စည်းမျဉ်းနဲ့အညီ တာဝန်မထမ်းဆောင်ခြင်းရဲ့ အကျိုးဆက်များ

06.06.2026

ရှောင်ရှောင်၊ တရုတ်နိုင်ငံ

၂၀၂၂ ခုနှစ် အစောပိုင်းမှာ အသင်းတော်ဆယ်ခုရဲ့ အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ရတယ်။ အဲဒီထဲက အသင်းတော်သုံးခုမှာ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေရဲ့ အစွမ်းက တော်တော်ညံ့ပြီး အသင်းတော်အသက်တာက မကောင်းဘူး။ ပြီးတော့ တခြားအသင်းတော်တချို့မှာလည်း ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေ လိုနေတယ်။ ဒါကြောင့် ရွေးကောက်ပွဲလုပ်ဖို့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ အမြန် စီစဉ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ရွေးကောက်ပွဲစည်းမျဉ်းတွေကို သိပ်နားမလည်ကြတော့ ရွေးကောက်ပွဲအလုပ်က တော်တော်လေး နှောင့်နှေးနေခဲ့တယ်။ နောက်ပိုင်းမှာ ရွေးကောက်ပွဲ ဘာလို့နှောင့်နှေးနေလဲဆိုတာ သိရအောင် အထက်ခေါင်းဆောင်တွေက ကျွန်မတို့နဲ့ အစည်းအဝေးလုပ်ခဲ့တယ်။ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို ရွေးချယ်တာက အရေးကြီးတဲ့အကြောင်းကိုလည်း သူတို့ မိတ်သဟာယပြုခဲ့တယ်။ ဒါကို ကြားလိုက်ရတော့ ကျွန်မ စိတ်ပူသွားတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါတာဝန်ယူထားတဲ့ အသင်းတော်တွေမှာ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေ အများကြီး လိုနေတာပဲ။ ဒါက ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်း အရမ်းညံ့တယ်ဆိုတာ ပြနေတာ မဟုတ်လား။ ခေါင်းဆောင်တွေ ငါ့ကို ဘယ်လိုထင်မလဲ။ ဒီလိုလုပ်လို့ မဖြစ်ဘူး။ လစ်လပ်နေတဲ့ ခေါင်းဆောင်နဲ့ သင်းထောက်နေရာတွေကို ဖြည့်ဖို့ ငါ အမြန် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မှရမယ်။ ဒါမှ ငါက တကယ့်အလုပ်တချို့ လုပ်နိုင်သေးတယ်ဆိုတာ လူတိုင်းမြင်မှာ” ပေါ့။ အဲဒီနောက်မှာ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေအတွက် ရွေးကောက်ပွဲတွေကို ကျွန်မ ခပ်မြန်မြန် စီစဉ်ခဲ့ပေမဲ့ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေအတွက် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေအကြောင်းကို အသေးစိတ် မိတ်သဟာယမပြုခဲ့ဘူး။ ရွေးချယ်ခံရတဲ့လူတွေက သူတို့တာဝန်တွေကို အတော်အတန် တက်တက်ကြွကြွနဲ့ ထမ်းဆောင်ပြီး ဒုက္ခခံနိုင်တယ်၊ အဖိုးအခပေးဆပ်နိုင်တယ်ဆိုရင်ပဲ အဆင်ပြေပြီလို့ ကျွန်မ ထင်ခဲ့တာ။ အချိန်တစ်ခုကြာအောင် ကြိုးစားပမ်းစား လုပ်ပြီးတဲ့နောက်မှာ အသင်းတော်တွေက ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို တဖြည်းဖြည်း ရွေးကောက်ခဲ့တယ်။ ဒီ “ရလဒ်တွေ” ကို မြင်တော့ ကျွန်မ အရမ်းပျော်သွားတယ်။ အခုဆိုရင် ဘယ်သူမှ ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မေးခွန်းထုတ်တော့မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မမျှော်လင့်ခဲ့တာတစ်ခု ဖြစ်လာတယ်။ အသစ်ရွေးလိုက်တဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ညီအစ်ကို ချန်လင်မှာ တရားမျှတစိတ် မရှိဘူး၊ လူ့အကြိုက်လိုက်တဲ့ စိတ်သဘောထား ပြင်းထန်ပြီး ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးဆိုပြီး ညီအစ်မနှစ်ယောက်က အစီရင်ခံစာတွေ အကြိမ်ကြိမ် တင်ပြလာကြတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “လူတိုင်းမှာ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်းချက်တွေ ရှိတာပဲ။ ရှင်တို့ရဲ့ သတ်မှတ်ချက်တွေက မြင့်လွန်းတယ်။ လူတွေကို အကဲဖြတ်ဖို့ ရှင်တို့စံနှုန်းတွေအတိုင်းသာ လုပ်နေရင် ခေါင်းဆောင်နဲ့ သင်းထောက် နေရာလွတ်အားလုံးကို ဘယ်တော့များမှ ဖြည့်နိုင်မှာလဲ” ပေါ့။ ချန်လင်ကို ရွေးကောက်လိုက်တာ ပြဿနာမရှိဘူး၊ ပြဿနာက အဲဒီ ညီအစ်မနှစ်ယောက်က လူတွေကို မျှမျှတတ မဆက်ဆံနိုင်တာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် သူတို့ လက်ခံလာအောင်လို့ သူတို့နဲ့ မိတ်သဟာယပြုဖို့ ကျွန်မ စာရေးလိုက်တယ်။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ အဲဒီညီအစ်မတွေက ကျွန်မဆီ စာထပ်ရေးလာတယ်။ “ချန်လင်ရဲ့ လူ့အကြိုက်လိုက်တဲ့ စိတ်သဘောထားက အရမ်းပြင်းထန်တယ်။ သူက အသင်းတော်အလုပ်ကို မကာကွယ်ဘူး။ ပြီးတော့ သူက ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး” ဆိုပြီး စာထဲမှာရေးထားတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ရွေးဖို့ပဲ အလျင်လိုနေတော့ ဒီကိစ္စကို လုံးဝ အာရုံမစိုက်ခဲ့ဘူး။

သိပ်မကြာခင်မှာပဲ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ကျွန်မ ရလိုက်တယ်။ အဲဒီစာမှာ ပြောထားတာက “ချန်လင်ရဲ့ လူ့အကြိုက်လိုက်တဲ့ စိတ်သဘောထားက အရမ်းပြင်းထန်တယ်။ သူက အသင်းတော်အလုပ်ကို မကာကွယ်ဘူး။ အခုချိန်ထိတောင် နောင်တရတဲ့ အရိပ်အယောင် မပြဘူး။ စည်းမျဉ်းတွေအရ သူက ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး” တဲ့။ စာကို ဖတ်လိုက်တဲ့အချိန်မှာပဲ ညီအစ်မတွေက ချန်လင်ရဲ့ ပြဿနာတွေကို အစီရင်ခံဖို့ အရင်က စာသုံးလေးစောင် ပို့ခဲ့ပေမဲ့ ကျွန်မက အလေးအနက်မထားခဲ့ဘူး၊ မရှာဖွေခဲ့ဘူး၊ ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး အရမ်းတောင် အတိုက်အခံလုပ်ချင်စိတ် ဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မဟာ အရမ်းကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်ခဲ့တာကို မြင်လိုက်ရတယ်။ သူများတွေရဲ့ အကြံပြုချက်တွေကို လက်မခံခဲ့ဘဲ ကိုယ့်သဘောဆန္ဒအတိုင်း ပြုမူခဲ့တာလေ။ အဲဒီအချိန်မှာ ကျွန်မ အရမ်းရှက်လွန်းလို့ မြေကြီးထဲ တိုးဝင်သွားချင်လောက်အောင် ဖြစ်ခဲ့ရတယ်။ ရှက်လွန်းလို့ ကျွန်မ မျက်နှာက ပူထူနေပြီး ကျွန်မ ခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေးလာတယ်။ “ငါတော့ သွားပြီ။ အခု ငါက တာဝန်ကို စည်းမျဉ်းနဲ့အညီ မထမ်းဆောင်ဘူးဆိုတာ အထက်ခေါင်းဆောင်တွေ သိသွားပြီ။ ငါ့ရဲ့ စွမ်းဆောင်မှုကို စစ်ဆေးဖို့ စုံစမ်းကောင်းစုံစမ်းနိုင်တယ်။ အဲဒါဆို ငါ ဖြုတ်ချခံရမှာ မဟုတ်လား” ပေါ့။ အဲဒီရက်ပိုင်းတွေမှာ ကျွန်မ စိတ်ဖိစီးပြီး နေမထိထိုင်မသာ ဖြစ်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “သင်သည် သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်ရန် အခွင့်အရေးရှိလျှင် သမ္မာတရားအား ရှာဖွေရန်အတွက်လည်း သင် အခွင့်အရေးရှိသည်။ သင်၏ လုပ်ဆောင်မှုများအတွက် စည်းမျဉ်းအဖြစ် သမ္မာတရားကို အသုံးပြုသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆမိတော့ ကျွန်မ နှလုံးသားက ဓားနဲ့ အထိုးခံရသလိုမျိုး အရမ်းနာကျင်ခဲ့ရတယ်။ ဟုတ်တယ်၊ သမ္မာတရားကို ရှာဖွေဖို့ အခွင့်အရေး ကျွန်မ ရခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့လို့ တာဝန်တွေမှာ စည်းမျဉ်းတွေကို မရှာဖွေဘဲ ကိုယ့်သဘောဆန္ဒအတိုင်း ပြုမူခဲ့တာ။ ဒါက အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တာပဲ။ ဒီကာလအတွင်းမှာ ကျွန်မက ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီး အမြန် အောင်မြင်ချင်စိတ် ပြင်းပြနေခဲ့ပြီး စည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး၊ အဲဒါကြောင့် လူရွေးမှားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ဒါကို ထောက်ပြတဲ့အခါမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှုမလုပ်ခဲ့ဘူး၊ ပြဿနာကို မပြုပြင်ခဲ့ဘူး။ ဒီလိုပုံစံက ကိုယ့်တာဝန်ကို ထမ်းဆောင်တာ ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်သဘာဝနဲ့ ကျွန်မ လျှောက်နေတဲ့ လမ်းကြောင်းအပေါ် ဘာနားလည်မှုမှ မရရှိခဲ့ဘဲ မကြာခင်မှာပဲ ကျွန်မရဲ့ ပြဿနာဟောင်းက ပြန်ပေါ်လာတယ်။ အဲဒီအချိန်တုန်းက အသင်းတော်တိုင်းဟာ ဧဝံဂေလိအလုပ်မှာ ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီရင်း တခြားနယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ ပင်ကိုစွမ်းရည်ရှိသူတချို့ကို ပံ့ပိုးပေးဖို့ လိုတယ်လို့ အထက်ခေါင်းဆောင်တွေက စာတစ်စောင် ပို့ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက လျာထားသူတွေကို အမြန် စစ်ဆေးခဲ့တယ်။ ကျွန်မ စစ်ဆေးပြီးသား နာမည်စာရင်းကို ဖတ်ကြည့်လိုက်တော့ ကျွန်မ တကယ် ပျော်သွားတယ်။ ကျွန်မ မတွေးဘဲ မနေနိုင်ဘူး။ “လူများများ ပိုပံ့ပိုးပေးနိုင်တာက ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်း ပိုကောင်းတာကို သက်သေပြနေတာ မဟုတ်လား။ ငါက တကယ့်အလုပ်တချို့ကို လုပ်နိုင်သေးတယ်ဆိုတာ အထက်ခေါင်းဆောင်တွေ မြင်နိုင်အောင် ငါ အားစိုက်ထုတ်ရမယ်” ပေါ့။ အဲဒီအချိန်တုန်းက စာရင်းထဲမှာ ညီအစ်ကိုတစ်ယောက် ပါနေတယ်၊ သူက ဘုရားသခင်ကို ယုံကြည်လို့ အဖမ်းခံရဖူးတဲ့ မှတ်တမ်းရှိတယ်။ သူက အလိုရှိတရားခံစာရင်းထဲ ပါမပါ၊ ခရီးဝေးသွားရင် သူ့အတွက် အန္တရာယ်ရှိမရှိဆိုတာ မရှင်းလင်းဘူး။ ကျွန်မ နည်းနည်း စိတ်မတင်မကျ ဖြစ်မိပေမဲ့ ခေါင်းဆောင်တွေက ကျွန်မရဲ့အလုပ် ရလဒ်ထွက်တာကို မြင်နိုင်အောင်လို့၊ ပင်ကိုစွမ်းရည်ရှိသူ ပိုများများ ပံ့ပိုးပေးဖို့အတွက် အဲဒီညီအစ်ကိုကို တခြားနယ်ပယ်မှာ တာဝန်ထမ်းဆောင်ဖို့ ကျွန်မ စီစဉ်လိုက်တယ်။ သူ တာဝန်ထမ်းဆောင်ဖို့ သွားတဲ့လမ်းမှာ အဖမ်းခံရမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ သိပ်မကြာခင်မှာပဲ အထက်ခေါင်းဆောင်တွေက စာရေးပြီး ပြောတယ်၊ ကျွန်မတို့ ပံ့ပိုးပေးလိုက်တဲ့ လူတချို့က တခြားနယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ဘူးတဲ့။ အမှုအရာတွေကို စည်းမျဉ်းတွေနဲ့အညီ လုပ်ဖို့နဲ့ စိတ်အားထက်သန်မှုအပေါ် အခြေခံပြီး လူတွေကို မပံ့ပိုးဖို့ ကျွန်မတို့ကို သူတို့ သတိပေးခဲ့တယ်။ စာကို ဖတ်ပြီးတော့ ကျွန်မ မြေကြီးထဲ တိုးဝင်သွားချင်လောက်အောင် ဖြစ်ရတယ်။ ကျွန်မ တကယ်ကို မြေကျွင်းတစ်ကျွင်းထဲ တိုးဝင်သွားချင်တာ။ ရင်ဘတ်ကို ဖိပြီး ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ “ဒါက ကိုယ့်တာဝန်ကို ထမ်းဆောင်တာ ဟုတ်ရဲ့လား။ ဒါက ဗြောင်ကျကျ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တာပဲ” ပေါ့။ ဝေဒနာ ခံစားရရင်းနဲ့ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး ဆုတောင်းခဲ့တယ်၊ ကျွန်မကို ဉာဏ်အလင်းပေးဖို့နဲ့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်အောင် လမ်းပြပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အပြင်ပန်းတွင် ၎င်းတို့သည် မည်မျှ အလုပ်ရှုပ်သည့်ပုံရှိပါစေ၊ လမ်းများတွင် အပြေးအလွှားသွားလျက် မည်မျှပင် အချိန်ကုန်ဆုံးပါစေ၊ မည်မျှ အနစ်နာခံ၊ စွန့်လွှတ်ပြီး အသုံးခံပါစေ ဂုဏ်အဆင့်အတန်းအတွက်သာ အစဉ်ပြောဆို ပြုမူသောလူစားမျိုးကို သမ္မာတရားကို လိုက်စားသူအဖြစ် မှတ်ယူနိုင်သလော။ လုံးဝ မမှတ်ယူနိုင်ပေ။ ဂုဏ်အဆင့်အတန်းအတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်လိမ့်မည်။ ဂုဏ်အဆင့်အတန်းအတွက် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခံကြလိမ့်မည်။ ဂုဏ်အဆင့်အတန်းအတွက် မည်သည့်အကြောင်းကြောင့်မှ ရပ်တန့်မည်မဟုတ်။ ၎င်းတို့သည် အခြားသူများ၏ အမှားကိုရှာဖို့၊ အကွက်ဆင်ဖို့၊ သို့မဟုတ် အခက်အခဲဖြစ်အောင် လုပ်ဖို့ကြိုးစားပြီး အခြားလူများအား ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်နင်းခြေပစ်သည်။ ၎င်းတို့သည် အပြစ်ပေးခံရခြင်း၊ ဒဏ်ခတ်ခံရခြင်း အန္တရာယ်ကိုပင် မကြောက်ရွံ့ကြပေ။ ၎င်းတို့သည် အကျိုးဆက်များကို တွေးတောခြင်း တစ်ခုတလေမျှ မရှိဘဲ ဂုဏ်အဆင့်အတန်းအတွက် လုပ်ဆောင်ကြသည်။ ဤသို့သော လူတို့သည် မည်သည့်အရာကို လိုက်စားသနည်း။ (ဂုဏ်အဆင့်အတန်းကို လိုက်စားသည်။) ပေါလုနှင့် မည်သည့်နေရာတွင် ဆင်တူသနည်း။ (ဆုသရဖူကို လိုက်စားခြင်းတွင် ဖြစ်သည်။) ၎င်းတို့သည် ဖြောင့်မတ်ခြင်းသရဖူနောက်ကို လိုက်ကြသည်။ ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားကြသည်။ သမ္မာတရားကို လိုက်စားခြင်းထက် ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းအား သဘာဝကျသော လိုက်စားမှုအဖြစ် မှတ်ယူကြသည်။ ထိုသို့သောလူတို့၏ အထင်ရှားဆုံး စရိုက်လက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် လုပ်ဆောင်ကြခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှု ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏)အန္တိခရစ်များအတွက် ၎င်းတို့၏ ဂုဏ်သတင်း၊ သို့မဟုတ် အဆင့်အတန်းကို တိုက်ခိုက်ခံရလျှင်၊ ပြီးလျှင် ယူဆောင်သွားခြင်းခံရလျှင် ယင်းသည် ၎င်းတို့၏ အသက်ကိုယူဖို့ ကြိုးစားခြင်းထက် ပို၍ပင် ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို မည်မျှဖတ်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် ဝမ်းနည်းခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ခံစားရမည်မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဂုဏ်သတင်းကို မြင့်တက်စေရန် နည်းလမ်းများကို ရှာဖို့အတွက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ အန္တိခရစ်များက လုပ်သမျှသော အရာတိုင်းသည် အခြားလူတို့ရှေ့တွင် ကြွားဝါရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားရှေ့တွင် လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဤအရာကို ငါ အဘယ့်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသို့သော သူတို့သည် အဆင့်အတန်းကို အလွန်ချစ်ပြီး ယင်းအား ၎င်းတို့၏ အသက်ကိုယ်တိုင်အဖြစ်၊ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်အဖြစ် မှတ်ယူကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အဆင့်အတန်းကို အလွန်ချစ်သောကြောင့် သမ္မာတရား တည်ရှိမှုကို လုံးဝ မယုံကြည်ကြပေ။ ၎င်းတို့တွင် ဘုရားသခင် တည်ရှိမှုကို ယုံကြည်လက်သင့်ခံခြင်း လုံးဝ မရှိ ဟူ၍ပင် ဆိုနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိရန် မည်မျှ တွက်ချက်ပါစေ လူတို့နှင့် ဘုရားကို လှည့်စားရန် အတုအယောင် အသွင်အပြင်များကို အသုံးပြုဖို့ မည်မျှကြိုးစားပါစေ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စိတ်ပူပင်မှုတစ်ခုခုမဆိုထားနှင့်။ သတိထားမိခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်း မရှိပေ။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ၎င်းတို့၏ အဆက်မပြတ် လိုက်စားမှုတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာမှန်သမျှကိုလည်း ၎င်းတို့က ထင်ရာစိုင်း ငြင်းဆန်ကြသည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့က ‘ဂုဏ်သတင်းနှင့် အဆင့်အတန်းအားလုံးသည် လူတစ်ဦး၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအားဖြင့် ရရှိသည်။ လူတို့ကြားတွင် ခိုင်မာသော ခြေကုပ်ကို ရယူပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိခြင်းဖြင့်သာ ဘုရား၏ ကောင်းချီးများကို ၎င်းတို့ ခံစားနိုင်သည်။ လူတို့က အကြွင်းမဲ့ အာဏာနှင့် အဆင့်အတန်းကို