သေးငယ်သည့်ကိစ္စတစ်ခုမှ သင်ယူရသည့် သင်ခန်းစာတစ်ခု
ပြီးခဲ့တဲ့တစ်ချိန်တုန်းက၊ အဖွဲ့ခေါင်းဆောင် အစ်မလီက ဝမ်မေကို ရေလောင်းသူအနေနဲ့ အဆိုပြုခဲ့တယ်။ သူ့လူ့သဘာဝက တော်တော်ညံ့တယ်လို့ ကျွန်မ ထင်မြင်ချက်ရှိခဲ့တယ်။ သူ့တာဝန်မှာ သူက အမြဲ ပေါ့ဆသလို၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို မကာကွယ်ခဲ့ဘူး။ ဒါကြောင့် ဝမ်မေက အခုဘာနဲ့တူတယ်ဆိုတာ သိရဖို့ အစ်မလီကို သူနဲ့ပတ်သက်လို့ ကျွန်မ အမြန်သုံးသပ်ခိုင်းလိုက်တယ်။ သူ့တာဝန်မှာ တာဝန်မဲ့တုန်းပဲဆိုရင်၊ လူသစ်တွေကို ရေလောင်းဖို့ မသင့်တော်ဘူးလေ။ နောက်တော့ အစ်မလီက ပြောတယ်၊ “ဝမ်မေက သူ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တန်ဖိုးထားပေမဲ့ တာဝန်အပေါ် သူ့သဘောထားက သင့်တင့်ပါတယ်။ ဘာပြဿနာအကြီးစားမှ ကျွန်မ မတွေ့ဘူး”တဲ့။ ဒါကို ကြားတော့ ကျွန်မ စိတ်သက်သာရာရသွားတယ်။ အစ်မလီက ကိစ္စကို စစ်ဆေးခဲ့ရင်၊ ဝမ်မေက ရေလောင်းသူအဖြစ် မှန်ကန်သင့်တော်သင့်တယ်။ ရက်နည်းနည်းကြာပြီးတဲ့နောက်၊ အခန်းကဏ္ဍ ပြောင်းရွေ့ဖို့အတွက် အရာရာကို ကျွန်မ စီစဉ်ပြီး၊ အလုပ်ကို လွှဲယူဖို့ ဝမ်မေအတွက် ပြင်ဆင်ပေးခဲ့တယ်။ ဒါပေမဲ့ နောက်တော့ အစ်မလီက ကျွန်မကို ရုတ်တရက်ပြောတယ်၊ ဝမ်မေက မယုံရသလို အချောင်ခိုခဲ့ပြီး သမ္မာတရားကို လက်မခံခဲ့လို့၊ သူ့တာဝန်ကနေ အထုတ်ခံခဲ့ရတာတဲ့။ ဒီသတင်းကို ကြားတော့ ကျွန်မ လန့်သွားပြီး တွေးမိတယ်၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူ့ကို အကဲဖြတ်ချိန်မှာ သူ့မှာ ပြဿနာ ကြီးကြီးမားမား မရှိဘူးလို့ ရှင်ပြောခဲ့တာ မဟုတ်လား။ “ရက်နည်းနည်းပဲ ရှိသေးတာ၊ တာဝန်ကနေ သူ ဘယ်လိုလုပ်ပြီး အဲဒီလို အထုတ်ခံခဲ့ရတာလဲ။” ကျွန်မ မညည်းညူဘဲ မနေနိုင်ခဲ့ဘူး၊ “ရှင်က အားကိုးလို့ မရလိုက်တာ။ လူတစ်ယောက်ကို စုံစမ်းစစ်ဆေးခိုင်းတာ ရှင်က အလုပ်ကို စေ့စေ့စပ်စပ် မလုပ်ဘူးပဲ။ ဒါက ရှင့်အပိုင်းနဲ့ပတ်သက်လို့ ချင့်ချိန်နိုင်စွမ်း သိပ်မရှိတာကို ပြတာပဲ။ မမှန်တဲ့လူကို ရွေးလိုက်တာက ကျွန်မတာဝန်ကိုလည်း ထိခိုက်ခဲ့တယ်။ ဒါက ကိစ္စတွေကို ကြန့်ကြာစေမှာ မဟုတ်လား။ ဒီအစွမ်းအစနဲ့ ဘယ်လိုလုပ် ရှင်က အဖွဲ့ခေါင်းဆောင် ဖြစ်နိုင်ရတာလဲ”ပေါ့။ အဲဒီအကြောင်းတွေးလေ၊ ပို စိတ်ဆိုးမိလေပဲ။ ဒါပေမဲ့ တကယ့် အခြေအနေကို ကျွန်မ နားမလည်သလို၊ ကိုယ့်စိတ်ထဲမှာ သူ့ကို ကျွန်မ ဆက်ဝေဖန်နေမိတယ်။ အဲဒီတုန်းက၊ သူနဲ့ပတ်သက်လို့ ဘာဖြစ်နေတယ်၊ သူ့မှာ ဒီလူ့အပေါ် သိမြင်မှုတစ်ခုခု ရှိခြင်းရှိမရှိ၊ ဒီကိစ္စကို သူဘာလို့ စေ့စေ့စပ်စပ် မစစ်ဆေးခဲ့တာလဲဆိုတာနဲ့ ဘယ်လိုဖြစ်ပြီး သူ အရမ်းကို တာဝန်မဲ့နိုင်ရတာလဲဆိုတာကို မေးတဲ့ စာတိုတစ်ခု အစ်မလီဆီ ကျွန်မ တကယ်ပို့လိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ဒေါသနဲ့ လူတွေကို စာတွေ ပို့တာက လုပ်ဖို့ ဆင်ခြင်တုံတရားရှိတဲ့ အရာတော့ မဟုတ်ဘူး”လို့ပေါ့။ ဒါကြောင့် သူ့ကို ကျွန်မ စာမပို့ခဲ့ဘူး၊ ဒီတော့ အဲဒီကိစ္စက ပြီးသွားတယ်။
အစည်းအဝေးအတောအတွင်းမှာ၊ ညီအစ်ကိုတစ်ယောက်က သူလိုချင်တဲ့အတိုင်း ကိစ္စတွေ မဖြစ်တော့ ဒေါသထွက်ပြီး လူတွေကို အပြစ်တင်ခဲ့ပုံနဲ့ သမ္မာတရား ရှာဖွေ၊ သုံးသပ်ပြီး၊ သူ့ကိုယ်သူနဲ့ပတ်သက်လို့ သင်ယူခဲ့ပုံတွေနဲ့ ပတ်သက်လို့ မိတ်သဟာယပြုတယ်လို့ ကြားရတယ်။ ဒါကိုကြားတော့ ကျွန်မ အရှက်ရမိသလို၊ အရင်က ကျွန်မရဲ့ ကိုယ်ပိုင် အတွေ့အကြုံကို ကျွန်မ ပြန်သတိရမိတယ်။ ဒီညီအစ်ကိုနဲ့ ကျွန်မက အတွေ့အကြုံတူတယ် မဟုတ်လား။ သူက သမ္မာတရားရှာပြီး သူ့သင်ခန်းစာ သင်ယူခဲ့လို့ ရလဒ်တွေ ရခဲ့တယ်။ ဘာလို့ ကျွန်မက ကိုယ့်သင်ခန်းစားကို သင်ယူမနေခဲ့တာလဲ။ ဒီတော့ ဒီကိစ္စကို ကျွန်မ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ယူသွားတယ်၊ ကျွန်မ သင်ယူသင့်တဲ့ သင်ခန်းစာကို ရှာရင်းနဲ့ပေါ့။ တစ်ကြိမ်၊ ဝတ်ပြုဆုတောင်းရာမှာ ဘုရားနှုတ်ကပတ်တော် ဖတ်ရတယ်။ “ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံခြင်းသည် ဘုရားသခင်ကို နာခံခြင်းတွင် အခြေခံအကျဆုံးသင်ခန်းစာဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များတွင် သင့်အနီးတွင် ဘုရားသခင်ဖြစ်ပေါ်စေသည့်လူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများနှင့် အမျိုးမျိုးသော အခြေအနေများပါဝင်သည်။ ဤသို့ဆိုလျှင် ဤအခြေအနေများနှင့် ရင်ဆိုင်ရသောအခါတွင် သင် မည်သို့တုံ့ပြန်သင့်သနည်း။ အားလုံးထဲတွင် အခြေခံအကျဆုံးမှာ ဘုရားသခင်ထံမှ လက်ခံခြင်းဖြစ်သည်။ ‘ဘုရားသခင်ထံမှ လက်ခံခြင်း’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မကျေမနပ်ပြောဆိုခြင်းနှင့် အာခံခြင်း- ဤသည်မှာ ဘုရားသခင်ထံမှ လက်ခံခြင်းဖြစ်သလော။ ဆင်ခြေပေးခြင်းနှင့် အမှားရှာခြင်း- ဤသည်မှာ ဘုရားသခင်ထံမှ လက်ခံခြင်းဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ထံမှ လက်ခံခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ သက်သောင့်သက်သာနေပါ။ သမ္မာတရားကို ရှာဖွေပြီး နာခံခြင်းကို လက်တွေ့လုပ်ဆောင်ပါ။ ဆင်ခြေများ၊ သို့မဟုတ် အကြောင်းပြချက်များ ထုတ်မပြောနှင့်။ မည်သူကမှန်ပြီး မည်သူကမှားသည်ကို မှန်းဆရန်၊ သို့မဟုတ် စိစစ်ရန် မကြိုးစားနှင့်။ မည်သူ၏အမှားက ပို၍ဆိုးသည်၊ မည်သူ့အမှားက သိပ်မဆိုးသည်ကို မစိစစ်နှင့်။ ဤအရာများကို အစဉ် စီစစ်နေခြင်းသည် ဘုရားသခင်ထံမှ လက်ခံခြင်း သဘောထားဖြစ်သလော။ ဤသည်မှာ နာခံခြင်းသဘောထားဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ဘုရားသခင်အပေါ် နာခံခြင်းသဘောထားမဟုတ်ပေ။ ဘုရားသခင်ထံမှ လက်ခံခြင်းသဘောထားမဟုတ်ပေ။ ဘုရားသခင်၏ အုပ်စိုးမှုနှင့် အစီအစဉ်များကို လက်ခံခြင်းသဘောထားမဟုတ်ပေ။ ဘုရားသခင်ထံမှ လက်ခံခြင်းသည် ဘုရားသခင်အပေါ် နာခံခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများ၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။...အမှန်နှင့် အမှားကို မစိစစ်ခြင်း၊ ကျိုးကြောင်းမစဉ်းစားကြည့်ခြင်း၊ လူများအပေါ် အမှားများ မရှာဖွေခြင်း၊ စကားကပ်မပြောခြင်း၊ အရှိအတိုင်းဖြစ်သော အကြောင်းပြချက်များကို မစိစစ်ခြင်း၊ လူသားဉာဏ်ကို အသုံးပြုပြီး မစိစစ်ခြင်း၊ မစစ်ဆေးခြင်း၊ ဤအရာအားလုံးတို့သည် အသေးစိတ်အချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ လက်ခံခြင်းဖြစ်သည်။ ဤအရာကို လက်တွေ့လုပ်ဆောင်ရန်နည်းလမ်းမှာ အရင်ဦးဆုံး နာခံခြင်းဖြစ်သည်။ သင်သည် အယူအဆများရှိလျှင်၊ သို့မဟုတ် အကြောင်းအရာများကို သင်မရှင်းလျှင်ပင် နာခံပါ။ ဆင်ခြေများမပေးနှင့်။ မပုန်ကန်နှင့်။ နာခံပြီးနောက်တွင် သမ္မာတရားကို ရှာဖွေပါ။ ဘုရားသခင်ထံဆုတောင်းပြီး ရှာဖွေပါ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) အခြေအနေတစ်ခုထဲ ကျွန်မတို့ အထားခံရတဲ့အခါ၊ သူ့အလိုတော်ကို ကျွန်မတို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ မဆန့်ကျင်ရဘူး၊ ကိုယ့်ရပ်တည်ချက်ကို မငြင်းရဘူးလို့ ဘုရားက ပြောတယ်။ ဘုရားထားတဲ့ အခြေအနေကို လက်ခံ၊ နာခံတဲ့ သဘောထား ရှိရမယ်။ ဒါက ကိစ္စတွေကို ဘုရားဆီကလာတဲ့အတိုင်း လက်ခံတဲ့ အပြုအမူဖြစ်တယ်။ တစ်ခုခု ဖြစ်တဲ့အခါ၊ အမှားအမှန်ကို စိစစ်ရင်း၊ ဟိုဟာ သည်ဟာ ညည်းညူရင်းနဲ့ အပြင်ပန်းကနေ ကျွန်မ အမြဲကြည့်တယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မအလုပ်ကို ထိခိုက်စေပြီး ကျွန်မကို မလိုအပ်တဲ့ အားထုတ်မှု လုပ်စေရင်းနဲ့ သူ့တာဝန်မှာ ပေါ့ဆသလို တာဝန်မဲ့တယ်လို့ ကျွန်မ အမြဲတွေးနေခဲ့တာ။ ဒီအခြေအနေမှာ ကျွန်မက ဘုရားဆီက ကိစ္စတွေကို ဘယ်လိုမှ လက်ခံတဲ့ သဘောထား မရှိခဲ့ဘူး။ ကိုယ့်စိတ်နှလုံးကို ငြိမ်သက်စေပြီး ဘုရားအလိုတော် မရှာခဲ့ဘူး၊ ဘာသင်ခန်းစာ သင်ယူသင့်တယ်ဆိုတဲ့ပေါ် မဆင်ခြင်ခဲ့ဘူး။ အဲဒီအစား အဖွဲ့ခေါင်းဆောင်ကိုပဲ စောင့်ကြည့်ခဲ့တယ်။ သူ့ကို စိတ်ဆိုးပြီး ဆူချင်ခဲ့သလို သူ့အားနည်းချက်တွေကို ဝေဖန်ချင်ခဲ့တယ်။ ဒါက လက်ခံ၊ နာခံတတ်တဲ့ သဘောထား မဟုတ်ဘူး။ အဲဒီတုန်းက အလုပ်ထဲက ပြဿနာတွေနဲ့ ခလုတ်ကန်သင်းတွေက တကယ်ကို တခြားလူအားလုံးရဲ့ အမှားတွေပဲလား။ တစ်ခုမှ ကျွန်မနဲ့ ဘာမှ မပတ်သက်ခဲ့ဘူးလား။ ဘုရားက ကျွန်မကိုထားတဲ့ အခြေအနေကို ကျွန်မ အမြဲ အာခံခဲ့တယ်။ နောက်ဆုံးမှာ ပြဿနာတွေက တခြားလူတွေရဲ့ အမှားသက်သက်ဖြစ်ပြီး ကျွန်မ တာဝန်မရှိရင်တောင်၊ တခြားလူတွေက သူတို့ကိုယ်သူတို့ သုံးသပ်နိုင်တယ်၊ အဲဒီကနေ သင်ယူပြီး ကြီးထွားနိုင်ကြတယ်။ ဒါပေမဲ့ စိတ်ထဲမျိုသိပ်ထားတဲ့ ဒေါသကလွဲလို့ ကျွန်မ ရနေခဲ့တာက ဘာလဲ။ ကျွန်မက မမှန်တဲ့ အခြေအနေမှာ ရှိမှန်း ဒီအချိန်မှာ သဘောပေါက်လိုက်တယ်။ ကျွန်မက ဘယ်သူ မှားတယ်၊ မှန်တယ်ဆိုတာကို သိအောင်လုပ်ရင်းနဲ့ ဆက်စိစစ်ပြီး ရှာဖွေနေလို့ မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်ရမယ်၊ သမ္မာတရားကို ရှာပြီး သင်ခန်းစာယူရမယ်။
