ဧဝံဂေလိ မျှဝေခြင်း၏ အသီးအပွင့်

23.01.2022

ချူးရှင်း တောင်ကိုရီးယားနိုင်ငံ

အရင်တစ်ခါတုန်းက ထရီဆာလို့ ခေါ်တဲ့ ဖီလစ်ပိုင်လူမျိုး ခရစ်ယာန်တစ်ယောက်နဲ့ အွန်လိုင်းမှာ ကျွန်မ တွေ့ခဲ့တယ်။ သူနဲ့သိလာတော့ သူက သခင့်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းရှိတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ သူက အသင်းတော်ဝတ်ပြုအစီအစဉ်မှုတွေကနေ ဘာမှ ရမနေဘူးလို့ ပြောတယ်။ ပြီးတော့ တခြားယုံကြည်သူတွေက လောကီရေပန်းစားတဲ့အရာတွေနောက်ကို ပိုပိုပြီး လိုက်လာကြတာကို တွေ့ရတယ်တဲ့။ သူ့အသင်းတော်က ခြောက်ကပ်နေသလို သူခံစားရပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုရှိတဲ့ အသင်းတော်ကို သူရှာချင်ခဲ့တယ်။ သူက ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ပြီး ဘုရားကို သိကျွမ်းချင်တယ်၊ အသက်တာသစ်ကို ရှင်သန်ချင်တယ်လို့လည်း ပြောတယ်။ သူ့ရဲ့ ဝိညာဉ်ရေးရာ တောင့်တမှုကို မြင်ရတော့ ဘုရားအသံတော်ကို သူကြားပြီး ဘုရားရဲ့အိမ်တော်မှာ ပါဝင်ရဖို့ ကျွန်မ သူ့ကို ဧဝံဂေလိ အရမ်း ဝေမျှချင်ခဲ့တယ်။ တစ်ခါတော့ ကျွန်မက သူ့ယုံကြည်ခြင်းမှာ သူ ဘာကိုလိုချင်တာလဲဆိုတာ သူ့ကို မေးလိုက်တယ်။ သူကပြောတယ်။ “ကျွန်မက ဘုရားနိုင်ငံတော်ကို သွားပြီး၊ သူနဲ့ထာဝရအသက်ရှင်ချင်တယ်။ ဒါပေမဲ့ ကျွန်မက အပြစ်သားဖြစ်ပြီး၊ ဘုရားနိုင်ငံတော်နဲ့ မထိုက်တန်ဘူး” တဲ့။ ကျွန်မက သူ့ကိုပြောလိုက်တယ်။ ကျွန်မတို့က ဝင်ရောက်ချင်ရင် ဘုရားနိုင်ငံတော်ရဲ့ စံနှုန်းတွေကို နားလည်ရမယ်ပေါ့။ ပြီးတော့ သူ ပိုပြီးလေ့လာချင်လားဆိုတာ မေးလိုက်တယ်။ သူက တကယ်ကို စိတ်လှုပ်ရှားရင်းနဲ့ “လေ့လာချင်တာပေါ့” ဆိုပြီးပြောတယ်။ သူက ရှာဖွေချင်တဲ့ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ဆိုတာ ကျွန်မ မြင်လိုက်တယ်။ အဲဒါကြောင့် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ အရမ်းဝေမျှချင်ခဲ့တယ်။ ဒါပေမဲ့ သူ အလုပ်သွားရမယ့်အချိန်ရောက်လာလို့ အဲဒီနေ့အတွက် ကျွန်မတို့ စကားပြောတာကို အပြီးသတ်လိုက်ရတယ်။

သူက မနက်စောစောကနေ ညနက်တဲ့အထိ အလုပ်လုပ်နေရပြီး သူ့အလုပ်နဲ့ပဲ တော်တော်အလုပ်ရှုပ်နေခဲ့တယ်။ အလုပ်ပြီးသွားတော့ သူက ပင်ပန်းပြီး အနားယူဖို့လိုတယ်လေ။ သူက အပတ်တိုင်း သူ့မှာရှိတဲ့ အချိန်နည်းနည်းလေးကအသင်းတော်ဝတ်ပြုအစီအစဉ်တွေဆီ သွားရင်းနဲ့ ကုန်သွားတယ်။ အဲဒီတော့ ကျွန်မတို့ စကားပြောဖို့က အခွင့်အရေးသိပ်မရှိခဲ့ဘူး။ သူ့ကို ကျွန်မ ဆက်သွယ်တဲ့အခါတိုင်းလိုလိုမှာ သူက အလုပ်မှာရောက်နေတော့ တကယ်တမ်း စကားပြောဖို့ အချိန်မရှိခဲ့ဘူး။ နည်းနည်းလောက်ကြာတော့ ကျွန်မ စိတ်ဓာတ်ကျလာတယ်။ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့က တစ်နိုင်ငံထဲမှာ ရှိနေတာမဟုတ်တော့ အွန်လိုင်းကနေ ဆက်သွယ်မှရမယ်။ ဒါဆိုရင် သူက အွန်လိုင်းတက်ဖို့ အချိန်မရှိရင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ငါသူနဲ့ ဘယ်လို ဝေမျှရမလဲပေါ့။ ကျွန်မ မတတ်နိုင်တော့ဘူးဆိုတော့ မေ့ပစ်လိုက်တာကောင်းတယ်လို့ စဉ်းစားမိလာတယ်။ တခြားတစ်ယောက်ယောက်က သူနဲ့ ဧဝံဂေလိ ဝေမျှချင် ဝေမျှမှာပါပေါ့။ ကျွန်မ လက်လျှော့လိုက်တော့မယ့်အချိန်မှာပဲ ဘုရားသခင်ပြောတာတစ်ခုကို သတိရမိတယ်။ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားနှုတ်ကပတ်တော်တွေကို နည်းနည်းတွေးလိုက်ပြီးတော့ ကျွန်မ တကယ် စိတ်မကောင်းဖြစ်မိတယ်။ သူနဲ့ ဧဝံဂေလိဝေမျှဖို့အတွက် ဖြစ်နိုင်သမျှ အရာတိုင်းကို ကျွန်မ မလုပ်ရသေးဘူး။ သခင်ယေရှုက ပြန်ကြွလာခဲ့ပြီဆိုတာကိုတောင် သူ့ကို မပြောရသေးဘူး။ သူက သခင့်ကို စိတ်နှလုံးထဲကနေ ယုံကြည်ခဲ့ပြီး သူ့အလိုတော်ကို နားလည်ဖို့ တောင့်တနေတာ။ ဒါပေမဲ့ သူက အာဟာရမရှိတဲ့ ဝိညာဉ်ရေးရာ အမှောင်ထဲမှာ ရှိနေတာ။ သူ တကယ်ကို အကူအညီလိုနေတဲ့အချိန်မှာပဲ ကျွန်မက သူ့ကို လက်လျှော့လိုက်တယ်။ ဒါဆိုရင် ဘုရားရဲ့အသံတော်ကို သူဘယ်တော့မှ ကြားမှာလဲ။ ကပ်ဘေးတွေက အခု များလာနေပြီ၊ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ ချက်ချင်းသက်သေမခံရင် သူ ကယ်တင်ခြင်းနဲ့ လွဲချော်သွားနိုင်တယ်။ အဲဒီလိုတွေးမိတော့ ပိုပြီးတောင် စိတ်မကောင်းဖြစ်မိပြီး ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် အရာအားလုံးက ကိုယ်တော်နဲ့ဆိုရင် ဖြစ်နိုင်တယ်ဆိုတာ ကျွန်မသိပါတယ်။ သူဟာ ကိုယ်တော်ရဲ့ သိုးတစ်ကောင်ဖြစ်တယ်ဆိုရင် ဧဝံဂေလိဝေမျှဖို့ ကျွန်မ တတ်စွမ်းသမျှ လုပ်ဆောင်လိုပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာတော့ ကျွန်မ ရုတ်တရက် တွေးမိသွားတယ်။ သူက အချိန်သိပ်မရှိပေမဲ့ ကျွန်မတို့ အတူဆုတောင်းဖို့အတွက် အချိန်တစ်ခုကို ကြိုပြီးပြင်ဆင်ထားလို့ရတယ် ပေါ့။ အဲဒါနဲ့ ဒီအကြောင်းကို သူ့ကို မေးလိုက်တော့ သူက ချက်ချင်းသဘောတူတယ်။ ကျွန်မတို့ မနက် ၅ နာရီဝန်းကျင်လောက် အချိန်သတ်မှတ်လိုက်တယ်။ အဲဒီအချိန်မှာတုန်းက ကျွန်မက ကျွန်မတာဝန်နဲ့ တော်တော်အလုပ်ရှုပ်နေပြီး ညတိုင်း မနက် ၂နာရီ၊ ၃နာရီအထိ လုပ်ရတယ်။ ကျွန်မ တွေးမိတယ်။ ငါ အဲဒီလောက်အစောကြီးထရင် သိပ်အိပ်လိုက်ရမှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ငါက ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို စိတ်ပူနေရင် ထရီဆာ ဘုရားရှေ့ကိုလာဖို့အတွက် နှောင့်နှေးနေမှာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ အဲဒါ မှားတယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ဘုရားသခင်က ဒီလိုပြောတာကို ကျွန်မ သတိရမိတယ်။ “ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဇာတိပကတိကို ကျေနပ်စေတာက စာတန်ကို ကျေနပ်စေတဲ့သဘောဖြစ်မှန်း ကျွန်မ သိခဲ့ပါတယ်။ သက်သေခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ မလုပ်နိုင်ဘူးဖြစ်သွားပြီးတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို သက်သေခံဖို့ ကျွန်မ အခွင့်အရေးဆုံးရှုံးသွားမှာပဲ။ ကျွန်မ ဆုတောင်းလိုက်တယ်။ သူနဲ့ ဧဝံဂေလိ မျှဝေပြီး ဘုရားအိမ်တော်ဆီကို သူ့ကိုခေါ်ဆောင်ဖို့အတွက် ဇာတိကပတိကို ကျောခိုင်းပြီး အဖိုးအခပိုပြီး