ရရှိသောအခါမှသာ ဘဝက တန်ဖိုးရှိသည်။ ဤသည်သာ လူသားကဲ့သို့ အသက်ရှင်ခြင်း ဖြစ်သည်။ ယှဉ်ကြည့်လျှင် အရာရာတွင် ဘုရား၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံခြင်း၊ ဖန်ဆင်းခံတစ်ဦးနေရာတွင် လိုလိုလားလား ရပ်တည်ခြင်းနှင့် သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်ခြင်းတို့ကဲ့သို့သော ဘုရားနှုတ်ကပတ်တော်တွင် ပြောထားသည့် နည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခြင်းသည် အသုံးမကျခြင်းဖြစ်လိမ့်မည်။ မည်သူကမျှ ဤသို့သောသူမျိုးကို အထင်ကြီးလေးစားမည်မဟုတ်။ လူတစ်ယောက်၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ပျော်ရွှင်မှုတို့ကို ၎င်း၏ကိုယ်ပိုင် ရုန်းကန်ကြိုးစားမှုမှတစ်ဆင့် ရယူရမည်။ ၎င်းတို့ကို အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရယူရမည်။ မည်သူကမျှ ယင်းတို့ကို သင်တို့အား ပေးမည်မဟုတ်။ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းက ကျရှုံးခြင်းသာ ဖြစ်စေနိုင်သည်’ ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များက တွက်ချက်သည့် ပုံစံဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ အန္တိခရစ်များကို သမ္မာတရားကို လက်ခံဖို့၊ အမှားများကို ဝန်ခံဖို့၊ အမှန်တကယ် နောင်တရခြင်းရှိဖို့ သင် မျှော်လင့်လျှင် ယင်းသည် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဤသို့ လုံးဝ မလုပ်ဆောင်နိုင်ပေ။ အန္တိခရစ်များတွင် စာတန်၏ သဘာဝ အနှစ်သာရရှိပြီး သမ္မာတရားကို မုန်းကြသည်။ ထို့ကြောင့် ၎င်းတို့ မည်သည့်နေရာကို သွားသည်ဖြစ်စေ ကမ္ဘာမြေ၏ဝေးလံခေါင်းပါးသော နေရာများသို့ ၎င်းတို့ သွားလျှင်ပင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်မှာ လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များဖြစ်စေ၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းဖြစ်စေ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အသက်ထက်တောင် ပိုအရေးကြီးတယ်လို့ မှတ်ယူကြောင်း ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတယ်။ သူတို့ ဘာပဲလုပ်လုပ် သူတို့ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ အမြဲ ကြိုးစားကြတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့ လိုက်စားမှု ပန်းတိုင်နဲ့ ဦးတည်ချက်အနေနဲ့ သဘောထားပြီး အဆင့်အတန်းအတွက် ဘယ်လိုအဖိုးအခမဆို ပေးဆပ်ဖို့ ဝန်မလေးကြဘူး။ သူတို့က ကိုယ့်သဘောဆန္ဒနဲ့အညီ အမှုအရာတွေကို လုပ်ဆောင်ကြပြီး သမ္မာတရား စည်းမျဉ်းတွေကို နည်းနည်းလေးမှ မရှာဖွေကြဘူး။ သူတို့က ကိုယ့်ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် အကျိုးရှိဆုံးဖြစ်မယ့် နည်းလမ်းနဲ့ပဲ အမှုအရာတွေကို လုပ်ကြတာ။ ဒီကာလအတွင်းမှာ ကျွန်မရဲ့ အပြုအမူက ဒီအတိုင်း အတိအကျ ဖြစ်မနေခဲ့ဘူးလား။ အပေါ်ယံမှာတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ကျွန်မ ဒုက္ခခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်ပေမဲ့ ကျွန်မလုပ်သမျှ အရာအားလုံးက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက်ပဲ ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို ရွေးတာပဲဖြစ်ဖြစ်၊ ပင်ကိုစွမ်းရည်ရှိသူတွေကို ပံ့ပိုးပေးတာပဲဖြစ်ဖြစ်၊ ကျွန်မက အမြန် အောင်မြင်ချင်စိတ် ပြင်းပြခဲ့တယ်။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရာမှာ ရလဒ်တွေ ရရှိခဲ့တယ်၊ အလုပ်လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ပြချင်ခဲ့တယ်၊ အဲဒီလိုနဲ့ လူတိုင်းရဲ့ အားကျမှုနဲ့ အသိအမှတ်ပြုမှုကို ရချင်ခဲ့တယ်။ သင့်တော်တဲ့ ခေါင်းဆောင်တွေ၊ သင်းထောက်တွေကို မရွေးနိုင်တဲ့အခါ ရွေးကောက်ပွဲ စည်းမျဉ်းတွေအကြောင်း ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယပြုသင့်မှန်း သဘောပေါက်ခဲ့တယ်၊ ဒါပေမဲ့ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေအတွက် ရွေးကောက်ပွဲတွေကို ကျွန်မ အမြန်ပြီးစီးအောင် လုပ်နိုင်တယ်ဆိုတာ အထက်ခေါင်းဆောင်တွေကို ပြချင်လို့ ကျွန်မက အမြန် အောင်မြင်ချင်စိတ် အရမ်းပြင်းပြခဲ့ပြီး စည်းမျဉ်းတွေနဲ့အညီ ရွေးကောက်ပွဲ မလုပ်ခဲ့ဘူး။ မသင့်တော်တဲ့လူကို ကျွန်မတို့ ရွေးမိတယ်လို့ ညီအစ်မတွေက ထောက်ပြတဲ့အခါ ကျွန်မ လက်မခံခဲ့ဘူး၊ သူတို့ရဲ့ သတ်မှတ်ချက်တွေက အရမ်းတင်းကျပ်လွန်းတယ်လို့တောင် ထင်ခဲ့တယ်။ ပြီးတော့ သူတို့ကို လက်ခံလာအောင် လုပ်ဖို့နဲ့ ကျွန်မတို့ ရွေးလိုက်တဲ့လူတွေက သင့်တော်ကြောင်း သက်သေပြဖို့ နည်းလမ်းတွေကို စဉ်းစားခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းတော် ရွေးကောက်ပွဲလိုမျိုး အရေးကြီးတဲ့ ကိစ္စရပ်မှာ ကိုယ့်ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပြုမူခဲ့တာဟာ ဘုရားသခင်ကို ဗြောင်ကျကျ လှည့်စားပြီး အတိုက်အခံလုပ်ခဲ့တာပဲ။ နောက်ပြီး ပင်ကိုစွမ်းရည်ရှိသူတွေကို