အခက်အခဲမှတစ်ဆင့် ဖြစ်ပေါ်သည့် အကျိုးအမြတ်များ

31.08.2022

၂၀၁၉ ခုနှစ် အကုန်တွင်၊ အမျိုးတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိ ဝေမျှသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဩဇာအာဏာရှိပြီး သမ္မာတရားဖြစ်မှန်း ကျွန်တော် တွေ့ရသည်။ ဤအရာက ဘုရား၏ အသံတော်ဖြစ်မှန်း ကျွန်တော် ခံစားရသဖြင့် ဘုရား၏အမှုတော်ကို ဝမ်းမြောက်ဝမ်းသာလက်ခံခဲ့သည်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး စုဝေးပွဲတစ်ခုကိုမှ မလွတ်ချင်ခဲ့ပါ။ တစ်ခါတလေ ကျွန်တော့်နေရာတွင် အင်တာနက်၊ သို့မဟုတ် လျှပ်စစ်မီးက ပြဿနာများရှိတတ်ပြီး၊ အွန်လိုင်းစုဝေးပွဲကို မတက်နိုင်ခဲ့ပါ။ အလွန်စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း၊ နောက်ပိုင်းတွင် စုဝေးပွဲ၏ အသေးစိတ်အချက်များကို အမြန်ဖတ်လိုက်ပြီး ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်တော့် သိနားလည်မှုကို အဖွဲ့ကို ပေးပို့သည်၊ ညီအစ်ကို မောင်နှမများနှင့် ဆက်သွယ်ပြောဆိုပြီး၊ အစွမ်းရှိသမျှ ကိုယ့်တာဝန်ကို အကောင်းဆုံး လုပ်သည်။

နည်းနည်းကြာပြီးနောက်၊ အသင်းတော် ခေါင်းဆောင်အနေနှင့် အရွေးခံခဲ့ရသည်။ အစတွင်၊ အသင်းတော် အလုပ်တာဝန်ကို အခြားခေါင်းဆောင်နှစ်ယောက်နှင့် ဝေမျှခဲ့သည်။ ထို့ကြောင့် အခက်အခဲ၊ စိတ်ဖိစီးစရာ သိပ်မတွေ့ခဲ့ရပါ။ မကြာမီတွင်၊ အသင်းတော်အချို့၏ အလုပ်ကို ကြီးကြပ်ဖို့ ကျွန်တော် အရွေးခံခဲ့ရသည်။ အစတွင်၊ ဤတာဝန်ကို မလုပ်ချင်ခဲ့ပါ။ အကြောင်းမှာ ခေါင်းဆောင်အနေနှင့် လက်တွေ့လုပ်ဆောင်သည်မှာ မကြာသေးသလို၊ အားနည်းချက်များနှင့် နားမလည်ခြင်းများစွာ ရှိသေးသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤတာဝန်ကို ကောင်းကောင်း မလုပ်မိမည် အလွန်စိုးရိမ်ခဲ့သည်။ နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့သည်။ “နောဧသည် သတင်းစကား အနည်းငယ်သာ ကြားဖူးခဲ့ပြီး ထိုအချိန်က ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မဖော်ပြခဲ့သောကြောင့် နောဧသည် သမ္မာတရားများစွာကို နားလည်ဖို့ မဖြစ်နိုင်ပေ။ သူသည် မျက်မှောက်ခေတ်သိပ္ပံပညာ သို့မဟုတ် မျက်မှောက်ခေတ်အသိပညာကို နားမလည်ခဲ့။ သူသည် အလွန့်အလွန် သာမန်လူသားတစ်ဦး၊ လူသားမျိုးနွယ်၏ သာမညောင်ည လူသားတစ်ဦးသာ ဖြစ်သည်။ သို့ရာတွင် အင်္ဂါရပ်တစ်ခုတွင်မူ သူသည် အခြားမည်သူနှင့်မျှ မတူခဲ့— ဘုရားသခင်၏စကားကို နားထောင်ရကောင်းမှန်း သိခဲ့သည်၊ ဘုရားသခင်၏စကားကို မည်သို့လိုက်လျှောက်ပြီး လိုက်နာရမည်ကို သိခဲ့သည်၊ လူသား၏ အဆင့်အတန်းက မည်သည့်အရာဖြစ်သည်ကို သိခဲ့ပြီး ဘုရားသခင်၏စကားကို အမှန်တကယ် ယုံကြည်ပြီး နာခံနိုင်ခဲ့သည်မှလွဲ၍ နောက်ထပ် ဘာမှမရှိတော့ပေ။ နောဧအား ဘုရားသခင်တာဝန်ပေးစေခိုင်းခဲ့ပြီးသော အရာများအားလုံးကို ပြီးမြောက်ခွင့်ပေးရန်အတွက် အနည်းငယ်သော ဤရိုးရှင်းသည့် သက်ဝင်ယုံကြည်မှုများက လုံလောက်ခဲ့ပြီး သူသည် လအနည်းငယ်သာမဟုတ်၊ နှစ်အချို့သာမဟုတ်၊ ဆယ်စုနှစ်အချို့မျှသာလည်းမဟုတ်ဘဲ ရာစုနှစ်တစ်ခုကျော်ကြာ ဤအရာ၌ မဆုတ်မနစ် ကြိုးပမ်းခဲ့ပေသည်။ ဤနှစ်အရေအတွက်က အံ့အားသင့်ဖွယ် ကောင်းသည်မဟုတ်လော။ နောဧမှလွဲ၍ ဤအရာကို မည်သူလုပ်ဆောင်နိုင်ခဲ့ဖူးသနည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးပါ။) သို့ဆိုလျှင် အဘယ်ကြောင့် မလုပ်နိုင်သနည်း။ လူတချို့က ယင်းသည် သမ္မာတရားကို နားမလည်ခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်— သို့သော် ယင်းသည် အဖြစ်မှန်နှင့် မကိုက်ညီပါတကား။ သမ္မာတရားမည်မျှကို နောဧ နားလည်ခဲ့သနည်း။ နောဧသည် ဤအရာအားလုံးကို အဘယ်ကြောင့် စွမ်းဆောင်နိုင်ခဲ့သနည်း။ ယနေ့ခေတ် ယုံကြည်သူများသည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးကြပြီဖြစ်သည်။ သမ္မာတရားအချို့ကို နားလည်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤအရာကို မစွမ်းဆောင်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အခြားသူတို့က ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်သည်ဟု ပြောကြသည်— သို့သော် နောဧ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိခဲ့သလော။ နောဧက ဤအရာကို အောင်မြင်သော်လည်း ယနေ့ခေတ်လူတို့က အဘယ်ကြောင့် မအောင်မြင်ကြသနည်း။ (ယနေ့ခေတ်လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့် ထိုနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားသကဲ့သို့ လိုက်လည်းမလိုက်နာကြပေ။) သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အဘယ်ကြောင့် သဘောမထားနိုင်ကြသနည်း။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် လိုက်နာနိုင်စွမ်းမရှိကြသနည်း။ (သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိပေ။) ထို့ကြောင့် လူတို့၌ သမ္မာတရားကို သိနားလည်ခြင်းမရှိသည့်အပြင် သမ္မာတရားများစွာကို ကြားဖူးခဲ့ခြင်း မရှိသောအခါ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းက အဘယ်သို့ ဖြစ်ပေါ်မည်နည်း။ လူတို့၏ လူ့သဘာဝထဲတွင် အားလုံးအနက် အဖိုးထိုက်ဆုံးသော အရာနှစ်ခု ရှိရမည်- ပထမမှာ အသိတရားဖြစ်ပြီး ဒုတိယမှာ သာမန်လူ့သဘာဝသဘော ဖြစ်သည်။ အသိတရားနှင့် သာမန်လူ့သဘာဝသဘောကို ပိုင်ဆိုင်ခြင်းသည် လူတစ်ဦးဖြစ်ခြင်းအတွက် အနိမ့်ဆုံးစံနှုန်းဖြစ်၏။ ယင်းသည် လူတစ်ဦးကို တိုင်းတာရန်အတွက် အနိမ့်ဆုံး၊ အခြေခံအကျဆုံး စံနှုန်းဖြစ်၏။ သို့သော် ယနေ့ခေတ်လူတို့၌ ဤအရာမရှိပေ၊ ထို့ကြောင့် သမ္မာတရား မည်မျှများများကို သူတို့ကြားသိနားလည်သည်ဖြစ်စေ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းကို နားမလည်နိုင်ချေ။ သို့ဆိုလျှင် နောဧနှင့်နှိုင်းယှဉ်လျှင် ယနေ့လူတို့၏ အနှစ်သာရ၌ရှိသော ခြားနားမှုက အဘယ်နည်း။ (သူတို့၌ လူ့သဘာဝမရှိချေ။) ထို့ပြင် ဤလူ့သဘာဝကင်းမဲ့ခြင်း၏ အနှစ်သာရက အဘယ်နည်း။ (သားရဲနှင့် နတ်ဆိုးများဖြစ်သည်။) ‘သားရဲနှင့် နတ်ဆိုးများ’ ဆိုသည်မှာ နားထောင်၍ သိပ်မကောင်းပေ။ သို့သော် ဤသည်မှာ အချက်အလက်များနှင့် ကိုက်ညီသည်။ ပို၍ ယဉ်ကျေးစွာပြောဆိုရလျှင် ယင်းမှာ ၎င်းတို့သည် လူ့သဘာဝမရှိဟူ၍ ဖြစ်ပေမည်။ လူ့သဘာဝနှင့် အသိတရားမရှိသော လူတို့သည် လူမဟုတ်ပေ။ ၎င်းတို့သည် သားရဲများထက် နိမ့်ကျပေသည်။ ဘုရားသခင်၏ စေခိုင်းချက်ကို နောဧက ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ ဘုရားသခင်၏ စကားများကို နောဧကြားသောအခါ သူသည် ထိုစကားများကို လုံးဝ မှတ်သားထားနိုင်သောကြောင့်ဖြစ်သည်။ သူ့အတွက် ဘုရားသခင်၏ စေခိုင်းချက်သည် တစ်သက်တာ တာဝန်ဖြစ်သည်။ သူ၏ ယုံကြည်မှုသည် မယိမ်းယိုင်ခဲ့ပေ။ သူ၏အလိုဆန္ဒသည် နှစ်တစ်ရာကြာသည်အထိ မပြောင်းလဲခဲ့ပေ။ ယင်းမှာ သူသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့်၊ စစ်မှန်သည့် လူတစ်ယောက်ဖြစ်သောကြောင့်၊ ဘုရားသခင်က သူ့အပေါ် သင်္ဘောကြီးတည်ဆောက်ရန် အပ်နှံခဲ့သည်ဟုသော အဆုံးစွန် အသိစိတ်ရှိသောကြောင့် ဖြစ်သည်။ နောဧကဲ့သို့ အသိဉာဏ်ရှိသောလူများသည် အလွန် ရှားပါးသည်။ အခြားတစ်ယောက်ကို ရှာတွေ့ရန် အလွန်ပင် ခက်ခဲလိမ့်မည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၁)”) နောဧက နက်နဲသည့်သတင်းစကား တစ်ခုမျှ လုံးဝ မကြားခဲ့ဖူးသလို၊ သမ္မာတရားများစွာလည်း နားမလည်ပါ။ သို့သော် ဘုရားကို ကြောက်ရွံ့နာခံသည့် စိတ်နှလုံး ရှိခဲ့သည်။ ဘုရားက လူသားမျိုးနွယ်ကို ရေလွှမ်းမိုးခြင်းနှင့် ဖယ်ရှားပစ်မည်ဖြစ်ပြီး၊ နောဧ သင်္ဘောတစ်စီးကို ဆောက်ရမည်ဟု ပြောသည့်အခါ နောဧက တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံခဲ့သည်။ သင်္ဘောတစ်စီးဆောက်ခြင်းက သစ်ပင်များ ခုတ်လှဲခြင်း၊ တိကျသည့် တိုင်းတာချက် လုပ်ခြင်းများပါသဖြင့် ဘုရားပေးသည့် စေခိုင်းချက်တာဝန်က မလွယ်ကူမှန်း နောဧသိခဲ့သည်။ သို့သော် စီမံကိန်းက ကြီးမားပြီး ခက်ခဲသော်လည်း၊ ဤအရာက သူ့အပေါ် ဘုရား၏ စေခိုင်းချက်ဖြစ်မှန်း သိသဖြင့် နောဧ နောက်မတွန့်ခဲ့ပါ။ ဘုရားနှုတ်ကပတ်တော်များကို တွေးဆရင်းနှင့် ကျွန်တော် သဘောပေါက်လိုက်သည်၊ ကျွန်တော့်တွင် နောဧ၏ လူ့သဘာဝ၊ သိစိတ် မရှိခဲ့ပါ။ အသင်းတော်အချို့၏ အလုပ်ကို ခေါင်းဆောင်က ကြီးကြပ်ခိုင်းသည့်အခါ၊ ဘုရားကိုယုံကြည်ခြင်း မရှိခဲ့သလို၊ ကိုယ့် အစွမ်းအစများပေါ်သာ မှီခိုခဲ့သည်။ ကျွန်တော့်အလုပ်စွမ်းဆောင်ရည်များက အကန့်အသတ်ရှိကြောင်း၊ အသင်းတော် ခေါင်းဆောင်အနေနှင့် လက်တွေ့လုပ်ဆောင်သည်မှာ မကြာသေးသလို၊ အားနည်းချက်များစွာရှိသည်ဟု ခံစားခဲ့သည်။ ကောင်းကောင်း မလုပ်မည်ကို စိုးရိမ်ခဲ့သဖြင့်၊ ဤတာဝန်ကို လက်ခံဖို့ မလိုလားခဲ့ပါ။ နောဧပိုင်ဆိုင်ခဲ့သည့် လူ့သဘာဝ၊ အသိစိတ် မဆိုထားနှင့် နောဧ၏ ဘုရားကိုယုံကြည်ခြင်း မရှိခဲ့သလို၊ ဘုရားကို ကြောက်ရွံ့၊ နာခံသည့် စိတ်နှလုံး မရှိခဲ့ပါ။ ဤအရာကိုသဘောပေါက်ရင်း၊ မစိုးရိမ်တော့သလို၊ နောဧက လက်ခံခဲ့သလို ဤတာဝန်ကို နာခံပြီး လက်ခံဖို့ လိုလားခဲ့သည်။

