သက်ကြီးရွယ်အိုများ သမ္မာတရားကို ပို၍ပင် လိုက်စားသင့်သည်
ရှင်းခေါ့၊ တရုတ်ပြည်ကျွန်မ အသက်ငါးဆယ်အရွယ်တုန်းက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပါတယ်။ ကျွန်မရဲ့တစ်သက်တာမှာ ဘုရားသခင်ရဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အသင်းတော်မှာ တရားဟောချက်တွေကို ကျွန်မ ရွေးချယ်စိစစ်နေခဲ့တယ်။ ယီလင်း၊ ယီယန်တို့နဲ့အတူ ကျွန်မ အလုပ်လုပ်နေခဲ့တာပေါ့။ ၂၀၂၂ ခုနှစ်၊ ဧပြီလရဲ့ တစ်နေ့မှာ ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ်။ အဲဒီထဲမှာ “တရားဟောချက်တွေကို ရွေးချယ်စိစစ်တဲ့အခါ ယီလင်းက စည်းမျဉ်းတွေအတိုင်း မလုပ်ဘူး။ သူ့အလုပ်ရဲ့ ရလဒ်တွေကလဲ မကောင်းဘူး။ သူ့ကို ဖြုတ်ချရမယ်။ နင်နဲ့ ယီယန်က တာဝန်ထမ်းဆောင်ရာမှာ ရလဒ်တချို့ ရနေပေမဲ့ အခုတလော နင်တို့ တရားဟောချက်တွေ ရွေးချယ်စိစစ်တဲ့နည်းလမ်းမှာ လမ်းလွဲမှုတွေ ရှိခဲ့တယ်။ တန်ဖိုးရှိတဲ့ တရားဟောချက်တချို့ကို ပယ်လိုက်မိကြတယ်။ လောလောဆယ်တော့ နင်တို့ကို ဆက်ထားပြီး စောင့်ကြည့်သွားမယ်” လို့ ပါတာပေါ့။ ဒီသတင်းကို မြင်ရတော့ ကျွန်မရင်ထဲမှာ ခံစားချက်ပေါင်းစုံ ဖြစ်သွားတယ်။ ယီလင်းရဲ့ အစွမ်းအစက ကျွန်မထက် ပိုကောင်းပေမဲ့ သူတောင် ဖြုတ်ချခံခဲ့ရတယ်။ ကျွန်မရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းက သူ့လောက် မကောင်းဘူးလေ၊ ပြီးတော့ စည်းမျဉ်းတွေကိုလဲ ကောင်းကောင်း နားလည်သဘောပေါက်တာ မဟုတ်ဘူး။ တရားဟောချက်တွေ စိစစ်ရာမှာ နောက်တစ်ကြိမ် အမှားလုပ်မိရင် ကျွန်မ သေချာပေါက် ဖြုတ်ချခံရမှာပဲလို့ တွေးမိတယ်။ အခုဆိုရင် ဘုရားသခင်ရဲ့ အလုပ်က မကြာခင် ပြီးစီးတော့မယ်။ ကျွန်မသာ ဖြုတ်ချခံရပြီး လုပ်စရာ တာဝန်မရှိတော့ရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိပါဦးမလား။ ဒီလိုတွေးမိတော့ ကျွန်မ စိတ်တော်တော်လေး လေးလံသွားတယ်။ အဲဒီအချိန်တုန်းက တရားဟောချက်တစ်ခုကို စိစစ်တိုင်း လမ်းလွဲမှုဖြစ်ပြီး ဖြုတ်ချခံရမှာစိုးလို့ အဲဒါကို ကျွန်မ သုံးလေးခါ ပြန်ဖတ်တယ်။ ဒါပေမဲ့ အမှားလုပ်မိမှာကို ပိုကြောက်လေလေ၊ ကိစ္စတွေကို တိတိကျကျ ပိုင်းခြားချိန်ဆနိုင်စွမ်း ပိုနည်းလေလေဖြစ်ပြီး ပြဿနာတွေနဲ့ လမ်းလွဲမှုတွေ ပိုဖြစ်လာတော့တာပဲ။ တစ်ခါက ကျွန်မတို့ တရားဟောချက်တစ်ခုကို ပိုင်းခြားချိန်ဆနေခဲ့တယ်။ အဲဒီဟောချက်က အကြောင်းအရာ အချိတ်အဆက် ရှင်းလင်းပြီး တော်တော်လေး လက်တွေ့ကျကျ မိတ်သဟာယဖွဲ့ထားတယ်လို့ ကျွန်မ ခံစားရတယ်။ ဒါနဲ့ အဲဒါကို ကြည့်ဖို့ ခေါင်းဆောင်တွေကို ပေးလိုက်တယ်။ ခေါင်းဆောင်တွေက ဖတ်ပြီး “ဒီတရားဟောချက်ထဲက ဘာသာရေး အယူအဆတွေ မပြေလည်သေးဘူး။ အဲဒါကို တင်ပြလို့မရဘူး” လို့ ပြောမယ်မှန်း ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး။ ကျွန်မ လန့်သွားတယ်။ “ဒါကို ငါ ဘယ်လိုလုပ် မမြင်ခဲ့တာလဲ။ ငါက စည်းမျဉ်းတွေကို သဘောမပေါက်ဘူး၊ ကိုယ့်တာဝန်ထမ်းဆောင်ရာမှာ တိုးတက်မှုမရှိဘူးလို့ ခေါင်းဆောင်တွေ မြင်သွားရင် ငါ့ကိုများ ဖြုတ်ချလိုက်မလား” ပေါ့။ နောက်ပိုင်းကျတော့ တာဝန်ထမ်းဆောင်တဲ့အခါ ကျွန်မက အရမ်းကို ကြောက်တတ်လာပြီး တက်ကြွမှု မရှိတော့ဘူး။ တရားဟောချက်တွေ စိစစ်တဲ့အခါ အမှားလုပ်မိပြီး ထုတ်ဖော်ခံရ၊ ဖြုတ်ချခံရမှာကို ကြောက်လို့ ကိုယ်ပိုင်အမြင်ကို ရှင်းရှင်းလင်းလင်း မပြောရဲတော့ဘူး။ ဒါကြောင့်မို့ အရာအားလုံးကို ခေါင်းဆောင်တွေကို မေးပြီး သူတို့ကိုပဲ ဆုံးဖြတ်ခိုင်းတော့တယ်။
တစ်ကြိမ်မှာ အသင်းတော်တွေက တရားဟောချက်တချို့ ပေးပို့လာတယ်။ ဖတ်ကြည့်ပြီးတဲ့နောက် တရားဟောချက် လေးခုက တော်တော်လေး လက်တွေ့ကျကျ ရေးထားပြီး တင်ပြလို့ရတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ တွက်ဆနေမိတယ်။ “ငါဖတ်တာ တိကျမှုမရှိလို့ အသုံးမကျတဲ့ တရားဟောချက်တစ်ခုကို ထပ်တင်ပြလိုက်မိရင် ဘယ်လိုလုပ်မလဲ။ ငါက စည်းမျဉ်းတွေကို သဘောမပေါက်ဘူးလို့ ခေါင်းဆောင်တွေက ထင်ပြီး ငါ့ကို ဖြုတ်ချလိုက်ရင် ဘာလုပ်ရမလဲ။ စိတ်ချရအောင် ခေါင်းဆောင်တွေကို အရင် ကြည့်ခိုင်းလိုက်သင့်တယ်။ အဲဒီလိုဆိုရင် ငါ အမှားလုပ်မိရင်တောင် အဓိက တာဝန်ယူစရာ လိုမှာမဟုတ်ဘူး” လို့ပေါ့။ ဒါနဲ့ အဲဒီတရားဟောချက်တွေကို ခေါင်းဆောင်တွေဆီ ပေးပို့လိုက်တယ်။ သုံးလေးရက်ကြာတော့ ခေါင်းဆောင်တွေက တရားဟောချက် သုံးခုအတွက် သူတို့ရဲ့ အကြံပြုချက်တွေနဲ့ အကြောင်းပြန်လာပြီး တင်ပြလို့ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျန်တဲ့ ကျန်းလီရဲ့ တရားဟောချက်နဲ့ ပတ်သက်ပြီး သူတို့ ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ခေါင်းဆောင်တွေက အကြောင်းမပြန်ဘူးဆိုတော့ အဲဒီဟောချက်မှာ ပြဿနာရှိတယ်လို့ သူတို့ ထင်နေလို့များလား။ ငါ မတင်ပြတာ ပိုကောင်းမယ်။ အဲဒီလိုလုပ်မှသာ နောက်ပိုင်း စည်းမျဉ်းပိုင်းနဲ့ပတ်သက်တဲ့ ပြဿနာပေါ်လာပြီး ငါက ပိုင်းခြားသိမြင်မှု ကင်းမဲ့နေတယ်လို့ ထင်ရတဲ့ အခြေအနေမျိုးကို ရှောင်လွှဲနိုင်မှာ။ ခေါင်းဆောင်တွေရဲ့ အကြောင်းပြန်စာကို စောင့်ပြီးမှ တင်ပြသင့်၊ မသင့် ဆုံးဖြတ်ရမယ်။ ဒီနည်းက ပိုစိတ်ချရတယ်” လို့ပေါ့။ အဲဒီနောက်မှာ တခြားအလုပ်တွေနဲ့ ကျွန်မ အလုပ်ရှုပ်သွားတယ်။ အဲဒီတရားဟောချက်က နှစ်ပတ်လောက် ကြန့်ကြာသွားခဲ့တယ်။ အဲဒီကာလအတွင်းမှာ ဒီတရားဟောချက်ကို စောနိုင်သမျှ စောစော တင်ပြဖို့ လိုအပ်ကြောင်း ယီယန်က ကျွန်မကို သတိပေးတယ်။ ကျွန်မက “ခေါင်းဆောင်တွေ အကြောင်းပြန်တာ စောင့်ပြီးမှ တင်ပြကြရအောင်။ ရေတိုအောင်မြင်မှုတွေအတွက် ငါတို့ အရမ်းမလောသင့်ဘူး” လို့ ပြောလိုက်တယ်။ ယီယန်လဲ ဘာမှ ဆက်မပြောတော့ဘူး။ တစ်နေ့တော့ ခေါင်းဆောင်တွေက စာတစ်စောင် ပို့လာတယ်။ “ကျန်းလီရေးတဲ့ တရားဟောချက်ကို နင်တို့ ပေးပို့တာ မတွေ့ရဘူး။ ဘယ်မှာများ ကြန့်ကြာနေတာလဲ” တဲ့။ အဲဒီတော့မှ ခေါင်းဆောင်တွေက ကျန်းလီရဲ့ တရားဟောချက်နဲ့ ပတ်သက်ပြီး စာမူကြမ်းကို စိစစ်ပြင်ဆင်ပြီး တင်ပြနိုင်တယ်လို့ အစောကြီးကတည်းက အကြောင်းပြန်ထားမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မတို့ စာမရလိုက်တာပဲ။ ဒီသတင်းကို ကြားရတဲ့အခါ ကျွန်မရင်ထဲမှာ ဖော်ပြလို့မရတဲ့ ခံစားချက်တစ်ခု ဖြစ်သွားတယ်။ ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ကျန်းလီရဲ့ တရားဟောချက်က တော်တော်လေး လက်တွေ့ကျပြီး သူ့ကိုယ်ပိုင် အရေးအသားဟန် ပါတယ်ဆိုတာကို ကျွန်မ သေသေချာချာ မြင်ခဲ့တာပဲ။ စည်းမျဉ်းအရဆိုရင် ဒါကို တင်ပြသင့်တယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေ ဆုံးဖြတ်ချက်ချတာကို ကျွန်မ ဘာလို့ ဆက်စောင့်နေခဲ့တာလဲ။ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ထိန်းချုပ်တာကို ကျွန်မ ခံနေရတာလဲလို့ပေါ့။ ကျွန်မရဲ့ အခြေအနေကို ဘုရားသခင်ရှေ့မှောက် ယူလာပြီး ဆုတောင်း ရှာဖွေခဲ့တယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူရန် ကြောက်သောသူများစွာ ရှိသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုသည် အဓိကနည်းလမ်းသုံးခုဖြင့် ထင်ရှားသည်။ ပထမတစ်ခုမှာ တာဝန်ခံယူဖို့မလိုသည့် တာဝန်များကိုသာ ၎င်းတို့က ရွေးချယ်ကြသည်။...ဒုတိယအချက်မှာ အခက်အခဲတစ်ခု ကျရောက်လာသောအခါ သို့မဟုတ် ပြဿနာတစ်ခု ကြုံတွေ့သောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုသည် မိမိတို့ကိုယ်ကို အပူအပင်ကင်းမဲ့စေရန် ကြိုးပမ်းသည့်အနေဖြင့် ခေါင်းဆောင်တစ်ဦးထံ သတင်းပို့ပြီး ထိုခေါင်းဆောင်အား ကိုင်တွယ်ကာ ဖြေရှင်းစေခြင်း ဖြစ်သည်။ ခေါင်းဆောင်က ထိုကိစ္စကို မည်မျှ ကောင်းမွန်စွာ ကိုင်တွယ်သည်ကို ၎င်းတို့ ဂရုမစိုက်ကြဘဲ ဤအရာကို အရေးမထားကြပေ။ မိမိတို့ကိုယ်တိုင် တာဝန်မယူရသရွေ့ ၎င်းတို့အတွက် အရာအားလုံး အဆင်ပြေနေသည်။ ဤနည်းဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိနေကြခြင်း ဖြစ်သလော။ ဤသည်ကို တာဝန်လွှဲချခြင်း၊ တာဝန်ပျက်ကွက်ခြင်းနှင့် ဉာဏ်များခြင်းဟု ခေါ်သည်။ အပြောသက်သက်သာဖြစ်ပြီး အမှန်တကယ် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့က ‘ဤအရာကို ငါဖြေရှင်းရမည်ဆိုလျှင်၊ အမှားလုပ်မိသွားလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ မည်သူ့အား အပြစ်တင်ရမည်ကို ၎င်းတို့ စူးစမ်းစစ်ဆေး ကြည့်သောအခါတွင် ငါ့ကို ၎င်းတို့ ကိုင်တွယ်မည်မဟုတ်လော။ ဤအတွက် တာဝန်က ငါ့အပေါ် အရင်ဆုံး ကျရောက်မည် မဟုတ်လော’ ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ပူသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို ယုံကြည်သလော။ လူတိုင်းက အမှားလုပ်ကြသည်။ ရည်ရွယ်ချက်မှန်ကန်သော သူတစ်ယောက်သည် အတွေ့အကြုံကင်းမဲ့ပြီး ယခင်က အမှုကိစ္စအမျိုးအစားအချို့ကို မကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့လျှင် ယင်းကို ဘုရားသခင်က မြင်ရသည်။ ဘုရားသခင်သည် အရာခပ်သိမ်းနှင့် လူသား၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော်မူသည်ကို သင်တို့ ယုံကြည်ရမည်။ အကြင်သူသည် ဤသည်ကိုပင် မယုံကြည်လျှင် မယုံကြည်သူဖြစ်သည် မဟုတ်လော။ ထိုသို့သောသူက တာဝန်ထမ်းဆောင်ရာတွင် မည်သည့်အရေးပါမှု ရှိနိုင်မည်နည်း။ သူသည် ဤတာဝန်အား ထမ်းဆောင်သည်၊ မထမ်းဆောင်သည်မှာ အမှန်တကယ် အရေးမပါသည် မဟုတ်လော။ သူသည် တာဝန်ယူရန် ကြောက်ရွံ့ပြီး တာဝန်ကို ခေါင်းရှောင်သည်။ တစ်ခုခု ဖြစ်ပေါ်လာသောအခါ ၎င်းတို့သည် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို ချက်ချင်း စဉ်းစားကြရမည့်အစား ဦးစွာ ခေါင်းဆောင်ကို ဖုန်းခေါ်၍ အကြောင်းကြားကြ၏။ လူအချို့မှာ ခေါင်းဆောင်ကို အကြောင်းကြားသည့်နည်းတူ ပြဿနာကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ရန် ကြိုးစားသည်မှာ မှန်သည်။ သို့သော် လူအချို့မှာ ဤသို့ မလုပ်ဆောင်ဘဲ ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ခေါင်းဆောင်ကို ခေါ်ခြင်းဖြစ်သည်။ ပြီးလျှင် ခေါ်ပြီးနောက်တွင် ၎င်းတို့သည် ညွှန်ကြားချက်များကို စောင့်ဆိုင်းလျက် မလှုပ်မယှက်ဖြင့်သာ စောင့်နေကြသည်။ ခေါင်းဆောင်က ၎င်းတို့အား အဆင့်တစ်ဆင့်ကိုလုပ်ဆောင်ရန် ညွှန်ကြားသောအခါတွင် ၎င်းတို့က တစ်ဆင့်ကိုလုပ်ဆောင်သည်။ ခေါင်းဆောင်က တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ပြောလျှင် ၎င်းတို့က ထိုအရာကို လုပ်ဆောင်သည်။ ခေါင်းဆောင်က မည်သည့်အရာကိုမျှ မပြောလျှင်၊ သို့မဟုတ် ညွှန်ကြားချက်များအား မပေးလျှင် ၎င်းတို့က မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ အချိန်သာ ဆွဲနေသည်။ ၎င်းတို့အား လှုံ့ဆော်သော၊ သို့မဟုတ် ကြီးကြပ်သောသူ မည်သူမျှမရှိလျှင် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ပေ။ ငါ့ကို ပြောလော့။ ဤသို့သောသူသည် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သလော။ သူသည် အလုပ်လုပ်ပေးနေလျှင်ပင် သစ္စာမရှိပေ။ တာဝန်ထမ်းဆောင်ရာတွင် လူတစ်ယောက်၏ တာဝန်ယူရမည်ကို ကြောက်ခြင်း ထင်ရှားသည့်ပုံစံ နောက်တစ်ခုရှိသည်။ တာဝန်ထမ်းဆောင်သည့်အခါတွင် အချို့လူတို့သည် အနည်းငယ် အပေါ်ယံဆန်ပြီး၊ ရိုးရှင်းသောအလုပ်၊ တာဝန်ခံယူရန် မလိုအပ်သောအလုပ်ကို လုပ်သည်။ အခက်အခဲများရှိပြီး တာဝန်ယူရသည့်အလုပ်ကို ၎င်းတို့က သူတစ်ပါးတို့အပေါ် ပုံချသည်။ တစ်ခုခုမှားယွင်းခဲ့လျှင် ထိုလူများအပေါ် အပြစ်ပုံချကာ ယင်းသည် မိမိတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ဟန်ဆောင်ကြသည်။ ၎င်းတို့သည် တာဝန်မသိတတ်သည်ကို အသင်းတော်ခေါင်းဆောင်များက မြင်သည့်အခါ ၎င်းတို့ တာဝန်ခံယူနိုင်ရန်အတွက် ၎င်းတို့ကို စိတ်ရှည်လက်ရှည် ကူညီပြီး ပြုပြင်ပေးကြသည်။ သို့သော် ၎င်းတို့သည် မလုပ်ဆောင်လိုကြသေးဘဲ ‘ဤတာဝန်သည် လုပ်ဆောင်ဖို့ ခက်ခဲသည်။ ကိစ္စများ မှားယွင်းသောအခါတွင် ငါသည် တာဝန်ခံရမည်။ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကိုပင် ငါခံရနိုင်သည်။ ဤသည်မှာ ငါ၏ အဆုံးသတ်ပင်ဖြစ်လိမ့်မည်’ ဟု ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော သဘောထား ဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုထမ်းဆောင်ရာတွင် တာဝန်သိစိတ် မရှိလျှင်တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးမခံသောသူတို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ တာဝန်ယူရန် ကြောက်သောသူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အမှုကိစ္စများကို နှောင့်နှေးစေခြင်းသာ ဖြစ်လိမ့်မည်။ ဤသို့သော လူများသည် ယုံကြည်စိတ်ချရသူများ မဟုတ်ကြဘဲ မည်သည့်အရာကိုမျှ တာဝန်ပေး၍ မရနိုင်ပေ။ ၎င်းတို့သည် အချောင်ခိုရန်အတွက်သာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ ဤသို့သော ‘သူတောင်းစားများ’ ကို ဖယ်ရှားရှင်းလင်းသင့်သလော။ ဖယ်ရှားရှင်းလင်းသင့်သည်။ ဘုရားသခင်၏ အိမ်တော်သည် ဤသို့သောသူတို့ကို အလိုမရှိပေ။ ဤသည်တို့မှာ မိမိတို့တာဝန်ကို ထမ်းဆောင်ရာ၌ တာဝန်ယူရန် ကြောက်ရွံ့သော လူတို့၏ သရုပ်သကန်သုံးခု ဖြစ်သည်။ မိမိတို့တာဝန်တွင် တာဝန်ယူရန် ကြောက်သောသူတို့သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူ၏ အဆင့်သို့ပင် မရောက်ရှိနိုင်သည့်အပြင် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ မထိုက်တန်ကြပေ။ လူတချို့သည် မိမိတို့တာဝန်အပေါ် ဤသို့သော သဘောထားမျိုး ထားခြင်းကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ယခုတွင်ပင် ၎င်းတို့သည် အကြောင်းရင်းကို မသိကောင်းမသိနိုင်ဘဲ ‘ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို အားမာန်တက်ကြွသော စိတ်ထက်သန်မှုဖြင့် လုပ်ဆောင်ခဲ့လျက်နှင့် ၎င်းတို့သည် အဘယ်ကြောင့် ကျွန်ုပ်ကို အလွန်အေးစက်စက်နိုင်စွာ နှင်ထုတ်ခဲ့သနည်း’ ဟု ပြောလျက် စောဒကတက်နေဆဲ ဖြစ်သည်။ ယခုတွင်ပင် ၎င်းတို့နားမလည်ပေ။ သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခံခဲ့ရသည်ကို နားမလည်နိုင်ဘဲ ၎င်းတို့၏တစ်ဘဝလုံး ကုန်ဆုံးရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်စား အကြောင်းပြချက်ပေးကြပြီး မိမိတို့ကိုယ်ကို အဆက်မပြတ် ခုခံကာကွယ်ကြကာ ‘လူတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ခြင်းမှာ ဗီဇဖြစ်ပြီး ထိုသို့လည်း ပြုလုပ်သင့်သည်။ မည်သူသည် မိမိကိုယ်ကို အနည်းငယ် ကာကွယ်ရန် မလိုအပ်ဘဲ ရှိသနည်း။ မည်သူသည် မိမိကိုယ်ကို အနည်းငယ် ဂရုစိုက်ရန် မလိုအပ်ဘဲ ရှိသနည်း။ မည်သူသည် မိမိအတွက် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားရန် မလိုအပ်ဘဲ ရှိသနည်း’ ဟု စဉ်းစားကြသည်။ တစ်စုံတစ်ခု ကျရောက်လာသည့်အခါတိုင်း သင်သည် မိမိကိုယ်ကို အစဉ်သဖြင့် ကာကွယ်ပြီး မိမိအတွက် ထွက်ပေါက်တစ်ခုနှင့် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပါသလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဉာဏ်များခြင်းသာ ဖြစ်သည်။ သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်တစ်ခုကိုထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်၊ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခုဖြစ်ပြီး သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ မိမိအတွက် ထွက်ပေါက်တစ်ခုနှင့် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ခြင်းသည်၊ ဘာသာတရား မရှိသူများ လိုက်နာသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းဖြစ်ပြီး ၎င်းတို့၏ အထွတ်အထိပ်ဖြစ်သော အတွေးအခေါ်လည်း ဖြစ်သည်။ အရာခပ်သိမ်း၌ မိမိကိုယ်ကို ဦးစွာ ထည့်သွင်းစဉ်းစားခြင်း၊ မိမိ၏ အကျိုးစီးပွားများကို အခြားအရာအားလုံးထက် ရှေ့တန်းတင်ခြင်း၊ အခြားသူများကို ထည့်မစဉ်းစားခြင်း၊ ဘုရားသခင်၏ အိမ်တော်အကျိုးစီးပွားနှင့် အခြားသူများ၏ အကျိုးစီးပွားတို့သည် မိမိနှင့် မည်သို့မျှ မသက်ဆိုင်ဟု ယုံကြည်ခြင်း၊ မိမိ၏ အကျိုးစီးပွားများကို ဦးစွာ စဉ်းစားပြီးနောက် လွတ်မြောက်ရာလမ်းတစ်ခုကို စဉ်းစားခြင်း၊ ဤသည်မှာ ဘာသာတရား မရှိသူတစ်ဦး ဖြစ်သည့်အရာ မဟုတ်လော။ ဤသည်မှာ အတိအကျပင် ဘာသာတရား မရှိသူတစ်ယောက် ဖြစ်သည့်အရာ ဖြစ်သည်။ ဤလူစားမျိုးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် မထိုက်တန်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ မြင်လိုက်ရတာက လူတွေဟာ တာဝန်တွေထမ်းဆောင်တဲ့အခါ တာဝန်ယူရမှာကို အမြဲ ကြောက်နေကြတယ်ဆိုတာပဲ။ အမှားလုပ်မိပြီး ထုတ်ဖော်ခံရမှာ၊ ဖြုတ်ချခံရမှာကို သူတို့ ကြောက်ကြတယ်။ ကိစ္စတွေပေါ်လာရင် သူတို့က ခေါင်းဆောင်တွေကို ဆုံးဖြတ်ချက်ချခိုင်းပြီး ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ဖို့ ကိုယ့်အတွက် ထွက်ပေါက်ကို အမြဲ ချန်ထားတတ်ကြတယ်။ ဒါဟာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ဘာသာတရားမရှိသူတွေ လိုက်နာတဲ့ စည်းမျဉ်းပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ချက်ကြောင့် ကျွန်မရဲ့ ရင်ကို ဓားနဲ့ ထိုးခံရသလို ခံစားလိုက်ရတယ်။ ကျွန်မရဲ့ အပြုအမူကလဲ ဒီအတိုင်း ကွက်တိဖြစ်မနေဘူးလား။ ယီလင်း ဖြုတ်ချခံရတုန်းကရယ်၊ ကျွန်မ ရွေးချယ်စိစစ်ခဲ့တဲ့ တရားဟောချက်တွေမှာ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ ဖြစ်လာပြီး ကျွန်မကို စောင့်ကြည့်ဖို့ ဆက်ထားတုန်းကရယ်၊ ကျွန်မက ပြဿနာတွေရဲ့ ဇာစ်မြစ်ကို ရှာဖို့နဲ့ ဖြေရှင်းရအောင် သမ္မာတရားကို ရှာဖို့ ဘုရားသခင်ရှေ့ကို မလာခဲ့ဘူးလေ။ အဲဒီအစား ကျွန်မ ဖြုတ်ချခံလိုက်ရပြီး တာဝန်မထမ်းဆောင်နိုင်တော့တဲ့အတွက် ကောင်းမွန်တဲ့ အလားအလာ ဒါမှမဟုတ် ခရီးဆုံးပန်းတိုင်တစ်ခု ရှိလာမှာ မဟုတ်ဘူးဆိုပြီး ကျွန်မ စိတ်ပူခဲ့တယ်။ ဒီတရားဟောချက်တချို့က တော်တော်လေး လက်တွေ့ကျပြီး တင်ပြလို့ရတယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပေမဲ့ လမ်းလွဲမှုတွေ ပေါ်လာရင် ကိုယ့်ပြဿနာတွေ ဖော်ထုတ်ခံရပြီး ဖြုတ်ချခံရမှာကို ကြောက်ခဲ့တာပေါ့။ ဒါကြောင့် သေချာမသိဘူးဆိုတဲ့ ဆင်ခြေနဲ့ ဆုံးဖြတ်ချက်ချဖို့ ခေါင်းဆောင်တွေဆီကို ပုံချခဲ့တယ်။ ဒီလိုလုပ်ရင် ပြဿနာဖြစ်လာတဲ့အခါ ကျွန်မတစ်ယောက်တည်းရဲ့ တာဝန် မဟုတ်တော့ဘူးလေ။ ခေါင်းဆောင်တွေ အကြောင်းမပြန်တဲ့အခါ ကျွန်မက အချိန်ဆွဲပြီး စောင့်နေခဲ့လို့ အကျိုးဆက်အနေနဲ့ တန်ဖိုးရှိတဲ့ တရားဟောချက်တစ်ခုကို ချက်ချင်း မတင်ပြခဲ့ရဘဲ အလုပ်တိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မဟာ အရင်ကလို ရေတိုအောင်မြင်မှုတွေကို သိပ်မလောတော့ဘူးလို့ ထင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လဲ အရင်ကလို ယုံကြည်မှု သိပ်မရှိတော့ဘူး၊ ပြီးတော့ ကိစ္စတွေ ပေါ်လာတဲ့အခါ ခေါင်းဆောင်တွေရဲ့ အကြံပြုချက်ကို တောင်းခံနိုင်တာက ဆင်ခြင်တုံတရားရှိတဲ့ လက္ခဏာတစ်ခုလို့ ယုံကြည်ခဲ့တာပေါ့။ အခုတော့ ကိုယ့်ရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ ရည်ရွယ်ချက်တွေကို စိတ်ထဲမှာ ဖုံးကွယ်ထားခဲ့မှန်း အဆုံးမှာ ကျွန်မ မြင်သွားပြီ။ ကျွန်မက တာဝန်ယူရမှာကို ကြောက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကောက်ကျစ်တဲ့ နည်းလမ်းတွေကို သုံးခဲ့တာပဲ။ ကျွန်မဟာ မတရား တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ အရမ်းကို ဉာဏ်များပြီး လှည့်ဖြားတတ်တယ်လေ။ အသင်းတော်ရဲ့ အလုပ်ကို အလေးထားတဲ့အနေနဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေသာ မှန်ကန်ခဲ့ရင် ဘုရားသခင်အတွက် သက်သေခံနိုင်အောင် တန်ဖိုးရှိတဲ့ တရားဟောချက်တွေကို တတ်နိုင်သမျှ မြန်မြန် ရွေးချယ်စိစစ်ခဲ့သင့်တာ။ ပြဿနာတွေ ဒါမှမဟုတ် လမ်းလွဲမှုတွေ ဖြစ်လာရင်တောင် အဲဒါတွေကို ချက်ချင်း အနှစ်ချုပ်ပြီး ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်တာပဲလေ။ ဒီနည်းအားဖြင့် လမ်းလွဲမှု အရေအတွက်က ဆက်တိုက် လျော့ကျသွားမှာပေါ့။ ဒါပေမဲ့ ဘုရားသခင်က အရာအားလုံးကို စိစစ်တယ်ဆိုတာကို ကျွန်မ မယုံကြည်ခဲ့ဘူး။ အမှားတစ်ခု လုပ်မိရင် ဖြုတ်ချခံရပြီး ကိုယ့်အနာဂတ် သေချာတော့မှာ မဟုတ်ဘူးလို့ ကြောက်နေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တရားဟောချက်တွေ တင်ပြဖို့ကိုပဲ နှောင့်နှေးအောင် လုပ်ချင်ခဲ့တယ်။ အသင်းတော်ရဲ့ အလုပ်ကို တစ်စက်လေးတောင် အလေးမထားခဲ့ဘူး။ ဒီလိုလုပ်တော့ ကျွန်မမှာ ကောင်းမွန်တဲ့ အနာဂတ်နဲ့ ပန်းတိုင် မရမှာတင်တင်မကဘူး၊ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာမှုကိုလဲ ခံရဦးမှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့ရတယ်။ “လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။...ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း ကိုယ့်တာဝန်ကို ထမ်းဆောင်နေချိန်မှာ အမှားလုပ်မိရင် ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရမယ်၊ ကောင်းမွန်တဲ့ အနာဂတ် ဒါမှမဟုတ် ခရီးဆုံးပန်းတိုင်တစ်ခု ရှိမှာမဟုတ်ဘူးလို့ အမြဲ စိတ်ပူနေခဲ့တာကို အဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ အဓိက အကြောင်းရင်းကတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်ခဲ့လို့၊ ပြီးတော့ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်ဆိုတာကို မယုံကြည်ခဲ့လို့ပါပဲ။ ဘုရားသခင်ရဲ့ အိမ်တော်က စည်းမျဉ်းတွေနဲ့အညီ လူတွေကို တာဝန်ပြောင်းပေးပြီး ဖြုတ်ချလေ့ရှိတယ်။ လူတွေက အမှားတစ်ခု၊ နှစ်ခု လုပ်မိလို့ ဒါမှမဟုတ် သူတို့အလုပ်မှာ လမ်းလွဲမှုတချို့ ရှိလို့ ဖြုတ်ချတာ မဟုတ်ဘူး။ အဲဒီအစား လူတွေရဲ့ တစ်သမတ်တည်းဖြစ်တဲ့ အပြုအမူကို ကြည့်တယ်၊ ပြီးတော့ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ ဖြစ်လာတဲ့အခါ သူတို့က သမ္မာတရားကို လက်ခံပြီး အခြေအနေကို ချက်ချင်း ပြောင်းနိုင်သလားဆိုတာကို ကြည့်တာပါ။ ယီလင်းကို ကျွန်မ သတိရမိတယ်။ သူ့မှာ အစွမ်းအစတချို့နဲ့ ဆုကျေးဇူးတချို့ ရှိပေမဲ့ သူက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ လိုက်စားခဲ့ပြီး ရေတိုအောင်မြင်မှုတွေကို လောကြီးခဲ့တယ်။ သူ့တာဝန်တွေမှာ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ ပေါ်လာတဲ့အခါ ခေါင်းဆောင်တွေက သူ့ကို အကြိမ်ကြိမ် လမ်းပြပေးဖို့ ကြိုးစားခဲ့ပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ မလုပ်ခဲ့ဘူး၊ စည်းမျဉ်းတွေကို မရှာဖွေခဲ့ဘဲ အလုပ်ကို အဖျက်အမှောင့်လုပ်တာနဲ့ နှောင့်ယှက်တာတွေကို ဖြစ်စေခဲ့တယ်။ ဒါကြောင့်မို့ သူ ဖြုတ်ချခံခဲ့ရတာပေါ့။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မပတ်ဝန်းကျင်က လူတွေထဲမှာ တရားဟောချက်တွေကို စိစစ်တဲ့အခါ ဝတ်ကျေတမ်းကျေလုပ်ပြီး တန်ဖိုးရှိတဲ့ တရားဟောချက်တချို့ကို ပယ်လိုက်မိတဲ့ ညီအစ်မတစ်ယောက် ရှိတယ်။ ဒါပေမဲ့ လမ်းပြမှုနဲ့ ပြုပြင်ခြင်းကို ရတဲ့အခါ သူက ဒါကို လက်ခံနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး အခြေအနေကို ချက်ချင်း ပြောင်းလဲနိုင်ခဲ့တယ်။ အသင်းတော်က သူ့ကို တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေး ပေးထားတုန်းပဲလေ။ တကယ်တော့ ယီလင်း ဖြုတ်ချခံရတာက ကျွန်မအတွက် သတိပေးခေါင်းလောင်းသံပဲ။ တရားဟောချက်တွေကို ကျွန်မ စိစစ်တဲ့အခါ ဘာလို့ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ အဲဒီလောက် အများကြီး ဖြစ်ခဲ့ရတာလဲ၊ ဘာလို့ သိပ်တိုးတက်မှု မရှိခဲ့တာလဲ ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ အဓိက အကြောင်းရင်းတွေကတော့ ကျွန်မဟာ မာနထောင်လွှားပြီး