မျက်နှာဖုံးအား ချွတ်ခြင်း

23.01.2022

ထင််းဟွာ ပြင်သစ်နိုင်ငံ

ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ တာဝန် စထမ်းဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းကပေါ့၊ အစ်မရဲ့အတွေ့အကြုံနဲ့ တော်တော်လေးတူတဲ့ အတွေ့အကြုံမျိုး ကျွန်မကြုံခဲ့ရတယ်။ အစတုန်းက၊ ကျွန်မက ပြင်သစ်စကားပြောပြီး အဖွဲ့ဝင်အသစ် တွေနဲ့ တိုက်ရိုက်ဆက်သွယ်စကားပြောနိုင်တော့၊ ကျွန်မနဲ့အတူလုပ်ကိုင်တဲ့ ညီမတချို့က ဘာသာပြန်တာနဲ့ပတ်သက်ပြီး လာအကူအညီ တောင်းကြသလို မေးခွန်းတစ်ခုခု ဒါမှမဟုတ် တခြားအခက်အခဲတွေ ရှိရင်လည်း သူတို့က ကျွန်မကို အကူအညီတောင်း ကြတယ်။ ယုံကြည်သူအသစ် အသင်းတော်မှာ၊ မိတ်သဟာယဖွဲ့ဖို့ ဘယ်အဖွဲ့ကိုပဲ ကျွန်မသွားသွား၊ လူတိုင်းက အာရုံစူးစိုက်ပြီး နားထောင်ကြသလို၊ ကျွန်မ ပြောပြီးသွားရင်လည်း အရမ်းအထောက်အကူ ဖြစ်တယ်လို့ သူတို့ အမြဲပြောကြတယ်။ ကျွန်မနဲ့တွဲလုပ်တဲ့ညီမတွေနဲ့ ယှဉ်လိုက်ရင်၊ ကျွန်မ က ဘာသာစကားပိုကျွမ်းကျင်ပြီး၊ လူသစ်တွေနဲ့ ယှဉ်လိုက်ရင်လည်း ကျွန်မက သမ္မာတရား တွေအကြောင်း မိတ်သဟာယဖွဲ့နိုင် တော့၊ အဲဒါက ကျွန်မဟာ အစားထိုးလို့မရတဲ့ အဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်တဲ့သဘောပဲလို့ ထင်ခဲ့မိတယ်။ ဒါ ကျွန်မရဲ့ဝင့်ဝါမှုကို ဖြည့်ဆည်းပေးတာပဲ။ ဒါပေမယ့် ရလဒ်အနေနဲ့၊ လူတိုင်း ကျွန်မကို အထင်ကြီးအောင် ကျွန်မ အမြဲ ကြိုးစားနေခဲ့တယ်။ ညီအစ်ကို မောင်နှမတစ်ယောက်က မေးခွန်းတွေ မေးတိုင်းမှာ၊ ကျွန်မက အဖြေကို မသိတာ သိသာနေရင်တောင်၊ ကျွန်မ သိချင်ယောင်ဆောင်ခဲ့တယ်။

ဒီတစ်ချိန်ကို ကျွန်မ တိရမိတယ်၊ စီမံကိန်း တစ်ခု အကောင်အထည်ဖော်ဖို့အတွက် မိတ်သဟာယဖွဲ့ဖို့ အဖွဲ့တစ်ဖွဲ့ဆီ ကျွန်မသွားခဲ့တာပေါ့။ အစ်ကိုတစ်ယောက်က ကျွန်မကို မေးခွန်းတစ်ခု မေးတယ်၊ ဒါပေမဲ့ ဒီအလုပ်ကိုလုပ်တာ ကျွန်မရဲ့ပထမဆုံး အကြိမ်ဖြစ်တဲ့အတွက်၊ သီးခြားလက်တွေ့လုပ်ဆောင်ရမယ့် မူတွေ၊ သတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်မ သိပ်မသေချာခဲ့သလို ဘယ်လိုပြန်ဖြေရမယ်ဆိုတာ မသိခဲ့ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမြဲစဉ်းစားနေမိတာက- “ငါမသိဘူးလို့ ပြောလိုက်ရင် ဒီအစ်ကိုက ငါ့ကို အထင်သေးသွားမလား။ ငါက သူ့ထက်အရင် ဘုရားသခင်ကို အချိန်အကြာ ကြီးပိုပြီး ယုံကြည်ခဲ့ပေမဲ့၊ ဒီလိုမေးခွန်းလေးကိုတောင် မဖြေနိုင်တော့ ငါက သမ္မာတရားကို နားမလည်ဘူးလို့ သူ ထင်သွားမ လား။ အဲဒါဆို တော်တော်ရှက်စရာကောင်းမှာ။ တခြားညီအစ်ကို မောင်နှမတွေကလည်း ငါ့ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆက်ပြီးလက်ခံ ပါတော့မလား။ ဘာပဲဖြစ်ဖြစ်၊ ငါနားမလည်ဘူးဆိုတာ လူတိုင်းကို ပေးသိလို့ မဖြစ်ဘူး” လို့ပေါ့။ စိတ်ထဲမှာ အဲဒီအတွေးတွေနဲ့၊ ကျွန်မ တည်ငြိမ်တဲ့ အသွင်ဆောင်ပြီး ကျွန်မခေါင်းထဲပေါ်လာတဲ့ အယူဝါဒတချို့ကို ပြောလိုက်မယ်။ ကျွန်မရဲ့အဖြေကို သူမကျေနပ်ဘူးဆိုတာကို ကျွန်မ ပြောလို့ရတယ်။ ကျွန်မ နည်းနည်းအပြစ်ရှိသလို ခံစားရတယ်— ဒီအစ်ကိုကို ကျွန်မလှည့်စားနေတာ မဟုတ်ဘူး လား။ ဒါပေမယ့် ကျွန်မသိက္ခာမကျအောင်လို့၊ သူ့ကို အမှန်မပြောပြလိုက်ဘူး။ နောက်တစ်ကြိမ်မှာ၊ တာဝန်တွေ ပိုပြီးထိရောက်အောင် ဖြည့်ဆည်းနိုင်ဖို့ အတွက် အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲလို့ အစ်ကိုတစ်ယောက်က ကျွန်မကို မေးတယ်။ အဲဒါက သူ့ကို တော်တော်လေးဒုက္ခပေးနေပြီး သူ တကယ်ကိုအကူအညီလိုတယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ သူ့ကို ဘယ်လိုကူညီရမယ်ဆိုတာ ကျွန်မ မသိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင်လည်း အဲဒီအခက်အခဲနဲ့ ရင်ဆိုင်နေရလို့ပဲ။ ကျွန်မလည်း ကိုယ့်အချိန်ကို ကောင်းကောင်း မစီမံမခန့်ခွဲတတ်သလို၊ အချိန်က မလုံလောက်ဘူး လို့ ကျွန်မ မကြာခဏ ခံစားရတယ်။ ဒါပေမဲ့ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တာတောင် သူ့ရဲ့ပြဿနာမျိုး ကျွန်မမှာလည်း ရှိတယ်ဆိုတာ ကျွန်မ သူ့ကို ပေးသိလိုက်ရင်၊ သူ ကျွန်မကို အထင်သေးသွားမလား။ ကျွန်မက သူနားလည်တာထက် ပိုနားမလည်ဘူး လို့ သူ ထင်သွားမလား။ သူ့စိတ်ထဲမှာရှိတဲ့ ကျွန်မအပေါ်အမြင် ပျက်စီးသွား မလား။ အချိန်စီမံခန့်ခွဲမှုသီအိုရီတချို့ကို ကျွန်မ သူ့ကို ပြောပြလိုက်ပြီး လက်တွေ့လုပ်ဆောင်ရာမှာ ကျွန်မကိုယ်တိုင် ကျင့်သုံးတယ်လို့ သူ့ကို ယုံစေခဲ့တယ်။ အဲဒီနောက် သူ ဘာမှမပြောတော့ဘူး၊ ပြီးတော့ ကျွန်မရဲ့မိတ်သဟာယဖွဲ့မှုက သူ့အတွက် အထောက်အကူပြု၊ မပြုဆိုတာကိုလည်း ကျွန်မ မစုံစမ်းတော့ဘူး။ သူက ကျွန်မကို မေးခွန်းတွေ ပိုပြီးအသေးစိတ်မေး မှာ ကျွန်မ စိုးရိမ်တယ်၊ ကျွန်မ မဖြေနိုင်ခဲ့ရင် ကျွန်မအတွက် တကယ်ကို ရှက်စရာကောင်းမှာပဲ လေ။ ဒါကြောင့် သူ့ရဲ့ပြဿနာကို ကျွန်မ အဲဒီလိုပဲ ဖော့ပြောလိုက်တယ်။ ကျွန်မကိုယ်တိုင်လည်း အဲဒီလိုပဲ အခြေအနေ သိပ်မကောင်းတဲ့အခါတွေ ရှိခဲ့တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ တွဲပြီးအလုပ်လုပ်ရင်းနဲ့ ဖောက်ပြန်တဲ့စိတ်သဘောထားတချို့ကို ကျွန်မ ထုတ်ဖော်ပြခဲ့တယ်၊ ဒါပေမဲ့ တွေ့ဆုံပွဲတွေအတောအတွင်းမှာတော့ အဲဒါတွေအကြောင်း ရိုးရိုးသားမပြောဘဲ ကျွန်မ ရှောင်ရှားခဲ့တယ်။ ကျွန်မက သမ္မာတရားကို နားလည်ပြီး သူတို့ထက် ယုံကြည်မှုပိုရှိပြီး ဝိညာဉ်ရင့်ကျက်မှုပိုရှိတယ်လို့ သူတို့ထင်အောင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအပေါ် တိုက်ရိုက်နားလည်မှုတချို့အကြောင်းကိုပဲ ကျွန်မ ပြောခဲ့ပြီး အနှစ်သာရမရှိတဲ့ အယူဝါဒတချို့ကိုပဲ ကျွန်မ မိတ်သဟာယဖွဲ့ခဲ့တယ်၊ တစ်ကြိမ်မှာ ကျွန်မခွန်အားပေးခဲ့တဲ့ ညီမတစ်ယောက်က ကျွန်မကို အသိပေးစာတစ် စောင် လှမ်းပို့ပြီး ကျွန်မတို့ အရင်က လုပ်လေ့ရှိခဲ့တဲ့ တွေ့ဆုံပွဲတွေကို သူ သတိရတယ်လို့ ရေးထားတယ်။ ပုံမှန်အားဖြင့် ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ အပြန်အလှန်ဆက်ဆံတဲ့အခါမှာ၊ နှုတ်အားဖြင့်ရော၊ အမူအယာအားဖြင့်ပါ ဆက်သွယ်တဲ့ပုံစံ နှစ်မျိုးစလုံးကနေ ကျွန်မ ပြောနိုင်တာက သူတို့က ကျွန်မကို အထင်ကြီးပြီးလေးစားကြ တယ်။ အသင်းတော်မှာ ကျွန်မအနေနဲ့ အရေးကြီးတဲ့လူ တစ်ယောက်ဖြစ်နေသလို ခံစားရတာ ကျွန်မ တကယ်ကို ပျော်ရွှင်နှစ်သက်ရသလို၊ လူတိုင်းက ကျွန်မကို ဆက်အထင်ကြီးပြီး ထောက်ခံအားပေးကြမယ်လို့တောင် ကျွန်မ မျှော်လင့်ခဲ့တယ်။ တစ်ခါတစ်လေ ကျွန်မအနေနဲ့ လေးစားထိုက်သူတစ်ယောက်အနေနဲ့ အမြဲဟန်ဆောင်နေရတာကို စဉ်းစားပြီး သိပ်သက်သောင့်သက်သာ မရှိခဲ့ဘူး။ ကျွန်မဟာ လူတွေ ကျွန်မကို ကိုးကွယ်အောင် ကျွန်မရှေ့မှောက်ကို ခေါ်နေတာလားပေါ့။ ဒါပေမဲ့ အဲဒီအတွေးဟာ ရံဖန်ရံခါသာ ကျွန်မစိတ်ထဲကို ဝင်လာပြီး၊ ကျွန်မ သိပ်အာရုံ မစိုက်ခဲ့ဘူး။

