ကျွန်ုပ်၏ အားနည်းချက်များကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီ
ကျွန်မမှတ်မိနိုင်သလောက်ကတည်းက ကျွန်မ စကားထစ်ခဲ့တယ်။ ပုံမှန်ကတော့ အရမ်းမဆိုးပေမဲ့ အနားမှာ လူတွေအများကြီးရှိတဲ့အခါတိုင်း ကျွန်မ စိတ်လှုပ်ရှားပြီး စကားပြောပြီဆို ထစ်တော့တာပဲ။ ကျွန်မ အပြောအဆို မမွှတ်တာကို ကျွန်မ မိဘတွေက မြင်တော့၊ “သမီး စကားကို ပိုပြီး ဖြည်းဖြည်း ပြောလို့မရဘူးလား။ ဘယ်သူကမှ သမီးကို စကားဖြတ်ပြောဖို့ မကြိုးစားပါဘူး”တဲ့။ ဒါက ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို ထိုးနှက်ခဲ့ပြီး၊ ကျွန်မ စကားကို သိပ်အများကြီးမပြောချင်တော့ဘူး။ ကျောင်းစတက်ပြီးတဲ့နောက်မှာလည်း၊ ကျွန်မ ဒီလိုပဲ ဖြစ်နေခဲ့တယ်။ ဆရာက မေးခွန်းတွေမေးပြီး ကျွန်မကို ဖြေခိုင်းတဲ့အခါ စိတ်လှုပ်ရှားလို့၊ အဖြေသိတဲ့ မေးခွန်းတွေကို မဖြေနိုင်ခဲ့သလို၊ ကျွန်မ ထစ်ငေါ့တာက ပိုဆိုးလာတယ်။ ဒါကြောင့် တခြားကျောင်းသားတွေက ကျွန်မရဲ့ စကားကို လိုက်တုကြတယ်။ ကျွန်မ အလယ်တန်းကို ရောက်တော့၊ အတန်းခေါင်းဆောင်ဖြစ်တယ်။ တစ်ခါတော့ ဆရာရောက်နေတာကို ကျွန်မ မြင်တယ်။ ကျွန်မ စိတ်လှုပ်ရှားပြီး၊ လူတိုင်းကို ထရပ်ဖို့ ခိုင်းတော့၊ ထပ်ပြီး စကားထစ်တယ်။ ဒါကို ကြားပြီးတော့ ကျွန်မရဲ့ အတန်းဖော်တွေနဲ့ ဆရာက ဝါးခနဲ့ပွဲကျသွားခဲ့ကြတယ်။ ကျွန်မမှာ ပုန်းစရာနေရာမရှိသလို ခံစားရပြီး၊ တက်ဝင်သွားဖို့ အပေါက်တစ်ခု ရှာလိုက်ချင်တော့တယ်။ ကျွန်မရဲ့ သိမ်ငယ်တဲ့စိတ်ခံစားချက်ကြောင့်၊ အိမ်ကနေ တစ်ခါမှ မထွက်ဖြစ်ခဲ့သလို၊ စကားလုံးဝ မပြောသလောက်ဖြစ်ခဲ့တယ်။ ဘုရားကို ကျွန်မ စယုံကြည်ပြီးတဲ့နောက်မှာ၊ ကျွန်မမှာ စကားထစ်တဲ့ ပြဿနာရှိပြီး သိပ်မိတ်သဟာယမပြုတာကို ညီအစ်ကို မောင်နှမတွေက မြင်ကြတယ်။ ဒါကြောင့် သူတို့က “အစ်မရဲ့ စကားထစ်တာကို မစိုးရိမ်ပါနဲ့။ နည်းနည်းပဲ ပိုပြီး ဖြည်းဖြည်း ပြောပေါ့။ ညီမတို့ နားလည်နိုင်သရွေ့ အဆင်ပြေပါတယ်”လို့ ပြောပြီး အားပေးကြတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အားပေးမှုနဲ့၊ ကျွန်မ မိတ်သဟာယဖွဲ့တာကို စပြီး လေ့ကျင့်တယ်။ တဖြည်းဖြည်းနဲ့၊ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ ပိုရင်းနှီးသွားပြီး၊ စကားပြောတဲ့အခါ အရမ်း စိတ်မလှုပ်ရှားတော့ဘူး။ အဲဒီအချိန်မှာ ကျွန်မ အရင်က မရှိဖူးခဲ့တဲ့ လွတ်မြောက်ပြီး လွတ်လပ်တဲ့ ခံစားချက်တစ်ခု ခံစားရတယ်။
ဒါပေမဲ့ စုဝေးပြီး မိတ်သဟာယပြုတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေက “အစ်မ ခုလေးတင် ဘာပြောလိုက်တယ်။ ကျွန်တော် နားမလည်ဘူး။ နောက်တစ်ခေါက် ထပ်ပြောလို့ရမလား”ဆိုပြီး ခဏခဏ မေးတာကို သတိထားမိတယ်။ ပထမနှစ်ကြိမ်မှာ ကျွန်မ အဲဒါကို သိပ်အလေးမထားခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကို သူတို့က ခဏခဏပြောတာ ကြားရတော့၊ ကျွန်မကို အထင်သေးမှာတွေ၊ ကျွန်မ အရွယ်ရောက်ပြီးသားပေမဲ့ စကားထစ်နေတုန်းပဲ၊ စကားကို ရှင်းအောင်တောင် မပြောနိုင်ဘူးလို့ သူတို့ပြောကြမှာတွေကို စိုးရိမ်ခဲ့တယ်။ မိတ်သဟာယပြုနေတုန်းမှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားလာပြီး အကျိုးဆက်အနေနဲ့ ကျွန်မစကားထစ်တာက ပိုတောင်ဆိုးသွားတယ်။ ကျွန်မ အတော် ရှက်သွားတယ်။ ပြီးတော့ ကျွန်မက အလကား၊ အသုံးမကျတဲ့ အမှိုက်ပဲလို့ ညီအစ်ကိုမောင်နှမတွေ ထင်ကြမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် နောက်ပိုင်း စုဝေးဖို့ သွားတဲ့အခါ ကျွန်မ စကားမပြောချင်တော့ဘူး။ ကျွန်မ စကားကို ရှင်းအောင်မပြောဘူးလို့ ညီအစ်ကို မောင်နှမတွေ ပြောမှာ၊ ကျွန်မကို သူတို့ နားမလည်ကြမှာကို စိုးရိမ်ခဲ့တယ်။ တစ်ခါ၊ ကျွန်မတို့ စုဝေးနေပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တဲ့အခါ၊ အသိပညာတချို့ ကျွန်မ ရပြီး မိတ်သဟာယပြုချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စကားထစ်တာကို တွေးမိလိုက်တာနဲ့ စကားလုံးတွေက ပါးစပ်ဖျား ရောက်တဲ့အချိန်မှာ မိတ်သဟာယမပြုရဲတော့ဘူး။ ဂြိုဟ်သားတစ်ယောက်လို ကျွန်မ ခံစားရတယ်။ ညီအစ်ကို မောင်နှမတွေက သူတို့စကားတွေကို ရှင်းအောင် ပီပီသသ ပြောနိုင်ကြတယ်။ ဒါပေမဲ့ ကျွန်မကရော ဘယ်လိုလဲ။ ကျွန်မက စကားကို ရှင်းအောင်တောင် မပြောနိုင်ဘူး။ ဘုရားက ဒီလိုလူကို လိုချင်ပါဦးမလား။ တဖြည်းဖြည်းနဲ့၊ စုဝေးပွဲလုပ်တဲ့ အချိန်တွေမှာ ပြောချင်စိတ် ပိုနည်းသထက်နည်းလာခဲ့တယ်။ အရင်က၊ ဘုရားနှုတ်ကပတ်တော်တွေ စားသောက်ရာကနေ ကျွန်မ သိနားလည်မှုတချို့ ရခဲ့ပေမဲ့၊ အခု အဲဒါကို ကျွန်မ တစ်ခုမှ မိတ်သဟာယမပြုနိုင်ဘူး။ စုဝေးပွဲတွေက အရမ်းကို နှေးနှေးနဲ့ ပြီးသွားသလို၊ အဲဒါတွေကနေ ဘာအကျိုးမှ၊ ဘာမွေ့လျော်မှုမှ ကျွန်မ မရခဲ့ဘူး။ စုဝေးပွဲတိုင်းဟာ ကွပ်မျက်တဲ့နေရာမှာရှိတဲ့ ကြိုးစင်ပေါ် ကျွန်မ ရပ်နေသလိုမျိုးပဲ။ စုဝေးပွဲလုပ်တဲ့ အချိန်တွေမှာ မလုပ်မနေရ မဟုတ်ရင်၊ မိတ်သဟာယ မပြုခဲ့ဘူး။ ပြီးတော့ အဲဒီမိတ်သဟာယကနေ ကျွန်မ တကယ် မထွက်နိုင်ခဲ့ရင်၊ စကားနည်းနည်းကိုပဲ အင်တင်တင်နဲ့ မိတ်သဟာယပြုလိုက်တယ်။ ကျွန်မ အရမ်းကို စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲခဲ့တယ်။ “ဘာလို့ တခြားလူတွေက အရမ်းကို ရှင်းရှင်းလင်းလင်းနဲ့ မွှတ်နေအောင် စကားပြောတဲ့အချိန်မှာ၊ ငါက လည်လည်ပတ်ပတ် စကားမပြောရုံမက၊ စကားလည်းထစ်နေရတာလဲ။ တခြားလူတွေ ငါ့ကို မလှောင်အောင် တခြားညီအစ်ကို မောင်နှမတွေလို ငါ ဘယ်လိုလုပ်ပြီး စကားကို လည်လည်ပတ်ပတ် ပြောနိုင်မလဲ”လို့ တွေးပြီးတော့ ဘုရားကိုတောင် ညည်းညူပြီး အထင်လွဲခဲ့တယ်။
နောက်တော့ အသင်းတော် ရွေးကောက်ပွဲမှာ၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ခေါင်းဆောင်အနေနဲ့ ရွေးခဲ့ကြတယ်။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “ခေါင်းဆောင်တာဝန်တွေကို ငါ ထမ်းဆောင်ရင်၊ လူတွေနဲ့ ပိုဆက်ဆံရမှာပဲ။ ဒါဆိုရင် ပိုများတဲ့ ညီအစ်ကို မောင်နှမတွေက ငါ့ရဲ့ စကားထစ်တဲ့ ပြဿနာကို သိသွားကြမယ်ဆိုတဲ့ သဘောမဟုတ်လား။ ထားလိုက်တော့၊ ငါ မလုပ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် ဆက်မလုပ်ချင်ဘူး”လို့ပေါ့။ အဲဒီလိုနဲ့ အဲဒီတာဝန်ကို ကျွန်မ ငြင်းလိုက်တယ်။ နောက်တော့ ကျွန်မရဲ့ခေါင်းဆောင်က ကျွန်မကို မိတ်သဟာယပြုပြီး နောက်ဆုံးမှာ ကျွန်မ မတတ်သာလို့ သဘောတူခဲ့တယ်။ ဒါပေမဲ့၊ ကျွန်မ စကားထစ်လို့၊ ညီအစ်ကို မောင်နှမတွေထက် နိမ့်ကျတယ်လို့ အမြဲ ခံစားခဲ့ရတယ်။ စိတ်ထဲမှာ အပျက်သဘောနဲ့ အသက်ရှင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ခဲ့ဘူး။ နေ့တိုင်း ငပျင်းလို နှေးကွေးလေးကန်နေခဲ့တယ်။ စုဝေးပွဲလုပ်တဲ့အချိန်တွေမှာ အားမမွေးနိုင်ခဲ့သလို၊ မိတ်သဟာယမပြုချင်ခဲ့ဘူး။ တစ်ခါတလေ၊ ညီအစ်ကို မောင်နှမတွေက အခက်အခဲတွေ ကြုံရတဲ့အခါ၊ အဲဒါတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ ကျွန်မ စိတ်နှလုံးထဲမှာ နားလည်ပေမဲ့၊ စကားပြောတဲ့အခါ စကားစထစ်လာပြီး သူတို့ အထင်သေးမှာ စိုးခဲ့တယ်။ ဒါကြောင့် ကျွန်မ မိတ်သဟာယမပြုချင်ခဲ့ဘူး။ ပြဿနာတွေကို ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မကိုပဲ ပြောပြလိုက်ပြီး သူ့ကို ဖြေရှင်းခိုင်းလိုက်တယ်။ စုဝေးပွဲတွေမှာ ကျွန်မ မိတ်သဟာယမပြုတာကို ညီအစ်မတစ်ယောက်က မြင်ပြီး၊ ဘာပြဿနာရှိလို့လဲလို့ မေးတယ်။ စကားထစ်လို့ သိမ်ငယ်မှု ခံစားရတဲ့ ကျွန်မရဲ့ အခြေအနေကို သူ့ကို ကျွန်မ ပြောပြလိုက်တယ်။ ဒီညီအစ်မက “လူတိုင်းမှာ သူတို့ရဲ့အားနည်းချက်တွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက ကျွန်မတို့ရဲ့ သမ္မာတရားလိုက်စားမှုကို မထိခိုက်ဘူး။ အစ်မရဲ့ စကားထစ်တာက စိတ်လှုပ်ရှားလို့ ဖြစ်တာ။ အစ်မ စကားပြောတဲ့အခါ ဘုရားအပေါ် ပိုမှီခိုပြီး စိတ်သောကမရောက်ပါနဲ့။ အစ်မ စကားကို နည်းနည်းပိုပြီး ဖြည်းဖြည်း ပြောရင် ညီအစ်ကို မောင်နှမတွေက နားလည်နိုင်ကြပါတယ်”လို့ ပြောပြီး အားပေးတယ်။ ဒီညီမရဲ့ စကားတွေကို ကြားတော့၊ ကျွန်မ နည်းနည်း ပိုပြီး စိတ်သက်သာသွားတယ်။ ဘုရားက ကျွန်မကို ကူညီဖို့ ဒီညီမကို သုံးခဲ့တာဖြစ်ပြီး၊ ကျွန်မရဲ့ စကားထစ်တဲ့ကိစ္စကြောင့် ကျွန်မ ဆက်ပြီး အပျက်သဘောမဆောင်သင့်ဘူး။ ကျွန်မအခြေအနေကို လုံးဝ ပြောင်းလဲပြီး ကျွန်မရဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့ ကျွန်မ လိုလားခဲ့တယ်။
နောက်ပိုင်းမှာ၊ တခြားညီအစ်မတွေကလည်း ကျွန်မနဲ့ မိတ်သဟာယပြုကြတယ်။ ကျွန်မ မိတ်သဟာယပြုတာ ညံ့တယ်လို့ လူတွေ ပြောမှာကို စိုးလို့ တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါ ကျွန်မ စိတ်လှုပ်ရှားခဲ့တာဖြစ်မှန်း သဘောပေါက်လိုက်ရတယ်။ ဒါတွေအားလုံးက ကျွန်မ သိက္ခာကျမှာကို အရမ်းဂရုစိုက်လွန်းလို့ ဖြစ်တာပဲ။ ကျွန်မရဲ့ အခြေအနေကို ဘုရားရှေ့ယူသွားပြီး ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ ဒီပြဿနာကို နားလည်အောင် လမ်းပြဖို့ သူ့ကို တောင်းလျှောက်ခဲ့တယ်။ တစ်နေ့တော့၊ ကျွန်မရဲ့ ဝိညာဉ်ရေးရာ ဝတ်ပြုချိန်အတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရတယ်။ “သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။ ထင်ပေါ်သည့်အရာ မှန်သမျှဆီသို့ ၎င်းတို့က အပြေးအလွှားသွားကြပြီး ၎င်းတို့က ထိုအရာနှင့်သက်ဆိုင်သည်ကို လူတိုင်းအား သိစေကြသည်။ အမှန်တကယ်တွင် ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ အနောက်တွင် မကျန်ရစ်ခဲ့လိုပေ။ ၎င်းတို့ကို အခြားလူများက အထင်သေးကြမည်ကို အစဉ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အချည်းနှီးဖြစ်သည်၊ မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိ၊ မည်သည့်ကျွမ်းကျင်မှုမျှမရှိဟု အခြားလူတို့က ပြောမည်ကို ၎င်းတို့က အစဉ်သဖြင့် ကြောက်ရွံ့ကြသည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ညွှန်ကြားထားသည် မဟုတ်သလော။ သင်သည် သိက္ခာနှင့် အဆင့်အတန်းတို့ကဲ့သို့ အရာများကို စွန့်လွှတ်နိုင်သည့်အခါ ပို၍ သက်သောင့်သက်သာရှိပြီး လွတ်လပ်လိမ့်မည်။ သင်သည် ရိုးသားခြင်းသို့ ဦးတည်သည့်လမ်းကြောင်းပေါ်တွင် ခြေချမိလိမ့်မည်။ သို့သော် လူများစွာအတွက် ဤသည်မှာ ရရှိရန် မလွယ်ကူပေ။ ဥပမာအားဖြင့် ကင်မရာပေါ်လာသောအခါတွင် လူတို့သည် အရှေ့သို့ အလုအယက်တိုးဝှေ့ကြသည်။ ကင်မရာရှေ့တွင် ၎င်းတို့၏မျက်နှာ ထားရသည်ကို နှစ်သက်ကြသည်။ ပို၍ပါဝင်လေလေ ကောင်းလေလေဖြစ်သည်။ လုံလောက်စွာ ပါဝင်ခြင်းမရှိမည်ကို ကြောက်ရွံ့ကြပြီး ပါဝင်ရရန် အခွင့်အရေးအတွက် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားက ညွှန်ကြားသည်မဟုတ်သလော။ ဤအရာတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ပါဝင်ရသည်။ ပြီးနောက်တွင် ဘာဖြစ်သနည်း။ လူတို့သည် သင့်ကို အထင်ကြီးကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ၎င်းတို့က သင့်ကို ကြည်ညိုကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ဤအရာတစ်ခုတလေက သင့်ထံ၌ သမ္မာတရား စစ်မှန်မှု ရှိသည်ဟု သက်သေပြသလော။ ဤအရာထဲမှ မည်သည့်အရာကမျှ တန်ဖိုးတစ်ခုတစ်လေ မရှိပေ။ ဤအရာတို့ကို သင်ကျော်လွှားနိုင်သောအခါ၊ ယင်းတို့ကို သင်စိတ်မဝင်စားသောအခါ၊ အရေးကြီးသည်ဟု မခံစားရတော့သောအခါ၊ သိက္ခာ၊ မာန၊ အဆင့်အတန်းနှင့် လူတို့၏ လေးစားအားကျခြင်းတို့က သင်၏တာဝန်ကို သင်ထမ်းဆောင်ပုံကိုမဆိုထားနှင့်၊ သင်၏ အတွေးများနှင့် အပြုအမူကိုပင် ထိန်းချုပ်မှုမရှိသောအခါတွင် သင်၏တာဝန်အပေါ် သင်၏ စွမ်းဆောင်မှုသည် အစဉ်ပို၍ ထိရောက်လိမ့်မည်ဖြစ်ပြီး အစဉ်ပို၍ ဖြူစင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားသခင် ဖော်ထုတ်တာကို မြင်တော့ သူတို့ရဲ့ အစွမ်းအစ ဘယ်လိုပဲဖြစ်ပါစေ၊ လူတွေအားလုံးက တခြားလူတွေရဲ့ စိတ်နှလုံးမှာ နေရာတစ်ခုလိုချင်ကြပြီး၊ တခြားလူတွေရဲ့ အထင်သေးတာ မခံချင်ကြမှန်း ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မမှာ စကားထစ်တဲ့ ပြဿနာရှိခဲ့ရင်တောင်၊ လူတွေ ကျွန်မကို အထင်သေးမှာ မလိုချင်ခဲ့ဘူး။ ကျွန်မမိတ်သဟာယလုပ်နေတဲ့ အချိန်မှာ စကားကို ရှင်းအောင် မပြောခဲ့လို့၊ ကျွန်မ ဘာပြောခဲ့တယ်ဆိုတာကို ညီအစ်ကို မောင်နှမတွေက မေးတဲ့အခါ၊ ကျွန်မကို သူတို့ အထင်သေးတယ်လို့ ထင်ခဲ့တယ်။ ဒါက ကျွန်မကို သိမ်ငယ်စေပြီး၊ ကိုယ့်တာဝန်ကိုတောင် မလုပ်ချင်တော့အောင်ကို အပျက်သဘောဆောင်လာခဲ့တယ်။ သိက္ခာကျမှာကို ကျွန်မအရမ်း ဂရုစိုက်ခဲ့တာပဲ။ ကျွန်မမိဘတွေရဲ့ ပြုစုပျိုးထောင်ပေးမှုနဲ့ ကျောင်းရဲ့ ပညာရေးတွေကို ရခဲ့တဲ့ ကျွန်မရဲ့ အစောပိုင်းနှစ်တွေကတည်းက၊ “သစ်ပင်တစ်ပင်က သူ၏ သစ်ခေါက်ကို လိုအပ်သည့်အတိုင်းပင် လူက မိမိ၏ ဝင့်ဝါမှုကို လိုအပ်သည်”ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေက ကျွန်မရဲ့ စိတ်နှလုံးမှာ အမြစ်တွယ်ခဲ့ပြီးပြီ။ ဒါတွေက လူတွေဟာ သူတို့ရဲ့ မာန်မာနကို ကာကွယ်ရမှာဖြစ်ပြီး၊ တခြားလူတွေကို သူတို့အပေါ် အထင်သေးခွင့်မပေးရဘူးလို့ တလွဲ ယုံကြည်စေခဲ့တယ်။ ဘာသာမဲ့တွေနဲ့ ဆက်ဆံရတဲ့ခါ၊ ကျွန်မက စကားထစ်တော့ သူတို့က ကျွန်မကို လှောင်ကြတယ်။ တခြားလူတွေရဲ့ အထင်သေးတာ မခံရအောင်လို့၊ မလုပ်မနေရ မဟုတ်ရင် အိမ်ကနေ ကျွန်မ မထွက်ဘူး၊ စကားထွက်မပြောဘူး။ ကျွန်မ စကားပြောရင်တောင်၊ စကားနှစ်ခွန်းလောက်ပဲဖြစ်မယ်၊ မဟုတ်ရင် ကျွန်မ ပြုံးပြီး ခေါင်းပဲညိတ်နေလိုက်တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ဆက်ဆံရတဲ့အခါ ကျွန်မ စပြီး စကားထစ်ရင်၊ “သူတို့ ငါ့ကို ဘာများထင်ကြမလဲ။ ငါ့အကြောင်းကို ဘာများ ပြောကြမလဲ” လို့ တွေးရင်းနဲ့ ကျွန်မ ခေါင်းထဲမှာ မှန်းဆမိတယ်။ လူတိုင်းက ကျွန်မကို အထင်သေးတယ်လို့ အမြဲတွေးပြီး အရမ်းနာကျင်၊ စိတ်ဖိစီးခြင်းနဲ့ အသက်ရှင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တဲ့အခါ၊ သဘောပေါက်နိုင်စွမ်းနဲ့ သိနားလည်မှုတချို့ ရခဲ့တယ်။ ဒါပေမဲ့ မိတ်သဟာယပြုတဲ့အခါ ကျွန်မ စကားထစ်မှာနဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်သေးမှာ ကြောက်လို့ ကျွန်မ မိတ်သဟာယမပြုခဲ့ဘူး။ ပြီးတော့ ဘာအကြောင်းပြချက်မှ မပြဘဲနဲ့ ကျွန်မရဲ့ စကားထစ်တဲ့ ပြဿနာကို ဖယ်ရှားပေးဖို့ ဘုရားကို တောင်းဆိုခဲ့တယ်။ ကျွန်မတာဝန်ကို မလုပ်ဖို့ ဆင်ခြေတစ်ခုအနေနဲ့တောင် သုံးခဲ့တယ်။ ညီအစ်ကို မောင်နှမတွေမှာ အခက်အခဲတွေ ရှိတော့၊ ကျွန်မက မိတ်သဟာယမပြုခဲ့သလို ကူမဖြေရှင်းပေးခဲ့ဘူး။ ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တဲ့တာဝန်တွေကို ကျွန်မ မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မမှာ အသိစိတ် ဘာဆိုဘာမှ မရှိခဲ့ဘူး။ ကျွန်မက ဘုရားကို ရန်လုပ်ပြီး ပုန်ကန်နေခဲ့တယ်။ တခြားလူတွေက ကျွန်မကို အထင်ကြီးပြီး၊ ကျွန်မက ထူးချွန်ပြောင်မြောက်တဲ့ ဂုဏ်သတင်းကို မွေ့လျော်ခံစားရရင်တောင်၊ ဘာဖြစ်သွားမလဲ။ ကျွန်မရဲ့ အသက်စိတ်သဘောထားကို ပြောင်းလဲစေမှာ မဟုတ်ဘူး။ ပြီးတော့ ကိစ္စတွေက ကျွန်မရဲ့ သိက္ခာကို ဘယ်လို ထိခိုက်မယ်ဆိုတာကိုပဲ စိုးရိမ်စေပြီး ဘုရားဆီကနေ ကျွန်မကို ဝေးသွားစေမှာပဲ။ အဆုံးမှာ၊ ဘုရားက ကျွန်မကို ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းပစ်မှာပဲ။ ကျွန်မရဲ့ မာန်မာနကို ကာကွယ်ရင် အရမ်းထိခိုက်နစ်နာမှာကို သဘောပေါက်တဲ့အခါ၊ ညီအစ်ကို မောင်နှမတွေ ကျွန်မကို ဘာထင်မယ်ဆိုတာကို ကျွန်မ မစဉ်းစားတော့ဘူး။ ကျွန်မတာဝန်ကို ဘယ်လိုကောင်းကောင်း လုပ်ရမယ်ဆိုတာပဲ စဉ်းစားခဲ့တယ်။
တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့ မဖြေရှင်းနိုင်သည့် ပြဿနာအချို့ ရှိသည်။ ဥပမာအနေဖြင့် သင်သည် အခြားသူများကို စကားပြောနေချိန်တွင် မကြာခဏ စိတ်လှုပ်ရှားကောင်း စိတ်လှုပ်ရှားနိုင်သည်။ အခြေအနေများနှင့် သင် ရင်ဆိုင်ရသည့်အခါ သင့်ထံတွင် ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်များ ရှိကောင်းရှိနိုင်သော်လည်း ယင်းတို့ကို ရှင်းလင်းစွာ သင် မပြောဆိုနိုင်ပေ။ အထူးသဖြင့် လူများစွာ ရှိနေချိန်တွင် သင် စိတ်လှုပ်ရှားသည်။ သင် ဗလုံးဗထွေးပြောဆိုပြီး သင်၏ ပါးစပ်က တုန်တုန်ယင်ယင်ဖြစ်နေသည်။ သင်တို့ထဲမှ အချို့သည် သာ၍ပင် စကားထစ်ကြသည်။ အခြားသူများအတွက်မူ ဆန့်ကျင်ဖက်လိင်တစ်ဦး ရှိနေလျှင် မည်သည့်အရာ ပြောရမည်ကိုဖြစ်စေ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကိုဖြစ်စေ တကယ်ပင် မသိဘဲ မိမိကိုယ်ကို ရှင်းလင်းစွာ သာ၍ပင် မပြောနိုင်ပေ။ ထိုသို့သော အခြေအနေတစ်ခုကို အောင်မြင်ကျော်လွှားရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ထိုအရာသည် သင်၏ မွေးရာပါ အခြေအနေနှင့်ဆိုင်သောကြောင့် ဤပြဿနာကို အနည်းဆုံး အချိန်တိုတိုဖြင့် အောင်မြင်ကျော်လွှားရန် သင့်အတွက် မလွယ်ကူပေ။ လအတော်ကြာ လေ့ကျင့်ပြီးနောက် သင် စိတ်လှုပ်ရှားသေးလျှင် စိတ်လှုပ်ရှားမှုက ဖိအားအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းက သင့်ကို စကားပြောရန်၊ လူတို့ကို တွေ့ဆုံရန်၊ စုဝေးပွဲများကို တက်ရန် သို့မဟုတ် တရားဒေသနာများ ဟောပြောရန် ကြောက်ရွံ့စေခြင်းအားဖြင့် အပျက်သဘောဆောင်စွာ သင့်ကို ထိခိုက်ပြီး ဤအကြောက်တရားများက သင့်ကို အနိုင်ယူနိုင်သည်။ သို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင့်အနေဖြင့် ဤပြဿနာကို တွေးဆကာ အခြားသူများနှင့် ဆွေးနွေးပြောဆိုနိုင်သည်။ အခြားသူများက ဤပြဿနာကို ကြုံရသည့်အခါ မည်သည့် တွေးခေါ်မှုအလေ့အထရှိပြီး မည်သို့ ဖြေရှင်းသည်ကို ကြည့်လော့။ သင်သည်လည်း ဤသို့ လက်တွေ့လုပ်ဆောင်သင့်ပေသည်။...တစ်လကြာ လက်တွေ့လုပ်ပြီးနောက်တွင် သင်၏ အခြေအနေက များစွာ မတိုးတက်သေးဘဲ သင်၏ ပုံမှန် အလုပ်၊ ဘဝနှင့် တာဝန်ထမ်းဆောင်မှုတို့ကို ထိခိုက်လျက် သင့်ကို ပိုစိတ်လှုပ်ရှားသည်ထက် စိတ်လှုပ်ရှားစေလျက်၊ သင့်စိတ်နှလုံးတွင် ဖိအားတစ်မျိုးပင် ဖြစ်ပေါ်လျှင် သင် ဆက်လေ့ကျင့်ရန် မလိုအပ်ပေ။ သင်၏ တာဝန်ကို ပုံမှန်လုပ်ဆောင်ခြင်းက လုံလောက်၏။ သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းအားသာ အာရုံစိုက်လော့။ ဤသည်မှာ မှန်၏။ ထိုချို့ယွင်းချက်၊ အပြစ်အနာအဆာကို သင်၏ စိတ်နှလုံးတွင် သိမ်းထားလော့၊ ဘုရားသခင်ထံ တိတ်တဆိတ် ဆုတောင်းပြီးနောက် လူများနှင့် စကားပြောကာ ဆက်ဆံရင်း သင် ပြောလိုသည့်အရာကို ရှင်းလင်းစွာနှင့် စနစ်ကျစွာ ဖော်ပြရင်း အလုပ်လုပ်ဖို့ သင့်တော်သည့် နေရာများကို ရှာလော့။ ဤနည်းဖြင့် သင်၏ ချို့ယွင်းချက်၊ ဤအပြစ်အနာအဆာသည် တဖြည်းဖြည်း သက်သာသွားလိမ့်မည်။ တစ်နှစ် သို့မဟုတ် နှစ်နှစ်ပြီးနောက်တွင် သင်သည် အသက်အရွယ်အရ သာ၍ ရင့်ကျက်လာပြီး သင့်အနီးဝန်းကျင်ရှိ လူများနှင့် သာ၍ ရင်းနှီးကျွမ်းဝင်လာနိုင်သည်။ လူတိုင်းအတူတကွ ရှိနေချိန်တွင် ဖြစ်ပေါ်သည့် ၎င်းတို့၏ စူးစိုက်ကြည့်ခြင်း၊ ထင်မြင်ယူဆချက်များနှင့် အခြေအနေတို့က သင့်အတွက် ဖိအား၊ အနှောင်အဖွဲ့ သို့မဟုတ် အချုပ်အချယ်တို့ကို ဖန်တီးလိမ့်မည် မဟုတ်တော့ပေ။ ထိုလူများအလယ်တွင် သင်၏ ချို့ယွင်းချက်များကို အောင်မြင်ကာ ပြေလည်သွားနိုင်ပေ။ ဤသည်မှာ ဤအပြစ်အနာအဆာကြောင့် အပြင်းထန်ဆုံး ခံစားရသည့် လူစားမျိုး ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် ရေရှည် ကြံ့ခိုင်အောင်လုပ်ကာ လေ့ကျင့်ခြင်းမှတစ်ဆင့်သာ ထိုအပြစ်အနာအဆာကို ၎င်းတို့ အောင်မြင်ကျော်လွှားနိုင်သည်။ သုံးလမှ ၅ လကြာ တိုတောင်းသော အချိန်ကာလတွင် ဤအပြစ်အနာအဆာကို တဖြည်းဖြည်း ဖြေရှင်းကြသည့် လူများလည်းရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အခမ်းအနားကြီးများကို ရင်ဆိုင်ရသည့်အခါတွင်မှလွဲ၍ ပုံမှန် အခြေအနေများတွင် အခြားသူများနှင့် ဆက်ဆံကာ စကားပြောသည့်အခါ စိတ်မလှုပ်ရှားကြပေ။ ထို့ကြောင့် အချိန်တိုတိုဖြင့် ဤချို့ယွင်းချက်၊ ဤအပြစ်အနာအဆာကို သင် အောင်မြင်ကျော်လွှားနိုင်လျှင် ထိုသို့လုပ်ဆောင်လော့။ အောင်မြင်ကျော်လွှားရန် ခက်ခဲလျှင် ဒုက္ခမခံနှင့်။ ထိုအရာကို မတွန်းလှန်နှင့်။ သင့်ကိုယ်သင် အခက်မတွေ့စေနှင့်။ ထိုအရာကို သင် အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိလျှင် အပျက်သဘောမဆောင်သင့်သည်မှာ အမှန်ဖြစ်၏။ သင်၏ တစ်သက်တာတွင် ထိုအရာကို သင် လုံးဝ အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိလျှင်ပင် ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သည့်အတွက် ဘုရားသခင်က သင့်ကို ရှုတ်ချလိမ့်မည် မဟုတ်။ သင်၏ စင်မြင့်ကြောက်ခြင်း၊ သင်၏ စိတ်လှုပ်ရှားခြင်းနှင့် အကြောက်တရား၊ ဤသရုပ်သကန်များသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မထင်ဟပ်စေပေ။ ယင်းတို့သည် မွေးရာပါဖြစ်စေ၊ ဘဝတွင် နောက်ပိုင်း၌ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်သည်ဖြစ်စေ၊ ယင်းတို့သည် အလွန်ဆုံးအနေဖြင့် သင့်လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု၊ အပြစ်အနာအဆာတစ်ခု ဖြစ်သည်။ ရေရှည်တွင်ဖြစ်စေ၊ တစ်သက်တာတွင်ပင်ဖြစ်စေ ထိုအရာကို သင် မပြောင်းလဲနိုင်လျှင် ထိုအရာကို တဝဲလည်လည် မတွေးနှင့်။ သင့်အား ဘောင်ခတ်ခွင့် မပေးနှင့်။ ပြီးလျှင် ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သည့်အတွက် ထိုအရာကြောင့် သင် အပျက်သဘောဆောင်မလာသင့်ပေ။ ထိုအရာကို ပြောင်းလဲရန် သို့မဟုတ် ထိုအရာကို တွန်းလှန်ရန် ကြိုးစားရာတွင် အသုံးဝင်မှု မရှိပေ။ ထိုအရာကို သင် မပြောင်းလဲနိုင်လျှင်၊ လက်ခံလော့။ ထိုအရာကို တည်ရှိခွင့်ပေးကာ မှန်မှန်ကန်ကန် သဘောထားလော့။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤချို့ယွင်းချက်၊ ဤအပြစ်အနာအဆာနှင့်အတူ ယှဉ်တွဲနေထိုင်သောကြောင့် ဖြစ်သည်။ သင့်ထံတွင် ထိုအရာရှိခြင်းသည် သင်၏ ဘုရားသခင်နောက် လိုက်လျှောက်ခြင်းနှင့် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့အား မထိခိုက်ပေ။ သမ္မာတရားကို သင် လက်ခံကာ သင်၏ တာဝန်များကို အစွမ်းကုန် ထမ်းဆောင်သရွေ့၊ သင် ကယ်တင်ခံရနိုင်သေး၏။ ထိုအရာသည် သင်၏ သမ္မာတရားလက်ခံခြင်းအား မထိခိုက်သကဲ့သို့ သင်၏ ကယ်တင်ခြင်းကို မထိခိုက်ပေ။ ထို့ကြောင့် သင်သည် သင်၏ လူ့သဘာဝတွင်ရှိသည့် ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာတစ်ခုခုအားဖြင့် ဘောင်ခတ်မခံရသင့်သကဲ့သို့ မကြာခဏ အပျက်သဘောဆောင်ကာ စိတ်ဓာတ်မကျသင့်ပေ၊ သို့မဟုတ် ထိုအကြောင်းရင်းကြောင့်ပင် သင်၏ တာဝန်ကိုပင်လျှင် စွန့်လွှတ်ကာ သမ္မာတရား လိုက်စားခြင်းအား လက်လျှော့၍ ကယ်တင်ခံရမည့် အခွင့်အရေးဖြင့် မလွဲချော်သင့်ပေ။ ထိုအရာသည် လုံးဝ မတန်ပေ။ ယင်းမှာ မိုက်မဲသည့်၊ မသိနားမလည်သော လူများ လုပ်ဆောင်မည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ကျွန်မက ဘုရားပြောတဲ့အတိုင်းပါပဲ။ ကျွန်မဘဝတစ်လျှောက်လုံးမှာ၊ ကျွန်မရဲ့ စကားထစ်တဲ့ ပြဿနာကြောင့်၊ လူအများကြီးနားမှာ ရှိတဲ့အခါတိုင်း ကျွန်မက စိတ်လှုပ်ရှားတော့ စကားထစ်လာတယ်။ လူတွေ ကျွန်မကို အထင်သေးတဲ့အခါ၊ ကျွန်မရဲ့ ကိုယ်ကိုယ်ကိုယ် လေးစားစိတ်ကို ထိခိုက်တယ်။ ကိုယ့်နည်းလမ်းနဲ့ကိုယ် ကျွန်မရဲ့ စကားထစ်တာကို ပြောင်းလဲချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဆန္ဒရှိတဲ့အတိုင်း ကိစ္စတွေက မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ကျွန်မ ပိုအပျက်သဘောဆောင်လာခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မတာဝန်ကိုတောင် မလုပ်ချင်တော့ဘူး။ ကျွန်မရဲ့ စကားထစ်တဲ့ ပြဿနာကို ဘုရားက ကူမဖြေရှင်းပေခဲ့ဘူးလို့တောင် ညည်းခဲ့တယ်။ အခု ကျွန်မ နားလည်သွားပြီ။ ကျွန်မရဲ့ စကားထစ်တာက