ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း
ကျွန်မ ဒီနှစ် ဇွန်လမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် စပြီး အစေခံခဲ့တယ်။ မကောင်းမှုပြုသူတွေ၊ မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေကို အသင်းတော်ကနေ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက သာမန်တောင်သူလယ်သမား မိသားစုတစ်ခုမှာ မွေးဖွားခဲ့တာပါ။ ကျွန်မက တသီးတသန့်နေတတ်ပြီး စကားပြောရတာ မကြိုက်တဲ့အတွက် ငယ်ငယ်ကတည်းက ကျွန်မရဲ့မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက ကျွန်မဟာ လိပ်ပတ်လည်အောင် စကားမပြောတတ်ဘူး၊ ကျွန်မအစ်မလောက် ခင်မင်ဖို့မကောင်းဘူးလို့ ခဏခဏ ပြောကြတယ်။ အပြင်မှာ အလုပ်လုပ်နေတုန်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာပဲဖြစ်ဖြစ်၊ ကျွန်မအထက်လူကြီးတွေကို မျက်နှာချိုသွေးတာပဲဖြစ်ဖြစ် ကျွန်မ မတော်ခဲ့ဘူး၊ ဒါကြောင့် ပြောရရင် ညစ်ပတ်ပြီး ပင်ပန်းတဲ့အလုပ်တွေကို အမြဲတမ်း ကျွန်မကို တာဝန်ပေးခဲ့ကြတယ်၊ ပြီးတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ကျွန်မကို ဉာဏ်ထိုင်းပြီး အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေရမှန်း မသိတဲ့အတွက် ခဏခဏ လှောင်ပြောင်ကြတယ်။ ကျွန်မစိတ်နှလုံးထဲမှာ ကျွန်မက ဉာဏ်ထိုင်းတယ်၊ မထက်မြက်ဘူး၊ နောက်ပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ မတော်ဘူးဆိုတဲ့ အကဲဖြတ်ချက်ကို လက်ခံထားခဲ့တယ်၊ ဒါကြောင့် ကျွန်မဟာ ပိုပြီးတော့တောင် တစ်သီးတစ်ခြားနေဖြစ်သွားတယ်။ ကျွန်မရဲ့ စကားပြောရာမှာ မသေသပ်မှုကြောင့် ခဏခဏ ဝမ်းနည်းမိတယ်၊ အထူးသဖြင့်ကတော့ စကားပြောရှင်းလင်းပီသပြီး ဉာဏ်ထက်တဲ့သူတွေကို မြင်တဲ့အခါ သူတို့ကို ကျွန်မ အားကျမိတယ်၊ ဒီလိုလူမျိုးတွေဟာ ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါမှာပဲလို့ တွေးမိတယ်။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက် စုဝေးပွဲတွေ စတက်ခါစမှာ ကျွန်မ တော်တော်လေး တည်တည်ကြည်ကြည်နေခဲ့တယ်။ ကျွန်မရဲ့ မသေသပ်တဲ့ မိတ်သဟာယဖွဲ့မှုက ညီအစ်ကိုမောင်နှမတွေကြားထဲမှာ ကျွန်မ ဟားတိုက်စရာဖြစ်စေမှာကို စိုးရိမ်ခဲ့တယ်၊ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ပိုပြီး မိတ်သဟာယဖွဲ့ဖို့ ခဏခဏ အားပေးခဲ့ကြတယ်လေ။ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ဝေမျှကြတာကို ကျွန်မ တွေ့ခဲ့ရတယ်၊ ပြီးတော့ တစ်ခုခု ချို့တဲ့နေသူတွေကို ဘယ်သူကမှ အထင်သေးတာ၊ နှိမ့်ချတာမျိုး မရှိခဲ့ဘူး။ ဒါက ကျွန်မကို အရမ်း လွတ်လပ်ပေါ့ပါးသွားစေတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ ပိုပိုပြီး စကားတွေစပြောလာခဲ့တယ်။ ဒီလိုမျိုး အသင်းတော်အသက်တာကို ကျွန်မ တကယ်ပဲ သဘောကျခဲ့တယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မဟာ ရေလောင်းတဲ့ သင်းထောက်တစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်မ ရေလောင်းပေးနေရတဲ့ ညီအစ်မရူကျင်းက အစွမ်းအစ ကောင်းတယ်။ သူနဲ့အတူ စုဝေးပွဲ သုံးလေးခါ ကျွန်မ တက်ခဲ့ဖူးတယ်၊ ပြီးတော့ သူမိတ်သဟာယဖွဲ့တာ အရမ်းရှင်းလင်းပြီး ပြဿနာတွေအပေါ် သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ကျွန်မထက် မညံ့မှန်း တွေ့ခဲ့ရတယ်။ ဒါကြောင့် ရူကျင်းနဲ့ နောက်တစ်ခါ စုဝေးပွဲတွေ တက်တဲ့အခါမှာ ကျွန်မ နည်းနည်း ဘောင်ခတ်ခံရသလို ခံစားမိတယ်၊ သူ့ဉာဏ်က ပိုထက်မြက်ပြီး သူ့အစွမ်းအစက ကျွန်မထက် ပိုကောင်းတယ်လို့ တွေးမိတယ်။ သူ့ကို ရေလောင်းပေးဖို့ ကြိုးစားရတာဟာ ကျွန်မစွမ်းနိုင်တာထက် ပိုတယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် သူ ဘာအခြေအနေဆိုးတွေပဲ ကြုံရပါစေ၊ ကျွန်မက သူနဲ့ ခဏလောက်ပဲ အဲဒါကို ဆွေးနွေးပြီး စကားလမ်းကြောင်း ပြောင်းလိုက်တယ်၊ ကျွန်မရဲ့ ပေါ့တန်တဲ့ မိတ်သဟာယက ကျွန်မအပေါ် သူအထင်သေးသွားစေမှာကို စိုးရိမ်ခဲ့တယ်လေ။ တစ်ခါတုန်းက၊ ရူကျင်းမှာ ဆိုးဆိုးရွားရွား မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိပြီး သူ့စကားတွေနဲ့ လူတွေကို ဘောင်ခတ်တတ်တဲ့အကြောင်း ကျွန်မ သိခဲ့ရတယ်၊ ဒါကြောင့် ဒီကိစ္စကို သူ့ကို ကျွန်မထောက်ပြချင်ခဲ့တာပေါ့။ ဒါပေမဲ့ သူက အစွမ်းအစကောင်း ရှိတယ်၊ စကားပြောတာ ရှင်းလင်းပီသတယ်၊ ပြီးတော့ သူ့တာဝန်မှာ ထိရောက်မှုရှိတယ်လို့ တွေးမိတော့ မာနနည်းနည်းကြီးတာက ပုံမှန်ပဲလို့ ထင်ခဲ့ရတယ်။ နောက်ပြီး၊ ကျွန်မရဲ့ အစွမ်းအစက ညံ့တယ်၊ ပြီးတော့ ကျွန်မဟာ ကိုယ့်ခံစားချက်ကို ရှင်းအောင် ပြောနိုင်စွမ်း မရှိဘူး။ ကျွန်မသာ သူနဲ့ ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့နိုင်ရင်၊ သူ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ရင် သူလှောင်ပြောင်တာကို ကျွန်မခံရမှာပဲ။ ဒါကြောင့်၊ သူ့ရဲ့မာနထောင်လွှားမှုအကြောင်းကို ကျွန်မ အတိုချုပ်ပဲပြောပြီး ဆက်မပြောတော့ဘူး။ နောက်တစ်ခါ စုဝေးပွဲတစ်ခုမှာ ရူကျင်းက သူ့မိသားစုဟာ ဘုရားသခင်အပေါ် သူ့ရဲ့ယုံကြည်မှုကို ဆန့်ကျင်တဲ့အကြောင်း၊ ပြီးတော့ အဲဒါကြောင့် သူဟာ နည်းနည်း ဘောင်ခတ်ခံနေရတဲ့အကြောင်း ပြောပြခဲ့တယ်။ ကျွန်မမှာလည်း အဲဒီအတွေ့အကြုံမျိုး ရှိခဲ့ဖူးတော့ သူနဲ့ အဲဒီအကြောင်း မိတ်သဟာယဖွဲ့လို့ရနိုင်တယ်လို့ ကျွန်မ တွေးမိခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စကားသုံးလေးလုံးပြောပြီးတာနဲ့ ရူကျင်းက သူ့မိသားစုရဲ့ ချစ်ခင်တွယ်တာမှုတွေကို သူမခံခဲ့ရဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အမှန်ကတော့၊ သူ့ရဲ့ စိတ်ခံစားမှုဆိုင်ရာ ဘောင်ခတ်မှုတွေက သူ့တာဝန်ကို ထိခိုက်နေခဲ့ပြီးပြီလေ၊ ပြီးတော့ သူနဲ့ အဲဒီအကြောင်းကို