ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ အနှောင်အဖွဲ့များကို ကျွန်မ ဖယ်ရှားပြီ

18.03.2026

ရှောင်ဟယ်၊ တရုတ်ပြည်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိသည့်အတွက် သူတို့သည် ကံကြမ္မာကို အာခံသော စိတ်နေစိတ်ထားဖြင့်လည်းကောင်း၊ ပုန်ကန်သည့် သဘောထားဖြင့်လည်းကောင်း အစဉ်သဖြင့် ရင်ဆိုင်ကြပြီး ဘုရားသခင်၏ ဩဇာအာဏာ၊ အချုပ်အခြာအာဏာနှင့် ကံကြမ္မာက ပြင်ဆင်ပေးထားသည့် အရာတို့မှ အစဉ်သဖြင့် ရုန်းထွက်လွတ်မြောက်လိုကြကာ သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲကာ ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်ကြလေသည်။ သို့သော်လည်း သူတို့ မည်သည့်အခါမျှ မအောင်မြင်နိုင်သကဲ့သို့ အချိန်တိုင်းတွင် တားဆီးခံရသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များ နက်ရှိုင်းရာတွင် တည်ရှိနေသော ရုန်းကန်မှုသည် နာကျင်မှုကို ဖြစ်စေပြီး ဤနာကျင်မှုသည် ယင်းဘာသာ အရိုးစွဲနေပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အသက်တာကို ဖြုန်းတီးပစ်စေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် ကံဆိုးသောကြောင့် ဖြစ်သလော။ တစ်ခုမျှ မမှန်ကန်သည်မှာ သိသာထင်ရှား၏။ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှု၌ ယင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာများကို တွေ့ကြုံကောင်း တွေ့ကြုံနိုင်မည် မဟုတ်။ သို့သော်လည်း သင်တကယ် သိလာပြီး လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်အမှန်တကယ် အသိအမှတ်ပြုမိလာသည့်အခါ၊ သင့်အတွက် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ပေးသည့် အရာမှန်သမျှသည် သင့်အတွက် ကြီးမားသော အကျိုးကျေးဇူးနှင့် ကွယ်ကာခြင်း ဖြစ်သည်ကို သင် အမှန်တကယ် နားလည်သောအခါတွင် သင်၏နာကျင်မှုက ဖြည်းဖြည်းချင်း ပေါ့ပါးလာမည်ဖြစ်ကာ သင့်တစ်ကိုယ်လုံးက ဖြည်းဖြည်းချင်း သက်သောင့်သက်သာ ရှိလာမည်ဖြစ်သည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို မြင်တဲ့အခါတိုင်း အရင်တုန်းက ကျွန်မ အလုပ်ကြိုးစားခဲ့တဲ့ အတွေ့အကြုံတွေကို တွေးမိတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ နားမလည်ခဲ့လို့ ကိုယ့်ကြိုးစားအားထုတ်မှုကတစ်ဆင့် ကိုယ့်ကံကြမ္မာကို ပြောင်းလဲချင်ခဲ့ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရှိတဲ့ လူတွေ လေးစားတဲ့ ဂုဏ်ရှိပြီး ထည်ဝါတဲ့ ဘဝနဲ့ အမြဲနေချင်ခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ရှိရင် ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်မှာပဲလို့ ကျွန်မ ယုံကြည်ခဲ့တာပေါ့။ အဆင်မပြေမှုတွေ၊ ကျရှုံးမှုတွေကို ထပ်ခါတလဲလဲ ကြုံရပြီးတဲ့နောက်၊ ဘတ်စ်ကားတိုက်မှုမှာ ကျွန်မ သေလုနီးပါးဖြစ်ပြီးမှ အသိဝင်လာခဲ့သလို သေခြင်းတရားကို ရင်ဆိုင်ရာမှာ လူတွေက ဘယ်လောက် ကူကယ်ရာမဲ့ပြီး အရေးမပါလိုက်လဲဆိုတာရယ်၊ ဘယ်ငွေပမာဏနဲ့မှ အသက်ကို ဝယ်လို့မရဘူးဆိုတာရယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာက ကျွန်မကို နာကျင်မှုနဲ့ အနှစ်မဲ့ခြင်းတွေပဲ ပေးခဲ့တယ်ဆိုတာနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံဖို့ ရွေးချယ်တာနဲ့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာကမှ အဓိပ္ပာယ်အရှိဆုံး ဘဝကို ကျွန်မ နေထိုင်နိုင်တယ်ဆိုတာတွေကို ကျွန်မ သဘောပေါက်ခဲ့တယ်။

