လင်းဝေ၊ တရုတ်နိုင်ငံ
၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တရားဟောဆရာမအနေနဲ့ ကျွန်မ ရွေးချယ်ခံခဲ့ရတယ်။ အစပိုင်းမှာ ကျွန်မအလုပ်နဲ့ သိပ်မရင်းနှီးသေးလို့ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ နှိမ့်ချပြီး သင်ယူခဲ့တယ်။ အချိန်တစ်ခုကြာတော့ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်တွေက အလုပ်တချို့မှာ ရလဒ်တချို့ ထွက်လာတယ်။ ဒါပေမဲ့ အလုပ်တချို့ကတော့ သိပ်တိုးတက်မှု မရှိခဲ့ဘူး။ စုဝေးပွဲတစ်ခုမှာ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်မကို မေးတယ်၊ “ဒီကာလအတွင်းမှာ ညီမ ဘာအလုပ်တွေ လုပ်ခဲ့လဲ။ အသင်းတော်ထဲက အလုပ်အသီးသီးက တိုးတက်မှု ဘယ်လိုရှိလဲ” တဲ့။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အလုပ်ကို ငါလွှဲယူကတည်းက၊ ရေလောင်းသူတွေကို ပျိုးထောင်တဲ့နေရာမှာ ဘာတိုးတက်မှုမှ မရှိဘူး။ ခေါင်းဆောင်က ငါ့ကို အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ ပြောပြီး အထင်သေးသွားမှာစိုးလို့ ဒါကိုတော့ လောလောဆယ် မပြောသေးဘဲ နေလိုက်မယ်။ ဒါပေမဲ့ ဧဝံဂေလိအလုပ်နဲ့ အသင်းတော်ကို သန့်စင်တဲ့အလုပ်မှာတော့ ရလဒ်တချို့ ရှိထားတယ်။ ဒါတွေကို ငါပြောပြလိုက်ရင် ခေါင်းဆောင်က သေချာပေါက် ငါ့အပေါ် အထင်ကြီးသွားမယ်၊ ပြီးတော့ ငါက တာဝန်ကို နိုင်နိုင်နင်းနင်း ရှိတယ်လို့ ထင်သွားမှာပဲ” လို့ပေါ့။ ဒါကြောင့် ရလဒ်ထွက်ထားတဲ့ အလုပ်တွေကိုပဲ ကျွန်မ ပြောပြလိုက်တယ်။ ရေလောင်းသူတွေကို ပျိုးထောင်တဲ့ကိစ္စ ဘယ်လိုတိုးတက်နေလဲလို့ ခေါင်းဆောင်က ဆက်မေးမယ်ဆိုတာကို ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်၊ “ပျိုးထောင်ဖို့ သင့်တော်တဲ့ လူတစ်ယောက်မှ ငါရှာမတွေ့သေးတာကို ခေါင်းဆောင် သိသွားရင်၊ ငါက အလုပ်မနိုင်နင်းဘူးလို့ ခေါင်းဆောင် ပြောမလား” ပေါ့။ ဒါနဲ့ ကျွန်မက “အခုပဲ လူရှာနေပါတယ်” လို့ ပြောလိုက်တယ်။ ဒါကို ကြားတော့ ခေါင်းဆောင်က အသေးစိတ် ဆက်မမေးတော့ဘူး။ သူက မြန်မြန်ဆန်ဆန် လူတွေကို ပျိုးထောင်ပေးဖို့ပဲ ကျွန်မကို တိုက်တွန်းတယ်။ အဲဒီတော့မှ နောက်ဆုံးတော့ လွတ်သွားပြီလို့ တွေးပြီး ကျွန်မ စိတ်ထဲ တိတ်တိတ်လေး ဝမ်းသာသွားတယ်။ မထင်မှတ်ဘဲ ခေါင်းဆောင်က ထပ်မေးပြန်တယ်၊ “စုဝေးတဲ့အိမ်တွေမှာ လုံခြုံရေး အန္တရာယ်တွေ ရှိလား” တဲ့။ အဲဒါကို ကြားကြားချင်းပဲ ကျွန်မ လန့်သွားတယ်။ အိမ်တချို့မှာ လုံခြုံရေး အန္တရာယ်တွေ တကယ်ရှိနေတာ၊ ဒါပေမဲ့ သင့်တော်တဲ့အိမ်တွေ ရှာမတွေ့နိုင်လို့ ရှိတာနဲ့ပဲ ကျွန်မတို့ ဆက်ပြီး ဖြစ်သလို လုပ်နေခဲ့တာလေ။ အမှန်တိုင်းသာ ပြောလိုက်ရင် ခေါင်းဆောင်က ငါ့ကို ဘယ်လိုများ ထင်မလဲ။ ငါက စည်းမျဉ်းတွေကို တမင်တကာ ချိုးဖောက်ပြီး လုံခြုံရေးကို ထည့်မတွက်ဘူးလို့ သူပြောမလား။ ငါ့ကိုများ ပြုပြင်မလားပေါ့။ အဲဒီအချိန်က စိတ်ထဲမှာ နည်းနည်း အတိုက်အခံဖြစ်သလို ခံစားရတယ်၊ “သူက ဘာလို့ ဒီလောက် အသေးစိတ် မေးနေရတာလဲ” ပေါ့။ ဒါနဲ့ ကျွန်မ လိမ်ပြီး ပြောလိုက်တယ်၊ “အဲဒီလို အခြေအနေတော့ ရှိပါတယ်၊ ဒါပေမဲ့ တစ်ခါပဲ သုံးရသေးတာပါ။ ပြန်ရောက်ရင် အဲဒါကို ပြောင်းပေးပါ့မယ်” လို့ပေါ့။ ခေါင်းဆောင်က ကျွန်မရဲ့စိတ်ကို ဖောက်ထွင်းမြင်နေသလိုပဲ။ သူက ကျွန်မကို ပြုပြင်ပြီး ပြောတယ်၊ “စုဝေးတဲ့အိမ်က မလုံခြုံဘူးဆိုတာ ညီမ ကောင်းကောင်း သိရက်နဲ့ ဆက်သုံးနေတုန်းပဲလား။ တစ်ခုခုသာ ဖြစ်သွားရင် အကျိုးဆက်တွေက တွေးလို့တောင် ရမှာမဟုတ်ဘူး။ အဲဒါတွေကို ညီမ တာဝန်ယူနိုင်မှာလား။ ပြီးတော့ ပျိုးထောင်ဖို့ သင့်တော်တဲ့ ရေလောင်းသူတွေကိုလည်း အခုထိ ရှာမတွေ့သေးဘူး။ အဲဒါက အလုပ်ကို ကြန့်ကြာစေတာ မဟုတ်ဘူးလား” တဲ့။ ခေါင်းဆောင် ဒီလိုပြောတာကို ကြားတော့ ကျွန်မ ပိုပြီးတော့တောင် ထိတ်လန့်သွားတယ်၊ “ပထမဆုံးအကြိမ်နဲ့တင် ခေါင်းဆောင်က ငါ့ဆီက ပြဿနာတွေ အများကြီး တွေ့သွားပြီ။ ငါ ဘယ်လို မျက်နှာပြရမလဲ။ ငါက ဒီတာဝန်အတွက် အရည်အချင်းမမီဘူးလို့ ခေါင်းဆောင် ပြောမလား” ပေါ့။ တစ်ချိန်တည်းမှာပဲ ကိုယ့်ဘာသာ တိတ်တိတ်လေး ဆင်ခြေပေးလိုက်သေးတယ်၊ “ငါက အလုပ်ကို တာဝန်ယူရတာ သိပ်မကြာသေးဘူး၊ ဒါကြောင့် အလုပ်တချို့ကို ကောင်းကောင်း မလုပ်နိုင်ခဲ့တာ နားလည်ပေးလို့ ရတာပဲ။ ငါ့ရဲ့ တခြားအလုပ်တွေမှာ ရလဒ်နည်းနည်း ထွက်ထားတာပဲ မဟုတ်ဘူးလား။ ဖြည်းဖြည်းချင်း လုပ်သွားလို့ရအောင် ငါ့ကို အချိန်နည်းနည်းတော့ ပေးသင့်တာပေါ့” လို့လေ။ ကျွန်မက အခုမှ စပြီး လေ့ကျင့်နေတုန်းဖြစ်ပြီး စည်းမျဉ်းတချို့ကို နားမလည်သေးဘူးလို့ ပြောပြီး ကိုယ့်ကိုယ်ကိုယ် ရှင်းချက်ထုတ်လိုက်တယ်။ ခေါင်းဆောင်က နားထောင်ပြီးတော့ စည်းမျဉ်းတချို့နဲ့ ပတ်သက်ပြီး ကျွန်မနဲ့ မိတ်သဟာယပြုပေးတယ်။ ဒီလိုနဲ့ အဲဒီကိစ္စ ပြီးသွားတာပေါ့။