ပံ့ပိုးပေးတဲ့ ကိစ္စမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို တကယ် အလေးထားတဲ့လူတစ်ယောက်က ဘုရားသခင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားပြီး နိုင်ငံတော် ဧဝံဂေလိတရားအတွက် ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီဖို့ အရည်အချင်းပြည့်မီတဲ့သူတွေကို ပံ့ပိုးပေးမှာပဲ။ ဒါပေမဲ့ လူတွေက ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ မြင်အောင်လို့ ကျွန်မက အရေအတွက်ပြည့်အောင် ဖြည့်ဖို့သက်သက်အတွက် ကျွန်မ ရှင်းရှင်းလင်းလင်း နားမလည်တဲ့ လူတချို့ကို နာမည်စာရင်းထဲ ထည့်ခဲ့တာ။ အဖမ်းခံရဖူးတဲ့ မှတ်တမ်းရှိတဲ့ အဲဒီညီအစ်ကိုလိုမျိုးပေါ့။ သူ့အခြေအနေကို ကျွန်မ ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး၊ ဒါကြောင့် စိတ်ချရအောင် သူ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ ဆက်ပြီး စောင့်ကြည့်လေ့လာဖို့ လိုခဲ့တာ။ ဒါပေမဲ့ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ လူများများ ပံ့ပိုးပေးချင်တာသက်သက်ကြောင့် အဲဒီညီအစ်ကိုက နောက်ဆုံးမှာ အဖမ်းခံလိုက်ရတယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လိုလိုက်စားခဲ့တယ်၊ စည်းမျဉ်းနဲ့အညီ အလုပ်မလုပ်ခဲ့ဘူးဆိုတာ မြင်ခဲ့ရတယ်။ ပြီးတော့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ထည့်မစဉ်းစားတာ ထားလိုက်တော့၊ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကိုတောင် လျစ်လျူရှုခဲ့တာ။ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို ထိခိုက်နစ်နာစေခဲ့တာပဲ။ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာ။ ကျွန်မသာ နောင်တမရရင် ဘုရားသခင်က ကျွန်မကို ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းမှာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်တယ်။ “အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့ဖြစ်သည့် ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံး၏ အနှစ်သာရမှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ပြီးထိခိုက်စေသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံမှန်စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်။ ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ နှောင့်ယှက်ခြင်း၊ ထိခိုက်ခြင်းနှင့် ဖြိုဖျက်ခြင်း၊ တို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့်ဂုဏ်အဆင့်အတန်းတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားစဉ်တွင် လူများသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကာ ပို၍များသောလူများ၏ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်းတို့အပေါ်တွင် ဩဇာလွှမ်းမိုးမှုများပင် ရှိနိုင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ဖြစ်လေသည်။ ဤသည်မှာ မငြင်းခုံနိုင်သော အချက်ဖြစ်သည်။ လူများသည် မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းမည်မဟုတ်ကြောင်းမှာ သေချာပေသည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းအတွက်သာ ပြောဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှသည် ထိုအရာများအတွက်သာ ဖြစ်သည်မှာ ခြွင်းချက်တစ်စက်မျှ မရှိပေ။ ထိုသို့သော ပြုမူလုပ်ဆောင်ခြင်းသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခြင်း ဖြစ်သည်မှာ သံသယမရှိပေ။ ယင်းမှာ ဘုရားအမှုတော်အပေါ် အနှောင့်အယှက်နှင့် အဖျက်အဆီးဖြစ်ပြီး ယင်း၏ အကျိုးဆက်မျိုးစုံမှာ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အသင်းတော်အတွင်း ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းကို တားဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင်ကို ခုခံသည့်လမ်းကြောင်း ဖြစ်သည်ဟု အသေအချာ ပြောနိုင်ပေသည်။ ယင်းမှာ သူ့ကို တမင်တကာ ခုခံခြင်း၊ ငြင်းပယ်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် သူ့ကို ဆန့်ကျင်ဖို့ ရပ်တည်ရာ၌ စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် အမှားမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်ပြီး ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ ကောင်းကျိုးမပေးသည့်၊ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားသခင် ဖော်ထုတ်ထားတဲ့ အန္တိခရစ်တွေရဲ့ အပြုအမူနဲ့ ကျွန်မရဲ့ အပြုအမူကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အတူတူပဲဆိုတာ တွေ့လိုက်ရတယ်။ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို ရွေးတာ၊ ပင်ကိုစွမ်းရည်ရှိသူတွေကို ပံ့ပိုးပေးတာတွေကနေ ရတဲ့ အခွင့်အရေးတွေကို ယူပြီး ကိုယ်ကျိုးရှာဖို့ ပါဝင်ပတ်သက်ခဲ့တယ်။ ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ လူတွေမြင်အောင် ပြဖို့ ကြိုးစားရင်း လူတွေ ကျွန်မကို