တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိမြင်လာခြင်း

03.08.2022

ဆွန်ယု နယ်သာလန်နိုင်ငံ

သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး” မှ

ဒီ ဓမ္မသီချင်းကို ဆိုတဲ့အချိန်တိုင်းမှာ ကျွန်မ ယုံကြည်ခြင်းမှာ အသစ်ဖြစ်နေတုန်းက အတွေ့အကြုံတစ်ခုကို စဉ်းစားမိတယ်။ အဲဒီအချိန်တုန်းက “ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်။” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် လုံးဝ ရှင်းမနေဘူး။ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ဖြတ်သန်းရတာက တော်တော်နာကျင်မှာပဲလို့ ခံစားမိတယ်။ ဒါဆို ဒါက လူသားမျိုးနွယ်အတွက် ကာကွယ်ခြင်းနဲ့ ကောင်းချီးတစ်ခုဖြစ်တယ်လို့ ဘုရားက ဘာကြောင့်ပြောတာလဲ ပေါ့။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို ကျွန်မ တကယ်ကြုံတွေ့ရတယ်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းခံရတယ်။ ဒါကြောင့် ဒါကို ကိုယ်တိုင်ကိုယ်ကျနားလည်လာပြီး ဘုရားနှုတ်ကပတ်တော်တွေက ဘယ်လောက် လက်တွေ့ကျတယ်ဆိုတာကို ခံစားခဲ့ရတယ်။

ကျွန်မ မှတ်မိသေးတယ်။ ၂၀၁၅ခုနှစ်၊ ဇွန်လကုန်ခါနီးမှာ မတူတဲ့ အသင်းတော်ငါးခုကို အစေခံရတဲ့ တရားဟောဆရာမအဖြစ် ကျွန်မ အရွေးခံရတယ်။ အစတော့ အဲဒီအသင်းတော်က ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ စုဝေးတဲ့အချိန်မှာ ကျွန်မ စိတ်လှုပ်ရှားတာပေါ့။ သမ္မာတရားကို ကျွန်မ နားလည်မှုကို အရမ်းနည်းနေပြီး သူများတွေအတွက် အထောက်အကူမဖြစ်မှာကို စိုးရိမ်မိတယ်။ အဲဒါနဲ့ စုဝေးပွဲတိုင်း မတိုင်ခင်မှာ ပြင်ဆင်ဖို့ ကြိုးစားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စစ်မှန်တဲ့ တာဝန်ခံယူမှုနဲ့ ဆွေးနွေးဖို့ အလေးအနက် စဉ်းစားတယ်။ ဘုရားနှုတ်ကပတ်တာ်ကို မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ တခြားလူတွေကို သူတို့ဘာအခက်အခဲတွေရှိလဲမေးတယ်။ ကျွန်မ မကြုံဖူးတဲ့ ပြဿနာတွေကို သူတို့က ပြောလာပြီး ကျွန်မက ဘယ်လိုဖြေရမှန်းမသိမှာကို စိတ်ပူမိတယ်။ အဲဒါနဲ့ ကျွန်မ ဆုတောင်းတာပေါ့။ ကျွန်မကို ရိုးသားသူတစ်ယောက်ဖြစ်ပြီး ကျွန်မနားလည်တဲ့အပေါ်မှာပဲ မိတ်သဟာယဖွဲ့စေဖို့အတွက် လမ်းပြဖို့ ဘုရားကို ဆုတောင်းတယ်။ ကျွန်မက နားမလည်ရင် ကျွန်မက ဒါကို အသိအမြင်မရှိဘူးဆိုတာကို လူတိုင်းကို ပွင့်ပွင့်လင်းလင်းပြောတယ်။ နောက်တော့ ကျွန်မ ဆုတောင်းပြီး ထပ်ပြီး ရှာဖွေတယ်။ အချိန်တစ်ခုလောက်အထိ ဒီလို ကျင့်သုံးပြီးတဲ့နောက်မှာ အသင်းတော်အလုပ်ရဲ့ စည်းမျဉ်းတချို့ကို ကျွန်မ တဖြည်းဖြည်းနဲ့ နားလည်လာတယ်။ အလုပ်နဲ့ပတ်သက်ပြီး ပိုပြီး သိလာတယ်။ အစတုန်းကထက် ပိုပြီး စိတ်တက်ကြွလာပြီး အကြာကြီး အလုပ်လုပ်တယ်။ အသင်းတော်ခေါင်းဆောင်တွေနဲ့ စုဝေးပွဲတွေမှာ ကျွန်မ သိပ်မကြောက်တော့ဘူး။ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ နည်းနည်း စိတ်ကူးရလာတယ်။ တစ်ခါတလေမှာ ညီအစ်ကိုမောင်နှမတွေကနေ ကျွန်မက အရမ်းငယ်တယ်၊ ယုံကြည်ခြင်းရှိတာ မကြာသေးဘူး၊ ဒါပေမဲ့ ယုံကြည်ခြင်းအပြည့်ရှိပြီး အရမ်းဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်တယ်၊ သမ္မာတရားကို လိုက်စားတယ်လို့ ပြောတာကို ကျွန်မကြားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တော်တော် ကျေနပ်မိတယ်။ အဲဒီနောက် မကြာခင်မှာ အသင်းတော်ရွေးကောက်ပွဲတချို့ကို ကျွန်မ စီမံတယ်။ ကျွန်မဦးဆောင်ရတဲ့ အသင်းတော်တွေက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအားလုံး တစ်ယောက်ပြီးတစ်ယောက် အရွေးခံရတယ်။ ဒီလိုဖြစ်လာတာကိုမြင်တော့ ကျွန်မအလုပ်မှာ လုပ်တာ အဆင်ပြေတယ်၊ ဒီတော့ ကျွန်မက တရားဟောဆရာမအဖြစ် အရွေးခံရတာ မဆန်းဘူးလို့ ခံစားမိတယ်။ အသင်းတော်မှာ ကျွန်မက အစွမ်းအစရှိပြီး ပါရမီရှိတဲ့သူတစ်ယောက်ဖြစ်လို့ပဲ ပေါ့။

နောက်တော့ ၂၀၁၅ခုနှစ်၊ သြဂုတ်လကုန်လောက်မှာ ကျွန်မက ကိုယ့်တာဝန်မှာ တော်တော်ကို ကောင်းကောင်းလုပ်နေတယ်လို့ ခံစားမိနေတုန်းမှာပဲ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်မကို ပြောတယ်။ ကျွန်မက ငယ်ရွယ်ပြီး လူ့သဘာဝမှာ မရင့်ကျက်သေးတာကြောင့် ဘဝအတွေ့အကြုံမရှိသေးတာကြောင့် ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ ဒါကြောင့် စည်းမျဉ်းတွေကို အခြေခံကြည့်ရင် ကျွန်မက တရားဟောဆရာမအဖြစ် အစေခံဖို့ မသင့်တော်ဘူး၊ အသင်းတော်ခေါင်းဆောင်အဖြစ် စပြီး လေ့ကျင့်သင့်တယ် တဲ့း အဲဒီတုန်းက ကျွန်မ ဘာမှမပြောရဲဘူး။ ဒါပေမဲ့ လုံးဝ စိတ်ထိခိုက်သွားတယ်။ ကျွန်မ ဘဝအတွေ့အကြုံက နည်းပေမဲ့ တရားဟောဆရာမဖြစ်လာကတည်းက တိုးတက်တာ မြန်တယ်၊ အသင်းတော်အလုပ်ရဲ့ စည်းမျဉ်းတော်တော်များများကို သင်ယူခဲ့ရတယ်လို့ ကျွန်မ ခံစားမိတယ်။ အသင်းတော်ရွေးကောက်ပွဲတချို့ကိုလည်း အခုရက်ပိုင်းမှာ ကျွန်မကိုယ်တိုင် စီမံခဲ့တယ်။ ကျွန်မက သမ္မာတရားကို လိုက်စားတယ်လို့ သူများတွေကပြောကြတယ်။ ကျွန်မတာဝန်ကို အဲဒီလိုညှိုခံရတာက ကျွန်မအပေါ် မတရားဘူးလို့ ခံစားမိတယ်။ ပြီးတော့လည်း ကျွန်မနားလည်မှုနဲ့ အစွမ်းအစက မဆိုးပါဘူး။ ကျွန်မနဲ့လုပ်တဲ့ လူတိုင်းထဲမှာ ကျွန်မက တုံ့ပြန်တာ၊ သင်ယူတာ အမြန်ဆုံးပဲ။ ဒီတော့ တိုးတက်ဖို့အတွက် ကျွန်မရဲ့ အလားအလာက အကောင်းဆုံးဖြစ်ရမယ်ပေါ့။ ပြီးတော့လည်း တရားဟောဆရာ တချို့ထဲမှာ ကျွန်မက မိသားစု အနှောင်အဖွဲ့မရှိတဲ့ တစ်ဦးတည်းသောသူပဲ။ ကျွန်မမှာ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ခြင်းရှိပြီး ကိုယ့်တာဝန်မှာ ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်တယ်။ ဒီတော့ ကျွန်မက ဘာလို့ပြောင်းရွှေ့ခံရတာလဲပေါ့။