စိတ်ကြီးဝင်နေခဲ့လို့၊ ပြီးတော့ ကိုယ့်ရဲ့ နည်းလမ်းဟောင်းတွေမှာပဲ ပိတ်မိနေခဲ့လို့ပါ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ ကျွန်မက စည်းမျဉ်းတွေကို ရှာမဲ့အစား အတွေ့အကြုံကို အားကိုးပြီး စည်းမျဉ်းစည်းကမ်းတွေကိုပဲ တစ်သဝေမတိမ်း လိုက်နာခဲ့တယ်။ ရလဒ်အနေနဲ့ တန်ဖိုးရှိတဲ့ တရားဟောချက်တွေကို ကျွန်မ ပယ်ထုတ်မိပြီး အလုပ်ကို အဖျက်အမှောင့် လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ တာဝန်ထမ်းဆောင်တဲ့အခါ ဖြစ်ခဲ့တဲ့ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကြောင့် ခေါင်းဆောင်တွေက ကျွန်မကို မဖြုတ်ချခဲ့ပါဘူး။ သူတို့က ကျွန်မကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်အောင် ကူညီပေးဖို့ ကျွန်မနဲ့ မိတ်သဟာယတောင် ဖွဲ့ပေးခဲ့သေးတယ်၊ ပြီးတော့ နောင်တရပြီး ပြောင်းလဲဖို့ အခွင့်အရေး တစ်ခု ပေးခဲ့တယ်။ ဒါပေမဲ့ ယီလင်း ဖြုတ်ချခံရတာကနေ သင်ခန်းစာတစ်ခု မယူဘဲ ကိုယ့်ပြဿနာတွေကို ဆင်ခြင်သုံးသပ်တာမျိုး မရှိရုံတင်မကဘူး၊ ကျွန်မက အထင်အမြင်လွဲမှားပြီး ဘုရားသခင်ကိုပါ သတိထားရှောင်ခဲ့တယ်။ တန်ဖိုးရှိတဲ့ တရားဟောချက်တွေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်မချရဲဘဲ အဲဒီအစား ခေါင်းဆောင်တွေဆီကို ပုံချခဲ့တာပေါ့။ အမှားတစ်ခု လုပ်မိပြီး ဖြုတ်ချခံရရင်၊ တာဝန် မထမ်းဆောင်နိုင်တော့ရင် ကောင်းတဲ့ အဆုံးသတ် ရှိမှာမဟုတ်ဘူးလို့ ကျွန်မ ကြောက်နေခဲ့တာ။ ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေနဲ့ အတူတူပဲ၊ လူတွေကို အမှားလုပ်ခွင့် မပေးဘူး၊ သူတို့ အမှားလုပ်မိတာနဲ့ ဖယ်ရှားရှင်းလင်းပစ်တယ်လို့ ကျွန်မ စိတ်ကူးခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို သရေဖျက်ပြီး ပြစ်မှားစော်ကားတာ မဟုတ်ဘူးလား။ ကျွန်မ တကယ်ကို ကောက်ကျစ်ဆိုးယုတ်လွန်းပြီး လှည့်ဖြားတတ်လွန်းခဲ့တာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပြီး ကိုယ့်အခြေအနေကို ပိုနားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ဘုရားသခင်နှင့် မိမိတို့၏ တာဝန်များအပေါ် ရိုးသားသော စိတ်နှလုံးဖြင့် ချဉ်းကပ်ရမည်။ ရိုးသားသော စိတ်နှလုံးရှိလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော လူများဖြစ်လိမ့်မည်။ ရိုးသားသော စိတ်နှလုံးရှိသော လူများသည် ဘုရားသခင်အပေါ်တွင် မည်သို့သော သဘောထားမျိုးရှိသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများအကြောင်း သို့မဟုတ် ကံဆိုးခြင်းများအကြောင်း မမေးမြန်းပေ။ အခြေအနေများနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောပေ။ ၎င်းတို့သည် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံကြသည်။ ဤသူတို့သည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်သံသယရှိသောသူ၊ ဘုရားသခင်အား အစဉ် ကြည့်ရှုစစ်ဆေးနေသောသူ၊ ဘုရားသခင်နှင့် အပေးအယူတစ်ခုပြုလုပ်ရန် အစဉ်ကြိုးစားနေသောသူများသည် ရိုးသားသော စိတ်နှလုံး ရှိသည့်လူများ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သောလူများ၏ စိတ်နှလုံးအတွင်းတွင် မည်သည့်အရာ တည်ရှိသနည်း။ လှည့်စားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ကြည့်ရှုစစ်ဆေးနေသည်။ ၎င်းတို့ ကြည့်ရှုစစ်ဆေးသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ (လူတို့အပေါ် ဘုရားသခင်၏ သဘောထားဖြစ်သည်။) ၎င်းတို့သည် လူတို့အပေါ် ဘုရားသခင်၏ သဘောထားကို အစဉ် ကြည့်ရှုစစ်ဆေးနေသည်။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ အဘယ်ကြောင့် ဤအရာကို ၎င်းတို့ ကြည့်ရှုစစ်ဆေးသနည်း။ ၎င်းတို့၏ မရှိမဖြစ်သော အကျိုးစီးပွား ပါဝင်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မိမိတို့ကိုယ်ကို စဉ်းစားကြသည်။ ‘ဘုရားသခင်က ဤအခြေအနေများကို ငါ့အတွက် ဖန်တီးခဲ့သည်။ သူသည် ဤအရာကို ငါ့ထံ ဖြစ်စေခဲ့သည်။ အဘယ်ကြောင့် ထိုသို့ သူလုပ်ဆောင်ခဲ့သနည်း။ ဤအရာက အခြားသူများအပေါ် မဖြစ်ပျက်ခဲ့ပါ။ ငါ့ထံတွင် အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ နောက်ပိုင်းတွင် အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။’ ဤအရာတို့သည် ၎င်းတို့ ကြည့်ရှုစစ်ဆေးသော အရာများ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများ၊ ကောင်းချီးများနှင့် ကံဆိုးမှုများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဤအရာများကို ကြည့်ရှုစစ်ဆေးနေစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ ဤသို့မလုပ်ဆောင်နိုင်ပေ။ ထို့ပြင် ၎င်းတို့စိတ်နှလုံးများ၏ စဉ်းစားဆင်ခြင်ခြင်းများမှ ထွက်ပေါ်သောအရာများ၏ သဘာဝမှာ မည်သို့ ရှိသနည်း။ ဤအရာများမှာ သဘာဝအရ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို အလေးထားခြင်းများသာ ဖြစ်သည်၊ အားလုံးသည် ၎င်းတို့၏ ကိုယ်ကျိုးအတွက် ဖြစ်သည်။...မိမိတို့၏ရှေ့ရေး၊ ကံကြမ္မာများနှင့် ကိုယ်ပိုင် အကျိုးစီးပွားများကို အထူးသဖြင့် တန်ဖိုးထားသော လူတို့သည် ဘုရားသခင်၏ အမှုတော်အား ၎င်းတို့၏ရှေ့ရေးနှင့် ကံကြမ္မာများအတွက် အကျိုးပြုမပြုကိုလည်းကောင်း၊ ၎င်းတို့ကို ကောင်းချီးများ ရစေခြင်း ရှိမရှိကိုလည်းကောင်း အမြဲတမ်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြ၏။ အဆုံးသတ်၌ ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့လုပ်ဆောင်သမျှသည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်သောအခါတွင်ပင် ဝတ်ကျေတမ်းကျေ ဖြစ်စွာဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက် အခြေအနေတစ်ခုဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ အခွင့်အရေးယူရမည်၊ ပြီးလျှင် ရှုံးနိမ့်သည့်ဘက်တွင်မရှိရန် မည်သို့နေရမည်တို့ကို