အန္တိခရစ်တစ်ယောက်ကြောင့် လမ်းလွှဲခြင်းခံရမှုအပေါ် ဆင်ခြင်ခြင်း

22.05.2022

ဆူးဆန်း ဂျပန်နိုင်ငံ

တစ်ခါတော့ လျူပိန်းလို့ခေါ်တဲ့ အထက်ပိုင်းခေါင်းဆောင်တစ်ယောက်က ကျွန်မတို့အသင်းတော်က ကိစ္စတွေကို စစ်ဆေးဖို့လာတယ်။ ကျွန်မတို့ခေါင်းဆောင်တွေထဲက တစ်ယောက်က အန္တိခရစ်ဖြစ်တယ်ဆိုတာကို သူက အရမ်းကို မြန်မြန်မြင်သွားတယ်။ သူက အဲဒီလူရဲ့ မကောင်းတဲ့အပြုအမူတွေကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြီး စိစစ်တယ်။ ကျွန်မက အဲဒီအန္တိခရစ်နဲ့သိတာ နည်းနည်းကြာနေပြီး သူ့ကို မရိပ်စားမိတာကြောင့် ကျွန်မ သူ့ကို တော်တော်လေးစားမိတယ်။ လျူပိန်းက သူ့ကို တစ်ပတ်မပြည့်ခင်မှာပဲ အရှိအတိုင်းမြင်ခဲ့ပြီး သူ့ကို အရမ်းကို အမြန်ထုတ်ပြီး အသင်းတော်ကနေ နှင်ထုတ်လိုက်တယ်။ ကျွန်မ ထင်မိတယ်။ သူ့မှာ သမ္မာတရား စစ်မှန်မှုရှိတယ်ပေါ့။ မဟုတ်ရင် ဒီလိုအရေးကြီးတဲ့တာဝန်ကို ဘယ်လိုယူနိုင်မှာလဲပေါ့။ ဒီလိုတွေးတော့ ကျွန်မ သူ့ကို ပိုပြီးတော့တောင်လေးစားသွားတယ်။

စုဝေးပွဲတစ်ခုမှာ လျူပိန်းက အန္တိခရစ်က မကောင်းမှုလုပ်နေပြီး အနှောင့်အယှက်ဖြစ်အောင်လုပ်နေတာကို သူ ဘယ်လိုမြင်ခဲ့တယ်၊ ဒီပြဿနာတွေရဲ့ နောက်ကွယ်က သူ့ရဲ့ ရည်ရွယ်ချက်တွေကို သူ ဘယ်လိုအဖြေရှာခဲ့တယ်ဆိုတာကို ရှင်းပြခဲ့ပြီး သူ့ရဲ့ မကောင်းမှုဖော်ပြချက်တွေကို တော်တော်ကို တင်းတင်းမာမာနဲ့ ဖော်ပြတယ်။ သူတာဝန်ယူထားတဲ့ အသင်းတော်အလုပ်က ဘယ်လောက်ထိ ကောင်းလာနေတယ်၊ သူက အသင်းတော်တွေအများကြီးရဲ့ အလုပ်ကို စီမံနေတယ်၊ အထက်ပိုင်းခေါင်းဆောင်တွေက သူ့ကို တော်တော်တန်ဖိုးထားတယ်ဆိုတာကိုလည်း သူက ပြောတယ်။ ဒီမိတ်သဟာယကိုကြားပြီးတော့ ကျွန်မ သူ့ကို ပိုပြီးတော့တောင် အရမ်းမြှောက်စားခဲ့ပြီး သူ့လိုခေါင်းဆောင်နဲ့ စုဝေးပွဲမှာအတူရှိရတာကို တကယ်ကို ဂုဏ်ယူမိခဲ့တယ်။ သူ့ရဲ့ ဂုဏ်ကျက်သရေအပေါ် ခံစားမှုထဲမှာ ကျွန်မ ပိတ်မိနေပြီး အသေးစိတ်တစ်ချက်လွတ်သွားမှာစိုးလို့ အာရုံစိုက်နားထောင်တယ်။ မကြာခင်မှာပဲ ကျွန်မတို့အလုပ်ကို စစ်ဆေးဖို့အတွက် ကျွန်မ ဦးဆောင်နေတဲ့ အသင်းတော်ကို ရောက်လာတယ်။ အစ်မဝမ်ကို ကျွန်မတို့ ထုတ်ခဲ့တာကို ကျွန်မ အလုပ်ဖော်နဲ့ ကျွန်မက သူ့ကိုပြောပြလိုက်တယ်။ ကျွန်မ ပြောလို့ပြီးသွားတာနဲ့ တစ်ပြိုင်နက် သူက ကျွန်မတာဝန်မှာ အာဏာရှင်ဆန်လို့ဆိုပြီး ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုတယ်။ “ဘာလို့ အတည်ပြုချက်မရှိဘဲ အဲဒီလိုလုပ်လိုက်တာလဲ။ ဘာလို့ ကျွန်မဆီကို သတင်းမပို့တာလဲ။ ဒါက အာဏာရှင်ဆန်ပြီး အပြစ်ပေးသလိုဖြစ်တာ၊ အန္တိခရစ်ရဲ့ အပြုအမူဖြစ်တယ်ဆိုတာ မသိဘူးလား” တဲ့။ ကျွန်မ တော်တော်ကြောက်သွားပြီး ကျွန်မ ရှုတ်ချခံရပြီလို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မက ဒါကိုလက်ခံဖို့ ခက်နေတယ်။ ကျွန်မ စဉ်းစားတယ်။ အသင်းတော်မှာ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေပေါ်လာတဲ့အခါမှာ သူတို့ကို ဖယ်ရှင်းဖို့အတွက် ဘုရားသခင်ရွေးချယ်ထားတဲ့သူတွေက အတူတကွလုပ်ဆောင်သင့်တယ်။ ခေါင်းဆောင်တွေက ဒါကို တိုက်ရိုက်လုပ်သင့်တယ်။ ဒါက စည်းမျဉ်းပဲပေါ့။ အစ်မဝမ်က အမြဲတမ်း အာဏာရှင်ဆန်ပြီး တစ်ဖက်သတ်ဆန်တယ်။ အသင်းတော်အလုပ်မှာ ပရမ်းပတာဖြစ်စေတယ်။ ငါတို့က သူနဲ့ မိတ်သဟာယပြုပြီး သူ့ကို ဝေဖန်ပေမဲ့ သူက လက်မခံဘူး။ သူက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ပဲ။ ငါတို့က သူ့ကို စည်းမျဉ်းတွေနဲ့အညီ ထုတ်ခဲ့တာ။ ဒါက ဘယ်လိုဖြစ်ပြီး အာဏာရှင်ဆန်ပြီး အပြစ်ပေးတာဖြစ်မှာလဲ။ လျူပိန်းက ငါတို့ကို တစ်ဖက်သတ် ဝေဖန်နေတာ၊ ငါတို့အပေါ် တံဆိပ်ကပ်နေတာမဟုတ်ဘူးလားပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်။ သူက အသင်းတော်အလုပ်တွေအများကြီးကို စီမံနိုင်ခဲ့တယ်ဆိုတော့ အကြောင်းအရာတွေကို သူက ငါ့ထက်ပိုပြီး နှံ့နှံ့စပ်စပ် မြင်မှာပဲ။ ဒီတော့ သူက ငါနဲ့အတူ အရင်းအမြစ်အဆင့်မှာရှိတဲ့ ပြဿနာကို စိစစ်နေတာဖြစ်နိုင်တယ်။ ကျွန်မက ဝိညာဉ်ရင့်ကျက်မှုနဲ့ ထိုးထွင်းသိမြင်မှုမရှိတာကြောင့် ဒါကို လက်မခံနိုင်တာပေါ့။ အဲဒါနဲ့ ကျွန်မ လက်ခံသင့်တယ်လို့ပဲ တွေးမိတယ်။ အဲဒီအချိန်တုန်းက ကျွန်မ ဘာမှမပြောခဲ့ဘူး။ ဒါပေမဲ့ ဒီနေရာမှာ ကျွန်မရဲ့ အရင်းခံအကြောင်းရင်းက အပြစ်ဒဏ်ပေးပြီး အာဏာရှင်ဆန်ဖို့မဟုတ်တော့ တော်တော် စိတ်ဓာတ်ကျနေတယ်။ ဒါပေမဲ့ ကျွန်မလုပ်ခဲ့တာက အဲဒီလိုပုံစံဖြစ်သွားတယ်။ ကျွန်မ တော်တော်ကြောက်ပြီး ဒီဘေးဒုက္ခကို ခံစားခဲ့ရတယ်။

နောက်တော့ လျူပိန်းက အသင်းတော်အလုပ်နဲ့ပတ်သက်ပြီး ထပ်မေးတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ကျွန်မ သိပ်မသေချာနေတာရှိတယ်။ ဘာလုပ်ရမလဲ မသိခဲ့ဘူး။ အဲဒါနဲ့ အဲဒီအကြောင်းကို လျူပိန်းကို ကျွန်မပြောပြတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုဖတ်ဖို့ သူက အကြံပေးတယ်။ အရင်နှစ်ရက်လောက်က ကျွန်မအဲဒါကို ဖတ်ခဲ့ပြီးပြီ။ ကျွန်မက ခေါင်းဆောင်အပေါ် ကျွန်မအမြင်ကို သူနဲ့ အတည်ပြုချင်တာ။ ကျွန်မက အဲဒီလိုပြောလိုက်တာနဲ့ တစ်ပြိုင်နက် သူက အရမ်းစိတ်ဆိုးပြီး သူ့ဖုန်းကို အိပ်ရာပေါ် လွှင့်ပစ်လိုက်ပြီးတော့ ကျွန်မကို တော်တော်ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ “ဒီခေါင်းဆောင်ရဲ့ အပြုအမူကို အစ်မနားလည်တယ်။ ပြီးတော့ စည်းမျဉ်းတွေကိုလည်း ဖတ်ပြီးပြီ။ အစ်မက သိမြင်မှုမရှိဘူး၊ ဘာလုပ်ရမှန်းမသိဘူးလို့ ဘာလို့ပြောရတာလဲ။ သူက အယောင်ဆောင်ခေါင်းဆောင်ပဲ။ သူ့ကို မထုတ်ရင် အစ်မက အယောင်ဆောင်ခေါင်းဆောင်ကို ကာကွယ်ပေးနေတာပဲ။ အသင်းတော်ကိုရှင်းလင်းရေးအလုပ်ကို နှောင့်နှေးအောင်လုပ်ပြီး အတားအဆီးလုပ်နေတာပဲ” တဲ့။ ဒီလို မျှော်လင့်မထားတဲ့ ဝေဖန်မှုကို ရင်ဆိုင်ရတော့ ကျွန်မ ဘာလုပ်ရမှန်းမသိဘူး။ တော်တော် စိတ်မသက်မသာဖြစ်မိတယ်။ နှစ်ရက်အတွင်းမှာပဲ သူက ကျွန်မကို အန္တိခရစ်အပြုအမူတွေရှိတယ်ဆိုပြီး စွပ်စွဲတယ်။ လူတစ်ယောက်ကို အပြစ်ဒဏ်ပေးတာ၊ အာဏာရှင်ဆန်တာ အယောင်ဆောင်ခေါင်းဆောင်ကို ကာကွယ်ပေးနေတာ၊ အသင်းတော်ရှင်းလင်းရေးအလုပ်ကို နှောင့်နှေးအောင်လုပ်နေတာမျိုးပေါ့။ ဒါတွေအားလုံးက ဘုရားရဲ့ စိတ်သဘောထားအပေါ် ပုန်ကန်ပြစ်မှားတယ်လေ။ အသင်းတော်ကနေ ကျွန်မ နှင်ထုတ်ခံရနိုင်တယ်။ ကျွန်မ ယုံကြည်လာတဲ့ နှစ်တွေက ဒီလိုမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတဲ့ အတွေးက ကျွန်မအတွက် တော်တော်စိတ်မကောင်းစရာ၊ နာကျင်စရာပါပဲ။ ကျွန်မ မျက်ရည်တွေကို မထိန်းနိုင်ခဲ့ဘူး။ လျူပိန်းက ကျွန်မ ငိုနေတာကိုမြင်တော့ ကျွန်မ ဘယ်လိုထင်လဲဆိုတာကို မေးတယ်။ ကျွန်မက တကယ်တမ်း မတရားခံရသလို တော်တော်ခံစားမိတယ်။ ကျွန်မက အဲဒီခေါင်းဆောင်ရဲ့အပြုအမူကို မသေချာတာ သက်သက်ပဲ။ ဒါပေမဲ့ သူ့ကို တမင်သက်သက် ကာကွယ်ပေးနေတာမဟုတ်ဘူး။ ကျွန်မက ဒါကို ကောင်းကောင်း မကိုင်တွယ်နေဘူးဆိုရင် သူက ကျွန်မကို ကူညီပံ့ပိုးဖို့အတွက် မိတ်သဟာယဖွဲ့ပေးလို့ရတာပဲ။ ကျွန်မကို ထင်ရာမြင်ရာဝေဖန်ပြီး မရှုတ်ချဘဲနဲ့ပေါ့။ ဒါကို ကျွန်မ လက်မခံချင်ခဲ့ဘူး။ ကျွန်မက သမ္မာတရားကို လက်မခံဘူး၊ သူ့ကိုဆန့်ကျင်ဖို့ တစ်ခုခုရှာနေတာလို့ သူပြောမှာကို ကျွန်မကြောက်နေခဲ့တာ။ ဒါဆိုရင် အချိန်ပိုင်းအတွင်းမှာ ကျွန်မအထုတ်ခံရပြီး နှင်ထုတ်ခံရမှာပဲပေါ့။ ကျွန်မက အဲဒီအယောင်ဆောင်ခေါင်းဆောင်ကို ချက်ချင်းမထုတ်တာ မှန်ပါတယ်၊ ဒီတော့ သူက ကျွန်မလုပ်ရပ်တွေရဲ့ သဘာဝကို ဝေဖန်နေတာဖြစ်ဖို့များတယ်လို့လည်း တွေးမိတယ်။ ပြီးတော့လည်း သူက သမ္မာတရားကိုသိပြီး ပိုင်းခြားသိမြင်မှုရှိတယ်။ ဒီတော့ ကျွန်မပြဿနာနဲ့ပတ်သက်ပြီး သူက မှန်မှာပါ။ ကျွန်မက သဘောမပေါက်နေတာပဲ။ သူဝေဖန်တာကို လက်ခံသင့်တယ်ပေါ့။ ကျွန်မက မရိုးမသားပြောလိုက်တယ်။ “ကျွန်မပြဿနာတွေနဲ့ပတ်သက်ပြီး အစ်မမှန်ပါတယ်။ ဒါကို လက်ခံနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းဆင်ခြင်ကြည့်ပါမယ်” ပေါ့။ ဒါပေမဲ့ တကယ်တော့ ကျွန်မက တော်တော်စိတ်မကောင်းဖြစ်နေပြီး ဘုရားရှေ့မှာ ပြစ်မှားမှုတွေအများကြီးကျူးလွန်ထားသလို ခံစားမိတယ်။ ဘုရားက ကျွန်မကို ငြင်းပယ်လိုက်ပြီလား တွေးမိတယ်။ ကျွန်မ အရမ်းအပြစ်တင်ခံရတာ ဒါ ပထမဆုံးပဲ။ ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ ခေါင်းဆောင်ဖြစ်ရတာ အန္တရာယ်များလွန်းသလို ခံစားမိတယ်။ ဓါးသွားပေါ် လမ်းလျှောက်နေရသလိုမျိုးပေါ့။ ဘုရားကို ပုန်ကန်ပစ်မှားဖို့ ကျွန်မ ဘာလုပ်မိနိုင်မလဲဆိုတာ မသိရဘူး။ ပြီးတော့ ကျွန်မရဲ့ ရလဒ်က စိတ်မချရနိုင်ဘူး။ ကျွန်မ စဉ်းစားတယ်။ အလုပ်ထွက်လိုက်ပြီး ဒီလိုအခြေအနေမျိုးကိုရှောင်တာက ပိုကောင်းမယ်ပေါ့။ ဒီလိုဆိုရင် အနည်းဆုံးတော့ အသင်းတော်မှာ ဆက်နေရဖို့ အခွင့်အရေးရှိနိုင်တယ်ပေါ့။

အဲဒီနေ့ညနေက ကျွန်မက လျူပိန်းအတွက် ပစ္စည်းတချို့သွားယူဖို့ စက်ဘီးစီးလာနေတုန်း ရုတ်တရက် လဲသွားပြီး နည်းနည်းလှိမ့်သွားတယ်။ ခြေတွေ၊ လက်တွေက ဆုတ်ပြဲသွားတယ်။ ကျွန်မ အရမ်းနာနေရင်းနဲ့ မြေကြီးပေါ်လဲနေတာ။ ကျွန်မ ဘယ်လိုပြန်ထလိုက်လဲတောင် မသိဘူး။ ကျွန်မတို့ စုဝေးပွဲအိမ်ကိုတောင် ပြန်မသွားချင်ခဲ့ဘူး။ လျူပိန်းက ကျွန်မဒဏ်ရာတွေကို မြင်ပြီး ကျွန်မက ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာကြောင့် ဘုရားက ကျွန်မကို ပဲ့ပြင်ဆုံးမနေတာလို့ပြောမှာကို ကြောက်တာလေ။ ကျွန်မ လမ်းပေါ်မှာပဲ အကြာကြီးရှေ့သွားလိုက်၊ နောက်သွားလိုက်လုပ်နေတယ်။ နောက်ဆုံးတော့ ပြန်သွားဖို့အတွက် သတ္တိရှိသွားတယ်။ အဲဒီကိုရောက်တော့ ပစ္စည်းတွေကို အောက်ချလိုက်ပြီး ကျွန်မဒဏ်ရာတွေကို ဆေးဖို့အတွက် သန့်စင်ခန်းကို အမြန်သွားလိုက်တယ်။ လျူပိန်းမြင်မှာကြောက်လို့လေ။ ကျွန်မ သန့်စင်ပြီးတဲ့အခါမှာ ဒါဟာ မတော်တဆဖြစ်တာမဟုတ်ဘဲ ဘုရားအလိုတော်ပါရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင် သမီးအခု အရမ်းကို စိတ်ညစ်မိပါတယ်။ ဒါကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သမီး မသိပါဘူး။ ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ တွေးမိတယ်။ လျူပိန်းက အကြောင်းအရာကို နားမလည်ဘဲနဲ့ ကျွန်မကို ထင်ရာမြင်ရာ ဝေဖန်ပြီး တံဆိပ်ကပ်နေတာပဲပေါ့။ ဒါက တကယ်တမ်း မှန်ရဲ့လားပေါ့။ အဲဒီမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရမိတယ်။ “အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်အတွက် သင့်လျော်သည့် သက်သေကိုခံခြင်းတွင် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို ဦးဆောင်ရမည်ဆိုလျှင်၊ အရေးကြီးဆုံးမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကာ သမ္မာတရားကို မိတ်သဟာယပြုရင်း အချိန်ကိုပို၍ကုန်ဆုံးစေရာတွင် လူတို့ကို လမ်းပြပေးရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် လူသားကို ကယ်တင်ရာတွင် ဘုရားသခင်၏ ဦးတည်ချက်များနှင့် ဘုရားအမှုတော်၏ ရည်ရွယ်ချက်အပေါ် ပိုမိုလေးနက်သော သိမြင်မှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် လူသားအတွက် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် သမ္မာတရားကို နားလည်ခွင့်ရပေမည်။ သင်သည် မိတ်သဟာယဖွဲ့ပြီး တရားဟောသည့်အခါတွင် စစ်မှန်ရမည်။ အယူဝါဒစကားများအား ထပ်ခါထပ်ခါပြောခြင်းဖြင့် ကျေနပ်ခြင်းမရှိရပေ။ ဘုရားနှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါတွင် သင်နားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌ အာရုံစိုက်ရမည်။ ယင်းကို လက်တွေ့လုပ်ဆောင်သည့်အခါမှသာ သမ္မာတရားကို အမှန်တကယ် နားလည်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို ကြုံတွေ့သည့်အခါတွင် သင်သိသည့်အရာအပေါ်တွင်သာ ဆက်သွယ်ပြောဆိုရမည်။ မကြွားနှင့်၊ ချဲ့ကားမပြောနှင့်၊ တာဝန်မဲ့သော မှတ်ချက်များ မပြုနှင့်၊ ပြီးလျှင် အယူဝါဒစကားများကို လွယ်လွယ် ထပ်တလဲလဲ မပြောနှင့်။ သင် ချဲ့ကားပြောလျှင်၊ လူတို့က သင့်ကို မုန်းတီးမည်ဖြစ်ပြီး နောက်ပိုင်းတွင် သင်သည် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန် မသင့်တော်ပေ။ စုဝေးပွဲများတွင် သမ္မာတရားကို သင် မိတ်သဟာယပြုခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ သင်သည် လူတို့အား ကိုင်တွယ်ဖြေရှင်းပြီး သြဝါပေးမှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး ယင်း၏ စစ်မှန်မှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် သမ္မာတရားသည် မစစ်မှန်လျှင်၊ အယူဝါဒစကားများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ကိုင်တွယ်ဖြေရှင်းပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ နာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်သို့ ဝင်ရောက်ခြင်းသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ သရုပ်မှန်က ပေါ်ထွက်လာလိမ့်မည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုသည် ဖော်ထုတ်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို မပေးနိုင်လျှင်၊ လူတို့ကို သြဝါဒပေးခြင်းကိုသာ စွမ်းဆောင်နိုင်ပြီး သင်လုပ်ဆောင်သမျှသည် ဒေါသထွက်ခြင်းသာဖြစ်လျှင်— ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာ ထုတ်ဖော်ပြနေခြင်းဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဘုရားသခင်ရွေးချယ်ထားသော သူတို့သည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သင့်ကြောင့် ၎င်းတို့သည် ပစ်ပစ်ခါခါ အငြင်းခံရမည်ဖြစ်ကား ရွံရှာခံရလိမ့်မည်ဖြစ်ပြီး သင့်အား ဖယ်ကြဉ်ကြလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်”) ခေါင်းဆောင်တွေက အဓိကအားဖြင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး အသက်ကိုပံ့ပိုးသင့်တယ်၊ မမြင်မကန်းအပြစ်တင်တာတွေက လူတွေ သမ္မာတရားရအောင် ကူညီမပေးဘူးဆိုတာ ဒါက ကျွန်မကို ပြသခဲ့ပါတယ်။ လျူပိန်းက ကျွန်မအလုပ်မှာ ပြဿနာတချို့ကို မြင်တော့ အကြောင်းအရာကို နားမလည်ဘဲ တကယ့်ပြဿနာတွေကို ဖြေရှင်းရမယ့်အစား မစဉ်းမစားနဲ့ ကျွန်မကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ တံဆိပ်ကပ်တယ်။ အဲဒီနောက်မှာ ကျွန်မက ဘယ်နေရာမှာ မှားသွားတယ်၊ ဘာလုပ်ရမယ်ဆိုတာကို မသိသေးဘဲ သူ့ကိုပဲ ကြောက်နေပြီး စိတ်ဓာတ်ကျပြီး သတိထားနေခဲ့တယ်။ သူ့ရဲ့ ဝေဖန်ချက်တွေက လူသားစဉ်းစားပုံကနေလာတယ်ဆိုတာ ဒီနေရာမှာ ကျွန်မ သဘောပေါက်သွားတယ်။ သူ ပြတ်ပြတ်သားသားပြောခဲ့တဲ့ တချို့ကိစ္စတွေမှာ သူက တစ်စိတ်ကို တစ်အိတ်လုပ်နေခဲ့တာပါ။ ကျွန်မ ပိုင်းခြားသိမြင်ဖို့လိုတယ်။ နာခံလိုက်ဖို့ မလိုဘူး။ ဒီလိုတွေးမိတော့ ကျွန်မ နည်းနည်းစိတ်သက်သာသွားတယ်။ အဲဒီအချိန်တုန်းက သူက ဒီနည်းနဲ့လူတွေကို ကိုင်တွယ်ဖြေရှင်းတာမလုပ်သင့်ဘူး၊ ဒါ ဘုရားအလိုတော်မဟုတ်ဘူးဆိုတာကိုပဲ သိခဲ့တယ်။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်တွေကို၊ သူ့အပြုအမူရဲ့ သဘာဝကို ရိပ်စားမိဖို့ မကြိုးစားခဲ့ဘူး။