သုံးသပ်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “သင်သည် တာဝန်ထမ်းဆောင်သောအခါတွင် ဘုရားသခင်ကို အမှီမပြု၊ အားမကိုးဘဲ၊ သင်ဆန္ဒရှိသလိုသာ လုပ်ဆောင်လျှင် သင်သည် မည်မျှတော်သည်ဖြစ်စေ ကျရှုံးသည့်အချိန်များ အစဉ် ရှိနေလိမ့်မည်။ တဇွတ်ထိုးလုပ်သောလူများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သို့ လိုက်လေ့ရှိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသလော။ အလွန်ပင် တဇွတ်ထိုးလုပ်သောလူများသည် ဘုရားသခင်ကို မေ့လျော့ကြပြီးဖြစ်ကာ ၎င်းတို့သည် ဘုရားသခင်အား နာခံခြင်းကို မေ့လျော့ကြပြီးဖြစ်သည်။ အမှုအရာများ ဖြစ်ပျက်လာသောအခါမှသာ၊ ဤလူတို့သည် လမ်းဆုံးရောက်သောအခါ၊ သို့မဟုတ် မည်သည့်အရာကိုမျှ ပြီးမြောက်ရန် မတတ်နိုင်သောအခါ ၎င်းတို့သည် ဘုရားသခင်အား မနာခံကြသကဲ့သို့ ဘုရားသခင်ထံ ဆုမတောင်းကြသည်ကို တွေးမိကြသည်။ ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိကြောင်း၊ အရာရာတိုင်းက ၎င်းတို့ကိုယ်တိုင်ထံမှ လာကြောင်းကို ၎င်းတို့၏ လုပ်ရပ်များက ညွှန်ပြနေသည်။ ထို့ကြောင့် သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ၊ ပြင်ပအရေးကိစ္စအချို့ကို ကိုင်တွယ်နေသည်ဖြစ်စေ၊ သို့မဟုတ် သင်ကိုယ်တိုင်၏ဘဝတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၏ စိတ်နှလုံးတွင် စည်းမျဉ်းများရှိရမည်။ ဝိညာဉ်ရေးရာ အခြေအနေတစ်ခုရှိရမည်။ မည်သည့် အခြေအနေနည်း။ ‘မည်သည့်အရာဖြစ်စေ၊ ကျွန်ုပ်အပေါ်တွင် မည်သည့်အရာမျှ မဖြစ်ပျက်မီ ကျွန်ုပ် ဆုတောင်းရမည်။ ဘုရားသခင်ကို နာခံသင့်သည်။ ဘုရားသခင်၏ အုပ်စိုးမှုကို နာခံသင့်သည်။ အရာရာတိုင်းကို ဘုရားသခင်က စီစဉ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတွင် ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်ရှာဖွေရမည်။ ကျွန်ုပ်တွင် ဤစိတ်နေစိတ်ထားရှိရမည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်ရပေ။’ ဤသို့ အချိန်အနည်းငယ် တွေ့ကြုံပြီးနောက်တွင် လူတို့သည် အမှုအရာများစွာတွင် ဘုရားသခင်၏ အုပ်စိုးမှုကို မိမိတို့မြင်ရသည်ကို တွေ့ရလိမ့်မည်။ သင်သည် အစဉ်သဖြင့် ကိုယ်ပိုင်အစီအစဉ်များ၊ စဉ်းစားသုံးသပ်ခြင်းများ၊ ဆန္ဒများ၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ တောင့်တမှုများရှိလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ အမှတ်တမဲ့ သွေဖည်သွားလိမ့်မည်။ ဘုရားသခင်က မည်သို့လုပ်ဆောင်သည်ကို သင် မြင်ရလိမ့်မည်မဟုတ်ပေ။ အချိန်အများစုတွင် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်နေလိမ့်မည်။ သင်သည် အမှုအရာများကို ကိုယ်ပိုင်စိတ်ကူးများအရ လုပ်ဆောင်ရသည်ကို မနှစ်သက်သလော။ သင်သည် ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်သလော။ သင်သည် အသိဉာဏ်ရှိသည်၊ ပညာတတ်ဖြစ်သည်၊ အသိပညာရှိသည်။ သင့်တွင် အမှုအရာများကို လုပ်ဆောင်ရန် အရည်အချင်းနှင့် နည်းပညာရှိသည်။ ယင်းတို့ကို သင့်ဘာသာလုပ်ဆောင်နိုင်သည်။ သင်သည် တော်သည်။ ဘုရားသခင်ကို မလိုအပ်ပေ။ ထို့ကြောင့် ဘုရားသခင်က ပြောသည်။ ‘ဤသို့ဆိုလျှင် သွား၍ သင့်ဘာသာ လုပ်ဆောင်လော့။ ကောင်းမွန်သည်ဖြစ်စေ၊ မကောင်းမွန်သည်ဖြစ်စေ တာဝန်ယူလော့။ ငါ ဂရုမစိုက်ပေ။’ ဘုရားသခင်က သင့်ကို အရေးမစိုက်ပေ။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤနည်းဖြင့် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒနောက်လိုက်ပြီး ၎င်းတို့ ယုံကြည်ချင်သလို ယုံကြည်ကြလျှင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အုပ်စိုးမှုကို မည်သည့်အခါမျှ မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လက်တော်ကို မည်သည့်အခါမျှ မမြင်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို မည်သည့်အခါမျှ မခံစားရနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှုကို မခံစားရနိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပို၍ပင် ဝေးကွာသွားလိမ့်မည်ဖြစ်ပြီး ဆင့်ပွားသက်ရောက်မှုများရှိလိမ့်မည်။ မည်သည့်သက်ရောက်မှုများဖြစ်သနည်း။ (ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းဖြစ်သည်။) ဤသည်မှာ ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းကိစ္စတစ်ခု သက်သက်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးတွင် နေရာမရှိသကဲ့သို့ ရေရှည်တွင် ၎င်းတို့သည် ၎င်းတို့ဆန္ဒရှိသည့်အတိုင်းလုပ်ဆောင်ကြသည့်အခါ၊ အလေ့အကျင့်တစ်ခု ဝင်လာလိမ့်မည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ ၎င်းတို့လုပ်ဆောင်မည့် ပထမဆုံးသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်ဖြေရှင်းချက်၊ ဦးမှန်းချက်များ၊ အရင်းခံအကြောင်းရင်းများ၊ အစီအစဉ်များကို စဉ်းစားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အကျိုးအမြတ်ရှိမရှိကို အရင်ဆုံး စဉ်းစားကြလိမ့်မည်။ အကျိုးအမြတ်ရှိလျှင် ၎င်းတို့က