ပေးဆပ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ မနက်စောစောဆုတောင်းဖို့အတွက် ကျွန်မတို့ စဆုံတွေ့ခဲ့ကြတယ်။ ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ဖို့အတွက် သူအချိန်ပိုရဖို့ မျှော်လင့်ရင်းနဲ့ သူ့အတွက် ကျွန်မ တကယ်စစ်မှန်တဲ့ ဆုတောင်းချက်တစ်ခုပြုတဲ့အခါမှာ သူက ကျွန်မကို တကယ်ကို လေးလေးနက်နက်နဲ့ပြောတယ်။ “ရှင်ဘယ်လောက် ရိုးသားမှန်း ကျွန်မ မြင်နိုင်ပါတယ်။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ တကယ်ကို တို့ထိခြင်းခံရပါတယ်” တဲ့။ သူ ဒီလိုပြောတာကို ကြားရတော့ ကြည်နူးအားရမိတယ်။ လူတစ်ယောက်က ရိုးသားတဲ့အခါမှာ လူတွေက အဲဒါကို တကယ်ခံစားရနိုင်တယ်ဆိုတာကို ကျွန်မ သိခဲ့ရတယ်။ ထရီဆာကို ဘုရားအိမ်တော်ကို ကျွန်မ သေချာပို့ဆောင်မယ်လို့ ဘုရားသခင်ဆီကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အဲဒါနဲ့ သမ္မာကျမ်းစာကို ကျွန်မတို့ အတူမိတ်သဟာယဖွဲ့ဖို့အတွက် အချိန်နည်းနည်းစီစဉ်ဖို့ သူ့ကို ကျွန်မ အကြံပြုခဲ့တယ်။ သူက သဘောတူပြီး နေ့စဉ် မိနစ် ၃၀ မိတ်သဟာယဖွဲ့ဖို့ အချိန်ကို စီစဉ်နိုင်ခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဘယ်လိုဝင်ရမယ်ဆိုတာ သူသိချင်တယ်လို့ ထပ်ပြောခဲ့တယ်။

နောက်တစ်နေ့မှာပဲ အဲဒီအကြောင်းကို ကျွန်မတို့မိတ်သဟာယမှာ ပြောကြတယ်။ ကျွန်မက ပြောတယ်။ “ယုံကြည်သူတိုင်းက နိုင်ငံတော်ကို ဝင်ရောက်ချင်ကြတယ်။ ဒီတော့ ကျွန်မတို့ ဘာကိုလုပ်ဖို့ လိုအပ်လဲ။ သခင့်ကို ကျွန်မတို့ နားထောင်ရမယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) သခင်ပြောတာ တော်တော်ရှင်းပါတယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အဓိကသော့ချက်က ဘုရားအလိုတော်ကို လုပ်ဖို့ပဲ။ အဲဒါ ဘာကိုဆိုလိုတာလဲ။ ရှင်းရှင်းပြောရရင် ဘုရားအလိုတော်ကို လုပ်တာဟာ သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီး သူ့ရဲ့ပညတ်တော်တွေကို လိုက်လျှောက်တာပဲ။ အဲဒါက ကိုယ့်ကိုယ်ကိုယ် အပြစ်ကနေ ဝေးကွာစေပြီး ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်တာ၊ စိတ်နှလုံးထဲကနေ ဘုရားကို ချစ်ပြီး ကျိုးနွံနာခံတာကို ဆိုလိုပါတယ်။ အမြဲတမ်းလိမ်ညာ၊ အပြစ်လုပ်တဲ့၊ ဘုရားကို ဆန့်ကျင်ပြီး ဘုရားရဲ့ သတ်မှတ်ချက်တွေကို ဆန့်ကျင်တဲ့သူတွေဟာ သူ့အလိုတော်ကို လုပ်နေတာမဟုတ်ဘူး။ ဒါဆိုရင် သူတို့က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ထိုက်တန်ရဲ့လား” ပေါ့။ သူကပြောတယ်။ “မထိုက်တန်ဘူး။ ကျွန်မတို့တွေက ကျွန်မတို့ စကားလုံးတွေနဲ့ အဆက်မပြတ်လိမ်ညာပြီး အပြစ်ပြုနေကြတယ်။ လူတွေက လောကီရေပန်းစားတဲ့အရာတွေနောက်၊ ပိုက်ဆံနောက်ကို ပိုလိုက်ကြတယ်။ ဘုရားသခင်ကို ကျွန်မတို့ စစ်မှန်စွာ မကိုးကွယ်ကြဘူး။ သင်းအုပ်ဆရာတွေတောင် ပါပါတယ်။ အဲဒီလိုပုံစံနဲ့ နိုင်ငံတော်ထဲကို ကျွန်မတို့ ဘယ်လိုဝင်နိုင်မှာလဲ” တဲ့။ ကျွန်မက ပြန်ပြောလိုက်တယ်။ “ဟုတ်တယ်။ ကျွန်မတို့ကို သခင်ယေရှုက ရွေးနှုတ်ခဲ့ပြီး ကျွန်မတို့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရတယ်။ ဒါပေမဲ့ ကျွန်မတို့က ဆက်ပြီး လိမ်ညာ၊ အပြစ်ပြုနေကြတယ်။ နေ့မှာ အပြစ်လုပ်ပြီး ညမှာ ဝန်ခံကြတယ်။ သမ္မာကျမ်းစာမှာ ပြောတယ်- ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ကျွန်မတို့က ဒီပုံစံနဲ့ နိုင်ငံတော်နဲ့ မထိုက်တန်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က လူသားကိုချစ်တယ်။ ကျွန်မတို့တွေအားလုံး ကယ်တင်ခံရပြီး သူ့နိုင်ငံတော်ထဲကိုရောက်ဖို့၊ သူ့ရဲ့အလင်းထဲမှာ အသက်ရှင်ရဖို့ သူ အလိုရှိတယ်ဆိုတာ ကျွန်မတို့အားလုံး သိကြတယ်။ ဒါဆိုရင် ကျွန်မတို့အတွက် ဒီလိုဖြစ်အောင် ဘုရားသခင်က ဘယ်လိုလုပ်ပေးလဲ။ ကျမ်းစာက ပြောတယ်။ ‘ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။’ (ဟေဗြဲသြဝါဒစာ ၉:၂၈) ကျွန်မတို့တွေ အပြည့်အဝ ကယ်တင်ခံရပြီး နိုင်ငံတော်ကို ဝင်ရောက်နိုင်ဖို့အတွက် ကျွန်မတို့ကို ကယ်တင်ဖို့၊ အပြစ်ရဲ့ချည်နှောင်မှုတွေကနေ ကျွန်မတို့ကို အပြည့်အဝလွတ်မြောက်စေဖို့၊ ကျွန်မတို့ကို ဘုရားကိုနာခံပြီး သူ့အလိုတော်ကို လိုက်လျှောက်တဲ့ လူတွေ ဖြစ်စေဖို့အတွက် သခင်က နောက်ဆုံးသောကာလမှာ တဖန်ကြွလာတယ်” ပေါ့။ သူက ဒါကို ကြားတော့ တော်တော်စိတ်လှုပ်ရှားပြီး ပြောတယ်။ “ကျွန်မ အပြစ်လုပ်နေတာကို အရမ်း ရပ်ချင်ပါတယ်။ ဒါဆို ဘုရားသခင်က ကျွန်မတို့ကို အပြစ်ကနေ ဘယ်လိုကယ်တင်တာလဲ” တဲ့။ ကျွန်မ သူ့ဆီကျမ်းပိုဒ်နည်းနည်း ပို့လိုက်တယ်။ ပထမတစ်ခုက “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) ပြီးတော့ ဒီအပိုဒ်တွေ။ “ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။ အားကြီးသောကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။...ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။(ဗျာဒိတ်ကျမ်း ၅:၁-၅) ကျွန်မက ပြောတယ်။ “သခင်က လူသားမျိုးနွယ်ကို သန့်စင်စေဖို့အတွက် သမ္မာတရားကို အသုံးပြုမယ်လို့ သူက ပြောတယ်။ ပြီးတော့ ဗျာဒိတ်ကျမ်းနဲ့ ဒံယေလအနာဂတ္တိကျမ်းနှစ်ခုလုံးမှာ နောက်ဆုံးသောကာလမှာ ပိတ်ထားတဲ့စာစောင် ပွင့်မယ်လို့ ပြောထားတယ်။ ဒီစာစောင်က နောက်ဆုံးသောကာလမှာ ဘုရားသခင် မိန့်မြွက်တဲ့ နှုတ်ကပတ်တော်အသစ်တွေကို ရည်ညွှန်းတာပဲ။ ဒါဟာ လူသားမျိုးနွယ်ကို သန့်စင်စေမယ့် သမ္မာတရားပဲ။ ဘုရားသခင် ကိုယ်တိုင်ကသာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စာစောင်ကိုဖွင့်ပြီး သမ္မာတရားကို ဖော်ပြနိုင်တယ်။ သခင်က ကျွန်မတို့ကို အပြစ်ကနေကယ်တင်ဖို့အတွက် နောက်ဆုံးသောကာလမှာ သူကြွလာတဲ့အခါ ကျွန်မတို့ကို သန့်စင်ပြီး ပြောင်းလဲစေဖို့ သမ္မာတရားအများကြီးကို ဖော်ပြပါတယ်။ ဗျာဒိတ်ကျမ်းကလည်း အကြိမ်ကြိမ်ပြောထားတယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) ဘုရားသခင်က နောက်ဆုံးသောကာလမှာ အသင်းတော်တွေဆီကို စကားပြောမယ်။ ကျွန်မတို့က သူ့အသံတော်ကို နားထောင်ရုံပဲ။ သူ့အသံတော်ကို ကျွန်မတို့ မကြားရင် သခင့်ကို မကြိုဆိုနိုင်ဘူး။ ဒါက ကျွန်မတို့တွေ သန့်စင်ပြီး ကယ်တင်ခံရဖို့၊ နိုင်ငံတော်နဲ့ ထိုက်တန်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ” လို့ပေါ့။

