မနာလိုခြင်းကင်းသော စိတ်ပေါ့ပါးမှု

28.02.2021

အမ်းကျင့် တရုတ်နိုင်ငံ

၂၀၁၇ ဇန်နဝါရီလမှာ ကျွန်မကို အသင်းတော်ထဲမှာ ရေလောင်းပေးရသည့် တာဝန် ပေးပါသည်။ ဤတာဝန်၌ လေ့ကျင်ခွင့်အတွက် ကျွန်မ ဘုရားသခင်ကို အလွန် ကျေးဇူးတင်ခဲ့မိသည်၊ စိတ်ပါလက်ပါနှင့် ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု ကျွန်မ စိတ်ပိုင်းဖြတ်သည်။ အချိန်နည်းနည်း ကြာပြီးနောက်၊ ကျွန်မက ညီအစ်ကိုမောင်နှမများကို အခြေအနေများ မှန်ကန်အောင် ကူညီပေးသည့်ဘက်မှာဖြစ်စေ၊ စည်းဝေးပွဲများမှာ သူတို့ကို မိတ်သဟာယပြုပေးသည့်ဘက်မှာဖြစ်စေ၊ ရလဒ်အချို့ကို စွမ်းဆောင်ရရှိခဲ့သည်။ ညီအစ်ကိုမောင်နှမများနှင့် အသင်းတော် ခေါင်းဆောင်များ အားလုံးက ကျွန်မကို အထင်ကြီးသွားပြီး၊ ကျွန်မ လုပ်နေသည်မှာ အဆင်ပြေနေသည်ဟု မိမိကိုယ်ကိုယ် အလွန်ပင် စတင် ကျေနပ်လာသည်။

ဇွန်လတွင် အသင်းတော်ခေါင်းဆောင်များက အစ်မဝမ်ကျင်းကို ဤတာဝန်မှာ ကျွန်မနှင့်တွဲလုပ်ဖို့ စီစဉ်ပေးကြပြီး၊ သူမ လိုအပ်သည့်နေရာမှာ ကျွန်မက ကူညီပေးဖို့ တောင်းဆိုခဲ့သည်၊ ယင်းကို ကျွန်မလည်း ပျော်ရွှင်စွာ သဘောတူလိုက်သည်။ ကျွန်မတို့ အတူတူ အလုပ်လုပ်သည့်အခါ၊ အစ်မဝမ်ကျင်းက သမ္မာတရားကို လိုက်စားပြီး၊ သူမအစွမ်းအစနှင့် ပြောပုံဆိုပုံများက တော်တော် ကောင်းနေသည်ကို ကျွန်မ တွေ့လာသည်။ ဤသည်ကို မြင်ရလျက်၊ ကျွန်မ သူမကို နည်းနည်း သတိထားလာသည်။ ကျွန်မက “အလေ့အကျင့်နည်းနည်း ထပ်ရသွားတာနဲ့ သူက ငါ့ထက် သာတော့မယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို အထင်ကြီးလာတော့မှာ သေချာတယ်။ ခေါင်းဆောင်တွေကလည်း သူ့အရည်အသွေးကို ပျိုးထောင်ပေးဖို့ အချိန်ပေးလာလိမ့်မယ်။ အဲဒါဆို ငါ့ကို ဘယ်သူမှ အထင်ကြီးတော့မှာမဟုတ်ဘူး။” ဟု ကျွန်မ စတင် တွေးတောလာသည်။ သို့ရာတွင် ကျွန်မ စိုးရိမ်ခဲ့သည့်အရာက နောက်ဆုံးတော့ ဖြစ်လာခဲ့သည်။ တစ်ရက် စည်းဝေးပွဲအပြီးမှာ၊ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ကို ကျွန်မနှင့် အစ်မဝမ်ကျင်း ရေးထားသည့် ကိုယ်တွေ့ သက်သေခံချက်များ သွားပေးသည်။ ယင်းတို့ကို ဖတ်ကြည့်ပြီးသည့်နောက်၊ ကျွန်မတို့၏ အသင်းတော်ခေါင်းဆောင်က ပြုံးပြီး “ညီမဝမ်ကျင်းရဲ့ သက်သေခံချက် ဆောင်းပါးက မဆိုးဘူး။ ဒီမှာ လက်တွေ့ဆန်တဲ့ အတွေ့အကြုံလေးတွေ ပါတယ်၊ ပြီးတော့ သူ ရေးတာ တော်တော် ကောင်းတယ်။” ဟု ပြောလေသည်။ သူမက အစ်မဝမ်ကျင်းကို ဤကဲ့သို့ ချီးကျူးသည်ကို ကြားရလျက်၊ ကျွန်မ အလွန် မပျော်ရွှင်ပါ။ ကျွန်မ တစ်ယောက်တည်း စဉ်းစားကြည့်သည်၊ “အစ်မဝမ်ကျင်းက အစွမ်းအစကောင်းရှိတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ငါက အလုပ်ထဲက ပြဿနာတွေကို သူ့ထက်ပိုပြီး ဖြေရှင်းပေးထားတာ။ အဲဒီလိုကြည့်ရင်တော့ ငါက သူ့ထက် သာနေတုန်းပဲ။ ငါ အလုပ်ပိုကြိုးစားရမယ်- သူ ငါ့ကို ကျော်တက်သွားလို့ မဖြစ်ဘူး။ မဟုတ်ရင် ဒီက ငါ့ရာထူးပါ ပျောက်သွားလိမ့်မယ်”

