အပျက်သဘောဆောင်သည့် အခြေအနေ ဖြစ်စေသည့်အရာ
ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး လူသစ်တွေကို ကျွန်မ ရေလောင်းနေခဲ့တယ်။ တစ်ခါ ခေါင်းဆောင်က ကျွန်မတို့ အလုပ်အကြောင်း လာဆွေးနွေးတယ်။ ဒီအချိန်တစ်ကန့်အတောအတွင်း ကျွန်မတို့အလုပ်ကို လေ့လာကြည့်တော့ လူသစ်တွေရဲ့ ပြဿနာ အဖြစ်အနှစ်အမှန်ကို ရေလောင်းတဲ့သူတချို့ မမြင်သလို သူတို့ပြဿနာတွေကို ဖြေရှင်းပေးတာ မရှိဘူး၊ အားပေးမှုနဲ့ အကြံပဲ ပေးလိုက်ကြတော့၊ တချို့ကို စုဝေးပွဲတွေ ပုံမှန်မတက်စေသလို ရေလောင်းတဲ့အလုပ်ကို မထိမရောက် ဖြစ်စေတယ်တဲ့။ ဒါရေလောင်းသူတွေက သူတို့ လုပ်ငန်းတာဝန်ကို ဖြည့်ဆည်းမနေတဲ့ သဘောပဲ။ ခေါင်းဆောင် ဒီလိုပြောတာ ကြားတော့ ကျွန်မ စိတ်မကောင်းဖြစ်သွားတယ်။ “မထိရောက်”၊ “သူတို့ လုပ်ငန်းတာဝန်ကို ဖြည့်ဆည်းမနေတာ” ဆိုတဲ့ ဒီစကားတွေက တကယ်ကို နားကြားခက်ပြီး၊ ကျွန်မကို စိတ်ဓာတ်ကျ၊ စိတ်ပျက်သွားစေတယ်။ ဒီတစ်ချိန်လုံး လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တာ။ ခေါင်းဆောင်က ဒါကို ပြောတာ သူ ကျွန်မကိုလည်း ဆိုလိုတာ ဖြစ်ရမယ်ပေါ့။ ကျွန်မ တခြားအလုပ်ထက် ရေလောင်းရာမှာ ပိုအားထုတ်ခဲ့ပုံနဲ့ လူသစ်အားလုံးကို ကိုင်တွယ်ဖြေရှင်းရာမှာ လုံ့လရှိပုံကို ကျွန်မ တွေးမိတယ်။ သူတို့ အခြေအနေနဲ့ အခက်အခဲတွေကို စဉ်းစားရာမှာ တကယ် အားထုတ်ခဲ့ပြီး၊ မိတ်သဟာယပေးခဲ့တယ်။ တစ်ခါတလေ လူသစ်တွေက စုဝေးပွဲတွေ မတက်ရတဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိတယ်။ ဒါမှမဟုတ် တချို့ လူသစ်တွေက စိတ်ဆတ်ပြီး စာတွေကို မပြန်ကြဘူး။ လက်ခံဖို့ ခက်ခဲပေမဲ့၊ ကျွန်မ ဆုတောင်းခြင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခြင်းကတစ်ဆင့်၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလားနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အပြောမကောင်းပေမဲ့၊ ကျွန်မရဲ့ အတားအဆီးတွေကို အောင်မြင်ဖို့ အားထုတ်ခဲ့တယ်။ လူသစ်တွေ ကိုယ့်ကိုယ် ဘယ်လိုပဲ ဆက်ဆံကြပါစေ၊ ချစ်ခြင်း၊ သည်းခံခြင်းနဲ့ သူတို့ကို ကူညီပေးခဲ့တယ်။ ကျွန်မ အကောင်းဆုံး လုပ်နှင့်ပြီးပြီလို့ ခံစားရတယ်။ ကျွန်မ အရမ်းကို ထိရောက်တယ်လို့ ပြောလို့မရပေမဲ့ အလုပ်မှာ အနည်းဆုံး တိုးတက်မှုတချို့တော့ လုပ်ခဲ့ပြီး လူသစ်တွေက ကျွန်မ အထောက်အကူဖြစ်တယ်လို့ ပြောတယ်။ ကျွန်မ လုပ်သမျှကို ခေါင်းဆောင်က မထိရောက်သလို၊ ကိုယ့်လုပ်ငန်းတာဝန်ကို မဖြည်းဆည်းသလို မြင်မယ်လို့ လုံးဝ မတွေးမိခဲ့ဘူး။ အစည်းအဝေး ပြီးသွားတော့ ကျွန်မ ငိုချင်မိခဲ့တယ်။ အသက်မဲ့သလို ရုတ်တရက် ခံစားရပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်တွေနဲ့ မွှန်ထူသွားတယ်။ “ငါ့မှာ အားနည်းချက်အများကြီး ရှိသေးပြီး ငါ့တာဝန်မှာ တိုးတက်စရာတွေ ရှိသေးတာ ဝန်ခံတယ်။ ဒါပေမဲ့ ငါက လုံးဝ မထိရောက်တာမှ မဟုတ်တာ။ အကောင်းဆုံး လုပ်ခဲ့တာပဲ၊ ဒီတော့ ဘာကြောင့် ငါ့ အားထုတ်မှုတွေ အသိအမှတ်မပြုခံရတာလဲ။ ငါ့အားထုတ်မှု တစ်ခုမှ အကျိုးမရှိရင်၊ ငါ့တာဝန်ကို ဘယ်လိုကိုင်တွယ်ရမယ် တကယ် မသိတော့ဘူး။ လူသစ်တွေကို ရေလောင်းတာနဲ့ ငါ မကိုက်ဘူးထင်ပါတယ်”ပေါ့။ ဒီတော့ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်ပြီး တာဝန်မှာ ဘာလှုံ့ဆော်မှုမှ မရှိခဲ့ဘူး။ အရင်က၊ လူသစ်တချို့ စုဝေးပွဲ မလာကြတာ မြင်တော့ ကျွန်မ တကယ် စိတ်ပူပြီး ပူပန်သောကဖြစ်မိသလို၊ သူတို့ ဘာကြောင့် မရှိကြတာလဲလို့ လူသစ်တွေကို ချက်ချင်းမေးခဲ့တယ်။ သူတို့ ပြဿနာနဲ့ အခက်အခဲတွေကို နားထောင်ပြီးတော့ မိတ်သဟာယပြု၊ ကူညီဖို့ တတ်နိုင်သမျှ လုပ်ခဲ့တယ်။ ဒါပေမဲ့ အခု လူသစ်တွေ စုဝေးပွဲ မတက်တာ မြင်တော့၊ သိပ်မစိုးရိမ်တော့ဘူး၊ သူတို့နဲ့ ဆုံတဲ့အခါ ဟန်ဆောင်လုပ်ရုံလုပ်ပြလိုက်ပြီး၊ မိတ်သဟာယ ပိုထိရောက်အောင် ဘယ်လိုလုပ်လို့ရတယ်ဆိုတာကို အကောင်အထည်မဖော်တော့ဘူး။ ဆက်ဆံရခက်တဲ့ လူသစ်တွေကို ရေလောင်းတဲ့ အလုပ်ကို တခြားလူတွေပေါ် တွန်းပို့ချင်ခဲ့တယ်။ ကိုယ့်မိတ်သဟာယက ဘယ်လိုမှ မထိရောက်သလို သူတို့ ပြဿနာတွေကို ဖြေရှင်းမပေးမှတော့၊ ဘာလို့ အရမ်းလုံ့လထုတ်ပြီး တက်တက်ကြွကြွနဲ့ ဒုက္ခခံရမှာလဲ။ ကိုယ်စိုက်ထုတ်တဲ့ အတွေးနဲ့ လုပ်ခဲ့တဲ့ စတေးမှုတွေကို ဘယ်သူမှ သတိမထားမိဘူးလေ။ ဒီတော့ ဘာအဓိပ္ပာယ်ရှိလို့လဲ။ အပေါ်ယံမှာ ကျွန်မက ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နေတာပေါ့၊ ဒါပေမဲ့ ကျွန်မအခြေအနေက “မတင်မကျ” ဖြစ်ပြီး ကျွန်မ စိတ်နှလုံးက ဘုရားနဲ့ ဝေးခဲ့တယ်။ ဆုတောင်းတဲ့အတောအတွင်းမှာ ပြောစရာ သိမရှိဘူး။ အားမထုတ်နိုင်ခဲ့ဘူး။
ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်တဲ့အချိန် နောက်ပိုင်းမှပဲ ကိုယ့်ရဲ့ အပျက်သဘော အခြေအနေကို စနားလည်လာခဲ့တာ။ ဘုရားသခင်က ပြောသည်- “လူများစွာတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ အစဉ်သဖြင့် တွန်းအားများ၊ မသန့်စင်မှုများရှိသည်။ မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရရန် အစဉ် ကြိုးစားကြသည်။ ချီးမွမ်းခံရခြင်း၊ အားပေးခံရခြင်းကို အစဉ် နှစ်သက်ကြသည်။ တစ်စုံတစ်ခုကို ကောင်းစွာလုပ်လျှင် အကျိုးရလဒ်၊ သို့မဟုတ် ဆုလာဘ်အချို့ကို အစဉ် ရလိုကြသည်။ ဆုလာဘ်မရှိလျှင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ စိတ်ဝင်စားမှုမရှိကြပေ။ ၎င်းတို့ကို စောင့်ကြည့်မည့်၊ အားပေးမည့်သူ မည်သူမျှမရှိလျှင် ၎င်းတို့သည် မတက်မကြွဖြစ်လာသည်။ ၎င်းတို့သည် ကလေးများကဲ့သို့ မတည်ငြိမ်ပေ။ ဤတွင် မည်သည့်အရာဖြစ်ပျက်နေသနည်း။ ဤသို့သောလူတို့သည် အဘယ်ကြောင့် ဤကြံရွယ်ချက်များ၊ မသန့်စင်မှုများကို လုံးဝ ဘေးဖယ်မထားသနည်း။ ဤသည်မှာ အဓိကအားဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်မခံသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် ဤအရာများကို ဘေးဖယ်ထားရန် မစွမ်းဆောင်နိုင်ကြပေ။ ဤပြဿနာများကို လုံးဝ မဖြေရှင်းလျှင် အချိန်ကြာလာသည်နှင့်အမျှ လူတို့သည် အလွယ်တကူ မတက်မကြွဖြစ်လာသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် ပို၍ စိတ်မဝင်စားဖြစ်လာကြသည်။ ချီးမွမ်းခံရခြင်း၊ ကောင်းချီးခံစားရခြင်းအကြောင်း ဘုရားသခင်ထံမှ နှုတ်ကပတ်တော်များကို မြင်လျက် ၎င်းတို့သည် အနည်းငယ် စိတ်အားထက်သန်ကြသည်။ အနည်းငယ် စိတ်ပါလာကြသည်။ သို့သော် မည်သူကမျှ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယမဖွဲ့လျှင်၊ မည်သူကမျှ ၎င်းတို့ကို အားမပေးလျှင်၊ သို့မဟုတ် မချီးမွမ်းလျှင် ၎င်းတို့သည် ပို၍ စိတ်မဝင်စားဖြစ်လာကြသည်။ လူတို့သည် ၎င်းတို့ကို မကြာခဏ ချီးမြှောက်လျှင်၊ ချီးမွမ်းလျှင်။ ချီးကျူးလျှင် အရာရာတိုင်းက အလွန့်အလွန် အဆင်ပြေနေသည်ဟု ၎င်းတို့က ခံစားကြရသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က ၎င်းတို့ကို အစဉ်စောင့်ကြည့်ပြီး ကောင်းချီးပေးနေသည်ဟု သေချာနေကြသည်။ ဘုရားသခင်သည် ၎င်းတို့နှင့်လည်း အတူရှိသည်၊ ထို့ကြောင့် ၎င်းတို့၏ လွန်ကျူးသောဆန္ဒများပြည့်သည်ဟု ခံစားကြရသည်။ ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့်၊ ပါရမီများကို အပြည့်အဝအသုံးပြုသောအခါ ၎င်းတို့ကို သိက္ခာရှိစေသည်။ ၎င်းတို့သည် အလွန်ပျော်ရွှင်ပြီး လမ်းပေါ်တွင် ခုန်ပေါက်ပြေးလွှားကြကာ ၎င်းတို့၏မျက်နှာသည် ပြုံးရွှင်လျက်ရှိသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၏ အကျိုးသက်ရောက်မှုဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ၎င်းတို့၏ ဆန္ဒများပြည့်ခြင်းသာဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် အနည်းငယ်မျှပင် မိမိကိုယ်ကို သိမြင်မှုမရှိဘဲ လွန်ကျူးသော ဆန္ဒများရှိသည်။ ဒုက္ခ၊ သို့မဟုတ် အခက်အခဲအချို့ကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် ၎င်းတို့၏မာနနှင့် ပကာသနတို့ မပြည့်စုံသောအခါ၊ သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများသည် အနည်းငယ်မျှပင် အထိခိုက်ခံရသောအခါ ၎င်းတို့သည် မတက်မကြွဖြစ်ခြင်းကြောင့် မလှုပ်မရှားဖြစ်သွားကြသည်။ ယခင်က ၎င်းတို့သည် ဘီလူးကဲ့သို့ ရှည်လျားစွာ ရပ်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်းတွင် ရွှံ့ဗွက်တစ်ခုအဖြစ် ပြောင်းသွားသည်။ ကွာခြားချက်က ကြီးမားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများဖြစ်လျှင် အဘယ်သို့ အလွန်လျင်မြန်စွာ မလှုပ်မရှားဖြစ်သွားသနည်း။ ရှင်းလင်းစွာပင် စိတ်အားထက်သန်မှု၊ ဆန္ဒနှင့် ရည်မှန်းချက်တို့က ထောက်ပေးထားသော လူတို့သည် အလွန်အားနည်းသည်။ ဆုတ်ဆိုင်းမှု၊ သို့မဟုတ် အကျအရှုံးတစ်ခုခုကို ကြုံသောအခါတွင် မလှုပ်မရှားဖြစ်သွားသည်။ ၎င်းတို့၏ စိတ်ကူးများက