သိပ်မကြာခင်မှာပဲ အသင်းတော်က ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်တယ်။ ကျွန်မအလုပ်ဖော် ချန်ရှောင်က ကိုယ်စားလှယ်လောင်းတစ်ယောက်ပေါ့။ သူက နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို အရမ်း ဂရုစိုက်တယ်။ အဲဒါတွေအတွက် အမြဲတမ်း ကြိုးစားနေတာ။ အရမ်း မနာလိုဖြစ်တယ်။ သူ မနိုင်တဲ့အခါကျရင် သူက အားလျော့လာပြီး တာဝန်ကတစ်ဆင့် သူ့ဒေါသကို ဖွင့်ချတယ်။ တွဲဖက်အမှုဆောင်တချို့က သူ့ကြောင့် စိတ်ကျဉ်းကျပ်ရတယ်။ သူက တော်တော်လည်း တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ။ တာဝန်မှာ သူ့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ ထည့်တွက်ပြီး ဘုရားအိမ်တော်ရဲ အကျိုးစီးပွားကို ထည့်မတွက်ဘူး။ သူက လူတွေကို စိတ်ဆိုးအောင်လုပ်မိမှာကြောက်တယ်လေ။ ဒီတော့ အသင်းတော်မှာ အယောင်ဆောင်ခေါင်းဆောင်တွေပေါ်လာတဲ့အခါမှာ ကိုင်တွယ်ဖြေရှင်းဖို့အတွက် အချိန်ဆွဲတယ်။ ဒါကြောင့် အသင်းတော်အလုပ်ကို ထိခိုက်တာပေါ့။ သူက သမ္မာတရားကို မလိုက်စားဘူး၊ လူ့သဘာဝကောင်းမရှိဘူး၊ ဒါကြောင့် ကိုယ်စားလှယ်ကောင်းတစ်ယောက်မဟုတ်ဘူးလို့ တွဲဖက်အမှုဆောင်တချို့က ခံစားရတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်မက မသေချာဘူး။ အဲဒါနဲ့ လျူပိန်းကို ပြောပြလိုက်တယ်။ အဲဒီအချိန်တုန်းက ဘာမှမပြောဘူး။ နောက်တော့ ရွေးကောက်ပွဲနေ့မှာ သူက ချန်ရှောင်ကို သူ့ကိုယ်သူအတွက်မဲပေးဖို့ အားပေးတယ်။ အဲဒါနဲ့ သူ့ရဲ့ အားပေးမှုနဲ့ ချန်ရှောင်က ရွေးကောက်ပွဲနောက်ဆုံးအဆင့်ထိ ရောက်သွားတယ်။ ဒါကိုမြင်ရတော့ ကျွန်မ တော်တော်အံ့အားသင့်သွားတယ်။ အလုပ်အစီအစဉ်တွေမှာ ပြောထားတယ်။ “ခေါင်းဆောင်နေရာတွင် မည်သူကို ချထားသည်ဖြစ်စေ ကန့်ကွက်ချက်များရှိသရွေ့ ပိုမိုစောင့်ကြည့်လေ့လာရန်လိုအပ်သည်။ မည်သူ့ကိုမဆို မစဉ်းမစားနှင့် ရာထူးတိုးမပေးသင့်ပေ။ ကျွန်ုပ်တို့သည် စောင့်နေပြီး ပိုမိုနားလည်မှုရယူနေစဉ်တွင် ဖြစ်ရပ်များ အချိန်မရွေး ပြောင်းလဲနိုင်ပြီး ပို၍ သင့်တော်သော ကိုယ်စားလှယ်လောင်း ပေါ်ထွက်လာနိုင်သည်။” (အလုပ်အစီအစဉ်များ) “အသင်းတော် ရွေးကောက်ပွဲတွင်၊ ကိုယ်စားလှယ်လောင်းတစ်ဦးကို မည်သူမျှ သတ်မှတ်ခွင့် မရှိပေ သို့မဟုတ် အချို့သော လူတို့၏ အလိုဆန္ဒကို လိုက်လျှောက်ခြင်းအားဖြင့် မဲပေးဖို့ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို မည်သူမျှ တမင်သက်သက် လှုံ့ဆော်ခွင့် မရှိ သို့မဟုတ် အတင်းအကျပ်ပြုခွင့်မရှိပေ။ ဤသည်မှာ လူ့အခွင့်အရေးများကို ဝင်ရောက်စွက်ဖက်ပြီး သမ္မာတရားကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်။” (အလုပ်အစီအစဉ်များ) ချန်ရှောင်ရဲ့ ပြဿနာတွေကို လျူပိန်းကို ကျွန်မပြောခဲ့တယ်။ သူက လေ့လာမကြည့်ရုံမကဘဲ သူ့ကို ပြောင်ပြောင်တင်းတင်း ပံ့ပိုးတယ်။ သူများတွေကို သူ့ကိုမဲပေးအောင်လုပ်တယ်။ လျူပိန်းမှာ အရမ်းအရေးကြီးတဲ့ တာဝန်ရှိတယ်။ ခေါင်းဆောင်ရွေးချယ်တာလိုမျိုးအရေးကြီးတဲ့အရာတစ်ခုကို ဘယ်လိုဖြစ်ပြီး အရမ်းပေါ့ဆရတာလဲပေါ့။ ချန်ရှောင်က ပြဿနာတွေရှိတာကို သူလုံးဝ သိတယ်။ ဒါပေမဲ့ သူ့ကို ဆက်ပြီး ပံ့ပိုးနေတယ်။ ဒါဟာ ညီအစ်ကိုမောင်နှမတွေအတွက် မနစ်နာဘူးလား။ ဒါကို သဘောပေါက်တော့ ချန်ရှောင်ရဲ့ ပြဿနာတွေကို နောက်တစ်ခါထုတ်ပြောဖို့ ကျွန်မ သတ္တိရှိလာတယ်။ သူက တစ်ခွန်းမှမပြောဘဲနဲ့ သူလုပ်နေတာကိုပဲ ပြန်လုပ်တယ်။ ကျွန်မက အံ့အားသင့်သွားပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာတယ်။ ကျွန်မက ချန်ရှောင်အပေါ် မျှတမှုမရှိနေတာလားပေါ့။ ဒီလိုမဟုတ်ရင် လျူပိန်းက ဘာလို့ငါ့ကို တုံ့ပြန်တာတောင် မလုပ်ဘဲ နေမှာလဲပေါ့။ ကျွန်မက အသင်းတော်ရွေးကောက်ပွဲကို နှောင့်ယှက်နေပြီး ကျွန်မကိုယ်တိုင်ခေါင်းဆောင်ဖြစ်ချင်လို့ ပြိုင်ဘက်တွေကို ရှင်းပစ်နေတယ်လို့ သူက ပြောမှာလားပေါ့။ လျူပိန်းရဲ့အမြင်မှာ ကျွန်မက ပြစ်မှားမှုတွေအများကြီး ကျူးလွန်ပြီးနေပြီ။ ချန်ရှောင်ရဲ့ ပြဿနာတွေကို ကျွန်မက ဆက်ပြီးထုတ်ပြောနေရင် ကျွန်မကို သူ ထုတ်ပစ်နိုင်တယ်။ ကျွန်မက အန္တိခရစ်၊ မကောင်းမှုပြုသူဖြစ်တယ်လို့ ဆုံးဖြတ်ပြီး ထုတ်ပစ်နိုင်တယ်။ ပြီးတော့ လျူပိန်းက အထက်ပိုင်းခေါင်းဆောင်တစ်ယောက်ဆိုတော့ ကျွန်မထက် ပိုတဲ့သမ္မာတရားကို သူနားလည်မှာပဲလို့ စဉ်းစားမိတယ်။ ချန်ရှောင်ကို အလားအလာရှိတဲ့ ခေါင်းဆောင်အဖြစ် သူက ပံ့ပိုးခဲ့တယ်။ ဒီတော့ ချန်ရှောင်က ကိစ္စမရှိဘူး၊ ဒီတာဝန်ကို ကိုင်တွယ်နိုင်တယ်လို့ သူထင်တဲ့သဘောပေါ့။ ကျွန်မ နာခံသင့်တယ်၊ ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာ ရှာဖွေသင့်တယ်ပေါ့။