သုံးလေးရက်ကြာတဲ့အထိ ဒါကိုပဲ ကျွန်မ စဉ်းစားနေမိတယ်။ စိတ်ထဲမှာ ဘာငြိမ်သက်ခြင်းမှ မရှိနေခဲ့ဘူး။ ကျွန်မ ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင် သမီးက ကိုယ့်တာဝန်ကနေ ရွှေ့ပြောင်းခံရပါတယ်။ ဒီနေရာမှာ သမီးယူရမယ့် သင်ခန်းစာက ဘာပါလဲ။ သမီးကိုယ်တိုင်ရဲ့ ပြဿနာကို မမြင်နိုင်ပါဘူး။ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့ပေါ့။ အဲဒီနောက်မှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကိုဖတ်တယ်။ “လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ ‘စောင့်ဆိုင်းခြင်း’ က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ ‘ရှာဖွေခြင်း’ ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ ‘ကျိုးနွံနာခံခြင်း’ ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ကျွန်မတာဝန်က ပြောင်းလဲသွားတာကိုလည်း သဘောပေါက်သွားတယ်။ ကျွန်မက ဘုရားအလိုတော်ကို နားမလည်ပေမဲ့၊ ကျွန်မ ယူသင့်တဲ့ သင်ခန်းစာကို မသိပေမဲ့ အနည်းဆုံး နာခံခြင်းသဘောထားရှိသင့်တယ်။ ဘုရားအလိုတော်ကို စောင့်ပြီး ရှာဖွေသင့်တယ်။ ကျွန်မက တစ်ချိန်လုံး မကျေမနပ်ဖြစ်နေရင် ဒါက သူများတွေကို အခက်အခဲဖြစ်အောင်လုပ်တာမဟုတ်ဘဲ ဘုရားကို ပုန်ကန်နေတာဖြစ်တယ်။ နောက်ပိုင်းမှာ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ နာခံပြီးတော့ အသင်းတော်ခေါင်းဆောင်အဖြစ် အကောင်းဆုံးလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်။