အားကျလာအောင်လုပ်မယ်ဆိုတဲ့ ကိုယ့်ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားခဲ့တာ။ အပေါ်ယံမှာတော့ ကိုယ့်တာဝန်ကို စိတ်အားထက်သန်မှုအပြည့်နဲ့ ထမ်းဆောင်နေပုံရပေမဲ့ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားဖို့အတွက် အသင်းတော်ရဲ့ အရေးကြီးတဲ့ အလုပ်မှာ ကျွန်မက ဝတ်ကျေတမ်းကျေလုပ်ပြီး လှည့်ဖြားမှုတွေ လုပ်ခဲ့တယ်။ ကျွန်မရဲ့ ဒီအပြုအမူနဲ့ အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူကြားမှာ ဘာကွာခြားမှု ရှိလို့လဲ။ ခေါင်းဆောင်နဲ့ သင်းထောက် ရွေးကောက်ပွဲတွေ၊ ပင်ကိုစွမ်းရည်ရှိသူတွေကို ပံ့ပိုးပေးတာတွေ နှစ်ခုစလုံးက အသင်းတော်အလုပ်အတွက်နဲ့ ဧဝံဂေလိတရား ပြန့်ပွားဖို့အတွက် လုပ်တာပါ။ ရည်ရွယ်ချက်က အရေအတွက်ပြည့်အောင် ဖြည့်ဖို့သက်သက်အတွက် မသင့်တော်တဲ့လူတချို့ကို ရွေးဖို့ လုံးဝ မဟုတ်ဘူး။ အလုပ်တာဝန်ယူဖို့ မသင့်တော်တဲ့လူတွေကို ရွေးလိုက်ရင် ဧဝံဂေလိအလုပ်ကို ရှေ့ဆက်မတိုးတက်စေရုံတင်မကဘဲ အဖျက်အမှောင့်လုပ်ခြင်းနဲ့ နှောင့်ယှက်ခြင်းတောင် ဖြစ်စေပြီး ညီအစ်ကိုမောင်နှမတွေကို ထိခိုက်နစ်နာစေမှာပဲ။ ကျွန်မက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို တခြားဘယ်အရာထက်မဆို ပိုအရေးကြီးတယ်လို့ သဘောထားခဲ့တယ်။ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိဖို့နေနေသာသာ ကိုယ့်တာဝန်ကိုတောင် လုံးဝ နှလုံးမသွင်းခဲ့ဘူး။ ကိုယ့်တာဝန်အပေါ်ထားတဲ့ ဒီလိုသဘောထားမျိုးကြောင့် ဘုရားသခင်က တကယ်ကို ရွံရှာသွားခဲ့တယ်။ ကျွန်မသာ နောင်တမရရင် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ အရင်တုန်းက ကျွန်မ အမြဲ ယုံကြည်ခဲ့တာက ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို မြန်မြန်ရွေးနိုင်လေလေ ပိုကောင်းလေလေပဲ၊ ပင်ကိုစွမ်းရည်ရှိသူတွေကို များများပံ့ပိုးပေးနိုင်လေလေ ဘုရားသခင်က ကျွန်မကို ပိုအသိအမှတ်ပြုလေလေ ဆိုပြီးတော့ပေါ့။ ဒီအမြင်က အဓိပ္ပာယ်မရှိဘူး။ ဘုရားသခင် တန်ဖိုးထားတာက ကျွန်မတို့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားရဲ့လား၊ ကိစ္စတွေကို စည်းမျဉ်းနဲ့အညီ လုပ်ဆောင်ရဲ့လား ဆိုတာကိုပါ။

အဲဒီနောက်မှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ရှာဖွေဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်ပါစေ သင်သည် အဆိုပါတာဝန်နှင့်ပတ်သက်၍ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရမည်ဖြစ်သည်၊ ဘုရားသခင်၏ တောင်းဆိုချက်များကို သိရမည်ဖြစ်သည်၊ ပြီးလျှင် ထိုတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် သင်ဖြစ်မြောက်အောင်မြင်သင့်သည့် ရလဒ်များက မည်သည့်အရာဖြစ်သည်ကို နားလည်သဘောပေါက်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် စည်းမျဉ်းနှင့်အညီ သင်၏အလုပ်ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုရင်း၊ သင် လုပ်၍ပျော်သည့်အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ရင်း သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံးဝ ပြု၍မရပေ။ ဤသည်မှာ မိမိ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ ပြုမူခြင်းဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသည်မှာ ဘုရားတောင်းဆိုသည့်အရာဖြစ်ကြောင်းနှင့် ယင်းက ဘုရားကို ပျော်ရွှင်စေမည့်အရာဖြစ်ကြောင်းတို့ကို တွေးလျက် သင်၏ကိုယ်ပိုင် နှစ်သက်မှုများကို အားကိုးပါက၊ ပြီးလျှင် အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရားစည်းမျဉ်းများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး မိမိတို့၏ စိတ်နှလုံးကို ယင်းတွင် ထားရှိပြီးဖြစ်ကာ မိမိတို့၏ ဇာတိပကတိကို ပုန်ကန်ကာ ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သော်ငြားလည်း ၎င်းတို့သည် အဘယ်ကြောင့်များ မိမိတို့၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းဖြင့် မည်သည့်အခါမျှ မထမ်းဆောင်နိုင်ရသနည်းဟု ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြောင်းရင်းဖြစ်၏။ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားခဲ့ကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင် လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် အတိအကျပင် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင် ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ခုသည် မှန်သည် သို့မဟုတ် မှားသည်ကို ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက ယင်းသည် မှားယွင်းနေပြီး ယင်းကို သင် စွန့်ပစ်ရမည်။ သမ္မာတရားနှင့် ကိုက်ညီသည့်အခါမှသာ လက်ခံနိုင်စရာရှိ၏၊ ဤနည်းလမ်းဖြင့် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအားဖြင့်သာ သင်၏တာဝန် ထမ်းဆောင်ခြင်းသည် စံနှုန်း ပြည့်မီနိုင်သည်။ တာဝန်ဆိုသည်မှာ အဘယ်နည်း။ လူတို့ထံ ဘုရားသခင်က