ဒီလိုရလဒ်ကို ရင်ဆိုင်ရပြီး ကျွန်မ တော်တော်နေလို့မရဖြစ်နေခဲ့တယ်။ ခေါင်းဆောင်နေရာကို ယူပြီးတဲ့နောက်မှာ ချန်ရှောင်က အာဏာနဲ့ အဆင့်အတန်းအတွက်ပဲ ဆက်ကြိုးစားတယ်။ ဂိုဏ်းကွဲတွေဖွဲ့ပြီး မနာလိုတာကြောင့် ပဋိပက္ခတွေဖြစ်တယ်။ ဘယ်သူကမှ လိုက်ဖက်ညီညီနဲ့ မလုပ်နိုင်ကြဘဲ သူတို့တာဝန်တွေကို ထိခိုက်ကုန်တယ်။ အသင်းတော်ပရောဂျက်မျိုးစုံကိုလည်း နှောင့်နှေးသွားစေတယ်။ ကျွန်မ တော်တော်ဒွိဟဖြစ်သွားတယ်။ ကျွန်မက သူ့ပြဿနာတွေအကြောင်းကိုပြောရင် ကျွန်မက မမျှတဘူးလို့ လျူပိန်းကပြောမှာကို ကြောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မပြောရရင် စိတ်နှလုံးက ငြိမ်းချမ်းနိုင်မှာမဟုတ်ဘူး။ ကျွန်မ ဘာလုပ်ရမှန်းကိုမသိခဲ့ပါဘူး။ နောက်ပိုင်းမှာ ကျွန်မ ဘုရားရှေ့လာပြီး ကျွန်မကိုလမ်းပြဖို့ ဆုတောင်းခဲ့တယ်။ နောက်တော့ မကြာခင်မှာပဲ တချို့လူတွေက လျူပိန်းကို တိုင်ထားတယ်လို့ပြောတဲ့ စာတစ်စောင်ကို အထက်ခေါင်းဆောင်ဆီကနေ ရခဲ့ပါတယ်။ သူက အယူဝါဒတွေကို အမြဲတမ်းပြောတယ်၊ သူများတွေရဲ့ လေးစားမှုကိုရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ပြီး ကြွားဝါတယ်၊ လူတွေကို သူရှေ့ကိုခေါ်ဆောင်တယ်လို့ သူတို့ကပြောကြတယ်။ ပြီးတော့ သူက လူတွေကို ပိုင်စိုးပိုင်နင်းနဲ့ ဆူငေါက်တတ်တယ်။ လူတွေကို တံဆိပ်ကပ်ပြီး သာမန်ကာလျှံကာနဲ့ ရှုတ်ချတယ်။ တာဝန်တွေမှာ သူတို့ကို စိတ်ဓာတ်ကျအောင်လုပ်တယ်။ လူတွေကို ခန့်အပ်တဲ့နေရာမှာ သူက တကယ်ကို တစ်ဖက်သတ်ဆန်တယ်။ လူတွေကို သူလိုသလို ရာထူးတိုးပေးပြီး သူနှစ်သက်တဲ့သူတွေကို ဦးစားပေးတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို တကယ်ကို ထိခိုက်စေတယ်။ သူက ရွေးကောက်ပွဲမှာလည်း မရိုးမသားလုပ်ခဲ့တယ်။ အစ်မတစ်ယောက်က သူ့ကို အကြံပြုချက်တွေပေးတဲ့အခါမှာ သူက အဲဒီအစ်မကို ပုတ်ခတ်ပြောဆိုပြီး ထုတ်ပစ်လိုက်တယ်။ နှင်ထုတ်ဖို့ လုပ်တယ်။ သူ့အပြုအမူကို အခြေခံကြည့်ရင် သူက အန္တိခရစ်ဖြစ်ဖို့ကို သတ်မှတ်ထားတာ။ သူ့အပြုအမူအကြောင်းကို ခေါင်းဆောင်က ကျွန်မတို့ကို ရေးစေချင်တယ်။ ကျွန်မ စာကိုဖတ်ရတဲ့အချိန်မှာ အံ့အားသင့်သွားတယ်။ ခေါင်းဆောင်ကောင်းအဖြစ် ကျွန်မ မြင်ခဲ့တဲ့သူက အန္တိခရစ်ဖြစ်တယ်လို့ ကျွန်မ စိတ်မကူးမိခဲ့ဘူး။ သူ့ရဲ့ မကောင်းတဲ့အပြုအမူတွေအများကြီးကို ကြည့်ပြီး ကျွန်မတို့ ဆက်ဆံရေးတွေအားလုံးကို ပြန်စဉ်းစားကြည့်တော့ ကျွန်မက ဘာသိမြင်မှု၊ သတိထားမှုမှမရှိခဲ့တာမဟုတ်ဘဲ ကျွန်မရဲ့ သိမြင်မှုကို အသုံးချဖို့ လုံးဝ မကြိုးစားခဲ့တာပဲဆိုတာ ကျွန်မ မြင်သွားတယ်။ အဲဒီအချိန်မှာ ကျွန်မ တော်တော်နောင်တရတယ်။ ကျွန်မက ဘာလို့ဒီလောက် ထုံထိုင်းခဲ့တာလဲဆိုတာ မသိပါဘူး။