ရက်ပိုင်းလောက်နေတော့၊ အဲဒီအထက်ခေါင်းဆောင်က ကိစ္စတချို့ကို ဖြေရှင်းဖို့ ကျွန်မတို့ အသင်းတော်ကို ရောက်လာတယ်။ စကားစပ်မိတုန်း သူက ကျွန်မတာဝန်ယူတဲ့နယ်မြေထဲက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေထဲမှာ ဘယ်နှစ်ယောက်ကို ရာထူးတိုးပေးပြီး ပျိုးထောင်လို့ ရနိုင်လဲ၊ ပြီးတော့ ဖြုတ်ချဖို့ ဒါမှမဟုတ် တာဝန်ပြောင်းပေးဖို့ လိုအပ်တဲ့သူတွေ ရှိလားလို့ မေးတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အရင်တစ်ခေါက် ခေါင်းဆောင်က အလုပ်အခြေအနေကို လေ့လာတုန်းက၊ ငါ့ရဲ့ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေ အများကြီး ဖော်ထုတ်ခံခဲ့ရတယ်။ သူ ဘာလို့ ထပ်မေးနေရတာလဲ။ ခေါင်းဆောင်တွေနှင့် အမှုဆောင်တွေတချို့နဲ့ဆို ငါက သိပ်အဆက်အသွယ်ရှိတာ မဟုတ်ဘူး၊ သူတို့ကို ရာထူးတိုးပေးလို့၊ ပျိုးထောင်ပေးလို့ ရမရဆိုတာ သိပ်မသေချာဘူး။ တာဝန်တွေ ထမ်းဆောင်တဲ့နေရာမှာ ရလဒ်ကောင်းကောင်းမရတဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဆိုရင်လည်း၊ သူတို့ကို တာဝန်ပြောင်းပေးဖို့ လိုမလို အခုချက်ချင်း ငါ မချိန်ဆတတ်ဘူး။ ငါ ဘယ်လိုပြောသင့်လဲ။ မသိဘူးလို့ ပြောလိုက်ရင်၊ ငါ တကယ့်အလုပ် မလုပ်ဘူးလို့ ခေါင်းဆောင်က ထင်မှာပဲ။ သိတယ်လို့ ပြောလိုက်ရင်လည်း၊ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်မှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒါနဲ့၊ “ကျွန်မ ဒါကို ပိုင်းခြားမသိမြင်နိုင်ဘူး၊ သေသေချာချာ အကဲမဖြတ်တတ်ပါဘူး” ဆိုပြီး ဝတ်ကျေတမ်းကျေပဲ ပြန်ဖြေလိုက်တယ်။ သူသိချင်တဲ့ အဖြေကို မရနိုင်မှန်း ခေါင်းဆောင်သိသွားတော့၊ ဘာမှ ထပ်မမေးတော့ဘူး။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ သဘောထားက မှားနေမှန်း သဘောပေါက်သွားပြီး၊ ကိုယ့်ကိုယ်ကိုယ် နည်းနည်း အပြစ်တင်မိတယ်။ ခေါင်းဆောင်က အသင်းတော်အလုပ်ရဲ့ အသေးစိတ်ကို နားလည်ချင်ရုံသက်သက်ပါ၊ ပြီးတော့ ကျွန်မက ဘာမှ နားမလည်တာမျိုးလည်း မဟုတ်ဘူးလေ။ ကျွန်မ ဘာလို့ ဒီအတိုင်း ရိုးရိုးသားသား မပြောနိုင်ရတာလဲ။
နောက်နေ့ကျတော့၊ ခေါင်းဆောင်က ကျွန်မကို ရှာပြီး မိတ်သဟာယပြုတယ်၊ သူက “အလုပ်အခြေအနေကို အစီရင်ခံတဲ့အခါ ညီမ ဘာလို့ အမှန်တိုင်း မပြောတာလဲ၊ ပြီးတော့ ညီမတာဝန်ယူရတဲ့ အလုပ်ကို လူတွေ ကြီးကြပ်စစ်ဆေးတာကို မလုပ်စေချင်ရတာလဲ။ အဲဒါ ဘယ်လို စိတ်သဘောထားလဲ” တဲ့။ အဲဒါကို ကြားတော့၊ ကျွန်မ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်။ “အခု ခေါင်းဆောင်က ငါ့ကို ဘယ်လိုများ ထင်မလဲ။ ငါက တကကယ့်အလုပ်လည်း မလုပ်ဘူး၊ အလုပ်ကိုကြီးကြပ်တာလည်း မခံဘူး။ ဒါက သေချာပေါက် ပြဿနာကြီးပဲ” လို့ပေါ့။ ဒါနဲ့ ကျွန်မ သတိထားပြီး ပြန်ဖြေလိုက်တယ်၊ “ကျွန်မ တော်တော်ကို လှည့်ဖြားတတ်မှန်း အခုလေးတင် နားလည်သွားပါတယ်” လို့ပေါ့။ ခေါင်းဆောင်က လေးလေးနက်နက် ပြောတယ်၊ “ညီမမှာ လှည့်ဖြားတတ်တဲ့ စိတ်သဘောထား တကယ်ရှိတယ်။ ဒါပေမဲ့ ကြီးကြပ်တဲ့အလုပ်အပေါ် ညီမ အတိုက်အခံစိတ်ဖြစ်နေတယ်၊ ပြီးတော့ အလုပ်တိုးတက်မှုကို လူတွေကို သိခွင့်မပေးဘူး။ ဒါက အသင်းတော်အလုပ် အကောင်အထည်ဖော်တာကို အဟန့်အတား ဖြစ်စေတယ်။ ဒီလိုလုပ်တာက အန္တိခရစ်ရဲ့ စိတ်သဘောထားကို ထုတ်ဖော်နေတာပဲ။ ညီမ ကိုယ့်ကိုယ်ကိုယ် သေချာ ဆင်ခြင်သုံးသပ်ရမယ်” တဲ့။ ခေါင်းဆောင်ရဲ့ စကားကို ကြားတော့ ကျွန်မ စိတ်နှလုံးထဲမှာ နည်းနည်း ကြောက်သွားတယ်။ ပြဿနာရဲ့ သဘောသဘာဝက ဒီလောက်အထိ လေးနက်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ကိုယ့်ပြဿနာတွေကို နားလည်နိုင်ဖို့ ဦးဆောင်ပေးဖို့ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး ဆုတောင်းလိုက်တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပေးတယ်၊ အဲဒီနှုတ်ကပတ်တော်ကြောင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအကြောင်း နည်းနည်း နားလည်မှု ရသွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်တစ်ဦးက မည်သည့်အလုပ်ကို ပါဝင်လုပ်ဆောင်သည်ဖြစ်စေ အထက်က ယင်းအကြောင်းကိုပိုသိပြီး စုံစမ်းမေးမြန်းမှုများပြုမည်ကို သူကြောက်သည်။ အထက်က အလုပ်၏ အခြေအနေကို၊ သို့မဟုတ် ဝန်ထမ်းစီမံခန့်ခွဲမှုကို စုံစမ်းမေးမြန်းမှုများပြုလျှင် ၎င်းတို့သည် အသေးအဖွဲကိစ္စအနည်းငယ်အား၊ အထက်ကသိခြင်းအားဖြင့် မည်သည့်အကျိုးဆက်မျှ ရှိမည်မဟုတ်သည့်အတွက် ထိုသူတို့သိလျှင် ကိစ္စမရှိဟု ၎င်းတို့ယုံကြည်သော အနည်းငယ်သောအရာများအား ဝတ်ကျေတမ်းကျေ ရှင်းပြခြင်းသာ ပြုလိမ့်မည်။ အထက်က ကျန်သည့်အရာများအား ဖိ၍စုံစမ်းမေးမြန်းလျှင် အထက်သည် ၎င်းတို့၏တာဝန်ကို၊ ၎င်းတို့၏ ‘အတွင်းရေးကိစ္စများကို’ စွက်ဖက်နေသည်ဟု ယုံကြည်လိမ့်မည်။ ၎င်းတို့သည် အထက်အား မည်သည့်အရာကိုမျှ ထပ်၍ ပြောမည်မဟုတ်ဘဲ တုံးအယောင် ဟန်ဆောင်ပြီး လှည့်ဖြားကာ ဖုံးကွယ်လိမ့်မည်။...ဤသို့ဆိုလျှင် အလုပ်လုပ်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်သည် အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းနှင့် စားဝတ်နေရေးအတွက် စိတ်ချရအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ မည်သည့်မကောင်းသောအရာများကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့လုပ်ဆောင်သည့်အရာအတွက် ရည်ရွယ်ချက်နှင့် အကြောင်းရင်းကို လူတို့အား မပြောပေ။ ၎င်းတို့သည် ယင်းတို့ကို လုံးလုံး လျှို့ဝှက်ထားရမည် ဖြစ်သည်။ ထိုအရာများသည် ၎င်းတို့အတွက် သက်ဆိုင်သူသာ ကြည့်ခွင့်ရှိသော အချက်အလက်များ ဖြစ်သည်။ ဤသို့သောလူတို့အတွက် အထိမခံဆုံးသော အကြောင်းအရာမှာ အဘယ်နည်း။ ဤသည်မှာ သင်က ၎င်းတို့အား ‘လတ်တလောတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ သင်၏ တာဝန်ထမ်းဆောင်မှုသည် ရလဒ်တစ်ခုခု ဖြစ်ထွန်းပြီးဖြစ်သလော။ သင့်အလုပ်ရှိသော နယ်ပယ်၌ အနှောင့်အယှက်၊ သို့မဟုတ် အဖျက်အမှောင့်တစ်ခုခုရှိခဲ့သလော။ ယင်းတို့ကို သင်မည်သို့ ကိုင်တွယ်ခဲ့သနည်း။ သင်သည် သင်၏အလုပ်နှင့်ပတ်သက်၍ ရှိသင့်သောနေရာတွင် ရှိနေသလော။ သင့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေသလော။ သင်ပြုလုပ်ခဲ့သော အလုပ်ဆုံးဖြတ်ချက်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီးဖြစ်သလော။ စံနှုန်းမပြည့်မီသော ခေါင်းဆောင်များကို ဖြုတ်ချပြီးပြီလော။ သမ္မာတရားကို အတော်အတန်လိုက်စားနေသော