လုပ်ဆောင်လိမ့်မည်။ အကျိုးအမြတ်မရှိလျှင် လုပ်ဆောင်မည်မဟုတ်ပေ။ ဤလမ်းကြောင်းကို တိုက်ရိုက်လျှောက်လှမ်းခြင်းသည် ၎င်းတို့၏ အလေ့အကျင့်ဖြစ်လာလိမ့်မည်။ ၎င်းတို့သည် နောင်တရခြင်းမရှိဘဲ ဤသို့ဆက်လက်လုပ်ဆောင်နေလျှင် ထိုသို့သောလူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံလိမ့်မည်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို အရေးစိုက်မည်မဟုတ်ဘဲ တစ်ဖက်တွင် ထားထားလိမ့်မည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ”) ဘုရားနှုတ်ကပတ်တော်ကို တွေးဆပြီးတဲ့နောက်၊ ကိုယ့်အခြေအနေကို ပိုရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ အထူးသဖြင့် စိတ်ပိုင်းဖြတ်မှု အားကောင်းတဲ့ လူတွေဟာ စီစဉ်ပြီး စည်းမျဉ်းတွေ သတ်မှတ်တာ၊ ဘာကိုလုပ်ပြီး၊ ဘယ်လိုလုပ်မယ်ဆိုတာကို တွက်ချက်တာနဲ့ မကြာခဏ စကြတယ်လို့ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ အစီအစဉ်တစ်ခုကို ဖန်တီးပြီး အပြီးသတ်ခြင်းနဲ့ အစပြုကြပြီး၊ အဲဒီနောက် သူတို့ရွေးထားတဲ့ နည်းလမ်း၊ နည်းစနစ်တွေနဲ့ ဆောင်ရွက်နေတုန်းမှာ တခြားလူတွေကိုလည်း သူတို့နည်းစနစ်တွေကို လိုက်လုပ်ဖို့ တောင်းဆိုတယ်။ အပြင်ပန်းအားဖြင့် သူတို့တာဝန်ကို သူတို့ ထမ်းဆောင်နေတာ၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ပြီး သူတို့အလုပ်က ရလဒ်ကောင်းရတာကို သေချာအောင် လုပ်တာပေါ့။ ဒါပေမဲ့ ကိစ္စတွေကို သူတို့ ဒီလိုလုပ်တဲ့အခါမှာ၊ သူတို့ကိုယ်ပိုင်ဆန္ဒများလွန်းပြီး သူတို့ရဲ့ စည်းမျဉ်းတွေ များလွန်းတယ်။ ဘုရားကို လုံလောက်အောင် ဆုမတောင်း၊ မရှာဖွေကြဘူး၊ နာခံတတ်တဲ့ သဘောထား ကင်းမဲ့ကြသလို၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုနောက် လိုက်ဖို့ အရေးမထားကြဘူး။ သူတို့ ကိုယ်ပိုင်ဆန္ဒတွေနဲ့အညီ အရာရာကို လုပ်ကြတယ်။ ပြီးတော့ သူတို့ဆန္ဒအတိုင်း ကိစ္စတွေ ဖြစ်တာကို လိုချင်ကြတယ်။ သူတို့ကိုယ်ပိုင်ဆန္ဒက အားကောင်းလွန်းပြီး၊ သူတို့ စိတ်နှလုံးမှာ ဘုရားအတွက် နေရာမရှိဘူးလို့ ဘုရားက ပြောတယ်။ ဒီလိုလူမျိုးကို ဘုရားက စက်ဆုပ်ပြီး လျစ်လျူရှုတယ်။ ကျွန်မရဲ့ အပြုအမူကို သုံးသပ်ခြင်းက ကျွန်မဟာ ကိုယ့်တာဝန်တွေမှာ စိတ်ပိုင်းဖြတ်တာ အားကောင်းလွန်းသလို၊ ဘာကိုပဲ ကျွန်မ လုပ်နေသည်ဖြစ်စေ၊ ကျွန်မ စိတ်ပိုင်းဖြတ်တာနဲ့ ဘာကမှ အဲဒါကို ပြောင်းလဲလို့မရမှန်းကို ပြခဲ့တယ်။ တခြားလူတွေကိုလည်း ကျွန်မရဲ့ တောင်းဆိုချက်တွေကို လိုက်နာစေပြီး၊ မလိုက်နာရင်၊ သူတို့တာဝန်မှာ သစ္စာမရှိသလို၊ အသင်းတော်အလုပ်ကို ကာကွယ်မနေကြဘူးလို့ ကျွန်မ တွေးလိုက်တယ်။ ဒါက ရေလောင်းသူကို စစ်ဆေးစုံစမ်းတာနဲ့ ပတ်သက်လို့ ဖြစ်ခဲ့တဲ့ပုံပဲဖြစ်ပါတယ်။ ဝမ်မေနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိဘူးလို့ ကျွန်မ ကြားခဲ့တယ်။ ဒါကြောင့် သူလာပြီး အလုပ်ကို လွဲယူဖို့အတွက် ကျွန်မ စီစဉ်ခဲ့ပေမဲ့၊ နောက်တော့ ဝမ်မေက သူ့တာဝန်ကနေ အထုတ်ခံခဲ့ရတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောခဲ့သလို၊ ကျွန်မရဲ့ အစီအစဉ်တွေက မရေမရာဖြစ်သွားတယ်။ ကျွန်မ ဒေါသထွက်ချင်ခဲ့ပြီး စိတ်နှလုံးက မကျေနပ်ချက်တွေနဲ့ ပြည့်သွားခဲ့တယ်။ အဖွဲ့ခေါင်းဆောင်ကို အစွမ်းအစနဲ့ ချင့်ချိန်နိုင်စွမ်းမဲ့ပြီး တာဝန်မဲ့တယ်လို့ ကျွန်မ ဝေဖန်ခဲ့တယ်။ ကျွန်မက အရမ်းကိုယ်မှန်တယ်ထင်တယ်၊ မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့ခဲ့တယ်။ ကျွန်မ စီစဉ်၊ ဆုံးဖြတ်တဲ့ အရာတွေ မှန်ကန်ပြီး၊ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ရင်တောင်၊ ကျွန်မ ဖြစ်စေချင်တဲ့အတိုင်း ကိစ္စတွေက အမြဲ မဖြစ်သလို၊ ကျွန်မ မျှော်မှန်းတဲ့ အကျိုးတရား အမြဲ ရှိမှာ မဟုတ်ဘူး။ စီမံချက်နဲ့ အစီအစဉ်တွေ ကျွန်မ လုပ်တယ်၊ ဒါက ကျွန်မတာဝန်ဖြစ်ပြီး ကျွန်မ ပူးပေါင်းလုပ်သင့်ပုံဖြစ်ပေမဲ့၊ နောက်ဆုံးရလဒ်ကို ကျွန်မ ကြိုမသတ်မှတ်သင့်ဘူး။ တတ်နိုင်တာကို လုပ်ပြီးတဲ့နောက် ဘုရားရဲ့ အလိုတော်ကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ကိစ္စတစ်ခုက နောက်ဆုံးမှာ ပြီးမြောက်နိုင်ခြင်း ရှိမရှိ၊ ဘာပုံသေမဟုတ်တာတွေ ဖြစ်လာနိုင်ပြီး ဘယ်လိုဖြစ်သွားတတ်တယ်ဆိုတာကတော့၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုနောက်လိုက်ပြီး ဘုရားရဲ့ အုပ်စိုးမှုကို ကျွန်မ ကျိုးနွံနာခံရမယ်။ ဒါက ကျွန်မ ရှိသင့်တဲ့ ဆင်ခြင်တုံတရား အသိစိတ်ပဲ။ ကျွန်မ လုပ်နေခဲ့တဲ့ အရာတွေက ကိုယ့်ကိုယ်ပိုင်ဆန္ဒနဲ့ လုံးဝ ဆိုင်ခဲ့တယ်၊ ဘုရားရဲ့ အချုပ်အခြားအာဏာကို ကျွန်မ မသိခဲ့သလို၊ ဘုရားအတွက် စိတ်နှလုံးမှာ နေရာမရှိခဲ့ဘူး။ ကိုယ့်တာဝန်ကို ဒီလိုထမ်းဆောင်ခြင်းအားဖြင့် ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းကို ကျွန်မ ဘယ်လိုရနိုင်မှာလဲ။