အမြန်ဆုံး မိတ်သဟာယဖွဲ့ဖို့ လိုအပ်မှန်း ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ သူ့စကားကို ကြားလိုက်တော့ ကျွန်မ ဆက်ပြီး မိတ်သဟာယဖွဲ့ဖို့ မရဲတော့ဘူး၊ ကျွန်မ တွေးတာပေါ့။ “ငါသာ ဆက်ပြီး မိတ်သဟာယဖွဲ့နေရင် ငါက သူ့ကို နားပူနားဆာ လုပ်နေတယ်၊ ကိစ္စတွေကို ထိုးထွင်းမမြင်နိုင်ဘူးလို့များ ရူကျင်းက ထင်သွားမလား။ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး အရှက်မခွဲတာ ပိုကောင်းတယ်၊ ရူကျင်းက အစွမ်းအစကောင်းရှိတော့ သူ့ကို ငါမိတ်သဟာယဖွဲ့ပေးဖို့ မလိုပါဘူး။ သမ္မာတရားကို သူရှာဖွေပြီး သူကိုယ်တိုင် ဒါကို ဖြေရှင်းနိုင်တာပဲ” လို့ပေါ့။ ဒါကြောင့် ကျွန်မ ဆက်ပြီး မိတ်သဟာယမဖွဲ့ခဲ့တော့ဘူး။ ဒါပေမဲ့ အဲဒီနောက်မှာတော့၊ ရူကျင်းရဲ့ အခြေအနေက မတိုးတက်ခဲ့ဘဲ သူ့တာဝန်က ထိခိုက်ခဲ့တယ်။
အဲဒီနောက်မှာတော့ စုဝေးပွဲတစ်ခုမှာ ရူကျင်းရှိနေတိုင်း၊ ကျွန်မ အရမ်းကို ဘောင်ခတ်သလိုခံစားခဲ့ရတယ်၊ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ မိတ်သဟာယကြောင့် ကျွန်မအပေါ် သူအထင်သေးသွားမှာကို စိုးရိမ်ခဲ့လို့ပါ။ ကျွန်မဟာ အရမ်း စိတ်ဆင်းရဲပြီး အပျက်သဘောဆောင်လာတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မဟာ မိတ်သဟာယဖွဲ့သင့်တာကို မဖွဲ့နိုင်ခဲ့တဲ့အပြင် ကျွန်မရဲ့ တာဝန်တွေကိုလည်း ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့လို့ပေါ့။ ကျွန်မဟာ သနားစရာကောင်းတဲ့ ဘဝတစ်ခုနဲ့ ရှင်သန်နေရသလို ခံစားခဲ့ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမြဲ မေးခွန်းထုတ်နေခဲ့တယ်၊ “ငါ ဘာလို့ ဒီလောက် ပင်ပင်ပန်းပန်းရှင်သန်နေရတာလဲ” လို့ပေါ့။ ကျွန်မကို အစွမ်းအစကောင်းတွေ မပေးခဲ့တဲ့အတွက် ဘုရားသခင်ကိုတောင် ကျွန်မ အပြစ်တင်နေခဲ့တယ်၊ ဒီအခြေအနေကနေ လွတ်မြောက်ပြီး ကျွန်မရဲ့ တာဝန်ကို ပြောင်းလဲချင်ခဲ့တယ်။ ကျွန်မရဲ့ အခြေအနေက မကောင်းမှန်း သိလို့ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ အခု သမီးတာဝန်မှာ အရမ်း ဘောင်ခတ်ခံနေရပါတယ်။ သမီး အရမ်း ပင်ပန်းပြီး နာကြည်းနေတယ်၊ ပြီးတော့ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းရမလဲ မသိပါဘူး။ ကိုယ်တော် သမီးကို ဉာဏ်ပွင့်စေပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်လာအောင်၊ ပြီးတော့ ဒီမှားယွင်းတဲ့ အခြေအနေကနေ ထွက်လာအောင် လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်မ ဖတ်ဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အချို့သောလူတို့သည် ငယ်စဉ်ကတည်းက ဉာဏ်ထိုင်းကြပြီး စကားကို လုံးစေ့ပတ်စေ့ မပြောတတ်ကြသည့်အပြင် ရုပ်ရည်မပြေပြစ်ကြသောကြောင့် ၎င်းတို့၏ မိသားစုများနှင့် လူ့အဖွဲ့အစည်းရှိ အခြားသူတို့က ၎င်းတို့နှင့်ပတ်သက်၍ အပျက်သဘောဆောင်သော မှတ်ချက်အချို့ကို ပေးကြသည်။ ဥပမာအားဖြင့် လူတို့က ‘ဤကလေးသည် ဉာဏ်ထိုင်းသည်၊ သူသည် အမှုအရာများအပေါ် တုံ့ပြန်မှုနှေးကွေးပြီး စကားပြောရာတွင် ညံ့ဖျင်းသောသူတစ်ဦး ဖြစ်သည်။ ထိုသူ၏ ကလေးကို ကြည့်ပါဦး၊ သူမ၏ ချိုချိုသာသာ စကားပြောဆိုခြင်းက လူတို့ကို အမှန်တကယ်ပင် စွဲဆောင်သည်။ ဤကလေးသည် လူတို့နှင့် တွေ့သောအခါ အဘယ်အရာ ပြောရမည်ကို သို့မဟုတ် လူတို့ကို မည်သို့ ပျော်ရွှင်စေရမည်ကို မသိသည့်အပြင် သူ အမှားတစ်စုံတစ်ရာ လုပ်မိသောအခါတွင်လည်း မိမိကိုယ်ကို မည်သို့ ရှင်းပြရမည် သို့မဟုတ် မှန်ကြောင်း ရှင်းချက်ထုတ်ရမည်ကို မသိပေ။ ဤကလေးသည် လူအတစ်ဦး ဖြစ်သည်’ ဟု ပြောဆိုကြမည်ဖြစ်သည်။ ၎င်းတို့၏ မိဘများက ဤသို့ ပြောဆိုကြပြီး ၎င်းတို့၏ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ဆရာများကလည်း ထိုသို့ပင် ပြောဆိုကြသည်။ ဤပတ်ဝန်းကျင်သည် ထိုသို့သော လူတစ်ဦးချင်းစီအပေါ်တွင် မသိမသာ ဖိအားတစ်ခု သက်ရောက်စေပြီး ၎င်းတို့အား စိတ်သဘောထားတစ်မျိုးကို အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်စေသည်။ အဘယ်သို့သော စိတ်သဘောထားမျိုးနည်း။ ၎င်းတို့သည် မိမိတို့ ရွက်ကြမ်းရေကျိုဖြစ်ပြီး မည်သူမျှ မိမိတို့၏ ရုပ်ရည်ကို မနှစ်သက်ဟုလည်းကောင်း၊ မိမိတို့၏ ပညာရေးတွင် အဆင့်ကောင်းများ မရရှိသည့်အပြင် တုံ့ပြန်မှု နှေးကွေးသည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် အခြားသူများကို မြင်သောအခါ ပါးစပ်ဖွင့်၍ စကားပြောရန် အစဉ်သဖြင့် ရှက်ကြောက်နေကြပြီး လူတို့က ၎င်းတို့အား တစ်စုံတစ်ရာ ပေးသောအခါ ကျေးဇူးတင်စကား ပြောဆိုရန် အလွန် ရှက်ကြောက်နေကြသည်။ ၎င်းတို့က ‘အဘယ်ကြောင့် ငါသည် ဤသို့ စကားပြောရာတွင် ညံ့ဖျင်းရသနည်း။ အဘယ်ကြောင့် အခြားလူတို့သည် ဤသို့ စကားအလွန်တတ်ကြရသနည်း။ ငါသည် တုံးအသူတစ်ဦးသာ ဖြစ်သည်’ ဟု မိမိတို့ဘာသာ တွေးထင်ကြသည်။ မသိစိတ်ထဲတွင် ၎င်းတို့သည် မိမိတို့ အလွန်ပင် အသုံးမကျဟု ထင်ကြသော်လည်း ထိုသို့ အသုံးမကျခြင်း၊ ထိုသို့ တုံးအခြင်းကို ဝန်ခံရန်ကား မလိုလားကြသေးပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ‘ငါသည် တကယ်ပင် ထိုသို့ တုံးအနေသလော။ ငါသည် တကယ်ပင် ထိုသို့ မနှစ်သက်ဖွယ်ကောင်းသလော’ ဟု မိမိတို့ကိုယ်ကို မကြာခဏ မေးလေ့ရှိကြသည်။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို မနှစ်သက်ကြသကဲ့သို့ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ၊ ဆရာများနှင့် အတန်းဖော်များကလည်း မနှစ်သက်ကြပေ။ အခါအားလျော်စွာလည်း ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ၎င်းတို့နှင့်ပတ်သက်၍ ‘သူသည် အရပ်ပုသည်၊ သူ၏ မျက်လုံးနှင့် နှာခေါင်းတို့သည် သေးငယ်ပြီး ထိုသို့သော ရုပ်ရည်ဖြင့် သူကြီးလာသောအခါ များစွာ အရာရောက်မည်မဟုတ်ပေ’ ဟု ပြောဆိုကြသည်။ ဤပတ်ဝန်းကျင်မျိုးတွင် ၎င်းတို့သည် အစပိုင်း၌ မိမိတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်ခြင်းကို ခံစားရခြင်းမှ မိမိတို့၏ ပျော့ကွက်များနှင့် ချို့တဲ့မှုများကို တဖြည်းဖြည်း လက်ခံကာ အသိအမှတ်ပြုသည်အထိ ဖြစ်လာကြသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤစိတ်ခံစားချက်ကို အဘယ်အရာဟု ခေါ်သနည်း။ သိမ်ငယ်စိတ် ဖြစ်သည်။ သိမ်ငယ်စိတ်ရှိသော လူတို့သည် မိမိတို့၏ အားနည်းချက်များကိုသာ မြင်ပြီး မိမိတို့၏ အားသာချက်များကို မမြင်ကြပေ။ ၎င်းတို့သည် မိမိတို့ ဆွဲဆောင်မှုမရှိကြောင်း၊ မချစ်ခင်ဖွယ်ကောင်းကြောင်း၊ မိမိတို့၏ စိတ်များသည် မထက်မြက်ဘဲ တုံ့ပြန်မှုများ နှေးကွေးကြောင်းနှင့် လူတို့၏စိတ်ကို မမှန်းဆတတ်ကြောင်း အစဉ်သဖြင့် ခံစားကြရသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် လုံးလုံးလျားလျား အသုံးမကျဟု ခံစားကြရသည်။ ဤသိမ်ငယ်စိတ်သည် သင်၏ စိတ်နှလုံးအတွင်း၌ တဖြည်းဖြည်း လွှမ်းမိုးလာပြီး ယင်းသည် သင်၏ စိတ်နှလုံးကို ရစ်ပတ်ချည်နှောင်ထားသည့် ဖယ်ရှား၍မရသော စိတ်ခံစားချက်တစ်ခု ဖြစ်လာသည်။ သင်သည် ကြီးပြင်းလာပြီး လောကထဲသို့ ထွက်သွားပြီးသည့်နောက်တွင် သို့မဟုတ် အိမ်ထောင်ပြုပြီး သင်၏ အလုပ်အကိုင်ကို တည်ထောင်ပြီးသည့်နောက်တွင် သင်၏ လူမှုအဆင့်အတန်းနှင့် ရာထူး မည်သို့ပင်ဖြစ်စေကာမူ ငယ်စဉ်ကတည်းက သင့်အား ပြုစုပျိုးထောင်မှုတွင် သွတ်သွင်းခံခဲ့ရသော ဤသိမ်ငယ်စိတ်သည် သင့်အပေါ် ဆက်လက်၍ သက်ရောက်မှုရှိပြီး ထိန်းချုပ်နေဆဲဖြစ်ကာ အခြားလူတို့ထက် ပို၍ နိမ့်ကျသည်ဟု သင့်အား ဘက်ပေါင်းစုံမှ ခံစားရစေသည်။ သင်သည် ဘုရားသခင်ကို စတင်ယုံကြည်ပြီး အသင်းတော်သို့ ဝင်ရောက်ပြီးသည့်နောက်တွင်ပင် စကားမပြောတတ်ကြောင်း၊ အစွမ်းအစ ညံ့ဖျင်းပြီး ရုပ်ရည် သာမန်သာဖြစ်ကြောင်းနှင့် အရေးကြီးသော တာဝန်တစ်ခုတလေကိုမျှ မထမ်းဆောင်နိုင်ကြောင်း ထင်နေဆဲဖြစ်သည်။ သင်က ‘ငါ တတ်နိုင်သမျှကိုသာ လုပ်ဆောင်မည်။ ငါသည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် လိုက်စားဖို့ မလိုအပ်ပေ၊ နက်နဲသော သမ္မာတရားများကို နားလည်ရန် လိုက်စားဖို့ မလိုအပ်ပေ၊ ငါသည် အရေးမပါဆုံးသောသူတစ်ဦး ဖြစ်ရန်သာ ဆန္ဒရှိပြီး ငါ့ကို အခြားသူတို့က ကြိုက်သလို ဆက်ဆံနိုင်သည်’ ဟု တွေးထင်သည်။...သင်သည် ဤသိမ်ငယ်သော စိတ်ခံစားချက်ဖြင့် မွေးဖွားလာခြင်း ဖြစ်ချင်မှ ဖြစ်မည်၊ သို့သော် အခြားတစ်ဖက်တွင်မူ သင်၏ မိသားစု ပတ်ဝန်းကျင်နှင့် သင့်အား ပြုစုပျိုးထောင်မှုက သင့်အပေါ် ထိုးနှက်ချက်အချို့ကို သက်ရောက်စေခဲ့သောကြောင့် သို့မဟုတ် သင့်အပေါ် မသင့်လျော်သော အဆုံးအဖြတ်များ ချမှတ်ခဲ့သောကြောင့် ဤအရာက သင့်၌ သိမ်ငယ်သော စိတ်ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာကတော့၊ ဖိနှိပ်မှုနဲ့ စိတ်မချမ်းမသာဖြစ်မှုကြားမှာ ကျွန်မ ခဏခဏ ရှင်သန်နေရတဲ့ အကြောင်းရင်းဟာ အဓိကကတော့ ကျွန်မဟာ သိမ်ငယ်စိတ်ရဲ့ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေထဲမှာ ရှင်သန်နေခဲ့လို့ပါပဲ။ ငယ်ငယ်ကတည်းက ကျွန်မဟာ စကားပြောမကောင်းခဲ့ဘူး၊ အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာ အလုပ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကျွန်မရဲ့ ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက ကျွန်မကို လိပ်ပတ်လည်အောင် စကားမပြောတတ်ဘူး၊ လူတွေ သဘောကျအောင် မလုပ်နိုင်ဘူးလို့ ပြောကြတယ်။ ဒါကြောင့် ကျွန်မဟာ စကားပြောရာမှာ ကိုးရိုးကားယားဖြစ်ပြီး မထက်မြက်ဘူး၊ ပြီးတော့ တခြားသူတွေထက် အရာရာမှာ သိမ်ငယ်တယ်လို့ ခံစားခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မဟာ ပိုပိုပြီး သိမ်ငယ်စိတ်ဝင်လာခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာ၊ အတူတူပါပဲ။ အထူးသဖြင့်တော့ ကျွန်မထက် ပိုတော်တဲ့ ညီအစ်ကိုမောင်နှမတွေကို တွေ့တဲ့အခါ၊ ကျွန်မ သိမ်ငယ်စိတ်ဝင်တယ်၊ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေထဲမှာ ခဏခဏ ရှင်သန်နေခဲ့တယ်။ ရူကျင်းနဲ့ ပြောဆိုဆက်ဆံတဲ့အခါ၊ ရူကျင်းက ဉာဏ်ထက်မြက်ပြီး စကားပြောကောင်းတာကို ကျွန်မ တွေ့ခဲ့ရတယ်၊ ပြီးတော့ ကျွန်မရဲ့ ကိုယ့်ခံစားချက်ကို ရှင်းအောင် ပြောဆိုနိုင်စွမ်းရော ကိုယ့်အစွမ်းအစကပါ သူ့ထက်နိမ့်ကျတယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် သူနဲ့ စုဝေးပွဲတက်တဲ့အခါ ကျွန်မ ဘောင်ခတ်ခံရသလိုခံစားရပြီး လွတ်လပ်မှုကို မခံစားနိုင်ခဲ့ဘူး။ သူ့ကို မကောင်းတဲ့အခြေအနေမှာ တွေ့ရင်တောင် ကျွန်မ သူနဲ့ မိတ်သဟာယမဖွဲ့ရဲခဲ့ဘူး။ ကျွန်မဟာ သိမ်ငယ်စိတ်ရဲ့ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေထဲမှာ အမြဲ ရှင်သန်နေခဲ့တယ်။ ဘုရားသခင်ရဲ့ အိမ်တော်မှာ မြင့်တာ၊ နိမ့်တာ ခွဲခြားမှုမရှိဘူးဆိုတာကို ကျွန်မ ကောင်းကောင်း သိပေမဲ့၊ ဆုကျေးဇူးတွေနဲ့ အစွမ်းအစကောင်းတွေ ရှိတဲ့သူတွေကို ကျွန်မ မကြည်ညိုမလေးစားဘဲမနေနိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်မရဲ့ ကိုယ်ပိုင် အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်နိုင်စွမ်း မရှိခဲ့ဘူး။ ဒါက ကျွန်မကို ကျွန်မရဲ့ တာဝန်မှာ ခဏခဏ ဘောင်ခတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုကို မရရှိအောင် တားဆီးခဲ့တယ်။ ဒီအတိုင်း ဆက်သွားနေရင် အန္တရာယ်ရှိမှန်း ကျွန်မ သိခဲ့ပြီး ဒီအခြေအနေကို အမြန်ဆုံး ပြောင်းပြန်လှန်ချင်ခဲ့တယ်။
ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သူရဲဘောကြောင်သည့် လူများသည် အခက်အခဲအချို့နှင့် ကြုံရသည့်အခါ နောက်ပြန်တွန့်သွားကြသည်။ ဤသို့ အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ အကြောင်းရင်းတစ်ခုမှာ ဤအရာကို ၎င်းတို့၏ သိမ်ငယ်သော စိတ်ခံစားချက်က ဖြစ်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် သိမ်ငယ်ကြသောကြောင့် လူတို့ရှေ့ မသွားဝံ့ကြချေ။ မိမိတို့ ယူသင့်သည့် တာဝန်နှင့် ဝတ္တရားများကိုပင် မယူနိုင်ကြသကဲ့သို့ မိမိတို့၏ စွမ်းရည်နှင့် အစွမ်းအစ နယ်ပယ်အတွင်းနှင့် မိမိတို့ကိုယ်ပိုင် လူ့သဘာဝ အတွေ့အကြုံ နယ်ပယ်အတွင်းရှိ ၎င်းတို့ အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာကို တာဝန်မယူနိုင်ကြချေ။ ဤသိမ်ငယ်သော စိတ်ခံစားချက်သည် ၎င်းတို့ လူ့သဘာဝ၏ သွင်ပြင်လက္ခဏာတိုင်းကို ထိခိုက်၏။ ၎င်းတို့၏ တည်ကြည်မှုကို ထိခိုက်ပြီး ၎င်းတို့၏ ပင်ကိုစရိုက်ကိုလည်း ထိခိုက်သည်မှာ အမှန်ဖြစ်၏။...သင်၏ စိတ်နှလုံးသည် ဤသိမ်ငယ်သော စိတ်ခံစားချက်ဖြင့် ပြည့်နေပြီး ဤစိတ်ခံစားချက်သည် အချိန်ကြာမြင့်စွာ ထင်ရှားနေခဲ့သည်။ ယာယီဖြစ်သော စိတ်အနေအထားတစ်ခုခု မဟုတ်ချေ။ ထို့ထက် သင့်စိတ်ဝိညာဉ်၏ အတွင်းနက်နက်မှ သင်၏ အတွေးများကို တင်းကျပ်စွာ ထိန်းချုပ်လေသည်။ သင်၏ နှုတ်ကို တင်းကျပ်စွာ ပိတ်ပြီး ထို့ကြောင့် အမှုအရာများကို သင် မည်မျှ မှန်ကန်စွာ နားလည်သည်ဖြစ်စေ၊ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် မည်သည့် အမြင်များနှင့် အယူအဆများ သင်၌ ရှိသည်ဖြစ်စေ၊ မည်သည့်အခါတွင်မျှ ကျယ်ကျယ် မပြောဝံ့ဘဲလျက် အမှုအရာများကို သင်၏ ကိုယ်ပိုင်စိတ်နှလုံးထဲတွင်သာ စဉ်းစားပြီး ပြန်ပြောင်းတွေးဝံ့လေသည်။ သင်ပြောသည့်အရာကို အခြားလူများက လက်ခံမည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို ပြုပြင်ကာ ဝေဖန်မည်ဖြစ်စေ၊ ထိုသို့သော ရလဒ်ကို သင် ရင်ဆိုင်ဝံ့၊ မြင်ဝံ့လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်၏ စိတ်ထဲတွင် ရှိသော သင်၏ သိမ်ငယ်သော စိတ်ခံစားချက်က ‘ထိုအရာကို မလုပ်နှင့်၊ သင်သည် ထိုအရာအတွက် တကယ်ကို စံမမီပါ။ ထိုအစွမ်းအစမျိုး သင်မရှိပါ။ ထိုလက်တွေ့ကျမှုမျိုး မရှိပါ၊ ထိုအရာကို သင်မလုပ်သင့်ပါ၊ သင်သည် ထိုပုံစံမျိုးမဟုတ်ပါ။ ယခု မည်သည့်အရာကိုမျှ မလုပ်၊ မည်သည့်အရာကိုမျှ မတွေးနှင့်။ သိမ်ငယ်မှုဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ သင်သည် သင်အစစ်အမှန် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး အခြားလူများ လုပ်ဆောင်သည့်အတိုင်း သင် ပြောလိုသည့်အရာပြောကာ အခြားသူများနှင့် ဆက်သွယ်ရန် သင် အရည်အချင်း မပြည့်မီပါ။ ယင်းမှာ သင်သည် မတော်သောကြောင့် သူတို့လောက် မတော်သောကြောင့် ဖြစ်သည်’ဟု သင့်ကို ပြောနေသောကြောင့် ဖြစ်သည်။ ဤသိမ်ငယ်သော စိတ်ခံစားချက်သည် လူတို့ စိတ်များထဲတွင် လူတို့၏ အတွေးများကို လမ်းညွှန်သည်။ ပုံမှန်လူတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့ အသက်ရှင်နေသင့်သည့် ပုံမှန်လူ့သဘာဝနှင့်သက်ဆိုင်သော ဘဝကို အသက်ရှင်ခြင်းမှ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ထားစဉ်တွင် လူများနှင့် အမှုအရာများကို ၎င်းတို့ မှတ်ယူပုံ၊ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်ကြပုံနှင့်သက်ဆိုင်သည့် နည်းလမ်းနှင့် နည်းစနစ်များ၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ကိုလည်း ညွှန်ကြားလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့တာက လူတွေဟာသိမ်ငယ်တဲ့စိတ်ခံစားချက်တွေနဲ့နေထိုင်တဲ့အခါ လူတွေနဲ့ အမှုအရာတွေ အပေါ် သူတို့ရဲ့ရှုမြင်ချက်တွေအပြင် သူတို့ရဲ့ကျင့်ကြံပြုမူချက်နဲ့ လုပ်ဆောင်ချက်တွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ အပေါ်မှာ အခြေမခံဘူး၊ သူတို့ရဲ့တာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းဖို့ ပျက်ကွက်ကြပြီး သူတို့ရဲ့မွေးရာပါအစွမ်းအစကိုလည်း အသုံးချလို့မရဘူး ဆိုတာကိုပေါ့။ ဒီလို ဆက်သွားနေတာက သူတို့ရဲ့ ကိုယ်ပိုင်အသက်ဝင်ရောက်မှုကို ဟန့်တားရုံသာမကဘဲ ဆိုးရွားတဲ့ အခြေအနေတွေမှာဆို သူတို့ရဲ့ တာဝန်ကိုပါ ထိခိုက်နိုင်ပြီး အသင်းတော်အလုပ်ကို ဟန့်တားနိုင်ပါတယ်။ ပြန်တွေးကြည့်လိုက်တော့ ကျွန်မက ငယ်ငယ်လေးကတည်းက ကိုယ့်အပေါ် အပြင်ပန်း အကဲဖြတ်ချက်တွေကို လက်ခံပြီး သိမ်ငယ်စိတ်တွေနဲ့ အသက်ရှင်နေထိုင်ခဲ့တယ်။ သူများတွေနဲ့စာရင် သိမ်ငယ်စိတ်ကို ကျွန်မ အမြဲခံစားခဲ့ရတယ်၊ ပြဿနာတွေကို တွေ့တဲ့အခါမှာ ကျွန်မ ထောက်မပြရဲဘူး ဒါမှမဟုတ် မဆွေးနွေးရဲဘူး။ ယူကျင်းနဲ့ ဆက်ဆံကြည့်တဲ့အခါမှာ သူ့ရဲ့ ဆိုးဆိုးရွားရွား မာနထောင်လွှားတဲ့ စိတ်သဘောထားရယ်၊ ညီအစ်ကိုမောင်နှမတွေကို ဘောင်ခတ်တဲ့ သူ့စကားတွေနဲ့ လုပ်ရပ်တွေရယ်ကို ကျွန်မ မြင်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်မသူနဲ့မိတ်သဟာယဖွဲ့ပြီး ဒါကိုထောက်ပြခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အစွမ်းအစက သူ့လောက် မကောင်းဘူးလို့ ကျွန်မ ခံစားခဲ့ရပြီး သူနဲ့ မိတ်သဟာယပြုဖို့ ကျွန်မကိုတွေဝေစေခဲ့တယ်လေ။ ဒါက စိတ်ကြီးဝင်တယ်လို့ ကျွန်မခံစားခဲ့ရလို့ပေါ့။ သူ့ရဲ့ချစ်ခင်တွယ်တာမှုတွေဟာ သူရဲ့တာဝန်ထမ်းဆောင်မှုအပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာမြင်ခဲ့ရပြီး ပြီးတော့ ဒီနယ်ပယ်မှာ ကျွန်မဟာ အတွေ့အကြုံတချို့ရှိခဲ့ပေမဲ့ ကျွန်မရဲ့ အစွမ်းအစက နိမ့်ပါးတယ်လို့ ကျွန်မ ခံစားခဲ့ရလို့ မိတ်သဟာယမပြုရဲခဲ့ဘူး။ သိမ်ငယ်တဲ့ ခံစားချက်တွေက ကျွန်မကို လုံးလုံးလျားလျား ချုပ်ကိုင်ထားတာကို ကျွန်မတွေ့ခဲ့ရတယ်။ ပြောဖို့ လိုအပ်တဲ့ စကားတွေကိုမပြောနိုင်ဘဲ ပါးစပ်က ပိတ်ထားသလိုခံစားရတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ရူကျင်း အသက်ရှင်ခဲ့တာကို ကျွန်မ ကြည့်နေခဲ့ပြီး သူ့ကို