ဆင်းရဲဒုက္ခမှ မေတ္တာရနံ့ ထွက်လာ
ရှောင်ကိုင်၊ ကျန်းရှိစီရင်စုကျွန်မက သာမန်ကျေးလက် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သားယောက်ျားလေးများကိုသာ တန်ဖိုးထားသည့် မြေရှင်ပဒေသရာဇ်စနစ်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်တော်လက်ခံပြီး မကြာခင်မှာပဲ ဧဝံဂေလိတရားကို စပြီးဟောခဲ့တယ်။ တစ်ခါက ကျွန်တော့်ရဲဘော်အယောက်နှစ်ဆယ်ကို တရားဒေသနာ နားထောင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြပြီး၊ ကိုယ်တော်ရဲ့နောက်ဆုံးသောကာလအမှုတော်အကြောင်း မိတ်သဟာယဖွဲ့သက်သေခံပေးခြင်းအားဖြင့် နောက်ဆုံးမှာ သူတို့အားလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့ကြတယ်။ ကျွန်တော် အရမ်းကို ပျော်သွားတယ်၊ ဧဝံဂေလိတရားကို ဆက်ဟောဖို့ ယုံကြည်ခြင်းလည်း ရှိသွားတာပေါ့။
ဧဝံဂေလိတရားကို ကျွန်ေတာ်စဟောပြီးမကြာဘူး၊ ကျွန်တော့်တပ်စုမှူးက ကျွန်တော့်ကို စပြီးဖိနှိပ်ပါတော့တယ်။ သူက ကျွန်တော်ဟာ ဘုရားကိုယုံကြည်တာ လွန်နေပြီလို့ပြောပြီး တပ်ဖွဲ့ဝင်တွေရှေ့မှာလည်း ဒီလိုပြောခဲ့တယ်။ “မင်းကို တပ်စိတ်မှူးဖြစ်အောင် ငါပျိုးထောင်ပေးမလို့ စဉ်းစားထားတာ၊ အခုတော့ မင်းက ဘုရားကိုယုံကြည်ပြီး ငါ့စကားကိုနားမထောင်တော့ဘူး၊ မင်း ဒါကိုနောင်တရလိမ့်မယ်။ နောင်ဆိုရင် မင်းမိဘတွေသေရင်တောင် မင်းကို ခွင့်ယူခွင့်ပေးဦးမှာ မဟုတ်ဘူး” တဲ့။ တပ်စုမှူးရဲ့စကားကိုကြားတော့ ရဲဘော်တချို့ကလည်း ကျွန်တော့်ကို လှောင်ပြောင်ကြတယ်။ “လူတိုင်းက ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတာ၊ မင်းက ဘုရားသခင်ကို ယုံကြည်တာဟာ ငါတို့ရဲ့ယုံကြည်မှုကို စော်ကားတာပဲ” တဲ့။ လူအများကြီးရဲ့ လှောင်ပြောင်မှုနဲ့ အရှက်ခွဲတာကို ရင်ဆိုင်ရတော့ ကျွန်တော် စိတ်ဓာတ်နည်းနည်းကျသွားပြီး အမြန်ထွက်သွားလိုက်တယ်။ ကျွန်တော် တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရှာပြီးတော့ ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ တပ်စုမှူးက ကျွန်တော့်ကို ဆူပူကြိမ်းမောင်းပြီး အရှက်ခွဲတယ်၊ ရဲဘော်တွေကလည်း လှောင်ပြောင်ကြတယ်။ ကျွန်တော် အရမ်းအားငယ်နေလို့၊ ကိုယ်တော်က ယုံကြည်ခြင်းနဲ့ခွန်အားပေးပါ။ ဒါဟာ ကျွန်တော့်အတွက် စမ်းသပ်မှုတစ်ခုမှန်း ကျွန်တော်သိပါတယ်၊ ဒါကို ကျွန်တော့်အပေါ် သက်ရောက်ခွင့်၊ တာဝန်ကို ကြားဝင်စွက်ဖက်ခွင့်ပေးလို့ မရပါဘူး” ဆိုပြီး ဆုတောင်းခဲ့တယ်။ မကြာခင်မှာပဲ ရှေ့တန်းမှာ တိုက်ပွဲဖြစ်ပြီး တပ်က အခန်းတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးတယ်။ တစ်ညမှာတော့ အသစ်ဝင်လာတဲ့ ယုံကြည်သူတွေကို ရေလောင်းဖို့သွားဖို့ ကျွန်တော်ပြင်ဆင်နေတုန်းမှာ၊ ဒီရက်ပိုင်းအတွင်း တပ်က တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေတာကို ကျွန်တော်သတိရသွားတယ်။ ခိုးထွက်လို့ အဖမ်းခံရတဲ့ ဘယ်သူမဆို အပြစ်ပေးခံရမှာ။ ရိုက်တာ၊ ဆူတာ ခံရမယ် ဒါမှမဟုတ် အပြင်မှာ တစ်ညလုံး ကြိုးတုပ်ခံထားရမယ်ပေါ့။ တကယ်လို့ ကျွန်တော်ခဏခဏ အပြင်ထွက်တာကို တပ်စုမှူးသိသွားရင် သူက ကျွန်တော့်ကို သေချာပေါက် ထပ်ပြီး ဆူပူရိုက်နှက်ပြီး အရှက်ခွဲမှာကို ကျွန်တော်စိုးရိမ်မိတယ်။ ဒီအကြောင်းတွေ စဉ်းစားမိတော့ ကျွန်တော် အပြင်ထွက်ပြီး လူသစ်တွေကို ရေမလောင်းရဲတော့ဘူး။ ဒီအတွေးတွေကို ကျွန်တော်နဲ့အတူ တာဝန်ထမ်းဆောင်တဲ့ ညီအစ်ကိုကာတာကို ပြောပြလိုက်တယ်။ ကာတာက ပြောတယ်။ “အစ်ကိုက သိက္ခာကို အရမ်းအလေးထားတာပဲ။ ဘုရားသခင်က ဒီလိုပတ်ဝန်းကျင်မျိုးကို ကျွန်တော်တို့ ဘယ်လိုတွေ့ကြုံခံစားမလဲ၊ သင်ခန်းစာတွေယူနိုင်မလားဆိုတာကို ကြည့်ဖို့ စီစဉ်ပေးတာ။ အစ်ကို ဘုရားသခင်ဆီကို ပိုပြီးဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီးပြန်သုံးသပ်သင့်တယ်။ မာနနဲ့ ကိုယ့်ဂုဏ်သိက္ခာကို အလေးထားလွန်းပြီး တခြားသူတွေရဲ့ လှောင်ပြောင်မှုကို မခံနိုင်လို့ ကိုယ့်တာဝန်ကို စွန့်လွှတ်လိုက်ရင်၊ ဒါက ဘယ်လိုပြဿနာမျိုးလဲ။ ရွာထဲက လူသစ်တွေအများကြီးကို အစ်ကို ရေလောင်းဖို့ မသွားဘူးဆိုရင်၊ ဒါက အစ်ကို့တာဝန်ကို ပေါ့ပေါ့ဆဆ သဘောထားပြီး တာဝန်မယူတာ မဟုတ်ဘူးလား” တဲ့။ သူက ကျွန်တော့်ဆီကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်လည်း ပို့ပေးခဲ့တယ်။ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ သဘောထားပြုမူသင့်သည်မှာ အလွန်အရေးကြီးပေသည်။ ဤသည်မှာ အလွန်ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို အပ်နှံသည့်အရာကို သင် မပြီးမြောက်နိုင်ပါက သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်သည့်အပြင် သင့်အား အပြစ်ဒဏ်ပေးခြင်းကို လက်ခံသင့်သည်။ လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။ လူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို မည်သို့ သဘောထားပြုမူရမည်ကို နှံ့စပ်သေချာသော နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်က လူကို တာဝန်ပေးစေခိုင်းချက်များ အပ်နှံခြင်းသည် လူကို သူ၏ ချီးမြှောက်ခြင်းဖြစ်ကာ လူကို သူ အထူးကျေးဇူးပြုခြင်းဖြစ်ပြီး ယင်းမှာ ဘုန်းအသရေအရှိဆုံးသော အမှုအရာလည်း