နောက်ပိုင်းမှာ၊ ကျွန်မရဲ့ ဒေါသနောက်ကွယ်က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထိုးထွင်းသိမြင်မှုတချို့ ပေးတဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်မရဲ့မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ သဘာဝအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ လက်စသတ်တော့ ကျွန်မက ကျွန်မကိုယ်ပိုင် ဆန္ဒတွေအတိုင်း ကိစ္စတွေကို လုပ်နေခဲ့ရုံမက၊ အဲဒီနောက်ကွယ်မှာ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဝှက်ထားတယ်။ ဒီတစ်ခါ အလုပ်မှာရှိတဲ့ ပြဿနာကို ပြန်တွေးကြည့်တော့၊ နောက်ခံအကြောင်းအရာကို ကျွန်မ နားမလည်ခဲ့သလို၊ အဖွဲ့ခေါင်းဆောင်မှာ အခက်အခဲတစ်ခုတစ်လေ ရှိလားလို့ မမေးခဲ့ဘူး။ သူ့ကို ကျွန်မ လက်လွတ်စပယ် မကျေမနပ်ဖြစ်ပြီး ဝေဖန်ခဲ့တယ်။ သူ့ကို ကျွန်မ အထင်သေးပြီး ဝေဖန်တဲ့အခါ၊ တကယ်တော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ သူ့ကို သေးသိမ်နေစေခဲ့တာ ကိုယ့်ကိုယ်ကိုယ် ဖျာလိုလိပ် ထိပ်ပေါ်တင်ပြီး ကျွန်မမှာ သမ္မာတရားအပေါ် အထူးသိနားလည်မှုရှိပြီး တခြားလူတွေက မရှိသလိုမျိုး၊ ကျွန်မတစ်ယောက်တည်းပဲ တာဝန်သိတတ်ပြီး တခြားလူတိုင်းက အမှုမဲ့အမှတ်မဲ့ဖြစ်သလိုမျိုး၊ အရာရာကို ကျွန်မ ရိပ်စားနိုင်ပေမဲ့ တခြားလူတွေက မမြင်မကန်းဖြစ်သလိုမျိုး တခြားလူတွေထက် ကျွန်မပိုတော်တယ်လို့ တွေးနေခဲ့တာပဲ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သမ္မာတရားရဲ့ ဆရာသခင်လိုမြင်ပြီး တခြားလူတွေကို သမ္မာတရားရဲ့ အစေခံတွေလို မြင်ခဲ့တယ်။ တခြားလူတွေကို သူတို့ရဲ့ လုပ်ရပ်တွေအပေါ် သုံးသပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် သိကြဖို့နဲ့ သင်ခန်းစာယူကြလို့ သတိပေးခဲ့တယ်။ စာတန်ကြောင့် ကျွန်မ မဖောက်ပြန်မပျက်စီးသလို၊ သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့အတွက် မလိုသလိုမျိုးပေါ့။ ကျွန်မ အမြင်မှာ၊ တခြားလူတွေက အရည်အချင်းမပြည့်မီသလို၊ သည်းမခံနိုင်စရာဖြစ်ပြီး ကျွန်မက အတော်ဆုံးပေါ့။ ဒီတော့ တစ်ယောက်ယောက် တာဝန်ထမ်းဆောင်တုန်းမှာ ပြဿနာတစ်ခုခု ဖြစ်လာတဲ့အခါ၊ “ဒါကို ကိုယ့်တာဝန်ကို ထမ်းဆောင်တယ်လို့ ခေါ်တယ်ပေါ့”၊ “ရှင်က ကိုယ့်တာဝန်ကို လုပ်နိုင်စွမ်းတောင် ရှိရဲ့လား”၊ “ရှင်က ကိစ္စတွေကို နှောင့်ယှက်နေတာပဲ” လို့ အမြဲတွေးပြီး၊ သူတို့က ဒီလိုဖြစ်တယ်၊ ဟိုလိုဖြစ်တယ်လို့ ပြောခဲ့တယ်။ တခြားလူတွေကို ကျွန်မ အပြစ်တင်ပြီး ဆူပဲဆူချင်ခဲ့တယ်။ အမှန်တော့၊ တခြားလူတွေလို ကျွန်မလည်း ကျွန်မရဲ့ တာဝန်အတောအတွင်းမှာ အလားတူအမှားတွေ အများကြီး လုပ်ခဲ့ပြီး၊ အလားတူ ကိစ္စတွေနဲ့ ပတ်သက်ခဲ့ရတယ်။ ဒီတော့ သူတို့ထက် ကျွန်မက အဲဒီလောက် တကယ်ပဲ ပိုတော်ခဲ့လို့လား။ လူတစ်ယောက် ဒါမှမဟုတ် အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ အချိန်တွေ လူတိုင်းမှာရှိပြီး၊ သူတို့ရဲ့ တာဝန်တွေမှာ မလွဲမသွေ ချို့တဲ့ပြီး စံမမီတာတွေ ရှိမယ်။ ပြဿနာနဲ့ သွေဖည်မှုတွေကို အချိန်မီ ရှာတွေ့နိုင်ပြီး၊ အဆက်မပြတ် ပြန်သုံးသပ်ပြီး ပြင်ဆင်သရွေ့၊ ဒါက ကြီးထွားမှုရဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ အမှန်တော့၊ ကျွန်မတာဝန်မှာ အမှားတွေ မကြာခဏ ကျွန်မ လုပ်မိတယ်၊ ဝမ်မေနဲ့ပတ်သက်တဲ့ အဖြစ်အပျက်လိုပဲပေါ့။ ဒီလူရဲ့ အပြုအမူဟာ အရင်က ဆိုးခဲ့မှန်း ကျွန်မ ရှင်းရှင်း သိခဲ့ပေမဲ့၊ သူ့အပြုအမူနဲ့ပတ်သက်လို့ လတ်တလောမှာ ဘာပြဿနာမှ မရှိဘူးလို့ အစ်မလီက ပြောတော့၊ ရှင်းရှင်းလင်းလင်းသိဖို့ ကျွန်မ မကြိုးစားတော့ဘူး။ အခြေအနေကို အစ်မလီက အကဲဖြတ်ပြီးပြီဖြစ်သလို၊ ဘာပြဿနာမှ မရှိသင့်ဘူးလို့ ကျွန်မ ယူဆရုံယူဆခဲ့တယ်။ နောက်ဆုံးမှာ ပြဿနာတကယ် ပေါ်လာခဲ့ပြီး၊ သိသိသာသာ တာဝန်ကို ကျွန်မ ဝေမျှခံဖို့ရှိခဲ့ပေမဲ့၊ အားလုံးကို အစ်လီပေါ် လွှဲပေးလိုက်တယ်၊ သူ့ကို လက်ညိုးထိုး၊ စီရင်၊ ဝေဖန်ရင်းနဲ့ပေါ့။ ကျွန်မ အရမ်းမာနထောင်လွှားပြီး လူ့သဘာဝ လုံးဝ မရှိခဲ့တာပါ။ ကိုယ့်တာဝန်ကို ဒီလိုလုပ်တာက တခြားလူတွေကို ဘာမှ ကူညီ၊ တည်ဆောက်ပေးမှာ မဟုတ်ရုံမက၊ လူတွေကို ကန့်သတ်ပြီး အပျက်သဘောဆောင်စေဖို့ များတယ်။ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရချိန်မှာ၊ ကိစ္စတွေ လူတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကျွန်မ မမြင်ခဲ့ဘူး။ မကျေမနပ်ဖြစ်ရုံဖြစ်တယ်၊ စိတ်တိုပြီး လူတွေကို အပြစ်ဖော်ဆုံးမခဲ့တယ်။ ဒါဟာ တာဝန်ယူတယ်ဆိုတဲ့ သဘော၊ တရားမျှတတဲ့ လုပ်ရပ်ဖြစ်ပြီး၊ အသင်းတော်အလုပ်ကို ကျွန်မ ကာကွယ်နေတာလို့တောင် တွေးခဲ့တယ်။ ဒီအမြင်က လုံးဝ အဓိပ္ပာယ်မဲ့တာပဲ။
နောက်ပိုင်းမှာ၊ ကျွန်မစိတ်နှလုံးကို လင်းလက်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ၎င်းတို့သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။ တရားမျှတမှုသည် ဆိုးသွမ်းမှုနှင့် ထိပ်တိုက်တွေ့သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ကာကွယ်ရန်သော်လည်းကောင်း၊ ထိန်းသိမ်းရန်သော်လည်းကောင်း ဒေါသူပုန်ထလိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားတို့ ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရပြီး တိုက်ခိုက်ခံရသည့်အခါ လူသား၏သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ဆိုးယုတ်မှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ လူသား၏သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် ဆိုးယုတ်သည့် စွမ်းအားတို့အတွက် လွတ်လမ်းတစ်လမ်းဖြစ်ပြီး ဇာတိပကတိလူသားတို့၏ ထကြွသောင်းကျန်းနေပြီး တားဆီး၍မရသော ဆိုးယုတ်သည့်အပြုအမူဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။ သို့သော်လည်း ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ ဆိုးယုတ်သည့် စွမ်းအားခပ်သိမ်းသည် ရပ်သွားလိမ့်မည်။ လူသားကို အန္တရာယ်ပြုသည့် အပြစ်တရားအားလုံးသည် ရပ်တန့်သွားလိမ့်မည်။ ဘုရားသခင်၏အမှုကို ပိတ်ပင်တားဆီးသည့် ရန်လိုသောစွမ်းအားခပ်သိမ်းသည် သိသာထင်ရှားလာမည်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမည်။ ထို့ပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ ကြံရာပါအားလုံးသည် အပြစ်ဒဏ်ခတ်ခံရမည်ဖြစ်ပြီး အမြစ်ပါမကျန် ဖယ်ရှားခံရမည်ဖြစ်သည်။ သူတို့၏နေရာတွင် ဘုရားသခင်၏အမှုသည် ပိတ်ပင်တားဆီးမှုတို့ မရှိဘဲ ရှေ့ဆက်လိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် စီစဉ်ထားချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသည့် လူများသည် စာတန်၏နှောင့်ယှက်ခြင်းနှင့် လှည့်စားခြင်းမှ လွတ်ကင်းလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏နောက်ကို လိုက်သူများသည် ငြိမ်သက် အေးချမ်းသည့် ပတ်ဝန်းကျင်ထဲတွင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အထောက်အပံ့ကို မွေ့လျော်ကြရလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ဆိုးယုတ်သည့်စွမ်းအားတို့ ထပ်ဆင့်ပွားများခြင်းနှင့် ထကြွသောင်းကျန်းတို့ မရှိစေရန် တားဆီးပေးသည့် အကာအကွယ်တစ်ခုဖြစ်သည်။ ထို့ပြင် ၎င်းသည် တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများအားလုံး၏ ဖြစ်တည်မှုနှင့် ပြန့်ပွားခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနှင့် ဖျက်လိုဖျက်ဆီး လုပ်ခံရခြင်းတို့ မခံရအောင် ထိုအရာများကို ထာဝရစောင့်ကြပ်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်ဖတ်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ ကိုယ့်ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ပြီး ကိုယ့်စိတ်ဆန္ဒတွေနဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့၊ အကြောင်းရင်း၊ စည်းမျဉ်း ဒါမှမဟုတ် သူတို့ဒေါသရဲ့ ပစ်မှတ်ကို မစဉ်းစားဘဲ လူတွေက စိတ်မကောင်းဖြစ်ကြတယ်။ ဒါတွေက စိတ်တိုတဲ့ ပုံစံမျိုးစုံဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ဖော်ပြချက်ဖြစ်ပြီး၊ ဘုရားက စက်ဆုပ်တယ်။ ဒါပေမဲ့ လူတွေက ကိစ္စတွေ၊ လူတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ရှုမြင်တဲ့အခါ၊ ဘုရားချစ်တာကို ချစ်၊ မုန်းတာကို မုန်း၊ အသင်းတော်ရဲ့ အလုပ်နဲ့ ဘုရားရွေးချယ်ထားသူတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အဲဒီနှောင့်ယှက်တတ်တဲ့ မကောင်းမှုပြုသူနဲ့ အန္တိခရစ်တွေကို စက်ဆုပ်ရင်၊ အဲဒါက ပုံမှန်လူ့သဘာဝရဲ့ ဖော်ပြချက်နဲ့ ကိုယ့်ရဲ့ တရားမျှတမှု အသိစိတ်နဲ့ဆိုင်တဲ့ သရုပ်သကန် ဖြစ်တယ်။ တစ်ခါတစ်လေ နည်းနည်း ပြတ်သား ပြင်းထန်လွန်းစွာနဲ့ စကားပြောမိရင်တောင် ကိုယ်ပြောတဲ့ အရာတိုင်းက ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံသရွေ့၊ အမှန်တရားတွေနဲ့ မဆန့်ကျင်သရွေ့၊ ကိုယ်ရေးကိုယ်တာ မလိုမုန်းထားစိတ်ကို မဖွင့်ထုတ်သလို၊ ကိုယ်ပိုင် ရည်ရွယ်ချက်တွေနဲ့ မစွန်းပေသရွေ့၊ လူတွေက လက်ခံယုံကြည်ပြီး ပြဿနာရဲ့ အနှစ်သာရကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ကြမှာဖြစ်သလို၊ ကိုယ့်မှတ်ချက်တွေက အပြုသဘောဆောင်တဲ့ ရလဒ်တွေကို ရမှာပါ။ ဒီဒေါသမျိုးက အပြုသဘောဆောင်တဲ့ အရာဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ဖော်ပြချက်မဟုတ်ဘူး။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ အကျိုးဆက်အနေနဲ့ ကိုယ့်ဒေါသပေါက်ကွဲတာက မတူဘူး။ အဲဒီဒေါသက ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေ၊ ပြောမပြနိုင်တဲ့ ရည်မှန်းချက်တွေနဲ့ စွန်းထင်းတယ်။ တချို့လူတွေက သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ စိတ်ဆိုးဒေါသထွက်ကြတယ်။ တချို့က တခြားလူတွေ သူတို့စကားနားထောင်ပြီး သူတို့ဆန္ဒတွေအတိုင်း ပြုမူအောင်လို့ အဲဒီလိုလုပ်ကြပြီး၊ တချို့ကျတော့ သူတို့ရဲ့ကိုယ်ကျိုးစီးပွားတွေ ထိခိုက်နစ်နာခဲ့လို့ ဖြစ်တာ။ ဒါတွေအားလုံးက စိတ်တိုခြင်းနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပုံစံမျိုးစုံပဲ။ လူတွေရဲ့ တာဝန်တွေမှာ တိုးတက်မှုကို နှောင့်နှေးစေတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာကို ကျွန်မ မြင်တော့၊ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ဆန္ဒနဲ့ ကျွန်မရဲ့ ဒေါသ လှုံ့ဆော်ခံခဲ့ရပုံပေါ်ပေမဲ့၊ တကယ်တော့ လူတွေက ကျွန်မရဲ့ တောင်းဆိုချက်တွေ မပြည့်မီသလို မလိုအပ်တဲ့ ပြဿနာတွေ အများကြီး ကျွန်မ ကြုံရမှာဖြစ်လို့ ကျွန်မ ဒေါသထွက်ခဲ့သလိုပေါ့။ မကျေနပ်တဲ့ ကိုယ့်ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ ဒါကို အခွင့်အရေးတစ်ခုလို ကျွန်မ သုံးခဲ့တယ်။ လူတွေကို အတွင်းကျိတ် ဝေဖန်၊ သေးသိမ်စေရင်းနဲ့ပေါ့။ ဒါက သိသိသာသာကို စိတ်တိုတာက ခေါင်းထောင်နေတာပဲ။
ကျွန်မရဲ့ ပုံမှန် တာဝန်လမ်းကြောင်းထဲမှာ ဒီအခြေအနေမျိုးကို ကျွန်မ မကြာခဏ ကြုံခဲ့ရတယ်။ အရင်က၊ ကျွန်မသဘာဝက ကျွန်မကို အကောင်းဆုံးအသုံးချခဲ့ပေမဲ့၊ အဲဒါကို သိအများကြီး မတွေးခဲ့ဘူး။ ဒီတော့ နောင်မှာ ဒီအခြေအနေမျိုးကို ကြုံရတဲ့အခါ ကျွန်မ ဘယ်လို ပြုမူသင့်လဲ။ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်းတွေမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “အလုပ်၊ သို့မဟုတ် အကြောင်းအရာများကို အမျိုးအစားခွဲခြားခြင်းနှင့် ပတ်သက်သောအခါတွင် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းများကို မချိုးဖောက်နှင့်။ လူတို့နှင့် တွေ့ဆုံပြီး ဆက်ဆံပါ။ ပြီးလျှင် သာမန်လူ့သဘာဝအသိစိတ်အတိုင်း အမှုအရာများကို ကိုင်တွယ်ပါ။ သဘာဝအားဖြင့် အကောင်းဆုံးမှာ ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားစည်းမျဉ်းများသည် အဘယ်နည်း။ လူတို့သည် အားနည်းပြီး အပျက်သဘောဆောင်သောအခါ အခြားလူများ၏ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့ကို နားလည်ရန်ဖြစ်သည်။ လူတို့သည် အခြားလူများ၏ နာကျင်မှုနှင့် အခက်အခဲများကို အလေးထားရန်ဖြစ်သည်။ ထို့နောက်တွင် ဤအရာများကို စုံစမ်းမေးမြန်းပြီး ကူညီထောက်ပံ့မှုပေးရန်ဖြစ်သည်။ ၎င်းတို့ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီပေးဖို့ ဘုရားနှုတ်ကပတ်တော်များ ဖတ်ပြရန်ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အားနည်းခြင်းမရှိတော့ဘဲ ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းခံရစေဖို့ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းနှင့်ညီသော လက်တွေ့လုပ်ဆောင်မှုနည်းလမ်းတစ်ခုဖြစ်သလော။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းနှင့် ကိုက်ညီသည်။ သဘာဝအားဖြင့် ဤဆက်ဆံရေးအမျိုးအစားများသည်လည်း စည်းမျဉ်းနှင့်ကိုက်ညီသည်။ လူတို့သည် တမင်သက်သက် ဝင်ရောက်စွက်ဖက်နှောင့်ယှက်တတ်သောအခါ၊ သို့မဟုတ် တာဝန်ထမ်းဆောင်ရာတွင် တမင်သက်သက် ပေါ့ဆပြီး ဝတ်ကျေတန်းကျေပြုသောအခါ သင်သည် ဤအရာကိုမြင်ပြီး စည်းမျဉ်းနှင့်အညီ အကြောင်းအရာများကို ကိုင်တွယ်နိုင်လျှင်၊ ဤအရာများကို ၎င်းတို့ထံသို့ ထောက်ပြနိုင်လျှင်၊ ၎င်းတို့ကို အပြစ်ဖော်ဆုံးမနိုင်ပြီး ကူညီနိုင်လျှင် ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်။ သင်သည် မျက်ကွယ်ပြုလျှင်၊ သို့မဟုတ် ၎င်းတို့အပေါ် သည်းခံပြီး ၎င်းတို့အတွက် ဖုံးကွယ်ပေးလျှင်၊ ၎င်းတို့ကို ကြားကောင်းသောအရာများပြောသည်အထိ၊ ၎င်းတို့ကို ချီးမွမ်းပြီး လက်ခုပ်သြဘာပေးသည်အထိ၊ ၎င်းတို့ကို မုသားများဖြင့် လှည့်စားသည့်အထိပင် လုပ်ဆောင်လျှင်၊ ဤသို့သော အပြုအမူများ၊ ဤသို့ လူတို့နှင့် ဆက်ဆံသည့်၊ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်၊ ပြဿနာများကို