သို့သော် အလုပ်စလုပ်လိုက်သည်နှင့် ပြဿနာသစ်တစ်ခု ကြုံလိုက်ရသည်။ ကျွန်တော့်တွင် လုပ်စရာများစွာ ရှိသေးမှန်း တွေ့ရသည်။ ဥပမာ၊ အသင်းတော်ထဲမှ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို သဘောပေါက်ဖို့ လိုသည်၊ ပုံမှန်မစုဝေးသည့်သူများကို အားပေးဖို့လိုသည်၊ လူများတွင်ရှိသည့် တာဝန်အခက်အခဲများကို သိပြီး ဤအရာများကို ဖြေရှင်းဖို့ မိတ်သဟာယပြုရမည်၊ ပြီးလျှင် လူများကို သူတို့တာဝန်များ မည်သို့လုပ်ရမည်ကို ကူသင်ပေးရမည်။ ဤအရာများအားလုံးက ကျွန်တော် ယူရမည့် တာဝန်များဖြစ်သည်။ ဤပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်နေရာကစရမှန်း မသိခဲ့ပါ။ ဤအလုပ်ကို မည်သို့ကောင်းကောင်း လုပ်ရမည် မသိသလို၊ အလွန်ကို စိတ်ဖိစီးခဲ့သည်။ ဤအခက်အခဲများက ကျွန်တော့်ကို အပျက်သဘောဆောင်လာစေခဲ့ပြီး၊ ကျွန်တော့်တွင် အတွေ့အကြုံမရှိသလို အခက်အခဲများစွာရှိသဖြင့် ဤတာဝန်အတွက် မသင့်တော်ပါဟု ခံစားရသည်ဆိုပြီး ခေါင်းဆောင်ကို ပြောလိုက်ချင်ခဲ့သည်။ နောက်ပိုင်းတွင်၊ ကျွန်တော့် အခြေအနေကို ခေါင်းဆောင်က သိသွားပြီး၊ ကျွန်တော့်ကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့သည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သည်။ “ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ဖို့ မောရှေကို ဘုရားသခင် စေလွှတ်ခဲ့သည့်ယခင်အချိန်က ထိုသို့သော စေခိုင်းချက်တာဝန်တစ်ခုကို သူ့အား ဘုရားသခင် ပေးအပ်ခြင်းအပေါ် မောရှေ၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ (အကျွန်ုပ်သည် နှုတ်သတ္တိမရှိဘဲ နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူ ဖြစ်ပါ၏ဟု သူပြောခဲ့သည်။) သူသည် နှုတ်သတ္တိမရှိဘဲ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောသောသူ ဖြစ်သည်ဟူသည့် အနည်းငယ် ဒွိဟဖြစ်ခြင်း သူ့မှာ ရှိခဲ့သည်။ သို့ရာတွင် သူသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ခုခံခဲ့သလော။ ယင်းကို သူမည်သို့ သဘောထားခဲ့သနည်း။ သူသည် ဝပ်စင်းခဲ့သည်။ ဝပ်စင်းသည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ယင်းက ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်းကို ဆိုလိုပါသည်။ သူသည် သူ၏တစ်ကိုယ်ရေ နှစ်သက်လိုလားမှုများနှင့် သူထံတွင် ရှိသော မည်သည့် အခက်အခဲများကိုမျှ အလေးမထား၊ ထုတ်ဖော်ပြောပြခြင်း မရှိဘဲ၊ ဘုရားသခင်‌ ရှေ့မှောက်တွင် သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဝပ်စင်းခဲ့သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ခိုင်းမည်ဖြစ်ပါစေ၊ သူသည် ချက်ချင်း လုပ်မည်ဖြစ်သည်။ သူလုပ်နိုင်သည့်အရာတစ်ခုမျှ မရှိဟု ခံစားရသည့်အချိန်တွင်ပင် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သူ အဘယ်ကြောင့် လက်ခံနိုင်ခဲ့သနည်း။ အကြောင်းမှာ သူ့အထဲတွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသောကြောင့် ဖြစ်သည်။ အရာခပ်သိမ်းနှင့် ကိစ္စခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အတွေ့အကြုံအချို့ သူ့ထံတွင်ရှိပြီး သူ၏အတွေ့အကြုံ နှစ်လေးဆယ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အနန္တတန်ခိုးဖြစ်ကြောင်း သူသိလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သူ ပျာပျာသလဲ လက်ခံခဲ့ပြီး ဘုရားသခင် သူ့အား စေခိုင်းခဲ့ပြီးဖြစ်သည့်အရာကို စကားတစ်လုံးမျှထပ်မပြောဘဲ စတင်ခဲ့ခြင်း ဖြစ်သည်။ သူ စတင်ခဲ့သည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သူသည် ဘုရားသခင်သည် အမှန်တကယ် ယုံကြည်ကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ကိုးစားကြောင်းနှင့်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကြောင်းကို ဆိုလိုသည်။ သူသည် သူရဲဘောနည်းသူ မဟုတ်သကဲ့သို့၊ သူ့ကိုယ်ပိုင် ရွေးချယ်မှုကို မလုပ်ခဲ့ပေ၊ သို့မဟုတ် ငြင်းဆန်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူ့ထံတွင် အကြွင်းမဲ့ ယုံကြည်မှုရှိပြီး ယုံကြည်မှုအပြည့်ဖြင့် သူ့အပေါ် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဆောင်ရွက်ဖို့ စတင်ခဲ့သည်။ သူ၏ယုံကြည်မှုမှာ ‘ဘုရားသခင်က ဤအရာကို တာဝန်ပေးစေခိုင်းပြီးဖြစ်လျှင် အားလုံးသည် ဘုရားသခင် ပြောသကဲ့သို့ လုပ်ဆောင်ပြီးဖြစ်ရမည်။ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ရန် ဘုရားသခင်က ကျွန်ုပ်ကို ပြောပြီးဖြစ်သောကြောင့်၊ ကျွန်ုပ်သွားမည်။ ဤသည်မှာ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာ ဖြစ်သည့်အတွက်၊ အမှုပြုဖို့ သူသွားလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်ကို သူ ခွန်အားပေးလိမ့်မည်ဖြစ်သည်။ ကျွန်ုပ် ပူးပေါင်းဆောင်ရွက်ဖို့သာ လိုအပ်သည်’ ဟူ၍ဖြစ်သည်။ ဤသည်မှာ‌ မောရှေတွင် ရှိခဲ့သည့် ထိုးထွင်းအမြင်ဖြစ်သည်။...