နောက်တော့ နှစ်လကြာပြီးတဲ့နောက်မှာ ကျွန်မအလုပ်ဖော် အစ်မရှူက ပြောတယ်။ အသင်းတော်တွေက တရားဟောဆရာတစ်ယောက် ရွေးနေတယ်၊ အထက်ခေါင်းဆောင်က ကိုယ်စားလှယ်လောင်းတွေကို အဆိုပြုပြီးပြီလို့ သူကြားတယ်တဲ့။ သူဒီလိုပြောတာကို ကြားတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စိတ်ငြိမ်အောင် မထိန်းနိုင်ဘူး။ ကျွန်မ ချက်ချင်းတုံပြန်လိုက်တယ်။ “ဘာ၊ သူက ကိုယ်စားလှယ်လောင်းတွေ အဆိုပြုတယ် ဟုတ်လား။ ရွေးကောက်ပွဲစည်းမျဉ်းတွေမှာ ဘယ်သူကမှ ကိုယ်စားလှယ်လောင်းတွေကို အဆိုပြုဖို့ ခွင့်မပြုဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါက စာတန်၊ အဆင်းနီသောနဂါးကြီးလုပ်တဲ့အရာမျိုးပဲ။ ဒီလိုလုပ်တာက စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ။” ကျွန်မ အလုပ်ဖော်က အမြန်ပြန်ပြောတယ်။ “ဒါ ငါကြားမိတဲ့ဟာပဲ။ မှန်လားတော့ မသိဘူး။ လျှောက်ဖြန့်မနေနဲ့ဦး” တဲ့။ သူက ဒီလိုပြောတော့ ကျွန်မ ပါးစပ်ကနေ သဘောတူလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲတော့ ဆက်စဉ်းစားနေတယ်။ မီးမရှိဘဲ မီးခိုးမထွက်ဘူး။ ဒီတော့ အထက်ခေါင်းဆောင်က ဒီလိုမလုပ်ရင် ဘာလို့ တစ်ယောက်ယောက်က ဒါကို ကြုံသလို လုပ်ကြံပြောမှာလဲ။ သူက ဒီလိုလုပ်ခဲ့ပြီး သူများက သိသွားတာဖြစ်မယ်။ ဒါကြောင့် ပြောနေကြတာပေါ့။ ကျွန်မက အရင်တုန်းက တရားဟောဆရာမဖြစ်တယ်။ သူက ကျွန်မကို အဲဒီရာထူးကနေ ပြောင်းရွှေ့လိုက်ပြီး အခု သူက ကိုယ်စားလှယ်လောင်းတွေ ခန့်နေတယ်။ သူက တကယ်ကို စည်းမျဉ်းတွေမရှိဘဲ လုပ်နေတာပဲ ပေါ့။ အဲဒါနဲ့ ဒါကို တခြားအသင်းတော်က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မလင်ကို ပြောပြလိုက်တယ်။ အချိန်နည်းနည်းလောက်ကြာတော့ အစ်မလင်က ကျွန်မကို ပြောတယ်။ တွဲဖက်အမှုဆောင်အစည်းအဝေးတစ်ခုမှာရှိတဲ့ ပြဿနာကို သူ နားလည်လာတယ်တဲ့။ အထက်ခေါင်းဆောင်က နည်းနည်းလေးပိုတော်တဲ့ အသင်းတော်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲအတွက် ရွေးခဲ့တာတဲ့။ အဲဒါက ကိုယ်စားလှယ်လောင်းတွေ ခန့်နေတာမဟုတ်ဘူး။ ဒီကောလာလဟကို ကြုံသလိုဖြန့်နေတာဟာ အသင်းတော်ကို ကျွန်မ နှောင့်ယှက်နေတာလို့လည်း အထက်ခေါင်းဆောင်ကပြောတယ်။ ကျွန်မ ဒါကိုကြားတော့ တကယ်ကို မတရားခံရသလို ခံစားမိတယ်။ ဒီလိုရည်ရွယ်ချက်မျိုးမရှိဘူးလို့ ခံစားမိတယ်။ ကျွန်မက အစ်မလင်ကို ကျွန်မသိတဲ့ဟာကိုပဲ အကျဉ်းချုံးပြောလိုက်တာပါ။ ကျွန်မက ရည်ရွယ်ချက်တွေရှိတယ်လို့ အထက်ခေါင်းဆောင်ကပြောလိုက်ပြီး လူတိုင်းရှေ့မှာ ကျွန်မကို စစ်ဆေးပြီးတဲ့နောက်မှာ ကျွန်မ မျက်နှာကို ဘယ်လိုပြရမလဲပေါ့။ ကျွန်မ တွေးကြည့်လေလေ၊ မတရားခံရတယ်လို့ ခံစားမိလေလေပဲ။ ကျွန်မ မျက်ရည်တွေကို မထိန်းနိုင်ဘူး။ ဘုရားသခင်ကို ကျွန်မ ခဏခဏဆုတောင်းတယ်။ ကျွန်မကို သင်ခန်းစာယူဖို့အတွက် လမ်းပြဖို့ ဆုတောင်းတယ်။ သုံးလေးရက်လောက်အထိ ကျွန်မ တော်တော်စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲနေခဲ့တယ်။ လုပ်သမျှမှာ အားမပါနေဘူး။ နောက်တော့ စုဝေးပွဲတစ်ခုမှာ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ အဲဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ရစေခဲ့ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။...ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရား၏ အောင်လံလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ လှည့်စားရင်းနေရာတကာ အထိန်းအကွပ်မဲ့၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)စာတန်၏ အစေအပါးများ”၊ “အသင်းတော်ကို အနှောင့်အယှက်ပေး” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် အရမ်းစိတ်ထိခိုက်စေပြီး ကြောက်စရာကောင်းတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံကြည့်ရင် တကယ့်အခြေအနေကို အပြည့်အဝ နားမလည်ဘဲနဲ့ အထက်ခေါင်းဆောင်က ကိုယ်စားလှယ်လောင်းတွေ ခန့်နေတယ်လို့ အစ်မလင်ကို ပြောတာဟာ ကြုံသလို ဖြန့်နေတာဖြစ်ပြီး သဘောထားကွဲလွဲအောင် သွေးထိုးပေးနေတာပဲ။ အစ်မရှူက ဒါ သူကြားခဲ့တာသက်သက်ပဲ၊ မှန်သလားဆိုတာ မသိဘူးလို့ ကျွန်မကို ရှင်းရှင်းလင်းလင်း သတိပေးတယ်။ ဒါပေမဲ့ ကျွန်မက လှည့်ထွက်လာပြီး အစ်မလင်ကို ပြောပြလိုက်တယ်။ အထက်ခေါင်းဆောင်က ကိစ္စတွေကို စည်းမျဉ်းအတိုင်းမလုပ်ဘူး၊ ရွေးကောက်ပွဲလို အရေးကြီးတဲ့ဟာမျိုးမှာ သူက ကိုယ်စားလှယ်လောင်းတွေ ခန့်နေတယ်၊ ခိုးကြောင်ခိုးဝှက်လုပ်နေတယ်လို့ လူတွေကို ကျွန်မက ပိုပြီးတော့ ထင်စေချင်တယ်။ ဒီလိုနဲ့ သူ့ကို လူတွေက အမြင်စောင်းလာအောင်ပေါ့။ ဒီလိုလုပ်တာက အခြေခံအားဖြင့် အထက်ခေါင်းဆောင်ကို အားနည်းအောင်လုပ်တာပဲ။ စာတန်ရဲ့ လက်ပါးစေအဖြစ် ပြုမူပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တာပဲ။ နောက်ပိုင်းမှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့ ကျွန်မ ကြောက်ပြီး တုန်လှုပ်လာတယ်။ ကျွန်မက နောင်တမရရင် ကျွန်မရဲ့ ကိုယ်ပိုင်စိတ်ကူးပေါက်သလို ဆက်လုပ်နေပြီး စာတန်ရဲ့ လက်ပါးစေလို ပြုမူနေရင် နောက်ဆုံးမှာ ဘုရားက ဖော်ထုတ်ပြီး စွန့်ပစ်တာ ခံရမှာပဲ။ ပြီးတော့ ကျွန်မ ဒါကို ဆင်ခြင်ကြည့်တယ်။ “စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။” ကျွန်မက ကိုယ့်ရဲ့ ပြစ်မှားမှုတွေကို ကိုင်တွယ်ပြီး ကိုယ့်ကိုယ်ကိုယ်သိဖို့ သမ္မာတရားကို ရှာနိုင်ရင် ဘုရားရဲ့ သက်ညှာမှုကို ကျွန်မ မရနိုင်ဘူးလား။ နောက်တော့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ အထက်ခေါင်းဆောင်က ကိုယ်စားလှယ်လောင်းတွေ ခန့်နေတယ်လို့ အစ်မရှူကပြောတော့ ဘာလို့ ကျွန်မက အရမ်းတုံ့ပြန်ခဲ့တာလဲ ပေါ့။ အဲဒီမတိုင်ခင် နှစ်လတုန်းက ကျွန်မတာဝန်ပြောင်းတဲ့အချိန်မှာ ဒါနဲ့ပတ်သက်ပြီး ကျွန်မက တော်တော်ကို မပျော်နေဘဲ အထက်ခေါင်းဆောင်ကို တော်တော် အမြင်စောင်းနေတယ်။ ဒီတော့ အထက်ခေါင်းဆောင်က ကိုယ်စားလှယ်လောင်းတွေ ခန့်နေတယ်လို့ လူတစ်ယောက်ကပြောတာကို ကျွန်မကြားတဲ့အခါမှာ သူက သေချာပေါက်ကို ကိစ္စတွေကို စည်းမျဉ်းနဲ့အညီမလုပ်ဘူးလို့ ကျွန်မ ခံစားမိခဲ့တယ်။ အဲဒါနဲ့ ဒါကို အစ်မလင်ကို ပြောပြလိုက်တယ်။ သူ့ကိုလည်း ကျွန်မဘက်မှာနေပြီး အထက်ခေါင်းဆောင်ကို အမြင်စောင်းစေချင်ပြီးတော့ပေါ့။ ကျွန်မက အထက်ခေါင်းဆောင်ကို တမင်သက်သက် ဝေဖန်အပြစ်တင်နေပြီး လက်စားချေချင်တဲ့သဘောလည်းရှိနေတယ်။ တော်တော် စက်ဆုပ်စရာကောင်းပြီး ကြမ်းတမ်းတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒီ ကျွန်မရဲ့ အရုပ်ဆိုးတဲ့ဘက်ခြမ်းကိုမြင်တော့ ကျွန်မ နောင်တတွေနဲ့ ပြည့်သွားတယ်။ အထက်ခေါင်းဆောင်က ကျွန်မရဲ့ တကယ့်ရည်ရွယ်ချက်တွေကို လူတိုင်းမြင်နိုင်အောင် ကျွန်မလုပ်ရပ်တွေကို ချက်ချင်း မစိစစ်ရင် သတင်းအတုအယောင်က ညီအစ်ကိုမောင်နှမတွေဆီ ပြန့်သွားတာနဲ့ အထက်ခေါင်းဆောင်ကို သူတို့ အမြင်စောင်းလာမှာဖြစ်ပြီး သူနဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နိုင်မှာမဟုတ်ဘူး။ ဒါဆိုရင် အသင်းတော်အလုပ်ကို တိုက်ရိုက်သက်ရောက်မှာပဲ။ အဲဒီနောက်တော့ ဆုတောင်းပြီး နောင်တရဖို့အတွက် ဘုရားရှေ့ကို အမြန်လာတယ်။ ကျွန်မပြောလိုက်တယ်။ “ဘုရားသခင် သမီးက စာတန်ရဲ့ လက်ပါးစေအဖြစ်ပြုမူပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကြားဝင်နှောင့်ယှက်ခဲ့ပါတယ်။ ဖောက်ပြန်ပျက်စီးခြင်းကနေ ဆက်ပြီးစကားပြောတာ၊ ပြုမူတာ မလုပ်ချင်ပါဘူး။ သမီးရဲ့ ပြစ်မှားမှုတွေနဲ့ မကောင်းမှုတွေကို နားလည်ချင်ပြီး အမှန်တကယ် နောင်တရချင်ပါတယ်။ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။

အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မက ဘုရားရှေ့မှာ ဆုတောင်းပြီး ရှာဖွေတယ်။ ဘာကြောင့် ကျွန်မက ကိုယ့်တာဝန်ပြောင်းလဲတာကို အရမ်း အတိုက်အခံဖြစ်ပြီး တစ်ကြိမ်မှာ စာတန်အတွက် အလုပ်လုပ်တဲ့အထိတောင်ဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေကြားမှာ သဘောထားကွဲလွဲတာတွေလုပ်တာ၊ အထက်ခေါင်းဆောင်ကို ဝေဖန်အပြစ်တင်တာတွေ ဖြစ်ခဲ့ရတာလဲ။ တစ်နေ့မှာ ကျွန်မ ဘုရားဝတ်ပြုနေတုန်း ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နိမ့်ကျသည်ဟုထင်သောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ဖွင့်ပြခြင်းနှုတ်ကပတ်တော်တွေက ကျွန်မအတွက် စိတ်နှလုံးထဲကို တိုက်ရိုက်ဝင်သွားတယ်။ ကျွန်မက အတိအကျကို အဲဒီလိုမျိုး မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့သူပါပဲ။ ကျွန်မက တရားဟောဆရာမအဖြစ် အစေခံခဲ့ပြီး စည်းမျဉ်းတချို့ သင်ယူခဲ့တယ်။ ဒါကြောင့် ကျွန်မက အစွမ်းအစကောင်းရှိပြီး လေ့လာတာ မြန်တယ်၊ အသင်းတော်မှာ ကျွန်မက ပါရမီရှိတဲ့သူဖြစ်ပြီး ပျိုးထောင်ပေးခံရသင့်တယ်လို့ ခံစားမိတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဒုက္ခခံနိုင်လို့၊ တာဝန်မှာ အဖိုးအခပေးဆပ်လို့၊ ဒီလောက်ငယ်တဲ့အရွယ်မှာ သမ္မာတရားကိုရှာဖွေလို့ဆိုပြီး ချီးကျူးတာကို ကြားရတော့ ကိုယ့်အကြောင်းကိုယ် အများကြီး စဉ်းစားလာတယ်။ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားရှာဖွေသူအဖြစ် တံဆိပ်ကပ်လိုက်တယ်။ အထက်ခေါင်းဆောင်က ကျွန်မကို စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ တကယ့်အခြေအနေကြောင့် ကျွန်မက တရားဟောဆရာမအဖြစ် အစေခံဖို့ မသင့်တော်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက လက်မခံနိုင်ဘူး။ ကျွန်မတာဝန်ကို ပြောင်းလိုက်တာဟာ အထက်ခေါင်းဆောင်က ကျွန်မကို အခက်အခဲဖြစ်အောင်လုပ်နေတာ၊ သူက စည်းမျဉ်းတွေကို မနာခံဘူးလို့တောင် ခံစားမိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းထင်တယ်။ ကျွန်မက အရမ်းတော်တယ်လို့ တွေးမိတယ်။ ကျွန်မက ဘယ်လိုလူလဲဆိုတာ နည်းနည်းလေးမှ မမြင်ဘဲနဲ့ပေါ့။ ကျွန်မက တရားဟောဆရာမဖြစ်ဖို့ ကောင်းကောင်းသင့်တော်တယ်လို့လည်း လုံးဝ လက်ခံယုံကြည်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ယုံကြည်သူဖြစ်တာမကြာသေးဘဲ တကယ့်အတွေ့အကြုံသိပ်မရှိသေးဘူး။ အသင်းတော်ခေါင်းဆောင်တွေက ပူးတွဲမဆောင်ရွက်တာလိုမျိုး လက်တွေ့ပြဿနာတချို့ကိုရင်ဆိုင်ရတော့ သူတို့ကို ကူညီဖို့ ကျွန်မက လက်တွေ့အတွေ့အကြုံမရှိခဲ့ဘူး။ ကျွန်မတာဝန်ပြောင်းပြီးတော့ နှစ်လအကြာမှာ ကျွန်မက ဒါနဲ့ပတ်သက်ပြီး မကျေနပ်နေသေးဘူး။ နည်းနည်းလေးတောင်မှ လက်ခံတာမရှိခဲ့ဘူး။ ကျွန်မက အထက်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို စည်းမျဉ်းတွေကို ဆန့်ကျင်တယ်လို့တောင် တိတ်တဆိတ် ဝေဖန်အပြစ်တင်နေတာ။ ကျွန်မက အသိစိတ်မရှိတော့လောက်အောင် မာနထောင်လွှားပါတယ်။ သမ္မာတရားကို အသုံးပြုပြီး တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ ဘုရားရဲ့ အမှုတော်ကို ဘယ်လိုကြုံတွေ့ရမယ်ဆိုတာ မသိဘူး။ ပြီးတော့လည်း ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါမှာ အမှန်တကယ် မနာခံဘူး၊ သင်ခန်းစာမယူဘူး။ ဒါတွေက ကျွန်မဟာ လက်တွေ့အတွေ့အကြုံသိပ်မရှိဘူး၊ သမ္မာတရားကို နားမလည်ဘူး၊ ကျွန်မ ပြသတဲ့ ဖောက်ပြန်ပျက်စီးမှုကို လုံးဝ မသိမြင်ဘူးဆိုတာ ပြဖို့ လုံလောက်ပါတယ်။ ဒီအသင်းတော်တွေမှာ တကယ့်ပြဿနာတွေကို ကျွန်မ ဘယ်လိုဖြေရှင်းနိုင်မလဲ။ အထက်ခေါင်းဆောင်က ကျွန်မတာဝန်ကို ပြောင်းတဲ့အခါမှာ ကျွန်မက ဘဝအတွေ့အကြုံသိပ်မရှိဘူး၊ တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ သူက ပြောတယ်။ လက်တွေ့အရှိတရားက ဒါကို ဖွင့်မပြဘဲနဲ့ ကျွန်မ ဘယ်လောက် မာနထောင်လွှားသလဲဆိုတာ လုံးဝမြင်မှာမဟုတ်ဘူး။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ တကယ် တို့ထိခြင်းခံရတယ်။ ကျွန်မတာဝန်ပြောင်းလဲတာဟာ ကျွန်မအတွက် ဘုရားရဲ့ချစ်ခြင်းနဲ့ ကွယ်ကာခြင်းဖြစ်ပါတယ်။ ဒီလိုသာမဖြစ်ရင် ကျွန်မက ဘယ်လောက် မာနထောင်လွှားတယ်ဆိုတာ ကျွန်မ သိမှာမဟုတ်ဘူး။ အထက်ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်တာနဲ့ ဘုရားရဲ့ ခက်ထန်တဲ့ တရားစီရင်ခြင်း၊ ဖွင့်ပြခြင်းက ကျွန်မအတွက် တော်တော်စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ မာနထောင်လွှားမှု၊ ဘုရားအပေါ် ကြောက်ရွံ့ခြင်းကင်းမဲ့မှုတွေ ကျွန်မက ကိုယ့်အဆင့်အတန်းနဲ့ အကျိုးအမြတ်အတွက် စာတန်ရဲ့ လက်ပါးစေအဖြစ် ပြုမူနေတယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်နေတယ်ဆိုတာတွေကို မြင်အောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ မကောင်းတဲ့လမ်းကြောင်းကို အချိန်မီတားဆီးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ်အကြောင်း တစ်ခုခုကို သိခွင့်ပေးခဲ့တယ်။

အဲဒီနောက်မှာ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ အကောင်းဆုံးပဲလုပ်ခဲ့တယ်။ ကျွန်မရဲ့တွဲဖက် အစ်မရှူက သူ့တာဝန်ကို ထမ်းဆောင်ခြင်းအပြင် သူ့မိသားစုကိုလည်း စောင့်ရှောက်နေရတာ။ ကျွန်မက အဲဒီလို အိမ်ထောင့်တာဝန်မျိုးတွေမရှိဘူး။ ဒီတော့ ကျွန်မအချိန်က နည်းနည်းပိုလွတ်လပ်တယ်။ ညီအစ်ကိုမောင်နှမတွေက အခက်အခဲတွေရှိတဲ့အခါမှာ ကျွန်မက ပိုပြီးတော့ ခဏခဏ မိတ်သဟာယသွားဖွဲ့ပြီး ကိစ္စတွေကို ဖြေရှင်းပေးတယ်။ အစတော့ ကျွန်မက အစ်မရှူကို နားလည်ခွင့်လွှတ်ပေးတယ်။ ဒါပေမဲ့ နည်းနည်းလောက်ကြာတော့ ကျွန်မက သူ့ထက်ပိုပြီး လုပ်ကိုင်တယ်လို့ ခံစားမိလာတယ်။ တစ်ခါတလေမှာ သူ့မိသားစုမှာ ကိစ္စတွေပေါ်လာတဲ့အခါ သူက အသင်းတော်ကိစ္စတွေကို ချက်ချင်း နောက်ဆက်တွဲလိုက်မလုပ်ဘူး။ မကိုင်တွယ်ဘူး။ ဒါကြောင့် ကျွန်မက သူ့အပေါ် နည်းနည်း အထင်အမြင်သေးလာတယ်။ သူက သူ့မိသားစုကို အရမ်းချစ်ခင်လွန်းတယ်၊ ကြာလာရင် အသင်းတော်အလုပ်နှောင့်နှေးလာမယ်လို့ ကျွန်မ ခံစားမိတယ်။ တစ်ခါတလေမှာ ကျွန်မ အစ်မရှူနဲ့ မိတ်သဟာယဝေမျှတယ်။ ဒါပေမဲ့ သူက နည်းနည်းဒုက္ခရောက်နေတဲ့ပုံစံကိုမြင်ရပြီး ကျွန်မက သူ့ကို အထင်အမြင်သေးတဲ့လေသံနဲ့ပြောတယ်။ အစ်မရှူက ကျွန်မကြောင့် စိတ်ကျဉ်းကျပ်ရတယ်။ သူက တစ်ခုခုမှားလုပ်ရင် ကျွန်မက သူ့ကို ကောင်းကောင်းမဆက်ဆံမှာကို သူကြောက်တာပေါ့။ ကျွန်မက ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို သိပ်နားမလည်တော့ မကြာခင်မှာပဲ ကျွန်မရဲ့ ပြဿနာအဟောင်းက ပြန်ပေါ်လာပြန်တယ်။

နောက်ပိုင်းမှာ အစ်မရှူက တရားဟောဆရာမတစ်ယောက်ဖြစ်ဖို့ ကိုယ်စားလှယ်လောင်းဖြစ်လာပြီး အရွေးခံရတယ်။ ကျွန်မသိသွားတော့ ကျွန်မအတွက် လက်ခံဖို့ ခက်ခဲတာပေါ့။ ကျွန်မက စဉ်းစားတယ်။ ကျွန်မက ငယ်လို့ ကိုယ်စားလှယ်လောင်းမဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်မက ဘယ်လိုလုပ် အစ်မရှူနဲ့ တန်းတူမရှိတာလဲပေါ့။ ကျွန်မက သူ့ထက်ပိုပြီး အစွမ်းအစကောင်းတယ်။ ကိုယ့်တာဝန်မှာ ပိုပြီး အားအင်ရှိတယ်။ မိသားစုထဲမှာ ပိတ်မိမနေဘူး။ ပြီးတော့လည်း ကျွန်မက လတ်တလောမှာ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတယ်။ ကျရှုံးခဲ့ပြီး ထုတ်ဖော်ခံရတယ်။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းနားလည်လာတယ်။ ကျွန်မက မာနထောင်လွှားမှုနည်းနည်းပြနေတုန်းပဲ။ ဒါပေမဲ့ တော်တော်လေး ပြောင်းလဲလာနေပြီ။ အခု အစ်မရှူက တရားဟောဆရာမအဖြစ် အရွေးခံရပြီး အသင်းတော်တချို့ရဲ့အလုပ်အတွက် တာဝန်ယူရတယ်။ ဒါပေမဲ့ ကျွန်မက အသင်းတော်တစ်ခုကိုပဲ ဦးဆောင်ရတယ်။ ဒီတော့ ဒါဟာ တကယ်ပဲ ကျွန်မက ချို့တဲ့နေတဲ့ သဘောလား။ ကျွန်မက အရမ်းငယ်သေးတယ်။ ခေါင်းဆောင်အနေနဲ့ အဲဒီအသင်းတော်မှာပဲ နေနေတာက ကျွန်မ ပါရမီကို ဖြုန်းတီးတာမဟုတ်ဘူးလား။ ကျွန်မရဲ့ အစွမ်းအစနဲ့ ကျွန်မက တကယ်ပဲ အသင်းတော်တစ်ခုကိုပဲ ဦးဆောင်နိုင်တာလား။ ဘုရားအိမ်တော်မှာ ကျွန်မက အရေးကြီးတဲ့နေရာမှာ မနေရနိုင်ဘူးလား။ ကျွန်မရဲ့ တိုးတက်မှုနဲ့ ပြောင်းလဲမှုကို အထက်ခေါင်းဆောင်က ဘာလို့ မမြင်တာလဲ။ တရားဟောဆရာမတစ်ယောက်ဖြစ်တဲ့ အစ်မကျန်းကလည်း တစ်ဆက်တည်းပဲ စုဝေးပွဲတွေမှာ သုံးလေးခါ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတယ်။ သူကပြောတယ်။ “အရင်တုန်းက အစ်မနဲ့ ကျွန်မ ဆက်ဆံတာတွေမှာ အစ်မက တကယ်ကိုကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ ကျွန်မ ခံစားမိတယ်။ အစ်မက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အရေးစိုက်တာကိုမြင်ရတော့ အံ့သြမိတယ်။ အစွမ်းအစနည်းနည်းနဲ့ အစ်မက သူများတွေကို အထင်သေးပြီး သူတို့ကို နေရာတိုင်းမှာ ချုပ်ချယ်တယ်။ အစ်မက လူတိုင်းအပေါ် အမြဲတမ်းမကြည်တဲ့ပုံစံလုပ်နေတယ်။ အခု အစ်မက လူ့သဘာဝကောင်းမရှိတာကိုကျွန်မ မြင်ရတယ်” တဲ့။ သူဒီလိုပြောတာကိုကြားရတော့ ကျွန်မ ယူကျုံးမရဖြစ်သွားတယ်။ သူက ကျွန်မပြဿနာတွေကို ဘာလို့ စုဝေးပွဲတိုင်းမှာပြောရတာလဲ။ ဘာလို့ကျွန်မအပေါ်မှာ ကြမ်းတမ်းရတာလဲ။ ကျွန်မက ဖောက်ပြန်ပျက်စီးမှုနည်းနည်းပြခဲ့တယ်။ နည်းနည်း မာနထောင်လွှားခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို ဒီလိုမျိုးပြောဖို့ လိုလို့လားပေါ့။ ကျွန်မ တကယ်ကို မခံနိုင်တဲ့အခါမှာ ရေချိုးခန်းထဲပြေးပြီး တိတ်တဆိတ်ငိုတယ်။ ကျွန်မနှလုံးသားထဲကို ဓားတစ်ချောင်းထိုးလိုက်သလို ခံစားရတယ်။ ကျွန်မ နေ့တိုင်းပဲ ဘုရားကို ဆုတောင်းအော်ခေါ်ပြီး သင်ခန်းစာယူဖို့အတွက် လမ်းပြဖို့ ဆုတောင်းတယ်။

အဲဒီအချိန်အတွင်းမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ဖွင့်ပြခြင်း နှုတ်ကပတ်တော်တွေအများကြီး ဖတ်တယ်။ ကျမ်းပိုဒ်တစ်ပိုဒ်က ကျွန်မကို အထူး လေးလေးနက်နက် ခံစားမိစေတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသည့်အတွက် ငွေကြေး၊ လက်ဆောင်များနှင့် ချီးမွမ်းစကားများကို သင်တို့တောင်းဆိုကြ၏။ ငွေတစ်ပြားနှစ်ပြား ပေးလှူသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းချီးမင်္ဂလာများ တောင့်တ၍ ဂုဏ်ထူးအသရေဖြင့် ဆက်ဆံခံလိုကြ၏။ သင်တို့၏ လူ့သဘာဝအကြောင်း ပြောရကြားရသည်မှာ အကယ်ပင် မသတီစရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် ချီးမွမ်းထိုက်သောအရာ ရှိသလော။ မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။ ဤကဲ့သို့သော အသိစိတ်မျိုးနှင့် သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ဤအခြေအနေမျိုးတွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်အတွက် မစိုးရိမ်ကြသလော။ သင်တို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ သင်တို့၏ စိတ်နေသဘောထားသည် ယိုယွင်းခဲ့ပြီ။ ဤသို့ဖြစ်သဖြင့် သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ်မကောင်းပေသလော။ သင်တို့၏ ယုံကြည်ခြင်းသည် ယုတ္တိကင်းမဲ့မနေသလော။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အဘယ်လမ်းကြောင်းအား သွားရမည်ဆိုသည်ကို သင်မည်သို့ ရွေးချယ်တော့မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ အခြေအနေကို ပြည့်ပြည့်စုံစုံ ဖွင့်ပြခဲ့တယ်။ ကျွန်မတာဝန်မှာ စည်းမျဉ်းတချို့ကို သင်ပြီးတဲ့နောက်မှာ ကျွန်မက သိပ်ကောင်းတဲ့ အစွမ်းအစရှိတယ်၊ ပါရမီရှိတယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မက နည်းနည်းအနစ်နာခံပြီး အဖိုးအခ နည်းနည်းပေးဆပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မြှောက်ပြောတယ်။ သမ္မာတရားကို ကျွန်မ လိုက်စားတယ်လို့ ခံစားမိတယ်။ ကျွန်မတို့တာဝန်မှာ အစ်မရှူနဲ့ ကျွန်မတွဲလုပ်ရတဲ့အချိန်မှာ ကျွန်မက နည်းနည်းလေး အလုပ်ပိုလုပ်ပြီးတော့ သူ့ထက်ပိုပြီးတော့ လိုက်စားတယ်၊ သူ့ထက်သာတယ်လို့ ခံစားမိခဲ့တယ်။ အစ်မရှူက မိသားစုကိစ္စတွေကြောင့်နှေးနေတာကို မြင်ရတော့ ကျွန်မက သူ့ကို နားလည်မပေးခဲ့ဘဲ သူ့ကို နှိမ်တယ်။ အထင်သေးခဲ့တယ်။ သူ့ကို မကောင်းတဲ့အကြည့်နဲ့ ကြည့်တယ်။ သူ့အပေါ်မှာ ကျွန်မ ဘာချစ်ခြင်းမှ မရှိခဲ့ဘဲ သူ့ကို အမြဲတမ်း နှောင့်နှေးစေခဲ့တယ်။ ဒါက မာနထောင်လွှားတဲ့ စိတ်သဘောထားကို လုံးဝ ဖွင့်ပြနေတာပါ။ ဘုရားသခင်က ဒါကို စက်ဆုပ်ရွံရှာတယ်။ အစ်မရှူက မိသားစု အနှောင့်အဖွဲ့တွေရှိတာမှန်ပေမဲ့ သူ့မှာ လူ့သဘာဝကောင်းရှိပြီး တာဝန်ထမ်းဆောင်တဲ့အခါမှာ စိတ်ချရတယ်။ ပြီးတော့လည်း သူ့မိတ်သဟာယက တကယ် လက်တွေ့ကျတယ်။ သူများတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်တယ်။ ဥပမာ လယ်လုပ်တဲ့နေရာမှာ အလုပ်ရှုပ်တဲ့ ရာသီချိန်တွေမှာ တချို့လူတွေက စုဝေးပွဲတွေမှာနောက်ကျတယ်။ ပုံမှန်မတက်ဘူး။ ကျွန်မက သူတိုနဲ့ မိတ်သဟာယဖွဲ့တယ်။ အခုက သမ္မာတရားကို လိုက်စားဖို့ အရေးပါတဲ့အချိန်ဖြစ်တယ်၊ ဇာတိပကတိအသက်တာမှာ အမြဲတမ်းအလုပ်ရှုပ်နေတာကနေ ဘာမှရမှာမဟုတ်ဘူး။ အရူးတစ်ယောက်က သက်သာဖို့အတွက် လောဘကြီးပြီး သူ့ကိုယ်သူပဲ ပျက်စီးစေမယ် ပေါ့။ ကျွန်မက ဒီအနှစ်မပါတဲ့ ရိုးအီနေတဲ့စကားတွေကိုမိတ်သဟာယဖွဲ့တယ်။ သူတို့အားလုံးက သဘောတူခေါင်းညိမ့်ကြတယ်။ ဒါပေမဲ့ နောက်တော့ သူတို့က လယ်အလုပ်နဲ့ ဆက်အလုပ်ရှုပ်နေပြီး စုဝေးပွဲတွေကို ဆက်ပြီး နောက်ကျနေတာပဲ။ ဒါပေမဲ့ အစ်မရှူက မိသားစု အနှောင်အဖွဲ့တချို့ရှိတယ်။ ဒီတော့ သူက သူတို့ရဲ့ လက်တွေ့ဘဝ အခက်အခဲတွေကို နားလည်နိုင်တယ်။ သူက ညီအစ်ကိုမောင်နှမတွေကို ကူညီဖို့ သူ့အတွေ့အကြုံကိုသူတို့နဲ့ မိတ်သဟာယဖွဲ့တယ်။ သူတို့က နားထောင်ကြပြီး တကယ်ကိုလက်တွေ့ကျတယ်လို့ ခံစားရတယ်။ နောက်တော့ စုဝေးပွဲကို ပုံမှန်ပြန်တက်လေ့ရှိတယ်။ ကျွန်မတို့နှစ်ယောက်လုံးက ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုတယ်။ သူတို့ရဲ့ တကယ့်ပြဿနာတွေကို ကျွန်မ မဖြေရှင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ အစ်မရှူက သူ့မိတ်သဟာယနဲ့ တကယ့်ရလဒ်တွေကို ရအောင်လုပ်နိုင်တယ်။ သူက တကယ်ပဲ လက်တွေ့ အတွေ့အကြုံတချို့ရှိတယ်ဆိုတာ ဒီကနေ မြင်နိုင်ပါတယ်။

