ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း
မော့ယန် တရုတ်နိုင်ငံပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၁၉၈၇ ခုနှစ်မှာ ကျွန်မ အမေနဲ့အတူ သခင်ယေရှုကို စပြီး ယုံကြည်ခဲ့တယ်။ မကြာခင်မှာပဲ သံစုံကျူးအေးခြင်းအဖွဲ့ထဲ ဝင်ခဲ့ပြီး အလုပ်ဘယ်လောက်များများ စုဝေးပွဲတွေကိုတော့ မပျက်မကွက် ဆက်တက်ရောက်ခဲ့တယ်။ ကျွန်မရဲ့ လိုက်စားမှုကောင်းတာကို သင်းထောက်က မြင်တော့ ကျွန်မကို တနင်္ဂနွေသင်တန်းကျောင်းမှာ သင်ပေးဖို့ ပျိုးထောင်ပေးခဲ့တယ်၊ ဒါကြောင့် ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး သခင့်အတွက် ပိုပြီး ကြိုးစားအလုပ်လုပ်ခဲ့တယ်။ ၁၉၉၅ လောက်ရောက်တော့ စုဝေးပွဲလာတဲ့ ယုံကြည်သူ အရေအတွက် တဖြည်းဖြည်း လျော့နည်းလာတာကို ကျွန်မ သတိထားမိတယ်။ လုပ်ဖော်ဆောင်ဖက်တွေကြားမှာလည်း မနာလိုမှုတွေ၊ ရန်ဖြစ်တာတွေ ရှိလာပြီး တရားဒေသနာတွေကလည်း ရိုးအီပြီး ဖန်တစ်ရာတေလာတယ်။ ကျွန်မ စိုးရိမ်လာပြီး သံစုံကျူးအေးခြင်းအဖွဲ့က ညီအစ်မတွေနဲ့အတူ တခြားအသင်းတော်တွေမှာ သွားပြီး ရှာဖွေခဲ့ကြတယ်။ အကြီးအကဲတစ်ယောက်က “သခင် ပြန်ကြွလာတာ နီးပြီ၊ ငါတို့ သတိနဲ့ စောင့်မျှော်နေရမယ်” လို့ ပြောတယ်။ တခြားအသင်းတော်က သင်းအုပ်ဆရာတစ်ယောက်ကလည်း “သခင် ကြွလာတာ နီးပြီ၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ၊ ကိုယ့်ရဲ့တန်ဆာကို ပြင်ဆင်ပြီး သခင့်ဆီမှာ ဝန်ခံပြီး နောင်တရကြ” လို့ ပြောတယ်။ သူတို့ရဲ့ တုံ့ပြန်စကားတွေက ကျွန်မကို စိတ်ပျက်စေခဲ့တယ်။ အသင်းတော်တွေ ခြောက်ကပ်နေတာ၊ တရားဟောဆရာတွေမှာ ဟောစရာ ဘာမှမရှိတာ၊ ပြီးတော့ ယုံကြည်သူတွေရဲ့ ယုံကြည်ခြင်း မီးခဲပြာကျနေတာတွေကို ကျွန်မ တွေ့ရတော့ အသင်းတော်ကို ပြန်အသက်သွင်းဖို့အတွက် နောက်ဆုံးမှာ ပြန်လာပြီး သိုးအုပ်ကို ထိန်းကျောင်းမယ်ဆိုတဲ့ အစီအစဉ်နဲ့ ကျွန်မ ဓမ္မပညာ သွားသင်ခဲ့တယ်။ သုံးနှစ်ကြာတော့ ဓမ္မပညာသင်တန်းကနေ ဘွဲ့ရခဲ့တယ်၊ အသင်းတော်ကို ပြန်လာပြီး ဆရာမတစ်ယောက် ဖြစ်လာခဲ့တယ်၊ အသင်းတော်ကို ပြန်လည်အသက်သွင်းချင်တဲ့ ရည်မှန်းချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ပေါ့။ နေရာတိုင်းမှာ ကျွန်မ တရားစဟောခဲ့တယ်။ တစ်ခါတုန်းက အသင်းတော်အကြီးကြီးတစ်ခုမှာ တရားဟောဖို့ သင်းအုပ်ဆရာတစ်ယောက်က ကျွန်မကို ဖိတ်တယ်၊ ဝတ်ပြုစည်းဝေးပွဲကို လူတစ်ထောင်ကျော် တက်ကြတယ်။ နောက်ဆက်တွဲဆောင်မှာ စောင့်ကြည့်ကင်မရာ တပ်ထားတော့ မျက်နှာပြင်ပေါ်မှာ ကျွန်မ ဟောပြောနေတာကို လူတိုင်း ကြည့်လို့ရတာပေါ့။ ကျွန်မ အရမ်းပျော်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဆရာမကျောက် ဆိုပြီး နွေးနွေးထွေးထွေး ခေါ်ကြတယ်၊ သူတို့ မေးခွန်းတွေမေးဖို့ ကျွန်မဆီကို ဝိုင်းအုံလာကြတယ်။ ကျွန်မရင်ထဲမှာ ပျော်ရွှင်မှုတွေ အပြည့်နဲ့ တွေးမိတယ်၊ “ဆရာမတစ်ယောက် ဖြစ်ရတာက သာမန် ညီအစ်ကိုမောင်နှမတစ်ယောက် ဖြစ်ရတာနဲ့ မတူပါလား။ အသင်းတော်က ငါ့ကို လစာပေးရုံတင်မကဘူး၊ ငါဘယ်သွားသွား လူတွေက ငါ့ကို အထင်ကြီးလေးစားကြတယ်၊ အပြုံးတွေနဲ့ ကြိုဆိုကြတယ်။ ငါ တရားဟောထွက်တဲ့အခါ အသင်းတော်က ခရီးစရိတ်တွေလည်း တာဝန်ယူပေးတယ်။ သင်းအုပ်ဆရာ မဖြစ်ခင်တောင် ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတာဆိုတော့၊ ငါသာ သင်းအုပ်ဆရာဖြစ်ပြီး အသင်းတော်ကြီးတွေမှာ တရားဟောရရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ပိုပြီး အထင်ကြီးလေးစား ကြည်ညိုကြမှာပဲ” လို့ပေါ့။ မကြာခင်မှာပဲ ဒေသခံ ကိုယ်ပိုင်မူသုံးရပ်သုံး မျိုးချစ်ကော်မတီရဲ့ ဒုဥက္ကဋ္ဌအဖြစ် ကျွန်မ ရွေးချယ်ခံရတယ်၊ ဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ “ငါ့ရဲ့လိုက်စားမှုက ပိုကောင်းပုံရတယ်၊ ငါ့ဟောပြောချက်တွေလည်း ကောင်းတယ်ပေါ့။ နောင်ကျရင် ငါသာ သင်းအုပ်ဆရာအဖြစ် ခန့်အပ်ခံရရင် ငါ့ရဲ့ စီမံခန့်ခွဲတဲ့ နယ်ပယ်က ကျယ်လာမှာ၊ ငါ့ကို လူတွေ ပိုသိလာကြမှာ၊ ပြီးတော့ ငါ ဘယ်သွားသွား လေးစားချီးမွမ်းခံရမှာ၊ လူတိုင်းက ငါ့ကို နာမည်ကျော် သင်းအုပ်ဆရာမကျောက် ဆိုပြီး သိကြမှာပဲ” လို့ပေါ့။ ဒါပေမဲ့ ခဏကြာတော့ ဓမ္မပညာသင်တန်းမှာ သင်ခဲ့ရတဲ့ သဘောတရား ဗဟုသုတ အများစုကို ကျွန်မ သင်ပေးပြီးသွားပြီ၊ ဟောပြောချက်တိုင်းကလည်း အရင်က ဟောနေကျ ခြောက်ကပ်ကပ်၊ ပျင်းစရာကောင်းတဲ့ အကြောင်းအရာဟောင်းတွေပဲ တလည်လည် ဖြစ်နေတော့တယ်။ ဟောပြောချက်တစ်ခု ဖြစ်လာဖို့အတွက် အချက်အလက်တွေ၊ စာအုပ်အမျိုးမျိုးကို နေရာအနှံ့ ကျွန်မ စတင်ရှာဖွေခဲ့တယ်၊ ဓမ္မပညာသင်တန်းတုန်းက အတန်းမှတ်စုတွေကို ပြန်ကြည့်တာတောင် အဆင်မပြေခဲ့ဘူး။ အသင်းတော်က တဖြည်းဖြည်း ပိုပြီး ခြောက်ကပ်လာတာ၊ ကျွန်မ တရားဟောတာကို လာနားထောင်တဲ့လူတွေ နည်းသထက် နည်းလာတာ၊ စုဝေးပွဲ တက်တဲ့လူတချို့ဆိုရင် ထိုင်ခုံတွေပေါ်မှာ ခွေပြီး အိပ်ပျော်နေကြတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မ တော်တော်လေး ဇဝေဇဝါဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်၊ “အသင်းတော် ပြန်လည်ရှင်သန်ဖို့နဲ့ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့ဖို့ ငါ သခင့်အတွက် တက်တက်ကြွကြွ အလုပ်လုပ်နေရက်နဲ့ ဘာလို့ အသင်းတော်က ပိုပြီးတောင် ခြောက်ကပ်သွားရတာလဲ” လို့ပေါ့။
၁၉၉၉ ခုနှစ် စက်တင်ဘာလမှာ တခြားဒေသမှာရှိတဲ့ အဖေ့ဆီကို ကျွန်မ အလည်သွားခဲ့တယ်။ ကျွန်မရဲ့ ညီမလေးက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရား ဟောပြောဖို့ ညီအစ်မတစ်ယောက်ကို ခေါ်လာတယ်။ ဒီညီအစ်မက သာမန် ယုံကြည်သူတစ်ယောက်ပါ၊ သမ္မာကျမ်းစာကို ငါ့လောက် နားမလည်ပါဘူးလို့ ကျွန်မ ထင်ခဲ့တယ်၊ ပြီးတော့ သူ လမ်းလွဲနေတယ်လို့ ကျွန်မ ထင်ခဲ့တာကြောင့် သူ့စကားကို နားမထောင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မသိတဲ့ တရားဟောဆရာတစ်ယောက်က သခင့်အတွက် အလုပ်လုပ်နေတဲ့ လူ ၁၂၀ ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့ ခေါ်ဆောင်သွားတယ်၊ ပြီးတော့ ရွာတစ်ရွာက စုဝေးပွဲနေရာတစ်ခုမှာ လူ ၁၀၀ နီးပါးလောက်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံလိုက်ကြတယ် ဆိုတာ ကျွန်မ ကြားလိုက်ရတယ်။ ဒီသတင်းတွေက ကျွန်မကို တကယ်ပဲ တုန်လှုပ်စေခဲ့တယ်၊ ကျွန်မ တွေးမိတယ်၊ “လူတစ်ယောက်က နားဝေတိမ်တောင်ဖြစ်ပြီး မှန်တဲ့ လမ်းခရီးကို နားမလည်ရင် လမ်းလွဲသွားနိုင်တယ်၊ ဒါပေမဲ့ လိုက်စားမှုရှိတဲ့ လူတွေအများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံလိုက်ကြတယ်ဆိုတော့ သူတို့အားလုံး တကယ်ပဲ လမ်းလွဲသွားတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ ငါသိတဲ့ တရားဟောဆရာက သမ္မာကျမ်းစာကို ကျွမ်းကျင်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိတယ်၊ ဒါပေမဲ့ သူရော၊ လုပ်ဖော်ဆောင်ဖက် အများကြီးရော အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လာကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူတို့ ယုံကြည်တာ မှန်နေတာများလား” လို့ပေါ့။ ကျွန်မ ဇဝေဇဝါဖြစ်လာလို့ သခင့်ဆီကို ခဏခဏ ဆုတောင်းခဲ့တယ်။ “သခင်၊ ဘာလို့ လူတွေအများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြောင်းလဲယုံကြည်သွားကြတာလဲ။ ဒီသိုးကောင်းတွေနဲ့ ခေါင်းဆောင်တွေ အားလုံးက သူတို့ရဲ့ လိုက်စားမှုမှာ အရမ်း ဝီရိယရှိကြပြီး သမ္မာကျမ်းစာကိုလည်း ကျွမ်းကျင်ကြတယ်၊ ဒါဆို သူတို့အားလုံး ဘယ်လိုလုပ် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြောင်းလဲယုံကြည်သွားကြတာလဲ။ ကျွန်မတို့ အသင်းတော်က ဒီလောက် ခြောက်ကပ်နေချိန်မှာ ဘာလို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဒီလောက် စည်ကားနေရတာလဲ။ ကိုယ်တော် တကယ်ပဲ ပြန်ကြွလာတာများလား။ အို သခင်၊ ကျွန်မ အရမ်း ဇဝေဇဝါဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ” လို့ပေါ့။ ၂၀၀၀ ပြည့်နှစ် ဧပြီလမှာ ညီမလေးရဲ့အိမ်ကို ကျွန်မ သွားခဲ့တယ်၊ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မဆီ နောက်တစ်ကြိမ် ဟောပြောခဲ့တယ်။ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်ဆိုတဲ့ ဘုရားသခင်ရဲ့ အမှုတော်အဆင့် သုံးဆင့်အကြောင်း သူ မိတ်သဟာယပြုခဲ့တယ်။ အဲဒါတွေအားလုံးကို ဘုရားသခင် တစ်ဆူတည်းကပဲ ဆောင်ရွက်တာပါ။ ပညတ်တော်ခေတ်မှာ ဘုရားသခင်ကို ယေဟောဝါလို့ ခေါ်ခဲ့တယ်၊ ပြီးတော့ ကိုယ်တော်က ပညတ်တရားတွေကို ထုတ်ပြန်ပြီး လူတွေကို သူတို့ရဲ့ အသက်တာမှာ လမ်းပြခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ကို ယေရှုလို့ ခေါ်ခဲ့တယ်၊ ကိုယ်တော်က ရွေးနုတ်ခြင်း အမှုကို ပြုခဲ့တယ်။ နိုင်ငံတော်ခေတ်မှာတော့ ဘုရားသခင်ရဲ့ အလုပ်က လူတွေကို အကြွင်းမဲ့ သန့်စင်ပေးဖို့၊ လူ့အပြစ်ရဲ့ အမြစ်ကို ဖြေရှင်းပေးဖို့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြတာဖြစ်ပြီး ဘုရားသခင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်လို့ ခေါ်တယ်။ ဘုရားသခင်က ခေတ်တစ်ခေတ်စီမှာ မတူညီတဲ့ အလုပ်ကို လုပ်ခဲ့တယ်၊ အကြိမ်တိုင်းမှာ မတူညီတဲ့ နာမတော်တစ်ခုအောက်မှာပေါ့။ အမှုတော်အဆင့် တစ်ဆင့်စီက သူ့ရဲ့ အကျိုးသက်ရောက်မှုကို ရရှိပြီးတဲ့နောက်မှာ ဘုရားသခင်က နောက်ထပ် အမှုတော်အဆင့် တစ်ဆင့်ကို စတင်တယ်၊ အဆင့်တစ်ဆင့်စီက အရင်အဆင့်ကို အခြေခံပြီး ပိုနက်ရှိုင်းသွားတယ်၊ အဆင့်တိုင်းက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်၊ နောက်ဆုံးမှာ ကိုယ်တော်က ခေတ်တစ်ခုလုံးကို အဆုံးသတ်ပြီး လူတွေကို လှပတဲ့ ပန်းတိုင်ဆီ ပို့ဆောင်ပေးတဲ့အထိပါပဲ။ အဲဒီအချိန်တုန်းက ပထမ အမှုတော်အဆင့် နှစ်ဆင့်ကို ကျွန်မ လက်ခံနိုင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒီကိစ္စတွေအားလုံးကို သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားလို့ပဲ၊ ဒါပေမဲ့ နိုင်ငံတော်ခေတ်ရဲ့ တတိယ အမှုတော်အဆင့်ကိုတော့ ဘယ်လိုမှ ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမ္မာကျမ်းစာအပြင်ဘက်မှာ ဘုရားသခင်ရဲ့ အလုပ်မရှိဘူးလို့ ကျွန်မ ထင်ခဲ့မိလို့ပါ။ အဲဒီအခါ ညီမလေးက ကျွန်မနဲ့ မိတ်သဟာယပြုတယ်။ “သမ္မာကျမ်းစာဆိုတာ ဘုရားသခင်ရဲ့ ပထမ အမှုတော်အဆင့် နှစ်ဆင့်ရဲ့ မှတ်တမ်းတစ်ခုပါ။ ဘုရားသခင်ရဲ့ အလုပ်က အရင်လာတာပါ၊ ပြီးမှ လူက ပြန်လည်မှတ်တမ်းတင်တာ လိုက်လာတာပါ။ သမ္မာကျမ်းစာကို ပြုစုတုန်းက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အလုပ်က မဖြစ်သေးဘူးလေ၊ ဒါဆို ဘယ်လိုလုပ် သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ပြီးသား ဖြစ်နိုင်မှာလဲ” တဲ့။ သူပြောတာက အဓိပ္ပာယ်ရှိသားပဲလို့ ကျွန်မ တွေးမိတယ်။ ညီမလေးက ကျွန်မနဲ့ အများကြီး ပိုပြီး မိတ်သဟာယပြုခဲ့တယ်၊ သူပြောတာတွေက သမ္မာကျမ်းစာနဲ့ ကိုက်ညီပြီး နားထောင်လို့ တော်တော်ကောင်းတယ်၊ ဒါပေမဲ့ ကျွန်မက ရွေးချယ်မှုမှားမှာ ကြောက်နေတုန်းပဲ၊ ဒါကြောင့် လက်မခံချင်ခဲ့ဘူး။ ညီမလေးက “တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ အစပြုသည်” ဆိုတဲ့ စာအုပ်တစ်အုပ် ကျွန်မကို ပေးတယ်၊ ပြီးတော့ ကျွန်မဖတ်ဖို့ ဘုရားနှုတ်ကပတ်တော် အခန်းကြီးတချို့ကို ရှာပေးတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ ညီမလေးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီးကတည်းက သမ္မာကျမ်းစာကို ငါ့ထက် ပိုနားလည်လာတယ်၊ ပြီးတော့ ယုံကြည်ခြင်း အကြီးကြီး ရှိလာပါလားလို့ပေါ့။ ဘုရားသခင်က လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုကို ဖော်ပြတာ၊ စာစောင်ငယ်ကို ဖွင့်လှစ်ပြတာတွေအကြောင်း၊ ပြီးတော့ လူတွေကို သန့်စင်ပေးဖို့ ဘုရားသခင် ဘယ်လို အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်းတွေကို သူ မိတ်သဟာယပြုတယ်။ သူ ဝေငှတဲ့အရာတွေက လန်းဆန်းစေပြီး ဉာဏ်အလင်းပွင့်စေတယ်၊ သခင့်ကို ယုံကြည်တဲ့ ကျွန်မရဲ့ နှစ်တွေတစ်လျှောက်လုံးမှာ အဲဒီအရာတွေ တစ်ခါမှ မကြားဖူးခဲ့ဘူး။ တစ်နှစ်လေးအတွင်းမှာ သူ ဒီလောက် ရင့်ကျက်ကြီးထွားလာမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ ဓမ္မပညာ သင်ယူပြီးတာတောင်မှ ကျွန်မက သူ့လောက် မသိနားလည်ခဲ့ဘူး။ ညီမလေးက ဒီအရာတွေအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ သူ နားလည်ခဲ့တာပါလို့ ကျွန်မကို ပြောပြတယ်။ ကျွန်မ စဉ်းစားမိတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ သခင်ယေရှု ပြန်ကြွလာတာ ဖြစ်နိုင်ပါ့မလား” လို့ပေါ့။ အရင်တုန်းက အမေက ရှာဖွေဖို့နဲ့ စုံစမ်းဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ ဘဝမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို လက်လွတ်မခံဖို့ ကျွန်မကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ဖူးတယ်။ အဲဒါကို တွေးမိပြီးတော့ ရှာဖွေစုံစမ်းဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ ဖော်ပြထားတဲ့အထဲက တစ်စိတ်တစ်ပိုင်းက ဒီလိုပါ။ “ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်း မရှိသူများအတွက် ယင်းမှာ ပြစ်တင်ရှုတ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း မပြုသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကျိုးနွံနာခံပြီး သမ္မာတရားကို ဆာငတ်ကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ ထင်ရာမြင်ရာ မြန်မြန်ဆန်ဆန် ကောက်ချက်များ မချလိုက်နှင့်။ ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ ဖြစ်ကတတ်ဆန်းနိုင်ခြင်းကို ပို၍ပင် မပြုနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် နှိမ့်ချစိတ်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သည့်တိုင် နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သည့်တိုင် သတိမမူဘဲ ပေါ့ပေါ့ဆဆ ကောက်ချက်ချသူများ သို့မဟုတ် ပြစ်တင်ရှုတ်ချသူများသည် မာနထောင်လွှားသည့်လူများ ဖြစ်သည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ပြစ်တင်ရှုတ်ချရန် အရည်အချင်းမပြည့်မီပေ။ သင်တို့အားလုံးသည် ဆင်ခြင်တုံတရားရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့် ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏ အမြင်ရှုထောင့်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်ပိုင်ဆိုင်သည့် စိတ်နှလုံး အနည်းငယ်ဖြင့် သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက် လူအချို့က ‘ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။’ သို့မဟုတ် ‘ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။’ ဟု ဆိုရင်း ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလအတွင်းတွင် ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် အထင်အမြင်မှားစေခြင်းကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကို မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဒီနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ပြီးတဲ့နောက် “၁၀၀၀၀ အနက်...တစ်လုံး” ဆိုတဲ့ စကားလုံးတွေက ကျွန်မကို ချက်ချင်း ထိမှန်သွားတယ်။ ဒီနှုတ်ကပတ်တော်တွေက ဇဝေဇဝါဖြစ်တာကို ဖြေရှင်းပေးနိုင်ပြီး ကျွန်မအသက်တာအတွက် အကျိုးရှိနေသရွေ့ ကျွန်မ လက်လွတ်မခံနိုင်ပါဘူး။ နောက်တစ်နေ့မနက်မှာ ညီမလေးကို ကျွန်မ ပြောလိုက်တယ်။ “နင် မိတ်သဟာယပြုခဲ့တဲ့အထဲက ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ကို ငါ လက်ခံနိုင်ပါတယ်။ နင်ပြောသွားတဲ့ အကြောင်းအရာ တော်တော်များများကို အရင်က ငါ တစ်ခါမှ မကြားဖူးဘူး၊ ပြီးတော့ ဒီစာအုပ်ထဲက နှုတ်ကပတ်တော်တွေက တန်ခိုးရှိတယ်။ ဒါဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အလုပ် ဟုတ်မဟုတ်ဆိုတာကို ငါ အလေးအနက် စုံစမ်းလေ့လာကြည့်သင့်တယ်” လို့ပေါ့။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အချိန်ကာလတစ်ခုအကြာ စုံစမ်းလေ့လာပြီးနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ တကယ်ပဲ သခင်ယေရှု ပြန်ကြွလာတာ ဖြစ်တယ်ဆိုတာကို ကျွန်မ ယုံကြည်စိတ်ချသွားတယ်။ ကျွန်မ ကာလကြာရှည် စောင့်မျှော်ခဲ့တဲ့ သခင်ယေရှု ပြန်ကြွလာပြီဆိုတာ တွေးမိလိုက်တိုင်း ကျွန်မ အရမ်း စိတ်လှုပ်ရှားပြီး တို့ထိခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ပျော်ရွှင်နေတဲ့ကြားကပဲ တွေလည်တွေဝေနေခဲ့တယ်။ အသင်းတော်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတာလေ။ ဒါဆို ကျွန်မသာ လက်ခံလိုက်ရင် သူတို့သိသွားတဲ့အခါ ကျွန်မကို ငြင်းပယ်ပြီး အသင်းတော်ကနေ နှင်ထုတ်ကြမှာ မဟုတ်လား။ ကျွန်မရာထူးမရှိတော့ရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လို ထင်ကြမလဲ။ ပြီးတော့ ကျွန်မ ဆက်တွေးမိတယ်၊ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက မှန်တဲ့ လမ်းခရီးပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီနှစ်တွေတစ်လျှောက်လုံး ငါ တောင့်တနေခဲ့တဲ့ သခင်ယေရှု အစစ်အမှန်ပဲ။ ဒီအဆင့်က နောက်ဆုံးသောကာလ ခေတ်ကို အဆုံးသတ်ဖို့ ဘုရားသခင်ရဲ့ အလုပ်ပဲ၊ ငါသာ လက်မခံရင် အဆုံးမှာ ငါ့ရဲ့ ဝိညာဉ်၊ စိတ်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာတို့ ပျက်စီးပြီး ကယ်တင်ခံရဖို့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမဲ့ ဆရာမ ရာထူးရဖို့ ငါ အဖိုးအခ အများကြီး ပေးဆပ်ခဲ့ရတာ။ ဓမ္မပညာကျောင်းတက်ဖို့ အစိုးရဝန်ထမ်း အလုပ်ကောင်းကို စွန့်လွှတ်ခဲ့တယ်၊ မိသားစုကို စွန့်ခွာခဲ့တယ်၊ ပြီးတော့ သမ္မာကျမ်းစာ လေ့လာဖို့ ငါ အများကြီး ကြိုးစားအားထုတ်ခဲ့တယ်။ ငါက တရုတ်ပြည် ခရစ်ယာန်ကောင်စီနဲ့ တရုတ်ပြည်က ပရိုတက်စတင့် အသင်းတော်တွေရဲ့ ကိုယ်ပိုင်မူသုံးရပ်သုံး မျိုးချစ်လှုပ်ရှားမှုရဲ့ ဒုဥက္ကဋ္ဌ ဖြစ်နေပြီ၊ မကြာခင်မှာ သင်းအုပ်ဆရာ ဖြစ်တော့မှာ။ အဲဒီကျရင် ပိုများတဲ့ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်ကြီးလေးစားကြမှာ၊ ပြီးတော့ ငါ့ရာထူးက ပေးမယ့် အကျိုးခံစားမှုတွေ အားလုံးကို ငါ ပျော်မွေ့ခံစားရမှာ။ အခု ငါသာ အသင်းတော်ကနေ ထွက်လိုက်ရင် ငါ့မှာ ဘာမှကျန်မှာ မဟုတ်တော့ဘူး” လို့ပေါ့။ ဒါပေမဲ့ ကျွန်မ ထပ်တွေးမိပြန်တယ်၊ “ဘုရားသခင်က အလုပ်သစ်လုပ်ဖို့ ကြွလာပြီဆိုတာ ငါ သိပြီးပြီ၊ ဘုရားသခင်ရဲ့ အလုပ်ကို သိရက်နဲ့ ငါသာ လက်မခံရင် ငါ ကျန်ရစ်ခဲ့မှာ မဟုတ်လား။ နှစ်ပေါင်းများစွာ သခင့်ကို ငါ ယုံကြည်ခဲ့တာတွေက အချည်းနှီး ဖြစ်မသွားဘူးလား။ မှန်တဲ့ လမ်းခရီးကို ငါ စွန့်လွှတ်လိုက်ရင် သခင့်ရဲ့ စွန့်ပစ်တာကို ငါ ခံရလိမ့်မယ်၊ ဒါပေမဲ့ ငါ့ရာထူးကို စွန့်လွှတ်လိုက်ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ငြင်းပယ်ပြီး အသင်းတော်ကနေ နှင်ထုတ်ကြလိမ့်မယ်” လို့ပေါ့။ ဘယ်လောက်ပဲ သေချာစဉ်းစားပါစေ၊ ဆရာမ ရာထူးကို ကျွန်မ မစွန့်လွှတ်နိုင်ခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “သခင်ယေရှုရဲ့ အလုပ်က အနှစ်နှစ်ထောင် ကြာခဲ့တာပဲ၊ ဆိုတော့ ဒီအဆင့် ဘုရားသခင်ရဲ့ အလုပ်က ချက်ချင်းကြီး ပြီးသွားမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။ ငါ သင်းအုပ်ဆရာအနေနဲ့ နှစ်နှစ်လောက် အမှုဆောင်မယ်၊ ဒီနှစ်တွေတစ်လျှောက် ကြိုးစားအားထုတ်ခဲ့တာတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး။ ပြီးမှ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ပြန်လာမယ်” လို့ပေါ့။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာလည်း စုဝေးပွဲတက်ရင်း မူလအသင်းတော်မှာလည်း ဆက်ပြီး တရားဟောမယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ အဲဒီနည်းလမ်းက ပျားလည်းစွဲသာ ရှဉ့်လည်းလျှောက်သာ ဖြစ်မယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။
အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ ကျွန်မ စုဝေးပွဲတွေ စတက်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီး မိတ်သဟာယပြုတာမှာ အလင်းရှိတာကို ကျွန်မ ကြားခဲ့ရတယ်၊ ပြီးတော့ သူတို့ မိတ်သဟာယပြုတဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေက တော်တော်လေး လက်တွေ့ကျတယ်။ သူတို့က ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံရင်း သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကိုဆင်ခြင်သုံးသပ်ပြီး သိမြင်လာကြတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်စရာ လမ်းကြောင်းတွေကို သူတို့ တွေ့ခဲ့ကြတယ်။ လူတိုင်းက ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် မိတ်သဟာယပြုကြတော့ စုဝေးပွဲတွေက တော်တော်လေး အထောက်အပံ့ဖြစ်စေတယ်လို့ ကျွန်မ တွေ့ရတယ်။ ဒါပေမဲ့ ကျွန်မ နည်းနည်းတော့ နေရခက်သလို ခံစားရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မူလအသင်းတော်မှာတုန်းက စင်မြင့်ပေါ်ကနေ တရားဟောတဲ့သူက ကျွန်မလေ၊ တခြားလူတွေက အောက်ကနေ နားထောင်ရတာ၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာကျတော့ ကျွန်မက သာမန် နောက်လိုက်တစ်ယောက်ပဲ ဖြစ်နေတယ်၊ ပြီးတော့ ဒီမှာက ကိုယ့်ရဲ့ စစ်မှန်တဲ့ အတွေ့အကြုံတွေအကြောင်း နည်းနည်းပါးပါး မိတ်သဟာယပြုဖို့တောင် ကျွန်မအတွက် ခက်ခဲနေပြီး သူများတွေ မိတ်သဟာယပြုတာကိုပဲ နားထောင်နေရတယ်။ ကျွန်မရင်ထဲမှာ ဆုံးရှုံးမှုတစ်ခု ခံစားရပြီး ကိုယ့်ဘာသာ တွေးမိတယ်၊ “မူလအသင်းတော်ကနေ ငါထွက်လိုက်တာနဲ့ ဘယ်သူက ငါ့ကို အရာသွင်းတော့မှာလဲ။ အဲဒီမှာပဲ နောက်ထပ် နှစ်နှစ်လောက် ဆက်နေလိုက်ပါဦးမယ်” လို့ပေါ့။ ဒါကြောင့် သီးသန့်အချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ မူလအသင်းတော်မှာ ကျွန်မ ဆက်ပြီး တရားဟောခဲ့တယ်။ တစ်ခါတုန်းက တရားဟောပြီးတဲ့နောက် ညီအစ်မတစ်ယောက် ကျွန်မဆီ ရောက်လာပြီး မေးတယ်၊ “ဆရာမကျောက်၊ ဆရာမရဲ့ ဟောပြောချက်က ဒီနေ့ ဘာလို့ ဒီလောက် ခြောက်ကပ်နေရတာလဲ။ နားထောင်လို့ လုံးဝ မကောင်းဘူး” တဲ့။ ရှက်လွန်းလို့ ကျွန်မမျက်နှာ ချက်ချင်း ပူသွားပြီး အောင့်သက်သက်နဲ့ ပြုံးရုံပဲ တတ်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ တော်တော်လေး စိတ်ဆင်းရဲခဲ့ရတယ်။ တရားဒေသနာတစ်ခု ပြင်ဆင်တိုင်း အလင်းသစ် ဒါမှမဟုတ် ဉာဏ်ပွင့်စေမှု ဘာမှမရှိဘဲ အရင်တရားဟောပြီးသားတွေပဲ ပြန်ဟောနေရတာမျိုး၊ ကျွန်မ တွေ့ခဲ့ရတယ်။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာကျမ်းစာရဲ့ နက်နဲမှုတွေကို ဖွင့်ပြပေးတဲ့အပြင် ဘုရားသခင်ရှေ့မှာ စိတ်နှလုံးကို ဘယ်လို ငြိမ်သက်စေမလဲ၊ ဘယ်လို ဆုတောင်းရမလဲ ဆိုတာမျိုး လက်တွေ့လုပ်ဆောင်မှုနဲ့ပတ်သက်တဲ့ သမ္မာတရားတွေကို ထောက်ပံ့ပေးတဲ့အတွက် တကယ်ပဲ လက်တွေ့ကျပြီး လတ်ဆတ်တယ်လို့ ကျွန်မ တွေ့ခဲ့ရတယ်။ လိုက်လျှောက်စရာ ရှင်းလင်းတဲ့ လမ်းကြောင်းတွေကို ပေးတယ်လေ။ နောက်တစ်ခါ ဟောပြောချက်တစ်ခုမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ထည့်ပေါင်းလိုက်တော့ ညီအစ်ကိုမောင်နှမတွေက နိုးကြားလာပြီး အိပ်ငိုက်တာတွေ ရပ်သွားကြတယ်။ စုဝေးပွဲပြီးတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မနားကို ဝိုင်းအုံလာကြတယ်။ တချို့က “ဆရာမကျောက်၊ ဒီနေ့ ဆရာမရဲ့ ဟောပြောချက်က အရမ်းကောင်းတာပဲ” လို့ ပြောကြတယ်။ တခြားလူတွေကလည်း “ဆရာမ ဓမ္မပညာ သင်ခဲ့တာ အလကားမဖြစ်ဘူး၊ ဆရာမက ကျွန်မတို့ထက် တကယ်ပဲ ပိုနားလည်တာပဲ” လို့ ပြောကြတယ်။ ညီအစ်မတစ်ယောက်ဆိုရင် “ဆရာမကျောက်၊ နောက်တစ်ခေါက်ကျရင် ကျွန်မတို့အတွက် ပြန်လာပြီး တရားဟောပေးလို့ ရမလား” လို့တောင် ပြောတယ်။ ကျွန်မရင်ထဲမှာ တကယ်ပဲ ပျော်သွားပြီး တွေးမိတယ်၊ “ငါ ဒီလိုပုံစံနဲ့ ဆက်ဟောရင် ညီအစ်ကိုမောင်နှမတွေရဲ့ အထင်သေးတာကို ခံရမှာ မဟုတ်ဘူး” လို့ပေါ့။ ဒါပေမဲ့ ကျွန်မ စိတ်မသန့်ဖြစ်ပြီး တွေးမိတယ်၊ “အသင်းတော်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိတော့ဘူးဆိုတာ ငါ သေချာတယ်၊ ပြီးတော့ ငါ့မှာလည်း ဟောစရာ ဘာမှမကျန်တော့ဘူး။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ငါ့ဟောပြောချက်ထဲ ထည့်ပေါင်းလိုက်တော့ လူတိုင်းက အဲဒါတွေဟာ ငါ့ရဲ့ ကိုယ်ပိုင် နားလည်သဘောပေါက်မှုတွေလို့ အထင်မှားသွားကြတယ်။ အဲဒါ မှန်ရဲ့လား” လို့ပေါ့။ ပိုတွေးမိလေ ကျွန်မ ပိုပြီး စိတ်မသန့်လေ ဖြစ်လာတယ်၊ ဒါနဲ့ ကျွန်မ ညီမလေးဆီ ဖုန်းဆက်လိုက်တယ်။ ညီမလေးက ကျွန်မကို လေသံမာမာနဲ့ ပြောတယ်၊ “အစ်မ၊ အစ်မက ဟောပြောချက်တွေကို ခိုးနေရုံသက်သက်ပဲဆိုတာ သိရဲ့လား။ ဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပဲ။ ဘာသာရေးလောက တစ်ခုလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိတော့တာ ကြာပြီ။ သူတို့မှာ ဟောစရာ ဘာမှမရှိဘူး။ အစ်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံရင် ဘယ်လိုလုပ် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ရှိနိုင်မှာလဲ။ အစ်မမှာ ဘယ်လိုလုပ် ဟောစရာ ရှိနိုင်မှာလဲ။ အစ်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အသင်းတော်ထဲ ယူသွားပြီး အစ်မရဲ့ ကိုယ်ပိုင်အရာအနေနဲ့ တင်ပြတယ်၊ ပြီးတော့ လူတိုင်းကို အစ်မကို ကိုးကွယ်ခိုင်းတယ်ဆိုရင်၊ အစ်မက လူတွေကို လှည့်ဖြားပြီး အလုပ်သစ်ကို သူတို့ လက်မခံနိုင်အောင် တားဆီးနေတာ မဟုတ်ဘူးလား။ အစ်မ၊ ဘုရားသခင်ဆီမှာ ဝန်ခံပြီး နောင်တရမှ ဖြစ်မယ်” တဲ့။ ပြီးတော့ သူက ကျွန်မကို မေးတယ်၊ “ဗတ္တိဇံဆရာယောဟန် ဘယ်လို ထောင်ကျသွားလဲဆိုတာ အစ်မ သိလား။ အဲဒီတုန်းက သခင်ယေရှု ကြွလာပြီး လူတွေကို ဗတ္တိဇံပေးတဲ့အချိန်မှာ ယောဟန်ကလည်း တခြားနေရာတစ်ခုမှာ လူတွေကို ဗတ္တိဇံပေးနေခဲ့တယ်။ သခင်ယေရှု ကြွလာတဲ့အခါ ယောဟန်က လူတိုင်းကို ကိုယ်တော့်ဆီ ပို့ဆောင်ပေးသင့်ပေမယ့် လူတွေ သူ့နောက်လိုက်တာကို ခွင့်ပြုခဲ့တယ်။ ဒီကိစ္စမှာ သူက ဘုရားသခင်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခဲ့တာပဲ။ နောက်ဆုံးမှာ ယောဟန် ထောင်ချခံရပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီနေ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာပြီး သမ္မာတရား အများကြီးကို ဖော်ပြထားတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့ လူတိုင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ရှေ့မှောက်ဆီ အစ်မ ပို့ဆောင်ပေးပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကို စားသောက်တဲ့အပြင် ကိုယ်တော့်ဆီ ပြန်လှည့်လာအောင် လုပ်သင့်တယ်။ အဲဒါက ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက် လုပ်သင့်တဲ့အရာပဲ။ ဒါပေမဲ့ အစ်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံဖို့ ငြင်းဆန်ရုံတင်မကဘူး၊ အစ်မရဲ့ ဟောပြောချက်အတွက် ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ခိုးယူနေတယ်၊ ဒါမှ တခြားလူတွေက အစ်မတရားဟောတဲ့ ဒေသနာတွေက မြင့်မြတ်တယ်လို့ မြင်ပြီး အစ်မကို အားလုံးက အထင်ကြီးလေးစားလာကြမှာ၊ အစ်မနောက် လိုက်လာကြမှာလေ။ ဒါဟာ လူတွေကို လှည့်ဖြားနေတာပဲ။ အစ်မက လူတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ပြန်မလာနိုင်အောင် တားဆီးနေတယ်၊ ပြီးတော့ အစ်မရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းကျော်စောမှု တည်ဆောက်ဖို့နဲ့ ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေကို အစ်မလက်ထဲမှာ ထိန်းချုပ်ဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အစ်မရဲ့ ကိုယ်ပိုင် ဟောပြောချက်အတွက် ခိုးယူနေတယ်။ ဒါဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ကြီးလေးတဲ့ လုပ်ရပ်တစ်ခုပဲ၊ ဖာရိရှဲတွေ လုပ်ခဲ့တာနဲ့ ဘာမှမခြားဘူး။ အစ်မ နောင်တမရရင် ဘုရားသခင်ရဲ့ ကျိန်ခြင်းနဲ့ အပြစ်ဒဏ်ပေးတာကို ခံရလိမ့်မယ်” တဲ့။ ညီမလေးဆီက ဒီစကားတွေကို ကြားလိုက်ရတော့ ကျွန်မ စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့သွားတယ်။ အဲဒီအချိန်ကစပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မရဲ့ ဟောပြောချက်တွေထဲ ထည့်ပေါင်းဖို့ မရဲတော့ဘူး။
နောက်ပိုင်းမှာ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က တရုတ်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းကြံစည်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်တာတွေ တိုးမြှင့်လုပ်ဆောင်လာတယ်။ အဲဒီအချိန်တုန်းက ကျွန်မ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ကနေ မထွက်ရသေးဘူး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အသင်းတော်အသက်တာမှာလည်း မပါဝင်ခဲ့ဘူး။ အဲဒီနေ့ရက်တွေတုန်းက တရားဟောပြီးတိုင်း ကျွန်မ အားကုန်ခမ်းသလို ခံစားရပြီး ကျွန်မစိတ်နှလုံးက အမှောင်ထုနဲ့ ပြည့်နေခဲ့တယ်၊ ကျွန်မလုပ်တဲ့ ဘယ်အရာအတွက်မှ အားမရှိတော့ဘူး။ ညီအစ်ကိုမောင်နှမတွေ လွတ်လွတ်လပ်လပ် ပြောဆိုကြပြီး မိတ်သဟာယပြုတာကနေတစ်ဆင့် အခက်အခဲတိုင်းအတွက် အဖြေရှာတွေ့ကြတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က စုဝေးပွဲတွေအကြောင်း ကျွန်မ တွေးမိတယ်၊ ပြီးတော့ အဲဒီ လွတ်မြောက်မှု ခံစားချက်ကို ကျွန်မ ဘယ်လောက် နှစ်သက်ခဲ့လဲဆိုတာ သတိရမိတယ်။ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ဖို့ အစိုးရနဲ့ စည်းဝါးရိုက်ပြီး လုပ်ဆောင်ပုံတွေအကြောင်း၊ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က ဗာဗုလုန် မြို့ကြီး ဖြစ်တဲ့အကြောင်းတွေကို ကျွန်မ တွေးမိတယ်။ မကောင်းမှုပြုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်နဲ့ ကျွန်မ မပူးပေါင်းချင်ခဲ့ဘူး၊ အဲဒီမှာ ဆက်နေတာက သူတို့နဲ့အတူ ငရဲမှာ ပျက်စီးခြင်းသို့ရောက်ဖို့ပဲ ဦးတည်လိမ့်မယ်။ ဒါပေမဲ့ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ကနေ ကျွန်မသာ ထွက်လိုက်ရင် သင်းအုပ်ဆရာမ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။ ဒီအတွေးက ကျွန်မကို ဝေခွဲမရဖြစ်စေပြီး စိတ်ဆင်းရဲစေတယ်။ သခင့်ကို ယုံကြည်ဖို့အတွက် အစိုးရအလုပ်ကို စွန့်လွှတ်ခဲ့တာတွေ၊ အိမ်မှာ ကလေးငယ်လေးကို ထားခဲ့တာတွေအကြောင်း ကျွန်မ တွေးမိတယ်။ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ကနေ ကျွန်မသာ ထွက်လိုက်ရင် အဲဒီ စွန့်လွှတ် အသုံးခံခဲ့တာတွေ အားလုံးက အလဟဿ ဖြစ်သွားမယ့်ပုံပဲ။ ကျွန်မက သင်းအုပ်ဆရာ ဖြစ်လာနိုင်မှာ မဟုတ်ရုံတင်မကဘူး၊ ညီအစ်ကိုမောင်နှမတွေရဲ့ ထောက်ပံ့မှုကိုလည်း ဆုံးရှုံးရမှာ။ အဲဒါကို တွေးမိလိုက်တိုင်း ကျွန်မရင်ထဲမှာ ပြောမပြတတ်အောင် ဝေဒနာခံစားရပြီး နာကျင်ရတယ်။ ပြီးတော့ ကျွန်မ တွေးမိတယ်၊ “ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဧဝံဂေလိ တရားဟောဆရာတွေကို တိုင်ကြားပေမယ့် ငါသာ ဒီကိစ္စမှာ မပါဝင်ရင် ဘုရားသခင်ကို အတိုက်အခံလုပ်မှာ မဟုတ်ဘူးလေ။ ပြီးတော့ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်မှာ ငါ အကြာကြီးနေဖို့ အစီအစဉ်မရှိပါဘူး၊ သင်းအုပ်ဆရာရဲ့ ဂုဏ်ဒြပ်ကို နှစ်နှစ်လောက် ပျော်မွေ့ခံစားပြီးရင် ထွက်တာမျိုးကိုပဲ လုပ်ချင်တာပါ။ အဲဒီလိုဆိုရင် ဘုရားသခင်က ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး” လို့ပေါ့။ ကျွန်မရဲ့ အတွေးတွေကို ညီမလေးကို ဝေမျှလိုက်တယ်။ သူက ပြောတယ်၊ “အစ်မ ဘုရားသခင်ကို ဘာလို့ အတိအကျ ယုံကြည်တာလဲ။ ရာထူးက အစ်မကို ကယ်တင်မှာလား၊ ဒါမှမဟုတ် ဘုရားသခင်က ကယ်တင်မှာလား” တဲ့။ အမေကလည်း ပြောတယ်၊ “ဒါက ဘုရားသခင် လူသားမျိုးနွယ်ကို ကယ်တင်တဲ့ နောက်ဆုံးအကြိမ်ပဲ။ လူ့ဇာတိပကတိက လာမယ့် ဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊ ပြီးတော့ ဒီဘေးအန္တရာယ်တွေက ဇာတိပကတိကိုပဲ ဦးတည်မှာ မဟုတ်ဘူး၊ စိတ်ဝိညာဉ်ကိုပါ ဦးတည်မှာ” တဲ့။ အမေနဲ့ ညီမလေးက ကျွန်မနဲ့ ထပ်ခါတလဲလဲ မိတ်သဟာယပြုကြတယ်၊ အဲဒါက ကျွန်မကို တော်တော်လေး စိတ်ဆင်းရဲစေခဲ့တယ်။ ဒါဟာ မှန်တဲ့ လမ်းခရီးနဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးအဆင့် အမှုတော် ဖြစ်တယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိပါတယ်၊ ပြီးတော့ အသင်းတော်ကနေ ချက်ချင်း ထွက်သင့်တယ်ဆိုတာကိုလည်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မသာ ထွက်လိုက်ရင် ရာထူးဆုံးရှုံးသွားမှာဖြစ်ပြီး ဘယ်သူကမှ ကျွန်မကို လေးစားတာ၊ အထင်ကြီးတာမျိုး ရှိတော့မှာ မဟုတ်ဘူး။ သင်းအုပ်ဆရာ ဖြစ်ခွင့်ကိုလည်း ဆုံးရှုံးရမှာ။ နှစ်တိုင်း ခရစ်စမတ်၊ အီစတာ၊ ဒါမှမဟုတ် ကျေးဇူးတော်ချီးမွမ်းပွဲ ရောက်ရင် တရားဟောဖို့နဲ့ ပွဲတွေကို ဦးစီးဖို့အတွက် လူတိုင်းက အမြဲတမ်း ကျွန်မနာမည်ကိုပဲ စာရင်းတင်သွင်းကြတယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ကျွန်မ ခံစားခဲ့ရတယ်၊ အဲဒါက ကျွန်မကို တကယ်ပဲ ပျော်ရွှင်စေခဲ့တယ်။ ဒါပေမဲ့ ဒီအမှုတော်အဆင့်သစ်ကို ကျွန်မသာ လက်ခံပြီး အသင်းတော်ကနေ ထွက်လိုက်ရင် ကျွန်မမှာ ရာထူးရှိတော့မှာ မဟုတ်ဘူး။ အဲဒီလိုဖြစ်သွားရင် ဒီလိုပွဲလမ်းသဘင်တွေကို ကျွန်မ ခံစားခွင့်ရဦးမှာလား။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်ကြီးလေးစားဦးမှာလား။ တစ်ဖက်မှာက မှန်တဲ့ လမ်းခရီး၊ နောက်တစ်ဖက်မှာက ကျွန်မရဲ့ ရာထူးလေ။ ကျွန်မ အရမ်း ဝေခွဲမရ ဖြစ်ရတယ်။
တစ်နေ့မှာ အမေက ကျွန်မကို စိုးရိမ်တကြီး မေးတယ်၊ “သခင်က အလုပ်သစ်လုပ်ဖို့ ကြွလာပြီဆိုတာ နင် သိတယ်လေ၊ ဘာလို့ အသင်းတော်ကနေ မထွက်သေးတာလဲ” တဲ့။ ကျွန်မက အမေ့ကို ပြောလိုက်တယ်၊ “သမီးက သင်းအုပ်ဆရာ ဖြစ်ချင်လို့” လို့ပေါ့။ အမေက ကျွန်မနဲ့ စိတ်ရင်းမှန်နဲ့ မိတ်သဟာယပြုပေးတယ်၊ “သခင်ယေရှု ပြောခဲ့သည်မှာ ‘ငါ့အား သခင်၊ သခင် ဟု ခေါ်သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရမည်မဟုတ်။ သို့ရာတွင် ကောင်းကင်ဘုံရှိ ငါ၏ခမည်းတော် အလိုတော်အတိုင်း လိုက်လျှောက်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။’ (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ‘ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။’ (ရှင်မဿဲခရစ်ဝင် ၇:၁၃-၁၄) နင်က သခင့်နာမတော်ကိုပဲ နှုတ်ကနေပဲ ခေါ်ပြီး ဘုရားသခင်ရဲ့ အလုပ်သစ်ကိုတော့ လက်မခံဘူး။ ဒါဟာ ကောင်းကင်နိုင်ငံတော်ထဲ မဝင်နိုင်တဲ့ မကောင်းမှုပြုသူတွေရဲ့ လုပ်ရပ်ပဲလို့ သခင်က မိန့်ဆိုထားတယ်၊ ပြီးတော့ သင်းအုပ်ဆရာ ဖြစ်တာက နင့်ကို ကယ်တင်မှာ မဟုတ်ဘူး” တဲ့။ ညီမလေးကလည်း ကျွန်မနဲ့ မိတ်သဟာယပြုတယ်၊ “အစ်မမှာ ဟောစရာ ဘာမှမရှိဘူးဆိုတာ ရှင်းနေတာပဲ၊ ဒါပေမဲ့ ရာထူးအတွက်နဲ့ အသင်းတော်ထဲမှာ တရားဟောပြီး လူတွေကို လှည့်ဖြားနေတယ်။ အစ်မက အဲဒီ ဟန်ဆောင်ကောင်းတဲ့ ဖာရိရှဲတွေနဲ့ တူမနေဘူးလား” တဲ့။ ပြီးတော့ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မအတွက် ဖတ်ပြတယ်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသည့်တိုင် ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သာ၍ပင် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသုံးမကျသော လူယုတ်မာများ ဖြစ်ကြပြီး ‘ဘုရားသခင်’ကို ဩဝါဒခြွေရန် အမြင့်တွင် အသီးသီး ရပ်နေကြသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလံကို လွှင့်ထူထားသည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သောသူများ၊ ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို ချိတ်ဆွဲထားရင်း လူ၏ အသားကိုစားပြီး လူ၏အသွေးကိုသောက်သောသူများ ဖြစ်ကြသည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် ဆိုးယုတ်သော နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ လူတို့ တက်ရောက်ခြင်းကို တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်ဖြစ်ပြီး ဘုရားသခင်ကို လူတို့၏ ရှာဖွေခြင်းအား ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ခိုင်မာသည့် ရုပ်ပိုင်းဆိုင်ရာအခြေအနေ’ ရှိပုံရကြသော်လည်း ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့စိတ်ဝိညာဉ်များကို ဝါးမျိုရန် ရည်စူးမြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ညီမလေးက ပြောတယ်၊ “အစ်မက အသင်းတော်ထဲမှာ ဆရာမ ရာထူးက ပေးတဲ့ အကျိုးကျေးဇူးတွေကိုပဲ ခံစားနေတာ၊ ဒါဟာ ဘုရားသခင်ကို ဆန့်ကျင်နေတာပဲ။ ယုံကြည်သူတွေ ဘုရားသခင်ဆီ ပူဇော်ဆက်ကပ်တဲ့ငွေတွေကို အစ်မတို့လို ဆရာမတွေနဲ့ သင်းအုပ်ဆရာတွေရဲ့ လစာပေးဖို့ သုံးနေတာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီငွေတွေက ဘုရားသခင်ဆီ ပူဇော်ဆက်ကပ်ထားတာလေ၊ ဘယ်သူကမှ အဲဒါကို ခံစားခွင့် မရှိဘူး။ ဒီငွေတွေကို ခံစားတာဟာ ပူဇော်သက္ကာတွေကို ခိုးယူတာနဲ့ အတူတူပဲ။ သခင် ပြန်ကြွလာပြီဆိုတာ အစ်မ သိတယ်၊ ဒါပေမဲ့ ဆရာမ ရာထူးနဲ့ အသက်မွေးဝမ်းကျောင်းကို ဖက်တွယ်ထားပြီး တခြားလူတွေကို လှည့်ဖြားဖို့ အသင်းတော်ထဲမှာ ဆက်ဟောနေတယ်။ အစ်မက လူ့အသားကို စားပြီး လူ့သွေးကို သောက်တဲ့ အဲဒီ ဖာရိရှဲတွေနဲ့ တူမနေဘူးလား” တဲ့။ အမေကလည်း ပြောတယ်၊ “အရင်တုန်းက ‘လူ၏ အသားကိုစားပြီး အသွေးကိုသောက်’ ဆိုတာ ဘာအဓိပ္ပာယ်လဲ ငါ နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ အခု ငါ နားလည်သွားပြီ၊ အသင်းတော်ကနေ လစာယူတဲ့ ဘယ်သူမဆို ဘုရားသခင်ရဲ့ ပူဇော်သက္ကာတွေကို ခံစားနေတာ၊ ပူဇော်သက္ကာတွေကို ခိုးယူနေတာပဲ။ ပူဇော်သက္ကာတွေဆိုတာ ညီအစ်ကိုမောင်နှမတွေက ချိုးချိုးခြံခြံနဲ့ စုဆောင်းပြီး ဘုရားသခင်ဆီ ပူဇော်ဆက်ကပ်ထားတာတွေ၊ ဒါပေမဲ့ နင်တို့ သင်းအုပ်ဆရာတွေနဲ့ ဆရာမတွေက အဲဒါတွေကို ခံစားနေကြတယ်။ နင်တို့က ယုံကြည်သူတွေရဲ့ အသားကို စားပြီး သွေးကို သောက်နေကြတာ။ ဘုရားသခင်ရှေ့မှာ ဒီကိစ္စအတွက် နင် စာရင်းရှင်းနိုင်မလား” တဲ့။ အမေနဲ့ ညီမလေးပြောတာကို နားထောင်ရင်း ကျွန်မ အရမ်း စိတ်မကောင်းဖြစ်ရတယ်။ အထူးသဖြင့် “လူ၏ အသားကိုစားပြီး အသွေးကိုသောက်” ဆိုတဲ့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အခါ ကျွန်မ တကယ်ပဲ စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မ ခံစားနေတဲ့ လစာဆိုတာ ညီအစ်ကိုမောင်နှမတွေ ဘုရားသခင်ဆီ ပူဇော်ဆက်ကပ်ထားတဲ့ ပူဇော်သက္ကာတွေ ဖြစ်နေတာ မဟုတ်ဘူးလား။ ကျွန်မက တကယ်ပဲ “လူ၏ အသားကိုစားပြီး အသွေးကိုသောက်” နေတာပဲ။ ညီမလေးက ဆက်ပြောတယ်၊ “သခင်ယေရှုက ဖာရိရှဲတွေကို အပြစ်တင်ဆုံးမပြီး ပြောခဲ့တယ်။ ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။’ (ရှင်မဿဲခရစ်ဝင် ၂၃:၁၅) အဲဒီတုန်းက ဖာရိရှဲတွေက မေရှိယ ကြွလာဖို့ကို မျှော်လင့်တောင့်တခဲ့ကြတယ်။ ဒါပေမဲ့ မေရှိယဖြစ်တဲ့ သခင်ယေရှု ကြွလာတဲ့အခါ၊ သခင်ယေရှု ပြောတဲ့စကားတွေမှာ အာဏာနဲ့ တန်ခိုးရှိမှန်း သူတို့ သိရက်နဲ့ သူတို့ရဲ့ ရာထူးတွေနဲ့ အသက်မွေးဝမ်းကျောင်းတွေကို ထိန်းသိမ်းဖို့အတွက် ကိုယ်တော့်ကို ကိုယ်တိုင် ငြင်းပယ်ရုံတင်မကဘူး၊ အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတယ်၊ ယုံကြည်သူတွေ ကိုယ်တော့်ကို လက်မခံနိုင်အောင် တားဆီးခဲ့ကြတယ်။ ပြီးတော့ သူတို့က သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာ သံမှိုစွဲပြီး ဘုရားသခင်ရဲ့ ကျိန်တာနဲ့ အပြစ်ပေးဒဏ်တာကို ခံခဲ့ရတယ်။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ ‘ဤလူမျိုးသည် မိမိတို့ကို ရိုက်နှက်တော်မူသော ကိုယ်တော့်ထံသို့ မလှည့်ကြ။ ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါကိုလည်း မရှာဖွေကြပေ။ ထို့ကြောင့် ယေဟောဝါသည် ဣသရေလထံမှ ဦးခေါင်းနှင့် အမြီးကိုလည်းကောင်း၊ အကိုင်းအခက်နှင့် ကျူပင်ကိုလည်းကောင်း တစ်နေ့တည်း၌ ဖြတ်တောက်တော်မူမည်။ အသက်အရွယ်ကြီးရင့်ပြီး ဂုဏ်သရေရှိသောသူသည် ဦးခေါင်းဖြစ်၏။ မုသားကို သွန်သင်သော ပရောဖက်သည်ကား အမြီးဖြစ်၏။’ (ဟေရှာယအနာဂတ္တိကျမ်း ၉:၁၄-၁၆) ခေါင်းဆိုတာ ဘယ်သူလဲ။ ဒါက မှန်တဲ့ လမ်းခရီးကို သိပေမယ့် လက်မခံတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ရည်ညွှန်းတာပါ။ ဒါဆို ဘာဖြစ်လို့ ခေါင်းရော အမြီးပါ ဖြတ်တောက်ခံရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မှန်တဲ့ လမ်းခရီးကို ရှင်းရှင်းလင်းလင်း သိပေမယ့် လက်မခံကြဘူး၊ သူတို့ရဲ့ ရာထူးတွေနဲ့ အသက်မွေးဝမ်းကျောင်းတွေကို မစွန့်လွှတ်နိုင်ကြဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ အလုပ်ကို ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချကြတယ်၊ ယုံကြည်သူတွေ မှန်တဲ့ လမ်းခရီးကို လက်မခံနိုင်အောင် တားဆီးကြလို့ပဲ။ အစ်မရဲ့ လက်ရှိ ဆရာမ ရာထူးကြောင့် အထင်အမြင်မမှားပါနဲ့။ သခင် ကြွလာပြီဆိုတာ အစ်မ သိရက်နဲ့ မူလအသင်းတော်ကနေ မထွက်ဘဲနေတယ်။ အဲဒီအစား အစ်မက လှေနံနှစ်ဖက်နင်းဖို့ ကြိုးစားတယ်၊ ပြီးတော့ အစ်မရဲ့ ရာထူးကို ဖက်တွယ်ထားပြီး လူတွေကို လှည့်ဖြားဖို့ အဲဒီအသင်းတော်မှာ တရားဟောတယ်၊ တခြားလူတွေ အစ်မကို ကိုးကွယ်ပြီး အထင်ကြီးလေးစားတာကို ခံစားနေတယ်။ အစ်မက တခြားလူတွေ မှန်တဲ့ လမ်းခရီးကို လက်မခံနိုင်အောင် တားဆီးတဲ့ ထာဝရ အပြစ်သား ဖြစ်မနေဘူးလား။ အစ်မက ရာထူးကိုပဲ ဆက်ပြီး ဖက်တွယ်ထားပြီး ဘုရားသခင်ရဲ့ အမှုသစ်နောက်ကို မလိုက်ရင် အဆုံးမှာ ဘုရားသခင်ရဲ့ ဖြတ်တောက်တာကို ခံရလိမ့်မယ်။ ဒါနဲ့ သမီးတို့ သခင့်ကို ဘာကြောင့် ယုံကြည်ကြတာလဲ။ သမီးတို့ကို သခင် လာကယ်တင်တာကို စောင့်မျှော်ဖို့ပဲ မဟုတ်ဘူးလား။ သမီတို့က သင်းအုပ်ဆရာ ရာထူးအတွက်နဲ့ပဲ သခင့်ကို ယုံကြည်ရင် ရလဒ်တစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ ငရဲကျပြီး အပြစ်ဒဏ်ပေးခံရဖို့ပဲ။ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ ပေတရုနဲ့ မဿဲအကြောင်း အစ်မ မှတ်မိလား။ သခင်ယေရှုက ပေတရုကို ခေါ်တဲ့အခါ ပေတရုက သူ့ရဲ့ ငါးဖမ်းပိုက်တွေကို ချက်ချင်း စွန့်ပစ်ပြီး သခင့်နောက် လိုက်ခဲ့တယ်။ မဿဲက အခွန်ခံတစ်ယောက်ပါ၊ အကောက်ခွန်ရုံးမှာ အခွန်ကောက်နေတုန်း သခင်ယေရှုရဲ့ ခေါ်သံကို ကြားတာနဲ့ သူ့အလုပ်ကို ချက်ချင်း စွန့်လွှတ်ပြီး ကိုယ်တော့်နောက် လိုက်ခဲ့တယ်။ အခု အစ်မကို ကြည့်ဦး၊ တွန့်ဆုတ်နေပြီး ဟိုဟာလည်း လက်မလွှတ်နိုင်၊ ဒီဟာလည်း လက်မလွှတ်နိုင် ဖြစ်နေတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ ‘သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။’ (ရှင်လုကာခရစ်ဝင် ၁၄:၃၃) သုတ္တံကျမ်း ၁၄:၁၂ နဲ့ ၁၆:၂၅ နှစ်ခုစလုံးက သမီးတို့ကို သတိပေးထားတယ်။ ‘လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။’ ဘုရားသခင်က အလုပ်သစ်လုပ်ဖို့ ကြွလာတဲ့အခါ သမီးတို့က ကိုယ်တော်ရဲ့ ခြေလှမ်းတွေနောက် လိုက်သင့်တယ်၊ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အလုပ်ကို လက်မခံဘဲ ကိုယ်ပိုင် ရာထူးတွေနဲ့ အသက်မွေးဝမ်းကျောင်းတွေကို ထိန်းသိမ်းဖို့အတွက် လူတွေ ဘုရားသခင်ဆီ ပြန်လာတာကို တားဆီးတဲ့သူတွေဟာ ဘုရားသခင်ရဲ့ စီရင်တာနဲ့ အပြစ်ပေးတာကို ခံရမှာမို့လို့ပါပဲ။ အဲဒါကို စဉ်းစားကြည့်ပါ” တဲ့။ အမေနဲ့ ညီမလေးပြောတာကို နားထောင်ရင်း ကျွန်မ တကယ်ပဲ စိတ်လှုပ်ရှားသွားပြီး နည်းနည်း ကြောက်သွားလို့ တွေးမိတယ်၊ “ဖာရိရှဲတွေက သမ္မာကျမ်းစာကို ကျွမ်းကျင်တယ်၊ အသင်းတော်မှာ တရားဟောတယ်၊ ဘုရားတရား ကြည်ညိုပုံရတယ်၊ ဒါပေမဲ့ အနှစ်သာရအားဖြင့် သူတို့က ဒီအရာတွေအားလုံးကို သူတို့ရဲ့ ရာထူးတွေနဲ့ အသက်မွေးဝမ်းကျောင်းတွေအတွက်၊ ပြီးတော့ တခြားလူတွေရဲ့ အားကျတာနဲ့ လေးစားတာကို ခံချင်လို့ လုပ်ခဲ့ကြတာပဲ။ ဒါဟာ သခင့်အတွက် စစ်မှန်တဲ့ အစေခံခြင်း မဟုတ်ဘူး။ သူတို့က သူတို့ရဲ့ ရာထူးတွေနဲ့ စားဝတ်နေရေးတွေအတွက် သခင်ယေရှုကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတယ်၊ ယုံကြည်သူတွေ သခင့်ရဲ့ ဧဝံဂေလိတရားကို လက်မခံနိုင်အောင် တားဆီးခဲ့ကြတယ်။ သူတို့က ဘုရားသခင်ကို အစေခံပေမယ့် ကိုယ်တော့်ကို ဆန့်ကျင်ခဲ့ကြတယ်၊ ပြီးတော့ သခင်ယေရှုရဲ့ ပြစ်တင်ရှုတ်ချတာနဲ့ ကျိန်ခြင်းကို ခံခဲ့ရတယ်။” ကျွန်မရဲ့ မူလအသင်းတော်က တရားဟောဆရာအကြောင်း ကျွန်မ တွေးမိတယ်၊ သူက သိုးအုပ်ကို ကာကွယ်တယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အသင်းတော်ကို ပိတ်ပင်တားဆီးတယ်၊ ယုံကြည်သူတွေ မှန်တဲ့ လမ်းခရီးကို မရှာဖွေနိုင်အောင် တားဆီးတယ်၊ ပြီးတော့ နိုင်ငံတော် ဧဝံဂေလိတရား ဟောတဲ့လူတွေကို လက်ညှိုးထိုးပြီး ပြောတယ်၊ “နောက်နောင် ငါတို့ အသင်းတော်ကို ဧဝံဂေလိ လာမဟောနဲ့။ မင်းတို့ နောက်တစ်ခါ လာရင် ရဲခေါ်ပြီး မင်းတို့အားလုံးကို ဖမ်းခိုင်းလိုက်မယ်” တဲ့။ ပြီးတော့ ကိုယ်ပိုင်မူသုံးရပ်သုံး မျိုးချစ်ကော်မတီ ဥက္ကဋ္ဌကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့လူတွေကို ဖမ်းဆီးဖို့ စည်းလုံးညီညွတ်ရေး တပ်ဦးဌာနနဲ့ ပူးပေါင်းကြံစည်တယ်၊ ဧဝံဂေလိ ဟောတဲ့လူတွေကို တွေ့ရင် ရဲခေါ်ဖမ်းခိုင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့ သခင် ပြန်ကြွလာပြီဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိတယ်၊ ဒါပေမဲ့ အဆင့်အတန်းရဲ့ အကျိုးအမြတ်ကို ခံစားဖို့နဲ့ အထင်ကြီးခံရဖို့အတွက် အသင်းတော်ကနေ ထွက်ဖို့ ငြင်းဆန်ခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ ဟောပြောချက်တွေအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ခိုးယူတယ်၊ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တယ်၊ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ပြီး လူတွေ ကျွန်မကို လေးစားကိုးကွယ်လာအောင် လုပ်တယ်။ ကျွန်မက ဖာရိရှဲတွေရဲ့ လမ်းကြောင်းကို လျှောက်နေတာ မဟုတ်ဘူးလား။ သခင်ယေရှုက ဖာရိရှဲတွေအပေါ် အမင်္ဂလာ ခုနစ်ပါး ကြေညာခဲ့တယ်။ ကျွန်မသာ အသင်းတော်ကနေ မထွက်ခဲ့ရင် ပိုကြီးတဲ့ အပြစ်ကို သိသိကြီးနဲ့ ကျူးလွန်မိမှာဖြစ်ပြီး ကျွန်မရဲ့ အဆုံးသတ်ကလည်း ဖာရိရှဲတွေလိုပဲ ဖြစ်သွားမှာပဲ။
တစ်နေ့မှာ ကျွန်မကို နက်နက်ရှိုင်းရှိုင်း ထိတွေ့စေတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်း သို့သော်တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။ သင်တို့အနေဖြင့် ငါ၏နှုတ်ကပတ်တော်များကို ကျိုးနွံနာခံမည်လော၊ သို့တည်းမဟုတ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်မည်လော။ ငါ၏နေ့ရက်ကို သင်တို့၏ ရှေ့မှောက်၌ ချခင်းထားပြီးပြီဖြစ်ကာ သင်တို့ရင်ဆိုင်ရသောအရာမှာ ဘဝသစ်နှင့် အစပြုမှတ်အသစ် ဖြစ်သည်။ သို့သော် ဤအစပြုမှတ်အသစ်ဆိုသည်မှာ အတိတ်က အလုပ်သစ်တစ်ခု၏ အစမဟုတ်ဘဲ အလုပ်ဟောင်း၏ အဆုံးသတ်ဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ နောက်ဆုံးအလုပ်ဖြစ်၏။ ဤအစပြုမှတ်နှင့်ပတ်သက်၍ အဘယ် အရာက တစ်မူထူးခြားသည်ကို သင်တို့အားလုံး နားလည်ကြမည်ဟု ငါယုံကြည်၏။ သို့သော် မကြာမီတစ်နေ့တွင် သင်တို့သည် ဤအစပြုမှတ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာမည် ဖြစ်သည့်အတွက် ၎င်းကို အတူတကွ ဖြတ်ကျော်ပြီး လာမည့်ဇာတ်သိမ်းပိုင်းကို ကြိုဆိုကြစို့။ သို့သော် ငါစိတ်မသက်မသာဖြစ်နေဆဲ အကြောင်းမှာ တရားမမျှတမှုနှင့် တရားမျှတမှုကို ရင်ဆိုင်ရသောအခါ သင်တို့သည် တရားမမျှတမှုကို အမြဲ ရွေးချယ်နေကြဆဲ ဖြစ်သည့်အကြောင်းပင်။ သို့သော် ထိုအရာအားလုံးသည် သင်တို့အတိတ်ကဖြစ်သည်။ သင်တို့၏ အတိတ်က အရာအားလုံးကို ငါသည်လည်း မေ့ပစ်ချင်၏၊ သို့သော် ဤအရာ ပြုလုပ်ရန်မှာ ခက်ကားခက်လှ၏။ သို့ဖြစ်စေကာမူ ဤသည်ကို လုပ်နိုင်မည့် အလွန် ကောင်းသောနည်းလမ်းတစ်ခု ငါ၌ရှိ၏။ အနာဂတ်သည် အတိတ်ကို အစားထိုးပါစေ၊ သင်တို့၏ ယနေ့ သရုပ်မှန်အတွက် အတိတ်က အရိပ်များကို လွင့်ပြယ်သွားခွင့်ပေးလော့။ ထို့ကြောင့် နောက်ထပ်တစ်ခါ ရွေးချယ်မှုပြုရန် ငါသည် သင်တို့ကို ဒုက္ခပေးရပေဦးမည်။ သင်တို့အနေဖြင့် မည်သူ့ကို အတိအကျ သစ္စာစောင့်သိကြသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို တို့ထိခံစားစေခဲ့တယ်၊ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင် မေးနေသလိုမျိုး ခံစားရပြီး ကျွန်မ ဆွံ့အသွားတယ်။ ကျွန်မ နောင်တရပြီး အပြစ်ရှိတဲ့စိတ် ခံစားရလို့ မျက်ရည်မကျဘဲ မနေနိုင်ခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်မှန်း ကျွန်မ သိခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုကို လက်ခံပြီး မူလအသင်းတော်ကနေ ထွက်ခဲ့သင့်တာပါ။ ဒါပေမဲ့ အဲဒီကနေ နှင်ထုတ်ခံရရင် သင်းအုပ်ဆရာ မဖြစ်နိုင်တော့မှာကို ကျွန်မ ကြောက်ခဲ့တယ်၊ ဒါကြောင့် သင်းအုပ်ဆရာအနေနဲ့ နှစ်နှစ်လောက်နေပြီးမှ ထွက်ဖို့ အစီအစဉ်ဆွဲပြီး လှေနံနှစ်ဖက်နင်းခဲ့တယ်။ အသင်းတော်မှာ ဟောစရာ ဘာမှမကျန်တော့တဲ့အတွက် ရာထူးဆုံးရှုံးမှာကို စိုးရိမ်ပြီး လူတိုင်းရဲ့ ထောက်ခံမှုနဲ့ အားကျတာကို ရချင်လို့ တရားဟောဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ခိုးယူခဲ့တယ်။ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က ဘုရားသခင်ကို အတိုက်အခံလုပ်ဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဧဝံဂေလိ အမှုဆောင်တွေကို ဖမ်းဆီးဖို့ အစိုးရနဲ့ ပူးပေါင်းတာကို ကျွန်မ မြင်ခဲ့တယ်။ မြန်မြန်ထွက်သင့်မှန်း ကျွန်မ သိခဲ့ပေမယ့် ကိုယ့်ရာထူးကို ထိန်းသိမ်းဖို့အတွက် မူလအသင်းတော်မှာ ကျွန်မ ဆက်နေခဲ့တယ်။ အကြိမ်တိုင်းမှာ သမ္မာတရားထက် ကိုယ့်ရဲ့ အဆင့်အတန်းကိုပဲ ကျွန်မ ရွေးချယ်ခဲ့တယ်။ နှစ်ပေါင်းများစွာ ကျွန်မရဲ့ သစ္စာစောင့်သိမှုက အဆင့်အတန်းနဲ့ လူတွေရဲ့ အားကျမှုအပေါ်မှာပဲ ရှိခဲ့တာကို ကျွန်မ မြင်ခဲ့ရတယ်။ မိသားစုက ကျွန်မနဲ့ ထပ်ခါတလဲလဲ မိတ်သဟာယပြုခဲ့ပေမယ့် ကိုယ့်အဆင့်အတန်းအတွက်နဲ့ ဘုရားသခင်ကို ခေါင်းမာမာ အတိုက်အခံလုပ်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခဲ့တာ မဟုတ်ဘူး၊ အဲဒီအစား အဆင့်အတန်းနဲ့ ရာထူးရဲ့ အကျိုးကျေးဇူး ခံစားရမှုကိုပဲ ရှာဖွေတဲ့ လူတစ်ယောက် ဖြစ်နေခဲ့တယ်။ ကျွန်မက လုံးလုံးလျားလျား ဟန်ဆောင်ကောင်းတဲ့ ဖာရိရှဲတစ်ယောက် ဖြစ်နေခဲ့တာပါ။ ကျွန်မ လုပ်ခဲ့တာတွေက ဘုရားသခင်ကို တကယ်ပဲ ပူဆွေးဝမ်းနည်းစေခဲ့တယ်။ မူလအသင်းတော်ကနေ ထွက်ဖို့နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဧဝံဂေလိ ဟောပြောတာကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ သုံးလေးရက်ကြာတော့ ကျွန်မရဲ့ မူလအသင်းတော်က ကြီးကြပ်ရေးမှူးတွေနဲ့ လုပ်ဖော်ဆောင်ဖက်တွေက ကျွန်မကို လာရှာပြီး ပြောကြတယ်၊ “ဆရာမကျောက်၊ အသင်းတော်က ဆရာမကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ပြီး ဓမ္မပညာ လေ့လာမှုတွေကို ထောက်ပံ့ပေးခဲ့တာလေ။ သခင့်အတွက် အလုပ်လုပ်ဖို့ ဆရာမ အမြန်ဆုံး ထလာမှ ဖြစ်မယ်။ ဆရာမအပေါ်ထားတဲ့ သခင့်မေတ္တာနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ယုံကြည်ကိုးစားမှုကို မျက်ကွယ်ပြုလို့ မရဘူးနော်” တဲ့။ သူတို့စကားတွေကို ကြားပြီးတဲ့နောက် ကျွန်မ တွေးမိတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို ငါ ဖတ်ပြီးပြီ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာ၊ ပြီးတော့ နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်တဲ့ အလုပ်ကို လုပ်ဆောင်ဖို့ ကိုယ်တော်က သမ္မာတရားကို ဖော်ပြထားတယ်ဆိုတာ ငါ သေချာတယ်။ အသင်းတော်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိတော့ဘူး။ ငါ သင်းအုပ်ဆရာ ဖြစ်လာရင်တောင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘဲနဲ့တော့ ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး။ ငါ အသင်းတော်မှာ ဆက်နေလို့ မရဘူး၊ ဘာလို့လဲဆိုတော့ ပိုကြာကြာနေလေ ငါ့ရဲ့ ပျက်စီးခြင်းကို ဦးတည်လေ ဖြစ်ပြီး ဖာရိရှဲတွေလိုပဲ ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချတာကို ငါ ခံရလိမ့်မယ်။ ငါက ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက် လိုက်သင့်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို မျှော်လင့်တောင့်တနေတဲ့ ပိုများတဲ့လူတွေဆီ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားဟောသင့်တယ်” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ လုံးဝ ပြတ်ပြတ်သားသား ဖြစ်သွားပြီး သူတို့ကို ငြင်းပယ်လိုက်တယ်။
အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ ဧဝံဂေလိ ဟောပြောတဲ့ တာဝန်ကို ကျွန်မ စတင်ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ သင်းအုပ်ဆရာတစ်ယောက်အကြောင်း ကျွန်မ ကြားခဲ့ရတယ်၊ သူက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ဖတ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘုရားသခင် ဖော်ပြတာ ဖြစ်တယ်ဆိုတာနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ သင်းအုပ်ဆရာ ရာထူးကို မစွန့်လွှတ်နိုင်တာကြောင့် လက်မခံခဲ့ဘူး၊ အဲဒီလိုနဲ့ ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားခဲ့တယ်။ အဆင့်အတန်းကို လိုက်စားတာက ဘုရားသခင်ကို အတိုက်အခံလုပ်တာနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာတာကိုပဲ ဦးတည်တယ်ဆိုတာ ကျွန်မအတွက် ပိုတောင် ရှင်းလင်းသွားတယ်။ ဘုရားသခင်သာ ကျွန်မမိသားစုနဲ့ ညီအစ်ကိုမောင်နှမတွေကို အသုံးပြုပြီး ကျွန်မနဲ့ ထပ်ခါတလဲလဲ မိတ်သဟာယ မပြုပေးခဲ့ရင်၊ ကျွန်မလည်း မှန်တဲ့ လမ်းခရီးကို သိရက်နဲ့ လက်မခံတဲ့ အဲဒီ သင်းအုပ်ဆရာလိုပဲ ဖြစ်သွားမှာ၊ ပြီးတော့ နောက်ဆုံးမှာ ဖာရိရှဲတွေလိုပဲ ကျွန်မရဲ့ ဝိညာဉ်၊ စိတ်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာ အပြစ်ပေးခံရတာနဲ့ အဆုံးသတ်သွားမှာ။ အခု သင်းအုပ်ဆရာ ဖြစ်ခွင့် ဆုံးရှုံးသွားပေမယ့် ထာဝရအသက် လမ်းခရီးကို ကျွန်မ ရရှိခဲ့ပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံရရှိခဲ့တယ်၊ အဲဒါက ဘယ်လို ရာထူးအမြင့်နဲ့မှ လဲလှယ်လို့ မရနိုင်တဲ့ အရာပါ။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီက ကယ်တင်ခြင်း ကျေးဇူးတော်အတွက် ပိုတောင် ကျေးဇူးတင်မိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
မော့ယန် တရုတ်နိုင်ငံပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...
ကျင့်ခေါက် အမေရိကန်နိုင်ငံ၂၀၂၀ ခုနှစ် နွေရာသီမှာ အစ်မဝမ်နဲ့ ကျွန်မက အဆင့်မီ ဗီဒီယိုတွေကို ဆေးရောင်ခွဲဖို့ အတူလုပ်ကြတယ်။ ကျွန်မက...
၂၀၀၄ ခုနှစ်မှာ ကိုယ်တော့်အိမ်တော်ကို ရောက်ရှိဖို့ ဘုရားသခင်က ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စည်းဝေးရင်း၊ တစ်ခါတလေ...
စတေစီ၊ တောင်ကိုရီးယားနိုင်ငံ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတုန်းက အသင်းတော်မှာ ရေလောင်းခြင်းအလုပ်ကို ကျွန်မ တာဝန်ယူခဲ့တယ်။ တစ်နေ့ကျတော့ ခေါင်းဆောင်က...