ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းခရီးကို ဦးဆောင်သည်

22.12.2020

ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ “လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ရှင်းပစ်ဖို့ရန် မဟုတ်၊ သို့သော် ၎င်းတို့ကို ကြီးထွားစေဖို့ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိနိုင်သည်”) ယခင်က လူတို့ကို ဖော်ထုတ်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ကျွန်မ နားလည်မှုလွဲခဲ့သောကြောင့် ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် အမှားများ တစ်ခုတစ်လေ လုပ်မိသည့်အခါတိုင်း သို့မဟုတ် အခက်အခဲတစ်ခုခု ကြုံရသည့်အခါတိုင်း၊ သို့မဟုတ် ကျရှုံးခြင်းနှင့် ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ပြဿနာတစ်ခု ခံစားရသည့်အခါတိုင်းတွင်၊ ကျွန်မ၏ အလုပ်၌ မတုန်မလှုပ် ခိုကပ်လျက်၊ ဘုရားသခင်၏ အလိုတော်ကို မရှာဖွေဘဲ မိမိကိုယ်ကိုယ် သိရှိရန် အတွင်းကျကျ မသုံးသပ်ဘဲ အပျက်သဘောဆောင်ခြင်းနှင့် နားလည်မှုလွဲခြင်း အခြေအနေတစ်ခုတွင် ကျွန်မ နေထိုင်ခဲ့သည်။ ဤအရာက ကျွန်မကို သမ္မာတရား ရရှိဖို့ အခွင့်အရေးများစွာ ဆုံးရှုံးစေခဲ့သည်။ ဘုရားသခင် စီစဉ်သော အခြေအနေအပြင်၊ သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ ကျေးဇူးကြောင့်၊ နောက်ပိုင်းတွင် ကျွန်မ၏ ကိုယ်ပိုင် အတွေ့အကြုံထဲက သွေဖည်ခြင်းကို ကျွန်မ ရှာတွေ့ခဲ့ပြီး ကျွန်မတို့ကို ဖယ်ရှားရန် ဘုရားသခင်က လူတို့အား ဖော်ထုတ်ခြင်းမဟုတ်ဘဲ ကျွန်မတို့ အသက်တာများ ကြီးထွားခွင့်ပေးဖို့ရန် ဖြစ်သည်ကို နားလည်ခဲ့ရသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းဖြင့်၊ ကျွန်မသည် အပျက်သဘောမဆောင်တော့ပါ၊ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုမလွဲတော့ပါ။ ပြီးလျှင် လက်တွေ့လုပ်ဆောင်ဖို့ နှင့် သမ္မာတရားဆီ သွားရာလမ်းကြောင်းကို ကျွန်မ ရှာတွေ့ခဲ့သည်။

အသင်းတော်တွင် ကျွန်မ ဖြည့်ဆည်းသည့် တာဝန်မှာ စာတမ်းများကို စုစည်းရန် ဖြစ်သည်။ အချိန်အတော်ကြာ၊ ဘုရားသခင်၏ လမ်းပြမှုကြောင့်၊ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ရလဒ်အချို့ ကျွန်မ စွမ်းဆောင်ရရှိခဲ့သည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများ စစ်ဖို့ရန် ဧဝံဂေလိစာပေများကို စိစစ်တည်းဖြတ်ပြီး စုစည်းပြီးနောက်၊ သူတို့ မည်သည့် ပြဿနာမှ မတွေ့ခဲ့ကြပါ။ သို့သော် သူတို့ဘာသာပြုစုထားသော ဧဝံဂေလိစာပေများနှင့် ပတ်သက်လာလျှင် ကျွန်မက ပြဿနာအချို့ကို ရှာတွေ့နိုင်ခဲ့ရုံသာမက၊ ထိုပြဿနာများကို သူတို့အတွက် စိစစ်ပြီး ပြုပြင်ပေးနိုင်ခဲ့သည်။ ကျွန်မ၏ ညီအစ်မများနှင့် ညီအစ်ကိုများက ကောင်းမွန်သည့် အခြေအနေတွင် မရှိကြသော်လည်း၊ ကျွန်မသည် ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံပြီး သူတို့ကို သည်းခံကာ ဆွေးနွေးပေးဖို့ ကျွန်မ၏ ကိုယ်ပိုင်အတွေ့အကြုံများကို ဆောင်ကျဉ်းနိုင်ခဲ့ပြီး၊ ထိုသို့ဖြင့် သူတို့ကို မိမိတို့၏ မှားယွင်းသော အခြေအနေမှ ထွက်လာနိုင်စေခဲ့သည်။ ဤအရာကို ကျွန်မ စဉ်းစားမိသည့်အခါ ကျွန်မ ဘဝင်ခိုက်မိခဲ့သည်။ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းသည့်အလုပ်ကို ကျွန်မ အတော်လေးကောင်းအောင် လုပ်ခဲ့ပြီး တိုးတက်မှုအချို့ အမှန်တကယ် ဖန်တီးခဲ့သကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ သို့သော် ဤရက်ပိုင်းတွင် ကျွန်မ စုစည်းခဲ့သည့် ဧဝံဂေလိ စာပေများနှင့်အတူ ကျွန်မ အလွန်အံ့အားသင့်သွားရလောက်အောင်ပင် ပြဿနာများက ထပ်တလဲလဲ ပေါ်ထွက်လာနေခဲ့သည်။ တစ်နေ့ ညီအစ်မတစ်ဦးက ကျွန်မကို၊ “အစ်မရဲ့ ဧဝံဂေလိ စာပေတွေထဲမှာ အစ်မရေးတဲ့ ဝါကျတွေဟာ အမြဲ ပိုကောင်းလေ့ရှိခဲ့တယ်။ ဘယ်လိုဖြစ်ပြီး ဒီစာတမ်းထဲမှာ အရမ်းပဲ အမှားတွေအများကြီး ရှိရတာလဲ” ဟု ပြောလေသည်။ စာစိစစ်တည်းဖြတ်ရာတွင် အမြဲ ပိုမိုကျွမ်းကျင်လေ့ရှိသူတစ်ဦးအနေဖြင့် ဤအရာကို ကျွန်မ လက်ခံဖို့ အချိန်အနည်းငယ်ကြာအောင် ခဲယဉ်းခဲ့သည်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်၊ “ဒီဧဝံဂေလိ စာပေတွေကို စိစစ်တည်းဖြတ်တဲ့အပေါ် ငါ အရမ်းကို ကြိုးစားလုပ်ခဲ့တယ်။ ဒီတော့ ဒီဝါကျတွေနဲ့ပတ်သက်ပြီး ဘာလို့ ပြဿနာတစ်ခုခု ရှိနေရသေးတာလဲ” ဟု တွေးခဲ့သည်။ စာတမ်းအပေါ် ဤညီအစ်မ ပြုလုပ်သည့် အမှားပြင်ချက်များကို တွေ့ရသည့်အခါ၊ကျွန်မ အတော်လေး မပျော်မရွှင်ခံစားခဲ့ရသည်။ သို့သော် ဘုရားသခင်၏ အလိုတော်ကို ကျွန်မ မရှာဖွေခဲ့ပါ။ ကျွန်မက ဤဧဝံဂေလိစာပေကို နောက်ထပ် တစ်ချက်မျှအမြန် စစ်ပြီးနောက် ပြီးစီးခဲ့သည်။ နောက်နေ့တွင်၊ ကျွန်မ စိစစ်တည်းဖြတ်ခဲ့သည့် နောက်ထပ် ဧဝံဂေလိ စာပေတစ်စကို ပြန်လည်စစ်ဆေးစဉ်တွင်၊ ထိုညီအစ်မကပင် ကျွန်မ၏ စာစိစစ်ရာတွင် ကျွန်မ၏ တွေးမြင်ပုံက မရှင်းလင်းကြောင်းနှင့် ယင်း၏ ခြုံငုံသော ဆိုလိုရင်းကို မတည်ဆောက်နိုင်ခဲ့ကြောင်း မမျှော်လင့်ဘဲ ဆိုလေသည်။ ဦးဆောင်သည့် လူကလည်း ဤစာပေကို မြင်ပြီးဖြစ်သလို သူမ၏ အမြင်နှင့်လည်း တူညီသည်ဟု သူမဆိုလေသည်။ ဤအရာကို ကျွန်မ ကြားရသည့်အခါ၊ ကျွန်မ၏ နှလုံးသားက နားထဲတွင် ကျယ်လောင်စွာ တစ်ဒုတ်ဒုတ် မြည်နေခဲ့သည်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်၊ “ဒါဘယ်လို ဖြစ်ရတာလဲ။ ငါ့ ဝါကျတွေမှာ ရှင်းလင်းတဲ့ တွေးမြင်ပုံကို ငါ ဘယ်လိုဖြစ်ပြီး မတည်ဆောက်နိုင်ရတာလဲ၊ ဒါမှမဟုတ် ခြုံငုံပြီး အကြောင်းအရာရဲ့ အဓိပ္ပါယ်ကို မသိစေနိုင်တာလဲ။ အခု၊ ဒီညီမက ငါ့ရဲ့ အလုပ်ကို အဆင့်မမီဘူးလို့ ထင်ရုံသာမက၊ ဦးဆောင်တဲ့လူကလည်း အဲဒီလိုပဲ ခံစားရတယ်။ စာတမ်းတစ်ခုလုံးမှာရှိတဲ့ ငါ့ရဲ့ အတွေးစဉ်မှာ ကြီးမားတဲ့ အမှားတစ်ခု တကယ်ပဲ ရှိနေတယ်ဆိုတာ အဲဒါက ပြနေတာပဲ မဟုတ်လား။ အခု ငါက သိသာထင်ရှားတဲ့ အဲဒီ ပြဿနာတွေကို မမြင်နိုင်ခဲ့ဘူးဆိုတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ငါ ဆုံးရှုံးလိုက်ရပြီလား။ လူတစ်ဦးအနေနဲ့ ငါ့ရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး ပြဿနာတစ်ခု ရှိနေတာလား။ ဒီတာဝန်ကို ဖြည့်ဆည်းဖို့ ငါက မသင့်လျော်တာလား...” ဟု တွေးမိခဲ့သည်။ ထိုအရာကို ကျွန်မ ပိုစဉ်းစားလေလေ၊ ပိုအားနည်းလေလေ ကျွန်မ ခံစားခဲ့ရသည်။ ဘုရားသခင်ကို ကျွန်မ လုံးဝ နားလည်မှုလွဲခဲ့ပြီး ဘုရားသခင်က ကျွန်မအပေါ် အမှုမပြုတော့သလို၊ သူ ကျွန်မကို လျစ်လျူရှုခဲ့သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ နေ့လည်စာစားချိန်တွင်၊ ကျွန်မ၏ ညီအစ်များ အတူတူ စကားပြောပြီး ရယ်မောကြသည်ကို ကျွန်မ ကြည့်နေခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ရွှင်လန်းအောင် အားမပေးနိုင်ခဲ့ပါ။

ထို့နောက်တွင်ပင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲမှာ တစ်ခုကို ကျွန်မ အမှတ်ရခဲ့သည်။ “သမ္မာတရားကို လူတို့ နားမလည်သည့်အခါ သို့မဟုတ် လက်တွေ့မလုပ်ဆောင်သည့်အခါ၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအလယ်တွင် ၎င်းတို့ မကြာခဏ အသက်ရှင်ကြ၏။ ၎င်းတို့၏ အနာဂတ်၊ မျက်နှာ၊ အဆင့်အတန်းနှင့် အခြား ကိုယ်ပိုင်အကျိုးများဖို့အလို့ငှာ မိမိတို့၏ ဦးနှောက်များခြောက်အောင် စဉ်းစားလျက်၊ စာတန်နှင့်ဆိုင်သော ထောင်ချောက်အမျိုးမျိုးကြားတွင် သူတို့ တည်ရှိကြ၏။ သို့သော် သင်သည် သင်၏ တာဝန်တွင်၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လိုက်စားခြင်းတွင် ဤသဘောထားကို အသုံးချလျှင်၊ သမ္မာတရားကို သင်ရရှိလိမ့်မည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို လန့်နိုးသွားစေခဲ့သည်။ ကျွန်မ စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး ကိစ္စများကို အစအဆုံး စတွေးခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းတစ်လျှောက် ကျွန်မ စိစစ်တည်းဖြတ်ခဲ့သည့် စာတမ်းများတွင် ပြဿနာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုသို့သော ထုတ်ဖော်ပြခြင်းတစ်ခုကို ရင်ဆိုင်သော်လည်းဘဲ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ လုံးဝ မရှာဖွေခဲ့ပါ။ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် မည်သည့်အရာက ဤပြဿနာများကို ပေါ်ပေါက်စေခဲ့သည်ကို နားလည်သဘောပေါက်ဖို့ မကြိုးစားခဲ့ပါ။ ထိုအရာများက ကျွန်မ၏ စိတ်သဘောထားနှင့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပြဿနာများရှိသောကြောင့်များလား