အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်းမှ သင်ယူရရှိသော သင်ခန်းစာများ
၂၀၁၉ခုနှစ် စက်တင်ဘာလမှာ ကျွန်မ ခေါင်းဆောင်တစ်ယောက်အနေနဲ့ စအစေခံခဲ့ပြီး ဒေသခံအသင်းတော်အနည်းငယ်ရဲ့အလုပ်တွေမှာ ကျွန်မရဲ့အလုပ်ဖော် ဝမ်ရန်နဲ့အတူတာဝန်ယူခဲ့တယ်။ ကျွန်မက တာဝန်နဲ့ အတော်လေးစိမ်းနေတော့ အလုပ်ရဲ့တချို့ကဏ္ဍတွေနဲ့ မရင်းနှီးသေးဘူး။ ဆွေးနွေးဖို့အတွက်ဝမ်ရန့်ကိုခဏခဏ ရှာရတယ်။ နောက်ပိုင်းမှာ ဝမ်ရမ်က သူ့တာဝန်မှာ ဝန်တာထမ်းဖို့ ပျက်ကွက်ခဲ့တာကို သိခဲ့ရတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်နေပြီး သဟဇာတဖြစ်အောင် လက်တွဲပြီး မလုပ်နိုင်တဲ့ ခေါင်းဆောင်နှစ်ယောက်ရှိတဲ့ အသင်းတော်မှာ သူနဲ့အတူ မိတ်သဟာယသွားပြုပေးဖို့ ကျွန်မ အကြံပြုတော့ သူက အဲဒီကိစ္စကို အလေးအနက်မထားဘဲ ဆက်တိုက် အချိန်ဆွဲနေခဲ့တယ်။ ကျွန်မတို့ဟာ ပြဿနာတွေကိုဖြေရှင်းတာမှာ တအားကိုနှေးကွေးနေခဲ့တာကြောင့် ရလဒ်အနေနဲ့ အသင်းတော်ရဲ့အလုပ်ဟာ အပျက်သဘောလွှမ်းမိုးခံခဲ့ရတယ်။ အဲဒီအပြင် ဧဝံဂေလိဖြန့်ဝေတုန်းက ညီအစ်ကိုမောင်နှမတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေနဲ့ အခက်အခဲတချို့ကို ကျွန်မတို့ ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲဆိုတာကို ဆွေးနွေးချင်တုန်းကလည်း သူက အချိန်ဆွဲနေခဲ့တယ်။ အဲ့ဒါကြောင့် ဒီပြဿနာတွေကို အချိန်မီမဖြေရှင်းနိုင်ခဲ့ဘူး။ ပြီးတော့ ဧဝံဂေလိအလုပ်ကလည်း အပျက်သဘောဆန်ဆန် ထိခိုက်သွားတယ်။ ဝမ်ရန်ဟာ သူ့ရဲ့တာဝန်မှာ တာဝန်သိစိတ်မရှိတာကို ကျွန်မသတိထားမိခဲ့တယ်။ ပြီးတော့ ဒီအချက်ကိုသူ့ကိုထောက်ပြဖို့စဉ်းစားခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မကဒီခေါင်းဆောင်တာဝန်အတွက်အသစ်ဖြစ်နေခဲ့ပြီး အလုပ်ရဲ့ကဏ္ဍတချို့နဲ့ အကျွမ်းတဝင်မရှိသေးတာ ကြောင့် ကျွန်မသာ သူ့ကိုစိတ်အနှောင့်အယှက်ပေးမိလိုက်ရင် ကျွန်မတို့ရဲ့အလုပ်ဆက်ဆံရေးမှာထိခိုက်မှုရှိပြီး ကျွန်မရဲ့တာဝန်မှာပြဿနာတွေကိုကြုံခဲ့ရရင် သူကျွန်မကိုမကူညီမှာကိုစိုးရိမ်နေခဲ့တယ်။ ဒီအကြောင်းကြောင့် သူ့အပေါ် ကျွန်မရဲ့ အကဲခတ်လေ့လာမှုကို ထောက်မပြဖြစ်ဘဲ အဆုံးသတ်သွားတယ်။ အဲဒါပြီးတော့ သိပ်မကြာလိုက်ဘူး၊ ဝမ်ရန်က ဝန်ထမ်းတွေကို တာဝန်တွေညှိနှိုင်းပေးတော့ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အခြေခံပြီး လူတွေကို ခဏခဏ အကဲဖြတ်နေတာကို ကျွန်မ သတိထားမိတယ်။ သူက “ဒီလူက အလုပ်မဖြစ်ဘူး။” “ဒီတစ်ယောက်ကမကောင်းဘူး”လို့ ပြောခဲ့တယ်။ ပြီးရင် သူတို့ မပျိုးထောင်ပေးဖို့ ဆင်ခြေမျိုးစုံပေးပါလိမ့်မယ်။ ရလဒ်အနေနဲ့ လူတွေကို စီမံခန့်ခွဲဖို့ သင့်တော်တဲ့လူတွေကို တာဝန်မချပေးနိုင်လို့ အသင်းတော်ရဲ့ စီမံကိန်းတွေက ရှေ့ဆက်ဖို့ နှေးကွေးကုန်တယ်။ ကျွန်မတို့ရဲ့ခေါင်းဆောင်ကဒီကိစ္စကိုသိသွားတဲ့အချိန်မှာ သူတို့က ကျွန်မတို့ကိုသင့်တော်တဲ့လူတွေကိုအမြန်ဆုံးရှာခိုင်းခဲ့တယ်။ ဒါပေမဲ့လည်း ဝမ်ရန်က ကျွန်မအဆိုပြုထားတဲ့သင့်တော်သူစာရင်းကိုမြင်လိုက်တာနဲ့ သူတို့တွေကမကောင်းဘူးဆိုပြီးချက်ချင်းပြောခဲ့တယ်။ ကျွန်မကိုယ့်ဘာသာတွေးမိတာက “အသင်းတော်ရဲ့အလုပ်ကိုပါဝင်ဆောင်ရွက်ဖို့အတွက်ညီအစ်ကိုမောင်နှမတွေကိုပိုပြီးလိုအပ်နေခဲ့ပေမဲ့ သူမက လူတွေကို ပျိုးထောင်ပေးဖို့ ပျက်ကွက်နေခဲ့တဲ့အပြင် အမြဲတမ်း ဒီပျိုးထောင်မှုကိုမလုပ်နိုင်အောင်ဟန့်တားနေခဲ့တယ်။ သူက အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေတာပဲ။” ဒီပြဿနာရဲ့ကြီးလေးမှုကိုသူနဲ့ဆွေးနွေးချင်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မသာ တဲ့တိုးပြောလိုက်မယ်ဆိုရင် သူက ကျွန်မကို အာဃာတထားမှာကြောက်လို့ ကျွန်မ သူ့ကို “တို့တွေလူတွေအပေါ်အကဲဖြတ်တာမျိုး မလုပ်သင့်ဘူး”လို့ပဲ သာမန်ကာလျှံကာပြောလိုက်တယ်။ ဒါပေမဲ့လည်း ဝမ်ရန်က ကျွန်မအကြံပေးတာကိုလက်မခံခဲ့ပါဘူး။ နောက်တစ်ကြိမ်မှာ ကျွန်မ ခေါင်းဆောင်အသစ်ရွေးချယ်ပွဲကို ဧည့်ဝတ်ပြုပေးဖို့ အသင်းတော်တစ်ခုကို သူနဲ့အတူသွားခဲ့တဲ့အခါမှာ ညီအစ်ကိုတစ်ယောက်က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းမျဉ်းတချို့နဲ့ပတ်သက်ပြီး မရှင်းလင်းတော့ မေးခွန်းအချို့ကိုမေးခဲ့တယ်။ ဒါပေမဲ့ ဝမ်ရန်က သူ့ကို သမ္မာတရားနဲ့ မိတ်သဟာယမဖွဲ့ဘဲ မေးခွန်းတွေကို ကူညီဖြေရှင်း မပေးခဲ့ဘူး။ ဒီညီအစ်ကိုက သူ့ကို ဒုက္ခပေးနေတာပဲလို့မြင်ပြီး မကျေမချမ်းနဲ့ ညီအစ်ကိုကိုဝေဖန်ခဲ့တယ်။ ဒီအပြုအမူကြောင့် စုဝေးပွဲမှာ အရမ်းကို ကသိကအောက်ဖြစ်တဲ့ အခြေအနေတစ်ခု ဖြစ်သွားပြီး ရွေးကောက်ပွဲကိုပါ ထိခိုက်တာပေါ့။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဝမ်ရန်က ညီအစ်ကိုမောင်နှမတွေကို မေတ္တာနဲ့မဆက်ဆံခဲ့တဲ့အပြင် သူ့ရာထူးအဆင့်အတန်းသုံးပြီး ဘောင်ခတ်ခဲ့တာ၊ ရွေးကောက်ပွဲကိုလည်း အဖျက်အမှောင့်လုပ်ခဲ့တာကို ကျွန်မ မြင်ခဲ့ရတယ်။ သူ့ကိုတစ်ခုခုပြောချင်ခဲ့ပေမဲ့ တစ်ခုခုပြောမယ်လုပ်လိုက်တဲ့အချိန်တိုင်းမှာ အရင်တုန်းက သူ့ရဲ့ချို့ယွင်းမှုတွေကိုပြောပြမိတဲ့အခါ သူက ကျွန်မရဲ့ထင်မြင်ချက်ကိုလက်မခံတဲ့အပြင် အတိုက်အခံလုပ်ပြီး မကျေမချမ်းဖြစ်နေခဲ့ပုံကိုတွေးမိခဲ့တယ်။ ကျွန်မရဲ့အကြံပြုချက်ကိုသူထပ်ပြီးလက်မခံဘူးဆိုရင် ညီအစ်ကိုမောင်နှမတွေအများကြီးရှေ့မှာ ကျွန်မအရှက်ရရလိမ့်မယ်။ “ထားလိုက်ပါတော့” ကျွန်မတွေးမိတာက “ပြဿနာနည်းလေ ပိုကောင်းလေ ကိုယ့်ပြဿနာကိုယ်မရှာသင့်ဘူး”လို့ပေါ့။ ရက်အနည်းငယ်ကြာပြီးတဲ့အခါမှာ ဧဝံဂေလိသင်းထောက်ကပြောပြလာတာက ဝမ်ရန်က စုဝေးပွဲမှာ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်ပြဿနာတွေနဲ့ အခက်အခဲတွေကိုမဖြေရှင်းပေးဘူးဆိုတာရယ် သူတို့တွေရဲ့ အလုပ်စွမ်းဆောင်နိုင်မှုက အားရစရာမကောင်းနေတဲ့အပြင် ဖြေရှင်းဖို့ နည်းလမ်းတွေအတွက် သူ့ကို ရှာဖွေခဲ့တဲ့အခါမှာ သူမက သူတို့တွေကိုဒီအတိုင်းလျစ်လျူရှုထားပြီး သူတို့တွေရဲ့မေတ္တာရပ်ခံချက်ကိုလည်းအလေးမထားခဲ့ဘူး။ ပြီးရင် သူတို့တွေကို ဒေါသထွက်တဲ့အပြင် ဩဝါဒခြွေလိုက်သေးတယ်။ ဒီပြဿနာတွေအကြောင်း သူ့ကိုအကြိမ်ကြိမ်ပြောပြခဲ့ပေမဲ့လည်း သူကသင်းထောက်ရဲ့အကြံပြုချက်တွေကိုလက်မခံခဲ့ဘူး။ ဒါကြောင့် သင်းထောက်က ဝမ်ရန်ရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး တိုင်ကြားစာတစ်စောင် အတူရေးဖို့ အကြံပြုခဲ့တယ်။ ဧဝံဂေလိသင်းထောက်ပြောသမျှအကုန်လုံး မှန်နေပြီး စည်းမျဉ်းအရ သူ့ကို တကယ်ကို တိုင်သင့်တယ်လို့ တွေးမိတယ်။ ဒါပေမဲ့လည်း အဲ့နောက်မှာ ကျွန်မတွေးခဲ့မိတာက “ငါတို့တိုင်ကြားစာကိုရေးလိုက်ပြီး ခေါင်းဆောင်ကသာစုံစမ်းဖို့လာမယ်ဆိုရင် ဝမ်ရန်ကသူအမှားလုပ်တာကိုဝန်မခံခဲ့ဘဲ ငါကဘက်လိုက်တဲ့အမြင်ရှိနေလို့ သူ့ကိုဖယ်ထားဖို့ကြိုးစားနေတယ်လို့ထင်သွားမလား။ ငါတို့ဆက်ဆံရေးကိုသာတင်းမာအောင်လုပ်မိရင် ရှေ့ဆက်ပြီးတော့ငါတို့တာဝန်တွေကိုဘယ်လိုများအတူဆက်လုပ်ကြမှာလဲ။ ဘာမှမပြောတာပိုကောင်းမယ်ထင်တယ်”လို့ပေါ့ စိတ်ပိုင်းဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ အကုန်လုံးကို စုံစမ်းစစ်ဆေးပြီး ရှင်းသွားတော့မှ ဆုံးဖြတ်ချက်ချဖို့ စောင့်ပါမယ်လို့ သင်းထောက်ကို ကျွန်မ ပြောခဲ့တယ်။ အဲ့နောက်မှာ ဝမ်ရန်ဟာ ပိုပိုပြီးတော့ပြဿနာတွေများလာတာကို ကျွန်မစပြီးသတိထားမိခဲ့တယ်။ တစ်ခေါက်မှာတော့ ကျွန်မတို့ရဲ့ဘဏ်စာရင်းကိုကြည့်နေတုန်း သူဟာ အသင်းတော်ရဲ့ပိုက်ဆံတွေကို စည်းမျဉ်းအတိုင်း မသုံးတာကိုသတိထားမိခဲ့တယ်။ သူက ဘယ်သူနဲ့မှလည်း မဆွေးနွေးတဲ့အပြင် ဝယ်ယူမှုတွေက လက်တွေ့ကျရဲ့လားဆိုတာလည်း မစဉ်းစားဘဲ အသင်းတော်အတွက် ပစ္စည်းတွေ ဝယ်ထားတယ်။ သူဝယ်လိုက်တဲ့ ပစ္စည်းတွေက နောက်ဆုံးမှာ အသင်းတော်ရဲ့ ရည်ရွယ်ချက်အတွက် မသင့်တော်ဘဲ သုံးလို့မရခဲ့ဘူး။ ဆိုလိုတာက သူဟာ အသင်းတော်ရဲ့ပိုက်ဆံကို ဖြုန်းပစ်ခဲ့လိုက်တာပဲ။ ဒီအဖြစ်အပျက်ကို ရည်ရည်လည်လည် မြင်ပြီးနောက်မှာတော့ ကျွန်မ တော်တော် အပြစ်ရှိတယ်လို့ ခံစားရပြီး ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီတစ်ခေါက်တော့ အသင်းတော်ရဲ့အကျိုးစီးပွားကို ငါကာကွယ်ရမယ်။ သူ့ပြဿနာတွေကို ထောက်ပြပြီး အချိန်ကြာကြာ ကောင်းကောင်းလေး ဆွေးနွေးရမယ်” လို့ပေါ့။ ဒါပေမဲ့လည်း သူ့ရဲ့ပြဿနာတွေကိုထောက်ပြလိုက်တဲ့အခါမှာ သူက ကျွန်မရဲ့အကြံပြုချက်တွေကို လက်မခံရုံတင်မကဘဲ ကျွန်မနဲ့စကားများရန်ဖြစ်ဖို့ ကြိုးစားတဲ့အပြင် သူ့ကိုယ်သူ ခုခံကာကွယ်တာနဲ့ပဲ အဆုံးသတ်ပြန်ရော။ သူ့လုပ်ရပ်တွေရဲ့ သဘာဝနဲ့အကျိုးဆက်တွေကို သူ့ကိုပြောပြပစ်လိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ အဲ့နောက်မှာ ကျွန်မတွေးခဲ့မိတာက “ငါဖော်ထုတ်လိုက်တာသာ အရမ်းပြင်းထန်သွားရင် သူက အာဃာတ ထားရုံတင်မကဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောလာမှာ။ ဒါက ငါ့ဘဝကိုပိုခက်ခဲအောင်လုပ်သလိုဖြစ်နေမှာပဲ။”လို့ပေါ့။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြဿနာတွေကိုရင်ဆိုင်ရတဲ့အခါ ပိုပြီးရှာဖွေရမှာဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိမှ ဖြစ်မယ်ဆိုတာကို ပါးပါးနပ်နပ်နဲ့ သတိပေးခဲ့တယ်။ အဲဒီနောက်မှာတော့ ဝမ်ရန်က ကျွန်မအပေါ် အမြင်စောင်းလာခဲ့တယ်။ ပြီးတော့ အလုပ်ကိစ္စတွေဆွေးနွေးတဲ့အချိန်တွေဆို ကျွန်မကိုလျစ်လျူရှုထားပြီး ကိုယ့်ဘာသာ ဖြေရှင်းဖို့ ကျွန်မကို ပြောတယ်။ သူဟာ သူ့တာဝန်ကို တာဝန်ယူဖို့အတွက် ဆက်တိုက်ပျက်ကွက်ခဲ့ပြီး မဆင်မခြင် ထင်ရာမြင်ရာပြုမူတဲ့အပြင် ပြုပြင်တာကိုလည်း လက်မခံ သမ္မာတရားကိုလည်းလက်မခံခဲ့ဘူး။ ဒါကြောင့် သူ့တာဝန်ကို ရှေ့ဆက်လုပ်ဖို့ မသင့်တော်ဘူးလို့ ခံစားမိခဲ့တယ်။ ကျွန်မ သူ့အခြေအနေနဲ့ပတ်သက်ပြီး ခေါင်းဆောင်ကိုစာတစ်စောင် ရေးချင်ခဲ့တယ်။ ဒါပေမဲ့လည်း သူသာ ရာထူးကနေ ဖယ်ရှားခံရမယ်ဆိုရင် သူ့နောက်ကွယ်မှာ ကျွန်မက သူ့ကို ဖော်ကောင်လုပ်တယ်လို့ ထင်ပြီး ကျွန်မကိုအာဃာတထားမှာကိုစိုးရိမ်နေခဲ့တယ်။ အဲဒါဆိုရင် နောက်ပိုင်းမှာ ကျွန်မတို့နှစ်ယောက်သား တွေ့ဖြစ်ကြရင် ကျွန်မအတွက် အနေခက်ရလိမ့်မယ်။ ကျွန်မခေါင်းထဲမှာ ခဏလောက် အချိန်ယူပြီး စဉ်းစားနေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ခေါင်းဆောင်ဆီ စာရေးဖို့စိတ်ကူးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သမ္မာတရားကိုနားလည်နေပေမဲ့လည်း ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘောင်ခတ်တာခံရပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သေးတာကို အရမ်းကို အပြစ်ရှိသလို ခံစားခဲ့ရတယ်။ နောက်သုံးလေးရက်နေတော့ ဘာဆိုဘာမှလုပ်ချင်စိတ်မရှိတော့ဘဲ ကိုယ်လုပ်ဖို့ ကြိုးစားသမျှကလည်း ဆက်တိုက် အဟန့်အတားနဲ့ ကြုံခဲ့ရတယ်။ ကျွန်မရဲ့နှလုံးသားကဆိုးဆိုးရွားရွားမှောင်မည်းနေသလိုခံစားခဲ့ရတယ်။ ဘုရားသခင်ကို ကျွန်မရဲ့အခြေအနေအကြောင်းပြောပြရင်း မကြာခဏဆုတောင်းခဲ့ပြီး ကိုယ့်ကိုကိုယ်နားလည်လာအောင်ကျွန်မကိုလမ်းပြပေးဖို့တောင်းဆိုခဲ့တယ်။