နောက်ပိုင်းမှာ လက်တွေ့အရှိတရားက ဘာလဲဆိုတာ ကျွန်မနားလည်အောင် ကူညီပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိထားသည်ဟု မဆိုလိုပေ၊ အမှုအရာများသည် သင် ထင်မှတ်သကဲ့သို့ မရိုးစင်းပေ။ စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။...မာနကြီးပြီး မောက်မာသူများသည် အမင်္ဂလာ ရှိကြသည်၊ မိမိတို့ကိုယ်ကိုယ် လုံးဝ မသိသူများသည် အမင်္ဂလာ ရှိကြသည်။ ထိုကဲ့သို့သောလူများသည် အဟောအပြောတွင် အထူး ကျွမ်းကျင်ကြသော်လည်း၊ ၎င်းတို့၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်သောအခါ၊ သာ၍ ဆိုးကြလေ သည်။ ဤလူများသည် အသေးဆုံး ဒုက္ခ အရိပ်လက္ခဏာ၌ သံသယများ စတင် ရှိလာပြီး လက်လွှတ်အရှုံးပေးရန် အတွေးသည် ၎င်းတို့၏စိတ်ထဲသို့ ချွတ်နင်း ဝင်ရောက်လာတော့သည်။ ၎င်းတို့သည် မည်သည့်စစ်မှန်မှုကိုမျှ လက်ဝယ်မပိုင်ဆိုင်ကြပေ။ ဘာသာတရား အထက်ရှိ အယူအဆများသာ ၎င်းတို့တွင် ရှိကြပြီး ယခု ဘုရားသခင် လိုအပ်သည့် စစ်မှန်မှုဟူ၍ စိုးစဉ်းမျှ မရှိပေ။ စစ်မှန်မှု စိုးစဉ်းမျှ ပိုင်ဆိုင်မှုမရှိဘဲ၊ အယူအဆများကိုသာ ပြောဆိုတတ်သူများကို ငါ အရွံရှာဆုံး ဖြစ်သည်။ ၎င်းတို့၏အလုပ်ကို ဆောင်ရွက်နေစဉ်တွင် ၎င်းတို့သည် အကျယ်လောင်ဆုံး အော်တတ်ကြသော်လည်း၊ စစ်မှန်မှုနှင့် ရင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ ပြိုကွဲသွားတော့သည်။ ယင်းက ဤလူများတွင် စစ်မှန်မှု မရှိကြောင်း မပြသလော။ လေနှင့်လှိုင်းများ မည်သို့ပင် ပြင်းထန် ကြမ်းကြုတ်ပါစေ၊ သင့်စိတ်ထဲသို့ သံသယ တစ်စွန်းတစ်စမျှ ပေးမဝင်ဘဲ၊ ဆက်လက် ရပ်တည်နေနိုင်ပြီး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မကျန်တော့သည့်အခါတွင်ပင်လျှင်၊ သင် အခိုင်အမာ ရပ်တည်နေနိုင်ကာ ငြင်းပယ်ခြင်းမှ လွတ်ကင်းနေပါက၊ သင့်တွင် စစ်မှန်သော သိနားလည်ခြင်း ရှိကြောင်းနှင့် စစ်မှန်မှုကို အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်နေကြောင်း မှတ်ယူခြင်း ခံရပေမည်။ သင်သည် စီစဉ်ခြင်း သို့မဟုတ် စဉ်းစားတွေးတောခြင်း မရှိပါက၊ အများစုနောက်သို့ သင်လိုက်ပါပြီး အခြားသူများ၏ စကားကို သံယောင်လိုက်ရန် သင်ယူပါက၊ သင်မည်သို့ စကားပြောကောင်းစေကာမူ၊ ယင်းသည် သင် စစ်မှန်မှုကို လက်ဝယ်ရရှိထားကြောင်း သက်သေဖြစ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် အနှစ်သာရမဲ့သော စကားများကို အလောတကြီး အော်ဟစ် မပြောဆိုဖို့ ငါ အကြံပေးသည်။ ဘုရားသခင် မည်သည့်အရာ လုပ်လိမ့်မည်ကို သင်သိသလော။ သင်သည် သင့်ကိုယ်သင် အရှက်ရစေပြီး ဂုဏ်ယူ ဝင့်ကြွားနိုင်စွမ်း ဆုံးရှုံးသွားမည်စိုး၍ နောက်ထပ်ပေတရုကဲ့သို့ မပြုမူလေနှင့်၊ ယင်းက မည်သူ့ကိုမျှ မည်သည့်ကောင်းကျိုးမျှ မပေးပေ။ လူအများစုတွင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြပေ။ ဘုရားသခင်သည် အမှုများစွာ ပြုခဲ့ပြီးသော်လည်း၊ ကိုယ်တော်သည် စစ်မှန်မှုကို လူတို့အပေါ်သို့ ယူဆောင်လာခဲ့ပြီးခြင်း မရှိသေးပေ။ ပိုမိုတိကျရလျှင် ကိုယ်တော်သည် မည်သူ့ကိုမျှ ကိုယ်တိုင်ကိုယ်ကျ ပြစ်တင်ဆုံးမခြင်း မည်သည့်အခါမျှ မပြုခဲ့ဖူးပေ။ လူအချို့သည် ဘုရားသခင်ကို အသာစီးယူရန် လွယ်ကူပြီး ၎င်းတို့ လုပ်ချင်သမျှ လုပ်နိုင်သည်ဟု တွေးကာ၊ ၎င်းတို့၏ အပြစ်နှင့်ပြည့်သော လက်များက သာ၍ သာ၍ အဝေးသို့ လှမ်းလျက် ထိုကဲ့သို့သော စမ်းသပ်မှုများအားဖြင့် ဖော်ထုတ်ပြသခြင်းကို ခံကြရသည်။ ဤကဲ့သို့သော စမ်းသပ်မှုကိုပင် ၎င်းတို့ ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြသည့်အတွက် ၎င်းတို့အတွက် ပိုမိုခက်ခဲသော စမ်းသပ်မှုများမှာ မဖြစ်နိုင်တော့သကဲ့သို့ စစ်မှန်မှုကို ရရှိခြင်းသည်လည်း မဖြစ်ပျက်နိုင်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အရူးလုပ်ရန် ကြိုးစားနေခြင်းမျှသာ မဟုတ်သလော။ စစ်မှန်မှု ရရှိခြင်းဟူသည်မှာ ဟန်ဆောင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ စစ်မှန်မူဟူသည်လည်း ထိုအရာကို သိခြင်းမှ သင် ရယူနိုင်သည့် အရာတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုအပေါ် မူတည်သကဲ့သို့၊ စမ်းသပ်မှုများ အားလုံးကို သင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိ မရှိဟူသည့်အပေါ်တွင်လည်း မူတည်၏။ သင် နားလည်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက လုံးဝ ရှင်းလင်းပါတယ်။ လူတစ်ယောက်က လက်တွေ့အရှိတရားကို ပိုင်ဆိုင်သလားဆိုတာက သူတို့ပြောတာနဲ့ မဆိုင်ဘူး။ သမ္မာတရားကို လက်တွေ့လုပ်သလား၊ သူတို့ အသက်ရှင်နေထိုင်တဲ့အရာမှာ ဘုရားကို သက်သေခံသလားဆိုတာနဲ့ ဆိုင်ပါတယ်။ ကိုယ်က အယူဝါဒကို နားလည်ပြီး ဒါ စစ်မှန်မှုကို ပိုင်ဆိုင်တဲ့သဘောပဲလို့ ထင်ရင် ဒါက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်မှု ကင်းမဲ့တာပဲ။ ကျွန်မက ယေဘူယျအနေနဲ့ ယုံကြည်ခြင်း အပြည့်ရှိတယ်လို့ ခံစားရတယ်။ အသင်းတော်အလုပ်ကို အချိန်မီ ကိုင်တွယ်တယ်၊ ကိုယ့်တာဝန်မှာ စိတ်ထက်သန်ပြီး ဘုရားကို နာခံနိုင်တဲ့ပုံစံရှိတယ်ပေါ့။ ဒါပေမဲ့ အစ်မရှူက တရားဟောဆရာမအဖြစ် အရွေးခံရြ့ပီးနောက်မှာ ကျွန်မက မတည်မငြိမ်ဖြစ်သွားတယ်။ ကျွန်မက သူ့ထက်သာတယ်၊ ပိုလုပ်နိုင်တယ်လို့ ခံစားမိတယ်။ ဒီတော့ ဘာလို့ ကျွန်မ အရွေးမခံရတာလဲပေါ့။ မကျေနပ်ချက်တွေက ကျွန်မစိတ်နှလုံးထဲမှာ ထွက်ပေါ်လာပြီး ကျွန်မအပေါ် မတရားဘူးလို့ ခံစားမိတယ်။ ကျွန်မ ပြသတာကို အခြေခံကြည့်ရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်မသိခဲ့ဘူး။ ဘုရားသခင်ပြင်ဆင်တဲ့ အခြေအနေကို ကျွန်မ မနာခံနိုင်ခဲ့ဘူး။ ကျွန်မက သမ္မာတရား စစ်မှန်မှုကို လုံးဝ မပိုင်ဆိုင်ခဲ့ပါဘူး။ ကျွန်မက ကိုယ့်တာဝန်မှာ နည်းနည်း စိတ်အားထက်သန်တာပဲရှိပြီး အယူဝါဒတချို့ကို ရေရွတ်နိုင်တာပါ။ ဒါတွေကို ကျွန်မရဲ့ တကယ့်ဝိညာဉ်ရင့်ကျက်မှုအဖြစ် မှားပြီး ခံယူခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်အခက်အခဲတွေကို ကျွန်မ တကယ်နားမလည်ခဲ့ဘူး။ သူတို့ရဲ့ တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် အစေခံခွင့်ပြုတာက ကျွန်မကို အခွင့်အရေးပေးနေတာပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိဘဲ တရားဟောဆရာမဖြစ်ဖို့ ယှဉ်ပြိုင်ချင်ခဲ့တယ်။ ကျွန်မက လုံးဝ အသိစိတ်မရှိဘဲ မာနထောင်လွှားခဲ့တယ်။ အထူးသဖြင့် ဘုရားက တန်ဖိုးထားတာကို ခံချင်ခဲ့တယ်။ ဒါ မဖြစ်နိုင်ဘူးလေ။ ဘုရားသခင်က ထိန်းချုပ်မှုလွတ်နေပြီး အသိစိတ်ကင်းမဲ့တဲ့သူကို နှစ်သက်မှာမဟုတ်ဘူး။ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး ဘာပြောင်းလဲမှုမှ မလုပ်တာ၊ ကျွန်မ အပြုအမူက ဘုရားအပေါ် စက်ဆုပ်စရာ၊ မုန်းတီးစရာဖြစ်နေတာကိုမြင်တော့ ကျွန်မ တော်တော်နောင်တရတယ်။ ကျွန်မက အရမ်းထုံထိုင်းလွန်းပြီး ကိုယ့်ကိုယ်ကိုယ် တကယ်ကိုမသိဘူးလို့ ခံစားမိတယ်။ အစ်မကျန်းက ကျွန်မကို ကိုင်တွယ်ဖြေရှင်းတာမလုပ်ရင် ကျွန်မ ပြဿနာတွေကို မြင်နိုင်မှာမဟုတ်သေးဘူး။ ကျွန်မအတွက် ဒီလိုအခြေအနေမျိုးကို ပြင်ဆင်ပေးတဲ့အတွက် ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။

အဲဒီနောက်မှာ ဘုရားအလိုတော်ကို ကျွန်မ နားလည်အောင်ကူညီပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်တို့သည် အနည်းငယ်သော အချုပ်အချယ်၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက် ကောင်းသည်၊ အကယ်၍ သင်တို့သည် လွယ်ကူသက်သာသော အချိန်တစ်ခုကို ပေးခြင်းခံရပါက၊ သင်တို့သည် ပျက်စီးကြလိမ့်မည်ဖြစ်၍ သင်တို့သည် မည်ကဲ့သို့ အကာအကွယ်ပေးခြင်းကို ခံနိုင်ကြမည်နည်း။ ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။ ယနေ့ သင်တို့၌ ပေါလု၏ အသိစိတ်၊ သို့မဟုတ် အသိတရားကိုပင် ပိုင်ဆိုင်ခြင်း မရှိသည့်အပြင်၊ သူ၏မိမိကိုယ်ကို သိခြင်းပင် မရှိကြပေ။ သင်တို့ကို အမြဲတစေ ဖိအားပေးရန် လိုအပ်ပြီး၊ သင်တို့၏ ဝိညာဉ်များ နိုးထစေရန် သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အမြဲခံရန် လိုအပ်ကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ သင်တို့၏ အသက်တာအတွက် အကောင်းဆုံးအရာများ ဖြစ်သည်။ ထို့အပြင် မဖြစ်မနေ လိုအပ်သောအခါ အမှန်တရားများ၏ ပြစ်တင်ဆုံးမမှု သင့်အပေါ် ကျရောက်လာခြင်းလည်း ရှိရမည်ဖြစ်သည်၊ ထိုအခါမှသာ သင်တို့သည် အပြည့်အဝ ကျိုးနွံနာခံကြမည် ဖြစ်သည်။ သင်တို့၏ သဘာဝများမှာ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်း မရှိပါက သင်တို့၏ ဦးခေါင်းများကို ကိုင်းညွတ်ရန်နှင့် ကျိုးနွံနာခံရန် မလိုလားသော သဘာဝမျိုး ဖြစ်သည်။ သင်တို့၏ မျက်စိရှေ့တွင် အမှန်တရားများ မရှိပါက မည်သည့်သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။ သင်တို့သည် အလွန်အောက်တန်းကျပြီး စာရိတ္တပိုင်းတွင် သုံးစား၍ မရကြပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက သင်တို့ကို သိမ်းပိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကို ချိုးနှိမ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ သင်တို့၏ သဘာဝဟောင်းသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ အကယ်၍ သင်တို့ကို ပလ္လင်ပေါ်တွင် နေရာချထားမည်ဆိုပါက၊ သင်တို့သည် ကောင်းကင်ဘုံ၏အမြင့်နှင့် မြေကြီး၏အနက်ကို သိကြလိမ့်မည် မဟုတ်ပေ၊ မည်သည့်နေရာသို့ သင်တို့ ဦးတည်နေကြောင်းကို သာ၍ပင် သိမည်မဟုတ်ချေ။ မည်သည့်နေရာမှ မိမိတို့လာကြောင်းကိုပင် သင်တို့ မသိကြသဖြင့် သင်တို့သည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ သင်တို့ကံကြမ္မာအကြောင်း မဆိုထားနှင့်၊ ၎င်းသည် အန္တရာယ်ကျရောက်ဆဲဆဲ ပိုဖြစ်လိမ့်မည် မဟုတ်လော။ အချိန်မီဖြစ်သော ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိပါက၊ သင်တို့သည် မည်မျှမာနထောင်လွှားသွားကြမည်၊ သို့မဟုတ် သင်တို့သည် မည်မျှစာရိတ္တပျက်ပြားလာကြမည်ကို မည်သူ သိသနည်း။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့ကို ယနေ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က သင်တို့၏ဖြစ်တည်ခြင်းကို ထိန်းသိမ်းထားသည်။ အကယ်၍ သင်တို့သည် သင်တို့ ‘ဖခင်’ ၏ နည်းလမ်းများအတိုင်း အသုံးပြုကာ ‘ပညာတတ်’ ဖြစ်နေဦးမည်ဆိုပါက သင်တို့သည် မည်သည့်လောကထဲသို့ ဝင်ရောက်လိမ့်မည်ကို မည်သူသိသနည်း။ သင်တို့၌ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝမရှိကြချေ။ သင်တို့ကဲ့သို့သော လူများအတွက်၊ အကယ်၍ သင်တို့သည် ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် အနှောင့်အယှက်တို့ တစ်စုံတစ်ရာ ဖြစ်စေခြင်းမရှိဘဲ နာခံလိုက်နာခြင်းသာ ပြုမည်ဆိုလျှင်၊ ငါ၏ရည်မှန်းချက်များ အထမြောက်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရာ၌ ပို၍ကောင်းစွာ မပြုသင့်သလော။ သင်တို့၌ အခြားမည်သည့် ရွေးချယ်စရာများ ရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၆)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့ တရားဟောဆရာမဖြစ်တာကနေ တာဝန်ပြောင်းခံရတဲ့အထိ မြင်ကွင်းတွေ တစ်ခုပြီးတစ်ခု ကျွန်မစိတ်ထဲမှာ ဖျတ်ကနဲပေါ်လာတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြုပြင်ခြင်းက ကျွန်မအတွက် သူ့ရဲ့ ကွယ်ကာခြင်းပဲဆိုတာ ကျွန်မ တကယ်ခံစားရနိုင်တယ်။ ကျွန်မက အရမ်းမာနထောင်လွှားပြီး ဘယ်အရာက ဘာလဲဆိုတာ မသိတော့ဘူး။ ပြီးတော့ စိတ်နှလုံးထဲမှာ တကယ်ကို ခေါင်းမာပြီး ပုန်ကန်တတ်ခဲ့တယ်။ အမှန်တရားတွေက ဒီနည်းနဲ့ ကျွန်မဆီကို ထပ်ခါထပ်ခါ ရောက်မလာခဲ့ရင် ကျွန်မရဲ့ မာနထောင်လွှားမှုမှာ ဘယ်လောက်အထိ ဆက်သွားမယ်ဆိုတာ မသိပါဘူး။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ချစ်ခြင်းက ဘယ်လောက် လက်တွေ့ကျတယ်ဆိုတာကိုလည်း ကျွန်မ တကယ်ခံစားရတယ်။ ဘုရားသခင်က ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ကျွန်မကို သတိပေးပြီး သူ့ရှေ့ကိုလာအောင်ကူညီပေးဖို့ အခြေအနေတွေကို ထပ်ခါထပ်ခါ ပြင်ဆင်ပေးတယ်။ သူ့နှုတ်ကပတ်တော်တွေက ကျွန်မကို လမ်းပြခဲ့တယ်။ ကျွန်မရဲ့ ပုန်ကန်တတ်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ပြီး ဖွင့်ပြခဲ့ပြီးတော့ ကိုယ့်ကိုယ်ကိုယ်သိပြီး ဘုရားကို နောင်တရအောင် လုပ်ပေးခဲ့တယ်။ ဘုရားသခင်က လူတွေရဲ့ အသက်တာတွေအတွက် အများကြီး တာဝန်ယူတယ်။ ဘုရားသခင်ဟာ အရမ်းချစ်စရာကောင်းပြီး ကျွန်မတို့ချစ်ခြင်းနဲ့ အရမ်းထိုက်တန်ပါတယ်။ “ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်။” ဆိုတဲ့ ဒီနှုတ်ကပတ်တော်တွေရဲ့ တကယ့်အဓိပ္ပာယ်က၊ ကျွန်မ တကယ် နည်းနည်းနားလည်လာတဲ့အရာပဲ။ လူတွေက သူတို့ရဲ့ စိတ်သဘောထား သန့်စင်ခံရပြီး ပြောင်းလဲချင်ရင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ တကယ်ကို ခွဲထွက်လို့မရဘူး။ ကျွန်မ ဘုရားသခင်ကို နာခံခြင်းဆုတောင်းချက်တစ်ခု ပြုခဲ့ပါတယ်။ ဒီတာဝန်ထဲမှာပဲ တကယ်နေဖို့ အဆင့်သင့်ဖြစ်နေတယ်။ လုံးဝ ရာထူးမတိုးခံရရင်တောင် ကျွန်မ အသင့်ဖြစ်နေပြီး ဘုရားရဲ့ အစီအစဉ်တွေကို နာခံဖို့ လိုလားနေခဲ့ပါတယ်။