မည်သည့်အရာမျှ ဖြစ်မလာဘဲ ၎င်းတို့၏ဆန္ဒများမပြည့်သည်ကိုမြင်လျက် ၎င်းတို့သည် မျှော်လင့်ချက်ပျောက်ဆုံးပြီး ချက်ချင်းလဲကျကြသည်။ ဤအခြင်းအရာက ၎င်းတို့သည် ထိုအချိန်က ၎င်းတို့တာဝန်ကို မည်မျှ စိတ်အားထက်သန်ခဲ့သည်ဖြစ်စေ ဤသည်မှာ သမ္မာတရားကို ၎င်းတို့နားလည်သောကြောင့်မဟုတ်ဆိုသည်ကို ပြသည်။ ၎င်းတို့သည် ကောင်းချီးခံရရန် မျှော်လင့်ချက်ဖြင့်၊ စိတ်အားထက်သန်မှုကြောင့် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ လူတို့သည် မည်မျှ စိတ်အားထက်သန်ပါစေ၊ သို့မဟုတ် အယူဝါဒစကားမည်မျှကို ၎င်းတို့ ဟောကြားနိုင်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မစွမ်းဆောင်နိုင်လျှင်၊ စည်းမျဉ်းနှင့်အညီ မိမိတို့တာဝန်ကို မထမ်းဆောင်နိုင်လျှင်၊ စိတ်အားထက်သန်မှုအပေါ်ကိုသာ အမှီပြုလျှင် ၎င်းတို့သည် ကြာရှည်ခံမည်မဟုတ်ပေ။ ဆင်းရဲဒုက္ခ၊ သို့မဟုတ် ကပ်ဘေးနှင့် ရင်ဆိုင်ရကာ ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်မဟုတ်ဘဲ လဲကျလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ တကယ့်အခြေအနေကို ဖော်ပြတယ်။ အရင်က၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရာမှာ အရမ်းလုံ့လရှိတယ်လို့ ခံစားခဲ့တယ်။ အခက်အခဲတွေ၊ အားနည်းချက်တွေ ဘယ်လောက်ရှိပါစေ၊ အောင်မြင်ကျော်လွှားဖို့ လိုလားခဲ့ပြီး၊ အလုပ်ကြိုးစားဖို့ မကြောက်ခဲ့ဘူး။ ဆုတ်ဆိုင်းမှုတွေ ကြုံရတဲ့အခါ၊ မျက်ရည်သုတ်ပြီး ဆက်လုပ်ခဲ့တယ်။ ဒီတော့ အခု ဘာလို့ အားမမွေးနိုင်ရတာလဲ။ လက်စသတ်တော့ အရင်က ရှိခဲ့တဲ့ “ဝန်ထုပ်”နဲ့ “လုံ့လ”တွေက ဘုရားကို စိတ်ကျေနပ်စေဖို့ တာဝန်ကို ဖြည့်ဆည်းခြင်းထက် ကျွန်မစိတ်ဆန္ဒကို ဖြည့်ဆည်းခြင်းဆိုတဲ့ သတ်မှတ်ချက်ပေါ်မှာ ရှိနေခဲ့တာကိုး။ တခြားလူတွေ ကျွန်မကို ချီးမွမ်းတဲ့အခါ ကိုယ့်တာဝန်လုပ်ဖို့ လှုံ့ဆော်ခံရပေမဲ့၊ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ အပျက်သဘောဆောင်ခြင်းထဲကို ပစ်လှဲသွားရော။ ကျွန်မအားထုတ်မှုက ဘာကိုမှ မဖြစ်မြောက်စေမှန်း တွေးမိလို့၊ တာဝန်အပေါ် ကိုယ့်စိတ်ပျက်မှုတွေကို မဲရင်း၊ မတက်မကြွနဲ့ ပေါ့ဆလာခဲ့ပြီး၊ ဒီတာဝန် ယူတာကိုတောင် နောင်တရခဲ့တယ်။ အသိတရား အရမ်းမဲ့နေခဲ့တာပဲ။ တကယ်တော့၊ လူသစ်တွေကို ရေလောင်းပေးတုန်း အကျိုးအများကြီး ရခဲ့တာလေ။ သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့အပေါ် ပိုရှင်းသွားတယ်။ လူသစ်တွေကို ရေလောင်းရာကတစ်ဆင့် ကြိုးစား စဉ်းစားဖို့၊ တာဝန်ယူပြီး ပိုရင့်ကျက်လာဖို့ သင်ယူခဲ့ရတယ်။ ဒါတွေအားလုံးက တကယ့်အကျိုးတွေပဲ။ အကျိုးအများကြီးရခဲ့တာတောင် ခေါင်းဆောင်ဆီက နာကျင်စရာ စကားတစ်ခွန်းနဲ့ ဘာကိုမှ မရခဲ့ဘူးလို့ တွေးမိခဲ့တယ်။ ဘယ်အရာက ကျွန်မအတွက် ကောင်းလဲ မသိခဲ့ဘူး။ ဒါကို သဘောပေါက်ပြီးတော့ စိတ်မကောင်းဖြစ်ခဲ့တယ်။ ဆက်ပြီး အရမ်းကို စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး။ အမြန် သမ္မာတရားကို ရှာပြီး၊ အပျက်သဘောဆောင်တဲ့ အခြေအနေကို ပြုပြင်ရမယ်။
နောက်ပိုင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်ခဲ့တယ်။ ငါ မနှစ်သက်တာတစ်ခု ခေါင်းဆောင်က ပြောတဲ့အခါ ငါဘာလို့ အဲဒီလောက် ကြီးကြီးမားမား တုံ့ပြန်မှု ရှိရတာလဲပေါ့။ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့တယ်။ “သာမန်အခြေအနေများတွင် လူတို့၏ စိတ်နှလုံးအတွင်းထဲ၌ ခေါင်းမာပြီး ပုန်ကန်တတ်သောအခြေအနေမျိုးရှိကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးတွင် လူသား၏ တွေးခေါ်ပုံနှင့် လူသားအယူအဆ အမျိုးအစားတစ်ခုခုရှိသောကြောင့်ဖြစ်သည်။ ဤအရာများဖြစ်သည်။ ‘ငါ့ရဲ့ ရည်ရွယ်ချက်တွေ မှန်သရွေ့ ရလဒ်က အရေးမကြီးဘူး။ သင်က ငါ့ကို ကိုင်တွယ်ဖြေရှင်းတာ မလုပ်သင့်ဘူး။ လုပ်ရင် ငါက နာခံစရာမလိုဘူး။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့လုပ်ရပ်များက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိ၊ သို့မဟုတ် အကျိုးဆက်များက အဘယ်သို့ဖြစ်မည်ဆိုသည်တို့ကို ဆင်ခြင်သုံးသပ်ခြင်းမရှိကြပေ။ ၎င်းတို့ စွဲကိုင်ထားသည်မှာ အစဉ်သဖြင့် ‘ငါ့ရည်ရွယ်ချက်တွေက ကောင်းပြီး မှန်ကန်နေသရွေ့ ဘုရားသခင်က ငါ့ကို လက်ခံသင့်တယ်။ ရလဒ်က မကောင်းရင်တောင် ငါ့ကို ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာ မလုပ်ရဘူး။ ငါ့ကိုရှုတ်ချဖို့ ပိုပြီးတော့တောင် မလုပ်သင့်ဘူး။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူသား၏ ကျိုးကြောင်းစဉ်းစားပုံဖြစ်သည် မဟုတ်လော။ ဤအရာများသည် လူသား၏ အယူအဆများဖြစ်သည်မဟုတ်လော။ လူသားသည် ဤအကြောင်းပြချက်မျိုးကို အစဉ် စွဲလမ်းနေသည်။ ဤတွင် နာခံမှု တစ်ခုခုရှိသလော။ သင်၏ ကိုယ်ပိုင်ကျိုးကြောင်းစဉ်းစားပုံကို သမ္မာတရားဖြစ်စေ ခဲ့ပြီး သမ္မာတရားကို တစ်ဖက်တွင် ထားခဲ့ပြီးဖြစ်သည်။ သင်၏ ကျိုးကြောင်းစဉ်းစားပုံနှင့်ညီသောအရာက သမ္မာတရားဖြစ်သည်၊ မညီသောအရာက သမ္မာတရားမဟုတ်ဟု သင် ယုံကြည်သည်။ ဤထက်ပို၍ အဓိပ္ပာယ်မဲ့သောသူ တစ်စုံတစ်ယောက်ရှိသလော။ ဤထက်ပို၍ မာနထောင်လွှားပြီး စိတ်ကြီးဝင်သောသူ တစ်စုံတစ်ယောက်ရှိသလော။ နာခံမှုသင်ခန်းစာယူခြင်းသည် လူတို့၏ မည်သည့်အခြေအနေများကို အဓိကဖြေရှင်းသနည်း။ ယင်းသည် လူတို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားကို ဖြေရှင်းသည်။ စိတ်သဘောထားအားလုံးတွင် ပုန်ကန်မှုအရှိဆုံးသော စိတ်သဘောထားဖြစ်သည့် ကျိုးကြောင်းစဉ်းစားတတ်မှုကို ဖြေရှင်းသည်။ လူတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး မိမိတို့၏ ကိုယ်ပိုင်ကျိုးကြောင်းစဉ်းစားခြင်းများ ပြောခြင်းကို ရပ်တန့်သောအခါ ဤပုန်ကန်လိုခြင်း ပြဿနာသည် ပြေလည်သွားလိမ့်မည်ဖြစ်ပြီး နာခံနိုင်စွမ်းရှိလိမ့်မည်။ လူတို့သည် နာခံခြင်းရှိနိုင်ဖို့ဆိုလျှင် ဆင်ခြင်တုံတရား အဆင့်တစ်ခုခုကို ပိုင်ဆိုင်ဖို့ လိုအပ်သလော။ ၎င်းတို့သည် သာမန်လူတစ်ယောက်၏ အသိစိတ်ကို ပိုင်ဆိုင်ရမည်။ ဥပမာအားဖြင့် ကိစ္စတစ်ခုခုတွင် ကျွန်ုပ်တို့သည် မှန်ကန်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်က မကျေနပ်လျှင် ဘုရားသခင်ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာရာတိုင်းတွင် စံနှုန်းဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းသင့်သလော။ ဤသည်မှာ လူတို့တွင် ဦးဆုံး တွေ့ရှိသင့်သည့် အသိစိတ်ဖြစ်သည်။ ကျွန်ုပ်တို့သည် မည်မျှ ဒုက္ခခံသည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များ၊ အကြောင်းပြချက်များသည် မည်သို့ဖြစ်စေ ဘုရားသခင်က မကျေနပ်လျှင်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မညီလျှင် ကျွန်ုပ်တို့၏ လုပ်ရပ်များသည် သေချာပေါက် သမ္မာတရားနှင့် မကိုက်ညီပေ။ ထို့ကြောင့် ဘုရားသခင်ကို နားထောင်ပြီး နာခံရမည်။ ဘုရားသခင်အား ကျိုးကြောင်းပြ မငြင်းခုံသင့်ပေ၊ သို့မဟုတ် ရှာကြံအကြောင်းမပြသင့်ပေ။ ဤသို့သော ဆင်ခြင်တုံတရားကို သင်ပိုင်ဆိုင်သောအခါ၊ ပုံမှန်လူတစ်ယောက်၏ အသိစိတ်ကို ပိုင်ဆိုင်သောအခါ သင်၏ ပြဿနာများကို ဖြေရှင်းရန် လွယ်ကူသည်။ သင်သည် အမှန်ပင် နာခံလိမ့်မည်။ သင်သည် မည်သည့်အခြေအနေတွင်ရှိသည်ဖြစ်စေ မနာခံခြင်းရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များကို အာခံမည်မဟုတ်ပေ။ ဘုရားသခင်တောင်းဆိုသောအရာသည် မှန်ကန်သလော၊ မမှန်ကန်သလော၊ ကောင်းသလော၊ ဆိုးသလောဆိုသည်ကို စစ်ဆေးမည်မဟုတ်ပေ။ သင်သည် နာခံနိုင်လိမ့်မည်။ ဤနည်းအားဖြင့် သင်၏ ကျိုးကြောင်းစဉ်းစားသည့်၊ ခေါင်းမာသည့်၊ ပုန်ကန်တတ်သည့် အခြေအနေကို ဖြေရှင်းလိမ့်မည်။ လူတိုင်းသည် ၎င်းတို့အတွင်းတွင် ဤပုန်ကန်သော အခြေအနေများရှိသလော။ ဤအခြေအနေများသည် လူတို့တွင် မကြာခဏပေါ်ပေါက်သည်။ ၎င်းတို့က မိမိတို့ဘာသာ စဉ်းစားသည်။ ‘ငါ့ရဲ့ ချဉ်းကပ်မှု၊ အဆိုပြုချက်တွေနဲ့ အကြံပြုချက်တွေက သင့်တော်သရွေ့ ငါက အမှားတွေလုပ်နေရင်တောင် ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာ မခံရသင့်ဘူး။ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာကို ငါ ငြင်းဆန်နိုင်တယ်။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတို့တွင် အတွေ့ရများသော အခြေအနေဖြစ်သည်။ ဘုရားသခင်ကို နာခံနိုင်စွမ်းမရှိသည့် ၎င်းတို့တွင်ရှိသော အဓိက အခက်အခဲဖြစ်သည်။ လူတို့သည် သမ္မာတရားကို အမှန်တကယ်နားလည်လျှင် ဤပုန်ကန်သော အခြေအနေမျိုးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်လိမ့်မည်။ လူတို့သည် မည်မျှ ကျိုးကြောင်းပြငြင်းခုံပါစေ ဤသည်မှာ သမ္မာတရားမဟုတ်ပေ။ သမ္မာတရားမရှိသောသူတို့သည် ဘုရားသခင်ကို အစဉ် ကျိုးကြောင်းပြငြင်းခုံနေပြီး