အစဉ် စဉ်းစားနေကြသည်။ ဤအရာတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်သောအခါ ၎င်းတို့၏ ရည်ရွယ်ချက်များဖြစ်သည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ လှည့်ဖြားတတ်ခြင်းဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်တော့ပေ။ ကောက်ကျစ်ဆိုးယုတ်ခြင်းသို့ မြင့်တက်သွားပြီဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးတွင် ဤသို့သော ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားမျိုးရှိသည့်အခါ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။ ဤပြဿနာနှင့် ပတ်သက်၍သင်ရှင်းလင်းစွာ သိသင့်သည်။ လူတို့သည် ဘုရားသခင်ကို အစဉ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အပေးအယူများပြုလုပ်ရန် အစဉ်ကြိုးစားလျှင်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မှန်ကန်စွာ ထမ်းဆောင်နိုင်သလော။ လုံးဝ မထမ်းဆောင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံးဖြင့်လည်းကောင်း၊ ရိုးသားမှုဖြင့်လည်းကောင်း မကိုးကွယ်ပေ။ ၎င်းတို့တွင် ရိုးသားသော စိတ်နှလုံးမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်လျက်ဖြင့် ကြည့်ရှုနေကြသည်။ အစဉ်သဖြင့် တွန့်ဆုတ်နေကြသည်။ ရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့တွင် အလုပ်မလုပ်ပေ။ ၎င်းတို့သည် ကမောက်ကမဖြစ်စေကာ စိတ်ရှုပ်ထွေးလာသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို နားမလည်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကာ အစဉ်သဖြင့် လွဲချော်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် လွဲချော်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ရှင်းလင်းပြတ်သားမှု အလွန်ကင်းမဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့ထံ အကြောင်းအရာများ ဖြစ်ပျက်သောအခါ မိမိတို့ကိုယ်ကို မသုံးသပ်ကြပေ၊ သို့မဟုတ် ဖြေရှင်းချက်ရှာရန်အတွက် သမ္မာတရားကို မရှာဖွေကြသကဲ့သို့၊ ၎င်းတို့၏ ကိုယ်ပိုင် နှစ်သက်မှုများနှင့်အညီ မိမိတို့၏ ဆန္ဒရှိသည့်အတိုင်း အမှုကိစ္စများကို မလျှော့တမ်းလုပ်ဆောင်ကြသည်။ ဤအရာ၏ရလဒ်မှာ ၎င်းတို့၏ တာဝန်ကိုထမ်းဆောင်သောအခါ အစဉ်သဖြင့် လွဲချော်ကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို လုံးဝ မစဉ်းစားသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း မစဉ်းစားပေ။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးအတွက် အစဉ် လျှို့ဝှက်ကြံစည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ မာနနှင့် ဂုဏ်အဆင့်အတန်းအတွက် အစဉ် စီစဉ်ကြပြီး မိမိတို့၏တာဝန်များကို ညံ့ဖျင်းစွာထမ်းဆောင်ရုံတင်မကဘဲ အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်နှေးပြီး ထိခိုက်စေသည်။ ဤသည်မှာ လမ်းလွဲခြင်းနှင့် မိမိတို့၏ တာဝန်များကို လျစ်လျူရှုခြင်း မဟုတ်လော။ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် တစ်စုံတစ်ဦးသည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ရှေ့ရေးတို့အတွက် အစဉ်သဖြင့် အစီအစဉ်ဆွဲနေပြီး အသင်းတော်၏ အလုပ် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိပါက ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပေ။ ဤသည်မှာ ကိုယ်ကျိုးအတွက် အကြံအစည်ထုတ်ခြင်း၊ မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်များ ရရှိရန်နှင့် ကောင်းချီးမင်္ဂလာများ ရယူရန် အမှုအရာများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းသည် ဤကဲ့သို့ ဖြစ်သောအခါ ယင်း၏ အနှစ်သာရသည် ပြောင်းလဲသွားသည်၊ ယင်းသည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးပမ်းမှုတစ်ခု၊ မိမိ၏ ကိုယ်ပိုင်ပန်းတိုင်များကို အောင်မြင်စေရန် တာဝန်ထမ်းဆောင်ခြင်းကို အသုံးချမှုတစ်ခု ဖြစ်လာသည်။ အမှုအရာများကို ဤသို့သော လုပ်ဆောင်ပုံသည် ဘုရားအိမ်တော်၏ အလုပ်ကို အလွန်လွယ်ကူစွာ နှောင့်ယှက်နိုင်ခြေရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ရိုးသားတဲ့ စိတ်နှလုံးရှိတဲ့သူတွေက သူတို့တာဝန်ကို ထမ်းဆောင်တဲ့အခါ ကိုယ်ပိုင် အကျိုးအမြတ်တွေ၊ ဆုံးရှုံးမှုတွေ၊ ကောင်းချီးတွေ ဒါမှမဟုတ် ဘေးအန္တရာယ်တွေကို အလေးမထားဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ သူတို့က ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ မကြိုးစားဘဲ ဘုရားသခင် စိတ်နှလုံး နှစ်သိမ့်ရာရအောင် သူတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ကြတယ်။ နောဧလိုမျိုးပေါ့။ ဘုရားသခင်က သူ့ကို သင်္ဘောဆောက်ခိုင်းတဲ့အခါ သူ တည်ဆောက်နိုင်မလား၊ မဆောက်နိုင်ဘူးလားဆိုတာကို နောဧ မဆန်းစစ်ခဲ့ဘူး။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို အမြန်ဆုံး ဘယ်လို ပြီးမြောက်အောင် လုပ်ရမလဲဆိုတာကိုပဲ သူ့ရဲ့ စိတ်နှလုံးအကြွင်းမဲ့နဲ့ စဉ်းစားခဲ့တယ်။ နောဧရဲ့ စင်ကြယ်၊ ရိုးသားပြီး ကျိုးနွံနာခံတဲ့ စိတ်နှလုံးက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်တဲ့သူတွေက ကိုယ့်တာဝန်ကို အချိန်တိုင်းမှာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး စောင့်ကြည့်လေ့လာတဲ့ သဘောမျိုးထားကြပြီး သူတို့ရဲ့ ကိုယ်ပိုင် အနာဂတ် အလားအလာတွေနဲ့ လမ်းကြောင်းတွေအတွက်ပဲ အချိန်တိုင်း ကြံစည်နေတတ်ကြတယ်။ ဒီလိုလူမျိုးဟာ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာမှုကို ခံရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားတဲ့အခါ ကျွန်မ နှလုံးသားကို ထိုးဖောက်ခံရသလို ခံစားရတယ်။ ကိုယ့်တာဝန်ကို သဘောထားခဲ့တဲ့ပုံစံက စစ်မှန်တဲ့ စိတ်နှလုံး လုံးဝမပြခဲ့ဘူးဆိုတာကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို တစ်စက်လေးတောင် အလေးမထားခဲ့ဘူး။ ဧဝံဂေလိတရားဟောဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့ အသုံးပြုနိုင်အောင် စံနှုန်းပြည့်မီတဲ့ တရားဟောချက်တွေကို အမြန်ဆုံး ဘယ်လို ရွေးချယ်စိစစ်ရမလဲဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘူး။ အဲဒီအစား ခေါင်းဆောင်တွေကို အရာအားလုံး ဆုံးဖြတ်ခိုင်းရင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဘုရားသခင်ကို လှည့်စားပြီး အချိန်တိုင်းမှာ သူ့အပေါ် သတိထားရှောင်ခဲ့တယ်။ ဒီလိုရည်ရွယ်ချက်မျိုးနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တာက ကျွန်မအတွက်တော့ တကယ်ကို အရမ်း လှည့်ဖြားတာပဲ။ ကျွန်မက အမှားတစ်ခု မလုပ်မိပြီး ဖြုတ်ချမခံရသရွေ့ ဘုရားသခင်ရဲ့ အလုပ် ပြီးသွားတဲ့အခါ ကျွန်မ အသက်ရှင်ကျန်ရစ်ပြီး ကောင်းတဲ့ ပန်းတိုင်တစ်ခု ရှိမယ်ဆိုတဲ့အထင်နဲ့ တာဝန်ထမ်းဆောင်ရာမှာ ကိုယ့်အနာဂတ်နဲ့ ပန်းတိုင်ကိုပဲ အချိန်တိုင်း တွေးခဲ့တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဘုရားသခင်အပေါ် သတိထားရှောင်တဲ့ စိတ်ထားမျိုး သွင်းလိုက်ခြင်းအားဖြင့် ဘုရားသခင်ဆီကနေ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြခြင်းတွေကို ကျွန်မ မရနိုင်ခဲ့ဘူး။ ကျွန်မရဲ့ အတွေးတွေက အရမ်းကို မရှင်းမလင်းဖြစ်နေပြီး တရားဟောချက်တွေမှာ ပြဿနာတွေကို ကျွန်မ မမြင်နိုင်ခဲ့ဘူး။ ဒီလို ဆက်သွားနေရင် အသင်းတော်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရုံပဲရှိမှာဖြစ်ပြီး အချိန်ကျလာတဲ့အခါ ကျွန်မ တကယ်ပဲ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ။ ဒါကို ကျွန်မ နားလည်သွားတော့ ရင်ထဲမှာ ကြောက်သွားပြီး ဘုရားသခင်ဆီကို အမြန် နောင်တရ ဆုတောင်းလိုက်တယ်။
တစ်နေ့တော့ ဝတ်ပြုနေတုန်း ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရပြီး လက်တွေ့လုပ်ဆောင်စရာ လမ်းကြောင်းတစ်ခုကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့အကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ၊ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချို့ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။...လူ၏တာဝန်သည် လူ၏စိတ်နှင့် သူ၏အယူအဆများဖြင့် စွန်းထင်းသော်လည်း၊ သင်၏တာဝန်ကို သင် လုပ်ဆောင်ရမည် ဖြစ်ပြီး သင်၏သစ္စာစောင့်သိမှုကို ပြသရမည်ဖြစ်သည်။ လူ၏ လုပ်ဆောင်ချက်ထဲရှိ မစင်ကြယ်မှုများမှာ သူ၏ အရည်အချင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခု ဖြစ်သည်၊ စင်စစ်အားဖြင့် လူသည် သူ၏တာဝန်ကို မထမ်းဆောင်ပါက၊ ယင်းသည် သူ၏ပုန်ကန်ခြင်းကို ပြသပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) “မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ၊ အရာခပ်သိမ်းတွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရာတွင် သင် မဆုတ်မနစ်ကြိုးပမ်းသည့်အခါမှသာ သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အမှုအရာများကို လူသား လုပ်ဆောင်သည့်နည်းလမ်းအတိုင်း ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကိုသာ စွဲမြဲခြင်းသည် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ ဤသည်မှာ သစ္စာစောင့်သိခြင်း၏ သရုပ်သကန် မဟုတ်လော။ ဤသည်မှာ သင်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် သင်၏ တာဝန်နှင့်စပ်လျဉ်း၍ ဤတာဝန်သိစိတ်၊ ဤစိတ်ပိုင်းဖြတ်ချက်နှင့် ဆန္ဒ၊ ဤသစ္စာစောင့်သိခြင်း၏ သရုပ်သကန် ရှိသည့်အခါမှသာလျှင် ဘုရားသခင်သည် သင့်ကို မျက်နှာသာဖြင့် ကြည့်လိမ့်မည်ဖြစ်ပြီး အသိအမှတ်ပြုလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်စရာ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ကျွန်မတို့အပေါ် ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေက မကြီးမားပါဘူး။ အရာအားလုံးကို အမှားမရှိဘဲ ပြီးပြည့်စုံအောင် လုပ်ဖို့ သူ မတောင်းဆိုဘူး။ ကျွန်မတို့မှာ ရိုးသားတဲ့ စိတ်နှလုံးရှိသရွေ့၊ ကိုယ်လုပ်နိုင်တဲ့အရာကို စိတ်နှလုံးအကြွင်းမဲ့နဲ့ လုပ်သရွေ့၊ ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်နိုင်တာမျိုး မရှိတဲ့ ကိစ္စတွေ ကြုံလာတဲ့အခါ ကိုယ့်ရည်ရွယ်ချက်တွေကို ပြုပြင်ပြီး အလုပ်အတူလုပ်တဲ့ ညီအစ်ကို မောင်နှမတွေ၊ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောဆိုပြီး စည်းမျဉ်းတွေကို အတူတူရှာဖွေတဲ့အပြင် အချိန်မဆွဲဘဲ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသရွေ့ ဘုရားသခင်က အသိအမှတ်ပြုမှာပါ။ အရင်က တရားဟောချက်တွေကို ကျွန်မ ရွေးချယ်စိစစ်ခဲ့တဲ့ အချိန်တွေကို ကျွန်မ ပြန်တွေးကြည့်တယ်။ ကျွန်မက မာနထောင်လွှားတယ်၊ အတွေ့အကြုံကိုပဲ အားကိုးတယ်၊ ပြီးတော့ သမ္မာတရား စည်းမျဉ်းကို မရှာဖွေခဲ့ဘူး၊ ဒါကြောင့် လမ်းလွဲမှုတွေ ဖြစ်ခဲ့တာပေါ့။ အခုတော့ စည်းမျဉ်းတွေကို ရှာဖွေဖို့ ပိုပြီး အားထုတ်ရမယ်။ တရားဟောချက်တစ်ခုစီကို ရွေးချယ်စိစစ်တဲ့အခါ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိရမယ်၊ ပြီးတော့ စည်းမျဉ်းတွေနဲ့အညီ ကိစ္စတွေကို ပိုင်းခြားချိန်ဆရမယ်။ တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်မှာ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေ ရှိလာဦးမယ်ဆိုရင်တောင် အဲဒါတွေကို မှန်မှန်ကန်ကန် သဘောထားရမယ်၊ အကြောင်းရင်းတွေကို အနှစ်ချုပ်ရမယ်၊ ပြီးတော့ အခြေအနေကို ချက်ချင်း အလှည့်အပြောင်း လုပ်ရမယ်။ ဒါကို ကျွန်မ နားလည်သွားတဲ့အခါ ဖြုတ်ချခံရမလား၊ မခံရဘူးလားဆိုတာကို မစဉ်းစားတော့ဘဲ ကိုယ့်တာဝန်မှာ စိတ်နှလုံးကို နှစ်မြှုပ်ထားနိုင်ခဲ့တယ်။ အဲဒီကာလအတွင်းမှာ ပြဿနာတွေနဲ့ လမ်းလွဲမှု အရေအတွက်က တဖြည်းဖြည်း နည်းသွားတယ်၊ ပြီးတော့ ကျွန်မက လုပ်ငန်းပိုင်းမှာရော စည်းမျဉ်းပိုင်းမှာပါ တိုးတက်မှုတချို့ ရလာတယ်။ ကျွန်မရဲ့ စိတ်နှလုံးက တော်တော်လေး အေးချမ်းသွားတယ်။
