ဂုဏ်သိက္ခာသည် ကျိန်ခြင်းအမင်္ဂလာတစ်ခုဖြစ်သည်

11.09.2022

ရှောင်အင်း စပိန်နိုင်ငံ

တစ်ချိန်က အသင်းတော်ကို ကြီးကြပ်တဲ့ ကြီးကြပ်ရေးမှူးတစ်ယောက် အလုပ်လိုအပ်ချက်တွေကြောင့် အဝေးကို ရွှေ့ပြောင်းခံခဲ့ရပြီး၊ ကြီးကြပ်ရေးမှူးသစ် ရွေးဖို့ လိုအပ်ခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “အသင်းတော်ထဲက အများစုက လူသစ်တွေဖြစ်ပြီး၊ ရေလောင်းတဲ့အမှုဆောင်က ငါပဲရှိတာ။ တခြားအသင်းတော်ကနေ ကြီးကြပ်ရေးမှူးတစ်ယောက် ရွှေ့ပြောင်းလာမယ် ထင်ပါတယ်”လို့ပေါ့။ ဒါပေမဲ့ ရက်နည်းနည်းကြာတော့၊ ခေါင်းဆောင်တွက ပြောတယ်၊ အစ်မယန်က ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးသင့်တယ်တဲ့။ ဒါကိုကြားတော့ ကျွန်မ လန့်သွားပြီး၊ တွေးမိတယ်၊ “အစ်မယန်က အစည်းအဝေးတွေမှာ မိတ်သဟာယပြုတာ အရမ်းနည်းတယ်။ ဘယ်လိုလုပ်ပြီး သူဖြစ်နိုင်ရတာလဲ။ ဒါ့အပြင်၊ ပုံမှန်အခြေအနေတွေမှာ၊ ကြီးကြပ်ရေးမှူးကို ရေလောင်းတဲ့ ဝန်ထမ်းတွေထဲကနေ ရွေးတာလေ။ ငါ့ကို ထည့်စဉ်းစားတာထက် အစ်မယန်ကို ခေါင်းဆောင်တွေက ရွေးလိုက်ရင် ငါက သူတို့အမြင်မှာ အစ်မယန်ထက် နိမ့်ကျတယ်ဆိုတဲ့ သဘောပဲ။ ဘယ်လိုလုပ် အစ်မယန်ထက ငါ ပိုညံ့ရတာလဲ။ ငါ့အစား ဘာလို့ သူ့ကို ရွေးကြတာလဲ”လို့ပေါ့။ ကျွန်မ အရမ်းဝမ်းနည်းသွားတယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မကိုကျော်ပြီး အစ်မယန်ကို ရွေးတာက အရှက်ကွဲစရာလို့ ကျွန်မ ခံစားရတယ်။ အဲဒါ ရှက်စရာပဲလေ၊ ကျွန်မအတွက် ကြီးမားတဲ့ ထိုးနှက်ချက်လို လာတာ။ ဒါကြောင့် ခေါင်းဆောင်တွေနဲ့ပတ်သက်လို့ အယူအဆတွေ ကျွန်မ ဖြစ်ပြီး သူတို့ ကျွန်မကို အထင်သေးတယ်လို့ ခံစားရတယ်။ ကိုယ့်တာဝန်မှာ အစ်မယန်နဲ့ ပူးပေါင်းလုပ်ချိန်မှာ၊ ကျွန်မ အရမ်းလည်း ဒွိဟဖြစ်ခဲ့တယ်။

တစ်ခါ၊ အစ်မယန်က လူသစ်တွေနဲ့ စုဝေးချင်လို့၊ သူတို့ရဲ့ အခြေအနေတွေကို အခြေခံပြီး မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်တချို့ ပြင်ထားဖို့ ကျွန်မကို ပြောပြီး၊ မိတ်သဟာယနဲ့ပတ်သက်လို့ သူ့ကို ကူညီခိုင်းတယ်။ ကျွန်မ လုံးဝ မလုပ်ချင်ခဲ့သလို၊ “ဒါကနင့်အလုပ်ပဲ။ ဘုရားနှုတ်ကပတ်တော်ရှာပြီး နင့်ကို ကူညီစေချင်ရင်၊ နင့်ကို ကြီးကြပ်ရေးမှူးအနေနဲ့ ရတာက ဘာအဓိပ္ပာယ်ရှိမှာလဲ”လို့ တွေးမိတယ်။ ဒါပေမဲ့ သူ့မာန မထိခိုက်အောင်လို့ ကျွန်မ အဲဒါကို မပြောခဲ့ဘူး။ အင်တင်တင်နဲ့ လက်ခံဖို့ပဲ ကျွန်မ တတ်နိုင်ခဲ့တယ်။ နောက်တော့၊ ဒုတိယအခေါက်မှာ၊ ကျွန်မကို ဘုရားနှုတ်ကပတ်တော်ရှာခိုင်းပြီး လူသစ်တွေကို သူမိတ်သဟာယပြုတာကို ကူညီခိုင်းခဲ့တယ်။ အထူးသဖြင့် ကျွန်မက “ကြီးကြပ်ရေးမှူးအနေနဲ့၊ နင့်ရဲ့ မိတ်သဟာယမှာ အဲဒါကို လုပ်မှာမဟုတ်ဘူး။ ကိုယ့်ဘာသာ သွားလုပ်ပေါ့၊ ပြီးရင် ကြီးကြပ်ရေးမှူးဖြစ်ရတာ သိပ်မလွယ်မှန်း