မိတ်သဟာယပြုရင်းနဲ့ ဒီနေရာမှာ ထရီဆာက ကျွန်မကို မေးတယ်။ “သခင်က နောက်ဆုံးသောကာလမှာ နှုတ်ကပတ်တော်အသစ်တွေကို ဘာကြောင့်မိန့်မြွက်ဖို့ လိုတာလဲ။ သမ္မာကျမ်းစာကို ကျွန်မ တစ်သက်လုံး ဖတ်ခဲ့တယ်။ ကျွန်မကို ယုံကြည်ခြင်းပေးပြီး အများကြီး သင်ကြားပေးခဲ့တယ်။ သည်းခံမှု၊ စိတ်ရှည်မှု၊ ခွင့်လွှတ်မှုတွေကို သင်ပေးတယ်။ သမ္မာကျမ်းစာနဲ့တင် လုံလောက်ပြီလို့ ကျွန်မ ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေအားလုံးက ကျမ်းစာထဲမှာရှိတယ်၊ ကျမ်းစာအပြင်မှာရှိတဲ့ ဘယ်အရာကမှ ဘုရားနှုတ်ကပတ်တော်မဟုတ်ဘူးဆိုပြီး ကျွန်မတို့ သင်းအုပ်ဆရာက အမြဲတမ်းပြောတယ်” တဲ့။ ထရီဆာက နောက်ဆုံးသောကာလမှာ သခင်စကားပြောတာနဲ့ပတ်သက်ပြီး အယူအဆတချို့ရှိနေတယ်၊ ဒါကို လက်မခံသေးဘူးဆိုတာ ကျွန်မ မြင်လို့ရတယ်။ အဲဒီတော့ သူပြောတာကို ကျွန်မ တိုက်ရိုက်ပြန်မချေပခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို သူ့ကို ဝေမျှလိုက်တယ်။ ကျွန်မက ပြောလိုက်တယ်။ “ကျွန်မလည်း ဒီလိုပဲ ထင်ခဲ့ဖူးတယ်။ သခင်ပြောသမျှတိုင်းက ကျမ်းစာထဲမှာရှိတယ်။ ကျမ်းစာပြင်ပမှာ ဘုရားနှုတ်ကပတ်တော်အသစ်လုံးဝ မရှိဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မကို အမြင်ပြောင်းသွားစေတဲ့ သခင်ပြောတဲ့အရာတစ်ခုကို အစ်ကိုတစ်ယောက်ကပြောပြတာကို ကျွန်မကြားခဲ့ရတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒါက အဲဒီအချိန်တုန်းက သခင်က သူ့တပည့်တော်တွေကို ပြောတဲ့အရာတစ်ခုပဲ။ သူက မျှဝေစရာ နောက်ထပ်အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက လူတွေက ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ပြီး မခံယူနိုင်ဘူးလို့ ပြောခဲ့တယ်။ ကျွန်မတို့တွေ အပြစ်ရဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်ပြီး အပြည့်အဝ ကယ်တင်ခံရနိုင်ဖို့အတွက် သမ္မာတရားအားလုံးကို လူတွေနားလည်ပြီး ဝင်ရောက်အောင် လမ်းပြဖို့ နောက်ဆုံးသောကာလမှာ သူ ပိုပြီးပြောကြားဖို့လိုတယ်” လို့ပေါ့။ အဲဒီမှာ သူကိုဝေမျှဖို့ ကျွန်မ ဥပမာကောင်းတစ်ခုကို သတိရသွားတယ်။ “ကလေးငယ်လေးတစ်ယောက်ကို မြင်ယောင်ကြည့်လိုက်။ သူက ငယ်ရွယ်ပြီး သူ့အမေက သူ့ကို စကားပြောဖို့ လမ်းလျှောက်ဖို့သင်ပေးနေတုန်းမှာ အဖေနဲ့ အမေကို စောင့်ရှောက်နိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်းတစ်ခုကောင်းကောင်းလုပ်ဖို့ သူ့အမေက သူ့ကို ပြောပါ့မလား။ ဘယ်ပြောမလဲ။ ဒါကို နားလည်နိုင်ဖို့က အရမ်းငယ်နေသေးတယ်လေ။ ဒါကြောင့် အဲဒီအရွယ်မှာ သူ့မိဘတွေက သူနားလည်နိုင်တဲ့အရာတွေကိုပဲ သူ့ကိုပြောလိမ့်မယ်။ နောက်တော့ သူအရွယ်ရောက်လာပြီး ပိုသိလာတဲ့အခါ ဘဝအကြောင်းကို ပိုပြီးပြောပြလိမ့်မယ်။ အလုပ်ရှာပြီး မိသားစုတစ်စုရှိတာမျိုးပေါ့။ အဲဒါက သခင်ယေရှုက လူတွေရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး ကျေးဇူးတော်ခေတ်မှာ ရွေးနှုတ်ခြင်းအမှုကို ပြုတာမျိုး၊ နောင်တလမ်းကို ဖော်ပြတာမျိုး၊ လူတွေကို နှိမ့်ချပြီး သည်းခံဖို့၊ ကားတိုင်ကို ထမ်းဖို့၊ သူတစ်ပါးကို ခုနှစ်ကြိမ် ခုနှစ်လီခွင့်လွှတ်ဖို့ သင်ပေးတာမျိုးပေါ့။ ဒါပေမဲ့ လူတွေကို သခင်က မပြောတဲ့ တခြားအရာတွေရှိတယ်။ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားတွေအားလုံးပေါ့။ သခင်က နောက်ဆုံးသောကာလမှာ ကြွလာတဲ့အချိန်အတွက် ဒါတွေကို သူက ချန်ထားတာ။ ဒါက ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားခဲ့တဲ့ ပိတ်ထားတဲ့စာစောင်ပဲ။ ဒီ နှစ် ၂၀ဝ၀ အတွင်းမှာ ဘယ်သူမှ အဲဒီစာအုပ်ကို မဖတ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် နောက်ဆုံးသောကာလမှာ သခင်ကြွမလာခင်အထိ စာအုပ်က မပွင့်လို့ပဲ။ အဲဒီစာစောင်ထဲမှာ ရေးထားတာတွေက ကျမ်းစာထဲမှာရှိနေနိုင်မယ်လို့ ထင်လား။” ပေ့ါ။ သူက အလေးအနက်နဲ့ပြောတယ်။ “ကျမ်းစာထဲမှာ မရှိနိုင်ဘူး” တဲ့။ သူနားလည်ပြီလို့ ပြောတဲ့အထိ ဒီမိတ်သဟာယကို ကျွန်မ သူနဲ့ နောက်ထပ် သုံးလေးခါ မျှဝေခဲ့တယ်။

ဒါပေမဲ့ နောက်တစ်နေ့မှာ နောက်ဆုံးသောကာလမှာ သခင်စကားပြောတဲ့အကြောင်းကို ကျွန်မထပ်ပြီးပြောတော့ နောက်ဆုံးသောကာလအတွက် သခင့်ရဲ့ နှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာရှိသင့်တယ်လို့ သူကပြောတယ်။ အစတော့ ကျွန်မ နားကြားလွဲတယ်လို့ ထင်လိုက်တာ။ အဲဒါနဲ့ သူ့ကို သေချာအောင်မေးကြည့်တယ်။ တကယ်ကို အဲဒီလို သူကပြောခဲ့တာ။ ကျွန်မ တော်တော်စိတ်ပျက်သွားတယ်။ တကယ်တမ်းတော့ သူက တကယ်ကို နားမလည်သေးဘူးဆိုပြီး ကျွန်မ တွေးမိတယ်။ ကျွန်မ တော်တော် စိတ်ဓာတ်ကျသွားတယ်။ အစကတည်းက သူနဲ့ အချိန်ကိုပြင်ဆင်ရတာ တော်တော်ခက်တယ်လို့ ကျွန်မ တွေးမိတယ်။ အခု ကျွန်မ သုံးလေးကြိမ်ရှင်းပြပြီးတာတောင် သူက နားမလည်သေးဘူး။ သူ ဒါကို နားလည်နိုင်ပါ့မလား။ ကျွန်မ ဘာမှမပြောခဲ့ပေမဲ့ နောက်ဆုတ်လိုက်ဖို့ စဉ်းစားလာမိတယ်။ ဒါပေမဲ့ နောက်တော့ သူက ကျွန်မတို့ မိတ်သဟာယကနေ ဘာမှ နားမလည်ခဲ့တာမဟုတ်မှန်း သဘောပေါက်ခဲ့တယ်။ လူတစ်ယောက်ကို အလွယ်တကူ ယူဆသတ်မှတ်လိုက်တာဟာ ဘုရားအလိုတော်နဲ့ မကိုက်ဘူးလေ။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ရုတ်တရက် မှတ်မိလိုက်တယ်။ “ဘုရားသခင်က သင့်အား ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ပေးထား၏၊ သင်သည် သင်ကြုံရသည့် ဧဝံဂေလိတရားဝေမျှရန် ရည်မှန်းထားသူတိုင်းကို အစွမ်းကုန် ချစ်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ဆက်ဆံသင့်သည်၊ လိုအပ်သည့် မည်သည့်အခက်အခဲကိုမဆို သည်းခံသင့်သည်၊ ဧဝံဂေလိတရားကို တာဝန်ယူခြင်းဖြင့် ဖြန့်ဝေသင့်ကာ သမ္မာတရားကို ရှင်းလင်းစွာ ဆွေးနွေးပြောဆိုသင့်သည်၊ ပြီးလျှင် ဘုရားသခင်ကို သင်၏လုပ်ရပ်များ အားလုံးအတွက် စစ်ကြောခြင်းကို ခံနိုင်ရမည်။ ဤသည်မှာ မိမိတာဝန်ကို ဖြည့်ဆည်းရာ၌ ရှိသင့်သည့် သဘောထားဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်”)ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားထားသည့်သူက မေးခွန်း တစ်ခုကို ထပ်တလဲလဲ မေးလျှင် သင်သည် မည်သို့ တုံ့ပြန်သင့်သနည်း။ ၎င်းတို့နားလည်ပြီး ထပ်မမေးတော့သည်အထိ ၎င်းတို့ကို ဖြေကြားဖို့၊ ၎င်းတို့၏ မေးခွန်းကို ဖြေရှင်းရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို တွေးဖို့ အချိန်ယူပြီး ဒုက္ခခံခြင်းတို့ မလုပ်သင့်ပေ။ အချိန်ယူပြီး ဒုက္ခခံရခြင်းကို စိတ်အနှောင့်အယှက် မဖြစ်သင့်ပေ။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးသည် လိပ်ပြာလုံလိမ့်မည်။ ဤသည်မှာ ၎င်းတို့အပေါ် အပြစ်ရှိသောစိတ် ကင်းသည်ဟု ဆိုလိုသလော။ မဆိုလိုပေ။ ဤတာဝန်၊ ဤဝတ္တရားသည် သင့်ကို ဘုရားသခင်က တာဝန်ပေးစေခိုင်းထားခြင်း ဖြစ်သောကြောင့် သင်သည် ဘုရားသခင်အပေါ် အပြစ်ရှိသောစိတ် ကင်းလိမ့်မည် ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်”) ဘုရားသခင်တောင်းဆိုတဲ့အရာအကြောင်းကို ကျွန်မ တွေးမိတဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်။ ကျွန်မက အကြိမ်နည်းနည်းလောက်ပဲ မိတ်သဟာယပြုခဲ့ပြီး သူက သူ့အယူအဆကို လက်မလွှတ်တာကြောင့် ကျွန်မက ဆက်မကြိုးစားချင်တော့ဘူး။ ကျွန်မက ချစ်ခင်နေတာ မဟုတ်ခဲ့ဘူး။ ကျွန်မ ယုံကြည်သူဖြစ်စတုန်းကလည်း အယူအဆတွေ အများကြီးရှိတာပဲ။ ဒါပေမဲ့ အဲဒီအယူအဆတွေကို ကျွန်မ လက်လွတ်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားရှေ့ကို မလာခင်အထိ ညီအစ်ကို မောင်နှမတွေက ကျွန်မနဲ့ ထပ်ခါထပ်ခါ မိတ်သဟာယပြုခဲ့ပြီး ကျွန်မအတွက် ဆုတောင်းပေးခဲ့တာလေ။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ သည်းခံခြင်းကြောင့်ပဲ။ ဒီတော့ ဧဝံဂေလိကို ကျွန်မမျှဝေနေတုန်းမှာ သူနဲ့ ဘာလို့ စိတ်ရှည်ရှည် မိတ်သဟာယမပြုနိုင်တာလဲ။ တော်တော်ရှက်မိပြီး ဘုရားကို ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သူက ကိုယ်တော်ရဲ့ သိုးတစ်ကောင်ဆိုရင် ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ။ ကိုယ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မတတ်နိုင်သမျှ လုပ်ဆောင်ပါမယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ သမ္မာကျမ်းစာက ဒီနှစ်တွေတစ်လျှောက်လုံးမှာ ထရီဆာရဲ့ ယုံကြည်ခြင်း အခြေခံအုတ်မြစ်ဖြစ်ခဲ့ပုံနဲ့ပတ်သက်လို့ ကျွန်မ တွေးမိတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအတွက် နှုတ်ကပတ်တော်အသစ်တွေက ကျမ်းစာထဲမှာမရှိဘူးဆိုတာကို သူကြားရတော့ လုံးဝ ချက်ချင်းလက်မခံနိုင်တာဟာ နားလည်ပေးလို့ရပါတယ်။ မတူတဲ့ ရှုထောင့်တစ်ခုကနေ သူ့ကိုပြောလို့ရနိုင်တယ်လို့ ကျွန်မ တွက်ဆမိတယ်။ အဲဒီနောက်မှာတော့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို သူနဲ့ ဝေမျှခဲ့တယ်။ “ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ကိုးကွယ်၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)ဤနေရာတွင် ငါ ရှင်းပြရန် ဆန္ဒရှိသည့် အချက်မှာ ဤသို့ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးသည် ထာဝရ မကုန်ခမ်းနိုင်သကဲ့သို့ အဆုံးမရှိဖြစ်သည်။ ဘုရားသခင်သည် အသက်နှင့် အရာခပ်သိမ်း၏ အရင်းအမြစ် ဖြစ်သည်။ သူ့ကို မည်သည့် ဖန်ဆင်းခံသတ္တဝါကမျှ နားမလည်နိုင်ပေ။ နောက်ဆုံးအနေနှင့်၊ အယောက်တိုင်းကို ငါ ဆက်လက်သတိပေးရမည်။ ဘုရားသခင်အား စာအုပ်များ၊ စကားလုံးများ၊ သို့မဟုတ် သူ၏ အတိတ်က မိန့်မြွက်ချက်များဖြင့် နောက်တစ်ဖန် ဘောင်မခတ်နှင့်။ ဘုရားသခင့်အမှု၏ ထူးခြားသော ပင်ကိုလက္ခဏာအတွက် စကားလုံးတစ်လုံးသာ ရှိသည်- အသစ်ဟူ၍ ဖြစ်၏။ သူသည် လမ်းဟောင်းများကို လျှောက်ရန် သို့မဟုတ် သူ၏ အမှု တစ်ကျော့ပြန်ရန် မနှစ်သက်ပေ။ ထို့အပြင် သူသည် လူတို့အား သူ့ကို နယ်ပယ်တစ်ခုအတွင်း ဘောင်ခတ်ခြင်းအားဖြင့် မကိုးကွယ်စေချင်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိဂုံးအမှာစကား) အဲဒီနောက်မှာ ကျွန်မ သူနဲ့ မိတ်သဟာယပြုခဲ့ပါတယ်။ “ဘုရားသခင်ဟာ သမ္မာတရားအားလုံးရဲ့ အရင်းအမြစ်ဖြစ်ပြီး သူ့ရဲ့ ဉာဏ်ပညာဟာ အကန့်အသတ်မရှိပါဘူး။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်အပေါ် အခြေခံပြီး သမ္မာတရားတွေကို အမြဲ ပိုပြီးဖော်ပြနိုင်တယ်။ ကျမ်းစာမှာပြောထားတာတွေနဲ့ပဲ သူ့ကို ဘယ်လိုလုပ် ကန့်သတ်လို့ရမှာလဲ။ အဲဒါက ကျမ်းစာမှာပါတဲ့အရာတွေနဲ့ ဘုရားကို ဘောင်ခတ်နေတာမဟုတ်ဘူးလား” ပေါ့။ အဲဒီနောက်မှာ ရေတွင်းအောက်ခြေက ဖားတစ်ကောင်အကြောင်းဖြစ်တဲ့ တရုတ်ပုံပြင်တစ်ခုကို သူ့ကိုပြောပြခဲ့တယ်။ ကျွန်မက ပြောတယ်။ “ရေတွင်းတစ်ခုရဲ့ အောက်ခြေမှာနေတဲ့ ဖားတစ်ကောင်ရှိတယ်။ သူက ရေတွင်းအပေါက်ကနေပဲ ကောင်းကင်ကို မြင်နိုင်တယ်။ ဒါကြောင့် သူက ကောင်းကင်ဟာ အဲဒီအပေါက်လောက်ပဲ ကျယ်တယ်လို့ ထင်တယ်။ အဲဒီနောက် တစ်နေ့မှာ မုန်တိုင်းကြီးကျပြီး မိုးတွေအရမ်းရွာလာတော့ ဖားက ရေတွင်းထဲကနေ ခုန်ထွက်နိုင်ခဲ့တယ်။ ဖားဟာ ကောင်းကင်ရဲ့ အကန့်အသတ်မရှိတဲ့ အကျယ်အဝန်းကို မြင်ခဲ့ရတယ်။ တကယ်တော့ ရေတွင်းရဲ့အပေါက်ထက် အများကြီးပိုကြီးမှန်း သိလိုက်ရတယ်။ ဖားဟာ ရေတွင်းရဲ့အောက်ခြေမှာရှိနေလို့ ကောင်းကင်တစ်ခုလုံးကို သူ မမြင်နိုင်ခဲ့တာဖြစ်မှန်း သဘောပေါက်သွားခဲ့တယ်” ဆိုပြီးပေါ့။ ကျွန်မကလည်း အဲဒီလိုခံစားခဲ့ရတယ်။ ဘုရားသခင်အပေါ် ကျွန်မရဲ့ နားလည်မှုက တော်တော်ကို နည်းပါးတယ်လို့ ပြောလိုက်တယ်။ ဘုရားသခင်က အရမ်းကို ကြီးမြတ်ပြီး ကျွန်မတို့က အရမ်းသေးငယ်ပါတယ်။ ဘုရားသခင်က အကန့်အသတ်မရှိဖြစ်ပြီး ကြွယ်ဝတယ်။ ကျွန်မတို့ကိုယ်တိုင်ရဲ့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းကို ကျွန်မတို့ လုံးဝ မသိနိုင်ဘူး။ ဘုရားကို ကျွန်မတို့ ဘယ်လိုလုပ် ဘောင်ခတ်လို့ ရနိုင်မှာလဲ။ သခင်ယေရှုက ပြောတယ်။ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဘုရားသခင်က သမ္မာတရားရဲ့ ရေသောက်မြစ်ပါ။ ဘုရားသခင်ဟာ ကျမ်းစာထဲမှာရှိတာထက် ပိုပြီး သမ္မာတရားတွေကို ဖော်ပြနိုင်သလား၊ အဲဒီထက်ပိုပြီး မြင့်မားတဲ့အရာတွေ၊ နောက်ဆုံးသောကာလမှာ လူတွေလိုအပ်တဲ့အရာတိုင်းကို ဖော်ပြနိုင်သလားလို့ ကျွန်မ သူ့ကို မေးတယ်။ သူက “ဖော်ပြနိုင်တာပေါ့” ဆိုပြီး ပြောတယ်။ သူ့ရဲ့ အယူအဆတွေက စပြီး လျော့ကျလာတာကို၊ သူ့စိတ်နှလုံးက ပွင့်လာတာကို ကျွန်မ မြင်နိုင်တယ်။ အဲဒီကျမ်းပိုဒ်ကိုပဲ ကျွန်မ သူ့ဆီပို့လိုက်တယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) ဝိညာဉ်တော်က အသင်းတော်တွေကို ပြောတဲ့အရာက သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ ပြောတဲ့အရာ အတိအကျပဲလို့ ကျွန်မ သူ့ကိုပြောပြတယ်။ ကျမ်းစာမှာ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ပြောခဲ့၊ လုပ်ခဲ့တဲ့အရာတွေရဲ့ မှတ်တမ်းရှိတယ်။ သခင်ပြန်ကြွလာတဲ့အခါ သူဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာ ကြိုရှိနေနိုင်မလားလို့ ကျွန်မ မေးလိုက်တယ်။ သူက ပြုံးပြီးတော့ “ကျွန်မ အခုနားလည်ပြီ။ သခင်ပြန်ကြွလာတဲ့အချိန် သခင့်ရဲ့နှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာမရှိဘူး။ ဘုရားသခင်က ကျမ်းစာပြင်ပမှာ နှုတ်ကပတ်တော်တွေကို မိန့်မြွက်နိုင်တယ်” ဆိုပြီး ပြောတယ်။ သူက တကယ်ကို နက်နက်နဲနဲ တို့ထိခံရပြီး ပြောတယ်။ လူတွေက ဘုရားကို ကောင်းကောင်းနားမလည်ကြဘူးတဲ့။ သူက ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ချင်ပြီး ဘုရားကို ပိုပြီးနားလည်ချင်ခဲ့တယ်။

သခင်က ပြန်ကြွလာပြီး နောက်တစ်ခါ စကားပြောမယ်ဆိုတာကို လက်ခံဖို့ ထရီဆာက အသင့်ဖြစ်နေတာကို မြင်ရတော့ ကျွန်မလည်း ပျော်သွားတယ်။ အဲဒါနဲ့ ကျွန်မ သူ့ကို မေးလိုက်တယ်။ “သခင်က ပြန်ကြွလာပြီး ထပ်ပြီးစကားပြောမယ်ဆိုတော့ သူ့ရဲ့ မိန့်မြွက်ချက်တွေအတွက် ဘယ်လိုနည်းလမ်းကို သူအသုံးပြုမယ်ထင်လဲ” ဆိုပြီးတော့။ သူက “ဝိညာဉ်တော်ကနေ တစ်ဆင့်ပေါ့” လို့ ပြောတယ်။ ကျွန်မ သူ့ကိုပြောပြလိုက်တယ်။ ကျွန်မလည်း အဲဒီလိုထင်ခဲ့ဖူးတယ် ပေါ့။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျမ်းစာကို လေ့လာစူးစမ်းပြီး ဒီလိုပြောထားတာကို တွေ့ရတယ်။ “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) နောက်ပြီးတော့ “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၆) ပြီးတော့ “သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄) ကျွန်မက ပြောတယ်။ “သခင်က လူသားအဖြစ် ပြန်ကြွလာမယ်လို့ ဒီကျမ်းချက်တွေအားလုံးက ပြောထားတယ်။ လူသားဆိုတာက သူဟာ လူကနေ မွေးဖွားပြီး သာမန်လူ့သဘာဝရှိမယ်လို့ ဆိုလိုတာပဲ။ သူက ဝိညာဉ်ပုံစံနဲ့ရှိနေမယ်ဆိုရင် အဲဒီလို အခေါ်ခံရမှာမဟုတ်ဘူး။ ယေဟောဝါဘုရားသခင်က ဝိညာဉ်ပုံစံနဲ့ရှိနေတာကြောင့် သူ့ကို အဲဒီလိုမခေါ်ဘူး။ အဲဒါက သခင်က နောက်ဆုံးသောကာလမှာ လူ့ဇာတိခံပြီး ပြန်ကြွတယ်လို့ ဆိုလိုတာပဲ။ သူကသာ ရှင်ပြန်ထမြောက်လာတဲ့ ဝိညာဉ်ခန္ဓာနဲ့ မိုးတိမ်စီးပြီး လူတွေအားလုံးဆီကို ပွင့်ပွင့်လင်းလင်းပေါ်ထွန်းရင် လူတိုင်းက ကြောက်ရွံ့မှုနဲ့ တုန်လှုပ်ပြီး ပျပ်ဝပ်ကြလိမ့်မယ်။ သူ့ကို ဘယ်သူကမှ ငြင်းပယ်ရဲမှာမဟုတ်ဘူး။ ဒါဆိုရင် ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်’ ဆိုတဲ့ သခင့်နှုတ်ကပတ်တော်တွေက ဘယ်လိုလုပ် ပြည့်စုံမှာလဲ” ပေါ့။ ထရီဆာက တစ်ခုခုကို တွေးဆနေတဲ့ ပုံပဲ။ အဲဒါနဲ့ ကျွန်မ ဆက်ပြီး သူ့ကိုမေးလိုက်တယ်။ “သခင်က နောက်ဆုံးသောကာလမှာ ဘာလို့ ဝိညာဉ်တော်အနေနဲ့မဟုတ်ဘဲ လူ့ဇာတိခံပြီးလာဖို့ ဆုံးဖြတ်တာလဲ” ဆိုပြီးတော့။ သူက ခေါင်းရမ်းပြတယ်။ ကျွန်မက ပြောလိုက်တယ်။ “ဝိညာဉ်ပုံစံနဲ့ ဘုရားသခင်ကို လူတွေက မမြင်နိုင်၊ မထိတွေ့နိုင်ဘူး။ ဝိညာဉ်ခန္ဓာတစ်ခုက ရုတ်တရက် ပေါ်လာပြီး စကားပြောရင် ဘယ်လိုခံစားရမလဲ” ပေါ့။ လူတွေက ကြောက်ပြီး စိတ်ရှုပ်ထွေးသွားကြမှာပဲ။ ဘုရားသခင်က ကျွန်မတို့ကို စကားပြောနေတုန်းမှာ လူတိုင်းကို ကြောက်နေစေချင်လား။ အဲဒီလို ဘယ်ဟုတ်မလဲ။ ပြီးတော့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က အရမ်း စွန်းထင်းလွန်းတယ်။ ဘုရားရဲ့ ဝိညာဉ်ကို မြင်ဖို့ မထိုက်တန်ပါဘူး။ ဘုရားရဲ့ဝိညာဉ်ကို မြင်တာနဲ့ ကျွန်မတို့က သေသွားမှာပဲ။ ဒါတွေအားလုံးကို ရှင်းပြပြီးတဲ့နောက်မှာ ကျွန်မ သူ့ကို နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြတယ်။ “ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))ဤသည်မှာ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အရေးသာမှုဖြစ်သည်။ သူသည် လူတို့ကို စကားပြောဆိုရန်နှင့် သူ၏ အလိုတော်ကို ဖော်ပြရန် လူသားမျိုးနွယ်၏ အသိပညာကို ကောင်းစွာ အသုံးချနိုင်ပြီး လူသား၏ဘာသာစကားကို အသုံးပြုနိုင်ခဲ့သည်။ လူ့ဘာသာစကား၊ လူ့နည်းလမ်းတစ်ခုဖြင့် လူတို့ နားလည်ရန် ကြိုးပမ်းခဲ့ရသည့် သူ၏ နက်နဲသည့် ဘုရား ဘာသာစကားကို လူသားထံ သူ ရှင်းပြခဲ့သည်၊ သို့မဟုတ် ‘ဘာသာပြန်ခဲ့သည်။’ ဤအရာက လူတို့ကို သူ၏အလိုတော်ကို နားလည်ပြီး၊ သူလုပ်ဆောင်လိုသောအရာကို သိရှိရန် ကူညီခဲ့သည်။ သူသည် လူ့သဘာဘာသာစကားကို အသုံးပြုရင်း၊ လူသား၏ရှုထောင့်မှ လူတို့နှင့် စကားပြောဆိုနိုင်ပြီး ၎င်းတို့နားလည်သော နည်းလမ်းဖြင့် လူတို့ကို ဆက်သွယ်ပြောဆိုနိုင်ခဲ့သည်။ လူတို့က ဘုရားသခင်၏ ကြင်နာခြင်းနှင့် ရင်းနှီးမှုကို ခံစားနိုင်ရန်အလို့ငှာ၊ သူ၏နှလုံးသားကို ၎င်းတို့ မြင်နိုင်ရန်အလို့ငှာ သူသည် လူသား၏ဘာသာစကားနှင့် အသိပညာတို့ကို အသုံးပြုလျက်ပင် ပြောဆိုကာ လုပ်ဆောင်နိုင်ခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)) အဲဒီနောက်မှာ ကျွန်မရဲ့ မိတ်သဟာယကို ဆက်လုပ်တယ်။ “ဘုရားသခင်က ကျွန်မတို့နဲ့ ပိုရင်းနှီးနိုင်အောင်လို့၊ ကျွန်မတို့ကို ကယ်တင်ဖို့ ကျွန်မတို့ကို သမ္မာတရားကို ပေးဖို့အတွက် လူ့ဇာတိနဲ့ လာပြီး ကျွန်မတို့ကြားမှာ တကယ့်ဘဝကို ရှင်သန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မိဘနဲ့ သားသမီးလိုပါပဲ။ မိဘတွေက သူတို့ကလေး သူတို့ကို မြင်တဲ့အခါတိုင်း ကြောက်စေချင်ပါ့မလား။” ဘယ်ကြောက်စေချင်မှာလဲ။ အဲဒါနဲ့ ကျွန်မ သူ့ကိုပြောပြတယ်။ “မိဘတွေက သူတို့ကလေးကို ဘယ်တော့မှ ကြောက်စေချင်မှာမဟုတ်ဘူး။ သူတို့ကိုမြင်တိုင်း ပုန်းစေချင်မှာမဟုတ်ဘူး။ ဒီတော့ င် ဘုရားကရော။ ဘုရားသခင်က ကောင်းကင်ဘုံကနေပဲ စကားပြောလိုက်ရင် ကျွန်မတို့က ကြောက်ပြီး သူ့ဆီကနေ အဝေးကို သွားကြမှာပဲ။ ဘုရားသခင်က ကျွန်မတို့ကို အဝေးထွက်မသွားစေချင်ဘူး။ သူက ရင်းနှီးဖို့ ခက်တယ်လို့ မခံစားစေချင်ဘူး။ ဒါကြောင့် သခင်ပြန်ကြွလာခြင်းက သခင်ယေရှု ကြွလာခဲ့တုန်းကလိုပါပဲ။ ပုံမှန်၊ သာမန်လူသားတစ်ယောက်အဖြစ် လူ့ဇာတိနဲ့ကြွလာခဲ့တယ်။ သူ့ရဲ့ တပည့်တော်တွေနဲ့ စားသောက်၊ စကားပြောတယ်။ သူတို့ရဲ့ ပြဿနာတွေနဲ့ မရှင်းလင်းတာတွေကို အမြဲတမ်း ကူညီဖြေရှင်းပေးတယ်။ စစ်မှန်တဲ့ အသက်ရှင်တဲ့ဘုရားက လူသားကြားမှာ တကယ်နေထိုင်တာကို မြင်ရတာက ဘုရားကို ပိုပြီးနီးစပ်သလို ခံစားရအောင် ကူညီပေးတယ်။ နောက်ပြီး ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့၊ ကျွန်မတို့ကို ပံ့ပိုးပြီး အားဖြစ်စေဖို့အတွက် ကျွန်မတို့ရဲ့ ဘာသာစကားကို အသုံးပြုနိုင်တယ်။ သူ့အလိုတော်ကို ကျွန်မတို့ ပိုပြီးနားလည်နိုင်အောင် သူက ဥပမာတွေ၊ နှိုင်းယှဉ်ပြချက်တွေကို အသုံးပြုနိုင်တယ်။ အဲဒီအခါ သမ္မာတရားကို နားလည်ပြီး ဝင်ရောက်ဖို့အတွက် ကျွန်မတို့အတွက် ပိုပြီးလွယ်ကူသွားတယ်။ ကျွန်မတို့အတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းက အရမ်း လက်တွေ့ကျပြီး အရမ်းကို တန်ဖိုးရှိပါတယ်။ ကျွန်မတို့တွေ သမ္မာတရားကို နားလည်ဖို့၊ အပြစ်ကနေ လွတ်မြောက်ဖို့နဲ့ အပြည့်အဝကယ်တင်ခံရဖို့အတွက် စကားပြောပြီး အလုပ်လုပ်ဖို့ ဘုရားသခင်ဟာ လူ့ဇာတိခံယူခြင်းအားဖြင့် အရှက်ရခြင်းနဲ့ ဆင်းရဲဒုက္ခတွေအများကြီး သည်းခံရတယ်။ ဒါဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အတွက် သူ့ရဲ့ အကြီးမြတ်ဆုံးကယ်တင်ခြင်းပါပဲ။” ဒီအချိန်မှာ ထရီဆာက မျက်ရည်တွေကျလာတယ်။ သူကပြောတယ်။ “ကျွန်မ အခုနားလည်ပြီ။ သခင်က လူ့ဇာတိခံပုံစံနဲ့ ပြန်ကြွလာတယ်။ ကျွန်မလည်း ဘုရားသခင်ကို လူ့ဇာတိနဲ့ ကျွန်မတို့ဆီကို ကြွလာစေချင်ပါတယ်။ သူက ကျွန်မတို့ကို အရမ်းချစ်တယ်။ ကျွန်မတို့က ဒါနဲ့ မထိုက်တန်ပါဘူး” တဲ့။ ထရီဆာက ဘယ်လောက် တို့ထိခံရတယ်ဆိုတာကို ကြည့်ပြီး ကျွန်မ တကယ်စိတ်ခံစားရတယ်။ ပြီးတော့ ဘုရားသခင်ပြောတာတစ်ခုကို ကျွန်မ သတိရမိတယ်။ “သင်သည် ခေတ်အသီးသီးတွင် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားကို ခိုင်လုံသော နည်းလမ်းဖြင့်၊ ခေတ်ကာလ၏ အရေးပါမှုကို အလိုက်အထိုက်အားဖြင့် သိရှိစေသည့် ဘာသာစကားဖြင့် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုကို ကြုံတွေ့ရသည့် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အသေးစိတ် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်းနှင့် မှန်ကန်တိကျစွာ သင် ဖော်ပြနိုင်သလော။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ကာ ငတ်မွတ်ပြီး ၎င်းတို့အား ထိန်းကျောင်းဖို့ သင့်ကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများကို သင် မြင်ဖူး ကြုံဖူးထားသည့်အရာကို မည်သို့ လက်ဆင့်ကမ်းမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း)သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံရန်အတွက် သင်၏ အတွေ့အကြုံ၊ သိကျွမ်းခြင်းနှင့် သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခအပေါ် အမှီပြုရမည်။ ထိုမှသာလျှင် သင်သည် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဧဝံဂေလိမျှဝေတဲ့ အချိန်တွေကို ကျွန်မ ပြန်တွေးမိတယ်။ အများအားဖြင့် ကျွန်မက လူတွေနဲ့ သီအိုရီတွေကိုပဲ ဝေမျှနေခဲ့တာ။ ဘုရားသခင်ကို ကျွန်မ တကယ်နားလည်သလား၊ ကျွန်မရဲ့ တကယ့်၊ ကိုယ်ပိုင်အတွေ့အကြုံကနေ သက်သေခံချက်ကို မျှဝေနိုင်ခြင်း ရှိမရှိဆိုတာကို ကျွန်မ တစ်ခါမှ မစဉ်းစားခဲ့ဘူး။ ဧဝံဂေလိဝေမျှတာက တခြားလူတွေကို စကားပြောတာသက်သက်မဟုတ်ဘဲ ဘုရားသခင်ကို ပိုသိဖို့ ကျွန်မအတွက် အခွင့်အရေးပဲဆိုတာ ဒီအတွေ့အကြုံက ကျွန်မကို ပြခဲ့ပါတယ်။ ကျွန်မလည်း ထရီဆာနဲ့ ကျွန်မရဲ့ မိတ်သဟာယကတစ်ဆင့် ဘုရားရဲ့ချစ်ခြင်းကို ခံစားရတယ်။ သူကသာ လူ့ဇာတိနဲ့ အလုပ်လုပ်ပြီး စကားပြောဖို့ ကြွမလာခဲ့ရင် ကျွန်မတို့ဟာ သမ္မာတရားကို နားလည်ဖို့၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရဖို့ မဖြစ်နိုင်ဘူး။ ကပ်ဘေးကြီးတွေထဲမှာပဲ ပျက်စီးပြီး အဆုံးသတ်ရမှာပဲ။ အဲဒါကို ကျွန်မ တွေးမိလေလေ၊ ကျွန်မတို့အတွက် ဘုရားရဲ့ချစ်ခြင်းက ဘယ်လောက်ကြီးတယ်ဆိုတာ ခံစားရလေလေပဲ။ နောက်တော့ ထရီဆာက ပြောတယ်။ “ဒီနေ့ မိတ်သဟာယက ကျွန်မအတွက် အားလုံး လုံးဝ အသစ်ပဲ။ ဒီကနေ ကျွန်မ တကယ်ကို အများကြီးရလိုက်တယ်” တဲ့။

သူဒီလိုပြောတာ ကြားရတော့ ကျွန်မ ကြည်နူးမိတယ်။ ပြီးတော့ ကျွန်မ သူ့ကို ပြောပြလိုက်တယ်။ “သခင်ယေရှုက လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် နှုတ်ကပတ်တော်အသစ်တွေကို ဖော်ပြခဲ့ပြီး နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကို ပြုနေပါတယ်။ ဒါက ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ်။ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ပြီးတော့ ‘ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)” ဆိုတာတွေ အပါအဝင်ပေါ့။ သခင်က ပြန်ကြွလာနှင့်ပြီးပြီဆိုတာကို ကြားတော့ ထရီဆာက တကယ်ကို စိတ်လှုပ်ရှားသွားတယ်။ ဒါပေမဲ့ သူက မရှင်းတာတွေလည်း ရှိနေတယ်။ သူက မေးတယ်။ “သခင်ယေရှုက ကားစင်တင်ခံရတဲ့အချိန်မှာ ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့ပြီးပြီ။ ဘာကြောင့် နောက်ဆုံးသောကာလမှာ လူကို ကယ်တင်ဖို့အတွက် သခင်က ပြန်ကြွလာပြီး တရားစီရင်ခြင်းအမှုကိုပြုဖို့ လိုအပ်တာလဲ” တဲ့။ ကျွန်မ သူ့ကို ဘုရားနှုတ်ကပတ်တော်တချို့ဖတ်ပြလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မကပြောတယ်။ “သခင်ယေရှုက ကျွန်မတို့ကို တကယ် ရွေးနှုတ်ခဲ့ပါတယ်။ ဒီရွေးနှုတ်ခြင်းက ဘာကို စွမ်းဆောင်ခဲ့လဲ။ ပညတ်တော်ကို ချိုးဖောက်တဲ့အတွက် အပြစ်ဒဏ်ပေးတာမခံရတော့အောင် ကျွန်မတို့ အပြစ်တွေကနေ ရွေးနှုတ်ခဲ့တာပါ။ ဒါက သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုပြီးမြောက်ခဲ့တဲ့ အရာပဲ။ ကျွန်မတို့ အပြစ်တွေက သခင့်အပေါ် ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကနေတစ်ဆင့် ခွင့်လွှတ်ခြင်းခံရတယ်။ ဒါပေမဲ့ ကျွန်မတို့က တစ်ချိန်လုံး လိမ်ညာပြီး အပြစ်မလုပ်ပဲ မနေနိုင်ကြဘူး။ ကျွန်မတို့ဟာ နေ့မှာ အပြစ်လုပ်ပြီး