အစွမ်းအစကောင်းသူတို့ကို ရာထူးတိုးပေးပြီး ပျိုးထောင်ပြီးပြီလော။ သင့်အား အာခံသောသူတို့ကို ဖိနှိပ်ပြီးပြီလော။ သင့်ထံတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ပတ်သက်၍ မည်သည့်သိကျွမ်းမှုရှိသနည်း။ သင်သည် မည်သည့်လူအမျိုးအစားဖြစ်သနည်း’ ဟု မေးသောအချိန်တွင် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့အတွက် အထိမခံဆုံးသော အကြောင်းအရာများဖြစ်သည်။ ဤမေးခွန်းများအား အမေးခံရခြင်းသည် ၎င်းတို့အကြောက်ရွံ့ဆုံးအရာ ဖြစ်သည်။ ထို့ကြောင့် သင်က ၎င်းတို့အား မေးသည်ကို စောင့်နေမည့်အစား ယင်းတို့ကို ဖုံးကွယ်ရန် အခြားအကြောင်းအရာတစ်ခုကို ၎င်းတို့ အလျင်စလို ရှာလိမ့်မည်။ ၎င်းတို့သည် နည်းမျိုးစုံဖြင့် သင့်ကို လမ်းလွဲအောင်ပြုလုပ်လိုပြီး ဤအခြေအနေက လက်ရှိ၌ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သည်ကို သင်မသိစေရန် တားဆီးလိုသည်။ ၎င်းတို့သည် အစဉ်သဖြင့် သင့်အား အမှောင်ထဲတွင် ထားရှိသည်။ ၎င်းတို့သည် ၎င်းတို့၏အလုပ်တွင် အမှန်တကယ်၌ မည်မျှခရီးရောက်ပြီးသည်ဆိုသည်ကို သင်မသိစေရန် အစဉ်တားဆီးလိုသည်။ ထိုနေရာတွင် ပွင့်လင်းမြင်သာမှု အနည်းငယ်မျှပင် မရှိ။ ဤသို့သောလူတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ ဘုရားသခင်အပေါ် ကြောက်ရွံ့မှုရှိသလော။ မရှိပေ။ ၎င်းတို့သည် မည်သည့်အခါမျှ အလုပ်ကို အလျင်ဦးအောင် မတင်ပြသကဲ့သို့ ၎င်းတို့အလုပ်ရှိ မတော်တဆမှုများကိုလည်း အလျင်ဦးအောင် မတင်ပြပေ။ ၎င်းတို့သည် မိမိတို့အလုပ်တွင် ကြုံရသည့် အခက်အခဲများနှင့် စိတ်မရှင်းမှုတို့နှင့်ပတ်သက်၍ မည်သည့်အခါမျှ မေးမြန်းခြင်းဖြစ်စေ၊ ရှာဖွေခြင်းဖြစ်စေ၊ ဖွင့်ပြောခြင်းဖြစ်စေ မရှိကြချေ။ သို့သော် အခြားလူတို့ကို လိမ်လည်လျက်၊ လှည့်ဖြားလျက်ဖြင့် ထိုအရာများကို ဖုံးကွယ်သည်အထိ လုပ်ဆောင်သည်။ ၎င်းတို့၏အလုပ်တွင် ပွင့်လင်းမြင်သာမှု လုံးဝမရှိ။ အထက်က ၎င်းတို့အား အဖြစ်မှန်တင်ပြချက်နှင့် ရှင်းလင်းမှုပေးရန် ဖိအားပေးသောအခါမှသာ ၎င်းတို့က အင်တင်တင်ဖြင့် အနည်းငယ်ပြောလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းပါဝင်သည့် မည်သည့်ကိစ္စကိုမဆို ပြောခြင်းထက် သေသာသေလိုက်မည် ဖြစ်သည်။ ယင်းတို့နှင့်ပတ်သက်၍ စကားတစ်ခွန်းမပြောမီတွင် သေလိမ့်မည်ဖြစ်သည်။ ဤအစား ၎င်းတို့သည် နားမလည်ဟန်ဆောင်သည်။ ယင်းသည် အန္တိခရစ်၏ စိတ်သဘောထားတစ်ခု မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) အန္တိခရစ်တွေဟာ သူတို့အလုပ်အကြောင်း အထက်က မေးမြန်းတာနဲ့ အလုပ်အခြေအနေကို လေ့လာတာကို အမြဲကြောက်နေတတ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ သူတို့ မလုပ်ခဲ့တဲ့ အရာတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေ ဖော်ထုတ်ခံရမှာကို သေမလောက် ကြောက်ကြတယ်။ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်၊ လူတွေ အဖြစ်မှန်ကို မသိသွားအောင် ဖုံးကွယ်တာတွေ၊ လှည့်ကွက်တွေမှာ သူတို့ရဲ့ အားထုတ်မှုအကုန်လုံးကို သုံးကြတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်တော့၊ ကျွန်မလည်း အဲဒီလိုပဲလေ။ အလုပ်အကြောင်း ခေါင်းဆောင်က သိအောင် ကြိုးစားတဲ့အခါ၊ ကျွန်မဆီမှာ အလုပ်လုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြဖို့၊ ရလဒ်ထွက်ထားတဲ့ အလုပ်တွေကို ကိုယ်ကဦးဆောင် ခေါင်းဆောင်ကို အစီရင်ခံခဲ့တယ်။ ဒါပေမဲ့ ရလဒ်မထွက်တဲ့ အလုပ်တွေကျတော့ ကျွန်မ ပါးစပ်ပိတ်ထားခဲ့တာပဲ။ ရေလောင်းသူတွေကို ပျိုးထောင်တဲ့အလုပ် တိုးတက်မှုအကြောင်း ခေါင်းဆောင်က မေးတဲ့အခါ၊ ကျွန်မက အခက်အခဲတွေကြားထဲ ရှင်သန်နေပြီး တကယ့်အလုပ်မလုပ်နေဘူးဆိုတာ ကောင်းကောင်းသိရက်နဲ့၊ အမှန်တိုင်း ပြောလိုက်ရင် ခေါင်းဆောင်က ကျွန်မကို ပြုပြင်မှာ ကြောက်ခဲ့တယ်လေ၊ ဒါကြောင့် ကျွန်မက လှည့်ဖြားခဲ့ပြီး၊ အလုပ်လုပ်နေတုန်းပါလို့ ပြောခဲ့တယ်၊ ကျွန်မ တကယ့်အလုပ်လုပ်နေတယ်လို့ ခေါင်းဆောင်က အထင်အမြင်မှားသွားအောင် လုပ်ခဲ့တာပေါ့။ ဒီနည်းနဲ့ ခေါင်းဆောင်ရဲ့ စိတ်ထဲမှာရှိတဲ့ ကျွန်မရဲ့ ပုံရိပ်ကို ကာကွယ်နိုင်မယ်လို့ တွေးခဲ့တာ။ စုဝေးတဲ့အိမ်တွေ လုံခြုံမှုရှိမရှိ ခေါင်းဆောင်က မေးတဲ့အခါ၊ အခြေအနေမှန်ကို သူသိသွားရင် စည်းမျဉ်းတွေမပါဘဲ လုပ်ခဲ့လို့ ကိုယ့်ကိုများ ပြုပြင်မလားဆိုပြီး စိုးရိမ်ခဲ့တယ်၊ ဒါနဲ့ အဖြစ်မှန်တွေကို ဖုံးကွယ်ပြီး စကားကို ဝေ့လည်ကြောင်ပတ် ပြောခဲ့တယ်၊ ပြဿနာရဲ့ အရေးကြီးတဲ့အပိုင်းတွေကို ရှောင်ပြီး၊ ဒီတစ်ခါလေးပဲ စည်းမျဉ်းတွေနဲ့အညီ မလုပ်ခဲ့တာလို့ ခေါင်းဆောင် ထင်သွားအောင် လုပ်ခဲ့တာ။ ကျွန်မက ခေါင်းဆောင်ကို အရူးလုပ်ပြီး အပြစ်လွတ်အောင် ကြိုးစားခဲ့တယ်။ ကျွန်မကို ခေါင်းဆောင်က ပြုပြင်ပြီး ဖော်ထုတ်တဲ့အခါ၊ ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ဘူးဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ မျက်နှာပျက်ရမှာကို ကြောက်လို့ ဆင်ခြေတွေရှာပြီး၊ ကျွန်မက တာဝန်ထမ်းဆောင်တာ သိပ်မကြာသေးဘူး၊ စည်းမျဉ်းတွေကို နားမလည်သေးဘူးလို့ ပြောခဲ့တယ်။ နောက်ပြီး၊ ကျွန်မတာဝန်ယူရတဲ့ နယ်မြေထဲက ခေါင်းဆောင်တွေနှင့် အမှုဆောင်တွေအကြောင်း အထက်ခေါင်းဆောင်က မေးတဲ့အခါ၊ လူတချို့အကြောင်းကို ကျွန်မ နားမလည်ဘူးဆိုတာ ကောင်းကောင်းသိရက်နဲ့၊ ကျွန်မက ဝတ်ကျေတမ်းကျေပဲ၊ သူတို့ကို ခွဲခြားမသိနိုင်ဘူး၊ သူတို့ကို သေသေချာချာ ထိုးထွင်းမမြင်နိုင်ဘူးလို့ ပြောခဲ့တယ်။ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်၊ အလုပ်မှာရှိတဲ့ လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ ကျွန်မက အချိန်တိုင်းမှာ လှည့်ဖြားတာတွေနဲ့ လှည့်ကွက်တွေကို သုံးခဲ့မှန်း ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မဟာ တကယ်ကို အရမ်း ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တာပဲ။ တကယ်တော့ ခေါင်းဆောင်တွေက အလုပ်အခြေအနေကို မေးမြန်းတာက အရမ်း သင့်တော်ပါတယ်။ အလုပ်မှာ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ ရှိတာကလည်း ပုံမှန်ပါပဲ။ ကိုယ်မလုပ်ခဲ့တဲ့ အပိုင်းတွေကို နားလည်ပြီး အဲဒါတွေကို ပြန်ပြင်နိုင်သရွေ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်မက အဲဒါတွေကို မှန်မှန်ကန်ကန် သဘောမထားနိုင်ခဲ့သလို၊ အသင်းတော်အလုပ်အတွက် အကျိုးရှိအောင် အမှုအရာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း မတွေးခဲ့ဘူး။ အဲဒီအစား ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ လှည့်ဖြားမှုတွေနဲ့ လှည့်ကွက်တွေထဲမှာ ပြောင်ပြောင်တင်းတင်း မွေ့လျော်ခဲ့တယ်။ အလုပ်မှာရှိတဲ့ လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ ကျွန်မရဲ့ အားထုတ်မှုအကုန်လုံးကို ပုံအောခဲ့တယ်။ အဲဒါတွေကို ခေါင်းဆောင် တွေ့သွားမှာကို သေမလောက် ကြောက်နေခဲ့တာ။ အကျိုးဆက်ကတော့ ခေါင်းဆောင်က အလုပ်ထဲက ပြဿနာတွေကို နားမလည်နိုင်တော့ဘဲ၊ အဲဒါတွေကို အချိန်မီ မိတ်သဟာယပြုပြီး မဖြေရှင်းပေးနိုင်တော့ဘူး။ ကျွန်မ လုပ်နေတာတွေက အသင်းတော်ရဲ့အလုပ်ကို အဟန့်အတားဖြစ်စေတာပဲ။ ကျွန်မက ဘုရားသခင်ကို အတိုက်အခံလုပ်နေတာ။ ကျွန်မဆီမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး လုံးဝ မရှိခဲ့ဘူး။ ကျွန်မ ထုတ်ဖော်နေတာက အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရပြီး၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာရဲ့ အန္တရာယ်နဲ့ အကျိုးဆက်တွေအကြောင်း နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အကယ်၍ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်ပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲအမျိုးမျိုးကို သည်းခံလိမ့်မည်။ သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို စွန့်လွှတ်အနစ်နာခံရသည့်အပြင် အခြားသူများထံမှ လှောင်ပြောင်သရော်မှုနှင့် အရှက်ကွဲမှုကို သည်းခံရသည့် သဘောသက်ရောက်လျှင်ပင် သင်အရေးစိုက်မည် မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သရွေ့ တော်ပြီဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန်နှင့် ရိုးသားသောလူများ ဖြစ်ရန် ရွေးချယ်ကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး ယင်းကို ဘုရားသခင် ကောင်းချီးပေးသည်။ လူတစ်ဦးသည် သမ္မာတရားကို မချစ်လျှင် မည်သည့်အရာကို ရွေးချယ်သနည်း။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အပေါ်ယံ တည်ကြည်မှုကို ထိန်းသိမ်းဖို့အတွက် မုသားကို အသုံးပြုရန် ရွေးချယ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်းထက် လှည့်ဖြားတတ်သော လူများဖြစ်လိုကြပြီး ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ပစ်ပယ်ခြင်းကိုသာခံရန် လိုလားသည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ ဘုရားသခင်ကို ငြင်းပယ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရွေးချယ်၏။ ၎င်းတို့သည် လှည့်ဖြားတတ်သော လူများဖြစ်လိုကြသည်။ ဘုရားသခင် နှစ်သက်သည်၊ မနှစ်သက်သည် သို့မဟုတ် ၎င်းတို့ကို သူကယ်တင်မည်၊ မကယ်တင်မည်ကို ဂရုမစိုက်ကြပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် ကယ်တင်နိုင်ဦးမည်လော။ ၎င်းတို့သည် မှားယွင်းသော လမ်းကြောင်းကို ရွေးချယ်ထားသောကြောင့် ကယ်တင်ခြင်း မခံရနိုင်မည်မှာ အသေအချာပင်။ ၎င်းတို့သည် လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်းတို့ဖြင့်သာ အသက်ရှင်နိုင်သည်။ ၎င်းတို့သည် မုသားများဆိုခြင်း၊ ယင်းတို့ကို ဖုံးကွယ်ခြင်းနှင့် နေ့စဉ် မိမိတို့ မှန်ကြောင်း ရှင်းချက်ထုတ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းဟူသည့် စိတ်မချမ်းမြေ့စရာ နေ့ရက်များကိုသာ ဖြတ်သန်းနိုင်ကြသည်။ မုသားများက သင် လိုအင်ဆန္ဒရှိသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာတို့ကို ထိန်းသိမ်းနိုင်သည်ဟု သင်ယူဆလျှင် လုံးဝ မှားယွင်းပြီ။ အမှန်မှာမူ မုသားဆိုခြင်းဖြင့် သင်သည် မိမိ၏ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာအပြင် သင်၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ကို မထိန်းသိမ်းနိုင်သည်သာမက ပို၍ဆိုးသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ အခွင့်အရေးနှင့် လွဲချော်ရလေသည်။ သင်သည် ထိုအခိုက်တွင် မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာကို ကာကွယ်နိုင်လျှင်ပင် သင်သည် သမ္မာတရားကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်ကို သစ္စာဖောက်မိပြီဖြစ်သည်။ ဤသည်မှာ သူက သင့်အား ကယ်တင်ဖို့နှင့် စုံလင်စေဖို့ သင်၏အခွင့်အရေးကို သင် လုံးဝ ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုကာ ယင်းက အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့် ထာဝရ နောင်တပင် ဖြစ်၏။ လှည့်ဖြားတတ်သော သူတို့သည် ဤအရာကို မည်သည့်အခါမျှ ထိုးထွင်းသိမြင်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားသခင်ဟာ ရိုးသားတဲ့လူတွေကို ချစ်ပေမဲ့၊ လှည့်ဖြားတတ်တဲ့လူတွေကိုတော့ စက်ဆုပ်ရွံရှာပြီး မုန်းတီးတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ လူတစ်ယောက်က ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အလိမ်အညာတွေနဲ့ လှည့်ကွက်တွေကို အမြဲသုံးနေမယ်ဆိုရင်၊ သူဟာ လှည့်ဖြားတတ်တဲ့လူဖြစ်ပြီး ကယ်တင်ခြင်း မခံရနိုင်ဘူး။ ဒီအကြောင်းကို ကျွန်မ စဉ်းစားကြည့်တဲ့အခါ၊ ခေါင်းဆောင်က အသင်းတော်ရဲ့ အခြေအနေကို သိရှိနားလည်နိုင်ဖို့ အလုပ်အကြောင်းကို မေးမြန်းပြီး နောက်ဆက်တွဲလိုက်တာပါ။ ဆင်ခြင်တုံတရား နည်းနည်းလေးပဲရှိတဲ့ ဘယ်သူမဆို အမှန်အတိုင်း ဖြေသင့်တာပေါ့။ ဒါပေမဲ့ ကျွန်မအလုပ်မှာရှိတဲ့ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို ခေါင်းဆောင် တွေ့သွားပြီး၊ အဲဒါက ခေါင်းဆောင်စိတ်ထဲမှာရှိတဲ့ ကျွန်မရဲ့ ပုံရိပ်ကောင်းကို ထိခိုက်သွားမှာကို ကျွန်မက သေမလောက် ကြောက်နေခဲ့တာ။ ပြဿနာတွေကို တစ်ခုမှ မပြောဘဲ သတင်းကောင်းကိုပဲ အစီရင်ခံခဲ့တယ်၊ ပြီးတော့ အရာရာကို ဖုံးကွယ်ဖို့ စကားကို ဝေ့လည်ကြောင်ပတ် ပြောခဲ့တယ်။ ဥပမာ၊ လူတွေကို ပျိုးထောင်တဲ့ ကိစ္စမျိုးပေါ့။ အခက်အခဲတွေကြားထဲ ရှင်သန်နေခဲ့ပြီး အဲဒါကို အကောင်အထည်မဖော်ရသေးတာ ကျွန်မ ကောင်းကောင်း သိရက်နဲ့၊ တိုးတက်နေပါတယ်လို့ ကျွန်မက လိမ်ပြောခဲ့တယ်။ စုဝေးတဲ့အိမ် ကိစ္စလည်း ရှိသေးတယ်။ အဲဒါကို စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး တစ်ကြိမ်ထက်မက ကျွန်မ သုံးခဲ့တယ်၊ ဒါတွေက သိသိရက်နဲ့ တမင်တကာ ချိုးဖောက်မှုတွေပါ။ ဒါပေမဲ့ စည်းမျဉ်းတွေကို နားမလည်ဘူးဆိုပြီး ခေါင်းဆောင်ကို ကျွန်မက နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ပြောဆိုခဲ့တယ်။ ကျွန်မက အမှန်တိုင်း မပြောခဲ့လို့၊ ခေါင်းဆောင်က အခြေအနေမှန်ကို နားမလည်နိုင်ခဲ့ဘူး။ ပြီးတော့ အလုပ်ထဲက ပြဿနာအမျိုးမျိုးနဲ့ လမ်းလွဲမှုတွေကို အချိန်မီ ဖြေရှင်းပေးဖို့ နည်းလမ်းမရှိခဲ့ဘူး။ ပြဿနာတွေ ဖြစ်လာတာနဲ့၊ ဒါတွေက အလုပ်ကို အဟန့်အတားဖြစ်စေမှာပဲလေ။ ဒီလိုလုပ်တာက၊ ဘုရားသခင်ကို ကျွန်မ အတိုက်အခံလုပ်နေခဲ့တာ။ ဘုရားသခင် ကျွန်မအပေါ် စက်ဆုပ်လာအောင် လုပ်နေခဲ့တာပဲ။ အဖြစ်မှန်တွေကို ဖုံးကွယ်ပြီး ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အလိမ်အညာတွေကို ကျွန်မ အားကိုးခဲ့တယ်။ လူတွေကို အရူးလုပ်ပြီး ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်နိုင်မယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ လိမ်ပြီး လှည့်ကွက်တွေ သုံးလိုက်တိုင်း ခေါင်းဆောင်က ကျွန်မကို အကုန်ဖောက်မြင်နေတယ်ဆိုတာ အဖြစ်မှန်တွေက သက်သေပြနေတယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မကာကွယ်နိုင်ခဲ့တဲ့အပြင်၊ နောက်ဆုံးမှာ ပိုပြီးတောင် အရှက်ကွဲရတယ်။ ကျွန်မက အလိမ်အညာတွေနဲ့ လှည့်ကွက်တွေကို သုံးခဲ့လို့ ကျွန်မရဲ့ အသိစိတ်က အပြစ်တင်တာကို ခံခဲ့ရတယ်။ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတဲ့ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေအကြောင်း ကျွန်မ တွေးမိတယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့နဲ့ လူတွေရဲ့ စိတ်နှလုံးထဲမှာ သူတို့ရဲ့ ပုံရိပ်ကို တည်ဆောက်ဖို့အတွက်၊ သူတို့တာဝန်လုပ်တဲ့အခါ ဘုရားသခင်ရဲ့ စိစစ်မှုကို လက်မခံကြဘူး၊ ပြီးတော့ သူတို့ရဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ကြီးကြပ်မှုကိုလည်း လက်မခံကြဘူး။ သူတို့အလုပ်ကို လုံးဝ ဗြောင်းဆန်သွားအောင် လုပ်ထားရင်တောင်မှ၊ တခြားဘယ်သူမှ မသိအောင်လို့ အဲဒါကို ဖုံးကွယ်ထားကြတုန်းပဲ။ အကျိုးဆက်အနေနဲ့ သူတို့က အသင်းတော်ရဲ့ အလုပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး၊ နောက်ဆုံးမှာ ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရတယ်။ ကျွန်မရဲ့ အပြုအမူက သူတို့အပြုအမူနဲ့ တစ်ပုံစံတည်း ဖြစ်မနေဘူးလား။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်၊ ကျွန်မအလုပ်မှာရှိတဲ့ လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ အကြိမ်ကြိမ် လှည့်ဖြားခဲ့တယ်။ လူတွေကို လိမ်ညာပြီး ဘုရားသခင်ကိုလည်း လှည့်စားဖို့ ကြိုးစားခဲ့တာပဲ။ ကျွန်မသာ နောင်တမရဘူးဆိုရင်၊ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာကို သေချာပေါက် ခံရမှာဖြစ်ပြီး၊ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကိုလည်း ဆုံးရှုံးသွားမှာပါ။
ဝတ်ပြုနေတုန်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်၊ “ဘုရားအိမ်တော်သည် တာဝန်တစ်ခုကို ထမ်းဆောင်ကြသူများကို ကြီးကြပ်သည်၊ စောင့်ကြည့်လေ့လာသည်၊ နားလည်ရန် ကြိုးစားသည်။ ဘုရားအိမ်တော်၏ ဤစည်းမျဉ်းကို သင်တို့ လက်ခံနိုင်ကြသလော။ (လက်ခံနိုင်ပါသည်။) သင်သည် ဘုရားအိမ်တော်က သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ နားလည်ရန် ကြိုးစားခြင်းတို့ကို လက်ခံနိုင်လျှင် ယင်းမှာ အလွန်ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင်လည်းကောင်း၊ သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရာတွင်လည်းကောင်း သင့်အတွက် အကူအညီဖြစ်၏။ ယင်းသည် သင့်ကို အကျိုးပြုပြီး ကူညီသည်၊ မည်သည့်ဆိုးကျိုးမျှ လုံးဝမရှိပေ။ သင်သည် ဤစည်းမျဉ်းကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို အတိုက်အခံလုပ်သည့် သို့မဟုတ် သတိထားရှောင်သည့် ခံစားချက်တစ်ခုမျှ သင့်ထံတွင် နောက်ထပ် မရှိသင့်တော့သည် မဟုတ်လော။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးက သင့်ကို နားလည်ရန်၊ သင့်ကို စောင့်ကြည့်ရန်၊ သင်၏အလုပ်ကို ကြီးကြပ်ရန် ကြိုးစားလျှင်ပင် ဤသည်မှာ ပုဂ္ဂိုလ်ရေးအရ သဘောထားရသည့်အရာတစ်ခု မဟုတ်ချေ။ ငါသည် အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ အကြောင်းမှာ ယခု သင်၏ လက်ထဲတွင်ရှိသော လုပ်ငန်းဆောင်တာများ၊ သင်ထမ်းဆောင်သည့် တာဝန်နှင့် သင်လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် ပုဂ္ဂိုလ်ရေးအလုပ် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်သကဲ့သို့ ဘုရားသခင်၏ အလုပ်၏ အစိတ်အပိုင်းတစ်ခုနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက သင့်အား အနည်းငယ် ကြီးကြပ်သည့်အခါတွင်ဖြစ်စေ၊ စောင့်ကြည့်လေ့လာသည့်အခါတွင်ဖြစ်စေ၊ သင့်ကို နက်ရှိုင်းသောအဆင့်၌ နားလည်ရန် ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ သင်နှင့် ရင်းရင်းနှီးနှီး ပြောဆိုရန်နှင့် ဤအချိန်အတွင်း သင်၏ အခြေအနေ မည်သို့ရှိသည်ကို သိရှိရန် ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ တစ်ခါတစ်ရံ ၎င်းတို့၏ သဘောထား အနည်းငယ် ပို၍ ပြင်းထန်ပြီး ၎င်းတို့က သင့်ကို အနည်းငယ် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ ပြုသည့်အခါတွင်ပင်ဖြစ်စေ ဤအရာအားလုံးမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် အသိစိတ်ရှိပြီး တာဝန်သိသော သဘောထားတစ်ခု ရှိသောကြောင့် ဖြစ်သည်။ သင်သည် ဤအရာအပေါ် အပျက်သဘောဆောင်သော အတွေးအခေါ်တစ်ခုမျှ မရှိသင့်သည့်အပြင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြင့် သင် မတုံ့ပြန်သင့်ချေ။ အခြားသူများက သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် နားလည်ရန် ကြိုးစားခြင်းတို့ကို သင်လက်ခံနိုင်လျှင် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင်လက်ခံသည်ဟု ဆိုလိုသည်။ သင်သည် လူတို့၏ ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သင့်ကို နားလည်ရန် ကြိုးပမ်းခြင်းတို့ကို လက်မခံဘဲ ယင်းကိုပင် သင်ပြန်လည်တွန်းလှန်လျှင် သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်စွမ်း ရှိမည်လော။ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းသည် လူတို့က သင့်ကို နားလည်ရန် ကြိုးစားသည့်အချိန်ထက် ပို၍ အသေးစိတ်ကျသည်၊ နက်နဲသည်၊ တိကျမှန်ကန်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များသည် များစွာ ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သည်၊ တင်းကျပ်သည်၊ နက်နဲသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်ခြင်းကိုပင် သင်လက်မခံနိုင်လျှင် သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်သည်ဟူသော သင်၏ အခိုင်အမာဆိုချက်များသည် အနှစ်သာရမရှိသော စကားများ မဟုတ်လော။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် စစ်ဆေးမှုကို လက်ခံနိုင်ရန်အလို့ငှာ သင်သည် ဘုရားအိမ်တော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်ခြင်းကို ဦးစွာ လက်ခံရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) လူတိုင်းမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိပြီး၊ တာဝန်တွေထမ်းဆောင်တဲ့အခါ အမှုမဲ့အမှတ်မဲ့နဲ့ ဝတ်ကျေတမ်းကျေ လုပ်မိတတ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ပိုင် အယူအဆတွေအပေါ် အခြေခံပြီး စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အရာတွေကိုလည်း ခဏခဏ လုပ်မိတတ်ကြတယ်၊ ဒါက အသင်းတော်အလုပ်ကို ထိခိုက်စေတယ်။ သမ္မာတရားကို မရရှိခင်မှာ၊ ဘယ်သူမှ ယုံကြည်စိတ်ချရတာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ တာဝန်တွေထမ်းဆောင်တဲ့အခါ ခေါင်းဆောင်တွေနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ကြီးကြပ်မှုကို လက်ခံရမယ်။ ဒါက အသင်းတော်ရဲ့ အလုပ်အတွက်ရော၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင် အသက်ဝင်ရောက်မှုအတွက်ပါ အကျိုးရှိပါတယ်။ ဒီတစ်ခေါက်လိုမျိုးပေါ့၊ ခေါင်းဆောင်က အလုပ်ကို အချိန်မီ သိရှိပြီး နောက်ဆက်တွဲလိုက်လို့သာ လူတွေကို ပျိုးထောင်တဲ့နေရာမှာ ကျွန်မရဲ့အလုပ်က တိုးတက်မှုမရှိဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ တွေ့ရှိခဲ့တာ၊ ပြီးတော့ ဒါက အလုပ်ကို အဟန့်အတားဖြစ်ပြီးနေပြီ။ ခေါင်းဆောင်က အလုပ်ကို နောက်ဆက်တွဲလိုက်ပြီး သိသွားတော့မှသာ၊ အလုပ်ကို ကြီးကြီးမားမား မထိခိုက်ရအောင် ဒါကို အမြန်ဆုံး အကောင်အထည်ဖော်ချင်လာပြီး၊ ကျွန်မဆီမှာ အရေးတကြီးလုပ်လိုစိတ် နည်းနည်းဝင်လာတာ။ နောက်ပြီး၊ စုဝေးတဲ့အိမ်တွေကို ကျွန်မက စည်းမျဉ်းနဲ့မညီဘဲ ရွေးချယ်ခဲ့တာလေ။ ခေါင်းဆောင်ကသာ အထပ်ထပ်မမေးဘူးဆိုရင်၊ ကျွန်မက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကိုယ့်အဆင်ပြေသလို ဆက်လုပ်နေမိဦးမှာပဲ။ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးမှုတွေသာ ကျွန်မတို့ဆီ ကျရောက်လာပြီး အသင်းတော်အလုပ် ထိခိုက်သွားခဲ့ရင်၊ နောင်တရဖို့ နောက်ကျသွားမှာပေါ့။ နောက်ပြီး အသင်းတော် ခေါင်းဆောင်တွေရဲ့ အခြေအနေကိုလည်း ကျွန်မ နားမလည်ခဲ့ဘူး။ ပျိုးထောင်ပေးသင့်တဲ့သူတချို့ကို မပျိုးထောင်ပေးခဲ့သလို၊ ဘယ်သူတွေကို ဖြုတ်ချသင့်တယ်ဆိုတာကိုလည်း ကျွန်မ ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး။ ကျွန်မက လုံးဝကို နားဝေတိမ်တောင် ဖြစ်နေခဲ့တာ။ ဒီလိုအခြေအနေမျိုး ဖြစ်နေတာတောင်၊ ကိစ္စတွေကို ဖုံးကွယ်ဖို့ ကျွန်မ ကြိုးစားနေတုန်းပဲ။ ခေါင်းဆောင်ကသာ အလုပ်အကြောင်း မမေးမြန်းခဲ့ဘူးဆိုရင်၊ ကျွန်မတာဝန် ထမ်းဆောင်တဲ့နေရာမှာ လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေ အများကြီးရှိနေတယ်ဆိုတာကို ကျွန်မ ဘယ်တော့မှ သတိပြုမိမှာ မဟုတ်ဘူး၊ ပြီးတော့ အခြေအနေကို ပြောင်းလဲပစ်ဖို့ စိုးရိမ်ပူပန်ပြီး ကြိုးစားအားထုတ်ဖြစ်မှာလည်း မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်လည်း၊ အလုပ်ကောင်းကောင်းမလုပ်လို့ တာဝန် ပြောင်းခံရတာ၊ ဒါမှမဟုတ် ဖြုတ်ချခံရတာမျိုး သေချာပေါက် ဖြစ်သွားနိုင်တယ်။ အထက်ခေါင်းဆောင်ကသာ အချိန်မီ နောက်ဆက်တွဲလိုက်ပြီး အလုပ်အကြောင်း မသိခဲ့ဘူးဆိုရင်၊ စည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ဆိုတာ ကျွန်မအတွက် လုံးဝကို မဖြစ်နိုင်ဘူးဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အားကိုးပြီး မကောင်းမှုတွေလုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ဖို့ပဲ တတ်နိုင်မှာပါ။ ခေါင်းဆောင်က ကျွန်မအလုပ်ကို ကြီးကြပ်ပြီး စစ်ဆေးတဲ့အခါ၊ သူက ကျွန်မကို အထင်သေးနေတာ မဟုတ်သလို၊ တမင်တကာ အရှက်ခွဲနေတာလည်း မဟုတ်ဘူးဆိုတာကို အခုမှပဲ ကျွန်မ နားလည်သွားတယ်။ အဲဒီအစား သူက သူ့အလုပ်ရဲ့ တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းနေတာပါ။ ကျွန်မတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကူညီပေးနေတာဖြစ်ပြီး၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတာပါ။ ဒါက အပြုသဘောဆောင်တဲ့ အရာပါပဲ။ ဒါပေမဲ့ ကျွန်မက အဲဒါကို အတိုက်အခံစိတ်ဝင်ပြီး၊ ရှောင်ပြေးဖို့ ကြိုးစားခဲ့တယ်။ ဒီလိုလုပ်တာက သမ္မာတရားကို ကျွန်မ အလွန်အမင်း မနှစ်မြို့ရာကျနေတာပဲ။ ကျွန်မက ဘုရားသခင်ကို အတိုက်အခံလုပ်နေတာ။ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ဆက်ပြီး အလေးထားနေလို့ မရနိုင်တော့သလို၊ ခေါင်းဆောင်ရဲ့ ကြီးကြပ်တဲ့အလုပ်ကနေလည်း ရှောင်ပြေးနေလို့ မရနိုင်တော့ဘူး။ ကျွန်မအလုပ်မှာရှိတဲ့ လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် သဘောထားရမယ်။ အဲဒီနောက်မှာ၊ လုံခြုံရေး အန္တရာယ်ရှိတဲ့ စုဝေးတဲ့အိမ်ကို ကျွန်မ ပြောင်းလိုက်တယ်၊ ပြီးတော့ ရေလောင်းသူတွေကို ပျိုးထောင်တဲ့နေရာမှာရှိတဲ့ အခြေအနေမှန်နဲ့ အခက်အခဲတွေကို ခေါင်းဆောင်ဆီ အစီရင်ခံခဲ့တယ်။ ကျွန်မက လူတွေကို စည်းမျဉ်းတွေနဲ့အညီ ရွေးချယ်နေတာမဟုတ်ဘူးဆိုတာနဲ့ လူတွေအပေါ် ကျွန်မရဲ့ သတ်မှတ်ချက်တွေက မြင့်လွန်းနေတယ်ဆိုတာကို ခေါင်းဆောင်က ထောက်ပြတယ်။ ပြီးတော့ သူက စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ကျွန်မနဲ့ မိတ်သဟာယပြုပေးသလို၊ ကျွန်မနဲ့အတူတူ လူတွေကို ရွေးချယ်ပေးတယ်။ နောက်ဆုံးမှာတော့ ပျိုးထောင်ပေးဖို့ စွမ်းရည်ရှိတဲ့သူတွေကို ကျွန်မတို့ ရွေးချယ်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။ မိမိကိုယ်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းသည် အသက်ဝင်ရောက်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သော ပထမဆုံး အတားအဆီး ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ဤခြေလှမ်းကို လှမ်းသောအခါ ယင်းက အဘယ်အရာကို ဆိုလိုမည်နည်း။ ယင်းက သင်သည် သင်၏ စိတ်နှလုံးကို ဖွင့်ပြပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၏ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ်ကာ ဖွင့်ဟလျက် အခြားလူများ မြင်ရန်နှင့် ဘုရားသခင် မြင်ရန်အတွက် ယင်းကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိထားခြင်း မရှိခြင်း၊ ဘုရားသခင်အပေါ် မည်သည့် ရုပ်ဖျက်မှု၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်မှုကိုမျှ အသုံးမပြုခြင်း၊ ထိုနည်းတူ အခြားလူများနှင့်လည်း ပွင့်လင်းရိုးသားခြင်းကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် အလင်းထဲတွင် အသက်ရှင်လိမ့်မည်။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက အခြားလူများကလည်း သင်၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှု ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ကျွန်မတို့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်တွေက ထောက်ပြထားတယ်။ ကျွန်မတို့ဟာ ဘုရားသခင်ရဲ့ စိစစ်မှုကို လက်ခံရမယ်၊ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် မရိုးသားတဲ့ နည်းလမ်းတွေ၊ လှည့်ကွက်တွေကို မသုံးရဘူး။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ရမယ်၊ ပြီးတော့ ကိုယ်နားမလည်တဲ့၊ ဒါမှမဟုတ် မလုပ်နိုင်တဲ့ အရာတွေနဲ့ ပတ်သက်ပြီး ချက်ချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ရှာဖွေရမယ်။ သေချာမလုပ်ရသေးတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး ဖုံးကွယ်တာမျိုး၊ ဟန်ဆောင်တာမျိုး မလုပ်ရဘူး၊ ပြီးတော့ အလုပ်အတွက် အကျိုးအရှိဆုံးဖြစ်မယ့် နည်းလမ်းအတိုင်း လုပ်ဆောင်ရမယ်။ ဒီလိုနည်းနဲ့ဆိုရင်၊ ကိုယ်တိုင် ကျင့်ကြံပြုမူရတာ မပင်ပန်းတော့သလို၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါမှာလည်း ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရနိုင်ပါတယ်။