နင်သိလိမ့်မယ်” လို့တွေးပြီး ဆန့်ကျင်မိခဲ့တယ်။ ဒီတော့ ဘုရားနှုတ်ကပတ်တော် အပိုင်းတွေ ကြည့်လိုက်ပြီး သူ့ကို ပြောလိုက်တယ်၊ “နင်တစ်ယောက်ထဲ ဆက်ပြီး မိတ်သဟာယလုပ်လိုက်ပါ”လို့ပေါ့။ သူက အဲဒီလူသစ်တွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ကျွန်မ ပိုနားလည်သလို၊ ဘုရားနှုတ်ကပတ်တော်ကို ရှာတာ ကျွန်မဖြစ်လို့၊ အတူတူ မိတ်သဟာယပြုရင် ပိုကောင်းတဲ့ ရလဒ်တွေ ဖြစ်စေနိုင်ပြီး စုဝေးပွဲက ပိုထိရောက်မှာလို့ ပြောတယ်။ သူပြောတာ မှန်မှန်း ကျွန်မ သိပေမဲ့ သူနဲ့ကို ပူးပေါင်း မလုပ်ချင်ခဲ့တာ။ ကျွန်မ တွေးမိတယ်၊ “အခု နင်က ကြီးကြပ်တာလေ၊ ဒီတော့ စုဝေးပွဲက မထိရောက်ရင် အဲဒါ နင့်အလုပ်ပဲ။ ခေါင်းဆောင်တွေ မြန်မြန်သိလေ၊ ကောင်းလေပေါ့။ အဲဒီလိုနဲ့ နင့်မှာ ‘တကယ့်ပါရမီ’ မရှိမှန်း သိကြမှာ၊ ငါ့အစား နင့်ကို ရွေးရတဲ့ အကျိုးဆက်တွေကို သူတို့ နားလည်မှာ”လို့ပေါ့။ ဒါကြောင့် ကျွန်မမှာ တခြားစုဝေးပွဲရှိပြီး မလာနိုင်ဘူးလို့ ဆင်ခြေပေးလိုက်တယ်။ သူက ဒီစုဝေးပွဲ ပိုအရေးကြီးတယ်လို့ပြောပြီး၊ တခြားစုဝေးပွဲအချိန်ကို ညှိလို့ရမလားလို့ မေးတယ်။ ဒါပေမဲ့ အချိန်ပြောင်းလို့မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မ ငြင်းနေတုန်းပဲ။ နောက်တော့ သူက ကျွန်မရဲ့စုဝေးပွဲပြီးတဲ့အခါ သူ့ရဲ့စုဝေးပွဲဆီ မြန်နိုင်သမျှမြန်မြန် လာခိုင်းတယ်။ ကျွန်မ မသွားချင်လို့ ဝတ်ကျေတမ်းကျေ ပြောလိုက်တယ်။ “ကြိုးစားကြည့်မယ်လေ”လို့ပေါ့။ သူ့ကို ငြင်းပြီးတော့ နည်းနည်း စိတ်မသက်မသာ ခံစားရတယ်။ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ ထိန်းသိမ်းမနေခဲ့မှန်း သိတယ်လေ။ ဒါပေမဲ့ အဲဒီနောက်မှာ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့သလို၊ ကိုယ့်ကိုယ်ပိုင် စုဝေးပွဲကို တက်ဖို့ရွေးတုန်းပဲ။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေက စုဝေးပွဲမပြီးခင်မှာ ပြန်သွားကြတယ်။ နောက်ပိုင်းမှာ၊ အစ်မယန်က အဲဒီလူသစ်တွေအကြောင်း သိပ်မသိခဲ့သလို၊ သူ့ရဲ့ မိတ်သဟာယက သူတို့ရဲ့ အခြေအနေတွေကို မရည်ရွယ်ခဲ့လို့ စုဝေးပွဲက မထိရောက်ခဲ့မှန်း သိရတယ်။ ကျွန်မက သူနဲ့ ပူးပေါင်းမလုပ်ခဲ့လို့၊ အချိန်တချို့ကုန်သွားပြီးတဲ့နောက်မှာ အသင်းတော် အသက်တာက ရလဒ်ကောင်းတွေ မရခဲ့ဘူး။ လူသစ်တွေရဲ့ ပြဿနာနဲ့ အခက်အခဲတွေ အချိန်မီ ပြေလည်မသွားခဲ့ဘူး၊ စုဝေးပွဲတွေကို သူတို့ မလာချင်ကြတော့သလို၊ ပုံမှန် တက်ကြွလေ့ရှိတဲ့ အဖွဲ့ခေါင်းဆောင်တောင် စုဝေးပွဲတွေကို မလာတော့ဘူး။ အသင်းတော် အသက်တာရဲ့ မထိရောက်မှုအတွက် ကျွန်မမှာ သိသိသာသာ တာဝန်ရှိမှန်း ရှင်းရှင်းလင်းလင်း ကျွန်မ သိခဲ့တယ်။ အဲဒီအခါမှ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။