နောက်တော့ လျူပိန်းရဲ့ အပြုအမူနဲ့ယှဉ်ပြီး ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “၎င်းတို့ စကားပြောသည့်ပုံစံ မည်သို့ပင်ဖြစ်စေကာမူ၊ အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ၎င်းတို့အား ကိုးကွယ်စေဖို့၊ ထိုသူများ၏စိတ်နှလုံးများထဲ၌ နေရာတစ်ခုခုကို ရရှိဖို့နှင့် ထိုနေရာတွင် ဘုရားသခင်၏နေရာကိုပင် အစားထိုးယူဖို့တို့အတွက် အစဉ် ဖြစ်လေသည်— ဤအရာများသည် အန္တိခရစ်တို့ မိမိတို့ကိုယ်ကို သက်သေခံသည့်အခါ ၎င်းတို့ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင်များ အားလုံးဖြစ်သည်။ ၎င်းတို့ပြောသမျှ၊ ဟောကြားသမျှနှင့် မိတ်သဟာယပြုသမျှတို့၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းသည် လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ကြည်ညိုလေးစားစေဖို့အတွက် ဖြစ်သည်။ ထိုသို့သော အပြုအမူသည် အခြားသူများ၏ စိတ်နှလုံးများ၌ နေရာတစ်ခုယူဖို့အလို့ငှာ၊ မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခြင်း ဖြစ်လေသည်။ ဤလူများ စကားပြောသည့် ပုံစံသည် လုံးလုံးလျားလျား တူညီခြင်း မရှိသော်ငြားလည်း၊ အနည်းနှင့်အများ တူညီကြသည်။ ယင်း၌ မိမိတို့ကိုယ်ကိုယ် သက်သေခံခြင်းနှင့် လူများအား ၎င်းတို့ကို ကြည်ညိုလေးစားစေခြင်း အကျိုးသက်ရောက်မှုရှိသည်။ ထိုသို့သော အပြုအမူများသည် အလုပ်လုပ်သည့် လူအားလုံး၌ အနည်းနှင့်အများဆိုသလို ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ရပ်တန့်နိုင်ခြင်း မရှိသည့်၊ သို့မဟုတ် ၎င်းတို့ ချုပ်တည်းဖို့ ခက်ခဲလာသည့် အတိုင်းအတာတစ်ခုအထိ ရောက်ပြီး ၎င်းတို့က ဘုရားသခင် သို့မဟုတ် ကိုးကွယ်ထိုက်သည့် အခြားသူတစ်ဦး ဖြစ်သည့်အလား လူများအား ၎င်းတို့ကို ဆက်ဆံစေဖို့ဖြစ်သည့် အထူးသဖြင့် ခိုင်မာပြီး သိသာထင်ရှားသည့် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခုရှိပါက၊ ပြီးလျှင် ထို့နောက်တွင် ၎င်းတို့က လူများကို ထိန်းချုပ်ခြင်းနှင့် ချုပ်ချယ်ကန့်သတ်ခြင်းနှင့် သူတို့အား ကျိုးနွံနာခံစေခြင်း အဆင့်နှင့် ပန်းတိုင်ကို စွမ်းဆောင်ရရှိနိုင်ပါက၊ ဤအရာအားလုံး၏ သဘာဝသည် မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏သဘာဝ အစိတ်အပိုင်း အားလုံးဖြစ်သည်။ လူများသည် မိမိတို့ကိုယ်ကို ချီးမြှောက်ဖို့နှင့် သက်သေခံဖို့ အဘယ်နည်းလမ်းများကို ထုံးစံအတိုင်း အသုံးပြုကြသနည်း။ (၎င်းတို့က အရင်းအနှီး အကြောင်း ပြောကြပါသည်။) အရင်းအနှီးအကြောင်း ပြောခြင်း၌ အဘယ်အရာ ပါဝင်သနည်း။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည်မှာ မည်မျှကြာပြီဖြစ်ကြောင်း၊ မည်မျှ ဒုက္ခခံပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှ အဖိုးအခကို ပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှ ဝေးဝေးလံလံ ခရီးနှင်ပြီးဖြစ်ကြောင်း၊ ဧဝံဂေလိဖြန့်ဝေခြင်းမှတစ်ဆင့် လူဦးရေမည်မျှကို ၎င်းတို့ ရရှိပြီးဖြစ်ကြောင်းနှင့် ၎င်းတို့သည် မည်မျှ အရှက်ရခြင်းကို ကြံ့ကြံ့ခံပြီးဖြစ်ကြောင်းတို့ကို ပြောကြသည်။ လူအချို့က ၎င်းတို့သည် အသင်းတော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မည်သည့်အခါမျှ သစ္စာဖောက်ခြင်း မရှိဘဲ၊ မိမိတို့၏သက်သေခံခြင်းတွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်းဖြင့် ထောင်ထဲ၌ အကြိမ်ပေါင်းမည်မျှ နေပြီးဖြစ်ကြောင်း စသည်တို့ကိုလည်း မကြာခဏ ပြောကြသည်။ ဤအရာအားလုံးသည် အကြင်သူသည် အရင်းအနှီးမည်မျှ ပိုင်ဆိုင်သည့်အကြောင်း ပြောသည့် နမူနာများအားလုံးဖြစ်သည်။ ခေါင်းဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းယောင်ဆောင်မှုတွင်၊ ၎င်းတို့က မိမိတို့၏ရာထူးဂုဏ်သိန်ကို ခိုင်မြဲအောင်လုပ်ရင်း၊ လူများ၏စိတ်နှလုံးများထဲတွင် အကောင်းမြင်မှုများ ဖြစ်စေလျက်၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ ထင်မြင်ချက်များ သို့မဟုတ် အမြင်ရှုထောင့်များနှင့် ကွဲပြားခြားနားသည့် မည်သူ့ကိုမဆ အထူးသဖြင့် သမ္မာတရားလိုက်စားသည့်သူများကို တိုက်ခိုက်ခြင်းနှင့် ကြဉ်ထားခြင်တို့ပင် လုပ်ဆောင်လျက် လူများကို စည်းရုံးသိမ်းသွင်းဖို့ နည်းစနစ်မျိုးစုံနှင့် လှည့်ကွက်မျိုးစုံကို အသုံးပြုကြသည်။ မိုက်မဲကာ၊ မသိနားမလည်ဘဲ မိမိတို့၏ယုံကြည်မှု၌ နားဝေတိမ်တောင် ဖြစ်သည့်သူများအပြင်၊ ဘုရားသခင်ကို အချိန်တစ်ခဏမျှသာ ယုံကြည်သည့်သူများအတွက်မူ၊ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသူများအတွက်မူ ၎င်းတို့သည် အဘယ်နည်းစနစ်များကို အသုံးပြုသနည်း။ ၎င်းတို့က မိမိတို့၏ရာထူးဂုဏ်သိန်ကို ခိုင်မြဲစေခြင်းဖြစ်သည့် မိမိတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ ဤနည်းဗျူဟာများကို အသုံးပြုလျက်၊ ထိုသူများကို လှည့်စားသည်၊ ဆွဲဆောင်သိမ်းသွင်းပြီး ၎င်းတို့ကို ခြိမ်းပင်ခြိမ်းခြောက်သည်။ ဤသည်တို့အားလုံးမှာ အန္တိခရစ်များ၏ နည်းဗျူဟာများပင် ဖြစ်လေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) လျူပိန်းလုပ်ခဲ့တဲ့အရာတွေရဲ့ ပန်းတိုင်နဲ့ အနှစ်သာရအပေါ် ရှင်းလင်းမှုတချို့ကို ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပေးခဲ့ပါတယ်။ ကျွန်မ သူ့ကို ပထမဆုံးတွေ့ကတည်းက သူက ဘုရားကို ဘယ်တော့မှ မချီးမြှောက်ဘူး၊ သက်သေမခံဘူး။ သူကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို မပြောဘူး။ အမြဲတမ်းပဲ ကြွားဝါနေပြီး အန္တိခရစ်တွေကို သူဘယ်လိုခွဲခြားဖော်ထုတ်ခဲ့ပြီး ထုတ်ဖော်ခဲ့တယ်ဆိုတာကို လူကြိုက်အောင်ပြောတယ်။ ဒီလိုနဲ့ သူက သမ္မာတရားကိုနားလည်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိန်းသိမ်းတယ်လို့ လူတွေက ထင်အောင်ပေါ့။ ပြီးတော့ သူက အသင်းတော်အလုပ်တွေအများကြီးကို ဘယ်လိုစီမံတာ၊ အထက်ခေါင်းဆောင်တွေက သူ့ကို ဘယ်လိုတန်ဖိုးထားတာဆိုတာတွေကို အမြဲတမ်းပြောတယ်။ ဒီလိုနဲ့ သူက လက်တွေ့အလုပ်ကိုလုပ်နိုင်ပြီး ဘုရားစိတ်နှလုံးနောက်ကိုလိုက်တယ်လို့ လူတွေထင်အောင်ပေါ့။ သူက ဒီနည်းလမ်းနဲ့ သူ့ကိုယ်သူ ဂုဏ်တင်ပြီး သက်သေခံတယ်။ ညီအစ်ကိုမောင်နှမတွေကြားမှာ သူ့ရဲ့ ကောင်းတဲ့ပုံရိပ်ကို တည်ထောင်တယ်။ ဒါဟာ သူများတွေကို လှည့်စားပြီး ထိန်းချုပ်နိုင်ဖို့အတွက် လေးစားမှုရအောင်လို့ပါ။ ပြီးတော့ သူ့ရဲ့အတည်ပြုချက်မပါဘဲ အစ်မဝမ်ကို ကျွန်မတို့ ထုတ်ခဲ့တဲ့အချိန်မှာ ဒါက စည်းမျဉ်းတွေနဲ့ညီသလားဆိုတာကို ကြည့်ရမယ့်အစား သူက သာမန်ကာလျှံကာနဲ့ ရှုတ်ချတယ်။ ခေါင်းဆောင်ရဲ့ ပြဿနာတွေအကြောင်းကို ကျွန်မ သူ့ကိုမေးတော့ သူက အကြောင်းအရာတွေကို ဖြေရှင်းဖို့၊ ကျွန်မ သိမြင်မှုရှိအောင် ကူညီပေးဖို့အတွက် သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘဲ ကျွန်မကို ထင်ရာမြင်ရာ ရှုတ်ချခဲ့တယ်။ သူက သူများတွေကို လုံးဝ အရေးမစိုက်ဘဲနဲ့ သူ့ကို မှတ်ချက်ပေးတဲ့ ဘယ်သူကိုမဆို ပုတ်ခတ်ပြောဆိုတယ်။ သူက ညီအစ်ကိုမောင်နှမတွေကို ထာဝရရန်သူတွေလိုမျိုး ဆက်ဆံတယ်။ သူဆူချင်သလို ဆူတယ်။ သူ့ရဲ့ ကိုယ်ပိုင်အာဏာကိုတည်ထောင်ဖို့အတွက် လူတွေကို တစ်ဖက်သတ် ရှုတ်ချပြီး ထုတ်ပစ်တယ်။ ဒီလိုနဲ့ လူတွေက သူ့ကိုကြောက်ပြီး မဆန့်ကျင်ရဲအောင်ပေါ့။ သူက လူတိုင်းကို သူ့လက်ခုပ်ထဲမှာထားဖို့ စိတ်ဆုံးဖြတ်ထားတာ။ သူက သူများတွေကို တန်းတူညီတူစကားပြောမယ့်အစား အမြဲတမ်း အမိန့်ပေးတယ်။ သူက စာတန်ရဲ့ ဖျက်ဆီးတာကို မခံရဘဲ လူတိုင်းနဲ့ မတူနေသလိုမျိုးပေါ့။ သူများတွေကို ဆူပြီးရှုတ်ချဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကိုတောင် အသုံးပြုတယ်။ သူက သန့်စင်ပြီး စုံလင်ခြင်းခံရပြီးသလိုမျိုး၊ သမ္မာတရားရဲ့ အရှင်သခင်လိုမျိုးပြုမူတယ်။ သူ့ရဲ့ အန္တိခရစ်အနှစ်သာရကို ပြည့်ပြည့်စုံစုံ ဖွင့်ပြခံရပြီးပြီ။ ချန်ရှောင်ကို ရွေးကောက်တဲ့ကိစ္စကို ပြန်ကြည့်ကြည့်တော့ ခေါင်းဆောင်တွေအတွက် စံနှုန်းတွေနဲ့ပတ်သက်ပြီး ဘုရားအိမ်တော်က အများကြီး မိတ်သဟာယဖွဲ့ပြီးပြီ။ သူတို့တွေဟာ သမ္မာတရားကို လိုက်စားပြီး လူ့သဘာဝကောင်းရှိရမယ်ဆိုတာပေါ့။ သူအလုပ်လုပ်တဲ့နှစ်တွေအားလုံးပြီးတဲ့နောက်မှာ လျူပိန်းက စည်းမျဉ်းတွေကို မသိတာမျိုးလည်းမဟုတ်ဘူးလေ။ ဒါပေမဲ့ မသင့်တော်တဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့၊ အယောင်ဆောင်ခေါင်းဆောင်၊ အန္တိခရစ်တစ်ယောက်ကို အရေးကြီးနေရာမှာထားဖို့ပဲ လုပ်ခဲ့တယ်။ သမ္မာတရားစည်းမျဉ်းတွေနဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်အစီအစဉ်တွေကို လျစ်လျူရှုခဲ့တယ်။ သူက အရမ်းပဲ တစ်ဇွတ်ထိုးဆန်ပြီး ဗိုလ်ကျလွန်းတယ်။ ဘုရားကို မျက်နှာပြောင်ပြောင်နဲ့ ထိပ်တိုက်ရင်ဆိုင်တယ်။ သူက ဘုရားအိမ်တော်ရဲ့အလုပ်ကို ဖြိုဖျက်ဖို့အတွက် လာခဲ့တဲ့ စာတန်ရဲ့ လက်ပါးစေတစ်ယောက်ပဲ။ သူက ဒီလိုမလုပ်ရမချင်း ရပ်မှာမဟုတ်ဘူး။ အန္တိခရစ်တွေက ဘယ်လောက်ရက်စက်ပြီး ဆိုးယုတ်သလဲဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက မမြင်မကန်းဖြစ်ပြီး မိုက်မဲခဲ့တယ်။ အန္တိခရစ်တစ်ယောက်ကို သမ္မာတရားစစ်မှန်မှုရှိသူလိုမျိုး ဆက်ဆံခဲ့တယ်။ သူက သမ္မာတရားကို နားလည်တယ်၊ ပိုင်းခြားသိမြင်မှုနဲ့ အတွေ့အကြုံရှိတယ်လို့ထင်ခဲ့တယ်။ အဲဒါနဲ့ သူက စည်းမျဉ်းတွေကို နာခံသလားဆိုတာကို မကြည့်ခဲ့ဘူး။ ဘယ်လိုယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို သူဖုန်းကွယ်ထားသလဲဆိုတာကို မစဉ်းစားခဲ့ဘူး။ ကျွန်မက တကယ်ပဲ သေချာမစဉ်းစားတတ်ခဲ့ပါဘူး။

ညီအစ်ကိုမောင်နှမတချို့က မှန်ကန်တဲ့အသိစိတ်နဲ့ လျူပိန်းကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ ခေါင်းဆောင်က သူ့စာထဲမှာရေးထားတာကို ကျွန်မ သတိရမိတယ်။ ဒါကို မြင်ရတော့ ကျွန်မ စိတ်ညစ်သွားတယ်။ ကျွန်မလည်း အဲဒီအန္တိခရစ်ကို ကြုံတွေ့ခဲ့ပါတယ်။ ဒါဆိုရင် ဘာလို့သူများတွေက ရိပ်စားမိပြီး စည်းမျဉ်းကို အခြေခံပြီး သူ့ကို တိုင်ကြားခဲ့ပြီးတော့ သူက သမ္မာတရားစည်းမျဉ်းတွေကို မလိုက်နာနေဘူးဆိုတာ ကျွန်မသိပေမဲ့ ရိပ်စားမိရမယ့်အစား ဘာလို့ မမြင်မကန်းနဲ့ဆက်သွားနေခဲ့တာလဲ။ ဒါကို ကျွန်မ စဉ်းစားလေလေ၊ စိတ်မကောင်းဖြစ်လေလေပဲ။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ဖို့ ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူသားဖြစ်ခြင်းအနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။...လူတို့အား ဤသို့ပညာမဲ့သော လုပ်ရပ်များနှင့် ရှုထောင့်အမြင်များ သို့မဟုတ် တစ်ဖက်သတ်ဆန်သော ထင်မြင်ချက်များနှင့် ကျင့်သုံးမှုများကို ရရှိစေသော အဓိကအကြောင်းရင်း တစ်ခုသာရှိပြီး ထိုအကြောင်းကို သင်တို့အား ငါ ယနေ့ပြောမည်- အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်းနှင့် သူ၏ မိန့်မြွက်ချက်များကို နေ့စဉ်ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားမလည်ကြပေ။ ပြဿနာ၏ အကြောင်းရင်းမှာ ဤနေရာတွင်ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ သူနှစ်သက်သောအရာ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူအလိုရှိသောအရာ၊ သူငြင်းပယ်သောအရာ၊ မည်ကဲ့သို့ လူအမျိုးအစားကို သူချစ်ကြောင်း၊ မည်ကဲ့သို့ လူအမျိုးအစားကို သူမနှစ်သက်ကြောင်း၊ လူတို့အပေါ် သူ၏တောင်းဆိုမှုများ ပြုရာတွင် မည်သည့်စံနှုန်းမျိုးကို သူအသုံးပြုကြောင်းနှင့်၊ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်အတွက် မည်သည့်နည်းလမ်းမျိုးကို သူကျင့်သုံးကြောင်း သိနားလည်ပါက၊ ထိုလူထံ၌ သူကိုယ်တိုင်၏ တစ်ကိုယ်ရေ ထင်မြင်ချက်များ ရှိနိုင်ဦးမည်လော။ ဤသို့သော လူတို့က အခြားသူတစ်ဦးကို အမှန်ပင် ကိုးကွယ်နိုင်သလော။ သာမန်လူတစ်ဦးသည် ၎င်းတို့၏ ကိုးကွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို နားလည်သော လူတို့က ထို့ထက် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားရှိသော အမြင်ရှုထောင့်ကို ပိုင်ဆိုင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးကို ထင်ရာမြင်ရာ ပုဂ္ဂိုလ်ရေးကိုးကွယ်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမများ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းသဘော သက်ရောက်သည်ဟုလည်း ၎င်းတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မက သမ္မာတရားကို ရှာဖွေတာကို အာရုံမစိုက်ခဲ့ဘဲ ဘုရားကို လုံးဝ နားမလည်ခဲ့တာကြောင့် လျူပိန်းကို မစဉ်းမစားနဲ့ကိုးကွယ်ခဲ့ပြီး အထင်ကြီးလေးစားခဲ့တယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ဘယ်လိုလူမျိုးတွေကို သူကနှစ်သက်တယ်၊ ဘယ်လိုလူမျိုးကို မုန်းတယ်ဆိုတာ လူတွေကို အကဲဖြတ်တာမှာ သူ့ရဲ့စံနှုန်းတွေကဘာလဲဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ကျွန်မက လူတွေကို ကျွန်မရဲ့ကိုယ်ပိုင်အယူအဆတွေ အခြေခံပြီးကြည့်တယ်။ သူတို့ရဲ့ အပေါ်ယံဆုကျေးဇူးတွေနဲ့ စကားပြောကောင်းတာတွေကိုပဲ အာရုံစိုက်တယ်။ လျူပိန်းကို ကျွန်မ ပထမဆုံးတွေ့တော့ သူက အန္တိခရစ်တစ်ယောက်ကို ထုတ်ပယ်တာ ဘယ်လောက်မြန်တယ်ဆိုတာကို မြင်ပြီး သူ့အပေါ် ကျွန်မ ချက်ချင်းအထင်ကြီးသွားခဲ့တယ်။ နောက်တော့ စုဝေးပွဲတွေမှာ သူက အန္တိခရစ်တွေကို ဘယ်လိုဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ခဲ့တယ်၊ အသင်းတော်အလုပ်ကို ဘယ်လိုလှုံ့ဆော်ခဲ့တယ်၊ သူစီမံခဲ့တဲ့ အရေးကြီးတဲ့အလုပ်တွေ၊ အထက်ခေါင်းဆောင်က သူ့ကို ဘယ်လိုတန်ဖိုးထားတယ်ဆိုတာတွေကို သူပြောပြတာကို ကျွန်မ ကြားခဲ့တယ်။ သူက သမ္မာတရားစစ်မှန်မှုရှိတယ်လို့ ထင်ပြီး သူ့ကို ပိုပြီးတော့တောင် ကိုးကွယ်လာခဲ့တယ်။ သူ့လိုခေါင်းဆောင်မျိုးနဲ့ စုဝေးပွဲတစ်ခုမှာ အတူရှိရတာကိုတောင် ဂုဏ်ယူခဲ့မိတယ်။ ဒါကြောင့် ကျွန်မအလုပ်ကို သူမေးတဲ့အချိန်မှာ သူက မစဉ်းမစားနဲ့ ဝေဖန်ပြီး ကျွန်မကို တံဆိပ်ကပ်နေပေမဲ့ ကျွန်မက ဘာရိပ်စားမှုမှမရှိခဲ့ဘဲ လက်ခံပြီး နာခံခဲ့တယ်။ ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ ကျွန်မက အရမ်းအပျက်သဘောဆောင်ပြီး နုတ်ထွက်ချင်တဲ့အခါမှာတောင် ကိုယ့်ကိုယ်ကိုယ်ပဲ ဆက်ပြီး ဆင်ခြင်နေခဲ့တယ်။ ကျွန်မမှာ ဘုရားနှုတ်ကပတ်တော်လမ်းပြမှုရှိခဲ့ပြီး သူလုပ်နေတာက မမှန်ဘူးဆိုတာကို သိခဲ့ပါတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်တွေရဲ့ အနှစ်သာရက ဘာလဲဆိုတာကို ကျွန်မ ရိပ်စားမိဖို့ မကြိုးစားခဲ့ဘူး။ နှစ်ပတ်၊ သုံးပတ်လောက်ပဲ ကြာပြီးတဲ့နောက်မှာ ကျွန်မက သူ့ကို လေးစားတာကနေ အရမ်းမြှောက်စားတဲ့အထိဖြစ်လာတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားက နေရာမရှိတော့ဘူး။ ကျွန်မက ယုံကြည်သူတစ်ယောက်မဟုတ်ခဲ့ပါဘူး။ ကျွန်မက လူတစ်ယောက်နောက်ကိုလိုက်ပြီး ကိုးကွယ်နေတာပါ။

