ရိုးသားသော တိုင်ကြားမှုကြောင့် ဖိနှိပ်ခြင်းကို ရင်ဆိုင်ရခြင်း

22.05.2022

လီမင် ဂျာမနီနိုင်ငံ

ဖန်ပင်းက ရေလောင်းအဖွဲ့ကို ကျွန်မ စီမံနေချိန်မှာ ကျွန်မအလုပ်ကို တာဝန်ယူခဲ့တဲ့ ခေါင်းဆာင်လေ။ ကျွန်မတို့ ဆက်ဆံရေးတွေကတစ်ဆင့်၊ သူက အလုပ်လုပ်တဲ့အခါ ဟန်ဆောင်လုပ်ပြတတ်မှန်း၊ ဆောင်ပုဒ်တွေပဲ အော်ပြီး တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မတို့တာဝန်တွေမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေကိုတော့ တုံ့ပြန်ချက်ကို အကျဉ်းချုပ်ရာမှာ ကျွန်မတို့ကို ဦးမဆောင်ခဲ့သလို ဘုရားနှုတ်ကပတ်တော်တွေအပေါ် မိတ်သဟာယမပြုခဲ့ဘူး။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို မညွှန်ပြခဲ့ဘူး။ ကျွန်မတို့ကို ဆူပဲဆူနေခဲ့တာ။ ညီအစ်ကို မောင်နှမတွေရဲ့ အကြံတွေကို သူ လက်မခံဘူး။ ဒီအပြုအမူတွေက သူဟာ အယောင်ဆောင် ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ ခံစားမိစေတယ်။ ဒီတော့ အဲဒါကို ပြောပြဖို့ သူ့အထက်လူကြီး လျူယွန်ကို ကျွန်မ ဆက်သွယ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဖန်ပင်းက စုဝေးပွဲတွေမှာ သူနဲ့ အမြဲရှိခဲ့သလို၊ အလုပ်အများကြီး အတူလုပ်ခဲ့ကြမှန်း သတိရသွားတယ်။ ကျွန်မမြင်ခဲ့တဲ့ ပြဿနာတွေကို လျူယွန်ကလည်း မြင်ခဲ့မှာပဲလို့ တွက်မိတယ်။ ပြီးတော့ ဖန်ပင်းက အဖွဲ့ဆယ်ခုကျော်ကို ကြီးကြပ်ရင်းနဲ့ အဖွဲ့အတော်များများရဲ့ အလုပ်အတွက် တာဝန်ရှိတာလေ။ သူ့ရဲ့ ပြဿနာတွေကို သူတို့ မမြင်ခဲ့ကြဘူးလား။ တစ်ယောက်ကမှ ဘာကိုမှ မတိုင်ကြားခဲ့ဘူး၊ ဒီတော့‌ ကျွန်မက ဘာလို့ထုတ်ပြောရမှာလဲ။ ကျွန်မက ကိစ္စတွေကို အထင်လွဲနေခဲ့တာဖြစ်ပြီး၊ လျူယွန်က ဖန်ပင်းနဲ့ပတ်သက်လို့ အပြစ်ရှာဖို့ ကျွန်မကြိုးစားနေရင်းနဲ့ သူ့ကို အမြင်စောင်းနေတာလို့ပြောရင်ကော။ ကျွန်မအနေနဲ့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ပြီး၊ ကိုယ့်ဒုက္ခကိုယ် မရှာချင်ဘူးလေ။ ဒါပေမဲ့လည်း အရင် အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကြောင့် ထိခိုက်ခဲ့ရပုံကို တွေးမိတယ်။ အချိန်မီ မတိုင်ကြားခဲ့လို့လေ။ အန္တိခရစ်တွေက အသင်းတော်အလုပ် တော်တော်များများကို ကမောက်ကမဖြစ်စေပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေက ထိခိုက်ခဲ့ကြတယ်လေ။ ပြဿနာတွေကို ချက်ချင်း မတိုင်ကြားတာက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းတာ ဖြစ်မှာမဟုတ်ဘူး။ အဲဒီအတွေးနဲ့ ကျွန်မ စိတ်မသက်မသာဖြစ်ရပြီး၊ တွေးနေမိတာက ညီအစ်ကို မောင်နှမတွေဆီ ပြောပြပြီး သူတို့ ဘာပြောမလဲ ကြည့်သင့်တယ်ပေါ့။ ဒါနဲ့ အစ်ကိုလျူဆီ သွားပြောတော့ သူက လက်တွေ့ပြဿနာတွေကို ဖန်ပင်း မကိုင်တွယ်နိုင်သလို ခံစားရတယ်၊ အလုပ်ကို မစစ်ဆေး မမေးမြန်းဘူး၊ တခြားလူတွေ စည်းမျဉ်းထဲ ဝင်ရောက်ဖို့အတွက် မျက်စိဖွင့်ပေးတာ၊ အထောက်အကူပြုတာ မရှိဘူးတဲ့။ ဖန်ပင်းက ဩဇာနဲ့အုပ်ချုပ်တတ်တယ်၊ စည်းကမ်းမဲ့ပြီး အလုပ်တွေကို ဦးစားမပေးတတ်ဘူးလို့လည်း ပြောတယ်။ အဲဒါကြောင့် အလုပ်တွေထိရောက်မှု မရှိဘဲ၊ ကိစ္စတွေ အရမ်းကို ကြန့်ကြာသွားတဲ့အပြင်၊ ညီအစ်ကို မောင်နှမတွေရဲ့ သတိပေးချက် တော်တော်များများကို သူက လျစ်လျူရှုခဲ့တယ်တဲ့။ စုဝေးပွဲတွေအတောအတွင်းမှာ၊ သူ့ကိုယ်သူ သုံးသပ်ပုံ၊ သိလာပုံ၊ ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေ လက်တွေ့လုပ်ဆောင်ခဲ့ပုံကို မိတ်သဟာယပြုခဲတယ်။ နားကြားကောင်းတဲ့ အရာတွေကို ပြောနေပေမဲ့ လက်တွေ့ကျတာ ဘာမှမလုပ်ဘဲ အယူဝါဒကိုပဲ လေပန်းနေခဲ့တာ။ အစ်ကိုလျူက ကျွန်မမြင်ခဲ့တဲ့ ပြဿနာတွေကို မြင်တာ တွေ့ရတော့၊ ဖန်ပင်းက တကယ့်အလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်ဖြစ်မှန်း တော်တော် သေချာသွားပြီး၊ ခေါင်းဆောင်အနေနဲ့ သူ ဆက်ရှိနေရင် ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်မှာပဲ။ ဖန်ပင်းရဲ့ ပြဿနာက ဆိုးရွားပြီး ကျွန်မ တိုင်ကြားမှဖြစ်မယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ နောက်တော့ သူက ကျွန်မရဲ့အလုပ်ကို တိုက်ရိုက်တာဝန်ယူထားလို့၊ ကျွန်မ ထုတ်ပြောပြီးတဲ့နောက် သူ အထုတ်မခံရဘဲ သိသွားခဲ့ရင်၊ ကျွန်မကို ပြဿနာရှာတော့မှာ၊ ကျွန်မရဲ့တာဝန်ကနေတောင် ထုတ်ပစ်နိုင်တယ်လို့ တွေးမိတယ်။ ကျွန်မရာထူးကို ရပြီးတာမှ မကြာသေးဘဲ ဆုံးရှုံးသွားခဲ့ရင် အရမ်းအရှက်ရမှာ။ အဲဒီလိုဆို တာဝန်ကို ရဖို့ ကျွန်မမှာ နောက်ထပ်အခွင့်အရေး ရှိပါ့မလား။ “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏” လို့ ပြောကြပြီး ကျွန်မ အဲဒီလို ပထမဆုံးခံရတဲ့သူ မဖြစ်သင့်ဘူးလေ။ အဲဒါကို တင်ပြခိုင်းဖို့နဲ့ သူ့ရဲ့ တိုင်ကြားမှုကို ကျွန်မက ပံ့ပိုးနိုင်အောင်လို့ အစ်ကိုလျူကို ကျွန်မ ပြောပြချင်ခဲ့တယ်။ အဲဒီလိုဆိုရင် ကျွန်မ အရဲစွန့်စရာလိုမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျွန်မနှုတ်ဖျားမှာတင် အဲဒါကို ပြောကို မပြောနိုင်ဘူး ဖြစ်နေတယ်။ စောင့်ကြည့်ပြီး ကိစ္စတွေ ဘယ်လိုဖြစ်သွားလဲ ဆက်ကြည့်ချင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားက ကျွန်မတို့ရဲ့ နှလုံးနဲ့ စိတ်တွေကို မြင်ပြီး၊ အဲဒါတွေအားလုံးနဲ့ပတ်သက်လို့ အဆင်ပြေတယ်လို့ ကျွန်မလုံးဝ မခံစားရဘူး။ အပြစ်ရှိပြီး လိပ်ပြာမသန့်သလိုပဲ ခံစားရတယ်။ ဘုရားဆီ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့တယ်။

နောက်တော့ ကျွန်မအခြေအနေကို အလင်းပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ ဘုရားသခင်က ပြောသည်- “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏ အိမ်တော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း- သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။...သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ်တွင် သင်သည် ဩဇာမရှိပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်မပြောဆိုနိုင်ပေ၊ သို့မဟုတ် သင်အမှန်တကယ်ထင်သည့်အရာကို မပြောနိုင်ပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်အလိုရှိလျှင်ပင် သင်၏ တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ သင်ပြောသမျှ၊ လုပ်သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ အရာတိုင်းသည် မုသားဖြစ်သည်။ သင်သည် ပေါ့ပေါ့တန်တန်နိုင်ပြီး ဝတ်ကျေတမ်းကျေလုပ်သည်။ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိနိုင်သည်။ သို့သော် ဤသည်မှာ သင့်အပေါ်တွင် မမူတည်ပေ။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက ပြောသည့် မည်သည့်အရာကိုမဆို သင်ပြောဆိုပြီး လုပ်ဆောင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ ရုပ်သေးရုပ်တစ်ရုပ်ကလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် စာတန်၏ တန်ဆာပလာတစ်ခုဖြစ်လာသည်။...သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပေ။ သင်၏ စိတ်ပိုင်းဖြတ်ချက်များကို တိုးမြှင့်ရင်း၊ စိတ်ဆုံးဖြတ်ချက်များကို ပြုလုပ်ရင်းနှင့် ကျမ်းသစ္စာများ ကျိန်ဆိုရင်း၊ ဆုတောင်းမြဲ ဆုတောင်းနေသည်။ ထို့ကြောင့် ဤအရာများအားလုံးမှ မည်သည့်အရာ ဖြစ်လာပြီနည်း။ သင်သည် မှန်ပါ့သမားဖြစ်နေဆဲ ဖြစ်သည်- သင်သည် မည်သူ့ကိုမျှ ရန်မစပေ၊ မည်သူ့ကိုမျှ မစော်ကားပေ။ ကိစ္စတစ်ခုက သင်နှင့် မသက်ဆိုင်လျှင်၊ သင်သည် ဝေးဝေးနေပြီး စဉ်းစားလိမ့်မည်။ ‘ငါနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြောမည်မဟုတ်သည့်အပြင်၊ ဤအရာသည် ခြွင်းချက်မရှိ ဖြစ်သည်။ တစ်ခုတစ်လေက ငါ၏ အကျိုးစီးပွားများ၊ ငါ၏မာန၊ သို့မဟုတ် ငါ၏ မိမိကိုယ်ကို လေးစားမှုကို ထိခိုက်စေပါက၊ ယင်းတို့ထဲမှ တစ်ခုမျှကို ငါသည် အရေးထားမည် မဟုတ်ပေ၊ ထိုအရာအားလုံးကို သတိရှိရှိ ချဉ်းကပ်မည်ဖြစ်သည်။ ငါ မဆင်မခြင် ပြုရမည်မဟုတ်။ ထောင်ထွက်သည့် သံချောင်းက ဦးစွာပထမ ထိုးနှက်ခံရတတ်၏၊ ငါသည် ဤမျှမိုက်မဲခြင်း မရှိ။’ သင်သည် ဆိုးသွမ်းမှု၊ ကလိမ်ကကျစ်ကျခြင်း၊ တင်းမာခြင်းနှင့် သမ္မာတရားကို စက်ဆုပ်ခြင်းနှင့်ဆိုင်သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေ၏။ ၎င်းတို့သည် သင့်ကို ဖျက်ဆီးနေပြီး မျောက်ဘုရင် ဝတ်ဆင်ခဲ့သည့် ရွှေကွင်းထက်ပင် သင့်အတွက် ခံရပ်ရန် သာ၍ ခက်ခဲစေပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ဒုက္ခကြီးလှပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်၊ ဉာဏ်များပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြခဲ့တယ်။ ဖန်ပင်းက သူ့တာဝန်မှာ ဘယ်လို သိသိသာသာ တာဝန်မဲ့တယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတာလေ။ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ လက်တွေ့အလုပ် မလုပ်နိုင်ခဲ့ဘူး။ အမှန်တရားကိုလည်း လက်မခံနိုင်ခဲ့ဘူး။ သူက အာဏာရှင်ဆန်တယ်၊ အရာရာ သူ့သဘောအတိုင်း ဖြစ်ရမယ်တဲ့။ ဒါက ညီအစ်ကို မောင်နှမတွေကို အကျိုးမပြုရုံမက၊ အဲဒီအစား သူတို့ကို ချုပ်ထိန်းထားတယ်။ အဲဒါ လုံးဝကို အယောင်ဆောင် ခေါင်းဆောင်ဖြစ်တဲ့ လက္ခဏာတွေဖြစ်ပြီး၊ အဲဒီလို ဖြစ်နေတာက အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်။ အဲဒါကို ချက်ချင်း တိုင်ကြားဖို့လိုမှန်း ကျွန်မ စိတ်ထဲမှာ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို စိတ်ဆိုးစေခဲ့ရင်၊ ကျွန်မကို နောင်တရစရာဖြစ်စေမှာ၊ ကျွန်မ အထုတ်ခံရမှာကို စိုးခဲ့တယ်။ ကိုယ့်ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ သူ့ကို တိုင်ကြားတာထက် အသင်းတော်အလုပ် ထိခိုက်ခွင့်ပေးဖို့ ရွေးချယ်မိခဲ့တယ်။ အရဲစွန့်တာထက် ဉာဏ်များတာကို ရွေးခဲ့တယ်— အလိုက်သင့် သွားဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ ပြဿနာတွေ ရှိခဲ့ရင် ကျွန်မကို အပြစ်တင်စရာ ဘာမှရှိမှာ မဟုတ်သလို၊ ဘယ်ပြဿနာအတွက်မှ တာဝန်ယူစရာလိုမှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ “မိမိကိုယ်သာ အားကိုးရာ၊ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏” ဆိုတာတွေက ကျွန်မ အသက်ရှင်ခဲ့တဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေပဲ။ ဘုရားအိမ်တော် အကျိုးစီးပွားတွေအကြောင်း၊ ညီအစ်ကို မောင်နှမတွေရဲ့ ဘဝတွေ ဘယ်လိုထိခိုက်ခဲ့တယ်ဆိုတာကို မတွေးဘဲ၊ ကိုယ့်ကိုယ်ကျိုးစီးပွားတွေကိုပဲ တွေးခဲ့တယ်။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တာ။ ကျွန်မမှာ တရားမျှတစိတ်ရှိတယ်၊ ဘုရားအိမ်တော် အကျိုးစီးပွားတွေကို ထိန်းသိမ်းနိုင်တယ်လို့ ထင်ခဲ့ပေမဲ့၊ ဒီအတွေ့အကြုံက ကျွန်မဟာ အရိပ်အကဲကိုပဲ ကြည့်တတ်တဲ့ ကောက်ကျစ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူတစ်ယောက်မှန်း ပြခဲ့တယ်။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့ပြီး အယောင်ဆောင် ခေါင်းဆောင်ကို မတိုင်ကြားနိုင်ခဲ့ဘူး။ ဘုရားအိမ်တော်ကို ကျွန်မ ထိခိုက်နေတာ၊ ညီအစ်ကို မောင်နှမတွေကို ထိခိုက်နေတာပဲ။ ကျွန်မက အယောင်ဆောင် ခေါင်းဆောင်ရဲ့ လက်ပါးစေတစ်ယောက်ပဲ။ ဆက်ပြီး သူရဲဘောကြောင်နေလို့ မဖြစ်တော့ဘူး၊ ကျွန်မမြင်ခဲ့တဲ့ ဘယ်ပြဿနာကိုမဆို တိုင်ကြားရမယ်လို့ ကျွန်မ ခံစားရတယ်။

