မကောင်းသောလူတစ်ဦးကို နှင်ထုတ်ခြင်းမှ ကျွန်မ သင်ယူရရှိခဲ့သည့်အရာ
၂၀၂၁ ခုနှစ် ဧပြီလမှာ၊ ကျွန်မက အဝေးကို ရောက်နေရာကနေ ကျွန်မရဲ့ နဂို အသင်းတော်ဆီကို ပြန်လာပြီး လျူမင်းနဲ့ တွေ့ခဲ့တယ်။ လျူမင်းက အရင်တုန်းက နှင်ထုတ်ခံရခါနီးလေး ဖြစ်ခဲ့တာလေ။ ဘာလို့လဲဆိုတော့ အသင်းတော် ခေါင်းဆောင်အနေနဲ့ သူက တကယ့်အလုပ်ကို လုပ်ဖို့ ပျက်ကွက်ရုံမကဘဲ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး လူတွေကိုလည်း သူ့သဘောနဲ့သူ ရာထူးတိုးပေးခဲ့လို့ပဲ။ အန္တိခရစ်နဲ့ မကောင်းတဲ့လူတွေကို သူက မကိုင်တွယ်ပဲ ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့် အသင်းတော် အလုပ်အမျိုးမျိုးက မထိရောက်တာတွေ ဖြစ်ခဲ့တယ်။ အဲဒီကာလမှာ၊ ညီအစ်ကို မောင်နှမတချို့က သူနဲ့ မိတ်သဟာယဖွဲ့ပေးခဲ့ပေမဲ့ သူက လက်ခံဖို့ ငြင်းတယ်။ အဲဒီတုန်းက ခေါင်းဆောင်ဖြစ်တဲ့ အစ်မ ဝမ်ရီက သူ့အပြုအမူကို အကဲဖြတ်ပြီး၊ သူက မကောင်းတဲ့ လူတစ်ယောက် ဖြစ်မယ်လို့ သင်္ကာမကင်းဖြစ်ခဲ့တယ်။ ဒါပေမဲ့ သက်သေ မလုံလောက်လို့ အဲဒါက ယာယီ သရုပ်သကန်တစ်ခုပဲ ဖြစ်မှာပါလို့ သူ ကောက်ချက်ချခဲ့တယ်။ တခြားခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ၊ သူတို့က သူ့ကို နောင်တရဖို့ နောက်ထပ်အခွင့်အရေးပေးပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုနဲ့ သူ နှင်ထုတ်မခံခဲ့ရဘူး။
တစ်ခါ၊ လျူမင်းနဲ့ ကျွန်မ စကားပြောနေတုန်း၊ အဲဒီအတွေ့အကြုံကနေ ဘာသင်ခန်းစာတွေ သူရခဲ့လဲလို့ ကျွန်မ မေးတယ်။ အဲဒီလို သိသာတဲ့ ကျရှုံးမှုနဲ့ ထုတ်ဖော်ပြတာတွေ ရှိပြီးတဲ့နောက်မှာ သူ့မှာ စစ်မှန်တဲ့ သိနားလည်မှုနဲ့ နောင်တရှိမယ်လို့ ကျွန်မ ထင်ခဲ့တာ။ မမျှော်လင့်ဘဲ လျူမင်းက ပြောတယ်။ “ကျွန်မက စိတ်မြန်လက်မြန်နဲ့ လုပ်တတ်တာ သက်သက်ပါပဲ။ ပြီးတော့ အဲဒီအချိန်မှာ ဘယ်သူကမှ ကျွန်မကို မကူညီခဲ့ဘူးလေ”တဲ့။ ဒါကို ကြားတော့ ကျွန်မတွေးမိတယ်၊ “နင်က နှင်ထုတ်မခံခဲ့ရပေမဲ့၊ မကောင်းတဲ့ အရာတွေ လုပ်ခဲ့တာ အမှန်တရားပဲ။ ဘာလို့ ကိုယ့်ကိုယ်ကို သုံးသပ်ပြီး အဲဒီကနေ မသင်ယူခဲ့တာလဲ”လို့ပေါ့။ နောက်တော့၊ သူက သူ့ကိုယ်သူ သိဖို့ ပျက်ကွက်ခဲ့ရုံမက၊ အချက်အလက်တွေကိုလည်း လိုရာဆွဲပြောတယ်၊ သူ မတရားခံရပြီး ဝမ်ရီရဲ့ ဖိနှိပ်တာခံခဲ့ရတယ်လို့ တခြားလူတွေ ယုံကြည်အောင် သူသွားတဲ့နေရာတိုင်းမှာ ကောလာဟလတွေကိုလည်း ဖြန့်တာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကိစ္စရဲ့ အမှန်တရားကို မသိဘဲ၊ ညီအစ်ကို မောင်နှမတွေက သူ့ကို ယုံကြည်တယ်။ ဝမ်ရီက ပြဿနာဖြစ်တယ်လို့ တွေးကြပြီးတော့ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မက အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ သိပ်မကြာဘူး၊ လျူမင်းက သူ့တာဝန်ကို ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အစားထိုးပြီး လျစ်လျူရှုနေတာကို ကျွန်မ သတိထားမိတယ်။ သူ တာဝန်မဲ့တာကို ကျွန်မ ထောက်ပြပြီး ကိုယ့်တာဝန်တွေအပေါ် မှန်ကန်တဲ့ သဘောထားနဲ့ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တွေကို သူနဲ့ မိတ်သဟာယပြုပေးခဲ့တယ်။ ဒါပေမဲ့ သူက ဒါကို လက်မခံသလို ကျွန်မ အပေါ် မလိုမုန်းထားစိတ်တောင် ဖြစ်ခဲ့တယ်။ သူက ညီအစ်ကိုမောင်နှမတွေကိုကျွန်မက သူ့အပေါ် အရမ်းတောင်းဆိုလွန်းတယ်လို့ စုဝေးပွဲတွေမှာ ထပ်ခါထပ်ခါပြောပြီးတော့ သူတို့တွေလည်း ကျွန်မအပေါ် မလိုမုန်းထားဖြစ်လာအောင် သူ့စကားတွေနဲ့ သူတို့ကို အထင်အမြင်မှားအောင်လုပ်တယ်။ ဒီအခြေအနေကြောင့် ကျွန်မ အရမ်း စိတ်ကျဉ်းကျပ်ခဲ့ရတယ်။ သူ့ပြဿနာတွေကို ကျွန်မ သိပ်စိတ်လိုလက်ရ မထောက်ပြရဲတော့ဘူး။ ကျွန်မကို သူ အပြစ်ရှာပြီး အလွတ်မပေးမှာကို ကြောက်လို့ပေါ့။ ဒါပေမဲ့ လျူမင်းက မကောင်းမှုတွေကျူးလွန်တာ မရပ်ခဲ့ဘူး။ ညီအစ်မတစ်ယောက် အသင်းတော်ရဲ့ သီးခြားခွဲထားတာ ခံရတဲ့ သတင်းကို သူ အမိအရအသုံးချတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက လူတွေကို ထင်ရာမြင်ရာ နှင်ထုတ်ပြီး ဒီလိုနဲ့ သူတို့ဘဝတွေကို ဖျက်ဆီးနေကြတယ်လို့ ပြောပြီးတော့ မုသားတွေကို ဖြန့်ဖို့ အချက်အလက်တွေကို တလွဲပြောတယ်။ ဒါက ညီအစ်ကို မောင်နှမတွေကြားမှာ ပူပန်သောကဖြစ်စေပြီး၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေအပေါ် သတိထားစေတယ်။ အသင်းတော်ကို ဝရုန်းသုန်းကားအခြေအနေထဲကို ကျဆင်းသွားစေခဲ့တယ်။ အခြေအနေ ပြင်းထန်တာကို မြင်တဲ့အခါ၊ ပြဿနာတစ်ခုရှိတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ လျူမင်းရဲ့ အပြုအမူနဲ့ပတ်သက်လို့ ကျွန်မ တွေးမိတယ်။ သမ္မာတရားကို သူ တစိုက်မတ်မတ် ငြင်းခဲ့ပြီး၊ တခြားလူတွေရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြီး သူတို့ကို လက်တုံ့ပြန်ဖို့ အဲဒါတွေကို အသုံးပြုတတ်လေ့ရှိပုံကိုပေါ့။ သူက သူ့ရာထူးကနေ အထုတ်ခံရတဲ့နောက်မှာ သူ့ရဲ့ အတိတ်က မကောင်းမှုကို ဝန်မခံခဲ့ရုံမက၊ ဒီကိစ္စကို ဆုပ်ကိုင်ထားပြီး ဒီအတိုင်းလွှတ်မပေးဘူး။ အချိန်တိုင်းမှာ ဝမ်ရီကို ဝေဖန်ပြီး သူ မတရားခံရတယ်လို့ အခိုင်အမာပြောခဲ့တယ်။ သူ့တာဝန်ကို လုပ်တဲ့နေရာမှာ သူ တာဝန်မဲ့ခဲ့တာကို ကျွန်မ ထောက်ပြတဲ့အခါ၊ သူက ကျွန်မအပေါ် အာဃာတ ထားပြီး ကျွန်မကွယ်ရာမှာ ဝေဖန်ဖို့ အချက်အလက်တွေကို တလွဲပြောတယ်။ ညီအစ်ကို မောင်နှမတွေကို ကျွန်မအပေါ် မလိုမုန်းထားစိတ်ဖြစ်လာအောင် လုပ်တယ်။ သူ ခေါင်းဆောင်ဖြစ်တုန်းက အသင်းတော်မှာ အန္တိခရစ်ဂိုဏ်းတစ်ခု ပေါ်ထွက်နေခဲ့ပေမဲ့၊ သူက ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့ရုံမက ဒီအန္တိခရစ်တွေကို ချစ်ခြင်းမေတ္တာနဲ့ ပိုကူညီပေးဖို့ သင်းထောက်တွေကိုလည်း စေခိုင်းခဲ့တယ်၊ ပြီးတော့ အန္တိခရစ်တွေကို တိုင်ကြားတဲ့သူတွေကိုလည်း သူတို့ကိုယ်သူတို့ ပိုသိနားလည်အောင်လုပ်ဖို့နဲ့ သူတို့ရဲ့ သင်ခန်းစာတွေ ယူဖို့တောင် တောင်းဆိုနေခဲ့တယ်ဆိုတာကိုလည်း ကျွန်မ သိလိုက်ရတယ်။ နောက်ပြီးတော့ သူ့ရဲ့ ညီမက တကယ့် အလုပ်ကို မလုပ်တဲ့အတွက် အထုတ်ခံလိုက်ရတဲ့နောက်မှာ၊ လျူမင်းက “ကျွန်မကို ကျွန်မရာထူးကနေ တစ်ယောက်ယောက်က ထုတ်မယ်ဆိုရင်၊ သူတို့ကို ကျွန်မ ဒီအတိုင်း ထားမှာ မဟုတ်ဘူး”လို့တောင် ပြောပြီးတော့ ဘာလို့ သူ့ညီမ အထုတ်ခံခဲ့ရတယ်ဆိုတာနဲ့ပတ်သက်လို့ အထက်ခေါင်းဆောင်ကို ဖိစစ်တဲ့စာတွေ အကြိမ်အတော်များများ ရေးခဲ့တယ်။ ဒါကို သိလိုက်ရတော့ ကျွန်မ တွေးမိတယ်။ “လျူမင်းရဲ့ အပြုအမူက ခဏတာ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်တာသက်သက် မဟုတ်ဘူး။ ဒါက သူ့ရဲ့ သဘာဝ အနှစ်သာရနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုပဲ”လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) “ကြမ်းတမ်းသော စိတ်သဘောထားရှိသော ထိုလူများသည် မည်သည့်အမှားများကို ပြုလုပ်ပြီးဖြစ်စေ၊ မည်သည့်မကောင်းသောအရာများကို လုပ်ဆောင်ပြီးဖြစ်စေ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့အား ဖော်ထုတ်ခွင့် သို့မဟုတ် ပြုပြင်ခွင့် ပြုမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဖော်ထုတ်ပြီး စိတ်ဆိုးစေလျှင် ၎င်းတို့သည် ဒေါသထွက်လိမ့်မည်။ လက်တုံ့ပြန်လိမ့်မည်။ ပြီးလျှင် ဤပြဿနာကို မည်သည့်အခါမျှ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အခြားလူများအပေါ် စိတ်ရှည်ခြင်း၊ သည်းခံခြင်းမရှိပေ။ ပြီးလျှင် ထိုလူများအပေါ် သည်းခံမှုကို ကျင့်သုံးခြင်း မရှိပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းသည် မည်သည့်စည်းမျဉ်းကို အခြေခံသနည်း။ ‘သစ္စာဖောက်ခံရမည့်အစား ကျွန်ုပ်ကိုယ်တိုင်က သစ္စာဖောက်မည်’ ဟူ၍ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် မည်သူ၏ စိတ်ဆိုးအောင်လုပ်ခြင်းကိုမျှ ၎င်းတို့က သည်းမခံပေ။ ဤသည်မှာ ဆိုးယုတ်သောလူတို့၏ တွေးခေါ်ပုံမဟုတ်လော။ ဤသည်မှာ အတိအကျပင် ဆိုးယုတ်သောလူများ၏ တွေးခေါ်ပုံဖြစ်သည်။ မည်သူ့ကိုမျှ ၎င်းတို့ကို စော်ကားခွင့် မပေးပေ။ ၎င်းတို့အတွက် တစ်ဦးတလေက ၎င်းတို့ကို အနည်းငယ်မျှပင် ရန်စခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ပြီးလျှင် ဤသို့ပြုလုပ်သောသူ မည်သူကိုမဆို ၎င်းတို့က မုန်းတီးသည်။ ၎င်းတို့သည် လက်တုံ့ပြန်ရန် ထိုသူနောက်သို့ လိုက်နေမည်ဖြစ်ပြီး ဤကိစ္စကို လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ ပုံစံဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)) ဘုရားနှုတ်ကပတ်တော်တွေအရ၊ လျူမင်းရဲ့ သဘာဝက မလိုမုန်းထားတတ်ပြီး သမ္မာတရားကို သူမုန်းမှန်း ကျွန်မ တွေ့ရတယ်။ သူက အန္တိခရစ်နဲ့ ဆိုးယုတ်တဲ့ လူတွေကို တစ်စိုက်မတ်မတ် ကာကွယ်ပေးခဲ့ရုံမက၊ ဒုက္ခပြဿနာ မဆုံးနိုင်အောင်ကို တခြားလူတွေရဲ့ လုပ်ရပ်တွေကိုလည်း ခဏခဏ သူ ဝေဖန်ခဲ့တယ်။ သူ့ကို အကြံပေးတဲ့သူတွေ၊ ဒါမှမဟုတ် သူ့ရဲ့ အကျိုးစီးပွားကို အန္တရာယ်ဖြစ်စေတာတွေ လုပ်တဲ့သူတွေကို သူက ဝေဖန်ပြီး လက်တုံ့ပြန်ဖို့ ခေါင်းခြောက်ခံပြီး စဉ်းစားတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ၊ အသင်းတော်ထဲမှာ သဘောထားကွဲတာတွေကို သူ ဖြစ်စေပြီး အသင်းတော်အသက်တာကို အနှောင့်အယှက်ဖြစ်အောင်လုပ်တယ်။ သူနဲ့ မိတ်သဟာယပြုပြီး ကူညီပေးဖို့ အကြိမ်အများကြီး ကြိုးစားခဲ့ပေမဲ့၊ သူက နောင်တမရသေးဘူး။ သူ့ရဲ့ မပြောင်းလဲတဲ့ အပြုအမူကို အခြေခံပြီး သူဟာ မကောင်းတဲ့ လူတစ်ယောက်ပဲလို့ ကျွန်မ အတည်ပြုလိုက်တယ်။ တခြားခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ဆွေးနွေးပြီးတော့ သူ့အခြေအနေကို အထက်ခေါင်းဆောင်ဆီ ကျွန်မတို့ တိုင်ကြားခဲ့တယ်။
အသင်းတော်ရဲ့ အသက်တာကို နောက်ထပ် မနှောင့်ယှက်အောင် တားဆီးဖို့အတွက် လျူမင်းကို တစ်ယောက်ထဲခွဲထားလိုက်ဖို့ကို အရင်စလုပ်ပြီး သူ့ရဲ့ စာရွက်စာတမ်းတွေကို စုဆောင်းဖို့ အထက်ခေါင်းဆောင်က ကျွန်မတို့ကို ညွှန်ကြားခဲ့တယ်။ အဲဒီနောက်မှာ၊ သူ့ကို ကျွန်မတို့ကို မိတ်သဟာယပြုပေးပြီး ညီအစ်ကို မောင်နှမတွေနဲ့အတူတူ ပိုင်းခြားသိမြင်ပြီးရင် ထုတ်ပယ်လိုက်ဖို့ပဲ။ ဒါကို ကြားတော့ ကျွန်မ နည်းနည်းစိတ်ပူပြီး တွေးမိတယ်။ “ပြီးခဲ့တဲ့အခေါက်က၊ မလုံလောက်တဲ့ သက်သေအထောက်အထားကြောင့်၊ လျူမင်းက အထုတ်မခံခဲ့ရဘူး။ သူသိသွားတော့ ပြဿနာတွေကို မဆုံးနိုင်အောင်လုပ်ပြီး အဲဒီကတည်းက ဝမ်ရီကို အလွတ်မပေးခဲ့ဘူး။ သူ့ပြဿနာတွေကို ငါ ထောက်ပြတဲ့အခါ၊ သူက လက်မခံခဲ့ရုံမက၊ ငါ့ကို ဝေဖန်ဖို့ အချက်အလက်တွေကို မရမက တလွဲပြောခဲ့တယ်။ သူ့ညီမ အထုတ်ခံတဲ့ရတုန်းက၊ သူ့ကို တစ်ယောက်ယောက် ထုတ်ပယ်ရင်၊ အဲဒီလူအပေါ် သူ အလျှော့ပေးမှာ မဟုတ်ဘူးလို့တောင် ပြောခဲ့တာ။ လျူမင်းရဲ့ လူ့သဘာဝက အရမ်းဆိုးတယ်။ သူ နှင်ထုတ်ခံရတာကို သိသွားရင် တော်တော်ကို ပြဿနာရှာမှာမဟုတ်ဘူးလား။ ငါ့ကို သူ ဘယ်လို ထိခိုက်နစ်နာတာတွေ လုပ်မယ်ဆိုတာ ဘယ်သူ သိမှာလဲ။ ငါ့ကို သူ လက်တုံ့များပြန်မလား။ ငါ နေတဲ့နေရာကိုတောင် သူ သိတယ်။ ငါနဲ့ စကားများရန်ဖြစ်ဖို့ ဒေါသတကြီးနဲ့ ငါ့အိမ်ကို ရောက်လာပြီးတော့ ငါ့ယုံကြည်ချက်ကို အိမ်နီးချင်းတွေ သိအောင် ဆူဆူညံညံလုပ်ပြီးတော့ ငါ့ကို ဒုက္ခရောက်အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ”ပေါ့။ အဲဒါကို ကျွန်မ တွေးလေ၊ ပိုကြောက်လာလေပဲ။ ဖြစ်လာမဲ့ အခြေအနေကို ဘယ်လို ရင်ဆိုင်ရမှန်း ကျွန်မ မသိခဲ့ဘူး။ ဘုရားကို ကျွန်မ ဆုတောင်းပြီး ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်တော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်များတွင် အလွန့်အလွန် ရက်စက်သော စိတ်သဘောထားများ ရှိကြသည်။ သင်သည် ၎င်းတို့ကို ပြုပြင်ရန် သို့မဟုတ် ဖော်ထုတ်ရန် ကြိုးစားလျှင် ၎င်းတို့က သင့်ကို မုန်းကြလိမ့်မည်ဖြစ်ပြီး အဆိပ်ပြင်းသော မြွေများဖြစ်သည့်အလား သင့်ကို မညှာမတာ တိုက်ခိုက်လိမ့်မည်။ သင်သည် မည်မျှ ကြိုးစားသည်ဖြစ်စေ ၎င်းတို့ကို လှုပ်ခါနိုင်မည်မဟုတ်၊ သို့မဟုတ် ခါချနိုင်မည် မဟုတ်ပေ။ ထိုသို့သော အန္တိခရစ်များကို သင်တို့ ကြုံရသည့်အခါ ကြောက်ရွံ့မိကြသလော။ လူအချို့သည် အမှန်တကယ် ကြောက်လန့်ကာ ‘သူတို့ကို ကျွန်ုပ် မပြုပြင်ဝံ့ပါ။ သူတို့သည် အဆိပ်ပြင်းသော မြွေများကဲ့သို့ အလွန် ကြမ်းကြုတ်ပြီး