ကျွန်ုပ် ကံဆိုးသည်ဟု မညည်းညူတော့ပါ

03.04.2026

စူးချင်၊ တရုတ်နိုင်ငံ

ကျွန်မဟာ ဆင်းရဲတဲ့ ကျေးလက်တောရွာ မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ အထက်တန်းကျောင်းတက်တုန်းက ကျွန်မမိဘတွေက ကျုရှင်ခ မတတ်နိုင်ခဲ့လို့ ကျွန်မဦးလေးဆီကနေ ပိုက်ဆံချေးဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့အဒေါ်က ကျွန်မတို့ ပြန်မဆပ်နိုင်မှာစိုးလို့ ပိုက်ဆံမချေးချင်ခဲ့ဘူးလေ။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ကောလိပ်ဝင်ခွင့်ရအောင် ကြိုးစားပြီး ငါ့ပတ်ဝန်းကျင်က လူတွေ ငါ့မိသားစုကို လေးစားအားကျအောင် လုပ်ရမယ်” လို့ပေါ့။ ကျောင်းတက်နေတုန်းမှာ ပိုက်ဆံစုဖို့အတွက် အိမ်ကနေ ယူလာတဲ့ မုန့်အိုးကင်းကြော်တွေကိုပဲ ကျွန်မ စားခဲ့တယ်။ အချိန်ကြာရှည် အာဟာရမပြည့်ဝမှုကြောင့် ဦးနှောက်ကို သွေးကောင်းကောင်းမရောက်တော့ ကျွန်မ အမြဲတမ်းလိုလို မူးဝေနောက်ကျိနေတတ်ပြီး စာသင်နိုင်စွမ်း ထိခိုက်ခဲ့တယ်။ နောက်ဆုံးတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျရှုံးခဲ့တာပေါ့။ ကျွန်မ ရှိုက်ကြီးတငင်ငိုပြီး ကံမကောင်းလို့ ညည်းညူခဲ့တယ်။ ဒါပေမဲ့ ဒီကံကြမ္မာကို ကျွန်မ လက်မခံချင်ခဲ့ဘူး။ ဘွဲ့ကောင်းကောင်းတစ်ခုရပြီး လူတွေကြားထဲမှာ ထင်ပေါ်ကျော်ကြားဖို့အတွက် ကျွန်မက အရွယ်ရောက်တဲ့သူတွေ ကိုယ့်ဘာသာ သင်ယူလေ့လာပြီး ဖြေဆိုရတဲ့ စာမေးပွဲတွေ၊ စာရင်းကိုင်သင်တန်းတွေအတွက်လည်း စာရင်းသွင်းခဲ့တယ်၊ ပြီးတော့ အစိုးရဝန်ထမ်းစာမေးပွဲတွေကိုတောင် ဝင်ဖြေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အစွမ်းကုန်ကြိုးစားခဲ့တဲ့ကြားက နောက်ဆုံးမှာ ရှုံးနိမ့်ခဲ့တုန်းပဲ။ ဒါကြောင့် ကျွန်မ စက်ရုံတစ်ခုမှာ အလုပ်သွားလုပ်ခဲ့တယ်။ အလုပ်ရုံ စာရင်းအင်းပြုစုသူဖြစ်ပြီး တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရဖို့အတွက် ကျွန်မက အချိန်ပိုဆင်းပြီး တခြားသူတွေ အနားယူနေချိန်မှာ စာရင်းအင်းပညာရှင်တစ်ယောက်အတွက် ပညာရပ်ဆိုင်ရာ အသိပညာကို လေ့လာဖို့ ညနက်တဲ့အထိ နေခဲ့တယ်။ ကျွန်မက နေ့တိုင်း ဆယ်နာရီကျော် အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အလုပ်ဒဏ်ပိစေခဲ့တယ်။ အဲဒါအပြင်ကို အချိန်ပိုဆင်းပြီး နေ့တိုင်း ညနက်တဲ့အထိ နေခဲ့သေးတယ်။ ကျွန်မက ကြိုးစားပမ်းစား အလုပ်လုပ်လွန်းလို့ မူးနောက်ပြီး မောပန်းနွမ်းနယ်နေခဲ့တယ်၊ ပြီးတော့ အလုပ်မှာတောင် ငိုက်မျဉ်းခဲ့တယ်။ ရလဒ်အနေနဲ့ ထုတ်ကုန်အရေအတွက် စာရင်းအင်းတွေ မှားသွားခဲ့တယ်၊ စက်ရုံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်တော့မလို့လေ။ အလုပ်ရုံက ဝန်ထမ်းအားလုံးရှေ့မှာ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ဝေဖန်ခဲ့တယ်။ အဲဒီအချိန်တုန်းက ရှက်လွန်းလို့ မြေကြီးထဲပဲ တိုးဝင်သွားချင်တော့တယ်။ ကျွန်မရဲ့ ခေါင်းက မူးနောက်သွားပြီး အဲဒီနေရာမှာတင် မေ့လဲသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မမှာ အာရုံကြောဆိုင်ရာ နားမကြားတော့တဲ့ရောဂါ ဖြစ်သွားတယ်၊ ဘယ်လို ပြင်းထန်တဲ့ အာရုံခံစားမှုမျိုးကိုမှ မခံနိုင်တော့ဘူးလေ။ အလုပ်မှာ ဖိအားများလာတိုင်း မူးဝေပြီး နားထဲမှာ အသံတွေမြည်လာတတ်တယ်။ ဆေးထိုးတာ၊ ဆေးသောက်တာတွေနဲ့လည်း မပျောက်နိုင်တော့ အလုပ်ဆက်သွားလို့မရတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ စိတ်နှလုံးထဲမှာ စိတ်ဆင်းရဲခဲ့ရပြီး ကျွန်မရဲ့ကံကြမ္မာ ဘာလို့ဒီလောက်ဆိုးရတာလဲလို့ တစ်နေ့လုံး ညည်းညူခဲ့တယ်။ ကျွန်မ ခဏခဏ အခန်းပိတ်ပြီး ငိုခဲ့တယ်၊ အဆုံးစီရင်ဖို့အထိတောင် တွေးခဲ့တယ်။ ဖိနှိပ်မှုနဲ့ ဆင်းရဲဒုက္ခတွေထဲမှာ အချိန်အကြာကြီး အသက်ရှင်နေခဲ့ရလို့ ကျွန်မ နားလေးတာက တဖြည်းဖြည်း ပိုဆိုးလာခဲ့တယ်။

၂၀၁၃ ခုနှစ်မှာ ကျွန်မရဲ့ ယောက္ခမတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြပြီး ကျွန်မကို ဧဝံဂေလိတရားကို ဟောပြောခဲ့ကြတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ အတူ အသင်းတော်အသက်တာနဲ့ နေထိုင်တဲ့အခါမှာ အထူးသဖြင့် လွတ်လပ်ပြီး လွတ်မြောက်တယ်လို့ ခံစားခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ စိတ်အခြေအနေက တိုးတက်လာပြီး ဘဝအတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ လူ့အဖွဲ့အစည်းမှာ ဒီလောက်ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်ခဲ့ပေမဲ့ အားလုံးက အလကားပဲ။ အခု ဘုရားအိမ်တော်ကို ရောက်ခါစပဲ ရှိသေးပေမဲ့ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်နိုင်ပြီ။ ဘုရားသခင်ကို ယုံကြည်တာက ပိုကောင်းတာပဲ။ ငါ ကြိုးကြိုးစားစားလုပ်ရမယ်၊ ဒါဆိုရင် နောင်မှာ ရာထူးပိုတိုးပြီး လူတွေရဲ့ အထင်ကြီးလေးစားမှုကို ပိုပြီးတော့တောင် ရနိုင်လောက်တယ်” လို့ပေါ့။ ဒါနဲ့ ကျွန်မရဲ့ တာဝန်တွေကို ပိုပြီး တက်တက်ကြွကြွ ထမ်းဆောင်ခဲ့တယ်။ တစ်နေ့လုံး မိုးရွာရွာ နေပူပူ အဖွဲ့လိုက်စုဝေးပွဲတွေကို ဦးဆောင်ရင်း အလုပ်များခဲ့တယ်။ ကျွန်မရဲ့ တာဝန်မှာ ဝန်တာထားစိတ်ရှိတယ်ဆိုပြီး ညီအစ်ကိုမောင်နှမတွေကလည်း ချီးမွမ်းကြတယ်။ နောက်ပိုင်းမှာ ကျွန်မကို တရားဟောဆရာမအနေနဲ့ ရွေးကောက်တင်မြှောက်ခဲ့တယ်။ ရာထူးအဆင့်အတန်း လိုချင်တဲ့စိတ် ပြည့်ဝသွားတော့ တာဝန်ထမ်းဆောင်ဖို့ ခွန်အားတွေ ပိုရှိလာတာပေါ့။ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ကျွန်မ ခံစားနေတုန်းမှာပဲ ဓာတ်ငွေ့အဆိပ်သင့်မှုတစ်ခုကြောင့် ကျွန်မ နားလေးတာက ပိုဆိုးသွားခဲ့တယ်။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေက အသံတိုးတိုးနဲ့ပြောတဲ့အခါ ကျွန်မ သဲသဲကွဲကွဲမကြားရတော့ဘူး၊ ပြီးတော့ ကျွန်မက နားလေးတော့ ခဏခဏ ဘောင်ခတ်ခံခဲ့ရပြီး အပျက်သဘောဆောင်တဲ့ အခြေအနေနဲ့ နေထိုင်ခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်မဟာ လက်တွေ့အလုပ်ကို မလုပ်နိုင်တော့လို့ တာဝန်ပြောင်းပေးတာကို ခံခဲ့ရတယ်။ ခေါင်းဆောင်တာဝန်ကို မထမ်းဆောင်ရတော့ဘူး၊ လူတွေရဲ့ အထင်ကြီးလေးစားမှုကိုလည်း မရနိုင်တော့ဘူးဆိုတာကို တွေးမိပြီး ကျွန်မရဲ့ ကံကြမ္မာက ဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီးတော့တောင် ညည်းညူခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် ပြန်မထူနိုင်တော့ဘဲ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားခဲ့တယ်။