ကျွန်မက ကျေးလက်ဒေသမှာ မွေးခဲ့တာပါ။ ငယ်ငယ်တုန်းက ကျွန်မအစ်မ သတ္တုသန့်စင်စက်ရုံ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်တာကို တွေ့ခဲ့ရတယ်။ သူ့အလုပ်အခြေအနေက သက်သောင့်သက်သာရှိပြီး အေးဆေးတယ်၊ အလုပ်ကိစ္စ ပုံမှန် ခရီးထွက်ရတာတွေလည်း ရှိတယ်။ သူ အိမ်ပြန်ရောက်လာတိုင်း အရမ်းခေတ်မီပြီး လှပတဲ့ အဝတ်အစားတွေ ဝတ်ထားရုံတင်မကဘူး၊ တခြားဒေသက ဒေသထွက်အစားအစာတချို့ကိုလည်း ယူလာတတ်တယ်။ ရွာကလူတွေ အားလုံးက သူ့ကို တကယ် လေးစားအားကျကြတော့ ကျွန်မလည်း သူ့ကို အားကျမိတာပေါ့။ “အနာဂတ်မှာ အဲဒီလို သိက္ခာရှိပြီး ဂုဏ်သတင်းကြီးတဲ့ ဘဝတစ်ခုကို အသက်ရှင်နိုင်မယ်ဆိုရင် ကောင်းလိုက်မယ့်ဖြစ်ခြင်း”လို့ ကျွန်မ တွေးမိတယ်။ အလယ်တန်းပြီးတဲ့နှစ်မှာပဲ အစ်မလုပ်တဲ့ သတ္တုသန့်စင်စက်ရုံက အလုပ်သမားခေါ်တာနဲ့ ကြုံလို့၊ ကျွန်မ အဲဒီစက်ရုံမှာ အလုပ်သွားလုပ်ခဲ့တယ်။ ဒါပေမဲ့ ပညာအရည်အချင်းနိမ့်ပြီး ဘာကျွမ်းကျင်မှုမှ မရှိတော့ အလုပ်ရုံမှာပဲ လုပ်ရတာပေါ့။ အလုပ်ရုံထဲမှာ စက်သံတွေက နားကွဲမတတ် ဆူညံနေပြီး ဖုန်တွေကလည်း နေရာတကာမှာ လွင့်ပျံနေတာ။ ကျွန်မက ဆေးရည်ထည့်ဖို့ နေ့တိုင်း ကီလိုဂရမ် ဒါဇင်နဲ့ချီတဲ့ ဓာတုဆေးရည်တွေကို သယ်ပြီး လှေကား အတက်အဆင်း လုပ်ရတယ်။ ဆေးရည်တွေနဲ့ ဓာတ်မတည့်တော့၊ ကျွန်မရဲ့ လက်တွေနဲ့ မျက်နှာပေါ်မှာ အနီဖုအပိန့်တွေ ဖုံးနေခဲ့တယ်။ ညဆိုင်းတွေလည်း ဆင်းရတော့၊ လနည်းနည်းကြာတာနဲ့ ကျွန်မမျက်နှာက ဝါကြင့်ကြင့်နဲ့ ဖြူဖတ်ဖြူရော် ဖြစ်လာပြီး ကျွန်မ လုံးလုံး ပင်ပန်းနွမ်းနယ်သွားခဲ့တယ်။ နည်းပညာပိုင်း အလုပ်တွေ လုပ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေက အကောင်းဆုံး အကျိုးခံစားခွင့်တွေ၊ အိမ်ရာတွေ ရကြတဲ့အပြင် လစာဆိုရင်လည်း ကျွန်မထက် အဆများစွာ ပိုမြင့်တာကို ကျွန်မ တွေ့ခဲ့တယ်။ သူတို့က အေးအေးလူလူ သတင်းစာဖတ်၊ လက်ဖက်ရည်သောက်ရင်းနဲ့ ရုံးခန်းထဲမှာ ခဏခဏ ထိုင်ကြတယ်။ ပြီးတော့ အဆင့်မြင့်ယဉ်ကျေးပြီး သိမ်မွေ့တဲ့ပုံစံနဲ့ သေသေသပ်သပ် ဝတ်ဆင်ထားကြတယ်။ အဲဒီနောက် နေ့တိုင်း ဖုန်တွေ၊ အညစ်အကြေးတွေ ပေကျံနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ သူတို့ထက် နိမ့်ကျတယ်လို့ ခံစားရပြီး တကယ် သိမ်ငယ်မိတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါက ပညာမတတ်၊ ကျွမ်းကျင်မှု မရှိတော့ ပင်ပန်းတဲ့ အလုပ်ပဲ လုပ်ရတာ။ အရင်တုန်းက စာမကြိုးစားခဲ့မိတာ တကယ် နောင်တရတယ်။ ငါသာ ဘွဲ့တစ်ခု ရခဲ့ရင်၊ ငါလည်း သူတို့လို လူတွေကြားမှာ ထင်ပေါ်ပြီး လေးစားအားကျတာကို ခံရမှာပဲ မဟုတ်လား။ ငါတို့အားလုံးက လူသားတွေပဲဖြစ်လို့ ဘာကြောင့် ငါ အရမ်းမအောင်မမြင်ဖြစ်ရတာလဲ။ ငါ ဒီအလုပ်ရုံထဲမှာပဲ တစ်သက်လုံး ပင်ပန်းခံပြီး မနေချင်ပါဘူး” လို့ပေါ့။ နောက်ပိုင်းမှာ စက်ရုံကနေတစ်ဆင့် အသက်မွေးပညာ အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲ ဖြေဖို့ အခွင့်အရေးရှိတယ်လို့ ကြားခဲ့တယ်။ ကျွန်မလည်း အနားယူချိန်တွေ စွန့်လွှတ်၊ စာကျက်ဖို့နဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ မနက်စောစောထ၊ ညဉ့်နက်မှအိပ် လုပ်ခဲ့တယ်။ နှစ်နှစ်လောက် ကြိုးစားပြီးနောက်မှာ အသက်မွေးပညာ ကျောင်းတက်ခွင့် အရည်အချင်း ပြည့်မီသွားတယ်။ သုံးနှစ်ကြာတော့ ကျွန်မ ဆန္ဒရှိတဲ့အတိုင်း ဘွဲ့ရပြီး ကျွမ်းကျင်ပညာရှင် ဖြစ်လာခဲ့တယ်။ ဆီဂျီးတွေ ပေနေတဲ့ အလုပ်ဝတ်စုံကို ချွတ်ပြီး၊ လူတွေအားကျရတဲ့ ရုံးအလုပ်အတွက် ဖုန်ထူနေတဲ့ အလုပ်ရုံကို နောက်ချန်ထားခဲ့လိုက်တယ်။ အလုပ်ရုံထဲမှာ အလုပ်ရှုပ်နေတုန်းဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်ရင်းနဲ့ လွန်ခဲ့တဲ့ နှစ်တွေမှာ ငါ့ကြိုးစားအားထုတ်မှုတွေ အလဟဿ မဖြစ်ခဲ့ဘူးလို့ ကိုယ့်ဘာသာ တွေးမိတယ်။ “လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည” ဆိုတဲ့ အယူအဆနဲ့ ကျွန်မ အလုပ်ကြိုးစားဖို့ လိုလားနေသရွေ့ အေးအေးဆေးဆေး၊ သက်သောင့်သက်သာနဲ့ သိက္ခာရှိပြီး ဂုဏ်သတင်းကြီးတဲ့ ဘဝတစ်ခုကို အသက်ရှင်နိုင်မယ်ဆိုတာကို ကျွန်မ ပိုလို့တောင် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။

ဒါပေမဲ့ ဌာနဆိုင်ရာရုံးခန်း ရောက်သွားတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေက ပညာအရည်အချင်းတင်မကဘူး ရာထူးအဆင့်တွေပါ ရှိနေတာ တွေ့လိုက်ရတယ်။ လုပ်တဲ့အလုပ်က တူနေပေမဲ့ ကျွန်မလစာက အားလုံးထဲမှာ အနည်းဆုံးပဲ။ ပြီးတော့ ပညာရှင်ရာထူးမရှိရင် အိမ်ရာခွဲတမ်း၊ အရာရှိ အဆင့်အတန်း ဒါမှမဟုတ် ရာထူးတိုးတာတွေအတွက် ကျွန်မ အရည်အချင်းပြည့်မီမှာ ဟုတ်တဲ့အပြင်၊ အချိန်မရွေး အလုပ်ရုံကို ပြန်ပို့ခံရနိုင်တယ်။ လစာတိုးပြီး ရာထူးတိုးချင်ရင် အဆင့်မြင့် ပညာရပ်ဆိုင်ရာ ဘွဲ့တစ်ခုရှိမှ ရမယ်။ အဲဒီနောက်မှာ စာရင်းကိုင် အခြေခံမူတွေ၊ အဆင့်မြင့်အင်္ဂလိပ်စာ၊ စာရင်းအင်း အခြေခံမူတွေစတဲ့ စာမေးပွဲ စာအုပ်တွေ တစ်ပုံကြီး ကျွန်မ ဝယ်လိုက်တယ်။ ဒါတွေက အရင်က တစ်ခါမှ မထိတွေ့ဖူးတဲ့အရာတွေဖြစ်ပြီး လေ့လာရတာ ကျွန်မအတွက် တကယ်ကို ခက်ခဲတယ်။ ဒါပေမဲ့ ဌာနဆိုင်ရာရုံးခန်းထဲမှာ ခိုင်မာတဲ့ ခြေကုပ်တစ်ခုရဖို့အတွက် ကျွန်မ အစွမ်းကုန် ကြိုးစားဖို့ လိုအပ်ခဲ့တယ်။ နောက်ပိုင်းမှာ အလုပ်ချိန်ပြင်ပ အချိန်နဲ့ အင်အား အားလုံးကို စာလေ့လာဖို့ ကျွန်မ ပုံအောလိုက်တယ်။ အနှောင့်အယှက် မဖြစ်ရအောင်၊ တစ်နှစ်ကျော်အရွယ် ကလေးကိုတောင် ကျွန်မရဲ့ မိဘတွေဆီ ပို့ထားဖို့ မချိတင်ကဲ ဆုံးဖြတ်လိုက်ရတယ်။ ဒါပေမဲ့ အလုပ်ဖိစီးမှု များတာရယ်၊ ပညာရေးနောက်ခံ အားနည်းတာရယ်ကြောင့်၊ ကျွန်မ စာမေးပွဲကို နှစ်နှစ်ဆက်တိုက်ဖြေပေမဲ့ နှစ်ကြိမ်လုံး မအောင်ခဲ့ဘူး။ လုပ်ဖော်ကိုင်ဖက်တွေက လှောင်ရယ်ကြပြီး၊ ယောက်ျားကလည်း စာမေးပွဲကို ပြန်မဖြေဖို့ အကြံပေးတယ်။ ဒါပေမဲ့ လက်လျှော့ဖို့ ကျွန်မ ငြင်းဆန်ပြီး ညဉ့်နက်တဲ့အထိ မကြာမကြာ စာကြည့်ခဲ့တယ်။ ကျွန်မမှာ အစကတည်းက သိုင်းရွိုက်ရောဂါ ရှိနေပြီး ရေရှည် ဆေးသောက်ဖို့ လိုအပ်ခဲ့တာလေ။ အချိန်ကြာကြာ ညဉ့်နက်ပြီး စာကြည့်တာက ကျွန်မရဲ့ ကိုယ်ခံအားကို ပိုဆိုးသွားစေခဲ့တယ်။ နှစ်ရက်ခြားတစ်ခါ ကျွန်မ အကြောဆေးတွေ သွင်းနေခဲ့ရတယ်။ တော်တော် နေမကောင်းဖြစ်ရင် လမ်းလျှောက်နေချိန်မှာတောင် အသက်ရှူမဝဖြစ်နေတတ်တယ်။ ဒါပေမဲ့ အတတ်ပညာဆိုင်ရာ ဘွဲ့မရရင် ဘယ်လစာမှ တိုးဖို့ ဒါမှမဟုတ် ရာထူးတိုးဖို့ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး။ အဲဒါဆိုရင် ဒီနှစ်တွေတစ်လျှောက် ကျွန်မရဲ့အားထုတ်မှုတွေအားလုံး အလဟဿ ဖြစ်သွားမှာ မဟုတ်လား။ အနာဂတ်မှာ လူတွေကြား ထင်ပေါ်ဖို့ ဘယ်လိုလုပ် အခွင့်အရေးရှိမှာလဲ။ ဒါကို တွေးမိတဲ့အခါ အံကိုပဲကြိတ်ပြီး တင်းခံခဲ့တယ်။ သုံးနှစ်လောက် ကြိုးစားပြီးနောက်မှာတော့ အလယ်အလတ်အဆင့် လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်းတွေကို ကျွန်မ အောင်မြင်သွားခဲ့တယ်။ ဒီ “လက်မှတ်”နဲ့ မကြာခင်မှာပဲ အလယ်အလတ်အဆင့် ဝန်ထမ်းအဖြစ် ရာထူးတိုးခံရတယ်။ အလုပ်သမားဘဝကနေ ရုတ်တရက် အရာရှိ ဖြစ်သွားတဲ့အတိုင်း လစာလည်း တိုးလာတယ်။ ကိုယ့်တန်ဖိုးနဲ့ အဆင့်အတန်း တက်လာပြီလို့ ခံစားရတာပေါ့။ ဘယ်လောက် ဂုဏ်ယူမိလဲဆိုတာ ပြောမပြတတ်အောင်ပဲ။

ဒါပေမဲ့ ဒီအချိန်ကောင်းတွေက ကြာကြာ မခံပါဘူး။ နှစ်နည်းနည်းကြာတော့ စက်ရုံအမြတ်အစွန်း ကျဆင်းပြီး ကျွန်မ အလုပ်ဖြုတ်ခံရတယ်။ တစ်ခဏချင်းမှာပဲ အရာရှိတစ်ယောက်ကနေ အလုပ်လက်မဲ့ ဖြစ်သွားတာပေါ့။ ကျွန်မခေါင်းပေါ်က ဂုဏ်ရောင်ဂုဏ်ဝါနဲ့ တောက်ပတဲ့ အနာဂတ်က တစ်ခဏချင်းမှာပဲ ပျောက်ကွယ်သွားသလို ခံစားရပြီး၊ ကျွန်မ တကယ်ကို လမ်းပျောက်သွားခဲ့တယ်။ ကျွန်မရဲ့ ဘဝတစ်ခုလုံးကိုလည်း ဒီလိုမျိုး အချိန်မကုန်ဆုံးချင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက လူအများကြီးက အလုပ်ဖြုတ်ခံရပြီးတဲ့နောက်မှာ ကိုယ်ပိုင်စီးပွားရေးစလုပ်ကြပြီး အားကျစရာ ဘဝကို နေထိုင်ရင်းနဲ့ သူဌေးတွေ၊ လုပ်ငန်းရှင်တွေ ဖြစ်သွားကြတယ်လို့ သတင်းစာမှာ ဖတ်ရတယ်။ သူတို့ လုပ်နိုင်တာကို ကျွန်မလည်း လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် လမ်းဘေးဆိုင်ဖွင့်တာ၊ မုန့်ပဲသွားရည်စာတွေ ရောင်းတာ၊ အာမခံ အရောင်းမြှင့်တင်တာ စတဲ့ ကိုယ်ပိုင်စီးပွားရေးလမ်းကြောင်းကို ကျွန်မ စခဲ့တယ်။ ပိုက်ဆံတချို့ ရခဲ့ပေမဲ့ ကားတိုက်မှု ဖြစ်ပြီး လည်ပင်းရိုး ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ မကြာခင်မှာပဲ ယောက်ျားလည်း အလုပ်ဖြုတ်ခံရ၊ မိဘတွေလည်း နေမကောင်းလို့ ဆေးရုံတက်ရနဲ့ မိသားစုမှာ ရှိတဲ့ ပိုက်ဆံနည်းနည်းလေးလည်း ကုန်ရော။ ဒီအဆင်မပြေမှုတွေကို ရင်ဆိုင်ရတဲ့အခါ ကျရှုံးတာကို လက်ခံဖို့ ကျွန်မ မလိုလားခဲ့သလို အခွင့်အရေးတွေကို ရှာဖွေနေတုန်းပဲ။ ၂၀၀၄ ခုနှစ်မှာ တိုက်ရိုက် အရောင်းလုပ်ငန်းနဲ့ ကျွန်မ စပြီး ဆက်သွယ်မိခဲ့တယ်။ မန်နေဂျာတစ်ယောက်က သာမန်ဘဝကနေ အောင်မြင်လာတဲ့ သူ့အတွေ့အကြုံနဲ့ သူ့အရောင်းအဖွဲ့ကို တပြည်လုံး ဘယ်လို ဖြန့်ကြက်ထားတယ်၊ တစ်နှစ်ကို ယွမ်သိန်းနဲ့ချီ ဘယ်လို ရခဲ့တယ်ဆိုတာတွေကို မျှဝေတာ ကြားခဲ့ရတယ်။ အဲဒါကို ကြားတော့ ကျွန်မရဲ့စိတ်ပြင်းပြမှုတွေက တလိပ်လိပ်တက်လာခဲ့ပြီး တုံ့ဆိုင်းမနေဘဲ အဲဒီအဖွဲ့ကိုဝင်ခဲ့တယ်။ ကုန်ပစ္စည်း ဘယ်လိုရောင်းပြီး ကိုယ့်အဖွဲ့ကို ဘယ်လိုဖြစ်အောင်လုပ်ရမလဲဆိုတာကို ကျွန်မ အဆက်မပြတ် လေ့လာတယ်။ တစ်နေ့ကျရင် ငွေကြေးလွတ်လပ်မှု ရဖို့ ပိုက်ဆံအများကြီး ရှာနိုင်မယ်၊ ပြီးတော့ ကိုယ့်ရဲ့ စီးပွားရေး အတွေ့အကြုံတွေကို သူများကို ပြန်မျှဝေနိုင်မယ်လို့ စိတ်ကူးယဉ်ခဲ့တယ်။ အဲဒါ ဂုဏ်ရှိလိုက်မဲ့ ဖြစ်ခြင်းပေါ့။