ဆင်ခြင်သုံးသပ်ခြင်းကတစ်ဆင့် ကျွန်မမှာ မှားတဲ့ ရှုထောင့်အမြင်ရှိနေတာကို တွေ့ခဲ့ပါတယ်။ လျူပိန်းက အဲဒီအသင်းတော်တွေအားလုံးအတွက် တာဝန်ရှိတဲ့ ခေါင်းဆောင်ဖြစ်ပြီး မိတ်သဟာယဖွဲ့တာ ကောင်းတယ်ဆိုတော့ သူ့မှာ သမ္မာတရားစစ်မှန်မှုရှိရမယ်လို့ ခံစားမိခဲ့တယ်။ သူက မမှားနိုင်ဘူးလို့ ကျွန်မ တွေးပြီး ဘယ်သိမြင်မှုကိုမှ အသုံးမချခဲ့ဘူး။ နောက်တော့ လူတစ်ယောက်က စစ်မှန်မှုရှိသလားဆိုတာ ဘယ်လိုကြည့်ရမယ်ဆိုတာကို နားလည်အောင်ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိထားသည်ဟု မဆိုလိုပေ၊ အမှုအရာများသည် သင် ထင်မှတ်သကဲ့သို့ မရိုးစင်းပေ။ စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်)လူတစ်ယောက်သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိမရှိ သင် မည်သို့ ဆုံးဖြတ်နိုင်သနည်း။ ထိုသူပြောသည့်အရာမှ မြင်တွေ့နိုင်သည်။ အယူဝါဒစကားများကိုသာ ပြောဆိုသောသူတစ်ယောက်သည် သမ္မာတရားစစ်မှန်မှုကို မပိုင်ဆိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် ၎င်းတို့ပြောသည့်အရာသည် အနှစ်မရှိသကဲ့သို့၊ လက်တွေ့မကျပေ။ သမ္မာတရားစစ်မှန်မှုရှိသော လူတစ်ယောက်၏ စကားများသည် လူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်သည်။ ပြဿနာများ၏ အနှစ်သာရကို ၎င်းတို့ မြင်နိုင်သည်။ ရိုးရှင်းသော စကားလုံးအနည်းငယ်မျှဖြင့် နှစ်များစွာ သင့်ကို နှောင့်ယှက်နေသော ပြဿနာတစ်ခုကို ပြေလည်သွားနိုင်သည်။ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို သင်နားလည်လိမ့်မည်။ အမှုကိစ္စများသည် သင့်အတွက် ခက်ခဲတော့မည်မဟုတ်။ ချည်နှောင်ပြီး ချုပ်ချယ်ခံရခြင်းကို ခံစားရတော့မည်မဟုတ်။ လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရရှိလိမ့်မည်။ ထိုသို့သောသူပြောသည့်အရာသည် သမ္မာတရားစစ်မှန်မှု ဟုတ်သလော။ ၎င်းတို့ ပြောသည့်အရာကို သင်နားမလည်လျှင်၊ သင့်ပြဿနာ၏ အရင်းအမြစ်အကြောင်းရင်းကို ၎င်းတို့ မဖြေရှင်းလျှင် ၎င်းတို့ပြောဆိုသည့်အရာသည် အယူဝါဒစကားများသာဖြစ်သည်။ အယူဝါဒစကားများသည် လူတို့ကို ပံ့ပိုးကူညီနိုင်သလော။ (မကူညီနိုင်ပါ။) အယူဝါဒစကားများသည် လူတို့ကို ပံ့ပိုးနိုင်၊ သို့မဟုတ် မကူညီနိုင်သကဲ့သို့ လူတို့၏ လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ပေ။ အယူဝါဒစကားများကို ပြောလေလေ၊ နားထောင်သူက စိတ်အနှောင့်အယှက်ဖြစ်လေလေ ဖြစ်သည်။ သမ္မာတရားကိုနားလည်သောသူတို့သည် အခြားပုံစံဖြင့် ပြောဆိုသည်။ စကားလုံးအနည်းငယ်ဖြင့် ၎င်းတို့သည် ပြဿနာ၏ အရင်းအမြစ်အကြောင်းရင်း၊ သို့မဟုတ် ရောဂါ၏ မူလဇာစ်မြစ်ကို ထောက်ပြနိုင်သည်။ ဝါကျတစ်ကြောင်းတည်းကပင် လူတို့ကို နိုးထစေနိုင်ပြီး အဓိကပြဿနာများကို ရှာတွေ့နိုင်သည်။ ဤသည်မှာ လူတို့၏ အခက်အခဲများကို ဖြေရှင်းပြီး လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ထောက်ပြရန်အတွက် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည့် စကားလုံးများကို အသုံးပြုခြင်းဖြစ်သည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်တွေက ရှင်းပါတယ်။ လူတစ်ယောက်က စစ်မှန်မှုရှိမရှိဆိုတာ စကားပြောကောင်းတာ၊ အရေးကြီးတဲ့အလုပ်တွေ ဘယ်လောက်လုပ်ခဲ့တာနဲ့မဆိုင်ဘူး။ ပြဿနာတွေဖြစ်ပေါ်လာတဲ့အခါမှာ သမ္မာတရားကို သူတို့လက်တွေ့လုပ်ဆောင်သလား၊ ကိစ္စတွေကို စည်းမျဉ်းနဲ့အညီလုပ်နိုင်သလား၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိန်းသိမ်းနိုင်သလား၊ တာဝန်မှာ ဆက်ကပ်အပ်နှံမှုရှိသလားဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ဒါက သမ္မာတရားစစ်မှန်မှုရှိဖို့အတွက် လိုအပ်တဲ့အရာတွေပဲ။ တချို့လူတွေက အစွမ်းအစကောင်းရှိပြီး ဘုရားနှုတ်ကပတ်တော်အပေါ် အတော်အသင့်နားလည်မှုရှိကြတယ်။ ဒါပေမဲ့ ဘယ်တော့မှ လက်တွေ့မလုပ်ဆောင်ကြဘူး။ ဒါကြောင့် သူတို့ပြောသမျှက တစ်ယူသန်ဆန်တယ်။ သူတို့က စစ်မှန်မှုတစ်ခုခု၊ သမ္မာတရားရဲ့ အသေးစိတ်အချက်တစ်ခုခုနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူး။ တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ကြဘူး။ သူတို့က တာဝန်မှာ စည်းမျဉ်းနဲ့အညီမလုပ်ကြဘဲ သူတို့လုပ်ချင်တာတွေပဲ လုပ်ကြတယ်။ သူတို့လုပ်သမျှက အသင်းတော်အကျိုးစီးပွားတွေကို ထည့်မစဉ်းစားဘဲ သူတို့ကိုယ်ပိုင်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ပဲ။ သူတို့မှာ သမ္မာတရားစစ်မှန်မှုမရှိကြဘူး။ လျူပိန်းက အလုပ်တော်တော်များများလုပ်ခဲ့တယ်။ ဒါပေမဲ့ သူက လုံးဝ ဘုရားသခင်ကို မချီးမြှောက်ဘူး၊ သက်သေမခံဘူး။ ပြီးတော့ သူက တခြားလူတွေကို ကူညီဖို့အတွက် ဘုရားနှုတ်ကပတ်တော်နဲ့သက်ဆိုင်တဲ့ သူ့အတွေ့အကြုံတွေကို မမျှဝေဘူး။ သူက လူတွေ သူ့ကို အထင်ကြီးအောင်လို့ အယူဝါဒတွေပဲ အကြာကြီးပြောနေပြီး ကြွားဝါနေတာ။ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ သူက သမ္မာတရားစည်းမျဉ်းတွေကို မမျှဝေဘူး။ တကယ့်လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို အကြံမပေးဘူး။ သူများတွေကို အပြစ်တင်ရှုတ်ချဖို့အတွက် ပြဿနာကိုပဲ ဆုပ်ကိုင်လိုက်တယ်။ အစ်မဝမ်ကို မထုတ်ခင် ကျွန်မတို့က သူ့ကို ချက်ချင်းသတင်းမပို့တော့ ကျွန်မတို့ကို အာဏာရှင်ဆန်တယ်ဆိုပြီး သူက စွပ်စွဲတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မက မသေမချာဖြစ်ပြီး သူ့ကိုမေးတော့ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်ကို တမင်သက်သက် မွေးထားလို့၊ အသင်းတော်ရှင်းလင်းရေးအလုပ်မှာ အနှောင့်အယှက်၊ အတားအဆီးဖြစ်လို့ဆိုပြီး သူက ဝေဖန်တယ်။ ကျွန်မကို အန္တိခရစ်ဖြစ်တယ်လို့တောင် စွပ်စွဲတယ်။ သူအဲဒီလိုပြောပြီးတော့ ကျွန်မက ကိုယ်လုပ်ခဲ့တဲ့အရာအပေါ်မှာ တကယ်နားမလည်နေခဲ့ဘူး။ ကျွန်မက မကောင်းမှုလုပ်ခဲ့တာလား၊ ဖောက်ပြန်ပျက်စီးမှုတချို့ပြခဲ့တာလား၊ အလုပ်မှာ အမှားနည်းနည်းလုပ်ခဲ့တာလားဆိုတာ မသေချာဘူး။ ကျွန်မက သမ္မာတရားကို နားမလည်ရုံမကဘဲ တော်တော်ကြောက်လာပြီး ဘုရားကို ပိုသတိထားလာတယ်။ သူက သမ္မာတရားကိုမသိဘူး၊ သမ္မာတရားစစ်မှန်မှုမရှိဘူးဆိုတာ၊ တကယ့်ပြဿနာတွေကို မကိုင်တွယ်နိုင်ဘူးဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ သူက သဘာဝအရ အရမ်းမာနကြီးတယ်။ အထူးသဖြင့် ခေါင်းဆောင်ရွေးချယ်တာလိုမျိုး အရေးကြီးတဲ့အရာတစ်ခုမှာ သူက သမ္မာတရားကို မရှာဖွေဘဲ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပြီး သူ့အစီအစဉ်နဲ့သူလုပ်ခဲ့တယ်။ သူ့မှာ ဘုရားကို ကြောက်ရွံ့မှုတစ်ခုမှမရှိဘူး။ စည်းမျဉ်းကို အခြေခံပြီး မပြုမူဘူး။ ဘုရားကိုပဲ အာခံပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ သူက သမ္မာတရား စစ်မှန်မှု လုံးဝမရှိပါဘူး။ ဒါပေမဲ့ ကျွန်မက သူ့ကို မစဉ်းမစားနဲ့ ကိုးကွယ်နေတုန်းပဲ။ ဒါ ကျွန်မ တော်တော်မိုက်မဲတာပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခဏာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်သည်။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ဤပျိုးထောင်ခြင်း၏ နောက်ဆုံးရလဒ်သည် ထိုသူက မည်သည့်လမ်းကြောင်းကို လျှောက်သည်၊ မည်သည့်အရာကို အားထုတ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် အရည်အသွေးပြည့်မှီသော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသောသူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤကဲ့သို့ မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် လူအများစု ရှင်းရှင်းလင်းလင်း မမြင်သည့် အရာတစ်စုံတစ်ခုကို အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်ရမည် ဖြစ်သည်။ လူအချို့သည် မိမိတို့၏ စိတ်ကူးများကို အားကိုးရင်း၊ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည့်သူများကို အထင်ကြီးကြသည်၊ သို့ရာတွင် ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ၊ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို အမှန်တကယ် ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ သေချာပေါက် လုပ်ဆောင်နိုင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့၌ သန္နိဋ္ဌာန် ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ဤလူများ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့မှုမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်တတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ခေါင်းဆောင်တို့၏ အလုပ်ကို ဆောင်ရွက်သည့်အချိန်ကာလတွင် ထိုသူသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ပုံမှန်၊ မကြာခဏလာရောက်သလော။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုတွင် လူတို့ကို လမ်းပြနိုင်သလော။ ၎င်းတို့သည် ဤအရာများကို သေချာပေါက်ပင် ချက်ချင်းစွမ်းဆောင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် လေ့ကျင့်ပေးခြင်းမခံထားရသေးဘဲ အတွေ့အကြုံ နည်းပါးလွန်းသည်။ ထို့ကြောင့် ဤအရာများကို မစွမ်းဆောင်နိုင်ပေ။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူ၏ တာဝန်ကို ကျေနပ်ဖွယ် ဆောင်ရွက်နိုင်စွမ်းရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ပေ။...ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့၏ အလုပ်ကို စောင့်ကြည့်စစ်ဆေးနိုင်သည်။ ပြီးလျှင် ၎င်းတို့၏ အလုပ်လမ်းကြောင်းတွင် အခြေခံသဘောတရားများကို ချိုးဖောက်သည့် ပြဿနာများ၊ သို့မဟုတ် အမှုကိစ္စများကို သင် ရှာဖွေတွေ့ရှိလျှင် ဤကိစ္စများကို ဖြေရှင်းရန်အတွက် ပြဿနာကို ထုတ်ဖော်ပြောဆိုပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ သင်မလုပ်သင့်သည့်အရာမှာ ၎င်းတို့ကို အကဲဖြတ်ခြင်း၊ ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်း၊ သို့မဟုတ် ကြဉ်ခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင် ရှိနေသောသူများ ဖြစ်နေ၍ ၎င်းတို့ကို စုံလင်သောလူများအဖြစ်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။...ဤသို့ ငါပြောဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ အရည်အချင်းရှိသူအမျိုးမျိုးကို ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို မှန်ကန်စွာ ကိုင်တွယ်ရမည်၊ ဤသူတို့အပေါ်တွင် တောင်းဆိုမှုများ မပြင်းထန်ရဟု လူတိုင်းကို ပြောပြရန်ဖြစ်သည်။ ပြောစရာမလိုသည်မှာ ၎င်းတို့အပေါ် လူတို့၏ ထင်မြင်ချက်များသည် လက်တွေ့မကျခြင်းလည်း မဖြစ်ရပေ။ ၎င်းတို့ကို အလွန်အမင်း ကျေးဇူးတင်ခြင်း၊ သို့မဟုတ် အလွန်အမင်း ရိုသေလေးစားခြင်းမှာ မိုက်မဲသကဲ့သို့ ၎င်းတို့အပေါ် သင်၏ တောင်းဆိုမှုများ ပြင်းထန်ခြင်းသည်လည်း လူသားမဆန်ပေ၊ သို့မဟုတ် လက်တွေ့မကျပေ။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)) ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတာက လူတစ်ယောက်က စစ်မှန်မှုရှိတယ်၊ တကယ့်အလုပ်ကိုလုပ်နိုင်တယ်၊ သင့်တော်တဲ့၊ အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ အဓိပ္ပာယ်မရဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ပါတယ်။ သူတို့တွေက လူတိုင်းနဲ့အတူတူပါပဲ။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိကြတယ်။ သူတို့လည်း အလုပ်မှာသမ္မာတရားစည်းမျဉ်းတွေကို ချိုးဖောက်ကြမှာပဲ။ သူတို့ဟာ ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ သူများတွေဆီက ကြီးကြပ်မှုကို လိုအပ်ပါတယ်။ ဘုရားအိမ်တော်ရဲ့ ရာထူးတိုးပေးတာ၊ ပျိုးထောင်ပေးတာကို ခံရတာက လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးတစ်ခုပဲ။ ဒါပေမဲ့ သမ္မာတရားကိုရဖို့ အဓိကသော့ချက်က ကိုယ်လျှောက်တဲ့လမ်းကြောင်းပဲ။ သမ္မာတရားကို လိုက်စားနိုင်သလားဆိုတာပဲ။ တချို့လူတွေက အစွမ်းအစရှိတယ်။ သမ္မာတရားကို လိုက်စားနိုင်တယ်။ ဘုရားအိမ်တော်မှာ အလုပ်ကို လုပ်နိုင်တယ်။ ဒါကြောင့် သူတို့က ရာထူးတိုးကြတယ်။ ဒါက သူတို့ဟာ လက်တွေ့လုပ်ဆောင်ပြီး လေ့ကျင့်ဖို့အတွက် အခွင့်အရေးရတယ်ဆိုတဲ့ သဘောပဲ။ အချိန်တစ်ခုလောက်ကြာပြီးတဲ့နောက်မှာ သူတို့က သင့်တော်တဲ့ပုံစံမရှိသေးဘူး၊ လမ်းမှန်ပေါ်မှာ မရှိဘူးဆိုရင် အသင်းတော်အလုပ်ကို ကြားဝင်နှောင့်ယှက်နေတာမျိုးပေါ့။ ဒါဆိုရင် ဘုရားအိမ်တော်က သူတို့ကို အချိန်မရွေး ထုတ်ပစ်မှာပဲ။ လျူပိန်းလိုပဲပေါ့။ သူက ရာထူးတိုးသွားပြီး လေ့ကျင့်ဖို့အတွက် အခွင့်အရေးပေးခံရပြီးတဲ့နောက်မှာ သူက သမ္မာတရားကို မလိုက်စားဘူး၊ လမ်းမှန်ကို မလျှောက်ဘူး။ သူက ခေါင်းဆောင်ဖြစ်ပေမဲ့ သူလုပ်သမျှတိုင်းက ဘုရားအိမ်တော်ရဲ့အလုပ်အတွ့် အနှောင့်အယှက်ဖြစ်တယ်။ နောက်ဆုံးတော့ သူက ဖယ်ရှားခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မအယူအဆတွေအတိုင်းလုပ်နေခဲ့တာ။ သူက ခေါင်းဆောင်ဆိုတော့ သူ့မှာ သမ္မာတရားစစ်မှန်မှုနဲ့ ထိုးထွင်းသိမြင်မှုရှိရမယ်။ ကျွန်မထက်ပိုပြီးတော့ ရှိမယ်လို့ ထင်နေခဲ့တယ်။ အဲဒါနဲ့ ကျွန်မက သူ့အပေါ် ပိုင်းခြားသိမြင်မှုကို အသုံးမချခဲ့ဘဲ သူ့ကို ချစ်မြတ်နိုးပြီး နာခံခဲ့တယ်။ ကျွန်မတို့ဟာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို မစဉ်းမစား အထင်မကြီးသင့်ဘူး တင်းကြပ်လွန်းတဲ့ တောင်းဆိုမှုတွေမရှိရဘူး သူတို့ကို မှန်မှန်ကန်ကန် ချဉ်းကပ်ရမယ်၊ ပိုင်းခြားသိမြင်မှုနဲ့ ကြီးကြပ်မှုကို အသုံးချဖို့ သင်ယူပြီး တစ်ချိန်တည်းမှာပဲ ပံ့ပိုးပေးပြီး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြသခဲ့ပါတယ်။ သူတို့က မှန်ကန်ပြီး သူတို့ပြောတာက သမ္မာတရားနဲ့ညီတယ်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိန်းသိမ်းတယ်ဆိုရင် ကျွန်မတို့က လက်ခံပြီး နာခံသင့်ပါတယ်။ သူတို့က လက်တွေ့အလုပ်ကိုမလုပ်ဘူး၊ မကောင်းမှုလုပ်နေပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေတယ်ဆိုရင် ကျွန်မတို့က ရပ်တည်ဖို့၊ ဖော်ထုတ်ဖို့၊ တိုင်ကြားပြီး သူတို့ကို ထုတ်ပယ်ဖို့ လိုအပ်ပါတယ်။ လျူပိန်းရဲ့ တစ်ဖက်သတ်ဝေဖန်မှုကို ကျွန်မ မြင်ပြီးတော့ အဲဒါက စစ်မှန်မှုကို မပြဘူး၊ ကိစ္စတွေကို ပုံကြီးချဲ့နေတယ်ဆိုတာသိခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်ခဲ့တယ်။ တော်တော်မိုက်မဲတာပဲ။ ဘုရားသခင်က ကျွန်မကို ပိုင်းခြားသိမြင်မှုရဖို့အတွက် ဒီလိုလက်တွေ့အခြေအနေတစ်ခုကို ပြင်ဆင်ပေးတယ်ဆိုတာလည်း ကျွန်မ သိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို ရှာဖွေတာ၊ သင်ခန်းစာတစ်ခုကို သင်ယူတာအပေါ်မှာ အာရုံမစိုက်ခဲ့ဘူး။ အန္တိခရစ်တစ်ယောက်ရဲ့ အယုံသွင်းတာခံလိုက်ရတယ်။ ကျွန်မက ကိုယ်နဲ့ထိုက်တန်တာကို ရလိုက်တာပဲ။ ဒီဟာကြောင့် ကျွန်မ ပိုနောင်တရပြီး အပြစ်ရှိသလိုခံစားမိခဲ့တယ်။ တော်တော်နောင်တရပြီး ဘုရားကို အရမ်းအကြွေးတင်သလို ခံစားမိတယ်။ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးဟာ ငကြောက်တစ်ယောက်ပါ။ အယောင်ဆောင်ခေါင်းဆောင်၊ အန္တိခရစ်တစ်ယောက်ရဲ့ ဖိနှိပ်ခြင်း၊ လှည့်စားခြင်းကိုခံရတဲ့အချိန်မှာ ပိုင်းခြားသိမြင်မှုကို အသုံးချရမယ့်အစား သူ့နောက်လိုက်ခဲ့ပါတယ်။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ခဲ့မိပါတယ်။ ဘုရားသခင် သမီးနောင်တရပြီး တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတာကို ရပ်ချင်ပါတယ်။ ကျွန်မ ထရပ်ပြီးတော့ လျူပိန်းရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ပြီး တိုင်ကြားချင်ပါတယ်” ဆိုပြီးတော့။ အဲဒီနောက်မှာ လျူပိန်းရဲ့ မကောင်းမှုကို ကျွန်မ ရိုးရိုးသားသား ဖော်ထုတ်လိုက်တယ်။ သိပ်မကြာခင်မှာ လျူပိန်းက မကောင်းမှုတွေလုပ်တာများလွန်းပြီး နောင်တမရဘူး၊ ဒါကြောင့် သူက အန္တိခရစ်ဖြစ်တယ်လို့ ဆုံးဖြတ်ပြီး အသင်းတော်ကနေ ထုတ်ပယ်ခဲ့တယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ တုံ့ပြန်ချက်ကို ရခဲ့ပါတယ်။ ကျွန်မ ကျေနပ်သွားတယ်။ မမြင်နိုင်တဲ့ ပြဿနာတွေထဲမှာပါဝင်ဖို့ မနာလိုတဲ့ ပြိုင်ဆိုင်မှုတွေစလုပ်ပြီး သူများတွေကို အားနည်းအောင်လုပ်ဖို့ ချန်ရှောင်ရဲ့ စိတ်ပါမှုအကြောင်းကိုလည်း တွေးမိတယ်။ သူကလည်း နောင်တမရဘူး။ တကယ်ကို အယောင်ဆောငေါ်င်းဆောင်တစ်ယောက်ပဲ။ တွဲဖက်အမှုဆောင်တချို့နဲ့ ကျွန်မက သူ့အပေါ် တိုင်ကြားစာတစ်စောင်ကို အတူရေးကြတယ်။ ကျွန်မတို့ကို ခေါင်းဆောင်က စည်းမျဉ်းအပေါ်အခြေခံပြီး သူ့ကို ထုတ်ခိုင်းတယ်။ တခြားညီအစ်ကိုမောင်နှမတွေရဲ့ တိုင်ကြားစာတွေကတစ်ဆင့် ချန်ရှောင်က အာဏာကို စွဲလန်းနေပြီး သူ့အဆင့်အတန်းကိုကာကွယ်ဖို့အတွက် မကောင်းမှုတွေအများကြီးလုပ်ခဲ့တာကို ကျွန်မ တွေ့ရတယ်။ သူက အန္တိခရစ်တစ်ယောက်ဖြစ်တဲ့အတွက် အထုတ်ခံလိုက်ရတယ်။