အောက်တိုဘာလ အစောပိုင်း မနက်ခင်းတစ်ခုမှာ၊ ကျွန်မရဲ့လုပ်ဖော်ကိုင်ဘက်ညီမတစ်ယောက်နဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင်တစ်ယောက်နဲ့အတူ အလုပ်အကြောင်း ဆွေးနွေးကြတယ်။ အဲဒီညီမက အဖွဲ့ခေါင်းဆောင်ကို ကျွန်မတို့ရဲ့နေ့စဉ်တာဝန်တွေ ထမ်းဆောင်တဲ့အခါ မှာ ကျွန်မတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေနဲ့အားနည်း ချက်တွေအကြောင်းပြောခိုင်းတယ်။ “အစ်မတို့တရုတ်လူမျိုး ညီအစ်ကို မောင်နှမတွေကို ကျွန်မတကယ်ကိုးကွယ်တယ်၊ အထူးသဖြင့် အစ်မကိုပေါ့။ မကြာခဏဆိုသလို အစ်မပြောတဲ့စကားတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထက်တောင် ပိုပြီးအရေးကြီး တယ်လို့ ကျွန်မ ထင်မိတယ်။ အစ်မပြောတာပဲ ကျွန်မ နားထောင်ချင်တယ်” လို့ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပြောတော့ ကျွန်မ တကယ်ကို အံ့ဩသွားတယ်။ အဲဒါကို ကြားတဲ့အခါမှာ ကျွန်မ ရင်ခုန်မိပြီး မျက်နှာလည်း ပူထူလာတယ်။ ပြီးတော့ သူက ဆက်ပြောတယ်၊ “လူတွေကို ကိုးကွယ်တယ်ဆိုတာ မှားမှန်း ကျွန်မ သိတယ်၊ ဒါပေမဲ့ ကျွန်မအနေနဲ့ အစ်မကိုသိတာ တစ်နှစ်ရှိခဲ့ပြီး အစ်မမှာ ဖောက်ပြန်ပျက်စီးတာတွေ၊ အခက်အခဲ တွေ ဒါမှမဟုတ် အားနည်းချက်တွေ တစ်ခုမှ ကျွန်မ မတွေ့ရဘူး။ အစ်မမှာ ဖောက်ပြန်ပျက်စီးတာတစ်ခုမှ မရှိဘဲ၊ လုံးဝပြည့်စုံတယ်လို့ ကျွန်မ ထင်တယ်။ ဒါကြောင့် အစ်မကို ကျွန်မ အထင်ကြီးပြီး မလေးစားဘဲ မနေနိုင်ဘူး” တဲ့။ အဲဒီလိုကြားလိုက်ရတဲ့အခါမှာ ကျွန်မ အံဩပြီး လန့်သွားတယ်။ ကျွန်မ မိနစ်အနည်းငယ် ဘာမှပြန်မပြောနိုင်ဘဲ နေပြီးမှ အဖွဲ့ခေါင်းဆောင်ရဲ့မှတ်ချက်တွေကို ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်ညီမကို ဘာသာပြန်ပေး လိုက်ပြီး၊ တစ်ချိန်လုံး ထစ်ငေါ့ထစ်ငေါ့ဖြစ်နေ တယ်။ ပြီးတော့ သူက သူရှိခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့ အဖွဲ့ခေါင်းဆောင်နဲ့ မိတ်သဟာယဖွဲ့တယ်။ ကျွန်မကတော့ ဘာပြောရမှန်းမသိတော့ ဘာသာပြန်တာနဲ့ပဲ ကူညီပေးလိုက်တယ်။ တွေ့ဆုံပွဲက အဲဒီလိုကိုးရိုးကားရားနဲ့ပဲ ပြီးသွားတယ်။