မကြာခင်မှာပဲ ဆွေမျိုးတစ်ယောက်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မဆီ လာဟောတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ရာကနေတစ်ဆင့် ဘုရားသခင်က အရာခပ်သိမ်းရဲ့ အချုပ်အခြာအာဏာရှင် ဖြစ်တယ်၊ လူသားရဲ့ ကံကြမ္မာ၊ အဆုံးသတ်နဲ့ ပန်းတိုင်တွေက ဘုရားလက်ထဲမှာ ရှိတယ်ဆိုတာနဲ့ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်မှသာ ကံကြမ္မာကောင်း ရနိုင်မယ်ဆိုတာတွေကို ကျွန်မ သိလာတယ်။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံပြီး အသင်းတော်အသက်တာမှာ စပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မက အရောင်းအဖွဲ့ တိုးတက်မှုအပေါ်မှာပဲ လုံးဝ အာရုံစိုက်နေခဲ့တာဖြစ်ပြီး စုဝေးပွဲတွေ အများကြီး တက်တာက ကျွန်မစျေးရောင်းတာတွေကို ထိခိုက်မှာ စိုးခဲ့တယ်။ အရောင်းမကောင်းရင် ဝင်ငွေနည်းမယ်။ အဲဒါဆို ဂုဏ်သတင်းကြီးပြီး သိက္ခာရှိတဲ့ဘဝကို ကျွန်မ ဘယ်လိုလုပ်ပြီး စဉ်းတောင်စဉ်းစားနိုင်မှာလဲ။ ဒါကြောင့် ကုန်ပစ္စည်းရောင်းဖို့နဲ့ ဖောက်သည်သစ် ရှာဖို့ အချိန်အများစုကို သုံးလိုက်ပြီး၊ စုဝေးပွဲတွေ ခဏခဏ ပျက်ကွက်ခဲ့တယ်။ စုဝေးပွဲတွေ တက်တဲ့အချိန်မှာတောင် အမြဲ အိပ်ချင်နေပြီး ဘာမှ ခေါင်းထဲ မဝင်ဘူး။ အစမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ် နည်းနည်း ခံစားခဲ့ရပေမဲ့ ကျွန်မရဲ့ ပင်ပင်ပန်းပန်း စီမံခန့်ခွဲမှုအောက်မှာ ကျွန်မရဲ့အဖွဲ့ထဲက လူအရေအတွက် တိုးလာပုံ၊ ကျွန်မတို့ရဲ့ ရောင်းအားတွေက ပိုကောင်းသထက် ကောင်းလာပုံ၊ ပြီးတော့ အလယ်အလတ်ဆင့် ဖြန့်ဖြူးရောင်းချသူဖြစ်ဖို့ နီးသထက် နီးစပ်လာပုံတွေကို ကျွန်မ မြင်တဲ့အခါ၊ ကျွန်မရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နည်းနည်းက ပျောက်သွားတယ်။ နောက်ပိုင်းမှာ၊ ကုန်ပစ္စည်းတွေရောင်းဖို့ ဖောက်သည်တွေဆီ ကျွန်မ နေ့တိုင်းနီးပါး သွားခဲ့ပြီး အဖွဲ့ကို ခေါ်ပြီး လေ့လာရေးခရီးတွေ လစဉ်ထွက်ဆိုတော့၊ စုဝေးပွဲ မတက်ဖြစ်တော့ဘူး။ ညီအစ်မတွေ အိမ်လာရှာရင်လည်း ပုန်းနေလိုက်တယ်။ ကိုယ့်အလုပ်ထဲမှာပဲ ကိုယ်စိတ်ရောကိုယ်ပါ နှစ်လိုက်တယ်။ ဖောက်သည်တွေ ပိုရဖို့အတွက် စျေးရောင်းနည်းမျိုးစုံ ကျွန်မ သင်ယူခဲ့တယ်။ ဥပမာအနေနဲ့ ရောဂါတွေရဲ့ အန္တရာယ်အကြောင်း ပြောပြီး ကျန်းမာရေး ထုတ်ကုန်တွေ ဝယ်အောင် သွေးဆောင်တာမျိုး၊ အလှကုန် ရောင်းရအောင် ဖောက်သည်တွေကို ချီးမွမ်းခန်းဖွင့်တာမျိုးတွေပေါ့။ တိုက်ရိုက်အရောင်းတွေအတွက် အလားအလာတွေနဲ့ မက်လောက်စရာ ဘောနပ်စ်စနစ်အကြောင်းလည်း ပြောခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လှလှပပ ဝတ်စားဆင်ယင်ခဲ့တယ်။ အရောင်းအဖွဲ့ထဲ ဖောက်သည်တွေ ဝင်လာအောင် ဆွဲဆောင်ဖို့ အောင်မြင်တဲ့ လူတစ်ယောက်လို ပုံဖမ်းထားတာပေါ့။ နောက်ပိုင်းမှာ ကျွန်မ နည်းနည်း စိတ်မသက်မသာ ခံစားခဲ့ရတယ်။ တကယ်တမ်းကျတော့ ကျွန်မဝင်ငွေက လုံးဝ တည်ငြိမ်တာ မဟုတ်တဲ့အပြင် ဒီတိုက်ရိုက်အရောင်းလုပ်ငန်းကနေ ပိုက်ဆံရှာဖို့ သိပ်လွယ်တာ မဟုတ်ဘူးလေ။ လူတွေကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ပေးပြီး လိမ်နေတာ မဟုတ်လားပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “တိုက်ရိုက်အရောင်းလုပ်ငန်းမှာ လူတိုင်းက စျေးရောင်းနည်းတွေ လေ့ကျင့်ထားကြတာ။ အရမ်း ရိုးသားလွန်းရင် ပစ္စည်း ဘယ်လို ရောင်းနိုင်မှာလဲ။ ပိုက်ဆံ ဘယ်လို ရမလဲ” လို့ပေါ့။ ဒါကြောင့် ပိုက်ဆံရဖို့ လှည့်ဖြားတဲ့ နည်းလမ်းတွေကို ဆက်သုံးခဲ့တယ်။ ပိုက်ဆံပိုရဖို့ မနက် တစ်နာရီ၊ နှစ်နာရီလောက်ထိ အလုပ်လုပ်လေ့ရှိတော့၊ အိမ်ပြန်ရောက်ရင် ပင်ပန်းပြီး ဟိုက်နေရော။ ကျွန်မယောက်ျား ခွဲစိတ်ခဲ့ရတုန်းကတောင် သူ့ကို ပြုစုပေးဖို့ အချိန်မရှိခဲ့ဘူး။ သူက ဒေါသတကြီးနဲ့ ကျွန်မကို သနားအကြင်နာမဲ့တယ်လို့ ပြောပြီး ကွာရှင်းဖို့တောင် တောင်းဆိုခဲ့တယ်။ အထက်တန်း တက်ခါနီး သမီးကလည်း အွန်လိုင်းဂိမ်းတွေကို စွဲလာခဲ့ပြီး အမှတ်တွေ ကျလာတယ်၊ ဒါပေမဲ့ သူ့ကို ဂရုစိုက်ဖို့ ကျွန်မမှာ အချိန်မရှိဘူး။ အဖွဲ့က ဦးဆောင်ရခက်တယ်၊ ကျွန်မ အိမ်ထောင်ရေးမှာ ပြဿနာရှိပြီး ကျွန်မကလေးက စကားနားမထောင်တာတွေ ဖြစ်တယ်။ ဒီအရာအားလုံးက ကျွန်မကို ပင်ပန်းနွမ်းနယ်စေပြီး စိတ်ထိခိုက်စေခဲ့တယ်။ ကျွန်မ ခဏခဏ တွေးမိတယ်၊ “ဒါက တကယ်ပဲ ငါ လိုချင်တဲ့ ဘဝလား” လို့ပေါ့။ ဒါပေမဲ့ အဖွဲ့က တိုးတက်စပြုလာပြီး ကျွန်မ လိုချင်တဲ့ ကောင်းမွန်တဲ့ ဘဝက လက်တစ်ကမ်းမှာ ရောက်နေပြီထင်ရလို့ ကျွန်မ ရှေ့ဆက်တိုးခဲ့တယ်။ ဒီလိုနဲ့ နှစ်နှစ်ကြာ ကျွန်မ ကြိုးစားရုန်းကန်ခဲ့ရတယ်။ ကျွန်မအဖွဲ့မှာ လူတစ်ရာနီးပါး ရှိလာပြီး ကျွန်မတို့ရဲ့ ရောင်းရငွေက တိုးမြဲတိုးပွားနေခဲ့တယ်။ လစဉ် ဝင်ငွေ ယွမ် ၆၀၀၀၀ ကနေ ၇၀၀၀ ထိရှိပြီး ကျွန်မ အလယ်အလတ်အဆင့် ဖြန့်ဖြူးရောင်းချသူ ဖြစ်လာခဲ့တယ်။ ခေါင်းဆောင်တွေရဲ့ ချီးကျူးတာ၊ အနီးအနားက လူတွေရဲ့အထင်ကြီးတာ ခံရပြီး အရမ်း အောင်မြင်တဲ့ ခံစားချက် ရတာပေါ့။ နောက်ပိုင်း ကျွန်မ စိတ်နှလုံးထဲမှာ ဖော်ပြလို့မရတဲ့ အနှစ်မဲ့မှုတစ်ခုရှိခဲ့ပေမဲ့၊ အဆင့်မြင့် ဖြန့်ဖြူးရောင်းချသူတစ်ယောက်ဖြစ်လာရင် တစ်နှစ်ကို ယွမ် သိန်းနဲ့ချီ ရနိုင်မှာဖြစ်ပြီး အားလုံးရဲ့ ချီးကျူးတာ ခံရမယ်ဆိုတာကို တွေးမိတဲ့အခါ၊ စိတ်လှုံ့ဆော်မှု ပြန်ရပြီး အဆင့်မြင့် ဖြန့်ဖြူးရောင်းချသူဖြစ်လာဖို့ဆိုတဲ့ အဒီပန်းတိုင်အတွက် ကြိုးစားဖို့ ပြင်ဆင်ခဲ့တယ်။ မမျှော်လင့်ဘဲနဲ့ အဖွဲ့ကို လေ့လာရေး ခရီး ခေါ်သွားခဲ့အချိန်မှာ၊ ကျွန်မတို့ စီးတဲ့ ဘတ်စ်ကားက ကုန်တင်ကားနဲ့ တိုက်မိပြီး၊ ကျွန်မ သတိမေ့သွားတယ်။ ပြန်နိုးလာတော့၊ မြေပေါ်မှာ ကားတွေ မှောက်နေတာကို မြင်ခဲ့ရပြီး ပတ်ပတ်လည်မှာ အော်သံတွေ ကြားရတယ်။ တချို့လူတွေက မျက်နှာတစ်ခုလုံးမှာ သွေးတွေနဲ့ဖြစ်ပြီး တချို့က နာကျင်မှုနဲ့ ညည်းနေကြတယ်။ ကျွန်မ ထချင်ပေမဲ့ ခါးက အရမ်းနာလို့ မထနိုင်ဘူး။ ကျွန်မကို ကားထဲကနေ ကယ်ဆယ်ရေးသမားတွေက လာသယ်ထုတ်ဖို့ကိုပဲ စောင့်နေခဲ့ရတယ်။ ဒီစိတ်မကောင်းစရာ မြင်ကွင်းကို မြင်တဲ့အခါ ကျွန်မ လန့်သွားတယ်။ “ငါ့ခါးက အရမ်းနာနေတော့ ငါ အကြောသေသွားတော့မလား။ အဖွဲ့ထဲက လူအများကြီး ဒဏ်ရာရထားတာ။ တစ်ယောက်ယောက် တစ်ခုခုဖြစ်ရင် သူတို့မိသားစုကို ငါ ဘယ်လို ရှင်းပြမလဲ” လို့ပေါ့။ ကျွန်မ အရမ်းကို ကူကယ်ရာမဲ့ ခံစားခဲ့ရတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ကို တွေးမိပြီး စိတ်နှလုံးထဲမှာ ဆက်ဆုတောင်းမိတယ်၊ “ဘုရားသခင်၊ ကျွန်မတို့ကို ကယ်ပါ...” လို့။ စစ်ဆေးပြီးနောက်မှာ ခါးရိုးဆစ် သုံးဆစ် ဖိမိပြီး ကျိုးသွားတယ်လို့ တွေ့ရတယ်။ ဆရာဝန်က ရိုးရာကုထုံးတစ်ခုကို အကြံပြုတယ်။ ကျွန်မက ကားရှေ့ခန်းမှာ ထိုင်နေခဲ့တာဖြစ်ပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာ မရခဲ့ဘူး။ ဒါက ကျွန်မအပေါ် ဘုရားရဲ့ သနားကရုဏာနဲ့ ကွယ်ကာမှုပဲ။ ကျွန်မ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။ ကျွန်မရဲ့ သူငယ်ချင်းကောင်းက ကုသဆောင်မှာရှိတယ်၊ ကျောရိုးခွဲစိတ်ပြီးတဲ့နောက်မှာ ကိုမာဖြစ်နေတုန်းပဲ၊ နောက်ထပ် အစ်မကြီးတစ်ယောက်က ခြေထောက်အရွတ်ပဲ့တာနဲ့ ခွဲစိတ်ကုသမှု ခံယူထားရတယ်။ ပြီးတော့ အသက် ၂၀ ကျော် ကောင်မလေးတစ်ယောက်ဆို တင်ပါးဆုံရိုး ထိခိုက်သွားလို့ ဘယ်တော့မှ ကလေးယူလို့ မရတော့ဘူးလို့ ဆရာဝန်က ပြောတယ်။ ဒါတွေအားလုံး မြင်တော့ လူ့အသက်က ဘယ်လောက် ပျက်စီးလွယ်လဲဆိုတာ သဘောပေါက်လိုက်တယ်။ ပြီးခဲ့တဲ့ နှစ်ရက်ကပဲ ကျွန်မတို့က ကားပေါ်မှာ သင်ယူလေ့လာခဲ့တာတွေကို ပျော်ပျော်ရွှင်ရွှင် မျှဝေနေကြတာ၊ ဒါပေမဲ့ ခုတော့ အားလုံးက ဆေးရုံမှာ လှဲနေကြတယ်။ အဲဒီနောက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့ ခါးရိုးအက်ထားတယ်။ နှစ်လ၊ သုံးလလောက် ကိုယ့်ဘာသာကိုယ် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်က ပြောတယ်။ “ဒီတစ်ခါ ငါသာသေသွားရင် ပိုက်ဆံ ပိုရှာနိုင်တာက ဘာအသုံးဝင်မှာလဲ။ အသက်ရှင်နေရတာတင် ကံကောင်းလှပြီ” လို့ တွေးမိတယ်။