အန္တိခရစ်တွေကို ထုတ်ဖော်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မ ဖတ်တယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် မရိုးသားခြင်း၊ ဒုက္ခပေးခြင်း၊ ကောက်ကျစ်ခြင်းတို့ရှိရုံမကဘဲ အလွန်အမင်း ကြမ်းတမ်းသည။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ခြေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်မှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်းမရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ပြောင်းလဲကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက်မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် မကောင်းမကန်းဖြစ်ကြသည်။ ၎င်းတို့၏ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ သွေးဆောင်ခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက်မုန်းတီးခြင်း၊ မနာလိုခြင်းနှင့် လက်စားချေခြင်းပါ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိရုံမက နာခံခြင်း တစ်ပိုင်းတစ်စမျှ မရှိပေ။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် အသင်းတော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကိုလိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ ၎င်းတို့၏ တာဝန်တွင် သစ္စာရှိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့ ကျွန်မကို ဘုရားက မျက်နှာချင်းတိုင် ဖော်ထုတ်နေသလိုပဲ။ ဒီတစ်ချိန်လုံး ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် ကျွန်မ အသက်ရှင်ခဲ့တယ်။ ခေါင်းဆောင်တွေက အစ်မယန်ကို ကြီးကြပ်ရေးမှူးအဖြစ် ကျွန်မအစား ရာထူးတိုးပေးတော့၊ ကိုယ့်ပြဿနာတွေကို ကျွန်မ မသုံးသပ်ခဲ့ဘဲ၊ အဲဒီအစား မကျေမနပ်ဖြစ်လာတယ်၊ ခေါင်းဆောင်တွေက ကျွန်မကို လျှော့တွက်တယ်လို့ ညည်းညူပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ မလိုမလားဖြစ်ခဲ့တယ်။ လူသစ်တွေကို မိတ်သဟာယပြုဖို့ သူနဲ့အတူ ပူးပေါင်းလုပ်ဖို့ ကျွန်မကို အစ်မယန်က တောင်းဆိုတော့၊ လုံးဝ မလုပ်ချင်ခဲ့ဘူး။ သူ့စုဝေးပွဲ မထိမရောက်ဖြစ်မှာကိုတောင် မျှော်လင့်ခဲ့တယ်၊ အဲဒါက သူ့ကို စိတ်အနှောင့်အယှက်ပေးပြီး အရှက်ခွဲမှာလေ။ အဲဒါမှ ကျွန်မက သူ့ထက်သာတဲ့ပုံပေါ်နိုင်မှာ။ ကျွန်မကို အရင်ဆုံး မရွေးခဲ့တာ အမှားတစ်ခုပဲလို့ ခေါင်းဆောင်တွေကို မြင်စေမှာလေ။ ကျွန်မ အရမ်းစက်ဆုပ်စရာဖြစ်ပြီး ရက်စက်ခဲ့တယ်။ အသင်းတော်အလုပ်ကို အဟန့်အတားခံပြီးတော့တောင်၊ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ချင်ခဲ့တယ်။ ဒီကိစ္စမှာ ဆိုးယုတ်မှုကို ကျွန်မ ပြနေခဲ့တာပဲ မဟုတ်လား။ အဲဒါတွေကို ဘုရားက မုန်းပြီး စက်ဆုပ်တယ်။ ဒါကို သဘောပေါက်လိုက်တာနဲ့၊ အပြစ်ရှိသလိုခံစားရပြီး ဝမ်းနည်းမိသလို၊ ဘုရားကို ဘယ်လောက်အကြွေးတင်မိမှန်း