မိတ်သဟာယမပြုရဲခဲ့ဘဲ အသင်းတော်ရဲ့အလုပ်ကိုကာကွယ်ဖို့ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းမဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ဘာလွတ်မြောက်ခွင့်မှမရခဲ့ဘဲ စိတ်ဆင်းရဲပြီး အပျက်သဘောဆောင်တဲ့အခြေအနေမှာ နေထိုင်ခဲ့တယ်။ ဒါက တခြားသူတွေအတွက်ရော ကိုယ့်အတွက်ပါ တကယ်ကို ထိခိုက်နစ်နာစေခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့ပါတယ်။ “သင်၏ ဤစိတ်ခံစားချက်သည် အပြုသဘောမဆောင်သည်သာမက ပို၍ တိတိကျကျ ပြောရလျှင် ယင်းသည် အမှန်တကယ်တွင် ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်နေခြင်း ဖြစ်သည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝအတွင်းရှိ စိတ်ခံစားချက်တစ်ခုဖြစ်သည်ဟု သင် ထင်ကောင်းထင်မည်၊ သို့သော် ဘုရားသခင်၏ အမြင်တွင်မူ ဤသည်မှာ စိတ်ခံစာချက်ဆိုင်ရာ ရိုးရှင်းသော ကိစ္စရပ်တစ်ခုမဟုတ်ဘဲ ဘုရားသခင်ကို ဆန့်ကျင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အတိုက်အခံလုပ်ရန် နည်းလမ်းတစ်ခုအဖြစ် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အသုံးပြုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ခုထိ ကျွန်မရဲ့ ခရီးလမ်းကို ဆင်ခြင်သုံးသပ်ကြည့်ရသလောက်၊ ကျွန်မဟာ သိမ်ငယ်စိတ်ရဲ့ ခံစားချက်တွေထဲမှာ ခဏခဏ ရှင်သန်နေခဲ့လို့၊ သမ္မာတရားကို သိပေမဲ့ ဒါကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး၊ ကျွန်မကို အစွမ်းအစကောင်းတွေ မပေးခဲ့တဲ့အတွက် ဘုရားသခင်ကိုတောင် အပြစ်တင်ခဲ့တယ်။ ကျွန်မဟာ ကျွန်မရဲ့ တာဝန်မှာ အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိခဲ့ဘူး၊ ပြီးတော့ အဲဒါကို စွန့်လွှတ်ချင်စိတ်တောင် ဖြစ်ခဲ့တယ်။ ဒီအပြုအမူတွေဟာ ဘုရားသခင်ကို မတက်မကြွနဲ့ အတိုက်အခံလုပ်တဲ့ ပုံစံတစ်ခုပါပဲ။ ကျွန်မဟာ အန္တရာယ်ကြီးတစ်ခုထဲ ရောက်နေတယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို လက်လွှတ်ပြီး လက်တွေ့လုပ်ဆောင်ဝင်ရောက်ဖို့ လမ်းကြောင်းတစ်ခု ရှာဖွေဖို့ ဘုရားသခင်ကို အားကိုးလိုစိတ် ဖြစ်လာခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “ထို့ကြောင့် သင့်ကိုယ်သင် မည်သို့ မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိမြင်ကာ သိမ်ငယ်သော စိတ်ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်မည်နည်း။ မိမိကိုယ်ကို သိကျွမ်းခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိဖြစ်ပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။ ဥပမာအားဖြင့် သင်သည် သီချင်းဆိုခြင်းကို နှစ်သက်လေ့ရှိပြီး ကောင်းစွာ သီဆိုသော်လည်း သင်သည် ဂီတသံစဉ် အတက်အကျ ခွဲခြားနိုင်စွမ်း မရှိကြောင်းနှင့် သင်၏ သီဆိုခြင်းသည် ကီးမကိုက်ကြောင်း ပြောလျက် သင့်ကို လူအချို့က ဝေဖန်မြဲဝေဖန်ကာ သေးသိမ်စေသောကြောင့် ယခု သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်းမရှိဟု ခံစားရပြီး အခြားသူများရှေ့တွင် ထိုသို့မလုပ်ဆောင်ဝံ့တော့ဟု ဆိုပါစို့။ ထိုလောကီဆန်သည့်လူစု၊ ထိုနားဝေတိမ်တောင်ဖြစ်သော လူများနှင့် သာမညောင်ည လူများက သင်နှင့်ပတ်သက်၍ မှန်ကန်တိကျမှုမရှိသော အကဲဖြတ်ချက်များနှင့် ဝေဖန်သုံးသပ်မှုများကို ပြုလုပ်သောကြောင့် သင်၏ လူ့သဘာဝက ရထိုက်သည့် လုပ်ပိုင်ခွင့်များသည် လျော့ကျကာ သင်၏ ပါရမီသည် ချုပ်ထိန်းခြင်း ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သင်သည် သီချင်းတစ်ပုဒ်ကိုပင် မဆိုဝံ့သကဲ့သို့ မိမိတစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် သီချင်းအော်ဆိုပြီး လက်လွှတ်ဖို့ သတ္တိရှိလေသည်။ ယေဘုယျအားဖြင့် သင်သည် ဆိုးဆိုးရွားရွား သိုသပ်ချုပ်တည်းထားသောကြောင့် သင်တစ်ဦးတည်း မဟုတ်သည့်အခါ သီချင်း မဆိုဝံ့ချေ။ တစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် ကျယ်ကျယ်နှင့် ကြည်လင်စွာ သီချင်းဆိုနိုင်သည့်အချိန်ကို မွေ့လျော်ရင်း သီချင်း ဆိုဝံ့ပြီး ယင်းမှာ ကောင်းလိုက်သည့်၊ လွတ်မြောက်လိုက်သည့် အချိန်ပါတကား။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင့်ကို လူတို့လုပ်ဆောင်သည့် ထိခိုက်နစ်နာမှုကြောင့်၊ သင် အမှန်တကယ် လုပ်ဆောင်နိုင်သည့်အရာက မည်သည့်အရာ ဖြစ်သည်၊ မည်သည့်အရာတွင် သင် တော်ပြီး မည်သည့်အရာတွင် မတော်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ မသိ၊ မမြင်နိုင်ချေ။ ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီးနောက်မှာ ကျွန်မ နားလည်ခဲ့တာက၊ အပျက်သဘောဆောင်တဲ့ သိမ်ငယ်စိတ်ရဲ့ ခံစားချက်တွေကို ဖယ်ရှားဖို့ဆိုရင်၊ ကျွန်မဟာ ပထမဆုံးအနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် အကဲဖြတ်ပြီး တိုင်းတာရမယ်။ ဘုရားနှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်ပြီး အဲဒါတွေကို သုံးပြီး လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေကို တိုင်းတာတာဟာ အတိကျဆုံးပဲ။ အရင်တုန်းက ကျွန်မဟာ ဘာသာတရားမရှိသူတွေရဲ့ ကျွန်မအပေါ် အကဲဖြတ်ချက်တွေကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် တိုင်းတာခဲ့တယ်၊ ဒါကြောင့် ကျွန်မဟာ မှောင်မိုက်ပြီး စိတ်မချမ်းမသာဖြစ်တဲ့ စိတ်ခံစားမှုတွေထဲမှာ ရှင်သန်စေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ဘူး။ အခု ကျွန်မဟာ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်တွေအရ မှန်မှန်ကန်ကန် ရှုမြင်ဖို့ လိုအပ်တယ်။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်၊ “ငါ့ရဲ့ အစွမ်းအစက ညံ့တယ်လို့ ငါ အမြဲ ခံစားနေရတယ်။ ဒါဆိုရင် ညံ့တဲ့အစွမ်းအစနဲ့ ကောင်းတဲ့အစွမ်းအစကို