သမ္မာတရားကိုရှာဖွေဖို့ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် လူတွေကို ကြည့်ဖို့ ဘယ်လောက်အရေးပါသလဲဆိုတာ ဒီအတွေ့အကြုံတွေက ကျွန်မကို ပြခဲ့ပါတယ်။ ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အယူအဆတွေနောက်လိုက်တာ၊ သူတို့အစွမ်းအစ၊ ဆုကျေးဇူးနဲ့ အဆင့်အတန်းကိုပဲ ကြည့်တာ သူတို့ကို မစဉ်းမစားကိုးကွယ်ပြီး သူတို့နောက်လိုက်တာက ဘုရားကို အာခံပြီး သစ္စာဖောက်နေတာပဲ။ အခြေအနေဆိုးတဲ့ကိစ္စတွေမှာဆိုရင် အဆုံးမှာသူတို့နဲ့အတူ မကောင်းမှုတွေလိုက်လုပ်မိပြီး ကယ်တင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးရနိုင်တယ်။ မတူညီတဲ့လူတွေ၊ ဖြစ်ရပ်တွေကို ပိုင်းခြားသိမြင်ဖို့ သင်ယူတာ၊ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေပြောတဲ့၊ လုပ်တဲ့အရာရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ နည်းလမ်းတွေကိုမြင်တာဟာ ချုပ်ချယ်ခံရပြီး လမ်းလွှဲခံရတာကိုရှောင်ကြဉ်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး ခိုင်မာစွာရပ်တည်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိသားစု၏ ဖိနှိပ်မှုကို ကျွန်ုပ် ရင်ဆိုင်ခဲ့ပုံ

ကျိန်းလန် တရုတ်နိုင်ငံ ငယ်ငယ်တုန်းက၊ ကျွန်မ မိခင်က ကျွန်မကို မကြာခဏပြောပြတယ်၊ “မိန်းမတစ်ယောက်အတွက်၊ လင်ကောင်းသားကောင်း ရှာတွေ့ပြီး...

မာနထောင်လွှားခြင်းကို ဖြေရှင်းခြင်းဖြင့် လူသားပုံသဏ္ဌာန်တစ်ခုကို ရယူနိုင်သည်

ကျန်းရှင်း အမေရိကန်နိုင်ငံ၂၀၁၇ခုနှစ် မတ်လတွင်၊ ဗီဒီယိုပိုစတာများနှင့် ပုံများအတွက် အဓိကထား၍ အသင်းတော်အတွက် ဂရပ်ဖစ် ဒီဇိုင်းအလုပ်ကို ကျွန်မ...

အဆင့်အတန်းကို မက်မောခြင်းအပေါ် သုံးသပ်ချက်များ

ကျန်းချီ ကိုးရီးယားနိုင်ငံ ကျွန်တော် အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းက ဗီဒီယိုထုတ်လုပ်ရေးကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။