သဘောပေါက်မိလို့၊ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်။ ကျွန်မတာဝန်မှာ ကိုယ်တော်ရဲ့ အလိုတော်ကို ဘယ်လိုထည့်တွက်ရမယ်ဆိုတာ ကျွန်မ မတွေးမိခဲ့ဘူး၊ ကျွန်မက ဆက်ဆံရခက်တယ်၊ အကျိုးသင့် အကြောင်းသင့် မပြုမူခဲ့သလို၊ ကျွန်မအစ်မနဲ့ ပူးပေါင်းမလုပ်ခဲ့ဘူး။ အသင်းတော်ရဲ့အလုပ်ကို ကျွန်မ ထည့်မစဉ်းစားခဲ့ပါဘူး။ ကျွန်မမှာ လူ့သဘာဝ လုံးဝ မရှိပါဘူး။ ဘုရားသခင်။ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကျွန်မ လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် သုံးသပ်ချင်ပါတယ်”လို့ပေါ့။

အဲဒီနောက်မှာ ကိုယ့်အခြေအနေနဲ့ ပတ်သက်လို့ ညီအစ်မတစ်ယောက်နဲ့ စကားပြောခဲ့ပြီး၊ သူက ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ပို့ပေးခဲ့တယ်။ “အန္တိခရစ်တစ်ယောက်အတွက် သူ၏ ဂုဏ်သတင်း၊ သို့မဟုတ် အဆင့်အတန်းကို တိုက်ခိုက်ခံရလျှင်၊ သို့မဟုတ် ယူဆောင်သွားခြင်းခံရလျှင် ယင်းသည် ၎င်းတို့၏ အသက်ကိုယူဖို့ ကြိုးစာခြင်းထက် ပို၍ပင် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို မည်မျှဖတ်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ အန္တိခရစ်တစ်ယောက်၏ သဘာဝ၊ အနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် ဝမ်းနည်းခြင်း၊ သို့မဟုတ် နောင်တရခြင်းတို့ကို ခံစားရမည်မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဂုဏ်သတင်းကို မြင့်တက်စေရန် နည်းလမ်းများကို ရှာဖို့အတွက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံစဉ်းစားကြသည်။ ဤသို့သောသူ လုပ်သမျှသောအရာတိုင်းသည် အခြားလူတို့ရှေ့တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားရှေ့တွင် လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဤအရာကို ငါ အဘယ့်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသို့သော သူတို့သည် အဆင့်အတန်းကို အလွန်ချစ်ပြီး ယင်းအား ၎င်းတို့၏ တကယ့်ဘဝအဖြစ်၊ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်အဖြစ် မှတ်ယူကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အဆင့်အတန်းကို အလွန်ချစ်သောကြောင့် သမ္မာတရား တည်ရှိမှုကို လုံးဝ မယုံကြည်ကြပေ။ ၎င်းတို့တွင် ဘုရားသခင် တည်ရှိမှုကို ယုံကြည်လက်သင့်ခံခြင်း လုံးဝ မရှိ ဟူ၍ပင် ဆိုနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိရန် မည်မျှ တွက်ချက်ပါစေ လူတို့နှင့် ဘုရားကို လှည့်စားရန် အတုအယောင် အသွင်အပြင်များကို အသုံးပြုဖို့ မည်မျှကြိုးစားပါစေ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စိတ်ပူပင်မှုတစ်ခုခုမဆိုထားနှင့်။ သတိထားမိခြင်း၊ သို့မဟုတ် အပြစ်ရှိသည်ဟု ခံစားရခြင်း မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့အရာကတစ်ဆင့်၊ အစ်မယန်ရဲ့ အလုပ်နဲ့ပတ်သက်လို့ ကျွန်မရဲ့ ပူးပေါင်းမလုပ်လိုခြင်း၊ ဆက်ဆံရခက်ခြင်းနဲ့ ကျွန်မရဲ့ ယုတ္တိမတန်တဲ့ အပြုအမူတွေအားလုံးက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကျွန်မ အရမ်း တန်ဖိုးထားလွန်းလို့ဖြစ်မှန်း သဘောပေါက်လိုက်တယ်။ တခြားလူတွေထက် နိမ့်ကျဖို့၊ တခြားလူတွေရဲ့ လမ်းညွှန်တာခံရဖို့ ကျွန်မ လိုလားမနေခဲ့သလို၊ တခြားအရာအားလုံးအထက်မှာ ကိုယ့်အသက်လို ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ထားခဲ့တယ်။ အစ်မယန် ရာထူးတိုးတာကို မြင်တော့၊ မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်တော့တာ။ သူ့ကို ကျွန်မ အရမ်းလည်း အာခံခဲ့သလို၊ သူနဲ့အတူ ကျွန်မတာဝန်ကို မလုပ်ချင်ခဲ့ဘူး။ သူ့ကို အရှက်ရစေဖို့ ကျွန်မ လှည့်တောင်လှည့်ဖြားခဲ့ပြီး တမင် ပူးပေါင်းမလုပ်ခဲ့ဘူး။ အဲဒါက အသင်းတော်အသက်တာကို မထိန်းသိမ်းသလို ဘုရားက လက်မခံမှန်း သဘောပေါက်ခဲ့ပေမဲ့၊ ပုံရိပ်နဲ့ အဆင့်အတန်းကို စွဲလမ်းလွန်းဖို့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ဘေးဖယ်ထားခဲ့တယ်။ ကိုယ့်တာဝန်ကို ကျွန်မ လုပ်နေတယ်လို့ ဘယ်လို ပြောလို့ရမှာလဲ။ သိသိသာသာပဲ၊ ကျွန်မက အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်၊ ဟန့်တားနေတာပါ။ ပေါလုက အဆင့်အတန်းအတွက် အမြဲတိုက်ခိုက်ပြီး၊ အထင်ကြီးလေးစားတာ ခံချင်ခဲ့တယ်။ အသင်းတော်ထဲမှာ ပေတရုရဲ့ ဂုဏ်သိက္ခာကို သူ မြင်တော့၊ မနာလိုဖြစ်ပြီး စိတ်မကျေမနပ်ဖြစ်ခဲ့တယ်။ ဒါကြောင့် ပေါလုကို သေးသိမ်စေပြီး သူ့ကိုယ်သူ ချီးမြှောက်ခဲ့တယ်။ ကျွန်မလုပ်ခဲ့တာက ပေါလုလုပ်ခဲ့တာနဲ့ ဘာမှမကွာဘူး။ သမ္မာတရားကို အားထုတ်ရမှာ ကျွန်မ ကြိုးစားမနေခဲ့သလို၊ ညီအစ်ကို မောင်နှမတွေနဲ့ ဘယ်လိုပူးပေါင်းလုပ်ပြီး တာဝန်မှာ သစ္စာရှိရမယ်ဆိုတာကို မတွေးခဲ့ဘူး။ အဲဒီအစား၊ အဆင့်အတန်းရဖို့နဲ့ လူတွေ ကိုယ့်ကို အထင်ကြီးအောင် ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ နှောင့်ယှက်ခဲ့တယ်။ ကျွန်မက စာတန်ရဲ့ အစေခံတစ်ယောက်ပါပဲ။ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းက ကျွန်မကို အရမ်းထိခိုက်တယ်။ အဆင့်အတန်းကို ကျွန်မ မလိုက်စားချင်တော့ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေချင်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အမုန်းတီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အမှန်းတီးဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ သဘာဝအရ ဤအရာအားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ ချီးကျူးခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်။ ဤသည်မှာ လမ်းဆုံးတစ်ခုဖြစ်သည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်ထဲမှာ၊ လူတွေအတွက် ဘုရားရဲ့ တိုက်တွန်း၊ သတိပေးချက်နဲ့ ဘုရားက အဆင့်အတန်း လိုက်စားတာကို မုန်းပြီး စက်ဆုပ်မှန်း ကျွန်မ တွေ့ရတယ်။ နောင်တမရရင်၊ နောက်ဆုံးမှာ ကျွန်မ လမ်းဆုံးကို ရောက်သွားမှာပဲ။ ကျွန်မတာဝန်မှာ သမ္မာတရားလိုက်စားနိုင်အောင်၊ သမ္မာတရားကို သိပြီး အဒါရဲ့ စစ်မှန်မှုတွေထဲ ဝင်ရောက်နိုင်အောင် ဘုရားက သမ္မာတရား အများကြီး ဖော်ပြပြီး ကျွန်မတာဝန်ကို လုပ်ဆောင်ဖို့ အခွင့်အရေးပေးခဲ့ပေမဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကျွန်မ ကြောင်းကျိုးမမြင်ဘဲ လိုက်စားခဲ့တယ်။ ဒါက ဘုရားရဲ့တောင်းဆိုချက်တွေကို ဆန့်ကျင်နေခဲ့တာ မဟုတ်လား။ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေကို ကယ်တင်ဖို့ ဘုရားက ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံပြီး ကမ္ဘာမြေကို ကြွလာခဲ့တယ်။ ဘုရားက အထွတ်အထိပ်ဖြစ်ပြီး ကြီးမြတ်သည့်တိုင် လုံးဝ မကြွားဝါဘူး။ တိတ်တဆိတ်နဲ့ သမ္မာတရား ဖော်ပြပြီး လူတွေကို ကယ်တင်တဲ့အလုပ်လုပ်တယ်။ ဘုရားက အရမ်းနှိမ့်ချပြီး ချစ်စရာကောင်းတယ်။ ကျွန်မက ညစ်ညမ်းမှုနဲ့ ဖောက်ပြန်ပျက်စီးခြင်း ပြည့်တဲ့ အဖန်ဆင်းခံတစ်ယောက်ဖြစ်ပေမဲ့ လူတွေရဲ့ စိတ်နှလုံးမှာ နေရာတစ်ခု အမြဲ ရှိချင်ပြီး ကျွန်မကို အထင်ကြီးစေချင်တယ်။ အရမ်းကို မာနထောင်လွှားပြီး အရှက်မဲ့တာပဲ။ ဘုရားအိမ်တော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေအကြောင်းလည်း ကျွန်မ တွေးမိတယ်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ဖို့၊ အမြင်မတူသူတွေကို နေရာတကာ သူတို့ တိုက်ခိုက်ပြီး ဖယ်ကြဉ်ခဲ့ကြသလို၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နစ်နာစေဖို့၊ အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်ယှက်ဖို့ လုံးဝ ဝန်မလေးဘူး။ နောက်ဆုံးမှာ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ထုတ်ဖော်ခံရ၊ စွန့်ပစ်ခံခဲ့ကြရတယ်။ ဒီအတောအတွင်းမှာ၊ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို ကျွန်မ မဆောင်ရွက်ခဲ့သလို၊ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို လိုက်စားဖို့ အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ဒါပေမဲ့ လုပ်ခဲ့တဲ့အရာအတွက် ထိုက်တန်သလို ဘုရားက ကျွန်မကို မဆက်ဆံခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူ့ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်ထဲမှာ ဖော်ထုတ်ပြီး၊ ကျွန်မကိုယ်ကျွန်မ သိပြီး ဘုရားအလိုတော်ကို နားလည်အောင် ကူညီခဲ့တယ်။ ဒါကို သတိထားမိတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ကျွန်မ ကျိန်ဆိုလိုက်တယ်။ မှန်မှန်ကန်ကန် နောင်တရပြီး လမ်းကြောင်းမှားကို ဆက်မသွားတော့ဘူးလို့ပေါ့။