ကျွန်ုပ်၏ တစ်ကိုယ်လုံးအနှံ့ သူတို့ ရစ်ပတ်လိုက်လျှင် ကျွန်ုပ် ဇာတ်သိမ်းပြီဖြစ်သည်’ဟု ပြောကြသည်။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန် သေးငယ်ကြသည်၊ မည်သည့်အရာအတွက်မျှ မကောင်းကြ၊ ခရစ်တော်၏ စစ်သားကောင်းများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်ကိုလည်း သက်သေမခံနိုင်ကြပေ။ ထို့ကြောင့် ထိုသို့သော အန္တိခရစ်များကို သင်တို့ ကြုံသည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ၎င်းတို့က သင့်ကို ခြိမ်းခြောက်လျှင်၊ သို့မဟုတ် သင့်အသက်ကို နုတ်ယူဖို့ ကြိုးစားလျှင် သင် ကြောက်ရွံ့မည်လော။ ထိုသို့သော အခြေအနေများတွင် သင်၏ ညီအစ်ကို မောင်နှမများနှင့် သင် အမြန် ပူးပေါင်းကာ ရပ်တည်ရမည်၊ စုံစမ်းစစ်ဆေးရမည်၊ အထောက်အထား စုဆောင်းရမည်ဖြစ်ပြီး အသင်းတော်မှ အန္တိခရစ်များ ရှင်းလင်းသွားသည်ထိ ၎င်းကို ဖော်ထုတ်ရမည်ဖြစ်သည်။ ဤသည်မှာ ပြဿနာကို အကုန်အစင် ဖြေရှင်းခြင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦးကို သင် ရှာဖွေတွေ့ရှိကာ ၎င်းတွင် ဆိုးယုတ်သော လူတစ်ဦး၏ အင်္ဂါရပ်များရှိပြီး အခြားသူများကို အပြစ်ပေးကာ လက်တုံ့ပြန်နိုင်သည်ကို သင် ရှင်းလင်းစွာ ပိုင်းခြားသိမြင်လျှင် ၎င်းတို့ မကောင်းမှုကျူးလွန်သည်ထိ မစောင့်နှင့်၊ ပြီးလျှင် ထိုအရာကို သင် မကိုင်တွယ်မီ သက်သေအထောက်အထားကို စုလော့။ ဤသည်မှာ ဘာသိဘာသာ နေခြင်းဖြစ်ပြီး ဆုံးရှုံးမှုအနည်းငယ်ပင် ဖြစ်စေနှင့်ပြီးဖြစ်လိမ့်မည်။ အန္တိခရစ်များက ၎င်းတို့တွင် ဆိုးယုတ်သော လူတစ်ဦး၏ အင်္ဂါရပ်များ ရှိသည်ကို ပြကာ ၎င်းတို့၏ မသိမသာဒုက္ခပေးပြီး မလိုမုန်းထားသော စိတ်သဘောထားကို ထုတ်ဖော်ပြ၍ ၎င်းတို့ လုပ်ဆောင်တော့မည့်အချိန်သည် ၎င်းတို့ကို ကိုင်တွယ်ရန်၊ ဖြေရှင်းရန်၊ ရှင်းလင်းပစ်ပြီး နှင်ထုတ်ရန် အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်မှု အရှိဆုံးသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ လူအချို့သည် အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို ကြောက်ရွံ့ပြီး ၎င်းတို့ကို မဖော်ထုတ်ဝံ့ကြချေ။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်နိုင်ပေ။ ယင်းက သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိမှုမရှိကြောင်း ပင်ကိုအားဖြင့် ပြသလေသည်။ အန္တိခရစ်က သင့်အပေါ် လက်တုံ့ပြန်ရန် နိုင်ကွက်တစ်ခု ရှာတွေ့မည်ကို သင် စိုးရွံ့သည်။ ပြဿနာမှာ မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သင် ယုံကြည်ကိုးစားမှု မရှိခြင်း ဖြစ်နိုင်မည်လော။ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို သင် မသိသလော။ သင့်တွင်ရှိသည့် ဖောက်ပြန်ပျက်စီးခြင်နှင့်ဆိုင်သော ကိစ္စအချို့ကို အန္တိခရစ်က ထိန်းချုပ်နိုင်ပြီး ထိုအရာနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်လုပ်လျှင်ပင် သင် မစိုးရွံ့သင့်ပေ။ ဘုရားအိမ်တော်တွင် ပြဿနာများကို သမ္မာတရား စည်းမျဉ်းများပေါ်အခြေခံ၍ ကိုင်တွယ်ပေသည်။ ပြစ်မှားခြင်းများကို ပြုလုပ်ခြင်းက တစ်စုံတစ်ဦးသည် ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်ဟု မဆိုလိုပေ။ ဘုရားအိမ်တော်က ခဏတာ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြခြင်း သို့မဟုတ် ရံဖန်ရံခါ ပြစ်မှားခြင်းကြောင့် တစ်စုံတစ်ဦးကို လုံးဝ ကိုင်တွယ်ခြင်းမရှိပေ။ အဖျက်အမှောင့်များကို တစ်စိုက်မတ်မတ် ဖန်တီးပြီး မကောင်းမှုလုပ်ဆောင်ကာ သမ္မာတရား စိုးစဉ်းမျှကိုပင် လက်မခံသည့် ထိုအန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့ကို ဘုရားအိမ်တော်က ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားအိမ်တော်က လူကောင်းတစ်ဦးကို မည်သည့်အခါတွင်မျှ မတရားလုပ်လိမ့်မည် မဟုတ်ပေ။ လူတိုင်းကို မျှတစွာ ဆက်ဆံသည်။ အယောင်ဆောင် ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များက လူကောင်းတစ်ဦးကို မမှန်မကန် စွပ်စွဲလျှင်ပင် ဘုရားအိမ်တော်က ထိုသူတို့ကို သင်္ကာရှင်းပေးလိမ့်မည်ဖြစ်သည်။ အသင်းတော်က အန္တိခရစ်များကို ဖော်ထုတ်နိုင်ကာ တရားမျှတစိတ်ရှိသည့် လူကောင်းတစ်ဦးကို မည်သည့်အခါတွင်မျှ ရှင်းလင်းပစ်လိမ့်မည် မဟုတ်၊ သို့မဟုတ် ကိုင်တွယ်လိမ့်မည် မဟုတ်ပေ။ မိမိတို့ကို လက်တုံ့ပြန်ရန် အန္တိခရစ်များက နိုင်ကွက် ရှာတွေ့မည်ကို လူတို့ အမြဲ ကြောက်ကြသည်။ သို့သော် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိကာ သူ၏ ပစ်ပယ်ခြင်းခံရမည်ကို သင် မကြောက်သလော။ သင့်အပေါ် လက်တုံ့ပြန်ရန် အန္တိခရစ်တစ်ဦးက နိုင်ကွက် ရှာတွေ့သွားမည်ကို သင် ကြောက်ရွံ့လျှင် ၎င်းကို တိုင်ကြားပြီး ဖော်ထုတ်ရန် အန္တိခရစ်၏ ဒုစရိုက်အမှုများနှင့်ဆိုင်သည့် အထောက်အထားကို အဘယ်ကြောင့် လက်မလွှတ်တမ်း အသုံးမပြုသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံအားပေးခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်က သင်၏ ကောင်းမှုများနှင့် တရားမျှတသော လုပ်ရပ်များကို အောက်မေ့သတိရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤအရာကို အဘယ်ကြောင့် မလုပ်ဆောင်သနည်း။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် စိတ်ထဲတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို အမြဲ ထားရှိသင့်သည်။ ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်များကို ဖယ်ရှားခြင်းသည် စာတန်နှင့် စစ်ပွဲတွင် အရေးအကြီးဆုံးသော တိုက်ပွဲဖြစ်သည်။ ဤတိုက်ပွဲကို အောင်မြင်လျှင် အောင်မြင်သောသူ၏ သက်သေခံချက်တစ်ခု ဖြစ်လာလိမ့်မည်။ စာတန်များနှင့် နတ်ဆိုးများကို အသေအလဲရင်ဆိုင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၌ ရှိသင့်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခု ဖြစ်သည်။ ထိုအရာသည် အောင်မြင်သောသူများ ပိုင်ဆိုင်သင့်သည့် သမ္မာတရား စစ်မှန်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် အလွန်များသော သမ္မာတရားကို ပေးသနားပြီးဖြစ်သည်၊ သင့်အနေဖြင့် သက်သေခံကာ အသင်းတော်၏ အလုပ်ကို ကာကွယ်ပေးခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် ထိုမျှအချိန်ကြာမြင့်စွာ သင့်ကို ဦးဆောင်လမ်းပြီးဖြစ်ကာ သင့်အတွက် အလွန်များစွာ ထောက်ပံ့ပေးပြီးဖြစ်သည်။ ဖြစ်ချင်တော့ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့က ဒုစရိုက်အမှုများကို လုပ်ဆောင်ကာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သည့်အခါတွင် သင်သည် ကြောက်တတ်လာကာ ဆုတ်ခွာလျက် သင်၏ ခေါင်းပေါ် လက်မြှောက်၍ ထွက်ပြေးသွားလေသည်။ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် စာတန်ကို အောင်မြင်နိုင်ခြင်းမရှိ၊ သင်သည် သက်သေခံခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်က သင့်ကို အလွန်မုန်းတီးသည်။ ဤအလွန်အရေးပါသော အခိုက်အတန့်တွင် သင်သည် ထရပ်ကာ စာတန်နှင့် စစ်ဆင်နွှဲရမည်၊ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရမည်၊ ၎င်းတို့ကို ပုန်းကွယ်ရမည့်နေရာ မပေးဘဲ အသင်းတော်မှ ဖယ်ရှားလျက် ပြစ်တင်ရှုတ်ချကာ ကျိန်ဆဲရမည်ဖြစ်သည်။ ဤအရာကိုသာ စာတန်အပေါ် အောင်နိုင်မှု ရရှိခြင်းနှင့် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်ခြင်းအဖြစ် သတ်မှတ်၍ရနိုင်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသော လူများထဲမှ တစ်ဦး၊ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ စိန်ခေါ်မှုများကို သင်ကြောက်ရွံ့၍မရပေ။ သမ္မာတရား စည်းမျဉ်းများအတိုင်း သင် ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်ခြင်း ဟူသည့်အရာ ဖြစ်သည်။ သင်သည် စိန်ခေါ်မှုများကို ကြောက်ရွံ့ပြီး ဆိုးယုတ်သော လူများ သို့မဟုတ် အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို ကြောက်ရွံ့သောကြောင့် အပေးအယူလုပ်လျှင် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးလည်း မဟုတ်ချေ။ သင်သည် အသုံးမကျသူ၊ အစေခံသူများထက်ပင် နိမ့်ကျသူတစ်ဦး ဖြစ်သည်။ အချို့သော သူရဲဘောကြောင်သူတို့က ‘အန္တိခရစ်များသည် အလွန် ရှိန်လောက်စရာ ဖြစ်သည်။ သူတို့သည် မည်သည့်အရာကိုမဆို တတ်စွမ်းနိုင်ကြသည်။ ကျွန်ုပ်ကို သူတို့ လက်တုံ့ပြန်လျှင် အဘယ်သို့ဖြစ်မည်နည်း’ဟု ပြောကောင်းပြောကြမည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သော စကားဖြစ်သည်။ အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို သင် ကြောက်လျှင် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းမှာ အဘယ်မှာနည်း။ ဘုရားသခင်သည် သင့်ဘဝ၏ အလွန်များလှစွာသော နှစ်ကာလများတစ်လျှောက် သင့်ကို ကွယ်ကာပေးထားပြီ မဟုတ်လော။ အန္တိခရစ်များသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ ဘုရားသခင်က အခွင့်မပေးလျှင် ၎င်းတို့က သင့်ကို မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့အပြင် ဆိုးယုတ်သော အန္တိခရစ်များက မည်သို့မည်ပုံရှိနိုင်သည်ဖြစ်စေ ၎င်းတို့ အမှန်တကယ် တတ်စွမ်းနိုင်သည်မှာ မည်သည့်အရာဖြစ်သနည်း။ ပေါင်းစည်းကာ ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် ကိုင်တွယ်ရန်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် လွယ်ကူလွန်းသည်သာ ဖြစ်သည်မဟုတ်လော။ ထို့ကြောင့် အန္တိခရစ်များကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ထိုသို့သော လူများသည် အသုံးမကျသကဲ့သို့ ဘုရားသခင်နောက်လိုက်ဖို့ မထိုက်တန်ကြပေ။ အိမ်သို့ ပြန်သွားလော့၊ သင်၏ သားသမီးများကို ပြုစုပျိုးထောင်ကာ သင့်ဘဝကို အသက်ရှင်လော့။ အန္တိခရစ်များက အသင်းတော် အလုပ်ကို အဖျက်အမှောင့်လုပ်ကာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိခိုက်နစ်နာစေခြင်းအား ရင်ဆိုင်ရာတွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့က ၎င်းတို့၏ ဒုစရိုက်အမှုများကို မည်သို့ တုံ့ပြန်သင့်သနည်း။ ဘုရားသခင်နောက်လိုက်သူများက ၎င်းတို့၏ သက်သေခံချက်တွင် မည်သို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်သနည်း။ စာတန်နှင့် အန္တိခရစ် အင်အားစုများကို ၎င်းတို့မည်သို့ ဆန့်ကျင်တိုက်ခိုက်သင့်သနည်း။ အန္တိခရစ်များက အဖျက်အမှောင့်လုပ်ချိန်၊ မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ချိန်တွင် ဘုရားသခင်ကို သင်ကျိုးနွံနာခံပြီး သစ္စာစောင့်သိခြင်း ရှိမရှိ၊ ဘေးထွက်ထိုင်ကာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း ရှိမရှိဟူသည်တို့က အပြည့်အဝ ထုတ်ဖော်ခံရလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ့ကို သစ္စာစောင့်သိသူတစ်ဦး မဟုတ်လျှင် သူ့ကို သစ္စာဖောက်သောသူတစ်ဦး ဖြစ်သည်။ အခြားရွေးချယ်စရာ မရှိပေ။ နားဝေတိမ်တောင်ဖြစ်သောသူအချို့နှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူချို့သည် အလယ်အလတ်လမ်းစဉ်ကို လိုက်ရန် ရွေးချယ်ကြပြီး ကြားနေသောသူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ အမြင်တွင် ဤလူများသည် ဘုရားသခင်ကို သစ္စာစောင့်သိမှု ကင်းမဲ့ပြီး သူ့ကို သစ္စာဖောက်သောသူများ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ အန္တိခရစ်နဲ့ မကောင်းတဲ့လူတွေကို ဖော်ထုတ်တာက ဘုရားရွေးချယ်ထားသူတွေအားလုံးရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်ပြီး၊ အဲဒါက အသင်းတော်အလုပ်ကို ကာကွယ်ခြင်းရဲ့ တကယ့် သရုပ်သကန်ဖြစ်တယ်တဲ့။ ဒါပေမဲ့ ကျွန်မက မကောင်းတဲ့လူတွေကို ဖော်ထုတ်၊ ကိုင်တွယ်ရတာကို တကယ် ကြောက်ခဲ့တယ်။ သူတို့ကို ကျွန်မ ဖော်ထုတ်လိုက်တာနဲ့ ကျွန်မအနားမှာ သူတို့က အဆိပ်ရှိတဲ့ မြွေလို ခွေလာပြီး သူတို့ကို ကျွန်မ ခါထုတ်လို့ ရနိုင်မှာ မဟုတ်ဘူးလို့ အမြဲ ခံစားမိခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန် သေးငယ်ကြသည်၊ မည်သည့်အရာအတွက်မျှ မကောင်းကြ၊ ခရစ်တော်၏ စစ်သားကောင်းများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်ကိုလည်း