နောက် သုံးလေးရက်ကြာပြီးသည့်နောက်၊ အစ်မဝမ်ကျင်းက နောက်ထပ် ကိုယ်တွေ့သက်သေခံချက်တစ်ခု ရေးခဲ့သည်။ ကျွန်မတို့ အသင်းတော်ခေါင်းဆောင်က ယင်းကို ဖတ်ကြည့်ပြီး ဆောင်းပါး ရေးသည့်နေရာမှာ အစ်မဝမ်ကျင်း၏ အစွမ်းအစနှင့် အပြုသဘောဆောင်ခြင်းတို့ကို ထပ်ပြီး ချီးကျူးခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ဆောင်းပါးရေးခြင်းကို အချိန် ပိုပေးဖို့ ပြောခဲ့သည်။ ခေါင်းဆောင် ပြောသည့်စကားများကို ကျွန်မ ဆတ်ခနဲဖြစ်သွားပြီး၊ “ရှင်က ဝမ်ကျင်းရဲ့အစွမ်းအစ ဘယ်လောက် ကောင်းတယ်ဆိုတာချည်းပဲ အမြဲတမ်း ပြောနေတာ။ သူက အရာရာတိုင်းမှာ ကျွန်မထက် ပိုတော်လို့လား။ အစ်မဝမ်ကျင်းက ဒီဆောင်းပါးတွေ ရေးဖို့ အချိန်တွေအများကြီး ပေးပြီးတော့၊ စည်းဝေးပွဲလုပ်တဲ့နေရာတွေဆို လက်တစ်ဆုပ်စာလောက်ပဲ တက်ရတာ။ ကျွန်မလည်း အသင်းတော်အလုပ်တွေ မများဘူးဆိုရင်၊ ဆောင်းပါးတွေ ရေးဖို့ အချိန်ပိုတွေ အများကြီး ရလာမှာပဲ။” ဟု တွေးလျက်၊ သူမကိုလည်း အပြစ်တင်လာမိသည်။ အစ်မဝမ်ကျင်း ချီးကျူးခြင်းခံနေရသည်ကို ကြားရသည်မှာ ကျွန်မ စိတ်ကုန်လာသောကြောင့်၊ ကျွန်မလည်း အသင်းတော် ခေါင်းဆောင်ကို၊ “ကျွန်မလည်း ရေးနိုင်ပါတယ်။” ဟု တုံးတိ ပြောလိုက်သည်။ တစ်ပတ်လောက်ကြာပြီးသည့်နောက်၊ အခြား အသင်းတော်ခေါင်းဆောင်က အစ်မဝမ်ကျင်း၏ ကိုယ်တွေ့ သက်သေခံချက်များကို သိပ်ပြီး လက်တွေ့ကျသည်ဟု ချီးကျူးပြီး၊ ပိုရေးဖို့လည်း သူမကို အားပေးခဲ့သည်။ ကျွန်မကိုလည်း သူမကဲ့သို့ ဖန်တီးရေးသားနိုင်ဖို့ ပြောသည်။ ကျွန်မ တကယ် ဝမ်းနည်းသွားခဲ့သည်- သူမက ဤနေရာကိုရောက်သည်မှာ အချိန်တိုလေးသာ ရှိသေးပြီး ကိုယ်တွေ့ သက်သေခံချက်နှစ်ခု ရေးပြီးသွားပြီ ဖြစ်သည်၊ ပြီးလျှင် အသင်းတော်ခေါင်းဆောင်များ ချီးကျူးသည်ကိုလည်း ခံနေရသည်။ ကျွန်မမှာမူ ဤတာဝန်ကို လုပ်ဆောင်လာသည်မှာ နည်းနည်းကြာပြီဖြစ်သော်လည်း၊ သက်သေခံချက် တစ်ခုသာ ရေးထားသေးသည်- အသင်းတော် ခေါင်းဆောင်များက ကျွန်မကို မည်သို့ထင်ကြမည်နည်း။ ကျွန်မက အချိန်ကို စနစ်ကျအောင် မစီစဉ်နိုင်ဘူး၊ သက်သေခံချက်များ ရေးဖို့ ဒုက္ခခံခြင်းဖြစ်စေ၊ အဖိုးအခပေးခြင်းဖြစ်စေ လုပ်ချင်စိတ်မရှိဘူးဟု ပြောကြမလား။ အစ်မဝမ်ကျင်း၏ ပိုသာလွန်သော အစွမ်းအစအားဖြင့် ကျွန်မက သိက္ခာကျခဲ့နှင့်ပြီးဖြစ်သည်၊ ပြီးလျှင် ယခု သူက ဤဆောင်းပါးများကို ရေးနိုင်သည့်အတွက် ခေါင်းဆောင်များက သူမကို ကျွန်မထက် တော်သည်ဟု ထင်ကြမည်မှာ သေချာပါသည်။ သူမသာ ယင်းတို့ကို ဆက်ရေးနေမည်ဆိုရင်၊ ကျွန်မက ပိုပြီးလျှင် မျက်နှာမလှဖြစ်မည် မဟုတ်ဘူးလား။ ကျွန်မ လုပ်ရမည့်အလုပ်မှာ သူမက ဤဆောင်းပါးများ ရေးဖို့ အချိန်မရှိတော့ဘဲ၊ ခေါင်းဆောင်များ၏ အမြင်မှာလည်း ကျွန်မတို့နှစ်ယောက်ကြား၌ များစွာ ကွာခြားချက် မရှိနေစေဖို့အလို့ငှာ၊ သူမကို အလုပ်များနေအောင် ထားဖို့ နည်းလမ်းတစ်ခု ရှာရန် ဖြစ်သည်ဟု ကျွန်မ ဆုံးဖြတ်လိုက်သည်။ ကျွန်မလည်း အသင်းတော်မှာ ကိုယ့်ဂုဏ်ဒြပ်ကို ဆက်ထိန်းနိုင်အောင်၊ သူမအပေါ်မှာ ဖိအားများ အလျှော့အတင်း စလုပ်ပြီး မိတ်သဟာယတွေ့ဆုံသည့် အဖွဲ့များအချို့ကို သူမဆီ တာဝန်ခွဲပေးလိုက်သည်။ ထိုနောက်ပိုင်းမှာ သူမ နေ့တိုင်း မည်မျှအလုပ်များလာသည်ကို ကြည့်ရင်းနှင့်၊ သူမ၏တာဝန်အချို့ကို ပြန်လျှော့ပေးဖို့ စဉ်းစားသေးသည်။ သို့ရာတွင် ကျွန်မက “ရှင်က ဒီလောက် အလုပ်မများဘူးဆိုရင်၊ အဲဒီဆောင်းပါးတွေ ရေးဖို့ အချိန်ရသွားမှာ။ ရှင့်ကို အလုပ်ရှုပ်နေအောင် ထားတာ အကောင်းဆုံးပဲ။” ဟု မိမိဘာသာ တွေးခဲ့သည်။ တစ်ညနေတွင် သူမ သက်သေခံချက်တစ်ခု ရေးနေသည်ကို ကျွန်မ တွေ့သွားပြီး၊ ကျွန်မလည်း သူ တာဝန်ယူနေသည့် အဖွဲ့များအားလုံး၏ လုပ်ဆောင်ချက်အကြောင်း အသေးစိတ်ကို လေသံမာမာနှင့် အတင်းဖိမေးခဲ့ပြီး၊ ပြဿနာများကို မဖြေရှင်းရသေးသည့် ယုံကြည်သူအသစ် အနည်းငယ် ရှိနေသည်ကို သိခဲ့ရသည်။ ကျွန်မက သူမအား မိမိ၏တာဝန်ကို ဂရုစိုက်ခြင်း မရှိဟု ပြောလျက်၊ အပြစ်တင်ခဲ့သည်။ သူမကို ကြိမ်းမောင်းပြီးသည့်နောက်၊ သူမက ခေါင်းလေးငုံ့ပြီး မည်သည့်အရာမျှ မပြောခဲ့ပါ။

တစ်လကြာပြီးနောက်၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်က အစ်မဝမ်ကျင်းသည် သူမတာဝန် ယူထားသည့် အဖွဲ့များအတွက် အောင်မြင်မှု များစွာမရှိဘဲ၊ သူမ မဖြေရှင်းဘဲထားသည့် ပြဿနာအချို့ ရှိနေဆဲ ဖြစ်သည်ကို တွေ့ပြီး ခေါင်းဆောင်က မည်သည့်အရာများဖြစ်နေသည်ကို ကျွန်မအား မေးခဲ့သည်။ ကျွန်မက “ရှင်က သူ့ကို အရမ်းအထင်ကြီးခဲ့တာ၊ ဒါပေမဲ့ အခု သူ့တာဝန်မှာ မအောင်မြင်ဘူးဆိုတာ ရှင် သိပြီဆိုတော့၊ သူ့ကို အရမ်းကြီး အထင်ကြီးတော့မှာ မဟုတ်ဘူး” ဟု မိမိဘာသာ တွေးလိုက်သည်။ သို့ရာတွင် ခေါင်းဆောင်က သူမကို ပို၍ပင် အကူအညီပေးဖို့ အထူးတလည် တောင်းဆိုလာခဲ့သည်မှာ ကျွန်မ အံ့အားသင့်ခဲ့ရပါသည်။ ကျွန်မ ဤသည်ကို အလွန် အတိုက်အခံ ဖြစ်သွားခဲ့သည်။ “ရှင်တို့က အစ်မဝမ်ကျင်းကိုပဲ ဂရုစိုက်ကြတာကိုး၊” ဟု ကျွန်မက တွေးမိသည်။ “သူ့အစွမ်းအစက ကျွန်မထက် သာတယ်။ ကျွန်မက သူ့ကိုပဲ ကူညီနေရမယ်ဆိုရင်၊ သူက နောက်ဆုံး ကျွန်မကို အစားထိုးသွားမှာပေါ့။” ကျွန်မ ဆင်ခြေများ စတင် ပေးခဲ့သော်လည်း၊ အသင်းတော်ခေါင်းဆောင်က ကျွန်မ၏ အခြေအနေကို ကောင်းကောင်းသိသည်။ ကျွန်မ၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဓာတ်မကောင်းခြင်းကို မြင်အောင်ပြပြီး ကျွန်မက ဘုရားအိမ်တော်၏အလုပ်ကို ထိန်းသိမ်းခြင်း မရှိကြောင်း၊ အစ်မဝမ်ကျင်းမှာမူ အစွမ်းအစ ကောင်းရှိပြီး လေ့ကျင့်ပေးထိုက်ကြောင်း၊ ကျွန်မက သူမကို ပို၍ မိတ်သဟာယပြုပြီး ကူညီပေးရမည်ဖြစ်ကြောင်းနှင့် ကျွန်မသည် မိမိ၏ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းအတွက်သာ ပူပန်နေ၍ မရပါဟု သူမက ပြောသည်။ နောက်ပိုင်းတွင် ကျွန်မလည်း မိမိကိုယ်ကိုယ် အားတင်းပြီး သူမ၏တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲ တစ်စုံတစ်ရာ ရှိ မရှိ အစ်မဝမ်ကျင်းကို မေးခဲ့သည်။ သူမက ကျွန်မကြောင့် စိတ်ကျဉ်းကျပ်သလိုဖြစ်ပြီး၊ ကျွန်မကို ပွင့်ပွင့်လင်းလင်း မပြောချင်သည်ကို ကျွန်မ မြင်သည်။ ယင်းက ကျွန်မကို မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့ ဖြစ်စေခဲ့သင့်သော်လည်း၊ ကျွန်မက သူမကို သဘောမကျဘဲ၊ “ငါက သူ့ကိုကူညီဖို့ ကြိုးစားတာပဲ။ ဒါပေမဲ့ သူက ဘာမှမပြောချင်ဘူး။” ဟု မိမိဘာသာ တွေးလိုက်သည်။ ကျွန်မ၏ဝိညာဉ်က တဖြည်းဖြည်းနှင့် မမှောင်မိုက်လာသည်။ အသင်းတော်၏အလုပ်အကြောင်း ဆွေးနွေးသည့်အခါ၊ သိသိသာသာ ပေါ်နေသည့် အရေအတွက်များသော ပြဿနာများကို ကျွန်မ သတိထားမိလာသည်။ အစ်မဝမ်ကျင်းကို မြင်ရလေလေ၊ သူမ ရှိနေသည်ကို ကျွန်မ ပိုပြီး စိတ်တိုလေသည်။ တစ်ရက်တွင် သူမ အမှားတစ်ခုလုပ်နေသည်ကို ကျွန်မက မြင်ပြီး၊ ဒေါသထွက်ကာ သူမကို “ဒီပြဿနာကို ကျွန်မတို့ ဆွေးနွေးထားပြီးသားလေ။ အစ်မက အဲဒါကို မဖြေရှင်းသေးဘူး။ အစ်မက ဟိုဆောင်းပါးတွေ ရေးပြီဆိုရင် အမြဲတမ်း သတိထားတယ်- ကိုယ့်တာဝန်ကို လုပ်တဲ့အချိန်ကျတော့ အဲဒီလိုဖြစ်မလာတာ စိတ်ပျက်စရာ ကောင်းတယ်” ဟု လေသံမာမာနှင့် အပြစ်တင်လိုက်သည်။ ဤနောက်ပိုင်းတွင် အစ်မဝမ်ကျင်းက ကျွန်မကြောင့် တော်တော် ချုပ်ချယ်ခံရသလို ဖြစ်သွားတာ။ သက်သေခံချက်များလည်း ထပ်မရေးရဲတော့ပါ။ ကျွန်မကြောင့် သူ နာကျင်သွားသည်ဆိုတာ ကျွန်မ သိသော်လည်း၊ ကျွန်မ မထိန်းနိုင်ခဲ့ပါ- မရည်ရွယ်ဘဲ သူမကို ကျွန်မ အမြဲတမ်း ဒေါသထွက်မိနေသည်။ ကျွန်မလည်း ရင်ထဲမှာ ခံစားရသောကြောင့်၊ ဤအခြေအနေမှ လွတ်အောင် ကျွန်မကို ကူညီပေးဖို့၊ ဘုရားကို ကျွန်မ ဆုတောင်းခဲ့သည်။

နောက်တစ်နေ့တွင် စည်းဝေးပွဲတစ်ခုအတွင်းတွင်၊ အစ်မဝမ်ကျင်းက သူမချို့ယွင်းချက်များက များလွန်းကြောင်း၊ ဤတာဝန်ကို လုပ်ဖို့ သူမအနေနှင့် အဆင့်မမီဘဲ၊ ယခင်က လုပ်ခဲ့သည့်တာဝန်ကိုပဲ ပြန်လုပ်ချင်ကြောင်း ပြောခဲသည်။ ဤသည်ကို ကြားလျက်၊ ကျွန်မက “ဒါတွေအားလုံးက ငါက သူ့ကို နာကျင်အောင်လုပ်မိတာတွေကြောင့်လား။ အဲဒီလိုဆိုရင်တော့ ငါက တကယ့် မကောင်းမှုတစ်ခု လုပ်လိုက်မိပြီ။” ဟု ချက်ချင်း စဉ်းစားမိသည်။ ကျွန်မသည် အနည်းငယ် ကြောက်သလို လန့်သလို ဖြစ်လာသည်။ သူမကိုလည်း ဤကိစ္စနောက်ကွယ်က အကြောင်းရင်းကို မေးကြည့်ပြီး သူမကို ကူညီဖို့ ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ မိတ်သဟာယပြုပေးသည်။ မိတ်သဟာယ ပြုပေးပြီးသည့်နောက်၊ သူမအခြေအနေက အများကြီး ကောင်းသွားပြီး- ဤတာဝန်ကို ဆက်လုပ်ချင်သည်ဟု သူမက ပြောလာတော့၊ ကျွန်မ စိတ်အေးသွားရသည်။ ထို့နောက်တွင် အသင်းတော်ခေါင်းဆောင်တစ်ယောက် ရောက်လာခဲ့သည်။ ကျွန်မက အစ်မဝမ်ကျင်းကို ချုပ်ချယ်နေကြောင်း၊ ဝမ်ကျင်းကသာ ကျွန်မနှင့်အတူ အလုပ်ဆက်မလုပ်ချင်ကြောင်းတို့ကို သိသွားသည့်အခါ၊ သူမက ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သူမက “သူ အမှားတွေလုပ်နေတာကို မြင်တဲ့အချိန်မှာ ညီမက ဘာဖြစ်လို့ သူ့ကို အေးအေးဆေးဆေး မိတ်သဟာယမပြုပေးတာလဲ၊ ဘာဖြစ်လို့ ကူညီမပေးနိုင်တာလဲ။ အဲဒီလိုလုပ်ရမဲ့အစား ညီမက ဒေါသတွေကြီးပြီး သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံတယ်။ ညီမရဲ့တာဝန်တွေမှာ ရလဒ်တွေလည်း အခုနောက်ပိုင်း သိသိသာသာ ဆိုးလာတယ်- ကိုယ့်ကိုယ်ကိုယ် လေးလေးနက်နက် ဆင်ခြင်ကြည့်ဖို့လိုပြီ။” ဟု သူမက ပြောခဲ့သည်။ သူမ ပြောသည့်အရာများက ကျွန်မ တော်တော် ခံစားလိုက်ရသည်။ မျက်ရည်ပါ လည်လာပြီး၊ စိတ်ထဲတွင် မတရားသဖြင့် ခံရသည်ဟု ခံစားရကာ၊ စတင် ပြန်လှန်ချေပခဲ့သည်။ “အလုပ်နဲ့ပတ်သက်ပြီး လတ်တလောမှာ မအောင်မြင်တာတွေ ဖြစ်နေတယ်ဆိုရင်၊ အဲဒါက ကျွန်မတစ်ယောက်တည်းကြောင့် မဟုတ်ဘူး- ဘာဖြစ်လို့ ကျွန်မတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းခံနေရတာလဲ။” သို့ရာတွင် ထိုအချိန်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စဉ်းစားမိသည်၊ “သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင်၊ နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာကို ဘုရားသခင်က စီစဉ်ထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများ အားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် သင့်ကို ဖော်ထုတ်ဖို့ရန် မဟုတ်ရပါ၊ သင့်ကို ဖော်ထုတ်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ယင်းမှာ မှန်ပေသည်- ကျွန်မက ဤလူများ၊ အဖြစ်အပျက်များနှင့်၊ အမှုအရာများအားလုံးနှင့် ကြုံဆုံနေသည်မှာ ဘုရားသခင်၏ ခွင့်ပြုချက်အားဖြင့် ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်က ကျွန်မအတွက် အမှုအရာများ တမင်ခက်ခဲအောင် လုပ်နေခြင်း မဟုတ်ပါ။ ဆင်ခြင်ကြည့်ဖို့ ဖြေရှင်းဖို့လိုနေသည်မှာ ကျွန်မ၏ ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘောထား ဖြစ်သည်။ ကျွန်မအနေနှင့် ဆင်ခြေပေးခြင်းများ၊ မကျေမနပ်ဖြစ်ခြင်းများကို ရပ်ပစ်ရမည်- နာခံတတ်သည့် စိတ်နှလုံးကို ထိန်းသိမ်းထားရမည်၊ ဖြစ်ပျက်နေသည့်အရာကို လက်ခံရမည်။ ဤသည်ကို ကျွန်မ တွေးမိသည့်အခါ၊ ဖြစ်ပျက်ခဲ့သည့် အရာများအားလုံးကို ဝမ်းနည်းနေသည့်စိတ်က အနည်းငယ် သက်သာသွားသည်။

ထိုညတွင် ကျွန်မ အိပ်၍မရပါ။ အိပ်ရာထဲမှာသာ လူးလှိမ့်နေသော်လည်း၊ ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အရာများ အားလုံးက ခေါင်းထဲမှာ ရုပ်ရှင်တစ်ကားကဲ့သို့ အစအဆုံး ပြန်ပြန်ပေါ်နေသည်။ ကျွန်မက “ဘုရားသခင်က ငါ့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ပေးဖို့ အသင်းတော်ခေါင်းဆောင်ကို စီစဉ်ပေးခဲ့တာဆိုရင်၊ ငါက ဒါတွေအားလုံးကနေ ဘာကို သင်ယူသင့်တာလဲ။ ငါက အစ်မဝမ်ကျင်းကို ဘယ်လို ဆက်ဆံနေမိခဲ့တာလဲ။” ဟု မိမိကိုယ်ကိုယ် မေးနေမိသည်။ သူမမှာ အစွမ်းအစကောင်းရှိမှန်း ကျွန်မ ကောင်းကောင်းသိသော်လည်း၊ သူမထံမှ သင်ယူဖို့ ကျွန်မ မကြိုးစားခဲ့ပါ- ထိုအစား ကျွန်မက သူမနှင့် ပြိုင်ဖို့ကြိုးစားခဲ့သည်။ သူမက ဘုရားသခင်ကို သက်သေခံသည့် ဆောင်းပါးများကို ရေးချင်ခဲ့သော်လည်း၊ ဤဆောင်းပါးများ ရေးမည်ဆိုသည့် ထက်သန်သည့် သူမစိတ်ကို ကျွန်မက ဖျက်ဆီးဖို့ ကြိုးစားခဲ့ပြီးဖြစ်သည်။ ထိုမျှ ကောက်ကျစ်ယုတ်မာသည့်အရာ တစ်ခုကို ကျွန်မ မည်သို့များ လုပ်နိုင်ခဲ့သနည်း။ ထိုနောက်ကွယ်တွင် မည်သည့် အတွေးအခေါ်ရှိခဲ့သနည်း၊ ပြီးလျှင် ယင်းက မည်သည့်နေရာမှ ဝင်လာသနည်း။

နောက်နေ့ကျတွင် ကျွန်မ၏ဝတ်ပြုခြင်းများအတွင်း ဘုရားသခင်၏နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်မိသည်၊ “လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ထက်သာလွန်မည်၊ ပြီးလျှင် မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိမည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး၊ ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့ကာ၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခဲ့လျှင်၊ သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူး နေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များ မိန့်ဆိုသည့်အကြောင်းအရာက ကျွန်မ၏ အခြေအနေနှင့် ကွက်တိဖြစ်နေသည်။ လတ်စသတ်တော့ ကျွန်မက အသိအမှတ်ပြုခံချင်စိတ်နှင့် ဂုဏ်သတင်းအတွက် ကျွန်မ၏အစ်မကို လိုက်ပြိုင်နေခဲ့မိခြင်း ဖြစ်သည်။ ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်ကို လိုချင်သည့် ကိုယ့်ဆန္ဒနှင့် ပိတ်မိနေခဲ့ခြင်း ဖြစ်ပြီး၊ ယင်းထဲမှ မိမိကိုယ်ကိုယ် လွတ်အောင် မလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤတာဝန်မှာ အစ်မဝမ်ကျင်းနှင့်အတူတူ အလုပ်စလုပ်ပြီး သူမမှာ အစွမ်းအစကောင်းရှိကာ ကိုယ်တွေ့သက်သေခံချက်များ ရေးဖို့ စိတ်ထက်သန်ပြီး၊ အသင်းတော်ခေါင်းဆောင်များ၏ ချီးကျူးခံရခြင်းတို့ကို မြင်ပြီးကတည်းက၊ ကျွန်မက မနာလိုဖြစ်ခဲ့ပြီး ယင်းကို လက်ခံချင်စိတ် မရှိခဲ့ပါ။ မိမိကိုယ်ကိုယ် သူမနှင့်ယှဉ်ပြီး မိမိစိတ်ထဲမှာ သူမကို တိတ်တိတ်လေး လိုက်ပြိုင်နေခဲ့မိသည်။ ဆောင်းပါးများ ရေးဖို့ အချိန်မရစေရန် သူမကို စည်းဝေးပွဲ အုပ်စုများ တစ်သီတစ်တန်းကြီးကို ကြီးကြပ်စေခဲ့သည်၊ ပြီးလျှင် သူမအလုပ်မှာ ပြဿနာများ ရှိလာသည့်အခါ၊ ကျွန်မက သူမကို မကူညီခဲ့ရုံသာမက၊ သူမက ပြုသမျှနုပြီး စိတ်ကျဉ်းကျပ်လာသည်အထိ သူမကို ဆူပူခဲ့မိသည်။ သူမမှာ အစွမ်းအစ ကောင်းရှိပြီး သူမကို လေ့ကျင့်ပေးသင့်သည်ကိုလည်းကောင်း၊ ကျွန်မသည် သူမကို ပို၍ ကူညီပေးခဲ့သင့်သည်ကိုလည်းကောင်း ကျွန်မ သိသည်။ သို့ရာတွင် ကျွန်မက သူမ၏ အစွမ်းအစများကို မနာလိုဖြစ်မိပြီး၊ အခြားသူ တစ်စုံတစ်ဦးက ကျွန်မထက် သာနေသည်ကို မလိုချင်ခဲ့ပါ၊ သူမက ကျွန်မထက် ပိုတော်သည်ကို နားလည်မိသည့်အချိန်မှာ မနာလို ဖြစ်လာသည်၊ အာဃာတ ထားလာသည်။ မိမိဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းကို ထိန်းထားဖို့၊ ကျွန်မက သူမကို မကူညီဘဲ၊ သူမကို ဖိနှိပ်ပြီး ဆောင်းပါးများရေးဖို့ သူမ၏စိတ်အားထက်သန်မှုကိုလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့မိသည်။ ကျွန်မက အလွန် မလိုမုန်းထား စိတ်ကြီးပြီး၊ ရွံစရာကောင်းခဲ့ပါသည်။ ဘုရားသခင်က ကျွန်မကို ရေလောင်းသည့်တာဝန် ထမ်းဆောင်ရာတွင် ခွင့်ပြုထားလျက်၊ ကျွန်မကို ကျေးဇူးပြုတော်မူခဲ့သည်။ ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ မိမိ၏တာဝန်ကို မှန်မှန်ကန်ကန် မထမ်းဆောင်ခဲ့ဘဲ၊ ထိုအစား ဝမ်ကျင်း၏ အစွမ်းအစများကို မနာလိုဖြစ်ပြီး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် သူမကို ပြိုင်ခဲ့မိသည်။ ကျွန်မမှာ အသိစိတ်၊ ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့ပါ။ ကျွန်မလည်း နောင်တများဖြင့် ပြည့်ပြီး မိမိကိုယ်ကိုယ် အပြစ်တင်မိသည်၊ ထို့ကြောင့် ဤပြဿနာ၏ရင်းမြစ်ကို ရှာတွေ့ဖို့ လမ်းပြပေးပါရန် တောင်းလျှောက်ရင်း၊ ဘုရားသခင်ကို ဆုတောင်းလိုက်သည်။

နောက်တော့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်၊ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆရင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် ကျွန်မတို့ကို ချုပ်နှောင်ဖို့ စာတန် အသုံးပြုသည့် ချည်နှောင်မှုများသာဖြစ်သည်၊ ကျွန်မတို့ ဖောက်ပြန်ပျက်စီးအောင် စာတန် အသုံးပြုသည့် လက်နက်များ ဖြစ်သည်ကို ကျွန်မ နားလည်သွားသည်။ ကျွန်မ၏ ဘဝ ရည်မှန်းချက်များ၊ စိတ်ကူးများ၊ အမြင်များက အမြဲတမ်း မှားနေခဲ့သောကြောင့်၊ ကျွန်မက ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ ချည်နှောင်မှုများနှင့် အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် လွတ်အောင် လုပ်နိုင်ခြင်း မရှိပါ။ ကျွန်မက ဘုရားသခင်၏နှုတ်ကပတ်တော်များအရသော်လည်းကောင်း၊ သူ၏ တောင်းဆိုချက်များနှင့်အညီသော်လည်းကောင်း ပြုမူနေထိုင်ခဲ့ခြင်း မရှိပါ- “သူများတွေထက် ထူးချွန်ပါစေ၊” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏၊” “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” ဟူသည့် စာတန်က ကျွန်မတို့ဆီမှာ သွတ်သွင်းပေးသည့်၊ မကောင်းသည့် အသက်ရှင်သန်ရေးစည်းမျဉ်းများအတိုင်း ကျွန်မက လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မက ကျောင်းတွင်ဖြစ်စေ၊ လူ့အဖွဲ့အစည်း၌ အလုပ်လုပ်သည့်အချိန်တွင်ဖြစ်စေ နာမည်နှင့် အကျိုးအမြတ်ရဖို့၊ နံပါတ်တစ်ဖြစ်ဖို့၊ ပြီးလျှင် လူများကြားမှာ ထင်ပေါ်ရန် မိမိ၏ရည်မှန်းချက် ပြည့်ဖို့ ကျွန်မ အမြဲတမ်း နေ့နေ့ညည အပြင်းအထန် ကြိုးစားခဲ့သည်။ ဘုရားသခင်ကို ယုံကြည်လာပြီးသည့်နောက်တွင်၊ ဂုဏ်သတင်းနှင့် ဂုဏ်ဒြပ်တို့၏ လွှမ်းမိုးမှုအောက်မှာ ဆက်ပြီးနေဆဲ ဖြစ်သည်။ မိမိ၏တာဝန်၌ ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးခြင်း၊ ချီးကျူးခြင်းတို့ကို ခံရသည့်အချိန်၊ နာမည်၊ အကျိုးအမြတ်နှင့် ဂုဏ်ဒြပ်တို့ကို လိုချင်သည့် မိမိ၏ဆန္ဒ ပြည့်နေသည့်အချိန်မျိုးမှာ၊ ထင်ပေါ်မှုဆိုသည့် အရသာကို ကျွန်မ ကြိုက်မိပြီး အရမ်း ပျော်မိသည်။ သို့ရာတွင် အစ်မဝမ်ကျင်းက ကျွန်မထက် ပိုတော်သည်ကို မြင်လာသည့်အချိန်တွင်၊ သူမအရည်အချင်းများကို မနာလို ဖြစ်လာမိသည်။ သူမက ကျွန်မထက် ထူးချွန်သွားမည်၊ မိမိ၏နေရာကို ခြိမ်းခြောက်လာမည်ဟု စိုးရိမ်မိသောကြောင့်၊ ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားကိုဖြစ်စေ၊ သူမ၏ ခံစားချက်များကို ဖြစ်စေ ထည့်မတွက်ခဲ့ဘဲ၊ ကျွန်မက သူမကို အတတ်နိုင်ဆုံး ဖိနှိပ်ချုပ်ချယ်ခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မက ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် မိမိ၏အချိန်၊ စွမ်းအားတို့အားလုံးကို ပေးအပ်ထားသည့် ကျေးကျွန်တစ်ယောက် ဖြစ်လာခဲ့ကြောင်းနှင့် ထိုအရာများနောက်လိုက်ရင်း မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပျောက်ဆုံးခဲ့ကြောင်းတို့ကို ထိုအချိန်မှာ ရှင်းရှင်းလင်းလင်း မြင်သွားသည်။ ကျွန်မက တစ်စိမ့်စိမ့်နှင့် အန္တရာယ်ပြုကာ၊ မလိုမုန်းထားပြီး၊ ပို၍ တစ်ကိုယ်ကောင်းဆန်လာကာ၊ စိတ်ထားမကောင်းတော့ဘဲ၊ ကျွန်မက စာတန်နတ်ဆိုး၏ပုံသဏ္ဌာန်နှင့်သာ အသက်ရှင် နေထိုင်ခဲ့မိသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်ဒြပ်တို့သည် တကယ်ကို စာတန်၏လက်နက်များ ဖြစ်လာခဲ့ပြီး၊ ကျွန်မအား ဘုရားသခင်ကို ခုခံသစ္စာဖောက်မိစေဖို့ အမိဖမ်းပြီး ပျက်စီးစေခဲ့သည့် အရာများသာ ဖြစ်သည်။ ယခင်က ဘုရားသခင်၏အိမ်တော်မှ နှင်ထုတ်ခံရသည့် အန္တိခရစ်များအကြောင်း ကျွန်မ တွေးမိသည်။ သူတို့က ဂုဏ်ဒြပ်ကို ကျန်သည့်အရာများအားလုံးထက် ပိုပြီး တန်ဖိုးထားခဲ့ကြသည်။ မိမိညီအစ်ကိုမောင်နှမများကို ဂုဏ်ဒြပ်အတွက် ပစ်ပယ်ခဲ့ကြသည်၊ ဖိနှိပ်ခဲ့ကြသည်၊ ပြီးလျှင် လူများကို သူတို့စိတ်ကြိုက် အပြစ်ပေးပြီး နှင်ထုတ်ခဲ့ကြသည်။ နောက်ဆုံး ၎င်းတို့က မကောင်းမှုမျိုးစုံကို ကျူးလွန်ပြီး သုတ်သင်ဖယ်ရှင်းခြင်းခံခဲ့ရသည်။ အစ်မဝမ်ကျင်းကို ကျွန်မ ပြုမူဆက်ဆံခဲ့သည့်ပုံစံက မိမိ၏ အန္တိခရစ်စိတ်သဘောထားကို ထုတ်ပြခဲ့ပြီး၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် သန့်စင်ပေးမှုကို လက်မခံဘဲ၊ လေးလေးနက်နက် နောင်တမရခဲ့ပါက၊ ကျွန်မလည်း တစ်နေ့နေ့မှာ ထိုအန္တိခရစ်များကဲ့သို့ သုတ်သင်ဖယ်ရှင်း ခံရလိမ့်မည်ကို ကျွန်မ သိလိုက်သည်။ ကျွန်မသည် အန္တရာယ်ရှိသည့် အခြေအနေထဲ ရောက်နေကြောင်း၊ ကျွန်မ၏ဝိညာဉ်မှာ မှောင်မိုက်နေခြင်းနှင့်၊ ကျွန်မ၏တာဝန်၌ ကျွန်မ၏ ရှုံးနိမ့်ခြင်းများသည် ဘုရားသခင်၏ ပြင်းထန်သည့် တရားစီရင်မှုနှင့် ဆုံးမပဲ့ပြင်မှုဖြစ်သည်ကို ကျွန်မ မြင်သွားသည်။ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပြီး၊ အချိန်သိပ်နောက်မကျသေးမီ မိမိ လျှောက်နေသည့် လမ်းမှားကို စွန့်ပြီး၊ နောက်ပြန်လှည့်သင့်သည်မှာ ကျွန်မအတွက် ဘုရား၏အလိုတော်ဖြစ်သည်။

ထို့ကြောင့် ကျွန်မ ဘုရားသခင်ထံတွင် ဆုတောင်းပြီး ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းဆီ ညွှန်ပြပေးဖို့ တောင်းလျှောက်ခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်၊ “ဤအရာကို စဉ်းစားကြည့်လော့- အကယ်၍သာ ထိုသူသည် ယင်းအခြေအနေများထဲ အမိဖမ်းခံရခြင်းမှ ရှောင်လိုကာ ၎င်းတို့မှ လွတ်ကင်းနိုင်လိုပြီး ယင်းအရာများ၏ စိတ်သောကများနှင့် အချုပ်အနှောင်မှ လွတ်မြောက်နေလိုလျှင် ထိုသူသည် မည်ကဲ့သို့သော အပြောင်းအလဲများကို လုပ်ရမည်နည်း။ လူတစ်ဦးသည် အမှန်တကယ် မလွတ်လပ်နိုင်ခင်၊ မလွတ်မြောက်နိုင်ခင် အဘယ်အရာကို ရယူရမည်နည်း။ တစ်ဖက်တွင် သူရိပ်စားမည့်ရမည်မှာ- ဂုဏ်သတင်း၊ အခွင့်အလမ်းနှင့် ရာထူးဂုဏ်သိန်များသည် လူတို့အား ဖောက်ပြန်ပျက်စီးစေရန်၊ ထောင်ချောက်ဆင်ဖမ်းရန်၊ ဒုက္ခပေးရန်နှင့် စာရိတ္တပျက်ပြားလာစေရန် စာတန် အသုံးပြုသော ကိရိယာများနှင့် နည်းလမ်းများသာဖြစ်သည်။ သဘောတရားအရ သင်သည်ပထမဆုံး၎င်းအား ရှင်းလင်းစွာနားလည်အောင်လုပ်ရမည်။ ထိုထက်မက သင်သည်ယင်းအရာများကို စွန့်လိုက်ပြီး ဘေးဖယ်ထားရန် သင်ယူရမည်။...သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည် ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာ ပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။ ဤအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင်၊ ယင်းတို့ကို သင် ဦးစွာ ဘေးဖယ်ထားပြီး စွန့်လွှတ်ရမည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) လက်တွေ့လုပ်ဆောင်ရမည့်လမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မအား ပြလိုက်ပါသည်။ မနာလိုသည့်အတွေးများ ဖြစ်လာသည့်အခါ၊ ဘုရားသခင်ကို ဆုတောင်းရမည် ဖြစ်ပြီး၊ ဒေါသပါနေသည့် မိမိရည်ရွယ်ချက်ကို စွန့်လွှတ်ရမည်၊ ကိုယ်ပိုင် အကျိုးအမြတ်များကို ဘေးဖယ်ထားရမည်၊ ဘုရားသခင့်အိမ်တော်၏အလုပ်ကို ရှေ့တန်းတင်ရမည်၊ ပြီးလျှင် ဘုရားသခင်၏အလိုတော်ကို အလေးထားရမည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပြခဲ့သည်။ ကျွန်မတို့အားလုံးမှာ ကိုယ်ပိုင်အားသာချက်များ၊ အားနည်းချက်များ ရှိကြသည်- သို့ရာတွင် အယောက်တိုင်းက မိမိတာဝန်ကျရာမှာ ရပ်တည်နိုင်ပြီး၊ မိမိတို့၏ရည်မှန်းချက်ကို တတ်နိုင်သမျှ အကောင်းဆုံး လုပ်နိုင်ကြဖို့အလို့ငှာ၊ တစ်ယောက်နှင့်တစ်ယောက် အားသာချက်များကို သင်ယူဖို့၊ အားနည်းချက်များကို ဖာထေးပေးဖို့သည် ဘုရားသခင်၏အလိုတော် ဖြစ်သည်။ အစ်မဝမ်ကျင်းသည် အစွမ်းအစကောင်းရှိသူ၊ သမ္မာတရားကို အားထုတ်သည့်သူ တစ်ယောက် ဖြစ်သည်။ သူမကို ကျွန်မနှင့်အတူ အလုပ်လုပ်ဖို့ ဘုရားသခင်၏အိမ်တော်က စီစဉ်ပေးရသည့် အကြောင်းအရင်းမှာ သူမ၏အရည်အချင်းများကို မနာလိုဖြစ်လာပြီး၊ ကိုယ်ရည်သွေးရင်း သူမကို လိုက်ပြိုင်ဖို့ မဟုတ်ဘဲ၊ ကျွန်မအနေနှင့် သူမအားသာချက်များမှ သင်ယူနိုင်အောင်၊ မိမိ၏ အားနည်းချက်များကို အစားထိုးနိုင်စေဖို့အလို့ငှာ ဖြစ်ပါသည်။ ဤသည်မှာ ကျွန်မအပေါ် ဘုရားသခင်၏သနားကြင်နာခြင်း ဖြစ်ပါသည်။ ကျွန်မအနေနှင့် မိမိ၏သဘောထားကို ပြင်ရမည်။ အစ်မဝမ်ကျင်းက မိမိထက် တော်သည်၊ သူမမှာ ကောင်းသည့် စရိုက်လက္ခဏာများ ရှိသည်၊ ကျွန်မက အမှန်အတိုင်း ရင်ဆိုင်ရမည်ဖြစ်ပြီး၊ မိမိ၏အားနည်းချက်များနှင့် ချို့ယွင်းချက်များကို ဝန်ခံရမည်။ ကျွန်မ၏အစ်မထံမှ သင်ယူရမည်။ ကျွန်မက ဤတာဝန်ကို လုပ်နေသည်မှာ ကြာပြီဖြစ်ပြီး၊ အခြေခံသဘောတရားများကို ပိုပြီး နားလည်သည်။ ထိုသို့ဖြင့် ကျွန်မတို့က မိမိတို့၏တာဝန်ကို ညီညီညွတ်ညွတ်နှင့် အတူတူ လုပ်နိုင်ကြဖို့အလို့ငှာ၊ ကျွန်မ၏အစ်မကို ကူညီဖို့ တတ်နိုင်သည့်အရာ မှန်သမျှ လုပ်ပေးရမည်။

နောက်တော့ ကျွန်မလည်း အစ်မဝမ်ကျင်းဆီ သွားပြီး၊ ကျွန်မမှာ ထုတ်ဖော်နေသည့် ဖောက်ပြန်ပျက်စီးမှုများအကြောင်း ပြောပြလိုက်သည်။ သူမကိုလည်း တောင်းပန်ပြီး သူမကလည်း ကျွန်မကို ပွင့်ပွင့်လင်းလင်းပြောကာ၊ ဤအခြေအနေမှ သူမ သင်ယူမိသည့်အရာအကြောင်း မိတ်သဟာယပြုပေးသည်။ ကျွန်မကို နှစ်သိမ့်ပေးပြီး အားပေးသည်၊ ပြီးလျှင် ကျွန်မလည်း တော်တော် ရှက်မိကာ၊ အပြစ်ရှိသလို ခံစားရသည်။ ထိုနောက်ပိုင်း သူမအလုပ်မှာ အခက်အခဲများ ရှိနေသည်ကို ကျွန်မ မြင်သည့်အခါ၊ တစ်ခါတစ်ရံ “ငါက ဒီပြဿနာကို ကူရှင်းပေးလိုက်ရင်၊ ခေါင်းဆောင်တွေက သူ့ကို အလုပ်ကောင်းကောင်း လုပ်နေတယ်လို့ပဲ မြင်ကြလိမ့်မယ်။ ငါ ကူညီပေးတာကို ဘယ်သူမှ သိကြမှာမဟုတ်ဘူး။ ထင်ပေါ်ဖို့ ဂုဏ်ယူဖို့ အခွင့်အရေးက သူ့အတွက်ချည်းပဲ ဖြစ်သွားမှာ။” ဟု မိမိဘာသာ စဉ်းစားမိသေးသည်။ ဤအကြောင်းကြောင့် ကျွန်မမှာ သူမကို ကူညီဖို့ နည်းနည်း ဝန်လေးမိပြန်သည်- သို့ရာတွင် ကျွန်မက သူမကို နာမည်နှင့် အကျိုးအမြတ်အတွက် ပြိုင်ဖို့ နောက်တစ်ကြိမ် ကြိုးစားနေသည်ကို မြန်မြန်ဆန်ဆန် သတိဝင်သွားသည်၊ ပြီးလျှင် ကျွန်မ မိမိ၏ကြံရွယ်ချက်များကို ပြန်ပြင်ရာ၌၊ ဘုရားသခင်၏ အကူအညီကို ဆုတောင်းမည် ဖြစ်သည်၊ ပြီးလျှင် သူမကို မိမိဘက်က စတင် ကူညီမည် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ၏အခြေအနေက တိုးတက်လာသည်။ ကျွန်မ၏ စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိခဲ့ဖူးသည့် ဝမ်းနည်းခြင်းနှင့် စိတ်ပျက်ခြင်းမျိုးကို ကျွန်မ မခံစားရတော့ဘဲ၊ အစ်မဝမ်ကျင်းနှင့် ဆက်ဆံရေးကလည်း ပို၍ပင် သဟဇာတဖြစ်လာသည်။ အစ်မဝမ်ကျင်းက သူမအခြေအနေကိုဖြစ်စေ၊ သူမ ရလိုက်သည့် အကြောင်းအရာများဖြစ်စေ၊ ကျွန်မကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုခဲ့သည်၊ ပြီးလျှင် ကျွန်မ၏စိတ်နှလုံးထဲတွင် ချိုမြိန်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နှက်နေပေသည်။

ဤအတွေ့အကြုံကို ကြုံတွေ့ရခြင်းက ကျွန်မ၏မနာလိုစိတ်နှင့် မလိုမုန်းထားတတ်သည့် လူ့သဘာဝ၏ ဖောက်ပြန်ပျက်စီးမှု စစ်စစ်ကို ကျွန်မအား သဘောပေါက်စေခဲ့သည်။ ယင်းက မိမိကိုယ်ကိုယ်လည်း ရွံရှာတတ်လာစေသည့်အပြင်၊ ဘုရား၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လက်တွေ့ကျသော နားလည်မှုအချို့ ရလာစေဖို့ အထောက်အပံ့ပေးပါသည်။ ယင်းက မိမိ၏မနာလိုစိတ်၏ အချုပ်အနှောင်များနှင့် အကန့်အသတ်များမှ လွတ်မြောက်နည်းကို သင်ယူဖို့ ကျွန်မကို အထောက်အကူ ပေးခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းမှ လာသည့် ငြိမ်သက်မှုနှင့် တည်ငြိမ်မှုကိုလည်း ကျွန်မ မြည်းစမ်းခဲ့ရသည်။ ယင်းက သမ္မာတရားကို အားထုတ်ဖို့၊ မိမိ၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖယ်ရှားဖို့နှင့်၊ မိမိ၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ဖို့ စိတ်ဆန္ဒကို ပေးခဲ့သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျေးဇူးတော်ချီးမွမ်းပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်ရန် ကျွန်တော် ကံကောင်းပါသည်

ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့်...

ဘုရားသခင်ထံသို့ ကျွန်မ၏နှလုံးသား ပေးအပ်ခြင်း

ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။