တိုင်ကြားဖို့ ကျွန်မ ဆုံးဖြတ်လိုက်ချိန်မှာပဲ ခေါင်းဆောင်က ကျွန်မကို ဖန်ပင်းနဲ့ သူ့အဖော်အကြောင်း သုံးသပ်ချက်တွေ ရေးခိုင်းတယ်။ ဒါဟာ ခေါင်းဆောင်က ဖန်ပင်းရဲ့ ပြဿနာတွေကို သတိပြုမိခဲ့တဲ့ သဘောပဲလို့ တွေးရင်းနဲ့ ကျွန်မ တကယ်ကို ဝမ်းသာသွားတယ်။ ဒါကြောင့် သူ့ရဲ့ အပြုအမူအားလုံးကို အသေးစိတ် ရေးလိုက်တယ်။ သူ့အဖော်က အထုတ်ခံလိုက်ရပြီး ဖန်ပင်းက သူ့တာဝန်မှာ ဆက်ရှိနေတာကို သိလိုက်ရတော့ ကျွန်မ အံ့ဩသွားတယ်။ နှစ်ရက် သုံးရက် ကြာပြီးတဲ့နောက် ဖန်ပင်းက သူ့မိတ်သဟာယမှာ ငိုရင်းပြောခဲ့တယ်။ “ကျွန်မက လက်တွေ့အလုပ် မလုပ်၊ ညီအစ်ကို မောင်နှမတွေကို ဦးမဆောင်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ပါ။ လူတွေရဲ့ ပြဿနာတွေအတွက် မကူညီခဲ့သလို၊ လူတွေကို စကားလုံးတွေနဲ့ ဖိတောင်ဖိနှိပ်ခဲ့တယ်။ အခု ဘယ်သူကမှ အကြံမပေးရဲကြတော့ဘူး။ ဘုရားက အဲဒီတာဝန်နဲ့ ကျွန်မကို ချီးမြှောက်ခဲ့ပေမဲ့ ကျွန်မက တာဝန်မဲ့ခဲ့တယ်။ ဘုရားကို ကျွန်မ အကြွေးတင်သွားပြီ။ မကောင်းတာ အများကြီး လုပ်ခဲ့တယ်။ ကျွန်မက လူမဆန်ဘူး။ ဘုရားအိမ်တော်က အဲဒီတာဝန်ကို ဆက်လုပ်ဖို့ အခွင့်အရေး ပေးလို့ ကျွန်မ နောင်တရရမယ်။ ရှင်တို့ တစ်ယောက်ယောက်က ကျွန်မမှာ ပြဿနာတစ်ခုခု တွေ့ရင် ကျေးဇူးပြုပြီး ပြောပြပါ၊ ကျွန်မ ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါ”တဲ့။ သူ စကားပြောရင်းနဲ့ ခါးခါးသီးသီး ငိုနေတာ မြင်ရပြီး ကြည့်ရတာ အရမ်းစစ်မှန်ရိုးသားပုံပဲ။ ကျွန်မ မှားသွားခဲ့တာလား၊ သူ သမ္မာတရားကို လက်ခံနိုင်ခဲ့တာလား၊ ပြီးတော့ ကျွန်မအနေနဲ့ အများကြီး သိပ်မတောင်းဆိုသင့်ဘူးလို့ တွေးမိတယ်။ သူ နောင်တရဖို့ အသင့်ဖြစ်ခဲ့ရင်၊ ကောင်းကောင်းအလုပ်လုပ်နိုင်မှာ ကျွန်မ တွက်မိတယ်။ ကျွန်မ မေ့ထားလိုက်သင့်တယ်၊ သူ အထုတ်မခံရမှတော့ သူနဲ့အတူ အကောင်းဆုံး အလုပ်လုပ်သင့်တယ်ပေါ့။ နောက်တော့ “အစ်မ ရုန်ကန်းခဲ့ရတာတွေကို ကျွန်မတို့ နားမလည်ခဲ့ဘူး။ အခုကစပြီး ပိုပြီး ကောင်းကောင်း အလုပ်လုပ်ရအောင်”ဆိုတဲ့ စာတစ်ခု သူ့ကို ပို့လိုက်တယ်။ ကျွန်မကို အကူအညီနဲ့ အကြံဉာဏ်တွေ ထပ်ပေးဖို့ တောင်းဆိုရင်းနဲ့ သူ ပြန်ဖြေခဲ့တယ်။ အမှန်တရားကို သူ လက်ခံနိုင်ပြီး ပြောင်းလဲနိုင်တယ်ဆိုရင် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်နိုင်တယ်လို့ တွေးရင်းနဲ့ ကျွန်မ အရမ်း စိတ်လှုပ်ရှားသွားတယ်။ ဒါပေမဲ့ သူက ဘာအပြောင်းအလဲမှ မလုပ်ခဲ့တာကို မြင်ရတော့ ကျွန်မ တကယ် အံ့ဩသွားတယ်။ စုဝေးပွဲတွေမှာ သူက ဟန်ဆောင်လုပ်ပြနေတယ်၊ တကယ့် ပြဿနာတွေကို မကိုင်တွယ် မဖြေရှင်းဘူး။ အသင်းတော်ရဲ့ အထွေထွေ အရေးကိစ္စတွေမှာ ပြဿနာတချို့ ပေါ်လာပေမဲ့ စုဝေးပွဲတွေမှာ အပြင်ပန်း ကိစ္စတွေတချို့ကိုပဲ သူ ဆက်အာရုံစိုက်နေခဲ့တယ်။ အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ သမ္မာတရား ရှာဖွေခြင်းအကြောင်း မပြောဘူး။ ဒါတွေအားလုံးက အသင်းတော် အသက်တာကို ဆိုးဆိုးရွားရွား နှောင့်ယှက်ရင်းက လူတိုင်းကို သူတို့တာဝန် အေးအေးချမ်းချမ်း မလုပ်နိုင်အောင် ရင်တမမ ဖြစ်စေခဲ့တယ်။ အဲဒါတွေအားလုံး ဖြစ်နေတာကို မြင်ရတော့၊ ကျွန်မ သူ့ဆီ စကားသွားပြောတယ်။ သူက၊ “ပြဿနာရှိနေတာ ရှင်ပဲ၊ ကျန်တဲ့ လူတိုင်းက ကျွန်မပြောတဲ့အတိုင်း လိုက်လုပ်နိုင်ကြတယ်။ ရှင်ကလွဲလို့ပေါ့။ အနှောင့်အယှက်ဖြစ်နေတာ ရှင်ပဲ”တဲ့။ သူ အဲဒီလိုပြောတာ ကြားရတော့ ကျွန်မ စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်မတာဝန်မှာ ဘယ်လိုဆက်လုပ်ရမလဲ မသိခဲ့သလို၊ တကယ်ကို သောကရောက်ရတယ်။ ကျွန်မ ရပ်လိုက်ပြီး ကိုင်တွယ်ဖြေရှင်းခံလိုက်လို့ရတယ်။ ဒါမှမဟုတ် သူပြောတာကို လုပ်လို့ရတယ်၊ ဒါပေမဲ့ လူတိုင်းအတွက် အနှောင့်အယှက်ဖြစ်မှာပဲ။ ဒါကြောင့် ကျွန်မ အသက်ရှူမဝသလိုမျိုး ကူကယ်ရာမဲ့ဖြစ်သွားတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ တွေးမိပါတယ်။ ဒါပေမဲ့ နောက်တော့ သူ့ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ကို အရင်က ကျွန်မ ပြောပြခဲ့ပြီး ဖန်ပင်းကို သူတို့ တကယ် မကိုင်တွယ်ခဲ့ဘဲ အဲဒီအစား တကယ်အလုပ်လုပ်တဲ့ တခြားခေါင်းဆောင်တစ်ယောက်ကို ထုတ်ပယ်ခဲ့ပုံကို စဉ်းစားမိသွားတယ်။ သူ့ကို ကျွန်မတိုင်လိုက်ရင်၊ ကျွန်မ ပြဿနာရှာနေတယ်လို့ ပြောပြီး အဲဒါက ကျွန်မရဲ့ ပြဿနာပဲလို့ တွေးကြမလားပေါ့။ ကျွန်မတို့ အပြစ်တင်ပြီး ထုတ်ပယ်လိုက်ရင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒီအခြေအနေမှာ ကျွန်မရှိနေတုန်း၊ ကျွန်မနဲ့အတူ ဘုရားမရှိသလိုမျိုး ဝိညာဉ်ရေးရာ မှောင်မိုက်မှုကို ခံစားခဲ့ရတယ်။ သူ့ကို တစ်ခါ တိုင်ကြားပြီးတဲ့နောက်မှာ၊ ကိုယ့်အနာဂတ်နဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို စိုးရိမ်မိမှာ။

သိပ်မကြာခင်၊ ဘုရားအိမ်တော်က အလုပ်အစီအစဉ်တစ်ခု ထုတ်ပြန်တယ်။ အသင်းတော်ထဲမှာ တွေ့ရတဲ့ ဘယ်မကောင်းမှုပြုတဲ့သူ၊ အန္တိခရစ်ကိုမဆို၊ လက်တွေ့အလုပ်မလုပ်တဲ့ ဘယ်အယောင်ဆောင် ခေါင်းဆောင်တွေကိုမဆို ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တိုင်ကြားရမယ်တဲ့။ ဒါက ဘုရားရွေးချယ်ထားသူအားလုံးရဲ့ တာဝန်တစ်ခုဖြစ်တယ်တဲ့။ တိုင်ကြားခံရလို့ ခေါင်းဆောင်တစ်ယောက်က ညီအစ်ကို ဒါမှမဟုတ် ညီအစ်မတစ်ယောက်ကို ဒေါသတကြီးရမ်းရင်၊ အန္တိခရစ်တစ်ယောက်ပဲ။ ခေါင်းဆောင်တိုင်းလည်း အဲဒီလို ဒေါသတကြီး မရမ်းဘူးဆိုတဲ့ အာမခံချက်တစ်ခုကို လက်မှတ်ထိုးရမယ်တဲ့။ ကောင်းလိုက်တဲ့ ကိုင်တွယ်နည်းပဲ။ ကျွန်မ ယုံကြည်ခြင်း ကင်းမဲ့ပြီး ကိုယ့်အတွက် အရမ်းစဉ်းစားလွန်းမှန်း၊ ဘုရားအိမ်တော် အကျိုးစီးပွားတွေ ကာကွယ်ဖို့ ရုန်းကန်ရမှန်း ဘုရားက သိတယ်။ အဲဒီအစီအစဉ်ကို တွေ့လိုက်ရတော့ ကျွန်မ ဝမ်းသာပြီး အပြစ်ရှိသလိုလည်း ခံစားရတယ်။ ကျွန်မတို့ ဝိညာဉ်ရင့်ကျက်မှု နည်းပုံကို ဘုရားသိလို့ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ဖော်ထုတ်ဖို့ သူ အားပေးနေလို့ ဝမ်းသာမိတာ။ အပြစ်ရှိသလို ခံစားရတာက အသင်းတော်ထဲမှာ အယောင်ဆောင် ခေါင်းဆောင်တွေရှိမှန်း သိပေမဲ့၊ ဖိနှိပ်ခံရပြီး ထိန်းချုပ်ခံရမှာစိုးလို့ သူတို့ကို ကျွန်မ မတိုင်ကြားရဲခဲ့လို့ပါ။ ကျွန်မက ဘုရားရွေးချယ်ထားသူတွေထဲက တစ်ယောက် မဖြစ်ထိုက်ဘူး။ ဒါကြောင့်၊ ဖန်ပင်းရဲ့ အပြုအမူမှာ ကျွန်မတွေ့ခဲ့တာကို ခေါင်းဆောင်နှစ်ဖွဲ့နဲ့ ကျွန်မ ပြောခဲ့ပြီး သူတို့ကို သဘောတူလက်ခံခဲ့ကြတယ်။ နောက်တော့ အယောင်ဆောင် ခေါင်းဆောင်တွေကို သိမြင်ဖို့ စည်းမျဉ်းတွေကို ကျွန်မတို့ ပြန်ဆန်းစစ်ခဲ့ပြီး နောက်ဆုံးမှာ ဖန်ပင်းက တကယ်ကို အယောင်ဆောင် ခေါင်းဆောင်ပဲလို့ ဆုံးဖြတ်လိုက်တယ်။ လျူယွန်နဲ့ တခြားအထက်ပိုင်း ခေါင်းဆောင်တွေလည်း ဖန်ပင်းကို ကာပေးနေလို့ သူတို့လည်း ပြဿနာဖြစ်စေတယ်လို့လည်း ခံစားရတယ်။ သူတို့နဲ့ပတ်သက်လို့ ကျွန်မတို့အားလုံး တိုင်ကြားစာ ရေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ ဖန်ပင်းနဲ့ဆိုင်တဲ့ သုံးသပ်ချက် ရေးပြီးတဲ့အချိန်မှာ၊ အဖွဲ့ခေါင်းဆောင်နှစ်ယောက်က သူတို့ကို မစောင့်ဘဲ ကျွန်မဟာကို အရင်ပို့ဖို့ ပြောတယ်။ ကျွန်မစပြီး စိုးရိမ်မိပြန်တယ်။ ကျွန်မရဲ့ တိုင်ကြားချက်ကို ဖန်ပင်းက သိသွားရင်၊ ကျွန်မကို ဒုက္ခပေးနိုင်တယ်လို့ပေါ့။ ကျွန်မ ခံစားနေရတာနဲ့ပတ်သက်လို့ ဘုရားဆီ ဆုတောင်းလိုက်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒီစာပိုဒ်ကို တွေ့လိုက်ရတယ်။ ဘုရားသခင်က ပြောသည်- “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားဆီက ဒီမေးခွန်းတွေအားလုံး ဖတ်လိုက်ရချိန်မှာ ကျွန်မ မှင်တက်သွားတယ်။ အဲဒါက စိတ်ထိခိုက်လောက်အောင်ကို အရမ်းထိမိတယ်။ ဘုရားအလိုတော်ကို ထောက်ထားဖို့၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့အကြောင်း ကျွန်မ အမြဲပြောခဲ့တယ်။ ဒါပေမဲ့ ဖန်ပင်းက လက်တွေ့အလုပ်မလုပ်တာ၊ လူတွေကို အယူဝါဒနဲ့ လှည့်စားနေတာ၊ သူ့တာဝန်မှာ အာဏာရှင်ဆန်ပြီး ထင်ရာမြင်ရာ လုပ်နေသလို၊ အသင်းတော် အသက်တာကို ဆိုးဆိုးရွားရွား နှောင့်ယှက်နေတာကို ကျွန်မ ရှင်းရှင်းလင်းလင်း တွေ့တဲ့အချိန်မှာ၊ ကျွန်မ သတ္တိမရှိခဲ့ဘူး။ အမှောင်အင်အားကို ဆန့်ကျင်မရပ်တည်ရဲခဲ့ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရအောင်လို့ သူ့ကို တိုင်ကြားခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ထက် စာတန်ရဲ့ ခိုင်းဖတ် ဖြစ်ဖို့ ပိုနှစ်သက်ခဲ့တယ်။ ဘုရားကို ဘယ်လို ကျွန်မ ရင်ဆိုင်နိုင်မှာလဲ။ ဘုရားနှုတ်ကပတ်တော်တိုင်းက ကျွန်မရဲ့ စာနာစိတ်ကင်းတဲ့ စိတ်နှလုံးအတွက် အချက်ပေးသံတစ်ခုလိုဖြစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတာ ရပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ အနိုင်ကျင့်ခံရရင်တောင် သူတို့ကို ဖော်ထုတ်ပြီးတိုင်ကြားရမယ်။ ဒီတော့ ဖန်ပင်းနဲ့ တခြားအထက်ပိုင်း ခေါင်းဆောင်နှစ်ယောက်အကြောင်း တိုင်ကြားစာ ပို့လိုက်တယ်။