တစ်ရက်မှာတော့ ဝတ်ပြုချိန်အတွင်းမှာ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို တွေ့ခဲ့တယ်။ “သင်တို့သည် ပြဿနာတစ်ခုကို တွေ့သော်လည်း ရပ်တန့်ဖို့ မည်သည့်အရာမျှမလုပ်၊ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြု၊ ယင်းကို ကန့်သတ်ရန် မကြိုးစားသည့်အပြင် သင့်အထက်မှ လူများကို မတိုင်ကြားဘဲ လူ့အကြိုက်ဆောင်သူတစ်ဦး၏ အခန်းကို သရုပ်ဆောင်သည့်အခါ၊ ဤသည်မှာ သစ္စာမဲ့ခြင်း၏ လက္ခဏာဖြစ်သလော။ လူ့အကြိုက်ဆောင်သူများသည် ဘုရားသခင်ကို သစ္စာရှိသလော။ အနည်းငယ်မျှပင် သစ္စာမရှိပေ။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို သစ္စာမရှိရုံသာမက၊ စာတန်၏ ကြံရာပါ၊ ၎င်း၏ အခြွေအရံနှင့် နောက်လိုက်အဖြစ် ပြုမူဆောင်ရွက်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့် ဝတ္တရားတို့တွင် သစ္စာမဲ့ကြသော်လည်း စာတန်အပေါ်မူ အတော်အတန် သစ္စာရှိကြသည်။ ဤနေရာ၌ ပြဿနာ၏ အနှစ်သာရ တည်ရှိပေသည်။ အတတ်ပညာဆိုင်ရာ မပြည့်စုံခြင်းနှင့် စပ်လျဉ်း၍၊ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် စဉ်ဆက်မပြတ် သင်ယူဖို့နှင့် သင်၏ အတွေ့အကြုံကို အတူတကွ ရယူဖို့မှာ ဖြစ်နိုင်၏။ ထိုသို့သော ပြဿနာများကို အလွယ်တကူ ဖြေရှင်း၍ ရသည်။ ဖြေရှင်းဖို့ အခက်ခဲဆုံးသော အရာမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ ဖြစ်သည်။ သမ္မာတရားကို သင်မလိုက်စားဘဲ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းဘဲ အစဉ်သဖြင့် လူ့အကြိုက်ဆောင်သူအဖြစ် ပြုမူနေပြီး စည်းမျဉ်းများကို ချိုးဖောက်သည်ဟု သင်မြင်ခဲ့သောသူများကို ပြုပြင်ခြင်း သို့မဟုတ် ကူညီခြင်း မရှိလျှင်၊ ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ဖွင့်ပြခြင်းမရှိဘဲ တာဝန်မခံယူဘဲ အစဉ် နောက်ဆုတ်နေလျှင် ဤသို့သော သင်၏ တာဝန်ထမ်းဆောင်မှုသည် အသင်းတော်၏ အလုပ်ကို ထိခိုက်ပြီး နှောင့်နှေးခြင်းသာ ဖြစ်စေလိမ့်မည်။ တစ်စက်မျှ တာဝန်မယူ မိမိ၏တာဝန် ထမ်းဆောင်ခြင်းကို အသေးအဖွဲလေးအဖြစ် သဘောထားခြင်းသည် အလုပ်၏ထိရောက်မှုကို ထိခိုက်စေရုံသာမက အသင်းတော်၏အလုပ်တွင် အကြိမ်ကြိမ် နှောင့်နှေးခြင်းလည်း ဖြစ်ပေါ်စေသည်။ သင်သည် ဤနည်းဖြင့် မိမိတာဝန်ကို ထမ်းဆောင်သောအခါ သင်သည် ဝတ်ကျေတမ်းကျေသာ လုပ်နေခြင်းဖြစ်ပြီး ဘုရားသခင်အား လှည့်စားနေသည် မဟုတ်လော။ ယင်းက ဘုရားသခင်အား သစ္စာရှိခြင်းတစ်ခုတလေကို ပြသသလော။ မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်နေပြီး စွဲစွဲမြဲမြဲကို နောင်တမရဘဲ နေပါက သင်သည် မလွဲမသွေ ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်တွေက လူ့အကြိုက်လိုက်သူတွေဟာ တခြားသူတွေကို စိတ်အနှောင့်အယှက်ပေးမိမှာကြောက်တာရယ် သူတို့ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ အမြဲစိုးရိမ်နေလို့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို အလေးထားဖို့ ပျက်ကွက်တဲ့အပြင် သူတို့ကိုယ်တိုင်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို စတေးဖို့ မတွန့်ဆုတ်ကြပုံကို ကျွန်မ နားလည်အောင် ကူညီပေးခဲ့တယ်။ အနှစ်သာရအားဖြင့်တော့ သူတို့တွေက ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေတဲ့ စာတန်ရဲ့ လက်ပါးစေတွေအဖြစ် ပြုမူနေကြတာပါပဲ။ သူတို့တွေက ကိုယ့်တာဝန်အပေါ် သစ္စာစောင့်သိမှု တစ်စက်မှမရှိတဲ့အပြင် တော်တော့်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းကြတယ်။ ဝမ်ရန်နဲ့အတူလက်တွဲခဲ့တဲ့အချိန်တွေကို ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါ သူက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ထုတ်ဖော်ခံခဲ့ရပြီး သူ့ကို သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ဖော်ထုတ်ပြီး တိုင်ကြားသင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ခဲ့ပေမဲ့ သူက ကျွန်မကို အာဃာတထားပြီး အဲဒါက ရှေ့လျှောက် သူနဲ့ ဆက်ဆံတဲ့အခါမှာ ခက်ခဲသွားမှာကို ကျွန်မ စိုးရိမ်ခဲ့မိတယ်။ ရလဒ်အနေနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် လူ့အကြိုက်လိုက်သူတစ်ယောက်လို ကျွန်မ ပြုမူခဲ့ပြီး အသင်းတော်မှာ သူက အနှောင့်အယှက်တွေနဲ့ အဖျက်အမှောင့်လုပ်တာတွေ ဖြစ်စေတဲ့အပြင် အသင်းတော်အလုပ်တွေအပေါ် ထိခိုက်မှုတွေ ဖြစ်အောင် လုပ်နေတာတွေကို ကျွန်မ လျစ်လျူရှုထားခဲ့တယ်။ ကျွန်မကတော့ ဘုရားသခင်ရဲ့ ပစ်ပယ်တာခံရပြီး အမှောင်ထဲကို ရောက်တဲ့အပြင် အရမ်းကို ဒုက္ခဆင်းရဲရောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အပြုအမူကို ကောင်းကောင်း သရုပ်ဖော်ပြသွားတယ်။ “စာတန်၏ ကြံရာပါ၊ ၎င်း၏ အခြွေအရံနှင့် နောက်လိုက်အဖြစ် ပြုမူဆောင်ရွက်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့် ဝတ္တရားတို့တွင် သစ္စာမဲ့ကြသော်လည်း စာတန်အပေါ်မူ အတော်အတန် သစ္စာရှိကြသည်။” ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်တစ်ဦးအနေနဲ့တာဝန်ကိုထမ်းဆောင်ဖို့အခွင့်အရေးကို ကျေးဇူးပြုခဲ့ပါတယ်။ ဒီလိုချီးမြှင့်ခဲ့တာကလည်း ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကိုအလေးထားပြီး အသင်းတော်အလုပ်ကိုကာကွယ်ဖို့အတွက်မျှော်မှန်းချက်နဲ့ပေါ့။ ဒါပေမဲ့လည်း တကယ်အရေးပါလှတဲ့အခိုက်အတန့်မှာ ကျွန်မဟာ ဒီမျှော်မှန်းချက်စံနှုန်းအတိုင်း မနေနိုင်ခဲ့ပါဘူး။ တကယ်ပါပဲ။ ကျွန်မက အသင်းတော်ကိုမှီခိုနေထိုင်ရင်း ရန်သူကိုတောင်ကူညီပေးခဲ့မိပါတယ်။ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကိုကာကွယ်ပေးပြီး စာတန်ရဲ့ကြံရာပါတစ်ယောက်လိုပြုမူမိခဲ့တာ။ ဘုရားသခင်က ကျွန်မရဲ့လုပ်ရပ်တွေကို စက်ဆုပ်ပြီး ရွံမုန်းနေလိုက်မဲ့ဖြစ်ခြင်း။ ကျွန်မကိုယ့်ကိုကိုယ်တွေးမိခဲ့တာကတော့ “အသင်းတော်ရဲ့အလုပ်ကိုနှောင့်ယှက်ပြီးအဖျက်အမှောင့်လုပ်နေတဲ့ အယောင်ဆောင်ခေါင်းဆောင်ကိုတိုင်ကြားသင့်တာကို ငါသိခဲ့တယ်။ အဲဒီလိုမလုပ်မိတဲ့အတွက် အပြစ်ရှိသလိုခံစားခဲ့ရတယ်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးချင်တာတောင် ဘာလို့မလုပ်နိုင်ခဲ့တာလဲ။ ဘာကထိန်းချုပ်ထားတာကိုများ ခံနေခဲ့ရလို့လဲ။”လို့ပေါ့။
နောက်ပိုင်းမှာတော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒီစာပိုဒ်ကိုတွေ့ခဲ့တယ်။ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။...လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဆိုးယုတ်သောအတွေးအခေါ် နှင့်အဆိပ်များ အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းတို့ကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းတို့အပေါ် အခြေခံလေသည်။ ထို့အပြင် ဤအရာများမှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်များသည် လူတို့၏ သဘာဝ ဖြစ်လာကြောင်း၊ လူတို့သည် ထိုအရာများအတိုင်း လုံးဝ အသက်ရှင်နေထိုင်ပြီး ဤအသက်ရှင်နေထိုင်နည်းက ကောင်းသည်ဟု ထင်မြင်ကြကြောင်း၊ နောင်တရသည့်စိတ် လုံးဝ မရှိကြကြောင်းတို့ကို ပြရန် လုံလောက်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များအားဖြင့် မပြတ် အသက်ရှင်နေကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်ပြီး ယင်းသည် လူသားမျိုးနွယ်၏ သဘာဝ အနှစ်သာရဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မသင်ယူခဲ့ရတာကတော့ လူ့အကြိုက်လိုက်တတ်တဲ့ကျွန်မရဲ့အပြုအမူတွေရဲ့အကြောင်းရင်းက ကျွန်မဟာစာတန်ရဲ့အဆိပ်တွေအတိုင်း အသက်ရှင်နေထိုင်ခဲ့လို့ပါပဲ။ အဲ့ဒီအဆိပ်တွေကတော့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” “သူတစ်ပါးတို့ကို ထိုးနှက်မည်ဆိုလျှင် အရှိုက်ကို မထိုးနှက်ပါနှင့်။ သူတစ်ပါးတို့အကြောင်းကို ထုတ်ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ပါနှင့်” စတာမျိုးတွေပေါ့။ ဒီအဆိပ်တွေက ကျွန်မရဲ့နှလုံးသားထဲမှာအမြစ်တွယ်နေခဲ့ပြီ။ ပြီးတော့ အဲ့ဒီအဆိပ်တွေအတိုင်း ကျွန်မဘဝကိုနေထိုင်ခဲ့ပြီး ကျွန်မရဲ့ဆက်ဆံရေးတွေကိုထိန်းသိမ်းဖို့အမြဲကြိုးစားနေခဲ့တာပါ။ ကျွန်မဟာ မျက်နှာမပျက်ရအောင် လုပ်ဖို့အတွက် ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်၊ လိမ်ညာလှည့်ဖြားတတ်ပြီး လူသားတစ်ယောက်ရဲ့ပုံပန်းသဏ္ဌာန်က ကင်းမဲ့လာခဲ့ပါတယ်။ ဒီအဆိပ်တွေက ကျွန်မရဲ့တကယ့်သဘာဝဖြစ်လာခဲ့ပြီး ကျွန်မရဲ့လုပ်ရပ်တွေအကုန်လုံးဟာ အဲ့ဒီအဆိပ်တွေထိန်းချုပ်ခဲ့တာကိုခံလိုက်ရပါတယ်။ ကျွန်မဟာသမ္မာတရားကို ရှင်းရှင်းလင်းလင်းသိခဲ့ပေမဲ့ လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဘုရားသခင်ကိုစတင်ပြီးမယုံကြည်ခင်တုန်းက ဘယ်သူနဲ့ပဲအပြန်အလှန်ဆက်ဆံနေရပါစေ အဲဒီလူနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ပြီး သူက ကိုယ့်ကို အကောင်းမြင်အောင် လုပ်နိုင်သရွေ့ ကိုယ့်စကားတွေနဲ့ လုပ်ရပ်တွေမှာ အနစ်နာခံဖို့ကိုသာ အမြဲ လိုလားနေခဲ့တယ်။ ဘုရားသခင်ကိုယုံကြည်ပြီးတဲ့အချိန်မှာလည်း ဒီစာတန်အဆိပ်တွေအတိုင်း ဆက်အသက်ရှင်ခဲ့တာ။ ဝမ်ရန်နဲ့ကျွန်မကြားကဆက်ဆံရေးကိုထိန်းသိမ်းဖို့အတွက် သူ့ပြဿနာတွေကို ကျွန်မ သတိထားမိတုန်းက သူ့ကို အဲဒါတွေအကြောင်း ထုတ်မပြောခဲ့တဲ့အပြင် သူဟာ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်အဖြစ် ထုတ်ဖော်ခံရပြီး အသင်းတော် အလုပ်တွေ ထိခိုက်ခဲ့တာကို ရှင်းရှင်းလင်းလင်း မြင်ပြီးတဲ့နောက်မှာတောင် သူ့ကို ကျွန်မ ဖော်ထုတ်တာ၊ တိုင်ကြားတာ မလုပ်ခဲ့ဘူး။ ကျွန်မဟာ လှည့်ဖြားတတ်ပြီး မျက်နှာလိုမျက်နှာရ လုပ်တဲ့အပြင် ကပ်ဖားတစ်ယောက်ဖြစ်နေမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မနဲ့တခြားသူတွေရဲ့ဆက်ဆံရေးကိုထိန်းသိမ်းဖို့ကြိုးစားအားထုတ်မှုအပေါ် အာရုံစိုက်နေခဲ့တာကြောင့် ဘုရားအိမ်တော်ရဲ့ အလုပ်တွေ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုတို့အတွက် တစ်စက်မှ အလေးမထားခဲ့ဘူး။ ကျွန်မရဲ့တာဝန်တွေကိုလုံးဝမလုပ်နေခဲ့ဘဲ မကောင်းမှုတွေကိုပဲလုပ်နေခဲ့ပါတယ် ကိုယ့်အပေါင်းအသင်းတွေကို စိတ်အနှောင့်အယှက်ပေးဖို့ထက် ဘုရားကို ပုန်ကန်ပြစ်မှားဖို့ ပိုလိုလားခဲ့မိတယ်။ ကိုယ့်ကိုယ်ကျိုးကို ကာကွယ်ဖို့ ကြိုးစားရင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်၊ စည်းမျဉ်းတွေအတိုင်း မပြုမူခဲ့ဘူး။ ဒါ့အပြင် စာတန်ရဲ့လက်ပါးစေအနေနဲ့ အစေခံပြီး အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်က အသင်းတော်အလုပ်တွေကို စိတ်ကြိုက် ထိခိုက်အောင် လုပ်နေတာကို ခွင့်ပြုပေးလိုက်မိပါတယ်။ မုန်းတီးစက်ဆုပ်စရာ ကောင်းလိုက်တာ။ အဲ့ဒီအချိန်မှာပဲ ကျွန်မသဘောပေါက်ခဲ့တာက လူ့အကြိုက်လိုက်သူတွေက စိတ်ထားမကောင်းတဲ့သူတွေဖြစ်ပြီး ဘုရားသခင်ကသူတို့ကိုစက်ဆုပ်ရွံရှာတယ်ဆိုတာပါပဲ။ ဘုရားသခင်က ကျွန်မကို ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းတာကို သေချာပေါက် ခံရမှာပါပဲ။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ထဲကနေနောက်ထပ်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “လူ့အကြိုက်လိုက်သူတစ်ဦး၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရားများကို လိုက်နာခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ချေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ကာ ကယ်တင်ခြင်းအတွက် တောင်းလျှောက်ရမည်။ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပို၍ပေးရန်လည်းကောင်း၊ သင့်အား စည်းမျဉ်းများကို လိုက်နာစေနိုင်ရန်လည်းကောင်း၊ သင်လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်စေရန်လည်းကောင်း၊ သင်ရပ်တည်သင့်သည့်နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အမှုတော်ဆီသို့လာသည့် မည်သည့် အန္တရာယ်ကိုမဆို တားဆီးနိုင်စေရန်လည်းကောင်း တောင်းလျှောက်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ မာန်မာန နှင့် လူ့အကြိုက်လိုက်သူတစ်ဦး နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ အလိုတော် အထမြောက်အောင် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏ရည်ရွယ်ချက်များကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော်တွေကနေကျွန်မနားလည်လိုက်တာကတော့ အယောင်ဆောင်ခေါင်းဆောင်တွေကိုဖော်ထုတ်ပြီးတိုင်ကြားတာက ဘုရားသခင်ရွေးချယ်ခြင်းခံရတဲ့လူတစ်ယောက်ချင်းစီတိုင်းရဲ့တာဝန်နဲ့ဝတ္ထရားဖြစ်တယ်။ ပြီးတော့ အဲ့ဒါကအပြုသဘောဆောင်တဲ့အရာတစ်ခုလည်းဖြစ်တယ်။ ဒီလိုမျိုးလုပ်လိုက်တာက အသင်းတော်ရဲ့အလုပ်တွေကိုတားဆီးပိတ်ပင်နေတဲ့အရာကနေကာကွယ်ပေးတာဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေကို ကောင်းမွန်တဲ့အသင်းတော်အသက်တာကို ရခွင့်ပေးခဲ့တယ်။ ပြီးတော့ အယောင်ဆောင်ခေါင်းဆောင်တွေ သူတို့ရဲ့ လုပ်ရပ်တွေကို အမှန်တကယ် နားလည်အောင်၊ ဘုရားဆီမှာ အချိန်မီ ဆုတောင်းအောင် ကူညီပေးခဲ့တယ်။ ကျွန်မအနေနဲ့ကတော့ အယောင်ဆောင်ခေါင်းဆောင်ကို တိုင်ကြားတာက အဲ့ဒီလူကိုစိတ်အနှောင့်အယှက်ပေးမိမယ်လို့လွဲမှားစွာယုံကြည်ခဲ့တယ်။ ဒါကြောင့်ပဲ ဝမ်ရန်ဟာ တကယ်အလုပ်မလုပ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့တာတောင် သူ့ကိုတိုင်ကြားပြီး ဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဒီလိုမျိုးပျက်ကွက်တာက အသင်းတော်ရဲ့စီမံကိန်းတွေကို အဟန့်အတားဖြစ်စေခဲ့တယ်။ ဒါကတကယ်ပြင်းထန်လှတဲ့ပေါ့ဆမှုပဲ။ ကျွန်မ တခြားလူတွေနဲ့ဆက်ဆံရေးကို ထိန်းသိမ်းရာမှာ စာတန်ဆန်တဲ့ အတွေးအခေါ်နဲ့ နေထိုင်နေတာကို ရပ်တန့်ဖို့လိုခဲ့တယ်။ ကျွန်မ ဘုရားသခင်နဲ့အတူ ရပ်တည်ခဲ့တဲ့အပြင် အရေးကိစ္စတွေကို စည်းမျဉ်းအတိုင်းကိုင်တွယ်ခဲ့ပြီး အသင်းတော်ရဲ့အလုပ်တွေကို ကာကွယ်တဲ့အပြင် တရားမျှတစိတ်နဲ့ ပြုမူဆောင်ရွက်ဖို့ လိုခဲ့တယ်။ ဒီလိုလုပ်မှပဲ ကျွန်မဟာ ဘုရားသခင်ရဲ့ရည်မှန်းချက်နဲ့ကိုက်ညီပါလိမ့်မယ်။ အဲ့နောက်မှာ ကျွန်မဘုရားသခင်ကိုဆုတောင်းရင်းပြောမိတာက “အို ဘုရားသခင် ကိုယ်တော်က ကျွန်မကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ပေးခဲ့ပေမဲ့ ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ မပြတ် အသက်ရှင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ကိုယ်တော့်ကို စိတ်ကျေနပ်အောင် လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီတစ်ခါတော့ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် လူ့အကြိုက်လိုက်သူတွေရဲ့ အတွေးအခေါ်နဲ့ အသက်ရှင်ချင်စိတ် မရှိတော့ပါဘူး။ ပြီးတော့ ဝမ်ရန်ကိုဖော်ထုတ်ဖို့အတွက်စာတစ်စောင်ရေးပါမယ်။” ကျွန်မရဲ့တိုင်ကြားစာရေးဖို့အတွက်ပြင်ဆင်လိုက်တဲ့အချိန်မှာပဲ ကျွန်မရဲ့ခေါင်းဆောင်က စုဝေးပွဲတစ်ခုအတွက် ကျွန်မကိုဖိတ်ကြားခဲ့တယ်။ ပြီးတော့ ဝမ်ရန်မှာရှိနေတဲ့ပြဿနာတွေအကုန်လုံးကို ကျွန်မ သူတို့ကိုအသိပေးခဲ့တယ်။ ဒီတစ်ချိန်လုံးမှာ ကျွန်မက လူ့အကြိုက်လိုက်သူ ဖြစ်နေခဲ့ပုံ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပြီး အသင်းတော်အကျိုးစီးပွားကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေခဲ့ပုံတို့ကိုလည်း ဖွင့်ပြောပြခဲ့တယ်။