နာခံခြင်းတွင် အလွန်ပြဿနာရှိကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့၊ ကျွန်မရဲ့ အပျက်သဘောဆောင်ခြင်း နောက်ကွယ် အကြောင်းရင်းကို ပိုရှင်းသွားတယ်။ တချို့ ရလောင်းသူတွေ မထိရောက်ဘူးလို့ ခေါင်းဆောင်ပြောတာကို ကြားတဲ့နောက် ကျွန်မ အပျက်သဘောဆောင်လာခဲ့တဲ့ အကြောင်းရင်းက ကျွန်မရဲ့ စိတ်သဘောထား ခေါင်းမာလို့၊ မာနထောင်လွှားပြီး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့လို့ဖြစ်ပါတယ်။ ကျွန်မအပေါ် တစ်ယောက်ယောက်ရဲ့ ထင်မြင်ချက်က ကျွန်မအကြိုက်မဟုတ်ရင် ကျွန်မအတွက် လက်ခံပြီး နာခံဖို့ တကယ်ခက်တယ်။ အပြင်ပန်းမှာတော့၊ အချက်အလက်ကို မငြင်းခုံရဲပေမဲ့ စိတ်နှလုံးက ငြင်းလိုက်တယ်။ ရေလောင်းသူအနေနဲ့ အလုပ်မှာ အားထုတ်ခဲ့ပြီး အကောင်းဆုံး လုပ်ခဲ့တယ်လို့ ထင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ စိတ်နှလုံးထဲမှာ တာဝန်ကို ကောင်းကောင်း လုပ်ချင်ခဲ့တာလေ။ ကိုယ့်မှာ ရည်ရွယ်ချက်ကောင်းရှိသရွေ့၊ အလုပ်ကြိုးစားပြီး စတေးတာတွေ လုပ်သရွေ့၊ ကျွန်မ မထိရောက်ဘူးလို့ ဘယ်သူမှ ပြောလို့မရဘူးလို့ပေါ့။ အဲဒါ ကျွန်မအတွက် မျှတမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဆင်ခြင်မှုက အမှန်တရား ဟုတ်မဟုတ်ဆိုတာနဲ့ ကျွန်မတာဝန်က တကယ်ပဲ ထိရောက်ခြင်း ရှိမရှိဆိုတာကို ကျွန်မ လုံးဝ မစဉ်းစားခဲ့ဘူး။ ကျွန်မ အားထုတ်ခဲ့ပေမဲ့၊ သမ္မာတရားကို နားမလည်သလို အတွေ့အကြုံမရှိတာကြောင့် လူသစ်က ဘဝ ဒါမှမဟုတ် အလုပ်မှာ တကယ့် ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့၊ အကြိမ်တော်တော်များများ ကျွန်မ လုပ်နိုင်သမျှက သူတို့ကို အားပေးဖို့ အယူဝါဒစကားနည်းနည်း ပြောဖို့ပဲ။ လူသစ်တွေကို သမ္မာတရား နားလည်စေတာ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပေးတာလုပ်ရင်းနဲ့ သမ္မာတရားကို မိတ်သဟာယပြုပြီး သူတို့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ သမ္မာတရား နားမလည်ခဲ့လို့ ကျွန်မအလုပ်က မူအရ မဟုတ်ခဲ့တဲ့ အချိန်တွေလည်း ရှိတယ်။ အဲဒါက အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေခဲ့တယ်။ လူတွေ၊ ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်အတိုင်း ကျွန်မ မမြင်ခဲ့ဘူး၊ လူတွေရဲ့ စစ်မှန်တဲ့ အနှစ်သာရကို မသိမြင်ခဲ့သလို၊ မယုံကြည်သူတချို့ကို အမြဲ ပံ့ပိုး၊ ကူညီရင်းနဲ့ ကြောင်းကျိုးမမြင်ဘဲ ကောင်းပြခဲ့တယ်။ လက်စသတ်တော့ အချည်းနှီးအတွက်နဲ့ အလုပ်များနေခဲ့တာပဲ။ ဒီမယုံကြည်သူတွေက အသင်းတော်ထဲမှာ နေပြီး၊ သူတို့အယူအဆတွေကို ဖြန့်တယ်။ တခြားလူသစ်တွေကို နှောင့်ယှက်ရင်းနဲ့ပေါ့။ ပြန်ကြည့်တော့၊ ကျွန်မအလုပ်က စစ်မှန်တဲ့ ရလဒ်တစ်ခုမှ တကယ်မရသလို၊ အရေးပါတဲ့ မည်မည်ရရ လုပ်ငန်းဆောင်တာ တစ်ခုမှ မရှိခဲ့ဘူးပဲ။ ကျွန်မ ပြဿနာတွေကို ခေါင်းဆောင်က ဖော်ထုတ်တော့ ကျွန်မ လက်မခံခဲ့ရုံမက၊ အပျက်သဘောဆောင်၊ ခုခံပြီး ဆက်ဆံရခက်ခဲ့တယ်။ ကျွန်မ အရမ်းကို မလျော်မကန် ဖြစ်ခဲ့တာပဲ။ အလုပ်ကို ကျွန်မ ကိုင်တွယ်ပုံကြည့်ရင်၊ လူသစ်တွေကို အသင်းတော်က ဆက်ရေလောင်းခွင့်ပေးတာကို ကျွန်မကျေးဇူးတင်ရှိနေသင့်တာ။ ကိုယ့်တာဝန်ကို စံနှုန်းမီ လုပ်ရာကနေ ကျွန်မ ဘယ်လောက်ဝေးခဲ့ပြီမှန်းကို ကျွန်မ မြင်သင့်ပြီး သမ္မာတရားကို ကြိုးစားလုပ်သင့်သလို၊ ကျွန်မတာဝန်က လက်တွေ့အကျိုးတစ်ခုခု ရှိမရှိဆိုတာနဲ့ ဘယ်ပြဿနာတွေ၊ သွေဖည်မှုတွေ၊ အမှားတွေက စွဲကျန်နေသေးလဲဆိုတာကို စဉ်းစားသုံးသပ်သင့်တယ်။ ဒါက ကြီးထွားမှုရပြီး ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။
ဒါကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဖတ်ရတယ်။ “မကြာခဏ အပျက်သဘောဆောင်သည့်လူများအပေါ် ဘုရားသခင် ပြုမူဆောင်ရွက်ပုံနှင့်ပတ်သက်၍ စည်းမျဉ်းများရှိသည်။ ဘုရားသခင်သည် လူသား၏ အတွင်းကျကျ စိတ်နှလုံးကို ဆန်းစစ်လေ့လာသည်။ လူများသည် စဉ်ဆက်မပြတ် အပျက်သဘောဆောင်သည့်အခါ၊ ဤတွင် ပြဿနာတစ်ခု ရှိပေသည်။ ဘုရားသခင်သည် များစွာပြောဆိုပြီးဖြစ်သည်၊ သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရားကို ၎င်းတို့ အဘယ်ကြောင့် မရှာဖွေသနည်း။ ၎င်းတို့သည် သမ္မာတရားကို အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အရာကို ထာဝရ မကျေမချမ်းဖြစ်နေကြကာ၊ သမ္မာတရားကို ၎င်းတို့ လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့်၊ ဘုရားသခင်သည် ၎င်းတို့အား အာရုံစိုက်ဦးမည်လော။ ထိုသို့သော လူများသည် ဆင်ခြင်တုံတရားကို နားမဝင်သူများ မဟုတ်လော။ ဆင်ခြင်တုံတရားကို နားမဝင်သည့် သူများအပေါ် ဘုရားသခင်၏ သဘောထားက အဘယ်နည်း။ သူက ၎င်းတို့ကို ဘေးဖယ်ပြီး လျစ်လျူရှုလေသည်။ သင်ဆန္ဒရှိသည့် မည်သည့်ပုံစံဖြင့်မဆို သင်ယုံကြည်လော့။ သင် ယုံကြည်သည်၊ မယုံကြည်သည်မှာ သင့်အပေါ်တွင် မူတည်သည်။ သင် အမှန်တကယ် ယုံကြည်ပြီး လိုက်စားလျှင် ဆုလာဘ်များကို ရိတ်သိမ်းရလိမ့်မည်။ သင် မယုံကြည်၊ မလိုက်စားလျှင် ဆုလာဘ်များကို ရိတ်သိမ်းရလိမ့်မည် မဟုတ်ချေ။ ဘုရားသခင်သည် လူတိုင်းကို တရားမျှတစွာ ဆက်ဆံသည်။ သင်၏သဘောထားသည် သမ္မာတရားကို လက်မခံခြင်းနှင့် ကျိုးနွံနာခံခြင်းတစ်ခု မဟုတ်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်၏သတ်မှတ်ချက်များအတိုင်း မကိုက်ညီပါက၊ သင်ဆန္ဒရှိသည့်အရာကိုသာ ယုံကြည်လော့။ ထို့အပြင် သင်သည် အတော် ထွက်ခွာလိုပါက၊ ချက်ချင်း ထိုသို့လုပ်ဆောင်နိုင်သည်။ သင်၏တာဝန်ကို လုပ်ဆောင်ဖို့ သင်ဆန္ဒမရှိပါက၊ ချက်ချင်း သင်နှစ်သက်သည့်နေရာသို့ ချက်ချင်း ထွက်သွားလော့။ ပြီးလျှင် လူပုံအလယ်တွင် ရှက်ဖွယ်ကောင်းသော ဆူညံပူညံပြုလုပ်ခြင်း မလုပ်နှင့်။ ဘုရားသခင်က လူများကို နေဖို့ မတိုက်တွန်းပေ။ ယင်းမှာ သူ၏သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)) ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်း၊ ကျွန်မ ကြောက်သွားပြီး၊ ဘုရားရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံမှန်း ခံစားရတယ်။ အဖြစ်မှန်ဖြစ်တဲ့ ခေါင်းဆောင်ဆီက စကားတွေကို ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ဒါပေမဲ့ မလျော်ကန်သလို အန်တုတဲ့ အတွေးတွေရှိခဲ့ပြီး အလုပ်မှာ မတက်မကြွနဲ့ ပေါ့ဆခဲ့တယ်။ သမ္မာတရားကို လက်ခံမနေခဲ့ဘူး၊ စိတ်ကုန်ခဲ့တယ်။ သမ္မာတရားအပေါ် ကျွန်မသဘောထားကို ဘုရားက စက်ဆုပ်ပြီး မုန်းတီးတယ်။ ကျွန်မလိုလူတွေအပေါ် ဘုရားရဲ့ သဘောထားက ရှင်းတယ်။ ဘေးဖယ်ထားလိုက်မှာပဲ။ တကယ်တော့ ကျွန်မက ဘာမှမဟုတ်တာတောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တယ်။ ကိုယ့်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှု၊ အစွမ်းအစ၊ အလုပ်လုပ်နိုင်စွမ်းတွေကို မရှင်းမလင်းဖြစ်ခဲ့သလို၊ လူတွေဆီက ထောက်ခံမှုနဲ့ ချီးမွမ်းမှုကို အမြဲလိုချင်ခဲ့တယ်။ တခြားလူတွေရဲ့ အမြင်မှာ အဆင့်အတန်း လိုချင်ခဲ့ပြီး၊ ကျွန်မက တစ်ခုခုပဲလို့ တွေးစေချင်ခဲ့တယ်။ အရမ်းမာနထောင်လွှားပြီး မလျော်မကန်ဖြစ်ခဲ့တာပဲ။ ကိုယ့်ပြဿနာကို ရှင်းရှင်း မြင်သွားတဲ့နောက် ဘုရားဆီ အမြန် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်မ အမှန်အတိုင်း ဝန်မခံနိုင်ခဲ့ဘူး၊ အရမ်းနုံအပါတယ်။ ဆက်အပျက်သဘောမဆောင်ချင်ပါဘူး။ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျေးဇူးပြုပြီး လမ်းပြပါ”လို့ပေါ့။
အဲဒီနောက်၊ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှာခဲ့ပြီး၊ ဒီစကားတွေကို တွေ့ခဲ့တယ်။ “မည်သည့်အရာ ဖြစ်ပါစေ၊ မထုံတက်သေးဖြစ်ခြင်းကို မထုံတက်သေးဖြစ်ပြီး အပျက်သဘောဆောင်သည့် နည်းလမ်းများဖြင့် မကုစားသင့်ပေ။ လူအချို့က ၎င်းတို့ ပျော်ရွှင်သည်အထိ စောင့်ဆိုင်းလျှင်၊ ၎င်းတို့၏ မထုံတက်သေးဖြစ်ခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ အလိုအလျောက် ပြောင်းလဲသွားလိမ့်မည်ဟု တွေးထင်ကြသည်။ ဤသည်မှာ စိတ်ကူးယဉ်သက်သက်ဖြစ်သည်။ လူများသည် သမ္မာတရားကို လက်မခံလျှင်၊ ၎င်းတို့၏ မထုံတက်သေးဖြစ်ခြင်းသည် မပပျောက်နိုင်ပေ။ ယင်းကို သင်မေ့ထားပြီး သင်၏စိတ်နှလုံးထဲတွင် ယင်းအပေါ် မည်သည့်ခံစားမှုမျှ မရှိလျှင်ပင်၊ ဤသည်မှာ မထုံထက်သေးဖြစ်ခြင်းကို အမြစ်မှ ဖြေရှင်းပြီးဖြစ်သည်ကို မဆိုလိုသေးပေ။ သင်သည် သင့်တော်သော ပတ်ဝန်းကျင်ကို ရင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက်၊ ယင်းက တစ်ဖန် တိုက်ခိုက်လိမ့်မည်။ ဤသည်မှာ အလွန်အမင်း ဖြစ်လေ့ဖြစ်ထရှိသည်။ လူများသည် ထက်မြက်ပြီး အသိစိတ်ရှိလျှင် မထုံတက်သေးဖြစ်ခြင်း ပေါ်ပေါက်လာသည့်အခါ ယင်းကို ကုစားဖို့ နည်းလမ်းအနေဖြင့် သမ္မာတရားကို လက်ခံခြင်းအား အသုံးပြုလျက်၊ သမ္မာတရားကို အလျင်အမြန် ရှာဖွေသင့်သည်။ ထိုသို့ပြုမူခြင်းအားဖြင့် ၎င်းတို့သည် မထုံတက်သေးဖြစ်ခြင်း၏ ပြဿနာကို အမြစ်မှ ဖြေရှင်းလိမ့်မည်။ မကြာခဏ မထုံတက်သေးဖြစ်သည့် လူတိုင်းအတွက်မှာမူ ဤသည်မှာ သမ္မာတရားကို လက်ခံဖို့ မတတ်စွမ်းနိုင်ခြင်းအားဖြင့် ဖြစ်ရသည်။...