ကျွန်မအခြေအနေ နည်းနည်းပြောင်းလဲသွားတာနဲ့ အစ်မယန်အပေါ် ကျွန်မရဲ့အမြင်လည်း ပြောင်းသွားတယ်။ သူ့တာဝန်မှာ သူက ဝန်ထုပ်ထမ်းပြီး သူ့အလုပ်ရဲ့ ကဏ္ဍအားလုံးကို ကောင်းကောင်း လုပ်ထားတာ တွေ့ရတယ်။ အရင်က သူ မဖော်ထုတ်ခဲ့တဲ့ အလုပ်တချို့ ရှိခဲ့ပေမဲ့၊ တခြားလူတွေဆီကနေ နှိမ့်နှိမ့်ချချ ရှာဖွေနိုင်ပြီး၊ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ တခြားလူတွေနဲ့ ပူးပေါင်းလုပ်နိုင်တယ်။ သူ့တာဝန်မှာ သူ တာဝန်ယူတယ်၊ သမ္မာတရားကို လိုက်စားပြီး ပျိုးထောင်ပေးလို့ရတယ်။ ဒါပေမဲ့ ကျွန်မက ပျင်းရိပြီး တကယ့်ဝန်ထုပ်တစ်ခုမှ မထမ်းသလို ကိုယ့်တာဝန်မှာ ဘာတာဝန်သိစိတ်မှ မရှိဘူး၊ အဆင့်အတန်းအတွက် တပ်မက်မှု အားကောင်းပြီး ကြီးကြပ်ရေးမှူးအနေနဲ့ မသင့်တော်ဘူး။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို မရွေးခဲ့ဘူး။ သူတို့မှာ ချင့်ချိန်နိုင်စွမ်းရှိပြီး စည်းမျဉ်းနဲ့ ဆောင်ရွက်ခဲ့ကြတာပဲ။ သူ့ကို ကျွန်မ မတိုက်ခိုက်သင့်ဘူး။ သူ့ရဲ့ အားနည်းချက်တွေကနေ သင်ယူပြီး အသင်းတော် အလုပ်ကို ကောင်းကောင်းလုပ်ဖို့ သူနဲ့ အလုပ်လုပ်သင့်တယ်။

နောက်ပိုင်းမှာ၊ တစ်ကြိမ် အစ်မယန်က လူသစ်တစ်ယောက်မှာ ပြဿနာတချို့ ရှိတယ်လို့ ပြောပြီး ဖြေရှင်းချက်ကောင်း တစ်ခုတစ်လေရှိလားလို့ ကျွန်မကို မေးတယ်။ ကျွန်မ တွေးမိတယ်၊ “သူ့ကို ငါ့အတွေးတွေ ပြောပြီး သူက ပြဿနာကို ဖြေရှင်းလိုက်ရင်၊ လူသစ်တွေ ငါ့ကိုမဟုတ်ဘဲ သူ့ကို အထင်ကြီးကြမှာပဲ”လို့ပေါ့။ ဒီအတွေးရှိနေတုန်းမှာ၊ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းအကြောင်း ပြန်တွေးနေမိမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကြောင့် ချက်ချင်း ဘုရားဆီ ဆုတောင်းလိုက်တယ်။ ဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ ဤအရာများကို သင် ဘေးဖယ်ထားနိုင်ရမည်။ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ အလင်းပိုရှိလေ ဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။ ဤဖောက်ပြန်ပျက်စီးသောအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင်၊ သင်သည် သမ္မာတရားကို ရှာဖွေရမည်။ ဤအရာများ၏ အနှစ်သာရကို ရှင်းလင်းစွာနားလည်ပြီး ဤအရာတို့ကို ဘေးဖယ်ကာ စွန့်လွှတ်ရမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ထောက်ပြတယ်။ ကိုယ့်ကိုယ်ပိုင် ပုံရိပ်၊ အဆင့်အတန်းနဲ့ ပတ်သက်လာတဲ့အခါ၊ စွန့်လွှတ်ဖို့၊ လက်လွှတ်ပြီး တခြားလူတွေကို အကြံပေးဖို့ ကျွန်မ သင်ယူရမယ်။ ဘုရားရှေ့မှာ ကိုယ့်တာဝန်ကို လုပ်ပြီး ဘုရားရဲ့ စိစစ်မှုကို လက်ခံရမယ်။ ဒါက မှန်ကန်တဲ့ လိုက်စားမှုဖြစ်ပြီး ဘုရားအလိုတော်နဲ့ ညီတယ်။ အခု၊ ကျွန်မအစ်မက ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ ဆွေးနွေးရအောင် ကျွန်မဆီ လာနေတယ်၊ ဘယ်သူဘယ်ဝါက ဖြေရှင်းမဲ့ပုံပေါ်ပါစေ၊ အရေးအကြီးဆုံးက လူသစ်ရဲ့ ပြဿနာတွေ ပြေလည်သွားနိုင်ဖို့ပဲ။ ဒါကလည်း သမ္မာတရားကို လက်တွေ့လုပ်ဖို့ ဘုရားပေးတဲ့ အခွင့်အရေးတစ်ခုပဲလေ။ ဒါကိုတွေးရင်းနဲ့ ကျွန်မအစ်မကို ကျွန်မ နားလည်သမျှပြောပြလိုက်တယ်။ ဒီလိုလက်တွေ့လုပ်ပြီးတဲ့နောက်မှာ အရမ်းကို လုံခြုံစိတ်ချပြီး စိတ်အေးချမ်းသွားတယ်။ အဲဒီနောက်မှာ၊ လူသစ်တွေရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ကျွန်မအစ်မက မေးတဲ့အခါ၊ ကျွန်မအတွေးနဲ့ စိတ်ကူးတွေကို သူ့ကို ပြောပြပြီး၊ ကျွန်မလုပ်ဖို့ ဘာကိုပဲ သူစီစဉ်ပါစေ၊ ကျွန်မ မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့တယ်။ ဒါက ကျွန်မတာဝန်ဖြစ်မှန်း သိခဲ့ပြီး ကိုယ့်ရဲ့ အကူအညီကို လိုလိုလားလား ပေးခဲ့တယ်။ ဒီလိုနဲ့၊ သူ့နဲ့အတူ ကျွန်မရဲ့ ပူးပေါင်းလုပ်ဆောင်မှုက ပုံမှန်ပြန်ဖြစ်သွားပြီး အသင်းတော် အသက်တာက ပိုထိရောက်လာခဲ့တယ်။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း လိုက်စားခြင်းနဲ့ ဆိုင်တဲ့ ကိုယ့်ရဲ့ မမှန်တဲ့ လမ်းကြောင်းအပေါ် အသိတချို့ရခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း လိုက်စားမှုမှာ အသင်းတော်ရဲ့ အကျိုးစီးပွားတွေ ထိခိုက်စေတဲ့ အရာတွေ ကျွန်မလုပ်နိုင်ပြီး၊ အသင်းတော်အလုပ်ကို အနှောင့်အယှက်နဲ့ အဟန့်အတားတွေ ဖြစ်စေနိုင်မှန်း တွေ့ခဲ့ရတယ်။ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းနောက်လိုက်တာက မမှန်တဲ့ လမ်းကြောင်းပဲလို့ နက်နက်ရှိုင်းရှိုင်း ခံစားရတယ်။ အဲဒါက လူတွေကို ဘုရားကို ပိုပိုပြီးပဲ ခုခံစေနိုင်သလို၊ နောက်ဆုံးမှာ ဘုရားရဲ့ ငြင်းပယ်တာ ခံရစေနိုင်တယ်။ တစ်ချိန်တည်းမှာပဲ၊ ဘုရားနှစ်သက်တာက သူတို့တာဝန်မှာ သမ္မာတရားလိုက်စားမှုနဲ့ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို အာရုံစိုက်သူတွေဖြစ်မှန်းလည်း နားလည်ခဲ့ရတယ်။ အဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို လက်တွေ့ကျတဲ့ ပုံစံနဲ့ ဖြည့်ဆည်းခြင်းအားဖြင့်ပဲ ဘုရားရဲ့ အလိုတော်နဲ့ ကျွန်မတို့ ကိုက်ညီနိုင်တယ်။ ဘုရားရဲ့ ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တွဲဖက်သည် ပြိုင်ဖက်မဟုတ်

အိုဇန်း မြန်မာနိုင်ငံ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက...

ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့မှ ရိတ်သိမ်းခြင်း

ယိုရှင့် ကိုရီးယားနိုင်ငံ အနန္တတန်ခိုးရှင်ဘုရားသခင်က မိန့်တော်မူပါတယ်။ “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို...

မြေငလျင်လှုပ်ပြီးနောက်

ဂျိန်း ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။