အကဲဖြတ်ဖို့ ဘုရားသခင်ရဲ့ စံနှုန်းက ဘာလဲ” လို့ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “လူတို့၏ အစွမ်းအစများကို ငါတို့ မည်သို့ တိုင်းတာကြသနည်း။ ဤအရာကို လုပ်ဆောင်ရန် သင့်လျော်သည့် နည်းလမ်းမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း ရှိမရှိ ဟူသည်တို့ကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ လူအချို့သည် အထူးပြုပညာအချို့ကို အလွန်မြန်ဆန်စွာ သင်ယူနိုင်ကြသော်လည်း သမ္မာတရားကို ကြားသည့်အခါ ၎င်းတို့ မရှင်းမလင်း ဖြစ်လာကာ ငိုက်မြည်းသွားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်လာကြသည်၊ ၎င်းတို့ ကြားသည့်မည်သည့်အရာကိုမျှ နားမဝင်သကဲ့သို့ ကြားနေသည့်အရာကို နားလည်းမလည်ကြပေ။ ယင်းမှာ ညံ့ဖျင်းသည့် အစွမ်းအစ ဟူသည့်အရာဖြစ်သည်။ လူအချို့နှင့်ပတ်သက်၍ ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိကြောင်းကို ၎င်းတို့အား သင် ပြောပြသည့်အခါ လက်မခံကြပေ။ အလွန် ပညာတတ်ပြီး နှံ့စပ်ခြင်းက ၎င်းတို့အနေဖြင့် အစွမ်းအစကောင်း ရှိသည့်သဘော ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ကောင်းမွန်သည့် ပညာရေးက မြင့်မားသည့် အစွမ်းအစကို ပြသသလော။ မပြသပေ။ လူတို့၏ အစွမ်းအစကို မည်သို့ တိုင်းတာသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်သည့် ပမာဏပေါ် အခြေခံ၍ တိုင်းတာသင့်ပေသည်။ ဤသည်မှာ ထိုအရာကို လုပ်ဆောင်ခြင်းနှင့်ဆိုင်၍ အတိကျအမှန်ကန်ဆုံးသော နည်းလမ်းဖြစ်သည်။ လူအချို့သည် ကျလောက်အောင် အပြောကောင်းကြသည်၊ ဉာဏ်ထက်ကြပြီး အခြားလူတို့ကို ကိုင်တွယ်ရာတွင် အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သို့သော် တရားဒေသနာများကို နားထောင်ကြသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ နားမလည်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ယင်းတို့ကို သဘောပေါက်နားလည်ခြင်း မရှိကြချေ။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါ လူသစ်လေးများသာ ဖြစ်သည်ကို မိမိတို့ကိုယ်ကို ထုတ်ဖော်ကာ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိကြောင်း အခြားသူတို့အား ထင်မြင်စေလျက် စကားများနှင့် အယူဝါဒများကို အမြဲ ပြောဆိုကြလေသည်။ ဤလူများသည် ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် အရေးကြီးဆုံးဖြစ်သည်) ကျွန်မတို့ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပြောတာက လူတစ်ယောက်ရဲ့ အစွမ်းအစကို တိုင်းတာတဲ့ စံနှုန်းဟာ လူတစ်ယောက်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဘယ်လောက် ကောင်းကောင်း သဘောပေါက်နားလည်လဲဆိုတဲ့အပေါ် အခြေခံတယ်ဆိုတာပါပဲ။ တချို့လူတွေက ဆုကျေးဇူးတွေအများကြီးရှိပုံ၊ ဉာဏ်ထက်မြက်ပြီး စကားပြောစွမ်းရည်လည်း ကောင်းပုံ ရကောင်း ရနိုင်တယ်။ ဒါပေမဲ့ သူတို့က ဘုရားနှုတ်ကပတ်တော်တွေကို သဘောပေါက်နားမလည်နိုင်ရင် ဒါမှမဟုတ် ဘုရားသခင်မိတ်သဟာယဖွဲ့ထားတဲ့ သမ္မာတရားကို နားမလည်ရင် ဒီလိုလူတွေက ဒါဆိုရင် အစွမ်းအစနိမ့်ပါးပါတယ်။ တချို့လူတွေက ပညာရေးမှာပျှမ်းမျှအဆင့်လောက်ပဲရှိပြီး အထူးသဖြင့် စကားပြောစွမ်းရည်ကောင်းကောင်း ရှိချင်မှရှိမယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းတွေကို ရှာဖွေနိုင်ရင် ဒီလူတွေက ဒါဆိုရင် အစွမ်းအစကောင်းတဲ့သူတွေပါပဲ။ ဥပမာ၊ ပေါလုကို ကြည့်။ သူ့မှာဆုကျေးဇူးတွေ၊ အသိပညာနဲ့ စကားပြောကောင်းတာတွေရှိခဲ့ပြီး ဥရောပတိုက်အများစုမှာ ဧဝံဂေလိကို သူဖြန့်ဝေခဲ့ပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူကြားတဲ့အခါ နားမလည်ခဲ့ဘူး။ နောက်ဆုံးတော့ သူ သခင်ယေရှုကို မသိခဲ့ပါဘူး။ ပြီးတော့ ယေရှုအပေါ် သူ့ရဲ့အတိုက်အခံလုပ်တဲ့ အနှစ်သာရကို ဘယ်တော့မှ ဝန်မခံခဲ့ဘူး။ သူ့ရဲ့ဇွဲလုံ့လရှိရှိလုပ်ဆောင်မှုဟာ သရဖူနဲ့ ဆုလာဘ်တွေ ရရှိဖို့အတွက်ပါပဲ။ သူ့အတွက် အသက်ရှင်ခြင်းဟာ ခရစ်တော်ပဲလို့ မာနထောင်လွှားပြီးတောင် ပြောဆိုခဲ့သေးတယ်။ ဒါက ပေါလုက ဘုရားနှုတ်ကပတ်တော်တွေကို အမှန်တကယ် သဘောပေါက်နားမလည်နိုင်ခဲ့ဘူး ဒါမှမဟုတ် သမ္မာတရားကို နားမလည်နိုင်ခဲ့ဘူးဆိုတာကို ပြသခဲ့တယ်။ ပေါလုဟာ အစွမ်းအစနိမ့်ပါးသူတစ်ယောက်ပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့ ပေတရုကတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်သဘောပေါက်နိုင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ရာလမ်းကို ရှာဖွေနိုင်ခဲ့တယ်။ သူဟာ ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း တိတိကျကျ လက်တွေ့လုပ်ဆောင်နိုင်ခဲ့တယ်။ ဘုရားသခင်ကို သေတဲ့အထိ ကျိုးနွံနာခံပြီး ဘုရားသခင်ကို အစွမ်းကုန်ချစ်တဲ့အကြောင်း သက်သေခံခဲ့တယ်။ အဲဒါကြောင့် ပေတရုဟာ အစွမ်းအစကောင်းတဲ့သူတစ်ယောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မဟာ လူတွေ ဒါမှမဟုတ် အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်တွေအတိုင်း မရှုမြင်ခဲ့ဘူး။ စကားပြောစွမ်းရည်တွေ ကောင်းတာနဲ့ ဇဝနဉာဏ်ရွှင်တာကို အစွမ်းအစကောင်းမွန်မှုရဲ့ စံနှုန်းအဖြစ် ကျွန်မ အမြဲ သတ်မှတ်ခဲ့တယ်။ ဒီပင်ကိုအနေအထားတွေကို ကျွန်မ မပိုင်ဆိုင်ခဲ့ရတဲ့အခါ ကျွန်မဟာသိမ်ငယ်ပြီးအပျက်သဘောဆောင်တဲ့ခံစားချက်တွေနဲ့ နေထိုင်ခဲ့ရပြီး မတက်မကြွဖြစ်လာတဲ့အပြင် တာဝန်တွေအပေါ်မှာလည်း ခိုကပ်လာတယ်။ ဒီအရာက ကျွန်မရဲ့ကိုယ်ပိုင်အသက်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေခဲ့ရုံသာမက အသင်းတော်ရဲ့အလုပ်ကို ဆုံးရှုံးမှုတွေပါဖြစ်စေခဲ့ပါတယ်။ ထပ်ပြီး ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မရဲ့ စကားပြောစွမ်းရည်က