ဒီကိစ္စကို စုံစမ်းပြီး စစ်ဆေးကြည့်ပြီးသွားတဲ့အချိန်မှာတော့ ဝမ်ရန်က တကယ့်အလုပ်လုပ်ဖို့ ပျက်ကွက်ခဲ့ပြီး ရာထူးကနေ ထုတ်ခံရသင့်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်မှန်း တွေ့ခဲ့ရတယ်။ ဝမ်ရန် ရာထူးကနေထုတ်ပယ်ခံရတဲ့နေ့မှာ ခေါင်းဆောင်က ဝမ်ရန်ရဲ့ အပြုအမူနဲ့ပတ်သက်တဲ့ သူ့ဖော်ထုတ်မှု ပြီးသွားတော့ ကျွန်မကို ထင်မြင်ချက်ပေးခိုင်းတယ်။ ကျွန်မ နည်းနည်း စိုးရိမ်မိတယ်။ “ကျွန်မသာ သူ့ကိုထုတ်ဖော်လိုက်မယ်ဆိုရင် သူက ကျွန်မကိုအာဃာတထားမှာသေချာသလောက်ပါပဲ။ ပြီးတော့ ကျွန်မကသူ့ပြဿနာတွေကိုတိုင်ကြားခဲ့လို့ သူအထုတ်ခံရတယ်လို့ထင်နေမှာပဲ။ ဒါတွေက သူနဲ့ရှေ့ဆက်ပြီးဆက်ဆံဖို့ခက်ခဲအောင်လုပ်မှာမဟုတ်ဘူးလား။” ကျွန်မဟာနောက်တစ်ကြိမ် ကျွန်မရဲ့ကိုယ်ပိုင်ဆက်ဆံရေးတစ်ခုကိုထိန်းသိမ်းဖို့ကြိုးပမ်းနေပြီး လူ့အကြိုက်လိုက်တဲ့လူတစ်ယောက်လိုထပ်ပြီးပြုမူနေပြန်ပြီဆိုတာကိုနားလည်ခဲ့တာကြောင့် ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ပိုဒ်ကိုပြန်ပြီး သတိရခဲ့တယ် “ဘုရားသခင်သည် လူတို့အပေါ် အလွန်များသော သမ္မာတရားကို ပေးသနားပြီးဖြစ်သည်၊ သင့်အနေဖြင့် သက်သေခံကာ အသင်းတော်၏ အလုပ်ကို ကာကွယ်ပေးခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် ထိုမျှအချိန်ကြာမြင့်စွာ သင့်ကို ကင်းမဲ့သောသူအချို့သည် သင့်အတွက် အလွန်များစွာ ထောက်ပံ့ပေးပြီးဖြစ်သည်။ ဖြစ်ချင်တော့ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့က ဒုစရိုက်အမှုများကို လုပ်ဆောင်ကာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သည့်အခါတွင် သင်သည် ကြောက်တတ်လာကာ ဆုတ်ခွာလျက် သင်၏ ခေါင်းပေါ် လက်မြှောက်၍ ထွက်ပြေးသွားလေသည်။ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် စာတန်ကို အောင်မြင်နိုင်ခြင်းမရှိ၊ သင်သည် သက်သေခံခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်က သင့်ကို အလွန်မုန်းတီးသည်။ ဤအလွန်အရေးပါသော အခိုက်အတန့်တွင် သင်သည် ထရပ်ကာ စာတန်နှင့် စစ်ဆင်နွှဲရမည်၊ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရမည်၊ ၎င်းတို့ကို ပုန်းကွယ်ရမည့်နေရာ မပေးဘဲ အသင်းတော်မှ ဖယ်ရှားလျက် ပြစ်တင်ရှုတ်ချကာ ကျိန်ဆဲရမည်ဖြစ်သည်။ ဤအရာကိုသာ စာတန်အပေါ် အောင်နိုင်မှု ရရှိခြင်းနှင့် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်ခြင်းအဖြစ် သတ်မှတ်၍ရနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် စွမ်းအားကိုပေးခဲ့တယ်။ အရင်က ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တဲ့အပြင် လူတွေရဲ့ မျက်နှာအမူအရာတွေနဲ့ အထာတွေကို နားလည်အောင်ကြိုးစားပြီး အဲဒီအတိုင်း ပြုမူဆောင်ရွက်ခဲ့လို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ အများကြီးဆုံးရှုံးခဲ့ရပုံကို တွေးမိတယ်။ ဒီတစ်ခေါက်မှာတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ဝမ်ရန်နဲ့ပြဿနာတွေအကုန်လုံးကိုဖော်ထုတ်ပြီး သူ့ကိုယ်သူ ပြန်ပြီးသုံးသပ်နိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်သိမြင်လာအောင် ကူညီပေးဖို့အတွက် ဘုရားသခင်ကိုပဲ အားကိုးခဲ့ရတယ်။ ဒါကိုနားလည်လိုက်တဲ့အခါ ကျွန်မဟာ ဝမ်ရန်ရဲ့ ပြဿနာတွေအကုန်လုံးကို တစ်ခုချင်း ဆက်ထောက်ပြခဲ့ပြီး အဲ့ဒီလိုထောက်ပြနေတဲ့ အချိန်အတွင်းမှာ ကျွန်မလည်းတော်တော့်ကို စိတ်အေးလက်အေး ဖြစ်တာကို ခံစားလိုက်ရတယ်။
ဒီအတွေ့အကြုံကနေကျွန်မနားလည်ခဲ့တာက လူ့အကြိုက်လိုက်တဲ့လူတစ်ယောက်ဖြစ်တာက ကျွန်မကိုယ်တိုင်ရော တခြားလူတွေပါ ထိခိုက်ရတဲ့အပြင် ဘုရားသခင်ကလည်း အထူးသဖြင့် အဲ့လိုလူတွေကိုပစ်ပယ်ထားတယ်ဆိုတာပါပဲ။ ဘုရားသခင်က လူ့အကြိုက်လိုက်သူတွေကို စုံလင်အောင်မပြုလုပ်ပေးပါဘူး။ ဘုရားသခင်က ကိုယ်ကြိုက်နှစ်သက်တာနဲ့မကြိုက်နှစ်သက်တဲ့အရာတွေမှာ ပြတ်သားတဲ့ခံယူချက်ရှိပြီး တရားမျှတစိတ်ရှိတဲ့ ရိုးသားတဲ့လူတွေနဲ့ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့လူတွေကို နှစ်သက်ပါတယ်။ ဒီလိုလူတွေကပဲ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ သူတို့တွေရဲ့တာဝန်တွေကို ထမ်း ဆောင်ကြပြီး ကယ်တင်ခြင်းကို ရယူနိုင်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။