ကျွန်မရဲ့ မွေးရာပါဖြစ်ပြီး၊ ကိုယ်ဆန္ဒရှိတာနဲ့ပဲ အောင်မြင်ကျော်လွှားလို့မရနိုင်ဘူးဆိုတာပေါ့။ စကားထစ်တာက ပူပန်ဖို့အတွက် အကြောင်းရင်းတစ်ခု မဟုတ်ဘူး။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မဟုတ်သလို၊ ကျွန်မရဲ့ သမ္မာတရား လိုက်စားမှုကို မနှောင့်ယှက်ပါဘူး။ ကျွန်မမှာရှိတဲ့ အားနည်းချက်တစ်ခုပဲဖြစ်ပြီး၊ အဲဒါကို မှန်မှန်ကန်ကန် အလေးထားသရွေ့ အဆင်ပြေတယ်။ ကျွန်မပြောတာကို ညီအစ်ကို မောင်နှမတွေက နားမလည်ဘဲ အကြံပေးရင်၊ ဒါကို ကျွန်မက တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သင့်တယ်။ စကားတွေကို ထပ်ပြောသင့်တယ်၊ ဒါမှမဟုတ် ပိုပြီး ဖြေးဖြေး ပြောသင့်တယ်။ ကျွန်မ စကားထစ်တာကြောင့် တာဝန်ကို မလုပ်တဲ့အထိ အရမ်းအပျက်သဘော ဆောင်သွားတာ မဖြစ်သင့်ဘူး။ တိုတိုပြောရရင်၊ ကိုယ့်ရဲ့ အားနည်းချက်နဲ့ပတ်သက်လို့ စိုးရိမ်ဖို့ မလိုဘူး။ တတ်နိုင်ရင် အဲဒါကို အောင်မြင်ကျော်လွှားသင့်တယ်။ မတတ်နိုင်ရင်၊ ကိုယ့်ပြဿနာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သင့်တယ်။ မိတ်သဟာယဆက်လုပ်ပြီး၊ လုပ်သင့်တဲ့ပုံစံနဲ့ ကိုယ့်တာဝန်ကို လုပ်သင့်တယ်။ စကားထစ်တာကြောင့် စိတ်ကျဉ်းကျပ်နေစရာ မလိုဘူး။ အရင်တုန်းက၊ ကျွန်မရဲ့ စကားထစ်တဲ့ ပြဿနာကို ကျွန်မ မှန်မှန်ကန်ကန် အလေးမထားနိုင်ခဲ့ဘူး။ ကျွန်မစကားထစ်တာဟာ ကျွန်မက အသုံးမကျဘဲ ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်တယ်၊ ကျွန်မတာဝန်ကို ကျွန်မ မလုပ်နိုင်တဲ့ သဘောဖြစ်တယ်၊ ဘုရားက ကျွန်မလိုလူတစ်ယောက်ကို မလိုချင်ဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ချိန်လုံးမှာ၊ ကျွန်မ စကားထစ်တာကြောင့် အသင်းတော်က ကျွန်မတာဝန်ကို လုပ်ခွင့် လုံးဝ မပိတ်ပင်ခဲ့ဘူး။ ဒီအားနည်းချက်ကို မှန်မှန်ကန်ကန် သဘောမထားနိုင်ခဲ့တာ၊ အမြဲ အဲဒါကို ကိုယ့်ဘာသာ ဆန့်ကျင်ခဲ့တာက ကျွန်မပါပဲ။ ဒါကို ကျွန်မ မကျော်လွှားနိုင်တော့၊ အပျက်သဘောဆောင်လာပြီး ညည်းခဲ့တယ်။ အမှန်တော့၊ ကျွန်မရဲ့ စကားထစ်တာကို ကျွန်မ တမင်တကာ မပြောင်းလဲခဲ့ဘဲ နည်းနည်းပိုပြီး ဖြေးဖြေး စကားပြောတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေက နားလည်နိုင်ခဲ့ကြပြီး၊ ကျွန်မတာဝန်ကို ပုံမှန် လုပ်နိုင်ခဲ့တယ်။ ကျွန်မရဲ့ စကားထစ်တာကြောင့် ကျွန်မတာဝန်ကို လုပ်နိုင်မှာမဟုတ်ဘူးလို့ ကျွန်မ စိတ်ကူးထားခဲ့သလို လုံးဝ မဟုတ်ဘူး။ ကျွန်မ တစ်ဘဝလုံးမှာ၊ ကျွန်မရဲ့ စကားထစ်တဲ့ပြဿနာရဲ့ ထိခိုက်တာကို အမြဲ ခံခဲ့ရတယ်။ ကျွန်မရဲ့ အတန်းဖော်တွေက ကျွန်မကို လှောင်ခဲ့ကြသလို၊ ကျွန်မမိဘတွေကလည်း ကျွန်မကို မနှစ်သက်ကြဘူး။ ကျွန်မ ရခဲ့သမျှက တမင်အဖက်မလုပ်ခံရတာနဲ့ ခွဲခြားဆက်ဆံခရတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်း သိမ်ငယ်စိတ်နဲ့ အသက်ရှင်ခဲ့ရတယ်။ ဒါပေမဲ့ ဘုရားကို စယုံကြည်ပြီးတဲ့နောက်မှာ၊ ကျွန်မကို ကူညီပြီး အားပေးဖို့ ညီအစ်ကို မောင်နှမတွေကို ဘုရားက အသုံးပြုခဲ့သလို၊ ကျွန်မ အပျက်သဘောဆောင်ပြီး စိတ်ဆင်းရဲတဲ့အခါ လမ်းပြဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ဒီအပျက်သဘောကနေ လွတ်လာဖို့ ကျွန်မကို အခွင့်ပေးခဲ့တယ်။ အခု လူကို အချစ်ဆုံးက ဘုရားဖြစ်မှန်း အတွေ့အကြုံကနေ ကျွန်မ နက်နက်ရှိုင်းရှိုင်း နားလည်သွားပြီ။ ဒါပေမဲ့ ကျွန်မက ဘုရားနဲ့ပတ်သက်လို့ အမြဲ မကျေမနပ်ဖြစ်ပြီး အထင်လွဲခဲ့တယ်။ သူ့ကို ကျွန်မ အရမ်းအကြွေးတင်ခဲ့တယ်။ ဒါကို စဉ်းစားမိတော့၊ ဘုရားရှေ့ကို ကျွန်မလာပြီး ဆုတောင်းတယ်။ “ဘုရားသခင်။ အားနည်းချက်တွေရှိတာက ပူပန်ဖို့အတွက် အကြောင်းတရားမဟုတ်သလို၊ ကျွန်မတာဝန်ကို ကျွန်မ မလုပ်နိုင်တဲ့ သဘောလည်း မဟုတ်မှန်း ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ရပါတယ်။ ကျွန်မရဲ့ အားနည်းချက်တွေကို တည်ငြိမ်တဲ့ စိတ်နေစိတ်ထားနဲ့ သဘောထားဖို့၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ပြီး၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မ လိုလားနေပါတယ်”လို့ပေါ့။