နှစ်ရက် သုံးရက်ကြာပြီးတဲ့နောက်၊ ခေါင်းဆောင်နဲ့ အမှုတော်ဆောင်တွေ အစည်းအဝေးတစ်ခုမှာ၊ ဖန်ပင်းက မျက်ရည်လည်ရွဲနဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်တဲ့အကြောင်း ဟန်ဆောင်လုပ်ပြပြန်တယ်။ သူက၊ “ကျွန်မ နေ့နေ့ ညည အလုပ်လုပ်နေခဲ့ပေမဲ့ ဘယ်သူ့ အားပေးမှုကိုမှ ရအောင် မလုပ်နိုင်ခဲ့ဘူး၊ အတိုင်တောင် ခံခဲ့ရတယ်။ ဒါကျွန်မအတွက် ဘုရားရဲ့မေတ္တာဖြစ်ပြီး ကျွန်မအနေနဲ့ ရပ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမယ်မှန်း သိပါတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ တိုင်ကြားချက်တွေက ကျွန်မအတွက် အထောက်အကူဖြစ်ပါတယ်။ ကျွန်မအကြောင်း တိုင်ကြားစာရေးခဲ့သူ ဘယ်သူ့ကိုမှ မဖိနှိပ်ဖို့ ကျမ်းသစ္စာတစ်ခု ရေးပြီးပါပြီ...” တဲ့။ နောက်ပိုင်းမှာ၊ ကျွန်မအလုပ်မှာ အခက်အခဲတစ်ခုခု ရှိလား၊ အခြေအနေ ဘယ်လိုလဲလို့ လာမေးပြီး၊ အရင်လို သူက မထီတရီ မဟုတ်တော့တဲ့ ပုံပဲ။ အစားအစာတချို့လည်း သူ ယူလာပေးတယ်။ ပထမတော့ သူ တကယ် နောင်တရတာ ဖြစ်နိုင်တယ်လို့ တွေးရင်းနဲ့ ကျွန်မ မသေမချာ ဖြစ်သွားတယ်။ ဒါပေမဲ့ တခြားနည်းနဲ့ ကြည့်လိုက်တဲ့အခါ၊ သူ့ရဲ့ ခဏတာ သဘောကောင်းပြခြင်းအားဖြင့် ကျွန်မ အလှည့်စားခံလို့မဖြစ်တော့ဘူး— ကျွန်မ စောင့်ကြည့်ရမယ်။ ပြီးခဲ့တဲ့အခေါက် သူ ငိုပြီး သူ့ကိုယ်သူ နားလည်ယောင် ဟန်ဆောင်ပေမဲ့ ဘာမှမပြောင်းလဲဘူး။ သူ့ကို ကျွန်မ တိုင်ခဲ့တာ သိလို့ ကျွန်မကို သူ မျက်နှာလို မျက်နှာရ လုပ်နေတာ ဖြစ်နိုင်တယ်။ နောက်ပိုင်း တိုင်ကြားချက်ကို စစ်ဆေးတဲ့အခါ သူ ပြောင်းလဲသွားပြီလို့ ကျွန်မကို ပြောစေချင်တာများလားပေါ့။ သူကျွန်မကို လှည့်စားနေတာ ဖြစ်နိုင်ပြီး စာတန်ရဲ့ ထောင်ချောက်ထဲ ကျွန်မ လဲကျပြီး သူလှည့်စားတာကို ထပ်ခံလို့မဖြစ်ဘူးလို့ တွေးမိတယ်။ ပြီးခဲ့တဲ့ အခေါက်ကလို သူ့မျက်ရည်တွေနဲ့ လှည့်စားတာ မခံရအောင် ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်ဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ကျွန်မ အမြန် ဆုတောင်းလိုက်တယ်။ ငိုနေလို့ပဲ တစ်ယောက်ယောက်က နောင်တရပြီလို့ ကျွန်မ ဆုံးဖြတ်လိုက်လို့ မရသလို သူတို့စကားအတိုင်း လုပ်နေလို့မရဘူး၊ သူတို့ လုပ်ရပ်တွေကို စောင့်ကြည့်ရမယ်။ သူက မကြာခင် သူ့စရိုက်အမှန်ကို ထပ်ပြလိုက်တာ မြင်ရတော့ ကျွန်မ တကယ်အံ့ဩသွားတယ်။