င်သည် ကိစ္စတစ်ခုကြောင့်၊ ဝါကျတစ်ကြောင်းကြောင့်၊ သို့မဟုတ် စိတ်ကူးတစ်ခု၊ သို့မဟုတ် ထင်မြင်ချက်တစ်ခုကြောင့် မထုံတက်သေးဖြစ်ခြင်းထဲသို့ ကျရောက်ပြီး သင်၏စိတ်နှလုံးထဲ၌ မကျေချမ်းမှုများ ဖြစ်ပေါ်လာလျှင်၊ ဤကိစ္စအပေါ် သင်၏အသိပညာသည် စံသွေနေကြောင်း၊ သင်၌ အယူအဆများနှင့် စိတ်ကူးများ ရှိကြောင်းနှင့် ဤကိစ္စအပေါ် သင်၏အမြင်သည် သမ္မာတရားနှင့် သေချာပေါက် သဟဇာတမဖြစ်ကြောင်းတို့ကို သက်သေပြသည်။ ထိုသို့သော အချိန်များတွင် သင်သည် ထိုကိစ္စကို မှန်ကန်စွာ ရင်ဆိုင်ဖို့၊ ဤမှားယွင်းသော အယူအဆများနှင့် စိတ်ကူးများကို တတ်နိုင်သမျှ စောစောစီးစီးနှင့် ချက်ချင်း ပြောင်းလဲရန် ကြိုးစားဖို့၊ ဤအယူအဆများအားဖြင့် သင့်ကိုယ်သင် ချည်နှောင်ခံရပြီး လှည့်စားခံရကာ၊ ဘုရားသခင်အပေါ် မနာခံခြင်း၊ မကျေမချမ်းဖြစ်ခြင်းနှင့် နာကျည်းခြင်း အခြေအနေထဲသို့ ကျရောက်စေရန် အခွင့်မပေးဖို့ လိုအပ်သည်။ မထုံတက်သေးဖြစ်ခြင်းကို ချက်ချင်း နှံ့နှံ့စပ်စပ် ဖြေရှင်းရန်မှာ အရေးကြီးပေသည်။ နည်းလမ်းများ၊ သို့မဟုတ် စည်းစနစ်များ မည်သို့ပင်ဖြစ်စေ၊ အကောင်းဆုံးနည်းလမ်းမှာ သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုဖို့နှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရှာဖွေဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ရန်တို့သာဖြစ်သည်မှာ မှန်ကန်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၄)၊) “မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့၊ ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ သို့ရာတွင် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားတစ်ခုကို သင့်အား ငါပြောမည်— သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၌ ရှာဖွေခြင်းနှင့် နာခံခြင်း သဘောတရားရှိပါက ဤအရာက သင့်ကို ကာကွယ်လိမ့်မည်။ အဆုံးသတ် ပန်းတိုင်သည် သင့်ကို ကာကွယ်ဖို့ မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်စေဖို့နှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်စေဖို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေဖို့ ဖြစ်သည်။ ဤသည်မှာ အဆုံးသတ် ပန်းတိုင်ဖြစ်သည်။ သင်တွေ့ကြုံခံစားသမျှတွင် သင်၌ ဤသဘောထား ရှိပါက သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့သည် အနှစ်သာရမရှိသော စကားများနှင့် ရိုးအီနေသော အရာများ ဖြစ်သည်ဟု သင်ခံစားရတော့မည် မဟုတ်ချေ။ ယင်းက အလွန် ခက်ခဲပင်ပန်းသည်ဟု ခံစားရတော့မည် မဟုတ်ချေ။ ထိုအစား သင်သတိမထားလိုက်မီတွင် အတော်အသင့် များပြားသော သမ္မာတရားတို့ကို သင်နားလည်လာလိမ့်မည်။ ထိုနည်းအားဖြင့် သင် တွေ့ကြုံခံစားဖို့ ကြိုးစားပါက သင်သည် ဆုလာဘ်များ သေချာပေါက် ရိတ်သိမ်းရလိမ့်မည်။ သင်သည် မည်သူဖြစ်သည်၊ အသက်အရွယ် မည်မျှရှိသည်၊ သင်မည်မျှ ပညာတတ်သည်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ထားသည်၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်တို့က အရေးမပါပေ။ သင်၌ ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထားရှိသမျှ ကာလပတ်လုံး၊ ဤနည်းဖြင့် သင်တွေ့ကြုံခံစားသမျှ ကာလပတ်လုံး အဆုံး၌ သင်သည် သမ္မာတရားကို နားလည်ဖို့နှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သေချာပေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးတယ်။ ကိုယ့်အမြင်နဲ့ ဆန့်ကျင်တဲ့ အရာတွေကို ကြုံရတဲ့အခါ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေ ဖြစ်တဲ့အခါ၊ ဘုရားရှေ့ကို အမြန်လာ၊ ဆုတောင်းပြီး သမ္မာတရားကို ရှာသင့်သလို၊ နာခံတဲ့ သဘောထား ရှိသင့်တယ်။ မတရားခံရတယ်၊ စိတ်ရှုပ်ထွေးတယ်လို့ ခံစားရရင်၊ မခုခံ၊ မငြင်းခုံဘဲ စတင်ပြီး၊ ကိုယ့်မှာ ဘာပြဿနာတွေ ရှိတယ်၊ ဘယ်ကဏ္ဍမှာ ကောင်းကောင်း မလုပ်ခဲ့လဲဆိုတာကို သုံးသပ်ပြီး တိုးတက်အောင်၊ ကောင်းကောင်း လုပ်လို့ရတယ်လေ။ အဲဒါတွေကို ချက်ချင်း သတိမထားမိရင်တောင်၊ ဘုရားဆီက ဖတ်ဖို့ ဆီလျော်တဲ့ နှုတ်ကပတ်တော်တွေ ရှာသင့်တယ်။ သမ္မာတရား နားလည်သူတစ်ယောက်ဆီက မိတ်သဟာယကို ရှာသင့်တယ်။ သမ္မာတရားအပေါ် လက်ခံတဲ့ ဒီသဘောထားနဲ့ ဘုရားရဲ့ ဉာဏ်အလင်းပေးမှုကို ရဖို့၊ ကိုယ့်ပြဿနာတွေကို သတိထားမိပြီး ဝင်ရောက်ဖို့ သမ္မာတရား စည်းမျဉ်းတွေကို သိဖို့ လွယ်တယ်။ နောင်မှာ၊ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အပျက်သဘောဆောင်၊ ခုခံတဲ့ သဘောထားကို သုံးလို့မရဘူး။ ဒါက ကျွန်မကို နာကျင်ရုံနာကျင်စေမှာ။ အတွေ့အကြုံ အများကြီးနဲ့တောင် သင်ခန်းစာကို လုံးဝ သင်ယူမိမှာ မဟုတ်ဘူး၊ သမ္မာတရားကို ရမှာ မဟုတ်ဘူး။ ကြီးထွားမှာ၊ အကျိုးခံစားရမှာ မဟုတ်ဘူး။