နောက်ပိုင်း ကုသမှုကာလတစ်ခုပြီးတဲ့အခါ ကျွန်မရဲ့အကြားအာရုံက နည်းနည်းပြန်ကောင်းလာတော့ ခေါင်းဆောင်တွေက ကျွန်မကို ရေလောင်းခြင်းတာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မဘာသာ ဒီလိုတွေးလိုက်တယ်၊ “ရေလောင်းခြင်းတာဝန်မှာ ငါသာ ရလဒ်တချို့ရအောင်လုပ်နိုင်ရင် ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို အရင်လိုပဲ ရနိုင်မှာပဲ” လို့ပေါ့။ ဒါကြောင့် သက်ဆိုင်ရာစည်းမျဉ်းတွေကိုဖတ်ပြီး နေ့တိုင်း သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်၊ ခဏခဏဆိုသလို ည ၁၁ နာရီ၊ ၁၂ နာရီအထိ နေခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုက ရလဒ်တွေ တိုးတက်လာပြီး ပိုကျယ်ပြန့်တဲ့ အလုပ်တွေကို တာဝန်ယူဖို့ ရာထူးတိုးပေးတာကိုပါ ခံခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို နောက်တစ်ခါပြန်ရတော့မယ်ဆိုပြီး တွေးတော့ ကျွန်မအရမ်းပျော်သွားတာပေါ့။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ကြိုးစားမှုက အရာထင်တာပဲ။ ငါသာ ပိုကြိုးစားလိုက်ရင် နောက်ထပ်ရာထူးတိုးနိုင်လောက်တယ်။ အဲဒီလိုဆိုရင် လူတွေက ငါ့ကို ပိုပြီးတော့တောင် အထင်ကြီးလေးစားကြမှာ” လို့ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မရဲ့ လည်ပင်းကျီးပေါင်းရောဂါက ပြန်ထလာပြီး နားလေးတာကလည်း တခြားသူတွေနဲ့ ပုံမှန်စကားမပြောနိုင်လောက်အောင် ပိုဆိုးလာခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မကို ကျွန်မရဲ့ တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်ရင်း ကုသမှုခံယူဖို့ ကျွန်မရဲ့ ဒေသခံအသင်းတော်ကို ပြန်သွားဖို့ စီစဉ်ပေးခဲ့ကြတယ်။ ကျွန်မ အရမ်းကို စိတ်ဓာတ်ကျသွားတယ်။ ကျွန်မ အဖိုးအခ အများကြီးပေးဆပ်ခဲ့တာကို ပြန်တွေးမိတယ်၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ခက်ခက်ခဲခဲနဲ့မှ ရခဲ့တာ။ ဒါပေမဲ့ ကိုယ့်ရောဂါကြောင့် ဒီတာဝန်ကို ဆက်မထမ်းဆောင်နိုင်တော့ဘူး။ ငါ့ရဲ့ကံကြမ္မာက ဘာလို့ဒီလောက်ဆိုးရတာလဲ။ နောက်ပိုင်းမှာ အကြားအာရုံချို့တဲ့လို့ တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အဆင်မပြေတော့ဘူး။ အထွေထွေကိစ္စရပ်တချို့ကိုပဲ ကျွန်မ လုပ်နိုင်တော့တယ်။ ဒီအတွက် ကျွန်မရဲ့စိတ်နှလုံးဟာ တော်တော်ကို ညှဉ်းပန်းခံခဲ့ရပြီး ကိုယ့်ဘာသာ ဒီလိုတွေးမိတယ်၊ “ငါသာ နားမကြားခဲ့ရင် ဧဝံဂေလိတရားဟောဖို့နဲ့ လူသစ်တွေကို ရေလောင်းဖို့ အခွင့်အရေးရှိခဲ့မှာပဲ။ အခုတော့ အထွေထွေကိစ္စရပ်တွေပဲ လုပ်နိုင်တော့တယ်။ ငါသာ မထင်ပေါ်ရင် ဘယ်သူက ငါ့ကို လေးစားအားကျမှာလဲ။ ငါ့ကံကြမ္မာက ဘာလို့ဒီလောက်ဆိုးရတာလဲ။ ထားလိုက်ပါတော့၊ ဒါက ငါ့ကံကြမ္မာပဲ၊ ဒီလိုပဲ ဖြစ်သလို ကျော်ဖြတ်မယ်။ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းသွားလိုက်မယ်” လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မဟာ တာဝန်ကို မစွန့်လွှတ်ခဲ့ပေမဲ့ စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေမှာ အမြဲတမ်းအသက်ရှင်နေပြီး တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း အာရုံမစိုက်ခဲ့ဘူး။ အမြဲတမ်း ဟိုဟာမေ့ ဒီဟာမေ့နဲ့ အမှားတွေ ခဏခဏလုပ်ပြီး အမှုအရာတွေကို နှောင့်နှေးစေခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မက ဒီလိုအခြေအနေမှာ အသက်ရှင်နေတာက အန္တရာယ်များကြောင်းနဲ့ ကိုယ့်ရဲ့အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ဖြေရှင်းဖို့ သမ္မာတရားကို အမြန်ဆုံးရှာဖွေခဲ့ရမှာဖြစ်ကြောင်း သတိပေးခဲ့တယ်။ ညီအစ်မရဲ့ သတိပေးမှုကြောင့်သာ ကျွန်မ ဘုရားသခင်ဆီကို ဒီလိုဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး စိတ်မချမ်းမသာဖြစ်ပြီး အသက်မရှင်ချင်ပါဘူး။ ဒီလိုအသက်ရှင်ရတာ အရမ်းကို ဆင်းရဲဒုက္ခရောက်ပါတယ်။ ကိုယ်တော့်အနေနဲ့ သမီးရဲ့ပြဿနာတွေကို နားလည်အောင် လမ်းပြပေးပြီး ဒီမမှန်ကန်တဲ့အခြေအနေကနေ လွတ်မြောက်နိုင်ဖို့ လမ်းပြတော်မူပါ” လို့ပေါ့။ တစ်နေ့မှာ ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော် အပိုဒ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ အဲဒါက ကျွန်မရဲ့စိတ်နှလုံးကို ချက်ချင်းပဲ တို့ထိသွားခဲ့တယ်။ ဘုရားသခင်က ပြောသည် “စိတ်မချမ်းမြေ့ခြင်းနှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှု ဖြစ်ပေါ်ခြင်းအတွက် ဖြစ်ကြောင်းရင်းမြစ်မှာ လူတိုင်းအတွက် ကွဲပြားသည်...။ ယင်းအထဲမှ လူတစ်မျိုးတစ်စား၏ စိတ်မချမ်းမြေ့ခြင်းစိတ်ခံစားချက်သည် မိမိတို့ကိုယ်ပိုင် ဆိုးရွားသည့် ကံကြမ္မာကို အတောမသတ်သော ယုံကြည်မှုမှ ဖြစ်ပေါ်နိုင်သည်။ ဤသည်မှာ အကြောင်းတရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ငယ်ရွယ်ချိန်တွင် ကျေးလက်ဒေသ၊ သို့မဟုတ် ဆင်းရဲနွမ်းပါးသည့် ဒေသတစ်ခုတွင် ၎င်းတို့ နေထိုင်ခဲ့ကြ၏။ ၎င်းတို့၏ မိသားစုသည် ဥစ္စာဓန ကြွယ်ဝချမ်းသာခြင်း မရှိကြသကဲ့သို့ ရိုးရှင်းသည့် ပရိဘောဂများမှလွဲ၍ သိပ်အဖိုးတန်သည့်အရာ တစ်ခုမျှ မရှိကြပေ။ ၎င်းတို့တွင် အဝတ်အထည်တစ်စုံ၊ သို့မဟုတ် နှစ်စုံလောက်သာ ရှိပြီး အပေါက်များပေါက်နေလျှင်ပင် ဝတ်ရသည်အထိ ဖြစ်သည်။ အများအားဖြင့် အဆင့်အတန်းရှိသည့် စားကောင်းသောက်ဖွယ်များကို လုံးဝ မစားနိုင်ခဲ့ကြဘဲ ထိုအစား အသားစားရန် နှစ်သစ်ကူး၊ သို့မဟုတ် အခါကြီးရက်ကြီးများကို စောင့်ဆိုင်းခဲ့ကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့ ဆာလောင်ငတ်မွတ်ကြပြီး နွေးနွေးထွေးထွေး နေရန် ဝတ်ဖို့ အလုံအလောက်မရှိကြသကဲ့သို့ အသားများ တစ်ဇလုံအပြည့် စားရခြင်းဟူသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်ပြီး သစ်သီးတစ်လုံး စားရဖို့ ရှာတွေ့ခြင်းသည်ပင် ခက်ခဲပေသည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်ရင်း မြို့ကြီးပြကြီးတွင် အသက်ရှင်နေထိုင်ကြသည့်၊ မိဘများက ဥစ္စာဓနပေါကြွယ်ဝသည့်၊ မိမိတို့ စားလိုသည့် မည်သည့်အရာကိုမဆို စားနိုင်ပြီး ဝတ်လိုသည့် မည်သည့်အရာကိုမဆို ဝတ်နိုင်သည့်၊ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို ချက်ချင်းရကာ အမှုအရာများနှင့် ပတ်သက်၍ နှံ့စပ်သည့် အခြားသူများနှင့် ၎င်းတို့ ကွဲပြားခြားနားသည်ဟု ခံစားကြရလေသည်။ ၎င်းတို့က ‘၎င်းတို့သည် ထိုသို့ ကံကောင်းကြသည်။ အဘယ်ကြောင့် ငါ၏ ကံ အလွန်ဆိုးရပါသနည်း’ဟု တွေးကြ၏။ ၎င်းတို့သည် လူအုပ်ထဲမှ အမြဲ ထင်ပေါ်လိုကာ မိမိတို့ ကံကြမ္မာကို ပြောင်းလဲလိုကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲရန်မှာ မလွယ်ကူချေ။ အကြင်သူသည် ထိုသို့သော အခြေအနေတစ်ခုတွင် မွေးဖွားလာသည့်အခါ ၎င်းတို့ ကြိုးစားကောင်း ကြိုးစားနိုင်သော်လည်း မိမိတို့ ကံကို မည်မျှ ၎င်းတို့ ပြောင်းလဲနိုင်ကြသနည်း၊ ပြီးလျှင် ထိုကံကို မည်မျှ သာ၍ ကောင်းအောင် လုပ်နိုင်ကြသနည်း။ ၎င်းတို့ အရွယ်ရောက်လာသည့်နောက်တွင် လူမှုအဖွဲ့အစည်းထဲတွင် ၎င်းတို့ သွားသည့် နေရာတိုင်းတွင် အတားအဆီးများ၏ ပိတ်ပင်ခြင်း ခံရသည်။ သွားသည့် နေရာတိုင်းတွင် အနိုင်ကျင့်ခံရကြသောကြောင့် ၎င်းတို့ အလွန် ကံအကြောင်းမလှဟု အမြဲ ခံစားကြသည်။ ၎င်းတို့က ‘အဘယ်ကြောင့် ငါ အလွန် ကံမကောင်းရသနည်း။ အဘယ်ကြောင့် ခက်ထန်သည့်လူများနှင့် ငါအမြဲ ဆုံရသနည်း။ ကလေးအရွယ်ဖြစ်ခဲ့ချိန်တွင် ဘဝက ခက်ခဲခဲ့ပြီး ထိုသို့သာ ဖြစ်နေခဲ့သည်။ ယခုတွင် ငါ အရွယ်ရောက်ပြီ၊ ဘဝက အလွန် ဆိုးရွားနေဆဲဖြစ်သည်။ ငါလုပ်နိုင်သည့်အရာကို အမြဲ ပြသလိုသော်လည်း အခွင့်အရေး လုံးဝ မရခဲ့ပါ။...’...ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ မိမိတို့၏ စိတ်ဆုံးဖြတ်ချက်ကို ချမှတ်ကြသည်။ အခက်အခဲကို သည်းညည်းခံလာနိုင်ပြီး အလုပ်ကြိုးစားနိုင်ကြသည်၊ မည်သည့် ကိစ္စတွင်မဆို အခြားမည်သူမဆိုထက် သာ၍ သည်းညည်းခံနိုင်ကြပြီး လူအများစု၏ လက်ခံမှုနှင့် လေးစားသမှုကို ရရှိရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ်ပင် အရွေးချယ်ခံရနိုင်သည်ဟု တွေးထင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ ဘိုးဘေးများနှင့် မိသားစုကို ဂုဏ်ပြုနေကြမည် မဟုတ်ပါလော။ ထို့နောက်တွင် ၎င်းတို့က မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲကြပြီး ဖြစ်မည် မဟုတ်လော။ သို့ရာတွင် လက်တွေ့အရှိတရားက မိမိတို့ ဆန္ဒများအတိုင်း အတော်လေး ဖြစ်မြောက်လာခြင်းမရှိသကဲ့သို့ ၎င်းတို့ စိတ်ပျက်အားလျော့လာကြပြီး ‘ဘုရားသခင်ကို ငါနှစ်ချီယုံကြည်ပြီးဖြစ်ကာ ငါ၏ ညီအစ်ကို မောင်နှမများနှင့် ငါအလွန် အဆင်ပြေသော်လည်း ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦး ရွေးချယ်ဖို့ ဖြစ်လာသည့်အခါတိုင်း အဘယ်သို့ ငါ၏ အလှည့် လုံးဝ မဖြစ်ရသနည်း။ ငါ အလွန်ရိုးရှင်းပုံရသောကြောင့်လား၊ သို့မဟုတ် လုံလောက်အောင် ကောင်းစွာ ထမ်းဆောင်ခြင်းမရှိသေးသကဲ့သို့ ငါ့ကို မည်သူမျှ သတိမထားမိသေးသောကြောင့်လား။ မဲပေးကြသည့်အခါတိုင်း ငါ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်ပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရမည်ဆိုလျှင်ပင် ငါဝမ်းသာမည်ဖြစ်သည်။ ဘုရားသခင်ကို ပြန်ပေးဆပ်ရန် စိတ်ထက်သန်မှု အပြည့် ရှိသော်လည်း မဲပေးကြချိန် ငါ လုံးဝ ချန်ထားခံရသည့်အခါတိုင်း ငါ စိတ်သာပျက်သွားရသည်။ ယင်းနှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပါသနည်း။ ငါသည် သာမညောင်ညလူတစ်ဦး၊ သာမန်လူတစ်ဦး၊ ငါ့တစ်ဘဝလုံး မထူးခြားသည့် တစ်စုံတစ်ဦးသာ အမှန်တကယ် ဖြစ်နိုင်သည်များ ဖြစ်နိုင်မည်လော။ ငါ၏ ကလေးဘဝ၊ ငါ၏ ငယ်ရွယ်သည့် အချိန်နှင့် သက်လတ်ပိုင်းနှစ်ကာလများကို ပြန်ကြည့်သည့်အခါ ငါနင်းလျှောက်ပြီးဖြစ်သည့် ဤလမ်းကြောင်းသည် အမြဲ အလွန် သာမညောင်ညဖြစ်ခဲ့ပြီး မှတ်သားဖွယ် တစ်ခုမျှ မလုပ်ဆောင်ခဲ့သေးပါ။ ငါ့ထံတွင် မည်သည့် ရည်မှန်းချက်မျှ မရှိခြင်း၊ သို့မဟုတ် ငါ၏ အစွမ်းအစက အလွန် ချို့တဲ့လွန်းခြင်း မဟုတ်သကဲ့သို့ လုံလောက်သည့် အားထုတ်မှု မစိုက်ထုတ်ခြင်း၊ သို့မဟုတ် အခက်အခဲကို ငါ သည်းညည်းမခံနိုင်ခြင်း မဟုတ်ပါ။ ငါ့ထံတွင် စိတ်ပိုင်းဖြတ်ချက်များနှင့် ပန်းတိုင်များ ရှိပြီး ငါရည်မှန်းချက်ရှိသည်ဟုပင် ပြော၍ ရသည်။ ထို့ကြောင့် လူအုပ်မှ ငါ လုံးဝ မထင်ပေါ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်ချက်တွင် ငါ၌ မကောင်းသည့် ကံတစ်ခုရှိပြီး ဆင်းရဲဒုက္ခခံစားခြင်းအတွက် ငါ ကံဇာတာပါကာ ဤသည်မှာ ငါ့အတွက် အမှုအရာများကို ဘုရားသခင် စီစဉ်ပြီးဖြစ်သည့်ပုံ ဖြစ်သည်’ဟု တွေးကြလေသည်။ ထိုအရာကို ၎င်းတို့ တဝဲလည်လည် တွေးလေ၊ ၎င်းတို့၏ ကံကြမ္မာ ဆိုးရွားသည်ဟု တွေးလေ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂))မိမိတို့ကိုယ်ကို မကောင်းသည့် ကံတစ်ခုရှိသည်ဟု အမြဲတွေးကြသည့် ဤကဲ့သို့သော လူများသည် မိမိတို့၏ စိတ်နှလုံးများက ကြီးမားသည့် ကျောက်ဆောင်ကြီးတစ်ခု၏ ထုချေခြင်းခံရသကဲ့သို့ စဉ်ဆက်မပြတ် ခံစားကြရလေသည်။ ၎င်းတို့ထံ ဖြစ်ပျက်သည့်အရာတိုင်းသည် ၎င်းတို့၏ မကောင်းသည့် ကံကြောင့် ထိုသို့ဖြစ်ပျက်သည်ဟု ၎င်းတို့ အမြဲ ယုံကြည်ကြသောကြောင့် မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ၊ ထိုအရာကို မည်သို့မျှ ၎င်းတို့ မပြောင်းလဲနိုင်ဟု ခံစားကြသည်။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် အပျက်သဘောသာဆောင်ကြပြီး အားထုတ်မှုလျော့ကာ ၎င်းတို့၏ ကံအကြောင်းမလှမှုများကို ကျိတ်မှိတ်လက်ခံကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့အခြေအနေ အတိအကျပါပဲ။ ကျွန်မဟာ စိတ်ဓာတ်ကျတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲမှာ အမြဲတမ်းအသက်ရှင်နေခဲ့ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်မှာ ကံကြမ္မာဆိုးရှိတယ်လို့ အမြဲယုံကြည်ခဲ့လို့ပါပဲ။ ငယ်ငယ်တုန်းက ကျွန်မမိသားစုက ဆင်းရဲပြီး လူတွေက ကျွန်မတို့ကို အထင်သေးခဲ့ကြတယ်၊ ဒါကြောင့် ကျွန်မကံကြမ္မာဆိုးကို ညည်းညူခဲ့တယ်။ သာလွန်တဲ့ဘဝကို အသက်ရှင်ပြီး တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရရှိတာဟာ ကံကောင်းခြင်းပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ ကျွန်မ စာကြိုးစားခဲ့တယ်။ ဒါပေမဲ့ အာဟာရချို့တဲ့မှုကြောင့် ဦးနှောက်ကို သွေးကောင်းကောင်းမရောက်တော့ စာကို ထိထိရောက်ရောက်မသင်နိုင်ခဲ့ဘဲ နောက်ဆုံးမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျရှုံးခဲ့တယ်။ ဒါပေမဲ့ ကျွန်မကံကြမ္မာကို လက်မခံချင်ခဲ့လို့ ပိုက်ဆံရှာဖို့ စက်ရုံတစ်ခုမှာ အလုပ်သွားလုပ်ခဲ့တယ်။ စာရင်းအင်းပြုစုသူဖြစ်ပြီး ရုံးမှာထိုင်ရလို့ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရဖို့အတွက် နည်းပညာတွေသင်ယူဖို့ အချိန်ပိုဆင်းခဲ့တယ်။ နောက်ဆုံးတော့ စာရင်းအင်းအမှားလုပ်မိပြီး လူအားလုံးရှေ့မှာ အဖွဲ့ခေါင်းဆောင်ရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်၊ အဲဒီကနေ သွေးလန့်ပြီး အာရုံကြောဆိုင်ရာ နားမကြားတဲ့ရောဂါ ဖြစ်သွားခဲ့တယ်။ ဒါဟာ ကျွန်မရဲ့ ကံကြမ္မာဆိုးကြောင့်ပဲလို့ ပိုပြီးခိုင်ခိုင်မာမာ ယုံကြည်ခဲ့ပြီး ဘဝအတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးတဲ့အပြင် ဆင်းရဲဒုက္ခတွေထဲမှာ အသက်ရှင်ခဲ့ရတယ်။ ဘုရားသခင်ကို စပြီးယုံကြည်တဲ့နောက်မှာ ကျွန်မတာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ပြီး ခေါင်းဆောင်အဖြစ် ရာထူးတိုးခံရတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရပြီး ကိုယ့်ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဓာတ်ငွေ့အဆိပ်သင့်မှုကြောင့် နားလေးတာက ပိုဆိုးလာပြီး တာဝန်ကို ပုံမှန်မထမ်းဆောင်နိုင်ခဲ့ဘူး။ အဲဒါက အလုပ်ကိုထိခိုက်စေလို့ ကျွန်မကို တာဝန်ကနေ ပြောင်းရွှေ့ခဲ့တယ်။ နောက်ပိုင်း ရေလောင်းခြင်းတာဝန်ကို စလုပ်တဲ့အခါ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရစေမယ့် ရလဒ်တွေရဖို့ မျှော်လင့်ချက်နဲ့ အဲဒီတာဝန်မှာ အဖိုးအခပေးခဲ့တယ်။ ရာထူးတိုးခံရတဲ့အခါ ကျွန်မကံကြမ္မာက ပိုကောင်းလာပြီ၊ နောက်ဆုံးတော့ ထင်ပေါ်ကျော်ကြားဖို့ အခွင့်အရေးရပြီလို့ တွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ လည်ပင်းကျီးပေါင်းရောဂါက ပြန်ထလာပြီး နားလေးတာကလည်း ပိုဆိုးလာတယ်။ တခြားသူတွေနဲ့ ပုံမှန်မဆက်သွယ်နိုင်တော့ဘဲ တာဝန်တွေကို ထိခိုက်ခဲ့တယ်။ အဲဒီမှာ အထွေထွေကိစ္စရပ်တွေ လုပ်ဖို့ ဒေသခံအသင်းတော်ကို ပြန်သွားရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ ကျော်ကြားမှုနဲ့ ရာထူးအဆင့်အတန်း လိုချင်တဲ့စိတ် မပြည့်ဝခဲ့လို့ ဘုရားသခင်က ကျွန်မအတွက် ကံကြမ္မာဆိုးကို စီစဉ်ပေးခဲ့တယ်ဆိုပြီး အပြစ်တင်ခဲ့တယ်။ ဒီဘဝမှာ ကျွန်မရဲ့ကံကြမ္မာဆိုးက အားသွန်ခွန်စိုက် အလုပ်လုပ်ဖို့ပဲလို့ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် စိတ်မချမ်းမသာဖြစ်တဲ့အခြေအနေမှာ အသက်ရှင်ပြီး လုံးဝလက်လျှော့လိုက်တယ်။ ကျွန်မရဲ့တာဝန်မှာ ဝန်တာထားတဲ့စိတ် မရှိခဲ့ဘူး၊ အမှားတွေ ဆက်တိုက်လုပ်တယ်၊ အမှုအရာတွေကို နှောင့်နှေးစေတယ်၊ ပြီးတော့ တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေ အများကြီးဖတ်ခဲ့ပေမဲ့ အမှုအရာတွေကြုံလာတဲ့အခါ ကိုယ်တော့်ရှေ့မှောက်ကို သမ္မာတရားရှာဖွေဖို့ မလာခဲ့ဘူး၊ ပြီးတော့ အမှုအရာတွေက ကိုယ့်စိတ်တိုင်းကျသလို ဖြစ်မလာတဲ့အခါတွေမှာ ကိုယ်တော်က ကျွန်မအတွက် ကံကြမ္မာဆိုးကို စီစဉ်ပေးခဲ့တယ်လို့ ညည်းညူခဲ့တယ်။ ကျွန်မဟာ အပျက်သဘောဆောင်ပြီး အတိုက်အခံတောင် ဖြစ်လာခဲ့တယ်။ ဒါက မယုံကြည်သူတစ်ယောက်ရဲ့ ရှုထောင့်ဖြစ်ပြီး ကျွန်မက ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံမှု မပြခဲ့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ခဲ့ပြီး ကံကြမ္မာကောင်းနဲ့ ကံကြမ္မာဆိုးဆိုတဲ့ အယူအဆအပေါ်မှာ ပိုနက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့တယ်။ ဘုရားသခင်က ပြောသည် “ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူတစ်ဦး၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အစီအစဉ်ကို လူ၏ အမြင်များ၊ သို့မဟုတ် ဗေဒင်ဆရာ၏ အမြင်များဖြင့် ရှုမြင်ရမည်၊ သို့မဟုတ် အကဲဖြတ်ရမည်မဟုတ်သကဲ့သို့ ထိုလူက မိမိ တစ်သက်တာတွင် ကြွယ်ဝမှုနှင့် ဂုဏ်အသရေမည်မျှ မွေ့လျော်သည်၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ တွေ့ကြုံခံစားရသည်၊ သို့မဟုတ် ရှေ့ရေးများ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် ၎င်းတို့ လိုက်စားရာတွင် မည်မျှ အောင်မြင်သည်ဆိုသည်တို့အရ အကဲဖြတ်ရန်လည်း မဟုတ်ပေ။ သို့တိုင် ဤသည်မှာ ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု ပြောသောသူတို့ ပြုမိသည့် ဆိုးရွားသော အမှား အတိအကျဖြစ်သည့်အပြင် လူအများစုက အသုံးပြုသည့် တစ်ဦးတစ်ယောက်၏ ကံကြမ္မာကို အကဲဖြတ်သော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ လူအများစုသည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို မည်သို့ အကဲဖြတ်ကြသနည်း။ လောကီလူတို့သည် လူတစ်ဦး ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို မည်သို့ အကဲဖြတ်ကြသနည်း။ အဓိကအားဖြင့် ထိုလူ၏ဘဝ အဆင်ပြေချောမွေ့ခြင်း ရှိမရှိ၊ ကြွယ်ဝခြင်းနှင့် ဂုဏ်အသရေကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ခြင်း ရှိမရှိ၊ အခြားသူများထက် သာလွန်သည့် ဘဝနေထိုင်မှုပုံစံကို ၎င်းတို့ အသက်ရှင်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံပြီး ၎င်းတို့၏ တစ်သက်တာအတွင်းတွင် မွေ့လျော်ခံစားရန် မည်မျှရှိကြသည်၊ ၎င်းတို့ အချိန်မည်မျှကြာ အသက်ရှင်ကြသည်၊ မည်သည့် အသက်မွေးမှုလုပ်ငန်း ရှိကြသည်၊ ၎င်းတို့၏ ဘဝသည် အလုပ်ကို ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်းဖြင့် ပြည့်နေခြင်း၊ သို့မဟုတ် သက်သောင့်သက်သာဖြစ်ပြီး လွယ်ကူခြင်း ရှိမရှိဆိုသည်တို့အပေါ် ၎င်းတို့ အခြေပြုကြလေသည်။ လူတစ်ဦး၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ဤအရာများနှင့် နောက်ထပ်အရာများကို ၎င်းတို့ အသုံးပြုကြလေသည်။ သင်တို့သည်လည်း ဤကဲ့သို့ပင် အကဲဖြတ်ကြသည် မဟုတ်လော။ (အကဲဖြတ်ပါသည်။) သို့ဆိုလျှင် သင်တို့ အကြိုက်မဟုတ်သည့် တစ်စုံတစ်ရာကို သင်တို့အများစု ကြုံရသည့်အခါ၊ ခက်ခဲသည့်အချိန်များ ရှိသည့်အခါ၊ သို့မဟုတ် သာလွန်သည့် ဘဝနေထိုင်မှု ပုံစံတစ်ခုကို သင် မွေ့လျော်ခံစားနိုင်ခြင်း မရှိသည့်အခါ သင့်ထံတွင် မကောင်းသည့် ကံရှိသည်ဟု သင်တွေးမိလိမ့်မည်ဖြစ်ပြီး စိတ်မချမ်းမြေ့ခြင်းထဲသို့ ကျဆင်းသွားလိမ့်မည်။ မိမိတို့တွင် မကောင်းသည့် ကံရှိသည်ဟု ဆိုသောသူတို့သည် သေချာပေါက် အမှန်တကယ် မကောင်းသည့်ကံ မရှိကြသကဲ့သို့ ကောင်းသည့်ကံရှိသည်ဟု ဆိုသောသူတို့သည်လည်း သေချာပေါက် ကောင်းသည့်ကံရှိကြသည် မဟုတ်။ ကံကို ကောင်းခြင်း ဆိုးခြင်းအဖြစ် မည်သို့ အတိအကျ တိုင်းတာပါသနည်း။...ငါ့ကို ပြောလော့၊ မုဆိုးမတစ်ဦးသည် ကောင်းမွန်သည့် ကံတစ်ခု ရှိသလော။ လောကီလူတို့အတွက်မူ မုဆိုးမများသည် မကောင်းသည်ကံ ရှိကြ၏။ ၎င်းတို့သည် မိမိတို့ အသက် သုံးဆယ်၊ လေးဆယ်ဝန်းကျင်အရွယ်တွင် မုဆိုးမဖြစ်ပါက မကောင်းသည့်ကံ အမှန်တကယ် ရှိကြသည်။ ဤသည်မှာ ၎င်းတို့အတွက် အမှန်တကယ် ခက်ခဲ၏။ သို့ရာတွင် မုဆိုးမတစ်ဦးသည် မိမိတို့၏ လင်ယောက်ျားကို ဆုံးရှုံးရသောကြောင့် များစွာ ဆင်းရဲဒုက္ခခံရပြီး ဘုရားသခင်ကို ယုံကြည်လာပါက ၎င်းတို့၏ ကံသည် ခက်ခဲပါသလော။ (မခက်ခဲပါ။) မုဆိုးမမဖြစ်သေးသည့်သူတို့သည် ၎င်းတို့အတွက် အရာရာ အဆင်ပြေလျက်၊ ထောက်ပံ့မှု၊ အစားအစာနှင့် အဝတ်အစားများစွာ၊ သားသမီးများနှင့် မြေးများနှင့် စုံလင်သော မိသားစုတစ်ခုဖြင့်၊ မည်သည့် အခက်အခဲမျှမရှိဘဲ၊ သို့မဟုတ် မည်သည့် ဝိညာဉ်ရေးရာ အလိုဆန္ဒမျှ မခံစားရဘဲ ပျော်ရွှင်သည့် ဘဝတစ်ခုကို အသက်ရှင်နေရကာ သက်သောင့်သက်သာ ရှိသော ဘဝတစ်ခုကို ရှင်သန်နေရသောကြောင့် ဘုရားသခင်ကို ၎င်းတို့ မယုံကြည်သကဲ့သို့ ၎င်းတို့ထံ ဧဝံဂေလိတရားကို သင်ဖြန့်ဝေဖို့ မည်သို့ ကြိုးစားသည်ဖြစ်စေ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြမည်မဟုတ်။ သို့ဆိုလျှင် မည်သူသည် ကောင်းမွန်သည့် ကံရှိပါသနည်း။ (မုဆိုးမသည် ဘုရားသခင်ကို ယုံကြည်လာပြီဖြစ်သောကြောင့် ကောင်းမွန်သည့်ကံ ရှိပါသည်။) သင်တို့ မြင်သလော၊ လောကီလူတို့သည် မုဆိုးမအား ဆိုးသည့် ကံရှိမည်ဟု မှတ်ယူကြပြီး သူမသည် အလွန်များစွာ ဆင်းရဲဒုက္ခခံစားရသည့်နောက် ဦးတည်ချက် ပြောင်းလဲကာ မတူကွဲပြားသည့် လမ်းကြောင်းတစ်ခုကို စတင်လိုက်လျှောက်ပြီး ဘုရားသခင်ကို သူမ ယုံကြည်ကာ ဘုရားသခင်နောက်သို့လိုက်လေသည်။ ဤအရာက သူမသည် ယခု ကောင်းသည့်ကံကြမ္မာတစ်ခု ရှိပြီး ပျော်ရွှင်စွာ အသက်ရှင်နေသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) သူမ၏ မကောင်းသည့် ကံကြမ္မာသည် ကောင်းသည့် ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားပြီး ဖြစ်သည်။ သူမတွင် မကောင်းသည့် ကံရှိသည်ဟု သင် ပြောလျှင် ဘဝတွင် သူမ၏ ကံသည် အမြဲ ဆိုးလောက်ပြီး ထိုအရာကို သူမ ပြောင်းလဲ၍မရပေ။ သို့ဆိုလျှင် ထိုကံကို မည်သို့များ ပြောင်းလဲ၍ရပါသနည်း။ ဘုရားသခင်ကို သူမ စတင်ယုံကြည်ချိန်တွင် သူမ၏ ကံကြမ္မာ ပြောင်းလဲသွားခဲ့လေသလော။ (မဟုတ်ပါ။ အမှုအရာများအပေါ် သူမ၏ အမြင်များ ပြောင်းလဲသွားသောကြောင့် ဖြစ်ပါသည်။) အမှုအရာများကို သူမ မှတ်ယူသည့် နည်းလမ်း ပြောင်းလဲသွားပြီးဖြစ်သောကြောင့် ဖြစ်သည်။ သူမ၏ ကိုယ်ပိုင် ကံနှင့်ဆိုင်သော ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားသည် ပြောင်းလဲသွားပြီလော။ (မပြောင်းလဲပါ။)...