နှစ်လကြာတော့ ဆေးရုံဆင်းပြီး အိမ်ပြန် အနားယူရတယ်။ ကျွန်မ ကားတိုက်မှုထဲမှာ ပါတာကို သိပြီးတဲ့နောက်မှာ ညီအစ်မတစ်ယောက်က လာကြည့်ပြီး ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ရှာပြီး ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် မိမိအရေးအတွက် အစဉ်အမြဲ အလုပ်ရှုပ်ကာ လှုပ်ရှားသွားလာနေလျှင်ပင် သူသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိဆဲသာဖြစ်ပေသည်။ သင်သည် မိမိ၏ ကိုယ်ပိုင်အလားအလာများကို သိနိုင်လျှင်၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လျှင် သင့်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရဦးမည်လော။ အတိုချုပ်ဆိုရလျှင် ဘုရားသခင်သည် မည်သို့ပင် အလုပ်လုပ်စေကာမူ ကိုယ်တော်၏ အမှုတော်ရှိသမျှသည် လူ၏အကျိုးအလို့ငှာသာ ဖြစ်၏။ ယင်းမှာ ဘုရားသခင်မှ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို လူသားအား အစေခံရန် ဖန်ဆင်းခဲ့ခြင်းနှင့် တူ၏။ ဘုရားသခင်သည် လ၊ နေနှင့် ကြယ်များကို လူသားအတွက် ဖန်ဆင်းခဲ့သည်၊ ကိုယ်တော်သည် တိရစ္ဆာန်များနှင့် အပင်များကို လူသားအတွက် ဖန်ဆင်းခဲ့သည်၊ ကိုယ်တော်သည် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းကို လူသားအတွက် ဖန်ဆင်းတော်မူခဲ့သည်ဟူ၍ စသည်ဖြင့် ဤအရာအားလုံးကို လူသား၏ တည်ရှိမှုအလို့ငှာ ဖန်ဆင်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူကို သန့်စင်စေခြင်းသည် လူ၏ တည်ရှိမှုအလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်၏။ လူ၏ ပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ညီအစ်မက ပြောတယ်၊ “လူ့ရဲ့ကံကြမ္မာက ဘုရားလက်ထဲမှာ ရှိပြီး ဘယ်သူမှ ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး။ တစ်နေကုန် ပိုက်ဆံအတွက်နဲ့ အစ်မ ကသုတ်ကရက် အလုပ်များခဲ့ပုံကိုပဲ ကြည့်လေ။ ဒီတစ်ခါ အစ်မ ပြင်းပြင်းထန်ထန် ဒဏ်ရာမရအောင် ကာကွယ်ပေးခဲ့တာ ဘုရားသခင်ပဲ။ ဒါပေမဲ့ ပိုက်ဆံရှာနိုင်ရင်တောင် အသက်သာ ဆုံးရှုံးသွားရင် အဲဒီပိုက်ဆံတွေက ဘာအသုံးဝင်မှာလဲလို့ အစ်မ တွေးဖူးလား။ ဒီနေ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံရလောက်အောင် ကံကောင်းပါလျက်နဲ့ အစ်မက စုဝေးပွဲ ကောင်းကောင်း မတက်ဘူး။ ဒါဟာ ကိုယ့်အတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရှောင်နေတာ မဟုတ်ဘူးလား” တဲ့။ အဲဒီညီအစ်မရဲ့ စကားက ကျွန်မနှလုံးသားကို ထွင်းဖောက်ခဲ့ပေမဲ့ အဲဒါတွေက အမှန်တရားတွေပါပဲ။ ပြန်ကြည့်ရင် ကိုယ့်အားကိုယ်ကိုးပြီး စာလေ့လာလို့ ဘွဲ့တွေ၊ ရာထူးတွေ ရတုန်းက၊ အဲဒီနောက်ပိုင်းကျရင် အရာရာ အဆင်ပြေချောမွေ့မယ်ထင်ခဲ့တာ။ ဒါပေမဲ့လည်း အလုပ်ဖြုတ်ခံရပြီး အလုပ်လက်မဲ့ဖြစ်သွားမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒီကျရှုံးမှုကို ဒီအတိုင်းလက်သင့်ခံဖို့ ကျွန်မ အဆင်သင့် မဖြစ်ခဲ့ဘူး။ လူတော်တော်များများက ကိုယ်ပိုင် စီးပွားရေးတွေလုပ်ပြီး လူတွေကြားမှာ ထင်ပေါ်တာကို မြင်တော့၊ ကျွန်မလည်း ကိုယ်ပိုင်စီးပွားရေး စလုပ်ဖို့ အမြဲ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အားလုံးက ကျရှုံးခြင်းနဲ့ အဆုံးသတ်ခဲ့တယ်။ ဒီကာလအတွင်းမှာ ကားတိုက်မှုဖြစ်ပြီး ကျွန်မကို အောက်ပိုင်းသေစေလုနီးပါးဖြစ်စေခဲ့တဲ့ လည်ပင်းရိုးထိခိုက်ဒဏ်ရာရခဲ့တယ်။ အပြည့်အဝ မသက်သာခင်မှာပဲ တိုက်ရိုက်အရောင်း လုပ်ငန်းထဲ ပြန်ဝင်ရောက်ခဲ့တယ်။ အဲဒီအရောင်းလုပ်ငန်းကနေ ကောင်းမွန်တဲ့ ဘဝတစ်ခုကို နေထိုင်ချင်ခဲ့ပေမဲ့၊ ကားတိုက်မှုတစ်ခုက ဒီနှစ်တွေတစ်လျှောက် ကြိုးစားခဲ့သမျှကို သဲထဲရေသွန် ဖြစ်သွားစေမယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး။ ကျွန်မ ကိုယ့်ကံကြမ္မာကို ကိုယ်တကယ် မထိန်းချုပ်နိုင်ဘူးဆိုတာနဲ့ လူ့ကံကြမ္မာက ဘုရားလက်ထဲမှာရှိတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒီမတော်တဆမှုက မကောင်းတဲ့အရာတစ်ခုလို့ ထင်ရနိုင်ပေမဲ့ တကယ်တမ်းကျတော့ ကောင်းတဲ့အရာပါ။ အဲဒါက ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပါ။ မဟုတ်ရင် ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားတာကို ကျွန်မ ရပ်တန့်ခဲ့မှာ မဟုတ်ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ပြီး အရမ်းတို့ထိခံခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူတို့ထံမှ အဖြေတစ်ခုကို လက်ခံရရှိခြင်း မရှိမီ စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိစိတ်လုံးဝမရှိသော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်နိုးထပြီး ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းမရှိတော့ရန်အတွက် သူသည် ရှာဖွေရန်၊ သင့်စိတ်နှလုံးနှင့် သင့်ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံသို့ ရေနှင့်အစားအစာကို ယူဆောင်ပေးရန် လိုလားလေသည်။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ ခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို ခံစားရသောအခါ၊ လမ်းပျောက်သည်ဟု မခံစားနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ရင်ဝယ်ပိုက်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်း) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးက နွေးထွေးမှုခံစားရပြီး ဘုရားရဲ့ မေတ္တာနဲ့ ကရုဏာကို ခံစားရတယ်။ ဘုရားအသံတော်ကို ကျွန်မ ကြားရပေမဲ့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ သွေးဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ဘူး။ ပိုက်ဆံပိုရဖို့နဲ့ သူများထက် သာဖို့အတွက် စုဝေးပွဲတွေကို ကျွန်မ မတက်ချင်ခဲ့ဘူး။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အိမ်ထိလာရှာတဲ့အချိန်မှာတောင် ကျွန်မ ပုန်းနေခဲ့တယ်။ ကျွန်မ အရမ်းကို ထုံထိုင်းပြီး ပုန်ကန်ခဲ့ပေမဲ့ ဘုရားက စွန့်ပစ်မသွားခဲ့ဘူး။ ကားတိုက်မှု ဖြစ်တုန်းက ကျွန်မက ရှေ့ခုံမှာ ထိုင်နေခဲ့ပြီး သက်ရောက်မှု ကြီးကြီးမားမား ခံစားခဲ့ရပေမဲ့၊ ပြင်းပြင်းထန်ထန် ဒဏ်ရာ မရခဲ့ဘူး။ ဒါ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှု မဟုတ်ဘူးလား။ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ပြီး သူ့ဆီ လှည့်ပြန်နိုင်အောင်လို့ ညီအစ်မတစ်ယောက် ကျွန်မဆီလာပြီး သမ္မာတရားကို မိတ်သဟာယပြုပေးဖို့လည်း ဘုရားသခင်က စီစဉ်ပေးခဲ့တယ်။ ဒါတွေအားလုံးက ဘုရားသခင် ကျွန်မကို သနားကရုဏာထားနေတာ မဟုတ်ဘူးလား။ ဘုရားမေတ္တာက အရမ်းကြီးမားတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားဆီကနေ ပုန်းကွယ်ပြီး သူနဲ့ အဝေးကြီးမှာ လမ်းလွဲတဲ့အပြင် ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားတာကို စွဲလမ်းခဲ့တယ်။ ကျွန်မ စိတ်နှလုံးက အရမ်း မာကျောပြီး အသိစိတ်၊ ဆင်ခြင်တုံတရား အရမ်းကင်းမဲ့ခဲ့တယ်။ ကျွန်မက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ တကယ် မထိုက်တန်ပါဘူး။

ကျွန်မ လမ်းပြန်လျှောက်နိုင်လောက်အောင် နာလန်ထူတာနဲ့ ခေါင်းဆောင်က ဖုန်းဆက်ပြီး အဖွဲ့ကို ပြန်လာစီမံခိုင်းတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ အရမ်းကို ကြိုးကြိုးစားစား တည်ဆောက်ခဲ့တဲ့ အဖွဲ့ကို မစီမံရင် ပြိုကွဲသွားမှာပဲ။ အခု ရောင်းရငွေတွေက လတိုင်းမှာ ကျဆင်းနေပြီး ငါ့ဝင်ငွေကလည်း လျော့နည်းနေပြီ။ ဒီတိုင်းဆက်သွားရင် အရင်က ငါ့ရဲ့အားထုတ်မှုတွေ အလဟဿ ဖြစ်သွားမှာ မဟုတ်လား” လို့ပေါ့။ ကျွန်မရဲ့ စိတ်နှလုံးက ယိမ်းယိုင်စပြုလာတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်။ “သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သဖြင့် သင့်အား ဖန်ဆင်းခဲ့သည့် သခင့်ကို သင် ကျိုးနွံနာခံသင့်သည်။ အကြောင်းမှာ သင်သည် မိမိကိုယ်ကို ပင်ကိုအားဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် သင်၏ ကိုယ်ပိုင် ကံကြမ္မာကို ပင်ကိုအားဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့်တည်း။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းစေခြင်းနှင့် ပြောင်းလဲခြင်းကို လိုက်စားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)ဤကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်၍ ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) လူကို ဘုရားသခင်က ဖန်ဆင်းထားတာဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်ခဲ့ရတယ်။ ဖန်းဆင်းခံတစ်ယောက်အနေနဲ့ ဘုရားကို ကျွန်မ ကျိုးနွံနာခံသင့်တယ်၊ စိတ်ကျေနပ်စေသင့်တယ်၊ ကျွန်မရဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းပြီး ကျွန်မတာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားရင်းနဲ့ ကျွန်မရဲ့ ဘဝအချိန်အများစု ကုန်ဆုံးခဲ့ပုံကို ကျွန်မ တွေးမိတယ်။ နောက်ဆုံး၊ ကြိုးစားလုပ်ပြီး ဆင်းရဲဒုက္ခခံစားပြီးတဲ့နောက်မှာ ကိုယ်လိုချင်တာ မရခဲ့သလို ကိုယ့်အသက်ကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။ အခု ဘုရားဆီ ကျွန်မ ပြန်လာနိုင်တာက ဘုရားရဲ့ သနားကရုဏာနဲ့ ကွယ်ကာမှုဖြစ်ပြီး ဘုရားရဲ့မေတ္တာကို ကျွန်မ ပြန်ဆပ်သင့်တယ်။ ဘုရားရှေ့မှောက် မရောက်လာသေးတဲ့ စိတ်ရင်းမှန်တဲ့ ယုံကြည်သူတွေ အများကြီး ကျန်သေးတယ်။ အဲဒီလူတွေကို ကျွန်မ ဧဝံဂေလိတရားဟောသင့်တယ်။ ဒါ ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ ဒါကြောင့် အဖွဲ့ကို နောက်ထပ် မဖွဲ့တော့ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ ကောင်းကောင်းမွန်မွန် စုဝေးပြီး ဘုရားကို သက်သေခံဖို့ ဧဝံဂေလိ တရားဟောချင်ခဲ့တယ်။ အဲဒီနောက် ခေါင်းဆောင်ရဲ့ တောင်းဆိုမှုကို ကျွန်မ ငြင်းပယ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့အတူ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်လိုက်တယ်။ အနီးအနားက လူတွေကို တက်တက်ကြွကြွ ဧဝံဂေလိ တရားဟောခဲ့တယ်။ နေ့တိုင်း စိတ်ကျေနပ်စရာ ကောင်းခဲ့တယ်။