ဖြစ်ကြောင်းကို ၎င်းတို့သည် နားလည်ရမည်။ ပြီးလျှင် မိမိ၏ အသက်ပင် အပါအဝင် အခြားအရာအားလုံးကို စွန့်လွှတ်နိုင်သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကိုမူ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဒီဘုရားနှုတ်ကပတ်တော်ကိုဖတ်တာကနေ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့သဘောထားက သိပ်အရေးကြီးမှန်း ကျွန်တော်နားလည်သွားတယ်။ ဘုရားသခင်က ကျွန်တော့်ကို ချီးမြှောက်ပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးခဲ့တာ၊ ဒါကြောင့် ကျွန်တော်ဟာ ကိုယ့်တာဝန်ကို စွဲကိုင်ထားပြီး အကောင်းဆုံးပြီးမြောက်အောင် လုပ်ဆောင်ရမယ်။ ကျွန်တော်ဟာ ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေအများကြီးကို စားသောက်ခဲ့ပြီးပြီ၊ ဘုရားရဲ့ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုချက်တွေကိုလည်း နားလည်ခဲ့ပြီးပြီ၊ ဒါပေမဲ့ အခုတော့ အခက်အခဲတချို့နဲ့ကြုံလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်တာဝန်ကို စွန့်လွှတ်ချင်နေတယ်။ ဒါဟာ ဘုရားသခင်ကို သစ္စာဖောက်တာပဲ။ ဒီကလူတွေက ဘယ်အချိန်မဆို စစ်နဲ့ကြုံနိုင်ပြီး နေ့တိုင်း စိုးရိမ်သောကရောက်နေကြရတာကို ကျွန်တော်စဉ်းစားမိတယ်။ ဘုရားသခင်က ကျွန်တော့်ကို ဒီလူတွေဆီ ဧဝံဂေလိတရားကို ချက်ချင်းဟောကြားဖို့၊ ဒီယုံကြည်သူအသစ်တွေကို ကောင်းကောင်းရေလောင်းပေးဖို့ ဒီပတ်ဝန်းကျင်ထဲကို ထည့်ထားတာ၊ ဒါမှ သူတို့က မှန်သောလမ်းခရီးပေါ်မှာ အခြေခံအုတ်မြစ်ကိုချနိုင်ပြီး ကယ်တင်ခြင်းကိုရရှိနိုင်မယ်၊ ကပ်ဘေးတွေကြားမှာ ဘုရားရဲ့ကာကွယ်စောင့်ရှောက်မှုကို ရနိုင်မယ်လေ။ ဘုရားသခင်က ကျွန်တော့်ရဲ့ သစ္စာစောင့်သိမှုကို မြင်ချင်တယ်၊ ကျွန်တော်က ယုံကြည်ခြင်းရှိပြီး သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်နိုင်ဖို့ မျှော်လင့်တယ်၊ တာဝန်ထမ်းဆောင်ချိန်မှာ နောက်ဆုတ်သွားတာကို မမြင်ချင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အရှက်ခွဲခံရတာကို မခံနိုင်ဘဲ၊ ကိုယ့်တာဝန်ကို ပေါ့ပေါ့ဆဆနဲ့ တာဝန်မဲ့စွာ သဘောထားခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို သစ္စာဖောက်တာပဲ။ ယုဒထက်တောင် ပိုဆိုးတယ်။ ကျွန်တော် ကျိန်ဆဲခြင်း ခံရထိုက်ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်နားလည်သွားတယ်၊ အခြေအနေဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရ၊ အရှက်ခွဲခံရပါစေ၊ ကျွန်တော့်အသက်ကို ပေးဆပ်ရရင်တောင်မှ ဘုရားသခင်က ကျွန်တော့်ကို အပ်နှင်းထားတဲ့အရာအားလုံးကို ပြီးမြောက်အောင်လုပ်ဆောင်ရမယ်။ ဒါဟာ ကျွန်တော်ဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ အဲဒီနောက်မှာ ကျွန်တော် ညီအစ်ကိုနှစ်ယောက်နဲ့ ပူးပေါင်းပြီး ဧဝံဂေလိတရားကိုဟော၊ လူသစ်တွေကို ရေလောင်းခဲ့တယ်။ တစ်လအတွင်းမှာ လူ ၂၇ ယောက်က ဧဝံဂေလိကို လက်ခံခဲ့ပြီး၊ နောက်ပိုင်းမှာ သူတို့ကို အသင်းတော်ဆီ လွှဲပေးခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျွန်တော် အရမ်းကျေးဇူးတင်တယ်၊ စိတ်ထဲမှာလည်း အေးချမ်းသာယာမှုကို ခံစားခဲ့ရတယ်။
နောက်ပိုင်းမှာ ကျွန်တော်တို့တပ်က နေရာပြောင်းသွားပြီး ကျွန်တော်လည်း တခြားတစ်နေရာကို ရောက်သွားတယ်။ လူသစ်တချို့က တပ်စုမှူးက ဘုရားကိုယုံကြည်သူတွေကို ဖိနှိပ်တာကိုမသိတော့ သူ့ကို ဧဝံဂေလိတရားဟောဖို့ ကြိုးစားကြတယ်၊ အဲဒီမှာ ဘယ်သူက ရွာသားတွေကို ဧဝံဂေလိတရားဟောနေလဲဆိုတာကို တပ်စုမှူးက စပြီး စုံစမ်းတော့တယ်။ ကျွန်တော် ကြောက်သွားတယ်။ “ငါ ရွာသားတွေကို ဧဝံဂေလိဟောခဲ့တာများ ပေါ်သွားမလား။ တပ်မှူးက ငါ့ကိုဖမ်းပြီး ထောင်ချလိုက်မှာလား။ ဒါဆိုရင် ငါ သေချာပေါက် ဆင်းရဲဒုက္ခခံရပြီး အရှက်ခွဲခံရမှာပဲ။ ဧဝံဂေလိ ပြန်ဟောဖို့အတွက် ပိုလွတ်လပ်လာတဲ့အချိန်အထိ နည်းနည်းစောင့်လိုက်ရင် ပိုကောင်းမယ်။ ဒါဆိုရင် အဖမ်းခံရမှာမဟုတ်တော့ဘူး၊ ငါ ထပ်ပြီး အရှက်ခွဲမခံချင်ဘူး။” ဒါနဲ့ ကျွန်တော် သုံးရက်လောက် ဧဝံဂေလိတရားဟောဖို့ အပြင်မထွက်ခဲ့ဘူး။ ညတိုင်း အွန်လိုင်းကနေ စုဝေးပွဲတက်ပေမဲ့ စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်နေတယ်။ အရင်ကလို တာဝန်ထမ်းဆောင်နေတုန်းကလို စိတ်သက်သာရာမရတော့ဘူး။
နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ကျွန်တော့်အခြေအနေကို သိသွားပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ “သင်တို့ကိုယ်သင်တို့ ငါ့အပေါ် အဆုံးစွန်သော စစ်မှန်မှုရှိပြီး သစ္စာရှိသည်ဟု ယူဆကြ၏။ သင်တို့သည် ကြင်နာလွန်း၍ ကရုဏာတရားကြီးမားလွန်းကာ ငါ့ကို လွန်စွာဆက်ကပ်ခဲ့ပြီးပြီဟု ထင်ကြ၏။ သင်တို့သည် ငါ့အတွက် လုံလောက်သည်ထက်ပို၍ ဆောင်ရွက်ပေးခဲ့ပြီးပြီဟု ထင်ကြ၏။ သို့သော် ဤထင်မြင်ချက်ကို သင်တို့၏ အပြုအမူများနှင့် နှိုင်းယှဉ်ခဲ့ဖူးသလော။ သင်တို့သည် လွန်စွာမောက်မာသည်၊ လွန်စွာ လောဘကြီးသည်၊ ဝတ်ကျေတမ်းကျေသာ လွန်စွာပြုသည်ဟု ငါဆို၏။ သင်တို့ငါ့အားလှည့်စားသည့် လှည့်ကွက်များသည် လွန်စွာပါးနပ်ပြီး၊ သင်တို့တွင် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များနှင့် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများရှိကြ၏။ သင်တို့၏ သစ္စာရှိမှုသည် လွန်စွာနည်းပါး၏။ သင်တို့၏ စစ်မှန်သော စိတ်နှလုံးသည် လွန်စွာသေးနုပ်၍ သင်တို့၏ အသိတရားသည် ပို၍ပင်မရှိ ဖြစ်နေ၏။...သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အရာ ဆောင်ရွက်ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါက စဉ်းစားခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှု အတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထားက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏ကျိုးနွံနာခံမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခဲ့တယ်။ အရင်ကဆိုရင် ကျွန်တော်ဟာ ဘုရားသခင်အတွက် လုံလုံလောက်လောက် ဆက်ကပ်ပြီး အသုံးခံခဲ့တယ်လို့ ထင်ခဲ့တာ။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ ကျွန်တော် အမြဲတမ်း ဧဝံဂေလိတရားကို ဟောခဲ့ပြီး ရှေ့တန်းရောက်နေရင်တောင်မှ ဟောခဲ့တယ်။ တစ်ခါက ကျွန်တော် လူသစ်တွေကို ရေလောင်းရာကနေ ပြန်လာတော့၊ တပ်ခွဲမှူးက ကျွန်တော့်ကို ရန်သူထင်ပြီး ပစ်ဖို့ပြင်နေခဲ့တာ။ ကံကောင်းလို့ ညီအစ်ကိုတစ်ယောက်က ကျွန်တော်မှန်း ချက်ချင်းသတိထားမိသွားလို့ မောင်းခလုတ်ကို မဆွဲခဲ့ဘူး။ ကျွန်တော် ဒီလိုပုံစံနဲ့ ဧဝံဂေလိတရားကိုဟောပြီး ဘုရားသခင်အတွက် အသုံးခံတာ၊ ဆင်းရဲဒုက္ခအများကြီးခံရပြီး လူတချို့ကိုလည်း ရခဲ့တာက ကျွန်တော် ဘုရားသခင်အပေါ် သစ္စာစောင့်သိကြောင်း ပြပြီးသားပဲ၊ ကိုယ်တော်လည်း ကျေနပ်သင့်ပြီလို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်တော်ဟာ လုံးဝသစ္စာမရှိခဲ့ပါဘူး။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ ပထမဆုံးစဉ်းစားမိတာက ကိုယ့်သိက္ခာနဲ့ ကိုယ့်အကျိုးစီးပွားပဲ။ ကျွန်တော် ဧဝံဂေလိဟောဖို့ အပြင်ထွက်တာကို တပ်စုမှူးမိသွားရင် သူက ကျွန်တော့်ကို ရိုက်နှက်၊ ဆူပူပြီး အရှက်ခွဲမှာကို ကျွန်တော်ကြောက်ခဲ့တယ်၊ မျက်နှာပျက်ရမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် ကိုယ့်တာဝန် ထမ်းဆောင်တာကိုရပ်ပြီး ဧဝံဂေလိလည်းမဟော၊ လူသစ်တွေကိုလည်း ရေမလောင်းတော့ဘူး။ တပ်စုမှူးက ရွာသားတွေကို ဘယ်သူဧဝံဂေလိဟောလဲဆိုတာ စုံစမ်းတော့၊ ကျွန်တော်ဟောမှန်း သူသိသွားရင် ဖမ်းပြီးထောင်ချမှာကို ကျွန်တော်ကြောက်ခဲ့တယ်၊ ဒါကြောင့် ကိုယ့်တာဝန်ကို နောက်တစ်ခါထပ်ရပ်လိုက်ပြန်ရော။ ဒီလိုအခြေအနေတွေနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ရတဲ့အခါ ကျွန်တော်စဉ်းစားမိတာအားလုံးက ကိုယ့်သိက္ခာပဲ။ ကိစ္စတစ်ခုခုက ကိုယ့်သိက္ခာ၊ အရှက်ရစရာတစ်ခုခုနဲ့ ပတ်သက်လာတိုင်းမှာ ကျွန်တော် ကိုယ့်တာဝန်ကို ဘေးချပြီး ထမ်းဆောင်တာကို ရပ်လိုက်တာပဲ။ ကျွန်တော်ဟာ ဘုရားသခင်အတွက် အသုံးခံချင်စိတ်ရှိပေမဲ့၊ ကိုယ့်အကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့အခါတိုင်းမှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲရွေးချယ်ပြီး အသင်းတော်အလုပ်ကို လုံးဝမကာကွယ်ခဲ့ဘူး။ ကျွန်တော် ကိုယ့်တာဝန်ထမ်းဆောင်ရာမှာ တာဝန်မယူခဲ့ဘူး၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရားလည်း မရှိခဲ့ဘူး။ အခုတော့ ကျွန်တော်ဟာ သစ္စာမရှိဘူး၊ ဘုရားသခင်အပေါ် လုံလုံလောက်လောက် ရိုးသားမှုမရှိဘူး၊ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သိမ်ဖျင်းတယ်ဆိုတာ ကျွန်တော် နောက်ဆုံးမှာ သတိပြုမိသွားတယ်။
အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုဖတ်ပြီး အရမ်းကို ခွန်အားရသွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဧဝံဂေလိတရားဟောခြင်းသည် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မည်သည့်အချိန်၌မဆို၊ ငါတို့ကြားသည့်အရာ၊ သို့မဟုတ် မြင်သည့်အရာက မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် မည်သည့်ဆက်ဆံမှုမျိုးကို ငါတို့ကြုံတွေ့သည်ဖြစ်စေ ဧဝံဂေလိတရားဟောခြင်း ဟူသည့် ဤတာဝန်ကို ငါတို့ အမြဲတမ်း ထိန်းသိမ်းရမည်။ မည်သည့်အခြေအနေ၌ဖြစ်စေ ငါတို့သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းချက်ကြောင့် ဤတာဝန်ကို စွန့်လွှတ်၍မရပေ။ ဧဝံဂေလိတရားဟောရမည့် တာဝန်သည် ချောမွေ့သောခရီး မဟုတ်ဘဲ အန္တရာယ်နှင့် အတိပြီး၏။ သင်တို့သည် ဧဝံဂေလိတရားဟောသောအခါ ကောင်းကင်တမန်များ၊ သို့မဟုတ် ဂြိုဟ်သားများ၊ သို့မဟုတ် စက်ရုပ်များကို ရင်ဆိုင်ရမည် မဟုတ်ပေ။ သင်တို့သည် ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားများ၊ အသက်ရှိသော နတ်ဆိုးများ၊ လူ့တိရစ္ဆာန်များကိုသာ ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် ဆိုးယုတ်သော ဤနေရာ၊ ဆိုးယုတ်သော ဤကမ္ဘာ၌ ရှင်သန်နေသည့်၊ စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်းကို ခံထားရသော လူသားများဖြစ်ကြပြီး ဘုရားသခင်ကို ခုခံကြသည်။ ထို့ကြောင့် ဧဝံဂေလိတရားဟောခြင်း လုပ်ငန်းစဉ်၌ တွေ့နေကျ ဖြစ်စဉ်များဖြစ်သည့် အသေးအဖွဲမျှသော အသရေဖျက်မှု၊ လှောင်ပြောင်ခြင်းများနှင့် နားလည်မှုလွဲမှားခြင်းများကို မဆိုနှင့်၊ အန္တရာယ်မျိုးပေါင်းစုံ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ အကယ်၍ သင်သည် ဧဝံဂေလိတရားဟောခြင်းကို တာဝန်တစ်ခုအဖြစ်၊ ဝတ္တရားတစ်ခုအဖြစ်သာမက သင်၏တာဝန်အဖြစ် အမှန်တကယ် သဘောထားပါက သင်သည် ဤအရာများကို မှန်ကန်စွာ သဘောထားနိုင်ပြီး ယင်းတို့ကို မှန်ကန်စွာပင် ကိုင်တွယ်နိုင်မည် ဖြစ်သည်။ သင်သည် တာဝန်နှင့် ဝတ္တရားကို စွန့်လွှတ်မည် မဟုတ်သကဲ့သို့ သင်သည် ဤအရာများကြောင့် ဧဝံဂေလိတရားဟောပြီး ဘုရားသခင်အား သက်သေခံမည့် သင်၏ နဂိုမူလ ရည်ရွယ်ချက်မှ လမ်းလွဲသွားမည် မဟုတ်သည့်အပြင် ဤသည်မှာ သင့်တာဝန်ဖြစ်သည့်အတွက် ဤတာဝန်ကို မည်သည့်အခါမျှ သင် လက်လျှော့မည် မဟုတ်ပေ။ ဤတာဝန်ကို မည်ကဲ့သို့ နားလည်သင့်သနည်း။ ယင်းသည် လူ့ဘဝ၏ တန်ဖိုးနှင့် အခြေခံဝတ္တရား ဖြစ်၏။ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သတင်းကောင်းနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ဧဝံဂေလိတရားအား တရားဟောခြင်းသည် လူ့ဘဝ၏တန်ဖိုးပင် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်တော်နားလည်သွားတယ် ဧဝံဂေလိတရားဟောတာဟာ လွယ်ကူချောမွေ့တာမဟုတ်ဘူး။ ကျွန်တော်တို့က ဖောက်ပြန်ပျက်စီးတဲ့လူသားတွေနဲ့ ဆက်ဆံနေရတာဖြစ်လို့ ဧဝံဂေလိတရားဟောတဲ့အခါမှာ အန္တရာယ်အမျိုးမျိုးကို သေချာပေါက်ကြုံတွေ့ရမှာပဲ၊ အရိုက်အဆူခံရတာ၊ အရှက်ခွဲခံရတာ၊ လှောင်ပြောင်ခံရတာ၊ အသရေဖျက်ခံရတာမျိုးလိုပေါ့။ ဒါက ရှောင်လွဲလို့မရဘူး။ ဧဝံဂေလိတရားဟောတာက ဘုရားကိုယုံကြည်သူတိုင်းရဲ့ ရှောင်လွှဲလို့မရတဲ့ တာဝန်ပဲ။ ဘယ်လိုနှိပ်စက်မှုပဲကြုံရပါစေ၊ တခြားသူတွေက ဘယ်လောက်ပဲ အရှက်ခွဲ၊ လှောင်ပြောင်ပါစေ၊ ကိုယ့်တာဝန်ကို စွန့်လွှတ်လို့မရဘူး၊ အထူးသဖြင့် အရေးကြီးတဲ့အချိန်ရောက်လာတဲ့အခါ၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်မှ ဘုရားသခင်ရဲ့ အမှတ်ရတာကို ခံရမှာ။ ဘုရားသခင်က ကျွန်တော့်ကိုပေးထားတဲ့ တာဝန်နဲ့ ဝတ္တရားက အရေးအကြီးဆုံးပဲ၊ မာနနဲ့ ကိုယ့်ဂုဏ်သိက္ခာကို ကျွန်တော် လက်လွှတ်သင့်တယ်။ ပြီးတော့ ဧဝံဂေလိတရားကို ဆက်ဟောပြီး ဘုရားကို သက်သေခံသင့်တယ်။ လူတွေကို ဘုရားရှေ့မှောက်ကို ပိုပြီးတော့ခေါ်ဆောင်လာပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းရမယ်။ ဒါဟာ ဘုရားကိုသက်သေခံပြီး စာတန်ကို အရှက်ခွဲဖို့ အကောင်းဆုံးနည်းလမ်းပဲ။ တပ်စုမှူးက ကျွန်တော့်ကို ဘယ်လောက်ပဲ ဆူပူအရှက်ခွဲပါစေ၊ ရဲဘော်တွေက ဘယ်လောက်ပဲ လှောင်ပြောင်ပါစေ၊ သူတို့က ကျွန်တော့်ကို သစ်ပင်မှာကြိုးတုပ်ပြီး ချိတ်ဆွဲထားရင်တောင်မှ၊ ကျွန်တော် ဧဝံဂေလိတရားကို ဟောပြီး ဘုရားကို သက်သေခံရမယ်။
နောက်ပိုင်းမှာ၊ ကျွန်တော်တို့တပ်က နောက်ထပ်တစ်နေရာကို ပြောင်းသွားပြီး၊ ကျွန်တော် ဧဝံဂေလိဟောဖို့ အပြင်ထွက်လို့မရတော့ဘူး၊ ဒါကြောင့် စစ်တပ်ထဲက ညီအစ်ကိုတချို့နဲ့ အွန်လိုင်းကနေ ဧဝံဂေလိဟောခဲ့တယ်။ ကျွန်တော် ဖုန်းထဲမှာ အုပ်စုတစ်ခုဖွဲ့ပြီး ဒီညီအစ်ကိုတွေကို အုပ်စုထဲထည့်လိုက်တယ်။ မမျှော်လင့်ဘဲနဲ့ တပ်စုမှူးက ကျွန်တော်မသိလိုက်ခင်မှာ ကျွန်တော့်ဖုန်းကို ယူသွားပြီး ကျွန်တော့်ကိုပြောတယ်။ “မင်း ဘုရားကိုမယုံကြည်တော့ဘူးဆိုတာကို ကတိခံဝန်ချက်စာနဲ့ သက်သေပြရင်၊ မင်းဖုန်းကို ငါပြန်ပေးမယ်” တဲ့။ ကျွန်တော်က ပြောလိုက်တယ်။ “ကျွန်တော် ဘာအမှားမှမလုပ်ထားဘူး။ ဘာလို့ ကျွန်တော့်ဖုန်းကို သိမ်းတာလဲ” ပေါ့။ တပ်စုမှူးက ပြောတယ်။ “မင်း ဘုရားကိုယုံကြည်တာ လွန်သွားပြီ။ ဝလူမျိုးတွေက သူတို့ပါတီကိုပဲ ယုံကြည်တာ၊ ဘုရားကိုယုံကြည်တာက ဥပဒေချိုးဖောက်တာပဲ” တဲ့။ ဒီလိုပြောရင်း တပ်စုမှူးက ဂေါ်ပြားတစ်လက်ကိုယူပြီး ကျွန်တော့်ကို ရိုက်တယ်။ နောက်တစ်နေ့မှာ တပ်စုမှူးက ကျွန်တော့်ဖုန်းထဲက ကျွန်တော်နဲ့ ညီအစ်ကိုတွေရဲ့ စကားပြောမှတ်တမ်းတွေကို တွေ့သွားပြီး၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့ အသင်းတော်ရဲ့ ရုပ်ရှင်၊ ဗီဒီယိုတွေကိုပါ တွေ့သွားတယ်။ သူက ဒါကို ဌာနချုပ်က သူ့အထက်အရာရှိတွေဆီ တိုင်ကြားခဲ့တယ်။ တပ်မှူးက ကျွန်တော့်ကိုမေးတယ်။ “မင်း ဘယ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့တာလဲ။ အသင်းတော်မှာ မင်းရာထူးက ဘာလဲ။ ဘယ်သူတွေကို ဧဝံဂေလိတရား ဟောခဲ့လဲ။ ငါတို့တပ်ထဲမှာ ယုံကြည်သူ ဘယ်နှယောက်ရှိလဲ” တဲ့။ သူတို့မေးနေတုန်းမှာ ကျွန်တော်ကြောက်နေပြီး ကျွန်တော့်ခန္ဓာကိုယ်ကလည်း နည်းနည်းတုန်နေခဲ့တယ်။ ကျွန်တော်စဉ်းစားမိတယ်။ “ငါ အမှန်အတိုင်းပြောရင်၊ ယုဒလို ဘုရားကိုသစ္စာဖောက်တာပဲ၊ ဒါပေမဲ့ မပြောရင်လည်း တပ်မှူးနဲ့တခြားသူတွေက ဒီညီအစ်ကိုတွေကို ဘယ်သူဧဝံဂေလိဟောလဲဆိုတာ သွားမေးလိမ့်မယ်၊ သူတို့က ငါဟောတာလို့ပြောရင် ငါ့ကံကြမ္မာက သေချာပေါက် ပိုဆိုးသွားမှာပဲ” ပေါ့။ ကျွန်တော့်စိတ်ထဲမှာ ဘုရားသခင်ကို အကြိမ်ကြိမ်ဆုတောင်းနေခဲ့တယ်၊ ကိုယ်တော်က ကျွန်တော့်ကို သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်နိုင်ဖို့ လမ်းပြပြီး ခွန်အားပေးပါလို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်တော် ဘယ်လောက်ပဲ အရှက်ခွဲခံရ၊ ဆင်းရဲဒုက္ခခံရပါစေ ကျွန်တော် ညီအစ်ကိုမောင်နှမတွေကို သစ္စာမဖောက်ဘဲ ယုဒလိုမလုပ်မိအောင်ပေါ့။ အဲဒီနောက်မှာ ကျွန်တော်ပြောလိုက်တယ်။ “ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာက စုဝေးပြီး ဘုရားကိုကိုးကွယ်တာပါပဲ” ပေါ့။ အဲဒီနောက်ပိုင်း သူတို့မေးတဲ့ ဘာမေးခွန်းကိုမှ ကျွန်တော်မဖြေတော့ဘူး။ နောက်ဆုံးမှာတော့ သူတို့က ကျွန်တော့်ကို ပြန်ပို့ပြီး အချုပ်ခန်းထဲမှာ ထည့်ထားလိုက်တယ်။ သူတို့က ကျွန်တော့်ကို တခြားလူသုံးယောက်နဲ့ အတူတူ ခြေချင်းခတ်ထားတယ်။ ကျွန်တော်တို့ စားချိန်၊ အိပ်ချိန်၊ အိမ်သာသွားချိန်တွေမှာ လေးယောက်လုံးအတူတူပဲ၊ လမ်းလျှောက်ဖို့လည်း အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းအားငယ်လာတယ်။ “ငါ အခုအချုပ်ကျနေပြီး လက်ထိပ်ခတ်၊ ခြေချင်းခတ်ခံထားရတယ်။ မယုံကြည်တဲ့ရဲဘော်တွေက ငါ့ကိုမြင်ရင် ဘယ်လိုထင်ကြမလဲ။ သူတို့ကလည်း ငါ ဘုရားကိုယုံကြည်တာ လွန်သွားပြီလို့ ပြောကြမလား” ပေါ့။ ဒီအကြောင်းတွေစဉ်းစားမိတော့ ကျွန်တော် ရှက်လာပြီး သိက္ခာကျတယ်လို့ ခံစားရတယ်။ ကျွန်တော် စိတ်ဓာတ်ကျပြီး ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပြီ။ ဒီပတ်ဝန်းကျင်ကနေ ကျွန်တော့်ကို လွတ်မြောက်အောင် ဘုရားကို ကူညီပေးစေချင်မိတယ်။ ဒီလိုအရှက်ခွဲမခံချင်တော့ဘူး။ ကျွန်တော် ထမင်းသွားစားတဲ့အခါ လက်ထိပ်ခတ်လျက်နဲ့ပဲ သွားရတယ်၊ တခြားစစ်သားတွေက ကျွန်တော့်ကို လှောင်ပြောင်ကြတယ်။ “မင်းရဲ့ဘုရားကို မင်းရဲ့လက်ထိပ်တွေ ဖြုတ်ခိုင်းလိုက်လေ” တဲ့။ ကျွန်တော် ခေါင်းငုံ့ပြီး ထမင်းစားတယ်၊ ခေါင်းမဖော်ရဲဘူး၊ စိတ်ထဲမှာ တိတ်တဆိတ်ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်တော် နာကျင်နေပါတယ်။ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက သိပ်ငယ်ပါသေးတယ်။ ကိုယ်တော်က ကျွန်တော့်ကို လမ်းပြပြီး ယုံကြည်ခြင်းနဲ့ ခွန်အားပေးပါ ဒါမှ တခြားသူတွေရဲ့ အရှက်ခွဲတာကို ရင်ဆိုင်နိုင်မှာပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်တော် ခွန်အားပိုရှိလာသလို ခံစားရပြီး၊ “နောင်တမရှိသည့် ရွေးချယ်မှုတစ်ခု” ဆိုတဲ့ ဓမ္မသီချင်းတစ်ပုဒ်ကို သတိရသွားတယ်။
၁ ခရစ်ယာန်များအပေါ် စာတန်၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းသည် ပို၍ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။ မြို့သည် အမှောင်ထုနှင့် ထိတ်လန့်ဖွယ်ရာများဖြင့် ပြည့်နှက်နေပြီး ကျွန်ုပ်သည် တတ်နိုင်သမျှ နေရာတိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဧဝံဂေလိတရားဟောခြင်းကြောင့် ကျွန်ုပ်သည် စီစီပီ၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည်။ ကျွန်ုပ်သည် ဘုရားသခင်ထံသို့ အသည်းအသန် ဆုတောင်းခြင်းဖြင့် အသနားခံခဲ့သည်။ စာတန်က ကျွန်ုပ်ကို မည်မျှပင် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်စေကာမူ၊ မည်သည့်အရာကမျှ ဘုရားသခင်အပေါ်ထားရှိသော ကျွန်ုပ်၏ယုံကြည်ခြင်းကို တုန်လှုပ်စေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းငှာ မတတ်နိုင်ပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်နှင့်သာ သက်ဆိုင်ပါ၏။ အကျဉ်းချခြင်းသည် ကျွန်ုပ်၏ခန္ဓာကိုယ်ကိုသာ ထိန်းချုပ်နိုင်သော်လည်း၊ ကိုယ်တော့်နောက်လိုက်သော ကျွန်ုပ်၏ခြေလှမ်းများကိုမူ မတားဆီးနိုင်ပါ။ နာကျင်ဖွယ် ဒုက္ခဝေဒနာ၊ ကြမ်းတမ်းသောလမ်းခရီးဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့်အတူ ကျွန်ုပ်၏စိတ်နှလုံးသည် ကြောက်ရွံ့ခြင်းကင်းမဲ့၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်ုပ်နှင့်အတူရှိနေခြင်းကြောင့် ကျွန်ုပ်၏စိတ်နှလုံးသည် ကျေနပ်ရောင့်ရဲလျက်ရှိသည်။
၂ စာတန်ဆန်သော နတ်ဆိုးများ၏ ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှု၏ ဝေဒနာသည် ပို၍ပင် ပြင်းထန်လာပြီး၊ ပြင်းထန်သော ဝေဒနာဖြင့် ကျွန်ုပ်ကို အကြိမ်ကြိမ် တိုက်ခိုက်သည်။ ကျွန်ုပ်၏အသက်ကို နုတ်ယူခြင်းခံရတော့မည့် နောက်ဆုံးအချိန်တွင်၊ ကျွန်ုပ်၏ အသက်ရှင်ခြင်းနှင့် သေခြင်းကို ဘုရားသခင်ထံ အပ်နှံပြီး ကိုယ်တော်ကို မျှော်ကိုးသည်။ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ရန် ဘုရားသခင်က ကျွန်ုပ်အား ယုံကြည်ခြင်းကို ပေးသနားတော်မူပါစေ။ ကျွန်ုပ်သည် ဘုရားသခင်အပေါ် အရှက်ရစေသည့် အမှတ်အသားဖြစ်သော ယုဒတစ်ဦး မည်သည့်အခါမျှ ဖြစ်မည်မဟုတ်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော့်အား သေသည့်တိုင်အောင် သစ္စာစောင့်သိပါမည်။ အဆင်းနီသော နဂါးကြီး၏ရှေ့တွင် ကျွန်ုပ် မည်သည့်အခါမျှ ဦးညွှတ်ခြင်း သို့မဟုတ် အလျှော့ပေးခြင်း ပြုမည်မဟုတ်။ စာတန်သည် ကျွန်ုပ်၏ခန္ဓာကိုယ်ကိုသာ ညှဉ်းပန်းနှိပ်စက်ပြီး ဖျက်ဆီးနိုင်သော်လည်း ဘုရားသခင်အပေါ်ထားရှိသော ကျွန်ုပ်၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုမူ မဖျက်ဆီးနိုင်ပါ။ ကျွန်ုပ် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများအပေါ်တွင်သာ မူတည်သည်။ ကျွန်ုပ်သည် ဘုရားသခင်အတွက် သက်သေခံရန် အစွမ်းကုန် ပေးဆပ်မည်။ ကျွန်ုပ်သည် ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး စာတန်ကို အရှက်ရစေနိုင်မည်ဆိုလျှင် ညည်းညူခြင်း မရှိဘဲ သေဆုံးမည်။