အပ်နှင်းသည့် စေခိုင်းချက်တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူတိုင်း ခံယူသင့်သည့် တာဝန်၊ ဝတ္တရားတစ်ခုဖြစ်သည်။ တာဝန်သည် သင်၏ အသက်မွေးမှုဖြစ်သလော။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မိသားစု ကိစ္စတစ်ခုဖြစ်သလော။ သင်သည် တာဝန်ပေးအပ်ခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ဤတာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စဖြစ်လာသည်ဟု ပြောလျှင် မှန်နိုင်သလော။ ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်၏ တာဝန်ကို မည်သို့ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ၊ နှုတ်ကပတ်တော်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းအားဖြင့် သင်၏ အပြုအမူကို လူသား၏ တစ်ဖက်သတ်ဆန်သော ဆန္ဒများအပေါ်အခြေခံခြင်းထက် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံခြင်းအားဖြင့် ဖြည့်ဆည်းသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် ကျွန်မတို့က အရင်ဆုံး ကိုယ့်ရည်ရွယ်ချက်တွေကို တည့်မတ်ရမယ်၊ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို စွန့်လွှတ်ရမယ်၊ ပြီးတော့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် မလုပ်ဆောင်ရဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ ကိုယ်ပိုင် စိတ်ကူးတွေနဲ့ ကြိုက်နှစ်သက်မှုတွေကိုလည်း သမ္မာတရား စည်းမျဉ်းတွေအဖြစ် မမှတ်ယူသင့်ဘူး။ အဲဒီအစား ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို ရှာဖွေပြီး ကိုယ့်တာဝန်ကို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ထမ်းဆောင်သင့်တယ်။ ကျွန်မတို့က ဒီနည်းလမ်းနဲ့သာ အမှုအရာတွေကို စည်းမျဉ်းကျကျ လုပ်ဆောင်နိုင်မှာ။ ဘုရားအိမ်တော်မှာ တာဝန်က ဘယ်ကဏ္ဍမှာပဲ ရှိနေပါစေ အဲဒါနဲ့ပတ်သက်တဲ့ သမ္မာတရား စည်းမျဉ်းတွေ ရှိတာပဲလေ။ ဥပမာပြောရရင် အသင်းတော်က ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို ရွေးတဲ့အခါ သူတို့ကို ရွေးချယ်မှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ စံနှုန်းတွေကို ကျွန်မတို့ ရှာဖွေရမယ်။ ပထမဦးဆုံး သူတို့က သမ္မာတရားကို လိုက်စားပြီး လူ့သဘာဝကောင်းရှိရမယ်၊ တရားမျှတစိတ် ရှိရမယ်။ ညီအစ်ကိုမောင်နှမတချို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက နည်းနည်း ပိုပြင်းထန်ကောင်း ပြင်းထန်နိုင်ပေမဲ့ သူတို့က သမ္မာတရားကို လက်ခံနိုင်သေးပြီး ပြုပြင်ခံရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်တယ်၊ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေအတိုင်း ကြိုးစားနိုင်တယ်။ ဒီလိုလူမျိုးကို ခေါင်းဆောင်အဖြစ် ရွေးတာက စည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လူတချို့က ဉာဏ်ကောင်းတယ်၊ ဆုကျေးဇူးတွေ ရှိတယ်၊ အပြင်ပန်းမှာ စိတ်အားထက်သန်မှု ရှိတယ်၊ သူတို့တာဝန်မှာ ဒုက္ခခံထမ်းဆောင်နိုင်ပေမဲ့ သူတို့မှာ ကိုယ်ပိုင် အသက်ဝင်ရောက်မှုတစ်ခုမှ မရှိဘူး။ တာဝန်ထမ်းဆောင်တဲ့အခါမှာ သူတို့က ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကိုပဲ ကန်းကုန်အောင် လိုက်စားပြီး လူတွေကို လမ်းမှားရောက်စေဖို့ စကားလုံးတွေနဲ့ အယူဝါဒတွေကိုပဲ ရွတ်ဖတ်နေကြတယ်။ သူတို့ ပြုပြင်ခံရတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် နားမလည်ကြသေးဘူး။ ဒီလိုလူမျိုးသာ ခေါင်းဆောင်ဖြစ်လာရင် သူတို့က ဘာပြဿနာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ ညီအစ်ကိုမောင်နှမတွေနဲ့ အသင်းတော်အလုပ်ကိုပဲ ထိခိုက်နစ်နာစေမှာပါ။

နောက်ပိုင်းမှာ တခြားနယ်ပယ်တစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ အစ်မလီလင်ကို ကျွန်မတို့ ထောက်ခံခဲ့တယ်။ အဲဒီအစ်မ ထွက်ခွာခါနီး ရက်ပိုင်းအလိုမှာပဲ ညီအစ်ကိုမောင်နှမတချို့က အစီရင်ခံစာတစ်စောင် ရေးပြီး ပြောကြတယ်၊ လီလင်က သူ့တာဝန်မှာ ဝန်တာထားစိတ် မရှိဘူး၊ တကယ့်အလုပ် မလုပ်ဘူး၊ ပြီးတော့ တော်တော် မာနထောင်လွှားတယ်တဲ့။ သူနဲ့ အတူအလုပ်လုပ်တဲ့ ညီအစ်မနှစ်ယောက်ကို အမြဲ သဘောမကျဘဲ တခြားညီအစ်ကိုမောင်နှမတွေရှေ့မှာ သူတို့ကို အမြဲ ဝေဖန်ပြီး သိမ်ငယ်အောင်လုပ်တယ်၊ အဲဒါကြောင့် တခြားသူတွေက သူတို့အပေါ် အစွဲတွေ ဖြစ်လာစေတယ်တဲ့။ ဒါက အဖွဲ့ထဲမှာ နှောင့်ယှက်မှု ဖြစ်စေပြီး ရလဒ်အနေနဲ့ အဲဒီညီအစ်မနှစ်ယောက်က အပျက်သဘောဆောင်လာကြတယ်။ ကျွန်မက အစီရင်ခံစာကို ကိုင်တွယ်တဲ့ ညီအစ်မတွေဆီ အမြန်စာရေးပြီး လီလင် မြန်မြန် ထွက်သွားလို့ရအောင် သူ့ပြဿနာတွေကို ရိုးရိုးရှင်းရှင်းလေးပဲ ဖော်ထုတ်ပေးဖို့ ပြောခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ အခြေအနေ မမှန်ကန်ဘူးဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မ ဒီလောက် အလျင်လိုနေတာက ဘုရားအိမ်တော်ကို ပင်ကိုစွမ်းရည်ရှိသူ ပံ့ပိုးပေးဖို့အတွက် တကယ်ပဲလား။ ပင်ကိုစွမ်းရည်ရှိသူ နောက်တစ်ယောက် ပိုပံ့ပိုးပေးနိုင်ရင် ကိုယ် နာမည်ကောင်းရမယ် ထင်လို့ မဟုတ်ဘူးလား။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “တာဝန်ထမ်းဆောင်ခြင်းက အမှန်တွင် မခက်သည်သာမက သစ္စာစောင့်သိစွာနှင့် စံနှုန်းပြည့်မီစွာဖြင့် ထိုသို့လုပ်ဖို့လည်း မခက်ချေ။ သင်သည် အသက်စတေးရန်ဖြစ်စေ၊ အထူးဖြစ်သည့်အရာတစ်ခုတလေကိုဖြစ်စေ၊ ခက်ခဲသည့်အရာ တစ်ခုတလေကိုဖြစ်စေ ပြုလုပ်ရန် မလိုအပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လမ်းညွှန်ချက်များကို ရိုးသားစွာနှင့် စွဲစွဲမြဲမြဲ လိုက်နာရုံသာဖြစ်ကာ သင့်ကိုယ်ပိုင် အကြံဉာဏ်များကို ထည့်သွင်းခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်လုပ်ငန်းကို မစီမံဘဲ သမ္မာတရားလိုက်စားသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသာ လိုအပ်သည်။ လူတို့သည် ဤအရာကို ပြုလုပ်နိုင်လျှင် သူတို့တွင် အခြေခံအားဖြင့် လူသားအသွင်သဏ္ဌာန် ရှိမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုရှိပြီး ရိုးသားသောလူတစ်ဦး ဖြစ်လာသောအခါ စစ်မှန်သောလူသား၏ ပုံသဏ္ဌာန်ကို ပိုင်ဆိုင်ကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) တာဝန်ဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်ဘဲ ဘုရားသခင်ဆီက တာဝန်ပေးစေခိုင်းချက် ဖြစ်တဲ့အတွက် ကျွန်မတို့က ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေ၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်သင့်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ ဒီနည်းနဲ့မှပဲ ကျွန်မတို့က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီမှာပါ။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို စွန့်လွှတ်ပြီး တခြားသူတွေ အားကျမကျ အာရုံစိုက်နေတာကို ရပ်သင့်တယ်။ သမ္မာတရားကို ရှာဖွေဖို့နဲ့ စည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ကိုပဲ အာရုံစိုက်ရမယ်။ ဒါမှ အလုပ်အစစ်အမှန်ကို ဂရုစိုက်ပြီး လမ်းကြောင်းမှန်ကို လျှောက်လှမ်းတာ ဖြစ်မှာ။ ကျွန်မ ကိုယ့်ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် လီလင်ရဲ့ ပြဿနာတွေကို အလေးအနက် အတည်မပြုဘဲ၊ မဖြေရှင်းဘဲ နေခဲ့ရင် အဲဒါက စည်းမျဉ်းတွေကို ဗြောင်ကျကျ ချိုးဖောက်ပြီး ပြုမူတာ ဖြစ်မှာပဲ။ ဒါကို တွေးမိတော့ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဆက်ပြီး ထည့်စဉ်းစားလို့ မဖြစ်တော့ဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်ပြီး အစီရင်ခံစာကို အတည်ပြုပေးဖို့ ညီအစ်ကိုမောင်နှမတွေဆီ အမြန်စာရေးလိုက်တယ်။ အတည်ပြုပြီးတဲ့နောက်မှာ လီလင်က လူတွေကို မျှမျှတတ မဆက်ဆံတတ်ဘူး၊ လူတွေကို သိမ်ငယ်အောင်လုပ်ပြီး ဝေဖန်တတ်တယ်၊ လူတွေနဲ့ သဟဇာတဖြစ်အောင် မပူးပေါင်းနိုင်ဘူး၊ ပြီးတော့ သူ့တာဝန်မှာ ဝန်တာထားစိတ် မရှိဘူးဆိုတာ အတည်ပြုနိုင်ခဲ့တယ်။ လီလင်ရဲ့ ပြဿနာတွေ ဖော်ထုတ်ခံရပြီး သူ ဖြုတ်ချခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှု မရှိခဲ့သလို လက်မခံခဲ့ဘဲ မကျေနပ်ချက်တွေ ထုတ်ပြောခဲ့တယ်။ ဒါကြောင့် တခြားနယ်ပယ်မှာ တာဝန်ထမ်းဆောင်ဖို့ သူ့ကို ကျွန်မတို့ ခွင့်မပြုခဲ့ဘူး။ ကျွန်မရဲ့ အတွေ့အကြုံကတစ်ဆင့် ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါမှာ ကျွန်မတို့က ကိုယ့်ရည်ရွယ်ချက်တွေကို တည့်မတ်ရမယ်၊ ကိုယ်ပိုင်လိုအင်ဆန္ဒတွေကို စွန့်လွှတ်ရမယ်၊ ပြီးတော့ အမှုအရာတွေကို သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ရမယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒီအခါမှသာ ကျွန်မတို့ စိတ်နှလုံးက အေးချမ်းပြီး ငြိမ်းချမ်းမှု ခံစားရမှာပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အလွန်အကျွံ မနာလိုခြင်းရဲ့ အကျိုးဆက်များ

ချင်းမော့၊ တရုတ်ပြည်၂၀၁၆ ခုနှစ်မှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုတွေ ဖန်တီးနေခဲ့တယ်။ ညီအစ်မ ရှင်းချန်က အတော်ကလေး ဗီဒီယိုတွေ ပိုထုတ်လုပ်တာကို...

ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

တရုတ်ပြည်၊ လုချီမင်းကျွန်တော်က အသင်းတော်မှာ ဓမ္မသီချင်းတွေ အသံသွင်းတဲ့တာဝန်ကို ထမ်းဆောင်နေခဲ့တာ၊ အသံသွင်းထားတဲ့ ဓမ္မတေးတွေရဲ့...

အောက်သက်ကျေကျေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ သင်ယူခဲ့ရ

လုဟန်၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ခေါင်းဆောင်တွေဆီက စာတစ်စောင် ကျွန်မ လက်ခံရရှိခဲ့တယ်။ ကျွန်မမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်၊...

သူတစ်ပါးက သာလွန်သွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် စိုးရွံ့သနည်း

ရီနာ ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇွန်လမှာ ဘုရားရဲ့ အမှုတော်သစ်ကို ကျွန်မ လက်ခံခဲ့ပြီး၊ လူသစ်တွေကို စရေလောင်းခဲ့တယ်။ တချို့ လူသစ်တွေက အကူအညီရတော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။