ကိုင်တွယ်သည့်နည်းလမ်းများသည် သမ္မာတရားစည်းမျဉ်းများနှင့် သိသာထင်ရှားစွာ ကွဲလွဲနေပြီး ဘုရားနှုတ်ကပတ်တော်များတွင် အခြေခံခြင်းမရှိပေ။ ဤသို့သောဖြစ်ရပ်တွင် ဤအပြုအမူများနှင့် လူတို့နှင့်ဆက်ဆံသည့်၊ အရေးကိစ္စများကို ကိုင်တွယ်သည့် နည်းလမ်းများသည် သိသာထင်ရှားစွာပင် တရားဝင်မဟုတ်ပေ။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ တခြားလူတွေရဲ့ တာဝန်တွေမှာ ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ ပြုမူဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ ယုတ္တိအတန်ဆုံးနည်းက သမ္မာတရားအကြောင်း မိတ်သဟာယပြုပြီး သူတို့ကို ကူညီ၊ အားပေးဖို့ပဲ။ တစ်ခဏ မျက်စိလျှမ်းတာကြောင့်၊ စည်းမျဉ်းတွေကို သဘောမပေါက်သေးလို့ တခြားလူတွေက အလုပ်မှာ နှောင့်နှေးမှုတွေ ဖြစ်စေရင်၊ သူတို့နဲ့အတူ သမ္မာတရားကို စိတ်ရှည်ရှည် မိတ်သဟာယပြုပေးရင်းနဲ့ ရှိတဲ့ ပြဿနာတွေကို သူတို့ကို သိစေဖို့နဲ့ လမ်းကြောင်းတစ်ခုပေးဖို့ စည်းမျဉ်းတွေကိုလည်း သူတို့ဆီ ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပေးသင့်တယ်။ တချို့လူတွေက သူတို့တာဝန်မှာ အမြဲ ပေါ့ဆကြတယ်။ ဝန်ထုပ်တွေ မထမ်းနိုင်ကြဘူး၊ ပြဿနာတွေက ဆက်ဖြစ်နေသလို၊ ကောင်းကောင်း ပြီးသွားနိုင်တဲ့ ကိစ္စတွေက မပြီးဘူး။ အလားတူ ပြဿနာတွေက အထပ်ထပ်အခါခါ ဆက်ဖြစ်ပေါ်နေတယ်၊ အလုပ်ကို သက်ရောက်မှုရှိနေ၊ ဆိုးရွားတဲ့ ထိခိုက်နစ်နာမှုတောင် ဖြစ်စေရင်းနဲ့ပေါ့။ အဲဒါဆိုရင် ဒီလူစားမျိုးကို ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်သင့်တယ်၊ သတိပေးသင့်တယ်။ အထပ်ထပ် ဆုံးမမှုရှိပေမဲ့ သူတို့ မပြောင်းလဲရင်၊ သူတို့ကို ပြန်တာဝန်ခွဲဝေပေးတာ၊ ထုတ်ပယ်တာ လုပ်လို့ရတယ်။ ဒါပေမဲ့ အခြေအနေ ဘယ်လိုပဲဖြစ်ပါစေ၊ ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရား စည်းမျဉ်းတွေပေါ် အခြေခံပြီး ရှုမြင်၊ ကိုင်တွယ်ရမယ်၊ စိတ်တိုတာနဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ မပြုမူရဘူး။ ဒါတွေကို တွေးဆပြီးတဲ့နောက်၊ ကျွန်မစိတ်နှလုံး လင်းလက်သွားပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှာတွေ့ခဲ့တယ်။
ဒါပြီးတော့၊ ဝမ်မေနဲ့ ပတ်သက်လို့ ဖြစ်ခဲ့တာကို နားလည်အောင် အစ်မလီကို သွားရှာခဲ့တယ်။ အဲဒီအခါမှပဲ ဝမ်မေဟာ အရင်က တခြားအသင်းတော်တွေမှာ တာဝန်တွေ ထမ်းဆောင်နေခဲ့သလို၊ တလောကပဲ ကျွန်မတို့အသင်းတော်ဆီ ရွေ့ပြောင်းခံခဲ့ရမှန်း သိရတယ်။ ဒါကြောင့် အစ်မလီက သူနဲ့ပတ်သက်လို့ သိပ်မရင်းနှီးသေးတာပဲ။ တခြားအသင်းတော်တွေမှာ ဟိုသည်မေးရင်းနဲ့၊ ဝမ်မေက အမြဲ ပေါ့ဆတဲ့အပြင်၊ သွေဖည်တတ်ပြီး ယုံကြည်လို့မရမှန်း နောက်ပိုင်းမှာ သူ သိသွားခဲ့တာပဲ။ သူပြောခဲ့တာတွေက အပေါ်ယံမှာ ကြားကောင်းပေမဲ့၊ ပြောတဲ့အတိုင်း သူမလုပ်ဘူး။ လူ့သဘာဝ ကင်းမဲ့နေခဲ့သလို၊ လူတွေကို ဘောင်ခတ်ချင်တယ်။ ဒါကြောင့် နောက်ဆုံးမှာ သူ့တာဝန်ကနေ အထုတ်ခံလိုက်ရတာပဲ။ ဒီနောက်ခံအကြောင်းအရာကို သိသွားတော့ ကျွန်မ အရမ်းရှက်မိတယ်။ ကျွန်မတွေးခဲ့သလို အစ်မလီက တာဝန်မဲ့ခဲ့တာမှ မဟုတ်တာ။ အဲဒါက တခြားအသင်းတော်တွေမှာ မေးတာမြန်းတာတွေ လုပ်ဖို့ လိုခဲ့တာကြောင့်၊ တချို့အမှားတွေက မေးမြန်းဆဲမှာ ဖြစ်လာခဲ့ပြီး စိစစ်တာက ရှင်းရှင်း မပြီးခဲ့သေးတာကြောင့်ပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ အစ်မလီကို ကျွန်မ နောက်ထပ် မဝေဖန်တော့သလို၊ ဒီအမှားတွေကို ပြန်သုံးသပ်ဖို့ အခွင့်အရေးအနေနဲ့ ဒီကိစ္စကို သုံးပြီး ဒီပြဿနာမျိုး ထပ်ဖြစ်တာကို ရှောင်ရှားဖို့ပဲ ကျွန်မ သတိပေးလိုက်တယ်။ ဒီတစ်ကြိမ်မှာ ပြဿနာကို ကျွန်မ ကိုင်တွယ်တဲ့အခါ၊ ဒေါသ ဒါမှမဟုတ် ကိုယ့်အလိုဆန္ဒကနေ အရင်းခံတာမဟုတ်ဘဲ၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာရာကနေပဲ ဖြစ်လာတာပါ။ ဒီလိုလက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မ စိတ်နှလုံးက အေးချမ်းသွားတယ်။
ဒီအတွေ့အကြုံကနေ ကျွန်မ တွေ့ရတာက ကိုယ့်တာဝန်ကို လုပ်ဆောင်ရာမှာဖြစ်စေ၊ လူတွေကို ဆက်ဆံပုံမှာဖြစ်စေ၊ ကိုယ်ကိုယ်တိုင်ရဲ့ အယူအဆနဲ့ စိတ်ကူးတွေ၊ ကိုယ့်ရဲ့ ဒေါသအပေါ် မှီခိုလို့မရဘူးဆိုတာပဲ။ အရာရာကို ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံသင့်တယ်။ ဘုရားနှုတ်ကပတ်တော်ကနေ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာပြီး၊ သူ့တောင်းဆိုချက်တွေနဲ့အညီ ကိုယ့်တာဝန်တွေကို လက်တွေ့လုပ်၊ ဆောင်ရွက်လိုက်ပါ။ ဒါကပဲ သမ္မာတရားအပေါ် စစ်မှန်တဲ့ လိုက်စားမှုနဲ့ အသက်ထဲဝင်ရောက်ဖို့ လမ်းကြောင်းပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။