ဤဘဝတွင် ခရစ်တော်နောက်လိုက်လျှောက်ပြီး ကျွန်ုပ်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်မှာ ကျွန်ုပ်အတွက် ဂုဏ်ယူစရာအခွင့်အရေး ဖြစ်ပါသည်။ ဘုရားသခင်နောက်လိုက်ခြင်းအားဖြင့် ကျွန်ုပ်သည် သမ္မာတရားများစွာကို နားလည်ခဲ့သည်၊ ကျွန်ုပ်၏ဘဝသည် အချည်းနှီး အသက်ရှင်ခဲ့ခြင်း မဟုတ်ပါ။ ဘုရားသခင်အတွက် သက်သေခံနိုင်သမျှ ကာလပတ်လုံး၊ ကျွန်ုပ်သည် နောင်တမရဘဲ သေဆုံးနိုင်ပါသည်၊ ဤသည်မှာ ကျွန်ုပ် မည်သည့်အခါမျှ နောင်တရမည် မဟုတ်သော ရွေးချယ်မှု ဖြစ်ပါသည်။
—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ
ဒီသီချင်းက ကျွန်တော့်ကို ယုံကြည်ခြင်းပေးခဲ့တယ်။ တခြားသူတွေက ကျွန်တော့်ကို ဘယ်လိုပဲဆက်ဆံပါစေ၊ ကျွန်တော် ဘုရားသခင်ကို သစ္စာဖောက်လို့မဖြစ်ဘူး။ ဘုရားသခင်နောက်လိုက်ခြင်းဟာ ကျွန်တော့်တစ်သက်တာမှာ နောင်တရမှာမဟုတ်တဲ့ ရွေးချယ်မှုတစ်ခုပဲ။ ကျွန်တော်ဟာ ကိုယ့်ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်ဖို့ အရာအားလုံးကို စွန့်စားရမယ်။
အရင်ကဆိုရင် ကျွန်တော်ဟာ ဘုရားကိုယုံကြည်သူတစ်ယောက်အနေနဲ့ နှိပ်စက်ခံရတာကို အရှက်ရစရာကိစ္စတစ်ခုလို့ အမြဲခံစားခဲ့ရတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျွန်တော့်ရဲ့အမြင်ကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ ပြီးလျှင် ယင်း၏ အညစ်အကြေးဖြင့် ဖုံးအုပ်သည်အထိ ယင်း၏ နင်းချေခြင်းကို ခံရသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို ရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်တော်နားလည်လာတာက၊ ခရစ်ယာန်တွေကို ဖမ်းဆီးပြီး နှိပ်စက်တဲ့နတ်ဆိုးတွေဟာ ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်တယ်၊ အာဏာရှင်အစိုးရတွေက လူတွေကို ဘုရားသခင်ကိုယုံကြည်ပြီး လိုက်လျှောက်ဖို့ ခွင့်မပြုဘဲ၊ ဗုဒ္ဓဘုရားနဲ့ သမ္မတကို ကိုးကွယ်ဖို့၊ ယူနိုက်တက် ဝပါတီကို ယုံကြည်ဖို့ပဲ ခွင့်ပြုတယ်။ သူတို့က လူတွေကို ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ကိုယ်တိုင် ဖန်တီးဖို့၊ ပညာသင်ကြားပြီး ငွေရှာခြင်းအားဖြင့် သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ လုပ်ခိုင်းတယ်။ ဒီလိုနေရာမျိုးမှာ ဘုရားရဲ့ဧဝံဂေလိတရားကို ဖြန့်ဝေတာဟာ ဖိနှိပ်မှုတွေ၊ အတားအဆီးတွေကို ကြုံတွေ့ရစေမှာပဲ။ ဒီမှာ ဘုရားကိုယုံကြည်ပြီး ဧဝံဂေလိတရားဟောတဲ့သူတွေဟာ နှိပ်စက်မှု၊ လှောင်ပြောင်မှု၊ ရိုက်နှက်ဆူပူမှုတွေ၊ ထောင်ကျတာမျိုးတွေကိုတောင် ကြုံတွေ့ရလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ဖြောင့်မတ်ခြင်းတရားအတွက် ဖိနှိပ်ခံရတာပဲ၊ ဒီဆင်းရဲဒုက္ခက အဓိပ္ပာယ်ရှိတယ်။ ကျွန်တော် ညှဉ်းပန်းနှိပ်စက်ခံရပြီး လှောင်ပြောင်အရှက်ခွဲခံရတဲ့အခါမှာ၊ သိက္ခာကျပြီး ဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်နိုင်ဘူးလို့ ခံစားရရင်၊ ဒါဆိုရင် ကိစ္စတွေအပေါ် ကျွန်တော့်ရဲ့အမြင်က မမှန်ကန်ဘူး။ ကျွန်တော်ဟာ ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်တာဟာ လုံးဝကို သဘာဝကျပြီး မှန်ကန်တဲ့ကိစ္စတစ်ခုပဲ။ ဧဝံဂေလိတရားကိုဟောပြီး ဘုရားကိုသက်သေခံတာဟာ ဖန်ဆင်းရှင်က ကျွန်တော်တို့ကိုပေးအပ်တဲ့ သာသနာနဲ့ ဝတ္တရားဖြစ်သလို၊ လူသားအားလုံးထဲမှာ တရားအမျှတဆုံးအရာလည်း ဖြစ်တယ်။ ဧဝံဂေလိတရားဟောကြားတဲ့အခါ ဖိနှိပ်စက်ခံရတာဟာ အရှက်ရစရာကိစ္စမဟုတ်ဘူး၊ ဒါဟာ ဖြောင့်မတ်ခြင်းတရားအတွက် ဖိနှိပ်ခံရတာပဲ။ ဒါဟာ ယောဘလိုပေါ့။ သူစမ်းသပ်မှုတွေနဲ့ ကြုံရတဲ့အခါ၊ သူ့အိမ်မှာရှိတဲ့ ပစ္စည်းဥစ္စာတွေ ဓားပြတိုက်ခံရတယ်၊ သားသမီးတွေသေဆုံးတယ်၊ တစ်ကိုယ်လုံးမှာလည်း အနာစိမ်းတွေပေါက်တယ်။ သူ့မိတ်ဆွေတွေက သူ့ကိုလှောင်ပြောင်တယ်၊ သူ့ဇနီးကတောင် ဘုရားကိုစွန့်ပြီး သေလိုက်ဖို့ပြောခဲ့တယ်၊ ဒါပေမဲ့ သူကတော့ အမြဲတမ်း ဘုရားသခင်ဆီဆုတောင်းပြီး၊ ကိုယ်တော်ရဲ့နာမတော်ကို ချီးမွမ်းတယ်။ ကိုယ်တော်အတွက် သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်ခဲ့တယ်။ ပေတရုလည်း ဧဝံဂေလိတရားဟောကြားခြင်းမှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး၊ နောက်ဆုံးမှာတော့ ကားတိုင်မှာ ပြောင်းပြန်လှန်ပြီး သံရိုက်ခံခဲ့ရတယ်၊ ဒါပေမဲ့ ဒါကို အရှက်ရစရာလို့ သူ မခံစားခဲ့ရဘူး။ ဒါနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ သူဟာ ဖောက်ပြန်ပျက်စီးတဲ့လူသားတစ်ဦးဖြစ်ပြီး၊ သခင်ယေရှုလိုမျိုး ကားတိုင်မှာ အသေခံဖို့ မထိုက်တန်ဘူးလို့ သူထင်ခဲ့တယ်၊ ဒါကြောင့် သူက ကားတိုင်မှာ ပြောင်းပြန်လှန်အသေခံဖို့ကို ရွေးချယ်ပြီး၊ ဘုရားသခင်အတွက် ကျယ်လောင်ပြီး ရှင်းလင်းတဲ့ သက်သေခံချက်ကို ပေးခဲ့တယ်။ သူတို့ရဲ့ဘဝတွေဟာ အဓိပ္ပာယ်အရှိဆုံးဘဝတွေပဲ၊ ဘုရားသခင်က ဖြောင့်မတ်တယ်လို့ ပြောတာကို ခံရတာဟာ အကြီးမြတ်ဆုံးဂုဏ်ကျက်သရေပဲ။ ကျွန်တော် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်သွားတယ်။ ကျွန်တော်က သိက္ခာကို အရမ်းအလေးထားပြီး၊ အရှက်ခွဲခံရမှာကြောက်လို့ ကိုယ့်တာဝန်တွေကို မထမ်းဆောင်ရဲခဲ့ဘူး။ ဘုရားသခင်က