နောက်တော့ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး ချည့်နဲ့သွားတယ်လို့ ခံစားလိုက်ရတယ်။ အစ်မရဲ့စကားတွေက ကျွန်မခေါင်းထဲမှာ ပဲ့တင်ထပ်သလို အဆက်မပြတ်ကြားနေရတယ်၊ အထူးသဖြင့် ကျွန်မ ဖောက်ပြန်ပျက်စီးတာ မတွေ့ဖူးဘူး ဆိုတာရယ်၊ ကျွန်မက ပြည်စုံပုံပေါ်ပြီး သူက ကျွန်မကို ကိုးကွယ်တယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မရဲ့စကားတွေက ဘုရားသခင် ပြောတာတွေထက်တောင် ပိုအရေးကြီးတယ်လို့ သူထင်တယ်ဆိုတဲ့အပိုင်းတွေကိုပေါ့။ အစကတော့ ကျွန်မကိုကျွန်မ နားမလည်ဘဲ၊ ကျွန်မကို လုံးဝအထင်မှားတယ်လို့ ခံစားရပြီး၊ တကယ်ကိုလန့်သွားတယ်။ သူပြောတာတွေက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မရဲ့စကားတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေလို သဘောထားဖို့ ကျွန်မ သူ့ကို တစ်ခါမှ မပြောခဲ့ဘူး။ သူ အဲဒီလိုပြောလိုက်တော့ ပြဿနာရဲ့ သဘောသဘာဝက အရမ်းစိုးရိမ်စရာ မကောင်းဘူးလား။ သူ့ကို ကျွန်မရှေ့မှောက်ခေါ်လိုက်ပြီး ကျွန်မ အန္တိခရစ် တစ်ယောက် ဖြစ်မသွားဘူးလား။ အဲဒီနေ့လည်မှာ ကျွန်မ တခြားဘာကိုမှ မစဉ်းစား နိုင်ဘဲ ခေါင်းထဲမှာ အဲဒီအချိန်ကိုပဲ ထပ်ခါတလဲလဲ ပြန်စဉ်းစားနေမိတယ်။ ပြီးတော့ ဘုရားသခင်ရှေ့မှောက်လာပြီး ကျွန်မ ဆုတောင်းပြီး ရှာဖွေတယ်- “ဘုရားသခင်၊ ဒီနေ့ အဲဒီအစ်မပြောတာတွေ စဉ်းစားပြီးတော့ ကျွန်မ နာကျင်ပြီးလန့်နေမိ တယ်။ သူ ကျွန်မအပေါ် အဲဒီလိုတွေးမယ်လို့ ကျွန်မ တစ်ခါမှ မထင်ခဲ့မိဘူး။ အို ဘုရားသခင်၊ ဘယ်လိုလုပ်ပြီး ဒီအခြေအနေ ရောက်သွားလဲ ကျွန်မ မသိဘူး။ အခုထက်ထိ ကျွန်မကိုကျွန်မ နားမလည်ဘူး။ ကျွန်မကိုကျွန်မ သိဖို့ ကျေးဇူးပြု၍ ကျွန်မကို ဦးဆောင်ပြီးလမ်းပြပေးပါ။ ကျွန်မ နောင်တရပြီး ကိုယ်တော်မုန်းတဲ့အရာတွေ ကို လုပ်နေတာရပ်ဖို့ လိုလားလျှက်ရှိပါတယ်” လို့ပေါ့။ တစ်မနက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေရဲ့ စာပိုဒ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “အခြေအနေမှာ မည်သို့ဖြစ်ပါစေ၊ ၎င်းတို့၏တာဝန်ကို ၎င်းတို့ မည်သည့်နေရာတွင် ထမ်းဆောင်ပါစေ၊ အန္တိခရစ်သည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ၊ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ လုံးဝ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ၎င်းတို့၏ စစ်မှန်သောအမြင်ရှုထောင့်ကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မထုတ်ဖော်ပေ။ ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင်၊ ၎င်းတို့ လုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့သည် အားမနည်းကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်း မထွက်လာကြောင်း အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး ဂုဏ်သရေရှိသည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး မှောင်မိုက်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ အခြားသူများရှေ့တွင် သိက္ခာရှိဖို့၊ ဤလူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့်‌ နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို ဖွင့်ဟလျှင်၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်ကို ထုတ်ဖော်ပြလျှင်၊ ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ကြီးလေးသော ခြိမ်းခြောက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး— ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့၏အားနည်းချက်နှင့် ပုန်ကန်လိုစိတ်တို့ကို စိတ်ထဲတွင်သာ ထားရှိလိုကြသည်။ ပြီးလျှင် လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်၊ ၎င်းတို့က ဆက်လက် ဟန်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ သေးငယ်ပြီး အရေးမပါသောသူတစ်ဦးဖြစ်ခြင်းကို ဝန်ခံလျှင်၊ လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးပြီး လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ၊ လူများကို ၎င်းတို့ ဖွင့်မပြောနိုင်ကြချေ။ မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ မပေးနိုင်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ၊ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)”)လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဟန်ဆောင်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးနှင့် အပြည့်စုံဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ၊ ယင်းက အဘယ်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်၊ ဆိုးယုတ်သည့်အရာတစ်ခုဖြစ်သည်။...ဤအရာများကို သတိမပြုမိသည့်သူများသည် မိမိတို့၏ကိုယ်ပိုင် အမှားများ၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော အခြေအနေများကို မည်သည့်အခါမျှ ထုတ်ဖော် မပြောကြသကဲ့သို့၊ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းကိုလည်း မည်သည့်အခါမျှ မပြောကြချေ။ ၎င်းတို့က အဘယ်အရာကို ပြောသနည်း။ ‘ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သည်။ ကျွန်ုပ် တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ၊ သင်တို့က ကျွန်ုပ် အဘယ်အရာကို တွေးနေသည်ကိုလည်းကောင်း၊ ကျွန်ုပ် အဘယ်အရာကို စဉ်းစားဆင်ခြင်သည်ကိုလည်းကောင်း၊ ကျွန်ုပ် အဘယ်အရာကို ပြုလေ့ရှိသည်ကိုလည်းကောင်း သင်တို့ မသိကြ’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထား တစ်ခု ဖြစ်သလော။ မာနထောင်လွှားသော စိတ်သဘောထား၏ အဓိက ထင်ရှားသောလက္ခဏာမှာ အဘယ်နည်း။ ၎င်းတို့ စွမ်းဆောင်ရရှိလိုသည့် ပန်းတိုင်မှာ အဘယ်နည်း။ (လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့ ဖြစ်သည်။) လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်း၏ ရည်ရွယ်ချက်မှာ ဤလူများ၏ စိတ်များထဲတွင် ၎င်းတို့အား ဂုဏ်အဆင့်အတန်း ပေးစေဖို့ဖြစ်သည်။ တစ်စုံတစ်ဦး၏ စိတ်ထဲတွင် သင်သည် ဂုဏ်အဆင့်အတန်းရှိသည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်၊ ၎င်းတို့သည် သင့်အပေါ် အစဉ် လေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ သင့်အား မြှောက်ပင့်ကြပြီး သင့်ကို နာကျင်စေသည့်အရာ တစ်စုံတစ်ခုကို မည်သည့်အခါမျှ မပြောကြဘဲ၊ အရာအားလုံးကို သင်နှင့် ဆွေးနွေးကြသည်။ အမှန်တွင် ဤအရာများအားလုံးသည် သင့်အဖို့ အကျိုးရှိသည် မဟုတ်လော။ ယင်းသည် လူများ ဆန္ဒရှိသည့်အရာ အတိအကျဖြစ်သည်။...