နောက်ပိုင်းမှာ၊ ခေါင်းဆောင်က ကျွန်မအလုပ်ကို ဆန်းစစ်တော့၊ ကျွန်မရဲ့ ဖြစ်ကတတ်ဆန်း၊ မတက်မကြွနဲ့ ပေါ့ဆတဲ့ သဘောထားက အသင်းတော်အလုပ်ကို ထိခိုက်နှင့်ခဲ့ပြီမှန်း သဘောပေါက်လိုက်တယ်။ လူသစ်တချို့က ဘာသာရေး သင်းအုပ်တွေရဲ့ လှည့်စားတာခံရတယ်၊ ဘုရားနဲ့ပတ်သက်လို့ သူတို့ခေါင်းထဲမှာ အယူအဆတွေရှိပြီး စုဝေးတဲ့အဖွဲ့ကို စွန့်ခွာသွားကြတယ်။ တချို့က စီစီပီ ဖြန့်တဲ့ ကောလာဟလတွေ လှည့်စားတာခံရပြီး စုဝေးပွဲတွေ တက်တာ ရပ်လိုက်ကြတယ်။ ဒီပြဿနာတွေကို တွေ့တော့၊ အရမ်းကြောက်ပြီး ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဒီတစ်ချိန်လုံး ကျွန်တော် ဘာကိုများ လုပ်မိခဲ့ပြီလဲ။ လက်တွေ့အလုပ် မလုပ်ခဲ့ဘူး၊ ကိုယ့်အပျက်သဘောထဲမှာပဲ သာယာခဲ့တယ်။ အပျက်သဘော အခြေအနေမှာ အသက်ရှင်တဲ့အခါ ကိုယ့်အသက်ဝင်ရောက်မှုပဲ ထိခိုက်တယ်လို့ တွေးလေ့ရှိခဲ့တယ်။ ကိုယ့်တာဝန်က တောင်းဆိုသမျှကို ကျွန်မ လုပ်ခဲ့ပြီး၊ ကိုယ့်အပျက်သဘောကို မဖွင့်ထုတ်ခဲ့ဘူး၊ အသင်းတော်အလုပ်ကို တမင် နှောင့်ယှက်ခဲ့တယ်။ အလွန်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ထိခိုက်စေခဲ့တာပဲလို့ပေါ့။ ဒါပေမဲ့ တကယ်တော့၊ အပျက်သဘောထဲ အသက်ရှင်တာက သိသာတဲ့ ပြဿနာတွေကို မပြေမလည် ဖြစ်သွားစေတယ်။ တာဝန်တွေက အာရုံစိုက်မခံရဘူး၊ ကျွန်မတာဝန်မှာ သစ္စာစောင့်သိမှု မဲ့ပြီး၊ အဲဒါက အသင်းတော်အလုပ်ကို ဟန့်တားခဲ့တယ်။ ဒီအတွေးနဲ့၊ ကိုယ့်အတိတ်ကို ကျွန်မ တကယ်နောင်တရမိတယ်။ အပျက်သဘောထဲ ကျတာနဲ့တစ်ပြိုင်နက် ဘာလို့ ဘုရားရှေ့ကို အပြေးသွားပြီး သမ္မာတရား မရှာခဲ့မိပါလိမ့်။ သမ္မာတရားကို ရှာပြီး ကိုယ့်အခြေအနေကို အချိန်မီ ပြောင်းပြန်ဖြစ်စေခဲ့ရင်၊ ကျွန်မ သဘောပေါက်ထားတဲ့ ကျွန်မရဲ့ အစွမ်းအစနဲ့ ပြဿနာတွေ အကန့်အသတ်ရှိရင်တောင် အနည်းဆုံးတော့ ဒီလောက်ဆိုးသွားမှာ မဟုတ်ဘူး။ ဒီအတွေးနဲ့ ကျွန်မစိတ်နှလုံးက နောင်တ၊ အပြစ်ရှိတဲ့စိတ်နဲ့ ပြည့်သွားတယ်။ တကယ့်လုပ်ရပ်နဲ့ ဒါကို ပြုပြင်ဖို့ လိုပြီး၊ ကိုယ့်တာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေ ရှာတာကို ပိုအရေးထားဖို့လိုတယ်လို့ ပြောရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ အပျက်သဘောထဲမှာ ကျွန်မ မရှိတော့သလို၊ လက်တွေ့အလုပ်ကို အကောင်းဆုံး လုပ်တဲ့အခါ၊ စိတ်အေးလက်အေးနဲ့ အေးချမ်းသွားပြီး အခြေအနေက ပုံမှန် ပြန်ဖြစ်သွားတယ်။ အခြေအနေတွေကနေ သင်ယူပြီး အကျိုးကျေးဇူးတွေ ခံစားနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မတာဝန်ကို လုပ်နေချိန်၊ အလုပ်မှာ ပြဿနာနဲ့ သွေဖည်မှုတွေ တစ်ခါတလေ ဖြစ်ပေါ်ပြီး ခေါင်းဆောင်ရဲ့ ဆုံးမပြီး ကိုင်တွယ်ဖြေရှင်းတာ ကျွန်မ ခံရတယ်။ နည်းနည်း အပျက်သဘော ခံစားရတုန်း ဖြစ်ပေမဲ့ ဒီမှာ သင်ယူရမဲ့ဟာတစ်ခုခု ရှိမှန်းနဲ့ ပြဿနာက သေချာပေါက်ကို ကျွန်မရဲ့ ပြဿနာဖြစ်မှန်း သိခဲ့တယ်။ စည်းမျဉ်းအတိုင်း ကျွန်မ အလုပ်လုပ်မနေခဲ့တာပဲလေ။ ဆက်ခေါင်းမာနေလို့ မဖြစ်ဘူး။ သမ္မာတရားကို ရှာပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမယ်။ ဒီသဘောထားနဲ့ ကျွန်မရဲ့ အပျက်သဘော အခြေအနေက သူ့ဟာသူ အမြန် ပြေလည်သွားပြီး၊ ကျွန်မကို ခေါင်းဆောင်က ဆုံးမပြီး ကိုင်တွယ်ဖြေရှင်းတဲ့အခါတိုင်းမှာ၊ ကျွန်မတာဝန်ထဲက သွေဖည်မှုတွေနဲ့ အားနည်းချက်တွေကို ပိုပြီး သတိထားနိုင်ခဲ့သလို၊ သမ္မာတရားရဲ့ စည်းမျဉ်းတချို့ကို နားလည်ခဲ့တယ်။ သမ္မာတရားကို လက်ခံဖို့ ဘယ်လောက် အရေးကြီးမှန်း ဒီအတွေ့အကြုံကို ကျွန်မကို တကယ် စွဲမှတ်စေခဲ့တယ်။ သမ္မာတရားကို လက်ခံတာက ရှေ့ဆက်လမ်းကြောင်းတစ်ခု ပေးပြီး၊ ကိုယ့်တာဝန်က ပိုပိုထိရောက်လာမှာ ဖြစ်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။