သိပ်မကောင်းပေမဲ့၊ ကျွန်မဟာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ တချို့ကို နားလည်နိုင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့တာကနေ တချို့ကိစ္စတွေကို ဖြေရှင်းနိုင်ခဲ့တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ အစွမ်းအစကို သာမန်အဆင့်လို့ အကဲဖြတ်ကြတယ်။ ကျွန်မဟာ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အကဲဖြတ်ချက်တွေအပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ရှုမြင်ဖို့ လိုအပ်တယ်၊ ပြီးတော့ အယူအဆတွေအပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးအဖြတ်မပေးသင့်ဘူး။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ စိတ်နှလုံးထဲမှာ အရမ်းကို ပေါ့ပါးသွားတာပေါ့။ နောက်ပိုင်းမှာ ကျွန်မ ရူကျင်းနဲ့ တွေ့ဆုံခဲ့တယ်၊ သူ့မှာရှိတဲ့ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ထောက်ပြခဲ့တယ်၊ ပြီးတော့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သုံးပြီး သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ရူကျင်းက ထောက်ပြမှုတွေနဲ့ အကူအညီကို လက်ခံနိုင်ခဲ့ပြီး သမ္မာတရားကို ရှာဖွေဖို့၊ နောင်တရဖို့နဲ့ ပြောင်းလဲဖို့ ဆန္ဒရှိခဲ့တယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်ပြီးနောက်မှာ ကျွန်မဟာ အရမ်းကို စိတ်အေးချမ်းပြီး ငြိမ်းချမ်းတယ်လို့ ခံစားခဲ့ရတယ်။
နောက်ပိုင်းမှာ ကျွန်မ ထပ်ပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့တယ်၊ ကျွန်မရဲ့ စွဲမြဲနေတဲ့ သိမ်ငယ်စိတ်ရဲ့ ခံစားချက်တွေနောက်ကွယ်မှာ တခြား ဘယ်လိုမျိုး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိနေနိုင်လဲလို့ပေါ့။ တစ်နေ့မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့တာကတော့၊ အန္တိခရစ်တွေဟာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အထူးတလည် တန်ဖိုးထားကြတယ်၊ ပြီးတော့ သူတို့ဟာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အသက်လောက် အရေးကြီးတယ်လို့ ရှုမြင်ကြတယ်။ ကျွန်မရဲ့ အပြုအမူဟာ အန္တိခရစ်တွေရဲ့အပြုအမူနဲ့ အတူတူပဲဖြစ်နေခဲ့တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ အတွေးအခေါ်တွေနဲ့ အလေးထားမှုတွေဟာ သမ္မာတရားကို လိုက်စားဖို့အတွက် မဟုတ်ဘဲ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲ ပူပန်နေပြီး အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို စိုးရိမ်နေတာ ဖြစ်တယ်။ ငယ်ငယ်ကတည်းက ကျွန်မဟာ တခြားသူတွေရဲ့ ကျွန်မအပေါ် အမြင်တွေကို အရမ်း ဂရုစိုက်ခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မ စကားပြောတာ မသေသပ်ဘူးလို့ ပြောတဲ့အခါ ကျွန်မဟာ တခြားသူတွေနဲ့ စကားပြောတာ နည်းသွားပြီး ကိုယ့်ဘာသာ တစ်သီးတစ်ခြား နေခဲ့တယ်၊ ဒါမှ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို ထိခိုက်မှု လျှော့ချနိုင်မှာလေ။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာ ညီအစ်ကိုမောင်နှမတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းပြီး ရိုးသားကြတယ်၊ ပြီးတော့ ဘယ်သူကမှ ဘယ်သူ့ကိုမှ မလှောင်ပြောင်ဘဲ၊ ကျွန်မတို့ရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်နိုင်တယ်ဆိုတာကို ကျွန်မ သိပေမဲ့၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ စိုးရိမ်မှုက အရမ်းကြီးမားလွန်းတယ်၊ ပြီးတော့ အစွမ်းအစနဲ့ စကားပြောစွမ်းရည် ပိုကောင်းတဲ့သူတွေနဲ့ စုဝေးပွဲတွေမှာ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို စကားပြောရာမှာ ကိုးရိုး ကားရားနိုင်တယ်ဆိုပြီး အထင်သေးမှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ကျွန်မဟာ စကားကို တတ်နိုင်သမျှ နည်းနည်းပဲ ပြောဖို့ ကြိုးစားခဲ့တယ်၊ ကျွန်မရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ပြီး ကျွန်မရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ပေါ့။ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အနေနဲ့ လူတိုင်းရဲ့ တာဝန်တွေနဲ့ အသက်ဝင်ရောက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့က ကျွန်မရဲ့ တာဝန်ပဲ၊ ဒါပေမဲ့ ကျွန်မရဲ့ စကားက ပေါ့တန်တယ်၊ စကားကြောရှည်တယ်လို့ မြင်ခံရမှာ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်သေးဖို့ ဖြစ်သွားမှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ကျွန်မဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ရအောင် ကျွန်မရဲ့ တာဝန်ကို ဘေးဖယ်ထားဖို့ ပိုနှစ်သက်ခဲ့တယ်။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” နဲ့ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်”ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေက ကျွန်မ ရှင်သန်နေထိုင်တဲ့ စည်းမျဉ်းတွေ ဖြစ်လာခဲ့တယ်။ ကျွန်မဟာ မာနနဲ့ အဆင့်အတန်းကို အရာအားလုံးထက် ပိုအလေးထားခဲ့တယ်၊ ကျွန်မရဲ့ အခြေခံအကျဆုံး တာဝန်တွေကိုတောင် လျစ်လျူရှုခဲ့တယ်။ ကျွန်မဟာ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပေါ့။ ကျွန်မက ဘယ်လိုနည်းနဲ့များ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်နေခဲ့တာလဲ။ ကျွန်မဟာ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကို လျှောက်နေခဲ့တာပဲ။ ကျွန်မသာ နောင်တမရဘဲ ဒီအတိုင်း ဆက်သွားနေရင်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို မရရုံတင်မက ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကိုလည်း ခံရမှာပဲ။ အဲဒီအချိန်ကစပြီး ကျွန်မဟာ ဘုရားသခင်ဆီမှာ နောင်တရဖို့၊ ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေရဲ့ ကျေးကျွန်ဘဝကနေ ကိုယ့်ဘာသာကိုယ် ရုန်းထွက်လွတ်မြောက်ဖို့ ဆန္ဒရှိလာခဲ့တယ်။