နောက်ပိုင်းမှာ၊ ခေါင်းဆောင်တွေက အလုပ်အကြောင်း လာမေးတာပဲဖြစ်ဖြစ်၊ အလုပ်ကို နောက်ဆက်တွဲလိုက်ဖို့ စာပို့လာတာပဲဖြစ်ဖြစ်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပုန်ကန်ဖို့နဲ့ မှန်ကန်တဲ့ သဘောထား ထားဖို့ ကျွန်မ အမြဲ သတိရှိရှိ ကြိုးစားခဲ့တယ်။ တစ်ခါတုန်းက၊ အထက်ခေါင်းဆောင်တွေက စာတစ်စောင် ပို့လိုက်တယ်၊ အလုပ်အကြောင်းအရာ တချို့ကို အစီရင်ခံဖို့နဲ့၊ ရလဒ်ကောင်းကောင်းမရတဲ့ အလုပ်တွေရှိရင် အကြောင်းရင်းကို ရှင်းပြရမယ်ဆိုပြီး တောင်းဆိုထားတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က၊ သန့်စင်တဲ့အလုပ်ကို အကောင်အထည်ဖော်ဖို့ ငါ အလုပ်များနေခဲ့တာ။ တခြားအလုပ်တွေကို နောက်ဆက်တွဲလိုက်ဖို့ အခွင့်အရေး မရခဲ့ဘူး။ အသင်းတော်တွေထဲက တစ်ခုမှာ ခေါင်းဆောင်တွေ လိုအပ်နေတယ်၊ ဒါပေမဲ့ ဘာရွေးကောက်ပွဲမှ မလုပ်ရသေးဘူး။ ရေလောင်းခြင်းအလုပ်နဲ့ ဧဝံဂေလိအလုပ်ကိုလည်း သေသေချာချာ နောက်ဆက်တွဲမလိုက်ဖြစ်ခဲ့ဘူး။ အလုပ်ရဲ့ ဒီအပိုင်းတွေမှာ ဘယ်လိုဖြစ်နေလဲဆိုတာ ငါ သိပ်မသိဘူး။ မလုပ်ရသေးတဲ့ အလုပ်တွေ အများကြီးရှိနေတာ၊ ငါ ဘယ်လိုလုပ် အစီရင်ခံစာ တင်နိုင်မှာလဲ။ ခေါင်းဆောင်တွေ သိသွားရင်၊ ငါက တကယ့်အလုပ်မလုပ်ဘူး၊ ဒီအလုပ်ကို မလုပ်နိုင်ဘူးလို့ ပြောကြမလား။ မလုပ်ရသေးတဲ့ အလုပ်တွေကို လောလောဆယ် အစီရင်ခံမနေဘဲ၊ အဲဒါတွေ ပြီးသွားမှပဲ အစီရင်ခံလိုက်ရင်ရော” ပေါ့။ အဲဒီတော့မှ စိတ်ပြောင်းသွားပြီး တွေးမိတယ်၊ “ဒါက မှားနေပြီလေ။ ငါက အဖြစ်မှန်တွေကို ဖုံးကွယ်ဖို့၊ လှည့်ဖြားတာတွေနဲ့ လှည့်ကွက်တွေ သုံးဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား” ပေါ့။ အဲဒီအချိန်မှာ၊ ကျွန်မရဲ့ အခြေအနေ မမှန်ဘူးဆိုတာကို သဘောပေါက်သွားတယ်။ ဘုရားသခင်ဆီကို အမြန်ဆုတောင်းလိုက်တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏နှလုံးသည် တည့်မတ်လာလိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) အဲဒါ မှန်ပါတယ်။ ဘုရားသခင်က ကျွန်မတို့ကို ဘုရားသခင်ရှေ့မှာ အရာအားလုံး လုပ်ဆောင်ဖို့နဲ့ ဘုရားသခင်ရဲ့ စိစစ်မှုကို လက်ခံဖို့ တောင်းဆိုထားတာပါ။ လူတွေရဲ့ ချီးမွမ်းတာကို ခံရဖို့အတွက်၊ လူတွေရှေ့မှာပဲ အလုပ်လုပ်ပြီး၊ လှည့်ဖြားတာတွေနဲ့ လှည့်ကွက်တွေကို ကျွန်မ ဆက်သုံးနေလို့ မရတော့ဘူး။ အဲဒါက ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေပါတယ်။ တခြားသူတွေ ကျွန်မကို ဘယ်လိုပဲထင်ပါစေ၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ရိုးသားတဲ့သူတစ်ဦးဖြစ်အောင် ကျွန်မ လက်တွေ့လုပ်ဆောင်ရမယ်။ ကိစ္စတွေက ရှင်းလင်းပြတ်သားပြီး အဖြစ်မှန်တွေအတိုင်း ကွက်တိဖြစ်နေရမယ်။ အဲဒါမှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတာပါ။ အဲဒီနောက် ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သမီး အလုပ်တချို့ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး၊ ပြီးတော့ အဲဒါကို အစီရင်မခံဘဲ ဖုံးကွယ်ထားချင်နေပါတယ်။ သိက္ခာနဲ့ အဆင့်အတန်းကို စွန့်လွှတ်နိုင်ဖို့၊ ရိုးသားတဲ့သူတစ်ဦးဖြစ်အောင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့၊ ခေါင်းဆောင်တွေဆီ အခြေအနေကို အမှန်အတိုင်း အစီရင်ခံနိုင်ဖို့ သမီးကို ဦးဆောင်ပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ အသင်းတော်ရဲ့ အလုပ်အမျိုးမျိုးနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အမှန်တိုင်းရေးပြီး ခေါင်းဆောင်တွေဆီ ပို့ပေးလိုက်တယ်။ အဲဒီနောက်မှာ၊ ကိုယ့်ရဲ့ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို အမြန်ဆုံး အကျဉ်းချုပ်လိုက်ပြီး၊ ဒီအလုပ်တွေကို နောက်ဆက်တွဲ ဆက်လိုက်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ နောက်ဆုံးမှာတော့၊ မပြီးသေးတဲ့ အလုပ်တွေအားလုံးကို ကျွန်မ အကောင်အထည်ဖော်ပြီးစီးခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တဲ့အတွက်၊ ကျွန်မစိတ်ထဲမှာ အရမ်းကို အေးချမ်းသွားတယ်။ နောက်ပိုင်းမှာ၊ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်တွေက အလုပ်တချို့ကို အချိန်မီ အကောင်အထည်မဖော်ဖြစ်ခဲ့ဘူး။ ခေါင်းဆောင်တွေရဲ့ အဆက်မပြတ် နောက်ဆက်တွဲလိုက်တာတွေနဲ့ ကြီးကြပ်မှုတွေကြောင့်သာ၊ အလုပ်တွေကို ကျွန်မ အမြန်ဆုံးလုပ်ဖို့နဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ သူတို့ တိုက်တွန်းပေးနိုင်ခဲ့တာပါ။ ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို တွေ့တဲ့အခါမှာလည်း၊ ခေါင်းဆောင်တွေဆီ ချက်ချင်း အစီရင်ခံခဲ့တယ်၊ သူတို့ကလည်း လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ထောက်ပြပေးတာပေါ့။ သူတို့က ကျွန်မအလုပ်မှာ လမ်းညွှန်မှုတွေနဲ့ အကူအညီတွေ အများကြီး ပေးခဲ့ပါတယ်။ အခုတော့၊ ခေါင်းဆောင်တွေက ကျွန်မအလုပ်ကို နောက်ဆက်တွဲလိုက်ပြီး ကြီးကြပ်တာကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လက်ခံနေပါပြီ။
ဒီထုတ်ဖော်မှုကနေတစ်ဆင့်၊ ကျွန်မရဲ့ သဘာဝမှာ သမ္မာတရားကို မချစ်မြတ်နိုးဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ဆိုရင်၊ လိမ်ညာတာ၊ လှည့်ကွက်တွေသုံးတာ၊ အလုပ်ထဲက အားနည်းချက်တွေကို ဖုံးကွယ်တာတွေကိုတောင် လုပ်နိုင်ပြီး ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုကို ရှောင်လွှဲနိုင်ခဲ့တယ်။ ကျွန်မက အန္တိခရစ်များရဲ့ လမ်းကြောင်းပေါ် လျှောက်နေခဲ့တာ။ တစ်ချိန်တည်းမှာပဲ၊ ခေါင်းဆောင်တွေ အမှုဆောင်တွေရဲ့ ကြီးကြပ်မှုမပါဘဲ ကိုယ့်တာဝန်ကို ထမ်းဆောင်မယ်ဆိုရင်၊ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာကိုလည်း ကျွန်မ သဘောပေါက်သွားတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ ကြီးကြပ်တဲ့အလုပ်က ကျွန်မအတွက် အရမ်း အကျိုးရှိခဲ့ပါတယ်။