အခြားသူများက ၎င်းတို့အား ပြီးပြည့်စုံသည်ဟု တွေးထင်စေဖို့အလို့ငှာ၊ ၎င်းတို့က လူများကို တစ်ပတ်ရိုက်သည့်အခါ၊ ၎င်းတို့ ဟန်ပြလုပ်ဆောင်သည့်အခါ၊ ၎င်းတို့ ဖုံးဖိဖာထေးသည့်အခါ၊ အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို တန်ဆာဆင်မွမ်းမံသည့်အခါ၊ ၎င်းတို့၏ ရည်မှန်းချက်မှာ ဂုဏ်အဆင့်အတန်း၏ အယောင်ဆောင် အဆင်တန်ဆာများကို ပျော်မွေ့ဖို့ဖြစ်သည်။ သင်သည် ဤအရာကို မယုံကြည်ပါက၊ ယင်းကို သေချာစွာ တွေးတောဆင်ခြင်လော့။ သင်သည် အဘယ့်ကြောင့် လူများအား သင့်ကို အစဉ် အထင်ကြီးစေချင်ရသနည်း။ သင် အလွန် အားစိုက်ခွန်စိုက် လိုက်စားသည့် ဂုဏ်အဆင့်အတန်းသည် သင့်ကို အဘယ်အရာကိုသာ ဆောင်ကြဉ်းပေးမည်နည်း။ ယင်းက သင့်အတွက် ကောင်းသည်၊ ယင်းက သင့်ကို အကျိုးကျေးဇူးနှင့် သင် ပျော်မွေ့ခံစားနိုင်သည့် အရာများ ဆောင်ကြဉ်းပေးလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) အန္တိခရစ်ရဲ့ စိတ်သဘောထားဟာ အထူးသဖြင့် မာနထောင်လွှားပြီး ဆိုးယုတ်တယ်ဆိုတာကို ဘုရားသခင်က ထုတ်ဖော်ပြတာပဲ။ သူတို့ရဲ့အဆင့်အတန်းနဲ့ပုံရိပ်ကို လူတွေကြားမှာ ထိန်းသိမ်းဖို့အတွက် နည်းမျိုးစုံနဲ့ သူတို့ မျက်နှာဖုံး တပ်ကြလိမ့်မယ်။ သူတို့ရဲ့ဖောက်ပြန်ပျက်စီးမှု၊ အားနည်းမှု ဒါမှမဟုတ် အပျက်သဘောဆောင်မှုတွေကို တခြားသူတွေကို လုံးဝတွေ့ခွင့်မပေးဘူး၊ ဒါပေမယ့် လူတွေရဲ့စိတ်တွေထဲမှာ ဂုဏ်ဒြပ်ကို အမြဲလိုလားစေပြီး ဂုဏ်ဒြပ်ရဲ့အကျိုးအမြတ်တွေ ကို ယစ်မူးကြတယ်။ ကျွန်မရဲ့ စိတ်သဘောထားက ဘုရားသခင် ဖော်ထုတ်တဲ့အတိုင်း အန္တိခရစ်တွေနဲ့ အတူတူပဲ ဆိုတာကို ကျွန်မ တွေ့လိုက်ရတယ်။ ယုံကြည်သူသစ်အသင်းတော်မှာ ခေါင်းဆောင် တစ်ယောက်ဖြစ်လာကတည်းက၊ ကျွန်မရဲ့ဂုဏ်ဒြပ်နဲ့ပုံရိပ်ကို ကာကွယ်ဖို့ အချိန်တိုင်း ကျွန်မကိုကျွန်မ ဟန်ဆောင်ခဲ့ပြီး၊ လေးစားခံရပြီး ကိုးကွယ်ခံရတဲ့ ခံစားချက်ကို နှစ်သက်ခဲ့တယ်။ ကျွန်မက သူတို့ကို ကူညီနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို မေးခွန်းတွေမေးပေမယ့်၊ ကျွန်မက အဖြေကို သိချင်ယောင်ပဲ ဆောင်ခဲ့တယ်။ သူတို့ကို နှပ်ချဖို့သက်သက် ကျွန်မက အနှစ်သာရ မရှိတဲ့ အယူဝါဒတချို့ကို ပြောလွှတ်လိုက်တယ်။ တစ်ခါတစ်လေ၊ ညီအစ်ကို မောင်နှမတွေနဲ့ တွဲလုပ်တဲ့အခါ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားက ပေါ်ထွက်လာပေမယ့်၊ မိတ်သဟာယအတောအတွင်းမှာ လူတိုင်းက ကျွန်မကို အထင်သေးပြီး၊ နှစ်ပေါင်းများစွာ ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ သူတို့လို ဘယ်လိုဖြစ်ပြီး ဖောက်ပြန်ပျက်စီး နိုင်ရသေးတာလဲလို့ တွေးကြမှာစိုးလို့၊ ကျွန်မရဲ့အခြေအနေမှန်အကြောင်းပြောဖို့ ကျွန်မ အမြဲရှောင်ရှားခဲ့တယ်။ ကျွန်မရဲ့ စစ်မှန်တဲ့အနေအထားနဲ့ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေကို လုံးဝမဖွင့်ဟသလောက် ပဲ၊ ဒါမှမဟုတ် ကျွန်မ တကယ် ဘာကိုခံစားနေရတယ်ဆိုတာကို မပြောသလောက်ပဲ။ သူတို့ရဲ့ပြဿနာတွေကို အမှန်တကယ် အထောက်အကူပြု၊ မပြုနဲ့ ကျွန်မရဲ့မိတ်သဟာယဖွဲ့မှုက သူတို့အပေါ် အကျိုးရှိ၊ မရှိ ကျွန်မ ထည့်မစဉ်းစားဘဲ လူတွေကို လှည့်စားဖို့အတွက် အယူဝါဒတချို့ကိုပဲ ကျွန်မ လျှောက်ပြောခဲ့တယ်။ ကျွန်မရဲ့ကိုယ်ပိုင်ဂုဏ်ဒြပ်နဲ့ လူတိုင်းရဲ့လေးစားမှု ကို ထိန်းသိမ်းဖို့ပဲ ကျွန်မလိုလားခဲ့တယ်။ ကျွန်မက စက်ဆုပ်ဖွယ်ကောင်းပြီး ဆိုးယုတ် တယ်။ ကျွန်မတို့ရဲ့ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်း ချက်တွေကို ညီအစ်ကို မောင်နှမတွေ မမြင်နိုင် အောင် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အမြဲဟန်ဆောင်နေမယ် ဆိုရင်၊ အချိန်ကြာလာတာနဲ့ သူတို့က ကျွန်မတို့ကို အထင်ကြီးလာနိုင်ဖွယ်ရှိတယ်။ လူသစ်တွေကို ကျွန်မ ရေလောင်းပေးခဲ့တဲ့နှစ်ကို ကျွန်မ ပြန်စဉ်းစားမိတယ်၊ အဲဒီအချိန်ကဆိုရင် ညီအစ်ကို မောင်နှမတွေက ဘုရားသခင်အကြောင်း ဘာမှမသိကြဘဲ၊ နောက်ဆုံးမှာ သူတို့က ကျွန်မကို အထင်ကြီးပြီး ကိုးကွယ်ကြတယ်။ ကျွန်မရဲ့စကားတွေကို ဘုရားသခင်ရဲ့စကားတွေ ထက် ပိုပြီးအရေးကြီးတယ်လို့တောင် သူတို့က မြင်ခဲ့ကြတယ်။ ကျွန်မက သူတို့ကို ကျွန်မရှေ့မှောက် ဆွဲခေါ်ခဲ့တာ မဟုတ်ဘူးလား။ ကျွန်မက ကျွန်မရဲ့တာဝန်ကို ဖြည့်ဆည်းနေတာ မဟုတ်ဘူး၊ ကျွန်မက ဆိုးယုတ်တဲ့အလုပ်ကို လုပ်နေတာပဲ။ ကျွန်မ အမြဲ ကိုယ့်ကိုယ်ကိုယ်ဟန်ဆောင်ပြီး တခြားလူတွေရဲ့ လေးစားမှုနောက်ကို လိုက်တယ်။ ဒါပေမဲ့ ညီမတစ်ယောက်က ကျွန်မရှေ့မှာ ကျွန်မ ကို သူ ဘယ်လောက်အထင်ကြီးပြီး ကိုးကွယ်တယ် ဆိုတာကို ပြောတဲ့အခါ၊ ကျွန်မ ဘယ်လိုမှ ပျော်ရွှင်မှု ဒါမှမဟုတ် ကြည်နူးမှု ကို မခံစားရဘူး။ အမှန်က၊ ကျွန်မ တုန်လှုပ်သွားပြီး စိုးရိမ်သွား တယ်၊ ကျွန်မအပေါ်ကျွန်မ ဘေးဒုက္ခတချို့ သယ်ဆောင်မိခဲ့သလို ကျွန်မခံစားရတယ်။ ကျွန်မက ကျော်ကြားမှုနဲ့ဂုဏ်ဒြပ်နောက်ကို အမြဲလိုက်ပြီး၊ တခြားသူတွေ ကျွန်မကို လေးစားအောင်နဲ့ ဂုဏ်ဒြပ်ရဲ့အကျိုးအမြတ်တွေကို ခံစားလို့ရအောင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်နေတာကို ကျွန်မတွေ့ လိုက်ရတော့၊ ကျွန်မက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ မဟုတ် ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့လမ်းကြောင်းပေါ် မှာ ရှိတယ်ဆိုတာကို အသိတရားရသွားတယ်။ နောက်ဆုံးမှာ ကျွန်မ နားလည်လိုက်တာက အဲဒီညီမက အဲဒီအရာတွေကို ပြောတာဟာ ဘုရားသခင်ဆီက နှိုးဆော်ချက်၊ သတိပေးချက် ဖြစ်တယ်ဆိုတာပါပဲ။ ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးနေခဲ့တာပါ။ ဒါမှမဟုတ်ရင် ကျွန်မက ဆက်ဟန်ဆောင်ပြီး ဂုဏ်ဒြပ်အတွက် အလုပ်လုပ်နေမိမှာဖြစ်တယ်၊ အဲဒါ အရမ်းအန္တရာယ်များတယ်။