နှစ်ရက် သုံးရက် ကြာပြီးတဲ့နောက်မှာပဲ၊ လူတွေကို သိမြင်ခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားကို ကျွန်မတို့ ဆွေးနွေးနေခဲ့ပြီး၊ သူ အခွင့်အရေးကို အသုံးချပြီး ပြောလိုက်တယ်၊ “ကျွန်မတို့ ကိုယ်ကိုယ်ကိုယ် သိရုံသိလို့မရဘဲ၊ တခြားလူတွေကိုလည်း သိမြင်ဖို့ သင်ယူရမယ်။ လတ်တလောမှာ၊ တခြားလူတွေကို တိုင်ကြားဖို့ ကျွန်မတို့ တိုက်တွန်းအားပေးခံရပြီး၊ မကောင်းမှုပြုသူတချို့က အဲဒီတိုင်ကြားစာရေးရာကတစ်ဆင့် ပေါ်လာတယ်။ အဲဒီမကောင်းမှုပြုသူတွေနဲ့ သူတို့ကို မျက်နှာလိုမျက်နှာရလုပ်တဲ့ သူတို့လက်ပါးစေ အကုန်လုံးကို ဖော်ထုတ်ရမယ်။ မကောင်းမှုပြုတဲ့သူနဲ့ အန္တိခရစ်တွေ တစ်ယောက်စီတိုင်းကို ကျွန်မတို့ ဖြေရှင်းရမယ်”တဲ့။ သူက ခံရသူကို လက်ညိုးထိုးနေတာ။ သူအဲဒီလိုပြောတာကြားတော့ ကျွန်မ တော်တော် ဒေါသထွက်မိတယ်။ သူ့ကိုယ်သူ သိတဲ့ဆိုတာတွေအားလုံး အတုမှန်း ကျွန်မ တွေ့လိုက်ရတယ်။ သူ အဲဒီလို ဘာတစ်ခုမှ မရှိခဲ့တာပဲ၊ သူ့ကိုယ်သူ လုံးဝ မသုံးသပ်‌ဘဲ၊ တိုင်ကြားစာ ရေးတဲ့လူတွေကို သူက ပြန်ပြီး လက်ညှိုး ထိုးနေတာပဲ။ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်။ “အန္တိခရစ်များသည် နောင်တမရပေ။ ၎င်းတို့တွင် ရှက်စိတ်ဟူ၍ ဘာမျှမရှိ။ ၎င်းတို့သည် စိတ်သဘောထား ကြမ်းတမ်းပြီး ဆိုးယုတ်ကြ၏။ ထို့ပြင် သမ္မာတရားကို အလွန်အမင်း မုန်းတီးကြ၏။ ဤကဲ့သို့ သမ္မာတရားကို အလွန်မုန်းတီးသောသူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော၊ သို့မဟုတ် နောင်တရနိုင်သလော။ ယင်းသည် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”)အန္တိခရစ်များကဲ့သို့သော ဤလူတို့သည် ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းကို လက်ခံသလော။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ကို ၎င်းတို့ဝန်ခံလိမ့်မည်လော။ (ဝန်ခံကြလိမ့်မည် မဟုတ်ပါ။) ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ကို ၎င်းတို့မဝန်ခံကြပေ။ ၎င်းတို့အပေါ်သို့ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း ကျရောက်သောအခါ လူအများစုရှေ့မှောက်တွင် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ်သိကြောင်း ပြသကြသည်။ မိမိတို့ကိုယ်ကို စာတန်မာရ်နတ်ဟု ခေါ်ဆိုကြပြီး ၎င်းတို့၌ လူ့သဘာဝ မရှိကြောင်း၊ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ ၎င်းတို့၏လုပ်ရပ်များကို သေချာမစဉ်းစားဘဲ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း၊ ဘုရားအိမ်တော်က ၎င်းတို့အား ပေးထားသော တာဝန်ကို ၎င်းတို့မထမ်းနိုင်ကြောင်း ပြောဆိုကြသည်။ ဤသည်မှာ ဘုရားသခင်၏ စစ်ဆေးခြင်းဖြစ်သည်၊ ၎င်းတို့အပေါ် သူ၏ ကယ်တင်ခြင်းဖြစ်သည်ဟုပြောဆိုပြီး အဆုံးသတ်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းကို မည်မျှလက်ခံလွယ်ပုံ၊ သမ္မာတရားအပေါ် ၎င်းတို့မည်မျှကျိုးနွံနာခံပုံကို သူတစ်ပါးတို့ မြင်နိုင်ရန်အတွက် ဖြစ်သည်။ အရေးကြီးသည်မှာ ၎င်းတို့သည် အဘယ်ကြောင့် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ ကြုံရသည်ကို မပြောသကဲ့သို့ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် သင့်တော်သလော၊ သို့မဟုတ် ထိုက်တန်သလော ဆိုသည်ကိုလည်း မပြောကြပေ။ ဤအကြောင်းအရာများအကြောင်း ပြောဆိုခြင်းကို ၎င်းတို့ရှောင်ကြဉ်ကြ၏။ အခြားလူများက ဘုရားအိမ်တော်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် အကြောင်းမဲ့ဖြစ်သည်၊ ထိုသူတို့အပေါ်တွင် မှားယွင်းခဲ့ပြီး မမျှမတဖြစ်ခဲ့သည်ဟူသော မှားယွင်းသည့် ယုံကြည်မှုကိုပင် စိတ်ကူးရကောင်း ရသွားနိုင်သည်။ ဤသည်မှာ ၎င်းတို့အပေါ် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ ကျရောက်သောအခါ ၎င်းတို့ပြုသည့် မိတ်သဟာယဖြစ်သည်။ ၎င်းတို့သည် မိမိတို့ပြုထားခဲ့သည့် မည်သည့်အမှား၊ မည်သည့်မမှန်မကန် အပြုအမူ၊ မည်သည့်အနှောင့်အယှက်ပေးခြင်းနှင့် အလျဉ်ပြတ်စေခြင်း၊ သို့မဟုတ် မည်သည့်မကောင်းမှုတို့ တစ်ခုတလေကိုမျှ လုံးဝ မဖော်ထုတ်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ဟု ဝန်ခံပြီး သမ္မာတရားကို လက်ခံရန် လိုလားကာ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို နာခံနိုင်သည်ဟု ပြောဆိုသော ၎င်းတို့မိတ်သဟာယ၏ စကားများသည် အဘယ်သို့နည်း။ ယင်းတို့သည် စိတ်နှလုံးထဲမှလာသော စကားများဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ယင်းတို့သည် မုသားများဖြစ်၏၊ အားလုံးက လမ်းလွှဲပြီး လှည့်ဖြားရန်အတွက် ရည်ရွယ်သော မုသားတစ်စုဖြစ်သည်။ ယင်းတို့သည် အယောင်ဆောင်လိမ်လည်ခြင်း ဖြစ်သည်မှာလည်း မှန်သည်။ လမ်းလွှဲပြီး လှည့်ဖြားရန် အဓိကရည်ရွယ်သည်။ အန္တိခရစ်တစ်ဦးက သူတစ်ပါးတို့ကို လှည့်ဖြားခြင်းအားဖြင့် မည်သည့်အရာကို ရရှိလိုသနည်း။ (အခြားလူတို့ကို သူတို့နောက် လိုက်စေလိုကြပါသည်။) ဟုတ်သည်။ အန္တိခရစ်ကို ထိုလူတို့မရိပ်စားမိစေရန်၊ သို့မဟုတ် ၎င်းတို့ကို မကောင်းသောသူများအဖြစ် တံဆိပ်မကပ်ဘဲ ယင်းအစား သမ္မာတရားကို လက်ခံသော၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို လက်ခံသော၊ နောင်တရနိုင်စွမ်းရှိသောသူများအဖြစ် ထင်ကြစေရန်အတွက် ၎င်းတို့က ထိုလူတို့ကို လမ်းလွှဲစေပြီး လှည့်ဖြားခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်ထားခဲ့သည့် မကောင်းမှုကို၊ သို့မဟုတ် ဘုရားအိမ်တော်အပေါ် ၎င်းတို့သင့်ရောက်စေခဲ့သော ဆုံးရှုံးမှုများကို ပွင့်လင်းစွာ မိတ်သဟာယမပြုသည်မှာ အဘယ်ကြောင့်နည်း။ (၎င်းတို့က ဤသို့ပြောလျှင် လူများက ၎င်းတို့ကို ဖော်ထုတ်နိုင်ကြပါလိမ့်မည်။) လူတို့သည် ၎င်းတို့ကို ဖော်ထုတ်နိုင်သောအခါ၊ ရိပ်စားမိနိုင်သောအခါ၊ ၎င်းတို့၏လူ့သဘာဝကို အရှိအတိုင်း မြင်ပြီး ၎င်းတို့၏စိတ်သဘောထားနှင့် အဖြစ်အနေကို အရှိအတိုင်း မြင်သောအခါ လူတို့သည် ၎င်းတို့ကို ပယ်ခွာကြလိမ့်မည်။ ဤလူတို့သည် ၎င်းတို့၏လှည့်ကွက်များအတွင်းသို့ ကျရောက်ဦးမည်လော၊ သို့မဟုတ် ၎င်းတို့လှည့်ဖြားခြင်း၌ အလိမ်မိဦးမည်လော။ ၎င်းတို့ကို အထင်ကြီးဦးမည်လော။ ၎င်းတို့ကို အလွန်အကျွံ မြှောက်စားဦးမည်လော။ ၎င်းတို့ကို ကိုးကွယ်ဦးမည်လော။ ဤအရာတစ်ခုကိုမျှ ပြုကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်များသည် ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှု၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခံရခြင်းအား ၎င်းတို့လက်ခံမှုအကြောင်းကို ပြောဆိုသောအခါ မိမိတို့ကို လူများကိုးကွယ်လာကြအောင် ထိုလူတို့ကို လမ်းလွှဲပြီး လှည့်ဖြားရန်အလို့ငှာ မလိမ့်တပတ် လုပ်ကြခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ကောက်ကျစ်သော နည်းလမ်းတစ်ခုဖြစ်သည်မဟုတ်လော။ လူအချို့မှာ အမှန်ပင် အလှည့်ခံကြရသည်။ အမှန်ပင် ၎င်းတို့သည် အလွန်တို့ထိခံရပြီး စာတန်က ၎င်းတို့ကို လှည့်ဖြားပြီးသောအခါ ၎င်းတို့က ‘သူသည် အံ့သြဖွယ်ကောင်းစွာ ပြောဆိုသည်။ ကျွန်ုပ်သည် စိတ်နိုးကြွပြီး သုံး၊ လေးကြိမ်မကပင် ငိုကြွေးခဲ့သည်။ ယင်းသို့ ဖြစ်ပျက်နေစဉ်တွင် ကျွန်ုပ်သည် သူ့ကို အထူးလေးစားပြီး အထင်ကြီးခဲ့မိ၏။ သူသည် အန္တိခရစ်တစ်ယောက်ဖြစ်မှန်း ကျွန်ုပ်လုံးဝမသိခဲ့ပါ’ ဟု ပြောဆိုကြသည်။ ဤသည်မှာ လမ်းလွှဲခြင်းနှင့် လှည့်ဖြားခြင်းမှ ဖြစ်ပေါ်လာသောအရာ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၅- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)”) ဘုရားနှုတ်ကပတ်တော်ထဲမှာ တွေ့ရတာက၊ အန္တိခရစ်တွေက သဘာဝအရ အရမ်းကို မာနထောင်လွှားပြီး အမှန်တရားကို လုံးဝ လက်မခံကြဘူးဆိုတာပဲ။ အမှန်တရားကို သူတို့ စက်ဆုပ်၊ မုန်းတီးတယ်။ ဘယ်လောက်ခါးသီးတဲ့ ကျရှုံးမှုတွေကို သူတို့ တွေ့ကြုံရပါစေ၊ နောင်တရဖို့၊ ပြောင်းလဲဖို့ ငြင်းဆန်ကြတယ်။ အဲဒါထက် အတွေးမှားတွေနဲ့ လူတွေကို လှည့်စားပြီး ဉာဏ်များချင်ကြတယ်။ ဒါက ဖန်ပင်းအပေါ် ကျွန်မရဲ့ ချင့်ချိန်နိုင်စွမ်း တိုးစေခဲ့တယ်။ အတိုင်ခံရတော့ တိုင်ကြားချက်တွေက ဘုရားရဲ့ မေတ္တာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပါ့မယ်၊ သူ့မှာ လူ့သဘာဝ ကင်းမဲ့တယ်၊ ဘုရားကို အကြွေးတင်ပြီး နောင်တရဖို့ သစ္စာဆိုတယ်လို့ ပြောရင်းနဲ့ သူက သူ့ကိုယ်သူ သိတဲ့အကြောင်း ငိုပြီးပြောတယ်။ နောက်ထပ် တုံ့ပြန်ချက်တွေတောင် သူ တောင်းတယ်။ သူက ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာ လက်ခံနိုင်ပြီး သမ္မာတရားကို ကျိုးနွံနာခံနိုင်တယ်လို့ ကျွန်မတို့ ထင်အောင် လှည့်စားဖို့ အပြင်ပန်း ပြသချက်တွေ သုံးခဲ့တယ်။ ဒါပေမဲ့ အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ သူ့အပြုအမူ၊ တကယ့်အလုပ်ကို သူ မလုပ်တဲ့ပုံ၊ သူ့တာဝန်မှာ အာဏာရှင်ဆန်ခဲ့တာ၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို သူ ထိခိုက်စေခဲ့ပုံ၊ အဲဒါတွေအားလုံးကို သူ လုံးဝ တကယ် လုံးဝ မဖြေရှင်းခဲ့ဘူး။ လူ့သဘာဝ ကင်းမဲ့တဲ့အကြောင်း စကားနည်းနည်းပဲ ပြောပြီး၊ လူ့သဘာဝ ကင်းမဲ့တာ သူ ဖော်ပြတဲ့နည်းလမ်းတွေကို လုံးဝ စိတ်ဖြာမဆွေးနွေးခဲ့ဘူး။ သူ့ မိတ်သဟာယက အစစ်အမှန် ကိုယ်ကိုယ်ကိုယ် သိခြင်းအကြောင်း လုံးဝ မဟုတ်ဘူး၊ သူ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းအကြောင်း အသေးစိတ် လုံးဝ မဝေမျှဘူး၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို သက်သေမခံခဲ့ဘူး။ ဒါကြောင့် လူတွေက သူ့ကို လေးစားပြီး စာနာကြတယ်။ သူ့မှာ ဝိညာဉ်ရင့်ကျက်မှုရှိပြီး သူ့ကို တိုင်ကြားတဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်တယ်လို့ ထင်ကြတယ်။ သူ့ရာထူးကို သူထိန်းသိမ်းနိုင်အောင်လို့ လူတွေကို လှည့်စားချင်တယ်၊ သူတို့အားပေးတာကို ထိန်းထားချင်ခဲ့တယ်။ ဒါပေမဲ့ ဟန်ဆောင်မှုက ကြာရှည်မခံခဲ့ဘူး။ အခွင့်အရေးရတာနဲ့ ပြောင်းလဲသွားတယ်၊ သူ့ရဲ့ သူတော်ကောင်း အယောင်ဆောင်၊ ငိုနေတဲ့ အပေါ်ယံ ရွှေမှုန်ကြဲတာ ပြောင်းလဲသွားပြီး၊ သူ့ကို တိုင်ကြားသူတွေအတွက် အမုန်းတရားပြည့်သွားတယ်။ သူက လက်စားချေရင်းနဲ့ ကျွန်မတို့ကို ရှုတ်ချနေတာ။ သမ္မာတရားကို မုန်းပြီး သူ့ရဲ့ ရက်စက်တဲ့ သဘာဝက သူ့ဘာသာ ထင်ရှားလာနေတာ။ ဒါ့အပြင်၊ သူက အရမ်းကို မာနထောင်လွှားပြီး ဘယ်သူကိုမှ အလျှော့ပေးမှာ မဟုတ်ဘူး။ တခြားလူတွေ သူ့ကို နားထောင်ဖို့ အမြဲတောင်းဆိုပြီး၊ တခြားလူတွေနဲ့ လုံးဝ မတိုင်ပင်ဘဲ၊ အရာရာမှာ သူက အဆုံးအဖြတ်ပေးရမှ ဖြစ်မှာ။ အကြံပေးတာတွေရှိတဲ့အခါ သူက အလျှော့မပေးသလို အမှန်တရားကို လုံးဝ လက်မခံဘူး။ အတိုင်ခံရတော့ လူတွေကို လိမ်ပြီး လှည့်စားဖို့ပဲ ငိုခဲ့တာ။ ဒါပေမဲ့ နောက်တော့ လုံးဝ နောင်တမရသလို ပိုတောင် ဆိုးလာတယ်။ သူဟာ သဘာဝနဲ့ အနှစ်သာရက သမ္မာတရားကို မုန်းတဲ့ ဆိုးယုတ်တဲ့ လူတစ်ယောက်ပဲ။ သူက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် ဖြစ်ရုံမက၊ ပြီးပြည့်စုံတဲ့ အန္တိခရစ် အနှစ်သာရလည်း ရှိတယ်။ သူ့ရဲ့ အဲဒီဆောင်ရွက်မှုက လူတိုင်းကို သူ့ရဲ့ စရိုက်မှန် တကယ်ပြလိုက်တာ။ အဲဒီနောက်မှာ နောက်ထပ်မကောင်းမှု အများကြီး သူ လုပ်တာကို မြင်တော့ ကျွန်မ အံ့ဩမိတယ်၊ အဲဒါက သူဟာ ဘုရားအမှုတော်ကတစ်ဆင့် ဖော်ထုတ်ခံရတဲ့ အန္တိခရစ်တစ်ယောက်မှန်း လုံးဝ သေချာသွားစေခဲ့တယ်။

သူနဲ့ သူ့အဖွဲ့က လူထုတ်တဲ့ အလုပ်တချို့ လုပ်နေတာ သိရတယ်။ အကြံတွေ အများကြီးပေးတဲ့ အစ်ကိုလင်းကို သူတို့ အသင်းတော်ကနေ နှင်ထုတ်ချင်ခဲ့တယ်။ နောက်တော့ အစ်ကိုလင်းက အဲဒီအတွက် စံမမီဘူးလို့ ပြောတဲ့ နောက်ထပ် ခေါင်းဆောင်ကို အယောင်ဆောင် ခေါင်းဆောင်ဆိုပြီး အခိုင်အမာပြောရင်းနဲ့ ထုတ်လိုက်ကြတယ်။ သူတို့ကို ကျွန်မနဲ့အတူ တိုင်ကြားခဲ့တဲ့ တခြားအဖွဲ့ခေါင်းဆောင် နှစ်ယောက်ကိုလည်း ထုတ်ပယ်ဖို့အတွက် ဆင်ခြေတွေလည်း ရှာတွေ့ခဲ့ကြတယ်။ ဆန္ဒမဲပေးတာ ရှိခဲ့ပြီး ညီအစ်ကို မောင်နှမတွေကို ကျွန်မကို မထုတ်ပယ်ဘဲ နေရာမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီနောက်မှာပဲ အသင်းတော်က နှစ်စဉ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး၊ တိုင်ကြားခံခဲ့ရတဲ့ လူတွေက ပြန်အရွေးခံခဲ့ရတယ်။ ပိုရင်းနှီးတဲ့ လူတွေနဲ့ ဖန်ပင်းရဲ့ ညီမလေးတို့ အားလုံးက ခေါင်းဆောင်အခန်းကဏ္ဍတွေ ရကြတယ်။ ကျွန်မ နည်းနည်း မရှင်းမလင်းဖြစ်သွားပြီး အဲဒီလို ဘယ်လိုလုပ် ဖြစ်သွားရတာလဲလို့ မသိခဲ့ဘူး။ အသင်းတော်အလုပ်အပေါ် သူတို့ ကမောက်ကမလုပ်ခဲ့တာ အသိသာကြီးလေ။ ဒီတော့ သူတို့ ဘယ်လိုလုပ် ခေါင်းဆောင်တွေအဖြစ် အရွေးခံရနိုင်တာလဲပေါ့။ အသင်းတော်ဆိုတာ လောကီလိုပဲ၊ ခေါင်းဆောင်မှုနဲ့ တန်ခိုးအာဏာကိုပဲ အာရုံစိုက်ကြတာလို့တောင် စပြီး သံသယဝင်လာမိတယ်။ ဒီလိုတွေးတော့ ကျွန်မ စိတ်ဓာတ်ကျသွားခဲ့ပြီး ကိုယ့်တာဝန်လုပ်ဖို့ စိတ်ပြင်းပြမှု ပျောက်ဆုံးသွားတယ်။ အသင်းတော်ကို စွန့်ခွာဖို့၊ ဘယ်သူမှ မမြင်နိုင်တဲ့ ထောင့်တစ်နေရာကို တွားပဲ တွားသွားလိုက်ချင်တော့တယ်။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ပတ်သက်ပြီး သံသယတွေတောင် စဖြစ်လာတယ်။ စုဝေးပွဲတွေမှာ သိပ်စကားမပြောတော့သလို၊ ဘာထင်မြင်ချက်မှလည်း မဝေမျှတော့ဘူး။ လူတိုင်းကို သတိထားခဲ့ပြီး၊ ကိုယ့်တာဝန်ကို စက်ရုပ်လိုပဲ လုပ်ခဲ့တယ်။ တစ်ခါတလေ ကိုယ့်ကိုတိုင်တဲ့ ကိစ္စကို သူတို့ မလိုက်အောင်လို့ သူတို့ကို မျက်နှာလို မျက်နှာရ လုပ်သင့်လား၊ တောင်းပန်သင့်လား၊ အပြစ်ဝန်ခံသင့်လား၊ သူတို့ကို ရင်ကြားစေ့သင့်လားလို့လည်း တွေးမိတယ်။ အဲဒါဆို အနည်းဆုံးတော့ အသင်းတော်ကနေ သူတို့ ကျွန်မကို နှင်ထုတ်မှာ မဟုတ်ဘူးလေ။