သက်သေမခံနိုင်ကြပေ။” “မည်သည့်အရာအတွက်မျှ မကောင်းကြ၊” ဆိုတဲ့ စကားကို ဖတ်တဲ့အချိန်မှာ ကျွန်မ အပြစ်ရှိတဲ့စိတ် ခံစားရပြီး ဝမ်းနည်းမိတယ်။ အသင်းတော် ခေါင်းဆောင်အနေနဲ့၊ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ စဉ်းစားပြီး၊ အသင်းတော်အလုပ်နဲ့ အသင်းတော် အသက်တာရဲ့ ပုံမှန်လည်ပတ်မှုကို ကျွန်မ ကာကွယ်သင့်ခဲ့တာလေ။ ဒါပေမဲ့ လျူမင်းက ခေါင်းဆောင်နဲ့ အမှုဆောင်တွေဟာ လူတွေကို စည်းမျဉ်းတွေ မရှိဘဲ နှင်ထုတ်နေတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ဝေဖန်တာတွေကို နေရာတကာမှာ ဖြန့်နေတာ၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေအပေါ် ညီအစ်ကို မောင်နှမတွေက မလိုမုန်းထားစိတ်တွေ ရှိပြီး၊ သတိထားလာအောင် လုပ်နေတဲ့အပြင် အသင်းတော် အသက်တာကိုလည်း ပြင်းပြင်းထန်ထန် နှောင့်ယှက်နေတာကို ကျွန်မ မြင်တဲ့အခါ၊ စည်းမျဉ်းတွေအတိုင်း လျူမင်းကို ကိုင်တွယ်ဖို့ သတ္တိ ကျွန်မမှာ မရှိခဲ့ဘူး။ သူက ကျွန်မကို ညှဉ်းပန်းပြီး ကျွန်မအတွက် ဒုက္ခဖြစ်အောင်လုပ်ပြီးတော့ ကျွန်မအပေါ် တွယ်ကပ်နေပြီး လက်တုံ့ပြန်မှာကို ကြောက်ခဲ့တယ်။ ကျွန်မကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်၊ လိပ်တစ်ကောင်လို ကျွန်မ ပြုမူချင်ခဲ့တယ်။ မကောင်းတဲ့လူတွေက အသင်းတော်ကို နှောင့်ယှက်နေတာကို ကြည့်ပြီး အချိန်ကောင်းမှာ အဲဒါကို ကိုင်တွယ်ဖြေရှင်းတာ၊ အသင်းတော် အလုပ်ကို ကာကွယ်ပေးတာတွေ မလုပ်ဘဲနဲ့ပေါ့။ ကျွန်မတာဝန်တွေကို ကျွန်မ တကယ် မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး ဘာအသုံးမှမကျတဲ့ သူရဲဘောကြောင်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတဲ့အခါမှာပေါ့။ “အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို သင် ကြောက်လျှင် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းမှာ အဘယ်မှာနည်း။ ဘုရားသခင်သည် သင့်ဘဝ၏ အလွန်များလှစွာသော နှစ်ကာလများတစ်လျှောက် သင့်ကို ကွယ်ကာပေးထားပြီ မဟုတ်လော။ အန္တိခရစ်များသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ ဘုရားသခင်က အခွင့်မပေးလျှင် ၎င်းတို့က သင့်ကို မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။” ကျွန်မ ပိုလို့တောင် အရှက်ရမိတယ်။ ဘုရားက အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး အန္တိခရစ်တွေနဲ့ မကောင်းတဲ့လူတွေလည်း ဘုရားလက်ထဲမှာရှိတယ်။ ဘုရားရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ သူတို့က ဘာမှ လုပ်လို့မရဘူး။ ဘုရားကို ကျွန်မ ယုံကြည်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော် အများကြီးကို စားသောက်ခဲ့ပေမဲ့ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ ကျွန်မ တကယ် သနားစရာကောင်းခဲ့တာပဲ။ ဒီအကြောင်းကိုတွေးမိတော့၊ အဲဒီလို စိတ်ပျက်စရာဖြစ်တဲ့အတွက် ကျွန်မကိုယ်ကျွန်မ မုန်းမိပြီး၊ ဘုရားရဲ့ ရည်ရွယ်ချက်ကို စဉ်းစားပြီး ဒီမကောင်းတဲ့ လူကို ရှင်းတဲ့နေရာမှာ ဘုရားအပေါ် မှီခိုအားကိုးဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ဒါကြောင့် ဘုရားကို ကျွန်မ ဆုတောင်းပြီးတော့ စည်းမျဉ်းတွေကို ကျွန်မ စွဲမြဲပြီး ဒီမကောင်းတဲ့လူကို မကြောက်ဘဲနေနိုင်အောင်လို့ ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့တယ်။
နောက်ပိုင်းမှာ၊ လျူမင်းရဲ့ အပြုအမူကို ကျွန်မတို့ ဖော်ထုတ်ပြီး စိစစ်ခဲ့တဲ့အပြင် သူ့ကို သီးခြားခွဲထားလိုက်တယ်။ ဒါကို လျူမင်းက လက်မခံခဲ့ဘူး၊ သူ့ကိုယ်သူ လုံးဝ မသုံးသပ်ခဲ့ဘူး။ ပြီးတော့ ညီအစ်ကို မောင်နှမတွေက သူ့ကို မကူညီခဲ့လို့ သူ ဒါတွေကို လုပ်ခဲ့ရတာပါလို့တောင် ပြောခဲ့တယ်။ နောင်တရဖို့ မပြောနဲ့ သူ့ရဲ့ မကောင်းတဲ့လုပ်ဆောင်ချက်တွေကို သူ မသိမှတ်ခဲ့ဘူး။ အဲဒီအချိန်မှာ၊ ညီအစ်ကို မောင်နှမတွေက သူနဲ့ပတ်သက်လို့ ဘာသိမြင်မှုမှ မရှိခဲ့ကြဘူး။ လျူမင်းမှာ ဆုကျေးဇူးတချို့ ရှိတယ်၊ ယုတ္တိရှိပြီး ရှင်းလင်းတဲ့ ပုံစံနဲ့ မိတ်သဟာယပြုခဲ့တယ်၊ ပြီးတော့ သူက ဆင်းရဲဒုက္ခခံ ခံနိုင်စွမ်းရှိပြီး သူ့ကိုယ်သူ အသုံးခံနိုင်စွမ်းရှိတယ်လို့ သူတို့ တွေးခဲ့ကြတယ်။ သူတို့က သူ့အပေါ် အကောင်းမြင်ခဲ့ကြတယ်။ ကျွန်မ သောကရောက်ပြီး တွေးမိတယ်။ “ညီအစ်ကို မောင်နှမတွေနဲ့ ငါ မိတ်သဟာယပြုပြီး လျူမင်းကို မကောင်းတဲ့လူအနေနဲ့ စိစစ်ပြီးတော့ သူတို့က အဲဒါကို လက်မခံဘဲ သူထုတ်ပယ်ခံရတာနဲ့ပတ်သက်လို့ သဘောမတူရင်၊ ငါ ဘာလုပ်သင့်လဲ။ ကိစ္စတွေကို ငါ မမျှမတ ကိုင်တွယ်ခဲ့တယ်လို့ လူတိုင်းက ထင်ပြီး ငါ့အပေါ် မလိုမုန်းထားစိတ်များ ဖြစ်ကြမလား။ အသင်းတော်က ပဋိပက္ခထဲကို ကျဆင်းသွားမလား။ တကယ်လို့ ကျဆင်းသွားရင်၊ ငါ တာဝန်ယူရမှာလား။ ထုတ်ပယ်တာကို ငါ ရင်ဆိုင်ရမလား”လို့ပေါ့။ အဲဒီအချိန်မှာပဲ၊ ကျွန်မက သူရဲဘောင်ကြောင်တဲ့ အခြေအနေမှာ အသက်ရှင်ပြီး ထပ်ပူပန်နေမိတာကို သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ လိုလားစိတ်နဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ နောက်တော့၊ ညီအစ်ကို မောင်နှမတွေနဲ့ ရလဒ်တွေ ရမဲ့နည်းလမ်းနဲ့ ဘယ်လို မိတ်သဟာယပြုရမယ်ဆိုတာကို ရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ်နှစ်ခုမြောက် တာဝန်၏ တတိယမြောက် သတ်မှတ်ချက်မှာ ဆိုးယုတ်သော လူတို့ဖြစ်စေသည့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့် လုပ်ခြင်းများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ သိရှိရန်နှင့် စစ်မှန်သော အပြောင်းအလဲရှိရန်အတွက် ဘုရားသခင် ရွေးချယ်ထားသော လူတို့နှင့်အတူ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သင့်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့အား စွမ်းဆောင်ရရှိရန် ဦးဆောင်လမ်းပြနိုင်သင့်ပေသည်။ ဤအလုပ်မျိုးသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ တစ်နည်းအားဖြင့် ဤသို့အလုပ်လုပ်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ဖြေရှင်းနိုင်ကြပြီး