သို့မဟုတ် ကျွန်မ၏ အလုပ်တွင် ကျွမ်းကျင်မှု မရှိခဲ့ဘဲ အခြေခံသဘောတရားအချို့ကို သိပ်ကောင်းကောင်း သဘောမပေါက်ခဲ့သောကြောင့်လားဆိုသည်ကို နားလည်သဘောပေါက်ဖို့ရန် ကျွန်မ ကြိုးစားမနေခဲ့ပါ။ သို့မဟုတ် ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိဖို့ရန်အလို့ငှာ အနာဂတ်တွင် ထိုသို့သော အမှားများ ထွက်ပေါ်ခြင်းကို ကျွန်မ မည်သို့ တားနိုင်မည်ကို နားလည်ဖို့ရန် မကြိုးစားခဲ့ပါ။ ဤလက်တွေ့ကျသော မေးခွန်းများကို ကျွန်မ ဘာဆိုဘာမျှ ထည့်သွင်းစဉ်းစားခြင်း တစ်ခုတစ်လေ မပြုလုပ်ခဲ့ပါ။ ယင်းအစား၊ ကျွန်မ၏ စိတ်က အခြားသူများက ကျွန်မကို မည်သို့မြင်သည်နှင့် ကျွန်မကို ဘုရားသခင်က ဖော်ထုတ်ပြီး ဖယ်ရှားလိုခြင်း ရှိမရှိတို့ကို တွေးတောနေမှုများက လုံးဝ နေရာယူထားခဲ့သည်။ ကျွန်မသည် မှန်သည့် လမ်းကြောင်းကို လုံးဝ မတွေးဘဲ ထိုကောက်ကွေ့သော လမ်းများကို တွေးဆရင်းဖြင့် ကျွန်မ၏ အချိန်အားလုံးကို ကုန်ဆုံးစေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် ကျွန်မ ပိုမို တွေးဆလေလေ၊ ပိုမိုအပျက်သဘောဆောင်ပြီး စိတ်ဖိစီးမှုကို ရရှိလေလေဖြစ်ကာ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းခြင်းအပေါ်စိတ်ဝင်စားမှု ဆုံးရှုံးသွားခဲ့သည်။ ထို့နောက်တွင်မှ၊ ကျွန်မ၏ အတွေ့အကြုံထဲက တိမ်းစောင်းမှုများကို ကျွန်မ မြင်ခဲ့သည်။ ဘုရားသခင်အားဖြင့် ဖော်ထုတ်ခံရခြင်းဖြင့်၊ ကျွန်မသည် သမ္မာတရားကို ရှာဖွေခြင်းနှင့် ကျွန်မ၏ ပြဿနာများကို ဖြေရှင်းခြင်းတို့အပေါ် အာရုံမစိုက်ခဲ့ပါ။ ယင်းအစား ကျွန်မ၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးအပြင်၊ ကျွန်မ၏ အနာဂတ်နှင့် ကံကြမ္မာတို့ကို တွေးခဲ့သည်။ စာတန်၏ အရူးလုပ်ခြင်းကို ကျွန်မခံခဲ့ရပြီး ယင်းက ကျွန်မကို အသက်တာ ဝင်ရောက်မှုကို မရရှိခဲ့ဖူးဘဲ နှစ်များစွာ ဘုရားသခင်ကို ယုံကြည်စေခဲ့သည်။ ထိုသို့သော အားနည်းသည့် စိတ်ဖြင့် ကျွန်မ ဆက်မသွားနိုင်ပါ။ ဤအခြေအနေမျိုးတွင် ဘုရားသခင်၏ အလိုတော်ကို ကျွန်မ ရှာဖို့လိုအပ်သည်။ ကိုယ့်ကိုယ်ကိုယ် သိဖို့ စိတ်အတွင်းသဘောကို သုံးသပ်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲ ဝင်ရောက်ဖို့ လိုအပ်ပါသည်။

ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ဘုရားသခင်ရှေ့မှောက် လာခဲ့ပါသည်။ ထုတ်ဖော်ပြခံခဲ့ရသည့် အချက်များကို ကျွန်မ အဘယ်ကြောင့် အမြဲ လက်မခံနိုင်ခဲ့ပါသနည်း။ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာ၌ ပြဿနာတစ်ခု ဖြစ်ပေါ်သည့် အကြိမ်တိုင်းတွင် ကျွန်မ အဘယ်ကြောင့် ထိုသို့ အမြဲ ဒုက္ခခံခဲ့ရပါသနည်း။ ဤအရာအတွက် အကြောင်းပြချက်မှာ အတိအကျ မည်သည့်အရာသာ ဖြစ်ပါသနည်း။ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းနည်းလမ်းဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ အမှတ်ရခဲ့သည်။ “လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းတွင် သင်တို့ သတိမမူမိကြသော လက်တွေ့ပြဿနာတစ်ခု ရှိသည်၊ ယင်းသည် အဆိုးရွားဆုံး ပြဿနာတစ်ခုဖြစ်ပြီး လူတစ်ဦးစီတိုင်း၏ လူသားသဘာဝ၌ ဖြစ်နေကျအရာဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏ အားအနည်းဆုံး အချက်ဖြစ်သည့်အပြင် ဖော်ထုတ်ပြီး ပြောင်းလဲဖို့ အခက်အခဲဆုံးသော လူသားသဘာဝ၏ အနှစ်သာရ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံအရာများ ဖြစ်ကြ၏။ အဖန်ဆင်းခံ အရာများက အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်ပါသလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ဖြစ်မြောက်စေနိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော်၊ လူသားများထဲတွင်၊ အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် တတ်ကျွမ်းမှုတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက်၊ သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားမိကြသည်။ သူတို့ မည်မျှတတ်စွမ်းနိုင်သည်ဟု ၎င်းတို့ တွေးထင်ကြပါစေ၊ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ချင်ကြပြီး မြင့်မြတ်သည့် အကျော်အမော် ပုဂ္ဂိုလ်များကဲ့သို့ အယောင်ဆောင်တတ်ကြကာ ချွတ်ယွင်းချက် တစ်ခုမျှမရှိ၊ စုံလင်ပြီး ခြောက်ပြစ်ကင်းသဲလဲစင်သည့်ပုံ ပေါ်ကြ၏။ အခြားသူများ၏ အမြင်တွင်၊ သူတို့သည် ကြီးမြတ်သူ၊ သြဇာတိက္ကမ ကြီးသူ၊ အပြည့်အဝ တတ်စွမ်းနိုင်သူနှင့် မည်သည့်အရာကိုမဆို ဖြစ်မြောက်စေနိုင်သူကဲ့သို့ ယူမှတ်ခံရဖို့ ဆန္ဒရှိကြသည်။...