အချိန်နည်းနည်းလောက်ကြာတော့ အထက်ခေါင်းဆောင်ဆီကနေ စာတစ်စောင်ရတယ်။ ကျွန်မ ရာထူးတိုးခံရပြီး တခြားတစ်နေရာမှာ တာဝန်တစ်ခုကို ထမ်းဆောင်ရမယ်လို့ ပြောထားတယ်။ ကျွန်မ ဒါကို လုံးဝ စိတ်မကူးမိဘူး။ အဲဒီအချိန်မှာ ဘုရားသခင်အပေါ် ကျွန်မ အများကြီး ကျေးဇူးတင်ပြီး ဘုရားက ဘယ်လောက်ချစ်ဖွယ်ရာဖြစ်သလဲဆိုတာ ခံစားမိတယ်။ တကယ်ကတော့ ဘုရားသခင်က ကျွန်မကို အဲဒီနေရာမှာပဲ ပိတ်မိနေပြီး တခြားတာဝန်တစ်ခုကို မလုပ်နိုင်အောင်လုပ်ဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မက ပြဿနာရှာနေပြီး အရာရာကို ဆန့်ကျင်နေတာသက်သက်ပါ။ ဒါကြောင့် ကျွန်မကို သန့်စင်ပြီး ပြောင်းလဲဖို့ အမှုကိစ္စတွေကို ဒီလိုပြင်ဆင်ပေးဖို့ ဘုရားကို ကျွန်မ လိုအပ်ခဲ့တာပေါ့။ ကျွန်မကို ကယ်တင်ဖို့ ဘုရားရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေကိုလည်း တကယ် ကြုံတွေ့ခဲ့ရတယ်။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏နေရာကို ရှာတွေ့ပြီ

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

နှုတ်ဆက်လိုက်ပါသည်၊ လူ့အကြိုက်လိုက်သူရေ။

လီဖေး စပိန်နိုင်ငံလူ့အကြိုက်လိုက်သူများအကြောင်း ပြောသည့်အခါ၊ ဘုရားသခင်ကို ကျွန်မ မယုံကြည်မီတွင် သူတို့က ကြီးမြတ်သည်ဟု ကျွန်မ ထင်ခဲ့သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။