တစ်နေ့ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်ခြင်းတစ်ခု ကြည့်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။...ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ကောက်ကျစ်သူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ဘုရားရဲ့ တရားစီရင်ခြင်းကို ကြားရတော့၊ ပုန်းစရာနေရာမရှိအောင် ရှက်မိတယ်။ ကျွန်မ မကြိုက်တဲ့ ဒီအရာတွေ ဖြစ်တော့၊ သမ္မာတရားကို မရှာခဲ့ဘဲ၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို သံသယထားခဲ့မိတယ်။ အာဏာရှိတဲ့ သူတွေက အချင်းချင်း ကာပေးတယ်၊ ဘုရားအိမ်တော်မှာ အမှောင်ထုက အုပ်စိုးတယ်လို့ သံသယဝင်ခဲ့မိတယ်။ အဲဒါက ဘုရားအနေနဲ့ ဆိုးယုတ်မှုနဲ့ အမှောင်ကို လူသားတွေလိုပဲ နှစ်သက်တယ်လို့ သံသယဝင်နေတာပဲ မဟုတ်လား။ အဲဒါက အဓိပ္ပာယ်မရှိတဲ့ ကြည့်မြင်နည်းပဲ။ ဘုရားက သန့်ရှင်း၊ ဖြောင့်မတ်တယ်။ ဒီတော့ သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းက သူ့အိမ်တော်ကို စိုးမိုးတာဖြစ်တယ်။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက အသင်းတော်ထဲမှာ ခဏလောက် လုပ်ချင်တာ လုပ်လို့ရပြီး၊ လူတချို့ကို လှည့်စား၊ ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်မှာဖြစ်ပေမဲ့၊ ဒီမှာ တကယ့်ခြေကုပ်ကို သူတို့ လုံးဝ ရမှာ မဟုတ်ဘူး— ဘုရားက နောက်ဆုံးမှာ သူတို့ကို ဖော်ထုတ်၊ ဖယ်ရှင်းပစ်မှာပါ။ ဘုရားက သူရွေးချယ်ထားတဲ့သူတွေ စစ်မှန်တဲ့ ချင့်ချိန်နိုင်စွမ်း ရနိုင်ပြီး၊ အန္တိခရစ်နဲ့ ဆိုးယုတ်တဲ့ လူတွေရဲ့ မကောင်းတဲ့၊ ဆိုးယုတ်တဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ ရုပ်တွေကို မြင်နိုင်ပြီးတဲ့နောက် သူတို့ကို အမှန်တကယ် ပစ်ပယ်ပြီး သူတို့ရဲ့ လှည့်စားချက်နဲ့ ထိန်းချုပ်မှုကနေ လွတ်နိုင်အောင်လို့၊ အဲဒီလူတွေကို အသင်းတော်ထဲမှာ ပေါ်လာခွင့်ပေးတယ်။ အဲဒါ ဘုရားအမှုတော်ရဲ့ ဉာဏ်ပညာပဲ။ ဒါပေမဲ့ အဲဒီလိုလူတွေက တခြားလူတွေကို ဖိနှိပ်နေတာ မြင်တွေ့နေရပြီး အသင်းတော်က သူတို့ထိန်းချုပ်မှုအောက်မှာ ရှိတာ ကျွန်မ မြင်ရတဲ့အခါ၊ ကျွန်မ သတိရှိပြီး သတိထားခဲ့ရတယ်၊ သူတို့ ကျွန်မကိုလည်း ဒေါသတကြီး ရမ်းမှာစိုးခဲ့တယ်။ ကျွန်မ အမှားတစ်ခုခုပြောမိပြီး အန္တိခရစ်တွေက ကျွန်မကို တိုက်ခိုက်ဖို့ တစ်ခုခု ရသွားပြီးတဲ့နောက် ကျွန်မ အလုပ်ထုတ်၊ နှင်ထုတ်ခံရမှာကို လန့်ပြီး၊ ညီအစ်ကို မောင်နှမတွေကို သိပ်များများစားစား ပြောမိမှာစိုးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်၊ သူတို့ကို ကပ်ဖားတဲ့ လောကီ နည်းလမ်းကို အသုံးပြုဖို့တောင် ကျွန်မ တွေးခဲ့တယ်။ ကျွန်မ တကယ်ကို သူရဲဘောကြောင်ခဲ့ပြီး သတ္တိတစ်ခုမှ လုံးဝကို မခဲ့ရှိတာသဘောပေါက်ခဲ့တယ်။ သမ္မာတရားနဲ့ ခရစ်တော်က ဘုရားအိမ်တော်ထဲမှာ အာဏာရှိတာကို ယုံကြည်ဖို့ ငြင်းပယ်ရင်း ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ငြင်းနေခဲ့တာပဲ။ ဒီဘုရားနှုတ်ကပတ်တော်တွေက တကယ်ကို ထိမိလှပါတယ်။ “ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) အဲဒါက ကျွန်မကို အရမ်းကြောက်လန့်သွားစေခဲ့တယ်။ ကိုယ့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ အယူအဆတွေနဲ့ ဘုရားကို ကျွန်မက ပြစ်မှားစော်ကား၊ အမနာပ ပြောနေခဲ့တာပဲ။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ဘုရားအပေါ် စစ်မှန်တဲ့ သိနားလည်မှု တစ်ခုမှ မရှိတာကို တွေ့ရတယ်။ အန္တိခရစ်တွေက ကျွန်မကို ဖိနှိပ်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို မရှာခဲ့သလို ချင့်ချိန်နိုင်စွမ်းလည်း ရခဲ့ဘူး၊ အန္တိခရစ်ရဲ့ ဆိုးယုတ်တဲ့ အင်အားစုတွေကို ဆန့်ကျင် မရပ်တည်ခဲ့ဘဲ၊ ဘုရားအိမ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို သံသယဝင်ခဲ့တယ်။ အဲဒါ ကျွန်မရဲ့ ဆိုးယုတ်မှုပဲ။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက အသင်းတော်ထဲမှာ ဘုရားရဲ့ ခွင့်ပြုချက်နဲ့ပဲ ပေါ်လာတာလေ။ လက်တွေ့ကျတဲ့ သင်ခန်းစာတစ်ခုကို ဘုရားက ကျွန်မတို့အတွက် ပြင်ဆင်ပေးနေတာ၊ ဒီတော့ ကျွန်မက အဲဒီပတ်ဝန်းကျင်မှာ သမ္မာတရားကို ရှာပြီး ကိုယ့်သင်ခန်းစာကို ယူဖို့ လိုတယ်။ ဒါကို သဘောပေါက်လိုက်တော့၊ ဘုရားရှေ့မှာ ဆုတောင်းခြင်းနဲ့ ကျွန်မ ဒူးထောက်လိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော့်ဆီ ကျွန်မ နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ယုံကြည်ခြင်း ပေးတော်မူပါ။ အဲဒါပြီးတဲ့နောက် ဘယ်အခြေအနေမျိုး ကျွန်မ ရင်ဆိုင်ရပါစေ၊ ဖြတ်ကျော်ဖို့ ကိုယ်တော့်ကို ကျွန်မ အားကိုးပါမယ်”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ စိတ်အေးသွားသလို ခံစားရတယ်။

တစ်နေ့ ဖန်ပင်းရဲ့ ညီမလေးက ကျွန်မနဲ့ စုဝေးပွဲတစ်ခု အတူသွားဖို့ စီစဉ်တယ်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို တိုင်ကြားခဲ့ကြလို့ ကျွန်မအနေနဲ့ ကိုယ့်တာဝန်တွေကို ရပ်ထားရမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘာအတွက် ကျွန်မကို တိုင်ကြားလဲဆိုတာ သူ မပြောဘူး၊ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ပြောနေခဲ့တာ။ ပြီးတော့ သူက ပြောတယ်၊ ကျွန်မ အထုတ်ခံရတဲ့အကြောင်းကို တစ်ယောက်ယောက်က မေးရင်၊ ကျွန်မ ဘာကိုမှ ပြောလို့မရဘူး။ ကျွန်မအတွက် အဲဒါတွေအားလုံးက ရုတ်တရက် ဖြစ်သွားတာ၊ ဘာလုပ်ရမှန်း ကျွန်မ မသိခဲ့ဘူး၊ စိတ်က ဘာမှစဉ်းစားလို့မရဘူး။ ကျွန်မ အိမ်ပြန်ပြီး တွေးရင်း တွေးရင်းနဲ့ ကြက်သေသေပြီး ထိုင်နေမိခဲ့တယ်။ သူတို့ ကျွန်မကို အသင်းတော်ကနေ ဖယ်ရှားတော့မှာလားပေါ့။ အစ်ကိုလျူကို သူတို့ နှင်ထုတ်တုန်းက၊ ပထမဆုံး သူ့တာဝန်ကို ရပ်ဖို့ အသက်ကြီးတာကို ဆင်ခြေအနေနဲ့ သူတို့ သုံးခဲ့ကြပြီး၊ နောက်တော့ သူ့ကိုထုတ်ပယ်တဲ့ စာတွေအတွက် စီစဉ်ခဲ့ကြတာလေ။ ကျွန်မ အရမ်းစိုးရိမ်သွားတယ်။ ကျွန်မကိုလည်း အဲဒီနည်းစနစ်ကို သုံးခဲ့မယ်ဆိုရင် ကျွန်မ ဘာလုပ်ရမယ်မှန်း မသိခဲ့ဘူး။ တစ်ခါတလေ အဲဒါကို ပိုအကောင်းမြင်တဲ့စိတ်နဲ့ ကြည့်လိုက်တယ်၊ လူတစ်ယောက်က ကျွန်မကို တကယ် တိုင်ခဲ့ပြီး စစ်ဆေးပြီးတဲ့နောက် သူတို့က ကျွန်မကို စုဝေးပွဲတွေ ဆက်သွားပြီး တာဝန် ဆက်လုပ်ခွင့် ပေးမှာပါလို့ တွေးရင်းပေါ့။ အဲဒီအပေါ် အကောင်းမြင်စိတ်နဲ့ အဆိုးမြင်စိတ်ကြား ကျွန်မ ပတ်ချာလည်နေခဲ့တယ်။ ကိုယ့်ခေါင်းက ပေါက်ကွဲတော့မလိုပဲ။ ကျွန်မ စိတ်နှလုံးက အင်မတန်လေးလံနေသလို စိတ်မသက်မသာ ဖြစ်နေမိတယ်။ အဲဒီအခြေအနေကို ဘယ်လိုဖြတ်ကျော်ရမှန်း မသိခဲ့သလို၊ ဘုရားရဲ့ အုပ်စိုးမှုနဲ့ပတ်သက်လို့ ထပ်ပြီး သံသယဝင်နေမိတယ်။ ကျွန်မ အမြန်ဆုတောင်းလိုက်တယ်၊ ယုံကြည်ခြင်း မဆုံးရှုံးအောင်၊ ဘုရားရဲ့ အမှုတော်ကို သံသယမဝင်အောင် ကျွန်မကို စောင့်ရှောက်ဖို့ တောင်းလျှောက်ရင်းနဲ့ပေါ့။ ဘုရားက ကျွန်မဆီ အဲဒါကို ဖြစ်ခွင့်ပေးနေတာ၊ ကျွန်မအသက်တာအတွက် အဲဒါက အကျိုးရှိမှာပဲလို့ သိခဲ့တယ်။ စိတ်ငြိမ်အောင်ထားပြီး သမ္မာတရားကို ရှာချင်ခဲ့တယ်။ အဲဒီနောက်မှာ၊ ဘုရားရဲ့ အုပ်စိုးမှုကို နားလည်ခြင်းနဲ့ စမ်းသပ်မှုတွေကို ဖြတ်သန်းရခြင်းအကြောင်း ဘုရားနှုတ်ကပတ်တော်အများကြီး ဖတ်ခဲ့ပြီး၊ ဘုရားက ဒီအရာအားလုံး ဖြစ်ဖို့ အခွင့်ပေးနေခဲ့မှန်း သဘောပေါက်လိုက်တယ်။ ဘုရားအခွင့်မရှိဘဲနဲ့၊ စာတန်၊ ဒါမှမဟုတ် အန္တိခရစ် ဘယ်လောက် ရိုင်းစိုင်းကြမ်းကြုတ်ပါစေ၊ ကျွန်မကို ထိလို့မရဘူး။ အဲဒီအယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေ ဘာလုပ်ကြမယ်ဆိုတာ ကျွန်မ မပြောနိုင်ပေမဲ့၊ စောင့်ကြည့်ဖို့ ကျွန်မ သင်ယူလို့ရတယ်။ ပြီးတော့ အနည်းဆုံးတော့ ဘုရားကို အပြစ်တင်မှာ မဟုတ်သလို၊ စာတန်ရဲ့ ဟားကွက် ဖြစ်လာမှာ မဟုတ်ဘူးလေ။ သူတို့ ကျွန်မကို နှင်ထုတ်ခဲ့ရင်တောင်၊ ကိုယ့်ယုံကြည်ခြင်းကို စွန့်မှာမဟုတ်သလို၊ ဧဝံဂေလိ ဝေမျှခြင်းအားဖြင့် ကိုယ့်တာဝန်ကို ကျွန်မ လုပ်နိုင်ဦးမှာပါ။ အဲဒီအကြောင်းကို အဲဒီလိုတွေးကြည့်တော့ ကျွန်မ အားနည်းပြီး ကြောက်သလို မခံစားရတော့ဘူး။