နောက်တော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကို ကျွန်မဖတ်တယ်- “လူအချို့က သမ္မာတရားကို မလိုက်စားဘဲ ခေါင်းဆောင်များဖြစ်ဖို့ အခွင့်အရေးတစ်ခု ၎င်းတို့ရသည်နှင့်တစ်ပြိုင်နက် နည်းလမ်းမျိုးစုံအားဖြင့် အားထုတ်ကြိုးပမ်းမှုကို အသုံးပြုပြီး အဖိုးအခပေးဆပ်လျက် ရာထူးအဆင့်အတန်းကို ရရှိဖို့ ၎င်းတို့ ပြုမူဆောင်ရွက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်း ရနိုင်ကာ လူများကို လှည့်စားပြီး ၎င်းတို့ကို စည်းရုံးသိမ်းသွင်းနိုင်လိမ့်မည်၊ ထိုသို့ဖြင့် လူများသည် ၎င်းတို့ကို အားကျပြီး အထင်ကြီးကြစေရန် ဖြစ်သည်။ ၎င်းတို့သည် အာဏာအပြည့်အဝ ရရှိပြီး ဂုဏ်အဆင့်အတန်းရလိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပြီးသည့်နောက်တွင် နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ထိုသို့သော လူတစ်ဦးသည် လူများကို လာဘ်ထိုးဖို့ မည်သည့်အကူအညီလေးများကို အသုံးပြုပါစေ၊ ၎င်းတို့၏ အထုံပါရမီများနှင့် တတ်ကျွမ်းမှုများကို မည်မျှပြစားပါစေ၊ သို့မဟုတ် ၎င်းတို့အပေါ် အထင်အမြင်ကောင်းစေဖို့ လူများကို လှည့်စားရန် မည်သည့် နည်းစနစ်များကို ၎င်းတို့အသုံးပြုပါစေ၊ ပြီးလျှင် လူများ၏စိတ်နှလုံးကို စည်းရုံးနှင့် ထိုနေရာတွင် နေရာတစ်နေရာယူဖို့ မည်သည့်နည်းလမ်းများကို ၎င်းတို့အသုံးပြုပါစေ ၎င်းတို့သည် အဘယ်အရာကို ဆုံးရှုံးပြီးဖြစ်သနည်း။ ၎င်းတို့သည် ခေါင်းဆောင်မှု တာဝန်များကို ဖြည့်ဆည်းနေစဉ် သမ္မာတရားကို ရရှိဖို့ အခွင့်အရေးကို ဆုံးရှုံးပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ပြုမူထားသည့် နည်းလမ်းမျိုးစုံကြောင့် ၎င်းတို့၏ နောက်ဆုံးရလဒ်ကို ဖြစ်စေမည့် ဆိုးယုတ်သော လုပ်ဆောင်ချက်များကို ၎င်းတို့စုစည်းပြီးဖြစ်သည်။ ယင်းကို ယခု သင်ကြည့်သည့်အခါ အကူအညီလေးများ အသုံးပြုခြင်း၊ သို့မဟုတ်၊ ဝါကြွားခြင်း၊ သို့မဟုတ် လူများကို အတွေးမှားများဖြင့် လှည့်စားခြင်း နည်းလမ်းများကို လက်တွေ့အကောင်အထည်ဖော်သည့် လူတစ်ဦးသည် အကျိုးအမြတ်မည်မျှနှင့် စိတ်ကျေနပ်မှုမည်မျှကို အပြင်ပန်းတွင် ရရှိထားပုံရသော်လည်း ယင်းသည် လျှောက်ဖို့ ကောင်းမွန်သည့် လမ်းကြောင်း တစ်ခုဖြစ်သည်ဟု သင်ဆိုမည်လော။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတစ်ခု ဖြစ်သလော။ ယင်းသည် လူတစ်ဦး၏ ကယ်တင်ခြင်းကို ဖြစ်စေနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သလော။ အလွန် သိသာရှင်းလင်းစွာပင် မဟုတ်ပေ။ ဤနည်းစနစ်များနှင့် လှည့်စားမှုများသည် ၎င်းတို့အား မည်သို့ ထူးထူးခြားခြား လှည့်စားသွားပါစေ၊ ဘုရားသခင်ကို မလှည့်စားနိုင်ဘဲ၊ ထိုသို့သော အပြုအမူများ၏နောက်တွင် ကွယ်ဝှက်ထားသည်မှာ သူ့ကို ဆန့်ကျင်လိုစိတ်၏ တစ်ကိုယ်ရေ ရည်မှန်းချက်အပြင် သဘောထားတစ်မျိုးနှင့် အနှစ်သာရတစ်မျိုးတို့ ဖြစ်သောကြောင့် အဆုံးသတ်တွင် ယင်းတို့အားလုံးကို ဘုရားသခင်က ပြစ်တင်ရှုတ်ချပြီး စက်ဆုပ်လေသည်။ စိတ်ထဲတွင် ဘုရားသခင်သည် ထိုသို့သော လူတစ်ဦးအား မိမိ၏တာဝန်ကို ဖြည့်ဆည်းသူတစ်ဦး အနေဖြင့် မည်သည့်အခါမျှ လုံးဝမြင်မည် မဟုတ်ဘဲ ထိုအစား ၎င်းတို့ကို မကောင်းမှုပြုသူအဖြစ် သတ်မှတ်လိမ့်မည်။ မကောင်းမှုပြုသူများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဘုရားသခင်၏ သုံးသပ်ချက်သည် အဘယ်နည်း။ ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ။’ ဘုရားသခင်က ‘ငါ့ထံမှ ဖယ်ကြ’ ဟု ပြောသည့်အခါ သူသည် လူများကို စာတန်ထံသို့၊ စာတန်နေထိုင်သည့်နေရာသို့ စေလွှတ်နေခြင်းဖြစ်ပြီး ၎င်းတို့ကို သူအလိုမရှိတော့ခြင်း ဖြစ်သည်။ ၎င်းတို့ကို အလိုမရှိဆိုသည်မှာ သူသည် ၎င်းတို့ကို ကယ်တင်မည်မဟုတ်ဟု ဆိုလိုသည်။ သင်သည် ဘုရားသခင်၏ နောက်လိုက်များထဲမှ တစ်ဦးဖြစ်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ သိုးစုထဲမှ တစ်ဦးပင် မဟုတ်ပါက သူကယ်တင်မည့်သူများထဲတွင် သင်မပါပေ။ ဤသည်မှာ ထိုသို့သော လူတစ်ဦးကို သတ်မှတ်သည့် ပုံစံဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဒါကို ဖတ်ပြီးတဲ့နောက် ကျွန်မ လုံးဝတုန်လှုပ်ခြောက်ခြားသွားတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံဘူးဆိုတာ ကျွန်မ ခံစားလို့ရတယ်။ ကျော်ကြားမှုရရှိဖို့အတွက် ကျွန်မက လူတွေကို လိမ်ပြီး လှည့်စားဖို့ အမြဲဟန်ဆောင်ခဲ့တယ်။ အခြေခံအားဖြင့်၊ ကျွန်မဟာ လူတွေရဲ့စိတ်နှလုံး တွေထဲမှာ ဘုရားသခင်ကို အစားထိုးပြီး၊ သူတို့က ကျွန်မကို ဘုရားသခင်လို ဆက်ဆံစေချင် ခဲ့တယ်။ ကျွန်မက ဘုရားသခင်နဲ့ ယှဉ်ပြိုင်နေတာပဲဖြစ်ပြီး၊ ဒါဟာ သူ့ကို အရမ်းပုန်ကန်ပြစ်မှားတာပဲ။ အဲဒီနှစ်မှာ ညီအစ်ကို မောင်နှမတွေနဲ့ အပြန်အလှန် ဆက်သွယ်နေတာကို ပြန်စဉ်းစားကြည့်မိတဲ့အခါ၊ ကျွန်မဟာ နေ့စဉ်နေ့တိုင်း ဟန်ဆောင်ခဲ့တယ်။ ကျွန်မက ဘယ်လိုလူမျိုးလဲဆိုတာကို ဘယ်သူမှ တကယ်နားမလည်ကြသလို၊ ကျွန်မက သမ္မာတရားကို နားလည်ပြီး၊ ဝိညာဉ်ရင့်ကျက်မှုရှိပြီး ဖောက်ပြန်ပျက်စီးမှုတွေ ကင်းရှင်းတယ်လို့ သူတို့ ယူဆကြတယ်။ သူတို့က ကြောင်းကျိုးမမြင်ဘဲ ကျွန်မကို ကိုးကွယ် နေခဲ့ကြတယ်။ လူတွေကို လှည့်စားပြီး အရူးလုပ်ရာမှာ ကျွန်မဟာ ဆိုးယုတ်တာတွေလုပ်နေပြီး ဘုရားသခင်ကို ဆန့်ကျင်နေခဲ့တာပဲ။ အဲဒါက ဖာရိရှဲတွေကို သတိရစေတယ်၊ သူတို့က ဘုရားသခင်ကို အစေခံပေမယ့် ဘယ်တော့မှ သူ့ကို မချီးမြှောက်သလို၊ သက်သေ လည်း မခံဘူး။ သူတို့က ဗိမာန်တော်ထဲမှာ လျှောက်ပြောကြပြီး၊ ကျမ်းစာထဲက အယူဝါဒနဲ့အသိပညာတချို့ကို ရွတ်ပြကြပြီး ကြွားဝါကြတယ်။ သူတို့က လမ်းမအလယ်မှာ တမင်တကာရပ် ဆုတောင်းပြီး၊ သူတို့ရဲ့ဘုရားစာထည့်ထားတဲ့ဘူးတွေကို ပိုကျယ် အောင်လုပ်ပြီး သူတို့အဝတ်အစားတွေရဲ့ပန်းဖွား တွေ ပိုရှည်အောင် လုပ်ကြတယ်။ သူတို့က ဘာသာတရား အလွန်ကိုင်းရှိုင်းပုံပေါ်ပြီး၊ ကောင်းမွန်တဲ့ အကျင့်စရိုက်အများကြီး ရှိပုံပေါ် တယ်၊ ပြီးတော့ လူတွေက သူတို့ကို အရမ်းလေးစားသလို၊ အားလုံးက အထင်ကြီးပြီး ကြည်ညိုကြတယ်။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို မကောင်းမှု ပြုသူတွေနဲ့မြွေရဲ့အမျိုးတွေအဖြစ် ရှုတ်ချရင်းနဲ့၊ အမင်္ဂလာ ခုနစ်မျိုးနဲ့ သူတို့ကို စွဲချက်တင်တယ်။ ဘုရားသခင်က ဖြောင့်မတ်တယ်၊ သန့်ရှင်းတဲ့စိတ် သဘောထားရှိပြီး သူ့ရဲ့သန့်ရှင်းတဲ့စိတ်သဘော ထားကို ဆန့်ကျင်တဲ့ ဘယ်လိုပုန်ကန်ပြစ်မှားမှုမျိုး ကိုမဆို သည်းမခံဘူး။ ဖာရိရှဲတွေလို ကျော်ကြားမှုကို မက်မောတောင့်တ တဲ့ သူတော်ကောင်းယောင်ဆောင်သူတွေကို သူက မုန်းပြီး ပြစ်တင်ရှုတ်ချတယ်။ အဲဒီလိုလူမျိုးတွေကို သူ လုံးဝကယ်တင်မှာ မဟုတ်ဘူး။ အဲဒီအချိန်တုန်းက ကျွန်မလုပ်ခဲ့သမျှတွေက ဖာရိရှဲတွေလိုပါပဲ။ ကျွန်မက တွေ့ဆုံပွဲတွေ အများကြီးတက်ပြီး ကျွန်မရဲ့တာဝန်တွေ ဖြည့်ဆည်းနေရင်းနဲ့ အလုပ်တချို့ကို အပြီးအစီးလုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် ကျွန်မရဲ့ရည်ရွယ်ချက်တွေက ဘုရားသခင်ကျေနပ် အောင် လုပ်ဖို့မဟုတ်ဘဲ၊ လူတွေကြားမှာ ကျွန်မရဲ့ကိုယ်ပိုင်ဂုဏ်ဒြပ်နဲ့ပုံရိပ် ကို ကာကွယ်ဖို့သာဖြစ်တယ်။ ကျွန်မဟာ သမ္မာတရားကို တကယ်သဘောပေါက် ပြီး အရာရာကို နှံ့နှံ့စပ်စပ်နားလည်ချင်ယောင် အမြဲဆောင်ခဲ့တယ်။ တခြားလူတွေ ကျွန်မကို အားကျပြီးကိုးကွယ်လာ အောင် ကျွန်မရဲ့အားနည်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကိုတောင် မပြောပြဘဲနေခဲ့ ပြီး၊ ရလဒ်ကတော့ လူတွေကို ကျွန်မရှေ့မှောက်ကို ခေါ်ယူခဲ့တာပါပဲ။ ကျွန်မကသာ ဆက်ဟန်ဆောင်နေပြီး ဖာရိရှဲတွေနဲ့ တူတဲ့လမ်းကို လျှောက်ရင်၊ ဘုရားသခင်ရဲ့ ပစ်ပယ်ပြီး ဖယ်ရှားတာကို ခံရပြီး ဖြစ်မှာပါ။ ဘုရားသခင်က အဲဒီလိုလူမျိုးတွေကို ပြစ်တင်ရှုတ် ချပြီး ဖယ်ရှားတာကို တွေ့ရတော့ ကျွန်မ တကယ်ကိုကြောက်မိတယ်။ ကျွန်မကို ကျွန်မ အပြစ်တင်ပြီး နောင်တနဲ့ ပြည့်နှက်နေ တယ်။ လူသစ်တွေကို ရေလောင်း၊ ပံ့ပိုးပေးပြီး၊ သမ္မာတရားကို မြန်မြန်ဆန်ဆန်နားလည်အောင် ညီအစ်ကို မောင်နှမတွေကို လမ်းညွှန်မှုပေးပြီး မှန်ကန်တဲ့လမ်းမှာ အုတ်မြစ်တစ်ခု ချပေးမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်ရာထူး တစ်ခု မြှင့်တင်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မရဲ့အလုပ်ကို ကောင်းကောင်းမွန်မွန် မလုပ်ခဲ့သလို၊ ကျွန်မရဲ့ ခေါင်းဆောင်မှုတာဝန်ဝတ္တရားတွေကိုလည်း မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မရဲ့ဂုဏ်ဒြပ်ကိုပဲ ဆုပ်ကိုင်ထားခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကို သူတို့ရဲ့ အသက်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး ကျွန်မ မကူညီခဲ့ဘဲ၊ တကယ်တော့ ကျွန်မက သူတို့ကို လှည့်စားပြီး ထိခိုက်စေခဲ့တယ်။ ကျွန်မက အရမ်းစက်ဆုပ်စရာကောင်းပြီး၊ ဘာအသိစိတ်၊ ဆင်ခြင်တုံတရားမှ မရှိဘူး။ အဲဒီအကြောင်းကို ကျွန်မပိုစဉ်းစားလေ၊ ပိုနောင်တရလေပဲ။ ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မ ဒူးထောက်ပြီး သူ့ကို ဆုတောင်းလိုက်တယ်- “အို ဘုရားသခင်၊ ကျွန်မရဲ့တာဝန်တွေ ထမ်းဆောင်ရာမှာ ကျွန်မ သမ္မာတရားကို အားမထုတ်ခဲ့ဘဲ၊ ကျော်ကြားမှုနဲ့ ဂုဏ်ဒြပ်ကို လိုက်စားပြီး၊ မှားယွင်းတဲ့လမ်းကို လျှောက်ခဲ့တယ်။ ကျွန်မကို မုန်းပြီးစက်ဆုပ်အောင် ကိုယ်တော့်ကို တကယ်လုပ်မိခဲ့တယ်။ ဘုရားသခင်၊ ကျွန်မ ဒီလိုဆက်ပြီးမသွားချင်ဘူး၊ ကျွန်မ နောင်တရပြီး ပြောင်းလဲချင်တယ်။ ဦးဆောင်မှုနဲ့လမ်းပြမှုအတွက် ကိုယ်တော့်ကို ကျွန်မ ဆုတောင်းပါတယ်” လို့ပေါ့။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက စာပိုဒ်တချို့ကို ကျွန်မ တွေ့လိုက်တယ်- “ပထမဦးစွာ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်သည် အဘယ်ဖြစ်သည်ကို သင် နားလည်ရမည်- စစ်မှန်သည့် ဖန်ဆင်းခံတစ်ယောက်သည် အာဂလူ တစ်ယောက် မဟုတ်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ရိုးရိုးစင်းစင်းနှင့် ကျိုးကျိုးနွံနွံ အသက်ရှင် နေထိုင်သူတစ်ယောက် ဖြစ်ပြီး၊ လုံးဝ သာမန်ထက် လွန်ကဲခြင်း မရှိပေ။ သာမန်ထက် လွန်ကဲမှုမရှိခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်မည်မျှ မြင့်မားစွာ ရပ်နိုင်ပါစေ၊ မည်မျှ မြင့်မားစွာ ခုန်နိုင်ပါစေ၊ သင်၏ တကယ့်အရပ် ပြောင်းလဲလိမ့်မည် မဟုတ် ဆိုသည့် အမှန်တရားက ဆက်လက် တည်ရှိနေပြီး၊ သင့်မှာ သာမန်ထက်လွန်ကဲသော စွမ်းရည်မရှိဟု ဆိုလိုခြင်း ဖြစ်သည်။ အခြား သူများထက် သာလွန်ဖို့၊ အခြားသူများထက် အဆင့်အတန်းရှိဖို့ သင် အမြဲတမ်း ဆန္ဒရှိပါက၊ ဤအရာက သင်၏ မာနထောင်လွှားမှု၊ စာတန်ဆန်သော စိတ်သဘောထားတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး၊ ယင်းမှာ သင်၏ ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်လေသည်။ အမှန်မှာမူ ဤအရာကို သင် မရရှိနိုင်ဘဲ၊ သင့်အတွက် ထိုသို့လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ချေ။ ဘုရားသခင်က သင့်အား ထိုကဲ့သို့ ပါရမီ သို့မဟုတ် ကျွမ်းကျင်မှုတို့ကို မပေးခဲ့သကဲ့သို့၊ ထိုသို့သော အနှစ်သာရတစ်ခုကိုလည်း သူက သင့်အား မပေးခဲ့ချေ။ သင်၏ ပုံပန်းသဏ္ဌာန်၊ မိသားစုနှင့် သင်မွေးဖွားသည့် ဆယ်စုနှစ်တို့ ကွဲပြားနိုင်ပြီး၊ သင်၏ ပါရမီများနှင့် အစွမ်းအစများတွင် ကွဲပြားချက်အချို့ ရှိနိုင်သော်လည်း၊ သင်သည် အခြားသူများနှင့် လုံးလုံး ကွဲပြားမှုမရှိဘဲ၊ သာမန်၊ ရိုးရိုး လူသားမျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်ကို မမေ့လျော့နှင့်။ သို့သော် ဤအရာကို မမေ့နှင့်- သင်သည် မည်မျှပင် ကွဲပြားခြားနားပါစေ၊ ဤသေးငယ်သော နည်းလမ်းများနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၌သာလျှင် အခြားသူများနှင့် တထေရာတည်းဖြစ်သည်၊ ပြီးလျှင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင်လိုက်နာရမည့် အခြေခံ သဘောတရားများ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် ဦးတည်ရာတို့သည် အခြားသူများနှင့် ချွတ်စွပ်တူသည်။ ၎င်းတို့၏ ခွန်အားများနှင့် အစွမ်းအစများတွင်မျှသာ လူများသည် ကွဲပြားကြလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”)ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) အဲဒီစာပိုဒ်တွေကနေ ကျွန်မ သဘောပေါက်လိုက် တာက ကျွန်မဟာ သာမန်ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်ပြီး၊ ကျန်တဲ့လူတွေအားလုံးနဲ့ အတူတူပဲဆိုတာ ပါပဲ။ ကျွန်မအနေနဲ့ ကျွန်မရဲ့ကိုယ်ပိုင်တာဝန်ကို လေးလေးနက်နက်ဖြည့်ဆည်းရင်း ကျွန်မနေရာမှာ ကျွန်မနေပြီး တာဝန်သိကျေစွာနဲ့ ပြုမူမယ်လို့ ဘုရားသခင်က မျှော်လင့်တယ်။ ဘုရားသခင်က ကျွန်မကို အစွမ်းအစတချို့နဲ့ ဘာသာစကားကျွမ်းကျင်မှုတွေ ပေးထားတယ်။ ကျွန်မအနေနဲ့ အဲဒါတွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပြီး ကျွန်မရဲ့တာဝန်ကို ဖြည့်ဆည်း ဖို့ အဲဒါတွေကို အသုံးပြုသင့်တယ်။ ဒါပေမဲ့ ကျွန်မက ရှေ့ရောက်ဖို့အတွက် အရင်းအနှီးအနေနဲ့ အဲဒါတွေကို အသုံးပြုခဲ့တယ်။ ကျွန်မဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပြည့်နှက်နေတဲ့ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်ဆိုတာ သိသာထင်ရှားခဲ့တယ်။ ဒါပေမယ့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ ကျွန်မ အရာရာ ကြိုးစားခဲ့တယ်၊ ကျွန်မကို တခြားလူတွေ လေးစားအောင်နဲ့ ကြည်ညိုအောင် ကျွန်မကိုကျွန်မ ပြည့်စုံတဲ့ လူတစ်ယောက်အနေနဲ့ ဟန်ဆောင်ခဲ့တယ်။ ကျွန်မအားထုတ်နေတာက သူတော်ကောင်းဟန် ဆောင်တဲ့လမ်းစဉ်ဖြစ်ပြီး ရှက်စရာကောင်းတယ် ဆိုတာ ကျွန်မ အသိတရားရသွားတယ်။ အဲဒါက လူအတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ဘုရားသခင်အတွက် မသတီစရာဖြစ်တယ်။ ကျွန်မကိုကျွန်မ အမြဲဟန်ဆောင်ပြီး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖုံးကွယ်ထားပေမဲ့၊ တခြားသူတွေက မခွဲခြားနိုင်ရင်တောင်၊ အဲဒီ ဖောက်ပြန်ပျက်စီးမှုတွေဟာ ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခုလောက်ကို ဖြစ်နေခဲ့တယ်၊ ဒါကြောင့် ကျွန်မက ကျွန်မကိုကျွန်မရော၊ တခြား သူတွေကိုပါ လှည့်စားနေခဲ့တာမဟုတ်ဘူးလား။ သမ္မာတရားကိုရှာဖို့ ကျွန်မကိုကျွန်မ မဖွင့်ဟဘဲနဲ့ အဲဒီ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထား တွေကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ပိုင်ဘဝမှာတင် ကျွန်မ ဒုက္ခခံရတာ မဟုတ်ဘဲ၊ အခြားသူတွေကို လှည့်စားပြီး လှည့်ဖြားနေခဲ့တာပါ။ အဲဒါ ကျွန်မခြေထောက်ကို ကျွန်မ သေနတ်နဲ့ပစ် တာမဟုတ်ဘူးလား။ ဟန်ဆောင်တာနဲ့လှည့်စားတာတွေက ကောင်းတဲ့ လမ်းကြောင်းတစ်ခုမဟုတ်တာ သိသာတယ်။