ထိုအချိန်က အခြေအနေများသည် ဣသရေလလူမျိုးများအတွက်ဖြစ်စေ၊ မောရှေအတွက်ဖြစ်စေ ကောင်းမွန်ခြင်း မရှိချေ။ အဲဂုတ္တုပြည်ကို ပင်လယ်နီက ပိတ်ဆို့ထားပြီး ယင်းကို ကျော်ဖြတ်ခြင်းသည် နောက်ထပ် စိန်ခေါ်မှုတစ်ခု ပို၍ပင်ဖြစ်သောကြောင့်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခြင်းသည် လူသားအမြင်ရဆိုလျှင် တကယ်ကို မဖြစ်နိုင်သည့် လုပ်ဆောင်ချက်တာဝန်တစ်ခု ဖြစ်ပေသည်။ ဤစေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန်မှာ မည်မျှ ခက်ခဲမည်ကို မောရှေ အမှန်တကယ်ကို မသိခဲ့၍များ ဖြစ်နိုင်မည်လော။ သူ၏စိတ်နှလုံးထဲတွင် သူသိထားသော်လည်း၊ သူသည် နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူဖြစ်ကြောင်း၊ မည်သူကမျှ သူ၏စကားကို အလေးထားမည် မဟုတ်ကြောင်းကိုသာ ပြောခဲ့သည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ မငြင်းပယ်ခဲ့ချေ။ ဘုရားသခင်က မောရှေကို ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခိုင်းသည့်အချိန်တွင် သူက ဝပ်စင်းပြီး လက်ခံခဲ့သည်။ အခက်အခဲများကို သူ အဘယ်ကြောင့် ထုတ်ဖော်မပြောခဲ့သနည်း။ ယင်းမှာ ကန္တာရထဲတွင် နှစ်လေးဆယ်ကြာနေပြီးသည့်နောက် လူ့‌လောကကြီး၏ ကြီးမားသော အန္တရာယ်များကို သူမသိခဲ့၍များဖြစ်သလော၊ သို့မဟုတ် အဲဂုတ္တုပြည်၌ မည်သည့်အခြေအနေထိ ရောက်ရှိပြီးဖြစ်သည်ကို မသိခဲ့၍များဖြစ်သလော၊ သို့မဟုတ် ဣသရေလလူတို့၏ လက်ရှိအတိဒုက္ခကို မသိခဲ့၍များဖြစ်သလော။ ထိုအရာများကို သူ ရှင်းလင်းစွာ မမြင်နိုင်ခဲ့သလော။ ယင်းမှာ ဖြစ်ပျက်နေခဲ့သည့်အရာ ဖြစ်သလော။ သေချာပေါက် မဟုတ်ချေ။ မောရှေသည် ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး အမြော်အမြင်ရှိသည်။ လူ့လောကထဲတွင် ထိုအရာများကို သူမြင်ပြီး၊ ခံရပြီးကာ တွေ့ကြုံရလျက်၊ ထိုအရာများအားလုံးကို သူသိခဲ့ပြီး သူ မည်သည့်အခါမျှ မမေ့ခဲ့ချေ။ ထိုအရာများအားလုံးကို သူအလွန်ကောင်းစွာ သိခဲ့သည်။ ထို့ကြောင့် ဘုရားသခင် သူ့ကို ပေးသည့် စေခိုင်းချက်တာဝန်သည် မည်မျှခက်ခဲသည်ကို သူသိခဲ့သလော။ (သိခဲ့ပါသည်။) သူသိခဲ့လျှင်၊ ထိုစေခိုင်းချက်တာဝန်ကို သူ မည်သို့ လက်ခံနိုင်ခဲ့သနည်း။ သူ့ထံတွင် ယုံကြည်ခြင်း ရှိသည်။ သူ၏တစ်သက်တာ အတွေ့အကြုံဖြင့် ဘုရားသခင်၏ အရာခပ်သိမ်းတတ်နိုင်စွမ်းခြင်းကို သူယုံကြည်သောကြောင့် ဘုရားသခင်၏ ဤစေခိုင်းချက်တာဝန်ကို ယုံကြည်ခြင်းအပြည့်ရှိသော စိတ်နှလုံးနှင့်၊ သံသယ စိုးစဉ်းမျှ မရှိဘဲ လက်ခံခဲ့သည်။...ကန္တာရထဲတွင် သူ၏နှစ်လေးဆယ်ကြာကာလ၌ မောရှေသည် ဘုရားသခင်၌ မည်သည့်အရာကမျှ မခက်ခဲကြောင်း၊ လူသည် ဘုရားသခင်၏ လက်တော်တွင် ရှိကြောင်းကို တွေ့ကြုံခံစားနိုင်ခဲ့သည်လားဆိုသည်ကို ငါ့ကို ပြောလော့။ အလွန်တွေ့ကြုံခံစားနိုင်ခဲ့ပါသည်။ ယင်းမှာ သူ၏ အစစ်မှန်ဆုံး အတွေ့အကြုံဖြစ်သည်။ ကန္တာရတွင် သူ၏ နှစ်လေးဆယ်ကြာကာလ၌၊ သေလောက်သော အန္တရာယ်ကို စွန့်စားရသည့် အရာများစွာရှိခဲ့ပြီး သူ အသက်ရှင်မည် ဟုတ်မဟုတ်ကို သူမသိခဲ့ပါ။ နေ့စဉ်နေ့တိုင်း သူ၏အသက်အတွက် သူရုန်းကန်ခဲ့ရပြီး ကွယ်ကာခြင်းအတွက် ဘုရားသခင်ကို ဆုတောင်းခဲ့ရသည်။ ယင်းမှာ သူ၏ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။ ထိုနှစ်လေးဆယ်တွင် သူအလေးနက်ဆုံး တွေ့ကြုံခံစားရသည့်အရာမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကွယ်ကာခြင်း ဖြစ်သည်။ ထို့နောက် နောက်ပိုင်းတွင် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သူ လက်ခံနေသည့်အခါ၊ သူ၏ ပထမဆုံး ခံစားချက်မှာ ဤကဲ့သို့ဖြစ်သည်။ ဘုရားသခင်၌ မည်သည့်အရာမျှ မခက်ခဲပေ၊ ဘုရားသခင်က ပြီးမြောက်နိုင်သည်ဟု ဆိုလျှင် ယင်းသည် သေချာပေါက် ပြီးမြောက်နိုင်သည်၊ ဘုရားသခင်က ထိုစေခိုင်းချက်တာဝန်ကို ပေးသည့်အတွက် ယင်းကို သူ ဧကန်မုချ သေချာဖြစ်မြောက်စေလိမ့်မည်၊ ယင်းကို လုပ်ဆောင်မည့်သူမှာ သူဖြစ်ပြီး မည်သည့်လူသားမျှ မဟုတ်ချေ။ လုပ်ဆောင်ချက် မပြုမီ၊ လူသားသည် စီစဉ်ရမည်ဖြစ်ပြီး ကြိုတင်စီစဉ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အကြိုလုပ်ငန်းများကို သူ ဦးစွာ ကိုင်တွယ်ရမည်။ ဘုရားသခင်သည် သူ မလုပ်ဆောင်မီ ဤကိစ္စများကို ဆောင်ရွက်ရမည်လော။ မလိုအပ်ချေ။ ဖန်ဆင်းခံတိုင်းသည် မည်မျှဩဇာညောင်းပါစေ၊ မည်မျှ လုပ်နိုင်စွမ်း သို့မဟုတ် တန်ခိုးအာဏာကြီးပါစေ၊ မည်မျှ ထိန်းမနိုင်သိမ်းမရဖြစ်ပါစေ ဘုရားသခင်၏ လက်ထဲတွင် ရှိပေ၏ဟူ၍ ဖြစ်ပေသည်။ မောရှေသည် ဤအရာနှင့်ပတ်သက်၍ ယုံကြည်ခြင်း၊ အသိပညာနှင့် အတွေ့အကြုံရှိသောကြောင့် သူ၏ စိတ်နှလုံးထဲတွင် သံသယ၊ သို့မဟုတ် အကြောက်တရား တစ်စက်မျှ မရှိချေ။ သို့ဖြစ်၍ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းသည် အထူးသဖြင့် စစ်မှန်ပြီး ဖြူစင်သည်။ သူသည် ယုံကြည်ခြင်းဖြင့် ပြည့်နေခဲ့ပြီးဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်လေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံမှသာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက် သဘောပေါက်သွားသည်၊ ကျွန်တော်က ဘုရားကို မယုံကြည်သည့် သူရဲဘောကြောင်သူဖြစ်ပြီး ဘုရားကို ယုံကြည်ခြင်း မရှိပါ။ အဲဂုတ္တုပြည်မှ ဣသရေလလူများကို ကျွန်ပြုမခံရတော့စေရန် ခေါ်ထုတ်ဖို့ မောရှေကို ဘုရားက ခေါ်ခဲ့သည်။ ဖာရောကို တိုက်ခိုက်ဖို့ မောရှေတွင် စစ်တပ်မရှိခဲ့သလို၊ ဤစေခိုင်းချက်တာဝန်ကို ပြီးစီးဖို့ အလွန်ခက်သည်။ သို့သော် မောရှေက ဘုရားနှုတ်ကပတ်တော်ကို နာခံနိုင်ခဲ့ပြီး၊ ဘုရားက သူ့လူများကို အဲဂုတ္တုပြည်မှ ကိုယ်တိုင်ကိုယ်ကျ ခေါ်ထုတ်သွားမည်ဟု ယုံကြည်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ထပ်ပြန်တွေးကြည့်တော့၊ ကျွန်တော်မလုပ်နိုင်သည့် အလုပ်များစွာကို မြင်သဖြင့် ဤတာဝန်ကို ဘေးဖယ်ထားလိုက်ချင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် ဖိအားများကာ၊ ဤတာဝန်က ကျွန်တော့်အပေါ် ဝန်ထုပ်တစ်ခုဖြစ်ပြီး မပြီးစီးနိုင်ပါဟု ခံစားခဲ့ရသောကြောင့်ဖြစ်သည်။ ဘုရားကို ကျွန်တော် ယုံကြည်ကိုးစားခြင်း မရှိခဲ့သလို၊ ဘုရားတွင် ယုံကြည်ခြင်း မရှိခဲ့ပါ။ ကိုယ့်ကိုယ်ပိုင် ကန့်သတ်သည့် အစွမ်းအစများကိုသာ ယုံကြည်ခဲ့သည်။ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခြင်းက ကျွန်တော့်အစွမ်းအစ၊ အတွေ့အကြုံနှင့် ဆက်နွှယ်သည်ဟု ထင်ခဲ့သည်။ အလုပ်အားလုံးကို ဘုရားက လုပ်ပေးပြီး၊ ပံ့ပိုးသည့် အခန်းကဏ္ဍကိုသာ လုပ်ရမည်ဟု မယုံကြည်ခဲ့ပါ။ တကယ်ကို မာနထောင်လွှားခဲ့ခြင်းဖြစ်သည်။ ဘုရား၏ ခွင့်ပြုချက်နှင့် ထိုတာဝန်ကို ထမ်းဆောင်နိုင်ခြင်းဖြစ်သည်။ အရာရာကို ဘုရားက အုပ်စိုးပြီး စီစဉ်သည်။ လက်တွေ့ ပူးပေါင်လုပ်ဆောင်ဖို့ ကျွန်တော် ယုံကြည်ခြင်း ရှိရမည်။ ယခုမှစ၍၊ ဤတာဝန်ကို ကျွန်တော် ငြင်း၍ မဖြစ်တော့ပါ။ ဘုရားက ဤတာဝန်ကို ပေးထားသဖြင့်၊ ကျွန်တော့်ကို သူ လမ်းပြပြီး ကူညီမည်ကို သိခဲ့သည်။ အခက်အခဲအမျိုးမျိုး ကြုံရလျှင်ပင်၊ အခက်အခဲမျိုးစုံထဲတွင် သမ္မာတရားကို သင်ယူခွင့်၊ စည်းမျဉ်းအမျိုးမျိုးကို သဘောပေါက်ပြီး၊ ကိုယ့်တာဝန်ကို တဖြည်းဖြည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ခွင့်ပေးရင်း၊ ဘုရားက ကျွန်တော့်ကို အမြဲလမ်းပြမည်ဖြစ်သည်၊ ဤတာဝန်မှတစ်ဆင့် ကျွန်တော့်တွင် ယုံကြည်ခြင်း ကင်းမဲ့ကြောင်း ထုတ်ဖော်ပြခံရသည်။ ကြီးမားသည့် ဝန်ထုပ်ကို ထမ်းခွင့်ပေးပြီး၊ အဖန်ဆင်းခံ၏ တာဝန်ကို လုပ်ခွင့်ပေးရင်း၊ ကိုယ့်တာဝန်တွင် လက်တွေ့လုပ်ဆောင်ဖို့နှင့် ကိုယ့်အားနည်းချက်များကို ပြုပြင်ဖို့ အခွင့်ပေးသဖြင့် ဘုရားကို ကျေးဇူးတင်သည်။ ဤအရာက ဘုရား၏ ကောင်းချီးဖြစ်သည်။

ဗင်နီဇွဲလားတွင်၊ ရေ၊ လျှပ်စစ်မီး၊ အင်တာနက်နှင့် စီးပွားရေးတွင် ပြဿနာများ ရှိသည်၊ ပြီးလျှင် တစ်ခါတလေ ကိုယ့်မိသားစုများကို ထောက်ပံ့ဖို့ ပုံမှန်ထက် အလုပ်ပိုကြိုးစား လုပ်ရသည်။ ကျွန်တော့်အဖေနှင့် ကျွန်တော်က မနက် ၃ နာရီတိုင်း ငါဖမ်းထွက်ကြပြီး၊ နေ့လည် သုံးနာရီ၊ လေးနာရီလောက်မှ ပြန်လာကြသည်။ တစ်နေ့လုံး ပင်လယ်တွင် မျှောနေရသည်မှာ အလွန်ပင်ပန်းသည်၊ သို့သော် အိမ်ပြန်ရောက်သည့်အခါ တာဝန်တွင် မလုပ်နိုင်ခဲ့သည့်အရာများစွာ ရှိနေသေးသဖြင့် အနားမယူချင်ခဲ့သလို၊ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်အောင် လေ့လာခြင်း၊ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး ကိုယ့်အားနည်းချက်များအတွက် ဖာထေးရင်း အချိန်ပိုကုန်ဖို့ လိုသည်။ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်လျှင်၊ ဘုရားကို စိတ်ပျက်စေမိမည်။ ကျေးဇူးတော်ခေတ်၏ သူတော်စင်များအကြောင်း တွေးမိသည်။ သူတို့က သခင်ယေရှုနောက် လိုက်ကြသည်၊ ဧဝံဂေလိ ဝေမျှသည်၊ သူတို့တာဝန်များ လုပ်ခဲ့ကြသည်၊ အခက်အခဲနှင့် အန္တရာယ်များစွာ ကြုံခဲ့ရပြီး အလွန် ဒုက္ခခံခဲ့ရသည်။ ကျွန်တော် ခံစားနေရသည့် ဆင်းရဲဒုက္ခ အနည်းငယ်နှင့် မည်သို့နှိုင်း၍ရမည်နည်း။ ထို့ကြောင့်၊ နေ့တိုင်း အိမ်ပြန်ရောက်သည့်အခါ ပထမဆုံး ကျွန်တော် လုပ်သည့်အရာက ကိုယ့်ဖုန်းကိုကိုင်ပြီး၊ မည်သည့်အလုပ်နှင့် တာဝန်များ ရှိသည်ကို ကြည့်ခြင်းဖြစ်သည်။ ညီအစ်ကို မောင်နှမများကိုလည်း အခက်အခဲတစ်ခုတလေ ရှိမရှိ မေးရင်းနှင့် စာများ ပို့နေမိသည်။ ကိုယ့်တာဝန်ကို မည်သို့ထမ်းဆောင်ရမှန်း မသိသူ ရှိခဲ့လျှင်၊ သူတို့ကို ကူညီပြီး ကိုယ့်တာဝန်ကို လုပ်နေစဉ် သင်ယူခဲ့သည့်အရာကို ပြောပြခဲ့သည်။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ရာတွင်၊ ဘုရားအပေါ် မှီခိုဖို့ စတင်သင်ယူပြီး၊ ညီအစ်ကို မောင်နှမများက အခက်အခဲများ ဖြတ်သန်းနေရသည့်အခါ၊ ကျွန်တော့်ကို လမ်းပြဖို့နှင့် သူတို့ကို အကူအညီဖြစ်မည့် ဘုရားနှုတ်ကပတ်တော် ရှာတွေ့ခွင့်ပေးဖို့ ဘုရားထံ ဆုတောင်းခဲ့သည်။ ဘုရားနှုတ်ကပတ်တော်ကို ဝေမျှပြီး ကိုယ့်အတွေ့အကြုံနှင့် သိနားလည်မှုအပေါ် မိတ်သဟာယပြုပြီးသည့်နောက်၊ သူတို့အခြေအနေများက အတော်အတန် ပြောင်းလဲသွားသည်။ ညီအစ်ကို မောင်နှမများကို ကူညီရာတွင်၊ အကျိုးတရားအချို့လည်း ရခဲ့ပြီး၊ သမ္မာတရားအပေါ် ကျွန်တော့် သိနားလည်မှုက အရင်ထက် ပို၍ပင်ရှင်းလာခဲ့သည်။ ဤအရာကိုကြုံနေရင်းနှင့် မည်သည့်အခက်အခဲပင်ရှိပါစေ ဘုရားက ကျွန်တော်တို့ကို အမြဲလမ်းပြမည်ဟု ကျွန်တော် မြင်ခဲ့သည်။ နေ့တိုင်း အခက်အခဲများ ရှိခဲ့သော်လည်း၊ အရင်ကလောက် အားမနည်းတော့ပါ။ သို့သော် မကြာခင်တွင် နောက်ထပ် ကြီးမားသည့် ပြဿနာနှင့် ကျွန်တော် ကြုံရသည်။

ကျွန်တော်ရှိသည့်နေရာက အင်တာနက်လိုင်းညံ့သဖြင့်၊ ညီအစ်ကို မောင်နှမများနှင့် ပုံမှန် စုဝေးခြင်း၊ မိတ်သဟာယပြုခြင်း မပြုနိုင်ခဲ့သလို၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ မဖြစ်နိုင်ခဲ့ပါ။ ဤပြဿနာကို ကိုယ်မထိန်းချုပ်နိုင်မှန်း သိသဖြင့်၊ ဤအရာမှတစ်ဆင့် ကျွန်တော့်ကို လမ်းပြဖို့ တောင်းလျှောက်ရင်းနှင့် အချိန်အတော်ကြာ ဘုရားထံ ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက် တဖြည်းဖြည်း စိတ်တည်ငြိမ်သွားသည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော် ဖတ်ခဲ့သည်။ “သင်၏အနိမ့်ကျဆုံးအချိန်တွင်၊ ဘုရားသခင်ကို သင် ခံစားရခြင်း အနည်းဆုံးအချိန်တွင်၊ သင်အနာကျင်ဆုံးနှင့် အထီးကျန်ဆုံးဟု ခံစားရသည့်အချိန်တွင်၊ သင်သည် ဘုရားသခင်ထံမှ ဝေးကွာနေသည်ဟု ခံစားရသည့်အချိန်တွင်၊ သင် လုံးဝ လုပ်ဆောင်သင့်သည့် အရာတစ်ခုမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို အော်ခေါ်ရန် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို အော်ခေါ်သည့်အခါ ခွန်အားရှိလာသည်။ သင် ဘုရားသခင်ကို အော်ခေါ်သည့်အခါ၊ သူ တည်ရှိကြောင်း ထိုအချိန်တွင် သင်ခံစားရသည်။ သင် ဘုရားသခင်ကို အော်ခေါ်သည့်အခါတွင်၊ သူ၏အုပ်စိုးမှုကို သင်ခံစားရနိုင်သည်။ သင်သည် ဘုရားသခင်ကို အော်ခေါ်သည့်အခါ၊ ဘုရားသခင်ကို ဆုတောင်းပြီး သင့်ဘဝကို သူ့လက်တော်ထဲ၌ ထားရှိသည့်အခါ၊ သင့်နံဘေးတွင် သူ့ကို ခံစား၍ရနိုင်သည်၊ သင့်ကို သူ မစွန့်ပစ်ထားကြောင်း ခံစား၍ရနိုင်သည်။ သင့်ကို သူ မစွန့်ပစ်ကြောင်း သင်ခံစားရသည့်အခါ၊ ဘုရားသခင်သည် သင့်နံဘေးတွင် ရှိသည်ဟု သင်အမှန်တကယ် ခံစား၍ရနိုင်သည့်အခါ၊ သင်၏ ယုံကြည်ခြင်းသည် အဘယ်အရာနှင့် တူသနည်း။ အချိန်ကုန်လွန်ခြင်းအားဖြင့် ယင်းကို ဖျောက်ဖျက်ပစ်၍ ရနိုင်သလော။ ဖျောက်ဖျက်၍မရနိုင်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံမှသာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်”) အခက်အခဲများကို ကြုံရသည့်အခါ၊ စိတ်နှလုံးနှင့် ဘုရားကို ဟစ်ခေါ်လိုက်ပါ။ ယုံကြည်ခြင်းနှင့် ခွန်အား ရှိပါလိမ့်မည်။ လူသားများ၏ တတ်စွမ်းနိုင်ခြင်းများက အကန့်အသတ်ရှိသည်။ ကိုယ့်အမြင်နယ်ပယ်ကို ကျော်လွန်ပြီး ကိစ္စများကို ကျွန်တော်တို့ မြင်ဖို့နည်းလမ်း မရှိပါ။ ထို့ကြောင့် ကိုယ့်မျက်စိရှေ့ ဖြစ်ပေါ်သည့် အခက်အခဲများကို အမြဲကြောက်ကြခြင်းဖြစ်သည်။ အရာခပ်သိမ်းပေါ် ဘုရား အုပ်စိုးသလို၊ ဘုရားအပေါ် ကျွန်တော်တို့ စစ်မှန်စွာ မှီခိုသရွေ့၊ ဘုရားက လမ်းပြပြီး ကိုယ့်တာဝန်များကို ထမ်းဆောင်ဖို့ ကူညီမည်။ ဘုရားနှုတ်ကပတ်တော်က ယုံကြည်ခြင်းနှင့် ခွန်အားပေးခဲ့သည်။ အခက်အခဲများစွာကို ရင်ဆိုင်ရာတွင် ကိုယ့်တာဝန်ကို ကျွန်တော် မလုပ်နိုင်ခဲ့ပါ။ ဤအခက်အခဲများကို ဖြတ်ကျော်ဖို့ ဘုရားကို ဆုတောင်းပြီး မှီခိုခဲ့ရသလို၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာတွင် ပို၍ပင် ကြိုးစားလုပ်ခဲ့ရသည်။ ကျွန်တော့်ကို ပုံမှန် စုဝေးနိုင်စေမည့် ပိုတည်ငြိမ်သည့် အင်တာနက်ချိတ်ဆက်မှုကို ရှာရင်း လမ်းပေါ် ကျွန်တော် စထွက်ခဲ့သည်။ တစ်ခါတလေ စုဝေးပွဲကို ဧည့်ခံနေချိန်တွင်၊ ည ၈ နာရီလောက်တွင် အပြင်ထွက်ခဲ့ပြီး၊ စုဝေးပွဲပြီးသည့်အချိန် ဆယ်နာရီခွဲ၊ ဆယ့်တစ်နာရီလောက်မှ အိမ်ပြန်ရောက်သည်။ မာဂရီတာ၏ အန္တရာယ်များသည့် အပိုင်းတွင် နေထိုင်သဖြင့် အိမ်အပြန်လမ်းတွင် ကျွန်တော် အလွန်ကြောက်ခဲ့သလို၊ ကျွန်တော့်ဖုန်းကို တစ်ယောက်ယောက် ခိုးသွားမည်ကို ကြောက်ခဲ့သည်။ ထိုအခြေအနေ၌ စုဝေးပွဲကို ဆက်တက်နိုင်မည်မဟုတ်ပါ၊ တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်ပါ။ အခက်အခဲကြားတွင် မဆုတ်မနစ်လုပ်ဖို့ ခွန်အားပေးဖို့ တောင်းလျှောက်ရင်း ဘုရားကို မကြာမကြာ ဆုတောင်းမိသည်။ မကြာမီ စာတစ်စောင် ရခဲ့သည်။ ညီအစ်ကို တစ်ယောက်က ကျွန်တော့် အခြေအနေကို သိသွားပြီး၊ ကျွန်တော့်ကို စ၍ စာပို့ခဲ့သည်။ “ညီအစ်ကိုရေ၊ ခုချိန်မှာ ခင်ဗျား ခက်ခဲတဲ့အချိန် ဖြတ်သန်းနေရတာ၊ ကိုယ့်တာဝန်ကိုလုပ်ဖို့ ညနက်တဲ့အချိန် လမ်းပေါ်ထွက်နေရတာ ကျွန်တော် သိတယ်။ ဒါအရမ်းကို အန္တရာယ်များပါတယ်။ ကျွန်တော့်မှာ စက်ဘီးရှိတယ်၊ လိုအပ်တဲ့အခါ ငှားပေးလို့ရပါတယ်။ ဒါက ခင်ဗျားအတွက် သွားဖို့လာဖို့ ပိုလွယ်သွားစေလိမ့်မယ်”ဟု ဖြစ်သည်။ ဤအခက်အခဲများမှတစ်ဆင့် ကျွန်တော် များစွာ သိခဲ့ရပြီး ဘုရားအပေါ် မှီခိုဖို့လည်း သင်ယူခဲ့သည်။ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်မှာ ဘုရားဖြစ်ပြီး၊ လူတိုင်းအတွက် ပတ်ဝန်းကျင်များ စီစဉ်သည်မှာ ဘုရားဖြစ်မှန်း သဘောပေါက်လာခဲ့သည်။ ကျွန်တော့် အတွေ့အကြုံတစ်လျှောက်တွင်၊ ဘုရား၏ လုပ်ဆောင်ချက်များကို တကယ်မြင်ခဲ့ရပြီး၊ ယခု ဘုရားအပေါ် ကျွန်တော့်ယုံကြည်ခြင်းက ပိုအားကောင်းသွားသည်။ ကျွန်တော် ကြုံခဲ့ရသလို အခြားလူများက အခက်အခဲများ ကြုံရသည့်အခါ၊ ဘုရားနှုတ်ကပတ်တော် ဝေမျှသည်၊ သူတို့ကို ကူညီပြီး ဘုရားကို ယုံကြည်ခြင်းရှိစေဖို့ ကိုယ့်အတွေ့အကြုံအချို့ကို မိတ်သဟာယပြုပေးခဲ့သည်။

နေ့တိုင်း ငါးဖမ်းရာမှ အိမ်ရောက်ပြီးသည့်နောက်၊ အိမ်တွင်နေပြီး ဘုရားနှုတ်ကပတ်တော် ဖတ်ခဲ့သည်။ စုဝေးပွဲအတွက် အချိန်ကျလာသည့်အခါ၊ အင်တာနက်ကောင်းရှိသည့်နေရာကို ရှာဖို့ လမ်းများပေါ် စက်ဘီးစီးထွက်သည်။ ဘုရားကို ဆုတောင်းတိုင်း၊ ကိုယ့်တာဝန်ကို ပိုကောင်းအောင် လုပ်ရာတွင် လမ်းပြဖို့ ဆုတောင်းခဲ့သည်။ ကိုယ့်၏ ခက်ခဲသည့် အခြေအနေကို ကျွန်တော် မပူပန်တော့ပါ။ ဘုရား၏ အလိုတော်နှင့် တောင်းဆိုချက်များကို ဖြည့်ဆည်းရာတွင်၊ ကိုယ့်တာဝန်ကိုသာ ကောင်းကောင်းလုပ်ချင်ခဲ့သည်။ အခက်အခဲများကို ပိုရင်ဆိုင်ရလျှင်ပင်၊ ဘုရား၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံဖို့၊ ကျွန်တော့်အတွက် ဘုရားစီစဉ်ပေးသည့် ပတ်ဝန်းကျင်ကို တွေ့ကြုံပြီး ဘုရား၏ စိတ်နှလုံး ကျေနပ်အောင် ကြိုးစားဖို့ လိုလားနေခဲ့သည်။ အနည်းငယ်ကြာပြီးနောက် ညီအစ်ကို မောင်နှမများက ယှဉ်ကြည့်လျှင် အင်တာနက်လိုင်း ငြိမ်သည့် အိမ်တစ်အိမ်ကို ကူရှာပေးခဲ့ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အလွန် ကျေးဇူးတင်မိသည်။ အကြောင်းမှာ ဤနေရာတွင် ကိုယ့်တာဝန်ကို ပိုပြီး ကောင်းကောင်း လုပ်နိုင်သလို၊ ဘုရား၏ လမ်းပြမှုအောက်တွင်၊ ကိုယ့်တာဝန်၌ ကြီးမားသည့်တိုးတက်မှုကို လုပ်ခဲ့ပြီးသောကြောင့်ဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က၊ ကျွန်တော့်ကို ခေါင်းဆောင်က ထပ်ပြောသည်။၊ ပို၍ပင်များသည့် အလုပ်အတွက် ကျွန်တော် တာဝန်ယူရမည်၊ ကျွန်တော့်ဝန်ထုပ်က ပို၍ပင် ကြီးလာမည်ဖြစ်ပြီး၊ ပိုများသည့် အလုပ်နှင့် ပိုများသည့် ညီအစ်ကို မောင်နှမများကို တွေ့ရမည်ဟုဖြစ်သည်။ သို့သော် ကျွန်တော့်တွင် မည်သည့်စိုးရိမ်မှု၊ ညည်းညူမှုမျှ မရှိတော့ပါ။ ဘုရားကို ဆက်ယုံကြည်ပြီး မှီခိုသရွေ့၊ ဘုရားက ကျွန်တော့်တာဝန်ကို ကောင်းကောင်း လုပ်ဖို့ လမ်းပြ၊ ကူညီလိမ့်မည်။

ဘုရားသခင်က ပြောသည်- “သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့)လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့- ဘုရားသခင်၏ အလိုတော်ကို သင် နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့် သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ၊ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးခြင်း မရှိပြီး သင်၏တာဝန်ကို သစ္စာရှိစွာ သင် ဖြည့်ဆည်းနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို မကြာခဏတွေးဆခြင်းဖြင့် လမ်းကြောင်းကို ရရှိသည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းအားဖြင့် ကျွန်တော် နားလည်သွားသည်။ ကျွန်တော်တို့ မထမ်းနိုင်သည့်ဝန်ကို ဘုရားပေးမည် မဟုတ်ဘဲ ကျွန်တော်တို့၏ ဝိညာဉ်ရင့်ကျက်မှုများနှင့် လုပ်နိုင်သည့်အရာကို ဘုရားသိကြောင်း ဖြစ်သည်။ ဘုရားအလိုတော်ကို အလေးဂရုပြုဖို့ ပိုလိုလားပြီး၊ ကိုယ့်တာဝန်တွင် ဝန်ထုပ်ပိုများလေ၊ ကျွန်တော်တို့အတွေ့အကြုံ ပိုကြွယ်ဝလေ၊ ဘုရားပေါ် သိနားလည်မှု ပိုနက်နဲလေ ဖြစ်လိမ့်မည်။ စစ်မှန်ရိုးသားမှု၊ နာခံမှုနှင့် ဤဝန်ထုပ်ကို လက်ခံဖို့၊ အခက်အခဲများတွင် သမ္မာတရားကို ရှာနိုင်အောင်နှင့် ကျွန်တော့် စိတ်နှလုံးက ထုံသဖြင့်၊ ကျွန်တော့် အယူအဆများပြီး ကိုယ့်ဝိညာဉ်ရင့်ကျက်မှုက မရင့်ကျက်သလို၊ ဘုရားအပေါ် ယုံကြည်ခြင်းက ချို့တဲ့နေသည်ကို သိသဖြင့် အရာခပ်သိမ်းနောက်ကွယ်က ဘုရား၏အလိုတော်ကို ရှာဖို့ ဘုရားကို ကျွန်တော် ဆုတောင်းရမည်။ ဤအခက်အခဲများကို ကြုံတွေ့ပြီးနောက်၊ အခက်အခဲရှိချိန်တွင်၊ ကိုယ့်ကိုယ်ကိုယ်နှင့် ဘုရား၏ လုပ်ဆောင်ချက်များကို ပိုပြီး ကောင်းကောင်း သိနိုင်သလို၊ ဘုရားအပေါ် ယုံကြည်ချက်ပိုရှိနိုင်သည်ကို အခု နားလည်သွားပါသည်။ တာဝန်ကို စလုပ်ခါစတုန်းက၊ ဘုရားကို ဆုတောင်းခဲသလို၊ ဘုရား၏ လမ်းပြမှုကို မရှာဖွေခဲ့ပါ။ ကိုယ့်တာဝန်ကို လုပ်ဖို့ ကိုယ့်ပါရမီများကို မှီခိုဖို့သာ ကြိုးစားနေခဲ့သလို၊ ဘုရားကို ယုံကြည်ခြင်း မရှိခဲ့ပါ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး သူ့အလိုတော်ကို နားလည်လာပြီးသည့်နောက် ယုံကြည်ခြင်းရရှိပြီး တာဝန်တွင် အလုပ်ကြိုးစားခဲ့သည်။ ဘုရားဆီ မကြာခဏ ဆုတောင်း၊ မှီခိုခဲ့သလို၊ ကိုယ့်တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ဆီလျော်သည့် စည်းမျဉ်းများအပြင် အသင်းတော်အလုပ်ကိုလုပ်ဖို့ လမ်းကြောင်းနှင့် ဆောင်ရွက်ပုံနည်းအချို့ကို သိလာရင်း ခေါင်းဆောင်များနှင့်အတူ ရှာဖွေပြီး မိတ်သဟာယပြုခဲ့သည်။ ဤအရာများကို ဖြတ်သန်းပြီးသည့်နောက်တွင်၊ အပျက်သဘောဆောင်သည့် အခြေအနေတွင် ကျွန်တော်မရှိတော့သလို၊ ဘုရားပေးသည့် တာဝန်နှင့် ဝန်ထုပ်များကို မပြီးစီးနိုင်ပါဟု မခံစားရတော့ပါ။ နေ့တိုင်း ကိစ္စများ ဖြစ်ပေါ်သည့်အခါ၊ သမ္မာတရားကို ရှာဖွေဖို့၊ ကိုယ့်တာဝန်ကို လုံ့လနှင့် ဆောင်ရွက်ဖို့ သင်ယူပြီး၊ အခက်အခဲများ ကြုံရသည့်အခါ၊ ဘုရားထံ ဆုတောင်းသည်။ ဘုရားက ဤပတ်ဝန်းကျင်နှင့် အခက်အခဲများအားလုံးကို ကျော်ဖြတ်ဖို့ လမ်းပြ၊ ကူညီပါသည်။ ကျွန်တော့် ဒုက္ခ၊ စိတ်ဖီစီးမှုများ သိပ်ကြီးသည်ဟုလည်း မခံစားရတော့ပါ။ ဤအခက်အခဲများကို မဖြတ်သန်းခဲ့ရလျှင်၊ ဘုရား၏ ဉာဏ်အလင်းပေးခြင်း ခံခဲ့ရမည် မဟုတ်ပါ။ စစ်မှန်သည့် အတွေ့အကြုံရှိဖို့ မပြောနှင့်၊ ဘုရားအပေါ် စစ်မှန်သည့် အသိ၊ ယုံကြည်ခြင်း ရှိခဲ့မည် မဟုတ်ပါ။ ထိုအခြေအနေတွင်၊ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်နိုင်မည် မဟုတ်ပါ။ ဤအခြေအနေများကို ကြုံရခြင်းအားဖြင့်၊ ဘုရားက ကျွန်တော့်ကို လေ့ကျင့်ပေးနေခြင်း၊ ပို၍ပင်များသည့် စေခိုင်းချက်တာဝန်များနှင့် ဝန်ထုပ်များကို ထမ်းနိုင်ခွင့်ပေးနေခြင်း ဖြစ်မှန်း ယခု ကျွန်တော် နားလည်သွားသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အလွန်ကျေးဇူးတင်ပါသည်။ နေ့တိုင်း ကျွန်တော် ကြုံရသည့် အခြေအနေများထဲတွင် သူ့မေတ္တာရှိမှန်း သူက သဘောပေါက်စေသည်။ ကျွန်တော် ဖြတ်သန်းရသည့် ဆင်းရဲဒုက္ခကလည်း ဘုရားမေတ္တာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤကဲ့သို့ပြောသည့် ဘုရားနှုတ်ကပတ်တော်ကို ယခုနားလည်သွားသည်။ “သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဘုရား၏မေတ္တာကို ပြန်ပေးဆပ်ဖို့ ပိုများသည့် ဝန်ထုပ်ကို ထမ်းဖို့ တောင့်တမိပါသည်။

ယခုခေတ်တွင်၊ ဗင်နီဇွဲလားက စီးပွားရေး၊ အများပြည်သူ ဝန်ဆောင်မှုများနှင့် အင်တာနက်တို့တွင် ပြဿနာ များစွာရှိသည်။ တစ်ခါတလေ စိတ်ဖိစီးရသော်လည်း၊ ဘုရားကို မှီခိုပြီး ရှာဖွေဖို့နှင့် သူ့ကို ယုံကြည်ခြင်းရှိဖို့ ကျွန်တော် သင်ယူပြီးဖြစ်သည်။ ဤအခက်အခဲများကို မကြုံခဲ့ရလျှင်၊ ကိုယ့်တာဝန်လုပ်ဆောင်ခြင်း၏ အရေးပါမှု၊ သို့မဟုတ် အခက်အခဲကြားတွင် ဘုရားကို မည်သို့ရှာရမည်ကို နားလည်ခဲ့မည် မဟုတ်ပါ။ ကျွန်တော့်အတွက် သူ စီစဉ်ခဲ့သည့် ဤခက်ခဲသည့် အခြေအနေများအတွက် ဘုရားကို ကျေးဇူးတင်သည်။ ဤအရာက ဤအကျိုးအမြတ်များ ဖြစ်ပေါ်စေပြီး ဤအသိကို ရဖို့ ကျွန်တော့်ကို အခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကိုင်တွယ်ရန် နည်းလမ်း

— ဝတ်ပြုခြင်းဆိုင်ရာ ဒိုင်ယာရီတစ်ပုဒ် ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ မိုးတိမ်ကင်းစင် ဒီနေ့...

အရူးထောင်မှ လွတ်မြောက်ခြင်း

ရှောင်ချောင် တရုတ်နိုင်ငံ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတုန်းကပါ။ အိမ်နီးချင်းတစ်ယောက်က ကျွန်မကိုအနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။