။ ကျွန်မ အရမ်းကို နာကျင်ခံစားခဲ့ရပေမဲ့ ဒီအခြေအနေကို ဘယ်လိုအဖတ်ဆယ်ရမှန်းမသိခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပြောင်းလဲဖို့ ကြိုးစားရင်းနဲ့ စတင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အလှအပ ကုထုံးတွေနဲ့ ကိုယ်အလေးချိန်ချဖို့ကို ကျွန်မ စပြီး အာရုံစိုက်ခဲ့တယ်။ ဝိတ်ကျဖို့အတွက် ပိန်ဆေးတွေ ခဏခဏသောက်ပြီး ခန္ဓာကိုယ်ပုံသွင်းတဲ့အဝတ်အစားတွေ ဝယ်ခဲ့တယ်။ အပ်စိုက်ကုထုံးနဲ့ မီးခွက်စုပ်တာမျိုးတောင် လုပ်ခဲ့သေးတယ်။ ကိုယ်အလေးချိန်ကျဖို့ နည်းလမ်းပေါင်းစုံကို ကျွန်မ ကြိုးစားခဲ့ပါတယ်။ ဝိတ်ချတာကို အလွန်အကျွံလုပ်ခဲ့လို့ ခဏခဏ မူးဝေပြီး ပျို့အန်တတ်တယ်၊ အရမ်းဆိုးလာတဲ့ အခါမှာဆိုရင် အိပ်ရာထဲမှာ လှဲနေပြီး လှုပ်လို့တောင်မရတော့ဘူး။ ကျွန်မ အရမ်းကို နာကျင်ခံစားခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး ဖျက်ဆီးမပစ်ချင်ခဲ့ဘူး၊ ဒါပေမဲ့ ခင်ပွန်းရဲ့နှလုံးသားကို ပြန်ရဖို့ စဉ်းစားလိုက်တဲ့အခါတိုင်း နာကျင်မှုတွေကို အံကြိတ်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုက အရာထင်လာခဲ့ပါတယ်။ ဝိတ်ချတဲ့အစီအစဉ်ကို ဇွဲရှိရှိနဲ့လုပ်ခဲ့လို့ နောက်ဆုံးမှာ ကျွန်မ ပိန်သွားခဲ့တယ်။ ကျွန်မအပေါ် ကျွန်မခင်ပွန်းရဲ့ အကြည့်တွေပြောင်းလာတယ်၊ အရင်ကထက် အများကြီး ပိုကောင်းကောင်းမွန်မွန် ဆက်ဆံလာခဲ့တယ်။ တစ်ခါတလေဆိုရင် သူ့သူငယ်ချင်းတွေနဲ့ စုဝေးပွဲတွေကိုတောင် ကျွန်မကို ခေါ်သွားသေးတယ်။ ကျွန်မရဲ့ ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုတွေ နောက်ဆုံးတော့ ပြန်ရောက်လာသလိုပဲ၊ ကျွန်မ အရမ်းကို ပျော်ခဲ့ရတယ်။ ကျွန်မစိတ်ထဲမှာ “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့စကားက ကျိုးကြောင်းဆီလျော်တယ်ဆိုတာကို ပိုပြီးတော့တောင် သေချာသွားခဲ့တယ်။
ဒါပေမဲ့ ပျော်စရာအချိန်တွေက ကြာကြာမခံခဲ့ပါဘူး။ ကျွန်မရဲ့ ပြောင်းလဲမှုတွေဟာ ခင်ပွန်းရဲ့အမြင်မှာ ခဏတာ အသစ်အဆန်းတစ်ခုလိုပဲဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သူဟာ အရင်လိုပဲ ကျွန်မနဲ့အတူ အိမ်မှာ အချိန်သိပ်မပေးတော့ဘဲ သူ့ပုံစံဟောင်းကို ပြန်ရောက်သွားခဲ့တယ်။ သူ့မှာ သွားစရာလာစရာတွေ မရှိတဲ့အချိန်မှာတောင် အိမ်မှာ အိပ်နေတာ၊ ဒါမှမဟုတ် တီဗီကြည့်နေတာပဲလုပ်ပြီး ကျွန်မကို ဂရုစိုက်တာ၊ ဒါမှမဟုတ် ကျွန်မနဲ့ စကားစမြည်ပြောတာမျိုး လုံးဝမရှိသလောက်ပါပဲ။ ကျွန်မ အရမ်းကို စိတ်ဆင်းရဲပြီး စိတ်ပျက်ခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မဟာ အလုပ်ကို စွန့်လွှတ်၊ ကျွန်မရဲ့ လူမှုရေးအသိုင်းအဝိုင်းတစ်ခုလုံးကို ဖြတ်တောက်ပြီး မျှော်လင့်ချက်အားလုံးကို သူ့အပေါ်မှာ ပုံအပ်ထားခဲ့တယ်။ သူ့အတွက်ဆိုပြီး အိမ်အလုပ်အားလုံးကို တာဝန်ယူရုံတင်မကဘဲ ကျွန်မတို့မိသားစုထဲက ကလေးရော၊ လူကြီးတွေကိုပါ စောင့်ရှောက်ခဲ့တယ်၊ ဒါ့အပြင် သူ့နှလုံးသားကို ရဖို့အတွက် ဝိတ်ချတာနဲ့ အလှအပကုထုံးတွေကို အာရုံစိုက်ခဲ့သေးတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျွန်မရလိုက်တာကတော့ သူ့ဆီက ဂရုမစိုက်မှုနဲ့ လျစ်လျူရှုမှုတွေပါပဲ။ ကျွန်မ ခဏခဏဆိုသလို အထီးကျန်တယ်၊ အားကိုးရာမဲ့တယ်၊ စိတ်ဆင်းရဲရတယ်၊ မျှော်လင့်ချက်မဲ့တယ်လို့ ခံစားခဲ့ရတယ်။ လမ်းပေါ်မှာ ဒါမှမဟုတ် ရေမြောင်းဘေးမှာ အကြိမ်တွေအများကြီး ကျွန်မတစ်ယောက်တည်း လမ်းလျှောက်ခဲ့တယ်။ အဲဒါတွေအားလုံးကို တကယ်ကို အဆုံးသတ်လိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကလေးငယ်နဲ့ အသက်ကြီးနေပြီဖြစ်တဲ့ မိဘတွေကို သတိရတဲ့အခါ ကျွန်မ လက်မလျှော့ရက်ခဲ့ဘူး။ အကြိမ်ကြိမ်အခါခါ မိုးကောင်းကင်ကို မော့ကြည့်ရင်းနဲ့ ကျွန်မ စိတ်ထဲကနေ အော်ဟစ်နေခဲ့မိတယ်၊ “အထက်ကောင်းကင်ဘုံကြီးရယ်၊ ဘာလို့ ကျွန်မဘဝက ဒီလောက်တောင် စိတ်ဆင်းရဲရတာလဲ။ ကျွန်မ ဘာလုပ်သင့်လဲ” လို့ပေါ့။
နောက်ပိုင်းမှာ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းဟာ ကျွန်မဆီကို ရောက်လာခဲ့ပြီး စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ရင်းနဲ့ ကျွန်မ နားလည်လာခဲ့တာကတော့ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို နေ့ရောညပါ ကြည့်ရှုစောင့်ရှောက်နေခဲ့ပေမဲ့ လူသားမျိုးနွယ်က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ခံထားရတယ်ဆိုတာပါပဲ။ ကျွန်မတို့ဟာ ကိုယ်ဘယ်ကလာတယ်၊ ဘယ်ကိုသွားနေတယ်ဆိုတာကို မသိကြဘူး၊ ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို ပိုလို့တောင် မသိကြဘူး။ နာကျင်မှုထဲမှာ အားကိုးရာမဲ့စွာနဲ့ပဲ ရုန်းကန်နေနိုင်ကြတယ်။ ဒါတွေအားလုံးဟာ ကျွန်မတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားမထောင်ဘဲ ကိုယ်တော်ရဲ့ စောင့်ရှောက်မှုကနေ သွေဖည်သွားခဲ့လို့ဖြစ်ပြီး ဒါတွေကလည်း စာတန်ရဲ့ အထင်အမြင်မှားစေမှုနဲ့ ဒုက္ခပေးမှုတွေကြောင့် ဖြစ်ရတာပါ။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်၊ အဲဒီလိုမှသာ ဘဝဟာ အဓိပ္ပာယ်ရှိတယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ ဧဝံဂေလိတရားကို ဟောပြောပြီး သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ရင်း နေ့စဉ် ပြည့်စုံပြီး ဝမ်းမြောက်တဲ့ဘဝတွေကို ရှင်သန်နေကြတာကို မြင်တဲ့အခါ ကျွန်မ အရမ်းကို အားကျမိတယ်။ ကျွန်မရဲ့နေ့ရက်တွေကတော့ မီးဖိုချောင်အလုပ်တွေနဲ့ ခင်ပွန်းကို ဗဟိုပြုပြီး လည်ပတ်နေခဲ့တယ်။ ကျွန်မဟာ သာမန်ဘဝတစ်ခုကို ရှင်သန်နေခဲ့ပြီး အကျိုးရလဒ်အနေနဲ့ ဘာမှမရရှိခဲ့တဲ့အပြင် နင်းချေခံရပြီး ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့အပြင် မခံမရပ်နိုင်တဲ့ စိတ်ဆင်းရဲမှုတွေနဲ့ လွှမ်းခြုံနေခဲ့ရတယ်။ ဒီလိုဘဝမျိုးက ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကျွန်မနှလုံးသားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်၊ “ဒါက ငါတကယ်လိုချင်တဲ့ဘဝလား။ မဟုတ်ဘူး။ မဟုတ်ဘူး၊ မဟုတ်ပါဘူး။ ငါ ဒီလိုမျိုး အသက်မရှင်နိုင်ဘူး” လို့ပေါ့။ ဒါနဲ့ ကျွန်မ အသင်းတော်မှာ ကျွန်မရဲ့တာဝန်တွေကို စပြီးထမ်းဆောင်ခဲ့တယ်။