၂၀၁၂ မှာ အရင်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွေ့တယ်။ သူက အဆင့်မြင့် ဖြန့်ဖြူးရောင်းချသူတစ်ယောက် ဖြစ်နှင့်နေပြီဖြစ်ပြီး ငွေအများကြီး ရနေခဲ့တယ်။ အိမ်ကြီးကြီးတစ်လုံးတောင် သူက ဝယ်ခဲ့ပြီးပြီ။ သူက ပြောတယ်၊ “နင် အလုပ်လာလုပ်သရွေ့ နင့်ရဲ့ ရောင်းရငွေတွေရအောင် ငါ ကူညီပေးမယ်။ နင် နှစ်စဉ်နှစ်တိုင်း ယွမ် ၁၀၀၀၀၀ ရမယ်၊ ပြဿနာ မရှိဘူး” တဲ့။ သူ ပိုက်ဆံအများကြီးရပြီး ငယ်ရွယ် လှပပုံပေါ်တဲ့အပြင် အိမ်ကြီးရခိုင်လိုမျိုး အိမ်သစ်နဲ့နေရပုံကို မြင်တော့၊ ကျွန်မ စိတ်မယိမ်းယိုင်ဘဲ မနေနိုင်ခဲ့ဘူး။ “ဒါက ငါ လိုချင်ခဲ့တဲ့ ဘဝ အတိအကျပဲ မဟုတ်လား။ ငါ့မှာ အတွေ့အကြုံ ရှိပြီး သူ့ထက်လည်း ဉာဏ်ရည် တစ်စက်မှ မနည်းတော့ တစ်ကျော့ပြန် အောင်မြင်ဖို့ ငါ့အတွက် ခက်မှာ မဟုတ်ဘူး။ နှစ်စဉ် ဝင်ငွေလစာ ၁၀၀၀၀၀ ရဖို့ သိပ်အားထုတ်စရာ လိုမှာ မဟုတ်ဘူး” လို့ပေါ့။ အကျိုးအမြတ်ရဲ့ စုံစမ်းသွေးဆောင်မှုက ကျွန်မစိတ်နှလုံးကို ငြိမ်ငြိမ်ထားဖို့ မဖြစ်နိုင်အောင်ဖြစ်စေခဲ့ပြီး ကျွန်မ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင် သမီးရဲ့ ယုံကြည်ခြင်းမှာ စုဝေးပွဲတွေကို ကောင်းကောင်း တက်ပြီး သမီးတာဝန်ကို ထမ်းဆောင်သင့်တာ သမီးသိပါတယ်။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သမီး လိုက်စားချင်နေတုန်းပဲဖြစ်ပြီး သမီးစိတ်နှလုံးထဲမှာ အရမ်းဒွိဟဖြစ်နေပါတယ်။ ဘုရားသခင်၊ စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုတွေထဲ မကျရောက်အောင် သမီးကို ကာကွယ်ပေးပါ” လို့ပေါ့။

နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မလိုက်စားခြင်းရဲ့ အရင်းခံအကြောင်းတရားကို နည်းနည်း နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော အသက်ရှင်နေထိုင် နည်းမျိုးစုံကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူများကို အကျင့်ပျက်ပြားလာစေသည့်၊ ငရဲသို့ ဦးတည်ခေါ်ဆောင်သွားသည့် ထောင်ချောက်များသာ ဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်လုပ်ဆောင်သင့်သည့် အရာမှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို လက်လွှတ်ပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ ယင်းအတွက် အစီအစဉ်များ ပြုလုပ်စေဖို့၊ ကိုယ်ပိုင်ရွေးချယ်မှုများ မပြုလုပ်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့သာ၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန်သာ လိုက်စားဖို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့သည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုတယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားတာကို အပြုသဘောဆောင်တဲ့ အရာ၊ တစ်သက်တာ ပန်းတိုင်အဖြစ် မှတ်ယူစေတယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကနေ လွတ်မြောက်ဖို့ အမြဲ ကြိုးစားစေတယ်၊ နောက်ဆုံးမှာ ဘုရားကို ရှောင်ဖယ်ပြီး သစ္စာဖောက်စေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတာ လူတွေအတွက် စာတန်ဆင်ထားတဲ့ ထောင်ချောက်တွေဖြစ်ပြီး လူတွေကို ယိုယွင်းပျက်စီးစေတဲ့ ကျော့ကွင်းတွေပဲ။ ကျွန်မ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို မစွန့်လွှတ်နိုင်ခဲ့တဲ့ အကြောင်းရင်းက “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတာနဲ့ “ထင်ရှားကျော်ကြားမှုရရှိခြင်း” ဆိုတာတွေလို စာတန်ဆန်တဲ့ ရှင်သန်ရေး စည်းမျဉ်းတွေကို အပြုသဘောဆောင်တဲ့ အရာတွေလို့ မှတ်ယူခဲ့လို့ပဲ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ရမှ ဂုဏ်သိက္ခာရှိပြီး တန်ဖိုးရှိတဲ့ ဘဝကို နေရမယ်လို့ ကျွန်မ ယုံကြည်ခဲ့မိတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်ခါစတုန်းက အချိန်ကို ကျွန်မ ပြန်တွေးမိတယ်။ ကျွန်မ ညီမလို ဂုဏ်သတင်းကြီးတဲ့ ဘဝတစ်ခုကို နေထိုင်ရအောင်လို့၊ ဘွဲ့တွေ၊ ရာထူးတွေရဖို့ စာမေးပွဲတွေကို အသည်းအသန် ဖြေခဲ့တယ်။ အလုပ်ဖြုတ်ခံရပြီးနောက် ကောင်းမွန်တဲ့ ဘဝတစ်ခုနဲ့ နေရပြီး လူတွေရဲ့လေးစာတာကို ခံရဖို့အတွက် ကျွန်မ တိုက်ရိုက်အရောင်း သင်တန်းတက်ပြီး အရောင်းကောင်းဖို့ လိမ်လည်၊ လှည့်ဖြားနည်းကို သင်ခဲ့တယ်။ လူတွေ ကြားချင်တာ မှန်သမျှ လိုက်ပြောပြီး၊ အပြင်ပန်း အတုအယောင်နဲ့ လူတွေကို အထင်အမြင်မှားစေပြီးတော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့တယ်။ လူတွေကို ကယ်တင်တဲ့ ဘုရားအသံတော်ကို ကျွန်မ ကြားရပြီး ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တဲ့အပြင် လူတွေကို လမ်းမှန်ပေါ် ပို့ဆောင်ပေးနိုင်မှန်း သဘောပေါက်တဲ့အချိန်မှာတောင် အဖွဲ့ကို တိုးတက်အောင်လုပ်ပြီး အရောင်းတက်ဖို့ လုပ်ချင်ခဲ့လို့ စုဝေးပွဲတွေကို ကောင်းကောင်း မတက်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့တောင် အချိန်မရှိဘဲ၊ အင်အားရှိသမျှကို ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားဖို့ပဲ သုံးခဲ့တယ်။ နောက်ဆုံးမှာ ကားတိုက်မှုနဲ့ ကိုယ့်အသက်တောင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တယ်။ အခု နောက်ဆုံးမှာ ကျွန်မ ပုံမှန် စုဝေးပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ပြီ။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းက တစ်နှစ် ဝင်ငွေ တစ်သိန်းရအောင် ကူညီမယ်လို့ ပြောတာ ကြားတဲ့အခါ၊ ကျွန်မရဲ့ လိုအင်ဆန္ဒတွေ လှုံ့ဆော်ခံရပြီး လောကထဲပြန်သွား၊ ကြီးမားတဲ့အရာတစ်ခုခု စွမ်းဆောင်ရရှိလိုစိတ် ထက်သန်ခဲ့တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ ချည်နှောင်မှုကို ကျွန်မဟာ တော်တော်တင်းတင်းကျပ်ကျပ် ခံထားရတာပဲ။ တကယ်တော့ အဲဒါကို တွေးကြည့်တဲ့အခါ၊ ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်မှာ၊ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ကသုတ်ကရက် အလုပ်များခဲ့တယ်။ ငွေတချို့ရခဲ့ပြီး တခြားလူတွေရဲ့ ချီးမွမ်းတာ၊ လေးစားအားကျတာလည်း ခံခဲ့ရပေမဲ့၊ ကျွန်မရဲ့ မိသားစုဘဝက မသာယာခဲ့တဲ့အပြင်၊ ကျွန်မ ခဏခဏ စိတ်ဆိုးပြီး ယောက်ျားနဲ့ ရန်ဖြစ်ခဲ့တယ်။ ပြီးတော့ ကျွန်မစိတ်နှလုံးထဲမှာ ဟာတာတာဖြစ်တဲ့ ခံစားချက်တစ်ခုရှိခဲ့တယ်။ ဒါ့အပြင်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရာမှာ ဖောက်သည်တွေကို လိမ်ညာလှည့်ဖြားခဲ့လို့ အသိစိတ်ရဲ့ အခြေခံ စံနှုန်းကို ကျော်မိခဲ့တယ်။ သိက္ခာ၊ သမာဓိ တစ်ခုမှမရှိဘဲ ကျွန်မ အသက်ရှင်ခဲ့တယ်။ ပြီးတော့ ကားတိုက်မှုကနေ ခန္ဓာကိုယ်မှာ နောက်ဆက်တွဲ ဒဏ်တချို့ရခဲ့ပြီး ခါးနာတာကို ခဏခဏ ခံစားရတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အများကြီး ပေးဆပ်ခဲ့ပေမဲ့ ပြန်ရလိုက်တာက ဝိညာဉ်ရေးရာ အနှစ်မဲ့ခြင်းနဲ့ ခန္ဓာကိုယ် နာကျင်မှုတွေပါပဲ။ ကိုယ့်မှာ ငွေဘယ်လောက်ပဲရှိပါစေ၊ စိတ်ငြိမ်သက်ခြင်း၊ စိတ်ချမ်းသာမှုကို ဝယ်လို့မရဘူးဆိုတာနဲ့ ကိုယ့်ရဲ့အဆင့်အတန်း ဘယ်လောက်ပဲမြင့်ပါစေ၊ ကံဆိုးတာကို ရှောင်ရှားလို့မရဘူးဆိုတာတွေကို ကျွန်မ သဘောပေါက်သွားတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က လူတွေကို တကယ် ပျော်ရွှင်တဲ့ဘဝတစ်ခု မပေးနိုင်ဘူး။ အဲဒါက လူတွေကို ဘုရားနဲ့ ဝေးစေရုံ၊ အနှစ်မဲ့ခြင်း၊ နာကျင်မှုတွေနဲ့ အသက်ရှင်စေရုံပဲတတ်နိုင်ပြီး နောက်ဆုံးမှာ ကယ်တင်ခံရမဲ့ အခွင့်အရေးကို ဆုံးရှုံးစေရုံပဲတတ်နိုင်တယ်။ အခု ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် နွံထဲကနေ ကျွန်မ ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ပြီဖြစ်ပြီး အရင်လို ကျော်ကြားမှု အကျိုးအမြတ်နဲ့ အဆင့်အတန်းနောက် မလိုက်ချင်တော့ဘူး။ ဆင်းရဲဒုက္ခ၊ ပင်ပန်းနွမ်းနယ်မှု၊ အနှစ်မဲ့ခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြည့်နေတဲ့ ဘဝမျိုးနဲ့ မနေချင်တော့ဘူး။ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားချင်တဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒတွေကို စွန့်လွှတ်ရမယ်။ ဘုရားသခင်ကို ကျိုးနွံနာခံမှု လိုက်စားပြီး ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။ ဒါမှ အဓိပ္ပာယ်ရှိတဲ့ ဘဝဖြစ်မှာ။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က သွေးဆောင်ဖို့ ကြိုးစားတဲ့ပုံပေါက်နေခဲ့ပေမဲ့ အဲဒါရဲ့နောက်ကွယ်မှာ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းနဲ့ ကျွန်မအပေါ် ဘုရားရဲ့ စမ်းသပ်မှု ရှိနေတယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ စာတန်ရဲ့ ပရိယာယ်တွေကို ကျွန်မ ခံရပြီး အရင်မှားယွင်းတဲ့ လမ်းကြောင်းကို ဆက်လျှောက်လို့ မဖြစ်ဘူး။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်ကို ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။

အဲဒီအချိန်ကစပြီး တစ်ယောက်ယောက်က ငွေရှာဖို့ နည်းလမ်းကောင်းတစ်ခုအနေနဲ့ တိုက်ရိုက်အရောင်းပုံစံ တစ်မျိုးမျိုးကို ကျွန်မဆီ အကြံပြုတဲ့အခါတိုင်းမှာ ကျွန်မ စိတ်မယိုင်တော့ဘူး။ ဧဝံဂေလိ တရားဟောဖို့နဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ကိုပဲ တွေးတော့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို ရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ငွေ၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဂုဏ် ဒါမှမဟုတ် သိက္ခာတွေကို လိုက်စားရာမှာ အကျိုးမရှိဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်တာ၊ သမ္မာတရားကို လိုက်စားတာ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားတာနဲ့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာတွေနဲ့ပဲ အဓိပ္ပာယ်အရှိဆုံး ဘဝတစ်ခုကို နေထိုင်လို့ရတာဖြစ်တယ်။ အရင်တုန်းက ငွေ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရုပ်ဝတ္ထု ပျော်ရွှင်မှုတွေကို ကျွန်မ လိုက်စားပြီး ဇာတိပကတိအတွက် အသက်ရှင်ခဲ့တယ်။ ကျွန်မက ဂုဏ်သတင်းကြီးပြီး သိက္ခာရှိပုံရခဲ့ပေမဲ့ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို မခံစားခဲ့ရဘူး။ အခုတော့ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မရဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်နေတယ်၊ ဘုရားနှုတ်ကပတ်တော် စားသောက်နေတယ်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံနေတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်လာတယ်။ ကျွန်မ အရင်လောက် မလိမ်တော့ဘူး၊ ပြီးတော့ လူသားပုံသဏ္ဍာတစ်ခုကို ကျွန်မ တဖြည်းဖြည်း အသက်ရှင်နေထိုင်လာခဲ့တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခြင်းရဲ့ နာကျင်မှုကနေ လွတ်မြောက်အောင် ကူညီပေးပြီး ဘဝမှာ တောက်ပတဲ့ လမ်းကြောင်းတစ်ခုပေါ် အစပြုဖို့ လမ်းပြခဲ့တဲ့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ခေါင်းဆောင်မှုကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

လီမင် စပိန်နိုင်ငံ“သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည်...

ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

တရုတ်ပြည်၊ လုချီမင်းကျွန်တော်က အသင်းတော်မှာ ဓမ္မသီချင်းတွေ အသံသွင်းတဲ့တာဝန်ကို ထမ်းဆောင်နေခဲ့တာ၊ အသံသွင်းထားတဲ့ ဓမ္မတေးတွေရဲ့...

သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...

နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းသည့် နေ့ရက်များ

ရှောင်တန်း တရုတ်နိုင်ငံပြီးခဲ့တဲ့ ဇွန်လတုန်းက အသင်းတော် ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ပြီး၊ ရေလောင်းပေးတဲ့သူ မရှိလို့ ကျွန်မတို့ရဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။