ညမှာ ဝန်ခံတဲ့ ဆိုးဝါးတဲ့စက်ဝန်းထဲမှာ အသက်ရှင်ကြပြီး အပြစ်ရဲ့ ချည်နှောင်မှုတွေကို လုံးဝ မလွတ်မြောက်နိုင်ကြဘူး။ ဒါ ဘာကြောင့်လဲ။ ဒါဟာ ကျွန်မတို့ရဲ့ အပြစ်ပြုတဲ့ သဘာဝကို မဖယ်ရှားရသေးလို့ပဲ။ ဒီအပြစ်ပြုတဲ့သဘာဝက ကျွန်မတို့အတွင်းထဲမှာရှိနေတဲ့ အန္တရာယ်ပေးနိုင်တဲ့ အကြိတ်တစ်ခုလိုပဲ။ အဲဒါကို ဖယ်မပစ်ရင် ကျွန်မတို့ကို အကြိမ်ပေါင်းထောင်ချီ၊ သောင်းချီပြီး ခွင့်လွှတ်ပေးလို့ရပေမဲ့ အပြစ်ကနေ ကျွန်မတို့ လုံးဝ လွတ်မြောက်မှာမဟုတ်ဘူး။ နိုင်ငံတော်နဲ့ ထိုက်တန်မှာမဟုတ်ဘူး။ ဒါကြောင့် သခင်က ပြန်ကြွလာပြီး တရားစီရင်ခြင်းအမှုကို ပြုဖို့ လိုအပ်တာပါ။ ဒီတရားစီရင်ခြင်းအမှုက ကျွန်မတို့ရဲ့ အပြစ်ပြုတဲ့သဘာဝကို ဖြေရှင်းဖို့ပါ။ ဒီလိုနဲ့ ကျွန်မတို့တွေ အပြစ်ရဲ့ အချုပ်အနှောင်တွေကနေ လုံးဝ လွတ်မြောက်နိုင်မှာ၊ သန့်စင်ခံရပြီး အပြည့်အဝ ကယ်တင်ခံရနိုင်မှာပါ။”

ထရီဆာက ဒါကို ကြားတော့ တော်တော်ပျော်သွားပြီး ပြောတယ်။ “တရားစီရင်ခြင်းအမှုအကြောင်းကို ပြောပြနိုင်မလား။ ကျွန်မတို့ကို အပြစ်ကနေ ကယ်တင်ဖို့အတွက် ဒီတရားစီရင်ခြင်းအမှုကို ဘုရားသခင်က ဘယ်လိုဆောင်ရွက်ခဲ့တာလဲ” တဲ့။ ကျွန်မ သူ့ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြလိုက်တယ်။ “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ဒါကို ဖတ်ပြီးတော့ ကျွန်မ ပြောတယ်။ “နောက်ဆုံးသောကာလမှာ ဘုရားသခင်က ဘုရားကိုဆန့်ကျင်တဲ့ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်တဲ့သဘာဝကို ဖော်ထုတ်ဖို့အတွက် သူ့ရဲ့ တရားစီရင်ခြင်းကို နှုတ်ကပတ်တော်တွေနဲ့ ဆောင်ရွက်တယ်။ စာတန်က ကျွန်မတို့ကို ဘယ်လို ဖျက်ဆီးထားသလဲဆိုတာကို ကျွန်မတို့ သိပြီး ဘုရားသခင်ရဲ့ သန့်ရှင်းဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်းမြင်ဖို့အတွက် ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ ဘုရားကို ဆန့်ကျင်တဲ့ ဖော်ပြချက်တွေကို ဖော်ထုတ်ပြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရခြင်းအားဖြင့်၊ ကျွန်မတို့ ထုတ်ဖော်ပြတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေအားလုံးကို ကျွန်မတို့ မြင်ရတယ်။ မာနထောင်လွှားတာ၊ လှည့်စားတတ်တာ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတာတွေပေါ့။ ကျွန်မတို့က ဘုရားအတွက် စွန့်လွှတ်အနစ်နာခံတာတွေ လုပ်ကောင်းလုပ်ံနိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ မနှစ်သက်တဲ့အရာတစ်ခုခု ဖြစ်တဲ့အခါ၊ ဖျားနာတာ၊ ကပ်ဘေးကြုံရတဲ့အခါမျိုးမှာ ကျွန်မတို့က ဘုရားကို အထင်လွဲပြီး အပြစ်တင်ကြတယ်။ ကျွန်မတို့ဟာ ဘုရားအတွက် စွန့်လွှတ်အနစ်နာခံတာတွေ လုပ်ပေမဲ့ အဲဒါတွေက ကောင်းချီးနဲ့ ဆုလာဘ်တွေရဖို့၊ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ပဲဆိုတာကို ကျွန်မတို့ မြင်ဖို့အတွက်က ဒီတရားစီရင်ခြင်းက တစ်ခုတည်းသောနည်းလမ်းပါ။ ကျွန်မတို့က ဘုရားသခင်နဲ့ အပေးအယူလုပ်နေတာပါ။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ချစ်ခြင်းမပြောနဲ့။ စစ်မှန်တဲ့ ကျိုးနွံနာခံခြင်းတောင် မရှိပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ ကျွန်မတို့ဆီဖြစ်ပျက်တာတွေကနေ ဖွင့်ပြတဲ့အရာတွေကတစ်ဆင့် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ကျွန်မတို့မြင်ပြီး အဲဒါကို မုန်းတီးလာပါတယ်။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ကျွန်မတို့ တွေ့ကြုံရပြီး ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနဲ့ ကျိုးနွံနာခံခြင်းဖြစ်ပေါ်လာပါတယ်။ စာတန်က ကျွန်မတို့ကို ဘယ်လောက် ပြင်းပြင်းထန်ထန် ဖျက်ဆီးထားသလဲဆိုတာကို ကျွန်မတို့ မြင်နိုင်ဖို့က ဒါကတစ်ခုတည်းသောနည်းလမ်းပါပဲ။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းမရှိဘဲနဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို လုံးဝ မြင်နိုင်မှာမဟုတ်ဘူး။ အဲဒါကနေ လွတ်မြောက်မှာမဟုတ်ဘူး။ အထူးသဖြင့် ကျွန်မတို့မှာ ဘုရားသခင်အတွက် ချစ်ခြင်း၊ နာခံခြင်း လုံးဝ ရှိမှာမဟုတ်ဘူး။ ဖျားနာသူတစ်ယောက်လိုပေါ့။ သူတို့မှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ သူတို့မသိရင် ကုသမှုခံယူမှာမဟုတ်ဘူး။ ဘယ်လိုကုသမှုကို သူတို့လိုအပ်တယ်ဆိုတာ သိမှာမဟုတ်ဘူး။ ဒီတော့ သူတို့က သက်သာလာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ဆရာဝန်ဆီသွားရင် ဆရာဝန်က ဘာဖြစ်နေတယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုကုသရမယ်ဆိုတာကို ပြောပြနိုင်တယ်၊ ပြီးတော့ ဆရာဝန်ရဲ့ အကြံပေးချက်ကို လိုက်နာရင် သူတို့သက်သာလာမှာပဲ။ ဒါကြောင့် ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ အပြစ်ပြုတဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးတဲ့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့အတွက် နောက်ဆုံးသောကာလမှာ သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ လူသားမျိုးနွယ်ကို တရားစီရင်ပါတယ်။ အပြစ်ကနေ ကျွန်မတို့ လွတ်မြောက်ဖို့၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို စွန့်ပစ်ဖို့၊ ဘုရားရဲ့ ကယ်တင်ခြင်းကိုခံရဖို့၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့အတွက် အဲဒီ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကျွန်မတို့ လက်ခံရမယ်။” အဲဒီအချိန်မှာ ထရီဆာကပြောတယ်။ “ကျွန်မ အခုနားလည်ပြီ။ တရားစီရင်ခြင်းအမှုဆိုတာ ဘုရားသခင်က ကျွန်မတို့ကို သန့်စင်ပြီး ကယ်တင်တာပဲ။ ဒီအပြစ်ပြုပြီး ဝန်ခံနေရတဲ့ ဒီဘဝကနေ ကျွန်မလွတ်မြောက်ချင်တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ကျွန်မ လက်ခံဖို့လိုတယ်”လို့ပေါ့။ အဲဒီနောက်မှာ ဧဝံဂေလိရုပ်ရှင်တချို့ကို ကျွန်မတို့ အတူတူကြည့်ကြတယ်။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး ဖတ်ကြတယ်။ ထရီဆာက ကျွန်မကို ပြောတယ်။ “ဒီနှုတ်ကပတ်တော်တွေက အရမ်းကို သြဇာအာဏာနဲ့ တန်ခိုးရှိတာပဲ။ အံ့သြလောက်ပါတယ်။ ဒါ ဘုရားသခင်ရဲ့ အသံတော်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ ယေရှုပဲ။ သူဟာ ကျွန်မတို့ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် ပြန်ကြွလာတဲ့ သခင်ပဲ” တဲ့။ နောက်တော့ သူက ကျွန်မကို အရေးတကြီးမေးတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်စာအုပ်ကို ကျွန်မ ဘယ်လိုရနိုင်မလဲ။ ဘယ်နေရာမှာ တခြားယုံကြည်သူတွေနဲ့ လူချင်းတွေ့ပြီး မိတ်သဟာယပြုနိုင်မလဲ” တဲ့။ ကျွန်မက ဒေသခံ အသင်းသားတွေနဲ့ သူ့ကို မိတ်ဆက်ပေးပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ရဲ့ အွန်လိုင်းဗားရှင်းကို သူ့ဆီကို ပို့ပေးလို့ရတယ်လို့ ပြောလိုက်တယ်။ သူ တော်တော် စိတ်လှုပ်ရှားနေတာ။ သူ့မျက်လုံးတွေက ပြူးနေတာပဲ။ ပြီးတော့ သူက စာအုပ်ကို ရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အမြန်ဆုံးဖတ်ချင်နေပြီလို့ပြောတယ်။