နှစ်ပတ်လောက် ကုန်သွားပြီးတဲ့နောက်မှာ၊ ဖန်ပင်းရဲ့ ညီမလေးက အစ်မကျန်းအပေါ် အကဲဖြတ်ချက်တစ်ခု ကျွန်မကို ရေးခိုင်းတယ်။ အရင်က အဲဒီတိုင်စာကို ကျွန်မနဲ့ ရေးခဲ့တဲ့ အစ်မတစ်ယောက်လေ။ ကျွန်မကို အသင်းတော်ကနေ နှင်ထုတ်ဖို့ စာရွက်စာတန်းအလုပ် ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ သဘောပေါက်လိုက်တယ်။ ဒါကြောင့် ဖန်ပင်း လုပ်ခဲ့မျှအားလုံး အပါအဝင်၊ ဖြစ်ပျက်ခဲ့သမျှတိုင်းကို ကျွန်မ အသေးစိတ် တည်တည်ငြိမ်ငြိမ် ပြန်တွေးကြည့်လိုက်တယ်။ သူတို့အပေါ် ချင့်ချိန်နိုင်စွမ်း ပိုရှိသလို ကျွန်မ ခံစားခဲ့ရတယ်။ စာပိုဒ်တစ်ခု ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အမြင်မတူသူတစ်ဦးကို တိုက်ခိုက်ပြီး ကြဉ်ထားသည့်အခါ အန္တိခရစ်တစ်ဦး၏ အဓိကရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အသင်းတော်ထဲ၌ မိမိတို့၏ကိုယ်ပိုင် သဘောထားနှင့် ဆန့်ကျင်သော သဘောထားလုံးဝ မရှိသည့်အခြေအနေတစ်ခု၊ ၎င်းတို့၏အာဏာ၊ ၎င်းတို့၏အုပ်စိုးမှုနှင့် ၎င်းတို့၏စကားများက အကြွင်းမဲ့ဖြစ်သည့် အခြေအနေတစ်ခုကို ဖန်တီးရန် ကြိုးစားကြ၏။ လူတိုင်းက ၎င်းတို့ကို အလေးဂရုပြုရပြီး တစ်စုံတစ်ဦး၌ မတူညီသော ထင်မြင်ယူဆချက် တစ်ခုရှိပါက ထိုသူအနေဖြင့် ယင်းကို မိမိစိတ်ထဲတွင်သာ ထားရပြီး ယင်းကို အညွန့်ချိုးပစ်ရသည်။ ဤသည်မှာ မိမိတို့၏ဂုဏ်အဆင့်အတန်းကို ခိုင်မြဲစေဖို့ အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားသည့်သူများ အသုံးပြုသည့် နည်းနိဿယတစ်ခု ဖြစ်လေသည်။ ၎င်းတို့က ‘သင်၌ မတူညီသည့် ထင်မြင်ချက်များ ရှိသည်မှာ အဆင်ပြေသည်၊ သို့ရာတွင် ငါ၏အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ထိခိုက်စေဖို့မဆိုထားနှင့်၊ ထိုထင်မြင်ချက်များကို သင့်သဘောရှိ လျှောက်ပြောနေ၍ မရပေ။ သင့်မှာ ပြောစရာရှိပါက ငါ့ကို နှစ်ကိုယ်ကြား ပြောနိုင်သည်။ လူတိုင်းရှေ့တွင် သင်ပြောပြီး ငါမျက်နှာပျက်ရအောင် လုပ်ပါက သင်သည် သင့်ကိုပစ်ပယ်ဖို့ တောင်းဆိုနေခြင်းဖြစ်ပြီး သင့်ကို ငါထိန်းရလိမ့်မည်’ ဟု ပြောကြသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားမျိုးဖြစ်သနည်း။ အန္တိခရစ်တို့သည် အခြားသူများကို လွတ်လပ်စွာ စကားပြောခွင့်မပေးချေ။ သူတို့၌— အန္တိခရစ်အကြောင်းဖြစ်စေ၊ အခြားအရာ တစ်ခုတလေအကြောင်းဖြစ်စေ— ထင်မြင်ယူဆချက်တစ်ခု ရှိပါက သူတို့စိတ်ထဲ၌ ထားထားရသည်။ သူတို့သည် အန္တိခရစ်၏မျက်နှာကို ဆင်ခြင်ထောက်ထားရသည်။ မထောက်ထားပါက အန္တိခရစ်သည် သူတို့ကို ရန်သူတစ်ဦးအဖြစ် နာမည်ဆိုးတပ်ကာ သူတို့ကို တိုက်ခိုက်ပြီး ကြဉ်ထားလိမ့်မည်။ ဤသည်မှာ အဘယ်သဘာဝမျိုးနည်း။ ယင်းသည် အန္တိခရစ်တစ်ဦး၏ သဘာဝဖြစ်သည်။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ပြုသနည်း။ အကြောင်းမှာ ၎င်းတို့သည် လူတို့၏စိတ်ထဲတွင် မိမိတို့၏ အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အဆက်မပြတ် ခိုင်မြဲစေလိုသောကြောင့်ဖြစ်ပြီး မိမိတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ တည်မြဲပြီး မယိမ်းယိုင်စေဖို့အတွက် ဖြစ်လေသည်။ ၎င်းတို့သည် မိမိတို့၏လေးစားကြည်ညိုခံရခြင်း၊ ဂုဏ်သတင်း၊ သို့မဟုတ် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဂုဏ်အဆင့်အတန်းနှင့် တန်ဖိုးတို့အပေါ် သက်ရောက်မှုရှိမည့်၊ သို့မဟုတ် ခြိမ်းခြောက်မည့် မည်သည့်အရာကိုမျှ သည်းမခံကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏ ဆိုးဝါးသော သဘာဝဆိုင်ရာ သရုပ်သကန်တစ်ခု ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် မိမိတို့ပိုင်ဆိုင်နှင့်ပြီးဖြစ်သည့် အာဏာဖြင့် မတင်းတိမ်နိုင်ဘဲ ယင်းကို ခိုင်မြဲစေပြီး လုံခြုံစေကာ အကြွင်းမဲ့ စိုးမိုးခြယ်လှယ်မှုကို ရှာဖွေသည်။ ၎င်းတို့သည် အခြားသူများ၏အပြုအမူကို ထိန်းချုပ်လိုသည်သာမက၊ သူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်လိုသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အမြင်မတူသူများကို ၎င်းတို့တိုက်ခိုက်ကာ ကြဉ်ထားကြ၏”) ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတာက အန္တိခရစ်တွေဟာ အသင်းတော်ထဲမှာ သူတို့ရဲ့ အာဏာနဲ့ ရာထူး ခိုင်မာစေချင်ကြလို့ပဲ မတူတဲ့ စိတ်ကူးတွေ ရှိတဲ့၊ သူတို့ကို တိုင်ကြားချင်တဲ့ တခြားဘယ်သူကိုမဆို ဖိနှိပ်ပြီး ဒေါသတကြီး ရမ်းမယ်ဆိုတာပဲ။ ဖန်ပင်းနဲ့ သူ့အဖွဲ့က အန္တိခရစ်တွေနဲ့ဆိုင်တဲ့ ဘုရားရဲ့ ဖော်ပြချက်နဲ့ တစ်ထေရာတည်းပဲ မဟုတ်လား။ လူတချို့ကို သူတို့ကို ရှင်းရှင်းလင်းလင်း မြင်ပြီး တိုင်ကြားခဲ့တယ်၊ ဒီတော့ သူတို့က အဲဒီလူတွေကို ထုတ်ပယ်ဖို့ အခွင့်အရေးကို မလွတ်တမ်းယူကြတာ။ သူတို့ အပြစ်ပေးတာ ခံရတဲ့ ညီအစ်ကို မောင်နှမတွေအားလုံးက သူတို့ရဲ့ ကြီးကြပ်မှု နယ်ပယ်ထဲမှာ ရှိကြပြီး၊ သူတို့ကို လုံးဝ ပြန်ဆန့်ကျင်ကြတာနဲ့တစ်ပြိုင်နက်၊ အဲဒီလူတွေကို နှင်ထုတ်ဖို့ ထုတ်ပယ်စာတွေ စပြင်ကြတော့တာပဲ။ သူတို့အပေါ် ချင့်ချိန်နိုင်စွမ်း ရှိခဲ့ကြတဲ့ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို သူတို့ ထုတ်ပယ်ခဲ့ပြီး၊ အဲဒီရာထူးတွေမှာ သူတို့ နှစ်သက်တဲ့သူတွေနဲ့ သူတို့ကိုယ်ပိုင် ရောင်းရင်းတွေကို ခန့်ထားလိုက်ကြတယ်။ အုပ်စုဖွဲ့ဖို့ သူတို့ လူစုနှင့်ပြီးသားပဲလေ။ အဲဒီတိုင်စာကို ကျွန်မတို့ ရေးတဲ့အချိန်မှာ ကိစ္စတွေက ပိုတောင် ဆိုးသွားတယ်— အန္တိခရစ်တွေရဲ့ ဂိုဏ်းစစ်စစ်တစ်ခုပဲ။ သူတို့ရဲ့ ဆိုးယုတ်မှုကို ကျွန်မ မတိုင်ကြားခဲ့ရင်၊ ဘုရားအိမ်တော်ရဲ့အလုပ် ထိခိုက်မှာတင်မကဘူး၊ ညီအစ်ကို မောင်နှမတွေအတွက်လည်း ဒုက္ခရောက်ရမှာ။ ဒါပေမဲ့ သူတို့ကို ထပ်တိုင်မယ်ဆိုတဲ့ အတွေးကြောင့် ကျွန်မကို လန့်သွားတယ်။ သူတို့အားလုံးက ခေါင်းဆောင်အခန်းကဏ္ဍတွေ ရှိကြသလို၊ ကျွန်မက စုဝေးပွဲတွေကနေ ထုတ်ပယ်ခံရပြီး ဆိုင်းငံ့ခံခဲ့ရတာလေ။ အဲဒါတွေအားလုံးနောက်မှာ တိုင်လိုက်ရင်၊ တခြားလူတွေက ကျွန်မကို ယုံပါ့မလား။ အရင်လို ကျွန်မရဲ့ တိုင်ကြားချက်ကို သူတို့ မိသွားခဲ့ရင်၊ အဲဒီအရာကနေ ဘာမှဖြစ်လာမှာ မဟုတ်သလို၊ အသင်းတော်ကနေတောင် ကျွန်မကို နှင်ထုတ်နိုင်တယ်။ ကျွန်မရဲ့ အဆုံးသတ် ဖြစ်မှာပဲ။ ထုတ်ပယ်ခံရမဲ့ အတွေးကြောင့် ကျွန်မ ဒီအရမ်းကြောက်လန့်စိတ်နဲ့ ပြည့်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အသင်းတော်အလုပ်ကို သူတို့ ဘယ်လို ပြင်းပြင်းထန်ထန် နှောင့်ယှက်နေခဲ့ပြီးသား ဖြစ်တယ်ဆိုတာနဲ့ လူတွေကို သူတို့ ဒေါသတကြီး ဆူပူရမ်းကားနေဆဲပဲဆိုတာကို တွေးမိသွားတယ်။ သူတို့ကို ကျွန်မ အရမ်းကြောက်ပြီး တိုင်ကြားစာမရေးဘဲ ဆက်သောင်းကျန်းခွင့်ပေးခဲ့ရင်၊ ညီအစ်ကို မောင်နှမ ဘယ်နှယောက်လောက် ဒုက္ခရောက်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ အဲဒါ ဘုရားရှေ့မှာ ဆိုးရွားတဲ့ ပြစ်မှားမှုဖြစ်မှာဖြစ်ပြီး၊ ကျွန်မကို သူ စွန့်ပစ်ချင် စွန့်ပစ်သွားနိုင်တယ်။ နှစ်ရက်သုံးရက်လောက် ကျွန်မ မစားနိုင်၊ မအိပ်နိုင် ဖြစ်ခဲ့တယ်။ နောက်တော့ အစ်ကိုကျောက်က ကျွန်မကို ဖုန်းခေါ်ပြီး မေးတယ်၊ အရင်က အဲဒီတိုင်ကြားချက်မှာ ဘာတွေရေးခဲ့လဲ၊ အခု ဘာကို တွေးမိလဲဆိုတာပေါ့။ “ခဏစောင့်” လို့ ကျွန်မ ပြောလိုက်တယ်။ သူက၊ “အခု သူ့ကို ရင်ဆိုင်ပြီး မတိုင်ကြားရင်တောင်၊ သူ နင့်ကို စွန့်ပစ်မှာပဲ မဟုတ်လား။ ဒါ ကိုယ်ရေးကိုယ်တာ ကိစ္စ မဟုတ်ဘဲ၊ အသင်းတော်ရဲ့ အလုပ်နဲ့ ပတ်သက်တယ်။ နည်းနည်း တွေ့ကြည့်ပေါ့” တဲ့။ သူနဲ့ ဖုန်းပြောပြီးတဲ့နောက်မှာ ကျွန်မ တကယ်ကို နေမထိထိုင်မထိ ဖြစ်လာခဲ့တယ်။ သူပြောခဲ့တာကို စဉ်းစားတာ ရပ်ကိုမရပ်နိုင်ခဲ့ဘူး။ ကျွန်မ ချုပ်တည်းနေမိပြီး ဘာလုပ်ရမယ်မှန်း မသိခဲ့ဘူး။ ခဏအကြာမှာ အဲဒီအတွက် နောက်ထပ် တိုင်ကြားချက် သွားရေးသင့်တယ်လို့ တွေးတယ်။ နောက်တစ်ခဏအကြာမှာ ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာကို တွေးနေမိပြန်ရော၊ အထုတ်ခံရပြီး ကျွန်မရဲ့ ယုံကြည်ခြင်း အသက်တာ အဆုံးသတ်တာကို မြင်ရမှာ စိုးခဲ့တယ်။ ဝရုန်းသုန်းကား အခြေအနေမှာ တကယ်ရှိခဲ့တာ။ နောက်တော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် တွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဒါကို အချိန်ယူစဉ်းစားကြည့်တော့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ၊ ခြေလှမ်းတိုင်းမှာ ဖန်ပင်းကို မတိုင်ကြားရဲတာက “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” “မိမိကိုယ်သာ ကိုးကွယ်ရာ” တို့လို ဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်တာ ဖြစ်မှန်း ကျွန် မြင်နိုင်ခဲ့တယ်။ အဲဒါတွေက ကျွန်မရဲ့ အရိုးထဲ၊ အသွေးထဲမှာ နက်နက်အမြစ်တွယ်ထားခဲ့တာဖြစ်လို့၊ ကျွန်မ ပြောတဲ့၊ လုပ်တဲ့ အရာတိုင်းမှာ၊ တစ်ကိုယ်ကောင်းဆန်၊ ဉာဏ်များနေခဲ့တာ၊ ကိုယ့်ကိုယ်ကိုယ်ပဲ တွေးခဲ့တာပါ။ ကျွန်မ ယုံကြည်သူ ဖြစ်မလာခင် အရင်တုန်းက၊ အလုပ်နဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝမှာ၊ တစ်ယောက်ယောက်ကို စိတ်ဆိုးစေနိုင်တယ်ဆိုရင်၊ ပြဿနာကို မြင်ရင်တောင် ကျွန်မ လုံးဝ ထုတ်မပြောချင်ခဲ့ဘူး။ အသင်းတော်မှာ ပါဝင်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို လက်တွေ့လုပ်မဲ့အစား၊ ဒီအတွေးအခေါ်တွေနဲ့ ကျွန်မ ဆက်အသက်ရှင်ခဲ့တယ်။ ဖန်ပင်းနဲ့ တခြားလူတွေက အန္တိခရစ်ရဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး၊ ဘုရားဘက်မှာ ရပ်ပြီး သူတို့ကို ကျွန်မ တိုင်ကြားသင့်မှန်း သိခဲ့ပေမဲ့၊ ဘုရားအိမ်တော်ရဲ့ အလုပ်၊ ဒါမှမဟုတ် တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုကို မစဉ်းစားဘဲ၊ ကိုယ့်ကိုယ်ပိုင် အနာဂတ်အကြောင်းပဲ တွေးနေမိခဲ့တယ်။ တကယ် တစ်ကိုယ်ကောင်းဆန်၊ ဆိုးယုတ်ခဲ့တာပဲ။