အလုပ်လုပ်နေစဉ် သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်နိုင်ကြသည်။ ထို့အပြင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယပြုခြင်းမှတစ်ဆင့် ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား သမ္မာတရားကို နားလည်ရန်၊ မိမိတို့ကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ကာ သိကျွမ်းရမည်ဆိုသည်ကို သိရှိရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်၊ လူတို့ကို မည်သို့ ပိုင်းခြားသိမြင်ကာ သဘောထားရမည်ဆိုသည်ကို သိရှိရန်၊ ဘုရားသခင်နောက် လိုက်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိရန်၊ အခြားသူများ၏ ဘောင်ခတ်ခြင်းမခံရရန်နှင့် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန် ကူညီကြလေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို ဆောင်ရွက်နေစဉ် ပြဿနာများကို ဖြေရှင်းခြင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းဖြစ်သည်။ အသင်းတော်တွင် မည်သည့် ပြဿနာများ ထွက်ပေါ်သည်ဖြစ်စေ ဦးစွာပထမဆိုသလို ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို ရှာဖွေသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်သင့်ပြီး ဘုရားသခင်၏ လမ်းပြမှုကို အတူတကွ ရှာဖွေသင့်ကြပေသည်။ ထို့နောက်တွင် ၎င်းတို့သည် ရှိရင်းစွဲပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေသင့်သည်။ ပြဿနာများကို ဖြေရှင်းသည့် ဖြစ်စဉ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကို မောင်နှမများနှင့်အတူ ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ပိုမို မိတ်သဟာယပြုသင့်ပြီး ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ ပြဿနာများ၏ အနှစ်သာရကို နားလည်သင့်ပေသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား ဤပြဿနာများကို ပိုင်းခြားသိမြင်စေရန် ထိုသူတို့၏ ကိုယ်ပိုင်သိနားလည်မှုကိုလည်း မိတ်သဟာယပြုခိုင်းသင့်သည်။ အများစုက တူညီသည့် သိနားလည်မှုရှိကာ အများသဘောတူညီမှုကို ်ရရှိနိုင်သည်နှင့်တစ်ပြိုင်နက် ပြဿနာများက ဖြေရှင်းရန် ပိုမိုလွယ်ကူလာလေသည်။ ပြဿနာများကို ဖြေရှင်းရာတွင် အဖြစ်အပျက်များကို အစဉ်သဖြင့် ထပ်တလဲလဲ အသေးစိတ် ပြန်မပြောပြနှင့်၊ သို့မဟုတ် အရေးမပါသော အသေးစိတ်အချက်များကို ရရှိအောင် အားမထုတ်နှင့် သို့မဟုတ် ပြဿနာများတွင် ပါဝင်ပတ်သက်သည့် လူတစ်ဦးချင်းစီကို အပြစ်မတင်နှင့်။ ပထမဆုံးအနေဖြင့် အသေးအဖွဲ ကိစ္စများကို အာရုံမစိုက်နှင့်။ ထိုအစား ပြဿနာများ၏ သဘောသဘာဝကို ဤအရာက ထုတ်ဖော်ပြလိမ့်မည် ဖြစ်သည်နှင့်အမျှ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုလော့။ ဤလုပ်နည်းကိုင်နည်းကသာ ဘုရားသခင် ရွေးချယ်ထားသောလူတို့အား ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံ၍ ကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန် သင်ယူဖို့၊ ဖြစ်ပေါ်လာသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ ပိုင်းခြားသိမြင်မှု ရရှိရန်နှင့် ယင်းတို့မှ လက်တွေ့ကျသော သင်ခန်းစာများကို သင်ယူရန် ကူညီလိမ့်မည် ဖြစ်သည်။ ထိုအရာက ၎င်းတို့အား သမ္မာတရားကို အမှန်တကယ် သိနားလည်ရန် ထောက်ကူပေးလျက် ၎င်းတို့ နားလည်နေကျ စကားများနှင့် အယူဝါဒများကို လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ခွင့်လည်း ပေးသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ မဟုတ်လော။ အသင်းတော် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို မည်သို့ ဦးဆောင်သင့်သနည်း။ အဓိက နည်းလမ်းမှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရုံမျှမက အပျက်သဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် လူများဖြစ်သော အယောင်ဆောင်ခေါင်းဆောင်များ၊ အယောင်ဆောင် အမှုဆောင်များ၊ ဆိုးယုတ်သော လူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကိုလည်း ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ လက်တွေ့ဘဝတွင်ရှိသည့် ပြဿနာများကို ပိုင်းခြားသိမြင်ကာ ဖြေရှင်းရန်၊ လက်တွေ့ဘဝတွင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရန် ၎င်းတို့အား ဦးဆောင်ခြင်း ဖြစ်သည်။ လူအမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များက ဖြစ်စေသည့် အဖျက်အမှောင့်လုပ်ခြင်းများကို အကုန်အစင် ဖြေရှင်းခြင်းအားဖြင့်သာ အသင်းတော်၏ အလုပ်သည် ချောမောစွာ တိုးတက်နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အသင်းတော်တွင် ဆောင်ရွက်ခြင်း ရှိလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဆိုးယုတ်သော လူတို့ကို ကိုင်တွယ်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ကိုယ်တိုင် စွမ်းဆောင်ရရှိစေရန် ထောက်ကူပေးလျက် အမှားများ ပြုလုပ်ခြင်း သို့မဟုတ် မကောင်းမှု လုပ်ဆောင်ခြင်းအား ရှောင်ရှားဖို့ သတိပေးချက်တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေရဲ့ တာဝန်နဲ့ဆိုင်တဲ့ ကဏ္ဍတစ်ခုက မကောင်းတဲ့လူတွေနဲ့ အန္တိခရစ်တွေက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်တဲ့အခါ၊ သူတို့အနေနဲ့ သူတို့ကိုယ်သူတို့နဲ့ ညီအစ်ကို မောင်နှမတွေကို သမ္မာတရားနဲ့ ပြင်ဆင်ပြီး အတူတူ သင်ခန်းစာတွေ သင်ယူသင့်တယ်၊ အန္တိခရစ်နဲ့ မကောင်းတဲ့လူတွေကို ပိုင်းခြားသိမြင်အောင်နဲ့ အဲဒီလူတွေကြောင့် အထင်အမြင်မှားပြီး အနှောင့်အယှက်မခံရအောင် သူတို့ကို ဦးဆောင်သင့်တယ်ဆိုတာပဲ။ တစ်ချိန်တည်းမှာပဲ၊ အသင်းတော်ရဲ့ သန့်စင်ရေးအလုပ်ရဲ့ အရေးပါမှုကို နားလည်အောင် ညီအစ်ကို မောင်နှမတွေကိုလည်း သူတို့ လမ်းပြသင့်တယ်။ မယုံကြည်သူတွေ၊ အန္တိခရစ်တွေနဲ့ မကောင်းတဲ့လူတွေကို သန့်စင်ခြင်းအားဖြင့်ပဲ ဘုရားရွေးချယ်ထားတဲ့လူတွေက သမ္မာတရားကို လိုက်စားနိုင်ပြီး၊ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ သူတို့တာဝန်တွေကို ဖြည့်ဆည်းနိုင်ကြတာ ဖြစ်တယ်။ ဒီအရာတွေကို နားလည်သွားတဲ့အခါ၊ ကျွန်မ တွေးမိတယ်။ “ညီအစ်ကို မောင်နှမတွေက ခုချိန်မှာ လျူမင်းနဲ့ပတ်သက်လို့ ပိုင်းခြားနိုင်စွမ်းမရှိဘူး၊ ပြီးတော့ သူ့ရဲ့ သိသာတဲ့ ဆုကျေးဇူးတွေ၊ အပြောကောင်းတာတွေကို မြင်လို့ တချို့ကတောင် သူ့ကို ကိုးကွယ်ကြပေမဲ့၊ သူ့လုပ်ရပ်တွေရဲ့ ရည်ရွယ်ချက်တွေနဲ့ သဘာဝအပြင် သမ္မာတရားအပေါ် သူ့ရဲ့ သဘောထားတွေကို အခြေခံပြီး သူ့ရဲ့ အနှစ်သာရကို သူတို့ မသိမြင်ကြဘူး။ လျူမင်းရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေကို ဘုရားနှုတ်ကပတ်တော်တွေအတိုင်း သိမြင်အောင် ညီအစ်ကိုမောင်နှမတွေကို ငါ ဦးဆောင်လမ်းပြသင့်တယ်။ အဲဒါမှ သူတို့ အထင်အမြင် မမှားကြတော့မှာ။ ဒါက ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းတာပဲ”လို့ပေါ့။ နောက်တော့၊ လူတွေရဲ့ သဘာဝ အနှစ်သာရကို ပိုင်ခြားသိမြင်တာနဲ့ ပတ်သက်တဲ့ သမ္မာတရားတွေကို ကျွန်မ ရှာပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုဖို့ လျူမင်းရဲ့ မပြောင်းလဲတဲ့ အပြုအမူကို ကျွန်မ ထုတ်ပြခဲ့တယ်။ နားထောင်ပြီးတဲ့နောက်မှာ လျူမင်းကို နှင်ထုတ်ဖို့ သူတို့ သဘောတူခဲ့ကြတယ်။ တချို့ ညီအစ်ကို မောင်နှမတွေက “မကောင်းတဲ့ လူတွေက နောင်တရဖို့ကို ခေါင်းမာမာနဲ့ ဘယ်လိုငြင်းဆန်ကြမယ်ဆိုတာကို ဘုရားဖော်ထုတ်ချိန်မှာ သူ ဆိုလိုတဲ့အရာကို ကျွန်မ အခု နားလည်သွားပြီ၊ လျူမင်းက အသက်ရှင်နေတဲ့ ပုံဥပမာတစ်ခုပဲ”လို့တောင်ပြောကြတယ်။ ဒီရလဒ်ကို မြင်တော့၊ အဲဒါက ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရလဒ်ဖြစ်တယ်ဆိုတာကို သိပြီးတော့ ဘုရားကို ကျေးဇူးတင်စိတ်နဲ့ ကျွန်မ ပြည့်သွားတယ်။ နောက်ပိုင်းမှာ၊ ကျွန်မတို့ အတူ မိတ်သဟာယပြုပြီး၊ ဘုရားက အသင်းတော်ကို အန္တိခရစ်နဲ့ မကောင်းတဲ့လူတွေ ရှိခွင့်ပေးတာက သူ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ၊ မကောင်းတဲ့လူတွေက ဘာနဲ့တူတယ်ဆိုတာကို ကျွန်မတို့ကို ပြဖို့ လျူမင်းနဲ့ဆိုင်တဲ့ ဒီတကယ့်ပုံဥပမာကို သူအသုံးပြုနေခဲ့တယ်ဆိုတာကို တွေ့ခဲ့ရတယ်။ ဒါက သဘောတရားနဲ့ဆိုင်တဲ့ အနှစ်မဲ့တဲ့ စကားတွေကို ပြောတာထက် အများကြီး ပိုလက်တွေ့ကျတယ်။
နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုလည်း ကျွန်မ သုံးသပ်မိတယ်။ မကောင်းတဲ့ လူတွေကို နှင်ထုတ်တာနဲ့ ပတ်သက်လာတဲ့အခါ ဘာလို့ ကျွန်မက စည်းမျဉ်းအတိုင်းလုပ်ဖို့ အရမ်းကြောက်ပြီး တွန့်ဆုတ်လာရတာလဲလို့ တွေးနေမိတယ်။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားကြည့်တဲ့အခါ၊ လျူမင်းကို နှင်ထုတ်တာနဲ့ ပတ်သက်လို့ ကျွန်မ အရမ်းကို တွန့်ဆုတ်ပြီး စိုးရိမ်ခဲ့ရတဲ့ အကြောင်းရင်းက ကျွန်မအနေနဲ့ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်”၊ “ပြဿနာနည်းလေ ပိုကောင်းလေ”ဆိုတာနဲ့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”အပြင်၊ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဆိုသလိုမျိုး စာတန်ရဲ့ အဆိပ်တွေ ထိန်းချုပ်တာကို ခံခဲ့ရလို့ပဲ။ ကိစ္စတွေ ဖြစ်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ပြီး ကျွန်မရဲ့ အကျိုးစီးပွားတွေ မထိခိုက်တာ သေချာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို ကျွန်မ စစဉ်းစားတယ်။ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ လျူမင်းရဲ့ အနှစ်သာရကို ဆိုးယုတ်တဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မ ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ခဲ့ပေမဲ့ သူ့ကို စိတ်အနှောင့်အယှက်ပေးမိမှာနဲ့ သူ့ရဲ့ လက်တုံ့ပြန်မှုကို ကြောက်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ ပိုင်းခြားသိမြင်မှု ကင်းမဲ့တာက ကျွန်မအပေါ် မလိုမုန်းထားစိတ် ဖြစ်စေမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒီလိုသာဖြစ်ခဲ့ရင်၊ အသင်းတော်က ကမောက်ကမအခြေအနေထဲကို ကျဆင်းပြီး ကျွန်မ အထုတ်ခံရနိုင်တဲ့အပြင် ကျွန်မရဲ့ အဆင့်အတန်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး ပေါ့။ အဲဒီအကြောင်းကို ကျွန်မ ဘယ်လိုပဲတွေးပါစေ၊ ဒီမကောင်းတဲ့လူကို ဖော်ထုတ်တာက ကျွန်မအတွက် ထိခိုက်နစ်နာစရာဖြစ်မယ်လို့ ကျွန်မ ခံစားခဲ့တယ်။ ဒါကြောင့် ကျွန်မ နောက်တွန့်ပြီး အချိန်ကောင်းမှာ ဒီမကောင်းတဲ့လူကို မနှင်ထုတ်ခဲ့ဘူး။ အသင်းတော်ရဲ့ ရှင်းလင်းပစ်တဲ့အလုပ်ဆိုတာက အသင်းတော်ကို သန့်စင်စေဖို့နဲ့ အသင်းတော်ရဲ့ အလုပ်နဲ့ အသင်းတော် အသက်တာတွေ အနှောင့်အယှက်မဖြစ်တာ သေချာစေဖို့ လုပ်ရတာပါ။ ဒါပေမဲ့ ကျွန်မက အသင်းတော် အလုပ်ကို မထိန်းသိမ်းနိုင်ခဲ့သလို၊ ညီအစ်ကို မောင်နှမတွေ အထင်အမြင်မှားပြီး အသင်းတော် အသက်တာ နှောင့်ယှက်ခံရတဲ့အချိန်မှာ စောင့်ကြည့်နေခဲ့တယ်။ ကျွန်မ ဘာမှ မလုပ်ခဲ့ဘူး။ ကျွန်မရဲ့ အကျိုးစီးပွားတွေ မထိခိုက်သရွေ့ အဆင်ပြေတယ်လို့ ခံစားခဲ့တယ်။ ဒီစာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်ခြင်းအားဖြင့်၊ ကျွန်မရဲ့ အသိစိတ်က တိုးပြီး ထုံထိုင်းလာသလို၊ ကျွန်မ တွေးနိုင်သမျှက ကျွန်မရဲ့ အကျိုးစီးပွားတွေပဲဖြစ်ခဲ့တယ်။ အဲဒီအကြောင်းကို တွေးလေ၊ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်တယ်၊ ဘုရားကို သစ္စာမစောင့်သိသလို၊ လူ့သဘာဝ လုံးဝ ကင်းမဲ့ခဲ့တယ်လို့ ခံစားရလေပဲ။ အဲဒီအခါမှပဲ ကိုယ့်လုပ်ရပ်တွေမှာ စာတန်ဆန်တဲ့ ဒီအဆိပ်တွေပေါ် မှီခိုတာက ဘုရားကို အတိုက်အခံလုပ်ပြီး စာတန်ရဲ့ လက်ပါးစေလို အသင်းတော် အလုပ်ကို နှောင့်ယှက်နေတာဖြစ်မှန်း ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ကျွန်မ နောင်တမရရင်၊ ပိုများတဲ့ မကောင်းမှုတွေကိုပဲ ကျူးလွန်မိမှာဖြစ်ပြီး နောက်ဆုံးမှာ ဘုရားရဲ့ စက်ဆုပ်တာခံရမှာဖြစ်သလို ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။ ဘာလို့ စည်းမျဉ်းတွေကို ကျွန်မ စွဲစွဲမြဲမြဲ မလုပ်တာလဲဆိုတာနဲ့ ပတ်သက်လို့ ကျွန်မရဲ့ နောက်ထပ်ပူပန်မှုကတော့ ဒီမကောင်းတဲ့ လူကို ကျွန်မ ကေင်းကောင်းမကိုင်တွယ်ခဲ့လို့ အသင်းတော်က ကမောက်ကမအခြေအနေထဲ ကျသွားခဲ့ရင် ကျွန်မ အထုတ်ခံရနိုင်တယ်ဆိုတာပဲ။ ကျွန်မ ရှာကြည့်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့တယ်။ “ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သော သူတို့သည် ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးက အသင်းတော်၏ အလုပ်ဖြစ်သောသူ၊ တာဝန်ခံယူသောသူ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းသောသူ၊ ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သောသူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ပြီးလျှင် တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များကို မပိုင်ဆိုင်ပေ။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူရန် ကြောက်သောသူများစွာ ရှိသည်။...