တစ်နေ့၊ ကျွန်မရဲ့ ဝိညာဉ်ရေးရာ ဝတ်ပြုတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ရတယ်။ “လူတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သည့် ဤအယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်သင့်သည်။ အသေးစိတ်အရ ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ မြင့်မားသည့် ဆုကျေးဇူးများ သို့မဟုတ် ပါရမီများကို မလိုက်စားနှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အစွမ်းအစ သို့မဟုတ် ဗီဇများကို ပြောင်းလဲခြင်းအား မလိုက်စားဘဲ၊ ထို့ထက် သင်၏ လက်ရှိ အစွမ်းအစ၊ အရည်အချင်းများ၊ ဗီဇများ စသည်တို့အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်၏ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင် စေခိုင်းသည့်အရာအတိုင်း အမှုအရာတစ်ခုစီကို လုပ်ဆောင်လော့။ သင်၏ အရည်အချင်းများ သို့မဟုတ် အစွမ်းအစကို ကျော်လွန်သည့်အရာအား ဘုရားသခင် မတောင်းဆိုပေ။ သင့်ဘာသာ အမှုအရာများကို ခက်ခဲအောင်လည်း သင် မပြုလုပ်သင့်ပေ။ သင် သိရှိသည့်အရာနှင့် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာပေါ် အခြေခံ၍ သင် အစွမ်းကုန် လုပ်ဆောင်သင့်ပြီး သင်၏ ကိုယ်ပိုင် အခြေအနေများက အခွင့်ပေးသည့်အရာအတိုင်း လက်တွေ့လုပ်ဆောင်သင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) “သင့်လူ့သဘာဝ၏ အသိစိတ်က ပုံမှန်ဖြစ်လျှင် မှန်ကန်သည့် ပုံစံဖြင့် သင်၏ ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို သင် ရင်ဆိုင်သင့်သည်။ ယင်းတို့ကို သင် အသိအမှတ်ပြုကာ လက်ခံသင့်သည်။ ဤသည်မှာ သင့်အတွက် အကျိုးရှိပေသည်။ ယင်းတို့ကို လက်ခံခြင်းသည် ယင်းတို့၏ ဘောင်ခတ်ခြင်းကို ခံခြင်းအား မဆိုလိုသကဲ့သို့ ယင်းတို့ကြောင့် မကြာခဏ အပျက်သဘောဆောင်ခြင်းကိုလည်း မဆိုလိုဘဲ ထို့ထက် သင်သည် ဝါကြွားစရာဘာမျှ မရှိဘဲ သင်၏ ကိုယ်ပိုင် အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များနှင့်အတူ သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦးသာ ဖြစ်သည်ကို အသိအမှတ်ပြုလျက် ယင်းတို့၏ ဘောင်ခတ်ခြင်းကို မခံခြင်းအား ဆိုလိုပေသည်။ လူတို့ကို ဤတာဝန် လုပ်ဆောင်ရန် ချီးမြှောက်သောသူမှာ ဘုရားသခင်ဖြစ်သည်။ ၎င်းတို့အတွင်း၌ သူ၏ နှုတ်ကပတ်တော်နှင့် အသက်ကို အမှုပြုရန်၊ ၎င်းတို့အား ကယ်တင်ခြင်းကို ရရှိခွင့်ပေးကာ စာတန်၏ စွမ်းအားမှ လွတ်မြောက်ခွင့်ပေးရန် ရည်ရွယ်သူမှာ ဘုရားသခင် ဖြစ်သည်။ ဤသည်မှာ လူတို့ကို ဘုရားသခင်က ချီးမြှောက်ခြင်းသက်သက်ကြောင့် ဖြစ်သည်။ လူတိုင်းတွင် အပြစ်အနာအဆာနှင့် ချို့ယွင်းချက်များ ရှိသည်။ သင်သည် သင်၏ အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များကို ရှောင်ရှားခြင်းမရှိဘဲ၊ ဖုံးဖိခြင်းမရှိဘဲနှင့် စိတ်ထဲတွင် မကြာခဏ ဖိစီးခြင်း သို့မဟုတ် နိမ့်ကျသည်ဟုပင် အမြဲ ခံစားခြင်းမရှိဘဲ ယင်းတို့ကို သင်နှင့်အတူ ဒွန်တွဲရှိနေခွင့်ပေးသင့်သည်။ သင်သည် မနိမ့်ကျပေ။ သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှဖြင့်၊ အစွမ်းကုန် ထမ်းဆောင်နိုင်ပြီး ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုရှိလျှင် ဘုရားသခင်၏ မျက်မှောက်၌ သင်သည် ရွှေတမျှတန်ဖိုးရှိပေသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အဖိုးအခ မပေးနိုင်သကဲ့သို့ သစ္စာစောင့်သိမှု ကင်းမဲ့လျှင် သင်၏ မွေးရာပါ အခြေအနေများက သာမန်လူထက် ပိုကောင်းလျှင်ပင် ဘုရားသခင်၏ မျက်မှောက်၌ သင်သည် တန်ဖိုးမရှိ၊ သင်သည် သဲတစ်ပွင့်မျှပင် တန်ဖိုးမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ အရာရာ ရှင်းလင်းလာတယ်။ လူတိုင်းမှာ အားနည်းချက်တွေနဲ့ အပြစ်အနာအဆာတွေ ရှိတယ်။ အားနည်းချက်တွေ ရှိတာက ပြဿနာမဟုတ်သလို အဲဒါကို လက်လွတ်ပြီး မှန်မှန်ကန်ကန် သဘောထားဖို့ သင်ယူသင့်တယ်။ ကျွန်မရဲ့ စကားထစ်တဲ့ ပြဿနာကို ဘုရားက စီမံထားတာဖြစ်ပြီး၊ အဲဒါကို ပြောင်းလဲဖို့ ကျွန်မ အမြဲ ကြိုးစားပြီး ကိုယ့်ကိုယ်ကို အခက်တွေ့အောင် လုပ်ဖို့ မလိုဘူး။ ဖြူစင်ပြီး ရိုးသားတဲ့ စိတ်နှလုံးရှိပြီး ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ဖို့အတွက် ရှိသမျှ အားထုတ်ဖို့က ကျွန်မအတွက် လုံလောက်တယ်။ အရင်က၊ ကျွန်မစကားပြောတဲ့အခါ ထစ်ရင်၊ ညီအစ်ကို မောင်နှမတွေက အထင်သေးမှာကို အမြဲ ကြောက်ခဲ့တယ်။ ဒါကြောင့် ဒီစကားထစ်တဲ့ ပြဿနာကို ကျွန်မ ဖယ်ရှားပစ်ချင်ခဲ့တယ်။ အခုတော့၊ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပြီး ကျွန်မရဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် သဘောထားရမယ်။ အရင်က ကျွန်မကြားခဲ့ဖူးတဲ့ ညီအစ်မတစ်ယောက်ရဲ့ အတွေ့အကြုံအကြောင်းကို တွေးမိတယ်။ သူ့မှာရှိတဲ့ စကားထစ်တဲ့ ပြဿနာက ကျွန်မထက် ဆိုးတယ်။ သူ စကားပြောတဲ့အခါ အမြဲ ထစ်ငေါ့နေခဲ့ပြီး၊ သူ ပြောတာကို နားလည်ဖို့ဆိုတာ ခက်တယ်။ အဲဒီတုန်းက အသင်းတော်တစ်ပါးက ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာတွေကို ခံနေခဲ့ရပြီး၊ သူတို့အလုပ်အားလုံး ရပ်နားထားရတယ်။ ညီအစ်ကို မောင်နှမတွေက အဲဒီနေရာကို မသွားရဲခဲ့ကြဘူး။ ဒါပေမဲ့ ဒီညီအစ်မက ရှေ့ထွက်ပြီး အဲဒီအသင်းတော်ကို သွားကူညီ အားပေးဖို့ စာရင်းပေးခဲ့တယ်။ လူတချို့က တွေးတယ်၊ “သူ စကားကို