အားနည်းချက်၊ ချွတ်ယွင်းချက်၊ မသိနားမလည်မှု၊ မိုက်မဲမှု သို့မဟုတ် သာမန်လူ့သဘာဝနှင့်ဆိုင်သော သိနားလည်မှုကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍၊ ယင်းကို သူတို့ အပြီးသတ်ပြီး ထုပ်ပိုးကာ အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကိုယ် ဆက်လက် အယောင်ဆောင်ကြလေသည်။ ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကိုယ် အဘယ်သူများဖြစ်ကြသည်ကို မသိကြသလို၊ သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရာတွင်၊ လူတို့သည် ဤလမ်းမျိုးကို ရွေးချယ်လျှင်၊ သူတို့ အောက်ခြေမလွတ်မည့်အစား အမြဲစိတ်ကူးယဉ်ကြသည်ဆိုလျှင်၊ အမြဲပျံသန်းချင်ကြလျှင်၊ ပြဿနာများ သူတို့ကြုံရဖို့ သေချာပေသည်။ ရိုးရိုးသားသားဆိုရလျှင်၊ ဤအရာကို သင်ပြုလုပ်လျှင်၊ ဘုရားသခင်ကို သင် မည်သို့ယုံကြည်ပါစေ၊ သမ္မာတရားကို သင် နားလည်လိမ့်မည် မဟုတ်သလို၊ သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ ဘဝတွင် သင်ရွေးချယ်သည့် ဤလမ်းကြောင်းမျိုးသည် မမှန်ကန်သလို သင် အစပြုသောနေရာသည်လည်း မှားယွင်းသောကြောင့် ဖြစ်သည်။ အောက်ခြေမလွတ်ဖို့ နှင့် တစ်ကြိမ်တွင် ခြေတစ်လှမ်းဖြင့် မည်သို့ မှန်မှန် လျှောက်ရမည်ကို သင် သင်ယူရမည်။ သင်လမ်းလျှောက်နိုင်လျှင်၊ လျှောက်လော့၊ မည်သို့ ပြေးရမည်ကို သင်ယူဖို့ မကြိုးစားနှင့်။ တစ်ကြိမ်တွင် ခြေတစ်လှမ်း သင်လျှောက်နိုင်လျှင်၊ တစ်ကြိမ်တွင် ခြေနှစ်လှမ်းလှမ်းဖို့ မကြိုးစားနှင့်။ သင်သည် ခိုင်ခိုင်မာမာ အောက်ခြေမလွတ်သည့် လူတစ်ဦး ဖြစ်ရမည်။ မဟာလူသား၊ ကြီးမြတ်သူ သို့မဟုတ် မြင့်မြတ်သူဖြစ်ဖို့ရန် မကြိုးစားနှင့်။

၎င်းတို့၏စာတန်ဆန်သော စိတ်သဘောထား၏စိုးမိုးခြင်းကို ခံရလျက်၊ လူသားများသည် ၎င်းတို့ထဲတွင် ရည်မှန်းချက်နှင့် အလိုဆန္ဒအချို့ကို လက်သင့်ခံထားကြပြီး ထိုအရာတို့ကို ၎င်းတို့၏လူ့သဘာဝအတွင်း ကွယ်ဝှက်ထားကြ၏။ တစ်နည်းအားဖြင့်ဆိုသော် လူသားများသည် မည်သည့်အခါမျှ မြေကြီးပေါ်တွင် နေရန်အလိုမရှိကြပေ၊ ၎င်းတို့သည် လေထဲသို့သာ ဆက်သွားလိုကြ၏။ လေသည် မည်သူအတွက် နေထိုင်ရန် နေရာတစ်ခုနည်း။ ၎င်းမှာ စာတန်အတွက် နေရာတစ်ခု ဖြစ်သည်၊ လူသားများအတွက် နေရာတစ်ခုမဟုတ်ပေ။ လူသားများကို ဖန်ဆင်းသောအချိန်က ဘုရားသခင်သည် ၎င်းတို့ကို မြေကြီးပေါ်တွင် နေရာပေးခဲ့သဖြင့် သင်၏နေ့စဉ်အသက်တာများသည် လုံးလုံးလျားလျား သာမန်ဖြစ်နိုင်ပြီး ၎င်းတို့၏အသက်ရှင်ပုံများကို ထိန်းသိမ်းကြပ်မတ်ပေးနိုင်မည်ဖြစ်ပြီး သင်သည် လူသား မည်ကဲ့သို့ ဖြစ်ရမည့်အကြောင်းနှင့် ဘုရားသခင်ကို မည်ကဲ့သို့ ကိုးကွယ်ရမည့်အကြောင်း အထွေထွေအသိကို သင်ယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အတောင်ပံများ မပေးခဲ့ပေ၊ သူသည် သင့်ကို လေထဲတွင် နေထိုင်ရန်အခွင့်မပေးခဲ့ပေ။ အတောင်ပံများရှိသောအရာများမှာ ငှက်များနှင့် လေထဲတွင် လှည့်လည်သွားလာနေကြသောအရာများမှာ စာတန်၊ နတ်ဆိုးများနှင့် ညစ်ညူးသောမကောင်းဆိုဝါးများ ဖြစ်ကြသည်။ ၎င်းတို့မှာ လူသားများမဟုတ်ကြပေ။ ထိုသို့သော ရည်မှန်းချက်များကို လူတို့ ဆက်ထားကြလျှင်၊ မိမိတို့ကိုယ်ကိုယ် သဘာဝလွန်ဖြစ်ပြီး သာလွန်သောသူများ၊ အခြားသူများမှ ကွဲပြားသောသူများနှင့် ထူးခြားသောသူများအဖြစ် အမြဲပြောင်းချင်နေကြလျှင်၊ ယင်းမှာ ပြဿနာတစ်ခု ဖြစ်သည်။ ပထမဦးစွာ၊ သင့်အတွေးအခေါ်၏ အရင်းအမြစ်က မှားယွင်း၏။ ‘သဘာဝလွန်ပြီး သာလွန်သော’- ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ ‘အခြားသူများအထက် အလွန်သာသောသူ’၊ ‘နှိုင်းယှဉ်မှုအားလုံးကို ခုခံခြင်း’၊ ‘ခြောက်ပြစ်ကင်းသဲလဲစင်ခြင်းနှင့် စင်းလုံးချောဖြစ်ခြင်း’၊ ‘အားလုံးထက်သာ၍ ကောင်းမွန်ခြင်း’၊ ‘တမူထူးခြားသော လမ်းကြောင်းသို့ ရှေ့ဆက်တိုးခြင်း’၊ လူတို့ ရှာဖွေလိုက်စားခြင်းများ၏ ရည်မှန်းချက်များ၌ အသုံးပြုသည့်အခါ၊ ဤစကားရပ်များက ကောင်းသလော၊ ဆိုးသလော။ ‘ထင်ပေါ်ခြင်း’၊ ‘သာလွန်ခြင်း’၊ ‘အထူးပါရမီ’၊ ‘သြဇာတိက္ကမကြီးသော ဥပဓိရုပ်’၊ ‘နှစ်လိုဖွယ် ပင်ကိုယ်အရည်အသွေး’၊ ‘စွဲမက်စရာကောင်းသူ’၊ ‘ထင်ရှားကျော်ကြားပြီး ကြီးမြတ်သူ’၊ ‘မြတ်နိုးကိုးကွယ်ခံရသူ’- ဤအရာများသည် လူတို့ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ရာတွင် ရှာဖွေလိုက်စားသင့်သည့် ရည်မှန်းချက်များဖြစ်သလော။ သမ္မာတရားအားလုံးထဲ၌ သင့်ကို ထိုသို့သော လူတစ်ဦးဖြစ်ဖို့ ပြောဆိုသော စကားလုံးတစ်လုံးပင် ပါရှိပါသလော။ (မပါရှိပါ။)” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”)သာမန်အခြေအနေများတွင်၊ အရာရာ၌ တော်သူ မည်သူမျှ မရှိပါ၊ မည်သူမျှ ‘လုပ်ငန်းအားလုံး၌ ဆရာတစ်ဆူ’ မဟုတ်ပါ။ သင်၏ ဦးနှောက်မည်မျှ ဖွံ့ဖြိုးပါစေ၊ သင်၏ ထိုးသွင်းသိမြင်မှု မည်မျှကျယ်ပြန့်ပါစေ၊ သင် နားမလည်သော အရာများ သို့မဟုတ် သတိမမူမိသည့်အရာများ အမြဲရှိလိမ့်မည်၊ သင် မသိသော လုပ်ငန်းများ သို့မဟုတ် ကျွမ်းကျင်မှုများ ရှိလိမ့်မည်၊ စီးပွားရေးလုပ်ငန်း၏ နယ်ပယ်တိုင်း သို့မဟုတ် အလုပ်တိုင်းတွင်၊ သင်၏ ကိုယ်ပိုင် အသိပညာ၌ သင် သတိမမူမိသည့် ဟာကွက်များ အမြဲရှိလိမ့်မည်၊ သင် မတတ်စွမ်းနိုင်သည့် အရာများ သို့မဟုတ် သင် ဉာဏ်မမီသည့် အရာများ အမြဲရှိလိမ့်မည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်များအပေါ် တွေးဆပြီး ၎င်းတို့ကို ကျွန်မ၏ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပြီးသည့်နောက်တွင်မှ၊ ကိုယ်တော်၏ ဖော်ထုတ်ခြင်းကို ကျွန်မ ဘယ်သောအခါမှ လက်မခံနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ဤအတွက် အကြောင်းရင်းမှာ ကျွန်မသည် ကျွန်မ၏ မာနထောင်လွှားသည့် ဆိုးယုတ်သော သဘာဝ၏ စိုးမိုးချယ်လှယ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ကျွန်မသည် ပြည့်စုံသည့်၊ အမှားကင်းသည့်၊ မြင့်မြတ်ပြီး ရဲရင့်ပြတ်သားသည့် လူတစ်ဦးဖြစ်ဖို့ အမြဲ ကြိုးစားခဲ့သည်။ မည်သည့်နေရာကို ကျွန်မ သွားခဲ့ပါစေ သို့မဟုတ် မည်သည့်နေရာတွင် ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရပါစေ၊ ကျွန်မက အထူးချွန်အပြောင်မြောက်ဆုံးသော သူ၊ ပထမတန်းလူ ဖြစ်လာဖို့ အမြဲ လိုချင်ခဲ့သည်။ အောင်မြင်ဖို့ ထိုသို့သော လူတစ်ဦး ဖြစ်ရမည်၊ ထိုသို့မဟုတ်လျှင်ကျွန်မသည် အသုံးမကျသောသူ နှင့် အရှုံးသမားတစ်ဦး ဖြစ်လိမ့်မည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ထို့ကြောင့်၊ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းနေစဉ် ပြဿနာတစ်ခု ပေါ်ပေါက်သည့်အခါတိုင်းတွင်၊ ယင်းကို ကျွန်မ တည်ငြိမ်စွာ မရင်ဆိုင်ခဲ့ပါ၊ ဘုရားသခင်၏ ဤဖော်ထုတ်မှုမျိုးကို ကျွန်မ လက်မခံခဲ့သလို ကျွန်မကိုယ်တိုင်၏ ချွတ်ယွင်းချက်များကို ဝန်မခံခဲ့ပါ။ ထို့ထက်၊ ကျွန်မ အံ့အားသင့်သွားခဲ့ပြီး ကျွန်မ အမှားတစ်ခုတစ်လေမျှ မရှိသင့်သလို ခံစားခဲ့ရပြီး ထိုအရာက အဘယ်သို့ ဖြစ်ရသည်ကို စဉ်းစားနေခဲ့သည်မှာ မိမိကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် သဘောမထားနိုင်ဘဲလျက် အပျက်သဘောဆောင်ခြင်းနှင့် နားလည်မှုလွဲခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ခဲ့သည်အထိ ဖြစ်သည်။ ကျွန်မသည် တကယ်ပင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း မသိခဲ့သလို မိမိကိုယ်ကိုယ် များစွာ အထင်အမြင်ကြီးလွန်းခဲ့သည်။ ကျွန်မက ပြည့်စုံပြီး ခြောက်ပြစ်ကင်းသဲလဲစင်ကာ မြင့်မြတ်သောလူတစ်ဦးဖြစ်ဖို့ အမြဲကြိုးစားခဲ့သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက သိသာထင်ရှားစေခဲ့သည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်များနှင့် ဆန္ဒများမှ လုံးဝ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်တွင် ကျွန်မက အဖန်ဆင်းခံတစ်ဦးသာ ဖြစ်သည့်အချိန်တွင် စာတန်က ကျွန်မကို ကျီစယ်နေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်ပြီး စုံလင်ခြင်းကို အစဉ်အမြဲ မရရှိနိုင်အောင် ဖြစ်စေခဲ့သည်။ ဘုရားသခင်သည် ကျွန်မတို့ မြင့်မြတ်ရန် သို့မဟုတ် ပြည့်စုံရန် ဘယ်သောအခါမျှ မတောင်းဆိုခဲ့ပါ။ သူက ကျွန်မတို့ကို အရှိအတိုင်း လက်ခံပြီး၊ ပုံမှန်တိုးတက်စေကာ၊ မိမိကိုယ်ကိုယ် ပြည့်စုံသော ရိုးသားမှုဖြင့် ပြုမူစေခဲ့သည်။ အခြေခံအုတ်မြစ်တစ်ခုအဖြစ် မည်သည့် အဆင့်နှင့် ဝိညာဉ်ရေးအသက်တာမျိုးကိုမဆို အသုံးပြုလျက်၊ ကျွန်မသည် ကျွန်မ၏ တာဝန်ကို လုပ်ဆောင်သင့်ပြီး ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရန် သင်ယူကာ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အကောင်းဆုံး လုပ်ဆောင်သင့်ပါသည်။ ထို့နောက်တွင်မှ အဖန်ဆင်းခံတစ်ဦးနှင့် လိုက်ဖက်သည့် ဆင်ခြင်တုံတရား ကျွန်မတွင် ရှိလိမ့်မည်ဖြစ်သည်။ မည်သူမျှ မပြည့်စုံပါ။ သာမန်လူအားလုံးသည် အဆင့်မမီသည့် မိမိတို့၏ ကိုယ်ပိုင် အမှားများနှင့် နည်းလမ်းများရှိကြသည်။ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ထိုတိမ်စောင်းမှုများ သို့မဟုတ် ပြဿနာများ ထွက်ပေါ်ရသည်မှာ တကယ်ကို ပုံမှန်ဖြစ်ပြီး အမှန်တကယ် ဖော်ထုတ်ခံရခြင်းအားဖြင့်၊ ကျွန်မ၏ အားနည်းချက်များကို ကျွန်မ တွေ့ရှိခဲ့ရပေသည်။ အဆက်မပြတ် တိုးတက်ခြင်းနှင့် ထိုချွတ်ယွင်းချက်များကို ပြုပြင်ခြင်းအားဖြင့်သာ၊ ကျွန်မသည် ပို၍ပို၍ ရှေ့ဆက် နိုင်လိမ့်မည်ဖြစ်ပြီး ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းခြင်း အလုပ်ကို ကောင်းသထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ကျွန်မ၏ ပြဿနာများနှင့် အားနည်းချက်များကို ကျွန်မ ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်ဘဲ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေခဲ့လျှင် ကျွန်မ မည်သို့တိုးတက်နိုင်မည်နည်း။ ထို့နောက်မှသာ ကျွန်မသည် စိတ်ဆန္ဒများနှင့် ရည်မှန်းချက်များအားဖြင့် မည်မျှ စိုးမိုးချယ်လှယ်ခံခဲ့ရသည်ကို နားလည်ခဲ့ခြင်းဖြစ်သည်။ ကျွန်မသည် မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းလာခဲ့သည်မှာ လုံးဝ ကိုယ့်ကိုယ်ကိုယ် သိရှိခြင်းမရှိသည်အထိ ဖြစ်ခဲ့သည်။ ပြည့်စုံသည့်လူတစ်ဦးဖြစ်ဖို့ ကျွန်မ၏ ရှာဖွေခြင်းသည် လုံးဝ ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေခဲ့ပြီး ဤအတိုင်းတော့ သူ၏ ကောင်းကြီးမင်္ဂလာများနှင့် လမ်းပြမှုတို့ကို ကျွန်မ ရရှိဖို့ ဖြစ်နိုင်မည်မဟုတ်ပါ။

တစ်ဖန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုခဲ့ပါသည်။ “လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ရှင်းပစ်ဖို့ရန် မဟုတ်၊ သို့သော် ၎င်းတို့ကို ကြီးထွားစေဖို့ဖြစ်သည်။ ထို့အပြင်၊ တစ်ခါတစ်ရ သင် ဖော်ထုတ်ခံနေရသည်ဟု သင် ထင်သော်လည်း အမှန်တွင် မဟုတ်ပေ။ မကြာခဏ၊ လူတို့၏ အရည်အချင်းက ညံ့ဖျင်းပြီး သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့်၊ ထို့အပြင် ၎င်းတို့တွင် မာနထောင်လွှားသော စိတ်သဘောထားလည်း ရှိကြသောကြောင့်၊ မိမိတို့ကိုယ်ကိုယ် ကြွားဝါရန် ၎င်းတို့နှစ်သက်ကြသောကြောင့်၊ ပုန်ကန်တတ်သည့် စိတ်သဘောထားတစ်ခု ၎င်းတို့တွင် ရှိကြသောကြောင့်၊ ၎င်းတို့သည် အသိစိတ်မရှိ၊ အမှုမဲ့အမှတ်မဲ့ဖြစ်ကာ ဂရုမစိုက်ကြသောကြောင့်၊ ၎င်းတို့၏ အလုပ်ကို ဆိုးဆိုးရွားရွား လုပ်ဆောင်ကြပြီး ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ၎င်းတို့ မဆောင်ရွက်ကြချေ။ သို့သော်ငြားလည်း၊ သင့်ကို ပေးခဲ့သည့် အခြေခံသဘောတရားများကို သင်သည် တစ်ခါတစ်ရံ နားတစ်ဖက်က ဝင်စေပြီး တစ်ဖက်ထွက်ခွင့်ပေးလျက် သင် မမှတ်မိ။ အခြားသူများနှင့် မိတ်သဟာယ ပို၍မပြုခင် သင်နှစ်သက်သည်အတိုင်း ပြုမူပြီး ထင်ရာစိုင်းလျက် သင် လုပ်ဆောင်၏။ သင်လုပ်ဆောင်သည့်အရာသည် သက်ရောက်မှု အနည်းငယ်သာရှိပြီး အခြေခံသဘောတရားနှင့် ဆန့်ကျင်နေ၏။ ဤတွင်၊ သင်သည် ပဲ့ပြင်ဆုံးမခံရသင့်၏၊ သို့သော် သင် ပယ်ရှင်းခံရပြီးပြီဟု အဘယ်သို့ ဆိုနိုင်မည်နည်း။ ဤအရာကို မှန်မှန်ကန်ကန် သင် ချဉ်းကပ်ရမည်။ ယင်းကို ချဉ်းကပ်ရန် မှန်ကန်သည့် နည်းလမ်းမှာ အဘယ်နည်း။ သမ္မာတရားကို သင် နားမလည်သည့် ကိစ္စရပ်များတွင်၊ သင် ရှာဖွေရမည်။ ယင်းမှာ အယူဝါဒကို သိနားလည်ခြင်းတစ်ရပ်ကိုသာ ရှာဖွေ၍ နောက်ထပ် မည်သည့်အရာမျှ ရှာဖွေခြင်းမရှိ မဟုတ်ပေ။ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်ပြီး ဘုရားသခင်၏ မိသားစုက အချို့အလုပ်ကို လုပ်ဆောင်ပုံနောက်ကွယ်က အခြေခံသဘောတရားကို နားလည်ရမည်။ ယင်းအခြေခံသဘောတရားမှာ အဘယ်နည်း။ ယင်းအခြေခံသဘောတရားမှာ အယူဝါဒမဟုတ်။ ၎င်းတွင် စံအချို့ရှိပြီး၊ ထိုသို့သော ကိစ္စရပ်များအတွက် အလုပ်စီမံခန့်ခွဲမှုအပေါ်ရှိ ဆုံးဖြတ်ချက်မှာ မည်သည့်အရာဖြစ်သည်၊ ထိုသို့သော အလုပ်ကို လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ အထက်အရပ်က မည်သည့်အရာ အမိန့်ပေးသည်၊ ဤတာဝန်မျိုးကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာ ပြောဆိုပြီး ဘုရားသခင်၏ အလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်တို့ကို သင် ရှာဖွေရမည်။ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းအတွက် စံများမှာ အဘယ်နည်း။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ ပြုမူခြင်း ဖြစ်သည်။ ကျယ်ပြန့်သည့် ဦးတည်ချက်မှာ ဘုရားသခင့်မိသားစု၏ အကျိုးများနှင့် အလုပ်တို့ကို ဦးစားပေးရန် ဖြစ်သည်။ ပိုမိုကျဉ်းမြောင်းစွာဆိုပါက၊ ကဏ္ဍအားလုံးတွင်၊ ပြဿနာကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်သလို၊ ဘုရားသခင်အပေါ် မည်သည့် အရှက်ရစရာမျှ ကျရောက်လိမ့်မည်မဟုတ်။ ဤအခြေခံသဘောတရားများကို လူတို့ ကျွမ်းကျင်လျှင်၊ ၎င်းတို့၏ ပူပန်မှုများ တဖြည်းဖြည်း ယုတ်လျော့သွားလိမ့်မည်လော။ ပြီးလျှင် ၎င်းတို့၏ နားလည်မှုလွဲခြင်းများလည်း ယုတ်လျော့သွားလိမ့်မည်လော။ သင်၏ နားလည်မှုလွဲခြင်းများကို သင် ဘေးဖယ်ထားနိုင်ပြီး ဘုရားသခင်အကြောင်း ယုတ္တိမတန်သော အကြောင်းပြချက်များများ မရှိသည်နှင့် တပြိုင်နက်၊ အပျက်သဘောဆောင်သော အရာများက သင့်အထဲတွင် စိုးမိုးသော နေရာယူခြင်းက ဖြည်းညင်းစွာ ရပ်တန့်သွားလိမ့်မည်ဖြစ်ပြီး၊ ဤကဲ့သို့သောကိစ္စရပ်များကို မှန်မှန်ကန်ကန် သင် ချဉ်းကပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေရန် နှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ ကြိုးစားဖို့ရန် အရေးကြီး၏။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိနိုင်သည်”) ဘုရားသခင်မှ ကျွန်မကို ဖော်ထုတ်ခြင်းသည် ကျွန်မကို ဖယ်ရှားဖို့မဟုတ်ဘဲ ဤပြဿနာများကို ကျွန်မ အချိန်မီဖြေရှင်းနိုင်ဖို့၊ ကျွန်မအလုပ်၏ ရလဒ်များကို မရပ်မနား ပိုမိုမြင့်မားအောင် မြင့်တင်နိုင်ဖို့၊ ကျွန်မ၏ အသက်တာ စိတ်သဘောထားကို ဖြစ်နိုင်သမျှ မြန်မြန် ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် အားနည်းချက်များကို ရှာတွေ့စေဖို့နှင့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်အပိုင်းက ကျွန်မ၏တာဝန်ကို ဖြည့်ဆည်းခြင်းမှ ဟန့်တားနေသေးသည်ကို ကျွန်မု သင်ယူသိရှိ ခွင့်ပေးဖို့ဖြစ်ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နားလည်စေခဲ့ပါသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီးသည့်နောက်တွင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေပြီး ကျွန်မ၏ လတ်တလော ဧဝံဂေလိစာပေစိစစ်တည်းဖြတ်မှု နှစ်ခုလုံးတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာများနောက်ကွယ်က အကြောင်းရင်းကို ရှာဖွေခဲ့သည်။ ထိုအရာကို အလွန်ဂရုတစိုက် စဉ်းစားသည့်အခါ၊ ကျွန်မ၏ စာတမ်းစုစည်းရာတွင် တိုးတက်မှုအချို့ မြင်ရသည့်အခါတိုင်းတွင် ကျွန်မသည် မိမိကိုယ်ကိုယ် အသိအမှတ်ပြုခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်ခြင်းတွင် နေထိုင်နေခဲ့သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ကျွန်မသည် တိုးတက်မှုအတွက် နောက်ထပ် မကြိုးပမ်းတော့သလို၊ နောက်ဆက်တွဲ စာပေများကို ကိုင်တွယ်ရာတွင် လွန်စွာ သတိမမူဘဲ လုပ်ဆောင်ခဲ့ပြီး အလိုက်အထိုက်သာလုပ်ခဲ့သည်။ စာပေများထဲတွင်ရှိသည့် သမ္မာတရား၏ အသေးစိတ်အချက်အလက်များနှင့် စပ်လျဉ်း၍၊ ၎င်းတို့ကို ကျွန်မ နားမလည်ခဲ့သော်လည်း နောက်ကွယ်က အခြေခံသဘောတရားများကို မရှာဖွေခဲ့ပါ။ ၎င်းတို့ဆိုလိုသည့်အရာအပေါ် အကြမ်းဖျင်းယူဆချက်တစ်ခုသာ ကျွန်မ ရှိခဲ့ပြီး ကျွန်မ၏ မရှင်းမလင်းဖြစ်သော အခြေအနေဖြင့် ဆက်လုပ်ခဲ့သည်။ ထိုသို့ဖြင့်၊ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ပြဿနာများ ထွက်ပေါ်ရသည်မှာ မည်မျှထူးဆန်းပါသနည်း။ ထိုအရာကို အချိန်ယူစဉ်းစားရင်း၊ ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ရှာဖွေပြီး ကျွန်မ၏ အလုပ်များကို ဝီရိယရှိရှိ ပြီးစီးခြင်းအပေါ်တွင် ပိုမိုအားစိုက်ခဲ့မည်ဆိုလျှင်၊ ဤပြဿနာများကို အမှန်တကယ် ရှောင်ရှားနိုင်ခဲ့မည်ဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ အချက်အလက်များကို ဖော်ထုတ်ခြင်းဖြင့်၊ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ကျွန်မ ရှာဖွေနိုင်ဖို့ရန်အလို့ငှာ၊ ဘုရားသခင်သည် ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ကျွန်မရှိခဲ့သည့် သဘောထားတို့ကို သတိပြုမိရန် ကျွန်မကို အခွင့်ပေးခဲ့ပါသည်။ ဤသည်မှာ ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အတိအကျ ဖြစ်ခဲ့သည် မဟုတ်ပါလား။ ဤနားလည်မှုက ကျွန်မ၏ စိတ်နှလုံးကို တောက်ပစေခဲ့သည်။ ဘုရားသခင်အား နားလည်မှုလွဲသည်ကို ကျွန်မ ရပ်သင့်ပြီး ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းခြင်းအပေါ်တွင် ကျွန်မ၏ စိတ်နှလုံးသားကို မြှုပ်နှံဖို့ အလျင်အမြန်လုပ်ပြီး ကျွန်မ၏ အခြေအနေကို ကိုက်ညှိရမည်ဖြစ်သည်ကို ကျွန်မ သတိပြုမိခဲ့သည်။ ထို့နောက်တွင်၊ ထိုဧဝံဂေလိ စာပေထဲက ကျိုးကြောင်းဆင်ခြင်မှုကိ ထပ်မံ စူးစမ်းလေ့လာဖို့ နှင့် စည်းမျဉ်းများအပေါ် အခြေခံပြီး ယင်းကို စိစစ်တည်းဖြတ်သင့်သည့် လမ်းကြောင်းကို ဆုံးဖြတ်ဖို့ရန်အတွက် ဦးဆောင်သည့်လူ နှင့် ကျွန်မ အတူလုပ်ခဲ့ပါသည်။ နောက်နေ့တွင်၊ ယင်းကို အစမှအဆုံး ပြန်စစ်စဉ်တွင်၊ အံ့အားသင့်စရာပင်၊ စိတ်ဝင်စားဖွယ်ရာအချို့ကို ထည့်သွင်းပြီးဖြစ်ပြီး ကျွန်မ စိစစ်မှုပြီးစီးသည့်အချိန်တွင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အလွန်ပိုရှိခဲ့ပြီး စိတ်သက်သာရာရခြင်းကို ကျွန်မ ခံစားခဲ့ရသည်။

ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် တိမ်းစောင်းမှုများ သို့မဟုတ် ပြဿနာများ ရှိလျှင်၊ ကျွန်မ စိုးရိမ်စရာမလိုသလို ဘုရားသခင်က ကျွန်မကို ဖော်ထုတ်မည်ကိုလည်း မကြောက်သင့်သည်ကို ဤအတွေ့အကြုံက ကျွန်မကို နားလည်စေခဲ့ပါသည်။ ကြောက်လန့်စရာကောင်းသည့်အရာမှာ ဖော်ထုတ်ခံရခြင်းဖြင့် ကျွန်မ၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ကျွန်မ မရှာဖွေဘဲ မိမိကိုယ်ကိုယ် စဉ်ဆက်မပြတ် ဘောင်ခတ်ထားလျက် အပျက်သဘောဆောင်သော အခြေအနေတစ်ခုတွင် နေထိုင်မိပြီး၊ ထိုသို့အားဖြင့် သမ္မာတရားကို ရရှိဖို့ အခွင့်အရေးများစွာကို ဆုံးရှုံးကာ အသက်တာတွင် ကျွန်မ၏ တိုးတက်မှုကို နှောင့်နှေးစေခဲ့လျှင် ဖြစ်ပါသည်။ ယခုမှစ၍၊ မည်သည့် အတားအဆီးများ သို့မဟုတ် ကျရှုံးမှုများ ကျွန်မ တွေ့ရပါစေ၊ ဘုရားသခင်ရှေ့တွင် သမ္မာတရားကို အမြဲရှာဖွေဖို့၊ ကိုယ့်ကိုယ်ကိုယ် သိရှိဖို့ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းကို လုပ်ဆောင်ဖို့၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုဖို့၊ သမ္မာတရားထဲသို့ ဝင်ရောက်ရာလမ်းကြောင်းကို ရှာဖွေဖို့ ကျွန်မ အမြဲဆန္ဒရှိပါသည်။ ဤပုံစံဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ၊ အသက်တာတွင် တိုးတက်မှုကို ပိုပိုပြီး ကျွန်မ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ကျွန်မ၏ တာဝန်ကို ကျွမ်းကျင်စွာဖြင့် ပိုပိုပြီး ဖြည့်ဆည်းနိုင်ပါလိမ့်မည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မုသားပြောခြင်း၏ ဒုက္ခ

ညီချန်း မြန်မာနိုင်ငံ ၂၀၁၉ အောက်တိုဘာမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ စုဝေးပွဲတွေမှာ...

ရပ်တည်မှုမရှိခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာရှိသနည်း

မုရှီး တောင်ကိုရီးယားနိုင်ငံ အရင်တုန်းက ကျွန်မက တာဝန်မှာ တော်တော်ကို ထိရောက်မှုမရှိခဲ့ဘူး။ ဗီဒီယိုပရောဂျက်တစ်ခုကို လုပ်တိုင်း ကျွန်မက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။