သခင့်ကို ကြိုဆိုဖို့ သူဘယ်လောက်ရွှင်မြူးနေတယ်ဆိုတာကို မြင်ရတော့ ဘုရားသခင်ရဲ့အသံကို ကြားပြီး ဘုရားအိမ်တော်ကိုလာဖို့ ထရီဆာကို အခွင့်ပေးခဲ့တဲ့ ဘုရားသခင်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုအတွက် ကျွန်မ တကယ်ကို ကျေးဇူးတင်မိတယ်။ နောက်နှစ်ရက်၊ သုံးရက်ကြာပြီးတော့ သူက ကျွန်မကိုပြောတယ်။ သူ့ကို မယုံဖို့ သတိပေးခဲ့တဲ့ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းကို သခင်ပြန်ကြွလာခဲ့ပြီဆိုတဲ့သတင်းကို ပြောပြခဲ့တယ် တဲ့။ သူ့သင်းအုပ်ဆရာကလည်း သူ့ကို ဖုန်းဆက်ပြီး ခြိမ်းခြောက်နေတယ်။ ဒီလိုလုပ်ရင် အသင်းတော်ကနေ နှင်ထုတ်ခံရလိမ့်မယ်လို့ ပြောတယ်။ သူကပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး ခရစ်တော်ကသာ သမ္မာတရားကို ဖော်ပြနိုင်တာကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလခရစ်တော်ဖြစ်တယ်ဆိုတာ ကျွန်မ သေချာတယ်။ သူဟာ ပြန်ကြွလာတဲ့ ယေရှုပဲ။ ကျွန်မသူငယ်ချင်းကြောင့် ကျွန်မ အထိခိုက်ခံမှာ မဟုတ်ဘူး။ သင်းအုပ်ဆရာလည်း ကျွန်မကို တားလို့မရဘူး” တဲ့။ သူက ပြောသေးတယ်။ “ကျွန်မက စစ်မှန်တဲ့အသင်းတော်ကို ရှာနေတာ နှစ်နဲ့ချီနေပြီ။ ဒါပေမဲ့ ကျွန်မ အမြဲတမ်း စိတ်ပျက်ခဲ့ရတယ်။ ဘယ်တစ်ခုကမှ ပျိုးထောင်ပေးတာမရှိဘူး။ ပြီးတော့ အသင်းသားတွေက လောကီရေပန်းစားတဲ့အရာတွေနောက်ကို ပိုပိုပြီး လိုက်လာကြတယ်။ ကျွန်မ အကူအညီမဲ့သလို ခံစားခဲ့ရတယ်။ ဘုရားသခင်ကို အရမ်းကျေးဇူးတင်တယ်။ ဘုရားသခင်ရဲ့ အသံတော်ကိုကြားပြီး သခင့်ကို ကြိုဆိုရမယ်လို့ ကျွန်မတစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးဘူး။ ဘုရားသခင်ရဲ့ အသင်းတော်ကို ကျွန်မ နောက်ဆုံးတော့ တွေ့သွားပြီ” တဲ့။ သူက တော်တော်ကို စိတ်ခံစားနေရပြီး သူ့မျက်လုံးထဲမှာ မျက်ရည်တွေမြင်ရတယ်။ တော်တော်မျှော်လင့်ချက်ရှိနေပုံပေါ်တယ်။ ကျွန်မ တော်တော်ကို တို့ထိခြင်းခံရတယ်။ ဘုရားသခင်ရဲ့ သိုးတစ်ကောင်က ဘုရားအသံကိုကြားတဲ့အခါ ဘုရားနောက်ကိုလိုက်ပြီး စာတန်က ဘယ်လိုပဲ နှောင့်ယှက်ပါစေ၊ သူတို့ရဲ့ ယုံကြည်ခြင်းကို ထိန်းသိမ်းထားမယ်ဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မက အတားအဆီးတစ်ခုတွေ့တဲ့အခါမှာ စိတ်ဓာတ်ကျပြီး အရှုံးပေးချင်ခဲ့တာ၊ သူ့ကို ဖယ်ထားလိုက်ဖို့ အသင့်ဖြစ်နေခဲ့တာ၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်နဲ့ပတ်သက်ပြီး သူနဲ့ သက်သေခံချက်ဝေမျှဖို့ လက်လျှော့လုနီးနီးဖြစ်ခဲ့တာတွေကို စဉ်းစားမိတော့ နောင်တတွေ၊ လိပ်ပြာမလုံတာတွေနဲ့ ပြည့်သွားခဲ့တယ်။ ဘုရားသခင်ကသာ ကျွန်မတို့ကို တကယ်ချစ်ပြီး ဂရုစိုက်ခဲ့ပုံကိုလည်း ကျွန်မ မြင်ခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မ အရှုံးပေးတော့မလို့လုပ်နေတုန်းမှာ ကျွန်မရဲ့ ပုန်ကန်မှုကို ကျွန်မ မြင်နိုင်ပြီး လူသားကိုကယ်တင်ဖို့အတွက် ဘုရားသခင်ရဲ့ အရေးတကြီးဖြစ်မှုကို နားလည်အောင်လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို အချိန်မီ အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြခဲ့တာကြောင့်ပဲ။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ထရီဆာဆီကို သက်သေခံဖို့အတွက် ဘုရားသခင်နဲ့အတူ တဖြည်းဖြည်းချင်း အလုပ်လုပ်နိုင်ခဲ့တယ်။

ဧဝံဂေလိမျှဝေခြင်းက လူတွေကို ကယ်တင်ဖို့အတွက် ကူညီပေးခြင်းပဲဆိုတာကလည်း ကျွန်မအတွက် နက်နဲတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံဖို့၊ သခင်ကြွလာတာကို တောင့်တတဲ့သူ၊ အမှောင်ကမ္ဘာထဲမှာရှိနေတဲ့သူကို ဘုရားအိမ်တော်ထဲကို ပို့ဆောင်ပေးဖို့အတွက် ကျွန်မကိုယ်တိုင်ရဲ့ တကယ့်ဘဝခံစားချက်နဲ့ အတွေ့အကြုံကို အသုံးပြုနေတာပါ။ ဒီထက်ပိုပြီး အဓိပ္ပာယ်ရှိတာ ဘာမှမရှိတော့ပါဘူး။ သခင့်အသံတော်ကို ကြားပြီး သူ့ကို ကြိုဆိုတဲ့အချိန်မှာ သခင်ပြန်ကြွလာတာကို တကယ်တောင့်တနေတဲ့လူတစ်ယောက်ရဲ့ ဝမ်းမြောက်မှုနဲ့ ခံစားချက်ကိုလည်း ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားရှေ့ကို ပိုများတဲ့ စစ်မှန်တဲ့ ယုံကြည်သူတွေ ရောက်လာပြီး သူ့ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိကြဖို့ ဘုရားသခင်က ဘယ်လို မျှော်လင့်တယ်ဆိုတာကိုလည်း ကျွန်မ ခံစားရနိုင်တယ်။ အမှောင်ထဲမှာနေပြီး ဘုရားကြွလာတာကို တောင့်တနေကြတဲ့ လူတွေ အများကြီး ဒီကမ္ဘာမှာ ရှိနေကြတယ်။ ဘုရားသခင်က ဝမ်းနည်းမှုအပြည့်ရှိနေပြီး သူတို့အတွက် စိတ်သောကရောက်နေရတယ်။ ဒါကြောင့် ဧဝံဂေလိ မျှဝေတာက ကျွန်မရဲ့ တာဝန်ဖြစ်တယ်၊ ကျွန်မရဲ့ စေခိုင်းချက်တာဝန်ဖြစ်တယ်လို့ ပိုပြီးတော့တောင် ခံစားမိတယ်။ ဘယ်လို ပိတ်ပင်တားဆီးမှုတွေကိုပဲ ကျွန်မ ကြုံတွေ့ရပါစေ။ ဘုရားသခင်ကို အမှီပြုပြီး ဧဝံဂေလိမျှဝေတဲ့နေရာမှာ ကျွန်မတာဝန်ကို ထမ်းဆောင်မယ်လို့လည်း ဘုရားသခင်ကို ကျွန်မ ကတိပြုခဲ့ပါတယ်။ ဘုရားသခင်အပေါ် ကျွန်မရဲ့ အမှန်တကယ် နားလည်မှုအပေါ် အခြေခံပြီး သက်သေခံချက်ကို မျှဝေမယ်။ ဘုရားရဲ့သိုးတွေကို ဘုရားရှေ့ခေါ်ဆောင်မယ်။ သူတို့တွေ ဘုရားရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းရဲ့ ကျေးဇူးတော်ကို အမြန်လက်ခံရရှိနိုင်အောင်ပေါ့။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

ကျုံးချန် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။