ရှင်းအောင်တောင် မပြောနိုင်ရင်၊ သူတို့ကို သူ အားပေးနိုင်ပါ့မလား”လို့ပေါ့။ ဒါပေမဲ့ ဒီညီအစ်မက သူ့ရဲ့ စကားထစ်တာကြောင့် စိတ်ကျဉ်းကျပ်မနေခဲ့ဘူး။ အဲဒီအသင်းတော်ကို သူ ရောက်သွားတော့၊ ခေါင်းဆောင်ကို အခြေအနေနဲ့ပတ်သက်လို့ အကျဉ်းချုပ်ပြောပြခိုင်းတယ်။ ညီအစ်ကို မောင်နှမအားလုံးက ကြောက်စိတ်နဲ့ အသက်ရှင်နေကြတာကို သူ တွေ့ခဲ့ပြီး၊ တစ်ယောက်ပြီးတစ်ယောက် မိတ်သဟာယ ပြုပေးခဲ့တယ်။ အဲဒီညီအစ်မက စကားကို သိပ်ရှင်းအောင်မပြောတတ်တာကို မြင်တော့၊ ခေါင်းဆောင်က မိတ်သဟာယမှာ ဝင်ပါခဲ့တယ်။ ဒီညီအစ်မက အလုပ်ကို စစ်ဆေးပြီး အသေးစိတ် ကြီးကြပ်လိုက်တော့၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက ဝန်တာစိတ်ဖြစ်လာကြပြီး၊ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေကို ပုံမှန်အတိုင်း စလုပ်လာကြတယ်။ ဒီညီအစ်မက စကားပြောတဲ့အခါ ထစ်ခဲ့ပေမဲ့၊ ဒီအရာကြောင့် သူ စိတ်ကျဉ်းကျပ်မနေခဲ့ဘဲ သူ့တာဝန်မှာ ရလဒ်တွေကို ဖြစ်ပေါ်စေနိုင်ခဲ့တယ်။ ကျွန်မ ဒီညီအစ်မလို ဖြစ်သင့်တယ်။ ကျွန်မတာဝန်ကို ရိုးသားစစ်မှန်တဲ့ စိတ်နှလုံးနဲ့ လုပ်သင့်တယ်။ ဒီလိုနဲ့ ဘုရားရဲ့ လမ်းပြမှုကို ရဖို့ ပိုလွယ်သွားမှာပဲ။ ဒါကိုနားလည်ပြီးတဲ့နောက်မှာ ကျွန်မမှာ အားနည်းချက်တွေရှိတာကြောင့် ကြောက်မနေဖို့ သိသွားခဲ့တယ်။ အရေးကြီးတာက အဲဒါတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ပြီး၊ ကျွန်မရဲ့ အစွမ်းအစနဲ့ ရရှိနိုင်တဲ့အရာအတိုင်း အကောင်းဆုံး ကျွန်မ အစွမ်းကုန် ဆောင်ရွက်တာပဲ။
အခု၊ အလုပ်ကို ကျွန်မ အကောင်အထည်ဖော်နေပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေတွေကို ဖြေရှင်းပေးဖို့ သူတို့နဲ့ မိတ်သဟာယပြုနေတဲ့အချိန်မှာ ကျွန်မရဲ့ စကားထစ်တာကြောင့် ကျွန်မ စိတ်မကျဉ်းကျပ်တော့ဘူး။ ဘယ်သူ့ပြဿနာတွေကို ကျွန်မ ရှာတွေ့ရပါစေ၊ သူတို့ကို ပြုပြင်သင့်တဲ့အခါ ပြုပြင်ပြီး၊ သင့်တော်တဲ့အချိန်မှာ ကူညီဖို့အတွက် မိတ်သဟာယပြုတယ်။ မိတ်သဟာယပြုနေတုန်းမှာ၊ ကျွန်မရဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကနေ ရတဲ့ ဘယ်သိနားလည်မှုကိုမဆို မိတ်သဟာယပြုတယ်။ တစ်ခါတလေ ကျွန်မ စိုးရိမ်သောကဖြစ်လာပြီး၊ စကားစထစ်လာတယ်။ ဒါကြောင့် ကျွန်မစိတ်နှလုံးထဲမှာ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းတယ်။ ကျွန်မရဲ့ ဝင့်ဝါမှုကြောင့် စိတ်မကျဉ်းကျပ်အောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်တယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတွေ နားလည်အောင်နဲ့ အလုပ်ကို ရှင်းရှင်းလင်းလင်း အကောင်အထည်ဖော်နိုင်အောင်လို့ ကျွန်မ ပိုပြီး စကားနှေးနှေးပြောတယ်။ ကျွန်မစကားထစ်တာကို ညီအစ်ကို မောင်နှမတွေက သတိထားမိတဲ့အခါ၊ ကျွန်မထင်သလို သူတို့ အထင်မသေးကြဘူး။ ကျွန်မရဲ့ မိတ်သဟာယကနေ လမ်းကြောင်း နည်းနည်း ရှာတွေ့ကြတယ်လို့တောင် ပြောကြတယ်။ တစ်ခါတလေ အထက်အဆင့် ခေါင်းဆောင်က ကျွန်မအလုပ်ကို စစ်ဆေးပြီး ကျွန်မ စိတ်လှုပ်ရှားလို့ စကားစထစ်တဲ့အခါ၊ ဒီအပြစ်အနာအဆာကို ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လိုက်တော့ စကားပြောတဲ့အခါ ကျွန်မစိတ်လှုပ်ရှားတာက ပျောက်သွားတယ်။
ဒီနှစ်တွေတစ်လျှောက်လုံးမှာ၊ ကျွန်မရဲ့ စကားထစ်တဲ့ ပြဿနာရဲ့ ဖီစီးတာကို ကျွန်မ အမြဲခံခဲ့ရတယ်။ ကျွန်မ အရမ်းကို သိမ်ငယ်ပြီး စိတ်ဖိစီးခဲ့တယ်။ ဒီခရီးတစ်လျှောက်မှာ၊ တစ်ယောက်ယောက်က စကားပြောကောင်းသူတစ်ယောက် ဖြစ်ပုံရမရဆိုတဲ့အပေါ် ဘုရားက အလေးမထားတာကို ကျွန်မ နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့တယ်။ သူအလိုရှိတာက ဖြူစင်ပြီး ရိုးသားတဲ့ စိတ်နှလုံးတစ်ခု ကျွန်မတို့ ရှိဖို့အတွက်ပဲ။ အပေါ်ယံအားဖြင့် လူတစ်ယောက်မှာ ဘယ်အားနည်းချက်တွေပဲ ရှိပါစေ၊ သူ့တာဝန်ကို အစွမ်းကုန် လုပ်ဆောင်နိုင်သရွေ့၊ ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတဲ့အတိုင်းပါပဲ။ “လူတိုင်းတွင် အပြစ်အနာအဆာနှင့် ချို့ယွင်းချက်များ ရှိသည်။ သင်သည် သင်၏ အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များကို ရှောင်ရှားခြင်းမရှိဘဲ၊ ဖုံးဖိခြင်းမရှိဘဲနှင့် စိတ်ထဲတွင် မကြာခဏ ဖိစီးခြင်း သို့မဟုတ် နိမ့်ကျသည်ဟုပင် အမြဲ ခံစားခြင်းမရှိဘဲ ယင်းတို့ကို သင်နှင့်အတူ ဒွန်တွဲရှိနေခွင့်ပေးသင့်သည်။ သင်သည် မနိမ့်ကျပေ။ သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှဖြင့်၊ အစွမ်းကုန် ထမ်းဆောင်နိုင်ပြီး ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုရှိလျှင် ဘုရားသခင်၏ မျက်မှောက်၌ သင်သည် ရွှေတမျှတန်ဖိုးရှိပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။