တစ်ကြိမ် တွေ့ဆုံပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ် တော်တွေရဲ့ စာပိုဒ်တချို့ကို ကျွန်မတို့ ဖတ်ကြပြီး လက်တွေ့လုပ်ဆောင်ဖို့အတွက် လမ်းကြောင်းကို ကျွန်မတွေ့သွားတယ်။ “‘အတွေ့အကြုံများ မျှဝေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း’ ဆိုသည်မှာ သင်၏ စိတ်နှလုံးထဲမှ အတွေးတိုင်း၊ သင်၏အခြေအနေတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏အတွေ့အကြုံများနှင့် သိခြင်းတိုင်းသာမက သင်၏ အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတိုင်းကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်၊ ထို့နောက်တွင် အခြားသူများအား ဤအရာများကို ဝေဖန်ပိုင်းခြားစေပြီး အပြုသဘောဆောင်သော အပိုင်းများကို လက်ခံပြီး မည်သည့်အရာသည် အပျက်သဘောဆောင်ကြောင်းကို အသိအမှတ်ပြုကြသည်။ ဤအရာသည်သာလျှင် မျှဝေခြင်းဖြစ်ပြီး ဤအရာသည်သာလျှင် စစ်မှန်စွာ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”)သင့်အား ဂုဏ်အဆင့်အတန်း၏ ထိန်းချုပ်မှုမှ သင့်ကိုယ်သင် လွတ်မြောက်စေဖို့၊ ယင်းကို သင်၏ရည်ရွယ်ချက်များ၊ သင်၏အတွေးများနှင့် သင်၏စိတ်နှလုံးတို့မှ ထိုအရာကို ဦးစွာ သန့်စင်ပစ်ရမည်။ ဤအရာကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ယခင် သင် ဂုဏ်အဆင့်အတန်း မရှိသည့်အချိန်က၊ သင့်အဖို့ နှစ်သက်ဖွယ်မရှိသည့်သူများကို သင် လျစ်လျူရှုပေသည်။ ယခုအခါ သင်၌ ဂုဏ်အဆင့်အတန်း ရှိသည့်အတွက်၊ စိတ်မပါသောလူတစ်ဦး၊ သို့မဟုတ် ပြဿနာရှိသော လူတစ်ဦးကို သင်တွေ့သည့်အခါ၊ ၎င်းတို့အား ကူညီဖို့အတွက် သင်တာဝန်ရှိသည်ဟု ခံစားရသောကြောင့်၊ သူတို့၌ ရှိသည့် လက်တွေ့ကျသည့် ပြဿနာအချို့ကို ဖြေရှင်းဖို့ ကြိုးစားရင်း၊ ၎င်းတို့နှင့် မိတ်သဟာယပြုဖို့ သင် အချိန်ပိုယူသည်။ ထိုအရာများကို လုပ်ဆောင်သည့်အခါ သင်၏စိတ်နှလုံးထဲ၌ ခံစားချက်မှာ အဘယ်နည်း။ ယင်းမှာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း ခံစားချက် ဖြစ်သည်။ ထို့ကြောင့် သင်သည်လည်း အခက်အခဲကြုံရသည်၊ သို့မဟုတ် ကျရှုံးမှုကို တွေ့ကြုံရသည်ဟု တွေ့ရသည့်အခါ သင်၏ ပြဿနာများနှင့် အားနည်းချက်များ၊ ဘုရားသခင်ကို သင်မည်သို့ မနာခံခဲ့ကြောင်းနှင့်၊ ထို့နောက်တွင် သင်သည် ဤအဖြစ်မှ မည်သို့ လွတ်လာကာ ဘုရားသခင်၏အလိုတော်ကို မည်သို့ ဖြည့်ဆည်းနိုင်ခဲ့ကြောင်းတို့ကို မိတ်သဟာယပြုရင်း၊ လူများကို အတွင်းရေးပြောပြပြီး ပို၍ ပွင့်လင်းသင့်သည်။ ဤနည်းဖြင့် ၎င်းတို့ကို အတွင်းရေးပြောပြခြင်း၏ အကျိုးမှာ အဘယ်နည်း။ ယင်းမှာ အပြုသဘောဆောင်ခြင်း ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ မည်သူမျှ သင့်အား အထင်သေးမည် မဟုတ်ပေ— ပြီးလျှင် သင်၏အတွေ့အကြုံများအတွက် သင့်အား အားပင် ကျကောင်းကျလိမ့်မည်။ သင်၌ ဂုဏ်အဆင့်အတန်းရှိသည့်အခါ အရာရှိများကဲ့သို့ ၎င်းတို့ ပို၍ ပြုမူသင့်ကြောင်း၊ ၎င်းတို့ ပုံစံတစ်ခုခုဖြင့် ပြောဆိုသည့်အခါမှသာ အခြားသူများက ၎င်းတို့အား အလေးအနက်ထားပြီး လေးစားမည် ဖြစ်ကြောင်း လူအချို့က တွေးထင်ကြသည်။ ဤသည်မှာ မှားယွင်းသော တွေးခေါ်ပုံ တွေးခေါ်နည်း ဖြစ်သည်ကို သင်သဘောပေါက် နိုင်လျှင်၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဇာတိပကတိဆိုင်ရာ အမှုကိစ္စများကို စွန့်ပယ်သင့်သည်။ ထိုလမ်းကြောင်းကို မလျှောက်နှင့်။ သင်၌ ဤကဲ့သို့သော အတွေးအခေါ်များ ရှိသည့်အခါ၊ ထိုအခြေအနေမှ သင်ထွက်ရမည်ဖြစ်ပြီး၊ ယင်း၌ ပိတ်မိဖို့ သင့်ကိုယ်သင် ခွင့်မပြုနှင့်။ သင်သည် ယင်း၌ ပိတ်မိသည်နှင့် တစ်ပြိုင်နက်၊ ပြီးလျှင် ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များက သင့်အတွင်း၌ ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ သင့်ကိုယ်သင် ဖုံးကွယ် ထားလိမ့်မည်၊ သင့်ကိုယ်သင် ပြရုပ်တင်လိမ့်မည်၊ ယင်းကို သာ၍ သာ၍ တင်းကျပ်စွာ လုပ်ဆောင်သည်မှာ မည်သူကမျှ သင့်ရင်ထဲကို မြင်နိုင်မည် မဟုတ်သကဲ့သို့ သင့်စိတ်နှလုံး၊ စိတ်တို့နှင့်ပတ်သက်သည့် ခံစားမှုတစ်ခုကိုလည်း နားလည်နိုင်မည် မဟုတ်ပေ။ သင်သည် မျက်နှာဖုံး နောက်ကွယ်မှ စကားပြောသည့်အလား အခြားသူများဖြင့် စကားပြောနေလိမ့်မည် ဖြစ်သည်။ ၎င်းတို့က သင်၏စိတ်နှလုံးကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။ အခြားလူများကို သင်၏စိတ်နှလုံး၌ရှိသည့်အရာအား မြင်တွေ့ခွင့်ပေးဖို့၊ ၎င်းတို့ကို ဖွင့်ပြောဖို့နှင့် ၎င်းတို့ထံ ချဉ်းကပ်ဖို့ သင် သင်ယူရမည်။ ကာယဂုဏ်မက်မောခြင်းများမှ သင် ရှောင်သင့်သည်— ပြီးလျှင် ဤအရာနှင့်ပတ်သက်၍ လုံးဝ အမှားမရှိပေ။ ယင်းသည်လည်း မိမိဘာသာ ရှင်သန်နိုင်သော လမ်းကြောင်းတစ်ခု မဟုတ်လော။ သင့်ကို မည်သည့်အရာဖြစ်ပါစေ၊ သင်၏ကိုယ်ပိုင် အတွေးအခေါ်များ၌ရှိသော ပြဿနာများအပေါ် သင် ဦးစွာ ပြန်လည်ဆင်ခြင်ရမည်။ ဟန်ဆောင်ဖို့၊ သို့မဟုတ် အယောင်ဆောင်ဖို့ကို သင် အလိုဆန္ဒရှိသေးလျှင် ဘုရားသခင်ထံ အမြန်ဆုံး သင်ဆုတောင်းသင့်သည်။ ‘အို ဘုရားသခင်။ ကျွန်ုပ်ကိုယ်ကျွန်ုပ် တစ်ဖန် ဖုံးကွယ် မျိုသိပ်လိုပြန်ပါပြီ၊ ပြီးလျှင် ကျွန်ုပ်သည် အကြံအစည်များနှင့် လှည့်စားခြင်းများကို နောက်တစ်ကြိမ် လုပ်ဆောင်တော့မည် ဖြစ်သည်။ ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်သာ ဖြစ်တော့သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို ကျွန်ုပ်အား အလွန်ရွံရှာစေမိသည်။ ကျွန်ုပ်သည် လတ်တလောတွင် မိမိကိုယ်ကို အလွန်ရွံရှာမိသည်။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ အပြစ်ဖော်ဆုံးမပြီး အပြစ်ဒဏ်ပေးပါ။’ ဟူ၍ ဖြစ်သည်။ သင်သည် ဆုတောင်းရမည် ဖြစ်ပြီး သင်၏ သဘောထားကို ဖော်ထုတ်ရမည်။ ဤသည်တွင် သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းပါရှိသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ပိုပြီးတော့တောင် အသိဉာဏ်ပွင့်လင်းစေခဲ့တယ်။ ကျော်ကြားမှုနဲ့ဂုဏ်ဒြပ်တွေရဲ့ ထမ်းပိုးတွေကို ဖယ်ရှားပစ်တာဟာ သမ္မာတရားကို လက်တွေ့လုပ် ဆောင်ပြီး ရိုးသားဖြောင့်မတ်တဲ့လူတစ်ဦး ဖြစ်ခြင်း သဘောပါပဲ။ ကျွန်မတို့ရဲ့စိတ်နှလုံးတွေကို ဖော်ထုတ်သပြရမှာ ဖြစ်ပြီး လူတိုင်းကို ကျွန်မတို့ရဲ့အစစ်အမှန်ကိုပြဖို့ ညီအစ်ကို မောင်နှမတွေကို ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်းချက်တွေကို ဖွင့်ဟရမယ်။ တခြားလူတွေက မေးခွန်းတွေမေးတဲ့အခါ၊ ကျွန်မ တို့အနေနဲ့ ကျွန်မတို့တတ်နိုင်သလောက်ဖြေပြီး ကျွန်မတို့ တစ်ခုခုကို နားမလည်တဲ့အခါမှာ ရိုးသားရမှာဖြစ်တယ်၊ အဲဒါမှ ကျွန်မတို့အားလုံး သမ္မာတရားကို အတူတကွရှာနိုင်မှာဖြစ် တယ်။ ဒါကို ပိုပြီးလက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ ကျွန်မတို့အနေနဲ့ ကျော်ကြားမှုနဲ့ဂုဏ်ဒြပ်ရဲ့ထမ်းပိုး ကနေ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေနိုင်မှာဖြစ်တယ်။ အဲဒီအချိန်မှာ တခြားသူတွေကို ကျွန်မ ဖွင့်ဟသင့် တယ်ဆိုတာနဲ့ ကျွန်မ ဘယ်လိုဟန်ဆောင်ခဲ့တယ်ဆိုတာကို သူတို့ကို ထုတ်ဖော်ပြောပြသင့်တယ်လို့ ကျွန်မ စဉ်းစားမိတယ်။ ဒါပေမဲ့ ကျွန်မ အဲဒီလိုဖွင့်ပြောလိုက်ရင် ဘာဖြစ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မ ဇဝေဇဝါဖြစ်ခဲ့တယ်- “ငါ့ရဲ့စိတ်သဘောထားအစစ်အမှန်ကို သူတို့ကို ပြောပြလိုက်ရင် လူတိုင်းက ဘယ်လိုထင်ကြမလဲ။ ငါ့ကို သူတို့ အထင်သေးသွားမလား” လို့ပေါ့။ အဲဒါက ကျွန်မကို ပိုပြီး၊ပိုပြီးတော့ ရင်ထိတ်လာစေ တယ်။ ကျွန်မ ထပ်ပြီးဟန်ဆောင်ဖို့ ကြိုးစားနေတာသာ ဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်၊ ဒါကြောင့် ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင် ကို ဆုတောင်းလိုက်တယ်။ တခြားလူတွေ ကျွန်မအပေါ် ဘယ်လိုမြင်မယ်ဆို တာကို အမြဲဂရုစိုက်လေ့ရှိပြီး ဘုရားသခင်က ကျွန်မဆီကနေ ဘာတောင်းဆို တယ်ဆိုတာကို ကျွန်မ ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ဘူးလို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မရဲ့သိက္ခာကို ဆည်ဖို့နဲ့ ကျွန်မရဲ့ဂုဏ်ဒြပ်ကို ကာကွယ်ဖို့ ကြိုးစားတာကို ရပ်လိုက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ကျွန်မအနေနဲ့ သမ္မာတရားကို လက်တွေ့လုပ် ဆောင်ပြီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်ရမယ်၊ လူတိုင်းကို ဖွင့်ဟပြီး ကျွန်မဟာ ဖောက်ပြန်ပျက် စီးနေတဲ့လူတစ်ယောက်၊ အဲဒီလိုလေးစားမှုနဲ့ မထိုက်တန်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူတို့သိအောင် ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုတွေကို ဖော်ထုတ်ပြသရမှာဖြစ်တယ်။ ကိစ္စတွေကို အဲဒီလိုစဉ်းစားပြီးတဲ့အခါ ကျွန်မ အများကြီးပိုတည်ငြိမ်သွားသလို၊ ကျွန်မရဲ့ဂုဏ်သတင်းနဲ့ဂုဏ်ဒြပ်တွေကို ကာကွယ်ဖို့ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုတွေနဲ့အားနည်းချက် တွေကို ကျွန်မ ဘယ်လိုဖုံးကွယ်ခဲ့တယ်ဆိုတာကို ကျွန်မ မိတ်သဟာယဖွဲ့ခဲ့တယ်။ ကျွန်မရဲ့ ကျရှုံးမှုတွေကနေ ညီအစ်ကို၊ မောင်နှမ တွေ သင်ယူနိုင်ဖို့အတွက် ဂုဏ်ဒြပ်နောက်ကိုလိုက်တာရဲ့ အန္တရာယ်တွေ အကြောင်း ကျွန်မသိခဲ့တာတွေကိုလည်း ဝေငှခဲ့ တယ်။ မိတ်သဟာယဖွဲ့ပြီးတဲ့အခါမှာ အေးချမ်းပြီး လွတ်လပ်သွားတယ်လို့ ကျွန်မအထူးခံစားရပြီး၊ တခြားသူတွေကလည်း အဲဒီကနေ သူတို့ တကယ်ကို အကျိုးကျေးဇူးခံစားတယ်လို့ ပြောကြ တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ခြင်းရဲ့ ငြိမ်းချမ်းမှု နဲ့ပျော်ရွှင်မှုကို ကျွန်မ တကယ်ကိုခံစားရတယ်။ အခု ညီအစ်ကို မောင်နှမတွေနဲ့အတူ ကျွန်မရှိတဲ့အ ခါ သူတို့နဲ့ မိတ်သဟာယဖွဲ့ဖို့အတွက် ကျွန်မရဲ့ စိတ်နှလုံးကို ဖွင့်ဟပြီး အခြေအနေအမျိုးမျိုးက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဘယ်လိုဖော်ထုတ်ခဲ့ တယ်၊ ကျွန်မမှာ အဲဒါတွေရှိနေတာကို ဘယ်လို အသိတရားရသွားခဲ့တယ်ဆိုတာနဲ့ ကျွန်မ ဘယ်လို သမ္မာတရားကို ရှာဖွေခဲ့တယ်ဆိုတဲ့အကြောင်းတွေ ကို ပြောပြတယ်။ အဲဒီအချိန်မှာ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း ကို ကျွန်မ မသိရင်၊ သူတို့ ကျွန်မအပေါ် ဘယ်လိုမြင်မယ်ဆိုတာကို ထည့်မစဉ်းစားဘဲ ရိုးရိုးသားသား ကျွန်မပြောပြ တယ်။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တာဝန်တွေ ဖြည့်ဆည်းတဲ့အခါမှာ၊ ကျွန်မ မရှင်းလင်းတဲ့အရာတွေ၊ ဒါမှမဟုတ် ကျွန်မ အတွက် ခက်ခဲတဲ့အရာတွေအကြောင်းကို ကျွန်မ သတ္တိရှိရှိနဲ့ ဖွင့်ပြီးပြောတယ်။ ကျွန်မ နားမလည်တဲ့အရာတွေ၊ ဒါမှမဟုတ် ကျွန်မ မလုပ်နိုင်တဲ့အရာတွေအကြောင်းကိုလည်း သူတို့ကို ပေးသိပြီး တစ်ယောက်ဆီက တစ်ယောက် သင်ယူနိုင်ဖို့အ တွက် အကြံပြုချက်တွေပေးပြီး ဝင်ပြောကြဖို့ သူတို့ကို အားပေးတယ်။ ညီအစ်ကို မောင်နှမတွေက တဖြည်းဖြည်းနဲ့ သူတို့ရဲ့ တာဝန်တွေထဲက ဝန်ထုပ်ကို ထမ်းနိုင်လာ ကြပြီး သူတို့ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို စပြီးတော့ သုံးသပ်ဆင်ခြင်လာကြတယ်၊ ပြီးတော့ ကိုယ့်အကြောင်းကိုယ် သိဖို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုလည်း ဖတ်လာကြတယ်။ ဒါတွေအားလုံးကို မြင်ရတော့၊ ကျွန်မ ဘုရားသခင် ကို စိတ်နှလုံးထဲကနေ ထပ်တလဲလဲကျေးဇူးတင်မိ တယ်။ ဒီအတွေ့အကြုံကနေ ကျွန်မ နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရတာက ဖန်ဆင်းခံတစ်ယောက်ဖြစ်တာရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းက တည်ကြည်ခိုင်မာတဲ့လူတစ်ယောက်ဖြစ်ပြီး၊ ကျွန်မ တို့ရဲ့တာဝန်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဖို့နဲ့၊ ဘုရားသခင်နဲ့ တခြားလူတွေနဲ့ပတ်သက်လို့ ရိုးသားဖို့ဖြစ်တယ်။ ဒါက ကျွန်မတို့ အသက်ရှင်နေထိုင်တဲ့အရာအား ဖြင့် တခြားသူတွေ အကျိုးကျေးဇူးခံစားရပြီး၊ စိတ်ဓာတ်ကို မြှင့်တင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြည့်ခြင်းအကြောင်းဖြစ်၏

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ရေလောင်းအဖွဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်၊ ကျွန်မ အရမ်းပျော်မိခဲ့တယ်။...

အန္တိခရစ်စိတ်သဘောထားများအပေါ် ကျွန်ုပ်၏ နည်းပါးသော အသိ

ဉယားဒီ ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ ရေလောင်းတဲ့အလုပ်နဲ့ ပတ်သက်လို့ ကျွန်မ အတန်ကြာ...

အယောင်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်း၏ အဖိုးအခများ

လီလီယက် ဟွန်ဒူရပ်နိုင်ငံ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

“ကျွမ်းကျင်သူ” မဖြစ်တော့ခြင်းက လွန်စွာ လွတ်မြောက်မှုရသည်

ကျန်းဝေ တရုတ်နိုင်ငံ အစ်မ အရင်က သွားနဲ့မေးရိုးဆိုင်ရာလက်ထောက် အကြီးအကဲအဖြစ် ဆေးရုံတစ်ခုမှာ အလုပ်လုပ်ဖူး တယ်။ ဒီအပေါ်မှာ ဆယ်စုနှစ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။