အဲဒီတုန်းက “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ အယူအဆက မှန်မမှန်ကို ကျွန်မ စဉ်းစားချင့်ချိန်တာမျိုး မရှိခဲ့ဘူး၊ ကျွန်မရဲ့ လိုက်စားမှုက ပြဿနာ ရှိမရှိကိုလည်း မစဉ်းစားခဲ့မိဘူး။ နောက်ပိုင်းမှာ “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ စကားရဲ့ မှားယွင်းတဲ့အချက်တွေကို ဘုရားသခင်က ဖော်ထုတ်ထားတာကို ဖတ်လိုက်ရမှသာ ကျွန်မအပေါ်ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ပြန်စဉ်းစားစပြုလာပြီး ကျွန်မရဲ့အတိတ်က လိုက်စားမှုတွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်မဲ့ပြီး မိုက်မဲခဲ့သလဲဆိုတာကို ဆင်ခြင်သုံးသပ်ပြီး နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ဟူသော ဆိုရိုးစကားကိုယ်၌က အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူညီမျှ မဟုတ်သော အနေအထားတွင် ထားရှိသည်။ ယင်းက အမျိုးသားများ နှစ်သက်သဘောကျစေရန် အမျိုးသမီးများကို အလှဆင်ဖို့၊ အမျိုးသားများ၏ ပျော်ရွှင်မှုအတွက် အသက်ရှင်ဖို့အပြင်၊ တစ်စုံတစ်ဦးက ၎င်းတို့ကို နှစ်သက်ပြီး သဘောကျသည့်အခါတိုင်း ဂုဏ်ယူရန် တောင်းဆိုသည်။ ဤသည်မှာ တန်းတူညီမျှ မဟုတ်ပေ၊ ဤအရာကိုယ်၌က အမျိုးသမီးများ၏ နိမ့်ကျသော အဆင့်အတန်းနှင့်ဆိုင်သည့် စစ်မှန်သော ထင်ဟပ်ခြင်းတစ်ခု ဖြစ်သည်။ ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ဟူသော ဆိုရိုးစကား၏ ဆိုလိုရင်းမှာ အမျိုးသမီးတစ်ဦးသည် သူ၏ ကြည့်ကောင်းသော ရုပ်ကြောင့် အခြားသူများ၏ နှစ်သက်ခြင်းကို ခံရသည်ဖြစ်စေ၊ သို့မဟုတ် မျက်စိပသာဒဖြစ်စေရန် မိမိကိုယ်ကို မည်သို့ အလှဆင်ရမည်ကို သိသောကြောင့် အမျိုးသားများ၏ နှစ်သက်မှုကို ဆွဲဆောင်သည်ဖြစ်စေ ထိုအရာကြောင့် သူသည် ပျော်ရွှင်ပြီး ဂုဏ်ယူသင့်သည်ဟူ၍ ဖြစ်သည်။ ဤအရာကိုယ်၌က အမျိုးသမီးများကို သိက္ခာချခြင်း ဖြစ်သည်။ ဤဆိုရိုးစကားက အမျိုးသမီးများအား ၎င်းတို့၏ ဖြစ်တည်မှု တန်ဖိုး၊ ၎င်းတို့၏ ပျော်ရွှင်မှု ရင်းမြစ်မှာ ၎င်းတို့ကို နှစ်သက်သူတစ်ဦး ရှိနေခြင်းဖြစ်ကြောင်းနှင့် အကယ်၍ မရှိပါက ၎င်းတို့သည် ကံမကောင်းဟု ခံစားရပြီး ဝမ်းနည်းသင့်ကြောင်း၊ အဘယ်ကြောင့် မည်သူမျှ ၎င်းတို့အား မနှစ်သက်သည်ဟူသည်နှင့် အမျိုးသမီးများအနေဖြင့် ၎င်းတို့သည် တန်ဖိုးမဲ့ပြီး ရှုံးနိမ့်သော ဘဝဖြင့် အသက်ရှင်နေခြင်း ရှိမရှိဟူသည်တို့ကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း ပြောပြသည်။ သို့ဖြစ်၍ ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ဟူသော ဆိုရိုးစကားသည် အမျိုးသမီးများကို သိက္ခာချခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ ဟူသော စကားစုတွင် သဘောကျသူသည် အများအားဖြင့် ယောက်ျားတစ်ဦးကို ရည်ညွှန်းသည် မဟုတ်လော။ ဤဆိုရိုးစကားကိုယ်၌က အမျိုးသားများကို အမျိုးသမီးများအထက် သခင်များ၏ အနေအထားတွင် ရှိစေသည်။ ယင်းမှာ အမျိုးသမီးတစ်ဦးသည် ယောက်ျားတစ်ဦးဖြစ်သည့် သခင်တစ်ဦးက သူမကို နှစ်သက်ပြီး သဘောကျခြင်းကို ဂုဏ်ယူသင့်သည်ဟု ဆိုလိုသည်။ အကယ်၍ ယောက်ျားတစ်ဦးဖြစ်သည့် သခင်တစ်ဦးက သူမကို မနှစ်သက်ပါက သူမတွင် တစ်စုံတစ်ခု မှားယွင်းနေသည်၊ သူမသည် ချစ်စရာကောင်းခြင်းမရှိ၊ သူမသည် ဘဝတွင် ရှုံးနိမ့်သူဖြစ်ပြီး အမျိုးသမီးတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီခြင်းမရှိပေ။ သင်မြင်သည့်အတိုင်း ဤသည်မှာ အမျိုးသားများကို အမျိုးသမီးများ၏ လည်ပင်းအပေါ် နင်းပြီး ၎င်းတို့အပေါ် လွှမ်းမိုးအုပ်ချုပ်ခွင့်ပေးလျက်၊ အမျိုးသားများ၏ အဆင့်အတန်းကို မသိမသာ မြှင့်တင်ပေးသည်။ ဤသည်မှာ ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ ဟူသော ဆိုရိုးစကား၏ မှားယွင်းမှု တည်ရှိရာနေရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ စကားစုရဲ့ အနှစ်သာရကိုက မှားယွင်းနေတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ အမျိုးသားတွေကို အမျိုးသမီးတွေအထက်မှာ ထားတော့ ဒါဟာ အမျိုးသမီးတွေကို တန်ဖိုးနှိမ့်ချတာပဲဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။ ဒါကြောင့် အမျိုးသမီးတွေဟာ သူတို့ရဲ့မသိစိတ်ထဲမှာ အမျိုးသားတွေကို သူတို့ရဲ့ဦးခေါင်းအဖြစ် ရှုမြင်လာတယ်၊ အမျိုးသမီးတွေရဲ့ဘဝဟာ အမျိုးသားတွေကို ဗဟိုပြုပြီး လည်ပတ်သင့်တယ်လို့ တွေးထင်စေတယ်၊ ပြီးတော့ အမျိုးသားတွေရဲ့ နှစ်သက်တာ၊ သဘောကျတာကို ရရှိတဲ့အခါမှာ ပျော်ရွှင်ရမယ်လို့ ယူဆစေတယ်။ ဒီအယူအဆက အမျိုးသားတစ်ယောက်ရဲ့ နှစ်သက်တာ၊ သဘောကျတာ မရှိရင် သူတို့ဘဝမှာ တန်ဖိုးမရှိတော့သလိုမျိုး၊ မွေးရာပါအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ပျော်ရွှင်မှုအတွက်ပဲ အသက်ရှင်ကြရသလိုမျိုး အမျိုးသမီးတွေကို တွေးထင်စေတယ်။ ဒီအမြင်က အရမ်းကို အဓိပ္ပာယ်မဲ့ပြီး အမျိုးသမီးတွေအတွက် မမျှတဘူး။ ကျွန်မ ဆယ်ကျော်သက်အရွယ်ကတည်းက ဒီစကားရဲ့ လွှမ်းမိုးမှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတယ်။ အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ရဲ့ ချစ်ခင်တွယ်တာမှုကို ရနိုင်ခဲ့ရင် သူ့ဘဝဟာ ပျော်ရွှင်ပြီး စိုးရိမ်စရာကင်းမဲ့သွားပြီလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မကို ချစ်ပြီး ဂရုစိုက်မယ့် ခင်ပွန်းတစ်ယောက်ကို ရှာတွေ့ဖို့ ကျွန်မ အိပ်မက်မက်ခဲ့တာ ကြာပါပြီ၊ သူနဲ့အတူ လက်တွဲပြီး အိုမင်းသွားတဲ့အထိ နေထိုင်သွားရခြင်းကသာ တကယ့်ကို ပျော်ရွှင်တဲ့ဘဝကို ရှင်သန်ခြင်းရဲ့ တစ်ခုတည်းသောနည်းလမ်းလို့ တွေးထင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ လက်ရှိခင်ပွန်းနဲ့ တွေ့ဆုံခဲ့တယ်၊ အဲဒီတုန်းက ကျွန်မက နုပျိုတယ်၊ လှပတယ်၊ ကိုယ်လုံးလည်းလှတော့ သူက ကျွန်မကို တကယ်သဘောကျခဲ့တယ်။ သူ့မှာ အချိန်ရတိုင်း အပြင်သွားပြီး ပျော်ပါးဖို့ ကျွန်မကို ခေါ်သွားခဲ့တယ်။ သူ့မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း တွေ့ဖို့ ခေါ်သွားခဲ့တယ်။ လူတိုင်းက ကျွန်မရဲ့ရုပ်ရည်ကို ချီးကျူးကြတော့ ဒါက သူ့ကို ကျွန်မအပေါ် ပိုပြီးတော့တောင် ဖူးဖူးမှုတ်ထားစေခဲ့တယ်။ ကျွန်မဟာ ဒီအံ့ဩစရာကောင်းတဲ့ အချစ်ထဲမှာ နစ်မျောနေခဲ့ပြီး မယုံနိုင်လောက်အောင် ပျော်ရွှင်ခဲ့ရတယ်။ အချစ်ကို လန်းဆန်းသစ်လွင်နေစေဖို့အတွက် ကျွန်မတို့တွေ့တဲ့အခါတိုင်း ကျွန်မရဲ့ အလှပဆုံး၊ အတောက်ပဆုံးပုံစံကို သူမြင်ရအောင်လို့ ကျွန်မရဲ့ ရုပ်ရည်သွင်ပြင်ကို အရမ်းဂရုစိုက်ခဲ့တယ်။ လက်ထပ်ပြီးနောက်မှာ ကလေးမွေးခဲ့ပြီး ကျွန်မက မိန်းကလေးငယ်တစ်ယောက်ကနေ နွမ်းနယ်နေတဲ့ အိမ်ထောင်ရှင်မကြီးတစ်ယောက် ဖြစ်သွားခဲ့တယ်။ ကျွန်မအပေါ်ထားတဲ့ ခင်ပွန်းရဲ့သဘောထားက ပိုဆိုးလာပြီး သူ့ရဲ့သဘောကျမှုက တဖြည်းဖြည်း မထီမဲ့မြင်ပြုမှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ခင်ပွန်းရဲ့ နှစ်သက်မှုကို ရဖို့နဲ့ ကျွန်မတို့ရဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် အလှအပဆိုင်ရာ ကုထုံးတွေခံယူတယ်၊ ဝိတ်ချတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့တယ်။ ကိုယ့်ခန္ဓာကိုယ်ကို ထိခိုက်စေမယ်ဆိုရင်တောင် ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ ခင်ပွန်းရဲ့သဘောထား ကျွန်မအပေါ် ကောင်းလာတာကို မြင်ရတဲ့အခါ ကျွန်မစိတ်ထဲမှာ တကယ်ကို ကျေနပ်မိပြီး “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတာကို ကျွန်မတို့အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့ သော့ချက်အဖြစ် ပိုပြီးတော့တောင် ရှုမြင်လာခဲ့တယ်။ အိမ်အလုပ်အားလုံးကိုလည်း ကျွန်မ တာဝန်ယူခဲ့တယ်၊ အိမ်ကို သန့်ရှင်းတောက်ပြောင်နေအောင်ထားပြီး ကိုယ့်ကိုယ်ကိုယ်လည်း လှလှပပ ဝတ်စားဆင်ယင်ခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးတစ်ခုလုံးကို ခင်ပွန်းအတွက် ရည်စူးထားခဲ့ပေမဲ့ အပြန်အလှန်ရလိုက်တာကတော့ သူ့ရဲ့ ဂရုမစိုက်မှုတွေပါပဲ။ ဘဝမှာ မျှော်လင့်ချက်တစ်စက်မှ မရှိတော့ဘူးလို့ ကျွန်မ ခံစားခဲ့ရပြီး အသက်တောင် မရှင်ချင်တော့ပါဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တော့ ကျွန်မခံစားခဲ့ရတဲ့ ဒီဆင်းရဲဒုက္ခအားလုံးဟာ စာတန်ကြောင့် ဖြစ်လာခဲ့တယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်မဟာ “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ စာတန်ဆန်တဲ့ မိစ္ဆာဒိဋ္ဌိအယူနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေကို လိုက်နာနေခဲ့ပြီး သူ့ကိုဘယ်လို စိတ်ကျေနပ်အောင်လုပ်မလဲ၊ သူ့နှလုံးသားကို ဘယ်လိုဆွဲကိုင်ထားမလဲဆိုတာကို ကြိုးစားစဉ်းစားရင်း အချိန်တွေအားလုံး ကုန်ခဲ့ရတယ်၊ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ခင်ပွန်းအပေါ်မှာ မူတည်ထားခဲ့တယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျွန်မရခဲ့တာအားလုံးကတော့ စိတ်ဆင်းရဲရတာနဲ့ ခါးသီးမှုတွေပါပဲ။ ကျွန်မ တကယ်ကို မိုက်မဲပြီး တုံးအလိုက်တာ။
အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရပြီး “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ ဒီမှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အမြင်ကို ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်း မြင်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယောက်ျားများသည် အမျိုးသမီးများကို ၎င်းတို့၏ အသွင်အပြင်နှင့် အဆင်တန်ဆာများအတွက်မျှသာ နှစ်သက်ကြသလော။ သို့မဟုတ် ၎င်းတို့က အမျိုးသမီးများမှာ နူးညံ့သိမ်မွေ့သည်၊ သီလရှိသည်၊ သိက္ခာရှိပြီး ကျက်သရေရှိသည်ဟု မြင်သောကြောင့်သာ နှစ်သက်ကြသလော။ ယောက်ျားများသည် ၎င်းတို့၏ မျက်စိကို ပသာဒဖြစ်စေရန်အတွက်သာ အမျိုးသမီးများကို နှစ်သက်ကြသလော။ (မဟုတ်ပါ၊ ယင်းမှာ ဇာတိပကတိ၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်ပါသည်။) သို့ဆိုလျှင် အမျိုးသမီးများက အမျိုးသားများ နှစ်သက်သဘောကျရန်နှင့် ၎င်းတို့ကို ပျော်ရွှင်စေရန် ကြိုးစားခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ယင်းမှာလည်း ဇာတိပကတိ၏ ကာမစိတ်ဆန္ဒကို မွေ့လျော်ရန် ဖြစ်ပါသည်။) ဆိုလိုသည်မှာ ယောက်ျားရော မိန်းမပါ အချင်းချင်းနှင့် ပတ်သက်လာသည့်အခါ လိုအပ်ချက်များ ရှိကြပြီး ဤလိုအပ်ချက်များထဲမှ အခြေခံအကျဆုံးမှာ ဇာတိပကတိ၏ ကာမစိတ်ဆန္ဒ လိုအပ်ချက် ဖြစ်သည်။ မိန်းမတစ်ဦးအတွက် ယောက်ျားတစ်ဦး၏ လိုအပ်ချက်မှာ သူ၏ အသွင်အပြင်ကို နှစ်သက်ခြင်းမျှသာ မဟုတ်ဘဲ ထိုအရာကို အခြေခံ၍ သူ့ကို ကာယပိုင်းဆိုင်ရာ နည်းလမ်းဖြင့် ရယူခြင်းဖြစ်သည်၊ ပို၍ ဘွင်းဘွင်းပြောရလျှင် မိမိ၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းရန် သူ၏ ခန္ဓာကိုယ်ကို ရယူခြင်း ဖြစ်သည်။ ထို့ကြောင့် ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ ဟူသော ဆိုရိုးစကား၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ အမှန်တကယ်တွင် ယောက်ျားများ၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်သည်။ ယင်းက အမျိုးသမီးများအား ၎င်းတို့၏ အသွင်အပြင်နှင့် အဆင်တန်ဆာများကို ယောက်ျားများ နှစ်သက်သဘောကျရန် ပြုလုပ်ဖို့ တောင်းဆိုရုံမျှသာမက ယောက်ျားများ၏ ကာမစိတ်ဆန္ဒကိုလည်း ဖြည့်ဆည်းရန် တောင်းဆိုပေသည်။ ယင်းမှာ အသက်ရှင်ရန် အလွန်အောက်တန်းကျသောနည်းလမ်း မဟုတ်လော။ အကယ်၍ အမျိုးသမီးများသည် ဤဆိုရိုးစကား မှန်ကန်သည်၊ ယင်းမှာ ၎င်းတို့ စွမ်းဆောင်ရရှိသင့်ပြီး လိုက်နာသင့်သည့် အရာတစ်ခုဖြစ်သည်ဟု ထင်နေဆဲဖြစ်ပါက အမျိုးသမီးများသည် မိမိတို့ကိုယ်ကို သိက္ခာချနေကြခြင်း ဖြစ်သည်။ ယောက်ျားများသည် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်များနှင့် ကစားလိုကြသည်။ အကယ်၍ အမျိုးသမီးများသည် ဤသည်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး မုန်းတီးဖွယ်ကောင်းသည်ဟု မြင်မည့်အစား၊ ယင်းမှာ ၎င်းတို့ ဘဝတစ်သက်တာ၏ အကြီးမားဆုံးသော ဂုဏ်ယူမှု၊ အဆုံးစွန်သော ဂုဏ်ယူမှုဖြစ်သည်ဟု ခံစားလျက်၊ မိမိတို့ကိုသဘောကျသူများအတွက် မိမိတို့ကိုယ်ကိုယ် အလှဆင်နေဆဲဖြစ်လျှင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိက္ခာချနေကြခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမျိုးသမီးများကို ၎င်းတို့၏ လုပ်ပိုင်ခွင့်များအား လုံးဝ ခံစားခွင့်မပေးဘဲ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ယင်းသည် အမျိုးသမီးများ၏ ဖြစ်တည်ခွင့်၊ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ၎င်းတို့၏ လူ့အခွင့်အရေးများကို ပိတ်ပင်သည်သာမက ယင်းမှာ အကြီးမားဆုံးသော ဂုဏ်ဖြစ်သည်ဟု ၎င်းတို့အား တွေးထင်စေသည်။ ဤသည်မှာ ရက်စက်သည် မဟုတ်လော။ လုံးဝ ရက်စက်လှသည်တကား။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လူ့အခွင့်အရေး ဘာဆိုဘာမျှ မရှိခြင်းအပြင် အမျိုးသမီးတစ်ဦး၏ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုနှင့် သာယာကြည်နူးခြင်းတို့ကို ယောက်ျားများအား နှစ်သက်စေခြင်းနှင့် ၎င်းတို့ကို အပြည့်အဝ ဖြည့်ဆည်းပေးခြင်းဟူသော အခြေခံအုတ်မြစ်ပေါ်တွင်သာ စွမ်းဆောင်ရရှိနိုင်ပေသည်။ အမျိုးသမီးများက လူမဆန်သော မည်သည့်ဆက်ဆံမှုကို ခံစားရသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာ၌ ဂုဏ်ယူနေရန် လိုအပ်ဆဲ ဖြစ်သည်။ ဤသည်မှာ အမျိုးသမီးများကို မတရားဖိနှိပ်ခြင်းနှင့် ဖျက်ဆီးခြင်း မဟုတ်လော။ ခေတ်သစ်အမျိုးသမီးများဖြစ်စေ၊ ရှေးခေတ် အမျိုးသမီးများဖြစ်စေ ၎င်းတို့အားလုံးက ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ ဟူသော ဆိုရိုးစကားကို ၎င်းတို့၏ ဆောင်ပုဒ်၊ ၎င်းတို့၏ ဘဝရည်မှန်းချက်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ လုံးဝ မှားယွင်းသည် မဟုတ်လော။ ဤသည်မှာ စာတန်က လူတို့ကို မတရားဖိနှိပ်ပြီး အထင်အမြင်မှားစေရန် အသုံးပြုသည့် လှည့်ကွက်တစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)...လူတို့က ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ဟု ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ ယောက်ျားတစ်ဦးက မိန်းမတစ်ဦးကို သဘောကျခြင်းလောက် ဧကန်မုချ မရိုးရှင်းပေ။ ယင်းသည် အမျိုးသားများကို အမျိုးသမီးများအပေါ် လွှမ်းမိုးအုပ်ချုပ်သည့် အနေအထားတွင် လုံးဝ ရှိစေသည်။ ပို၍ တိတိကျကျဆိုရလျှင် ဤဆိုရိုးစကားသည် ယောက်ျားကသာလွန်ပြီး မိန်းမကနိမ့်ကျသည်ဟူသော ဓလေ့စရိုက်အောက်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လက်တွေ့အရှိတရားမှာ အမျိုးသမီးများသည် မည်သည့် လူမှုစနစ်အောက်တွင်မဆို အားနွဲ့သောအုပ်စုဖြစ်ပြီး ယောက်ျားများ၏ အဖြည့်ခံများနှင့် ကစားစရာများအဖြစ် ရှုမြင်ခံရသည်။ ထို့ကြောင့် ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ ဟူသော ဆိုရိုးစကားသည် အမျိုးသမီးအားလုံးအတွက် လုံးဝ ဂုဏ်သရေပျက်ခြင်း ဖြစ်သည်။ အကယ်၍ အမျိုးသမီးများသည် ဤဆိုရိုးစကားကို အထူးသဖြင့် သဘောတူပါက ယင်းမှာ အမျိုးသမီးများအတွက် ဝမ်းနည်းစရာဖြစ်ပြီး ဤဆိုရိုးစကားကို သဘောတူသော အမျိုးသမီးအားလုံးကို အထင်သေးသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ အမျိုးသားတွေက အမျိုးသမီးတွေကို သဘောကျတာပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေက အမျိုးသားတွေ စိတ်ကျေနပ်အောင် ကြိုးစားတာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ရည်ရွယ်ချက်က ဇာတိပကတိရဲ့ လိုအင်ဆန္ဒတွေကို လိုက်လျောဖို့ပဲဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ ဖောက်ပြန်ပျက်စီးနေတဲ့ လူသားမျိုးနွယ်မှာ ဘဝအပေါ်မှန်ကန်တဲ့အမြင်တွေမရှိကြဘူး၊ ပြီးတော့ ပုံမှန်အိမ်ထောင်ရေးဘဝကို ထိန်းသိမ်းဖို့ သူတို့ရဲ့တာဝန်တွေကို ဘယ်လိုဖြည့်ဆည်းရမလဲဆိုတာကိုလည်း မသိကြဘူး။ အမျိုးသားနဲ့အမျိုးသမီးတွေ အတူပေါင်းသင်းတဲ့အခါ အများအားဖြင့်က သူတို့ရဲ့ ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒတွေကို ဖြေလျှော့ဖို့ပဲဖြစ်တယ်။ အမျိုးသမီးတွေက အမျိုးသားတွေရဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် အမျိုးသားတွေကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် အလှဆင်ဖို့ အစွမ်းကုန် ကြိုးစားကြရတယ်။ ဒါပေမဲ့ အမျိုးသားတွေကတော့ သူတို့ရဲ့ပျော်ရွှင်မှုအတွက် အမျိုးသမီးတွေ လှပအောင်ပြင်ဆင်တာကို မျှော်လင့်နေရင်းနဲ့ပဲ အမျိုးသမီးတွေနဲ့ ကစားနေကြတယ်။ ဒီကျိုးကြောင်းဆင်ခြင်မှုက လုံးဝကို အဓိပ္ပာယ်မရှိဘူး။ ဒါဟာ အမျိုးသမီးတွေကို နင်းချေဖျက်ဆီးဖို့ စာတန်ရဲ့ လှည့်ကွက်သက်သက်ပဲ။ ဘုရားသခင်ကသာ ဒါတွေအားလုံးကို ဖော်ထုတ်မပေးခဲ့ဘူးဆိုရင် ဒီစကားက မှန်တယ်လို့ ကျွန်မ ထင်နေမိဦးမှာပဲ။ ကျွန်မ တကယ်ကို မိုက်မဲပြီး ယုတ်ညံ့လိုက်တာ။ ကျွန်မ နုပျို၊ လှပပြီး ကိုယ်လုံးကိုယ်ပေါက်လှခဲ့တုန်းက ခင်ပွန်းနဲ့အတူ အပြင်ထွက်တဲ့အခါ သူ့ကို မျက်နှာပန်းလှစေခဲ့ပြီး သူ့ရဲ့အတ္တကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်၊ ဒါကြောင့် သူက ကျွန်မကို ကောင်းကောင်းဆက်ဆံခဲ့တယ်။ ကလေးမွေးပြီးတဲ့နောက်မှာတော့ ကျွန်မက အရင်ကလို မသွယ်လျ၊ မလှပတော့ဘူး၊ ဒါကြောင့် သူ့ရဲ့စိတ်ဓာတ်အမှန်တွေ ပေါ်လာခဲ့တယ်။ သူ့ရဲ့အရင်က မြတ်နိုးမှုနဲ့ ခင်မင်တွယ်တာမှုတွေက တဖြည်းဖြည်း မထီမဲ့မြင်ပြုမှုနဲ့ အေးစက်မှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ခင်ပွန်းရဲ့နှလုံးသားကို ပြန်ရဖို့အတွက် သူ စိတ်ကျေနပ်အောင်လုပ်ဖို့ နည်းလမ်းတွေ ကြိုးစားရှာခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် လှပအောင်လုပ်ပြီး ဝိတ်ချဖို့ နည်းလမ်းပေါင်းစုံကို သုံးခဲ့တယ်။ ဒါပေမဲ့ ဒါက သူ့ကို ယာယီအသစ်အဆန်းတစ်ခုအနေနဲ့သာ ကျေနပ်စေခဲ့ပြီး ကျွန်မတို့ရဲ့အိမ်ထောင်ရေးဘဝကို တိုးတက်အောင် ဘာတစ်ခုမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်မတို့က အိမ်တစ်အိမ်တည်းရဲ့ အမိုးအောက်မှာ နေခဲ့ကြပေမဲ့ သူစိမ်းတွေလိုပါပဲ။ အဲဒီခံစားချက်က ကျွန်မကို ခဏခဏဆိုသလို စိုးရိမ်ပူပန်စေပြီး စိတ်ဆင်းရဲစေခဲ့တယ်၊ ကိုယ့်ဘဝကိုယ် အဆုံးသတ်ဖို့အထိတောင် တွေးစေခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးမှသာ ကျွန်မ ဆင်ခြင်သုံးသပ်မိပြီး ခင်ပွန်းရဲ့အရင်က ကျွန်မအပေါ်ထားတဲ့ ခင်မင်တွယ်တာမှုက စစ်မှန်တာမဟုတ်ဘူးဆိုတာကို သဘောပေါက်ခဲ့တယ်။ သူက ကျွန်မရဲ့ရုပ်ရည်ကိုပဲ သဘောကျခဲ့တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူက ကျွန်မရဲ့နုပျိုမှုနဲ့ အလှကိုပဲ သဘောကျခဲ့တာဖြစ်ပြီး ကျွန်မရဲ့ရုပ်ရည်တွေ မှေးမှိန်သွားပြီး ကိုယ်လုံးကိုယ်ပေါက် ပြောင်းလဲသွားတဲ့အခါ သူ့ရဲ့မထီမဲ့မြင်ပြုမှုနဲ့ အေးစက်မှုအားလုံးက ပေါ်လွင်လာခဲ့တယ်။ သူက ကျွန်မကို ဘယ်တုန်းကမှ တကယ်ဂရုမစိုက်ခဲ့ဘူး၊ ပြီးတော့ ခင်ပွန်းတစ်ယောက်ရဲ့တာဝန်တွေကို ဘယ်လိုဖြည့်ဆည်းရမလဲဆိုတာကိုလည်း သူနားမလည်ခဲ့ဘူး။ ဒီလိုအိမ်ထောင်ရေးမျိုးက ဘယ်လိုလုပ် ပျော်ရွှင်နိုင်မှာလဲ။ ကျွန်မက ဘဝအပေါ်ထားတဲ့ ကိုယ့်အမြင်တွေ၊ တန်ဖိုးထားမှုတွေကို ခင်ပွန်း စိတ်ကျေနပ်အောင် လုပ်တာတွေနဲ့ ချည်နှောင်ထားခဲ့တယ်။ ခင်ပွန်းရဲ့သဘောကျမှုကိုရရင် သူ့နှလုံးသားကို ဆက်ထိန်းထားနိုင်မယ်၊ ပြီးတော့ ဒီနည်းလမ်းနဲ့မှပဲ ကိုယ့်ဘဝက ပျော်ရွှင်ပြီး ဝမ်းမြောက်နိုင်မယ်လို့ တလွဲ တွေးထင်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်မဟာ မခံမရပ်နိုင်အောင် ဆင်းရဲဒုက္ခရောက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းခဲ့တယ်။ ဒါတွေအားလုံးဟာ ကျွန်မရဲ့လိုက်စားမှုနောက်ကွယ်က မှားယွင်းတဲ့အမြင်တွေကြောင့် ဖြစ်ခဲ့ရတာပါ။ “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ အယူအဆနဲ့သာ အသက်ရှင်မယ်ဆိုရင် စာတန်ရဲ့လှည့်စားမှုကိုပဲ ခံရပြီး နောက်ဆုံးမှာ သူ့ရဲ့သားကောင်ဖြစ်သွားနိုင်တယ်ဆိုတာကို အဲဒီအခါမှပဲ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ တကယ်ကို သနားစရာကောင်းပြီး ဝမ်းနည်းစရာပါပဲ။
ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆက်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ ဟူသော ဆိုရိုးစကားက မှန်ကန်သလော၊ မမှန်ကန်သလော (မမှန်ကန်ပါ။) ဤဆိုရိုးစကားသည် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်သည့်အပြင်၊ မှန်ကန်သော အတွေး သို့မဟုတ် ရှုထောင့်တစ်ခုလည်း မဟုတ်ပေ။ သမ္မာကျမ်းစာနှင့် ဘုရားသခင် ဖော်ပြခဲ့သော နှုတ်ကပတ်တော်များထဲတွင် ကြည့်လော့၊ မိန်းမတို့သည် ၎င်းတို့ကို သဘောကျသူများအတွက် အလှဆင်သင့်ကြောင်း ပြောသည့် မည်သည့်ဝါကျတစ်ကြောင်းတလေ ရှိသလော။ ယောက်ျားတို့သည် မိန်းမတို့အထက်တွင် ရှိသည်ဟု ဆိုလျက် ယောက်ျားနှင့် မိန်းမတို့၏ အဆင့်အတန်းကို အဆင့်များအဖြစ် ပိုင်းခြားသည့် ဝါကျတစ်ကြောင်းတလေ ရှိသလော။ မရှိပေ။ သမ္မာကျမ်းစာရှိ ကမ္ဘာဦးကျမ်းတွင် မှတ်တမ်းတင်ထားသည်မှာ မိန်းမသည် ယောက်ျား၏ အရိုးထဲကအရိုး၊ အသားထဲကအသား ဖြစ်သည်ဟူ၍ ဖြစ်သည်။ ယောက်ျားနှင့် မိန်းမတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် အဆင့်များ ပိုင်းခြားခြင်း မရှိဘဲ၊ သာလွန်သူနှင့် နိမ့်ကျသူဟူ၍ ခွဲခြားမှုမရှိဘဲ ဘုရားသခင်၏ ရှေ့မှောက်တွင် တန်းတူညီတူ ဖြစ်ကြသည်။ လူတို့ကို သာလွန်သူနှင့် နိမ့်ကျသူဟူ၍ ပိုင်းခြားခြင်းနှင့် အဆင့်အတန်းနှင့်ဆိုင်သော အဆင့်များကို ခွဲခြားခြင်းသည် စာတန်လုပ်ဆောင်သော အရာတစ်ခု ဖြစ်သည်။ ယင်းမှာ စာတန်က မိန်းမများကို ဖိနှိပ်ညဉ်းပန်းခြင်း၏ စစ်မှန်သော သက်သေပင် ဖြစ်သည်။ အစအဦး၌ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်မှစ၍ ယောက်ျားနှင့် မိန်းမတို့သည် ဘုရားသခင်၏ အမြင်တွင် တန်းတူညီမျှ ဖြစ်ခဲ့ကြသည်။ နှစ်ဦးစလုံးသည် ဖန်ဆင်းခံများဖြစ်ကြပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ယောက်ျားတို့က သာလွန်ပြီး မိန်းမတို့က နိမ့်ကျသည်ဟု မည်သည့်အခါမျှ မပြောခဲ့သည့်အပြင်၊ ယောက်ျားတို့သည် မိန်းမတို့၏ ဦးခေါင်း သို့မဟုတ် ၎င်းတို့၏ သခင်များ ဖြစ်သင့်သည်ဟုလည်းကောင်း၊ ယောက်ျားတို့သည် မိန်းမတို့အထက်တွင် လွှမ်းမိုးသင့်သည်ဟုလည်းကောင်း၊ မည်သည့်အလုပ်တွင်မဆို ယောက်ျားတို့က မိန်းမတို့ထက် ဦးစားပေးခံရသင့်သည်ဟုလည်းကောင်း၊ သို့မဟုတ် ယောက်ျားတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များရှိပြီး အဓိက ကျောရိုးများဖြစ်စဉ်တွင်၊ မိန်းမတို့က ယောက်ျားတို့၏စကားကို ပို၍နားထောင်သင့်သည်ဟုလည်းကောင်း သူက မည်သည့်အခါမျှ မပြောခဲ့ပေ။ ဘုရားသခင်သည် ထိုသို့သော အရာများကို မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးမှုကြောင့်သာလျှင် ယောက်ျားတို့က သာလွန်ပြီး မိန်းမတို့က နိမ့်ကျသည်ဟူသော ဆိုရိုးစကားများက လူတို့ကြားတွင် ပေါ်ပေါက်လာခဲ့ပြီး၊ ထို့နောက် ဤခေတ်ရေစီးကြောင်းက မိန်းမများကို ယောက်ျား၏ သြဇာအာဏာအောက်တွင် စဉ်ဆက်မပြတ် ဖိနှိပ်ထားလျက်၊ လူ့အဖွဲ့အစည်းတစ်လျှောက်လုံးနှင့် လူသားမျိုးနွယ်အားလုံးတစ်လျှောက်တွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သမ္မာတရားကို နားလည်မှုကင်းမဲ့ခြင်းကြောင့် မိန်းမတို့သည် စာတန်၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံရပြီးနောက် ၎င်းတို့သည် ယောက်ျားတို့၏ ဆင့်ပွားဖြစ်သည် သို့မဟုတ် ယောက်ျားတို့ထက် အဆင့်အတန်း နိမ့်သည်ဟု ခံစားကြရသည်။ ထို့ကြောင့် ယနေ့မျက်မှောက်ခေတ်အထိတိုင် များစွာသော မိန်းမတို့သည် ‘မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်’ ဟူသော ဆိုရိုးစကားက မှန်ကန်သည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ အလွန် ဝမ်းနည်းဖွယ်ကောင်းသောအရာတစ်ခု ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ပါက များစွာသော တိကျသည့် ကိစ္စရပ်များတွင် စာတန်၏ အမျိုးမျိုးသော အတွေးများနှင့် ရှုထောင့်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေကြရဆဲ ဖြစ်သည်။ ဤသေးငယ်သော ကိစ္စရပ်လေးတစ်ခုပင်လျှင် အလွန် သရုပ်ဖော်ပြနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။)...ဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်များအနေဖြင့် မိန်းမတို့သည် လိင်နှင့် ခန္ဓာဗေဒပိုင်းတွင်သာ ယောက်ျားတို့နှင့် ကွဲပြားသည်။ အခြားသော ကဏ္ဍများတွင်မူ မည်သည့်ကွဲပြားမှုမျှ လုံးဝမရှိပေ။ ဘုရားသခင်၏ အမြင်တွင် ယောက်ျားနှင့် မိန်းမတို့သည် အဆင့်အတန်း၌ ကွဲပြားမှုမျှ ဘာဆိုဘာမျှ မရှိကြပေ။ ဘုရားသခင်သည် မည်သည့်အခြေအနေအောက်တွင်မျှ သူက ယောက်ျားတို့အပေါ် ထားရှိသော တောင်းဆိုချက်များနှင့် ကွဲပြားသည့် တောင်းဆိုချက်များကို မိန်းမတို့အပေါ် မည်သည့်အခါမျှ မပြုလုပ်ခဲ့ပေ။ ဘုရားသခင် ရွေးချယ်သော လူအရေအတွက်၊ ကယ်တင်ခြင်း၏ မျှော်လင့်ချက်၊ တာဝန်များ ထမ်းဆောင်ရန် ၎င်းတို့၏ အခွင့်အရေးများ၊ ၎င်းတို့ ထမ်းဆောင်နိုင်သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်နိုင်သည့် အလုပ်တို့ကဲ့သို့သော ကဏ္ဍများတွင် မိန်းမတို့သည် ယောက်ျားတို့နှင့် အခြေခံအားဖြင့် တန်းတူညီမျှ ဖြစ်ကြသည်။ မိန်းမတို့သည် ယောက်ျားတို့ထက် မလျော့နည်းပေ။ ဤသည်မှာ လက်တွေ့အခြေအနေ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်ခဲ့တာကတော့ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လူအားလုံးဟာ ဖန်ဆင်းခံတွေဖြစ်ပြီး ဘုရားသခင်ရှေ့မှာ တန်းတူညီတူရှိကြတယ်။ ယောက်ျားကမြတ်တယ်၊ မိန်းမကနိမ့်တယ်ဆိုတာမျိုး လုံးဝမရှိဘူး။ ဘုရားသခင်က ယောက်ျားနဲ့မိန်းမကို ဖန်ဆင်းခဲ့ပြီး သူတို့အတွက် အိမ်ထောင်ရေးနဲ့ မိသားစုကို စီစဉ်ပေးခဲ့တာဟာ လူတွေအချင်းချင်း အဖော်ပြုပြီး သူတို့ရဲ့တာဝန်တွေကို ဖြည့်ဆည်းကြဖို့ မျှော်လင့်ခဲ့လို့ပဲ။ ဒါပေမဲ့ စာတန်ကတော့ “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” တို့ “ယောက်ျားက မိန်းမထက်မြတ်တယ်” တို့လို မိစ္ဆာဒိဋ္ဌိအယူနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေကို လူတွေထဲကို သွတ်သွင်းပေးတယ်၊ သူ့ရဲ့ရည်ရွယ်ချက်က အမျိုးသမီးတွေကို ဖိနှိပ်ဖို့နဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ပဲ။ အရင်တုန်းက ကျွန်မဟာ “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အယူအဆနဲ့ အမြဲတမ်း အသက်ရှင်ခဲ့ပြီး ခင်ပွန်းကို ကျွန်မရဲ့အားကိုးရာ၊ ကျွန်မရဲ့အရာအားလုံးအနေနဲ့ သဘောထားခဲ့တယ်။ သူ စိတ်ကျေနပ်အောင် လုပ်ပေးဖို့ နည်းလမ်းတွေကို ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့တယ်၊ သူ့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်တောင် အမြဲတမ်း ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ အခြေအနေတွေက ကျွန်မထင်သလို ဖြစ်မလာခဲ့ဘူး၊ သူ စိတ်ကျေနပ်အောင် ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သူ့ရဲ့စစ်မှန်တဲ့ချစ်ခင်တွယ်တာမှုကို ဘယ်တော့မှ မရခဲ့ဘဲ ကျွန်မတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေလို ဖြစ်လာခဲ့တယ်။ သူက ကျွန်မကို ဂရုမစိုက်ဘူး၊ မချစ်ဘူးလို့ ကျွန်မက စောဒကတက်ခဲ့ပြီး သူကလည်း ကျွန်မ သူ့ကို နားမလည်ဘူးလို့ စောဒကတက်ခဲ့တယ်။ ကျွန်မတို့ကြားမှာ အချစ်မရှိဘူး၊ အလေးထားမှုမရှိဘူး၊ တစ်ယောက်ကိုတစ်ယောက် မကျေမနပ်ဖြစ်လာကြပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးက တဖြည်းဖြည်း ပြိုကွဲခြင်းဆီကို ဦးတည်သွားခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တော့ ကျွန်မနားလည်ခဲ့တာက မိသားစုဘဝမှာ ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့တာဝန်တွေကိုပဲ ဖြည့်ဆည်းဖို့လိုတယ်၊ ခင်ပွန်းရဲ့နှလုံးသားကို ဖက်တွယ်ထားဖို့ ကြိုးစားတာနဲ့ အာရုံက နစ်မြုပ်မနေသင့်ဘူး။ သူ စိတ်ကျေနပ်အောင်လုပ်ဖို့လည်း နည်းလမ်းပေါင်းစုံကို သုံးပြီး ကြိုးစားစရာမလိုဘူးဆိုတာပါပဲ။ အဲဒီလိုလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာရောက်တယ်။ လင်နဲ့မယားဟာ တစ်ယောက်နဲ့တစ်ယောက် တန်းတူညီတူရှိပြီး တစ်ယောက်ချင်းစီမှာ သူတို့ရဲ့ကိုယ်ပိုင်တာဝန်တွေနဲ့ ဝတ္တရားတွေရှိကြတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဘုရားသခင် အမိန့်နဲ့ပြဋ္ဌာန်းပေးထားတဲ့ အိမ်ထောင်ရေးရဲ့ဘောင်အတွင်းမှာ သူတို့ဟာ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ တာဝန်တွေကို ဖြည့်ဆည်းသင့်ပြီး ဘဝရဲ့အဆင့်တိုင်းကို ဖြတ်သန်းတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ထောက်ပံ့သင့်ကြတယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ အရေးကြီးဆုံးသော သမ္မာတရားတစ်ခုကိုလည်း ကျွန်မနားလည်ခဲ့တယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ပေးအပ်ထားတဲ့ တာဝန်ပေးစေခိုင်းချက်နဲ့ အထူးတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ဒါဟာ ဘဝရဲ့စစ်မှန်တဲ့အဓိပ္ပာယ်နဲ့ တန်ဖိုးဖြစ်ပြီး အမှန်ကန်ဆုံးသော လိုက်စားမှုလည်း ဖြစ်တယ်။ ဘုရားသခင်ပြောခဲ့သလိုပါပဲ။ “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။...တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် သဘောတရားများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော အထူးတာဝန်၊ တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည် မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။ ဥပမာ အသင်းတော်တွင် လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကို အားကုန်စိုက်ထုတ်၍ လုပ်ဆောင်ကြပြီး ၎င်းတို့ တစ်ဘဝလုံး၏ အားအင်ကို ဆက်ကပ်အပ်နှံကြသည်။ အဖိုးအခ ကြီးစွာပေးဆပ်ပြီး လူများစွာကို ရရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဘဝများသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းမရှိ၊ ၎င်းတို့သည် တန်ဖိုးရှိပြီး ကိုယ်စိတ်ချမ်းသာမှု ရှိသည်ဟူ၍ ၎င်းတို့က ခံစားရသည်။ ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ တစ်ဘဝလုံးကို အနှစ်ချုပ်ပြီး ၎င်းတို့ အစဉ်လုပ်ဆောင်ခဲ့သမျှတိုင်းကို၊ ၎င်းတို့ လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်သက်သာမှုကို တွေ့ရှိကြသည်။ အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ မခံစားရပေ။ လူအချို့သည် အသင်းတော်ကို ဦးဆောင်စဉ်တွင်၊ သို့မဟုတ် အလုပ်ကဏ္ဍတစ်ခုအတွက် တာဝန်ခံရစဉ်တွင် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စွမ်းရည် အပြည့်အဝကို ထုတ်လွှတ်ကြပြီး အားကုန် ထုတ်သုံးကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်အတွက် အားအင်အလုံးစုံကို အသုံးပြုပြီး အဖိုးအခပေးဆပ်ကြသည်။ ၎င်းတို့သည် အားကြီးပြီး ခိုင်မာစွာ ရပ်တည်ရန်၊ နောက်မဆုတ်ရန်၊ ထိုအစား ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာပြီး နောက်ဆုံး၌ ဘုရားသခင်အတွက်ပင် သက်သေခံရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့အလယ်တွင် ၎င်းတို့၏ ရေလောင်းခြင်း၊ ခေါင်းဆောင်ခြင်း၊ ကူညီပံ့ပိုးခြင်းမှတစ်ဆင့် လူများစွာကို ကူညီကြသည်။ ထို့အပြင် ၎င်းတို့ ခေါင်းဆောင်သည့် အချိန်ကာလအတွင်းတွင် အရေးပါသော အလုပ်များစွာကို ပြီးမြောက်ကြပြီး ဆိုးယုတ်သောသူ တော်တော်များများကို ရှင်းလင်းပစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည်။ ကြီးမားသော ဆုံးရှုံးမှုအချို့ကို ပြန်လည် ရယူပေးသည်။ ဤအောင်မြင်မှုအားလုံးသည် ၎င်းတို့ ခေါင်းဆောင်သည့်အချိန်အတွင်းတွင် ဖြစ်ပေါ်သည်။ ၎င်းတို့လျှောက်ခဲ့သည့်လမ်းကြောင်းကို ပြန်ကြည့်လျှင်၊ ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ပေးဆပ်ခဲ့သည့် အဖိုးအခကို ပြန်ပြောင်းတွေးကြည့်လျှင် ၎င်းတို့သည် နောင်တရခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်းကို မခံစားရပေ။ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ မည်သည့်နောင်တမျှ မခံစားရဘဲ တန်ဖိုးရှိသည့်အသက်တာကို အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ စိတ်နှလုံးတွင် တည်ငြိမ်မှုနှင့် ကိုယ်စိတ်ချမ်းသာမှုတို့ ရှိကြသည်ဟု ယုံကြည်ကြ၏။ ယင်းမှာ ကောင်းလှပါတကား။ ဤသည်မှာ ၎င်းတို့ ရရှိပြီးဖြစ်သည့် အသီးအပွင့်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတည်ငြိမ်ပြီး သက်သာသည့် ခံစားချက်သည်၊ ဤနောင်တများမရှိခြင်းသည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လိုက်စားခြင်း၏ ရလဒ်နှင့် ရိတ်သိမ်းမှုဖြစ်သည်။ လူတို့အပေါ် မြင့်မားသောစံနှုန်းများကို မထားရှိကြစို့နှင့်။ လူတစ်ယောက်က သူ၏ ဘဝတစ်လျှောက်တွင် သူလုပ်ဆောင်သင့်သည့်၊ သို့မဟုတ် လုပ်ဆောင်ရန် လိုလားသည့် အလုပ်တစ်ခုနှင့် ရင်ဆိုင်ရသည့် အခြေအနေတစ်ခုကို စဉ်းစားကြည့်ကြစို့။ သူ၏ နေရာကို ရှာတွေ့ပြီးနောက်တွင် သူသည် သူ၏နေရာတွင် ခိုင်မာစွာရပ်တည်သည်၊ သူ၏ နေရာကို စွဲကိုင်ထားသည်၊ အပန်းတကြီးလုပ်ရသော အားထုတ်မှုနှင့် သူ၏ အင်အားအားလုံးတို့ကို အသုံးပြုကာ သူ လုပ်ဆောင်သင့်ပြီး ပြီးမြောက်သင့်သည့်အရာကို အောင်မြင်ပြီး ပြီးမြောက်လေသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ရှင်းလင်းပြောဆိုရန်အတွက် ဘုရားရှေ့၌ ရပ်သောအခါ အတော်အတန်ပင် ကျေနပ်မှုရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိပေ။ ၎င်းတို့သည် စိတ်သက်သာရာရကာ တစ်စုံတစ်ခုကို ရရှိပြီးဖြစ်သည်ဟုလည်းကောင်း၊ တန်ဖိုးရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သည်ဟုလည်းကောင်း ခံစားကြရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) အမျိုးသမီးဘယ်လောက်များများက သူတို့ခင်ပွန်းတွေအတွက် အသက်ရှင်ပြီး သူတို့က ကိုယ့်ခင်ပွန်း စိတ်ကျေနပ်အောင်လုပ်ရင်း တစ်ဘဝလုံး အချိန်ကုန်နေကြသလဲဆိုတာကို ကျွန်မစဉ်းစားမိတယ်။ သူတို့က သူတို့ရဲ့အိမ်ထောင်ရေးနဲ့ မိသားစုကို ကောင်းကောင်းထိန်းသိမ်းနိုင်ရင်တောင်မှ လူတစ်ယောက်ဟာ ဘာအတွက်အသက်ရှင်သင့်သလဲ၊ ဒါမှမဟုတ် တကယ်တန်ဖိုးရှိတဲ့ဘဝကို ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို သူတို့မသိကြဘူး။ ဒါကိုမသိဘဲနဲ့ သူတို့ဘဝတွေမှာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ နောက်ဆုံးမှာတော့ သူတို့ အချည်းနှီး အသက်ရှင်နေကြတာ မဟုတ်ဘူးလား။ ကျွန်မ တစ်ချိန်က အိမ်ထောင်ရေးပျော်ရွှင်မှုကို လိုက်စားခဲ့ပုံကို ပြန်တွေးမိတယ်။ ကျွန်မခင်ပွန်း စိတ်ကျေနပ်အောင် ကြိုးစားပြီး လုပ်ပေးဖို့အတွက်ပဲ အဓိပ္ပာယ်မရှိတဲ့အရာမျိုးစုံကို လုပ်ခဲ့ပြီး မလိုအပ်တဲ့ ဆင်းရဲဒုက္ခအများကြီးကို ခံစားခဲ့ရတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒဏ်ရာဗရပွနဲ့ ခန္ဓာကိုယ်ကလွဲလို့ ကျွန်မ ဘာများရခဲ့လို့လဲ။ ဆင်ခြင်သုံးသပ်ကြည့်တော့ အဲဒီအတွေ့အကြုံက ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ တကယ်ကို စွဲထင်နေခဲ့တယ်။ အဲဒါက ကျွန်မဘဝရဲ့ အနိမ့်ဆုံးအချိန်ဖြစ်ခဲ့ပြီး ကျွန်မ အမျှော်လင့်ချက်အမဲ့ဆုံးနဲ့ အနာကျင်ရဆုံးအချိန်လည်း ဖြစ်ခဲ့တယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ဟာ စာတန်ရဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေတယ်၊ တဏှာရာဂနဲ့ ပြည့်နေတယ်၊ ပြီးတော့ အချစ်စစ်ဆိုတာ ဘာလဲဆိုတာကိုတောင် လုံးဝမသိဘူး၊ ကိုယ့်ရဲ့အိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုပိုလို့တောင် မသိပါဘူး၊ ကျွန်မကို နားလည်စေခဲ့တာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ လူတွေက တစ်ယောက်ကိုတစ်ယောက် အသုံးချပြီး လှည့်စားနေကြတာပဲ။ အချစ်စစ်ဆိုတာ မရှိဘူး။ လူသားမျိုးနွယ်အပေါ်ထားတဲ့ ဘုရားသခင်ရဲ့အချစ်တစ်ခုတည်းသာ အတ္တကင်းတယ်၊ အပေးအယူမရှိဘူး၊ တောင်းဆိုမှုတွေမရှိဘူး။ ဒါဟာ အမှန်ကန်ဆုံးနဲ့ အစစ်မှန်ဆုံးသော အချစ်ပဲ။ အမျိုးသမီးတစ်ယောက်ဟာ သမ္မာတရားကိုမလိုက်စားဘဲ၊ ဖန်ဆင်းခံတစ်ဦးရဲ့တာဝန်ကိုမထမ်းဆောင်ဘဲ ခင်ပွန်း စိတ်ကျေနပ်အောင်လုပ်ဖို့အတွက်ပဲ အသက်ရှင်နေရင် အဲဒီလိုဘဝမျိုးက တကယ်ကို ယုတ်ညံ့လှပါတယ်။
အခုတော့ ကျွန်မ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်ခွာလာခဲ့ပြီ၊ တာဝန်ထမ်းဆောင်နေရင်းနဲ့ ကျွန်မမှာ ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ ဘယ်လိုမှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အတွေးအမြင်တွေရှိလဲဆိုတာကို ဆန်းစစ်ဖို့ အာရုံစိုက်ပြီး အဲဒါတွေကိုဖြေရှင်းဖို့ သမ္မာတရားကို သတိရှိရှိနဲ့ ရှာဖွေနေပါတယ်။ ဒီလိုအသက်ရှင်ခြင်းကမှ အဓိပ္ပာယ်ရှိတယ်လို့ ကျွန်မခံစားရတယ်။ “မိန်းမတစ်ယောက်ဟာ သူ့ကို သဘောကျတဲ့သူအတွက် လှပအောင် ပြင်ဆင်တယ်” ဆိုတဲ့ မှားယွင်းတဲ့ အတွေးအမြင်ကနေ ကျွန်မကို လမ်းပြခေါ်ထုတ်ပေးခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ချန်ရှောင်း၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဧပြီလကုန်မှာ၊ အသင်းတော်တစ်ခုက ခေါင်းဆောင်ဟာ လက်တွေ့ကျတဲ့ အလုပ်မလုပ်လို့ ဖြုတ်ချခံလိုက်ရတယ်ဆိုပြီး...
ဗလဒီယာ ပြင်သစ်နိုင်ငံ အရင်နှစ်က ကျွန်မတို့ရဲ့အသင်းတော်ခေါင်းဆောင် အစ်မလော်ရာ အစားထိုးခံရတယ်၊ ဘာကြောင့်လဲဆိုတော့ သူက ဘာလက်တွေ့အလုပ်မှ...
၂၀၂၃ခုနှစ်၊ ဧပြီလတုန်းက ကျွန်မဟာ အသင်းတော်မှာ ဧဝံဂေလိအလုပ်အတွက် တာဝန်ယူခဲ့ပါတယ်။ အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မတို့နဲ့...
ကျွန်မက မြန်မာကပါ။ ၂၀၁၉ခုနှစ် မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားက ကျွန်မတို့ကို...