နောက်ပိုင်းမှာ ကျွန်မက အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတယ်။ တစ်ခါက ကြီးကြပ်ရေးမှူးတွေဆီက စာတစ်စောင် ရောက်လာတယ်။ အဲဒီစာထဲမှာ အဲဒီအချိန်က ကျွန်မတို့ တင်ပြခဲ့တဲ့ တရားဟောချက်တွေရဲ့ အဓိကအကြောင်းအရာက မရှင်းလင်းဘဲ သမ္မာတရားကို မိတ်သဟာယဖွဲ့ရာမှာ လက်တွေ့မကျဘူးလို့ ထောက်ပြထားတယ်။ သူတို့က ကျွန်မ ဒါကို စစ်ဆေးခဲ့လား၊ ပြဿနာတွေကို ဘာလို့ မမြင်ခဲ့တာလဲလို့ မေးကြတယ်။ စာကို ဖတ်လိုက်တော့ ကျွန်မ ရင်လေးသွားတယ်။ ဒီပြဿနာတွေကို ကျွန်မ မမြင်ခဲ့တာ မှန်ပါတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမနေဘဲ မနေနိုင်ခဲ့ဘူး။ “ငါ ဒီတာဝန်ကို အချိန်အတော်ကြာ လုပ်နေခဲ့ပေမဲ့ စည်းမျဉ်းတွေကို သဘောမပေါက်သေးတာကို ကြီးကြပ်ရေးမှူးတွေက မြင်သွားရင် ငါက ဒီတာဝန်နဲ့ မသင့်တော်ဘူးလို့ ထင်ပြီး ငါ့ကို ဖြုတ်ချလိုက်မလား” ပေါ့။ အဲဒီနောက်မှာ တာဝန်တွေ ထမ်းဆောင်တဲ့အခါ ကျွန်မက ထပ်ပြီး ကြောက်တတ်လာပြီး တက်ကြွမှု မရှိတော့ဘူး။ တရားဟောချက်တချို့က တန်ဖိုးရှိမှန်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမဲ့ နောက်ထပ် အမှားလုပ်မိပြီး ထုတ်ဖော်ခံရမှာကို ကြောက်လို့ ကြီးကြပ်ရေးမှူးတွေကို ပိုင်းခြားချိန်ဆဖို့နဲ့ စစ်ဆေးဖို့ ပေးလိုက်တယ်။ ကျွန်မရဲ့ အခြေအနေ မမှန်ဘူးဆိုတာရယ်၊ ကိုယ့်ကိုယ်ပိုင် အနာဂတ် အလားအလာတွေနဲ့ လမ်းကြောင်းတွေကို ထပ်တွေးနေမိတယ်ဆိုတာရယ်ကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရသွားလို့ ရှာဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတိုင်းတွင် အမှားများ ပြုလုပ်မိသည့် အချိန်များ ရှိကြပြီး ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ လူတိုင်းသည် ၎င်းတို့၏ အစွမ်းအစနှင့် ထိုးထွင်းအမြင်ထက် ကျော်လွန်သော အမှုအရာများကို ကြုံတွေ့ရကြသည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်ပြီး သင်သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်ရန် သင်ယူဖို့ လိုအပ်သည်။...သင် လုပ်ဆောင်သင့်သည့်အရာမှာ ချက်ချင်းပင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်ဖြစ်ပြီး အမှားသည် သင်၏ အလုပ်တွင် ကျွမ်းကျင်မှုမရှိခြင်း ပြဿနာကြောင့်လော၊ သင်၏ လုပ်ဆောင်ချက်များတွင် တစ်ကိုယ်ရေ ရည်ရွယ်ချက်များ ရောနှောနေခြင်းကြောင့်လော၊ သို့မဟုတ် သင်၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အမှုအရာများကို လုပ်ဆောင်ခြင်းကြောင့်လော ဟူသည်ကို ကြည့်ရှုရန် ဖြစ်သည်။ သင်သည် ဤရှုထောင့်အားလုံးကို ဆန်းစစ်သင့်သည်။ ယင်းမှာ သင်၏ အလုပ်တွင် ကျွမ်းကျင်မှုမရှိခြင်း ပြဿနာဖြစ်ပါက သင်သည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူနိုင်သည် သို့မဟုတ် အတတ်ပညာကို နားလည်သောသူများနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ သင်၏ ရည်ရွယ်ချက်များ မှားယွင်းနေပါက သို့မဟုတ် သင့်တွင် အယူအဆများနှင့် စိတ်ကူးများ ရှိနေပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းအောင် ကြိုးစားသင့်ကာ ထို့နောက် သင်၏ မှားယွင်းသော ရည်ရွယ်ချက်များ သို့မဟုတ် အယူအဆများကို ပြုပြင်ပြီး ပုန်ကန်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်။ အမှန်ပင်၊ သင်သည် ပြဿနာကို သင်ကိုယ်တိုင် မဖြေရှင်းနိုင်ပါက အသင်းတော်ခေါင်းဆောင်တစ်ဦး သို့မဟုတ် သမ္မာတရားကို နားလည်သော တစ်စုံတစ်ဦးကို ရှာဖွေကာ မေးမြန်းပြီး မိတ်သဟာယဖွဲ့နိုင်သည်။ ထိုနည်းအားဖြင့် ပြဿနာက ပြေလည်သွားမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မရင်ထဲမှာ ရှင်းလင်းသွားပြီး ဉာဏ်အလင်းရသွားသလို ခံစားရတယ်။ ကိုယ့်တာဝန်မှာ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ ဖြစ်လာတဲ့အခါ ဆင်ခြင်သုံးသပ်တာ၊ အနှစ်ချုပ်တာနဲ့ ပြဿနာရဲ့ ဇာစ်မြစ်ကို ရှာဖွေတာတွေ လုပ်ပြီး အဲဒါတွေကို မှန်မှန်ကန်ကန် သဘောထားရမယ်။ ပြီးတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ တရားဟောချက်တွေကို ရွေးချယ်စိစစ်တဲ့အခါ အတွေ့အကြုံကိုပဲ အားကိုးနေခဲ့တာကို တွေ့လိုက်ရတယ်။ ခြုံငုံကြည့်လိုက်လို့ အဘက်ဘက်က အဆင်ပြေနေတာကို မြင်ရင် အသေးစိတ်ကို ကျွန်မ သေချာ မစဉ်းစားခဲ့ဘူး။ အဲဒါကြောင့် ပြဿနာတချို့ကို မတွေ့ခဲ့တာပေါ့။ အဲဒီနောက်မှာ ပြဿနာရှိတဲ့ တရားဟောချက်တွေကို ထုတ်ပြီး ညီအစ်မတွေနဲ့ ဆွေးနွေးခဲ့တယ်။ မိတ်သဟာယဖွဲ့တာနဲ့ ဆွေးနွေးတာတွေကတစ်ဆင့် သက်ဆိုင်ရာ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ကျွန်မ နည်းနည်းပိုပြီး နားလည်လာတယ်။ ဒီအတွေ့အကြုံတွေကတစ်ဆင့် ကိုယ့်ရဲ့ သတိထားရှောင်တဲ့စိတ်ကို စွန့်လွှတ်ပြီး သမ္မာတရားကို ရှာဖွေတဲ့ သဘောထား ရှိမှသာ ဘုရားသခင်ဆီက ဉာဏ်ပွင့်စေခြင်းနဲ့ ဦးဆောင်ခြင်းကို ရနိုင်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မယ်ဆိုတာ ကျွန်မ တကယ်ကို နားလည်သွားပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှင်းခေါ့၊ တရုတ်ပြည်ကျွန်မ အသက်ငါးဆယ်အရွယ်တုန်းက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပါတယ်။ ကျွန်မရဲ့တစ်သက်တာမှာ ဘုရားသခင်ရဲ့...
ထရီဇာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁ ခုနှစ် မေလမှာ၊ အသင်းတော် အတော်များများရဲ့ အလုပ်ကို တာဝန်ယူရတဲ့ ခေါင်းဆောင်တာဝန်ကို ယူခဲ့တယ်။ တကယ်ကို အဖိုးအခ...
၂၀၀၄ ခုနှစ်မှာ ကိုယ်တော့်အိမ်တော်ကို ရောက်ရှိဖို့ ဘုရားသခင်က ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စည်းဝေးရင်း၊ တစ်ခါတလေ...
ရှင်ယူရီ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏...