မိမိက အသုံးပြုသောသူများကို ဘယ်သောအခါမှ သံသယမဝင်ခြင်း၏ အကျိုးဆက်များ

21.05.2025

အက်ဘီ၊ အမေရိကန်ပြည်ထောင်စု

ဧဝံဂေလိသင်းထောက်အဖြစ်နဲ့ အသင်းတော်မှာ ကျွန်မ အမှုထမ်းခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင် ဧဝံဂေလိဖြန့်ဝေတာအပြင် ဧဝံဂေလိအမှုဆောင်တွေရဲ့ တာဝန်ထမ်းဆောင်မှုကိုလည်း ကျွန်မ ကြီးကြပ်ပြီး နောက်က လိုက်စစ်ပါတယ်။ တာဝန်တွေကို ဝတ်ကျေတမ်းကျေ လုပ်တတ်တဲ့သူတွေဆိုရင် ကျွန်မ မျက်စိဒေါက်ထောက်ကြည့်တတ်တာပေါ့။ ဥပမာ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိတဲ့ သူတွေရဲ့ အခြေအနေတွေနဲ့ သူတို့ မိတ်သဟာယပြုပုံ၊ သက်သေခံပုံတွေကိုဆိုရင် ကျွန်မ အသေအချာ နားလည်အောင် လုပ်ခဲ့တာ။ တစ်ခါတလေ သူတို့ ကိုယ့်တာဝန်ကိုယ် မကျေပွန်တာ ကျွန်မ သိရင် သူတို့ကို ကျွန်မ ပြုပြင်ပြီး သူတို့ရဲ့ ပြဿနာတွေ ဖော်ထုတ်တာပေါ့။ ဒါပေမဲ့လည်း ကိုယ့်တာဝန်တွေမှာ များသောအားဖြင့် လုံ့လဝီရိယရှိခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကိုတော့ အခက်အခဲတွေဘာတွေရှိနေလားလို့အကြမ်းဖျင်းလောက်ပဲ ကျွန်မ မေးတတ်ပါတယ်။ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ သူတို့ ပျက်ကွက်နေလား ဒါမှမဟုတ် ခိုကပ်နေလားလို့ ကျွန်မ ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ဖူးဘူး။ “သူတို့အလုပ်တွေကို ငါက စစ်စစ်ပေါက်ပေါက် နောက်ကလိုက်ကြည့်နေရင်၊ သူတို့ကို ငါက မယုံဘူးလို့ သူတို့ ထင်သွားမှာလား၊ သူတို့ ငါ့ကို မကောင်းတွေမြင်လာရင် သူတို့နဲ့ အဆင်ပြေပြေဆက်ဆံဖို့က ခွကျသွားမှာ” လို့တောင် ကျွန်မ တွေးမိတယ်။ အဲဒါကြောင့်ပဲ သူတို့အလုပ်တွေကို စစ်စစ်ပေါက်ပေါက် နောက်ကလိုက်စစ်တာနဲ့ ကြီးကြပ်တာတွေ ကျွန်မ လုပ်တာ ရှားပါတယ်။

တစ်ရက်မှာတော့ ကျွန်မနဲ့တွဲဖက်လုပ်နေတဲ့ ညီအစ်မတစ်ယောက်ဆီက ကျွန်မ သတင်းတစ်ခု ရတယ်။ ဆိုနီယာက အခက်အခဲတွေနဲ့တွေ့ရင် လက်လျှော့နောက်ဆုတ်ပြီး ဧဝံဂေလိ ဖြန့်ဝေသူတစ်ယောက်အနေနဲ့ တာဝန်မကျေဘူး၊ အလုပ်မှာ နှောင့်နှေးမှုတွေ ဖြစ်စေတယ် လို့ သူက ကျွန်မကို တိုင်တယ်။ ဒီသတင်းကြောင့် ကျွန်မ အံ့အားသင့်သွားခဲ့ပြီး “အမှား တစ်ခုခုများ ရှိနေမလား၊ ဆိုနီယာက ပုံမှန်ဆို သူ့တာဝန်တွေမှာ အတော်လေး လုံ့လဝီရိယရှိတာ၊ သူ့အတွက် ဒီပြဿနာတွေရှိတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ” လို့ ကျွန်မ တွေးနေခဲ့တယ်။ ဒီကိစ္စကို စစ်ဆေးဖို့ ကျွန်မ ကတိပေးခဲ့ပေမဲ့လည်း ဒီလိုကိစ္စတွေ တကယ်ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ကျွန်မ မယုံခဲ့ဘူး။ ဒီတော့ ဆိုနီယာကို သူ ဧဝံဂေလိ‌တရားဟောတဲ့အခြေအနေအကြောင်း စတိလောက်ပဲ ကျွန်မ မေးခဲ့တာပေါ့။ ခုတလော ဧဝံဂေလိ တရားဟောတာမှာ သူ အခက်အခဲတချို့ တလေတွေ့ခဲ့တယ်လို့ ဆိုနီယာက ကျွန်မကို ပြောပြပါတယ်။ သူ့ရဲ့ ဧဝံဂေလိလက်ခံဖို့အလားအလာရှိသူတချို့က ဘာသာရေးအယူအဆတွေ အများကြီးရှိနေပြီး တခြားသူတွေကျလည်း သူ့ရဲ့ သတင်းစကားတွေကို အကြောင်းမပြန်ခဲ့ကြဘူးတဲ့။ အဲ့ဒီအချိန်မှာ ကျွန်မ တွေးမိတယ် “သူ့အလုပ်မှာ ပြဿနာတစ်စုံတစ်ရာများ ရှိနေလားလို့ ငါ စစ်ကြည့်လိုက်သင့်လား”ပေါ့။ ဒါပေမဲ့ အဲဒီမှာ ကျွန်မ တွေးမိတာက “ဆိုနီယာက ပုံမှန်ဆို သူ့တာဝန်တွေအပေါ် သဘောထားကောင်း ရှိတယ်၊ ငါ သူ့အလုပ်ကို ခရေစေ့တွင်းကျ စစ်လိုက်ရင် ငါ သူ့ကို မယုံဘဲ သူ့အပေါ် သံသယမကင်းဘူးလို့ သူ ခံစားသွားရမှာလား၊ အဲ့လိုဆို နေ့တိုင်းလို သူနဲ့ငါ တွေ့ရင် တော်တော် ကသိကအောက်ဖြစ်မှာ၊ သူ ငါ့ကို မကောင်းမြင်လာရင် ရှေ့လျှောက်မှာ သူနဲ့ တွဲအလုပ်လုပ်ဖို့ ခက်သွားလိမ့်မယ်၊ ပြီးတော့ ဆိုနီယာက ဧဝံ‌ဂေလိသင်း ထောက်လုပ်ခဲ့တာ၊ ဒီတော့ အကျိုးရလဒ်တွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူ သိလောက်ပါတယ်၊ သူ အခက်အခဲတွေ ရင်ဆိုင်ရတာနဲ့ တာဝန်မဲ့မှာ၊ လက်လျှော့မှာ မဟုတ်လောက်ပါဘူး။ အကြောင်းရင်းလေးတွေရှိတာ သူထုတ်ပြောသွားမှတော့ သူ တကယ်ပဲ အခက်အခဲတွေကြုံနေတာ ဖြစ်ရမယ်” ပေါ့။ ဒီတော့ ဒီကိစ္စကို ကျွန်မ ထပ်ပြီး မစုံစမ်းတော့ဘူး။ သုံးလေးရက်ကြာတော့ ဧဝံဂေလိတရားဟောရာမှာ ဆိုနီယာက တာဝန်မကျေဘူး၊ ဧဝံ‌ဂေလိလက်ခံဖို့ အလားအလာရှိသူတွေကို မိတ်သဟာယပြုတာ၊ သက်သေခံတာမှာ ကြိုးစားအားထုတ်မှု မရှိဘူး လို့ ကျွန်မနဲ့ တွဲဖက်လုပ်နေတဲ့ ညီအစ်မက ကျွန်မကို တိုင်ပြန်တယ်။ ဒီတစ်ခါတော့ တစ်ခုခုတော့ လွဲနေပြီလို့ ကျွန်မ သိလိုက်တယ်။ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက ဆိုနီယာရဲ့ ပြဿနာတွေ ကျွန်မဆီ ဆက်တိုက် တိုင်နေတော့ ကျွန်မ ဒီကိစ္စကို ဆက်ပြီး လျစ်လျူမရှုနိုင်တော့ ဘူးပေါ့။ ဒီတော့ ချက်ချင်းပဲ ဆိုနီယာကို ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတစ်ယောက်စီအကြောင်း အသေးစိတ်အခြေအနေတွေကို မေးပြီး ကျွန်မ သူနဲ့စကားပြောခဲ့တယ်။ ဒီစစ်ဆေးမှုက တကယ်ပဲ တချို့ပြဿနာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့ ဧဝံဂေလိလက်ခံဖို့အလားအလာရှိတဲ့ သူတချို့က စုဝေးပွဲ နှစ်ခု သုံးခုလောက် တက်ခဲ့ပေမဲ့ သူတို့ရဲ့အခြေအနေတွေကို သူ ဘာမှ မသိပါဘူး။ ပြီးတော့ သူတို့ရဲ့ ပြဿနာတွေနဲ့ အယူအဆတွေကို သူ မရိပ်မိခဲ့ဘူး။ တချို့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေအတွက်တော့ သူ နောက်က လိုက်စစ်တာ၊ မိတ်သဟာယပြုတာမှ ဘာမှ မလုပ်ဘဲ နှုတ်ခွန်းဆက်သတဲ့ စာတိုလေးတွေပဲ ပို့ခဲ့တယ်။ ဧဝံဂေလိလက်ခံဖို့ သင့်တော်တဲ့ အလားအလာရှိသူ အတော်များများကို သူ စွန့်တောင် စွန့်လွှတ်ခဲ့တာ။ ဒီကိစ္စတွေကို သိရတော့ ကျွန်မ လန့်သွားခဲ့တယ်။ ဆိုနီယာ ပြုမူပုံတွေက ကျွန်မ သူ့အပေါ်ထင်ထားတာနဲ့ လုံးလုံးကြီး ကွာခြားနေခဲ့တာပဲ။ ကျွန်မ အထင်မှာက သူ လုံ့လဝီရိယရှိပြီး သူ့တာဝန်တွေကို ကျေပွန်တတ်တယ်ပေါ့။ ဒီတော့ သူ့အလုပ်တွေကို ကျွန်မ နောက်က လိုက်စစ်တဲ့အခါ မှာ သူ ဘာပြဿနာမှ မရှိလောက်ပါဘူးလို့ ထင်ပြီးတော့ သူ့ကို အယုံကြီးယုံခဲ့တာ။ သူ့မှာ ပြဿနာလေးတွေ ရှိတယ်ဆိုတာ သတိပြုမိခဲ့တဲ့အခါမှာတောင်မှ အဲ့ဒီပြဿနာတွေကို ကျွန်မ အရေးတယူမလုပ်ခဲ့ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စ မေးခွန်းထုတ်မိတယ်။ သူ့ကို ဘာလို့ အရမ်း ယုံခဲ့မိတာလဲ၊ သူများတွေကို လုပ်သလို ကျွန်မ သူ့အလုပ်ကို ဘာလို့ ဆက်ပြီး နောက်က လိုက်မစစ်ခဲ့လဲ၊ စစ်စစ်ပေါက်ပေါက် နားလည်အောင် မလုပ်ခဲ့လဲပေါ့။ ကျွန်မ အပြစ်ရှိတယ်လို့ နက်နက်နဲနဲ ခံစားခဲ့ရတယ်။ သူ့ပြဿနာတွေကို ကျွန်မ နောက်ဆုံးမှာ ရှာတွေ့သွားခဲ့ပြီဆိုပေမဲ့လည်း ဖြစ်ခဲ့တဲ့ ဆုံးရှုံးမှုတွေကို ကုစားဖို့ တော်တော်လေး နောက်ကျခဲ့ပြီလေ။

ပြန်ဆင်ခြင်သုံးသပ်ရင်း ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အယောင်ဆောင် ခေါင်းဆောင်များ၌ ဆိုးဆိုးရွားရွား အားနည်းချက် ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို ယုံကြည်လွယ်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်က မယုံကြည်ချိန်တွင် ၎င်းတို့သည် အဘယ်ကြောင့် လူတို့ကို ယုံကြည်သင့်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ ‘ဤလူအပေါ် ငါ ထင်မြင်မှုလွဲခဲ့ခြင်း မဖြစ်နိုင်ပေ။ ငါက သင့်တော်သည်ဟု အကဲဖြတ်ခဲ့သည့် ဤလူနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ မရှိသင့်ပေ။ ထိုသူသည် အစားအသောက်နှင့် ဖျော်ဖြေရေးများတွင် ပျော်မွေ့ခံစားသည့်သူတစ်ဦး သို့မဟုတ် သက်သာမှုကို နှစ်သက်ပြီး ခက်ခဲပင်ပန်းသော အလုပ်ကို မုန်းတီးသည့်သူတစ်ဦး လုံးဝ မဟုတ်။ ထိုသူသည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ထိုသူသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲခဲ့လျှင် သူနှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော ဆင်ခြင်တွေးခေါ်မှုစနစ်မျိုးနည်း။ သူသည် ကျွမ်းကျင်သူတစ်မျိုးမျိုး ဖြစ်သလော။ သူသည် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ သူသည် ထိုသို့သောအထူးကျွမ်းကျင်မှု ရှိသလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သော်လည်း ၎င်းတို့၏ သဘာဝအနှစ်သာရကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို မခံရလျှင် သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝ အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် အပြင်းအထန်ကြိုးစားနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် တစ်ခဏတာအမြင်၊ သို့မဟုတ် လူတစ်ဦးအပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ထိုသူကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် ၎င်းတို့သည် အလွန်အမင်း ကျိုးကြောင်းမမြင်ဖြစ်နေသည်မဟုတ်လော။ မဆင်မခြင် ပြုလုပ်နေခြင်းမဟုတ်သလော။ ပြီးလျှင် ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)) ခေါင်းဆောင်မပီသသူတွေဟာ သူတို့အလုပ်မှာ တာဝန်မကျေဘဲ သူတို့က လူတွေကို မှန်မှန်ကန်ကန် အကဲခတ်နိုင်တယ်လို့ ထင်ကြတော့ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ်အမှန်လို့ ထင်တတ်ကြတယ်၊ ဒီတော့ လူတွေကို မျက်စိစုံမှိတ် ယုံတတ်ကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ပါတယ်။ အဲဒါက အလုပ်မှာ ဆုံးရှုံးမှုတွေကို ဖြစ်စေတာပေါ့။ ဆိုနီယာနဲ့ ပတ်သတ်လို့ ကျွန်မ တာဝန်လည်း မဲ့ခဲ့တာ။ သူ ဧဝံဂေလိသင်းထောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ဖူးပြီး အရင်က သူ့တာဝန်တွေအတွက် အတော်ကောင်းတဲ့ အကဲဖြတ်ချက်တွေ ရခဲ့တယ်ဆိုတော့ သူ ပြဿနာတွေ ဖြစ်အောင် မလုပ်နိုင်လောက်ပါဘူးလို့ ကျွန်မ ထင်ခဲ့တာ။ ကျွန်မက စိတ်ချလက်ချနေပြီး ကိစ္စတွေမှာ မကြီးကြပ်ဘဲ သူ့ကို လွှတ်ထားခဲ့တာ၊ ဒီတော့ သူ့အလုပ်ကို ကျွန်မ စစ်တဲ့အခါတိုင်းမှာ ဝတ်ကျေတမ်းကျေလောက်ပဲ လုပ်ခဲ့တာပေါ့။ အလုပ်မှာ အမှားတွေ ပေါ်လာလို့ ကျွန်မနဲ့ တွဲအလုပ်လုပ်နေတဲ့ ညီအစ်မက ဆိုနီယာရဲ့ ပြဿနာတွေကို ကျွန်မကို တိုင်လာတော့ ဆိုနီယာက ဒီလိုလူမျိုးမဟုတ်ပါဘူးလို့ တွေးပြီး ကျွန်မ မယုံနိုင်ခဲ့သေးဘူး။ အလုပ်သဘောအနေနဲ့ ဘာတွေဘယ်လို ဖြစ်နေကြလဲဆိုတာပဲ ကျွန်မ မေးခဲ့ပြီး ဆိုနီယာပေးလာခဲ့တဲ့ ဆင်ခြေဆင်လက်တွေကိုပဲ အခြေပြုပြီး သူ့ကို မျက်စိစုံမှိတ်ယုံခဲ့တာ။ ကျွန်မနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ ညီအစ်မက ဒုတိယအကြိမ်သတိပေးတဲ့အခါမှပဲ ဆိုနီယာရဲ့ အလုပ်ကို အခါနှောင်းစွာနဲ့ ကျွန်မ ဆက်ပြီး နောက်က လိုက်စစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်ကျတော့ ထိခိုက်နစ်နာမှုက ဖြစ်ပြီးသွားခဲ့ပြီ။ ကြီးကြပ်သူတွေက အလုပ်အပေါ် ကြီးကြပ်ဖို့နဲ့ ဆက်ပြီး နောက်က လိုက်စစ်ကြဖို့ ဘုရားက အလိုတော်ရှိပါတယ်။ ဒါပေမဲ့လဲ ကျွန်မက တကယ့်အလုပ်အစစ်ကို မလုပ်ဘဲ လူတွေကို မျက်စိစုံမှိတ်ပြီးတော့ပဲ ယုံခဲ့မိတာ။ ကျွန်မ တကယ်ကို တာဝန်မဲ့ခဲ့တာပါ။ ဒါကို နားလည်လိုက်တော့ ကျွန်မမှာ နောင်တတွေ လိပ်ပြာမလုံတာတွေနဲ့ ပြည့်ကျပ်သွားခဲ့တယ်။

နောက်တော့ လမ်းပြမှုကို ကျွန်မ ဆက်ရှာဖွေတယ်။ ဘာ‌ဖြစ်လို့ ဆိုနီယာရဲ့အလုပ်ကို ကျွန်မ မကြီးကြပ်မိခဲ့တာလဲပေါ့။ ဝတ်ပြုချိန်တွေအတွင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဆိုသည့် စကားရပ်သည် လူအများစု ယခင်က ကြားဖူးကြသည့် စကားရပ်တစ်ခု ဖြစ်သည်။ ဤစကားရပ်ကို သင်တို့ မှန်သည်ဟု ယုံကြည်သလော သို့မဟုတ် မှားသည်ဟု ယုံကြည်သလော။ (မှားပါသည်။) ယင်းကို မှားသည်ဟု သင်တို့ယုံကြည်သည့်အတွက် လက်တွေ့ဘဝတွင် သင်တို့ကို ယင်းက အဘယ်ကြောင့် လွှမ်းမိုးနိုင်ဆဲ ဖြစ်ရသနည်း။ ဤသို့သော ကိစ္စရပ်မျိုး သင်တို့အပေါ် ဖြစ်ပျက်သည့်အခါ ဤအမြင်သည် ပေါ်ထွက်လာလိမ့်မည်။ ယင်းက သင်တို့ကို အတိုင်းအတာတစ်ခုအထိ အဖျက်အမှောင့် လုပ်မည်ဖြစ်ပြီး သင်တို့ကို ယင်းက အဖျက်အမှောင့် လုပ်သည်နှင့် တစ်ပြိုင်နက် သင်တို့၏အလုပ်သည် ထိခိုက်သွားလိမ့်မည်။ သို့ဆိုလျှင် သင်သည် ယင်းကို မှားသည်ဟု ယုံကြည်ပြီး ယင်းသည် မှားကြောင်း ဆုံးဖြတ်ထားပြီးဖြစ်ပါက အဘယ်ကြောင့် သင်သည် ယင်း၏လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ပြီး သင့်ကိုယ်သင် နှစ်သိမ့်ရန် ယင်းကို အဘယ်ကြောင့် အသုံးပြုနေဆဲ ဖြစ်သနည်း။ (အကြောင်းမှာ လူတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြသဖြင့် ၎င်းတို့သည် စာတန်၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ကို လက်တွေ့လုပ်ဆောင်ရန်အတွက် မိမိတို့၏စည်းမျဉ်းအဖြစ်ဖြစ်စေ၊ စံသတ်မှတ်ချက်အဖြစ်ဖြစ်စေ မှတ်ယူကြသောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ အခြားအကြောင်းရင်းများ ရှိသေးသလော။ (အကြောင်းမှာ ဤစကားရပ်သည် လူတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့် အတော်အတန် ကိုက်ညီသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ဤစကားရပ်နှင့်အညီ အလိုအလျောက် ပြုမူကြမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။) လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါတွင်သာ ဤသို့ဖြစ်သည် မဟုတ်ဘဲ သမ္မာတရားကို နားလည်သည့်အခါ၌ပင် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကောင်း မရှိနိုင်ပေ။ ဤစကားရပ်သည် ‘လူတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့် အတော်အတန် ကိုက်ညီသည်’ ဟူသည့်အချက်မှာ မှန်ကန်၏။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည့်အစား မိမိတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန် စဉ်းလဲသော လှည့်ကွက်တစ်ခု သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်တစ်ခုကို လိုက်နာလိုကြသည်။ ထို့အပြင် ၎င်းတို့သည် ဤသို့ပြုလုပ်ရန် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်။ ဤအခြေခံအကြောင်းရင်းကား အဘယ်နည်း။ ယင်းမှာ ဤစကားရပ်ကို လူထုက မှန်ကန်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ဤစကားရပ်နှင့်အညီ အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့၏လုပ်ဆောင်ချက်များသည် အခြားသူများအားလုံး၏ရှေ့မှောက်တွင် ခိုင်လုံနိုင်ပြီး ဝေဖန်ခြင်းမှ ကင်းလွတ်နိုင်ကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ၊ ဥပဒေရေးရာ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ၊ ရိုးရာအယူအဆများ၏ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ ယင်းသည် ခိုင်လုံသော အမြင်တစ်ခုနှင့် အလေ့အကျင့်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားသည့်အခါ သို့မဟုတ် ယင်းကို နားမလည်သည့်အခါတွင် သင်သည် ဘုရားသခင်ကို ပြစ်မှားရန်၊ သမ္မာတရားကို ချိုးဖောက်ရန်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အနိမ့်ဆုံးစည်းကို မကျော်လွန်သည့် နေရာသို့ ဆုတ်ခွာရန် ပို၍ လိုလားပေမည်။ ဤနေရာကား အဘယ်နည်း။ ယင်းမှာ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဟူသည့် အနိမ့်ဆုံးစည်းကမ်းချက်ပင် ဖြစ်သည်။ ဤနေရာသို့ ပြန်သွားပြီး ဤစကားရပ်နှင့်အညီ ပြုမူခြင်းက သင့်အား စိတ်အေးစေလိမ့်မည်။ အဘယ်ကြောင့် ယင်းက သင့်အား စိတ်အေးစေသနည်း။ အကြောင်းမှာ အခြားသူတိုင်းလည်း ဤသို့ပင် တွေးသောကြောင့် ဖြစ်သည်။ ထို့အပြင် သင့်စိတ်နှလုံးထဲ၌ ‘အယောက်တိုင်းက ချိုးဖောက်နေချိန်တွင် ဥပဒေ မသက်ရောက်နိုင်’ ဟူသော အယူအဆလည်း ရှိနေပြီး သင်က ဤသို့တွေးသည်၊ ‘လူတိုင်း ဤသို့တွေးကြသည်။ ငါသည် ဤစကားရပ်နှင့်အညီ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်က ငါ့ကို ပြစ်တင်ရှုတ်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အရေးမကြီးပေ၊ အကြောင်းမှာ ငါသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း မထိတွေ့နိုင်သောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ အခြားသူများ၏အမြင်တွင် ငါသည် လူသားဆန်သော လက္ခဏာများရှိသူ၊ အနည်းငယ် အသိတရားရှိသူအဖြစ် ရှုမြင်ခြင်းခံရမည်’ ဟူ၍ ဖြစ်လေသည်။ သင်သည် ဤ ‘လူသားဆန်သော လက္ခဏာများ’ အတွက်၊ လူတို့က သင့်အား ၎င်းတို့၏မျက်လုံးထဲတွင် ရန်လိုမှုမရှိဘဲ ရှုမြင်စေရန်အတွက် သမ္မာတရားကို သစ္စာဖောက်ရန် ရွေးချယ်သည်။ ထိုအခါ လူတိုင်းက သင့်ကို ကောင်းသည်ဟု ထင်မြင်ကြမည်ဖြစ်ပြီး သင်သည် ဝေဖန်ခြင်းခံရမည်မဟုတ်၊ သင်သည် သက်သောင့်သက်သာ ဘဝဖြင့် နေထိုင်ရပြီး စိတ်အေးရလိမ့်မည်။ သင်ရှာဖွေသည့်အရာမှာ စိတ်အေးခြင်းဖြစ်သည်။ ဤစိတ်အေးခြင်းသည် လူတစ်ဦး သမ္မာတရားကို ချစ်မြတ်နိုးခြင်း၏ သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်း၌ လှည့်ဖြားတတ်ခြင်း ပါဝင်သလော။ ယင်း၌ လှည့်ဖြားတတ်ခြင်း ပါဝင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ) ဘုရားနှုတ်ကပတ်တော်တွေရဲ့ အလင်းပြမှုထဲမှာ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပြီး ကျွန်မ နားလည်လိုက်တာက ဆိုနီယာရဲ့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မရဲ့ ပျက်ကွက်မှုဟာ “လူတစ်ဦးကို အသုံးပြုပါက၊ သံသယမရှိနှင့်၊ သံသယရှိပါက မသုံးနှင့်။” ဆိုတဲ့ လောကီဆိုင်ရာ ဆက်ဆံမှုတွေမှာ သုံးတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်က ကျွန်မကို အုပ်စိုးနေတာကနေ မြစ်ဖျားခံခဲ့တာ ဆိုတာပါပဲ။ လူတစ်ယောက်ကို အသုံးပြုရင် သူ့ကို သံသယကနေ ကင်းလွတ်စေရတယ်၊ အဲလိုမှမဟုတ်ရင် သူ့ကို မယုံကြည်သလို ဖြစ်နေမှာပေါ့ လို့ ကျွန်မ ထင်ခဲ့တာ။ ဆိုနီယာရဲ့ အလုပ်ကို စစ်စစ်ပေါက်ပေါက် လိုက်စစ်ဆေးနေရင် သူ့ကို ကျွန်မက မယုံဘူးလို့ သူ ခံစားရနိုင်လာပြီး ကျွန်မအပေါ် အမြင်စောင်းလာနိုင်တယ်လို့ ကျွန်မ စိုးရိမ်ခဲ့တာ။ ဒီတော့ သူ့အလုပ်ကို ဆက်ပြီး နောက်က လိုက်မစစ်ခဲ့ဘဲ တာဝန်ဝတ္တရားကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ကျွန်မ ပျက်ကွက်ခဲ့တော့ အလုပ်မှာ နှောင့်‌နှေးမှုတွေ ဖြစ်စေခဲ့တာပေါ့။ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်နိုင်ဖို့အတွက် လူတစ်ယောက်ကို မစော်ကားမိအောင် ရှောင်ဖို့သက်သက်နဲ့ အလုပ်ကို မကြီးကြပ်၊ မစစ်ဆေးခဲ့တာကို ဆင်ခြေပေးဖို့ “လူတစ်ဦးကို အသုံးပြုပါက၊ သံသယမရှိနှင့်၊ သံသယရှိပါက မသုံးနှင့်။” ဆိုတဲ့ တရားနည်းလမ်းကျသယောင်ထင်ရတဲ့ အကြောင်းပြချက်ကို သုံးခဲ့ရတယ်။ ကျွန်မ ထုတ်ဖော်ခဲ့တာက ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားပါ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနောက်ကို လိုက်ခဲ့၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မရဲ့ ကျင့်ကြံပြုမူမှုနဲ့ လုပ်ရပ်တွေအတွက် စည်းမျဉ်းတွေအဖြစ် ကျွန်မ မမှတ်ယူခဲ့ဘဲ ကိစ္စတွေ ပေါ်လာတော့ ကြီးကြပ်ဖို့နဲ့ အလုပ်ကို စစ်ဆေးဖို့ လျစ်လျူရှုပြီး ကိုယ့်တာဝန်ဝတ္တရားတွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ ပျက်ကွက်တဲ့အပြင် အဲဒါတွေကို ဖြေရှင်းဖို့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေကိုပဲ ကျွန်မ အားကိုးနေခဲ့သေးတာ။ ကျွန်မ ဘုရားကို အတိုက်အခံလုပ်ပြီး သစ္စာဖောက်ခဲ့တာပါ။ ဒါကို နားလည်လိုက်တော့ ကျွန်မ ကြောက်သွားခဲ့တယ်။ ပြီးတော့ စာတန်ဆန်တဲ့အတွေးအခေါ်တွေကို လိုက်နာတာဟာ ကျွန်မကို ဘေးပဲတွေ့စေလိမ့်မယ်လို့လည်း လက်ခံခဲ့တယ်။

နောက်တော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “‘သင်အလုပ်ခန့်သည့် လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်’ ဆိုသည့်စကားက မှန်ကန်သည်ဟု သင် ယုံကြည်သလော။ ဤစကားရပ်သည် အမှန်တရားဖြစ်သလော။ ဘုရားအိမ်တော်၏ အလုပ်တွင်၊ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ဤစကားကို တစ်စုံတစ်ဦးက အဘယ်ကြောင့် အသုံးပြုမည်နည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤအရာတို့သည် ရှင်းလင်းစွာပင် မယုံကြည်သူများ၏ စကားများ၊ စာတန်ဆီမှလာသော စကားများဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤအရာတို့ကို အမှန်တရားအဖြစ် အဘယ်ကြောင့် သဘောထားသနည်း။ ၎င်းတို့သည် မှန်သည်၊ မှားသည်ကို အဘယ်ကြောင့် မပြောနိုင်သနည်း။ ဤအရာများသည် သိသိသာသာပင် လူသား၏ စကားများ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စကားများဖြစ်သည်။ တကယ်ကို သမ္မာတရားမဟုတ်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးလုံး ကွဲလွဲနေသည်။ လူတို့၏ လုပ်ရပ်များ၊ အပြုအမူများနှင့် ဘုရားသခင်အား ကိုးကွယ်မှုအတွက် စံအဖြစ် အသုံးမပြုသင့်ပေ။ ဤသို့ဆိုလျှင် ဤစကားကို မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် အမှန်တကယ် ခွဲခြားနိုင်စွမ်းရှိပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းအဖြစ် အသုံးပြုဖို့ ဤစကား၏နေရာတွင် မည်သည့်စံအမျိုးအစားကို အသုံးပြုသင့်သနည်း။ စံသည် ‘သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်ရန်’ ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ စိတ်အစွမ်းရှိသမျှနှင့် ဆောင်ရွက်ခြင်းသည် မည်သူ၏ ကန့်သတ်ခြင်းကိုမျှ မခံခြင်းဖြစ်သည်။ စိတ်နှလုံးတစ်ခုတည်းဖြစ်ပြီး နောက်ထပ်မည်သည့်အရာမျှ မရှိခြင်းဖြစ်သည်။ ကောင်းကင်ဘုံက ပြဌာန်းပြီး မြေကြီးက အသိအမှတ်ပြုထားသည်နှင့်အမျှ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရား ဖြစ်ပြီး ကောင်းစွာ ထမ်းဆောင်သင့်သည်။ မည်သည့်ပြဿနာများကို သင် ကြုံတွေ့ရပါစေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သင့်သည်။ သင်လုပ်ဆောင်သင့်သည့် မည်သည့်နည်းဖြင့်မဆို ကိုင်တွယ်လော့။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ ထုတ်ပယ်ခြင်း လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံပြီး ဆောင်ရွက်လော့။ ဤသည်မှာ စည်းမျဉ်းမဟုတ်လော။ ဤသည်မှာ ‘သင်အလုပ်ခန့်သည့်လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်’ ဆိုသည့် စကားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်မဟုတ်လော။ သင်အလုပ်ခန့်သည့်လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ယင်းမှာ လူတစ်ယောက်ကို အလုပ်ခန့်ပြီးလျှင် ထိုသူကို သံသယမရှိသင့်။ လူတစ်ယောက်ကို အလုပ်ခန့်ပြီးလျှင် ထိန်းချုပ်မှုကို လွတ်ပေးသင့်သည်၊ မကြီးကြပ်သင့်၊ ထိုသူကျေနပ်သလို လုပ်ဆောင်ခွင့်ပေးသင့်သည်၊ သံသယရှိလျှင် ထိုသူကို အလုပ်မခန့်သင့်ဟု ဆိုလိုသည်။ ဤသို့ အဓိပ္ပာယ်ရသည်မဟုတ်လော။ ဤသည်မှာ လွန်စွာပင် မှားယွင်းသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်း ခံထားရသည်။ လူတိုင်းတွင် ဆိုးယုတ်သော စိတ်သဘောထားရှိပြီး၊ ဘုရားကို ပုန်ကန်နိုင်စွမ်းရှိကာ အာခံနိုင်စွမ်းရှိသည်။ မည်သူကမျှ စိတ်မချရဟု ဆိုနိုင်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချုပ်ချယ်ခြင်းကို ခံရပြီး ၎င်းတို့၏ လုပ်ရပ်များကို မထိန်းချုပ်နိုင်သောကြောင့် လူတစ်ယောက်က ကမ္ဘာအဆုံးထိ ကျိန်ဆိုလျှင်ပင် ဤသည်မှာ အသုံးမဝင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်မီ၊ ဘုရားကို ၎င်းတို့ အာခံပြီး သစ္စာဖောက်သော ပြဿနာကို လုံးလုံးလျားလျား မဖြေရှင်းနိုင်မီ၊ လူတို့၏ အပြစ်များ၏ အရင်းအမြစ်ကို မဖြေရှင်းနိုင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို မဖြတ်သန်းရသေးသကဲ့သို့ကယ်တင်ခြင်းကို မရရှိသေးသောသူများသည် စိတ်မချရပေ။ ၎င်းတို့သည် ယုံကြည်ဖို့ မထိုက်တန်ပေ။ ထို့ကြောင့် သင်သည် တစ်စုံတစ်ဦးကို အလုပ်ခန့်သောအခါ ထိုသူကို ကြီးကြပ်ရမည်။ ညွှန်ကြားရမည်။ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းကာ။ သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ရမည်။ ဤနည်းအားဖြင့်သာ ထိုသူကို ဆက်၍ အလုပ်ခန့်ထားနိုင်ခြင်းရှိမရှိကို ရှင်းလင်းစွာ သင် မြင်နိုင်လိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်သောသူ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်သောသူ၊ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်ကာ မိမိတို့ဘဝတွင် အဆက်မပြတ် တိုးတက်မှုရှိသောသူ အချို့ရှိလျှင်၊ ထိုလူများကိုသာ အမှန်တကယ် အလုပ်ခန့်အပ်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ) ဘုရားနှုတ်ကပတ်တော်တွေက လူတွေကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ထောက်ပြခဲ့တယ်။ ကျွန်မရဲ့ တစ်ကိုယ်ရေ ဂုဏ်သတင်း ဒါမှမဟုတ် အကျိုးစီးပွားတွေကို ထိခိုက်မှာမျိုး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်တာက ကျွန်မ ထိန်းသိမ်းသင့်တဲ့ စည်းမျဉ်းပဲဖြစ်ပါတယ်။ ကြီးကြပ်သူတစ်ယောက်အနေနဲ့ ကြီးကြပ်တာနဲ့ အလုပ်ကို ဆက်ပြီး နောက်က လိုက်စစ်တာဟာ ကျွန်မရဲ့အလုပ်ပါ။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မတာဝန်ရှိတဲ့ နယ်ပယ်အတွင်းမှာရှိနေသရွေ့ အဲဒီလူအပေါ် ကျွန်မ ကြီးကြပ်ပြီး၊ ဆက်ပြီး နောက်က လိုက်စစ်ရမှာပါ။ သူတို့တွေ ဝတ်ကျေတမ်းကျေလုပ်နေတာ၊ တာဝန်မဲ့တာ၊ စည်းမျဉ်းတွေ ချိုးဖောက်နေတာ မြင်ရင် သူတို့ကို ကျွန်မ ကူညီပြီး အမှားပြင်သင့်၊ ပြုပြင်သင့်တာပါ။ သူတို့ အမှားပြင်တာတွေ မလုပ်သေးဘူးဆိုရင် သူတို့ကို တာဝန်ပြောင်းတာ ဒါမှမဟုတ် ဖြုတ်ချတာ လုပ်ရမှာပါ။ ကျွန်မဟာ မကြီးကြပ်တော့ဘဲ လူတွေကို မျက်စိစုံမှိတ် ယုံတာမျိုး မလုပ်သင့်ဘူး။ ဒါတွေက တာဝန်မဲ့တာနဲ့ မိုက်မဲတာရဲ့ သရုပ်သကန်တွေမို့ပါ။ စာတန်ကြောင့် ကျွန်မတို့ အများကြီး ဖောက်ပြန်ပျက်စီးခဲ့ရပြီးတော့ ကိုယ့်တာဝန်တွေမှာ ဝတ်ကျေ တမ်းကျေလောက်လုပ်ဖို့နဲ့ ရေသာခိုဖို့အတွက် လှည့်စားမှုကိုပဲ အားထုတ်ရင်း ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း ကျွန်မတို့ နေထိုင်ခဲ့တာ။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို မသန့်စင်ရသေးခင်မှာ ဘယ်သူ့ကိုမှ အားကိုးလို့မရပါဘူး။ ဒါ့ကြောင့် လူတွေဟာ သူတို့ကို ကြီးကြပ်ဖို့ ခေါင်းဆောင်တွေ အမှုဆောင်တွေ လိုအပ်ပါတယ်။ ဒါကလည်း လူတွေကို သူတို့တာဝန်တွေမှာ ပိုပြီးကောင်းကောင်း ထမ်းဆောင်အောင် တိုက်တွန်းပေးဖို့ပါ။ ဆိုနီယာက ဧဝံဂေလိသင်းထောက်ဖြစ်ခဲ့ဖူးပြီး သူ့တာဝန်မှာ များသောအားဖြင့် လုံ့လဝီရိယရှိပြီး တာဝန်သိတတ်တယ်ဆိုပေမဲ့လဲ တာဝန်က ဖြုတ်ချခံရပြီးနောက်မှာ သူက ကိုယ့်ကိုယ်ကိုယ် အစွမ်းအစနည်းတယ်ဆိုပြီး ဘောင်ခတ်ထားတဲ့ အခြေအနေတစ်ခုမှာ နေနေခဲ့တာ။ သူရဲ့တာဝန်အသစ်မှာ သူက နည်းနည်း အပျက်သဘောဆောင်ပြီး ဘာသိဘာသာ ဖြစ်လာခဲ့တဲ့အပြင် အချိန်မီ အလုပ်အများကြီးမပြီးတာမျိုးတွေ ဖြစ်လာခဲ့တာပေါ့။ သူ့အလုပ်တွေကို ဆက်ပြီး နောက်က လိုက်စစ်တာတွေ ကြီးကြပ်တာတွေ မရှိတော့ သူ့အခြေအနေရဲ့ပြဿနာကို ကျွန်မ အချိန်မီ မရှာတွေ့ မဖြေရှင်းနိုင်ခဲ့ဘူး။

နောက်ထပ်ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မ ဖတ်ခဲ့ပြီး တကယ့်အလုပ်ကို လုပ်တဲ့အခါမှာ လျှောက်လှမ်းရမဲ့ လမ်းကြောင်းတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် မည်သည့်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ ဤအလုပ်၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ၎င်းတို့၏ ပထမဦးစားပေးမှာ အလုပ်က မည်သို့ တိုးတက်မှုရှိနေသည်ကို ကောင်းစွာ သိရှိရန်ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို ဆက်လက်စစ်ဆေးပြီး မေးခွန်းများမေးကာ သတင်းအချက်အလက်များကို ကိုယ်တိုင်ရယူရန်အတွက် ထိုနေရာတွင် ရှိနေရပေမည်။ ၎င်းတို့သည် ကိုယ်ကြားရသည့်အတိုင်း လုပ်ဆောင်ခြင်းသက်သက် သို့မဟုတ် အခြားလူတို့၏ အစီရင်ခံချက်များကိုသာ နားထောင်ခြင်း မပြုလုပ်ရပေ။ ထိုအစား ၎င်းတို့သည် ဝန်ထမ်းများက မည်သို့လုပ်ဆောင်နေသည်၊ အလုပ်က မည်သို့ တိုးတက်နေသည်ကို မိမိတို့ကိုယ်တိုင် ကြည့်ရှုလေ့လာရမည်။ မည်သည့်အခက်အခဲများရှိသည်၊ နယ်ပယ်တစ်ခုခုက အထက်က သတ်မှတ်ချက်များနှင့် ကွဲလွဲနေခြင်းရှိမရှိ၊ အထူးလုပ်ငန်းတာဝန်များက စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းရှိမရှိ၊ အနှောင့်အယှက်၊ အဖျက်အဆီးတစ်ခုခု ရှိမရှိ၊ လိုအပ်သော ပစ္စည်းကိရိယာများ၊ သို့မဟုတ် အချို့တာဝန်အတွက် သင်ကြားပို့ချမှုဆိုင်ရာ ပစ္စည်းများ လိုအပ်ခြင်း ရှိမရှိ၊ သင်ယူရမည်။ ၎င်းတို့သည် ဤအရာအားလုံးကို နိုင်နိုင်နင်းနင်းဖြစ်ရမည် ဖြစ်သည်။ မည်မျှ များပြားသော အစီရင်ခံချက်များကို ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ သို့မဟုတ် ကြားရသည့်အတိုင်း လုပ်ဆောင်ခြင်းမှ မည်မျှရရှိသည်ဖြစ်စေ၊ ဤအရာတို့သည် ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းလောက် မကောင်းပေ။ အမှုအရာများကို မိမိကိုယ်တိုင် မြင်တွေ့ခြင်းသည် ပိုမို တိကျမှုရှိပြီး ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် အခြေအနေကို အကျွမ်းဝင်သွားသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာဖြစ်ပျက်နေသည်ကို ကောင်းစွာ သိရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘုရားဆီကနေ ကျွန်မ နားလည်လိုက်တာက အလုပ်လုပ်တဲ့အခါမှာ လူတွေကို မျက်စိစုံမှိတ်ယုံလို့မရဘူး၊ တာဝန်တွေချထားပြီးတဲ့နောက်မှာ မကြီးကြပ်ဘဲ ထားလို့မရဘူး ဆိုတာကိုပဲ။ လူတွေရဲ့ အလုပ်ကို ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ပြီး စစ်ဆေးရမှာပါ။ ပြီးတော့ တစ်ကြိမ်တစ်ခါတည်းစစ်‌ဆေးရုံနဲ့ မလုံလောက်ပါဘူး။ အချိန်ကာလတစ်ခုကြာတဲ့ထိ စစ်ဆေးနေဖို့ လိုပါတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်တိုးတက်မှုနဲ့ အသေးစိတ်အခြေအနေကို ကျွန်မတို့ ရှင်းရှင်းလင်းလင်းသိသင့်တာ။ ဒီလိုနည်းနဲ့မှသာ သူတို့ရဲ့ ပြဿနာတွေကို ချက်ချင်းဖော်ထုတ်နိုင်မှာဖြစ်ပြီး အမှန်ကို ပြန်တည့်မတ်ပေးဖို့ မိတ်သဟာယပြုနိုင်မှာပါ။ ဒီလိုမှမဟုတ်ရင် သူတို့က အလုပ်မှာ ဆုံးရှုံးမှုတွေ ဖြစ်ကောင်းဖြစ်စေနိုင်မှာ။ ဒါကို နားလည်တော့ နောင်တရဖို့၊ ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့နဲ့ အလုပ်ကို ကောင်းကောင်းလုပ်ဖို့ ကျွန်မရဲ့ ဆန္ဒကိုဖွင့်ဟပြီး ဘုရားဆီမှာ ကျွန်မ ဆုတောင်းပါတယ်။ နောက်ရက်တွေအတွင်းမှာ အလုပ်ကို ကျွန်မ ဆက်ပြီး နောက်က လိုက်စစ်တဲ့အချိန်တွေမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်က ဘယ်လို အခြေအနေရှိနေလဲဆိုပြီး ကျွန်မ သတိရှိရှိ စစ်ဆေးကြည့်ရှုပါတယ်။ ပြီးတော့ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ဧဝံဂေလိတရားဟောရာမှာ သူတို့အတွေ့အကြုံဘယ်လိုပဲရှိပါစေ သူတို့အပေါ် ကျွန်မ တစ်ပုံစံတည်း ကြီးကြပ်ပြီး နောက်က လိုက်စစ်ပါတယ်။

နောက်ပိုင်းမှာ ညီအစ်မလီဒီယာရဲ့ အလုပ်ကို ကျွန်မ ဆက်ပြီး နောက်က လိုက်စစ်ဖို့ လိုလာပါတယ်။ အရင်က သူ ကျွန်မနဲ့ လက်တွဲအလုပ်လုပ်ဖူးပါတယ်။ အစပိုင်းမှာ ကျွန်မထင်တာက “ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သူ သိတယ်၊ သူ ငါ့ရဲ့ကြီးကြပ်မှု မလိုလောက်ဘူးနေမှာပါ”ပေါ့။ ဒါပေမဲ့ အဲဒီအတွေးပေါ်လာတဲ့အခါမှာ အဲဒါဟာ မှားတယ်လို့ ကျွန်မ သိလိုက်တယ်။ “သင် အသုံးပြုသောသူများကို မည်သည့်အခါမျှ သံသယမကင်း မဖြစ်ပါနှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်ကိုအခြေခံပြီး ကိုယ့်တာဝန်ကို ကျွန်မ ဆက်ထမ်းဆောင်လို့မရတော့ဘူး။ ဒါ့ကြောင့် လီဒီယာရဲ့ အလုပ် ဘယ်လိုတွေ ဖြစ်နေလဲဆိုတာကို စစ်ဆေးကြည့်ရှုဖို့ ကျွန်မ သတိရှိရှိ ကြိုးစားအားထုတ်ခဲ့ပါတယ်။ တစ်ခါကြတော့ သူ့အလုပ်တွေမှာ ရလဒ်တွေ ကျဆင်းတာကို ကျွန်မ သတိပြုမိတယ်။ အစပိုင်းမှာ သူ့ကို ကျွန်မ သတိပေးခဲ့ပေမဲ့ နောက်ပိုင်း ဘာသိသာထင်ရှားတဲ့ တိုးတက်မှ မရှိခဲ့ဘူး။ ဒီတော့ သူ တာဝန်ရှိတဲ့အလုပ်ကို ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါခဲ့ရတယ်။ အလုပ်ရဲ့ တကယ့်အခြေအနေကို နားလည်အောင်ရှာဖွေဖို့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ စကားပြောကြည့်ခဲ့တော့ တကယ်ပဲ အဆုံးမှာ ပြဿနာတချို့ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါတွေ လီဒီယာကို ကျွန်မ ထောက်ပြပြီးနောက်မှာတော့ သူ့တာဝန်ရဲ့ ထိရောက်မှုက တော်တော်လေး တိုးတက်လာခဲ့တယ်။ လတ်တလောမှာ သူ တကယ်ပဲ အလုပ်ကို အချိန်ဆွဲနေခဲ့တာမို့ ဒီလို ကြီးကြပ်မှုနဲ့ စစ်ဆေးမှုက သူ့အလုပ်အတွက် အကျိုးကျေးဇူးရှိတယ်လို့ လီဒီယာကလည်း ပြောခဲ့တယ်။ ဒီကြီးကြပ်မှုက သူ့ကို တောက်လျှောက် သတိပေးပြီးတိုက်တွန်းခဲ့တယ်လို့လည်း သူက ပြောခဲ့တယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်တော့ ကျွန်မ ပိုပြီး စိတ်အေးလက်အေးလည်း ရှိခဲ့တယ်။ ကျွန်မကြုံတွေ့ခဲ့တဲ့ ဒီနားလည်သဘောပေါက်မှုတွေနဲ့ ပုံစံပြောင်းလဲမှုတွေအားလုံးက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုရဲ့ အကျိုးရလဒ်ပါပဲ။ ဘုရားသခင်ကို ကျွန်မ ကျေးဇူအရမ်းတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ အနာဂတ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ညည်းညူတော့မည် မဟုတ်ပါ

ကျွန်မက သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ စားဝတ်နေရေးဖူလုံဖို့ ကျွန်မမိဘတွေက ကောက်ပဲသီးနှံစိုက်ပျိုးရေးကို အမှီပြုခဲ့ရတယ်။...

ဘုရားသခင်၏ ကယ်တင်ခြင်း

ရီးချန် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင်က ပြောသည်မှာ- “ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ...

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

ဘုရားသခင်ကို ယုံကြည်ရာလမ်းပေါ်မှ တိုးတက်မှုတစ်ရပ်

တင်ဆက်သူ- ဇူအန်ဘီယန်၊ ရှန်ဟိုင်းမြို့တော် ဘုရားသခင်ကိုယုံကြည်ခဲ့ပြီး၊ ဘုရားသခင်နောက်သို့ နှစ်ပေါင်း များစွာ လိုက်ပါခဲ့သော်လည်း၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။