နောက်တော့ သူတို့ကို ဘာလို့ ကျွန်မ အရမ်းကြောက်ရလဲဆိုတာ စတွေးကြည့်မိတယ်။ ကျွန်မရဲ့ ကံကြမ္မာကို သူတို့ ဆုံးဖြတ်နိုင်လား။ ကျွန်မရဲ့ အနာဂတ်နဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာ လုံးလုံးရှိတာ မဟုတ်လား။ ဆိုးယုတ်တဲ့ အန္တိခရစ် အင်အားစုကို အရမ်းကြောက်တာက ကျွန်မ မိုက်မဲတာ မဟုတ်လားပေါ့။ အဲဒါက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်တွေ တွေးမိစေတယ်။ ဘုရားသခင်က ပြောသည်- “သူ၏အမျက်ဒေါသကို ဘုရားသခင်၏ဖော်ပြချက်က ဆိုးယုတ်သော စွမ်းအားခပ်သိမ်းသည် မတည်ရှိတော့မည့် သင်္ကေတတစ်ခုဖြစ်ပြီး ရန်လိုသည့် စွမ်းအားခပ်သိမ်းသည် ဖျက်ဆီးခံရမည့် သင်္ကေတတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိမှုနှင့် ဘုရားသခင့်အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းခြင်းတို့ စိန်ခေါ်ခံရသည့်အခါ၊ လူသားက တရားမျှတမှု၏ စွမ်းအားများကို ပိတ်ဆို့ထားပြီး ၎င်းတို့ကို မမြင်သည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်လိမ့်မည်။ ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် စွမ်းအားခပ်သိမ်းသည် ဘုရားသခင်၏ အနှစ်သာရကြောင့် ဆိုးယုတ်ကာ ဖောက်ပြန်ပျက်စီးပြီး မတရားကြပေ။ ၎င်းတို့သည် စာတန်ထံမှလာပြီး စာတန်နှင့်သက်ဆိုင်၏။ ဘုရားသခင်သည် တရားမျှတပြီး အလင်းဖြစ်သည့်အပြင် အပြစ်အနာအဆာကင်းမဲ့စွာ သန့်စင်မွန်မြတ်သောကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်လိုက်သောအခါ ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးပြီး စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားအိမ်တော်က လောကနဲ့ မတူဘူး— ဒီမှာ ဘုရားက အာဏာ ကိုင်စွဲထားတယ်။ သူက သမ္မာတရားဖြစ်ပြီး ဖြောင့်မတ်တယ်၊ အလင်းနဲ့ ကောင်းမြတ်တဲ့ အရာအားလုံး သင်္ကေတတစ်ခုဖြစ်တယ်။ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့ လူတွေအားလုံး၊ ဒီမှောင်မိုက် ဆိုးယုတ်တဲ့ အင်အားစုတွေက ဒီမှာ စစ်မှန်တဲ့ ခြေကုပ်ယူမရဘဲ၊ ဘုရားရဲ့ အပြစ်ပေး၊ ကျိန်ဆဲတာ ခံရမှာပါ။ ကျွန်မ ဗျာများတာတွေအားလုံးက မလိုအပ်ပါဘူး။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကလည်း ဘုရားလက်ထဲမှာပါပဲ။ သူတို့ ကျွန်မကို တကယ်နှင်ထုတ်ရင်တောင်၊ အဲဒီမှာ ကျွန်မအတွက် သင်ခန်းစာ ရှိမှာပဲ။ သူတို့ကို နောက်ထပ် ကြောက်နေလို့ မရတော့ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်၊ သူတို့ကို ရင်ဆိုင်ပြီး တိုင်ကြားရမယ်မှန်း ကျွန်မ သိလိုက်တယ်။ ဒါကြောင့် အစ်မကျန်းကို တိုင်ကြားချက်ရေးဖို့ ဆွေးနွေးရအောင်လို့ ဖုန်းခေါ်လိုက်တယ်၊ သူက ကျွန်မကို နှင်ထုတ်ဖို့ ဖန်ပင်းနဲ့ သူ့အဖွဲ့က စာရွက်စာတန်း လုပ်နေကြတယ်လို့ သူ ပြောတာ ကြားရတော့ ကျွန်မ အံ့ဩသွားတယ်။ ကျွန်မကို နှင်ထုတ်ဖို့ နည်းလမ်းတစ်ခု သူတို့ ရှာနိုင်တယ်ဆိုတာ ကျွန်မ သိနှင့်ပြီးသားဖြစ်ပေမဲ့၊ အဲဒီသတင်းကို ကြားလိုက်ရတာက အင်မတန် လန့်စရာဖြစ်ပြီး ကျွန်မ ဇောချွေးပြန်သွားတယ်။ အဲဒီဖုန်းခေါ်ဆိုမှု ပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို ‘သေခြင်းကို မြေမြှုပ်ခြင်း’ ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် ‘ယင်ကောင်ငယ်များ’ လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် ဖယ်ရှားခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် ဖယ်ရှားခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်လိုက်တော့၊ ပုန်ကန်ပြစ်မှားမှုကို သည်းမခံတဲ့ ဘုရားရဲ့ သန့်ရှင်း၊ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို တကယ် ခံစားရတယ်။ ဘုရားက အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို သူ့အမှုတော်ကို နှောင့်ယှက်ခွင့်၊ သူရွေးချယ်ထားသူတွေကို ထိခိုက်စေခွင့် ပြုမှာ မဟုတ်ဘူး။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေ ပေါ်လာတဲ့အခါ၊ သမ္မာတရားကို လက်တွေ့မလုပ်တဲ့သူတွေ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မထိန်းသိမ်းသူတွေကိုလည်း ဘုရားမုန်းတယ်။ နောင်တမရရင်၊ သူတို့အားလုံး ဖယ်ရှင်းခံရပြီး အပြစ်ပေးခံရမှာ သေချာတယ်။ ဖန်ပင်းရဲ့ ဂိုဏ်းကို ရင်ဆိုင်ရာမှာ၊ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်နိုင်ခဲ့သလို၊ သူတို့ကို တိုင်ကြားဖို့ ရင်မဆိုင်နိုင်ခဲ့ဘူး၊ အဲဒါက ကျွန်မဟာ စာတန်ရဲ့ဘက်မှာ ရပ်တည်နေတာ၊ သူတို့ကို ဘုရားအိမ်တော်ထဲမှာ သောင်းကျန်းခွင့်ပေးနေတဲ့ သဘော မဟုတ်လား။ သူတို့ရဲ့ မကောင်းမှုမှာ ကျွန်မ ဝင်ပါနေခဲ့တာပဲ။ ကျွန်မက ဘုရားပိုင်တာကို စားသောက်ရင်းနဲ့ သူ ပေးသနားတဲ့ သမ္မာတရားကို မွေ့လျော်နေခဲ့ပေမဲ့၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို အန္တိခရစ်တွေ နှောင့်ယှက်နေတဲ့အခါမှာ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ မထိန်းသိမ်းနိုင်ခဲ့ဘူး။ အဲဒါ ဘုရားကို ဆိုးရွားတဲ့ သစ္စာဖောက်မှုဖြစ်ပြီး သူ ရှုတ်ချတဲ့ အရာတစ်ခုပဲ။ “စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။” လို့ ဘုရားပြောခဲ့တဲ့အတိုင်းပါပဲ။ အဲဒီအခါမှပဲ ကျွန်မ တကယ် ကြောက်သွားခဲ့တာ။ ကျွန်မ နောင်တမရရင်၊ သူတို့ ကျွန်မကို မနှင်ထုတ်ခဲ့ရင်တောင်၊ အယောင်ဆောင် ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေနဲ့အတူ ကျွန်မ ရှုတ်ချ၊ ဖယ်ရှင်းခံရမှာကို သိခဲ့တယ်။ ဒါကြောင့် အဲဒီနောက်မှာ ဘုရားရှေ့ကို ကျွန်မ သွားဆုတောင်းတယ်။ “ဘုရားသခင်၊ ကိုယ်တော့်ဆီ ကျွန်မ နောင်တရချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး အရမ်းကာကွယ်နေလို့ မဖြစ်ပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်နိုင်အောင်၊ စာတန်ရဲ့ အမှောင် အင်အားစုတွေရဲ့ ဆွဲထားတာ မရအောင်၊ အသင်းတော်အလုပ်အတွက် ရပ်တည်ချက်ယူနိုင်အောင် ကျေးဇူးပြုပြီး ခွန်အားပေးတော်မူပါ။ သူတို့ ကျွန်မကို တကယ်နှင်ထုတ်ရင်တောင်၊ ကျွန်မ သိသမျှအားလုံးကို ရေးနေဦးမှာပါ”လို့ ပြောလိုက်တယ်။ အဲဒီနောက်မှာ၊ ညီအစ်မတစ်ယောက်ရဲ့ အကူအညီနဲ့၊ အထက်ခေါင်းဆောင်ဆီ ကျွန်မရဲ့ တိုင်ကြားချက်ကို တိုက်ရိုက်ပို့လိုက်တယ်။ စစ်ဆေးတာ လုပ်ခဲ့ပြီး သူတို့တွေဟာ အန္တိခရစ်ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့တာဝန်တွေ ဆိုင်းငံ့ခံရပြီးတာတောင် သူတို့ လက်မလျှော့ခဲ့ကြဘူး။ သူတို့ရဲ့ အပေါင်းအသင်းတွေကို သေတဲ့အထိ သူတို့အတွက် တိတ်တဆိတ် တိုက်ခိုက်စေခဲ့ကြပြီး၊ သူတို့ မကောင်းမှုလုပ်တဲ့ သက်သေကို ဖုံးကွယ်ပေးအောင် ညီအစ်ကို မောင်နှမတွေကို လှည့်စားဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီတိုင်ကြားချက်ကို ကိုင်တွယ်ဖို့ လာတဲ့ ညီအစ်မတွေကိုတောင် သူတို့ ကြီးကြပ်ခဲ့ကြတယ်။ နောက်ဆုံးမှာ အဲဒီအန္တိခရစ် ဂိုဏ်းတစ်ခုလုံး အသင်းတော်ကနေ လုံးလုံးလျားလျား နှင်ထုတ်ခံလိုက်ရပြီး၊ ဖိနှိပ်ခံခဲ့ရတဲ့ ညီအစ်ကို မောင်နှမတွေဟာ အသင်းတော်ရဲ့ ပုံမှန် အသက်တာကို အသက်ရှင်နိုင်ပြီး သူတို့တာဝန်ကို ပြန်လုပ်နိုင်ခဲ့ကြတယ်။