ကျွန်တော့်အတွက် ဒီလိုပတ်ဝန်းကျင်မျိုးကို စီစဉ်ပေးခြင်းအားဖြင့် ကျွန်တော့်ကို ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဒီပတ်ဝန်းကျင်တွေထဲမှာရှိတဲ့ အရာတွေအပေါ် မှားယွင်းတဲ့အမြင်တွေကို အသိအမှတ်ပြုပြီး ဖြေရှင်းနိုင်စေခဲ့တယ်။ ဒါဟာ ကျွန်တော့်ကို စုံလင်စေဖို့နဲ့ ကယ်တင်ဖို့အတွက်ပဲ၊ ပြီးတော့ ဝပြည်နယ်အစိုးရဟာ သမ္မာတရားကိုမုန်းတီးပြီး ဘုရားကိုအတိုက်အခံလုပ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်တယ်ဆိုတာ၊ သူတို့က ကျွန်တော့်ကို ဘယ်လောက်ပဲ နှိပ်စက်တားဆီးပါစေ၊ သူတို့ဆီမှာ ကျွန်တော် အရှုံးပေးလို့မဖြစ်ဘူးဆိုတာကိုလည်း ကျွန်တော့်ကို ပြခဲ့ပါတယ်။ ဘုရားသခင်က ဒီလောကကြီးနဲ့ လူသားမျိုးနွယ်ကို အုပ်စိုးတယ်၊ ကျွန်တော့်ကံကြမ္မာလည်း ကိုယ်တော့်လက်ထဲမှာပဲ ရှိတယ်။ ဘယ်နိုင်ငံရဲ့အစိုးရကမှ ကျွန်တော့်ကံကြမ္မာနဲ့ အနာဂတ်ကို မပြောင်းလဲနိုင်ဘူး။ ကျွန်တော် စိုးရိမ်စရာမလိုဘူး။ ဘယ်လောက်ပဲခက်ခဲနေပါစေ၊ ကျွန်တော် အမြဲတမ်း ဘုရားသခင်နောက်ကိုလိုက်ပြီး ကိုယ်တော်အတွက် သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်သွားမယ်။ ဒါကို အသိအမှတ်ပြုပြီးတဲ့နောက်မှာ၊ ဘုရားကိုယုံကြည်ပြီး ဒီဆင်းရဲဒုက္ခအားလုံးကို ခံရတာ တန်တယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်။ ကျွန်တော် တခြားသူတွေရဲ့ လှောင်ပြောင်အရှက်ခွဲတာကို မကြောက်တော့ဘူး၊ စားစရာသွားယူတဲ့အခါမှာလည်း တခြားသူတွေကို မကြည့်ရဲလောက်အောင် ရှက်မနေတော့ဘူး။ ကျွန်တော် ဘုရားသခင်ဆီကို မကြာခဏဆုတောင်းပြီး ကိုယ်တော်က ကျွန်တော့်အနားမှာ အဖော်ပြုပေးနေတယ်လို့ ခံစားခဲ့ရတယ်၊ စိတ်ထဲမှာ တစ်နေ့ထက်တစ်နေ့ ပိုပြီးပျော်ရွှင်လာခဲ့တယ်။
အချုပ်ကျပြီးတော့ လဝက်အကြာမှာ၊ ကျွန်တော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတာကို သိခဲ့ရတယ်၊ ဒါကြောင့် သူတို့က ကျွန်တော့်ကို တပ်မဟာဌာနချုပ်ကို သီးသန့်ခွဲထားဖို့ လွှဲပြောင်းလိုက်တယ်။ ဌာနချုပ်ကိုသွားတဲ့လမ်းမှာ၊ သူတို့က ကျွန်တော့်ကို လူသတ်သမားတစ်ယောက်ထက်တောင် ပိုပြီးဆိုးဆိုးရွားရွားဆက်ဆံခဲ့တယ်။ သူတို့က ကျွန်တော့်ကို ခြေချင်းသုံးခု ခတ်ထားခဲ့တယ်။ တပ်စုမှူးနဲ့ တခြားသူတွေအားလုံးက ကျွန်တော့်ကို လှောင်ပြောင်ကြတယ်။ “မင်းက ဘုရားကိုယုံကြည်တယ်မဟုတ်လား။ ဒါဆို ဘာလို့ ကိုဗစ်ဖြစ်ရတာလဲ။ မင်းတို့က ဘုရားရှိတယ်လို့ပြောတယ်၊ တကယ်တော့ လောကကြီးမှာ ဘုရားဆိုတာ လုံးဝမရှိဘူး” တဲ့။ ဒီစကားတွေကိုကြားတော့၊ ကျွန်တော် အရင်ကလို အားငယ်မနေတော့ဘူး။ တပ်စုမှူးနဲ့တခြားသူတွေက ဘယ်လောက်ပဲ လှောင်ပြောင်ပါစေ၊ တခြားလူတွေက ကျွန်တော့်ကို ဘယ်လိုပဲမြင်ပါစေ၊ ကျွန်တော် ကျိုးနွံနာခံလိုစိတ် ရှိခဲ့တယ်။ အဲဒီနောက်၊ တပ်စုမှူးက ကျွန်တော့်ကို လုံခြုံရေးဌာနကိုပို့ပြီး ထောင်ချမယ်လို့ ပြောခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာ ကြောက်စိတ်ကဝင်လာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးဌာနက အရမ်းတင်းကျပ်ပြီး၊ ထောင်ထဲမှာ အရှက်ခွဲခံရမှာကိုလည်း ကျွန်တော်စိုးရိမ်ခဲ့တယ်။ နောက်ပြီးတော့ ထောင်ကျရင် အိမ်ပြန်လို့ရတော့မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ကျွန်တော် အခန်းတစ်ခန်းထဲမှာ အပိတ်ခံထားရတယ်။ ကျွန်တော့်မှာ ဖုန်းမရှိဘူး၊ ဘုရားနှုတ်ကပတ်တော်ကိုလည်း မဖတ်နိုင်ခဲ့ဘူး။ အဲဒီမှာ ဂစ်တာတစ်လက်ရှိပြီး၊ ကျွန်တော်လုပ်နိုင်တာက ဂစ်တာတီးပြီး ဓမ္မသီချင်းတွေ ဆိုဖို့ပဲရှိတယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို အရမ်းဖတ်ချင်လို့၊ ကိုယ်တော်ဆီဆုတောင်းပြီး ကျွန်တော့်ကို လမ်းဖွင့်ပေးဖို့ တောင်းပန်ခဲ့တယ်။ ရက်နည်းနည်းကြာတော့၊ ကျွန်တော် ညီအစ်ကိုအိုင်ဗင်ရဲ့ဖုန်းကိုငှားပြီး ကျွန်တော့်ရဲ့ ဇာတ်လမ်း၊ ကျွန်တော်တို့ရဲ့ ဇာတ်လမ်း ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ခဲ့တယ်။ ရုပ်ရှင်ထဲက ညီအစ်ကိုတွေဟာ ဘုရားကိုယုံကြည်ပြီး ဧဝံဂေလိတရားဟောလို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အဖမ်းခံခဲ့ရတယ်။ သူတို့ဟာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး လူအများကြီးကလည်း သူတို့ကို အရှက်ခွဲခဲ့ကြတယ်။ သူတို့ဟာ ထောင်ဒဏ်ချမှတ်ခံရပြီး နှစ်အတော်ကြာ အကျဉ်းချခံခဲ့ရတယ်၊ တချို့ဆိုရင် ၁၀ နှစ်ကျော်တောင် ကြာခဲ့တယ်။ သူတို့မှာ လွတ်လပ်မှုတစ်စက်မှမရှိဘဲ၊ နေ့တိုင်း အလုပ်ပိုလုပ်ခိုင်းခံရတယ်၊ ဒါပေမဲ့ ထောင်ထဲမှာတောင် သူတို့ဟာ ဘုရားသခင်ဆီ ဆုတောင်းနိုင်ပြီး ဘုရားနှုတ်ကပတ်တော်ကို အချင်းချင်း လက်ဆင့်ကမ်း ဖတ်ရှုနိုင်ခဲ့ကြတယ်။ သူတို့မှာ ဘုရားသခင်ကို ကျိုးနွံနာခံတဲ့သဘောထားရှိပြီး၊ သူတို့ဟာ ဘဝမှာ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနေမှန်း သိခဲ့ကြတယ်။ သူတို့အားလုံးဟာ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်ခဲ့ကြတယ်။ သူတို့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်နေတာကြားရတဲ့အခါ ကျွန်တော် ထူးထူးခြားခြား စိတ်ထိခိုက်ခံစားခဲ့ရတယ်။ ကျွန်တော် သူတို့ကို တကယ်ပဲ လေးစားမိတယ်။ သူတို့ဟာ ဒီလောက်ကြီးမားတဲ့ဆင်းရဲဒုက္ခကိုခံရပေမဲ့၊ သူတို့ရဲ့ယုံကြည်ခြင်းမှာ တည်ကြည်နိုင်သေးတယ်၊ ဘုရားသခင်နောက်ကိုလိုက်ပြီး ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ တခြားသူတွေရဲ့ အရှက်ခွဲတာ၊ ရိုက်နှက်ဆူပူတာကို ကြုံရတဲ့အခါ မခံနိုင်ခဲ့ဘူး။ ကျွန်တော် ထောင်ကျမှာကိုကြောက်ပြီး၊ ဆင်းရဲဒုက္ခနည်းနည်းခံရတာနဲ့ တစ်ပြိုင်နက် စိတ်ဓာတ်ကျသွားတယ်၊ ကျွန်တော့်ကို ဒီလိုပတ်ဝန်းကျင်ကနေ လွတ်မြောက်အောင် ဘုရားသခင် ကူညီပေးဖို့ပဲ လိုလားခဲ့တယ်။ ကျွန်တော် ဘုရားသခင်ကို အကြွေးတင်နေသလို ခံစားခဲ့ရပြီး၊ ဘုရားသခင်က ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးဖို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ ဘယ်နှနှစ်ပဲ ထောင်ကျကျ၊ ဘယ်လောက်ပဲ အရှက်ခွဲခံရပါစေ၊ ကျွန်တော် ကျိုးနွံနာခံပြီး ရင်ဆိုင်မယ်။ ကျွန်တော် သီးသန့်ခွဲနေပြီးတဲ့နောက် ၁၀ ရက်ကျော်အကြာမှာ၊ ရှေ့တန်းကနေပြန်လာတဲ့သူတွေက စီစဉ်ထားတဲ့ တစ်လခွင့်ယူရမယ့်အချိန်နဲ့ တိုက်ဆိုင်သွားတယ်။ ကျွန်တော် လုံးဝမျှော်လင့်မထားခဲ့တာက စစ်တပ်က ကျွန်တော့်ကိုလည်း ဒီအချိန်မှာ ခွင့်ပေးခဲ့တာပဲ။ မယုံကြည်တဲ့ရဲဘော်တစ်ယောက်က ပြောတယ်။ “ကြည့်စမ်း၊ အိုက်ဒင်က အမှားလုပ်ပြီး အလုပ်ကြမ်း ပြုပြင်ရေးမှာ ရောက်နေတယ်။ ဒါပေမဲ့ သူ့ခွင့်ရက်က ငါတို့ထက်တောင် စောနေပါလား” တဲ့။ ကျွန်တော် ဘုရားသခင်ကို အရမ်းကျေးဇူးတင်ခဲ့တယ်။ ကျွန်တော် နှစ်အတော်ကြာ အကျဉ်းကျခံရတော့မယ်လို့ ထင်ထားခဲ့တာ၊ ခွင့်ရက်နဲ့ အိမ်ပြန်နိုင်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကျွန်တော် ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေနဲ့ ကိုယ်တော်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို မြင်တွေ့ခဲ့ရတယ်။ မပြန်ခင်မှာ တပ်ခွဲမှူးက ကျွန်တော့်ကို အိမ်ပြန်ရင် ဧဝံဂေလိမဟောဖို့ မှာခဲ့တယ်။ ကျွန်တော်စဉ်းစားမိတယ်။ “စစ်တပ်ထဲမှာ ဧဝံဂေလိဟောတော့ ခင်ဗျားက ကျွန်တော့်ကို ထိန်းချုပ်ပြီးရိုက်တယ်။ အခု အိမ်ပြန်တော့ ဘုရားကိုသက်သေခံဖို့ ဒီလောက်ကောင်းတဲ့အခွင့်အရေးရနေတာ၊ ကျွန်တော် ဘယ်လိုလက်လွှတ်ခံနိုင်မှာလဲ။ ကျွန်တော် ဧဝံဂေလိတရားတာကို အစွမ်းကို အားထုတ်မယ်။ ခင်ဗျားရဲ့စကားတစ်ခွန်းကြောင့် ကျွန်တော့်အပေါ် သက်ရောက်မှုရှိစေမှာမဟုတ်ဘူး” ပေါ့။ အိမ်ရောက်ပြီးတဲ့နောက်မှာ၊ ကျွန်တော် ညီအစ်ကိုမောင်နှမတွေကို စုစည်းပြီး ရွာတစ်ရွာကို ဧဝံဂေလိတရားဟောဖို့ သွားခဲ့တယ်။ အဲဒီအချိန်မှာ လူ ၆ ယောက်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့တယ်။ စစ်တပ်ကိုပြန်ရောက်ပြီး ၁၀ ရက်ကျော်အကြာမှာ၊ တပ်စုမှူးက ကျွန်တော့်ကို ကင်းစခန်းမှာ ကင်းစောင့်တဲ့နေရာကို ပြောင်းရွှေ့လိုက်တယ်။ ကျွန်တော် ဘုရားသခင်ကို အရမ်းကျေးဇူးတင်ခဲ့တယ်။ အရင်က စစ်တပ်ထဲမှာ အရမ်းအလုပ်များပြီး၊ ဧဝံဂေလိဟောဖို့ အချိန်သိပ်မရှိခဲ့ဘူး။ ဒီနေရာကိုရောက်လာတော့ သိပ်ပြီး အလုပ်မများတော့ဘူး၊ ဧဝံဂေလိဟောဖို့ အချိန်ပိုရလာတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုက ဘယ်တော့မှမရပ်ခဲ့ပေမဲ့၊ ကျွန်တော် ဧဝံဂေလိတရားကို ဆက်ဟောပြီး ဘုရားအတွက် သက်သေခံခဲ့တယ်၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ရဖို့အတွက် လူတွေကို ပိုပြီးတော့ ဘုရားရှေ့ကို ခေါ်ဆောင်ခဲ့တယ်။
ဧဝံဂေလိတရားဟောတဲ့ ဖြစ်စဉ်တစ်လျှောက်လုံးမှာ၊ ကျွန်တော် ဆင်းရဲဒုက္ခနည်းနည်းခံခဲ့ရတယ်၊ အရှက်ခွဲတာ၊ ရိုက်နှက်ဆူပူတာတွေခံခဲ့ရတယ်၊ အချုပ်လည်းကျခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးခြင်းနဲ့ ချို့တဲ့မှုတွေကို မြင်ခဲ့ရသလို၊ ဘုရားရဲ့မေတ္တာကိုလည်း မြင်ခဲ့ရတယ်။ ဘယ်လိုအခြေအနေမျိုးပဲကြုံရပါစေ၊ အကြိမ်တိုင်းမှာ ကျွန်တော့်ကို လမ်းပြပေးဖို့၊ ကျွန်တော့်ရဲ့မာနနဲ့ သိက္ခာကို ဘေးဖယ်ထားပြီး ရှေ့ဆက်လျှောက်ဖို့အတွက် ယုံကြည်ခြင်းနဲ့ ခွန်အားရှိစေဖို့ ဘုရားနှုတ်ကပတ်တော်တွေရှိနေခဲ့တယ်။ ဒီအတွေ့အကြုံတွေက ဧဝံဂေလိတရားအတွက် ဆင်းရဲဒုက္ခခံရတာ၊ နှိပ်စက်ခံရတာက အဓိပ္ပာယ်ရှိတဲ့ကိစ္စဖြစ်တယ်ဆိုတာကို ကျွန်တော့်ကို ကိုယ်တွေ့ပြသခဲ့တယ်။ ဘုရားသခင်နောက်ကိုလိုက်ပြီး၊ ဘုရားသခင်အတွက် အသုံးခံတာ၊ ကိုယ့်တာဝန်ကို ဖြည့်ဆည်းတာဟာ ကိုယ့်မှာရှိနိုင်တဲ့ အဓိပ္ပာယ်အရှိဆုံးဘဝတစ်ခုပဲ ဖြစ်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်ကိုင်၊ ကျန်းရှိစီရင်စုကျွန်မက သာမန်ကျေးလက် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သားယောက်ျားလေးများကိုသာ တန်ဖိုးထားသည့် မြေရှင်ပဒေသရာဇ်စနစ်...
စွန်းယန် တရုတ်နိုင်ငံ ၂၀၀၈ ခုနှစ် မတ်လ နေ့လယ်ခင်းတစ်ခုမှာပေါ့၊ အစ်ကိုလျူရယ်၊ ညီအစ်မသုံးယောက်ရယ်၊ ကျွန်တော်ရယ် တွေ့ဆုံပွဲလုပ်နေတုန်းမှာ...
မန့်ယုံ တရုတ်နိုင်ငံ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်နှင့် ညီအစ်ကို မောင်နှမအချို့သည် နေရာတစ်ခုသို့ ဧဝံဂေလိတရား ဖြန့်ဝေရန်...
လင်းယင်၊ ရှန်ဒုံစီရင်စုကျွန်မနာမည် လင်းယင်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ခရစ်ယာန်တစ်ဦး ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်...