လက်တွေ့အရှိတရားတွင် သူမသည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ကောင်းသည့် ကံဇာတာတစ်ခု အမှန်တကယ် ရှိလာပြီလော။ သေချာပေါက် ရှိမလာပေ။ ယခုတွင် ဘုရားသခင်ကို သူမ ယုံကြည်သောကြောင့် သူမတွင် မျှော်လင့်ချက်ရှိခြင်းဖြစ်သည်၊ မိမိစိတ်နှလုံးတွင် စိတ်ကျေနပ်မှုအချို့ သူမ ခံစားရသည်။ သူမ လိုက်စားနေသည့် ရည်မှန်းချက် ပန်းတိုင် ပြောင်းလဲပြီးဖြစ်သည်၊ သူမ၏ အမြင်များ ကွဲပြားသွားသည်။ ထို့ကြောင့် သူမ၏ လက်ရှိ အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်က သူမကို ပျော်ရွှင်စေသည်၊ စိတ်ကျေနပ်စေသည်၊ ဝမ်းမြောက်စေပြီး အေးချမ်းစေသည်။ ယခုတွင် သူမ၏ ကံဇာတာသည် အလွန်ကောင်းကြောင်း၊ မုဆိုးမမဖြစ်သေးသည့် အမျိုးသမီး၏ ကံဇာတာထက် များစွာ ပိုကောင်းကြောင်း သူမ ခံစားမိလေသည်။ ယခင်က သူမကိုယ်သူမ မကောင်းသည့် ကံဇာတာရှိသည်ဟု ယုံကြည်လျက် စွဲကိုင်ခဲ့သည့် အမြင်သည် မှားယွင်းကြောင်း ယခုတွင်မှ သူမ သဘောပေါက်မိလေသည်။ ဤအရာမှ မည်သည့်အရာကို သင် မြင်နိုင်ပါသနည်း။ ‘ကောင်းသည့် ကံဇာတာ’ နှင့် ‘ဆိုးသည့် ကံဇာတာ’ကဲ့သို့သော အရာများ ရှိသလော။ (မရှိပါ။) မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တာနဲ့ ကျွန်မရဲ့စိတ်နှလုံးက လင်းထိန်သွားတယ်။ လူတစ်ယောက်ရဲ့ကံကြမ္မာ ကောင်းလားဆိုးလားဆိုတာကို ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးစိတ်သန်းတွေအပေါ် အခြေခံပြီး တိုင်းတာလို့မရဘူး၊ လောကီရှုထောင့်ကနေလည်း ကြည့်လို့မရဘူး။ ဘာသာတရား မရှိသူတွေက ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ပြီး လူတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ထောက်ခံမှုကို ခံစားရတာဟာ ကံကောင်းခြင်းပဲလို့ ထင်ကြတယ်။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ဘဝလုံး ဆင်းရဲနွမ်းပါးပြီး လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာနေရလို့ လူတွေရဲ့အထင်သေးမှုကို ခံရရင်၊ ဒါမှမဟုတ် ရောဂါရဲ့ ညှဉ်းပန်းမှုကို ခံစားရရင်၊ ဒါမှမဟုတ် အခက်အခဲအတားအဆီးတွေနဲ့ ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ရရင် ဒါဟာ ကံကြမ္မာဆိုးပဲလို့ သူတို့ထင်ကြတယ်။ တကယ်တော့ ဘုရားသခင်နဲ့ဆိုရင် ကံကြမ္မာကောင်းတယ်၊ ကံကြမ္မာဆိုးတယ်ဆိုတာမျိုး မရှိပါဘူး။ ဘုရားသခင်ပေးခဲ့တဲ့ မုဆိုးမရဲ့ ဥပမာလိုပါပဲ။ မုဆိုးမဟာ အစပိုင်းတော့ သူ့ကံမကောင်းဘူးလို့ ထင်ရာကနေ သူ့ကံကောင်းတယ်လို့ ထင်မြင်လာခဲ့တယ်။ သူ့ရဲ့ နေထိုင်မှုပတ်ဝန်းကျင်က မပြောင်းလဲခဲ့ပေမဲ့ အရာရာအပေါ် သူ့ရဲ့အမြင်က ပြောင်းလဲသွားခဲ့တယ်။ ပျော်ရွှင်တဲ့မိသားစုနဲ့ သက်သောင့်သက်သာရှိတဲ့ ဘဝရှိသူတွေဟာ ဘယ်လောက်ပဲ ပျော်မွေ့နေပါစေ ဘုရားသခင်ရှေ့မှောက်ကိုလာပြီး ကိုယ်တော့်ကယ်တင်ခြင်းကို လက်မခံနိုင်ရင် နောက်ဆုံးမှာ ငရဲကို သွားရလိမ့်မယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ သူနားလည်ခဲ့တယ်။ သူ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခကြောင့် ဘုရားသခင်ရဲ့အမှုကို လက်ခံခဲ့ပြီး သမ္မာတရားကို နားလည်ဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးလည်း ရခဲ့တယ်။ သူဟာ တကယ်ကို ကောင်းချီးအခံရဆုံးသူပါပဲ။ အမှုအရာတွေအပေါ်ထားတဲ့ မုဆိုးမရဲ့ အမြင် ပြောင်းလဲသွားလို့ သူ့ရဲ့စိတ်ထားကလည်း ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ သမ္မာတရားကို နားမလည်ခဲ့လို့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရရှိတာဟာ ကံကောင်းခြင်းဖြစ်တယ်၊ ရာထူးတိုးခံရပြီး ခေါင်းဆောင်တာဝန်တွေကို ထမ်းဆောင်နိုင်တာဟာ ကံကောင်းခြင်းဖြစ်တယ်လို့ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် ကျွန်မရဲ့တာဝန်တွေ ပြောင်းလဲခံရတိုင်း ကိုယ့်မှာကံကြမ္မာဆိုးရှိတယ်လို့ ညည်းညူခဲ့တယ်။ အမှုအရာတွေအပေါ် ကျွန်မရဲ့ အမြင်တွေက အရမ်းကို အဓိပ္ပာယ်မရှိတဲ့အပြင် ကျိုးကြောင်းဆီလျော်မှုမရှိဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ တကယ်တော့ ဘုရားအိမ်တော်မှာ တာဝန်တွေကို အလုပ်ရဲ့လိုအပ်ချက်တွေအပေါ် အခြေခံပြီး ရွှေ့ပြောင်းပေးတာဖြစ်တဲ့အပြင် လူတွေရဲ့ အစွမ်းအစနဲ့ ကျွမ်းကျင်မှုတွေအရ ပြည့်ပြည့်စုံစုံ ချိန်ဆပြီးမှ ခွဲဝေပေးတာပါ။ လူတစ်ယောက်ထမ်းဆောင်တဲ့ တာဝန်ဟာ သူတို့ရဲ့ကံကြမ္မာ ကောင်းလားဆိုးလားဆိုတာနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်မရဲ့တာဝန်ကို ပြောင်းလဲမပေးခဲ့ရင်တောင်မှ ကျွန်မသာ သမ္မာတရားကို မလိုက်စားခဲ့ရင် အရင်လိုပဲ ထုတ်‌ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမှာပါပဲ။ ကျွန်မဟာ အထွေထွေကိစ္စရပ်တွေကို လုပ်နေပေမဲ့ သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲခြင်းကို လိုက်စားနေသရွေ့တော့ ကယ်တင်ခံရဖို့ အခွင့်အရေးရှိနေဦးမှာပါ။ ဥပမာအနေနဲ့ ကျွန်မနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ တရားဟောဆရာမတစ်ယောက်ကို ကြည့်ပါ။ သူ့မှာ ဆုကျေးဇူးတချို့ရှိပြီး နောက်ပိုင်းမှာ ခရိုင်ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ဒါပေမဲ့ သူဟာ ဂုဏ်သတင်းနဲ့ ရာထူးအဆင့်အတန်းကို အမြဲလိုက်စားခဲ့ပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့အရာတွေ အများကြီးလုပ်ခဲ့တယ်။ နောက်ဆုံးမှာ သူဟာ ခေါင်းမာမာနဲ့ နောင်တမရဘဲ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်။ ဒီအချက်ကနေ ကျွန်မတို့တွေ့နိုင်တာက ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကိုမလိုက်စား၊ စိတ်သဘောထားပြောင်းလဲဖို့ မရှာဖွေဘူးဆိုရင် ခေါင်းဆောင်ဖြစ်လာရင်တောင်မှ ဘုရားသခင်က ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာကို ခံရဦးမှာပါပဲ။ ဒီဥပမာတွေအရ ကျွန်မဟာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ လူအားလုံးရဲ့ အထင်ကြီးလေးစားမှုကို ခံရတာဟာ ကံကောင်းခြင်းဖြစ်တယ်၊ ဘုရားသခင်ကိုယုံကြည်ပြီး ရာထူးတိုးခံရ၊ အရေးကြီးတဲ့နေရာတွေ ပေးအပ်ခံရရင် ကံကောင်းတယ်၊ ဒါပေမဲ့ နောက်ကွယ်ကနေ သာမန်တာဝန်တစ်ခုကို ထမ်းဆောင်ရရင်တော့ ကံဆိုးတာပဲလို့ ယုံကြည်ခဲ့တာ ရှင်းပါတယ်။ ဒီအမြင်ဟာ အလွန်အမင်း လွဲမှားနေပြီး သမ္မာတရားနဲ့ လုံးဝမကိုက်ညီပါဘူး။ ဘုရားသခင်ဟာ လူတစ်ဦးစီရဲ့ နေထိုင်မှုပတ်ဝန်းကျင်ကို သူတို့ရဲ့လိုအပ်ချက်တွေအပေါ် အခြေခံပြီး စီစဉ်ပေးတာပါ။ လူတွေ သူတို့ဘဝမှာ ကြုံတွေ့ရတဲ့အရာတိုင်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိပါတယ်။ ကျွန်မဟာ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့ပြီး စာကြိုးစားခဲ့ပေမဲ့ လူတွေကြားထဲမှာ မထင်ပေါ်နိုင်ခဲ့ဘူး။ အပေါ်ယံကြည့်ရင်တော့ ကံဆိုးတယ်လို့ ထင်ရပေမဲ့ ဒါကြောင့်ပဲ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး ကိုယ်တော့်ကယ်တင်ခြင်းကို လက်ခံနိုင်ခဲ့တာပါ။ ကျွန်မမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ပြင်းထန်တဲ့ လိုအင်ဆန္ဒရှိခဲ့တယ်၊ ဒါကြောင့် ကျွန်မသာ ချမ်းသာကြွယ်ဝပြီး ရာထူးအဆင့်အတန်းရှိတဲ့ ဘဝကို နေခဲ့ရမယ်ဆိုရင် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ပိုလို့တောင် လိုက်စားမိမှာပဲ။ နောက်ဆုံးမှာတော့ ဆိုးယုတ်တဲ့ ရေစီးကြောင်းတွေထဲမှာ မျောပါသွားပြီး စာတန်ရဲ့ ဝါးမျိုခြင်းကို ခံရမှာပါ။ ဒီလို အတားအဆီးတွေနဲ့ ကျရှုံးမှုတွေ အများကြီးကြုံတွေ့ခဲ့ရပြီးမှသာ ကျွန်မ ဘုရားသခင်ဆီကို ပြန်လာနိုင်ခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုကို လက်ခံပြီး သမ္မာတရားတချို့ကို နားလည်နိုင်ခဲ့တယ်။ ဒါဟာ အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာပါပဲ။ ဒါက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရရှိပြီး လောကရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ခမ်းနားထည်ဝါမှုကို ခံစားရတာထက် အများကြီး ပိုပြီး အဓိပ္ပာယ်ရှိတယ်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်မှာ ကျွန်မ နားလေးလို့ အထွေထွေကိစ္စရပ်တာဝန်တွေ ထမ်းဆောင်ဖို့ တာဝန်ပေးအပ်ခံခဲ့ရတယ်။ ဒါကလည်း ဘုရားသခင်က ကျွန်မကို ကာကွယ်စောင့်ရှောက်ခြင်းပါပဲ။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ ရာထူးအဆင့်အတန်းတို့အပေါ် လိုအင်ဆန္ဒက အရမ်းပြင်းထန်တယ်၊ ကြွားဝါဖို့ အခွင့်အရေးရှိတိုင်းမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းတို့ကို ကျွန်မ လိုက်စားမိမှာပဲ။ ဒီလိုဆိုရင် အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်လှမ်းပြီး ထုတ်ဖော်ခံရဖို့၊ ဖယ်ရှားရှင်းလင်းခံရဖို့ အရမ်း လွယ်ကူမှာပဲ။ အခု ကျွန်မ နားမကြားတော့ပေမဲ့ ဘုရားအိမ်တော်က ကျွန်မကို ကိုယ့်တာဝန် ထမ်းဆောင်ခွင့် မပိတ်ပင်ခဲ့ပါဘူး။ အဲဒီအစား ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအပေါ်မှာ အခြေခံပြီး သင့်တော်တဲ့ တာဝန်တွေ ပေးအပ်ခံခဲ့ရတယ်။ နောက်ကွယ်ကနေ လုပ်ရပြီး တခြားသူတွေက သိပ်အလေးမထားပေမဲ့ ဒီတာဝန်က သမ္မာတရား လိုက်စားရာမှာ အတားအဆီးမဖြစ်ဘူး။ ဒီတာဝန်ကို ထမ်းဆောင်နေတဲ့ ကာလအတွင်းမှာ ကျွန်မဟာ ဖောက်ပြန်ပျက်စီးမှုတွေ အများကြီး ထုတ်ဖော်ခဲ့မိတယ်။ တစ်ခါတလေမှာ ကျွန်မက ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မကျေပွန်ခဲ့ဘူး၊ တစ်ခါတလေ ဇာတိပကတိရဲ့ သက်သာမှုကို မွေ့လျော်ပြီး အဖိုးအခမပေးချင်ဘူး။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းအားဖြင့် ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ်မှာ နားလည်မှုတချို့ရခဲ့တယ်၊ အဲဒီနောက်ပိုင်း ကျွန်မ ပြုမူတဲ့အခါ ဇာတိပကတိကို ပုန်ကန်နိုင်ခဲ့ပြီး တာဝန်ကို စိတ်နှစ်ပြီးတော့ ကျေပွန်နိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အရာရာတိုင်းမှာ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတတ်လာတယ်၊ သေးငယ်ပြီး အရေးမပါတဲ့ ကိစ္စတွေမှာတောင် အသိတရားရှိရှိနဲ့ အသေးစိတ်ကျကျ လုပ်ဆောင်တတ်လာတယ်။ ဒီအတွေ့အကြုံကနေ ကျွန်မ သဘောပေါက်လာတာက ဘုရားအိမ်တော်မှာ ခေါင်းဆောင်ဖြစ်ဖြစ်၊ အထွေထွေကိစ္စရပ် တာဝန်တွေကို ထမ်းဆောင်တာဖြစ်ဖြစ်၊ သမ္မာတရားကို လိုက်စားနေသရွေ့တော့ အသက်ဝင်ရောက်မှုရှိပြီး ကယ်တင်ခံရဖို့ အခွင့်အရေးရှိတယ်ဆိုတာပါပဲ။ ဘုရားသခင်ဟာ ကျွန်မရဲ့ဘဝကံကြမ္မာကို ကျွန်မရဲ့လိုအပ်ချက်တွေအရ စီစဉ်ပေးခဲ့တာပါ၊ အားလုံးက ကျွန်မအတွက် အကျိုးရှိပါတယ်။ ပြဿနာက ကျွန်မ မကျေနပ်ခဲ့တာပါ၊ ကျွန်မမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေ အမြဲရှိခဲ့ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံတာမျိုးမရှိခဲ့ဘူး။ အကျိုးဆက်အနေနဲ့ ကျွန်မကိုယ်တိုင် ဆိုးဆိုးရွားရွား ဆင်းရဲဒုက္ခခံစားခဲ့ရရုံသာမက တာဝန်ကိုလည်း ကောင်းကောင်းမထမ်းဆောင်ခဲ့ဘူး။ ကျွန်မရဲ့အမြင် ပြောင်းလဲသွားပြီးနောက်မှာတော့ အရင်လို စိတ်ဆင်းရဲတယ်လို့ မခံစားရတော့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့တွင် မကောင်းသည့် ကံ ရှိသည်ဟု အမြဲတစေ ပြောဆိုသော လူတို့၏ အတွေးများနှင့် အမြင်များသည် မှန်ကန်သလော၊ သို့မဟုတ် မှားယွင်းသလော။ (မှားပါသည်။) ဤလူများသည် အစွန်းရောက်ဝါဒတွင် နွံနစ်လာသောကြောင့် စိတ်မချမ်းမြေ့သည့် ခံစားမှုကို တွေ့ကြုံကြရသည်မှာ သိသာထင်ရှားပေသည်။ အစွန်းရောက်သည့် အတွေးများနှင့် အမြင်များရှိသဖြင့် ဤအစွန်းရောက်သည့် စိတ်မချမ်းမြေ့ခြင်းစိတ်ခံစားမှုရှိကြသောကြောင့် ဘဝတွင် ဖြစ်ပျက်သည့်အရာများကို မှန်ကန်စွာ ၎င်းတို့ မရင်ဆိုင်နိုင်ကြချေ။ လူတို့ ရှိသင့်သည့် လုပ်ငန်းဆောင်တာများကို ပုံမှန် မလုပ်ဆောင်နိုင်ကြသကဲ့သို့ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များ၊ သို့မဟုတ် ဝတ္တရားများကို မထမ်းဆောင်နိုင်ကြချေ။...၎င်းတို့သည် ကိစ္စရပ်များနှင့် လူတို့အား ဤအစွန်းရောက်ပြီး မမှန်ကန်သည့် ရှုထောင့်အမြင်မှ မှတ်ယူတတ်ကြသည်။ ထိုသို့ဖြင့် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှု၏ သက်ရောက်မှုနှင့် လွှမ်းမိုးမှုအောက်တွင် ထပ်တလဲလဲ အသက်ရှင်နေကြသည်၊ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်နေကြလေသည်။ အဆုံးတွင် ၎င်းတို့ မည်သို့ အသက်ရှင်သည်ဖြစ်စေ အလွန် မောပန်းပုံရကြသည်မှာ ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုနှင့် သမ္မာတရား လိုက်စားမှုအတွက် စိတ်ထက်သန်မှု မစုစည်းနိုင်တော့အောင် ဖြစ်ကြလေသည်။ မိမိတို့ ဘဝကို အသက်ရှင်ရန် မည်သို့ ၎င်းတို့ ရွေးချယ်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့တာဝန်ကို အပြုသဘောဆောင်စွာ၊ သို့မဟုတ် တက်ကြွစွာ ထမ်းဆောင်နိုင်ခြင်း မရှိကြသကဲ့သို့ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြလင့်ကစား သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ မိမိတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်ခြင်း၊ သို့မဟုတ် မိမိတို့တာဝန်ကို စိတ်ကျေနပ်ဖွယ် ထမ်းဆောင်ခြင်းအား မည်သည့်အခါမျှ အာရုံမစိုက်ကြသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်မှုအရ ၎င်းတို့တွင် မကောင်းသည့် ကံရှိသည်ဟု အမြဲ တွေးထင်ကြသောကြောင့် ဖြစ်ပြီး ဤအရာက ၎င်းတို့အား အကြီးအကျယ် စိတ်မချမ်းမြေ့သည့် စိတ်ခံစားချက်များရှိစေသည်။ ၎င်းတို့သည် မိမိတို့အလုပ်၊ တာဝန်များနှင့် ဝတ္တရားများကို ဆက်ကပ်သင့်သည့် သစ္စာစောင့်သိမှုအား ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှု၊ သို့မဟုတ် ဇွဲတစ်ခုတလေ မဆိုထားနှင့်၊ မည်သည့် သက်ဝင်လှုပ်ရှားမှုမျှ မရှိဘဲ၊ အပြုသဘောဆောင်သည့်၊ သို့မဟုတ် အကောင်းမြင်သည့် အပြုအမူတစ်ခုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်ကဲ့သို့ လုံးဝ စိတ်ပျက်အားငယ်ကာ အစွမ်းမဲ့လာကြလေသည်။ ထိုထက် ၎င်းတို့သည် နေ့ရက်ကာလများကို ရောက်တတ်ရာရာနှင့် နားဝေတိမ်တောင်ဖြစ်စွာ အမှုမဲ့အမှတ်မဲ့ ဖြတ်ကျော်လျက် ပေါ့ဆသည့် သဘောထားတစ်ခုနှင့်အတူ တစ်နေ့ပြီးတစ်နေ့ အင်တင်တင်ဖြင့် ရုန်းကန်ကြလေသည်။ ၎င်းတို့ အချိန်မည်မျှကြာအောင် တော်စွလျော်စွ ကြုံရာကျပန်း နေကြလိမ့်မည်ကို ၎င်းတို့ မသိကြ။ အဆုံးတွင် အားကိုးအားထားမရှိဘဲ ‘အို၊ တတ်နိုင်သရွေ့ ငါ တော်စွလျော်စွ ဆက်နေလိုက်မည်။ တစ်နေ့ ငါ ဆက်မနေနိုင်တော့သကဲ့သို့ အသင်းတော်က ငါ့ကို နှင်ထုတ်ကာ ဖယ်ရှားရှင်းလင်းလိုလျှင် သူတို့ ငါ့ကို ဖယ်ရှားရှင်းလင်းလိုက်သင့်သည်။ ထိုအရာမှာ ငါ့မှာ မကောင်းသည့်ကံ ရှိသောကြောင့် ဖြစ်သည်’ဟု ဆိုလျက် မိမိတို့ကိုယ်ကို သတိပေးဖို့သာ ရှိတော့သည်။ သင်တို့ မြင်သလော၊ ၎င်းတို့ ပြောသည့်အရာပင်လျှင် အလွန် အရှုံးပေးရာကျ၏။ ဤစိတ်မချမ်းမြေ့ခြင်း စိတ်ခံစားမှုသည် ရိုးရှင်းသည့် စိတ်အခြေအနေတစ်ခုသာ မဟုတ်ဘဲ သာ၍ အရေးကြီးသည်မှာ ထိုစိတ်ခံစားမှုတွင် လူတို့၏ အတွေးများ၊ စိတ်နှလုံးများနှင့် ၎င်းတို့၏ လိုက်စားမှုအပေါ် အကြီးအကျယ် ဖျက်ဆီးတတ်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ သင်သည် သင်၏ စိတ်မချမ်းမြေ့သည့် စိတ်ခံစားချက်ကို အချိန်မီပြီး မြန်ဆန်သည့် ပုံစံဖြင့် မပြောင်းလဲနိုင်ပါက ယင်းက သင်၏ တစ်ဘဝလုံးကို ထိခိုက်လိမ့်မည်သာမက သင်၏ အသက်ကိုလည်း ဖျက်ဆီးကာ သင့်ကို သေခြင်းသို့ ပို့လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်လျှင်ပင် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ ကယ်တင်ခြင်းကို ရယူနိုင်မည်မဟုတ်။ အဆုံးတွင် သင်ပျက်စီးဆုံးရှုံးလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီအပိုဒ်ကို ဖတ်ပြီးနောက်မှာ၊ ကျွန်မဟာ စိတ်မချမ်းမသာဖြစ်တဲ့ စိတ်ခံစားချက်တွေနဲ့ အမြဲ အသက်ရှင်ပြီး ကိုယ်ကံမကောင်းတာကို ညည်းညူနေတဲ့ အခြေအနေဟာ အရမ်းကို အန္တရာယ်များတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ဒါတွေဟာ အစွန်းရောက်တဲ့ အတွေးတွေဖြစ်ပြီး ဒါတွေကို မဖြေရှင်းရင် ကယ်တင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးသွားမှာပဲ။ အစက ကျွန်မထင်ခဲ့တာက စိတ်မချမ်းမသာဖြစ်ပြီး ကိုယ့်ကံမကောင်းတာကို ညည်းညူနေချိန်မှာ စိတ်မကောင်းဖြစ်ရုံသက်သက်ပဲ၊ တာဝန်ကိုလည်း မစွန့်လွှတ်ခဲ့လို့ ဒါကို ဒုစရိုက်အမှုတစ်ခုလို့ မမြင်ခဲ့ဘူး။ အခုမှသာ ကျွန်မ သဘောပေါက်တော့တယ်၊ စိတ်မချမ်းမသာဖြစ်တဲ့ စိတ်ခံစားချက်တွေနဲ့ အသက်ရှင်ခြင်းရဲ့ အနှစ်သာရဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မကျေနပ်တာပဲ၊ ဒါဟာ ဘုရားသခင်ကို အသံတိတ် အတိုက်အခံလုပ်တာပဲ။ ကျွန်မသာ ဘယ်တော့မှ နောင်တမရခဲ့ရင် သမ္မာတရားကို ဘယ်တော့မှ မရနိုင်ဘဲ ကယ်တင်ခြင်းလည်း ခံရမှာမဟုတ်ဘူး။ နောက်ဆုံးမှာတော့ ပျက်စီးခြင်းပဲခံရမှာပဲ။ အကျိုးဆက်တွေက အရမ်းကြောက်စရာကောင်းလိုက်တာ။ ဘုရားသခင်ကို မယုံကြည်ခင်က လောကမှာ မအောင်မြင်တာပဲ အမြဲတမ်း ဖြစ်ခဲ့လို့ ဘုရားသခင်စီစဉ်ပေးခဲ့တဲ့ ကံကြမ္မာကို မကျေမနပ်ဖြစ်ခဲ့တာကို ပြန်တွေးမိတယ်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်မှာတောင် တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို လိုက်စားခဲ့တုန်းပဲ။ ကိုယ့်တာဝန်မှာ မထင်ပေါ်နိုင်တဲ့အခါ စိတ်ဆင်းရဲခဲ့တယ်။ ကံမကောင်းတာကို ညည်းညူခဲ့တယ်၊ အပျက်သဘောဆောင်ပြီး စာရိတ္တပျက်ပြားတဲ့ အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ တာဝန်ကို ထမ်းဆောင်နေပေမဲ့ စိတ်အားထက်သန်မှုမရှိခဲ့ဘူး။ ကျွန်မဟာ တာဝန်မှာ တက်တက်ကြွကြွမရှိဘဲ ခိုကပ်ခဲ့တယ်၊ ဝတ်ကျေတမ်းကျေပဲ လုပ်ခဲ့တယ်။ အမှားတွေခဏခဏလုပ်ပြီး ညီအစ်ကိုမောင်နှမတွေကို ဒုက္ခပေး၊ အနှောင့်အယှက်ဖြစ်စေခဲ့သလို ကိုယ့်ရဲ့အသက်ဝင်ရောက်မှုကိုလည်း နှောင့်နှေးစေခဲ့တယ်။ ဒီအခြေအနေကိုသာ မပြောင်းလဲခဲ့ရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးမယ်၊ ကိုယ့်တာဝန်ကို ဆုံးရှုံးမယ်၊ နောက်ဆုံးမှာတော့ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးသွားမှာပဲ။ ဒါကို နားလည်လိုက်တဲ့အခါမှာ ကျွန်မ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ ပြည့်သွားပြီး ဘုရားသခင်ဆီကို အလေးအနက် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးဟာ နှစ်ချီ ခေါင်းမာပြီး သမ္မာတရားကို မနှစ်မြို့ခဲ့ဘူး။ ကိုယ့်ကံမကောင်းတာကို အဆက်မပြတ်ညည်းညူခဲ့ပြီး အစွန်းရောက်တဲ့ စိတ်ခံစားချက်တွေကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ အခုမှသာ သမီးရဲ့လိုက်စားမှုနောက်ကွယ်က ရှုမြင်ပုံက မမှန်ကန်ဘူးဆိုတာ သဘောပေါက်ပါပြီ။ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်၊ သမ္မာတရားကို အလေးအနက်လိုက်စားပြီး တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ကျွန်မ တွေးဆမိတယ်၊ ဒီလောက်နှစ်တွေအများကြီး ဆင်းရဲဒုက္ခတွေထဲ အသက်ရှင်ခဲ့ရတဲ့ ဇာစ်မြစ်က ဘာလဲ။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ခဲ့တယ်။ “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့သည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ရုတ်တရက် သဘောပေါက်သွားတယ်၊ ဒီနှစ်တွေတစ်လျှောက် ကျွန်မခံစားခဲ့ရတဲ့ နာကျင်မှုအားလုံးဟာ စာတန်ကြောင့်ဖြစ်တာပဲ။ စာတန်က ကျွန်မကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေနဲ့ သွေးဆောင်ပြီး ထိခိုက်နစ်နာစေခဲ့တယ်၊ ငယ်ငယ်ကတည်းက လူတွေကြားထဲမှာ ထင်ပေါ်ကျော်ကြားဖို့နဲ့ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ လိုက်စားစေခဲ့တယ်။ ကျောင်းတက်တုန်းက ဆရာတွေက ကျွန်မတို့ကို “လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” နဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုပြီး သင်ပေးခဲ့တယ်။ ကျွန်မဟာ ဒီရှင်သန်မှုစည်းမျဉ်းတွေကို လက်ခံခဲ့ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရှိရင် အရာအားလုံးကို ပိုင်ဆိုင်ရမယ်၊ ကြိုးစားလုပ်ဆောင်ပြီး ဆင်းရဲဒုက္ခပိုခံ၊ အဖိုးအခပိုပေးသရွေ့တော့ အနာဂတ်ကောင်းရှိပြီး လောကရဲ့စည်းစိမ်ချမ်းသာနဲ့ ကြွယ်ဝမှုအားလုံးကို ခံစားနိုင်မယ်လို့ တလွဲ ယုံကြည်ခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဖို့၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရဖို့ ဆယ်နှစ်ကျော်ကြာ စာကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာ ရှုံးနိမ့်ခဲ့တုန်းပဲ။ ကိုယ့်ကံကြမ္မာကို လက်မခံချင်လို့ စာရင်းအင်းပြုစုသူဖြစ်ဖို့ အချိန်ပိုဆင်းပြီး ပညာသင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ကိုယ့်ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ရုံသာမက ခန္ဓာကိုယ်ကို အရမ်းဖိအားပေးခဲ့လို့ အလုပ်မှာ အမှားတွေလုပ်မိခဲ့တယ်။ သွေးလန့်ပြီး အကျိုးဆက်အနေနဲ့ အာရုံကြောဆိုင်ရာ နားမကြားတဲ့ရောဂါ ဖြစ်သွားခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို စတင်ယုံကြည်ပြီးတဲ့နောက်မှာ လူတွေ အထင်သေးတာကို မခံရအောင်လို့ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ အကျိုးအမြတ် မြန်မြန် မရတာကို စိတ်မရှည်ခဲ့ဘူး၊ ညနက်တဲ့အထိ အလုပ်လုပ်ပြီး ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံးတော့ နားလေးတာက ပိုဆိုးလာပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ပုံမှန်မဆက်သွယ်နိုင်တော့ဘူး။ နောက်ကွယ်ကနေ အထွေထွေကိစ္စရပ်တွေပဲ လုပ်နိုင်တော့တယ်၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို မခံရလို့ အထူးပဲ ညှဉ်းပန်းခံခဲ့ရတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေဟာ ကျွန်မကိုယ်ပေါ်က သံခြေကျင်းတွေလိုပဲ၊ ကျွန်မကို မလွတ်မြောက်နိုင်အောင် တားဆီးထားခဲ့တယ်။ ဘာသာတရားမရှိသူတွေဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသက်ထက်မက တန်ဖိုးထားကြပုံကို ကျွန်မတွေးမိတယ်။ တချို့လူတွေက ကောလိပ်ဝင်ခွင့်မရတာ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်အကိုင်မှာ မအောင်မြင်တာတို့ရဲ့ ထိုးနှက်မှုကို မခံနိုင်ကြဘူး၊ အကျိုးဆက်အနေနဲ့ စိတ်ဓာတ်တွေ ပြိုယိုင်လဲသွားတယ်၊ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာမျိုးတောင် ရှိတယ်။ ကျွန်မလည်း အတူတူပါပဲ။ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို လိုက်စားချင်တဲ့ ကျွန်မရဲ့ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒကို မရနိုင်တဲ့အခါ ဘုရားသခင်က ကျွန်မအတွက် ကံကြမ္မာကောင်းကို မစီစဉ်ပေးခဲ့ဘူးလို့ပဲ ဆက်တိုက်ညည်းညူခဲ့တယ်၊ စိတ်ဓာတ်ကျတဲ့အခြေအနေမှာ အသက်ရှင်ပြီး ကြိုးစားမှုကို လက်လျှော့လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိတောင် တွေးခဲ့တယ်။ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုသာ မရှိခဲ့ရင် ကျွန်မလည်း အဲဒီ ဘာသာတရားမရှိသူတွေလိုပဲ အဆုံးသတ်သွားနိုင်တယ်။ စာတန်က ကျွန်မထဲကို သွတ်သွင်းခဲ့တဲ့ ရှင်သန်မှုစည်းမျဉ်းတွေဟာ အပြုသဘောဆောင်တဲ့အရာတွေ မဟုတ်ဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လာခဲ့တယ်။ အဲဒါတွေက ကျွန်မကို ကျော်ကြားမှုနဲ့ ရာထူးအဆင့်အတန်းအတွက် စိုးရိမ်ပူပန်စေခဲ့တယ်၊ အဲဒါတွေကို မရနိုင်တဲ့အခါမှာတော့ ကျွန်မဟာ ဘုရားသခင်နဲ့ ခပ်ခွာခွာဖြစ်လာတယ်၊ ဘုရားသခင်ကို သစ္စာဖောက်တယ်၊ ဘုရားသခင်ကို အတိုက်အခံလုပ်တယ်၊ နောက်ဆုံးမှာတော့ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါက လူတွေကို ဖောက်ပြန်ပျက်စီးစေရာမှာ စာတန်ရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ ရည်ရွယ်ချက်ပဲ။ ကျွန်မသာ ဒီလိုဆက်သွားနေရင် မကြာခင် ဒါမှမဟုတ် နောင်မှာ ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒီလောက်နှစ်တွေအများကြီး မျက်ကန်းပြီးတော့ မိုက်မဲခဲ့တာ၊ စာတန်ရဲ့ ထိခိုက်နစ်နာစေတာကို ခံခဲ့ရတာအတွက် ကျွန်မ နောင်တရမိတယ်။ အခုအချိန်ကစပြီး စာတန်ကို လုံးဝ ပုန်ကန်ဖို့နဲ့ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ဖို့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို နောက်ထပ်မလိုက်စားတော့ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကံကြမ္မာအပေါ် မည်သည့်သဘောထားကို လူတို့ ရှိသင့်ကြသနည်း။ သင်သည် ဖန်ဆင်းရှင်၏ အစီအစဉ်များကို လိုက်နာသင့်သည်၊ ဤအရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အစီအစဉ်များရှိ သူ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့ကို တက်ကြွစွာနှင့် အစွမ်းကုန် ရှာဖွေသင့်ပြီး သမ္မာတရားအပေါ် သိနားလည်မှု ရရှိသင့်သည်၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် ဤဘဝတွင် သင်၏ အကြီးမားဆုံး လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သင့်သည်၊ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ပြီး ဖန်ဆင်းရှင်က သင်နှင့်ပတ်သက်၍ ကျေနပ်အားရပြီး သင့်ကို အောက်မေ့သတိရသည်အထိ သင်၏ ဘဝကို သာ၍ အဓိပ္ပာယ်ရှိစေပြီး သာ၍ တန်ဖိုးရှိစေသင့်ပေသည်။ သာ၍ပင် ကောင်းမည့်အရာမှာ သင်၏ ရှာဖွေခြင်းနှင့် အားသွန်ခွန်စိုက် အားထုတ်မှုမှတစ်ဆင့် ကယ်တင်ခြင်း ရယူရန်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အကောင်းဆုံးသော ရလဒ်ဖြစ်ပေမည်။ မည်သို့ဆိုစေ ကံကြမ္မာနှင့် စပ်လျဉ်း၍ အဖန်ဆင်းခံ လူသားမျိုးနွယ်က ရှိသင့်သည့် အသင့်လျော်ဆုံးသော သဘောထားမှာ အကြောင်းမဲ့ အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်သည့်၊ သို့မဟုတ် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် အစွန်းရောက်သော နည်းစနစ်များကို အသုံးပြုသည့် သဘောထား မဟုတ်ပေ။ လူတို့အနေဖြင့် များစွာပို၍ပင် မိမိတို့၏ ကံကြမ္မာကို ခုခံရန်၊ ရွေးချယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန် မကြိုးစားသင့်ဘဲ ထို့ထက် ထိုအရာကို အသိအမှတ်ပြုရန် မိမိတို့ စိတ်နှလုံးကို အသုံးပြုသင့်ပြီး ထိုကံကြမ္မာကို အပြုသဘောဆောင်စွာ ရင်မဆိုင်မီတွင် ရှာဖွေ၊ လေ့လာစူးစမ်းပြီး လိုက်နာသင့်ကြပေသည်။ နောက်ဆုံးတွင် ဘဝ၌ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသည့် အသက်ရှင်ခြင်း ပတ်ဝန်းကျင်နှင့် ခရီးစဉ်တွင် ဘုရားသခင် သင့်ကို သွန်သင်သည့် ပြုမူခြင်းနည်းလမ်းကို သင် ရှာဖွေသင့်သည်၊ သင့်ကို လျှောက်လှမ်းရန် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းကို ရှာဖွေသင့်ပြီး ဤနည်းဖြင့် သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ကံကြမ္မာကို တွေ့ကြုံသင့်ကာ အဆုံးတွင် သင်သည် ကောင်းချီးခံစားရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်ထဲကနေ ကျွန်မ လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်နေရာကိုယ် ထိန်းသိမ်းပြီး တာဝန်ကို လက်တွေ့ကျကျပုံစံနဲ့ ထမ်းဆောင်ဖို့ တောင်းဆိုတယ်။ စဉ်းစားကြည့်တော့ ကျွန်မ ဘယ်တာဝန်ကိုပဲထမ်းဆောင်ရပါစေ အဲဒီထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိတယ်၊ ကျွန်မ ဘုရားသခင်ဆီကနေ ဒါကို ခံယူရမယ်။ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်မဟာ သေးနုပ်တဲ့ ဖန်ဆင်းခံတစ်ဦးလေးပါပဲ၊ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်ရဲ့တာဝန်ဝတ္တရားကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ရင် လုံလောက်ပါပြီ။ စိတ်နှလုံးအကြွင်းမဲ့နဲ့ ဘုရားသခင် ကျွန်မအတွက် စီစဉ်ပေးတဲ့ ကံကြမ္မာကို ကျွန်မ ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။

အခု ကျွန်မဟာ လိုလိုလားလား ကျိုးနွံနာခံနိုင်ပြီ၊ တာဝန်ထမ်းဆောင်တဲ့အခါမှာ စိတ်နှစ်ပြီးတော့ တာဝန်သိသိနဲ့ လုပ်ဆောင်တတ်ဖို့ သင်ယူနေပါတယ်။ အရာရာတိုင်းမှာ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့နဲ့ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေအတိုင်း ကျင့်ကြံဖို့ လက်တွေ့လုပ်ဆောင်နေပါတယ်။ တစ်ခုခုနားမလည်ရင် ညီအစ်ကိုမောင်နှမတွေဆီကနေ မိတ်သဟာယဖွဲ့ပြီး ပိုရှာဖွေတယ်။ တာဝန်မှာ အမှားလုပ်မိရင် အမှားရဲ့အကြောင်းရင်းတွေကို ချက်ချင်းရှာဖွေပြီး အနှစ်ချုပ်တယ်၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဆင်ခြင်သုံးသပ်ပြီး အမှားတွေကို အမြန်ဆုံး ပြင်ဆင်တယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်တဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ ငြိမ်းချမ်းပြီး သက်သောင့်သက်သာရှိတယ်လို့ ခံစားရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ကံကြမ္မာဆိုးတယ်ဆိုတဲ့ အမြင်ရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်လာပြီး ကျွန်မရဲ့အခြေအနေက ပိုကောင်းသည်ထက် ကောင်းလာတယ်။ ဒါတွေအားလုံးဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်ပွင့်စေမှုနဲ့ လမ်းပြမှုကြောင့် ရရှိတဲ့ အကျိုးရလဒ်တွေပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တိုင်ရမလား မတိုင်ရဘူးလား

ယန်ရီး တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။...

ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း

မော့ယန် တရုတ်နိုင်ငံပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...

အန္တရာယ်များတဲ့ ပတ်ဝန်းကျင်တစ်ခုကြားက ရွေးချယ်မှု

တရုတ်ပြည်မှ လင်းဖန်အသင်းတော်မှာ တရားဟောဆရာအနေနဲ့ ကျွန်မ အမှုတော်ထမ်းဆောင်ပြီး အသင်းတော်တချို့ရဲ့ အလုပ်ကို တာဝန်ယူရတယ်။ ၂၀၂၄ ခုနှစ်၊...

မိသားစုဝင်တွေ ရှင်းလင်းပစ်ခံရတဲ့အခါ ကျွန်မ ရလိုက်တဲ့ သင်ခန်းစာ

ဝေဝေ၊ တရုတ်နိုင်ငံကျွန်မ ၁၇ နှစ်သမီးအရွယ်မှာ မိဘတွေနဲ့အတူ သခင့်ကို စယုံကြည်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာတော့ ကျွန်မတို့ တစ်မိသားစုလုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။