၎င်းတို့က ‘ဤအရာကို ငါဖြေရှင်းရမည်ဆိုလျှင်၊ အမှားလုပ်မိသွားလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ မည်သူ့အား အပြစ်တင်ရမည်ကို ၎င်းတို့ စူးစမ်းစစ်ဆေး ကြည့်သောအခါတွင် ငါ့ကို ၎င်းတို့ ကိုင်တွယ်မည်မဟုတ်လော။ ဤအတွက် တာဝန်က ငါ့အပေါ် အရင်ဆုံး ကျရောက်မည် မဟုတ်လော’ ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ပူသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို ယုံကြည်သလော။ လူတိုင်းက အမှားလုပ်ကြသည်။ ရည်ရွယ်ချက်မှန်ကန်သော သူတစ်ယောက်သည် အတွေ့အကြုံကင်းမဲ့ပြီး ယခင်က အမှုကိစ္စအမျိုးအစားအချို့ကို မကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့လျှင် ယင်းကို ဘုရားသခင်က မြင်ရသည်။ ဘုရားသခင်သည် လူသား၏ အကြောင်းအရာများအားလုံးနှင့် စိတ်နှလုံးအား စိစစ်သည်ကို သင်ယုံကြည်ရမည်။ ဤသည်ကိုပင် မယုံကြည်လျှင် မယုံကြည်သူတစ်ဦးဖြစ်သည် မဟုတ်လော။ ထိုသို့သောသူက တာဝန်ထမ်းဆောင်ရာတွင် မည်သည့်အရေးပါမှု ရှိနိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဘုရားက ဖြောင့်မတ်တယ်၊ သူက အရာရာကို စေ့စေ့ကြည့်ရှုစစ်ဆေးပြီး၊ အသင်းတော်က လူတွေကို စည်းမျဉ်းတွေအတိုင်း၊ သူတို့ရဲ့ တစ်သမတ်တည်းဖြစ်တဲ့ စွမ်းဆောင်ရည်နဲ့ သူတို့ရဲ့ သဘာဝ အနှစ်သာရတွေကို အခြေခံပြီး ကိုင်တွယ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ တစ်ယောက်ယောက်ရဲ့ ရည်ရွယ်ချက်က ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အရေးထားပြီး အသင်းတော် အလုပ်ကို ထိန်းသိမ်းဖို့ ဖြစ်ပြီး၊ သူတို့ ကောင်းကောင်းမွန်မွန် မကိုင်တွယ်ရတာက သမ္မာတရားကို နားမလည်တဲ့ကိစ္စနဲ့ ပြဿနာရဲ့ အနှစ်သာရကို မရိပ်စားမိနိုင်တဲ့ ကိစ္စသက်သက်ပဲဖြစ်မယ်ဆိုရင်၊ ပြီးတော့ သူတို့က မိတ်သဟာယနဲ့ အကူအညီကတစ်ဆင့် အချိန်ကောင်းမှာ ပြောင်းလဲနိုင်မယ်ဆိုရင်၊ အသင်းတော်က အဲဒီလိုလူတွေကို မျှမျှတတ ဆက်ဆံမှာဖြစ်ပြီး ကိုင်တွယ်၊ ထုတ်ပယ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပရမ်းပတာအခြေအနေကို တမင်ဖြစ်စေရင်၊ အဲဒီလူကို အသင်းတော်က စည်းမျဉ်းတွေအတိုင်း ကိုင်တွယ်မှာဖြစ်တယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ နားမလည်ခဲ့ဘူး။ လူတွေရဲ့ စိတ်နှလုံးတွေကို ဘုရားက စေ့စေ့ကြည့်ရှုစစ်ဆေးတာကို မယုံကြည်ခဲ့သလို၊ အသင်းတော်မှာ သမ္မာတရား အုပ်စိုးတာကိုလည်း မယုံကြည်ခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် အယူအဆတွေ၊ စိတ်ကူးတွေနဲ့ပဲ ကျွန်မ အသက်ရှင်ခဲ့တယ်။ စိုးရိမ်ပြီး ပူပန်နေခဲ့တယ်။ ဒါက တကယ်ကို လွဲချော်နေခဲ့တာပဲ။ ဒီအရာတွေကို နားလည်တာက ကျွန်မကို လုံးဝ လွတ်မြောက်သွားစေတယ်။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း ကျွန်မ ဖတ်ခဲ့တယ်။ “သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်တစ်ခုကိုထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်၊ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပြခဲ့တယ်။ အနာဂတ်မှာ၊ ကိစ္စရပ်တွေကို ကျွန်မ ကြုံရတဲ့အခါတိုင်းမှာ၊ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ အလေးထားရမယ်၊ သမ္မာတရား စည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်ဆောင်ပြီး၊ အသင်းတော်ရဲ့ အလုပ်ကို ထိန်းသိမ်းရမယ်။ ဒါက ကျွန်မတာဝန်ကို ဖြည့်ဆည်းတာပဲ။
နောက်ပိုင်းမှာ၊ လျူမင်းရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ကျွန်မ သွားဖော်ထုတ်ပြီး၊ သူနှင်ထုတ်ခံရတာကို တွဲဖက်ညီအစ်မနဲ့ ကျွန်မ အသိပေးခဲ့တယ်။ ကျွန်မမှာ စိုးရိမ်တာတချို့ ရှိသေးပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ အလိုတော် အထမြောက်အောင် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏ရည်ရွယ်ချက်များကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော်တွေမှာရှိတဲ့ ဘုရားရဲ့ မေးခွန်းတွေက လူတွေအတွက် သူ့ရဲ့ မျှော်လင့်ချက်တွေ ပါဝင်တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကို ကျွန်မတို့ စဉ်းစားပေးနိုင်ဖို့၊ စည်းမျဉ်းတွေကို စောင့်ထိန်းပြီး မကောင်းတဲ့ လူတွေကို ဖော်ထုတ်ရဲတဲ့ သတ္တိရှိနိုင်ဖို့ ဘုရားက မျှော်လင့်တယ်။ ဘုရားကို ကျွန်မ စိတ်ပျက်စေလို့ မဖြစ်တော့ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ပြီး အသင်းတော်ရဲ့ အလုပ်ကို ထိန်းသိမ်းရမယ်။ ဒါကြောင့် ကျွန်မရဲ့ တွဲဖက် ညီအစ်မနဲ့ စိတ်နှလုံးတစ်လုံးဝတစ်ဝတည်း အတူလာပြီး ဆုတောင်းကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး၊ လျူမင်းရဲ့ ပြဿနာတွေကို ကျွန်မတို့ ဖော်ထုတ်၊ စိစစ်ခဲ့ကြတယ်။ သူက သူ့ကိုယ်သူ မသိသေးပေမဲ့၊ သူ့မှာ ပြောစရာ ဘာမှမရှိခဲ့ဘူး။ ဒီရလဒ်ကို မြင်တော့၊ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားကို ကျေးဇူးမတင်ဘဲမနေနိုင်ခဲ့ဘူး။ ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ၊ ဘုရားကို ယုံကြည်ခြင်းတချို့နဲ့ ကျွန်မကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာကနေ လာတဲ့ ငြိမ်သက်ခြင်းကို ကျွန်မ တွေ့ကြုံခံစားခဲ့ရတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။