လူသစ်တွေနဲ့ စုဝေးပွဲတစ်ခုမှာ၊ ညီအစ်မရီရီက ဘုရားနှုတ်ကပတ်တော်တွေကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ပြီး ကျွမ်းကျွမ်းကျကျင် ပြောနေတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေအားလုံးက သူပြောတာကို ခေါင်းညိတ်ပြီး သဘောတူကြတယ်၊ ပြီးတော့ ကျွန်မဟာ သိမ်ငယ်စိတ်ကို ထပ်ပြီး ခံစားခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ရီရီက သူ့ကိုယ်သူဖွင့်ဟပြောဆိုတဲ့နေရာမှာ ဘယ်လောက်တော်လိုက်သလဲ၊ ပြီးတော့ သူ့ရဲ့ မိတ်သဟာယက ဘယ်လောက် ဉာဏ်ပွင့်စေသလဲ ကြည့်ဦး။ ငါက ကိုယ့်ခံစားချက်ကို ရှင်းအောင်ပြောပြတဲ့နေရာမှာ အရမ်းညံ့တယ်၊ ညီအစ်ကိုမောင်နှမတွေက ငါ့ကိုလှောင်ပြောင်ကြမှာလား၊ ဘုရားသခင်ကို ယုံကြည်တာ ဒီလောက်ကြာပြီဖြစ်ပေမဲ့ လူသစ်တစ်ယောက်လောက်တောင် မိတ်သဟာယမှာ ဉာဏ်ပွင့်အောင် မလုပ်နိုင်သေးလို့လေ”လို့ပေါ့။ ဒါကြောင့် ကျွန်မ မိတ်သဟာယဖွဲ့ဖို့ တွန့်ဆုတ်နေခဲ့တယ်။ ကျွန်မ ဒီအတွေးတွေ ဝင်လာတဲ့အခါ ကျွန်မဟာ ဂုဏ်သတင်း။ အဆင့်အတန်းတို့နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေထဲမှာ ထပ်ပြီး ပိတ်မိနေမှန်း သဘောပေါက်ခဲ့တယ်၊ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ ဒီမှားယွင်းတဲ့ အခြေအနေကနေ လွတ်မြောက်အောင် လမ်းပြပေးဖို့ သူ့ကို တောင်းလျှောက်ရင်းနဲ့ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုး တစ်ဖန် ထွက်ပေါ်သည့်အခါ သင်သည် အသိစိတ်နှင့် ချင့်ချိန်နိုင်စွမ်းရှိလိမ့်မည်၊ သင့်ကို ထိုအရာများက ပေးသည့် ဒုက္ခကို သိလိမ့်မည်ဖြစ်ပြီး ထိုအရာများကိုလည်း သင် တဖြည်းဖြည်း လက်လွှတ်ရမည်မှာ အမှန်ဖြစ်၏။ ဤစိတ်ခံစားချက်များ ထွက်ပေါ်သည့်အခါ မိမိကိုယ်ကို ချုပ်ထိန်းခြင်းကို သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်ပြီး ဉာဏ်ပညာကို အသုံးပြုနိုင်လိမ့်မည်ဖြစ်ကာ ထိုအရာများကို သင်လက်လွှတ်နိုင်လိမ့်မည် သို့မဟုတ် ထိုအရာများကို ဖြေရှင်းပြီး ကိုင်တွယ်ရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ မည်သို့ဆိုစေ မှန်ကန်သည့် နည်းလမ်းများ၊ မှန်ကန်သည့် သဘောထားဖြင့် လူများ၊ အမှုအရာများကို သင် ရှုမြင်ပုံနှင့် သင် ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံတွင်ရှိသည့် မှန်ကန်သည့် ရပ်တည်ချက်တို့အား သင် ခံယူကျင့်သုံးခြင်းကို ထိုအရာများက မထိခိုက်စေသင့်ပေ။ ဤသို့ဖြင့် သမ္မာတရားကို လိုက်စားရာတွင် သင်၏ လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးများနှင့် ပိတ်ဆို့နေသောအရာများသည် ယခင်ထက် တိုး၍ နည်းသွားလိမ့်မည်။ သင်သည် ဘုရားသခင် တောင်းဆိုသည့် ပုံမှန်လူ့သဘာဝ နယ်ပယ်အတွင်းတွင် သမ္မာတရားကို အနှောင့်အယှက်မရှိဘဲ သို့မဟုတ် ယခင်ထက် သာ၍ နည်းပါးသည့် အနှောင့်အယှက်များဖြင့် လိုက်စားနိုင်လိမ့်မည်ဖြစ်ပြီး အခြေအနေမျိုးစုံ၌ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ဖြေရှင်းလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေ ထပ်ပေါ်လာတဲ့အခါ၊ ကျွန်မဟာ အဲဒါတွေကို သတိရှိရှိ ပိုင်းခြားသိမြင်ပြီး လွှတ်လိုက်ဖို့ လိုအပ်တယ်။ ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေထဲမှာ ရှင်သန်နေခဲ့ရတဲ့ ကာလ၊ ပြီးတော့ ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းကို အမြဲ ထည့်သွင်းစဉ်းစားနေခဲ့ရတာဟာ တကယ်ကို နာကျင်စရာကောင်းခဲ့တယ်။ ညီအစ်မ ရီရီနဲ့ စုဝေးပွဲမှာ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မကို ထုတ်ဖော်ဖို့၊ ဒါမှမဟုတ် ကျွန်မကို မျက်နှာပျက်အောင်လုပ်ဖို့ မဟုတ်ဘဲ၊ သူ့ရဲ့ မိတ်သဟာယကနေရတဲ့ အလင်းကိုသုံးပြီး ကျွန်မရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးဖို့၊ ပြီးတော့ ကျွန်မကို ပိုပြီး ရရှိအောင် ကူညီပေးဖို့ ဖြစ်တယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ဘောင်ခတ်သလိုခံစားရတာ နည်းသွားတယ်၊ ပြီးတော့ သူ့ရဲ့ မိတ်သဟာယကို နားထောင်ဖို့ ကျွန်မစိတ်တည်ငြိမ်သွားတယ်။ သူ့ရဲ့ မိတ်သဟာယမှာ ကျွန်မဟာ နောက်ထပ်အလင်းတချို့ကို နားလည်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ မိတ်သဟာယပြီးတဲ့နောက်မှာ ကျွန်မရဲ့ကိုယ်ပိုင်နားလည်မှုကိုလည်း ကျွန်မ ဝေမျှခဲ့တယ်။ စုဝေးပွဲကနေ လူတိုင်း အကျိုးကျေးဇူးရရှိခဲ့ပြီး၊ ရလဒ်တွေက တော်တော်ကောင်းခဲ့တယ်။ ဒီအတွေ့အကြုံကနေ ကျွန်မဟာ ဘုရားနှုတ်ကပတ်တော်တွေသာ သမ္မာတရားဖြစ်တယ်ဆိုတာကို မြင်ခဲ့ရတယ်၊ ပြီးတော့ ကျွန်မ မြည်းစမ်းခဲ့ရတာကတော့၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လူတွေနဲ့ ကိစ္စတွေကို ရှုမြင်တာ၊ ပြုမူကျင့်ကြံတာနဲ့ လုပ်ဆောင်တာနဲ့သာ၊ လူတစ်ယောက်ဟာ အမှန်တကယ် လွတ်လပ်ပြီး ပေါ့ပါးတဲ့ ဘဝတစ်ခုနဲ့ ရှင်သန်နိုင်တယ်ဆိုတာပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မ ဒီနှစ် ဇွန်လမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် စပြီး အစေခံခဲ့တယ်။ မကောင်းမှုပြုသူတွေ၊ မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေကို အသင်းတော်ကနေ...
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...
ကျွန်တော်က အသင်းတော်မှာ ရေလောင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ပါ။ အရည်အသွေးပြည့်မီပြီး အရည်အချင်းရှိတဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ချင်တဲ့ ဘယ်သူမဆို...
ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...