ဒီအရာအားလုံးကတစ်ဆင့်၊ ကျွန်မ တကယ် အစစ်အမှန် မြင်ခဲ့ရတာက၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့၊ ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားနဲ့ ဘုရားအိမ်တော်မှာ အုပ်စိုးတာက သမ္မာတရား၊ ဘုရားသခင်နဲ့ ဖြောင့်မတ်ခြင်းဖြစ်တယ်ဆိုတာပဲ။ စာတန်က ဘယ်လိုပဲ ရက်စက်ပါစေ၊ ဘယ်လိုပဲ တန်ခိုးရှိမဲ့ပုံပေါ်ပါစေ၊ သူရွေးချယ်ထားတဲ့ လူတွေကို စုံလင်စေဖို့ ဘုရားသုံးတဲ့ တန်ဆာပလာ ဖြစ်နေတုန်းပါပဲ။ သိပ်ကောင်းတဲ့ စာပိုဒ်တစ်ခုကို ကျွန်မ သတိရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စာတန်သည် မည်မျှ ရက်စက်ကြမ်းကြုတ်ကာ၊ ဆိုးယုတ်ပြီး မလိုမုန်းထားကြောင်း၊ ၎င်းသည် သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးကြောင်း ငါတို့ အမြဲပြောကြသည်။ ဤအရာကို သင်မြင်နိုင်သလော။ ဝိညာဉ်ရေးရာ လောကတွင် မည်သည့်အရာကို စာတန် လုပ်ဆောင်သည်ကို သင်မြင်နိုင်သလော။ ၎င်းသည် မည်သို့ စကားပြောပြီး ပြုမူသည်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်း၏သဘောထား၊ ၎င်း၏ဆိုးယုတ်မှု တည်ရှိသည့်နေရာတို့ကို သင်မြင်နိုင်သလော— ဤအရာများထဲမှ တစ်ခုမျှ သင်မမြင်နိုင်ပေ။ သို့ဖြစ်၍ သင်၏စိတ်ထဲတွင် စာတန်သည် ဆိုးယုတ်ကြောင်း၊ ၎င်းသည် ဘုရားသခင်ကို အာခံကြောင်းနှင့် ၎င်းသည် သမ္မာတရားကို စက်ဆုပ်ကြောင်းတို့ကို မည်သို့ပြောနိုင်ပါစေ၊ ယင်းသည် ဖော်ပြချက်တစ်ခုသက်သက်သာ ဖြစ်သည်။ ယင်းတွင် စစ်မှန်သော ပုံရိပ်မရှိပေ။ ယင်းသည် အလွန်ပေါ့တန်ပြီး လက်တွေ့မကျပေ။ ယင်းသည် လက်တွေ့ကျသည့် ရည်ညွှန်းချက်အဖြစ် အသုံးပြု၍မရပေ။ သို့ရာတွင် အကြင်သူသည် အန္တိခရစ်တစ်ဦးနှင့် ဆက်သွယ်မှုရှိသည့်အခါ၊ စာတန်၏ဆိုးယုတ်မှု၊ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် သမ္မာတရားကို စက်ဆုပ်သော ၎င်း၏အနှစ်သာရတို့ကို အနည်းငယ် သာ၍ ရှင်းလင်းစွာ သူမြင်ပြီး စာတန်ကို သူ၏ သိနားလည်မှုသည် အနည်းငယ် သာ၍ ပြတ်သားကာ လက်တွေ့ကျသည်။ လူများ ဆက်သွယ်ပြီးမြင်ဖို့အတွက် ဤစစ်မှန်သော နမူနာများနှင့် အဖြစ်အပျက်များမရှိပါက၊ လူများနားလည်သည့် သမ္မာတရားများသည် မရှင်းလင်းပြတ်သားမည်မဟုတ်၊ ပေါ့တန်ကာ၊ လက်တွေ့ကျမည် မဟုတ်ပေ။ သို့ရာတွင် လူများက ဤအန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် တကယ့် ဆက်သွယ်မှုရှိသည့်အခါ ၎င်းတို့ မည်သို့ ဆိုးယုတ်မှုလုပ်ပြီး ဘုရားသခင်ကို ခုခံသည်ကို ၎င်းတို့မြင်တွေ့နိုင်ပြီး၊ စာတန်၏ သဘာဝနှင့် အနှစ်သာရတို့ကို ခွဲခြားနိုင်သည်။ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် စာတန်ဝင်စားခြင်း ဖြစ်ကြောင်း— ၎င်းတို့သည် အသက်ရှင်နေသော စာတန်၊ အသက်ရှင်နေသော နတ်ဆိုးဖြစ်ကြောင်း ၎င်းတို့ မြင်ရသည်။ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် ဆက်သွယ်ခြင်းသည် ထိုသို့သော အကျိုးသက်ရောက်မှု ရှိနိုင်သည်။ စာတန်သည် ဆိုးယုတ်သော လူတစ်ဦး၊ သို့မဟုတ် အန္တိခရစ်အဖြစ် လူဝင်စားသောအခါ၊ ၎င်းဇာတိပကတိ ခန္ဓာ၏ စွမ်းဆောင်ရည်များသည် အလွန် ကြီးမားရုံသာမက၊ ဆိုးသော အရာများစွာကိုလည်း လုပ်ဆောင်နိုင်ဆဲဖြစ်သကဲ့သို့၊ အလွန် အန္တရာယ်ကြီးသောအရာများကို ဖြစ်စေကာ၊ အပြုအမူနှင့် လုပ်ဆောင်ချက်တို့၌ အလွန်ဆိုးယုတ်ပြီး အန္တရာယ်ပေးတတ်လေသည်။ သို့ဆိုလျှင် ဝိညာဉ်ရေးရာဆန်သော စာတန်သည်ရော အဘယ်သို့နည်း။ ၎င်းပြုသည့် ဆိုးယုတ်မှုသည် ဆိုးယုတ်သော လူများ၊ အန္တိခရစ်များနှင့် ဇာတိပကတိ၌ ရှင်သန်သော မကောင်းဆိုးဝါးများ အားလုံးပြုသည့် ဆိုးယုတ်မှုစုစုပေါင်းထက် အဆပေါင်း ရာချီ၊ သို့မဟုတ် ထောင်ချီ ကြီးမားဆဲ ဖြစ်လေသည်။ ထို့ကြောင့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များနှင့် ဆက်သွယ်လာသည့် လူများရရှိသည့် သင်ခန်းစာများသည် စာတန်၏ မျက်နှာကို ခွဲခြားသိမြင်ခြင်းရဖို့နှင့် ရှင်းလင်းစွာ တွေ့မြင်နိုင်ဖို့ ကြီးမားသော အထောက်အကူ ဖြစ်လေသည်။ ယင်းတို့က လူများကို အပြုသဘောဆောင်သည့်အရာ အဘယ်အရာ ဖြစ်ပြီး အပျက်သဘောဆောင်သည့်အရာ အဘယ်အရာဖြစ်သည်၊ အဘယ်အရာကို ဘုရားသခင် စက်ဆုပ်ပြီး အဘယ်အရာက သူ့အဖို့ နှစ်လိုဖွယ်ရာဖြစ်သည်၊ အဘယ်အရာက သမ္မာတရားဖြစ်ပြီး အဘယ်အရာက ရယ်ဖွယ်ကောင်းမှုဖြစ်သည်၊ အဘယ်အရာက ဖြောင့်မတ်ပြီး၊ အဘယ်အရာက ဆိုးယုတ်သည်၊ ဘုရားသခင်သည် အဘယ်အရာ အတိအကျကို မုန်းတီးပြီး အဘယ်အရာကို သူချစ်သည်၊ ပြီးလျှင် အဘယ်လူများကို ဘုရားသခင် ပစ်ပယ်ပြီး သုတ်သင်ဖယ်ရှင်းကာ၊ အဘယ်လူများကို သူ ချီးမွမ်းပြီး ရယူသည်တို့ကို ခွဲခြားသိမြင်နိုင်ရန် သင်ယူစေသည်။ ဤမေးခွန်းများကို အယူဝါဒတစ်ခုတည်းဖြင့် နားလည်ဖို့ကြိုးစားခြင်းသည် အသုံးမတည့်ပေ။ အကြင်သူသည် အရာများစွာ၊ အထူးသဖြင့် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ လှည့်စားခြင်းနှင့် အနှောင့်အယှက်တို့ကို တွေ့ကြုံရမည်။ အကြင်သူသည် စစ်မှန်သော ခွဲခြားသိမြင်နိုင်ခြင်း မရှိသေးသရွေ့၊ ဤသမ္မာတရားများစွာကို နားလည်နိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင် လိုအပ်သည့် အရာနှင့် သူ ရယူလိုသည့်အရာတို့ကို သာ၍ နက်ရှိုင်းပြီး လက်တွေ့ကျသော နားလည်မှု မရှိနိုင်ပေ။ ဤအရာက ဘုရားသခင်၏အလိုတော်ကို သာ၍ နားလည်မှုရစေသလော။ (ရစေပါသည်။) ယင်းက ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းနှင့် ချစ်ခင်ဖွယ်အကောင်းဆုံးဖြစ်သည်ကို သင်အား သာ၍ သေချာစေနိုင်သလော။ (သေချာစေနိုင်ပါသည်။) ဘုရားသခင်သည် လူများကို အမှုကိစ္စများ တွေ့ကြုံသည့်လမ်းကြောင်း၌ သင်ခန်းစာများ သင်ယူစေပြီး ခွဲခြားသိမြင်မှု ရရှိစေသည်၊ ပြီးလျှင် သူသည် လူအမျိုးအစားအသီးသီးအား ထုတ်ဖော်နေစဉ်တွင် သေချာပေါက်လည်း လေ့ကျင့်ပေးနေသည်။ အချို့သော လူများက ဆိုးယုတ်သောလူ သို့မဟုတ် အန္တိခရစ်တစ်ဦးကို တွေ့ဆုံသည့်အခါတွင် ၎င်းတို့သည် မဖော်ထုတ်ဝံ့ပေ၊ သို့မဟုတ် မခွဲခြားဝံ့ပေ၊ ပြီးလျှင် သူနှင့် မဆက်သွယ်ဝံ့ကြပေ။ ၎င်းတို့သည် အဆိပ်ရှိသည့် မြွေကို တွေ့မြင်ခဲ့ပြီးသည့်အလား ထိုသူတို့ကို ရှောင်ရှားဖို့သာ အာရုံစိုက်ရင်း ကြောက်ရွံ့နေကြသည်။ ထိုသို့သော လူများသည် သင်ခန်းစာယူဖို့ အလွန်ကြောက်လန့်ကြပြီး ခွဲခြားသိမြင်မှုရမည် မဟုတ်ပေ။ ဆိုးယုတ်သော လူတစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးကို တွေ့ကြုံသည့် လူအချို့သည် ခွဲခြားသိမြင်မှုကို သင်ယူဖို့ ဒုက္ခမခံကြပေ။ ၎င်းတို့သည် ထိုသူတို့ကို မဆင်မခြင်ဆက်ဆံကြပြီး၊ အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ပြီး ခွဲခြားသည့်အချိန်ရောက်သောအခါ၊ ၎င်းတို့ကို သုံး၍မရသကဲ့သို့ လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြချေ။ အန္တိခရစ်တစ်ဦးသည် ဆိုးယုတ်မှုများစွာ လုပ်ဆောင်သည်ဟု လူအချို့က တွေ့ကြပြီး ပင်ကိုအားဖြင့် စက်ဆုပ်ကြသည်၊ သို့ရာတွင် ၎င်းတို့လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိ၊ ၎င်းတို့၌ လုပ်ဆောင်ခွင့်မရှိဟု ခံစားကြရသည်။ ၎င်းတို့သည် အန္တိခရစ်တို့၏ စိတ်ကြိုက် ဆော့ကစားခြင်းခံရသည်၊ အန္တိခရစ်တို့ကို သူတို့က နာခံရုံမျှသာ ရှိသည်။ ၎င်းတို့က ဤအရာကို ကြံ့ကြံခံပြီး ချုပ်တည်းထားကြသည်၊ ပြီးလျှင် အန္တိခရစ်တို့က မည်မျှ ဒေါသထွက်ပါစေ၊ ထိုသူတို့က ၎င်းတို့အား မည်သည့်အခါမျှ တိုင်ကြားခြင်း၊ သို့မဟုတ် ဖော်ထုတ်ခြင်း မရှိကြပေ။ ၎င်းတို့သည် လူသားများအနေဖြင့် မိမိတို့၏ တာဝန်နှင့် ဝတ္တရားတို့ကို လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။ အတိုချုပ်အနေဖြင့်၊ ဆိုးယုတ်သူများနှင့် အန္တိခရစ်များက ထိခိုက်နစ်နာစေပြီး ၎င်းတို့ အလိုရှိသည့်အတိုင်း လုပ်ဆောင်ပါက၊ ယင်းက လူအမျိုးအစားမျိုးစုံကို ဖော်ထုတ်ပြီး သမ္မာတရားကို လိုက်စားကာ ဖြောင့်မတ်ခြင်း အသိစိတ်တစ်ခု ရှိသည့်သူများကို လေ့ကျင့်ဖို့လည်း အသုံးတော်ခံလေသည်၊ သို့မှသာ ၎င်းတို့သည် ခွဲခြားမှုနှင့် ထိုးထွင်းအမြင်တို့၌ တိုးတက်ကြီးထွားနိုင်ပြီး တစ်စုံတစ်ခုကို သင်ယူနိုင်ကာ၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ပေမည်။ ဘုရားသခင်၏ အလိုတော်ထဲမှ မည်သည့်အရာကို ၎င်းတို့ နားလည်သနည်း။ ၎င်းတို့သည် အန္တိခရစ်များ အမျိုးအစားကို ဘုရားသခင် မကယ်တင်ဘဲ၊ ၎င်းတို့၏ ဝန်ဆောင်မှု ပြီးဆုံးသည်အထိသာ အသုံးပြုသည်၊ ထို့နောက်တွင် ယင်းတို့သည် ဆိုးယုတ်သောလူများနှင့် စာတန်နှင့်သက်ဆိုင်သောသူများ ဖြစ်သည့်အတွက် ဖော်ထုတ်ပြီး သုတ်သင်ဖယ်ရှင်းကာ အဆုံး၌ အပြစ်ဒဏ်ပေးသည်ကို သိမြင်ရမည်။ ဘုရားသခင် ကယ်တင်သောသူများမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်တိုင် အပြုသဘောဆောင်သည့် အရာများကို ချစ်မြတ်နိုးပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို သိကာ သူ့၏အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို ကျိုးနွံနာခံပြီး ပြစ်မှားမှုတစ်ခုကို ကျူးလွန်မိကြောင်း ဝန်ခံလျက်၊ နောင်တရနိုင်သေးသောသူများ ဖြစ်လေသည်။ ဤလူများသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ကြသည်။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ ယင်းကို လက်ခံကာ ကျိုးနွံနာခံနိုင်ပြီး၊ ယင်းထံမှ တစ်စုံတစ်ခုကို သင်ယူနိုင်သောသူများ— ထိုသို့သောသူများသည် ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်သည့်လူများ၊ သူ၏အမှုကို တွေ့ကြုံပြီး သူ၏ရယူခြင်းခံရသူများ ဖြစ်လေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)”) အဲဒီအန္တိခရစ်တွေရဲ့ အနိုင်ကျင့်တာ၊ ဖိနှိပ်တာ ခံရတော့၊ အနှစ်သာရအနေနဲ့ သူတို့ ဘယ်လို ဆိုးယုတ်၊ ရက်စက်တယ်ဆိုတာကို တကယ်တွေ့ခဲ့ရတယ်။ သူတို့ကို နားမထောင်တဲ့သူ၊ တိုင်ကြားတဲ့သူ၊ ဒါမှမဟုတ် သူတို့ရာထူးကို ခြိမ်းခြောက်နိုင်တဲ့သူ ဘယ်သူမဆိုကို သူတို့ ရှုတ်ချ၊ နှင်ထုတ်မှာပဲ။ ဒါ့အပြင်၊ သူတို့မှာ အသိစိတ်၊ ဆင်ခြင်တုံတရား နည်းနည်းမှ မရှိဘူး။ ဘယ်လောက် ဆိုးယုတ်တာ သူတို့ လုပ်ပါစေ၊ လူဘယ်လောက်ကိုပဲ သူတို့ ဖိနှိပ်ပါစေ၊ ဘယ်နှကြိမ် ကိုင်တွယ်ဖြေရှင်းခံရပါစေ၊ ဝမ်းနည်းတာ၊ နောင်တရတာ တစ်စက်မှ မရှိကြဘူး။ အန္တိခရစ်တွေက အနှစ်သာရအနေနဲ့ သမ္မာတရားကို မုန်းတီး၊ စက်ဆုပ်ကြမှန်း တွေ့ရတယ်။ ဘုရားရဲ့ ရန်သူတွေ၊ မြေကြီးပေါ် လူဝင်စားတဲ့ မကောင်းဆိုးဝါးတွေပဲ။ သူတို့ အာဏာတန်ခိုးကို ကြောက်ပြီး အန္တိခရစ်တစ်ယောက်ကို မဖော်ထုတ်ရဲဘူးဆိုရင်၊ ဘာပဲဖြစ်ဖြစ် နင်းချေခံရမှာပဲဆိုတာကိုလည်း ကျွန်မ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရတယ်။ ဘုရားဖက်မှာ ရှင်တို့ ရပ်တည်ရမယ်၊ သူတို့ကို တိုက်ခိုက်ဖို့ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားကို သုံးရမယ်။ သူတို့ကို အသင်းတော်ကနေ နှင်ထုတ်ဖို့ တိုင်ကြားပြီး ငြင်းပယ်ရမယ်။ အဲဒါက သူတို့ရဲ့ အာဏာကနေ လွတ်ဖို့၊ စာတန်အပေါ် အောင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒီအရာအားလုံးကို ကျွန်မ သင်ယူခွင့်ရတာက ဘုရားရဲ့ အမှုတော်သက်သက်ကြောင့်ပါ။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျေးကျွန်ဘဝ၏ အချုပ်အနှောင်များမှ ထွက်ပြေးလွတ်မြောက်ခြင်း

ကျောက်ရွမ် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး...

လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ၏ အကျိုးဆက်များ

ပိုင်ဟွား တရုတ်နိုင်ငံ ၂၀၁၈ တုန်းက၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူခဲ့ တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံး...

ဤလမ်းကြောင်းပေါ် ကျွန်ုပ် ဆုံးဖြတ်ချက်ခိုင်မာသည်

ဟန်ချန် တရုတ်နိုင်ငံ ဟိုတစ်နှစ်က ဧဝံဂေလိဟောမှုနဲ့ အစ်မအဖမ်းခံရတယ်။ အစ်မကို ကွန်မြူနစ်ပါတီက အစွန်းရောက်ဂိုဏ်းကို စုစည်းအသုံးပြုပြီး...

ဖွင့်ပြောရမည်ကို ကြောက်ရွံ့ခြင်း၏ နောက်ကွယ်တွင် တည်ရှိသောအရာ

ရီရှင်းခေါင် မြန်မာနိုင်ငံ ၂၀၂၀ခုနှစ်၊ မတ်လတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ မကြာခင်တွင်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။